Under My Skin (Completed)

By Yang_Ikehlian

13.3K 1.4K 1.1K

BTS Horror Story!!!! More

1. Trip or Trick
2. Beginning of Curse
3. Survival
4. Return back of Monster
5. Angel or Devil
6. He is my friend
7. Half Devil
8. His Secret
9. First time of hunting
10. No More Friend
11. True Love...??
12. Who can accept me?
13. Devil hunters
14. Last Chance
15. Sad Love Story
16. Come back home
17. No Other Choices
18. Ending of Curse

19. Reborn of Love

1K 88 46
By Yang_Ikehlian

(Unicode)

ကျွန်တော့်ရဲ့ ပျင်းရိဖွယ်ရာနေ့ရက်များကို တစ်ကိုယ်တည်းဖြတ်သန်းနေရတာ အတန်ငယ်တော့ ပျင်းခြောက်ခြောက်နိုင်လေတယ်...။ တစ်ခါတစ်ရံမှာတော့ Jimin နဲ့ ဖုန်းပြောဖြစ်ပေမယ့် ဝေးလံလှတဲ့နေရာက သူ့ဆီကို သွားလည်ဖို့ကျတော့ အဆင်သိပ်မပြေလှပေ...။

သကောင့်သားကလည်း သူငယ်ချင်းအသစ်တွေနဲ့ ပျော်နေတယ်လေ...။ လူချစ်လူခင်ပေါတဲ့သူက ရောက်လေရာအရပ်မှာ သင့်တင့်အောင်နေတတ်တာ တစ်ခုတော့လည်း ကောင်းနေပြန်တယ်....။

ဘာလိုလိုနဲ့ ကျွန်တော်လည်း တက္ကသိုလ်နောက်ဆုံးနှစ်ကိုတောင် ရောက်လာခဲ့လေပြီ...။ ကျောင်းပြီးရင်တော့ Aboji နဲ့အတူ ကုမ္မဏီမှာ အလုပ်လိုက်လုပ်ဖို့ကလွဲပြီး ဘာမှတော့ရွေးချယ်စရာမရှိ...။ ဒါလည်းအဆင်ပြေပါတယ်...။ အခုလည်း ကျောင်းအားရက်တွေဆို အလုပ်ထဲ လိုက်သွားနေကျပဲဟာ...။

"သားရေ Kookie"

မီးဖိုခန်းထဲက Appa ရဲ့ခေါ်သံကြောင့် ကျွန်တော်အမြန်ပြေးသွားလိုက်တယ်...။ ကျွန်တော့်ရဲ့ နောက်ထပ်အလုပ်တစ်ခုက အိမ်မှာတောက်တိုမယ်ရ လုပ်ပေးရတာလေ...။

"Appa ဘာကျွေးမလို့လဲ...??"

ကျွန်တော့်စကားကြောင့် Appa က ရယ်မောရင်း လက်ထဲကစာရွက်ပိုင်းကို ထိုးပေးတယ်...။ သိသားပဲ ဈေးစာရင်းစာရွက်ဆိုတာ...။ Appa ကျွန်တော့်ကို ခိုင်းဖို့ပဲခေါ်တာလေ...။

"ကျွေးတာက နောက်ထား... Appa ကို ဒါလေးသွားဝယ်ပေးပါလား"

Appa ပေးတဲ့စာရွက်ကိုကြည့်ပြီး ကျွန်တော်မျက်လုံးပြူးသွားရတယ်...။ ဒါတွေကလမ်းထိပ်က စတိုးဆိုင်မှာ ဝယ်လို့မှမရတာပဲ...။ မြို့ထဲက Super Market မှာ သွားဝယ်မှရမှာလေ...။

"သွားဝယ်ပေးပါ Kookie ရယ်... ဒီနေ့က Appa တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ... အဲဒါ Appa က ညစာကိုရှယ်ချက်ကျွေးချင်လို့ပါ"

"လတ်စသတ်တော့ဒီလိုကိုး... ရပါတယ်လေ.. သားတစ်ယောက်အနေနဲ့ ပါရမီဖြည့်ပေးရမှာပေါ့"

ကျွန်တော် ကတိပေးလိုက်တော့ Appa လည်း ဝမ်းသာသွားပြီး ကျွန်တော့်ပါးကို ခြေဖျားထောက်ကာ လှမ်းနမ်းတယ်...။

"လိမ္မာလိုက်တဲ့သားလေး...
ကားကိုဂရုစိုက်မောင်းဦးနော်"

"ဟုတ်ကဲ့ Appa"

ကျွန်တော်လည်း Appa ကိုနှုတ်ဆက်ပြီး မြို့ထဲမှာရှိတဲ့ Super Market ဆီသို့ ထွက်လာလိုက်တယ်...။ ရုံးချိန်မို့လို့ကားလမ်းတွေက အရင်ကထက် ပိုပိတ်နေတယ်...။ တစ်နာရီလောက်ကြာပြီးမှ ကျွန်တော်သွားချင်တဲ့နေရာကို ရောက်လာတော့တယ်...။

စာရင်းစာရွက်ကိုတစ်ဖက်ကကိုင်ရင်း တွန်းလှည်းထဲသို့ ပစ္စည်းတွေတစ်ခုချင်း ကောက်ထည့်နေတဲ့ကျွန်တော် ရုတ်တရတ်ခြေထောက်ကိုလာထိတဲ့ အထိအတွေ့ကြောင့် ငုံ့ကြည့်လိုက်မိတယ်...။

ကလေးလေးတစ်ယောက်ပါလား...။ ကျွန်တော့်ခြေထောက်တစ်ဖက်ကို လာဖက်ထားတယ်လေ...။ ကြည့်ရတာ သူ့အဖေနဲ့မှားတာများလား...?? ကလေးချစ်တတ်တဲ့ကျွန်တော် သူလေးကိုကောက်ချီလိုက်တော့မှ အရမ်းအံ့သြသွားရတယ်...။

မျက်လုံးဝိုင်းဝိုင်းလေး နှုတ်ခမ်းရဲရဲလေးနဲ့ နှာခေါင်းထိပ်လေးမှာ မှဲ့သေးသေးလေးတစ်ခုရှိနေတဲ့ ဒီကလေးလေးက ကျွန်တော့်ရဲ့ Taehyung ပဲမဟုတ်လား...။ မှားစရာကိုမရှိတာပါ...။ သူကလည်း ကျွန်တော့်ဆီကိုမှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတယ်လေ...။

"သားရေ... သားလေး ဘယ်တွေလျှောက်သွားနေတာလဲ...?? Omma ကို စိတ်ပူအောင်လို့"

ကလေးကိုချီထားရင်းကြောင်ကြည့်နေတဲ့ ကျွန်တော့်ကို ကလေးအမေကလည်း အံ့သြနေတဲ့ပုံပါပဲ...။ သူမရဲ့ကလေးကို လက်လှမ်းခေါ်မလို့လုပ်ပေမယ့် ကျွန်တော့်ရဲ့အကြည့်စူးစူးကြောင့် တုန့်ခနဲဖြစ်သွားပြန်တယ်...။ မဖြစ်သေးပါဘူး... ကျွန်တော်တော့ ကလေးသူခိုးဖြစ်တော့မယ်...။

ပြန်ပေးဖို့ကလည်း သူက ကျွန်တော့်ချစ်သူ ဝင်စားတာလေ...။ ကျွန်တော်ချိတုံချတုံနဲ့ သူလေးကိုကြည့်မိတော့လည်း ကျွန်တော့်ကို မျက်လုံးဝိုင်းလေးတွေနဲ့ ပြန်ကြည့်နေတာ တစ်ချက်တောင်လွှဲမသွား...။

"မင်းက Mr. Kim ရဲ့သားမဟုတ်လားဟင်..??"

ဟင်...သူမက ကျွန်တော့်ကိုသိနေတာလား...?? ကျွန်တော်လည်း အလျင်အမြန်ခေါင်းညိတ်ပြလိုက်တယ်...။ သိနေတဲ့လူအချင်းချင်းဆို ပိုကောင်းတယ်လေ...။ ခက်တာက သူမကဘယ်သူလဲဆိုတာ ကျွန်တော်မမှတ်မိ...။

"အန်တီက Mr. Han ရဲ့ဇနီးပါ... Mr. Han ကို သိတယ်မလားဟင်...??"

"အာ... သိတာပေါ့... Mr. Han က ကုမ္မဏီမှာ ရှယ်ယာရှင်တစ်ယောက်ပဲလေ... ဒါဆို ကလေးလေးက ဟိုတစ်ခါ၄နှစ်ပြည့်တယ်ဆိုတဲ့...."

ကျွန်တော်ဇဝေဇဝါနဲ့ ပြန်မေးလိုက်တယ်... လွန်ခဲ့တဲ့ တစ်ပါတ်ကျော်လောက်ကတင် Mr. Han ရဲ့ သားငယ်လေး ၄နှစ်ပြည့်မွေးနေ့ဆိုပြီး ဖိတ်သေးတာ...။ ကျွန်တော်တို့တစ်မိသားစုလုံး မအားတဲ့အတွက် မသွားဖြစ်ဘဲ အလုပ်မှာသာ Mr. Han ကို ကလေးအတွက်ဆိုပြီး ဝက်ဝံရုပ်ကြီးပေးလိုက်နိုင်တယ်...။

"ဟုတ်တယ်... အဲဒါသားလေးမွေးနေ့လေ... ကိုကြီးကို နှုတ်ဆက်လိုက်ပါဦး Han Sung"

Han Sung...?? ဟုတ်သားပဲ သူ့နာမည်က Han Sung လေ...။ မွေးနေ့ဖိတ်စာလေးမှာရေးထားတဲ့ ထိုနာမည်ကြောင့်လည်း ကျွန်တော်သတိမထားမိတာ နေမှာပါ...။ တကယ်လို့သာ Han Sung က ကျွန်တော့်ချစ်သူ Taehyung လူဝင်စားဆိုတာ စောစောစီးစီးကြိုသိရင် ကျွန်တော်သွားတွေ့ဖြစ်မှာပါ...။

"ဟင့်အင်း... သားနာမည်က Han Sung မဟုတ်ဘူး... Taehyung ပါဆိုနေမှ"

ကျွန်တော့်လည်ပင်းကိုလာဖက်ရင်း သူ့အမေကို စကားမပီကလာလေးနဲ့ ပြန်ငြင်းနေလေတဲ့ သူလေးကြောင့် ကျွန်တော့်ရင်ထဲ ဒိန်းခနဲဖြစ်သွားရတယ်...။ သူ့အရင်ဘဝကနာမည်လေးကို မေ့မသွားဘူးပဲ...။

"ဟုတ်ပါပြီ TaeTae ရယ်... လာ Omma ဆီကို... သူများကိုမရှုပ်ရဘူးလေနော်"

"အဲဒါသူများမဟုတ်ဘူး... သားသားရဲ့ချစ်သူ"

သူ့အမေက အားတုံ့အားနာနဲ့ ကျွန်တော့်ကို လှမ်းကြည့်ပေမယ့် ကျွန်တော်ကတော့ မှိုရတဲ့မျက်နှာလို ဖြစ်နေမှာသေချာတယ်...။ သူတကယ်ပဲ ကျွန်တော့်ကို မေ့မသွားဘူးလေ...။

"ဒါကဒီလိုရှိပါတယ်အန်တီ... Taehyung ကလေ....."

ကျွန်တော်သူမကို နားဝင်အောင်ရှင်းပြတော့ သူမတအံ့တသြနဲ့ နားထောင်နေတယ်...။ Taehyung အရင်ဘဝက မိစ္ဆာဖြစ်ခဲ့တာကိုတော့ ကျွန်တော်ဖုံးကွယ်ထားပြီး သူနဲ့ကျွန်တော်က ၂ဘဝဆက်တိုက်ချစ်သူတွေဆိုတာ ပြောပြလိုက်တယ်...။ သူကတော့ ကျွန်တော့်လည်ပင်းကို သူ့လက်သေးသေးလေးတွေနဲ့ ဖက်တွယ်ထားရင်း ပခုံးပေါ်မှာတောင် ခေါင်းမှီအိပ်နေသေးတယ်...။

"ကျွန်တော်သူ့ကို အိမ်ခဏခေါ်သွားချင်တယ်... Appa တို့သိရင်လည်း အံ့သြမှာသေချာတယ်... ညကျရင်ပြန်ပို့ပေးပါ့မယ်... ရမလားဟင်...??"

"သားသားလိုက်သွားချင်တယ် Omma"

ကျွန်တော်ခွင့်တောင်းသလို သူကပါ နှုတ်ခမ်းလေးထော်ကာ ပူဆာလေတော့ သူ့အမေလည်း ခေါင်းညိတ်လိုက်ရတော့တယ်...။ ထို့နောက်တော့ သူ့ကိုပါတွန်းလှည်းထဲထည့်ထားပြီး ဈေးအမြန်ဝယ်ရတော့တယ်...။ သူကတော့ ကျွန်တော်နဲ့အတူတူလိုက်ရတာကို ပျော်နေပုံပါ...။ ကလေးပီပီ တွန်းလှည်းစီးရတာကြောင့်လည်း ပါမယ်ထင်တယ်...။

အပြန်လမ်းမှာလည်း ကျွန်တော်က ဘေးမှာထိုင်နေတဲ့သူ့ကို အရိပ်တကြည့်ကြည့်လုပ်နေသလောက် သူကတော့ သူပူဆာလို့ ကျွန်တော်ဝယ်ပေးလိုက်တဲ့ အရုပ်လေးကိုသာ စိတ်ဝင်တစားလုပ်နေတယ်...။ အင်းပေါ့လေ ကလေးဆိုတော့လည်း ကလေးစိတ်က ဘယ်ပျောက်ဦးမလဲ...။

"တကယ်ပဲ Taehyung ပဲ... သူပြန်ရောက်လာပြီပဲ... Omo ချစ်ဖို့ကောင်းလိုက်တာ"

Appa က သူ့ကိုမြင်လို့အံ့သြဝမ်းသာစွာနဲ့ ချီဖို့လုပ်ပေမယ့် သူက Appa ကိုမမှတ်မိသလို တွန့်ခနဲဖြစ်သွားပြီး ကျွန်တော့်ဘက်ကိုလှည့်ကာ မျက်နှာဝှက်ထားလေတယ်...။ Appa ကတော့ သဘောကျစွာ ရယ်မောရင်း သူ့တင်ပါးလေးကိုဖတ်ခနဲရိုက်တော့လည်း နောက်လှည့်မကြည့်ပဲ နာကျင်သွားတဲ့တင်ပါးလေးကို လက်နဲ့နောက်ပြန်ပွတ်နေတယ်...။ ကျွန်တော့်ကိုတော့ တိုင်သလိုနဲ့ ငိုမဲ့မဲ့မော့ကြည့်တယ်လေ...။ တကယ်ချစ်စရာလေးပါ...။

ဒါပေမယ့်သိပ်တော့မကြာလိုက် Appa ချကျွေးတဲ့မုန့်တွေစားပြီး Appa နဲ့သူ ချစ်ကြည်ရေးရသွားလေတယ်...။ စကားနည်းလွန်းတယ်လို့ ထင်ရတဲ့သူက အခုကျတော့လည်း ကြက်တူရွေးပေါက်လေးလို စကားမပီကလာနဲ့ ပြောနေပြန်တယ်...။ စပ်စုလိုက်တာလည်း လွန်ပါရောပဲ...။ မြင်မြင်ရာကို လိုက်မေးနေတော့တာ...။

"Kookie အခုတော့ မင်းရဲ့ဆန္ဒတွေ ပြည့်သွားပြီပေါ့... အကြာကြီးမစောင့်လိုက်ရတာ တကယ်ကံကောင်းလွန်းတယ်"

Appa က ကျွန်တော့်ဘေးမှာထိုင်ကာ အရုပ်ကိုလက်တစ်ဖက်က ပိုက်ထားရင်းနဲ့ မုန့်စားနေတဲ့သူ့ကိုကြည့်ကာ ကြည်နူးစွာနဲ့ဆိုတယ်...။

"ဟုတ်တယ် Appa... ဒါကကျွန်တော်တို့ရဲ့ ဖူးစာကံကြောင့်ပဲဖြစ်မှာပေါ့... ဟုတ်တယ်မလား Tae"

ကျွန်တော် သူ့ကိုငဲ့စောင်းကြည့်ကာမေးတော့ ဘုမသိဘမသိနဲ့ ခေါင်းညိတ်ပြနေတယ်...။ သူ့လက်မှာပေသွားတဲ့ ချောကလက်အနှစ်တွေကိုလည်း ကျွန်တော့်ကို သုတ်ပေးခိုင်းနေသေးတယ်...။ ကျွန်တော်လည်း တစ်ရှူးတစ်စယူကာ သူ့လက်သေးသေးလေးကို သန့်စင်အောင်သုတ်ပေးလိုက်တယ်...။

"မင်းပြောတာသူက နားလည်တာကျနေတာပဲ... ခေါင်းတွေညိတ်နေလိုက်တာများ"

"နားလည်တယ် Kookie က TaeTae အပိုင်"

မပီကလာနဲ့ပြန်ပြောတဲ့သူ့ကြောင့် ကျွန်တော်ရော Appa ရော မထိန်းနိုင်ဘဲ ရယ်လိုက်မိတယ်...။ ကျွန်တော်သူ့ကိုအသည်းယားစွာဖြင့် ပေါင်ပေါ်ပွေ့ချီလိုက်ပြီး ပါးဖောင်းဖောင်းလေးကို နှာခေါင်းနစ်ဝင်သွားသည်အထိ နမ်းရှိုက်လိုက်တယ်...။ သူ့ရယ်သံသေးသေးလေးက ကျွန်တော့်အတွက် အရမ်းကို နားထောင်ကောင်းလွန်းလှတယ်...။

ကျေးဇူးတင်ပါတယ် ဘုရားသခင်...။
ကျွန်တော့်ချစ်သူလေးကို ပြန်ပို့ပေးတဲ့အတွက်ပေါ့...။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

"Kookie ထတော့ဆို.. အိပ်ပုတ်ကြီးမနေနဲ့... ဒီနေ့ Date လုပ်ပါ့မယ်ဆို"

ကျွန်တော့်ကျောပေါ်ခွထိုင်ကာအော်နေတဲ့သူ့ကြောင့် ဘယ်လိုမှဆက်အိပ်လို့မရတော့တာ သေချာနေလေပြီ...။ အရင်လိုပိစိလေးမဟုတ်တော့ သူ့ကိုယ်က သိသိသာသာလေးနေတယ်လေ...။

ကျွန်တော်လက်နောက်ပြန်နဲ့ သူ့ပေါင်ကိုခပ်သာသာလေး ပုတ်လိုက်တော့မှ ကျောပေါ်ခွထိုင်နေရာကနေ ပြန်ဆင်းပေးတယ်...။ ကျွန်တော်လည်း ပက်လက်အနေအထား ပြန်လုပ်လိုက်ပြီး သူ့ကိုရင်ခွင်ထဲ ဆွဲဖက်လိုက်တော့လည်း အလိုက်သင့်ပါလာပြန်တယ်လေ...။

"ဒီကလေးစုတ်လေးက တကယ်ကိုနားငြီးတာပဲ.. အပြစ်ပေးရမယ်ကွာ"

သူ့လည်ပင်းကိုတရှုံ့ရှုံ့နမ်းလိုက်တော့ သူယားပြီး တွန့်လိမ်ကာ တခိခိရယ်နေလေတယ်...။ သူ့ကိုယ်လေးက အခုထိကလေးနံ့ မပျောက်သေးသလိုပဲ...။ ဒါပေါ့လေ... အသက်၁၄နှစ်က ကလေးသာသာအရွယ်လေးကိုး...။ ကျွန်တော့်လက်ပေါ်တင် ကြီးပြင်းလာတဲ့သူ့ကို ကျွန်တော်အခုထိ ကလေးတစ်ယောက်လို့ ထင်နေသေးတာလည်းပါမှာပါလေ...။

"ထတော့... ဒီနေ့ Kookie နဲ့ TaeTae ရဲ့10နှစ်ပြည့် Anniversary နေ့လေ... မေ့နေတာလား"

ကလေးမဟုတ်တော့ပေမယ့် ကျွန်တော်နဲ့စကားပြောရင် မပီကလာပြောတတ်တဲ့ သူ့အသံလေးက ကျွန်တော့်အတွက် ဘယ်တော့မှရိုးသွားတယ်မရှိ...။ စတွေ့ခဲ့တဲ့ရက်ကနေ စမှတ်လိုက်တော့ ဒီနေ့က 10နှစ်ပြည့် ဖြစ်သွားတာ ရယ်စရာတော့အကောင်းသား...။

"မမေ့ပါဘူးကွာ... ဒီချစ်သူလေးတစ်ယောက်ရှိတာ မေ့စရာလား.. ထမယ် ထမယ်... ကိုယ့်ကိုနမ်းပါဦး"

ကျွန်တော်မျက်လုံးမှိတ်ပြီး ခေါင်းမော့ပေးတော့ သူ့နှုတ်ခမ်းလေးက နူးညံ့စွာလာထိတွေ့လာတယ်...။ ကျွန်တော်သူ့ခေါင်းလေးကိုထိန်းကိုင်ရင်း အနမ်းတွေကို ပိုမိုရှည်ကြာစေလိုက်တယ်...။ အတန်ကြာမှ လွှတ်ပေးလိုက်တော့ သူ့နှုတ်ခမ်းလေးရဲသွားသလို သူ့မျက်နှာလေးကပါ နှင်းဆီနီရောင်သမ်းနေလေတယ်...။

သူနဲ့ကျွန်တော် ပထမဆုံးအကြင်နာပေးတာ သူ့အသက်၁၃နှစ်ပြည့် မွေးနေ့မှာပါ...။ ငယ်ငယ်တည်းက ကလေးတစ်ယောက်မို့ ပါးကိုသာနမ်းခဲ့ပြီးမှ သူ့အသက်၁၃နှစ်ပြည့်မှ ကျွန်တော်သူ့နှုတ်ခမ်းလေးကို စတင်နမ်းမိတယ်...။ ထိုအချိန်ကတော့ ထိကပ်ရုံသာ ဖြစ်ပေမယ့်လည်း အခုတော့ သူရောကျွန်တော်ရော ကျွမ်းကျင်အဆင့် ရောက်ရှိနေလေပြီ...။

"ရေသွားချိုးတော့လေ... ဘာကြည့်နေတာလဲ...??"

"TaeTae က တနေ့တခြားအရမ်းချောလာလို့"

ကျွန်တော့်စကားကြောင့် သူရှက်သွေးဖြာသွားသလို နှုတ်ခမ်းလေးကလည်း ဆူထော်ထွက်လာတယ်...။ အသည်းယားလိုက်တာ ဒီကလေးပေါက်စလေးကို...။ မဖြစ်သေးပါဘူး သူကငယ်သေးတယ်...။ ကျွန်တော်အများကြီး စောင့်ထိန်းသင့်တာပဲ...။

"မြန်မြန်လုပ်နော် အအေးပတ်မယ်... TaeTae အဝတ်အစားတွေ ထုတ်ပေးထားနှင့်မယ်"

သူ့ကိုယ်သူ TaeTae လို့ သုံးနှုန်းတတ်တာလေးက တမျိုးလေးဆန်းနေပြန်တယ်...။ သူကျွန်တော့်ကို ချစ်ပြီးရင်းချစ်စေအောင် အမျိုးမျိုးလုပ်နေတယ်...။

"ဆင်တူဝတ်ရမှာလား...??"

"အင်းလေ... Anniversary day ဆိုတော့ ဆင်တူဝတ်သင့်တာပေါ့"

အသံကအလိုမကျသလိုပြောင်းသွားပြီး မျက်နှာကပါ ပြိုတော့မယ့်မိုးလို အုံ့မှိုင်းလာတော့ ကျွန်တော်ကပျာကယာပင် သူထုတ်ပေးတဲ့အင်္ကျီကို ဝတ်လိုက်ရတယ်...။ ထိုအခါမှ သူ့မျက်နှာက ပြန်လည်ကြည်စင်ဝင်းပလာတယ်...။

စဉ်းစားကြည့်ကြပါ...။ ၁၄နှစ်သားနဲ့ အသက်၃၅နှစ်အရွယ် ကျွန်တော်က အင်္ကျီဆင်တူဝတ်ပြီး Date  လုပ်ကြတာ...။ လမ်းမှာတွေ့တဲ့သူတွေကလည်း ကွက်ကြည့်ကွက်ကြည့်နဲ့...။ သူကတော့ ကျွန်တော့်လက်ကို ဆွဲချိတ်ထားကာ မြောက်ကြွကြွနဲ့ လျှောက်သွားနေတယ်...။

နေ့လည်လောက်ရောက်တော့ သူ့မျက်နှာကစူပုတ်လာတယ်...။ ကျွန်တော်လည်း သူဗိုက်ဆာနေပြီအထင်နဲ့ နီးစပ်ရာဆိုင်တစ်ခုမှာ နေ့လည်စာစားဖို့ပြင်ရတယ်...။ ဒါတောင်သူ့မျက်နှာက စူပုတ်နေဆဲမို့ ကျွန်တော်ကပဲ မှာစရာရှိတာမှာပေးရတယ်...။ သူကတစ်ခါတစ်လေ အကြောင်းပြချက်မရှိ စိတ်ကောက်တတ်ပြီး ခဏနေရင် အလိုလိုပြေတတ်သူမို့ ဘာဖြစ်တာလဲလို့လည်း မေးမနေတော့...။

"ညီအစ်ကို၂ယောက်က အင်္ကျီဆင်တူနဲ့ သိပ်ချစ်ကြတယ်နော်"

အအေးလာချပေးတဲ့ ဆိုင်ဝန်ထမ်းကောင်မလေး အပြောကြောင့် ကျွန်တော်ယောင်ယမ်းပြီး ခေါင်းညိတ်ပြုံးပြလိုက်မိပေမယ့် သူကတော့ ထပေါက်ကွဲပါလေရော....။

"ဒီမယ်အစ်မ... ဒီအရွယ်ရောက်မှ အင်္ကျီဆင်တူဝတ်တဲ့ညီအစ်ကို မြင်ဖူးလို့လား...?? ဒါက Couple shirt လို့ခေါ်တယ်... Kookie က ကျွန်တော့်ချစ်သူ... အစ်မစိတ်နဲ့တောင် လာမပစ်မှားနဲ့"

ကျွန်တော့်မှာ သူ့ကိုလည်းထိန်းရ ဝန်ထမ်းကောင်မလေးကိုလည်း တောင်းပန်ရနဲ့ အလုပ်ရှုပ်သွားတယ်...။ သူကလည်းအစပိုင်းက ဒေါသထွက်ပြီး ရှူးရှူးရှားရှားဖြစ်နေသလောက် ခဏနေတော့စိတ်ပြန်ပြေသွားကာ ပုံမှန်ပြန်ဖြစ်သွားပြန်တယ်...။

"ကောင်မလေးတွေက Kookie ကိုပဲ စိတ်ဝင်တစား လိုက်ကြည့်နေကြတယ်... ဘေးမှာ TaeTae တစ်ယောက်လုံး ပါနေတာကိုတောင်မှ"

ထိုအခါမှသူမျက်နှာစူပုတ်ခြင်းရဲ့ အကြောင်းရင်းကို ကျွန်တော်သိလိုက်ရတယ်...။ သူ့ရုပ်လေးက ချောလွန်းသော်လည်း ကလေးသာသာပေမို့ မိန်းကလေးတွေရဲ့စိတ်ဝင်စားမှုက ကျွန်တော့်ဆီမှာသာ ရောက်နေတာဖြစ်နိုင်ပါတယ်...။

ပြီးတော့တစ်ဆက်တည်း နားလည်လိုက်တာက အဲ့လိုစိတ်ကောက်တာက သူ့ကိုကောင်မလေးတွေ စိတ်မဝင်စားတာကြောင့်မဟုတ်ဘဲ ကျွန်တော့်ကို သဝန်တိုနေခြင်းသာ ဖြစ်ကြောင်းကိုပေါ့...။ သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်တော့်ပိစိ...။

အရင်၂ဘဝတုန်းက ခပ်အေးအေးနဲ့ အနေတည်လွန်းပြီး ခံစားချက်တွေကို သိုသိပ်ထားတတ်ပေမယ့် အခုဘဝမှာတော့ ပွင့်လင်းသွက်လက်လွန်းနေတယ်...။ ဒါကလည်း သူ့ကိုအရမ်းချစ်ပေးကြတဲ့ သူ့မိဘတွေနဲ့ ကျွန်တော်တို့ကြောင့်ပါပဲ...။

သနားစရာကောင်းလှတဲ့ Taehyung ဟာ အရင်နှစ်ဘဝမှာတုန်းက မိဘမဲ့တစ်ယောက် ဖြစ်ခဲ့တယ်မဟုတ်လား...။ အခုဘဝမှာ‌တော့ Mr. Han ရဲ့တစ်ဦးတည်းသောသားလည်းဖြစ်သလို တအိမ်သားလုံးရဲ့အချစ်ခံ အလိုလိုက်ခံရတဲ့ သခင်လေးလည်းဖြစ်နေပြန်တော့ ခုလိုဆိုးနေတာက မဆန်းပါဘူးလေ...။

လွတ်လပ်စွာရယ်မောတတ်တဲ့ သူ့ပုံစံလေး...။ ကျွန်တော်နဲ့စကားပြောရင် ချွဲနွဲ့ကာမပီကလာလေး ဖြစ်သွားတတ်တာလေး...။ ဒါတွေက အရင်ဘဝမှာမရှိခဲ့ဖူးတဲ့ သူ့ရဲ့စတိုင် အသစ်အဆန်းလေးတွေပါ...။ ကျွန်တော်ကတော့ ပြောင်းလဲသွားတဲ့သူ့ကို မပြောင်းလဲတဲ့အချစ်တွေနဲ့ ချစ်နေဆဲပါပဲ...။ အာာ မဟုတ်ဘူး... ပိုချစ်လာရတာပါ...။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

"Jungkook မင်း တကယ်ပဲကွာ... ငါအဲ့လောက်တူမယ်မှန်းမထင်ဘူး... သူကအရမ်းချစ်ဖို့ကောင်းလွန်းတယ်"

နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့ Jimin က သူ့ကိုမြင်တော့အရမ်း အံ့သြနေလေတယ်... ကျွန်တော်နဲ့ Jimin စာချင်းအဆက်အသွယ် မပြတ်ပေမယ့် လူချင်းကတော့ မတွေ့တာကြာနေခဲ့ပြီ...။ သူကတကယ့်ကို နိုင်ငံခြားသားတစ်ယောက်နဲ့ ပိုတူလာသလိုပင်...။

"Aigoo သူကကြည့်လေ ချစ်ဖို့ကောင်းလေပဲ"

Jimin က အသည်းယားစွာဖြင့် သူ့ပါးကိုဆွဲညှစ်တော့ ကျွန်တော်အတန်ငယ်စိတ်ပူသွားတယ်...။ တစ်ချိန်က Jimin သူ့ကို အရမ်းချစ်ခဲ့တာမလား...။ အတိတ်မေ့သလို ဖြစ်သွားလို့သာ ဘာမှမမှတ်မိတာ...။

"သွား... TaeTae ကို လာမကိုင်နဲ့... မီဝေါ့ Arjushi"

"ဘယ်လို Arjushi...??? Yahh ငါက Jungkook ထက်တောင် လပိုင်းလောက်အသက်ငယ်တယ်"

"မသိဘူး Arjushi ပဲ... Kookie နဲ့လာမယှဉ်နဲ့... Kookie က ချောလည်းချောတယ်... တော်လည်းတော်တယ်... အရပ်လည်းရှည်တယ်... Arjushi လိုမဟုတ်ဘူး"

"ဘာာ...မင်းကများငါ့ကို...!!!."

ကျွန်တော်စိတ်ပူရတဲ့ကြားထဲကနေ သူတို့ကိုကြည့်ပြီး ရယ်မိသေးတယ်...။ Jimin ကတော့ သူ့ကို Arjushi ခေါ်လို့ အခံရခက်နေပေမယ့် စိတ်ဆိုးပုံတော့မရ...။

"ငါလက်ထပ်ဖို့ပြန်လာတာ Jungkook"

"ဘယ်လို... ချက်ချင်းကြီးပါလား... ငါ့ကိုကြိုလည်းမပြောဘူး"

ကျွန်တော်အံ့သြစွာနဲ့မေးတော့ Jimin က ရယ်နေလေရဲ့...။ ပြီးတော့မှ ရှက်ကိုးရှက်ကန်းအမူအယာလေးနဲ့ ရင်ဖွင့်လာပြန်တယ်...။

"ငါတို့တွေ့တာ သိပ်‌တော့မကြာသေးဘူးကွ... ငါက ကိုယ့်စိတ်ကြိုက်ရှာမ‌တွေ့လို့ ဒီတသက်အိမ်ထောင်မပြုဖြစ်တော့ဘူးလို့ တွေးနေမိတာ... ဒါပေမဲ့ သူ့ကိုစတွေ့လိုက်တော့ ငါ့ရဲ့အရင်ဘဝက ဖူးစာရှင်များလားလို့ စိတ်ထဲပေါ်လာမိတဲ့အထိပဲ... သူလည်းငါ့လိုပဲ ခံစားမိတယ်လို့ပြောတယ်... အဲ့ဒါနဲ့ ငါတို့အသက်တွေလည်း အရမ်းမငယ်တော့ဘူးဆိုတော့ လက်ထပ်ဖို့ကို မြန်မြန်ပဲဆုံးဖြတ်လိုက်ကြတာလေ"

သူ့လူအကြောင်းကိုပြောနေတဲ့ Jimin ရဲ့မျက်ဝန်းတွေက အချစ်ရဲ့အရိပ်အယောင်တွေ ပြည့်နှက်လို့နေခဲ့တယ်...။ နောက်ဆုံးတော့သူလည်း သူနဲ့သင့်တော်တဲ့ဖူးစာဖက်ကို ရှာတွေ့သွားနိုင်ပြီပဲ...။

ကျွန်တော့်ရဲ့ TaeTae ကို သတိတရနဲ့ လှည့်ကြည့်လိုက်‌တော့လည်း Jimin ဝယ်လာတဲ့ လက်ဆောင်ပစ္စည်းတွေကို စိတ်ဝင်တစား ဖွင့်ကြည့်နေပြန်တယ်...။ ရန်ဖြစ်ရတာမောသွားတယ် ထင်ပါရဲ့...။

"ဒါနဲ့ Jungkook မင်းငါ့ရဲ့သတို့သားအရံ လုပ်ပေးရမှာနော်... ငါ့မှာအချစ်ဆုံးသူငယ်ချင်းဆိုလို့ မင်းပဲရှိတာလေ"

စိတ်မြန်လက်မြန်ရှိလှတဲ့ Jimin ကို ကျွန်တော်လည်းမနိုင်ပါ...။ အချစ်ဆုံးသူငယ်ချင်းတွေဆိုတော့လည်း သူ့ရဲ့တစ်သက်မှာတစ်ခါသာဆောင်မယ့် မင်္ဂလာပွဲမှာ သတို့သားအရံတော့ လုပ်ပေးသင့်ပါတယ်လေ...။

"အေးပါ လုပ်ပေးမှာပေါ့... ဘယ်တော့လဲ မင်္ဂလာပွဲက... မင်းရဲ့သတို့သမီးနဲ့လည်း မိတ်ဆက်ပေးလေ"

"ဟဲဟဲ... သတို့သားပါကွ... ကိုကိုက ငါ့ထက်၃နှစ်လောက်ကြီးတယ်... ဒါပေမဲ့ အသက်ကြီးတယ်လို့ မထင်ရလောက်အောင် အရမ်းချောတယ်"

ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေပြန်တဲ့ Jimin ကြောင့် ကျွန်တော်ရယ်သွမ်းလိုက်မိတယ်...။ ထိုအခိုက် ဘေးကနေ နားစွန်နားဖျားကြားသွားတဲ့ TaeTae က တစခန်းထလာပြန်လေရော...။

"TaeTae လည်း သတို့သားအရံလုပ်မယ်"

ရုတ်တရတ်ဝင်ပြောတဲ့သူ့ကြောင့် ကျွန်တော်နဲ့ Jimin လန့်သွားရတယ်...။ ဘယ်နှယ့်သတို့သားအရံတဲ့...။ ပေါက်စက သူ့ကိုယ်သူဘာမှတ်လို့လဲ...။

"သတို့သားအရံက ၂ယောက်ပဲလိုတာလေ... ငါ့ကိုကိုက သူ့သူငယ်ချင်းကို သူ့ရဲ့သတို့သားအရံအဖြစ် ထည့်ထားပြီးသွားပြီ... မင်းလို ကလေးလေးကလည်း သတို့သားအရံ လုပ်လို့မရပါဘူး... ဒါမှမဟုတ် ပန်းကြဲတဲ့နေရာမှာ လုပ်ချင်လား....??"

Jimin က ညစ်ကျယ်ကျယ်နဲ့ဝင်ပြောတော့ သူကခြေဆောင့်ကာ အော်တော့တယ်...။ နှုတ်ခမ်းကိုလည်း စူထော်ထားသေးတယ်...။

"မရဘူး မရဘူး... Kookie က သတို့သားအရံဆို TaeTae လည်း သတို့သားအရံပဲ... Kookie ကို စိတ်မချဘူး... TaeTae ပဲ Kookie နဲ့တွဲမှာ... ဟိုတစ်ယောက်ကိုပဲ ပန်းကြဲခိုင်းလိုက်"

နောက်ဆုံးတော့လည်း ဂျီကျလွန်းတဲ့သူ့ကို ကျွန်တော်တို့အားလုံး အလျှော့ပေးလိုက်ရတော့တယ်...။ Jimin ရဲ့ကိုကိုဆိုသူ Min Yoongi ကလည်း သူ့ကိုမြင်မြင်ချင်း ညီအရင်းတစ်ယောက်လို ချစ်သွားတာကြောင့်လည်း ပါတာပေါ့လေ...။ ဒီလိုနဲ့ TaeTae တစ်ယောက် သတို့သားအရံလုပ်ဖို့ ဖြစ်လာတော့တယ်...။

သူ့မျက်နှာလေးက မိန်းမချောချောတာ ကျွန်တော်သိထားပေမယ့် မင်္ဂလာပွဲနေ့ရောက်လာလို့ တကယ်တမ်းမိတ်ကပ်ပြင်လိုက်တော့ ထင်ထားတာထက်တောင် လှပလွန်းနေတယ်လေ...။ ကြည့်ကောင်းကောင်းနဲ့ ငေးကြည့်နေမိတော့ သူက ချစ်စဖွယ်လေးလုပ်ပြနေပြန်တယ်...။

"TaeTae လှလားဟင်..??"

အသည်းယားပါတယ်ဆိုနေမှ သူက ကနွဲ့ကလျလေး လုပ်ပြနေတော့ ကျွန်တော်စိတ်ရှိလက်ရှိ ဆွဲမွေ့ပစ်ချင်စိတ် ပေါက်လာမိတယ်...။ ဘယ်ကတတ်လာမှန်းမသိ Model ကောင်လေးတွေလို တစ်လှမ်းချင်း လမ်းလျှောက်နေသေးတယ်...။

"တော်ပါပြီ TaeTae ရယ်... ကိုယ်အသည်းတွေယားလာပြီ... ဆွဲကိုက်ပစ်လိုက်မှာ"

"ဟွန့်...ကလေးကို"

မူနွဲ့နွဲ့လေးလုပ်နေတဲ့သူ့ကို ကျွန်တော်အသည်းယားလာပြီး လက်မောင်းလေးကိုမနာအောင် ဖိကိုက်မိတယ်...။ မနာပါပဲနဲ့သူကလည်း အသံထွက်အော်နေပြန်သေးတယ်...။ တကယ့်ကို ငဆိုးလေး...။

"နောက်မှအချစ်စမ်းကြဟေ့.. မင်္ဂလာအချိန်ရောက်ပြီ ထွက်ခဲ့ကြတော့"

အပြင်ကနေ Jimin လာအော်မှပဲ သူနဲ့ကျွန်တော် ထွက်လာခဲ့ရတယ်...။ ဒီလိုနဲ့ Jimin ရဲ့မင်္ဂလာပွဲက အဆင်ပြေပြေနဲ့ပဲ ပြီးစီးသွားခဲ့တယ်...။ ‌မင်္ဂလာပွဲအပြီး Jimin က ပန်းစည်းပစ်ဖို့လုပ်တော့ TaeTae တစ်ယောက် မပြောမဆိုနဲ့ စင်ပေါ်ပြေးတက်သွားပြီး Jimin လက်ထဲက ပန်းစည်းကို ဆွဲလုလေတယ်...။

"ပန်းစည်းရပြီကွ... Kookie လက်ထပ်ခွင့်တောင်းတော့လေ"

ရုတ်တရတ်ကြီး သူလုပ်လိုက်တဲ့အပြုအမူကြောင့် ကျွန်တော်ကြောင်အမ်းကာ ရပ်နေမိတော့ ထုံးစံအတိုင်း သူ့နှုတ်ခမ်းလေး စူထွက်လာလေတယ်...။

"Kookie မြန်မြန်လေး... သူများမင်္ဂလာဆောင်တာကြည့်ပြီး TaeTae လည်း မင်္ဂလာဆောင်ချင်ပြီ"

လတ်စသတ်တော့ပွဲတောက်လျှောက် သူငြိမ်နေတာက အားကျပြီးငေးကြည့်နေတာကြောင့်ကိုး...။ နို့မို့လို့ကတော့ စကားတတွတ်တွတ်များနေမှာကို ကျွန်တော်သတိမထားလိုက်မိဘူး...။

စင်ပေါ်မှာ ခုန်ဆွခုန်ဆွနဲ့ခြေဆောင့်ပြနေတဲ့သူ့ကို ကျွန်တော်အတော်လေး ရယ်ချင်မိတယ်...။ ပွဲကိုလာကြတဲ့သူတွေကလည်း ကျွန်တော့်ကိုလက်ထပ်ခွင့်တောင်းဖို့ ဝိုင်းတိုက်တွန်းကြတယ်...။ သူ့အသက်ငယ်သေးပေမယ့်လည်း ကျွန်တော်မပေးဖြစ်သေးတဲ့ လက်စွပ်ကို လက်ကနေချွတ်ကာ စင်အောက်ကနေပဲ ဒူးထောက်ထိုင်ချလိုက်တယ်...။

"TaeTae ahh ကိုယ့်ကိုလက်ထပ်ပါလား... ကိုယ်မင်းကိုတသက်လုံး စိတ်ချမ်းသာအောင်ထားပါ့မယ်"

သူခုန်ဆွခုန်ဆွအဆင့်ကနေ ခုန်ပေါက်တဲ့အဆင့် ရောက်သွားလေတယ်...။ ဝမ်းသာနေတဲ့ အရိပ်အယောင်တွေက သူ့မျက်နှာပေါ်မှာ ဖုံးမရဖိမရ...။ ကျွန်တော်လည်းပဲ သူ့နည်းတူ စိတ်လှူပ်ရှားနေမိတယ်လေ...။

"Kookie ahh...!!!!"

သူစင်ပေါ်ကနေ ပြေးဆင်းချင်တာ အလျင်လိုနေတာကြောင့် သူ့ခြေထောက်သူခလုတ်တိုက်ပြီး ပြုတ်ကျပါလေရော...။ သူ့ကိုအရိပ်တကြည့်ကြည့်လုပ်နေတဲ့ ကျွန်တော်က အောက်ကနေပြေးပွေ့လိုက်လို့ ကြမ်းပြင်နဲ့မိတ်မဆက်သွားတာ...။

"ဝါး Kookie က အရမ်းချစ်ဖို့ကောင်းတာပဲ... Kookie နဲ့လက်ထပ်ဖို့ TaeTae ဘယ်တော့မှနောင်တမရဘူး"

သူက ကလေးတုန်းကလို ကျွန်တော့်လည်ပင်းကိုခိုဖက်ကာ ပခုံးပေါ်ခေါင်းမှေးတင်ရင်း ချွဲနွဲ့နေတယ်...။ ဘေးပတ်ဝန်းကျင်ကနေ လက်ခုပ်သံတွေကတော့ သောသောညံနေတာပါပဲ...။

"ဒါကငါ့မင်္ဂလာပွဲပါနော်... မင်းတို့ကလာပြီး ဇာတ်ကားရိုက်နေကြတယ်... ယူမှာဖြင့်လည်းမြန်မြန်ယူကြ"

"Arjushi မနာလိုဖြစ်နေတယ်မလား...??"

"တော်စမ်း Arjushi မခေါ်ပါနဲ့ဆို"

"ခေါ်မှာပဲ... Arjushi က Arjushi ပဲလေ"

"Yahhhh....!!!"

မရိုးနိုင်တဲ့သူနဲ့ Jimin ရဲ့ရန်ပွဲ...။ ကလေးနဲ့အပြိုင် ရန်ဖြစ်တတ်တဲ့ Jimin နဲ့ အမြဲတမ်း Jimin မခံချင်အောင်လိုက်စတဲ့ TaeTae...။  ကျွန်တော်ကတော့သူတို့ကြောင့် ပါးစပ်တောင်မစေ့ရပါဘူး...။

သူနဲ့ကျွန်တော်လက်ထပ်တော့ သူ့အသက်၁၆နှစ်ပြည့်ကာစ...။ ကျွန်တော်တို့ရဲ့ ၁၂နှစ်ပြည့် Anniversary နေ့မှာပေါ့လေ...။ သူ့အသက်မပြည့်သေးပေမယ့် မိဘသဘောတူညီမှုနဲ့ လက်ထပ်ထားလိုက်ကြပြီး လက်ထပ်မှတ်ပုံတင်ကိုတော့ သူ့အသက် ၁၈နှစ်ပြည့်မှ လုပ်ခဲ့ကြတယ်...။

လက်ထပ်ပြီးတော့မှ သူသိသိသာသာငြိမ်သွားတယ်...။ အရင်လိုကလေးဆန်စွာ ဂျီကျမဆိုးနွဲ့တော့ဘဲ အိမ်မှုကိစ္စတွေကို ရအောင်လုပ်တယ်...။ ဒါပေမယ့်လည်း စကားကို မပီကလာပြောတတ်တာက ပျောက်မသွားခဲ့...။

"TaeTae ကို ဘယ်လောက်ချစ်လဲဟင် Kookie"

ဒါကတော့ သူနေ့တိုင်းမပြတ်မေးနေကျ စကားတစ်ခွန်းပါ...။ ကျွန်တော်ကလည်း ဘယ်အချိန်မေးမေး တစ်မျိုးတည်းဖြေပါတယ်...။

"ကိုယ့်အသက်ထက်တောင် ပိုချစ်သေးတယ်"

ထိုအခါတိုင်း သူ့မျက်နှာလေး ကြည်နူးစွာနဲ့ပြုံးသွားတတ်မြဲ...။ ကျွန်တော်ယုံကြည်ပါတယ်...။ ၃ဘဝဆက်တိုက် ပြန်ဆုံစည်းခွင့်ရတဲ့ သူနဲ့ကျွန်တော် နောက်ဘဝတွေ များစွာမှာလည်း ထပ်ပြီးဆုံစည်းဦးမယ်လို့လေ...။

သူသာလျှင် ကျွန်တော့်ကမ္ဘာ...
သူသာလျှင် ကျွန်တော့်အသက်...
သူသာလျှင် ကျွန်တော့်ပျော်ရွှင်မှုပါ...
ကျွန်တော်တို့ကိုကံကြမ္မာကတောင် ခွဲထားလို့မရပါဘူး...။

ဒါကတော့ ကျွန်တော် Jungkook နဲ့ TaeTae တို့ရဲ့ ချစ်ပုံပြင်လေးပါပဲ...။ အဆုံးအစမဲ့တဲ့ ဘဝပေါင်းများစွာနဲ့ ကျွန်တော်တို့ ဆက်ချစ်သွားကြမှာပါ...။

~•~•~•~THE END~•~•~•~


(Zawgyi)

ကြၽန္ေတာ့္ရဲ႕ ပ်င္းရိဖြယ္ရာေန႔ရက္မ်ားကို တစ္ကိုယ္တည္းျဖတ္သန္းေနရတာ အတန္ငယ္ေတာ့ ပ်င္းေျခာက္ေျခာက္ႏိုင္ေလတယ္...။ တစ္ခါတစ္ရံမွာေတာ့ Jimin နဲ႔ ဖုန္းေျပာျဖစ္ေပမယ့္ ေဝးလံလွတဲ့ေနရာက သူ႔ဆီကို သြားလည္ဖို႔က်ေတာ့ အဆင္သိပ္မေျပလွေပ...။

သေကာင့္သားကလည္း သူငယ္ခ်င္းအသစ္ေတြနဲ႔ ေပ်ာ္ေနတယ္ေလ...။ လူခ်စ္လူခင္ေပါတဲ့သူက ေရာက္ေလရာအရပ္မွာ သင့္တင့္ေအာင္ေနတတ္တာ တစ္ခုေတာ့လည္း ေကာင္းေနျပန္တယ္....။

ဘာလိုလိုနဲ႔ ကြၽန္ေတာ္လည္း တကၠသိုလ္ေနာက္ဆုံးႏွစ္ကိုေတာင္ ေရာက္လာခဲ့ေလၿပီ...။ ေက်ာင္းၿပီးရင္ေတာ့ Aboji နဲ႔အတူ ကုမၼဏီမွာ အလုပ္လိုက္လုပ္ဖို႔ကလြဲၿပီး ဘာမွေတာ့ေ႐ြးခ်ယ္စရာမရွိ...။ ဒါလည္းအဆင္ေျပပါတယ္...။ အခုလည္း ေက်ာင္းအားရက္ေတြဆို အလုပ္ထဲ လိုက္သြားေနက်ပဲဟာ...။

"သားေရ Kookie"

မီးဖိုခန္းထဲက Appa ရဲ႕ေခၚသံေၾကာင့္ ကြၽန္ေတာ္အျမန္ေျပးသြားလိုက္တယ္...။ ကြၽန္ေတာ့္ရဲ႕ ေနာက္ထပ္အလုပ္တစ္ခုက အိမ္မွာေတာက္တိုမယ္ရ လုပ္ေပးရတာေလ...။

"Appa ဘာေကြၽးမလို႔လဲ...??"

ကြၽန္ေတာ့္စကားေၾကာင့္ Appa က ရယ္ေမာရင္း လက္ထဲကစာ႐ြက္ပိုင္းကို ထိုးေပးတယ္...။ သိသားပဲ ေဈးစာရင္းစာ႐ြက္ဆိုတာ...။ Appa ကြၽန္ေတာ့္ကို ခိုင္းဖို႔ပဲေခၚတာေလ...။

"ေကြၽးတာက ေနာက္ထား... Appa ကို ဒါေလးသြားဝယ္ေပးပါလား"

Appa ေပးတဲ့စာ႐ြက္ကိုၾကည့္ၿပီး ကြၽန္ေတာ္မ်က္လုံးျပဴးသြားရတယ္...။ ဒါေတြကလမ္းထိပ္က စတိုးဆိုင္မွာ ဝယ္လို႔မွမရတာပဲ...။ ၿမိဳ႕ထဲက Super Market မွာ သြားဝယ္မွရမွာေလ...။

"သြားဝယ္ေပးပါ Kookie ရယ္... ဒီေန႔က Appa တို႔ရဲ႕ မဂၤလာႏွစ္ပတ္လည္ေန႔ေလ... အဲဒါ Appa က ညစာကိုရွယ္ခ်က္ေကြၽးခ်င္လို႔ပါ"

"လတ္စသတ္ေတာ့ဒီလိုကိုး... ရပါတယ္ေလ.. သားတစ္ေယာက္အေနနဲ႔ ပါရမီျဖည့္ေပးရမွာေပါ့"

ကြၽန္ေတာ္ ကတိေပးလိုက္ေတာ့ Appa လည္း ဝမ္းသာသြားၿပီး ကြၽန္ေတာ့္ပါးကို ေျခဖ်ားေထာက္ကာ လွမ္းနမ္းတယ္...။

"လိမၼာလိုက္တဲ့သားေလး...
ကားကိုဂ႐ုစိုက္ေမာင္းဦးေနာ္"

"ဟုတ္ကဲ့ Appa"

ကြၽန္ေတာ္လည္း Appa ကိုႏႈတ္ဆက္ၿပီး ၿမိဳ႕ထဲမွာရွိတဲ့ Super Market ဆီသို႔ ထြက္လာလိုက္တယ္...။ ႐ုံးခ်ိန္မို႔လို႔ကားလမ္းေတြက အရင္ကထက္ ပိုပိတ္ေနတယ္...။ တစ္နာရီေလာက္ၾကာၿပီးမွ ကြၽန္ေတာ္သြားခ်င္တဲ့ေနရာကို ေရာက္လာေတာ့တယ္...။

စာရင္းစာ႐ြက္ကိုတစ္ဖက္ကကိုင္ရင္း တြန္းလွည္းထဲသို႔ ပစၥည္းေတြတစ္ခုခ်င္း ေကာက္ထည့္ေနတဲ့ကြၽန္ေတာ္ ႐ုတ္တရတ္ေျခေထာက္ကိုလာထိတဲ့ အထိအေတြ႕ေၾကာင့္ ငုံ႔ၾကည့္လိုက္မိတယ္...။

ကေလးေလးတစ္ေယာက္ပါလား...။ ကြၽန္ေတာ့္ေျခေထာက္တစ္ဖက္ကို လာဖက္ထားတယ္ေလ...။ ၾကည့္ရတာ သူ႔အေဖနဲ႔မွားတာမ်ားလား...?? ကေလးခ်စ္တတ္တဲ့ကြၽန္ေတာ္ သူေလးကိုေကာက္ခ်ီလိုက္ေတာ့မွ အရမ္းအံ့ၾသသြားရတယ္...။

မ်က္လုံးဝိုင္းဝိုင္းေလး ႏႈတ္ခမ္းရဲရဲေလးနဲ႔ ႏွာေခါင္းထိပ္ေလးမွာ မွဲ႔ေသးေသးေလးတစ္ခုရွိေနတဲ့ ဒီကေလးေလးက ကြၽန္ေတာ့္ရဲ႕ Taehyung ပဲမဟုတ္လား...။ မွားစရာကိုမရွိတာပါ...။ သူကလည္း ကြၽန္ေတာ့္ဆီကိုမွ တိုက္တိုက္ဆိုင္ဆိုင္ေရာက္လာတယ္ေလ...။

"သားေရ... သားေလး ဘယ္ေတြေလွ်ာက္သြားေနတာလဲ...?? Omma ကို စိတ္ပူေအာင္လို႔"

ကေလးကိုခ်ီထားရင္းေၾကာင္ၾကည့္ေနတဲ့ ကြၽန္ေတာ့္ကို ကေလးအေမကလည္း အံ့ၾသေနတဲ့ပုံပါပဲ...။ သူမရဲ႕ကေလးကို လက္လွမ္းေခၚမလို႔လုပ္ေပမယ့္ ကြၽန္ေတာ့္ရဲ႕အၾကည့္စူးစူးေၾကာင့္ တုန႔္ခနဲျဖစ္သြားျပန္တယ္...။ မျဖစ္ေသးပါဘူး... ကြၽန္ေတာ္ေတာ့ ကေလးသူခိုးျဖစ္ေတာ့မယ္...။

ျပန္ေပးဖို႔ကလည္း သူက ကြၽန္ေတာ့္ခ်စ္သူ ဝင္စားတာေလ...။ ကြၽန္ေတာ္ခ်ိတုံခ်တုံနဲ႔ သူေလးကိုၾကည့္မိေတာ့လည္း ကြၽန္ေတာ့္ကို မ်က္လုံးဝိုင္းေလးေတြနဲ႔ ျပန္ၾကည့္ေနတာ တစ္ခ်က္ေတာင္လႊဲမသြား...။

"မင္းက Mr. Kim ရဲ႕သားမဟုတ္လားဟင္..??"

ဟင္...သူမက ကြၽန္ေတာ့္ကိုသိေနတာလား...?? ကြၽန္ေတာ္လည္း အလ်င္အျမန္ေခါင္းညိတ္ျပလိုက္တယ္...။ သိေနတဲ့လူအခ်င္းခ်င္းဆို ပိုေကာင္းတယ္ေလ...။ ခက္တာက သူမကဘယ္သူလဲဆိုတာ ကြၽန္ေတာ္မမွတ္မိ...။

"အန္တီက Mr. Han ရဲ႕ဇနီးပါ... Mr. Han ကို သိတယ္မလားဟင္...??"

"အာ... သိတာေပါ့... Mr. Han က ကုမၼဏီမွာ ရွယ္ယာရွင္တစ္ေယာက္ပဲေလ... ဒါဆို ကေလးေလးက ဟိုတစ္ခါ၄ႏွစ္ျပည့္တယ္ဆိုတဲ့...."

ကြၽန္ေတာ္ဇေဝဇဝါနဲ႔ ျပန္ေမးလိုက္တယ္... လြန္ခဲ့တဲ့ တစ္ပါတ္ေက်ာ္ေလာက္ကတင္ Mr. Han ရဲ႕ သားငယ္ေလး ၄ႏွစ္ျပည့္ေမြးေန႔ဆိုၿပီး ဖိတ္ေသးတာ...။ ကြၽန္ေတာ္တို႔တစ္မိသားစုလုံး မအားတဲ့အတြက္ မသြားျဖစ္ဘဲ အလုပ္မွာသာ Mr. Han ကို ကေလးအတြက္ဆိုၿပီး ဝက္ဝံ႐ုပ္ႀကီးေပးလိုက္ႏိုင္တယ္...။

"ဟုတ္တယ္... အဲဒါသားေလးေမြးေန႔ေလ... ကိုႀကီးကို ႏႈတ္ဆက္လိုက္ပါဦး Han Sung"

Han Sung...?? ဟုတ္သားပဲ သူ႔နာမည္က Han Sung ေလ...။ ေမြးေန႔ဖိတ္စာေလးမွာေရးထားတဲ့ ထိုနာမည္ေၾကာင့္လည္း ကြၽန္ေတာ္သတိမထားမိတာ ေနမွာပါ...။ တကယ္လို႔သာ Han Sung က ကြၽန္ေတာ့္ခ်စ္သူ Taehyung လူဝင္စားဆိုတာ ေစာေစာစီးစီးႀကိဳသိရင္ ကြၽန္ေတာ္သြားေတြ႕ျဖစ္မွာပါ...။

"ဟင့္အင္း... သားနာမည္က Han Sung မဟုတ္ဘူး... Taehyung ပါဆိုေနမွ"

ကြၽန္ေတာ့္လည္ပင္းကိုလာဖက္ရင္း သူ႔အေမကို စကားမပီကလာေလးနဲ႔ ျပန္ျငင္းေနေလတဲ့ သူေလးေၾကာင့္ ကြၽန္ေတာ့္ရင္ထဲ ဒိန္းခနဲျဖစ္သြားရတယ္...။ သူ႔အရင္ဘဝကနာမည္ေလးကို ေမ့မသြားဘူးပဲ...။

"ဟုတ္ပါၿပီ TaeTae ရယ္... လာ Omma ဆီကို... သူမ်ားကိုမရႈပ္ရဘူးေလေနာ္"

"အဲဒါသူမ်ားမဟုတ္ဘူး... သားသားရဲ႕ခ်စ္သူ"

သူ႔အေမက အားတုံ႔အားနာနဲ႔ ကြၽန္ေတာ့္ကို လွမ္းၾကည့္ေပမယ့္ ကြၽန္ေတာ္ကေတာ့ မႈိရတဲ့မ်က္ႏွာလို ျဖစ္ေနမွာေသခ်ာတယ္...။ သူတကယ္ပဲ ကြၽန္ေတာ့္ကို ေမ့မသြားဘူးေလ...။

"ဒါကဒီလိုရွိပါတယ္အန္တီ... Taehyung ကေလ....."

ကြၽန္ေတာ္သူမကို နားဝင္ေအာင္ရွင္းျပေတာ့ သူမတအံ့တၾသနဲ႔ နားေထာင္ေနတယ္...။ Taehyung အရင္ဘဝက မိစာၦျဖစ္ခဲ့တာကိုေတာ့ ကြၽန္ေတာ္ဖုံးကြယ္ထားၿပီး သူနဲ႔ကြၽန္ေတာ္က ၂ဘဝဆက္တိုက္ခ်စ္သူေတြဆိုတာ ေျပာျပလိုက္တယ္...။ သူကေတာ့ ကြၽန္ေတာ့္လည္ပင္းကို သူ႔လက္ေသးေသးေလးေတြနဲ႔ ဖက္တြယ္ထားရင္း ပခုံးေပၚမွာေတာင္ ေခါင္းမွီအိပ္ေနေသးတယ္...။

"ကြၽန္ေတာ္သူ႔ကို အိမ္ခဏေခၚသြားခ်င္တယ္... Appa တို႔သိရင္လည္း အံ့ၾသမွာေသခ်ာတယ္... ညက်ရင္ျပန္ပို႔ေပးပါ့မယ္... ရမလားဟင္...??"

"သားသားလိုက္သြားခ်င္တယ္ Omma"

ကြၽန္ေတာ္ခြင့္ေတာင္းသလို သူကပါ ႏႈတ္ခမ္းေလးေထာ္ကာ ပူဆာေလေတာ့ သူ႔အေမလည္း ေခါင္းညိတ္လိုက္ရေတာ့တယ္...။ ထို႔ေနာက္ေတာ့ သူ႔ကိုပါတြန္းလွည္းထဲထည့္ထားၿပီး ေဈးအျမန္ဝယ္ရေတာ့တယ္...။ သူကေတာ့ ကြၽန္ေတာ္နဲ႔အတူတူလိုက္ရတာကို ေပ်ာ္ေနပုံပါ...။ ကေလးပီပီ တြန္းလွည္းစီးရတာေၾကာင့္လည္း ပါမယ္ထင္တယ္...။

အျပန္လမ္းမွာလည္း ကြၽန္ေတာ္က ေဘးမွာထိုင္ေနတဲ့သူ႔ကို အရိပ္တၾကည့္ၾကည့္လုပ္ေနသေလာက္ သူကေတာ့ သူပူဆာလို႔ ကြၽန္ေတာ္ဝယ္ေပးလိုက္တဲ့ အ႐ုပ္ေလးကိုသာ စိတ္ဝင္တစားလုပ္ေနတယ္...။ အင္းေပါ့ေလ ကေလးဆိုေတာ့လည္း ကေလးစိတ္က ဘယ္ေပ်ာက္ဦးမလဲ...။

"တကယ္ပဲ Taehyung ပဲ... သူျပန္ေရာက္လာၿပီပဲ... Omo ခ်စ္ဖို႔ေကာင္းလိုက္တာ"

Appa က သူ႔ကိုျမင္လို႔အံ့ၾသဝမ္းသာစြာနဲ႔ ခ်ီဖို႔လုပ္ေပမယ့္ သူက Appa ကိုမမွတ္မိသလို တြန႔္ခနဲျဖစ္သြားၿပီး ကြၽန္ေတာ့္ဘက္ကိုလွည့္ကာ မ်က္ႏွာဝွက္ထားေလတယ္...။ Appa ကေတာ့ သေဘာက်စြာ ရယ္ေမာရင္း သူ႔တင္ပါးေလးကိုဖတ္ခနဲ႐ိုက္ေတာ့လည္း ေနာက္လွည့္မၾကည့္ပဲ နာက်င္သြားတဲ့တင္ပါးေလးကို လက္နဲ႔ေနာက္ျပန္ပြတ္ေနတယ္...။ ကြၽန္ေတာ့္ကိုေတာ့ တိုင္သလိုနဲ႔ ငိုမဲ့မဲ့ေမာ့ၾကည့္တယ္ေလ...။ တကယ္ခ်စ္စရာေလးပါ...။

ဒါေပမယ့္သိပ္ေတာ့မၾကာလိုက္ Appa ခ်ေကြၽးတဲ့မုန႔္ေတြစားၿပီး Appa နဲ႔သူ ခ်စ္ၾကည္ေရးရသြားေလတယ္...။ စကားနည္းလြန္းတယ္လို႔ ထင္ရတဲ့သူက အခုက်ေတာ့လည္း ၾကက္တူေ႐ြးေပါက္ေလးလို စကားမပီကလာနဲ႔ ေျပာေနျပန္တယ္...။ စပ္စုလိုက္တာလည္း လြန္ပါေရာပဲ...။ ျမင္ျမင္ရာကို လိုက္ေမးေနေတာ့တာ...။

"Kookie အခုေတာ့ မင္းရဲ႕ဆႏၵေတြ ျပည့္သြားၿပီေပါ့... အၾကာႀကီးမေစာင့္လိုက္ရတာ တကယ္ကံေကာင္းလြန္းတယ္"

Appa က ကြၽန္ေတာ့္ေဘးမွာထိုင္ကာ အ႐ုပ္ကိုလက္တစ္ဖက္က ပိုက္ထားရင္းနဲ႔ မုန႔္စားေနတဲ့သူ႔ကိုၾကည့္ကာ ၾကည္ႏူးစြာနဲ႔ဆိုတယ္...။

"ဟုတ္တယ္ Appa... ဒါကကြၽန္ေတာ္တို႔ရဲ႕ ဖူးစာကံေၾကာင့္ပဲျဖစ္မွာေပါ့... ဟုတ္တယ္မလား Tae"

ကြၽန္ေတာ္ သူ႔ကိုငဲ့ေစာင္းၾကည့္ကာေမးေတာ့ ဘုမသိဘမသိနဲ႔ ေခါင္းညိတ္ျပေနတယ္...။ သူ႔လက္မွာေပသြားတဲ့ ေခ်ာကလက္အႏွစ္ေတြကိုလည္း ကြၽန္ေတာ့္ကို သုတ္ေပးခိုင္းေနေသးတယ္...။ ကြၽန္ေတာ္လည္း တစ္ရႉးတစ္စယူကာ သူ႔လက္ေသးေသးေလးကို သန႔္စင္ေအာင္သုတ္ေပးလိုက္တယ္...။

"မင္းေျပာတာသူက နားလည္တာက်ေနတာပဲ... ေခါင္းေတြညိတ္ေနလိုက္တာမ်ား"

"နားလည္တယ္ Kookie က TaeTae အပိုင္"

မပီကလာနဲ႔ျပန္ေျပာတဲ့သူ႔ေၾကာင့္ ကြၽန္ေတာ္ေရာ Appa ေရာ မထိန္းႏိုင္ဘဲ ရယ္လိုက္မိတယ္...။ ကြၽန္ေတာ္သူ႔ကိုအသည္းယားစြာျဖင့္ ေပါင္ေပၚေပြ႕ခ်ီလိုက္ၿပီး ပါးေဖာင္းေဖာင္းေလးကို ႏွာေခါင္းနစ္ဝင္သြားသည္အထိ နမ္းရႈိက္လိုက္တယ္...။ သူ႔ရယ္သံေသးေသးေလးက ကြၽန္ေတာ့္အတြက္ အရမ္းကို နားေထာင္ေကာင္းလြန္းလွတယ္...။

ေက်းဇူးတင္ပါတယ္ ဘုရားသခင္...။
ကြၽန္ေတာ့္ခ်စ္သူေလးကို ျပန္ပို႔ေပးတဲ့အတြက္ေပါ့...။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

"Kookie ထေတာ့ဆို.. အိပ္ပုတ္ႀကီးမေနနဲ႔... ဒီေန႔ Date လုပ္ပါ့မယ္ဆို"

ကြၽန္ေတာ့္ေက်ာေပၚခြထိုင္ကာေအာ္ေနတဲ့သူ႔ေၾကာင့္ ဘယ္လိုမွဆက္အိပ္လို႔မရေတာ့တာ ေသခ်ာေနေလၿပီ...။ အရင္လိုပိစိေလးမဟုတ္ေတာ့ သူ႔ကိုယ္က သိသိသာသာေလးေနတယ္ေလ...။

ကြၽန္ေတာ္လက္ေနာက္ျပန္နဲ႔ သူ႔ေပါင္ကိုခပ္သာသာေလး ပုတ္လိုက္ေတာ့မွ ေက်ာေပၚခြထိုင္ေနရာကေန ျပန္ဆင္းေပးတယ္...။ ကြၽန္ေတာ္လည္း ပက္လက္အေနအထား ျပန္လုပ္လိုက္ၿပီး သူ႔ကိုရင္ခြင္ထဲ ဆြဲဖက္လိုက္ေတာ့လည္း အလိုက္သင့္ပါလာျပန္တယ္ေလ...။

"ဒီကေလးစုတ္ေလးက တကယ္ကိုနားၿငီးတာပဲ.. အျပစ္ေပးရမယ္ကြာ"

သူ႔လည္ပင္းကိုတရႈံ႕ရႈံ႕နမ္းလိုက္ေတာ့ သူယားၿပီး တြန႔္လိမ္ကာ တခိခိရယ္ေနေလတယ္...။ သူ႔ကိုယ္ေလးက အခုထိကေလးနံ႔ မေပ်ာက္ေသးသလိုပဲ...။ ဒါေပါ့ေလ... အသက္၁၄ႏွစ္က ကေလးသာသာအ႐ြယ္ေလးကိုး...။ ကြၽန္ေတာ့္လက္ေပၚတင္ ႀကီးျပင္းလာတဲ့သူ႔ကို ကြၽန္ေတာ္အခုထိ ကေလးတစ္ေယာက္လို႔ ထင္ေနေသးတာလည္းပါမွာပါေလ...။

"ထေတာ့... ဒီေန႔ Kookie နဲ႔ TaeTae ရဲ႕10ႏွစ္ျပည့္ Anniversary ေန႔ေလ... ေမ့ေနတာလား"

ကေလးမဟုတ္ေတာ့ေပမယ့္ ကြၽန္ေတာ္နဲ႔စကားေျပာရင္ မပီကလာေျပာတတ္တဲ့ သူ႔အသံေလးက ကြၽန္ေတာ့္အတြက္ ဘယ္ေတာ့မွ႐ိုးသြားတယ္မရွိ...။ စေတြ႕ခဲ့တဲ့ရက္ကေန စမွတ္လိုက္ေတာ့ ဒီေန႔က 10ႏွစ္ျပည့္ ျဖစ္သြားတာ ရယ္စရာေတာ့အေကာင္းသား...။

"မေမ့ပါဘူးကြာ... ဒီခ်စ္သူေလးတစ္ေယာက္ရွိတာ ေမ့စရာလား.. ထမယ္ ထမယ္... ကိုယ့္ကိုနမ္းပါဦး"

ကြၽန္ေတာ္မ်က္လုံးမွိတ္ၿပီး ေခါင္းေမာ့ေပးေတာ့ သူ႔ႏႈတ္ခမ္းေလးက ႏူးညံ့စြာလာထိေတြ႕လာတယ္...။ ကြၽန္ေတာ္သူ႔ေခါင္းေလးကိုထိန္းကိုင္ရင္း အနမ္းေတြကို ပိုမိုရွည္ၾကာေစလိုက္တယ္...။ အတန္ၾကာမွ လႊတ္ေပးလိုက္ေတာ့ သူ႔ႏႈတ္ခမ္းေလးရဲသြားသလို သူ႔မ်က္ႏွာေလးကပါ ႏွင္းဆီနီေရာင္သမ္းေနေလတယ္...။

သူနဲ႔ကြၽန္ေတာ္ ပထမဆုံးအၾကင္နာေပးတာ သူ႔အသက္၁၃ႏွစ္ျပည့္ ေမြးေန႔မွာပါ...။ ငယ္ငယ္တည္းက ကေလးတစ္ေယာက္မို႔ ပါးကိုသာနမ္းခဲ့ၿပီးမွ သူ႔အသက္၁၃ႏွစ္ျပည့္မွ ကြၽန္ေတာ္သူ႔ႏႈတ္ခမ္းေလးကို စတင္နမ္းမိတယ္...။ ထိုအခ်ိန္ကေတာ့ ထိကပ္႐ုံသာ ျဖစ္ေပမယ့္လည္း အခုေတာ့ သူေရာကြၽန္ေတာ္ေရာ ကြၽမ္းက်င္အဆင့္ ေရာက္ရွိေနေလၿပီ...။

"ေရသြားခ်ိဳးေတာ့ေလ... ဘာၾကည့္ေနတာလဲ...??"

"TaeTae က တေန႔တျခားအရမ္းေခ်ာလာလို႔"

ကြၽန္ေတာ့္စကားေၾကာင့္ သူရွက္ေသြးျဖာသြားသလို ႏႈတ္ခမ္းေလးကလည္း ဆူေထာ္ထြက္လာတယ္...။ အသည္းယားလိုက္တာ ဒီကေလးေပါက္စေလးကို...။ မျဖစ္ေသးပါဘူး သူကငယ္ေသးတယ္...။ ကြၽန္ေတာ္အမ်ားႀကီး ေစာင့္ထိန္းသင့္တာပဲ...။

"ျမန္ျမန္လုပ္ေနာ္ အေအးပတ္မယ္... TaeTae အဝတ္အစားေတြ ထုတ္ေပးထားႏွင့္မယ္"

သူ႔ကိုယ္သူ TaeTae လို႔ သုံးႏႈန္းတတ္တာေလးက တမ်ိဳးေလးဆန္းေနျပန္တယ္...။ သူကြၽန္ေတာ့္ကို ခ်စ္ၿပီးရင္းခ်စ္ေစေအာင္ အမ်ိဳးမ်ိဳးလုပ္ေနတယ္...။

"ဆင္တူဝတ္ရမွာလား...??"

"အင္းေလ... Anniversary day ဆိုေတာ့ ဆင္တူဝတ္သင့္တာေပါ့"

အသံကအလိုမက်သလိုေျပာင္းသြားၿပီး မ်က္ႏွာကပါ ၿပိဳေတာ့မယ့္မိုးလို အုံ႔မႈိင္းလာေတာ့ ကြၽန္ေတာ္ကပ်ာကယာပင္ သူထုတ္ေပးတဲ့အက်ႌကို ဝတ္လိုက္ရတယ္...။ ထိုအခါမွ သူ႔မ်က္ႏွာက ျပန္လည္ၾကည္စင္ဝင္းပလာတယ္...။

စဥ္းစားၾကည့္ၾကပါ...။ ၁၄ႏွစ္သားနဲ႔ အသက္၃၅ႏွစ္အ႐ြယ္ ကြၽန္ေတာ္က အက်ႌဆင္တူဝတ္ၿပီး Date  လုပ္ၾကတာ...။ လမ္းမွာေတြ႕တဲ့သူေတြကလည္း ကြက္ၾကည့္ကြက္ၾကည့္နဲ႔...။ သူကေတာ့ ကြၽန္ေတာ့္လက္ကို ဆြဲခ်ိတ္ထားကာ ေျမာက္ႂကြႂကြနဲ႔ ေလွ်ာက္သြားေနတယ္...။

ေန႔လည္ေလာက္ေရာက္ေတာ့ သူ႔မ်က္ႏွာကစူပုတ္လာတယ္...။ ကြၽန္ေတာ္လည္း သူဗိုက္ဆာေနၿပီအထင္နဲ႔ နီးစပ္ရာဆိုင္တစ္ခုမွာ ေန႔လည္စာစားဖို႔ျပင္ရတယ္...။ ဒါေတာင္သူ႔မ်က္ႏွာက စူပုတ္ေနဆဲမို႔ ကြၽန္ေတာ္ကပဲ မွာစရာရွိတာမွာေပးရတယ္...။ သူကတစ္ခါတစ္ေလ အေၾကာင္းျပခ်က္မရွိ စိတ္ေကာက္တတ္ၿပီး ခဏေနရင္ အလိုလိုေျပတတ္သူမို႔ ဘာျဖစ္တာလဲလို႔လည္း ေမးမေနေတာ့...။

"ညီအစ္ကို၂ေယာက္က အက်ႌဆင္တူနဲ႔ သိပ္ခ်စ္ၾကတယ္ေနာ္"

အေအးလာခ်ေပးတဲ့ ဆိုင္ဝန္ထမ္းေကာင္မေလး အေျပာေၾကာင့္ ကြၽန္ေတာ္ေယာင္ယမ္းၿပီး ေခါင္းညိတ္ၿပဳံးျပလိုက္မိေပမယ့္ သူကေတာ့ ထေပါက္ကြဲပါေလေရာ....။

"ဒီမယ္အစ္မ... ဒီအ႐ြယ္ေရာက္မွ အက်ႌဆင္တူဝတ္တဲ့ညီအစ္ကို ျမင္ဖူးလို႔လား...?? ဒါက Couple shirt လို႔ေခၚတယ္... Kookie က ကြၽန္ေတာ့္ခ်စ္သူ... အစ္မစိတ္နဲ႔ေတာင္ လာမပစ္မွားနဲ႔"

ကြၽန္ေတာ့္မွာ သူ႔ကိုလည္းထိန္းရ ဝန္ထမ္းေကာင္မေလးကိုလည္း ေတာင္းပန္ရနဲ႔ အလုပ္ရႈပ္သြားတယ္...။ သူကလည္းအစပိုင္းက ေဒါသထြက္ၿပီး ရႉးရႉးရွားရွားျဖစ္ေနသေလာက္ ခဏေနေတာ့စိတ္ျပန္ေျပသြားကာ ပုံမွန္ျပန္ျဖစ္သြားျပန္တယ္...။

"ေကာင္မေလးေတြက Kookie ကိုပဲ စိတ္ဝင္တစား လိုက္ၾကည့္ေနၾကတယ္... ေဘးမွာ TaeTae တစ္ေယာက္လုံး ပါေနတာကိုေတာင္မွ"

ထိုအခါမွသူမ်က္ႏွာစူပုတ္ျခင္းရဲ႕ အေၾကာင္းရင္းကို ကြၽန္ေတာ္သိလိုက္ရတယ္...။ သူ႔႐ုပ္ေလးက ေခ်ာလြန္းေသာ္လည္း ကေလးသာသာေပမို႔ မိန္းကေလးေတြရဲ႕စိတ္ဝင္စားမႈက ကြၽန္ေတာ့္ဆီမွာသာ ေရာက္ေနတာျဖစ္ႏိုင္ပါတယ္...။

ၿပီးေတာ့တစ္ဆက္တည္း နားလည္လိုက္တာက အဲ့လိုစိတ္ေကာက္တာက သူ႔ကိုေကာင္မေလးေတြ စိတ္မဝင္စားတာေၾကာင့္မဟုတ္ဘဲ ကြၽန္ေတာ့္ကို သဝန္တိုေနျခင္းသာ ျဖစ္ေၾကာင္းကိုေပါ့...။ သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ကြၽန္ေတာ့္ပိစိ...။

အရင္၂ဘဝတုန္းက ခပ္ေအးေအးနဲ႔ အေနတည္လြန္းၿပီး ခံစားခ်က္ေတြကို သိုသိပ္ထားတတ္ေပမယ့္ အခုဘဝမွာေတာ့ ပြင့္လင္းသြက္လက္လြန္းေနတယ္...။ ဒါကလည္း သူ႔ကိုအရမ္းခ်စ္ေပးၾကတဲ့ သူ႔မိဘေတြနဲ႔ ကြၽန္ေတာ္တို႔ေၾကာင့္ပါပဲ...။

သနားစရာေကာင္းလွတဲ့ Taehyung ဟာ အရင္ႏွစ္ဘဝမွာတုန္းက မိဘမဲ့တစ္ေယာက္ ျဖစ္ခဲ့တယ္မဟုတ္လား...။ အခုဘဝမွာ‌ေတာ့ Mr. Han ရဲ႕တစ္ဦးတည္းေသာသားလည္းျဖစ္သလို တအိမ္သားလုံးရဲ႕အခ်စ္ခံ အလိုလိုက္ခံရတဲ့ သခင္ေလးလည္းျဖစ္ေနျပန္ေတာ့ ခုလိုဆိုးေနတာက မဆန္းပါဘူးေလ...။

လြတ္လပ္စြာရယ္ေမာတတ္တဲ့ သူ႔ပုံစံေလး...။ ကြၽန္ေတာ္နဲ႔စကားေျပာရင္ ခြၽဲႏြဲ႕ကာမပီကလာေလး ျဖစ္သြားတတ္တာေလး...။ ဒါေတြက အရင္ဘဝမွာမရွိခဲ့ဖူးတဲ့ သူ႔ရဲ႕စတိုင္ အသစ္အဆန္းေလးေတြပါ...။ ကြၽန္ေတာ္ကေတာ့ ေျပာင္းလဲသြားတဲ့သူ႔ကို မေျပာင္းလဲတဲ့အခ်စ္ေတြနဲ႔ ခ်စ္ေနဆဲပါပဲ...။ အာာ မဟုတ္ဘူး... ပိုခ်စ္လာရတာပါ...။

🍁 🍁 🍁 🍁 🍁 🍁 🍁 🍁 🍁

"Jungkook မင္း တကယ္ပဲကြာ... ငါအဲ့ေလာက္တူမယ္မွန္းမထင္ဘူး... သူကအရမ္းခ်စ္ဖို႔ေကာင္းလြန္းတယ္"

ႏိုင္ငံျခားကေန ျပန္ေရာက္လာတဲ့ Jimin က သူ႔ကိုျမင္ေတာ့အရမ္း အံ့ၾသေနေလတယ္... ကြၽန္ေတာ္နဲ႔ Jimin စာခ်င္းအဆက္အသြယ္ မျပတ္ေပမယ့္ လူခ်င္းကေတာ့ မေတြ႕တာၾကာေနခဲ့ၿပီ...။ သူကတကယ့္ကို ႏိုင္ငံျခားသားတစ္ေယာက္နဲ႔ ပိုတူလာသလိုပင္...။

"Aigoo သူကၾကည့္ေလ ခ်စ္ဖို႔ေကာင္းေလပဲ"

Jimin က အသည္းယားစြာျဖင့္ သူ႔ပါးကိုဆြဲညႇစ္ေတာ့ ကြၽန္ေတာ္အတန္ငယ္စိတ္ပူသြားတယ္...။ တစ္ခ်ိန္က Jimin သူ႔ကို အရမ္းခ်စ္ခဲ့တာမလား...။ အတိတ္ေမ့သလို ျဖစ္သြားလို႔သာ ဘာမွမမွတ္မိတာ...။

"သြား... TaeTae ကို လာမကိုင္နဲ႔... မီေဝါ့ Arjushi"

"ဘယ္လို Arjushi...??? Yahh ငါက Jungkook ထက္ေတာင္ လပိုင္းေလာက္အသက္ငယ္တယ္"

"မသိဘူး Arjushi ပဲ... Kookie နဲ႔လာမယွဥ္နဲ႔... Kookie က ေခ်ာလည္းေခ်ာတယ္... ေတာ္လည္းေတာ္တယ္... အရပ္လည္းရွည္တယ္... Arjushi လိုမဟုတ္ဘူး"

"ဘာာ...မင္းကမ်ားငါ့ကို...!!!."

ကြၽန္ေတာ္စိတ္ပူရတဲ့ၾကားထဲကေန သူတို႔ကိုၾကည့္ၿပီး ရယ္မိေသးတယ္...။ Jimin ကေတာ့ သူ႔ကို Arjushi ေခၚလို႔ အခံရခက္ေနေပမယ့္ စိတ္ဆိုးပုံေတာ့မရ...။

"ငါလက္ထပ္ဖို႔ျပန္လာတာ Jungkook"

"ဘယ္လို... ခ်က္ခ်င္းႀကီးပါလား... ငါ့ကိုႀကိဳလည္းမေျပာဘူး"

ကြၽန္ေတာ္အံ့ၾသစြာနဲ႔ေမးေတာ့ Jimin က ရယ္ေနေလရဲ႕...။ ၿပီးေတာ့မွ ရွက္ကိုးရွက္ကန္းအမူအယာေလးနဲ႔ ရင္ဖြင့္လာျပန္တယ္...။

"ငါတို႔ေတြ႕တာ သိပ္‌ေတာ့မၾကာေသးဘူးကြ... ငါက ကိုယ့္စိတ္ႀကိဳက္ရွာမ‌ေတြ႕လို႔ ဒီတသက္အိမ္ေထာင္မျပဳျဖစ္ေတာ့ဘူးလို႔ ေတြးေနမိတာ... ဒါေပမဲ့ သူ႔ကိုစေတြ႕လိုက္ေတာ့ ငါ့ရဲ႕အရင္ဘဝက ဖူးစာရွင္မ်ားလားလို႔ စိတ္ထဲေပၚလာမိတဲ့အထိပဲ... သူလည္းငါ့လိုပဲ ခံစားမိတယ္လို႔ေျပာတယ္... အဲ့ဒါနဲ႔ ငါတို႔အသက္ေတြလည္း အရမ္းမငယ္ေတာ့ဘူးဆိုေတာ့ လက္ထပ္ဖို႔ကို ျမန္ျမန္ပဲဆုံးျဖတ္လိုက္ၾကတာေလ"

သူ႔လူအေၾကာင္းကိုေျပာေနတဲ့ Jimin ရဲ႕မ်က္ဝန္းေတြက အခ်စ္ရဲ႕အရိပ္အေယာင္ေတြ ျပည့္ႏွက္လို႔ေနခဲ့တယ္...။ ေနာက္ဆုံးေတာ့သူလည္း သူနဲ႔သင့္ေတာ္တဲ့ဖူးစာဖက္ကို ရွာေတြ႕သြားႏိုင္ၿပီပဲ...။

ကြၽန္ေတာ့္ရဲ႕ TaeTae ကို သတိတရနဲ႔ လွည့္ၾကည့္လိုက္‌ေတာ့လည္း Jimin ဝယ္လာတဲ့ လက္ေဆာင္ပစၥည္းေတြကို စိတ္ဝင္တစား ဖြင့္ၾကည့္ေနျပန္တယ္...။ ရန္ျဖစ္ရတာေမာသြားတယ္ ထင္ပါရဲ႕...။

"ဒါနဲ႔ Jungkook မင္းငါ့ရဲ႕သတို႔သားအရံ လုပ္ေပးရမွာေနာ္... ငါ့မွာအခ်စ္ဆုံးသူငယ္ခ်င္းဆိုလို႔ မင္းပဲရွိတာေလ"

စိတ္ျမန္လက္ျမန္ရွိလွတဲ့ Jimin ကို ကြၽန္ေတာ္လည္းမႏိုင္ပါ...။ အခ်စ္ဆုံးသူငယ္ခ်င္းေတြဆိုေတာ့လည္း သူ႔ရဲ႕တစ္သက္မွာတစ္ခါသာေဆာင္မယ့္ မဂၤလာပြဲမွာ သတို႔သားအရံေတာ့ လုပ္ေပးသင့္ပါတယ္ေလ...။

"ေအးပါ လုပ္ေပးမွာေပါ့... ဘယ္ေတာ့လဲ မဂၤလာပြဲက... မင္းရဲ႕သတို႔သမီးနဲ႔လည္း မိတ္ဆက္ေပးေလ"

"ဟဲဟဲ... သတို႔သားပါကြ... ကိုကိုက ငါ့ထက္၃ႏွစ္ေလာက္ႀကီးတယ္... ဒါေပမဲ့ အသက္ႀကီးတယ္လို႔ မထင္ရေလာက္ေအာင္ အရမ္းေခ်ာတယ္"

ကိုယ့္ငါးခ်ဥ္ကိုယ္ခ်ဥ္ေနျပန္တဲ့ Jimin ေၾကာင့္ ကြၽန္ေတာ္ရယ္သြမ္းလိုက္မိတယ္...။ ထိုအခိုက္ ေဘးကေန နားစြန္နားဖ်ားၾကားသြားတဲ့ TaeTae က တစခန္းထလာျပန္ေလေရာ...။

"TaeTae လည္း သတို႔သားအရံလုပ္မယ္"

႐ုတ္တရတ္ဝင္ေျပာတဲ့သူ႔ေၾကာင့္ ကြၽန္ေတာ္နဲ႔ Jimin လန႔္သြားရတယ္...။ ဘယ္ႏွယ့္သတို႔သားအရံတဲ့...။ ေပါက္စက သူ႔ကိုယ္သူဘာမွတ္လို႔လဲ...။

"သတို႔သားအရံက ၂ေယာက္ပဲလိုတာေလ... ငါ့ကိုကိုက သူ႔သူငယ္ခ်င္းကို သူ႔ရဲ႕သတို႔သားအရံအျဖစ္ ထည့္ထားၿပီးသြားၿပီ... မင္းလို ကေလးေလးကလည္း သတို႔သားအရံ လုပ္လို႔မရပါဘူး... ဒါမွမဟုတ္ ပန္းႀကဲတဲ့ေနရာမွာ လုပ္ခ်င္လား....??"

Jimin က ညစ္က်ယ္က်ယ္နဲ႔ဝင္ေျပာေတာ့ သူကေျခေဆာင့္ကာ ေအာ္ေတာ့တယ္...။ ႏႈတ္ခမ္းကိုလည္း စူေထာ္ထားေသးတယ္...။

"မရဘူး မရဘူး... Kookie က သတို႔သားအရံဆို TaeTae လည္း သတို႔သားအရံပဲ... Kookie ကို စိတ္မခ်ဘူး... TaeTae ပဲ Kookie နဲ႔တြဲမွာ... ဟိုတစ္ေယာက္ကိုပဲ ပန္းႀကဲခိုင္းလိုက္"

ေနာက္ဆုံးေတာ့လည္း ဂ်ီက်လြန္းတဲ့သူ႔ကို ကြၽန္ေတာ္တို႔အားလုံး အေလွ်ာ့ေပးလိုက္ရေတာ့တယ္...။ Jimin ရဲ႕ကိုကိုဆိုသူ Min Yoongi ကလည္း သူ႔ကိုျမင္ျမင္ခ်င္း ညီအရင္းတစ္ေယာက္လို ခ်စ္သြားတာေၾကာင့္လည္း ပါတာေပါ့ေလ...။ ဒီလိုနဲ႔ TaeTae တစ္ေယာက္ သတို႔သားအရံလုပ္ဖို႔ ျဖစ္လာေတာ့တယ္...။

သူ႔မ်က္ႏွာေလးက မိန္းမေခ်ာေခ်ာတာ ကြၽန္ေတာ္သိထားေပမယ့္ မဂၤလာပြဲေန႔ေရာက္လာလို႔ တကယ္တမ္းမိတ္ကပ္ျပင္လိုက္ေတာ့ ထင္ထားတာထက္ေတာင္ လွပလြန္းေနတယ္ေလ...။ ၾကည့္ေကာင္းေကာင္းနဲ႔ ေငးၾကည့္ေနမိေတာ့ သူက ခ်စ္စဖြယ္ေလးလုပ္ျပေနျပန္တယ္...။

"TaeTae လွလားဟင္..??"

အသည္းယားပါတယ္ဆိုေနမွ သူက ကႏြဲ႕ကလ်ေလး လုပ္ျပေနေတာ့ ကြၽန္ေတာ္စိတ္ရွိလက္ရွိ ဆြဲေမြ႕ပစ္ခ်င္စိတ္ ေပါက္လာမိတယ္...။ ဘယ္ကတတ္လာမွန္းမသိ Model ေကာင္ေလးေတြလို တစ္လွမ္းခ်င္း လမ္းေလွ်ာက္ေနေသးတယ္...။

"ေတာ္ပါၿပီ TaeTae ရယ္... ကိုယ္အသည္းေတြယားလာၿပီ... ဆြဲကိုက္ပစ္လိုက္မွာ"

"ဟြန႔္...ကေလးကို"

မူႏြဲ႕ႏြဲ႕ေလးလုပ္ေနတဲ့သူ႔ကို ကြၽန္ေတာ္အသည္းယားလာၿပီး လက္ေမာင္းေလးကိုမနာေအာင္ ဖိကိုက္မိတယ္...။ မနာပါပဲနဲ႔သူကလည္း အသံထြက္ေအာ္ေနျပန္ေသးတယ္...။ တကယ့္ကို ငဆိုးေလး...။

"ေနာက္မွအခ်စ္စမ္းၾကေဟ့.. မဂၤလာအခ်ိန္ေရာက္ၿပီ ထြက္ခဲ့ၾကေတာ့"

အျပင္ကေန Jimin လာေအာ္မွပဲ သူနဲ႔ကြၽန္ေတာ္ ထြက္လာခဲ့ရတယ္...။ ဒီလိုနဲ႔ Jimin ရဲ႕မဂၤလာပြဲက အဆင္ေျပေျပနဲ႔ပဲ ၿပီးစီးသြားခဲ့တယ္...။ ‌မဂၤလာပြဲအၿပီး Jimin က ပန္းစည္းပစ္ဖို႔လုပ္ေတာ့ TaeTae တစ္ေယာက္ မေျပာမဆိုနဲ႔ စင္ေပၚေျပးတက္သြားၿပီး Jimin လက္ထဲက ပန္းစည္းကို ဆြဲလုေလတယ္...။

"ပန္းစည္းရၿပီကြ... Kookie လက္ထပ္ခြင့္ေတာင္းေတာ့ေလ"

႐ုတ္တရတ္ႀကီး သူလုပ္လိုက္တဲ့အျပဳအမူေၾကာင့္ ကြၽန္ေတာ္ေၾကာင္အမ္းကာ ရပ္ေနမိေတာ့ ထုံးစံအတိုင္း သူ႔ႏႈတ္ခမ္းေလး စူထြက္လာေလတယ္...။

"Kookie ျမန္ျမန္ေလး... သူမ်ားမဂၤလာေဆာင္တာၾကည့္ၿပီး TaeTae လည္း မဂၤလာေဆာင္ခ်င္ၿပီ"

လတ္စသတ္ေတာ့ပြဲေတာက္ေလွ်ာက္ သူၿငိမ္ေနတာက အားက်ၿပီးေငးၾကည့္ေနတာေၾကာင့္ကိုး...။ ႏို႔မို႔လို႔ကေတာ့ စကားတတြတ္တြတ္မ်ားေနမွာကို ကြၽန္ေတာ္သတိမထားလိုက္မိဘူး...။

စင္ေပၚမွာ ခုန္ဆြခုန္ဆြနဲ႔ေျခေဆာင့္ျပေနတဲ့သူ႔ကို ကြၽန္ေတာ္အေတာ္ေလး ရယ္ခ်င္မိတယ္...။ ပြဲကိုလာၾကတဲ့သူေတြကလည္း ကြၽန္ေတာ့္ကိုလက္ထပ္ခြင့္ေတာင္းဖို႔ ဝိုင္းတိုက္တြန္းၾကတယ္...။ သူ႔အသက္ငယ္ေသးေပမယ့္လည္း ကြၽန္ေတာ္မေပးျဖစ္ေသးတဲ့ လက္စြပ္ကို လက္ကေနခြၽတ္ကာ စင္ေအာက္ကေနပဲ ဒူးေထာက္ထိုင္ခ်လိုက္တယ္...။

"TaeTae ahh ကိုယ့္ကိုလက္ထပ္ပါလား... ကိုယ္မင္းကိုတသက္လုံး စိတ္ခ်မ္းသာေအာင္ထားပါ့မယ္"

သူခုန္ဆြခုန္ဆြအဆင့္ကေန ခုန္ေပါက္တဲ့အဆင့္ ေရာက္သြားေလတယ္...။ ဝမ္းသာေနတဲ့ အရိပ္အေယာင္ေတြက သူ႔မ်က္ႏွာေပၚမွာ ဖုံးမရဖိမရ...။ ကြၽန္ေတာ္လည္းပဲ သူ႔နည္းတူ စိတ္လႉပ္ရွားေနမိတယ္ေလ...။

"Kookie ahh...!!!!"

သူစင္ေပၚကေန ေျပးဆင္းခ်င္တာ အလ်င္လိုေနတာေၾကာင့္ သူ႔ေျခေထာက္သူခလုတ္တိုက္ၿပီး ျပဳတ္က်ပါေလေရာ...။ သူ႔ကိုအရိပ္တၾကည့္ၾကည့္လုပ္ေနတဲ့ ကြၽန္ေတာ္က ေအာက္ကေနေျပးေပြ႕လိုက္လို႔ ၾကမ္းျပင္နဲ႔မိတ္မဆက္သြားတာ...။

"ဝါး Kookie က အရမ္းခ်စ္ဖို႔ေကာင္းတာပဲ... Kookie နဲ႔လက္ထပ္ဖို႔ TaeTae ဘယ္ေတာ့မွေနာင္တမရဘူး"

သူက ကေလးတုန္းကလို ကြၽန္ေတာ့္လည္ပင္းကိုခိုဖက္ကာ ပခုံးေပၚေခါင္းေမွးတင္ရင္း ခြၽဲႏြဲ႕ေနတယ္...။ ေဘးပတ္ဝန္းက်င္ကေန လက္ခုပ္သံေတြကေတာ့ ေသာေသာညံေနတာပါပဲ...။

"ဒါကငါ့မဂၤလာပြဲပါေနာ္... မင္းတို႔ကလာၿပီး ဇာတ္ကား႐ိုက္ေနၾကတယ္... ယူမွာျဖင့္လည္းျမန္ျမန္ယူၾက"

"Arjushi မနာလိုျဖစ္ေနတယ္မလား...??"

"ေတာ္စမ္း Arjushi မေခၚပါနဲ႔ဆို"

"ေခၚမွာပဲ... Arjushi က Arjushi ပဲေလ"

"Yahhhh....!!!"

မ႐ိုးႏိုင္တဲ့သူနဲ႔ Jimin ရဲ႕ရန္ပြဲ...။ ကေလးနဲ႔အၿပိဳင္ ရန္ျဖစ္တတ္တဲ့ Jimin နဲ႔ အၿမဲတမ္း Jimin မခံခ်င္ေအာင္လိုက္စတဲ့ TaeTae...။  ကြၽန္ေတာ္ကေတာ့သူတို႔ေၾကာင့္ ပါးစပ္ေတာင္မေစ့ရပါဘူး...။

သူနဲ႔ကြၽန္ေတာ္လက္ထပ္ေတာ့ သူ႔အသက္၁၆ႏွစ္ျပည့္ကာစ...။ ကြၽန္ေတာ္တို႔ရဲ႕ ၁၂ႏွစ္ျပည့္ Anniversary ေန႔မွာေပါ့ေလ...။ သူ႔အသက္မျပည့္ေသးေပမယ့္ မိဘသေဘာတူညီမႈနဲ႔ လက္ထပ္ထားလိုက္ၾကၿပီး လက္ထပ္မွတ္ပုံတင္ကိုေတာ့ သူ႔အသက္ ၁၈ႏွစ္ျပည့္မွ လုပ္ခဲ့ၾကတယ္...။

လက္ထပ္ၿပီးေတာ့မွ သူသိသိသာသာၿငိမ္သြားတယ္...။ အရင္လိုကေလးဆန္စြာ ဂ်ီက်မဆိုးႏြဲ႕ေတာ့ဘဲ အိမ္မႈကိစၥေတြကို ရေအာင္လုပ္တယ္...။ ဒါေပမယ့္လည္း စကားကို မပီကလာေျပာတတ္တာက ေပ်ာက္မသြားခဲ့...။

"TaeTae ကို ဘယ္ေလာက္ခ်စ္လဲဟင္ Kookie"

ဒါကေတာ့ သူေန႔တိုင္းမျပတ္ေမးေနက် စကားတစ္ခြန္းပါ...။ ကြၽန္ေတာ္ကလည္း ဘယ္အခ်ိန္ေမးေမး တစ္မ်ိဳးတည္းေျဖပါတယ္...။

"ကိုယ့္အသက္ထက္ေတာင္ ပိုခ်စ္ေသးတယ္"

ထိုအခါတိုင္း သူ႔မ်က္ႏွာေလး ၾကည္ႏူးစြာနဲ႔ၿပဳံးသြားတတ္ၿမဲ...။ ကြၽန္ေတာ္ယုံၾကည္ပါတယ္...။ ၃ဘဝဆက္တိုက္ ျပန္ဆုံစည္းခြင့္ရတဲ့ သူနဲ႔ကြၽန္ေတာ္ ေနာက္ဘဝေတြ မ်ားစြာမွာလည္း ထပ္ၿပီးဆုံစည္းဦးမယ္လို႔ေလ...။

သူသာလွ်င္ ကြၽန္ေတာ့္ကမာၻ...
သူသာလွ်င္ ကြၽန္ေတာ့္အသက္...
သူသာလွ်င္ ကြၽန္ေတာ့္ေပ်ာ္႐ႊင္မႈပါ...
ကြၽန္ေတာ္တို႔ကိုကံၾကမၼာကေတာင္ ခြဲထားလို႔မရပါဘူး...။

ဒါကေတာ့ ကြၽန္ေတာ္ Jungkook နဲ႔ TaeTae တို႔ရဲ႕ ခ်စ္ပုံျပင္ေလးပါပဲ...။ အဆုံးအစမဲ့တဲ့ ဘဝေပါင္းမ်ားစြာနဲ႔ ကြၽန္ေတာ္တို႔ ဆက္ခ်စ္သြားၾကမွာပါ...။

~•~•~•~THE END~•~•~•~

Continue Reading

You'll Also Like

138K 12.6K 13
မင်းက ဘာလို့အဲ့လောက်ငါ့ကို ပြုစားနေတာလဲ ဘေဘီ မိန်းကလေးတွေတောငိ စိတ်မဝင်စားတဲ့ငါက မင်းကို မှ စွဲလန်းနေတာ jeon...
444K 69.3K 185
ဘာသာပြန်သူ- စွဲညို့အသင်း (ဘာသာပြန်သူတစ်ဦးတည်း မဟုတ်ပါ) MC ကျန်းလော့က အနိုင်မခံ အရှုံးမပေးတတ်တဲ့ စိတ်နေသဘောသဘာဝကို ပိုင်ဆိုင်ထားပါတယ်။ ML ချီယုံကကျ စ...
22.4K 1.8K 56
ဘာသာပြန်သူ - စွဲညို့အသင်း စူးမြောင်အာက အပနှင်သူတစ်ဦး ဖြစ်ပြီးတော့ မတော်တဆ ကျောက်စိမ်းလည်ဆွဲလေးကို ဝတ်ဆင်မိရာကနေ တစ္ဆေတစ်ကောင်က သူ့နောက်ကို တကောက်ကောက...
27.2K 3.8K 45
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...