Part - 66 ( Zg + Uni)

4.8K 223 8
                                    

☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 66  )

" ဒေါ်ဖြူဖြူက မင်္ဂလာဝတ်စုံ ဘာအရောင်
ဝတ်ချင်တာလဲ.... ? "

" မောင့် သဘော ဖြူဖြူ က ဘာနေနေရတယ် "

ဒေါ်ဖြူဖြူ နဲ့ မင်္ဂလာဆောင်ဖို့ ဒေါ်ဖြူဖြူ သီလရှင်
ထွက်ကတည်းက ကြိတ်စီစဉ်နေမိသည်။

အခု ဒေါ်ဖြူဖြူ လည်း သီလရှင် ထွက်လာရော
သူ့ကို စိတ်ဆိုးနေတဲ့အတွက် တစ်ပတ်လောက်
ချော့လိုက်ရသည်။

ဒေါ်ဖြူဖြူ သူ့ကို စိတ်ဆိုးပြေသွားပြီဆိုမှ
လုပ်ဖို့ တွေးထားတဲ့ အကြံအစည်တွေကို
ပြောပြကာ မင်္ဂလာဝတ်စုံဆိုင်ကို ခေါ်လာ
ခြင်း ဖြစ်သည်။

သူတို့ နှစ်ယောက်တည်းတင် မဟုတ် ဒေါ်ဖြူဖြူ
အားမငယ်ရအောင် သူ့ မိဘတွေ၊
သူ့ သူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့သည်။
ဒေါ်ဖြူဖြူ သူငယ်ချင်း ထက်ထက် ကပါ
ပါသေးသည်။

ခေါင် မင်္ဂလာဝတ်စုံ ဘာအရောင်လေး ဝတ်ချင်လည်း
မေးလိုက်ရော မောင့် သဘောတဲ့။
ဒါ့ကို သူ မကြိုက်။ သူ လိုချင်တာက
ဒေါ်ဖြူဖြူ တောင်းဆိုမှာလေး။ မောင်ရေ
ဖြူဖြူ ကတော့ အဖြူရောင်လေး၊ 
ဒါမှမဟုတ် ရွှေအိုရောင်လေး ဝတ်ချင်တယ်ပေါ့။
ဒီလို ချွဲနွဲ့သံနဲ့ တောင်းဆိုလာမှာလေးကို
သူ့က သဘောကျတာလေ။

ဒေါ်ဖြူဖြူ သီလရှင် ဝတ်နေတုန်းကလည်း
အိမ်က သူ့ မိဘတွေနဲ့ သူငယ်ချင်းတွေကို
ကြိတ်ကြွားနေခဲ့သည်။ ဒေါ်ဖြူဖြူ က
မင်္ဂလာဝတ်စုံသွားရွေးရင် ချွဲချွဲ နွဲ့နွဲ့​လေးနဲ့
တောင်းဆိုလိုက်မယ်ဆိုပြီး။
အခုတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်။

မောင့် သဘောလို့ ဖြူဖြူ ပြောပြီးကတည်းက
မောင့် မျက်ဝန်းတွေက သိသိသာသာငြိမ်
ကျသွားသည်။ အလာတုန်းကလို သိပ်ပြီး
တောက်တောက်ပပ မရှိတော့။

ကြည့်ရတာ မောင့်က ဘာကို လိုချင်နေတာလဲ။
လူကြီးတွေနဲ့ သွေးသစ်  ၊ ခြားနား နဲ့
ထက်ထက်တို့ကလည်း ဖြူဖြူ ကို ကြည့်ပြီး
ပြုံးစိစိ။

" မောင် ဘာဖြစ်နေတာလဲဟင် နေမကောင်းဘူး
လား...??  ဒါမှမဟုတ် မောင်
တစ်ခုခုကို သဘောမကျလို့လား"

အချစ်က သူစေစားရာ 🌚🌚  ( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ) Where stories live. Discover now