🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(9)
"သားငယ် သားဒယ်ဒီ အလုပ်ထဲမှာ မတော်တဆဖြစ်လို့ ဆေးရုံတင်ထားရတယ်" ဆိုသော မာမီရဲ့ဖုန်းဆက်လာမှုကြောင့် စက်ဝန်း စင်ကာပူကို ချက်ချင်းပြန်သွားရသည်။
သူရောက်တော့ ဒယ်ဒီက အရေးကြီးအခြေအနေကနေ လွှတ်လာပြီဖြစ်သည်။ စိုးရိမ်စရာအခြေအနေမဟုတ်တော့ပေမဲ့ စောင့်ကြည့်အခြေအနေမှာရှိသည်။
သူစင်ကာပူရောက်ပြီးနောက်ရက်မှာ ဒယ်ဒီသတိပြန်ရလာသည်။ အစက မြန်မာနိုင်ငံကိုသွားခဲ့လို့ စိတ်ဆိုးနေပေမဲ့အသက်ဘေးက သီသီလေးလွှတ်လာရတော့ အတ္တတွေခဝါချပြီး အရာအားလုံးနားလည်သွားပြီထင်ပါသည်။ စကားပြောလာ၏။
"ဒယ်ဒီပြောစရာရှိတယ်"
ဒယ်ဒီသက်သာလာပြီး ဆေးရုံဆင်းတဲ့နေ့မှာ အရေးကြီးကိစ္စပြောစရာရှိတယ်ဟုဆိုလာသည်။
"သားကြီးကတော့ သိလိမ့်မယ် သားငယ်အတွက်တော့ အသစ်ပေါ့ ဒယ်ဒီတို့ သားတို့ကို အိမ်ထောင်ချပေးဖို့အစီအစဉ်ရှိတယ် "
"ကျွန်တော့်မှာ ချစ်သူရှိပါတယ်ဒယ်ဒီ "
ကိုကိုက ချက်ချင်းလက်မခံနိုင်ကြောင်းကန့်ကွက်၏။ သူက ကိုကို့လို ကန့်ကွက်ရအောင်ကလည်း ချစ်တဲ့သူက အဖြေပြန်မပေးဘဲ ငြင်းထားတော့ ဘာပြောရမှန်းမသိ။
"သားငယ်ကရော"
"ကျွန်တော့်မှာ သဘောကျရတဲ့သူရှိတယ်"
"အင်းး ဒယ်ဒီက သားတို့နှစ်ယောက်ထဲကတစ်ယောက်နဲ့လက်ထပ်ပေးဖို့ဆုံးဖြတ်ထားပြီးသား...သားကြီးကရော "
"ကျွန်တော်လက်မခံဘူး သူက ကျွန်တော့်စတိုင်လ်မဟုတ်ဘူး "
ဒယ်ဒီနဲ့မာမီ ကိုကို့စကားကြောင့်သက်ပြင်းတွေချ၏။ ကိုကိုကတောင် မြင်ဖူးပြီး ငြင်းတာ။ သူကမမြင်ဖူးပဲနဲ့ယူစရာလား။
"ဒါဆို သားငယ် "
"အခုခေတ်မှာ ဘယ်သူက မိဘပေးစားတာ ယူကြလို့လဲ ဒယ်ဒီ...ကျွန်တော်မယူနိုင်ဘူး"
"တစ်ဖက်က မိသားစုက ဒယ်ဒီတို့ရဲ့အသက်သခင်ကျေးဇူးရှင်...သားငယ် ဆယ်နှစ်တုန်းက ရေမကူးတတ်ဘဲ ရေကူးတော့ ရေစီးထဲမျှောပါသွားခဲ့တယ် ဒါကို မင်းထက်ကအသက်စွန့်ကယ်ခဲ့ပေးတာ ဒါကြောင့် သူတို့မိသားစုကို ကျေးဇူးဆပ်ပါမယ်လို့ကတိပေးခဲ့တာ ဒယ်ဒီတို့ကအနေဝေးပေမဲ့ အဆက်အသွယ်အမြဲလုပ်ဖြစ်ကြတယ် မင်းထက်ကမရှိတော့ပေမဲ့ တည်ထားတဲ့ကတိကိုတော့ တည်ရမယ်သားငယ် အိမ့်မှူးကိုပြောပြတော့လည်း လက်ခံတယ်"
"ကျေးဇူးဆပ်တာက ဒီတိုင်းငွေထောက်ပံ့လည်းဖြစ်တာပဲ မာမီ...လက်ထပ်စရာမလိုဘူး"
"ကျေးဇူးတရားကို ငွေနဲ့ဖြေရှင်းလို့မရဘူးသားငယ် အိမ့်မှူးတို့က ပိုက်ဆံမချမ်းသာပေမဲ့ သိက္ခာနဲ့မာနတရားကချမ်းသာတယ် မာမီတို့ပိုက်ဆံပေးလို့ရရင် သားတို့ကို ဘာလို့ပြောပြနေဦးမှာလဲ ဟင်...မာမီတို့ ဒီတိုင်းထောက်ပံ့ပေးမှာပေါ့"
"စက်ဝန်းကို အန်ကယ်မင်းထက်က ကယ်ခဲ့တာဆို ကျေးဇူးကလည်း စက်ဝန်းပဲဆပ်သင့်တယ်မာမီ...ကျွန်တော်ကတော့ မယူဘူး ကျွန်တော့်မှာ လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့မိန်းကလေးရှိပြီးသား"
ကိုကိုက ပြတ်သည်။ အစပိုင်းက ဇာတ်ကြောင်းမသိသေးတော့ ငြိမ်နားထောင်နေပေမဲ့ သူ့ကြောင့်ဆိုတာ သိတော့ သူ့ဆီပုံချသွားသည်။
"ကိုကို ကျွန်တော်လည်း သဘောကျရသူရှိတယ်"
"မင်းက သဘောကျရုံပဲလေ သူကရော သဘောကျလို့လား "
သူပြန်မဖြေနိုင်။ အနှစ်ကမှ သူ့ကိုသဘောမကျတာ။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်မယူဘူး "
"သားငယ် "
ကျစ်...
မာမီနဲ့ဒယ်ဒီရဲ့အကြည့်က သူ့ဆီရောက်လာ၏။
"အိမ့်မှူးရဲ့သမီးတောင် လက်ခံသေးတယ် မင်းကဘာလို့လက်မခံတာလဲ..."
"မြင်တောင်မမြင်ဖူးတဲ့သူကို လက်ခံတာ အဲ့ဒီမိသားစုပဲရှိမှာဒယ်ဒီ ကျွန်တော် ညီမအဖြစ်မွေးစားဆိုရင်လက်ခံမယ် ယူတော့မယူနိုင်ဘူး"
သူ ယတိပြတ်ငြင်းသည်။ မမြင်ဖူးတဲ့သူတစ်ယောက်ကိုယူရလောက်တဲ့ထိ ကျေးဇူးနဲ့သိက္ခာကို မကိုးကွယ်ပါ။
သူပြောပြီး ထွက်ခဲ့၏။ နောက်ကနေ ကိုကိုကပြေးလိုက်လာကာ သူ့ကိုတား၏။
"စက်ဝန်း..."
"မလိုက်လာနဲ့ "
"ဘရားသား စိတ်လျှော့ထား...မင်းလက်မခံရင် ငါယူရမှာ ငါ့ကိုငါချစ်တဲ့သူနဲ့ကွဲစေချင်တာလားဟင်..."
"ဒါဆို ကျွန်တော်က မချစ်တဲ့သူနဲ့ယူပေးရမှာပေါ့ ဟာသပဲကိုကို ကျန်တာအလျှော့ပေးခဲ့ပေမဲ့ ဒါတော့အလျှော့မပေးဘူး ကျွန်တော်လုံးဝလက်မထပ်နိုင်ဘူး"
"ဒါဆို အန်တီအိမ်မှူးသာရတို့မိသားစုကို ဘယ်လိုလုပ်မလဲ လက်ထပ်ပွဲကိုလက်ခံပြီးမှ သတိုးသားဘက်ကမယူချင်လို့ဆိုရင် သူတို့သိက္ခာ၊ မာမီတို့သိက္ခာ၊ ဆက်ဆံရေးအကုန်ထိခိုက်ကုန်မှာစက်ဝန်း"
အန်တီအိမ်မှူးသာရ။ တီချယ်အိမ့်မှူးသာရ။ နာမည်တူတူပဲ။
"အန်တီအိမ့်မှူးနာမည်အရင်းက အိမ့်မှူးသာရလား..."
"အင်း မင်းတို့ဆုံဖြစ်လို့လား တက္ကသိုလ်ကျူတာပဲလို့ပြောတယ် သိနေတာလား"
သူ့စိတ်ညစ်စွာ ညည်းညူမိတော့သည်။
တီချယ်...တီချယ်ရဲ့သမီးနဲ့တဲ့လား။
"မင်းတို့အသိတွေလား "
"အင်း ကျွန်တော်ဘယ်လိုလုပ်ရမလဲကိုကို!..."
"အတော်ပဲပေါ့ ဒါဆို အန်တီအိမ့်မှူးသမီးကိုရောတွေ့ဖူးလား "
"ဟင့်အင်း ကျွန်တော်မသိဘူး "
"ငါ ဒယ်ဒီ့နားက ပုံထပ်တောင်းထားတယ် ပြမယ်..."
ကိုကိုက ဖုန်းဖွင့်ပြီး ဓာတ်ပုံနှစ်ပုံထုတ်ပြ၏။ ထိုဓာတ်ပုံကိုမြင်လိုက်ရချိန် သူ့မျက်လုံးတို့သည် ဓာတ်ပုံကိုသာစူးစိုက်ကြည့်မိနေတော့သည်။ တီချယ်နဲ့အနှစ်သာရက ဘွဲ့ဝတ်စုံနဲ့ကိုမင်းထက်ဘေးမှာရပ်ကာ ရယ်နေသည့်ပုံ။ ပြီးတော့ တီချယ့်ဘေးနားမှာရပ်နေသည့် ယောကျာ်းတစ်ယောက်နဲ့ တီချယ်တို့သုံးယောက်ပုံ။
ဘယ်လိုဖြစ်နိုင်မှာလဲ...မိဘတွေ လက်ထပ်ပေးဖို့စီစဉ်ထားတဲ့သူက အနှစ်သာရ။ တီချယ်အိမ့်မှူးရဲ့သမီးက အနှစ်သာရတဲ့လား။ ကံတရားက ဒီလောက်တောင် တိုက်ဆိုင်တာလား။
"ဘယ်လိုလဲ ဘေးက ကောင်မလေးပဲ အလယ်ကသူ့အစ်ကို "
"အင်း "
သူ မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်၏။ တီချယ်နဲ့အနှစ်၊ကိုမင်းထက်တို့က သားအမိ။ သူဘာလို့မသိရတာလဲ။ သူဓာတ်ပုံကိုမမှိတ်မသုန်စိုက်ကြည့်နေမိ၏။ ကိုကိုကသူ့ပုခုံးကိုပုတ်ကာ...
"သဘောကျတယ်ဆိုရင်လက်ခံလိုက်ကွာ...သဘောကျတယ်မလား "
"အင်း တိုက်ဆိုင်သွားတယ်"
"အင်း!? ဘာလဲ သူကမင်းနဲ့ရင်းနှီးတာလား အသိတွေလား တစ်ကယ်လက်ခံမှာလား"
"ကျွန်တော့်အချစ်ကိုပထမဆုံးငြင်းတဲ့မိန်းကလေး မာနကြီးပြီး ရိုးရှင်းတယ် ကိုကို့ကိုပြောတဲ့မိန်းကလေးကလည်းသူပဲ"
"ဝါး...ဒီမိန်းကလေးကိုလေးစားသွားပြီ...မင်းကိုငြင်းတယ် "
"အင်း "
"အဟက်"
"ဒါဆို မင်းလက်ခံလိုက်ပြီနော် ပြန်မပြောင်းကြေး ဒယ်ဒီကိုသွားပြောလိုက်မယ် "
"ခဏ..."
ကိုကို့လက်ကိုလှမ်းဆွဲတော့ အရှိန်ကြောင့် နောက်ပြန်လှန်ကျ၏။
"ဟ ဘာလုပ်တာလဲ "
"ကျွန်တော့်ပုံ အန်တီအိမ့်မှူးဆီမပို့ပေးနဲ့ နောက်မှ သိပါစေ"
"အိုခေ..."
ကိုကိုသည် သူမယူရလို့လားမသိ။ ကပြီးတော့သွားနေ၏။
ကိုကိုထွက်သွားသည်နှင့် သူချက်ချင်းအနှစ်ကိုခေါ်သည်။
"ဟဲလို "
"အနှစ် ငါ့ကိုငြင်းရတဲ့အကြောင်းအရင်းက မင်းလက်ထပ်ရတော့မှာမလို့လား..."
တစ်ဖက်မှအနှစ်အံ့ဩသွား၏။ သူက သူမလက်ထပ်ရတော့မှာကိုဘယ်လိုသိတာလဲ။ မျက်လုံးထဲမှာသူနေသည့်အိမ်ပေါ်လာသည်။ ချမ်းသာသူက စုံစမ်းထားတာနေမှာပါ။
"အင်း ဟုတ်တယ် ကျွန်မကမကြာခင်လက်ထပ်ရတော့မှာမို့ငြင်းတာ ရှင်လိုချင်တဲ့အဖြေရပြီမလား"
တီ...တီ
အနှစ်က ဒါပဲပြောပြီးဖုန်းချသွား၏။
ဒါပေမဲ့ဘယ်လိုလုပ်မလဲ မင်းလက်ထပ်ရမဲ့သူက ငါဖြစ်နေတယ်။
အနှစ်...ကံတရားက ငါတို့နှစ်ယောက်ကို ဆွဲလိုက်တွန်းလိုက်လုပ်နေတာပဲ။ အဟွန့်။
သူလက်ထပ်ပွဲကိုလက်ခံတယ်ဆိုတော့ မာမီနဲ့ဒယ်ဒီက တအံ့တဩ။ နေ့လည်ကမှငြင်းထားတာ ညနေကျလက်ခံတယ်ဆိုတော့ မအံ့ဩဘဲနေပါ့မလား။ သို့သော် ကိုကိုက အကြောင်းစုံကိုဖောက်သည်ချထားပြီးသားမလို့ စိတ်တော့ချသွားပါသည်။
သူခွင့်ရက်တစ်ပတ်သာ ယူခဲ့တာမို့ ခုနှစ်ရက်နေပြီး ပြန်လာခဲ့ပါသည်။
ငါ့ကိုချစ်ဖို့အချိန်ယူချင်တယ်ဆိုရင် လက်ထပ်ပြီးရင် ကြိုက်သလောက်ယူ အနှစ်။ မင်း ငါ့ရဲ့ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားအောင်ကြိုးစားမယ်။ ဒါက ငါ့ရဲ့နောက်ဆုံးသောမာန။
တစ်ဖက်ကနေတွေးကြည့်မယ်ဆိုရင်ရော ဒီလိုလွယ်လွယ်ကူကူလက်ခံနိုင်မှာလား?!!!
မာနပြိုင်ကြမဲ့ဂိမ်း...
✿............✿...........✿
"တီချယ်နဲ့အနှစ်က သားအမိတွေ!..."
ထင်ရှားက အလန့်တကြားထအော်၏။ စက်ဝန်းထင်ရှားကို မကျေမနပ်ကြည့်လိုက်ပြီး...
"မင်းမသိဘူးလို့တော့မပြောနဲ့ ငါ့ထက် မင်းက သူတို့နဲ့နေတာ ပိုများတယ်"
"ကျွတ် နေတာများတိုင်းသိရမှာလား...ငါ့ရုပ်ကအဲ့လောက်စပ်စုတဲ့ပုံပေါက်လို့လား"
"မင်းစပ်စုတတ်တာ လူတိုင်းသိတယ်...ပေါက်စရာမလိုဘူး"
"ခွေးကောင်!.."
ထင်ရှားက အားရပါးရကိုဆဲချ၏။ အသံကျယ်သွားတာမို့ ဘေးဝိုင်းကလူတွေက လှည့်ကြည့်နေကြသေးသည်။
"ငါတစ်ကယ်မသိဘူး...တော်သေးတယ် တီချယ်ရှေ့မှာ အနှစ်ရဲ့အတင်းမပြောမိလို့ "
"တို့ထိုင်လို့ရလား..."
သူတို့စကားပြောနေစဉ်မှာ ဝိုင်းထဲဝင်ဖို့ကြိုးစားလာသည့်မိန်းကလေး E Majorက တံတိုင်းတည်တံ့။ ထင်ရှား အနားရောက်လာသူကို ငေးခနဲဖြစ်သွား၏။ လှလိုက်တာ။
"ရ!..."
"မရဘူး ထိုင်ခုံကလူရှိတယ် "
စက်ဝန်းက ထင်ရှားစကားကိုဖြတ်ပြောလိုက်သည်။
"ဒါဆို ဘေးဝိုင်းကခုံယူထိုင်မယ်နော်..."
စက်ဝန်းမျက်ခုံးတွေတွန့်ချိုးကုန်၏။ ဘယ်လိုမိန်းကလေးလဲ။ သူကကပ်တွယ်တတ်တဲ့မိန်းကလေးဆို ကြည့်လို့မရ။ အခုလိုမျိုး တစွတ်ထိုးဆို ပိုဆိုးသည်။
"တို့ကိုသိလား "
"...."
တံတိုင်းတည်တံ့ရဲ့အမေးကို စက်ဝန်းဘာမှတုန့်ပြန်မပြောလာ။
"ကျွန်တော်ကြားဖူး!.."
"ရှင့်ကိုမေးတာမဟုတ်ဘူး သူ့ကိုမေးတာ"
စက်ဝန်းကိုလက်ညိုးထိုးကာ ဖြေလာသူကြောင့် မိတ်ဆက်ဖို့တွေးထားသည့် ထင်ရှားပါးစပ်ပေါက်ပိတ်သွား၏။
"ဟုတ်ကဲ့"
"စက်ဝန်းအလွန် တို့က Welcomeနေ့က E Majorကိုယ်စားပြုကွင်းလျှောက်တဲ့တစ်ယောက်လေ မှတ်မိတယ်မလား အတူတူလေ့ကျင့်တဲ့သူတွေပဲဟာ"
"မသိဘူး "
"တို့တွေ အတူတူနေ့လည်စာစားဖူးတယ်လေ"
"မင်းနဲ့တစ်ခါမှ မစားဖူးဘူး "
တံတိုင်းတည်တံ့ ဘာပြောရမှန်းမသိတော့။ စက်ဝန်းအလွန်နဲ့ လမ်းလျှောက်ကျင့်တဲ့နေ့က သူတို့အားလုံးနေ့လည်စာအတူတူစားခဲ့ကြတာကို မမှတ်မိဘူးတဲ့။ သူမဆီကို အကြည့်တောင်ရောက်ခဲ့သေးတာကို။
"ရီဟာဇယ်ပြီးတဲ့နေ့ကလေ စက်ဝန်းမမှတ်မိဘူးလား တို့က သိတယ်တောင်ထင်နေတာ"
"ဆောရီး မမှတ်မိဘူး "
တည်တံ့မာနထိသွား၏။ စက်ဝန်းအလွန်မာနကြီးတာကြားဖူးပေမဲ့ သူမအပေါ်တော့ ဖော်ရွေမယ်ထင်ခဲ့တာ။ ပြီးတော့ အကြည့်က သူမဆီသေချာပေါက်ရောက်ခဲ့တာ။ သူများစကားအရင်စပြောမလားဆိုတဲ့စိတ်နဲ့စောင့်ခဲ့တာ။ ငါးလကြာသည်အထိစကားစမလာသေးတာကြောင့် အရင်လာပြောခြင်းဖြစ်သည်။
တည်တံ့ထပ်မံပြုံးလိုက်ရင်း မာနထိလက်စနဲ့ မိတ်ဖွဲ့လိုက်တော့မယ်။
"ဒါဆို မိတ်ဆက်မယ်နော် တို့က E Majorကတံတိုင်းတည်တံ့...တည်တံလို့ခေါ်လည်းရတယ် ရင်းရင်းနှီးနှီးပေါ့"
ထိုအခါစက်ဝန်းသည် ဘာမှမပြောဘဲ တည်တံ့ကိုကျော်ကာ နောက်မှာ ရောက်လာသည့်အနှစ်ကို လှမ်းကြည့်သည်။ အနှစ်က စက်ဝန်းတို့ကိုတွေ့ပေမဲ့ မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားဖို့လုပ်သည်။ သို့သော် စက်ဝန်းက အနှစ်လက်ကိုဆွဲထား၏။
"ဘာလဲ..."
"ဒီမှာ မင်းတို့အတွက် ခုံရှိတယ်"
"မလိုပါဘူး"
"မင်းမထိုင်ရင် မင်းထိုင်တဲ့ဝိုင်း ငါလိုက်ထိုင်မယ်"
အနှစ် သူ့ဘေးက ဧည့်သည်မိန်းမလှလေးကိုတစ်ချက်ကြည့်လိုက်ပြီး...
"လက်လွှတ်...ကျွန်မဗိုက်ဆာနေပြီ "
"အိုခေ!..."
ထိုအခါမှလွှတ်ပေးသည်။ အနှစ်နဲ့မွန်လေးလည်း ထိုဝိုင်းမှာသာထိုင်လိုက်ကြသည်။ ထိုင်ယုံရှိသေး။ အနှစ်တို့ရှေ့ရောက်လာသည့် ခေါက်ဆွဲပန်းကန်။
"ကြိုမှာပေးထားတာ "
သူက အနှစ်မျက်လုံးတည့်တည့်ကိုကြည့်ပြီးဆိုပါသည်။ ဘေးနားမှာ သူ့ဧည့်သည်ရှိတယ်လို့ပင်မထင်။
စက်ဝန်းအလွန် အရမ်းကို အလိုက်သိလွန်းနေတယ်။ သူနဲ့မတူ ဘယ်လိုဖြစ်နေတာလဲ။
"ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး မွန်လေးရာ...မြန်မြန်စား ဗိုက်ဆာနေတယ်ဆို"
ထင်ရှားကလည်း လိုက်လျောညီထွေဖြစ်အောင် ဝင်ပြော၏။
"ဒါဆို ဆက်စားကြပါ တို့သွားတော့မယ်စက်ဝန်း"
"အိုခေ "
တံတိုင်းတည်တံ့ကမျက်နှာပျက်စွာထွက်သွားပေမဲ့ စက်ဝန်းကတော့ အေးဆေးကျန်ခဲ့၏။ တည်တံ့ထွက်သွားသည့်အခါ ထင်ရှားအသံထွက်လာ၏။
"စက်ဝန်းက တစ်ကယ့်ကင်းပဲ ငါသာ တည်တံ့လိုမိန်းကလေးစကားလာပြောရင် ပျော်ပြီးသေလောက်ပြီ အခုတော့ သူက ငါ့ကို ဂရုတောင်မစိုက်သွားဘူး"
"ဘာပြောတာလဲ "
"လာမိတ်ဆက်တာ ဒါကို သကောင့်သားက သေချာတောင်မကြည့်ဘဲ ငြင်းလိုက်တယ်..."
"မွန်လေးလည်းတွေ့လိုက်တယ် စက်ဝန်းက အနှစ်ကိုပဲကြည့်နေတာ မွန်လေးတောင်ကြားထဲကအားနာလာတယ် "
"အနှစ်သိလား အနှစ်က စက်ဝန်းကိုသူ့စံတွေနဲ့ဖီဆန်စေတဲ့မိန်းကလေးပဲ ကျွန်တော်တောင်မနာလိုလာပြီ"
"အဟွတ်!..."
အနှစ် ခေါက်ဆွဲသီး၏။
စက်ဝန်းသည် အနှစ်ကို တစ်သျှူးတွေထုတ်ပေးကာ ထင်ရှားကိုလှမ်းဆူ၏။
"ထင်ရှားသူရ မင်းမစားရင် ထွက်သွား...ငါ့အကြောင်းကိုငါ့အရှေ့လာပြောတာ နားထောင်ကောင်းတယ်ထင်နေလား ခွေးကောင်"
အနှစ်က စက်ဝန်းပေးတဲ့တစ်သျှူးကိုမယူဘဲ ကိုယ့်ဘာသာဘူးထဲကထုတ်ယူ၏။ ပြီးမှ...
"အနှစ်နဲ့စက်ဝန်းအလွန်က ဘာမှမဆိုင်ဘူးကိုထင်ရှား အနှစ်မှာ လက်ထပ်ရမဲ့သူရှိတယ် ကျောင်းပြီးရင်လက်ထပ်ရမှာ "
"ဗျာ!..."
"ဒါကြောင့် အထင်လွဲစေနိုင်တဲ့ကိစ္စလေးတွေမပြောရင်ကောင်းမယ်"
အနှစ်စကားကြောင့် ထင်ရှားမှာဘာစကားမှပြန်မပြောနိုင်။ ပါးစပ်ဟောင်းလောင်းနဲ့ယင်ကောင်ပင်ဝင်တော့မည်။ စက်ဝန်းကိုကြည့်တော့လည်း စိတ်တိုတာမျိုးမရှိဘဲ တည်ငြိမ်နေ၏။
မဟုတ်မှ ငါ့ကောင် အစောကြီးကတည်းက ငြင်းခံလိုက်ရတာလား။
သူမစကားကြောင့် စက်ဝန်းမျက်နှာအနည်းငယ်ပြုံးသွား၏။ မာနထိ၍လား သူမလက်ထပ်ရမည့်သူက သူဖြစ်နေ၍လှောင်ပြုံးလားဆိုတာ ကာယကံရှင်ကိုယ်တိုင်ပဲသိပါလိမ့်မည်။
"တောင်းပန်ပါတယ်အနှစ် ကျွန်တော်တစ်ကယ်မသိလို့ပါ"
"ရတယ် ရှင်မသိလို့ပြောတာပဲ ဘာမဖြစ်ဘူး"
သူတို့ဝိုင်းတိတ်ဆိတ်သွား၏။ စားသူကစား၊ ဖုန်းကြည့်သူက ကြည့်ဖြင့် ထင်ရှားတစ်ယောက်သာ ကြောင်တောင်တောင်နဲ့စက်ဝန်းကိုကြည့်လိုက်၊ အနှစ်ကိုကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေတော့သည်။
✿............✿...........✿
အနှစ်လက်ထပ်မဲ့သူရှိတယ်လို့ သူတို့အားလုံးသိပြီးသည့်နောက် စက်ဝန်းနဲ့အနှစ်ကို စသည့်စကားမျိုးမကြားရတော့။ စက်ဝန်းကတော့ အရင်လိုပါပဲ။ တစ်ခါတစ်ရံဘေးနားမှာကောင်မလေးတွေတွေ့တတ်ပြီး တွဲနေပါတယ်လို့သေချာရေရာမှုမရှိသည့် ပတ်သတ်မှုနဲ့သာဖြစ်သည်။ ပြောရမယ်ဆိုရင် ထင်ရှား ဒီလိုပုံစံကို အရင်ကတည်းက ခဏခဏမြင်ဖူးသည်။ စက်ဝန်းတွဲတဲ့သူက လွန်းမြတ်၊ဘေဘီရတီ၊ခေတ်သစ်တို့သုံးယောက်သာရှိသည်။ ကျန်တဲ့မိန်းကလေးတွေက အီစီကလီအဆင့်မှာသာ။
ထို့ကြောင့် ထင်ရှားမနေနိုင်စွာ မေးမိတော့သည်။
"မင်း အနှစ်ကိုကြိုက်တာသေချာလို့လား..."
အိမ်ပြန်လမ်းမှာ ထင်ရှားကတည်ကြည်စွာမေးလာပါသည်။ စက်ဝန်းမျက်နှာကိုမဲ့လိုက်ပြီး...
"မပြောတတ်ဘူး ငါဘယ်တုန်းက ကြိုက်ပါတယ်လို့ပြောဖူးလို့လဲ"
"ဒါကဘာသဘောလဲဟေ့ကောင် မင်း! အနှစ်ကို နှောက်နေတာလား"
စက်ဝန်း မှန်းရခက်တဲ့အပြုံးမျိုးကို မျက်နှာချောချောမထက်မှာ ဖန်တီးလိုက်ရင်း...
"ဘာကိုပြောတာလဲ ငါ့ဘက်က အနှစ်သာရနဲ့ပတ်သတ်ပြီး ဘာမှမပြောထားဘူး"
"မင်း တစ်ကယ်ပဲ!.."
ထင်ရှားဘာပြန်ပြောကမလဲကိုမသိတော့ပေ။ ဒီကောင် အနှစ်ကိုကြိုက်နေတယ်လို့ပဲထင်ထားတာ။ အနှစ်လက်ထပ်မဲ့သူရှိတယ်ဆိုတော့လည်း အေးအေးဆေးဆေးပင်။ သူဘာတွေတွေးနေမှန်းထင်ရှားနားမလည်နိုင်တော့ပေ။
"အဲ့တာထက် အခုထိ မင်းကိစ္စက အဖြေမတွေ့သေးဘူးလား"
စက်ဝန်းခေါင်းခါသည်။ သူ မိန်းကလေးတွေနဲ့တွဲရတဲ့အကြောင်းအရင်းက ကောင်မလေးတစ်ယောက်ကိုရှာချင်လို့တဲ့။ ကြည့်ရတာ အခုထိရှာလို့မတွေ့သေးဘူးထင်သည်။ စက်ဝန်းက အနှစ်ကိုမဟုတ်ဘဲ ထိုမိန်းကလေးကိုသာသဘောကျနေတယ်ထင်သည်။
"ဟင်းး အနှစ်ကအတော်အသည်းမာတယ်နော်...ဒါပေမဲ့ မိဘပေးစားတာကိုကျ လွယ်လွယ်လက်ခံနိုင်တယ်တဲ့ မယုံနိုင်စရာပဲ"
"ဟုတ်တယ် ဒီမိန်းကလေးက ရှားပါးပစ္စည်းပဲ စိတ်ဝင်စားလာပြီ"
စက်ဝန်းအပြုံးကြောင့် ထင်ရှားမျက်လုံးတို့ပြူးကျယ်သွားပြီး...
"မင်း! အနှစ်ကိုခိုးပြေးမလို့လား တစ်ကယ်မကြိုက်ရင်တောင် မင်းမာနတွေကြောင့်နဲ့တော့ မလုပ်သင့်ဘူး လက်စားချေတာမျိုးက မကောင်းဘူး"
"အဟက်! မင်းဗမာကားတွေကြည့်တာ များနေပြီ ငါကဘာလို့ခိုးပြေးရမှာလဲ ကိုယ့်ကိုမချစ်တဲ့မိန်းမကို!...ငါက သူမကို ကိုယ်ချင်းစာတတ်စေချင်တာ"
မဟုတ်ဘူး မဟုတ်ဘူး...မာနကြီးလှတဲ့မင်းက ဒီလောက်ထိ ချေခံလိုက်ရတာကို ငြိမ်ခံနေမဲ့သူမဟုတ်ဘူး...မဟုတ်မှ ကိုယ်ချင်းစာတတ်စေချင်တယ်ဆိုတာက!!!
ကား ကားနဲ့တိုက်မလို့လား! ငါ့ကိုမကြိုက်တဲ့မိန်းမဆိုပြီး...
"မင်းတွေးနေသလိုပဲ ဒါဆို ငါထပ်ပြီးအချေမခံရတော့ဘူး"
စက်ဝန်းပြောချင်တာက မရှိတော့ရင် အချေမခံရတော့ဘူးပေါ့။
ဘုရားရေ။ ထင်ရှားအကြီးအကျယ်တုန်လှုပ်သွားပါတော့သည်။
ကိုယ့်ကိုချေတဲ့သူကို ဂရုမစိုက်သလိုနေရင် တစ်ဖက်က နေရခက်ပြီး မနေနိုင်၊မထိုင်နိုင်ဖြစ်ပြီး သူ့ကိုစကားပြန်ပြောလာလိမ့်မည်။ ဒါဆို သူအချေခံရတာမဟုတ်တော့ဘူး။ စက်ဝန်းအတွေးက ထိုသို့ဖြစ်သည်။
"ဖြေးဖြေးမောင်း စက်ဝန်း..."
သူကားကိုအရှိန်တင်တော့ အလန့်တကြားအော်ပြောလာသည့်ထင်ရှား။
"ဖြေးဖြေးစီးတာ အန္တရာယ်ကင်းတယ်"
ဒီကောင်ဘာကိုလန့်နေတာလဲ။ ပုံမှန်လည်း ဒီလိုအရှိန်တင်နေကျပဲ။
တစ်ခါတစ်လေ အတွေးတွေက လွဲနေတော့လည်း...
(အတွေးလွဲတာကို ဟာသအနေနဲ့ထည့်ရေးထားတာမို့ ဖတ်ရတာ အဆင်မပြေဖြစ်ပါလိမ့်မယ်။)
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(9)
"သားငယ္ သားဒယ္ဒီ အလုပ္ထဲမွာ မေတာ္တဆျဖစ္လို႔ ေဆး႐ုံတင္ထားရတယ္" ဆိုေသာ မာမီရဲ႕ဖုန္းဆက္လာမႈေၾကာင့္ စက္ဝန္း စင္ကာပူကို ခ်က္ခ်င္းျပန္သြားရသည္။
သူေရာက္ေတာ့ ဒယ္ဒီက အေရးႀကီးအေျခအေနကေန လႊတ္လာၿပီျဖစ္သည္။ စိုးရိမ္စရာအေျခအေနမဟုတ္ေတာ့ေပမဲ့ ေစာင့္ၾကည့္အေျခအေနမွာရွိသည္။
သူစင္ကာပူေရာက္ၿပီးေနာက္ရက္မွာ ဒယ္ဒီသတိျပန္ရလာသည္။ အစက ျမန္မာႏိုင္ငံကိုသြားခဲ့လို႔ စိတ္ဆိုးေနေပမဲ့အသက္ေဘးက သီသီေလးလႊတ္လာရေတာ့ အတၱေတြခဝါခ်ၿပီး အရာအားလုံးနားလည္သြားၿပီထင္ပါသည္။ စကားေျပာလာ၏။
"ဒယ္ဒီေျပာစရာရွိတယ္"
ဒယ္ဒီသက္သာလာၿပီး ေဆး႐ုံဆင္းတဲ့ေန႔မွာ အေရးႀကီးကိစၥေျပာစရာရွိတယ္ဟုဆိုလာသည္။
"သားႀကီးကေတာ့ သိလိမ့္မယ္ သားငယ္အတြက္ေတာ့ အသစ္ေပါ့ ဒယ္ဒီတို႔ သားတို႔ကို အိမ္ေထာင္ခ်ေပးဖို႔အစီအစဥ္ရွိတယ္ "
"ကြၽန္ေတာ့္မွာ ခ်စ္သူရွိပါတယ္ဒယ္ဒီ "
ကိုကိုက ခ်က္ခ်င္းလက္မခံႏိုင္ေၾကာင္းကန႔္ကြက္၏။ သူက ကိုကို႔လို ကန႔္ကြက္ရေအာင္ကလည္း ခ်စ္တဲ့သူက အေျဖျပန္မေပးဘဲ ျငင္းထားေတာ့ ဘာေျပာရမွန္းမသိ။
"သားငယ္ကေရာ"
"ကြၽန္ေတာ့္မွာ သေဘာက်ရတဲ့သူရွိတယ္"
"အင္းး ဒယ္ဒီက သားတို႔ႏွစ္ေယာက္ထဲကတစ္ေယာက္နဲ႔လက္ထပ္ေပးဖို႔ဆုံးျဖတ္ထားၿပီးသား...သားႀကီးကေရာ "
"ကြၽန္ေတာ္လက္မခံဘူး သူက ကြၽန္ေတာ့္စတိုင္လ္မဟုတ္ဘူး "
ဒယ္ဒီနဲ႔မာမီ ကိုကို႔စကားေၾကာင့္သက္ျပင္းေတြခ်၏။ ကိုကိုကေတာင္ ျမင္ဖူးၿပီး ျငင္းတာ။ သူကမျမင္ဖူးပဲနဲ႔ယူစရာလား။
"ဒါဆို သားငယ္ "
"အခုေခတ္မွာ ဘယ္သူက မိဘေပးစားတာ ယူၾကလို႔လဲ ဒယ္ဒီ...ကြၽန္ေတာ္မယူႏိုင္ဘူး"
"တစ္ဖက္က မိသားစုက ဒယ္ဒီတို႔ရဲ႕အသက္သခင္ေက်းဇူးရွင္...သားငယ္ ဆယ္ႏွစ္တုန္းက ေရမကူးတတ္ဘဲ ေရကူးေတာ့ ေရစီးထဲေမွ်ာပါသြားခဲ့တယ္ ဒါကို မင္းထက္ကအသက္စြန္႔ကယ္ခဲ့ေပးတာ ဒါေၾကာင့္ သူတို႔မိသားစုကို ေက်းဇူးဆပ္ပါမယ္လို႔ကတိေပးခဲ့တာ ဒယ္ဒီတို႔ကအေနေဝးေပမဲ့ အဆက္အသြယ္အၿမဲလုပ္ျဖစ္ၾကတယ္ မင္းထက္ကမရွိေတာ့ေပမဲ့ တည္ထားတဲ့ကတိကိုေတာ့ တည္ရမယ္သားငယ္ အိမ့္မႉးကိုေျပာျပေတာ့လည္း လက္ခံတယ္"
"ေက်းဇူးဆပ္တာက ဒီတိုင္းေငြေထာက္ပံ့လည္းျဖစ္တာပဲ မာမီ...လက္ထပ္စရာမလိုဘူး"
"ေက်းဇူးတရားကို ေငြနဲ႔ေျဖရွင္းလို႔မရဘူးသားငယ္ အိမ့္မႉးတို႔က ပိုက္ဆံမခ်မ္းသာေပမဲ့ သိကၡာနဲ႔မာနတရားကခ်မ္းသာတယ္ မာမီတို႔ပိုက္ဆံေပးလို႔ရရင္ သားတို႔ကို ဘာလို႔ေျပာျပေနဦးမွာလဲ ဟင္...မာမီတို႔ ဒီတိုင္းေထာက္ပံ့ေပးမွာေပါ့"
"စက္ဝန္းကို အန္ကယ္မင္းထက္က ကယ္ခဲ့တာဆို ေက်းဇူးကလည္း စက္ဝန္းပဲဆပ္သင့္တယ္မာမီ...ကြၽန္ေတာ္ကေတာ့ မယူဘူး ကြၽန္ေတာ့္မွာ လက္ထပ္ဖို႔ထိရည္႐ြယ္ထားတဲ့မိန္းကေလးရွိၿပီးသား"
ကိုကိုက ျပတ္သည္။ အစပိုင္းက ဇာတ္ေၾကာင္းမသိေသးေတာ့ ၿငိမ္နားေထာင္ေနေပမဲ့ သူ႔ေၾကာင့္ဆိုတာ သိေတာ့ သူ႔ဆီပုံခ်သြားသည္။
"ကိုကို ကြၽန္ေတာ္လည္း သေဘာက်ရသူရွိတယ္"
"မင္းက သေဘာက်႐ုံပဲေလ သူကေရာ သေဘာက်လို႔လား "
သူျပန္မေျဖႏိုင္။ အႏွစ္ကမွ သူ႔ကိုသေဘာမက်တာ။
"ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္မယူဘူး "
"သားငယ္ "
က်စ္...
မာမီနဲ႔ဒယ္ဒီရဲ႕အၾကည့္က သူ႔ဆီေရာက္လာ၏။
"အိမ့္မႉးရဲ႕သမီးေတာင္ လက္ခံေသးတယ္ မင္းကဘာလို႔လက္မခံတာလဲ..."
"ျမင္ေတာင္မျမင္ဖူးတဲ့သူကို လက္ခံတာ အဲ့ဒီမိသားစုပဲရွိမွာဒယ္ဒီ ကြၽန္ေတာ္ ညီမအျဖစ္ေမြးစားဆိုရင္လက္ခံမယ္ ယူေတာ့မယူႏိုင္ဘူး"
သူ ယတိျပတ္ျငင္းသည္။ မျမင္ဖူးတဲ့သူတစ္ေယာက္ကိုယူရေလာက္တဲ့ထိ ေက်းဇူးနဲ႔သိကၡာကို မကိုးကြယ္ပါ။
သူေျပာၿပီး ထြက္ခဲ့၏။ ေနာက္ကေန ကိုကိုကေျပးလိုက္လာကာ သူ႔ကိုတား၏။
"စက္ဝန္း..."
"မလိုက္လာနဲ႔ "
"ဘရားသား စိတ္ေလွ်ာ့ထား...မင္းလက္မခံရင္ ငါယူရမွာ ငါ့ကိုငါခ်စ္တဲ့သူနဲ႔ကြဲေစခ်င္တာလားဟင္..."
"ဒါဆို ကြၽန္ေတာ္က မခ်စ္တဲ့သူနဲ႔ယူေပးရမွာေပါ့ ဟာသပဲကိုကို က်န္တာအေလွ်ာ့ေပးခဲ့ေပမဲ့ ဒါေတာ့အေလွ်ာ့မေပးဘူး ကြၽန္ေတာ္လုံးဝလက္မထပ္ႏိုင္ဘူး"
"ဒါဆို အန္တီအိမ္မႉးသာရတို႔မိသားစုကို ဘယ္လိုလုပ္မလဲ လက္ထပ္ပြဲကိုလက္ခံၿပီးမွ သတိုးသားဘက္ကမယူခ်င္လို႔ဆိုရင္ သူတို႔သိကၡာ၊ မာမီတို႔သိကၡာ၊ ဆက္ဆံေရးအကုန္ထိခိုက္ကုန္မွာစက္ဝန္း"
အန္တီအိမ္မႉးသာရ။ တီခ်ယ္အိမ့္မႉးသာရ။ နာမည္တူတူပဲ။
"အန္တီအိမ့္မႉးနာမည္အရင္းက အိမ့္မႉးသာရလား..."
"အင္း မင္းတို႔ဆုံျဖစ္လို႔လား တကၠသိုလ္က်ဴတာပဲလို႔ေျပာတယ္ သိေနတာလား"
သူ႔စိတ္ညစ္စြာ ညည္းညဴမိေတာ့သည္။
တီခ်ယ္...တီခ်ယ္ရဲ႕သမီးနဲ႔တဲ့လား။
"မင္းတို႔အသိေတြလား "
"အင္း ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲကိုကို!..."
"အေတာ္ပဲေပါ့ ဒါဆို အန္တီအိမ့္မႉးသမီးကိုေရာေတြ႕ဖူးလား "
"ဟင့္အင္း ကြၽန္ေတာ္မသိဘူး "
"ငါ ဒယ္ဒီ့နားက ပုံထပ္ေတာင္းထားတယ္ ျပမယ္..."
ကိုကိုက ဖုန္းဖြင့္ၿပီး ဓာတ္ပုံႏွစ္ပုံထုတ္ျပ၏။ ထိုဓာတ္ပုံကိုျမင္လိုက္ရခ်ိန္ သူ႔မ်က္လုံးတို႔သည္ ဓာတ္ပုံကိုသာစူးစိုက္ၾကည့္မိေနေတာ့သည္။ တီခ်ယ္နဲ႔အႏွစ္သာရက ဘြဲ႕ဝတ္စုံနဲ႔ကိုမင္းထက္ေဘးမွာရပ္ကာ ရယ္ေနသည့္ပုံ။ ၿပီးေတာ့ တီခ်ယ့္ေဘးနားမွာရပ္ေနသည့္ ေယာက်ာ္းတစ္ေယာက္နဲ႔ တီခ်ယ္တို႔သုံးေယာက္ပုံ။
ဘယ္လိုျဖစ္ႏိုင္မွာလဲ...မိဘေတြ လက္ထပ္ေပးဖို႔စီစဥ္ထားတဲ့သူက အႏွစ္သာရ။ တီခ်ယ္အိမ့္မႉးရဲ႕သမီးက အႏွစ္သာရတဲ့လား။ ကံတရားက ဒီေလာက္ေတာင္ တိုက္ဆိုင္တာလား။
"ဘယ္လိုလဲ ေဘးက ေကာင္မေလးပဲ အလယ္ကသူ႔အစ္ကို "
"အင္း "
သူ ျမက္ခင္းျပင္ေပၚ ထိုင္ခ်လိုက္၏။ တီခ်ယ္နဲ႔အႏွစ္၊ကိုမင္းထက္တို႔က သားအမိ။ သူဘာလို႔မသိရတာလဲ။ သူဓာတ္ပုံကိုမမွိတ္မသုန္စိုက္ၾကည့္ေနမိ၏။ ကိုကိုကသူ႔ပုခုံးကိုပုတ္ကာ...
"သေဘာက်တယ္ဆိုရင္လက္ခံလိုက္ကြာ...သေဘာက်တယ္မလား "
"အင္း တိုက္ဆိုင္သြားတယ္"
"အင္း!? ဘာလဲ သူကမင္းနဲ႔ရင္းႏွီးတာလား အသိေတြလား တစ္ကယ္လက္ခံမွာလား"
"ကြၽန္ေတာ့္အခ်စ္ကိုပထမဆုံးျငင္းတဲ့မိန္းကေလး မာနႀကီးၿပီး ႐ိုးရွင္းတယ္ ကိုကို႔ကိုေျပာတဲ့မိန္းကေလးကလည္းသူပဲ"
"ဝါး...ဒီမိန္းကေလးကိုေလးစားသြားၿပီ...မင္းကိုျငင္းတယ္ "
"အင္း "
"အဟက္"
"ဒါဆို မင္းလက္ခံလိုက္ၿပီေနာ္ ျပန္မေျပာင္းေၾကး ဒယ္ဒီကိုသြားေျပာလိုက္မယ္ "
"ခဏ..."
ကိုကို႔လက္ကိုလွမ္းဆြဲေတာ့ အရွိန္ေၾကာင့္ ေနာက္ျပန္လွန္က်၏။
"ဟ ဘာလုပ္တာလဲ "
"ကြၽန္ေတာ့္ပုံ အန္တီအိမ့္မႉးဆီမပို႔ေပးနဲ႔ ေနာက္မွ သိပါေစ"
"အိုေခ..."
ကိုကိုသည္ သူမယူရလို႔လားမသိ။ ကၿပီးေတာ့သြားေန၏။
ကိုကိုထြက္သြားသည္ႏွင့္ သူခ်က္ခ်င္းအႏွစ္ကိုေခၚသည္။
"ဟဲလို "
"အႏွစ္ ငါ့ကိုျငင္းရတဲ့အေၾကာင္းအရင္းက မင္းလက္ထပ္ရေတာ့မွာမလို႔လား..."
တစ္ဖက္မွအႏွစ္အံ့ဩသြား၏။ သူက သူမလက္ထပ္ရေတာ့မွာကိုဘယ္လိုသိတာလဲ။ မ်က္လုံးထဲမွာသူေနသည့္အိမ္ေပၚလာသည္။ ခ်မ္းသာသူက စုံစမ္းထားတာေနမွာပါ။
"အင္း ဟုတ္တယ္ ကြၽန္မကမၾကာခင္လက္ထပ္ရေတာ့မွာမို႔ျငင္းတာ ရွင္လိုခ်င္တဲ့အေျဖရၿပီမလား"
တီ...တီ
အႏွစ္က ဒါပဲေျပာၿပီးဖုန္းခ်သြား၏။
ဒါေပမဲ့ဘယ္လိုလုပ္မလဲ မင္းလက္ထပ္ရမဲ့သူက ငါျဖစ္ေနတယ္။
အႏွစ္...ကံတရားက ငါတို႔ႏွစ္ေယာက္ကို ဆြဲလိုက္တြန္းလိုက္လုပ္ေနတာပဲ။ အဟြန႔္။
သူလက္ထပ္ပြဲကိုလက္ခံတယ္ဆိုေတာ့ မာမီနဲ႔ဒယ္ဒီက တအံ့တဩ။ ေန႔လည္ကမွျငင္းထားတာ ညေနက်လက္ခံတယ္ဆိုေတာ့ မအံ့ဩဘဲေနပါ့မလား။ သို႔ေသာ္ ကိုကိုက အေၾကာင္းစုံကိုေဖာက္သည္ခ်ထားၿပီးသားမလို႔ စိတ္ေတာ့ခ်သြားပါသည္။
သူခြင့္ရက္တစ္ပတ္သာ ယူခဲ့တာမို႔ ခုႏွစ္ရက္ေနၿပီး ျပန္လာခဲ့ပါသည္။
ငါ့ကိုခ်စ္ဖို႔အခ်ိန္ယူခ်င္တယ္ဆိုရင္ လက္ထပ္ၿပီးရင္ ႀကိဳက္သေလာက္ယူ အႏွစ္။ မင္း ငါ့ရဲ႕ဆြဲေဆာင္မႈေအာက္မွာ က်ရႈံးသြားေအာင္ႀကိဳးစားမယ္။ ဒါက ငါ့ရဲ႕ေနာက္ဆုံးေသာမာန။
တစ္ဖက္ကေနေတြးၾကည့္မယ္ဆိုရင္ေရာ ဒီလိုလြယ္လြယ္ကူကူလက္ခံႏိုင္မွာလား?!!!
မာနၿပိဳင္ၾကမဲ့ဂိမ္း...
✿............✿...........✿
"တီခ်ယ္နဲ႔အႏွစ္က သားအမိေတြ!..."
ထင္ရွားက အလန႔္တၾကားထေအာ္၏။ စက္ဝန္းထင္ရွားကို မေက်မနပ္ၾကည့္လိုက္ၿပီး...
"မင္းမသိဘူးလို႔ေတာ့မေျပာနဲ႔ ငါ့ထက္ မင္းက သူတို႔နဲ႔ေနတာ ပိုမ်ားတယ္"
"ကြၽတ္ ေနတာမ်ားတိုင္းသိရမွာလား...ငါ့႐ုပ္ကအဲ့ေလာက္စပ္စုတဲ့ပုံေပါက္လို႔လား"
"မင္းစပ္စုတတ္တာ လူတိုင္းသိတယ္...ေပါက္စရာမလိုဘူး"
"ေခြးေကာင္!.."
ထင္ရွားက အားရပါးရကိုဆဲခ်၏။ အသံက်ယ္သြားတာမို႔ ေဘးဝိုင္းကလူေတြက လွည့္ၾကည့္ေနၾကေသးသည္။
"ငါတစ္ကယ္မသိဘူး...ေတာ္ေသးတယ္ တီခ်ယ္ေရွ႕မွာ အႏွစ္ရဲ႕အတင္းမေျပာမိလို႔ "
"တို႔ထိုင္လို႔ရလား..."
သူတို႔စကားေျပာေနစဥ္မွာ ဝိုင္းထဲဝင္ဖို႔ႀကိဳးစားလာသည့္မိန္းကေလး E Majorက တံတိုင္းတည္တံ့။ ထင္ရွား အနားေရာက္လာသူကို ေငးခနဲျဖစ္သြား၏။ လွလိုက္တာ။
"ရ!..."
"မရဘူး ထိုင္ခုံကလူရွိတယ္ "
စက္ဝန္းက ထင္ရွားစကားကိုျဖတ္ေျပာလိုက္သည္။
"ဒါဆို ေဘးဝိုင္းကခုံယူထိုင္မယ္ေနာ္..."
စက္ဝန္းမ်က္ခုံးေတြတြန႔္ခ်ိဳးကုန္၏။ ဘယ္လိုမိန္းကေလးလဲ။ သူကကပ္တြယ္တတ္တဲ့မိန္းကေလးဆို ၾကည့္လို႔မရ။ အခုလိုမ်ိဳး တစြတ္ထိုးဆို ပိုဆိုးသည္။
"တို႔ကိုသိလား "
"...."
တံတိုင္းတည္တံ့ရဲ႕အေမးကို စက္ဝန္းဘာမွတုန႔္ျပန္မေျပာလာ။
"ကြၽန္ေတာ္ၾကားဖူး!.."
"ရွင့္ကိုေမးတာမဟုတ္ဘူး သူ႔ကိုေမးတာ"
စက္ဝန္းကိုလက္ညိဳးထိုးကာ ေျဖလာသူေၾကာင့္ မိတ္ဆက္ဖို႔ေတြးထားသည့္ ထင္ရွားပါးစပ္ေပါက္ပိတ္သြား၏။
"ဟုတ္ကဲ့"
"စက္ဝန္းအလြန္ တို႔က Welcomeေန႔က E Majorကိုယ္စားျပဳကြင္းေလွ်ာက္တဲ့တစ္ေယာက္ေလ မွတ္မိတယ္မလား အတူတူေလ့က်င့္တဲ့သူေတြပဲဟာ"
"မသိဘူး "
"တို႔ေတြ အတူတူေန႔လည္စာစားဖူးတယ္ေလ"
"မင္းနဲ႔တစ္ခါမွ မစားဖူးဘူး "
တံတိုင္းတည္တံ့ ဘာေျပာရမွန္းမသိေတာ့။ စက္ဝန္းအလြန္နဲ႔ လမ္းေလွ်ာက္က်င့္တဲ့ေန႔က သူတို႔အားလုံးေန႔လည္စာအတူတူစားခဲ့ၾကတာကို မမွတ္မိဘူးတဲ့။ သူမဆီကို အၾကည့္ေတာင္ေရာက္ခဲ့ေသးတာကို။
"ရီဟာဇယ္ၿပီးတဲ့ေန႔ကေလ စက္ဝန္းမမွတ္မိဘူးလား တို႔က သိတယ္ေတာင္ထင္ေနတာ"
"ေဆာရီး မမွတ္မိဘူး "
တည္တံ့မာနထိသြား၏။ စက္ဝန္းအလြန္မာနႀကီးတာၾကားဖူးေပမဲ့ သူမအေပၚေတာ့ ေဖာ္ေ႐ြမယ္ထင္ခဲ့တာ။ ၿပီးေတာ့ အၾကည့္က သူမဆီေသခ်ာေပါက္ေရာက္ခဲ့တာ။ သူမ်ားစကားအရင္စေျပာမလားဆိုတဲ့စိတ္နဲ႔ေစာင့္ခဲ့တာ။ ငါးလၾကာသည္အထိစကားစမလာေသးတာေၾကာင့္ အရင္လာေျပာျခင္းျဖစ္သည္။
တည္တံ့ထပ္မံၿပဳံးလိုက္ရင္း မာနထိလက္စနဲ႔ မိတ္ဖြဲ႕လိုက္ေတာ့မယ္။
"ဒါဆို မိတ္ဆက္မယ္ေနာ္ တို႔က E Majorကတံတိုင္းတည္တံ့...တည္တံလို႔ေခၚလည္းရတယ္ ရင္းရင္းႏွီးႏွီးေပါ့"
ထိုအခါစက္ဝန္းသည္ ဘာမွမေျပာဘဲ တည္တံ့ကိုေက်ာ္ကာ ေနာက္မွာ ေရာက္လာသည့္အႏွစ္ကို လွမ္းၾကည့္သည္။ အႏွစ္က စက္ဝန္းတို႔ကိုေတြ႕ေပမဲ့ မျမင္ခ်င္ေယာင္ေဆာင္ကာ ေက်ာ္သြားဖို႔လုပ္သည္။ သို႔ေသာ္ စက္ဝန္းက အႏွစ္လက္ကိုဆြဲထား၏။
"ဘာလဲ..."
"ဒီမွာ မင္းတို႔အတြက္ ခုံရွိတယ္"
"မလိုပါဘူး"
"မင္းမထိုင္ရင္ မင္းထိုင္တဲ့ဝိုင္း ငါလိုက္ထိုင္မယ္"
အႏွစ္ သူ႔ေဘးက ဧည့္သည္မိန္းမလွေလးကိုတစ္ခ်က္ၾကည့္လိုက္ၿပီး...
"လက္လႊတ္...ကြၽန္မဗိုက္ဆာေနၿပီ "
"အိုေခ!..."
ထိုအခါမွလႊတ္ေပးသည္။ အႏွစ္နဲ႔မြန္ေလးလည္း ထိုဝိုင္းမွာသာထိုင္လိုက္ၾကသည္။ ထိုင္ယုံရွိေသး။ အႏွစ္တို႔ေရွ႕ေရာက္လာသည့္ ေခါက္ဆြဲပန္းကန္။
"ႀကိဳမွာေပးထားတာ "
သူက အႏွစ္မ်က္လုံးတည့္တည့္ကိုၾကည့္ၿပီးဆိုပါသည္။ ေဘးနားမွာ သူ႔ဧည့္သည္ရွိတယ္လို႔ပင္မထင္။
စက္ဝန္းအလြန္ အရမ္းကို အလိုက္သိလြန္းေနတယ္။ သူနဲ႔မတူ ဘယ္လိုျဖစ္ေနတာလဲ။
"ေက်းဇူးတင္ပါတယ္"
"မလိုပါဘူး မြန္ေလးရာ...ျမန္ျမန္စား ဗိုက္ဆာေနတယ္ဆို"
ထင္ရွားကလည္း လိုက္ေလ်ာညီေထြျဖစ္ေအာင္ ဝင္ေျပာ၏။
"ဒါဆို ဆက္စားၾကပါ တို႔သြားေတာ့မယ္စက္ဝန္း"
"အိုေခ "
တံတိုင္းတည္တံ့ကမ်က္ႏွာပ်က္စြာထြက္သြားေပမဲ့ စက္ဝန္းကေတာ့ ေအးေဆးက်န္ခဲ့၏။ တည္တံ့ထြက္သြားသည့္အခါ ထင္ရွားအသံထြက္လာ၏။
"စက္ဝန္းက တစ္ကယ့္ကင္းပဲ ငါသာ တည္တံ့လိုမိန္းကေလးစကားလာေျပာရင္ ေပ်ာ္ၿပီးေသေလာက္ၿပီ အခုေတာ့ သူက ငါ့ကို ဂ႐ုေတာင္မစိုက္သြားဘူး"
"ဘာေျပာတာလဲ "
"လာမိတ္ဆက္တာ ဒါကို သေကာင့္သားက ေသခ်ာေတာင္မၾကည့္ဘဲ ျငင္းလိုက္တယ္..."
"မြန္ေလးလည္းေတြ႕လိုက္တယ္ စက္ဝန္းက အႏွစ္ကိုပဲၾကည့္ေနတာ မြန္ေလးေတာင္ၾကားထဲကအားနာလာတယ္ "
"အႏွစ္သိလား အႏွစ္က စက္ဝန္းကိုသူ႔စံေတြနဲ႔ဖီဆန္ေစတဲ့မိန္းကေလးပဲ ကြၽန္ေတာ္ေတာင္မနာလိုလာၿပီ"
"အဟြတ္!..."
အႏွစ္ ေခါက္ဆြဲသီး၏။
စက္ဝန္းသည္ အႏွစ္ကို တစ္သွ်ဴးေတြထုတ္ေပးကာ ထင္ရွားကိုလွမ္းဆူ၏။
"ထင္ရွားသူရ မင္းမစားရင္ ထြက္သြား...ငါ့အေၾကာင္းကိုငါ့အေရွ႕လာေျပာတာ နားေထာင္ေကာင္းတယ္ထင္ေနလား ေခြးေကာင္"
အႏွစ္က စက္ဝန္းေပးတဲ့တစ္သွ်ဴးကိုမယူဘဲ ကိုယ့္ဘာသာဘူးထဲကထုတ္ယူ၏။ ၿပီးမွ...
"အႏွစ္နဲ႔စက္ဝန္းအလြန္က ဘာမွမဆိုင္ဘူးကိုထင္ရွား အႏွစ္မွာ လက္ထပ္ရမဲ့သူရွိတယ္ ေက်ာင္းၿပီးရင္လက္ထပ္ရမွာ "
"ဗ်ာ!..."
"ဒါေၾကာင့္ အထင္လြဲေစႏိုင္တဲ့ကိစၥေလးေတြမေျပာရင္ေကာင္းမယ္"
အႏွစ္စကားေၾကာင့္ ထင္ရွားမွာဘာစကားမွျပန္မေျပာႏိုင္။ ပါးစပ္ေဟာင္းေလာင္းနဲ႔ယင္ေကာင္ပင္ဝင္ေတာ့မည္။ စက္ဝန္းကိုၾကည့္ေတာ့လည္း စိတ္တိုတာမ်ိဳးမရွိဘဲ တည္ၿငိမ္ေန၏။
မဟုတ္မွ ငါ့ေကာင္ အေစာႀကီးကတည္းက ျငင္းခံလိုက္ရတာလား။
သူမစကားေၾကာင့္ စက္ဝန္းမ်က္ႏွာအနည္းငယ္ၿပဳံးသြား၏။ မာနထိ၍လား သူမလက္ထပ္ရမည့္သူက သူျဖစ္ေန၍ေလွာင္ၿပဳံးလားဆိုတာ ကာယကံရွင္ကိုယ္တိုင္ပဲသိပါလိမ့္မည္။
"ေတာင္းပန္ပါတယ္အႏွစ္ ကြၽန္ေတာ္တစ္ကယ္မသိလို႔ပါ"
"ရတယ္ ရွင္မသိလို႔ေျပာတာပဲ ဘာမျဖစ္ဘူး"
သူတို႔ဝိုင္းတိတ္ဆိတ္သြား၏။ စားသူကစား၊ ဖုန္းၾကည့္သူက ၾကည့္ျဖင့္ ထင္ရွားတစ္ေယာက္သာ ေၾကာင္ေတာင္ေတာင္နဲ႔စက္ဝန္းကိုၾကည့္လိုက္၊ အႏွစ္ကိုၾကည့္လိုက္ျဖင့္ အလုပ္ရႈပ္ေနေတာ့သည္။
✿............✿...........✿
အႏွစ္လက္ထပ္မဲ့သူရွိတယ္လို႔ သူတို႔အားလုံးသိၿပီးသည့္ေနာက္ စက္ဝန္းနဲ႔အႏွစ္ကို စသည့္စကားမ်ိဳးမၾကားရေတာ့။ စက္ဝန္းကေတာ့ အရင္လိုပါပဲ။ တစ္ခါတစ္ရံေဘးနားမွာေကာင္မေလးေတြေတြ႕တတ္ၿပီး တြဲေနပါတယ္လို႔ေသခ်ာေရရာမႈမရွိသည့္ ပတ္သတ္မႈနဲ႔သာျဖစ္သည္။ ေျပာရမယ္ဆိုရင္ ထင္ရွား ဒီလိုပုံစံကို အရင္ကတည္းက ခဏခဏျမင္ဖူးသည္။ စက္ဝန္းတြဲတဲ့သူက လြန္းျမတ္၊ေဘဘီရတီ၊ေခတ္သစ္တို႔သုံးေယာက္သာရွိသည္။ က်န္တဲ့မိန္းကေလးေတြက အီစီကလီအဆင့္မွာသာ။
ထို႔ေၾကာင့္ ထင္ရွားမေနႏိုင္စြာ ေမးမိေတာ့သည္။
"မင္း အႏွစ္ကိုႀကိဳက္တာေသခ်ာလို႔လား..."
အိမ္ျပန္လမ္းမွာ ထင္ရွားကတည္ၾကည္စြာေမးလာပါသည္။ စက္ဝန္းမ်က္ႏွာကိုမဲ့လိုက္ၿပီး...
"မေျပာတတ္ဘူး ငါဘယ္တုန္းက ႀကိဳက္ပါတယ္လို႔ေျပာဖူးလို႔လဲ"
"ဒါကဘာသေဘာလဲေဟ့ေကာင္ မင္း! အႏွစ္ကို ေႏွာက္ေနတာလား"
စက္ဝန္း မွန္းရခက္တဲ့အၿပဳံးမ်ိဳးကို မ်က္ႏွာေခ်ာေခ်ာမထက္မွာ ဖန္တီးလိုက္ရင္း...
"ဘာကိုေျပာတာလဲ ငါ့ဘက္က အႏွစ္သာရနဲ႔ပတ္သတ္ၿပီး ဘာမွမေျပာထားဘူး"
"မင္း တစ္ကယ္ပဲ!.."
ထင္ရွားဘာျပန္ေျပာကမလဲကိုမသိေတာ့ေပ။ ဒီေကာင္ အႏွစ္ကိုႀကိဳက္ေနတယ္လို႔ပဲထင္ထားတာ။ အႏွစ္လက္ထပ္မဲ့သူရွိတယ္ဆိုေတာ့လည္း ေအးေအးေဆးေဆးပင္။ သူဘာေတြေတြးေနမွန္းထင္ရွားနားမလည္ႏိုင္ေတာ့ေပ။
"အဲ့တာထက္ အခုထိ မင္းကိစၥက အေျဖမေတြ႕ေသးဘူးလား"
စက္ဝန္းေခါင္းခါသည္။ သူ မိန္းကေလးေတြနဲ႔တြဲရတဲ့အေၾကာင္းအရင္းက ေကာင္မေလးတစ္ေယာက္ကိုရွာခ်င္လို႔တဲ့။ ၾကည့္ရတာ အခုထိရွာလို႔မေတြ႕ေသးဘူးထင္သည္။ စက္ဝန္းက အႏွစ္ကိုမဟုတ္ဘဲ ထိုမိန္းကေလးကိုသာသေဘာက်ေနတယ္ထင္သည္။
"ဟင္းး အႏွစ္ကအေတာ္အသည္းမာတယ္ေနာ္...ဒါေပမဲ့ မိဘေပးစားတာကိုက် လြယ္လြယ္လက္ခံႏိုင္တယ္တဲ့ မယုံႏိုင္စရာပဲ"
"ဟုတ္တယ္ ဒီမိန္းကေလးက ရွားပါးပစၥည္းပဲ စိတ္ဝင္စားလာၿပီ"
စက္ဝန္းအၿပဳံးေၾကာင့္ ထင္ရွားမ်က္လုံးတို႔ျပဴးက်ယ္သြားၿပီး...
"မင္း! အႏွစ္ကိုခိုးေျပးမလို႔လား တစ္ကယ္မႀကိဳက္ရင္ေတာင္ မင္းမာနေတြေၾကာင့္နဲ႔ေတာ့ မလုပ္သင့္ဘူး လက္စားေခ်တာမ်ိဳးက မေကာင္းဘူး"
"အဟက္! မင္းဗမာကားေတြၾကည့္တာ မ်ားေနၿပီ ငါကဘာလို႔ခိုးေျပးရမွာလဲ ကိုယ့္ကိုမခ်စ္တဲ့မိန္းမကို!...ငါက သူမကို ကိုယ္ခ်င္းစာတတ္ေစခ်င္တာ"
မဟုတ္ဘူး မဟုတ္ဘူး...မာနႀကီးလွတဲ့မင္းက ဒီေလာက္ထိ ေခ်ခံလိုက္ရတာကို ၿငိမ္ခံေနမဲ့သူမဟုတ္ဘူး...မဟုတ္မွ ကိုယ္ခ်င္းစာတတ္ေစခ်င္တယ္ဆိုတာက!!!
ကား ကားနဲ႔တိုက္မလို႔လား! ငါ့ကိုမႀကိဳက္တဲ့မိန္းမဆိုၿပီး...
"မင္းေတြးေနသလိုပဲ ဒါဆို ငါထပ္ၿပီးအေခ်မခံရေတာ့ဘူး"
စက္ဝန္းေျပာခ်င္တာက မရွိေတာ့ရင္ အေခ်မခံရေတာ့ဘူးေပါ့။
ဘုရားေရ။ ထင္ရွားအႀကီးအက်ယ္တုန္လႈပ္သြားပါေတာ့သည္။
ကိုယ့္ကိုေခ်တဲ့သူကို ဂ႐ုမစိုက္သလိုေနရင္ တစ္ဖက္က ေနရခက္ၿပီး မေနႏိုင္၊မထိုင္ႏိုင္ျဖစ္ၿပီး သူ႔ကိုစကားျပန္ေျပာလာလိမ့္မည္။ ဒါဆို သူအေခ်ခံရတာမဟုတ္ေတာ့ဘူး။ စက္ဝန္းအေတြးက ထိုသို႔ျဖစ္သည္။
"ေျဖးေျဖးေမာင္း စက္ဝန္း..."
သူကားကိုအရွိန္တင္ေတာ့ အလန႔္တၾကားေအာ္ေျပာလာသည့္ထင္ရွား။
"ေျဖးေျဖးစီးတာ အႏၲရာယ္ကင္းတယ္"
ဒီေကာင္ဘာကိုလန႔္ေနတာလဲ။ ပုံမွန္လည္း ဒီလိုအရွိန္တင္ေနက်ပဲ။
တစ္ခါတစ္ေလ အေတြးေတြက လြဲေနေတာ့လည္း...
(အေတြးလြဲတာကို ဟာသအေနနဲ႔ထည့္ေရးထားတာမို႔ ဖတ္ရတာ အဆင္မေျပျဖစ္ပါလိမ့္မယ္။)
✿............✿...........✿
ဆက္ရန္