စုန်းမ မင်းမျက်လုံးတွေဖွင့်ထာ...

By hayden_lawrence

3.5K 237 12

" မင်းသာငါ့ဘဝရဲ့အလင်းရောင်၊ ငါ့လိုချင်တပ်မက်မှုတွေရဲ့ မီးတောက်၊ ငါ့ဝိညာဉ်ရဲ့မကုန်ခမ်းနိုင်သော၊ ငါ့ပြစ်မှုတွေသ... More

Author's Note
Description
Chapter 1:The first day 01
Disclaimer
Chapter 3: Day One < Part 1 >
အသိပေးတောင်းပန်ခြင်း

Chapter 2: Day 1.02

93 18 3
By hayden_lawrence

ပရိုဂရမ်အဖွဲ့နှင့်ဆွေးနွေးပြီးနောက် လေဆိပ်၏ပါကင်၌ ငှါးထားသည့်ကားကို နှစ်ယောက်သားရပ်စောင့်နေကြ၏။

ဖုန်းသိုက်ချွမ်းက ခရီးဆောင်အိတ်များအား ကြိုးစားပမ်းစား ရွက်တိုက်ဆွဲလာပြီး ရှောင်ကျို့မှာမူ အနောက်မှ သူ့အပေါ်ထီးမိုးပေးလျှက် လိုက်လာသည်။

သည်းထန်စွာရွာနေသောမိုးက ထီးကို လေးဖက်လေးနံရိုက်ခက်နေရာ ခဏအတွင်းပင် သူတို့နှစ်ယောက်လုံး စိုရွဲ ကုန်၏။ ဝေးကွာသည့်အကွာအဝေးတွင် မည်းမှောင်နေသည့်ကောင်းကင်။

ဖုန်းသိုက်ချွမ်းက ခရီးဆောင်အိတ်၏ဘီးများအား ရေစိုမည်စိုးကာ လူသွားလမ်း ပေါ်တွင်ထားပြီး သူကမူ ရေမြှပ်နေသောဖက်တွင်ရပ်လိုက်သည်။ ဤသည်က ရှောင်ကျို့အတွက် ထီးမိုးပေးရန် ပိုအခွင့်သာစေ၏။

" ဟေး! အဲ့တာအဲ့ကားလား!!? " အမြင်ကောင်းသော ဖုန်းသိုက်ချွမ်းမှာ မိုးသည်းထဲတွင် သေချာမြင်ရသည်။
သူတို့ဆီဦးတည်လာနေသော ရှန်းတုံကားနံပါတ်ဖြင့်ဗန်ကိုသာအာရုံစိုက်ကြည့်ရာ သတိထားမိသည်က ကားတစ််ကိုယ်လုံးအမည်းသုတ်ထား၏။ သူတို့ဘေးနားမှဖြတ်သောအခါ တွေ့ရသည့်စာတန်းနီကြီးကား " Werewolf game "

ရှောင်ကျို့မှာရုတ်တရက်ထအော်လေ၏။

" ဟုတ်တယ်! ဒီဟာ! ဒီရှိုးပဲ! ကားဆရာ! " သူမကနောက်ကပြေးလိုက်ကာ " ကားဆရာ! ခဏနေပါအုံး! ရပ်!ရပ်! "

ကားသမားက အနောက်ခုံကိုဝေ့ကြည့်ကာ တုံ့ဆိုင်းနေသော်လည်း ကားကိုရပ်ပေးလိုက်သည်။

ရှောင်ကျို့က ဖုန်းသိုက်ချွမ်းလက်ထဲ ထီးကိုထိုးထည့်ပေးကာ ခရီးဆောင်အိတ်များကိုသယ်ရန်နောက်သို့ ပြန်ပြေးသွား၏။ ထို့နောက် ကားဆရာကို ခေါင်းငြိမ့်ပြကာ အရိုအသေပေး၏။

" ကားဆရာ! ဦးလေးက werewolf ဂိမ်းပရိုဂရမ်အဖွဲ့က မှလား? ကျွန်မတို့ ဖုန်းသိုက်ချွမ်းကစာချုပ်ချုပ်ထားတဲ့ ကစားသမားပါ! ခေါ်ဆောင်သွားပေးပါအုံး! "

ကားသမားက အံ့အားသင့်သွားကာပြော၏။

" ဒါပေမယ့် ကျွန်တော့်ကို လူတစ်ယောက်ကိုပဲသွားခေါ်ဖို့ ပြောထားတာ....အဲ့လူကိုခေါ်ပြီးသွားပြီ "

" ကျွန်မ ပရိုဂရမ်အဖွဲ့ကိုဆက်သွယ်ပြီးပါပြီ "

ရှောင်ကျို့က ကားသမားရဲ့ပုခုံးကိုပုတ်ကာ တုန့်ပြန်၏။

" ပရိုဂရမ်အဖွဲ့က ရှန်းတုံနံပါတ်ပြားနဲ့ကားကိုစောင့်ဖို့ပြောလိုက်တာ! ဦးလေးက werewolf ပရိုဂရမ်အဖွဲ့ကလေ! မှားစရာအကြောင်းမရှိပါဘူး! ခေါ်သွားပေးပါသူ့ကို! "

ကားဆရာက နောက်ခုံမှာထိုင်နေသောသူများဘက်ကို လှည့်ကာ မေးခွန်းမေးရန်ပြု၏။

" ဒီမှာ...."

အနောက်တံခါးမှာ လက်ကိုင်ကိုတစ်ခါဆွဲရုံနှင့်ပွင့်လာသည်။

ဗန်ရဲ့အနောက်မှာ နေရာကျယ်ဝန်းလှကာ ထိုင်ခုံတန်းရှည် များမှာ မျက်နှာချင်းဆိုင်ရှိကြ၏။ Three-piece suit* ကို ဝတ်ထားသော ငယ်ရွယ်သော အမျိုးသားတစ်ယောက်၊ သူတို့ကို ခံစားချက်ကင်းဝေးသောမျက်ဝန်းများနှင့် အကဲဖြတ်နေ၏။ သူ့ရဲ့ မျက်နှာသွင်ပြင်လက္ခဏာမှာ သာမန်လူတစ်ယောက်ထက် စူးရှရာ နိုင်ငံခြားသားတစ်ယောက်နှင့် တူ၏၊ ကပြားဖြစ်ကောင်းဖြစ်နိုင်သည်။ သူနှင့် တစ်ခြား တစ်ဖက်တွင်တော့ သက်လယ်ပိုင်းလူကြီးတစ်ယောက်က ပေါ့ပေါ့ပါးပါ့းဝတ်စုံဖြင့် ထိုင်နေ၏။ ထိုလူကြီးက အသက်၄၀ ဝန်းကျင်ဖြစ်နိုင်ပြီး ရုပ်ကို သူသိပ်မရင်းနှီးပေ။

ကင်မရာနှစ်လုံးက အနောက်တွင်တပ်ဆင်ထားရာ သူတို့ မီးလင်းနေသည်က recordလုပ်နေကြောင်းပြသည်။

' ကင်မရာတွေရှိနေတာပဲ! မမှားနိုင်ပါဘူး '
မိုးရေထဲရွဲစိုနေသော ရှောင်ကျို့၏နှလုံးသား အနားယူနိုင်ပြီ ထင်၏။

ဖုန်းသိုက်ချွမ်းကို သေချာအကဲဖြတ်နေသော ကပြားလေးက တုံ့ဆိုင်းနေကာ ရုတ်တရက် အံ့ဩသောအမူအရာဖြစ်သွားသည်။

" ....အဲ့တာ မင်းလား? "

ဖုန်းသိုက်ချွမ်းက အခုဖြစ်ပျက်နေသည်များကို အနည်းငယ် စိတ်ရှုပ်ထွေးနေ၏။ သူ့လိုလူသိပ်မသိသော အွန်လိုင်းမှကျော်ကြားသူတစ်ယောက်ကို လူတွေမှတ်မိကြသော အတွေ့အကြုံမှာနည်းလေသည်။ ယခုတွင် ရုပ်ချောသော လုပ်ဖော်ကိုင်ဖက်ဖြစ်လာမယ့်သူက သူ့ကိုမှတ်မိလေရာ ချက်ချင်းပင်ခေါင်းငြိမ့်လိုက်၏။

" ဟုတ်....ဟုတ်တယ် ငါလေ....ငါ " Werewolf " နဲ့စာချုပ်ချုပ်လိုက်တာ....မင်းရောလား? "

ထိုအမျိုးသားမှာ အမှန်ပင် ခန့်ညားသောရုပ်ရည်ရှိပြီး ယခုရက်ပိုင်း ပေါ်ပြူလာဖြစ်ပြီး ခေတ်ဆန်းနေသော ကပြားစပ်အသွင်ပိုင်ရှင်ပင်။ သူက ယခုမှဤရှိုးတွင် debutလုပ်သော အသိုင်းအဝိုင်းတစ်ခုကလာသည့် အနုပညာရှင်အသစ်ဟု ဖုန်းသိုက်ချွမ်းထင်မိသည်၊ ဒါမှမဟုတ်လည်း ထိုသူမှာ သရုပ်ဆောင်အတွေ့အကြုံရှိကောင်းရှိနိုင်ပြီး ဖုန်းသိုက်ချွမ်းတစ်ခါမှမကြားဖူးတာဖြစ်ကောင်း ဖြစ်နိုင်မည်။ အဆုံးမှာတော့၊ ဒီခေတ်တွင်၊ ယခင်ကထက် ရုပ်သံထုတ်လွှင့်ရေးလှိုင်းများပိုများလာပြီဲဖြစ်ရာ ခေတ်သစ် လူငယ်တွေမျက်စိအစာကျွေးဖို့ ပိုပေါ်ပြူလာ ဖြစ်လာကြတာကို လျှော့တွက်လို့မရချေ။ ထို့အပြင် အခုနောက်ပိုင်းတွင် ကူးပြောင်းခြင်းများ လာရာ မော်ဒယ်လောက၊ သီချင်းဆိုအနုပညာရှင်လောက၊ အင်တာနက် celebrity လောက၊ ဖက်ရှင်လောကနဲ့ တစ်ခြားလောကမှလူများကလည်း ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလောကသို့ ပိုက်ဆံများရှာရန် ဝင်လာကြသည်။ လူတစ်ယောက်မှတစ်ယောက်ကိုမမှတ်မိသည့် အခြေအနေများက ရှားပါးသောအခြေအနေများမဟုတ်တော့ပေ။ သို့သော် ရှက်ဖို့ကောင်းသည်က ထိုကပြားစပ်က မိမိကိုမှတ်မိသော်လည်း၊ ကိုယ်ကမူ သူ့နာမည်အရင်းကိုမေးဖို့ မရဲပေ။

ကပြားလေးက မျက်မှောင်ကြုံ့ကာမေး၏။

" မင်းရော ဒီဂိမ်းထဲဝင်ဖို့ လက်မှတ်ထိုးခဲ့တာလား? မင်းကိုခေါ်ဖို့ဘာလို့ ငါအသိပေးစာမရတာလဲ? "

ရှောင်ကျို့မှာ ဒီလောကတွင်ရောက်သည်မှာကြာပြီဖြစ်ရာ ဒီအသစ်လေးကို သူမ မသိသော်လည်း သူမ၏လူသိနည်းသော အွန်လိုင်းအနုပညာရှင်ထက် သူကပိုကောင်းသော နောက်ခံအသိုင်းအဝိုင်းကလာနိုင်လောက်၏။ သူမက ချီးမွှန်းရန်နှင့် အဆင်ပြေချောမွေ့ဖို့ အနားသို့ပြေးသွားလိုက်၏။

" ကျွန်မတို့ဘယ်လိုဒုက္ခခံခိုင်းရက်ပါ့မလဲ? သိုက်ချွမ်းက အခုသွားဖို့လမ်းမှာပါ...အခုဒီကားက ရှင်တို့အပိုင်ဆိုပေမယ့် အခုဒီလိုမိုးသည်းကြီးကိုကြည့်ပါအုံး! သိုက်ချွမ်းကို အရင်တက်ခွင့်ပေးလိုက်ပါလား...ကျွန်မတို့က တစ်ဖွဲ့တည်းသားတွေပဲဉစ္စာ...ပြဿနာတွေအတွက် တောင်းပန်ပါတယ်! "

အသက်ရွယ်လတ်ပိုင်းလူကြီးကတစ်ခွန်းမှဝင်မပြောပေ။ ကပြားစပ်လေးမှာ ခဏအတွေးထဲရောက်သွားကာ တံခါးကို အဆုံးထိဖွင့်လိုက်လေသည်။

" အဲ့တာဆိုလည်း မင်းတက်လို့ရပါတယ် "

ရှောင်ကျို့ကပြုံးလိုက်ကာ မြန်မြန်ပင်ပြော၏။

" ကျေးဇူးပါ! "

ဖုန်းသိုက်ချွမ်းကမူ ခေါင်းတစ်ချက်ညိမ့်ပြကာ ကားထဲအမြန်ဝင်လေ၏။ ထို့နောက်တစ်ဖက်လှည့်ကာ ခရီးဆောင်အိတ်နဲ့ ရှောင်ကျို့ကိုခေါ်ရန် ပြင်သော်

" မင်းရဲ့ အိတ်တွေနဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေ ယူလာလို့မရဘူးလေ " ကပြားစပ်လေးက မျက်မှောင်ကြုံ့ကာ အသိပေး၏။ " ဖုန်းပါယူလို့မရဘူးလေ...မင်း လက်မှတ်ထိုးတုန်းက စာချုပ်ကိုသေချာဖတ်ရဲ့လား? "

ဖုန်းသိုက်ချွမ်းက တစ်ချက်ရပ်သွားသည်။ သူလက်မှတ်ထိုးတုန်းက စာချုပ်ကိုဖတ်ခဲ့သော်လည်း ကုမ္ပဏီက လက်ခံထားသည်ဖြစ်တာကြောင့် စကားလုံးတစ်လုံးချင်း ၊ စာကြောင်းတစ်ကြောင်းစီမဖတ်ခဲ့ပေ။ အဲ့လိုစည်းကမ်းမျိုးရှိသည်က သူ့အနေနဲ့ တကယ်မထင်ခဲ့ပေ။

" အိုကေ...အိုကေ...မယူလာတော့ပါဘူး! " ဖုန်းသိုက်ချွမ်း တွေဝေနေသည်ကို ရှောင်ကျို့က တစ်ချက်ကြည့်ပြီး သူ့ခါးကိုဆိတ်ဆွဲလေ၏။ " ငါမတက်လာတော့ဘူး...မင်းအိတ်တွေကိုယူပြီး ငါတစ်ခြားကားကိုစောင့်လိုက်မယ်...မိုးရပ်သွားရင် လေယာဉ်နဲ့လာခဲ့မယ်...တစ်ခြားသူတွေကို နေဋက်မကျအောင် မင်းမြန်မြန်သွားသင့်တယ်! "

ဖုန်းသိုက်ချွမ်းက နာခံစွာခေါင်းညိမ့်လိုက်ကာ သူ့အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး ရှောင်ကျို့ကိုပေးလိုက်သည်။

" ဂရုစိုက်! ထက်ထက်မြတ်မြတ်နေ! " ဟုရှောင်ကျို့က သူမက အသိပေးလေ၏။

ဖုန်းသိုက်ချွမ်းက ကားရဲ့မှန်ကိုအောက်ချကာ သူမကို ပြုံးပြပြီး လက်ပြလိုက်သည်။

လေဆိပ်ကားရပ်တဲ့နေရာကနေ ထွက်လာတာနှင့်တစ်ပြိုင်နက် အဝေးပြေးလမ်းမပေါ်ကို တစ်ဆက်တည်း မောင်းထွက်သည်က ရွာသွန်းနေသောမိုးရေများထဲ ထိုးဖြတ်ကာ အရှေ့ဘက်သို့ဦးတည်နေသည်။

ကားထဲတွင်း လေထုမှာ အနည်းငယ်အနေခက်လေသည်။

သူတို့သုံးယောက်သားမှာတစ်ယောက်နဲ့တစ်ယောက်မသိကြချေ။ ကင်မရာရှိရာဖက်ကို ဖုန်းသိုက်ချွမ်းတစ်ချက် လှည့်ကြည့်လိုက်ကာ သူ့ကိုယ်ဟန်အနေအထားကို ချိန်ဆလိုက်ပြီး သက်လယ်ပိုင်းလူကြီးနှင့် ကပြားစပ်လေးနား ထိုင်လိုက်သည်။ သူတို့ရဲ့အကြည့်များက မတော်တဆဆုံသွားကာ တစ်ယောက်နှင့်တစ်ယောက် အကဲဖြတ်နေကြ၏။

အနေရခက်လာသော ဖုန်းသိုက်ချွမ်းက သူ့နှာခေါင်းထိပ်ကို လက်နဲ့ပွတ်လိုက်မိ၏၊ ထို့နောက် သတ္တိမွေးကာ စကားစပြောလိုက်သည်။

" ကျွန်တော့်ကိုသိလား "

ကပြားစပ်လေးက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်လေသည်။

ဖုန်းသိုက်ချွမ်းမှာရှက်သွားကာ အနေရခက်စွာဖြင့် စကားဆက်ပြောကြည့်သည်။

" တောင်းပန်ပါတယ်...ကျွန်တော် ခင်ဗျားကိုမမြင်ဖူးလို့ပါ.... ' Werewolf ' မှာပါဝင်ဖို့ လက်မှတ်ထိုးထားသေးလား? "

ကပြားစပ်လေးက ခေါင်းခါပြကာ သက်လယ်ပိုင်းလူကြီးဆီသို့ မေးဆတ်ပြလေ၏။

" မစ္စတာချန်းကို လာခေါ်တာပါ "

" အဲ့တော့ မင်းကဝန်ထမ်းပေါ့! "

ဖုန်းသိုက်ချွမ်း စိတ်သက်သာသွားသည်။ ဒါ့ကြောင့် သူ့ကို မမြင်ဖူးတာပင်၊ သူက အောင်မြင်သူတစ်ယောက်မဟုတ်ပေ။ စိတ်ထဲမှာတော့ သူသက်ပြင်းချလိုက်သည်။
ဟော်လောင်ကုန်းက အရမ်းချမ်းသာကြရာ သူတို့ဝန်ထမ်း က ဒီလောက်ထိတောင် ချောမောလေသည်။ သိသိသာသာပင် ရှောင်ကျို့သူ့ကို တစ်ခြားငယ်ငယ်ရွယ်ရွယ်မျက်စိအစာကျွေး*လ်ို့ရတဲ့သူက သူ့နေရာမှာအစားထိုးနိုင်တယ်ဟုပြောတုန်းက သူမညာနေတာမဟုတ်ခဲ့ပေ။

မစ္စတာချန်းက မျက်နှာအသစ်ပင်၊ အသက်ကလေးဆယ်နား ဖြစ်နိုင်သည်။ သူ့တွင် ပေါ်လွင်သောမျက်နှာရော ထူးခြားသောအရှိန်အဝါရှိမနေချေ။ သူဝတ်ထားသော အင်္ကျီက သူ့ထက်ကြီးနေကာ ကြည့်ရတဲ့မြင်ကွင်းက ထူးဆန်းနေသည်။ သို့ရာတွင် ဖြစ်ချင်တော့ ဖုန်းသိုက်ချွမ်းက အရင်ခေတ်ကသရုပ်ဆောင်တွေကို သိပ်မသိပေ။ ထိုအချိန်က စတားဆိုသည့်အယူအဆမရှိခဲ့ချေ။ သူတို့ရဲ့ဇာတ်ကောင်များကသာ ကျော်ကြားခဲ့သည်။ ဖြစ်နိုင်သည်က ဒီမစ္စတာချန်းက ရှိုးတွေအများကြီးရိုက်ခဲ့ဖူးသော သရုပ်ဆောင်ဟောင်းဖြစ်နိုင်၏။

ထိုသို့တွေးကာ ဖုန်းသိုက်ချွမ်းက မစ္စတာချန်းဖက်သို့လှည့်ကာ လက်နှစ်ဖက်အား လှမ်းကိုင်လိုက်သည်။

" ကျွန်တော် ရိုင်းပျမိပါတယ်...ခင်ဗျားက အဲ့မစ္စတာချန်းပဲ! "

မစ္စတာချန်းက သူ့စကားတွေကြောင့် အံ့ဩသွားခဲ့ဟန်တူပြီး လက်ဆွဲနှုတ်ဆက်လာ၏။ သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်အကြာကြီးအကြည့်ဆုံပြီးနောက် မစ္စတာချန်းက သူ့နားဖူးသူပြန်ရိုက်လေသည်။

" ဟေး! ငါမင်းကိုသိပါတယ်! မင်းက.....မင်းက " Anti- Japanese special team " ကားမှာ...ချန်းရှောင်လုအနေနဲ့ သရုပ်ဆောင်တာမှလား....! မင်းနာမည်.....မင်းနာမည်က ဘာလဲ? မင်းအဲ့သရဲတွေ*ကိုလက်နဲ့ဆွဲဖြဲခဲ့တာလေ! "

သူ့စကားများက သူ့မျက်နှာကိုနီရဲသွားစေ၏။ သူ့ကိုယ်သူ တွေးမိသည်။ ငါ့ကို သရဲတွေကိုဖြဲတဲ့အစား မေရီဆူးကားမှာ နံပါတ်၃ ကိုယ်ခံအနုပညာရှင်အဖြစ်သရုပ်ဆောင်ခဲ့သည်ကို မှတ်မိတာကမှ ပိုကောင်းသေးတယ်! အခုတော့ variety ရှိုးကိုဘယ်လိုစိတ်နဲ့ရိုက်ရတော့မှာလဲ!?

သူအလျင်အမြန်ပင်လက်ခါပြလိုက်သည်။

" အရမ်းယဉ်ကျေးလွန်းပါတယ်....ခင်ဗျားရှေ့မှာပြောဖို့ မတန်ပါဘူးဗျ "

" ဘယ်လိုပြောရက်တာလဲဗျ! "

မစ္စတာချန်းကပြုံးပြရင်း သူ့လက်ကိုအသာပုပ်သည်။
" လိုင်းမရတဲ့နေရာတွေကအလုပ်အသစ်တွေကိုလက်ခံတိုင်း ငှက်ချေးတောင်မရှိဘူး...ငါ ဂျပန်တွေကိုတိုက်တဲ့ရှိုးတွေ အများကြီးဒေါင်းဖူးတယ်...မင်းကိုခဏခဏတွေ့ရတယ်....မင်းလိုငယ်ရွယ်တဲ့သူက သရဲတွေကိုလက်နဲ့ဖြဲတာမျိုး...နံရံတွေပေါ်ခုန်တက်တာ...ကျည်တွေကိုရှောင်တာမျိုးတွေ မင်းလုပ်တာအရမ်းကောင်းတာ! ကြည့်ရတာ စွဲစေတယ်! "

ဒီအသက်ကြီးသူရဲ့ စိတ်ဝင်စားတာတွေက အမှန်ပင် ဒိတ်အောက်နေလေပြီ။* ဖုန်းသိုက်ချွမ်း ဆွံ့အသွား၏။ သူ့အနေနှင့် စစ်တိုက်ရသောကားများနှင့် တစ်ခြားကားများတွင် သရုပ်ဆောင်ဖူးတာဖြစ််နိုင်သည်၊ ထို့ကြောင့် ဖုန်းသိုက်ချွမ်းသူ့ကိုမမြင်ဖူးတာပင်။

ကင်မရာများရှိရာဖက်သို့ ဖုန်းသိုက်ချွမ်း လျှာထုတ်ပြလိုက်ပြီး သူ့ကာရိုက်တာဒီဇိုင်းကို တိတ်တဆိတ် အာဂုံဆောင်လိုက်သည်၊ ထို့နောက် ဒီအခြေအနေကိုအသုံးချကာ သူ့ကို ကြော်ငြာရန်စလိုက်တော့၏။

" တကယ်တော့ ကျွန်တော်ငယ်ငယ်ကတည်းက ကိုယ်ခံပညာကျင့်ခဲ့တာပါ...ဒီတစ်ခါတော့ ' Werewolf ' မှာပါဖို့ ဆုံးဖြတ်တာက ကိုယ်ခံပညာနဲ့ ခွန်အားတွေများများလိုမယ် ကြားလို့...ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ငယ်ငယ်ကတည်းက ငတုံးလို့ပြောကြတယ်...တကယ်လည်း ကျွန်တော် ' Werewolf ' ဂိမ်းကိုမကြားဖူးဘူး....ဒီဂိမ်းက ဇာတ်ကောင်ရတော့ လက်တွေတုန်လိုက်တာမှ မျက်စိပါတဲ့လူတိုင်းပြောနိုင်ကြတယ်...အခုတော့ ဒီဂိမ်းကိုပါရတာက ခွန်အားတွေသုံးပြီး စားပွဲကိုပြောင်းပြန်လှန်မလို့...မစ္စတာချန်းကရော? ဘာလို့ဒီဂိမ်းထဲမှာပါတာလဲ? "

သူပြောတာကြားတော့ သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ကပြားစပ်ဝန်ထမ်းလေးကခေါင်းထောင်လာကာ မစ္စတာချန်းကိုကြည့်လေ၏။ မစ္စတာချန်းမျက်နှာ ရုတ်တရက်ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး အတင်းပြုံးပြသည်။

" ငါလား? ငါ....ငါပါတာက ကြီးမားတဲ့ဆုကြောင့်ပဲ! ဒေါ်လာသန်း၂၀! "

အဲ့လိုရှိတာလား??? ဖုန်းသိုက်ချွမ်း နေရာမှာရပ်သွားကာ၊ချန်းလူကြီးဆီ ခေါင်းလှည့်လိုက်၏၊ ထို့နောက် ကင်မရာတွေဖက် တစ်ချက်လှည့်ကြည့်ကာနောက်ဆုံးတွင် သူတို့ မျက်နှာချင်းဆိုင်ရှိ ကပြားစပ်လေးကိုသာ မသင်္ကာစွာ ကြည့်နေလိုက်သည်။ မစ္စတာချန်းကိုသူဆက်မကြည့်နေတော့ပဲ တရားထိုင်နေတဲ့ ဘုန်းကြီးအိုတစ်ပါးလိုသာ တည့်တည့်ထိုင်ရင်း မျက်နှာကိုအရှေ့သို့မူထားလေသည်။

" သူ- သူတို့က ပိုက်ဆံတွေပေးတယ်!!!?? " အခုတော့ ဇာတ်ညွှန်းနှင့်စာချုပ်ကို သေချာမဖတ်မိသည့်အတွက် ဖုန်းသိုက်ချွမ်း နောင်တရမိ၏။

ချန်းလူကြီးရဲ့တုံ့ပြန်မှုက အနည်းငယ်ထူးဆန်း၏။

" ဒီ Werewolf ဂိမ်းကိုဆော့ဖို့ရော စာချုပ်ချုပ်တာဟုတ်ရဲ့လား? ဘာလို့ မင်းတစ်ခုမှမသိတာလဲ! ဒီဂိမ်းဘယ်လို ကစားရမလဲဆိုတာရော သိရဲ့လား?! "

ဖုန်းသိုက်ချွမ်းဘယ်လောက်ပဲတုံးပါစေ၊ သူဇာတ်ညွှန်းများကိုသေချာမဖတ်ခဲ့ကြောင်း ကင်မရာရှေ့တွင်မပြောနိုင်ပေ! ထို့ကြောင့် အလျှင်အမြန်ပင် သူပြန်ပြောလိုက်သည်။

" သိပါတယ်...သိပါတယ်...အဲ့ werewolfက လက်တွေ့တကယ်ဖြစ်တဲ့ ကဒ်ဂိမ်းမှလား...ကျွန်တော့် IQက အဲ့တာကို သိဖို့တော့ လုံလောက်ပါသေးတယ် "

ချန်းလူကြီးက ခေါင်းငြိမ့်ပြသည်။

" ချန်းလူကြီး သတိထားနော်...ကျွန်တော်က IQသာမမြင့်တာ ကိုယ်ခံအားက တကယ့်ကောင်ဗျ....ကျွန်တော်တို့ ရန်သူဖြစ်မှာလား သူငယ်ချင်းဖြစ်မှာလား ပြောလို့မရဘူးလေနော့် " ဖုန်းသိုက်ချွမ်းက memeကို ကိုးကားကာ စလေသည်။

ချန်းလူကြီးကဘာမှပြန်မပြောပေ။ သူ့မျက်နှာအမူအရာမှာ ချက်ချင်းပင် တည်သွားကာ ပြတင်းပေါက်ဖက်သို့ လှည့်သွားလေသည်။ ထို့နောက်သူ့ကိုစကားဆက်မပြောတော့ချေ။

ဤသို့ သဘောထားသေးသည်ကိုမြင်ရသောအခါ ဖုန်းသိုက်ချွမ်း ဆွံ့အသွားပြီး ကင်မရာရှေ့တွင် မျက်နှာလုပ်သလို ဖြစ်သွား၏။ ဒါ reality ရှိုးလေးပဲမဟုတ်ဘူးလား၊ တကယ် အသက်ကိုစွန့်စားရမှာမှမဟုတ်တာ၊ ဒီလိုပြုမူဖို့ လိုလို့လား? သရုပ်ဆောင်ဟောင်းတွေက အသစ်တွေပေါ် အနည်းနဲ့အများအထင်သေးတတ်တာတော့သူသိသည်၊ ဒီ အေးတိအေးစက်ခံရသည်*နှင့် စိတ်လှုပ်ရှားမခံနိုင်တာကြောင့် တစ်ဖက်ပြတင်းပေါက်ကိုပင် လှည့်ကြည့်နေလိုက်သည်။

ကားက တစ်လျှောက်လုံးတောက်လျှောက်များသွားကာ လမ်းတစ်ဝက်ရောက်မှာ ဆီဆိုင်တွင်ရပ်ပေးလေသည်။ ကားဆရာ ဆီဲဖြည့်နေတုန်း ကပြားစပ်လေးက ဖုန်းသိုက်ချွမ်းနဲ့ ချန်းလူကြီးအား အိမ်သာသို့ အဖော်လိုက်ပေး၏။

တစ်ဖြည်းဖြည်းနက်မှောင်လာသော ကောင်းကင်ကြီးနှင့် အဝေးပြေးလမ်းတစ်လျှောက်မြင်ကွင်းက ထူးဆန်းတာမရှိချေ။ ဘယ်ဖက်ကိုကြည့်ကြည့် အဆုံးမရှိသော ကောင်ရိုးပင်များကိုသာတွေ့ရာကာ သူတို့အသိမပြုနိုင်ကြချေ။ သူတို့ကား၏ နီတောက်နေသော " Werewolf game " ဆိုသော ဆောင်ပုဒ်က သာမန်မြင်ကွင်းပင်။ ကျော်ကြားသူ ပုံများမရှိရာ စိတ်ဝင်စားဖို့မကောင်းချေ။

အဝေးတစ်နေရာတွင် တိမ်များက တစ်ခုနှင့်တစ်ခုပေါ် ထပ်နေရာ အလွှာများဖြစ်နေ၏။ အိမ်သာမှ သုံးယောက်လုံးပြန်လာသောအခါ လေထုမှာပိုအေးစက်ပြန်လေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Chapter 2 Ends

~~~~~~~~~~~~~~~~~~~~~~~~~~~~

Author's note

( 1 ). သရဲဆိုတာ အတိတ်တုန်းက ဂျပန်တွေကို ခေါ်တဲ့နာမည်ပါ။ ဂျပန်တွေအရင်က တရုတ်နိုင်ငံကိုသိမ်းပိုက်ဖို့ လုပ်တာသိကြမှာပါ၊ အဲ့တာကြောင့် တရုတ်လူကြီးတစ်ချို့ နဲ့ ကားတစ်ချို့မှာ ဂျပန်တွေကို သရဲလို့ပဲခေါ်ဝေါ်ပါတယ်

(2). ဒိတ်အောက်တယ်ဆိုတဲ့စကားလုံးက " ပုံမှန်၊ တောသား " နဲ့ဆင်ပေမယ့် ဒီမှာတော့ အနုတ်ဘက်ရောက်တဲ့ ဒိတ်အောက်တယ်၊ ခေတ်နောက်ကျတယ်လို့ယူပါတယ်။

( 3) အေးတိအေးစက်ခံရတယ်ဆိုတာ ချန်းလူကြီးက ရုတ်တရက်သူ့ကိုစိမ်းကားသွားလို့ပါ။ သူ့ကိုစကားမပြောချင်တဲ့အခါ သူလည်းစကားမပြောချင်တော့တာ။

>>>>>>>>>>>><<<<<<<<<<<<<

ကပြားစပ်လေးက ကိုယ်တို့ စစ်နျန်လေးဖြစ်လောက်တယ်။

ကိုယ်အရင်တစ်ပတ်က နေမကောင်းလို့မတင်ဖြစ်တာပါ။ ပြန်ကောင်းတော့ အမျိုးတွေ အိမ်ရှုပ်တာနဲ့ အလယ်မှာမရေးဖြစ်တာ။ ဒီအပတ်ကစပြီး ပြန်တင်မယ်နော်။

မတင်ဖြစ်တိုင်း Wallထဲရေးပေးမှာမို့လို့ Followမထားတဲ့ သူတွေက wallထဲစာတင်၊မတင်ဝင်ကြည့်ပေးနော်။ ဒီမှာတော့ လာမတင်တော့ဘူး။

ညလောက်မှမတင်ရင် wallထဲစာတော့တင်ပါတယ်

See you next week~

#hayden_lawrence

Continue Reading

You'll Also Like

8K 404 11
All that terrified 23-year-old Ayra were pink notes. Whenever she found one, she ran like hell. This time, her frantic escape led her to the bustling...
108K 2.5K 12
حسابي الوحيد واتباد 🩶 - حسابي انستا : renad2315
116K 4K 41
Y/N was a teenage introvert who enjoyed having her own space and being alone. She loved listening to music in her room, which was a great escape for...
105K 3.5K 57
𝐒𝐂𝐇𝐎𝐎𝐋 𝐁𝐔𝐒 𝐆𝐑𝐀𝐕𝐄𝐘𝐀𝐑𝐃 "𝚝𝚑𝚎 𝚋𝚎𝚜𝚝 𝚠𝚊𝚢 𝚝𝚘 𝚐𝚘, 𝚒𝚜 𝚒𝚗 𝚜𝚝𝚢𝚕𝚎. 𝚆𝚑𝚊𝚝𝚜 𝚖𝚘𝚛𝚎 𝚜𝚝𝚢𝚕𝚒𝚜𝚑 𝚝𝚑𝚊𝚗 𝚊 𝚖𝚘𝚝...