🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(11)
"မင်းတို့နှစ်ယောက် ပြုံးပါဦး!..."
သတိုးသားအရံဖြစ်သည့် ကိုမင်းထက်က ဘေးကနေ နှစ်ယောက်လုံးကြားအောင် ပြောလာ၏။
စက်ဝန်းရောအနှစ်ရောက ခန်းမထိပ်မှာ မှင်သေသေနဲ့ထိုင်နေကြတာ။ ဧည့်သည်တွေကိုလည်းမနှုတ်ဆက်။ မပြုံးပြပဲ ခပ်တည်တည်ပဲပြန်ကြည့်ကြတော့ မင်းထက်ကအားနာလာပြီး ဝင်ပြောရတော့သည်။ မပြောလို့လည်းမဖြစ်။ ကြာရင် ဧည့်သည်တွေကပါ မေးခွန်းထုတ်လာနိုင်သည်။
"အနှစ် မင်္ဂလာဆောင်ပါတယ်ဆိုမှ ဘာလို့ရုပ်ကိုတည်ထားတာလဲ ပြုံး..."
ဘေးကမွန်လေးကလည်း အနှစ်ကိုအတင်းပြုံးခိုင်း၏။
"စက်ဝန်း မတည်ချင်ဘဲနဲ့စွတ်တည်မနေနဲ့ ငါ့ညီမကို ချစ်ခင်ယုယပြဦး မင်းပုံစံနဲ့ဆို ဘယ်လိုစိတ်ချရမှာလဲ"
"သူ့တစ်ယောက်စာတော့ ကျွန်တော်သေချာတာဝန်ယူနိုင်ပါတယ်"
စက်ဝန်းက ထိုသို့ပြန်ပြောပြီးနောက် အနှစ်ဘက်ကိုလှည့်ရင်းမှ မျက်နှာက ချက်ချင်းဆိုသလို ပြုံးသွား၏။
"သဲလေး ဗိုက်ဆာလို့မျက်နှာတည်နေတာလားဟင် ကိုကိုမုန့်ယူပြီးခွံ့ရမလား "
အနှစ်က သူ့ကိုအသံတိတ်ပြီးလှည့်ကြည့်၏။ ပုံစံအရ အံကြိတ်ထားသေးသည်။
"အားလုံးပျော်အောင် သရုပ်ဆောင်ကြတာပေါ့"
ဆိုပြီး အနှစ်နားနားကို တိုးတိုးကပ်ပြောလိုက်သည်။
"ကျွန်မမရယ်တတ်ဘူး "
"မင်းကအရမ်းခေါင်းမာတာပဲ တစ်သက်မှာတစ်ခါပဲဆောင်ရတဲ့မင်္ဂလာဆောင်ကို"
"ကျွန်မက နှစ်ခါဆောင်မှာ!!"
အနှစ်ကခပ်တည်တည်နဲ့ပြန်ပြောသည်။
"မင်းကိုယူမဲ့သူဘယ်သူရှိလို့လဲ မာနက မိုးထိုးနေတာ"
"ရှိတယ် သူကကျွန်မကို အားလုံးနားလည်ပေးမှာ"
အနှစ်ပါးစပ်ထဲရှိရာ ပြောလိုက်မိ၏။ အဓိကက သူ့ကိုနိုင်ရင်ရပြီ။
"ငါကွာရှင်းပေးပါစေလို့သာဆုတောင်း"
"အဟွန့် ဒါဆို ကျွန်မကလက်မှတ်မထိုးဘူး ရှင့်ဘာသာစာရွက်နဲ့ဆောင်!..."
သူမစကားမဆုံးသေးခင် သူလုပ်လိုက်သည့်အရာက သူ့နှုတ်ခမ်းနဲ့သူမစကားသံကို တိခနဲဖြတ်ချလိုက်ခြင်း။
ထိုအပြုအမူကြောင့် သူမရင်တစ်ချက်ဆောင့်ခုန်သွားသလို ဘေးနားကကိုမင်းထက်တို့အတွဲသာမက ဧည့်ခန်းမရှိဧည့်သည်တော်များပါ အံ့ဩသွားကြတော့သည်။
ဘယ်နှယ့် ရုတ်တရက်ကြီးလူကြီးတွေရှေ့လာနမ်းရတာလဲ။
"မင်းလက်မှတ်မထိုးရင် ငါမင်းကိုအနိုင်ကျင့်ပြီး ရအောင်ယူမှာ"
"ကျွန်မကိုဘာလို့နမ်းတာလဲ ကင်း...ရှင်စည်းမကျော်နဲ့နော် "
"ကိုယ့်မိန်းမဖြစ်တော့မဲ့ဟာ သိပ်မတွန့်တိုပါနဲ့မင်္ဂလာဦးညကျရင် မင်းဒီထက်ပိုပြီးတောင်တွေ့ကြုံရမှာ "
"ရှင်တော်တော့...အရေးမပါတာတွေ"
အနှစ်မျက်နှာနီရဲကာ သူ့ကိုလက်တစ်ဖက်နှင့်တွန်းထုတ်ရင်း မွန်လေးဘက်ကိုလှည့်တော့ ပြုံးစိစိနဲ့ကြည့်နေ၍ ရှေ့ကိုသာကြည့်မိတော့သည်။
သူမဘာလို့သူနမ်းတာ ငြိမ်ခံနေလိုက်တာလဲ။
စိတ်ထိန်းစမ်းအနှစ်သာရ။ ကျရှုံးသွားလို့မရဘူး။
သူနမ်းလိုက်သည့်အကျိုးကျေးဇူးကြောင့် အနှစ်သာရသည် သူ့ဘက်မလှည့်လာတော့ဘဲငြိမ်ငြိမ်လေးသာနေပါတော့သည်။
တစ်ကယ့်ချစ်စရာလေး။
✿............✿...........✿
မနက်ပိုင်းမင်္ဂလာဆောင်ပြီးပေမဲ့ ညနေကျ သူငယ်ချင်းတွေကို သီးသန့်ဒင်နာလိုက်ကျွေးရဖို့ရှိတာကြောင့် သူက ဟိုတယ်တစ်ခုမှာပြင်ဆင်ထား၏။ အစက ကိုမင်းထက်ဘားမှာကျွေးဖို့စဉ်းစားထားပေမဲ့ သူမကမလုပ်ချင်တာကြောင့် ဟိုတယ်မှာပဲလုပ်ဖြစ်သွား၏။
သူငယ်ချင်းဆိုပေမဲ့ အရမ်းများတာတော့မဟုတ်။ ထင်ရှား၊မွန်လေး၊ကိုထက်ဝန်းနဲ့ နိုင်ငံခြားကနေရောက်လာသည့်သူ့သူငယ်ချင်းမလေး ကန်ဒီတို့လေးယောက်သာ။ သူမတို့နှစ်ယောက်ပါမှ အားလုံးခြောက်ယောက်။
သူက သူမကိုအရက်သောက်ခွင့်မပေး။မွန်လေးကိုလည်း ထိုနည်းတူသာ။ ထို့ကြောင့် သူမနဲ့မွန်လေးက ဖျော်ရည်နဲ့ပွဲပြီးရသည်။
"စက်ဝန်းက တစ်ကယ်မထင်ရဘူး စပရိုက်တွေချည်းတိုက်တယ် "
ကန်ဒီက လေသံဖျော့ဖျော့လေးနဲ့ဆိုလာ၏။ ကြည့်ရတာ သူ့သူငယ်ချင်းကို နှမြောနေတာနေမှာ။
အနှစ်မဲ့လိုက်သည်။ မူးလာတော့ ခံစားချက်တွေအန်ထွက်လာကုန်ပြီ။ နိုင်ငံခြားမှာ အတူတူကျောင်းတက်ကြတာဆိုတော့ တွဲဖူးကြတာနေမှာပေါ့။
"ဒါကစပရိုက်မှမဟုတ်တာ မဟုတ်ရင်လည်း ယူရမှာ စောယူသွားရတာပဲရှိတာ"
သူက သူမလက်ဖမိုးလေးကိုဆွဲကိုင်လာကာ ပြော၏။ ဒီလူအခွင့်အရေးယူတာများနေပြီပဲ။
"အမလေး အစတုန်းကတော့ အသေငြင်းပြီးမှ... စက်ဝန်းတစ်ယောက် အချစ်ကြောင့် ဒီလောက်ထိပြောင်းလဲမယ်လို့မထင်ထားဘူး"
ကိုထက်ဝန်းက ထိုသို့ဆို၏။ သူမကတော့ သူဟန်ဆောင်လုပ်ပြမှန်းသိတာကြောင့် ဟင်းဟင်းဟုသာရယ်ဖြစ်သည်။ အတည်မဟုတ်မှန်းသိနေတာကို ဘာကြောင့်ရင်ခုန်ရမှာလဲ။ သူမတို့ကအခု ပြိုင်ပွဲလုပ်နေကြတာ။ စိတ်ချ ရှင့်ဆီမကျရှုံးစေရဘူး။
"သူက အစကတည်းကပြောင်းလဲနေတာကိုမင်းထက်..."
ထင်ရှားက အကြောင်းစုံကိုသိရှိသွားပြီမို့ ထိုစကားသာထွက်နိုင်တော့သည်။ အရင်နေ့က သူ အနှစ်ကိုလိုက်မယ်ဆိုတော့ ရရင်လိုက်ပေါ့တဲ့။ အဲ့ကတည်းက အနှစ်လက်ထပ်မဲ့သူက သူဆိုတာသိလိုက်သင့်တာ။ တစ်ကယ်ဆိုသူကိုကတုံးတာ။ စက်ဝန်းဘက်ကပိုင်အောင်လုပ်မှာမို့ သူ့ကိုမရဘူးလို့ပြောတာပဲလေ။ အခုပဲကြည့်လေ သူစီစဉ်ထားတာတွေလည်းပြောရော တန်းကိုလက်ထပ်ပြစ်တာ။ အစကတည်းက ဝန်ခံလိုက်ရင်ပြီးနေပြီကို။
တော်တော်မာယာများတဲ့ကောင်။ ဒါပေမဲ့လည်း ဆက်ဆံရေးတည်မြဲပါစေလို့တော့ အသံတိတ်ဆုတောင်းပေးမိသည်။ ချစ်ပါတယ်လို့ဝန်မခံရဲတဲ့ကောင်အတွက် အပိုင်သိမ်းလိုက်နိုင်လို့ဂုဏ်ပြုပါတယ်။
"တစ်ကယ်ဆို လက်ထပ်ပွဲက ကျောင်းပြီးပြီးဘွဲ့ရမှ လက်ထပ်ရမှာ အခုကချက်ချင်းကြီးဘာဖြစ်တာလဲ ငါလည်း မာမီနဲ့ဒယ်ဒီကိုနားမလည်နိုင်ဘူး ကလေးတွေက ငယ်သေးတာကို"
"မြေးအမြန်ရချင်လို့နေမှာ ကိုကိုက အခုထိမစွံသေးတော့ ရည်ရွယ်သူရှိတဲ့ကျွန်တော့်ကို အရင်ဆုံးပေးစားတာ"
"အဟွတ်!..."
စက်ဝန်းကခပ်တည်တည်နဲ့ဝင်ပြောသည်။ ထင်ရှားက သူ့ကို ပြုံးစိစိနဲ့ကြည့်ကာ ခွီးခနဲရယ်သည်။
သေချာတာ သူ့ရဲ့တွန်းပို့မှုက အောင်မြင်တယ်ဆိုတာ သိသွားပုံပဲ။
သိလည်းဘာဂရုစိုက်ရမှာလဲ။ မဟုတ်လည်း အနှစ်သာရက သူ့အပိုင်ဖြစ်လာမှာပဲ။
"အာ့..."
အနှစ်က စားပွဲအောက်ကနေ သူ့ပေါင်ကို ဆိတ်လိုက်ခြင်း။
"ဘာဖြစ်တာလဲ "
"မဟုတ်ဘူး ရုတ်တရက်ညောင်းလာလို့ အသံထွက်မိသွားတာ"
သူမလက်ကို ပြန်ဆုပ်ကိုင်ကာ မလွှတ်ပေးမိတော့။
လက်ထပ်ပြီးမှတော့ သူ စည်းတွေဘာတွေမစောင့်နိုင်ပါ။ လက်ကိုင်တာ၊နမ်းတာကတော့ရလောက်တယ်မဟုတ်လား။
ဒီအိမ်ကို သူမ နှစ်ခေါက်မြောက်ရောက်ခြင်း။ ပထမတစ်ခါက သတင်းမေးဖို့ရောက်လာတာပေမဲ့ အခုက သူ့မိန်းမအဖြစ်ရောက်လာခြင်း။
ထိုအိမ်ဝန်းထဲဝင်လာတဲ့တစ်လျှောက် ရုတ်တရက်ကြီး ကျောချမ်းလာသည်။ ဒီအိမ်ကြီးထဲမှာ သူနဲ့သူမနှစ်ယောက်တည်းနေရမှာမဟုတ်လား။
"မဆင်းဘဲဘာလုပ်နေတာလဲ ပွေ့ချီပေးရဦးမှာလား"
သူ့စကားကြောင့် အမြင်ကပ်စွာလှည့်ကြည့်တော့ ရီဝေဝေနဲ့ပြန်ကြည့်နေသည်။ သူ့အကြည့်တွေကထူးဆန်းသည်။ မဟုတ်မှ တစ်ကယ်ကြီး မင်္ဂလာဦးညကိုဖြတ်သန်းရမှာလား။ သူ့ပုံစံက ထူးဆန်းနေသည်။
စနေတာပါအနှစ် သူက ဒီလောက်မာနကြီးတာ အလိုမတူရင် ဘာလို့လုပ်မှာလဲ။
သူမကိုယ့်ဘာသာတိုးတိုးရေရွတ်ရင်း ကားပေါ်ကဆင်းလိုက်သည်။
သူကအရင်ဆုံးတံခါးဖွင့်ကာဝင်သွား၏။ အပေါ်ထပ်ကိုတက်သွားကာ သူ့အခန်းဆီဦးတည်သွား၏။ သို့သော် အနှစ်ကတော့ ထိုနေရာမှမရွေ့သေးဘဲ ရပ်နေမိသည်။
သူနဲ့တစ်ခန်းထဲနေရမှာတော့မဟုတ်လောက်ဘူး။ အခန်းတွေဒီလောက်များတာ။ သူအဲ့လောက်မတွန့်တိုလောက်ပါဘူး။
"အခန်းခွဲနေဖို့တွေ ဘာတွေမစဉ်းစားနဲ့နော်! လင်နဲ့မယားဆိုတာ အတူတူပဲနေရမှာ "
ဟင်! သူဘာလို့ပြန်ဆင်းလာတာလဲ။ မူးနေရင်လည်းအိပ်ပါကင်းရယ်။
"ကျွန်မသဘောပါ ကျွန်မတို့က ပေးစားလို့ယူတာ သဘောကျလို့ယူတာမှမဟုတ်တာ...ဘယ်မှာအိပ်အိပ်ပေါ့"
ထိုအခါ မူးနေသူ၏မျက်နှာသည် အနည်းငယ်စိတ်မရှည်ဟန်ဖြစ်သွားကာ အနားကိုစွေ့ခနဲရောက်လာပြီး ပွေ့ချီသည်။
"ရှင်ဘာလုပ်တာလဲ ချပေး!.."
"ချပေးလို့ ကင်း!.."
သူမရုန်းကန်နေသော်လည်း သူသည်မချပေးပါ။ အခန်းထဲရောက်မှ ပွေ့ထားရာမှချပေးကာ အနမ်းတွေကလည်းရုတ်တရက် မကြိုဆိုပါဘဲနှင့်ရောက်လာခဲ့သည်။
အနှစ်တစ်ကိုယ်လုံးတုန်ရီလာကာ ကြက်သီးမွှေးညင်းတွေပါထကုန်သည်။
"အင့်!...ဘုတ် "
အနမ်းတွေနောက်မစီးမျှောနိုင်ဘဲ အတင်းထုရိုက်နေမိတော့ လွှတ်ပေးလာသည်။
"ဘာဖြစ်ချင်နေတာလဲ "
"ကင်း ရှင်ပြောတော့ ကျွန်မမကြိုက်ရင်မထိဘူးဆို ကျွန်မမကြိုက်ဘူး "
"အဲ့တာက မပိုင်ဆိုင်ခင် ဘာပတ်သတ်မှုမှမရှိတဲ့အချိန်ကပြောတာ အခု မင်းက ငါ့မိန်းမ ပြီးတော့ ဒီနေ့က မင်္ဂလာဦးည...လက်ထပ်ပြီးရင် ဘာလုပ်ကြတယ်ဆိုတာ မင်းမတွေးထားဘူးလား အဲ့တာတော့လုပ်ရမှာပဲ"
"ဟင့်အင်း ရှင်ပဲ..."
"ဒီအချိန်ထိဘယ်လောက်တောင်ထိန်းချုပ်ထားခဲ့ရတယ်ထင်လဲ ငါက ပုထုစဉ်ယောက်ျားအနှစ်သာရ! "
သူမကိုယ်ကို သူ့လက်တွေနှင့်နံရံကြားထဲ ညှပ်ထားတာမို့ ရုန်းထွက်ဖို့မလွယ်ကူ။
"ကျွန်မရေချိုးဦးမယ် တစ်နေ့လုံးချွေးတွေနဲ့..."
"ရတယ် ငါအဆင်ပြေတယ် "
ဘာစကားမှမပြောရသေးခင် ဆက်တိုက်ကျရောက်လာသည့်အနမ်းများ။ အနမ်းတွေအရ သိလိုက်ရတာက သူ့ခန္ဓာကိုယ်က ပူနေသည်။
"ကင်း ရှင်ဖျားနေတာလား ကိုယ်တွေပူနေတယ်"
"အင်း အပူတက်လာတာ"
"ဟင်!.."
သူသည် အနှစ်ကို မေးခွန်းတွေထပ်ထုတ်ခွင့်မပေးတော့ဘဲ အနမ်းတွေနဲ့ပြန်စသည်။ အနှစ်လည်း တားလို့မရသည့်အဆုံး။
"ကျွန်မ ရှင်နဲ့ကလေးယူဖို့အစီအစဉ်မရှိဘူး ရှေ့ဆက်မယ်ဆို အကာအကွယ်သုံး "
သူမစကားကြောင့် သူ့အပြုအမူတွေ ရပ်တန့်သွား၏။
"မင်းက ခံစားချက်ကိုပျက်အောင်လုပ်နိုင်တာပဲ ထားလိုက်ပါတော့"
ထို့နောက်သူသည် အနှစ်ပေါ်မှထသွားကာ ရေချိုးခန်းထဲဝင်သွားတော့သည်။ အချိန်အတော်ကြာသည်အထိ ပြန်ထွက်မလာတော့။
သွားလေ၊သွားပေါ့ ဒါလေးပြောတာကို။
အနှစ်ဂရုမစိုက်ဘဲ အိပ်ပျော်ဖို့ကြိုးစားမိတော့သည်။ မနက်ကနေ ညနေထိ ပင်ပန်းခဲ့တာမို့ ခဏအတွင်းအိပ်ပျော်သွားပါသည်။
✿............✿...........✿
မနက်ပိုင်း စက်ဝန်းနိုးလာတော့ သူမမရှိတော့။ မနေ့ညက သူမအိပ်ပြီဆိုကာမှ ရေချိုးခန်းကထွက်လာတာ။ သူအကြာကြီးထွက်မလာတာတောင်မှ သူမက အေးဆေးပင် အိပ်ပျော်နေသည်။ သူ့ကိုစကားနဲ့သတ်ချထားပြီးအိပ်ပျော်နေသည်တဲ့။ သူ့မှာတော့ သူမစကားကြောင့် စိတ်တိုပြီး ရေချိုးခန်းထဲဝင်ခဲ့ရတာ။ ရေမချိုးချင်ဘဲနဲ့လည်း ရေထဲသုံးနာရီနီးပါးစိမ်ခဲ့ရတာ။
ကျစ်!...အနှစ်သာရကွာ ဘယ်လိုအသည်းမာတဲ့မိန်းမမျိုးလဲ။
သူ့ဘက်က အသက်ဝင်စွာဆွဲဆောင်တာတောင် လိုက်ပါစီးမျှောမှုတစ်စက်ကလေးမှမရှိဘူး။ တော်တော်သမာဓိအားကောင်းနေသည်ပဲ။
တစ်ကယ်က သူမများ သူ့ဆီပါလာမလားလို့တမင်စကြည့်တာ။ သူမက ပါမလာတဲ့အပြင် စကားလုံးကြမ်းကြမ်းတွေနဲ့ပြောလွှတ်သည်။
အနည်းငယ်စိတ်ပျက်မှုလေးရှိပေမဲ့ လွယ်လွယ်မပျော်ဝင်တတ်တဲ့မိန်ကလေးမို့ ဒီလိုမိန်းကလေးမျိုးကိုလက်ထပ်နိုင်သည့်သူ ကျေနပ်နေပါသည်။
သူ သဘောကျသလိုပြုံးလိုက်ရင်း ထရပ်တော့ ရှေ့တည့်တည့်မှန်တင်ခုံမှာကပ်ထားသည့် စာတစ်ခုကိုမြင်လိုက်ရသည်။
သူထပြီး အနီးကပ်ဖတ်ကြည့်တော့...
""နိုးရင် စိတ်ဆိုးမနေဘဲမနက်စာလာစား...ပြီးရင် မေမေတို့ဆီသွားရမယ် ရှင်မလိုက်ရင် ကျွန်မတစ်ယောက်တည်းသွားမှာ""တဲ့။
ဒါက အနှစ်သာရရဲ့ဆွဲဆောင်မှုလား။ သူသဘောကျစွာရယ်လိုက်မိသည်။
စက်ဝန်းအလွန်တို့ကတော့ အခုကတည်းက အနှစ်သာရဲ့မာယာမှာစီးမျှောနေပြီပဲ။
သူမကိုသိစေချင်သည်။ ဒီဂိမ်းကစားပွဲမှာ သူက လက်မြှောက်အရှုံးပေးထားပြီးသားဆိုတာ။
✿............✿...........✿
"မမလေး နာရီကိုပဲကြည့်မနေဘဲ သွားနိုးလိုက်ပါလား နောက်ကျတော့မှာ "
အနှစ်နာရီကိုပဲ ကြည့်နေတာ ဘယ်နှကြိမ်ရှိပြီလဲမသိ။ ဒေါ်ဒေါ်က ဘေးနားကနေသတိပါပေးလာပြီဖြစ်သည်။
"နေပါစေ သူမလိုက်ရင် ကိုယ့်ဘာသာကားငှားစီးသွားမယ် "
"မဟုတ်တာ မမလေးရယ်...ဒီဘက်မှာအငှားကားတွေသိပ်မလာဘူးမမလေးရဲ့...လမ်းထိပ်ထိလမ်းလျှောက်သွားမှရမှာ အဲ့ထိကျ ဝေးတယ်မမလေးရဲ့"
"ဒါဆို ဒေါ်ဒေါ်တို့ဈေးဝယ်ထွက်ရင် ဘယ်လိုလုပ်တာလဲ "
"အစ်ကိုလေးက ဒေါ်ဒေါ်တို့ကိုကားတစ်စီးပေးထားတယ် ဈေးသွားရင်ခြံတံခါးကိုသော့ခတ်ပြီး ဒေါ်ဒေါ့်ယောက်ျားကိုလိုက်ပို့ခိုင်းရတယ်"
"ဒါဆို အနှစ်ကိုရောလိုက်ပို့ပေးမလား"
"မသင့်တော်ပါဘူးမမလေး...ကိုပုက အဲ့ကားတစ်စီးပဲမောင်းတတ်တာ မမလေးအနေနဲ့စီးဖို့အဆင်မပြေဘူး"
"အနှစ်က အဲ့လိုမရှိပါဘူး အနှစ်တို့မိသားစုက သာမန်မိသားစုပါ ဘာမဖြစ်ဘူး"
"ဒါပေမဲ့လည်း အစ်ကိုလေးလိုက်ပို့တာပဲအဆင်ပြေမှာပါ မမလေး...မိဘတွေကိုသွားတွေ့ဖို့နှစ်ယောက်အတူတူသွားကာမှ တော်ကာကျတာ မဟုတ်ရင် မမလေးမိဘတွေမေးခွန်းထုတ်ကြလိမ့်မယ်"
"အနှစ်လည်းသိပါတယ်...ဒါပေမဲ့ ဒီယောက်ျားကို အရမ်းအလျှော့ပေးလို့မရဘူး "
အနှစ်စကားကြောင့် ဒေါ်ဒေါ်က အသံတိတ်ရယ်သည်။
"မမလေးတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့ပုံပဲ..."
"ဘယ်ကသာ အနှစ်တို့က မချစ်ကြပါဘူး"
"သဲလေးက အဲ့လိုပြောရင် ကိုယ်ဝမ်းနည်းတာပေ့ါ"
ဘယ်အချိန်က ရောက်လာမှန်းမသိသည့်သူက အနှစ်ပုခုံးကို ဆွဲဖက်ရင်းဆိုလာသည်။ သူ့စကားကြောင့် ဒေါ်ဒေါ်က ပြုံးစိစိ။
"အစ်ကိုလေးဘာစားမလဲ "
"တော်ပြီ ယောက္ခမအိမ်မှ စားတော့မယ်...လာ သွားမယ် သဲလေး"
သူက ပြောလည်းပြော အနှစ်ခါးကိုပိုင်စိုးပိုင်နင်းဆွဲဖက်ကာ ခေါ်သွားတော့သည်က ငြင်းချိန်တောင်မရလိုက်။ အစကစိတ်ဆိုးနေတယ်ထင်နေပေမဲ့ ဘာမှဖြစ်ပုံမပေါ်၍ အနှစ် မနေ့ကကိစ္စကို အစမဖော်မိတော့။
ထိုနေ့က မေမေ့အိမ်မှာ မိသားစုနှစ်ခုနောက်ဆုံးဆုံဖြစ်ကြသည်။ နောက်တစ်ရက်မှာတော့ ထားခဲ့လို့မဖြစ်သည့်အလုပ်တွေကြောင့် သူ့မိဘနဲ့အစ်ကိုတို့ပြန်သွားကြသည်။
ဆိုတော့ နှစ်လပိတ်တဲ့ကျောင်းပိတ်ရက်မှာ အိမ်ထောင်ကျခြင်းဖြင့် သူနဲ့ရန်တကျက်ကျက်ဖြစ်ရင်း ကုန်ဆုံးရပါသည်။
ပြီးတော့ မထင်ရင်မထင်သလို နမ်းတတ်သေးသည်။ ပြီးရင်ပြောလာတာက..
"မတော်တဆပါ"တဲ့။
လင်မယားရယ်လို့ဖြစ်လာတော့ တားဆီးလို့မရ။ ကြာရင် သူ မနမ်းရင် တစ်ခုခုလိုနေသလိုပဲလို့ခံစားရတဲ့အထိ။ ဒါပေမဲ့ သူကသိပ်သရုပ်ဆောင်ကောင်းသည်။ လုပ်ချင်ရာလုပ်ပြီးရင် သူမဟုတ်သလိုနဲ့ မသိချင်ယောင်ဆောင်တတ်သည်။
ဒါပေမဲ့ လက်ထပ်တဲ့ညကလို ထပ်မလုပ်တာကိုတော့ ကျေးဇူးတင်ရမည်။ နမ်းတာကလွဲရင် ထပ်အဆင့်မတက်လာတော့။ စည်းစောင့်ပေးတယ်ပြောရမည်။
ဟင်! ဘာလဲ။ အခုသူမ သူ့ကို အမှတ်ပေးနေတာလား။
မဖြစ်ဘူး။ သူ့ဆီမှာ မကျရှုံးခင် ဝေးဝေးမှာနေမှရမည်။ အတွေးနဲ့အတူ စိတ်ကိုတင်းလိုက်ရင်း...
"ကင်း ရှင်အပြင်ထွက်အိပ်"
"မအိပ်ဘူး "
"ဒါဆို ကျွန်မတခြားအခန်းမှာအိပ်မယ်"
"မရဘူး ညဘက်ဆို ဒီအခန်းကထွက်ခွင့်မရှိဘူး"
သူမမျက်ခုံးတွေပါ တွန့်ချိုးပြစ်ကာ သူ့ကိုရန်လိုစွာကြည့်လိုက်ရင်း...
"စက်ဝန်းအလွန် ရှင်ဘာဖြစ်နေတာလဲ"
"မင်းကမှဘာဖြစ်နေတာလဲ ခါတိုင်းလည်းအတူတူအိပ်နေကြတာပဲ ဒီနေ့မှ ဘာဖြစ်တာလဲ"
"ကျွန်မ!...ဓမ္မတာလာနေလို့ ကျွန်မတို့တစ်ကုတင်ထဲအတူတူအိပ်ရင် ရှင့်အတွက် အဆင်မပြေဘူး ကျွန်မက ရှင့်အတွက်တွေးပေးတာနော်"
"မလိုဘူး မိန်းမတွေရဲ့သဘာဝကိုနားလည်တယ် အိပ်မှာသာအိပ်စမ်းပါ"
ဘယ်လိုမှအကြောင်းပြလို့မရသည့်အဆုံး သူမစောင့်အောင့်ကာ အိပ်ပါတော့သည်။ အတင်းထွက်ပြေးလို့လည်းမရ။ အရင်တစ်ခါက သူအိပ်ပြီအထင်နဲ့ဘေးအခန်းသွားအိပ်ဖို့တွေးတာ သူကမိသွားပြီး တစ်ညလုံးလက်ကိုမလွှတ်ဘဲအိပ်ရရော။
ဒီယောက်ျားက လင်မယားဆိုရင် အတူတူပဲအိပ်ရမယ်လို့ ဘယ်နေရာကကြားထားခဲ့ပါလိမ့်။ သူတို့ပြောတဲ့လင်မယားဆိုတာက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့စုံတွဲမှလေ။ သူမတို့နှစ်ယောက်က ထိုသို့သောပတ်သတ်မှုမျိုးမှမဟုတ်တာ။
သူမ ကုတင်ဘေးစွန်းထိတိုးကာ အိပ်ပျော်ဖို့ကြိုးစားရတော့သည်။
သူမဘယ်လောက်ပဲ ခပ်ခွါခွါအိပ်ပါစေ...မနက်ရောက်ရင် သူ့ရင်ခွင်ထဲရောက်သွားရတာပါပဲ။
ထူးခြားတာက ဒီနေ့ရဲ့မနက်ခင်းက အခင်းမှာရော သူ့ဘောင်းဘီမှာပါ သွေးကွက်တွေစွန်းထင်းသွားရတာပါပဲ။
အနှစ်အထင် သူက မိန်းမတစ်ယောက်ကို မလိုက်လျောတတ်ဘူးလို့ထင်တာ။ ဒါပေမဲ့ သူက အပြင်သွားပြီး လိုအပ်တဲ့ပစ္စည်းတွေတောင် ဝယ်ခဲ့ပေးသေးသည်။
ထိုနေ့မှာ အနှစ်သိလိုက်ရတာက ဒီယောက်ျားသည် အရမ်းအန္တရာယ်များသည်။ ထို့ကြောင့် ဝေးဝေးနေရမည်လို့ ထပ်မံဆုံးဖြတ်မိသည်။
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(11)
"မင္းတို႔ႏွစ္ေယာက္ ၿပဳံးပါဦး!..."
သတိုးသားအရံျဖစ္သည့္ ကိုမင္းထက္က ေဘးကေန ႏွစ္ေယာက္လုံးၾကားေအာင္ ေျပာလာ၏။
စက္ဝန္းေရာအႏွစ္ေရာက ခန္းမထိပ္မွာ မွင္ေသေသနဲ႔ထိုင္ေနၾကတာ။ ဧည့္သည္ေတြကိုလည္းမႏႈတ္ဆက္။ မၿပဳံးျပပဲ ခပ္တည္တည္ပဲျပန္ၾကည့္ၾကေတာ့ မင္းထက္ကအားနာလာၿပီး ဝင္ေျပာရေတာ့သည္။ မေျပာလို႔လည္းမျဖစ္။ ၾကာရင္ ဧည့္သည္ေတြကပါ ေမးခြန္းထုတ္လာႏိုင္သည္။
"အႏွစ္ မဂၤလာေဆာင္ပါတယ္ဆိုမွ ဘာလို႔႐ုပ္ကိုတည္ထားတာလဲ ၿပဳံး..."
ေဘးကမြန္ေလးကလည္း အႏွစ္ကိုအတင္းၿပဳံးခိုင္း၏။
"စက္ဝန္း မတည္ခ်င္ဘဲနဲ႔စြတ္တည္မေနနဲ႔ ငါ့ညီမကို ခ်စ္ခင္ယုယျပဦး မင္းပုံစံနဲ႔ဆို ဘယ္လိုစိတ္ခ်ရမွာလဲ"
"သူ႔တစ္ေယာက္စာေတာ့ ကြၽန္ေတာ္ေသခ်ာတာဝန္ယူႏိုင္ပါတယ္"
စက္ဝန္းက ထိုသို႔ျပန္ေျပာၿပီးေနာက္ အႏွစ္ဘက္ကိုလွည့္ရင္းမွ မ်က္ႏွာက ခ်က္ခ်င္းဆိုသလို ၿပဳံးသြား၏။
"သဲေလး ဗိုက္ဆာလို႔မ်က္ႏွာတည္ေနတာလားဟင္ ကိုကိုမုန႔္ယူၿပီးခြံ႕ရမလား "
အႏွစ္က သူ႔ကိုအသံတိတ္ၿပီးလွည့္ၾကည့္၏။ ပုံစံအရ အံႀကိတ္ထားေသးသည္။
"အားလုံးေပ်ာ္ေအာင္ သ႐ုပ္ေဆာင္ၾကတာေပါ့"
ဆိုၿပီး အႏွစ္နားနားကို တိုးတိုးကပ္ေျပာလိုက္သည္။
"ကြၽန္မမရယ္တတ္ဘူး "
"မင္းကအရမ္းေခါင္းမာတာပဲ တစ္သက္မွာတစ္ခါပဲေဆာင္ရတဲ့မဂၤလာေဆာင္ကို"
"ကြၽန္မက ႏွစ္ခါေဆာင္မွာ!!"
အႏွစ္ကခပ္တည္တည္နဲ႔ျပန္ေျပာသည္။
"မင္းကိုယူမဲ့သူဘယ္သူရွိလို႔လဲ မာနက မိုးထိုးေနတာ"
"ရွိတယ္ သူကကြၽန္မကို အားလုံးနားလည္ေပးမွာ"
အႏွစ္ပါးစပ္ထဲရွိရာ ေျပာလိုက္မိ၏။ အဓိကက သူ႔ကိုႏိုင္ရင္ရၿပီ။
"ငါကြာရွင္းေပးပါေစလို႔သာဆုေတာင္း"
"အဟြန႔္ ဒါဆို ကြၽန္မကလက္မွတ္မထိုးဘူး ရွင့္ဘာသာစာ႐ြက္နဲ႔ေဆာင္!..."
သူမစကားမဆုံးေသးခင္ သူလုပ္လိုက္သည့္အရာက သူ႔ႏႈတ္ခမ္းနဲ႔သူမစကားသံကို တိခနဲျဖတ္ခ်လိုက္ျခင္း။
ထိုအျပဳအမူေၾကာင့္ သူမရင္တစ္ခ်က္ေဆာင့္ခုန္သြားသလို ေဘးနားကကိုမင္းထက္တို႔အတြဲသာမက ဧည့္ခန္းမရွိဧည့္သည္ေတာ္မ်ားပါ အံ့ဩသြားၾကေတာ့သည္။
ဘယ္ႏွယ့္ ႐ုတ္တရက္ႀကီးလူႀကီးေတြေရွ႕လာနမ္းရတာလဲ။
"မင္းလက္မွတ္မထိုးရင္ ငါမင္းကိုအႏိုင္က်င့္ၿပီး ရေအာင္ယူမွာ"
"ကြၽန္မကိုဘာလို႔နမ္းတာလဲ ကင္း...ရွင္စည္းမေက်ာ္နဲ႔ေနာ္ "
"ကိုယ့္မိန္းမျဖစ္ေတာ့မဲ့ဟာ သိပ္မတြန႔္တိုပါနဲ႔မဂၤလာဦးညက်ရင္ မင္းဒီထက္ပိုၿပီးေတာင္ေတြ႕ႀကဳံရမွာ "
"ရွင္ေတာ္ေတာ့...အေရးမပါတာေတြ"
အႏွစ္မ်က္ႏွာနီရဲကာ သူ႔ကိုလက္တစ္ဖက္ႏွင့္တြန္းထုတ္ရင္း မြန္ေလးဘက္ကိုလွည့္ေတာ့ ၿပဳံးစိစိနဲ႔ၾကည့္ေန၍ ေရွ႕ကိုသာၾကည့္မိေတာ့သည္။
သူမဘာလို႔သူနမ္းတာ ၿငိမ္ခံေနလိုက္တာလဲ။
စိတ္ထိန္းစမ္းအႏွစ္သာရ။ က်ရႈံးသြားလို႔မရဘူး။
သူနမ္းလိုက္သည့္အက်ိဳးေက်းဇူးေၾကာင့္ အႏွစ္သာရသည္ သူ႔ဘက္မလွည့္လာေတာ့ဘဲၿငိမ္ၿငိမ္ေလးသာေနပါေတာ့သည္။
တစ္ကယ့္ခ်စ္စရာေလး။
✿............✿...........✿
မနက္ပိုင္းမဂၤလာေဆာင္ၿပီးေပမဲ့ ညေနက် သူငယ္ခ်င္းေတြကို သီးသန႔္ဒင္နာလိုက္ေကြၽးရဖို႔ရွိတာေၾကာင့္ သူက ဟိုတယ္တစ္ခုမွာျပင္ဆင္ထား၏။ အစက ကိုမင္းထက္ဘားမွာေကြၽးဖို႔စဥ္းစားထားေပမဲ့ သူမကမလုပ္ခ်င္တာေၾကာင့္ ဟိုတယ္မွာပဲလုပ္ျဖစ္သြား၏။
သူငယ္ခ်င္းဆိုေပမဲ့ အရမ္းမ်ားတာေတာ့မဟုတ္။ ထင္ရွား၊မြန္ေလး၊ကိုထက္ဝန္းနဲ႔ ႏိုင္ငံျခားကေနေရာက္လာသည့္သူ႔သူငယ္ခ်င္းမေလး ကန္ဒီတို႔ေလးေယာက္သာ။ သူမတို႔ႏွစ္ေယာက္ပါမွ အားလုံးေျခာက္ေယာက္။
သူက သူမကိုအရက္ေသာက္ခြင့္မေပး။မြန္ေလးကိုလည္း ထိုနည္းတူသာ။ ထို႔ေၾကာင့္ သူမနဲ႔မြန္ေလးက ေဖ်ာ္ရည္နဲ႔ပြဲၿပီးရသည္။
"စက္ဝန္းက တစ္ကယ္မထင္ရဘူး စပ႐ိုက္ေတြခ်ည္းတိုက္တယ္ "
ကန္ဒီက ေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႔ဆိုလာ၏။ ၾကည့္ရတာ သူ႔သူငယ္ခ်င္းကို ႏွေျမာေနတာေနမွာ။
အႏွစ္မဲ့လိုက္သည္။ မူးလာေတာ့ ခံစားခ်က္ေတြအန္ထြက္လာကုန္ၿပီ။ ႏိုင္ငံျခားမွာ အတူတူေက်ာင္းတက္ၾကတာဆိုေတာ့ တြဲဖူးၾကတာေနမွာေပါ့။
"ဒါကစပ႐ိုက္မွမဟုတ္တာ မဟုတ္ရင္လည္း ယူရမွာ ေစာယူသြားရတာပဲရွိတာ"
သူက သူမလက္ဖမိုးေလးကိုဆြဲကိုင္လာကာ ေျပာ၏။ ဒီလူအခြင့္အေရးယူတာမ်ားေနၿပီပဲ။
"အမေလး အစတုန္းကေတာ့ အေသျငင္းၿပီးမွ... စက္ဝန္းတစ္ေယာက္ အခ်စ္ေၾကာင့္ ဒီေလာက္ထိေျပာင္းလဲမယ္လို႔မထင္ထားဘူး"
ကိုထက္ဝန္းက ထိုသို႔ဆို၏။ သူမကေတာ့ သူဟန္ေဆာင္လုပ္ျပမွန္းသိတာေၾကာင့္ ဟင္းဟင္းဟုသာရယ္ျဖစ္သည္။ အတည္မဟုတ္မွန္းသိေနတာကို ဘာေၾကာင့္ရင္ခုန္ရမွာလဲ။ သူမတို႔ကအခု ၿပိဳင္ပြဲလုပ္ေနၾကတာ။ စိတ္ခ် ရွင့္ဆီမက်ရႈံးေစရဘူး။
"သူက အစကတည္းကေျပာင္းလဲေနတာကိုမင္းထက္..."
ထင္ရွားက အေၾကာင္းစုံကိုသိရွိသြားၿပီမို႔ ထိုစကားသာထြက္ႏိုင္ေတာ့သည္။ အရင္ေန႔က သူ အႏွစ္ကိုလိုက္မယ္ဆိုေတာ့ ရရင္လိုက္ေပါ့တဲ့။ အဲ့ကတည္းက အႏွစ္လက္ထပ္မဲ့သူက သူဆိုတာသိလိုက္သင့္တာ။ တစ္ကယ္ဆိုသူကိုကတုံးတာ။ စက္ဝန္းဘက္ကပိုင္ေအာင္လုပ္မွာမို႔ သူ႔ကိုမရဘူးလို႔ေျပာတာပဲေလ။ အခုပဲၾကည့္ေလ သူစီစဥ္ထားတာေတြလည္းေျပာေရာ တန္းကိုလက္ထပ္ျပစ္တာ။ အစကတည္းက ဝန္ခံလိုက္ရင္ၿပီးေနၿပီကို။
ေတာ္ေတာ္မာယာမ်ားတဲ့ေကာင္။ ဒါေပမဲ့လည္း ဆက္ဆံေရးတည္ၿမဲပါေစလို႔ေတာ့ အသံတိတ္ဆုေတာင္းေပးမိသည္။ ခ်စ္ပါတယ္လို႔ဝန္မခံရဲတဲ့ေကာင္အတြက္ အပိုင္သိမ္းလိုက္ႏိုင္လို႔ဂုဏ္ျပဳပါတယ္။
"တစ္ကယ္ဆို လက္ထပ္ပြဲက ေက်ာင္းၿပီးၿပီးဘြဲ႕ရမွ လက္ထပ္ရမွာ အခုကခ်က္ခ်င္းႀကီးဘာျဖစ္တာလဲ ငါလည္း မာမီနဲ႔ဒယ္ဒီကိုနားမလည္ႏိုင္ဘူး ကေလးေတြက ငယ္ေသးတာကို"
"ေျမးအျမန္ရခ်င္လို႔ေနမွာ ကိုကိုက အခုထိမစြံေသးေတာ့ ရည္႐ြယ္သူရွိတဲ့ကြၽန္ေတာ့္ကို အရင္ဆုံးေပးစားတာ"
"အဟြတ္!..."
စက္ဝန္းကခပ္တည္တည္နဲ႔ဝင္ေျပာသည္။ ထင္ရွားက သူ႔ကို ၿပဳံးစိစိနဲ႔ၾကည့္ကာ ခြီးခနဲရယ္သည္။
ေသခ်ာတာ သူ႔ရဲ႕တြန္းပို႔မႈက ေအာင္ျမင္တယ္ဆိုတာ သိသြားပုံပဲ။
သိလည္းဘာဂ႐ုစိုက္ရမွာလဲ။ မဟုတ္လည္း အႏွစ္သာရက သူ႔အပိုင္ျဖစ္လာမွာပဲ။
"အာ့..."
အႏွစ္က စားပြဲေအာက္ကေန သူ႔ေပါင္ကို ဆိတ္လိုက္ျခင္း။
"ဘာျဖစ္တာလဲ "
"မဟုတ္ဘူး ႐ုတ္တရက္ေညာင္းလာလို႔ အသံထြက္မိသြားတာ"
သူမလက္ကို ျပန္ဆုပ္ကိုင္ကာ မလႊတ္ေပးမိေတာ့။
လက္ထပ္ၿပီးမွေတာ့ သူ စည္းေတြဘာေတြမေစာင့္ႏိုင္ပါ။ လက္ကိုင္တာ၊နမ္းတာကေတာ့ရေလာက္တယ္မဟုတ္လား။
ဒီအိမ္ကို သူမ ႏွစ္ေခါက္ေျမာက္ေရာက္ျခင္း။ ပထမတစ္ခါက သတင္းေမးဖို႔ေရာက္လာတာေပမဲ့ အခုက သူ႔မိန္းမအျဖစ္ေရာက္လာျခင္း။
ထိုအိမ္ဝန္းထဲဝင္လာတဲ့တစ္ေလွ်ာက္ ႐ုတ္တရက္ႀကီး ေက်ာခ်မ္းလာသည္။ ဒီအိမ္ႀကီးထဲမွာ သူနဲ႔သူမႏွစ္ေယာက္တည္းေနရမွာမဟုတ္လား။
"မဆင္းဘဲဘာလုပ္ေနတာလဲ ေပြ႕ခ်ီေပးရဦးမွာလား"
သူ႔စကားေၾကာင့္ အျမင္ကပ္စြာလွည့္ၾကည့္ေတာ့ ရီေဝေဝနဲ႔ျပန္ၾကည့္ေနသည္။ သူ႔အၾကည့္ေတြကထူးဆန္းသည္။ မဟုတ္မွ တစ္ကယ္ႀကီး မဂၤလာဦးညကိုျဖတ္သန္းရမွာလား။ သူ႔ပုံစံက ထူးဆန္းေနသည္။
စေနတာပါအႏွစ္ သူက ဒီေလာက္မာနႀကီးတာ အလိုမတူရင္ ဘာလို႔လုပ္မွာလဲ။
သူမကိုယ့္ဘာသာတိုးတိုးေရ႐ြတ္ရင္း ကားေပၚကဆင္းလိုက္သည္။
သူကအရင္ဆုံးတံခါးဖြင့္ကာဝင္သြား၏။ အေပၚထပ္ကိုတက္သြားကာ သူ႔အခန္းဆီဦးတည္သြား၏။ သို႔ေသာ္ အႏွစ္ကေတာ့ ထိုေနရာမွမေ႐ြ႕ေသးဘဲ ရပ္ေနမိသည္။
သူနဲ႔တစ္ခန္းထဲေနရမွာေတာ့မဟုတ္ေလာက္ဘူး။ အခန္းေတြဒီေလာက္မ်ားတာ။ သူအဲ့ေလာက္မတြန႔္တိုေလာက္ပါဘူး။
"အခန္းခြဲေနဖို႔ေတြ ဘာေတြမစဥ္းစားနဲ႔ေနာ္! လင္နဲ႔မယားဆိုတာ အတူတူပဲေနရမွာ "
ဟင္! သူဘာလို႔ျပန္ဆင္းလာတာလဲ။ မူးေနရင္လည္းအိပ္ပါကင္းရယ္။
"ကြၽန္မသေဘာပါ ကြၽန္မတို႔က ေပးစားလို႔ယူတာ သေဘာက်လို႔ယူတာမွမဟုတ္တာ...ဘယ္မွာအိပ္အိပ္ေပါ့"
ထိုအခါ မူးေနသူ၏မ်က္ႏွာသည္ အနည္းငယ္စိတ္မရွည္ဟန္ျဖစ္သြားကာ အနားကိုေစြ႕ခနဲေရာက္လာၿပီး ေပြ႕ခ်ီသည္။
"ရွင္ဘာလုပ္တာလဲ ခ်ေပး!.."
"ခ်ေပးလို႔ ကင္း!.."
သူမ႐ုန္းကန္ေနေသာ္လည္း သူသည္မခ်ေပးပါ။ အခန္းထဲေရာက္မွ ေပြ႕ထားရာမွခ်ေပးကာ အနမ္းေတြကလည္း႐ုတ္တရက္ မႀကိဳဆိုပါဘဲႏွင့္ေရာက္လာခဲ့သည္။
အႏွစ္တစ္ကိုယ္လုံးတုန္ရီလာကာ ၾကက္သီးေမႊးညင္းေတြပါထကုန္သည္။
"အင့္!...ဘုတ္ "
အနမ္းေတြေနာက္မစီးေမွ်ာႏိုင္ဘဲ အတင္းထု႐ိုက္ေနမိေတာ့ လႊတ္ေပးလာသည္။
"ဘာျဖစ္ခ်င္ေနတာလဲ "
"ကင္း ရွင္ေျပာေတာ့ ကြၽန္မမႀကိဳက္ရင္မထိဘူးဆို ကြၽန္မမႀကိဳက္ဘူး "
"အဲ့တာက မပိုင္ဆိုင္ခင္ ဘာပတ္သတ္မႈမွမရွိတဲ့အခ်ိန္ကေျပာတာ အခု မင္းက ငါ့မိန္းမ ၿပီးေတာ့ ဒီေန႔က မဂၤလာဦးည...လက္ထပ္ၿပီးရင္ ဘာလုပ္ၾကတယ္ဆိုတာ မင္းမေတြးထားဘူးလား အဲ့တာေတာ့လုပ္ရမွာပဲ"
"ဟင့္အင္း ရွင္ပဲ..."
"ဒီအခ်ိန္ထိဘယ္ေလာက္ေတာင္ထိန္းခ်ဳပ္ထားခဲ့ရတယ္ထင္လဲ ငါက ပုထုစဥ္ေယာက္်ားအႏွစ္သာရ! "
သူမကိုယ္ကို သူ႔လက္ေတြႏွင့္နံရံၾကားထဲ ညႇပ္ထားတာမို႔ ႐ုန္းထြက္ဖို႔မလြယ္ကူ။
"ကြၽန္မေရခ်ိဳးဦးမယ္ တစ္ေန႔လုံးေခြၽးေတြနဲ႔..."
"ရတယ္ ငါအဆင္ေျပတယ္ "
ဘာစကားမွမေျပာရေသးခင္ ဆက္တိုက္က်ေရာက္လာသည့္အနမ္းမ်ား။ အနမ္းေတြအရ သိလိုက္ရတာက သူ႔ခႏၶာကိုယ္က ပူေနသည္။
"ကင္း ရွင္ဖ်ားေနတာလား ကိုယ္ေတြပူေနတယ္"
"အင္း အပူတက္လာတာ"
"ဟင္!.."
သူသည္ အႏွစ္ကို ေမးခြန္းေတြထပ္ထုတ္ခြင့္မေပးေတာ့ဘဲ အနမ္းေတြနဲ႔ျပန္စသည္။ အႏွစ္လည္း တားလို႔မရသည့္အဆုံး။
"ကြၽန္မ ရွင္နဲ႔ကေလးယူဖို႔အစီအစဥ္မရွိဘူး ေရွ႕ဆက္မယ္ဆို အကာအကြယ္သုံး "
သူမစကားေၾကာင့္ သူ႔အျပဳအမူေတြ ရပ္တန႔္သြား၏။
"မင္းက ခံစားခ်က္ကိုပ်က္ေအာင္လုပ္ႏိုင္တာပဲ ထားလိုက္ပါေတာ့"
ထို႔ေနာက္သူသည္ အႏွစ္ေပၚမွထသြားကာ ေရခ်ိဳးခန္းထဲဝင္သြားေတာ့သည္။ အခ်ိန္အေတာ္ၾကာသည္အထိ ျပန္ထြက္မလာေတာ့။
သြားေလ၊သြားေပါ့ ဒါေလးေျပာတာကို။
အႏွစ္ဂ႐ုမစိုက္ဘဲ အိပ္ေပ်ာ္ဖို႔ႀကိဳးစားမိေတာ့သည္။ မနက္ကေန ညေနထိ ပင္ပန္းခဲ့တာမို႔ ခဏအတြင္းအိပ္ေပ်ာ္သြားပါသည္။
✿............✿...........✿
မနက္ပိုင္း စက္ဝန္းႏိုးလာေတာ့ သူမမရွိေတာ့။ မေန႔ညက သူမအိပ္ၿပီဆိုကာမွ ေရခ်ိဳးခန္းကထြက္လာတာ။ သူအၾကာႀကီးထြက္မလာတာေတာင္မွ သူမက ေအးေဆးပင္ အိပ္ေပ်ာ္ေနသည္။ သူ႔ကိုစကားနဲ႔သတ္ခ်ထားၿပီးအိပ္ေပ်ာ္ေနသည္တဲ့။ သူ႔မွာေတာ့ သူမစကားေၾကာင့္ စိတ္တိုၿပီး ေရခ်ိဳးခန္းထဲဝင္ခဲ့ရတာ။ ေရမခ်ိဳးခ်င္ဘဲနဲ႔လည္း ေရထဲသုံးနာရီနီးပါးစိမ္ခဲ့ရတာ။
က်စ္!...အႏွစ္သာရကြာ ဘယ္လိုအသည္းမာတဲ့မိန္းမမ်ိဳးလဲ။
သူ႔ဘက္က အသက္ဝင္စြာဆြဲေဆာင္တာေတာင္ လိုက္ပါစီးေမွ်ာမႈတစ္စက္ကေလးမွမရွိဘူး။ ေတာ္ေတာ္သမာဓိအားေကာင္းေနသည္ပဲ။
တစ္ကယ္က သူမမ်ား သူ႔ဆီပါလာမလားလို႔တမင္စၾကည့္တာ။ သူမက ပါမလာတဲ့အျပင္ စကားလုံးၾကမ္းၾကမ္းေတြနဲ႔ေျပာလႊတ္သည္။
အနည္းငယ္စိတ္ပ်က္မႈေလးရွိေပမဲ့ လြယ္လြယ္မေပ်ာ္ဝင္တတ္တဲ့မိန္ကေလးမို႔ ဒီလိုမိန္းကေလးမ်ိဳးကိုလက္ထပ္ႏိုင္သည့္သူ ေက်နပ္ေနပါသည္။
သူ သေဘာက်သလိုၿပဳံးလိုက္ရင္း ထရပ္ေတာ့ ေရွ႕တည့္တည့္မွန္တင္ခုံမွာကပ္ထားသည့္ စာတစ္ခုကိုျမင္လိုက္ရသည္။
သူထၿပီး အနီးကပ္ဖတ္ၾကည့္ေတာ့...
""ႏိုးရင္ စိတ္ဆိုးမေနဘဲမနက္စာလာစား...ၿပီးရင္ ေမေမတို႔ဆီသြားရမယ္ ရွင္မလိုက္ရင္ ကြၽန္မတစ္ေယာက္တည္းသြားမွာ""တဲ့။
ဒါက အႏွစ္သာရရဲ႕ဆြဲေဆာင္မႈလား။ သူသေဘာက်စြာရယ္လိုက္မိသည္။
စက္ဝန္းအလြန္တို႔ကေတာ့ အခုကတည္းက အႏွစ္သာရဲ႕မာယာမွာစီးေမွ်ာေနၿပီပဲ။
သူမကိုသိေစခ်င္သည္။ ဒီဂိမ္းကစားပြဲမွာ သူက လက္ေျမႇာက္အရႈံးေပးထားၿပီးသားဆိုတာ။
✿............✿...........✿
"မမေလး နာရီကိုပဲၾကည့္မေနဘဲ သြားႏိုးလိုက္ပါလား ေနာက္က်ေတာ့မွာ "
အႏွစ္နာရီကိုပဲ ၾကည့္ေနတာ ဘယ္ႏွႀကိမ္ရွိၿပီလဲမသိ။ ေဒၚေဒၚက ေဘးနားကေနသတိပါေပးလာၿပီျဖစ္သည္။
"ေနပါေစ သူမလိုက္ရင္ ကိုယ့္ဘာသာကားငွားစီးသြားမယ္ "
"မဟုတ္တာ မမေလးရယ္...ဒီဘက္မွာအငွားကားေတြသိပ္မလာဘူးမမေလးရဲ႕...လမ္းထိပ္ထိလမ္းေလွ်ာက္သြားမွရမွာ အဲ့ထိက် ေဝးတယ္မမေလးရဲ႕"
"ဒါဆို ေဒၚေဒၚတို႔ေဈးဝယ္ထြက္ရင္ ဘယ္လိုလုပ္တာလဲ "
"အစ္ကိုေလးက ေဒၚေဒၚတို႔ကိုကားတစ္စီးေပးထားတယ္ ေဈးသြားရင္ၿခံတံခါးကိုေသာ့ခတ္ၿပီး ေဒၚေဒါ့္ေယာက္်ားကိုလိုက္ပို႔ခိုင္းရတယ္"
"ဒါဆို အႏွစ္ကိုေရာလိုက္ပို႔ေပးမလား"
"မသင့္ေတာ္ပါဘူးမမေလး...ကိုပုက အဲ့ကားတစ္စီးပဲေမာင္းတတ္တာ မမေလးအေနနဲ႔စီးဖို႔အဆင္မေျပဘူး"
"အႏွစ္က အဲ့လိုမရွိပါဘူး အႏွစ္တို႔မိသားစုက သာမန္မိသားစုပါ ဘာမျဖစ္ဘူး"
"ဒါေပမဲ့လည္း အစ္ကိုေလးလိုက္ပို႔တာပဲအဆင္ေျပမွာပါ မမေလး...မိဘေတြကိုသြားေတြ႕ဖို႔ႏွစ္ေယာက္အတူတူသြားကာမွ ေတာ္ကာက်တာ မဟုတ္ရင္ မမေလးမိဘေတြေမးခြန္းထုတ္ၾကလိမ့္မယ္"
"အႏွစ္လည္းသိပါတယ္...ဒါေပမဲ့ ဒီေယာက္်ားကို အရမ္းအေလွ်ာ့ေပးလို႔မရဘူး "
အႏွစ္စကားေၾကာင့္ ေဒၚေဒၚက အသံတိတ္ရယ္သည္။
"မမေလးတို႔ႏွစ္ေယာက္က အရမ္းခ်စ္ၾကတဲ့ပုံပဲ..."
"ဘယ္ကသာ အႏွစ္တို႔က မခ်စ္ၾကပါဘူး"
"သဲေလးက အဲ့လိုေျပာရင္ ကိုယ္ဝမ္းနည္းတာေပ့ါ"
ဘယ္အခ်ိန္က ေရာက္လာမွန္းမသိသည့္သူက အႏွစ္ပုခုံးကို ဆြဲဖက္ရင္းဆိုလာသည္။ သူ႔စကားေၾကာင့္ ေဒၚေဒၚက ၿပဳံးစိစိ။
"အစ္ကိုေလးဘာစားမလဲ "
"ေတာ္ၿပီ ေယာကၡမအိမ္မွ စားေတာ့မယ္...လာ သြားမယ္ သဲေလး"
သူက ေျပာလည္းေျပာ အႏွစ္ခါးကိုပိုင္စိုးပိုင္နင္းဆြဲဖက္ကာ ေခၚသြားေတာ့သည္က ျငင္းခ်ိန္ေတာင္မရလိုက္။ အစကစိတ္ဆိုးေနတယ္ထင္ေနေပမဲ့ ဘာမွျဖစ္ပုံမေပၚ၍ အႏွစ္ မေန႔ကကိစၥကို အစမေဖာ္မိေတာ့။
ထိုေန႔က ေမေမ့အိမ္မွာ မိသားစုႏွစ္ခုေနာက္ဆုံးဆုံျဖစ္ၾကသည္။ ေနာက္တစ္ရက္မွာေတာ့ ထားခဲ့လို႔မျဖစ္သည့္အလုပ္ေတြေၾကာင့္ သူ႔မိဘနဲ႔အစ္ကိုတို႔ျပန္သြားၾကသည္။
ဆိုေတာ့ ႏွစ္လပိတ္တဲ့ေက်ာင္းပိတ္ရက္မွာ အိမ္ေထာင္က်ျခင္းျဖင့္ သူနဲ႔ရန္တက်က္က်က္ျဖစ္ရင္း ကုန္ဆုံးရပါသည္။
ၿပီးေတာ့ မထင္ရင္မထင္သလို နမ္းတတ္ေသးသည္။ ၿပီးရင္ေျပာလာတာက..
"မေတာ္တဆပါ"တဲ့။
လင္မယားရယ္လို႔ျဖစ္လာေတာ့ တားဆီးလို႔မရ။ ၾကာရင္ သူ မနမ္းရင္ တစ္ခုခုလိုေနသလိုပဲလို႔ခံစားရတဲ့အထိ။ ဒါေပမဲ့ သူကသိပ္သ႐ုပ္ေဆာင္ေကာင္းသည္။ လုပ္ခ်င္ရာလုပ္ၿပီးရင္ သူမဟုတ္သလိုနဲ႔ မသိခ်င္ေယာင္ေဆာင္တတ္သည္။
ဒါေပမဲ့ လက္ထပ္တဲ့ညကလို ထပ္မလုပ္တာကိုေတာ့ ေက်းဇူးတင္ရမည္။ နမ္းတာကလြဲရင္ ထပ္အဆင့္မတက္လာေတာ့။ စည္းေစာင့္ေပးတယ္ေျပာရမည္။
ဟင္! ဘာလဲ။ အခုသူမ သူ႔ကို အမွတ္ေပးေနတာလား။
မျဖစ္ဘူး။ သူ႔ဆီမွာ မက်ရႈံးခင္ ေဝးေဝးမွာေနမွရမည္။ အေတြးနဲ႔အတူ စိတ္ကိုတင္းလိုက္ရင္း...
"ကင္း ရွင္အျပင္ထြက္အိပ္"
"မအိပ္ဘူး "
"ဒါဆို ကြၽန္မတျခားအခန္းမွာအိပ္မယ္"
"မရဘူး ညဘက္ဆို ဒီအခန္းကထြက္ခြင့္မရွိဘူး"
သူမမ်က္ခုံးေတြပါ တြန႔္ခ်ိဳးျပစ္ကာ သူ႔ကိုရန္လိုစြာၾကည့္လိုက္ရင္း...
"စက္ဝန္းအလြန္ ရွင္ဘာျဖစ္ေနတာလဲ"
"မင္းကမွဘာျဖစ္ေနတာလဲ ခါတိုင္းလည္းအတူတူအိပ္ေနၾကတာပဲ ဒီေန႔မွ ဘာျဖစ္တာလဲ"
"ကြၽန္မ!...ဓမၼတာလာေနလို႔ ကြၽန္မတို႔တစ္ကုတင္ထဲအတူတူအိပ္ရင္ ရွင့္အတြက္ အဆင္မေျပဘူး ကြၽန္မက ရွင့္အတြက္ေတြးေပးတာေနာ္"
"မလိုဘူး မိန္းမေတြရဲ႕သဘာဝကိုနားလည္တယ္ အိပ္မွာသာအိပ္စမ္းပါ"
ဘယ္လိုမွအေၾကာင္းျပလို႔မရသည့္အဆုံး သူမေစာင့္ေအာင့္ကာ အိပ္ပါေတာ့သည္။ အတင္းထြက္ေျပးလို႔လည္းမရ။ အရင္တစ္ခါက သူအိပ္ၿပီအထင္နဲ႔ေဘးအခန္းသြားအိပ္ဖို႔ေတြးတာ သူကမိသြားၿပီး တစ္ညလုံးလက္ကိုမလႊတ္ဘဲအိပ္ရေရာ။
ဒီေယာက္်ားက လင္မယားဆိုရင္ အတူတူပဲအိပ္ရမယ္လို႔ ဘယ္ေနရာကၾကားထားခဲ့ပါလိမ့္။ သူတို႔ေျပာတဲ့လင္မယားဆိုတာက တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၾကတဲ့စုံတြဲမွေလ။ သူမတို႔ႏွစ္ေယာက္က ထိုသို႔ေသာပတ္သတ္မႈမ်ိဳးမွမဟုတ္တာ။
သူမ ကုတင္ေဘးစြန္းထိတိုးကာ အိပ္ေပ်ာ္ဖို႔ႀကိဳးစားရေတာ့သည္။
သူမဘယ္ေလာက္ပဲ ခပ္ခြါခြါအိပ္ပါေစ...မနက္ေရာက္ရင္ သူ႔ရင္ခြင္ထဲေရာက္သြားရတာပါပဲ။
ထူးျခားတာက ဒီေန႔ရဲ႕မနက္ခင္းက အခင္းမွာေရာ သူ႔ေဘာင္းဘီမွာပါ ေသြးကြက္ေတြစြန္းထင္းသြားရတာပါပဲ။
အႏွစ္အထင္ သူက မိန္းမတစ္ေယာက္ကို မလိုက္ေလ်ာတတ္ဘူးလို႔ထင္တာ။ ဒါေပမဲ့ သူက အျပင္သြားၿပီး လိုအပ္တဲ့ပစၥည္းေတြေတာင္ ဝယ္ခဲ့ေပးေသးသည္။
ထိုေန႔မွာ အႏွစ္သိလိုက္ရတာက ဒီေယာက္်ားသည္ အရမ္းအႏၲရာယ္မ်ားသည္။ ထို႔ေၾကာင့္ ေဝးေဝးေနရမည္လို႔ ထပ္မံဆုံးျဖတ္မိသည္။
✿............✿...........✿
ဆက္ရန္