ရီဇဲရဲ့ အကြည့်တွေ အေးစက်ခက်ထန်နေတယ်.....
ရှီမင်းဟွေ သူ့ကိုဘာကြောင့် လာမရှာလဲစဉ်းစားနေခဲ့မိတယ်....တခြားတစ်ယောက်ရှိနေလို့ လာမရှာတာများလား တွေးခဲ့မိပေမယ့် အခုလို တွေ့လိုက်ရချိန်မှာ သူ့အတွေးတွေ မှန်ကန်နေမှန်း သဘောပေါက်သွားခဲ့တယ်....
ရွံ့ရှာစက်ဆုပ်စရာကောင်းတဲ့ ကစားစရာလေးက ကြိုတင်ပြီး backup ထားနေတယ်ပေါ့......
သူသာ ငြီးငွေ့လာပြီဆို ရှီမင်းဟွေကို ဘယ်သူ့ကိုမဆို ပေးပစ်လိုက်မှာပါ...ဒါပေမယ့် ရှဲ့ဟယ်က သူ့ဘေးမှာ တစ်ချိန်လုံးကျိုးနွံ့နာခံသလိုဟန်ဆောင်နေပြီး ကွယ်ရာမှာ နောက်မီးလင်းနေမှန်း သိလိုက်ရလို့သာ ဒေါသထွက်နေမိတာပါ.....
ရီဇဲ ခြေလှမ်းကျဲကြီးများနဲ့ ရှဲ့ဟယ်ဆီ အရောက်သွားလိုက်ပြီး လမ်းမောင်းကနေ လှမ်းဆွဲလိုက်တယ်.....
ရုတ်တရက်ကြီး ရောက်ချလာတဲ့ ရီဇဲကြောင့် ရှဲ့ဟယ် အတော်လေး ထိတ်လန့်သွားပြီး.....
"ရီ...ရီကော...."
ရှဲ့ဟယ် အထိတ်တလန့်ဖြစ်သွားခြင်းကြောင့် သူထင်တာ မှန်နေပြီဖြစ်ကြောင်း ရီဇဲ သဘောပေါက်လာခဲ့တယ်...ဒါ့ကြောင့် ရေခဲတမျှ အေးစက်ခက်ထန်တဲ့အကြည့်တွေ ပစ်လွှတ်လိုက်ပြီး.....
" ဘာလဲ...ငါ့ကို မြင်လိုက်လို့ တော်တော်အံ့သြသွားတယ်ပေါ့....ဟုတ်လား!!!"
ရှဲ့ဟယ် အယောင်ယောင်အမှားမှားနဲ့ တစ်ယောက်တည်း ခေါင်းညိတ်လိုက် ခေါင်းခါလိုက်ဖြစ်နေရှာတယ်.....
ရီဇဲရှေ့မှာ သတိကြီးကြီးထားနေရှာတဲ့ ကောင်လေးကိုကြည့်ပြီး ဖူယွမ် တကယ်ကိုမနာလိုဖြစ်နေမိတယ်....ဒီကောင်လေးက သူ့အရှေ့မှာဆို ဘာခံစားချက်ထုတ်မပြဘဲ တပြေးညီ ငြိမ်သက်နေခဲ့တယ်လေ.....
" ဘာလုပ်တာလဲ ဉက္ကဌရီ.....လူမြင်ကွင်းကြီးမှာ ဆွဲလားရမ်းလားတွေ မလုပ်ပါနဲ့....ထမင်းတစ်နပ်လောက်အတူစားတာကို ဘာ့ကြောင့်များ အကဲဆတ်နေရတာလဲ....."
" ဟွန့်....ဒီလောက်ပဲလား...ငါ့အမြင် ဒီထပ်ပိုဉီးမယ်ထင်တယ်....."
ဖူယွမ့်အကြောင်း သူမသိရှာဘူးဆိုတော့ ပြောတဲ့အတိုင်းယုံလိုက်ရမယ်ပေါ့....ဖူယွမ် အသုံးတော်ခံခဲ့တဲ့ မင်းသား၊မင်းသမီးတွေဆို ရေတွက်လို့တောင်မရတော့ဘူး....ကန်းနေတဲ့သူတောင် ရှဲ့ဟယ်အပေါ် ဖူယွမ်တက်မက်နေမှန်း မြင်တွေ့နိုင်တယ်......
ထိုရုန်းရင်းဆန်ခတ် ဖြစ်ပွားနေမှုထဲတွင်
Public figure တစ်ဉီးဖြစ်တဲ့ ရှဲ့ဟယ်ပါဝင်နေသောကြောင့် ပါပါရာဇီများသာ ရောက်လာမည်ဆိုပါက ပြသာနာပိုကြီးသွားပေလိမ့်မည်....ထို့ကြောင့် ရှဲ့ဟယ်က.....
" ကျွန်တော်တို့ ဒီအတိုင်း ထမင်းစားနေရုံပါပဲ....ဒေါသမထွက်ပါနဲ့.. "
ဒေါသမထွက်စေချင်ရင် ဘာလို့ သူ့(ရီဇဲ)ကို သစ္စာဖောက်ပြီး ဖူယွမ်ကို မြှူစွယ်နေသေးလဲ.....
" ဉက္ကဌဖူ....သူတစ်ပါးပိုင်တဲ့အရာတွေအပေါ် မျက်စိမကျတာ အကောင်းဆုံးဆိုတာ ခင်ဗျားသဘောပေါက်မှာပါ...."
ရီဇဲကိုကြည့်ရတာ တစ်ခုခု နားလည်မှလွဲနေပုံရတာကြောင့် ဖူယွမ် မသိမသာ မျက်မှောင်ကြုံလိုက်မိတယ်....ရှဲ့ဟယ်အတွက် စိတ်မကောင်းဖြစ်မိပေမယ့်လည်း ရှင်းပြပေးဖို့ အစီအစဉ်မရှိတာကြောင့်.....
" ဉက္ကဌရီ...မင်းဟွေက သက်ရှိလူသားတစ်ယောက်ပါ....ဘာ့ကြောင့်များ သက်မဲ့ပစ္စည်းတစ်ခုလို သုံးနှုန်းနေရတာလဲ....သူ့အပေါ် လလေးစားသမှုလေး မထားပေးနိုင်ဘူးလား..."
ထိုစကားကြောင့် ရီဇဲရဲ့အကြည့်တွေ လေသံတွေ ပိုပြီး အေးစက်ခက်ထန်လာခဲ့တယ် ....
" အိုးး ဉက္ကဌဖူက ဒီလ်ိုအသေးအမွှားလေးတွေကိုတောင် သိပ်ဂရုစိုက်နေတယ်ဆိုတော့ သူ့ကို သဘောကျနေတာများလား...."
" သဘောကျတယ်ဆိုတော့ရော....."
ဖူယွမ်ကလည်း အကြည့်မလွှဲဘဲ ပြန်စိုက်ကြည့်နေလေ၏။
" ဒါဆိုလည်း ဉက္ကဌဖူကို အကြံတစ်ခုလောက်ပေးရတော့မှာပေါ့....ခင်ဗျား သူ့ကို သဘောမကျတာ ပိုကောင်းလိမ့်မယ်....နို့မို့ဆို ဖြစ်လာမယ့် အကျိုးဆက်တွေကို ခင်ဗျား ခံနိုင်ရည်ရှိမှာမဟုတ်လောက်ဘူး....."
ဖူယွမ် ပြုံနေလိုက်တယ်....ရီီဇဲနဲ့ လေကုန်ခံပြီး စကားဆက်များ မနေတော့ဘဲ ရှဲ့ဟယ်ဘက်ကို လှည့်ကာ.....
"ကိုယ် ခုနကပြောခဲ့တာတွေကို အလေးနက်ထားပြီး စဉ်းစားပေးနော်...."
ရှဲ့ဟယ်က ဖူယွမ်ရဲ့အကြည့်တွေကို ရှောင်တိမ်းလိုက်ပြီး....
" ကျွန်တော် အစောကြီးကတည်းက အဖြေပေးပြီးသားပါ....."
" အလျင်စလို မဆုံးဖြတ်ဘဲ အချိန်ယူပြီးစဉ်းစားပါ...ကိုယ် စောင့်နေပါ့မယ်....."
ပြီးတာနဲ့ ဖူယွမ်က ရီဇဲကို ပြုံးပြလိုက်ပြီး....
" ခွင့်ပြုပါဉီး... ကျုပ် အရင်ပြန်နှင့်တော့မယ်..... "
ရီဇဲက ဖူယွမ်ကို လုံးဝဂရုမစိုက်ဘဲ ရှဲ့ဟယ်ကိုသာ သတ်တော့ ဖြတ်တော့မတတ် စိုက်ကြည့်နေတယ်.....
တကယ်ဆို ရီဇဲ ဖူယွမ်ကို ဒေါသထွက်နေတာမျိုးလဲ မဟုတ်ခဲ့ဘူး....နာမည်ကြီး သရုပ်ဆောင်ပေါင်း များစွာနဲ့ ဖူယွမ် ရှုပ်ခဲ့ပေမယ့် နာမည်ပျက်မရှိခဲ့ဖူးဘူး....သူ့အခန်းတံခါးဝရှေ့ကို လိုလိုလားလားရောက်လာသူတွေနဲ့သာ ဇာတ်လမ်းဖြစ်ခဲ့တာ.....
ရှဲ့ဟယ်ဘက် ဖူယွမ်ကို မမြှူစွယ်ဘဲ ဖူယွမ်တွေအခုလိုတွေ ပြုမူနေမှာမဟုတ်လောက်ဘူး.......
အတင့်ရဲပြီး သူ့နောက်ကွယ်မှာ နှစ်သီးစားဖို့ကြံစည်ရဲတယ်ပေါ့.....ကြည့်ရတာ ဖူယွမ်တစ်ယောက်တည်းတောင် ဟုတ်ပါ့မလားပဲ...ဖျော်ဖြေရေးနယ်ပယ်မှာ သန့်ရှင်းစင်ကြယ်တဲ့သူဘယ်သူမှမရှိဘူး......
ရီဇဲ ရှဲ့ဟယ်ကို ကားထဲ တွန်းထည့်လိုက်ပြီး Driver ကို အမိန့်ပေးလိုက်သည်က.....
" အိမ်ကိုမောင်း....."
ရှဲ့ဟယ် ကားထဲမှာ ကြုံ့ကြုံ့ကလေးထိုင်နေပြီး အသက်တောင်ပြင်းပြင်းမရှူရဲရှာခဲ့ဘူး....ရီဇဲကို ခိုးခိုးကြည့်နေတဲ့ အကြည့်တွေထဲမှာ စိုးရိမ်မှုတွေရော၊ ကြည်နူးမှုတွေပါ ရောယှက်နေတယ်.....ဖူယွမ်နဲ့သူ့ကို အထင်လွဲနေတဲ့အတွက် စိုးရိမ်နေမိတယ်.....အခုလို အထင်လွဲပြီး ဒေါသထွက်နေတယ်ဆိုတာ သူ့ကိုနည်းနည်းလောက်ဖြစ်ဖြစ် ဂရုစိုက်တယ်ဆိုတဲ့အဓိပ္ပါယ်များလား.....
အမြန်နှုန်းနဲ့ မောင်းလာခဲ့တဲ့အတွက် ရီဇဲရဲ့ ဗီလာဆီ တခဏအတွင်း ရောက်လာခဲ့ကြတယ်.....
အိမ်ထဲကို ရောက်လိို့ တံခါးပိတ်ပြီးလိုက်တာနဲ့ ရီဇဲ သူ့ကိုလည်ပင်းညှစ်ပြီး နံရံမှာ ကပ်ထားလိုက်တယ်......
အသက်ရှူကြပ်လာတာကြောင့် ရှဲ့ဟယ် ကြိုးစားရုန်းကန်ပြီး ရီဇဲကို ကြောက်လန့်တကြား ခေါ်လိုက်မိတယ်.....
" ရီ...ရီကော...."
ရီဇဲက လည်ပင်းညှစ်ထားရက်နှင့်ပင် ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေကို သေချာကြည့်လိုက်ပြီး....
" အခုမှ ကြောက်တတ်နေတယ်ပေါ့...."
အသက်ရှူကြပ်လွန်းနေတဲ့ ရှဲ့ဟယ် ခင်မျာ တကိုယ်လုံးတုန်ရီနေပြီး မျက်ရည်တွေလည်း စီးကျနေရှာတယ်....
" မင်း..ဖူယွမ်ကို ဘယ်လို မြှူစွယ်ခဲ့တာလဲ...မင်းမှာ ဒီလို skillတွေရှိမှန်း ငါ မသိခဲ့မိပါလား......"
ဖူယွမ်နဲ့ ရှဲ့ဟယ်တို့ရဲ့ အပြန်အလှန်ပြောစကားတွေ ၊အကြည့်တွေအကြောင်း ပြန်တွေးကြည့်မိလိုက်တယ်...ဖူယွမ် တကယ်ပဲ ရှဲ့ဟယ်ကိုချစ်နေခဲ့မယ်ဆိုတဲ့ အသိကြောင့် ရီဇဲရဲ့ ရင်ဘတ်တစ်ခုလုံးတင်းကြပ်လာပြီး ဒေါသတွေဆူဝေလာခဲ့တယ်...
ရှဲ့ဟယ် ခက်ခက်ခဲခဲ ကြိုးစားရှင်းပြနေရှာတယ်.....
" အဲ့...အဲ့လို..မဟုတ်..ပါဘူး...."
" ဘာလဲ..ဖူယွမ်ဘက်က မင်းကို မြှူစွယ်တာလို့ ငါ့ကိုယုံခိုင်းနေတာလား....."
" ဉက္ကဌဖူဘက်က ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဖွင့်ပြောခဲ့ပေမယ့် ကျွန်တော် ငြင်းခဲ့ပြီးသားပါ.... ကျွန်တော်
ရီကောကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး...."
ဒီစကားတွေကို ရီဇဲ လုံးဝမယုံခဲ့ဘူး...ရှဲ့ဟယ်က Playboy ဖူယွမ် ဒီလောက် သည်းသည်းလှုပ်ချစ်ပြနေရလောက်အောင် တန်ဖိုးရှိတဲ့သူမှမဟုတ်တာ....
ရီဇဲက ရှဲ့ဟယ်ကို ကြမ်းပြင်ပေါ် တွန်းလှဲလိုက်ပြီး အရိုးခိုက်အောင် အေးစက်နေတဲ့လေသံနဲ့မေးလိုက်တယ်.....
" မင်း သူနဲ့ အိပ်ပြီးပြီလား..."
မကောင်းဆိုးဝါးဝင်ပူးနေသလိုဖြစ်နေတဲ့ ရီဇဲကြောင့် ရှဲ့ဟယ် ကြောက်လန့်နေသော်လည်း.....
" မအိပ်...မအိပ်ပါဘူး...."
" အခုထိတော့ မအိပ်ရသေးဘူးပေါ့...ဟုတ်လား....."
" ဟင့်အင်း...ကျွန်တော် သူနဲ့ မအိပ်ဘူး...သူ့ကိုလည်း သဘောမကျပါဘူး"
ရီဇဲရဲ့ အပြုံးတွေထဲမှာ နှိမ့်ချလှောင်ပြောင်မှုများ ပြည့်နှက်နေပါတယ်....
" ဒါဆို မင်း ဘယ်သူ့ကို သဘောကျတာလဲ..."
ရှဲ့ဟယ် ဘာမှပြန်မဖြေဘဲ နှုတ်ခမ်းကိုသာ ဖိကိုက်ထားခဲ့တယ်....အခုနေပြောပြလိုက်လည်း ရီဇဲ ယုံမှာမှမဟုတ်တာ....လိမ်ပြောနေတယ်ဆိုပြီး ပိုတောင် ဒေါသထွက်လာဉီးမယ်....
ရီဇဲ သူ့ကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူးလေ......
ရီဇဲ သူ့အောက်က ကောင်လေးကို ငုံ့ကြည့်လိုက်တယ်....အနက်ရောင်ကောဇောပေါ်မှာ လှဲလျောင်းနေတဲ့ ဒီကောင်လေးရဲ့ ခပ်ချောချော မျက်နှာလေးက သေလောက်အောင်ဖြူဖျော့နေတဲ့အတွက် ညအမှောင်ထုထဲက နှင်းပွင့်တွေနဲ့တောင် တူနေသေးတယ်....
ရီဇဲဆီကနေ သနားညှာတာမှု တောင်းခံနေစဉ်မှာ ကောင်လေးရဲ့ မျက်ဝန်းလှလှလေးတွေမှာ မျက်ရည်စတွေ ခ်ိုသီးနေပြီး နှုတ်ခမ်းနှစ်လွှာကလည်း မိုးစက်မိုးပေါက် ထိမှန်ထားတဲ့ ပွင့်ချပ်လေးတွေလို တဆတ်ဆတ်တုန်ရီနေရှာတယ်.....
ဒီမျက်နှာလေးက ကျင်းဇီဟန်နဲ့ ယှဉ်လိုက်ရင် မရှုံးနိုင်တဲ့အပြင် ရှဲ့ဟယ်ကတောင် ပိုသာနေသေးတယ်....ဒီကောင်လေး သိပ်မကြာခင်က အမျိုးသားဇာတ်ဆောင်ဆုရထားတဲ့အတွက် အခုဆို သူ့မှာ အောင်မြင်မှုရော၊ကြွယ်ဝမှုတွေပါ ရှိလာခဲ့ပြီ...ရီဇဲရဲ့ သူငယ်ချင်းအချို့ကတောင် ရီဇဲ ငြီးငွေ့သွားရင် ကောင်လေးကို သူတို့ကို ပေးမြည်းဖို့ စကားစလာကြပြီ....
ရှဲ့ဟယ်က လူမသိသူမသိဘဝနဲ့ အသုံးတော်ခံရမယ့် ဘဝမျိုးမှာ ရှိမနေတော့ဘူး....သူ့မှာလည်း ထိုက်တန်မှုအချို့ရှိလာခဲ့ပြီ.....
အခုဆို ဒီကောင်လေး တခြားသူတွေကိုပါ ဆွဲဆောင်နိုင်နေပြီ.....
[ တင်းတောင်...ပစ်မှတ်ရဲ့ နှစ်သက်မှု ၁၀မှတ်ထပ်တိုးပါတယ်...စုစုပေါင်း အမှတ် ၆၀ ရှိနေပါပြီ....]
ရီဇဲရဲ့ လက်ချောင်းတွေက ရှဲ့ဟယ်ရဲ့ မျက်တောင်ဖျား၊ နှာတံချွန်ချွန်တို့ကို ထိတွေ့လာပြီး နှုတ်ခမ်းဖူးဖူးလေးဆီအရောက်မှာ ရပ်တန်သွားခဲ့တယ်.....
ဒီလိုရှားပါးအဖိုးတန်တဲ့ အလှတရားကို ဒီကောင်လေးတစ်ယောက်တည်းဆီမှာသာ ရှာတွေ့နိုင်တယ်....သိပ်ဟုတ်တာပေါ့...ဒီကောင်လေးက သူ့အပိုင်ပဲလေ...သူ့အပိုင်ဖြစ်တဲ့အတွက် ဒီကောင်လေးနာခံတတ်အောင် သင်ယူရလိမ့်မယ်....
အောင်မြင်မှုရမယ်မှ မကြံသေးဘူး မရိုးမဖြောင့်တဲ့အကြံစည်တွေ ကြံစည်နေလို့ ဘယ်ဖြစ်မလဲ....
ရီဇဲ ရှဲ့ဟယ်ရဲ့ နားနားကို ကပ်ပြီး ခပ်တိုးတိုး သတိပေးလိုက်တယ်....
" ငါ့ စိတ်ကို လာလာမဆွနဲ့....."
ဤသည်မှာ ပိုင်ဆိုင်မှုတစ်ခုအပေါ် အညှာတာကင်းမဲ့စွာ အပြစ်ပေးနေခြင်းဖြစ်တယ်.....
ရက်စက်စွာပြုမူခံရခြင်းကို သည်းမခံနိုင်လို့ ထွက်ပြေးဖို့ ကြိးစားလိုက်တိုင်း အညှာမဲ့စွာ ဖမ်းဆီခံရစမြဲပါပဲ.....
ရီဇဲ သတိပြန်ဝင်လာချိန်မှာ ရှဲ့ဟယ် သတိမေ့လုမတတ်ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလဲ ခရမ်းရောင်းသန်းနေသော အကွက်ပေါင်းများစွာ ပွထနေလေပြီ.....
သို့သော်လည်း ရီဇဲအတွက်ကတော့ ရှဲ့ဟယ်ဟာ အကောင်းအဆိုး ခွဲခြားမသိတဲ့ ကစားစရာအရုပ်တစ်ခုအပြင် မပိုခဲ့ပါဘူး...ဒါ့ကြောင့် ကြင်နာသနားပေးဖို့လည်း စိတ်မဝင်စားခဲ့ဘူး....
" ဆေးကြောသန့်စင်လိုက်ဉီး...."
ရှဲ့ဟယ်ရဲ့ မျက်တောင်ဖျားတွေ တုန်ရီနေပြီး မြူလွှာဆိုင်းနေသလို အမြင်အာရုံတွေ ဝေဝါးနေပေမယ့် ကြိုးစားအားတင်းပြီး ရေချိုးခန်းရှိရာဆီ တစ်လှမ်းချင်း လှမ်းလျှောက်သွားခဲ့တယ်.....
ရီဇဲ ရှဲ့ဟယ်ကို ခဏလောက်သာ ကြည့်နေလိုက်ပြီး အကြည့်လွှဲနေခဲ့တယ်....
တခဏအကြာမှာ ရေချိုးခန်းထဲကနေ ပြုတ်ကျသံလိုလို ကြားလိုက်ရတာကြောင့် သွားကြည့်လိုက်တဲ့အခါ ရှဲ့ဟယ်တစ်ယောက် ရေချိုးခန်းကြမ်းပြင်ပေါ်မှာ ခွေရက်သားလဲကျနေပြီး နဖူးမှာလဲ အနီကွက်ကြီးတစ်ခုထင်းနေတယ်....အတော်ကြာတဲ့အထိ ရှဲ့ဟယ် ပြန်မထလာသေးဘူး.....
နောက်ဆုံးတော့လဲ ရီဇဲ ရှဲ့ဟယ်ကို ပွေ့ချီထူမပေးလိုက်ရတယ်....
နာကျင်မှုကြောင့် မျက်မှောင်ကြုံ့နေတာလေးတွေ ၊တစ်ကိုယ်လုံး ပွထနေတဲ့ အမှတ်အသားတွေရယ်ကြောင့် ကောင်လေးအပေါ် မဆိုသလောက် သနားစိတ်ဝင်လာခဲ့မိတယ်...ဒီလို သနားရခြင်းဟာလည်း တစ်စုံတစ်ယောက်နဲ့ ဆင်တူနေတဲ့မျက်နှာကြောင့်ပဲဖြစ်ပါလိမ့်မယ်....
ရှဲ့ဟယ် ကိုယ့်ဘာကိုယ် သန့်ရှင်းရေးမလုပ်နိုင်တော့မှန်း သိလိုက်တာကြောင့် ရီဇဲကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးရတော့မယ်.....
ရေနွေးနွေးနဲ့ ထိတွေ့လိုက်ချိန်မှာ ရှဲ့ဟယ် သတိပြန်ဝင်လာခဲ့တယ်...ရီဇဲရဲ့ ရင်ခွင်ထဲရောက်နေမှန်း သိလိုက်ရပြန်တော့လည်း မျက်ဝန်းတွေထဲမှာ မျှေယ်လင့်ချက်အရိပ်အယောင်လေးတွေ ယှက်သန်းလာခဲ့တယ်.....
ဒါဟာ အလိုဆန္ဒပြည့်ပြီးချိန်တိုင်း အညှာတာမဲ့စွာမောင်းထုတ်တတ်တဲ့ရီဇဲဘက် ပထမဆုံးအကြိမ်အဖြစ် ကူညီသန့်ရှင်းပေးနေခြင်းပါ.....
ရီဇဲ သူ့အပေါ် ခံစားချက်ရှိနေပြီလား...ဒီအပြုအမူတွေဟာ သဲကန္တာရထဲမှာ လမ်းပျောက်နေသူတစ်ယောက်အတွက် အေးမြတဲ့ရေကြည်တစ်ပေါက်လိုပါပဲ.... ရီဇဲဘက်က သေးငယ်လှတဲ့ ဂရုစိုက်မှု၊ ညှင်သာနူးညံ့မှုတွေ ပေးနေသ၍ မျှော်လင့်ချက်မဲ့တဲ့ အိမ်မက်ကမ္ဘာထဲမှာ ရှဲ့ဟယ် ကျေနပ်စွာ ကျင်လည်နေဉီးမည်သာ....
သူ ဒီလူကို ဘယ်လောက်ထိချစ်နေမိသလဲ ဘယ်သူမှ သိနိုင်မှာမဟုတ်ဘူး..
ရှဲ့ဟယ် တဖြည်းဖြည်းချင်း နောက်လှည့်ကြည့်လိုက်ပြီး.....
" ရီကော....."
ရှဲ့ဟယ်ရဲ့အကြည့်တွေကြောင့် ရီဇဲ shock ရသွားခဲ့တယ်...အခုမြင်နေရတဲ့သူက ပိုက်ဆံာရမယ်ဆို ဘာမဆိုရောင်းစားနိုင်သူတစ်ယောက်မှန်း မသိထားခဲ့ရင် ရှဲ့ဟယ် သူ့ကို ချစ်နေတယ်လို့ ထင်ခဲ့မိလိမ့်မယ်.....
ချစ်ခြင်းမေတ္တာပြည့်လျှမ်းနေတဲ့ ဒီအပြုအမူ၊ဒီအကြည့် ...နာကျည်းချက်စိုးစဉ်းမျှမရှိတဲ့ ဟန်ပန်...ဒါတွေဟာ သိပ်ကိုစစ်မှန်လွန်းတဲ့ အတုအယောင်တွေပါပဲ....
ဒါတွေသာ အစစ်အမှန်ဖြစ်နေခဲ့မယ်ဆို....ဒီလိုအရာမျိုးတွေသာ ကမ္ဘာမြေပေါ်မှာ အမှန်တကယ်ရှိနေခဲ့မယ်ဆို ဒီကောင်လေးကို ဒီ့ထက်ပိုပြီး ဂရုစိုက်ပေးမိမှာပါ.....
[ တင်းတောင်...ပစ်မှတ်ရဲ့ နှစ်သက်မှု ၅မှတ်ထပ်တိုးပါတယ်...စုစုပေါင်း ၆၅မှတ်ရှိနေပါပြီ..... ]
အတုအယောင်တွေမှန်း သိနေပေမယ့်လည်း ရီဇဲ ဒေါသမထွက်မိတာ ထူးတော့ထူးဆန်းသား......
ရီဇဲက ရှဲ့ဟယ်ရဲ့ မေးစေ့ကို ညှစ်ထားလိုက်ပြီး.....
" မှတ်ထား...နောက်တစ်ခါဆို ဒီ့ထက်ပိုနာမယ်...."
ရှဲ့ဟယ် ရှင်းပြချင်ပေမယ့်လည်း ဘာတစ်ခွန်းမှ ပြောမထွက်ခဲ့ဘူး....
သူတို့ဘက်က မင်းကို ဘယ်လိုလူစားမျိုးမှန်း ကြိုတင်သတ်မှတ်ထားပြီးရင် ဘယ်လိုတွေဲရှင်းပြနေပါစေ အချည်းနှီးဖြစ်နေလိမ့်မည်။
ရှဲ့ဟယ်ရဲ့ အဖြစ်က ရှင်းပြဖို့တောင် အခွင့်ရေးမရခဲ့ရှာဘူး....ဒီလို ယုတ်ညံ့တဲ့ဘဝမျိုးရောက်အောင် သူကိုယ်တိုင် ကျေနပ်စွာခုန်ဆင်းခဲ့တာပဲလေ...ရီဇဲကြောင့်သာ မဟုတ်ရင် အခြားသူလက်ထဲမှာ ဘဝပျက်နေလောက်ပြီ.....
ရီဇဲနဲ့သာ မတွေ့ခဲ့ရင် သူ့ဘဝတစ်ခုလုံး စုတ်ပြတ်သတ်နေလောက်ပြီ.....
ဒီလူစားမျိုးမှာ အချစ်အကြောင်း ထုတ်ပြောဖို့ အခွင့်ရေးမရှိခဲ့ဘူး။ ရီဇဲနားမှာ နေနိုင်သ၍ ဘာကိုမှ တောင့်တနေမှာမဟုတ်ပါဘူး.....
အစားထိုးခံသက်သက်ဖြစ်နေမယ်ဆိုလည်း လက်ခံပေးနိုင်ပါတယ်.....
သူလို တန်ဖိုးမဲ့သူအဖို့ အစားထိုးခံအဖြစ်ရှိနေပေးခြင်းကသာ တစ်ခုတည်းသော အဖိုးတန်မှုဖြစ်နေလို့ပါပဲ......
ရီဇဲက ရှဲ့ဟယ် သေချာလှုပ်ရှားနိုင်ချိန်အထိ စောင့်နေပေးခဲ့ပြီး အိမ်ပြန်ပို့ပေးခဲ့တယ်.....
တစ်ဝက်အရင်ဖတ်ထားနော်...မနက်ဖြန်ကျန်တာ ထပ်တင်ပေးမယ် တစ်ပိုင်းတစ်ပိုင်း စာလုံးရေ လေးထောင်ကျော်တယ်......
Zawgyi
ရီဇဲရဲ႕ အၾကည့္ေတြ ေအးစက္ခက္ထန္ေနတယ္.....
႐ွီမင္းေဟြ သူ႕ကိုဘာေၾကာင့္ လာမ႐ွာလဲစဥ္းစားေနခဲ့မိတယ္....တျခားတစ္ေယာက္႐ွိေနလို႔ လာမ႐ွာတာမ်ားလား ေတြးခဲ့မိေပမယ့္ အခုလို ေတြ႕လိုက္ရခ်ိန္မွာ သူ႕အေတြးေတြ မွန္ကန္ေနမွန္း သေဘာေပါက္သြားခဲ့တယ္....
႐ြံ႕႐ွာစက္ဆုပ္စရာေကာင္းတဲ့ ကစားစရာေလးက ႀကိဳတင္ၿပီး backup ထားေနတယ္ေပါ့......
သူသာ ၿငီးေငြ႕လာၿပီဆို ႐ွီမင္းေဟြကို ဘယ္သူ႕ကိုမဆို ေပးပစ္လိုက္မွာပါ...ဒါေပမယ့္ ႐ွဲ႕ဟယ္က သူ႕ေဘးမွာ တစ္ခ်ိန္လုံးက်ိဳးႏြံ႕နာခံသလိုဟန္ေဆာင္ေနၿပီး ကြယ္ရာမွာ ေနာက္မီးလင္းေနမွန္း သိလိုက္ရလို႔သာ ေဒါသထြက္ေနမိတာပါ.....
ရီဇဲ ေျခလွမ္းက်ဲႀကီးမ်ားနဲ႔ ႐ွဲ႕ဟယ္ဆီ အေရာက္သြားလိုက္ၿပီး လမ္းေမာင္းကေန လွမ္းဆြဲလိုက္တယ္.....
႐ုတ္တရက္ႀကီး ေရာက္ခ်လာတဲ့ ရီဇဲေၾကာင့္ ႐ွဲ႕ဟယ္ အေတာ္ေလး ထိတ္လန္႔သြားၿပီး.....
"ရီ...ရီေကာ...."
႐ွဲ႕ဟယ္ အထိတ္တလန္႔ျဖစ္သြားျခင္းေၾကာင့္ သူထင္တာ မွန္ေနၿပီျဖစ္ေၾကာင္း ရီဇဲ သေဘာေပါက္လာခဲ့တယ္...ဒါ့ေၾကာင့္ ေရခဲတမွ် ေအးစက္ခက္ထန္တဲ့အၾကည့္ေတြ ပစ္လႊတ္လိုက္ၿပီး.....
" ဘာလဲ...ငါ့ကို ျမင္လိုက္လို႔ ေတာ္ေတာ္အံ့ၾသသြားတယ္ေပါ့....ဟုတ္လား!!!"
႐ွဲ႕ဟယ္ အေယာင္ေယာင္အမွားမွားနဲ႔ တစ္ေယာက္တည္း ေခါင္းညိတ္လိုက္ ေခါင္းခါလိုက္ျဖစ္ေန႐ွာတယ္.....
ရီဇဲေ႐ွ႕မွာ သတိႀကီးႀကီးထားေန႐ွာတဲ့ ေကာင္ေလးကိုၾကည့္ၿပီး ဖူယြမ္ တကယ္ကိုမနာလိုျဖစ္ေနမိတယ္....ဒီေကာင္ေလးက သူ႕အေ႐ွ႕မွာဆို ဘာခံစားခ်က္ထုတ္မျပဘဲ တေျပးညီ ၿငိမ္သက္ေနခဲ့တယ္ေလ.....
" ဘာလုပ္တာလဲ ဉကၠဌရီ.....လူျမင္ကြင္းႀကီးမွာ ဆြဲလားရမ္းလားေတြ မလုပ္ပါနဲ႔....ထမင္းတစ္နပ္ေလာက္အတူစားတာကို ဘာ့ေၾကာင့္မ်ား အကဲဆတ္ေနရတာလဲ....."
" ဟြန္႔....ဒီေလာက္ပဲလား...ငါ့အျမင္ ဒီထပ္ပိုဉီးမယ္ထင္တယ္....."
ဖူယြမ့္အေၾကာင္း သူမသိ႐ွာဘူးဆိုေတာ့ ေျပာတဲ့အတိုင္းယုံလိုက္ရမယ္ေပါ့....ဖူယြမ္ အသုံးေတာ္ခံခဲ့တဲ့ မင္းသား၊မင္းသမီးေတြဆို ေရတြက္လို႔ေတာင္မရေတာ့ဘူး....ကန္းေနတဲ့သူေတာင္ ႐ွဲ႕ဟယ္အေပၚ ဖူယြမ္တက္မက္ေနမွန္း ျမင္ေတြ႕ႏိုင္တယ္......
ထို႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားေနမႈထဲတြင္
Public figure တစ္ဉီးျဖစ္တဲ့ ႐ွဲ႕ဟယ္ပါဝင္ေနေသာေၾကာင့္ ပါပါရာဇီမ်ားသာ ေရာက္လာမည္ဆိုပါက ျပသာနာပိုႀကီးသြားေပလိမ့္မည္....ထို႔ေၾကာင့္ ႐ွဲ႕ဟယ္က.....
" ကြၽန္ေတာ္တို႔ ဒီအတိုင္း ထမင္းစားေန႐ုံပါပဲ....ေဒါသမထြက္ပါနဲ႔.. "
ေဒါသမထြက္ေစခ်င္ရင္ ဘာလို႔ သူ႕(ရီဇဲ)ကို သစၥာေဖာက္ၿပီး ဖူယြမ္ကို ျမႇဴစြယ္ေနေသးလဲ.....
" ဉကၠဌဖူ....သူတစ္ပါးပိုင္တဲ့အရာေတြအေပၚ မ်က္စိမက်တာ အေကာင္းဆုံးဆိုတာ ခင္ဗ်ားသေဘာေပါက္မွာပါ...."
ရီဇဲကိုၾကည့္ရတာ တစ္ခုခု နားလည္မွလြဲေနပုံရတာေၾကာင့္ ဖူယြမ္ မသိမသာ မ်က္ေမွာင္ၾကဳံလိုက္မိတယ္....႐ွဲ႕ဟယ္အတြက္ စိတ္မေကာင္းျဖစ္မိေပမယ့္လည္း ႐ွင္းျပေပးဖို႔ အစီအစဥ္မ႐ွိတာေၾကာင့္.....
" ဉကၠဌရီ...မင္းေဟြက သက္႐ွိလူသားတစ္ေယာက္ပါ....ဘာ့ေၾကာင့္မ်ား သက္မဲ့ပစၥည္းတစ္ခုလို သုံးႏႈန္းေနရတာလဲ....သူ႕အေပၚ လေလးစားသမႈေလး မထားေပးႏိုင္ဘူးလား..."
ထိုစကားေၾကာင့္ ရီဇဲရဲ႕အၾကည့္ေတြ ေလသံေတြ ပိုၿပီး ေအးစက္ခက္ထန္လာခဲ့တယ္ ....
" အိုးး ဉကၠဌဖူက ဒီလ္ိဳအေသးအမႊားေလးေတြကိုေတာင္ သိပ္ဂ႐ုစိုက္ေနတယ္ဆိုေတာ့ သူ႕ကို သေဘာက်ေနတာမ်ားလား...."
" သေဘာက်တယ္ဆိုေတာ့ေရာ....."
ဖူယြမ္ကလည္း အၾကည့္မလႊဲဘဲ ျပန္စိုက္ၾကည့္ေနေလ၏။
" ဒါဆိုလည္း ဉကၠဌဖူကို အၾကံတစ္ခုေလာက္ေပးရေတာ့မွာေပါ့....ခင္ဗ်ား သူ႕ကို သေဘာမက်တာ ပိုေကာင္းလိမ့္မယ္....ႏို႔မို႔ဆို ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို ခင္ဗ်ား ခံႏိုင္ရည္႐ွိမွာမဟုတ္ေလာက္ဘူး....."
ဖူယြမ္ ျပဳံေနလိုက္တယ္....ရီီဇဲနဲ႔ ေလကုန္ခံၿပီး စကားဆက္မ်ား မေနေတာ့ဘဲ ႐ွဲ႕ဟယ္ဘက္ကို လွည့္ကာ.....
"ကိုယ္ ခုနကေျပာခဲ့တာေတြကို အေလးနက္ထားၿပီး စဥ္းစားေပးေနာ္...."
႐ွဲ႕ဟယ္က ဖူယြမ္ရဲ႕အၾကည့္ေတြကို ေ႐ွာင္တိမ္းလိုက္ၿပီး....
" ကြၽန္ေတာ္ အေစာႀကီးကတည္းက အေျဖေပးၿပီးသားပါ....."
" အလ်င္စလို မဆုံးျဖတ္ဘဲ အခ်ိန္ယူၿပီးစဥ္းစားပါ...ကိုယ္ ေစာင့္ေနပါ့မယ္....."
ၿပီးတာနဲ႔ ဖူယြမ္က ရီဇဲကို ျပဳံးျပလိုက္ၿပီး....
" ခြင့္ျပဳပါဉီး... က်ဳပ္ အရင္ျပန္ႏွင့္ေတာ့မယ္..... "
ရီဇဲက ဖူယြမ္ကို လုံးဝဂ႐ုမစိုက္ဘဲ ႐ွဲ႕ဟယ္ကိုသာ သတ္ေတာ့ ျဖတ္ေတာ့မတတ္ စိုက္ၾကည့္ေနတယ္.....
တကယ္ဆို ရီဇဲ ဖူယြမ္ကို ေဒါသထြက္ေနတာမ်ိဳးလဲ မဟုတ္ခဲ့ဘူး....နာမည္ႀကီး သ႐ုပ္ေဆာင္ေပါင္း မ်ားစြာနဲ႔ ဖူယြမ္ ႐ႈပ္ခဲ့ေပမယ့္ နာမည္ပ်က္မ႐ွိခဲ့ဖူးဘူး....သူ႕အခန္းတံခါးဝေ႐ွ႕ကို လိုလိုလားလားေရာက္လာသူေတြနဲ႔သာ ဇာတ္လမ္းျဖစ္ခဲ့တာ.....
႐ွဲ႕ဟယ္ဘက္ ဖူယြမ္ကို မျမႇဴစြယ္ဘဲ ဖူယြမ္ေတြအခုလိုေတြ ျပဳမူေနမွာမဟုတ္ေလာက္ဘူး.......
အတင့္ရဲၿပီး သူ႕ေနာက္ကြယ္မွာ ႏွစ္သီးစားဖို႔ၾကံစည္ရဲတယ္ေပါ့.....ၾကည့္ရတာ ဖူယြမ္တစ္ေယာက္တည္းေတာင္ ဟုတ္ပါ့မလားပဲ...ေဖ်ာ္ေျဖေရးနယ္ပယ္မွာ သန္႔႐ွင္းစင္ၾကယ္တဲ့သူဘယ္သူမွမ႐ွိဘူး......
ရီဇဲ ႐ွဲ႕ဟယ္ကို ကားထဲ တြန္းထည့္လိုက္ၿပီး Driver ကို အမိန္႔ေပးလိုက္သည္က.....
" အိမ္ကိုေမာင္း....."
႐ွဲ႕ဟယ္ ကားထဲမွာ ၾကဳံ႕ၾကဳံ႕ကေလးထိုင္ေနၿပီး အသက္ေတာင္ျပင္းျပင္းမ႐ွဴရဲ႐ွာခဲ့ဘူး....ရီဇဲကို ခိုးခိုးၾကည့္ေနတဲ့ အၾကည့္ေတြထဲမွာ စိုးရိမ္မႈေတြေရာ၊ ၾကည္ႏူးမႈေတြပါ ေရာယွက္ေနတယ္.....ဖူယြမ္နဲ႔သူ႕ကို အထင္လြဲေနတဲ့အတြက္ စိုးရိမ္ေနမိတယ္.....အခုလို အထင္လြဲၿပီး ေဒါသထြက္ေနတယ္ဆိုတာ သူ႕ကိုနည္းနည္းေလာက္ျဖစ္ျဖစ္ ဂ႐ုစိုက္တယ္ဆိုတဲ့အဓိပၸါယ္မ်ားလား.....
အျမန္ႏႈန္းနဲ႔ ေမာင္းလာခဲ့တဲ့အတြက္ ရီဇဲရဲ႕ ဗီလာဆီ တခဏအတြင္း ေရာက္လာခဲ့ၾကတယ္.....
အိမ္ထဲကို ေရာက္လိိဳ႕ တံခါးပိတ္ၿပီးလိုက္တာနဲ႔ ရီဇဲ သူ႕ကိုလည္ပင္းညႇစ္ၿပီး နံရံမွာ ကပ္ထားလိုက္တယ္......
အသက္႐ွဴၾကပ္လာတာေၾကာင့္ ႐ွဲ႕ဟယ္ ႀကိဳးစား႐ုန္းကန္ၿပီး ရီဇဲကို ေၾကာက္လန္႔တၾကား ေခၚလိုက္မိတယ္.....
" ရီ...ရီေကာ...."
ရီဇဲက လည္ပင္းညႇစ္ထားရက္ႏွင့္ပင္ ႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြကို ေသခ်ာၾကည့္လိုက္ၿပီး....
" အခုမွ ေၾကာက္တတ္ေနတယ္ေပါ့...."
အသက္႐ွဴၾကပ္လြန္းေနတဲ့ ႐ွဲ႕ဟယ္ ခင္မ်ာ တကိုယ္လုံးတုန္ရီေနၿပီး မ်က္ရည္ေတြလည္း စီးက်ေန႐ွာတယ္....
" မင္း..ဖူယြမ္ကို ဘယ္လို ျမႇဴစြယ္ခဲ့တာလဲ...မင္းမွာ ဒီလို skillေတြ႐ွိမွန္း ငါ မသိခဲ့မိပါလား......"
ဖူယြမ္နဲ႔ ႐ွဲ႕ဟယ္တို႔ရဲ႕ အျပန္အလွန္ေျပာစကားေတြ ၊အၾကည့္ေတြအေၾကာင္း ျပန္ေတြးၾကည့္မိလိုက္တယ္...ဖူယြမ္ တကယ္ပဲ ႐ွဲ႕ဟယ္ကိုခ်စ္ေနခဲ့မယ္ဆိုတဲ့ အသိေၾကာင့္ ရီဇဲရဲ႕ ရင္ဘတ္တစ္ခုလုံးတင္းၾကပ္လာၿပီး ေဒါသေတြဆူေဝလာခဲ့တယ္...
႐ွဲ႕ဟယ္ ခက္ခက္ခဲခဲ ႀကိဳးစား႐ွင္းျပေန႐ွာတယ္.....
" အဲ့...အဲ့လို..မဟုတ္..ပါဘူး...."
" ဘာလဲ..ဖူယြမ္ဘက္က မင္းကို ျမႇဴစြယ္တာလို႔ ငါ့ကိုယုံခိုင္းေနတာလား....."
" ဉကၠဌဖူဘက္က ကြၽန္ေတာ္႕ကို ေကာင္းေကာင္းမြန္မြန္ ဖြင့္ေျပာခဲ့ေပမယ့္ ကြၽန္ေတာ္ ျငင္းခဲ့ၿပီးသားပါ.... ကြၽန္ေတာ္
ရီေကာကို ဘယ္ေတာ့မွ သစၥာမေဖာက္ပါဘူး...."
ဒီစကားေတြကို ရီဇဲ လုံးဝမယုံခဲ့ဘူး...႐ွဲ႕ဟယ္က Playboy ဖူယြမ္ ဒီေလာက္ သည္းသည္းလႈပ္ခ်စ္ျပေနရေလာက္ေအာင္ တန္ဖိုး႐ွိတဲ့သူမွမဟုတ္တာ....
ရီဇဲက ႐ွဲ႕ဟယ္ကို ၾကမ္းျပင္ေပၚ တြန္းလွဲလိုက္ၿပီး အ႐ိုးခိုက္ေအာင္ ေအးစက္ေနတဲ့ေလသံနဲ႔ေမးလိုက္တယ္.....
" မင္း သူနဲ႔ အိပ္ၿပီးၿပီလား..."
မေကာင္းဆိုးဝါးဝင္ပူးေနသလိုျဖစ္ေနတဲ့ ရီဇဲေၾကာင့္ ႐ွဲ႕ဟယ္ ေၾကာက္လန္႔ေနေသာ္လည္း.....
" မအိပ္...မအိပ္ပါဘူး...."
" အခုထိေတာ့ မအိပ္ရေသးဘူးေပါ့...ဟုတ္လား....."
" ဟင့္အင္း...ကြၽန္ေတာ္ သူနဲ႔ မအိပ္ဘူး...သူ႕ကိုလည္း သေဘာမက်ပါဘူး"
ရီဇဲရဲ႕ အျပဳံးေတြထဲမွာ ႏွိမ့္ခ်ေလွာင္ေျပာင္မႈမ်ား ျပည့္ႏွက္ေနပါတယ္....
" ဒါဆို မင္း ဘယ္သူ႕ကို သေဘာက်တာလဲ..."
႐ွဲ႕ဟယ္ ဘာမွျပန္မေျဖဘဲ ႏႈတ္ခမ္းကိုသာ ဖိကိုက္ထားခဲ့တယ္....အခုေနေျပာျပလိုက္လည္း ရီဇဲ ယုံမွာမွမဟုတ္တာ....လိမ္ေျပာေနတယ္ဆိုၿပီး ပိုေတာင္ ေဒါသထြက္လာဉီးမယ္....
ရီဇဲ သူ႕ကို ဘယ္တုန္းကမွ မယုံၾကည္ခဲ့ဘူးေလ......
ရီဇဲ သူ႕ေအာက္က ေကာင္ေလးကို ငုံ႔ၾကည့္လိုက္တယ္....အနက္ေရာင္ေကာေဇာေပၚမွာ လွဲေလ်ာင္းေနတဲ့ ဒီေကာင္ေလးရဲ႕ ခပ္ေခ်ာေခ်ာ မ်က္ႏွာေလးက ေသေလာက္ေအာင္ျဖဴေဖ်ာ့ေနတဲ့အတြက္ ညအေမွာင္ထုထဲက ႏွင္းပြင့္ေတြနဲ႔ေတာင္ တူေနေသးတယ္....
ရီဇဲဆီကေန သနားညႇာတာမႈ ေတာင္းခံေနစဥ္မွာ ေကာင္ေလးရဲ႕ မ်က္ဝန္းလွလွေလးေတြမွာ မ်က္ရည္စေတြ ခ္ိဳသီးေနၿပီး ႏႈတ္ခမ္းႏွစ္လႊာကလည္း မိုးစက္မိုးေပါက္ ထိမွန္ထားတဲ့ ပြင့္ခ်ပ္ေလးေတြလို တဆတ္ဆတ္တုန္ရီေန႐ွာတယ္.....
ဒီမ်က္ႏွာေလးက က်င္းဇီဟန္နဲ႔ ယွဥ္လိုက္ရင္ မ႐ႈံးႏိုင္တဲ့အျပင္ ႐ွဲ႕ဟယ္ကေတာင္ ပိုသာေနေသးတယ္....ဒီေကာင္ေလး သိပ္မၾကာခင္က အမ်ိဳးသားဇာတ္ေဆာင္ဆုရထားတဲ့အတြက္ အခုဆို သူ႕မွာ ေအာင္ျမင္မႈေရာ၊ႂကြယ္ဝမႈေတြပါ ႐ွိလာခဲ့ၿပီ...ရီဇဲရဲ႕ သူငယ္ခ်င္းအခ်ိဳ႕ကေတာင္ ရီဇဲ ၿငီးေငြ႕သြားရင္ ေကာင္ေလးကို သူတို႔ကို ေပးျမည္းဖို႔ စကားစလာၾကၿပီ....
႐ွဲ႕ဟယ္က လူမသိသူမသိဘဝနဲ႔ အသုံးေတာ္ခံရမယ့္ ဘဝမ်ိဳးမွာ ႐ွိမေနေတာ့ဘူး....သူ႕မွာလည္း ထိုက္တန္မႈအခ်ိဳ႕႐ွိလာခဲ့ၿပီ.....
အခုဆို ဒီေကာင္ေလး တျခားသူေတြကိုပါ ဆြဲေဆာင္ႏိုင္ေနၿပီ.....
[ တင္းေတာင္...ပစ္မွတ္ရဲ႕ ႏွစ္သက္မႈ ၁၀မွတ္ထပ္တိုးပါတယ္...စုစုေပါင္း အမွတ္ ၆၀ ႐ွိေနပါၿပီ....]
ရီဇဲရဲ႕ လက္ေခ်ာင္းေတြက ႐ွဲ႕ဟယ္ရဲ႕ မ်က္ေတာင္ဖ်ား၊ ႏွာတံခြၽန္ခြၽန္တို႔ကို ထိေတြ႕လာၿပီး ႏႈတ္ခမ္းဖူးဖူးေလးဆီအေရာက္မွာ ရပ္တန္သြားခဲ့တယ္.....
ဒီလို႐ွားပါးအဖိုးတန္တဲ့ အလွတရားကို ဒီေကာင္ေလးတစ္ေယာက္တည္းဆီမွာသာ ႐ွာေတြ႕ႏိုင္တယ္....သိပ္ဟုတ္တာေပါ့...ဒီေကာင္ေလးက သူ႕အပိုင္ပဲေလ...သူ႕အပိုင္ျဖစ္တဲ့အတြက္ ဒီေကာင္ေလးနာခံတတ္ေအာင္ သင္ယူရလိမ့္မယ္....
ေအာင္ျမင္မႈရမယ္မွ မၾကံေသးဘူး မ႐ိုးမေျဖာင့္တဲ့အၾကံစည္ေတြ ၾကံစည္ေနလို႔ ဘယ္ျဖစ္မလဲ....
ရီဇဲ ႐ွဲ႕ဟယ္ရဲ႕ နားနားကို ကပ္ၿပီး ခပ္တိုးတိုး သတိေပးလိုက္တယ္....
" ငါ့ စိတ္ကို လာလာမဆြနဲ႔....."
ဤသည္မွာ ပိုင္ဆိုင္မႈတစ္ခုအေပၚ အညႇာတာကင္းမဲ့စြာ အျပစ္ေပးေနျခင္းျဖစ္တယ္.....
ရက္စက္စြာျပဳမူခံရျခင္းကို သည္းမခံႏိုင္လို႔ ထြက္ေျပးဖို႔ ႀကိးစားလိုက္တိုင္း အညႇာမဲ့စြာ ဖမ္းဆီခံရစၿမဲပါပဲ.....
ရီဇဲ သတိျပန္ဝင္လာခ်ိန္မွာ ႐ွဲ႕ဟယ္ သတိေမ့လုမတတ္ျဖစ္ေနၿပီး ခႏၶာကိုယ္တစ္ခုလုံးမွာလဲ ခရမ္းေရာင္းသန္းေနေသာ အကြက္ေပါင္းမ်ားစြာ ပြထေနေလၿပီ.....
သို႔ေသာ္လည္း ရီဇဲအတြက္ကေတာ့ ႐ွဲ႕ဟယ္ဟာ အေကာင္းအဆိုး ခြဲျခားမသိတဲ့ ကစားစရာအ႐ုပ္တစ္ခုအျပင္ မပိုခဲ့ပါဘူး...ဒါ့ေၾကာင့္ ၾကင္နာသနားေပးဖို႔လည္း စိတ္မဝင္စားခဲ့ဘူး....
" ေဆးေၾကာသန္႔စင္လိုက္ဉီး...."
႐ွဲ႕ဟယ္ရဲ႕ မ်က္ေတာင္ဖ်ားေတြ တုန္ရီေနၿပီး ျမဴလႊာဆိုင္းေနသလို အျမင္အာ႐ုံေတြ ေဝဝါးေနေပမယ့္ ႀကိဳးစားအားတင္းၿပီး ေရခ်ိဳးခန္း႐ွိရာဆီ တစ္လွမ္းခ်င္း လွမ္းေလွ်ာက္သြားခဲ့တယ္.....
ရီဇဲ ႐ွဲ႕ဟယ္ကို ခဏေလာက္သာ ၾကည့္ေနလိုက္ၿပီး အၾကည့္လႊဲေနခဲ့တယ္....
တခဏအၾကာမွာ ေရခ်ိဳးခန္းထဲကေန ျပဳတ္က်သံလိုလို ၾကားလိုက္ရတာေၾကာင့္ သြားၾကည့္လိုက္တဲ့အခါ ႐ွဲ႕ဟယ္တစ္ေယာက္ ေရခ်ိဳးခန္းၾကမ္းျပင္ေပၚမွာ ေခြရက္သားလဲက်ေနၿပီး နဖူးမွာလဲ အနီကြက္ႀကီးတစ္ခုထင္းေနတယ္....အေတာ္ၾကာတဲ့အထိ ႐ွဲ႕ဟယ္ ျပန္မထလာေသးဘူး.....
ေနာက္ဆုံးေတာ့လဲ ရီဇဲ ႐ွဲ႕ဟယ္ကို ေပြ႕ခ်ီထူမေပးလိုက္ရတယ္....
နာက်င္မႈေၾကာင့္ မ်က္ေမွာင္ၾကဳံ႕ေနတာေလးေတြ ၊တစ္ကိုယ္လုံး ပြထေနတဲ့ အမွတ္အသားေတြရယ္ေၾကာင့္ ေကာင္ေလးအေပၚ မဆိုသေလာက္ သနားစိတ္ဝင္လာခဲ့မိတယ္...ဒီလို သနားရျခင္းဟာလည္း တစ္စုံတစ္ေယာက္နဲ႔ ဆင္တူေနတဲ့မ်က္ႏွာေၾကာင့္ပဲျဖစ္ပါလိမ့္မယ္....
႐ွဲ႕ဟယ္ ကိုယ့္ဘာကိုယ္ သန္႔႐ွင္းေရးမလုပ္ႏိုင္ေတာ့မွန္း သိလိုက္တာေၾကာင့္ ရီဇဲကိုယ္တိုင္ သန္႔႐ွင္းေရးလုပ္ေပးရေတာ့မယ္.....
ေရေႏြးေႏြးနဲ႔ ထိေတြ႕လိုက္ခ်ိန္မွာ ႐ွဲ႕ဟယ္ သတိျပန္ဝင္လာခဲ့တယ္...ရီဇဲရဲ႕ ရင္ခြင္ထဲေရာက္ေနမွန္း သိလိုက္ရျပန္ေတာ့လည္း မ်က္ဝန္းေတြထဲမွာ ေမွ်ယ္လင့္ခ်က္အရိပ္အေယာင္ေလးေတြ ယွက္သန္းလာခဲ့တယ္.....
ဒါဟာ အလိုဆႏၵျပည့္ၿပီးခ်ိန္တိုင္း အညႇာတာမဲ့စြာေမာင္းထုတ္တတ္တဲ့ရီဇဲဘက္ ပထမဆုံးအႀကိမ္အျဖစ္ ကူညီသန္႔႐ွင္းေပးေနျခင္းပါ.....
ရီဇဲ သူ႕အေပၚ ခံစားခ်က္႐ွိေနၿပီလား...ဒီအျပဳအမူေတြဟာ သဲကႏၲာရထဲမွာ လမ္းေပ်ာက္ေနသူတစ္ေယာက္အတြက္ ေအးျမတဲ့ေရၾကည္တစ္ေပါက္လိုပါပဲ.... ရီဇဲဘက္က ေသးငယ္လွတဲ့ ဂ႐ုစိုက္မႈ၊ ညႇင္သာႏူးညံ့မႈေတြ ေပးေနသ၍ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ အိမ္မက္ကမ႓ာထဲမွာ ႐ွဲ႕ဟယ္ ေက်နပ္စြာ က်င္လည္ေနဉီးမည္သာ....
သူ ဒီလူကို ဘယ္ေလာက္ထိခ်စ္ေနမိသလဲ ဘယ္သူမွ သိႏိုင္မွာမဟုတ္ဘူး..
႐ွဲ႕ဟယ္ တျဖည္းျဖည္းခ်င္း ေနာက္လွည့္ၾကည့္လိုက္ၿပီး.....
" ရီေကာ....."
႐ွဲ႕ဟယ္ရဲ႕အၾကည့္ေတြေၾကာင့္ ရီဇဲ shock ရသြားခဲ့တယ္...အခုျမင္ေနရတဲ့သူက ပိုက္ဆံာရမယ္ဆို ဘာမဆိုေရာင္းစားႏိုင္သူတစ္ေယာက္မွန္း မသိထားခဲ့ရင္ ႐ွဲ႕ဟယ္ သူ႕ကို ခ်စ္ေနတယ္လို႔ ထင္ခဲ့မိလိမ့္မယ္.....
ခ်စ္ျခင္းေမတၱာျပည့္လွ်မ္းေနတဲ့ ဒီအျပဳအမူ၊ဒီအၾကည့္ ...နာက်ည္းခ်က္စိုးစဥ္းမွ်မ႐ွိတဲ့ ဟန္ပန္...ဒါေတြဟာ သိပ္ကိုစစ္မွန္လြန္းတဲ့ အတုအေယာင္ေတြပါပဲ....
ဒါေတြသာ အစစ္အမွန္ျဖစ္ေနခဲ့မယ္ဆို....ဒီလိုအရာမ်ိဳးေတြသာ ကမ႓ာေျမေပၚမွာ အမွန္တကယ္႐ွိေနခဲ့မယ္ဆို ဒီေကာင္ေလးကို ဒီ့ထက္ပိုၿပီး ဂ႐ုစိုက္ေပးမိမွာပါ.....
[ တင္းေတာင္...ပစ္မွတ္ရဲ႕ ႏွစ္သက္မႈ ၅မွတ္ထပ္တိုးပါတယ္...စုစုေပါင္း ၆၅မွတ္႐ွိေနပါၿပီ..... ]
အတုအေယာင္ေတြမွန္း သိေနေပမယ့္လည္း ရီဇဲ ေဒါသမထြက္မိတာ ထူးေတာ့ထူးဆန္းသား......
ရီဇဲက ႐ွဲ႕ဟယ္ရဲ႕ ေမးေစ့ကို ညႇစ္ထားလိုက္ၿပီး.....
" မွတ္ထား...ေနာက္တစ္ခါဆို ဒီ့ထက္ပိုနာမယ္...."
႐ွဲ႕ဟယ္ ႐ွင္းျပခ်င္ေပမယ့္လည္း ဘာတစ္ခြန္းမွ ေျပာမထြက္ခဲ့ဘူး....
သူတို႔ဘက္က မင္းကို ဘယ္လိုလူစားမ်ိဳးမွန္း ႀကိဳတင္သတ္မွတ္ထားၿပီးရင္ ဘယ္လိုေတြဲ႐ွင္းျပေနပါေစ အခ်ည္းႏွီးျဖစ္ေနလိမ့္မည္။
႐ွဲ႕ဟယ္ရဲ႕ အျဖစ္က ႐ွင္းျပဖို႔ေတာင္ အခြင့္ေရးမရခဲ့႐ွာဘူး....ဒီလို ယုတ္ညံ့တဲ့ဘဝမ်ိဳးေရာက္ေအာင္ သူကိုယ္တိုင္ ေက်နပ္စြာခုန္ဆင္းခဲ့တာပဲေလ...ရီဇဲေၾကာင့္သာ မဟုတ္ရင္ အျခားသူလက္ထဲမွာ ဘဝပ်က္ေနေလာက္ၿပီ.....
ရီဇဲနဲ႔သာ မေတြ႕ခဲ့ရင္ သူ႕ဘဝတစ္ခုလုံး စုတ္ျပတ္သတ္ေနေလာက္ၿပီ.....
ဒီလူစားမ်ိဳးမွာ အခ်စ္အေၾကာင္း ထုတ္ေျပာဖို႔ အခြင့္ေရးမ႐ွိခဲ့ဘူး။ ရီဇဲနားမွာ ေနႏိုင္သ၍ ဘာကိုမွ ေတာင့္တေနမွာမဟုတ္ပါဘူး.....
အစားထိုးခံသက္သက္ျဖစ္ေနမယ္ဆိုလည္း လက္ခံေပးႏိုင္ပါတယ္.....
သူလို တန္ဖိုးမဲ့သူအဖို႔ အစားထိုးခံအျဖစ္႐ွိေနေပးျခင္းကသာ တစ္ခုတည္းေသာ အဖိုးတန္မႈျဖစ္ေနလို႔ပါပဲ......
ရီဇဲက ႐ွဲ႕ဟယ္ ေသခ်ာလႈပ္႐ွားႏိုင္ခ်ိန္အထိ ေစာင့္ေနေပးခဲ့ၿပီး အိမ္ျပန္ပို႔ေပးခဲ့တယ္.....
တစ္ဝက္အရင္ဖတ္ထားေနာ္...မနက္ျဖန္က်န္တာ ထပ္တင္ေပးမယ္ တစ္ပိုင္းတစ္ပိုင္း စာလုံးေရ ေလးေထာင္ေက်ာ္တယ္......