အချစ်က သူစေစားရာ 🌚🌚 ( ခေါင...
By NabeNabe549
432K 19.8K 791
အမွှာချင်း တူပေမယ့် သူမရဲ့ မွေးဖွားမှုမှာ ဒွိလိင် ပါဝင်နေတဲ့အတွက် ဖခင် ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ လ... More
Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခွင့်တိုင်ကြားခြင်း
Part - 42 ( Zg + Uni)
အသိပေးချက်
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 59 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)
Part - 66 ( Zg + Uni)
4.8K 227 8
By NabeNabe549
☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 66  )
ဝတ်ချင်တာလဲ.... ? "
ချော့လိုက်ရသည်။
ခြင်း ဖြစ်သည်။
ပါသေးသည်။
ဒါ့ကို သူ မကြိုက်။ သူ လိုချင်တာက
သူ့က သဘောကျတာလေ။
ကြိတ်ကြွားနေခဲ့သည်။ ဒေါ်ဖြူဖြူ က
ပြုံးစိစိ။
လား...??  ဒါမှမဟုတ် မောင်
ဆုမြတ် "
အတိုင်းပဲ "
" ခြီး..!!  "
" ဟားဟား... ဟားဟား "
အတွဲမှာ ပြုံးစိစိ။
-
-
-
-
-
-
-
-
-
-
" ဟုတ်ကဲ့ပါ အစ်​ကို ....
" ဟုတ်.. ဟုတ်ကဲ့ "
တွေ ပြူးနေလို့။
ရှိုးလိုက်ကြတဲ့အရှိုး။
ရယ်ရခက် ငိုရခက်။
ကို ကြည့်ကာ ပြုံးစိစိ။ ထက်ထက်ကတော့
ထုကလည်း ထုပစ်ချင်။
*************************
" ရွှတ်..!"
နမ်းရှိုက်လိုက်သဖြင့် ဖြူဖြူ မှာ မောင့်ကို ချစ်လို့ မဝ။
ပို၍  ချစ်မြဲပင်။ ယုတ်စွအဆုံး ဖြူဖြူ
ထုတ်ပေးထားမယ် "
" ရွှတ်..!!  "
သွားခဲ့သည်။
************************
ကပ်သလို "
နေသည်။
ဆိုင်က ကောင်မလေးတွေ ရှိုးနေ
ဒါ့ကို သူ မေ့နေတာပဲ။ သူ့ အချစ်ကလေး
" ဟုတ်သားပဲ ငါ မေ့နေတာ...
အချစ်မျက်ဝန်းတွေနဲ့ "
မညစ်နဲ့ "
လေးတွေနဲ့ "
ကွေးညွှတ်သွားရသည်။
ကြည့်ပေးလိုက်သည်။
" ချစ်တယ် သွေးသစ် "
ပျော်ရွင်ရသည်။
" မြမြမြ...!!  "
နမ်းရှိုက်နေတာကြောင့် ခြားနား နှုတ်ခမ်း
>>>>>>>>>>>>>>>>
ဘဲဥချဉ်ဟင်း "
" သမီးလေး ..!!  "
အန်တီကြည်ဖြူ။
ဘာပြောချင်လို့လဲ.. "
" ထိုင်ပါအုံး မကြည်ဖြူ "
ပြောလာကြသည်။ အန်​တီကြည်​ဖြူလည်း
" ဟဲ့.. သားငယ်. !!"
ချက်ချင်းပင်။
ကူညီ​ပါ "
ဆုမြတ်... "
ကျမ ဘာမှမဖြစ်ပါဘူး
ကျမ ပြန်ကြားယောင်တယ်..  "
".........."
မီးရှို့သတ်လို့  သေခဲ့တဲ့ ကျမ မာသာ ပေါ့..
နဲ့ နည်းတူ "
မျက်ရည်တွေ အပြည့်နဲ့ ရှိုက်သံမထွက်အောင်
ရှင့်ကို "
နည်းမှမနည်းကိုး။ မာမီ အဖြစ်က ဆိုးလွန်း
ပေးခဲ့ချင်တယ် "
-
-
-
-
-
-
-
-
-
-
မမှားဘူး "
ရှိတယ် "
ငိုစေသည်။ သူ့ လက်တစ်စုံကလည်း
ပွတ်သပ်ပေးနေခဲ့သည်။
တောင့်ခံနိုင်နေတာ။
မေ့လို့မရ။ ဒီတော့ ဖြူဖြူ သူ့ကို
တော့။
နာကျင်လွန်းနေပြီလေ။
ကျတော့သည်။ မဟုတ်ရင် ဖြူဖြူ
တော့...။
အရမ်းချစ်တယ်။
Part  67 မျှော်.................................
#​လေယူရာယိမ်း
☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 66  )
" ဒေါ်ဖြူဖြူက မင်္ဂလာဝတ်စုံ ဘာအရောင်
ဝတ်ချင်တာလဲ.... ? "
" မောင့် သဘော ဖြူဖြူ က ဘာနေနေရတယ် "
ဒေါ်ဖြူဖြူ နဲ့ မင်္ဂလာဆောင်ဖို့ ဒေါ်ဖြူဖြူ သီလရှင်
ထွက်ကတည်းက ကြိတ်စီစဉ်နေမိသည်။
အခု ဒေါ်ဖြူဖြူ လည်း သီလရှင် ထွက်လာရော
သူ့ကို စိတ်ဆိုးနေတဲ့အတွက် တစ်ပတ်လောက်
ချော့လိုက်ရသည်။
ဒေါ်ဖြူဖြူ သူ့ကို စိတ်ဆိုးပြေသွားပြီဆိုမှ
လုပ်ဖို့ တွေးထားတဲ့ အကြံအစည်တွေကို
ပြောပြကာ မင်္ဂလာဝတ်စုံဆိုင်ကို ခေါ်လာ
ခြင်း ဖြစ်သည်။
သူတို့ နှစ်ယောက်တည်းတင် မဟုတ် ဒေါ်ဖြူဖြူ
အားမငယ်ရအောင် သူ့ မိဘတွေ၊
သူ့ သူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့သည်။
ဒေါ်ဖြူဖြူ သူငယ်ချင်း ထက်ထက် ကပါ
ပါသေးသည်။
ခေါင် မင်္ဂလာဝတ်စုံ ဘာအရောင်လေး ဝတ်ချင်လည်း
မေးလိုက်ရော မောင့် သဘောတဲ့။
ဒါ့ကို သူ မကြိုက်။ သူ လိုချင်တာက
ဒေါ်ဖြူဖြူ တောင်းဆိုမှာလေး။ မောင်ရေ
ဖြူဖြူ ကတော့ အဖြူရောင်လေး၊ 
ဒါမှမဟုတ် ရွှေအိုရောင်လေး ဝတ်ချင်တယ်ပေါ့။
ဒီလို ချွဲနွဲ့သံနဲ့ တောင်းဆိုလာမှာလေးကို
သူ့က သဘောကျတာလေ။
ဒေါ်ဖြူဖြူ သီလရှင် ဝတ်နေတုန်းကလည်း
အိမ်က သူ့ မိဘတွေနဲ့ သူငယ်ချင်းတွေကို
ကြိတ်ကြွားနေခဲ့သည်။ ဒေါ်ဖြူဖြူ က
မင်္ဂလာဝတ်စုံသွားရွေးရင် ချွဲချွဲ နွဲ့နွဲ့​လေးနဲ့
တောင်းဆိုလိုက်မယ်ဆိုပြီး။
အခုတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်။
မောင့် သဘောလို့ ဖြူဖြူ ပြောပြီးကတည်းက
မောင့် မျက်ဝန်းတွေက သိသိသာသာငြိမ်
ကျသွားသည်။ အလာတုန်းကလို သိပ်ပြီး
တောက်တောက်ပပ မရှိတော့။
ကြည့်ရတာ မောင့်က ဘာကို လိုချင်နေတာလဲ။
လူကြီးတွေနဲ့ သွေးသစ်  ၊ ခြားနား နဲ့
ထက်ထက်တို့ကလည်း ဖြူဖြူ ကို ကြည့်ပြီး
ပြုံးစိစိ။
" မောင် ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူး
လား...??  ဒါမှမဟုတ် မောင်
တစ်ခုခုကို သဘောမကျလို့လား"
ပြောမှ သိမယ့် သူရဲ့ ဒေါ်ဖြူဖြူ အေးစက်စက်
လေးကြောင့် ပြောပြရတော့မည်။
မဟုတ်ရင် ကြွားထားတာတွေအတွက် အကုန်လုံး
က သူ့ကို ဝိုင်းဟားကြတော့မည်။ အခုတောင်
ပြုံးစိစိနဲ့ ကြည့်နေကြပြီလေ။
" မောင် ဘာမှမဖြစ်ဘူး ဒေါ်ဖြူဖြူ...
မောင်ကလေ မောင့် ဒယ်ဒီ နဲ့ မာမီ၊
ဒီနှစ်ကောင်ကိုပါ ဇွတ်တွေ ကြွားထာတာ
ငါ့ ဒေါ်ဖြူဖြူ မင်္ဂလာဆောင် ဝတ်စုံဆိုင်
ရောက်ရင် မောင်ရေ ဖြူဖြူ ကလေ
ဟိုအရောင်လေး ဝတ်ချင်တယ်ဆိုပြီး
တောင်းဆိုလိမ့်မယ်လို့....အခု ဒေါ်ဖြူဖြူ
က မတောင်းဆိုတော့ သူတို့ အကုန်လုံး
အကြည့်ကို ကြည့်လိုက် မောင့်ကို
လှောင်ရယ်အပြုံးနဲ့ ထေ့ငေါ့နေကြပြီ "
" ဒါများ ဘာခက်တာမှတ်လဲ မောင်ရဲ့...
ဖြူဖြူ က တောင်းဆိုပေးမှာပေါ့
ဖြူဖြူ အဖြူရောင်လေး ဝတ်ချင်တယ် မောင် "
" ရေးစ်... ဒါမှ ငါ့ ဒေါ်ဖြူဖြူကွ "
ခါးကနေ ဆွဲပွေ့ကာ လူကို ချီလိုက်၍
ဖြူဖြူ မျက်ဝန်းအစုံက ဝိုင်းစက်သွားရသည်။
" အမယ်လေးဟဲ့ ပိုကိုပိုတယ် "
" ဟုတ်ပါ့ အဲ့တာ မင်းနဲ့ တူတာလေ
ဆုမြတ် "
" အို ရှင့် တူတာ ...ကျမမှာက အဲ့ဒီလို
အကျင့် မရှိဘူး ရှင်လည်း ကျမကို
လိုက်တုန်းက ကျမဆီက ငြင်းသံစကား
ကြားတာနဲ့ ကြက်ကြီး လည်နင်နေတဲ့
အတိုင်းပဲ "
" ခြီး..!!  "
" ဟားဟား... ဟားဟား "
သားဖြစ်သူ အကဲပိုတယ်ပြောရင်းကနေ
ဦးနေယံ နဲ့ ဒေါ်ဆုမြတ်ရှင်တို့ လင်မယား နှစ်ယောက်
ရန်ဖြစ်သွားကြရာ သူတို့ ရန်ဖြစ်တာကို
ထရယ်နေသော သွေးသစ်တို့ အတွဲနဲ့
ထက်ထက်ကြောင့် ခေါင်ယံမှိုင်းတို့
အတွဲမှာ ပြုံးစိစိ။
-
-
-
-
-
-
-
-
-
-
"  အဖြူရောင်ကိုမှ တကယ့် အကောင်းစား
သုံးခိုင်းလိုက်နော် ခင်ဗျားတို့ ဒီဇိုင်နာကို "
" ဟုတ်ကဲ့ပါ အစ်​ကို ....
ကျမတို့ ဒီဇိုင်နာက ပဲရစ်ပြန်ပါ
ဒီတော့ ဘာမှ စိတ်မပူပါနဲ့​နော်​
တကယ့် အကောင်းစားကိုပဲ သုံးခိုင်းမှာပါ "
" အသည်းပုံ ပုံစံနော် ဂါဝန်အပေါ်ပိုင်းက...
ဂါဝန် တစ်ခုလုံးကိုလည်း စိန်ဖြူတွေ
ဘယ်လောက်ကုန်ကုန် ကွပ်မယ်..
လှမယ်ထင်တဲ့ နေရာတွေ အကုန်ကွပ်ပေး
စိန်ကလည်း စိန်အစစ်ပဲ သုံးမှာနော် "
" ဟုတ်ကဲ့ရှင့်.. နောက်ထပ် ဘာများ
ထပ်မှာချင်သေးလဲ မသိဘူးရှင့် "
"  ဂါဝန်အောက်ပိုင်းစလေးတွေကို
မသိမသာနဲ့ ဝဲနေအောင် လုပ်ပေး...
အို ကုန်ကုန်ပြောမယ် ပွဲလာတဲ့ လူတွေ
ကျတော့် သတို့သမီးက အလှဆုံးဆိုတာ
သိသွားတဲ့ အထိ ဂါဝန်ကို လှစေချင်တယ်
အကယ်၍ မလှခဲ့ရင် ခင်ဗျားတို့ ဆိုင်
တရားစွဲခံရဖို့  ပြင်ထား "
" ဟုတ်.. ဟုတ်ကဲ့ "
အတည်လုပ်မယ့် ပုံစံကြီးနဲ့ဆိုတော့ ဆိုင်ပိုင်ရှင်
မိန်းမကြီးမှာ တဟုတ်တည်း ဟုတ်နေရသည်။
ဆိုင်ပိုင်ရှင် ဘေးနားက ဝန်ထမ်းမိန်းကလေး
တွေမှာတော့ ခေါင်ယံမှိုင်း ချောမောမှုကြီး
ကို ကြည့်ကာ လည်သည်းတွေ ကိုက်နေလို့။
ဆိုင်က ဂါဝန်မကြိုက်လို့ ပဲရစ်ပြန် ဒီဇိုင်နာကို
မှာချုပ်ရတဲ့အထိ ခေါင်ယံမှိုင်းရဲ့ ချစ်တတ်
ပုံကြီးကို ကြည့်ကာ အကုန်လုံးမှာလည်း မျက်လုံး
တွေ ပြူးနေလို့။
ခေါင် သူ့ကို ကြည့်နေသော ဝန်ထမ်းမလေး
တွေကို မြင်သွား၍  ဒေါ်ဖြူဖြူ ကို
ကြည့်လိုက်ရာ ဘယ်လိုမှ မဖြစ်ဘဲ
ပုံမှန်အတိုင်းလေး နေနေတာကြောင့်
နှာခေါင်းရှူံ့ချင်သွားရသည်။
ထုံးစံအတိုင်း လက်ဝတ်ရတနာဆိုင်ရောက်တော့
လည်း ဆိုင်က ဟာတွေ မကြိုက်၍ နိုင်ငံခြား
က ဟာကို မှာယူခိုင်းပါသော ခေါင်ယံမှိုင်း။
မင်္ဂလာပွဲနဲ့ ပတ်သက်တာတွေကို ခေါင်ယံမှိုင်း
က တကယ့် အကောင်းစားတွေပဲ သုံးခိုင်းကာ  အကောင်းစားမဟုတ်ဘဲ အညံ့စားသုံးလာရင်
ဆိုင်နာမည်ဖျက်မယ်ကပါ ခြိမ်းခြောက်လိုက်သေးသည်။
ဆိုင်ပိုင်ရှင်တွေကတော့ တကယ် လုပ်မယ့်
ခေါင်ယံမှိုင်း ကို ကြည့်​ကာ ခပ်ကြောက်ကြောက်နဲ့​ပေ။
သို့သော် ထိုဆိုင်တွေရဲ့ ဝန်ထမ်းမလေးတွေ
ကတော့ ခေါင်ယံမှိုင်း ကို မ​ကြောက်ဘဲ
ရှိူးလိုက်ကြတဲ့အရှိူး။
ဒါ့ကို လွန်ကြိုးဖြူဖြူ တွေ့ရဲ့သားနဲ့
မသိချင်ယောင် ဆောင်နေတော့ ခေါင်ယံမှိုင်း မှာ
ရယ်ရခက် ငိုရခက်။
သိတဲ့အတိုင်း ဒေါ်ဖြူဖြူ ဆီက သဝန်တိုမှုလေးကို
​ခေါင်ယံမှိုင်း က အရမ်း​တွေလိုချင်နေတဲ့သူဆိုတော့။
အထာပေါက်တဲ့ ခေါင်ယံမှိုင်း မိဘတွေမှာ
သူ့ သား အကြောင်းကို သိတော့
မလွယ်ဘူးဆိုပြီး ခေါင်းတွေယမ်းကာ။
ခေါင်ယံမှိုင်း သူငယ်ချင်းတွေကလည်း ခေါင်ယံမှိုင်း
ကို ကြည့်ကာ ပြုံးစိစိ။ ထက်ထက်ကတော့
ခေါင်ယံမှိုင်း ကို သနားပြီး သူငယ်ချင်းမကို
ကြည့်ကာ ရယ်ကလည်းရယ်ချင်၊
ထုကလည်း ထုပစ်ချင်။
*************************
" လာမယ့် ကြာသပတေးနေ့ အပြီးရမယ် ဒေါ်ဖြူဖြူ...
မောင်တို့ အဲ့ဒီ​နေ့ လက်ထပ်ကြမယ်...
​ဒေါ်ဖြူဖြူ ဆံပင်ကိုလည်း ဘာမှမပူနဲ့ နိုင်ငံခြားကနေ
မောင် ဆံပင်တုမှာပေးထားတယ် "
" ရွှတ်..!"
ပြောရင်း​ဖြူဖြူ​ခေါင်းလေးကို ဆွဲယူကာ
နမ်းရှိူက်လိုက်သဖြင့် ဖြူဖြူ မှာ မောင့်ကို ချစ်လို့ မဝ။
ဖြူဖြူ ကတုံးလေး ဖြစ်နေလည်း မောင့်က
ပို၍  ချစ်မြဲပင်။ ယုတ်စွအဆုံး ဖြူဖြူ
dark side တွေ ချပြရင်တောင်မှ
မောင့်က အရာရာကို လက်ခံပေးနိုင်မယ့်သူ။
" ကျေးဇူးပါ မောင် ဖြူဖြူ ကို အခုလို
အများကြီး ချစ်ပေးလို့ "
" မလိုပါဘူး ဒေါ်ဖြူဖြူကလည်း ကျေးဇူးတင်
မယ့် အစား မောင့်ကိုသာ နေ့တိုင်းနမ်းပေး "
" အင်းပါ မောင်... အခု မောင် ရေချိုးတော့လေ
ဖြူဖြူ အတွက် မောင် လိုက်လုပ်ပေးရတာနဲ့
သိပ်ကို မောနေပြီ..  အမေတို့ကလည်း
ခဏနေ ထမင်းစားရအောင်တဲ့.. ဒါကြောင့်
မောင် အခု ရေသွားချိုးတော့
ဖြူဖြူ မောင့်အတွက် အဝတ်အစားတွေ
ထုတ်ပေးထားမယ် "
" အင်းပါ မောင့် ဒေါ်ဖြူဖြူလေး...
မင်္ဂလာပွဲပြီးသွားရင် မောင်တို့  ဘန်ကောက်မှာ
ဒေါ်ဖြူဖြူ ရဲ့ ဒွိလိင်ကို သွားခွဲစိတ်ရအောင်...
မောင် အနေနဲ့က ဒေါ်ဖြူဖြူ
လိင်မခွဲစိတ်လည်း ချစ်တယ်​... ဒေါ်ဖြူဖြူ
ဘယ်လိုနေနေ ချစ်မှာ ဒါပေမဲ့ မောင့်
ဒေါ်ဖြူဖြူ က ဒွိလိင် ဖြစ်နေတာနဲ့ ပတ်သက်ပြီး
အားငယ်နေတာ မောင် သိတယ်..
ဒါကို မောင် မမြင်ချင်ဘူး ဒါကြောင့် မောင်တို့
သွားခွဲစိတ်ရအောင် မင်္ဂလာပွဲပြီးရင်..
တလက်စတည်း မောင့် ဗိုက်ထဲ သားအိမ်ပါ
ထည့်ခိုင်းရမယ် ဒေါ်ဖြူဖြူ အစား
မောင် ကိုယ်ဝန်ဆောင်ပေးမလို့... "
" ကျေးဇူးတင်ပါတယ် မောင်ရယ်...
မောင့်ကို ဖြူဖြူ တကယ် ကျေးဇူးတင်ပါတယ် "
မောင်ရဲ့ ဖြူဖြူ အပေါ် ချစ်တတ်မှုကြီးက
တကယ်ကို ဩချစရာကောင်းသည်။
ဖြူဖြူ အနေနဲ့ ကျေးဇူးတင်တဲ့ စကားကလွဲပြီး
ဘာပြောရမှန်း မသိနိုင်အာင်ပေ။
" ဟောဗျာ ကျေးဇူးထပ်တင်ပြန်ပြီ.. အဲ့ဒီ အစား
မောင့် ကို နမ်းလို့ ဒေါ်... "
" ရွှတ်..!!  "
ခေါင်ယံမှိုင်း စကားလေး မဆုံးလိုက် လွန်ကြိုးဖြူဖြူ
မှာ ခေါင်ယံမှိုင်း နဖူးလေးကို ချက်ချင်းနမ်း
သွားခဲ့သည်။
ထိုအခါ သွားဖွေးလေးလေးတွေ ပေါ်သွားတဲ့အထိ
ခေါင်ယံမှိုင်း ရယ်နေလေသည်။
************************
" အချစ်ကလေး ကိုယ့်ကို မချွဲချင်ဘူးလားဟင်​
ခေါင်ကြီးက မဖြူဖြူ ကို ချွဲသလို..
နောက်ပြီး မဖြူဖြူ ကို ခေါင်ကြီးက အတင်း
ကပ်သလို "
ခေါင်တို့ မင်္ဂလာပွဲအတွက် လိုအပ်တာတွေ
သူတို့ပါ လိုက်ကြည့်ပေးတာ ပြီးသွားရော
အိမ်လည်း ရောက်ရော ထုံးစံအတိုင်း သွေးသစ်
တို့က ဇာတ်လမ်းစလာပါသည်။
ခေါင် မဖြူကို အတင်းကပ်သလို
ချွဲသလို သူ့ကိုလည်း ကပ်ခိုင်း၊  ချွဲခိုင်း
​နေသည်။
" ဟင့်အင်း မချွဲချင်ဘူး... ကပ်လည်း
မကပ်ချင်ဘူး ငါ့က မဖြူလို အေးတိအေးစက်
လုပ်နေမှာ ခေါင့်လို မင်းက ကပ်ချင်ရင်
ကပ်လေ ချွဲချင်ရင် ချွဲပေါ့ "
" အချစ်ကလေးက မဖြူဖြူလို အေးတိ
အေးစက် လုပ်လို့ မရဘူးလေ...
ဒီနေ့ မနက်ကပဲ ကြည့် ခေါင်ကြီး ကို
ဆိုင်က ကောင်မလေးတွေ ရှိူးနေ
အထာပေးနေတာတောင် မဖြူဖြူ က
သဝန်မတိုဘဲ အေးတိအေးစက်ကြီး "
" ဒါ့ကတော့ မဖြူ အကျင့်ပဲလေ
သိတဲ့အတိုင်း မဖြူက ဘယ်သူ့ကို
အရင်ရန်စဖူးလို့လဲ သူ့ကို လာစရင်တောင်မှ
မဖြူက ဘာမှ မလုပ်ဘူး... သူ တကယ့်ကို
သည်းမခံနိုင်တော့မှ မဖြူက လုပ်တာ
ဒါတောင် မဖြူ ရဲ့  စကားပြောပုံတွေက
ရှယ်မိုက်နော်.. မင်းနဲ့ ငါ့ကြား မဖြူ
ဝင်ပါပေးခဲ့တာပဲကြည့် "
တစ်ချိန်က နန်းခမ်း ဆိုသော ကောင်မလေး
ကြောင့် ခြားနား ကို သူ အထင်လွဲခဲ့ဖူးသည်။
မဖြူဖြူ ဖြေရှင်းပေးမှ ရတာပေ။ ကြည့်စမ်း
ဒါ့ကို သူ မေ့နေတာပဲ။ သူ့ အချစ်ကလေး
ခြားနား ပြောမှ သတိရသည်။
" ဟုတ်သားပဲ ငါ မေ့နေတာ...
ဟုတ်တယ် မဖြူဖြူ က အရမ်းတော်တာ
စိတ်မဆတ်ဘူး ပြဿနာတစ်ခုခုကို
အေးအေးလေး တုံ့ပြန်သွားတာ
ခေါင်ကြီးလို ကိုယ်တို့လို
ဝုန်းဒိုင်းကြဲပြီး မဖြေရှင်းဘူး... "
" အင်းလေ ဒါကြောင့် မဖြူက သူများကို
အရင်ရန်မရှာတတ်ဘူး ဒီလို မိန်းမ
တစ်ယောက်က မနက်က ခေါင့် သဘောကျ
ချွဲနွဲ့ပြီး မောင်ရေ ဖြူဖြူ အဖြူရောင်လေး
ဝတ်ချင်တယ်လို့ ပြောလိုက်ကတည်းက
ငါတို့ သူငယ်ချင်း ခေါင်ကို အရမ်းချစ်တာ
အသိအသာကြီး.. အဲ့ဒီလိုပဲ မဖြူ
အေးစက်စက်နေလည်း အဲ့တာက ခေါင်ကို
မချစ်လို့ အေးတာ မဟုတ်ဘူးနော်
သူ့ က သူ့ အကျင့် အတိုင်း အေးတာပဲ ရှိတာ
မဖြူက ခေါင်ကို သိပ်ချစ်တယ်
မဖြူ ခေါင်ကို ချစ်တဲ့ အရိပ်အယောင်တွေ
သူ့ မျက်ဝန်းမှာ ငါ မြင်နေရတယ် "
" ဟုတ်ပါပြီ အချစ်ကလေး ရယ်.. ကိုယ်
ယုံပါတယ် ဒါဆို အချစ်ကလေးလည်း
မဖြူဖြူ က ခေါင်ကြီး ကို
ကြည့်သလို ကိုယ့်​ကိုလည်း စိုက်ကြည့်လေ
အချစ်မျက်ဝန်းတွေနဲ့ "
" ဘာဆိုင်လို့ ကြည့်ရမှာလဲ မင်းနော်
မညစ်နဲ့ "
" ခုဏက အချစ်ကလေးပဲ ပြောတော့
မဖြူဖြူ လို နေမှာဆို ကိုယ့်ကိုလည်း
ခေါင်ကြီးလို နေဆို မဟုတ်ဘူးလား
ဒီတော့ အချစ်ကလေး ကိုယ့်ကို
မဖြူဖြူ လို ကြည့်ရမယ် အချစ်မျက်ဝန်း
လေးတွေနဲ့ "
မျက်လုံး မှိတ်ပြကာ ဘယ်လိုလဲ ဆိုတဲ့
အကြည့်နဲ့ ပြောနေသော သွေးသစ် ကို
ခြားနား ကြည့်ကာ နှုတ်ခမ်းတစ်စုံက
ကွေးညွှတ်သွားရသည်။
" ကြည့်လေ အချစ်ကလေး. ..အချစ်ကလေး
ကိုယ့်ကို ကြည့်တော့လေ "
ခြားနား ....ပခုံးကို ဆွဲကိုင်ကာ သွေးသစ်က
ကြည့်ဖို့ တောင်းဆိုနေတော့ သူ
ကြည့်ပေးလိုက်သည်။
" ချစ်တယ် သွေးသစ် "
ချစ်တယ်လို့ကပါ ပြောလိုက်ရော ပြုံးသွားသော
သွေးသစ် မျက်နှာကြောင့် ရင်ထဲမှာ အတိုင်းမသိ
ပျော်ရွင်ရသည်။
" ချစ်တယ် ခြားနား... ကိုယ်လည်း အချစ်ကလေး
ကို ချစ်တယ်... ချစ်တယ်....ချစ်တယ် "
" မြမြမြ...!!  "
လက်ဖမိုးကို အတင်းဆွဲယူပြီး အဆက်မပြတ်
နမ်းရှိူက်နေတာကြောင့် ခြားနား နှုတ်ခမ်း
တစ်စုံက အခုထိ တွန့်ကွေးနေစမြဲပေ။
>>>>>>>>>>>>>>>>
" ရော့ ဒါ့က မောင့် ဒေါ်ဖြူဖြူ အကြိုက်လေး..
ဘဲဥချဉ်ဟင်း "
" သမီးလေး ..!!  "
ဖြူဖြူ ပန်းကန်ထဲ မောင် ဟင်းထည့်ပေး​နေချိန်
အနားကို ရောက်လာရင်းနဲ့ ခေါ်လိုက်သော
အသံကြောင့် မော့ကြည့်လိုက်မိတော့
အန်တီကြည်ဖြူ။
" ထိုင်လေ ကြည်ဖြူ... သမီး ဖြူဖြူ ကို
ဘာပြောချင်လို့လဲ.. "
" ထိုင်ပါအုံး မကြည်ဖြူ "
မောင့် အဖေနဲ့ အမေကလည်း ဖြူဖြူ ညာ
ဘက်က လွတ်နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ဖို့
ပြောလာကြသည်။ အန်​တီကြည်​ဖြူလည်း
ဝင်​ထိုင်​ရော​မောင့်​ဆီက အသံထွက်​လာခဲ့သည်​။
" အန်တီကြည်ဖြူ....  ကျတော့် ဒေါ်ဖြူဖြူက
ခင်ဗျား အိမ်လာတာကို မကြိုက်ဘူး
အားနာသိတတ်မှုလေး ရှိရင် အိမ်မလာ
ပေးခြင်းနဲ့ ကူညီစမ်းပါ "
" ဟဲ့.. သားငယ်. !!"
" ဟေ့ကောင် ခေါင်ယံမှိုင်း...!! "
ထုံးစံအတိုင်း မောင့်က ဖြူဖြူ ဘက်ကဆိုတော့
အန်တီကြည်ဖြူ ကို ဝင်ပြောတော့
မောင့် အဖေနဲ့ အမေရဲ့ တားသံကလည်း
ချက်ချင်းပင်။
" မဟုတ်လို့လား မာမီ နဲ့ ဒယ်ဒီ.. အန်တီကြည်ဖြူ
အိမ်လာတိုင်း ကျတော့် ဒေါ်ဖြူဖြူ ညစ်ရတယ်
ကျတော့် ဒေါ်ဖြူဖြူ အန်တီကြည်ဖြူ လာတာနဲ့
စကားတောင် မပြောတော့တာ
ဒါ့ကို မာမီတို့လည်း အသိပဲ....
ဒေါ်ဖြူဖြူ ကို ခင်ဗျား သမီးလို့ သဘောထားရင်
အိမ်မလာပါနဲ့ အန်တီကြည်ဖြူ..
ကျတော်တို့ လာမယ့် ကြာသပတေးနေ့မှာ
မင်္ဂလာဆောင်တော့မှာ... အဲ့တာ အန်တီကြည်ဖြူ
မင်္ဂလာပွဲတက်ပေးစရာမလိုဘူး
နောက်ပြီး မင်္ဂလာပွဲပြီးသွားရင် ကျတော် က
ဒေါ်ဖြူဖြူ ကို ဘန်ကောက်ခေါ်သွားပြီး
သူရဲ့ ဒွိလိင်ကို ခွဲစိတ်ပေးမှာ
ဒေါ်ဖြူဖြူ က ဒွိလိင် ဖြစ်နေတဲ့အတွက်
ခွဲစိတ်ပြီးရင်တောင် ကိုယ်ဝန်ဆောင်နိုင်ဖို့က
သိပ်​ကို ခဲယဉ်းပြီး အသက်အန္တရာယ်ထိခိုက်နိုင်တယ်
အဲ့အတွက် ကျတော် က ကျတော့်
ဗိုက်ထဲ သားအိမ်ထည့်ပြီး ကိုယ်ဝန်ဆောင်ပေး
မှာ ဒီအတွက် အန်တီကြည်ဖြူ ကျ​တော့်​ဒေါ်ဖြူဖြူ
ကို ဘာစိတ်ပူစရာမှ မရှိဘူး.. ကျတော်ပဲ
ဒေါ်ဖြူဖြူ လိုအပ်တာတွေကို အကုန်လုပ်
ပေးသွားမှာ ဒေါ်ဖြူဖြူ ကို ခင်ဗျား
ချစ်တယ်ဆိုရင် သူရှေ့ ပေါ်မလာခြင်းနဲ့
ကူညီ​ပါ "
" ဟဲ့ သားငယ် ပြောလေဆိုးလေပါလား..
လုပ်ပါအုံး ကိုယံ ရှင့် သားငယ်​ကို "
" မင်း သားတော့ ငါလည်း မနိုင်ဘူး
ဆုမြတ်... "
" ရပါတယ် ကိုနေယံ နဲ့ ဆုမြတ်..
ကျမ ဘာမှမဖြစ်ပါဘူး
သားခေါင်ယံ ကို ကျမ နားလည်ပါတယ်..
သမီး ဖြူဖြူ.. မာမီ သမီးလေး
မာမီကို ဘာမှ မပြောချင်တော့ဘူးလားဟင် "
ဖြူဖြူ ဘက် လှည့်ကာ ဝမ်းနည်းစွာ ဆိုလာ၍
စိတ်မကောင်းဖြစ်​ချင်ပေမဲ့လည်း ဖြူဖြူ မသနားနိုင်ပါ။
" ကျမ တောင်းပန်ပါတယ် အန်တီကြည်ဖြူခင်..
ကျမကို ချစ်ရင် ကျမကို  ရှင်ရဲ့ သမီးလို့
သဘောထားရင် ခေါင်ယံမှိုင်း ပြောသလို
ဒီကို ထပ်မလာပါနဲ့တော့.. ဘာလို့လဲဆို
ရှင့်ကို မြင်တိုင်း ရှင့် ယောင်္ကျားကို 
ပါ တွဲမြင်မိတယ် အဲ့ဒီအခါ ကျမ မာသာ
သေခဲ့ရတာ ရှင့် ယောင်္ကျားကြောင့်
ဆိုတာကြီး ပေါ်လာပြန်တယ်..
ဒါတင်မကသေးဘူး မာသာနဲ့ ကျမကို
ပြောခဲ့တဲ့ ရှင့် စကားတွေကိုပါ
ကျမ ပြန်ကြားယောင်တယ်..  "
".........."
"  ဒါကြောင့် ကျမကို မခံစားစေချင်ရင်
ဒီကို ထပ်မလာပါနဲ့တော့ ကျမ
တောင်းဆိုပါတယ်  ကျမကို အတ္တကြီးတယ်ပဲ
ဆိုဆို ဘာဆိုဆို ကျမ ရှင့်ကို ခွင့်လွှတ်
မပေးနိုင်ဘူး ခွင့်လွှတ်ပေး​နေရင် ကျမ ရှင့်
မျက်နှာကို ထပ်မြင်နေရမယ် အဲ့ဒီအခါ မာသာတို့
စိတ်ကြောင့် ကျမ နာကျင်နေမှာ..
ကျမ ထပ်မနာကျင်ချင်တော့ဘူး
ရှင့် ယောင်္ကျားကြောင့် ကျမ မာသာ
သေခဲ့ရတာကို ကျမ ပြန်မတွေးချင်တော့ဘူး
ရှင့်က ကျမရဲ့ မွေးအမေဖြစ်နေလည်း
ကျမ အတွက် အမေဆိုတာ ပန်းမြိုင်ဂေဟာက
မာသာ တစ်ယောက်ပဲ ရှိတယ်.. ရှင့် ယောင်္ကျား
မီးရှိူ့သတ်လို့  သေခဲ့တဲ့ ကျမ မာသာ ပေါ့..
ရှင် ယောက်ျား ကျမ မာသာကို သူ
သတ်တယ်ဆိုပြီး တက္ကသိုလ်မှာ ဝန်ခံတုန်းက​လေ
ကျမလေ ရှင့် ယောင်္ကျားကို ဓားနဲ့ အသေထိုး
သတ်​ပစ်ချင်တာ ဒါပေမဲ့ ရှင့် ယောက်ျားက
ကျမ လက်နဲ့ မတန်ဘူး.. နောက်ပြီး
ရှင့် ယောင်္ကျားကို သတ်လို့ ကျမ ထောင်ကျသွား
ရင် ခေါင်ယံမှိုင်း တစ်ယောက်တည်း
ဖြစ်​နေမှာစိုးတဲ့ စိတ်နဲ့ ကျမ မသတ်ရက်​တော့ဘူး
ကျမ ဘဝက ပထမက မာသာကြောင့်
အသက်ရှင်နေတာ အဲ့တာကို ရှင့် ယောင်္ကျားက
ဖျက်စီးပြီးသွားပြီ အခု ကျမရဲ့ နောက်ဆုံးသော
အရာလေး ဖြစ်တဲ့ ခေါင်ယံမှိုင်း ကိုပါ
သူ့ မိဘတွေ အမြင်မှာ လူဆိုးကြီး
ဖြစ်အောင် ရှင် မလုပ်ချင်စမ်းပါနဲ့...  ကျမရဲ့
ဒုတိယ အကြိမ် ကျမကို အသက်ဆက်ရှင်စေတဲ့
အရာလေးကို ရှင် မဖျက်စီးချင်ပါနဲ့ ရှင့် ယောင်္ကျား
နဲ့ နည်းတူ "
" အိုး သမီးရယ်... မာမီ..မာမီ့ သမီးလေး..
ကောင်းပြီ မာမီ မလာတော့ဘူးနော်
သမီး စိတ်ချမ်းသာအောင် မာမီ မလာတော့
ဘူးနော်... သမီး ကျေနပ်တယ်မလား "
မျက်ရည်တွေ အပြည့်နဲ့ ရှိူက်သံမထွက်အောင်
မနည်းအားတင်းပြီး ပြောနေသော ဒေါ်ကြည်ဖြူခင်
ကို လွန်ကြိုးဖြူဖြူ အသက်မဲ့စွာ ကြည့်ရင်း...
" အင်း ကျမ ကျေနပ်တယ် ကျေးဇူးတင်ပါတယ်
ရှင့်ကို "
ကျေးဇူးတင်ပါတယ်တဲ့လား... သမီးရယ်။
မာမီ စိတ်မကောင်းလိုက်တာ။ အပြစ်မဆိုရက်
ပါဘူး။ မာမီ သမီးကို ပြောခဲ့၊  လုပ်ခဲ့တာတွေက
နည်းမှမနည်းကိုး။ မာမီ အဖြစ်က ဆိုးလွန်း
ပါတယ်။ ဒီတစ်သက် သမီးဆီက ခွင့်လွှတ်
မှုလေးကိုတောင် မရတော့ပါလား။
မရတဲ့ အပြင် သမီးရဲ့ အမေလို့ ခေါ်သံလေး
ကိုတောင် မပြောနဲ့ အရင်က သမီး ခေါ်ခဲ့ဖူးတဲ့
အန်တီကြည်ဖြူ ဆိုတဲ့ ရင်းနှီးတဲ့ နာမ်စား
လေးကို​တောင် မာမီ မကြားရတော့ဘူး။
" မာမီ မနက်ဖြန် စစ်ကိုင်းတောင် သွားပြီး
သီလရှင် အပြီးဝတ်တော့မယ် အဲ့တာ
မာမီ မဝတ်ခင် သမီးကို မာမီ ပိုင်ဆိုင်သမျှ
ပေးခဲ့ချင်တယ် "
" မလိုပါဘူး အန်တီကြည်ဖြူခင်...
ကျမကို ပေးမယ့် အစား မိဘမဲ့ဂေဟာတွေကို
ပဲ ရှင် လှူလိုက်ပါ.. ဒါဆိုရင်​ရှင်လည်း
ကုသိုလ်တောင် ရလိမ့်မယ် "
နောက်ဆုံးသော အမွေလေးကိုတောင်
လက်​မခံဘဲ ပြတ်သားစွာ ငြင်းလာတဲ့
လွန်ကြိုးဖြူဖြူ ကို ဒေါ်ကြည်ဖြူခင် ကြည့်ပြီး
မျက်ရည်တွေက အဆက်မပြတ် ကျလာပြန်သည်။
ခေါင်ယံမှိုင်း မိဘတွေကလည်း ဒေါ်ကြည်ဖြူခင်
ကို ကြည့်ပြီး စိတ်မကောင်း။
ပြောပြီးတာနဲ့ လွန်ကြိုးဖြူဖြူ အပေါ်တက်သွားခဲ့သည်။
ခေါင်ယံမှိုင်း မှာလည်း လွန်ကြိုးဖြူဖြူ
အပေါ်တက်သွားတာနဲ့ ချက်ချင်းလိုက်သည်။
ကျန်နေခဲ့သော ဒေါ်ကြည်ဖြူခင် မှာ
ထိုင်ခုံ​ပေါ်က​နေ ထကာ ကြမ်းပြင်​ပေါ်ကို
အရုပ်ကြိုးပြတ်ထိုင်​ချပစ်​သည်။
-
-
-
-
-
-
-
-
-
-
" ဖြူဖြူ မှားလားဟင် မောင်.. ကိုယ့်
အမေကိုယ် ဖြူဖြူ အဲ့ဒီလို ပြန်ပြောတာ..
ဖြူဖြူ  အရမ်းမှားသွားလားဟင် "
ခေါင် ကုတင်ပေါ်မှာ ငူငူကြီး ထိုင်နေတဲ့
သူ့ ဒေါ်ဖြူဖြူ က သူ လာတာနဲ့
မငိုမိအောင် မနည်းထိန်းပြီး ပြောနေတာ
ကြောင့် ရင်ထဲမှာ ဘယ်လိုမှ မကောင်း။
" ဟင့်အင်း မောင့် ဒေါ်ဖြူဖြူ မမှားဘူး..
တစ်လောကလုံး မှားနေရင်တောင်မှ
မောင့် ဒေါ်ဖြူဖြူ က အမြဲမှန်တယ်..
အခုလည်း မောင့် ဒေါ်ဖြူဖြူ က ရင်ထဲ
ရှိတာ ထုတ်ပြောတာလေ မောင်သာ
ဒေါ်ဖြူဖြူ နေရာမှာဆိုရင်လည်း
အဲ့ထက် ဆိုးတဲ့ စကားလုံးတွေ ပြောမိမှာ
ဒီတော့ မောင့် ဒေါ်ဖြူဖြူ က လုံးဝ
မမှားဘူး "
ခေါင် သူ့ စကားအဆုံး ဒေါ်ဖြူဖြူ က
မငိုဘဲ အံကြိတ်ကာ မျက်ရည်တွေကျမလာ
အောင် မျက်နှာကို မော့ထားနေ၍
ဒေါ်ဖြူဖြူ မေးဖျားလေးကို သူ ဆွဲယူလိုက်မိသည်။
" ငိုလို့ ရတယ် ဒေါ်ဖြူဖြူ.. ဒေါ်ဖြူဖြူ
အောင့်မထားနဲ့ ဒေါ်ဖြူဖြူ ငိုချင်ရင်
ငိုပစ်လိုက် မောင့် ရင်ဘတ် တစ်ခုလုံး
ရှိတယ် "
" အီးဟီး... အင့်ဟင့်.. .အင့်ဟင့်..
မောင်... အီးဟီး. ..အင့်ဟင့်.. .အင့်ဟင့်.. "
ငိုနေသော  လွန်ကြိုးဖြူဖြူ ကို ခေါင်ယံမှိုင်း
သူ့ ရင်ဘတ်ပေါ် ဆွဲယူကာ ပိုတိုးလို့
ငိုစေသည်။ သူ့ လက်တစ်စုံကလည်း
လွန်ကြိုးဖြူဖြူ ကျောပြင်လေးကို ဖွဖွလေး
ပွတ်သပ်ပေးနေခဲ့သည်။
" အီးဟီး... အင့်ဟင့်.. .အင့်ဟင့်..
မောင်... အီးဟီး. ..အင့်ဟင့်.. .အင့်ဟင့်.. "
အန်တီကြည်ဖြူ ကို မြင်တိုင်း မာသာကို
ဖြူဖြူ ပိုပြီးသတိရမိသည်။ သူ့ ယောင်္ကျား
ကြောင့် ဖြူဖြူ မာသာ က သေခဲ့ရတာလေ။
ထွေးထွေး နဲ့ ဂေဟာက ကလေးတွေရောပေ။
မောင် ရှိနေလို့သာ ဖြူဖြူ ဒီနေ့ ဒီအချိန်ထိ
တောင့်ခံနိုင်နေတာ။
မာသာနဲ့ ဖြူဖြူ ကို ပြောခဲ့တဲ့ အန်တီကြည်ဖြူ
စကားတွေကိုလည်း ဖြူဖြူ ဘယ်လိုမှ
မေ့လို့မရ။ ဒီတော့ ဖြူဖြူ သူ့ကို
ခွင့်လွှတ်မပေးနိုင်ပါ။ ခွင့်လွှတ်ပေးနေရင်
သူ့ မျက်နှာကို ဖြူဖြူ မြင်နေရအုံးမည်။
ဒီတော့ ဖြူဖြူ ငရဲကြီးရင်လည်း ကြီးပါစေ
တော့။
လူကလည်း အရမ်းကို ဝမ်းနည်းပြီး
နာကျင်လွန်းနေပြီလေ။
ဒီအချိန်မှာ မောင် ရှိနေလို့ ဖြူဖြူ တော်ခါ
ကျတော့သည်။ မဟုတ်ရင် ဖြူဖြူ
ဘယ်လိုနေရမှန်း မသိတော့ပါ။
အခု ဖြူဖြူ အသက်ရှင်နေတာက မောင်
ရှိနေလို့ပေ။ မောင် သာ မရှိရင် ဖြူဖြူ
တော့...။
" အီးဟီး... အင့်ဟင့်.. .အင့်ဟင့်..
မောင်... အီးဟီး. ..အင့်ဟင့်.. .အင့်ဟင့်.. "
ငိုပါ မောင့် ဒေါ်ဖြူဖြူ... ဒေါ်ဖြူဖြူ စိတ်ကြိုက်
ဒီနေ့ တစ်နေကုန် အဝငိုထားပါ။
မနက်ဖြန်တော့ မငိုရတော့ဘူး။
မျက်ရည်ဆိုတာ မောင့် ဒေါ်ဖြူဖြူ ပါးမှာ
မရှိအောင်အထိ ဒီက ကောင် ခေါင်ယံမှိုင်း
က ဒေါ်ဖြူဖြူ ကို အဆမတန်​ချစ်ပေးသွားမယ်။
ချစ်တယ် ဒေါ်ဖြူဖြူ.. ခင်ဗျား ကို မောင်
အရမ်းချစ်တယ်။
Part  67 မျှော်.................................
( သနားပါတယ် ငါ့ ဒေါ်ဖြူဖြူလေး 😥😥
ခေါင်ကြီး ရှိလို့ တော်သေးတယ် 😥😥😥
ဒေါ်ဖြူဖြူ ရေ ဖိုက်တင်းပါ ခေါင်ကြီး
ကြောင့် ရှင်သန်နေပေးပါ 😍😍😍😘😘😘)
ကလေးက ခေါင်ကြီး က မွေးမှာပါ
ဘာလို့ဆို ဇာတ်လမ်းစကတည်းက ခေါင်ကြီးကို
ကလေးမွေးဖို့ တွေးထားသူပါ 😆😆
ယောင်္ကျားယူရင် ယောင်္ကျားကို ကလေး
မွေးခိုင်းမယ်ဆိုတဲ့ အတွေးလေး
အခု ခေါင်ကြီး ကို ကျမ လေယူရာယိမ်း
လင်လို့ သတ်မှတ်ထားလို့ သူ့ ကိုပဲ မွေးခိုင်းမှာပါ 😆😆
မနက်ဖြန် စနေ၊  တနင်္ဂနွေနော် ဒါဒါလေးတွေ 😁😍😍
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
Continue Reading
You'll Also Like
642K 60.7K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
75.5K 4.5K 12
chanbeak ficလေးပါ beak....yeolနင်ကိုလေငါအရမ်းချစ်ခဲ့တာပါ yeol...beak u are mine Hun...beakငါနင့်ကိုချစ်တယ်
222K 13.5K 49
ဗီလိန်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် by byun baekkie coverလက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်ညီမလေးSuSu602 #chanbaek #normal @Matainyu
270K 6.5K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်