𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚(...

By Chel6385

4.1K 162 44

"ဘယ်နေရာလွှဲမှားသွားမှန်းမသိပေမယ့် ငါတို့တွေ့ခဲ့တဲ့အချိန်တွေစောလွန်းတယ်မောင်" BJYXSZD More

intro
part1
part2
part3
part4
part5
part6
part7
part8
part 9
part11
part12
part13

part10

223 10 4
By Chel6385

လူနာကုတင်ပေါ်လှဲနေရတဲ့ရှောင်ကျန့်ကရင်တထိတ်ထိတ်သူ့ဗိုက်ပေါ်ကို
ချွဲပျစ်ပျစ်အရည်တွေနဲ့သုတ်လိမ်းပီး
ဆရာဝန်ကစမ်းသပ်နေလေရဲ့
ရှောင်ကျန့်တကယ်နေရခက်ပါတယ်
ရင်ခုန်တာကတမျိုးစိတ်လှုပ်ရှားတာက
တစ်မျိုးနဲ့ဗိုက်ပေါ်သုတ်ထားတဲ့
ချွဲပျစ်ပျစ်အရည်တွေကြောင့်
ရှောင်ကျန့်မှာနေမထိထိုင်မသာ

ရိပေါ်ကတော့သူစိတ်လှုပ်ရှားနေမှန်းသိလို့
လက်လေးကိုင်ပီးအားပေးနေလေရဲ့
မျက်လုံးအကြည့်တို့ကတော့
စက်ပေါ်ကမခွာ တပြုံးပြုံးပဲ
သူအရမ်းပျော်နေတာ အသိသာကြီး

"ဟော ကလေးလေးကလှုပ်နေတာတွေ့လား"

"ဒေါက်တာဒေါက်တာ ဘာလေးလဲဟင်"

"ယောကျာ်းလေးဗျ ကလေးက ကျန်း"မာ"ပါပဲ"

"မောင်ရေ ယောကျာ်းလေးတဲ့ကြားလားဟင်"

"သည်းငယ် ဗိုက်ထဲမှာမောင့်သားလေးတဲ့"

"ကြားတယ်သည်းငယ်ရဲ့ မောင်ကြားတယ်"

"မောင့်ကလေးလေးချစ်လိုက်တာကွာ"

"မောင်နော်ဘယ်လိုဖြစ် ဒေါက်တာရှိနေတာကို"

"ချစ်လို့ချစ်တယ်ပြောတာကိုကွာ"

"တွေ့လားပြောလေကဲလေ"

"ရပါတယ်ဗျ ဒီလိုပါပဲ
ကိုယ်ဝန်ဆောင်တွေကိုစမ်းသပ်ရင်
ကျွန်တော်ကြုံဖူးနေကျပါ ရပါတယ် ရပါတယ်"

"​ဒေါက်တာ့ အမျိုးသမီးတုန်းကလဲ
ဒေါက်တာ အခုလိုပဲခံစားရမှာပဲနော်"

"အဟမ်းးး!"

"ကျွန်တော်အိမ်ထောင်မရှိဘူး လူပျိုပါဗျ"

"အော် sorry နော် ဒေါက်တာ"

"ရပါတယ် ဒါဆို ကျွန်တော်ကလေးအတွက်
ဆောင်ရန်ရှောင်ရန်တွေမှာမယ်နော်"

"အမျိုးသားဖြစ်သူပါလိုက်မှတ်ပါဗျ"

ရိပေါ်နဲ့ရှောင်ကျန့်ဆေးရုံကနေပြန်လာတော့
ကိုယ်ဝန်သည်လေးဖြစ်တဲ့ရှောင်ကျန့်က
လမ်းလျှောက်ချင်တယ်ဆိုတာကြောင့်
ရိပေါ်မှာအလိုလိုက်ရပြန်ရော
ဆရာဝန်ကလဲလမ်းလျှောက်ပေးရမယ်
ပြောလိုက်တာကြောင့်လဲပါတယ်ပေါ့

လမ်းလဲလျှောက်ရင်း ရှောင်ကျန့်အတွက်လိုတာလေးတွေနဲ့ စားချင်တာလေးတွေအိမ်အတွက်လိုတာတွေပါဝယ်ရင်း
နှစ်ယောက်သားလမ်းလျှောက်လာကြတာ
ပတ်ဝန်းကျင်ကိုမေ့နေတဲ့ထိ
အသံ တစ်သံကိုမကြားခင်ထိပေါ့

"ညီငယ်.....ညီငယ်!"

"ဟင် ကိုကို "

"မောင် မောင် သည်းငယ်ကို့ကို့အသံကိုကြားလိုက်တယ်"

"အင်း"

"ညီငယ်နေပါအုံး ကိုကိုပါ"

"ကိုကို ဘယ်လိုလုပ်ပီး ဒီနားကို"

"ကိုကို ဒီနားမှာအလုပ်ရှိလို့လာတာလေ
ညီငယ်တို့ကိုတွေ့လိုက်လို့ "

"ကျွန်တော်တို့ ဆေးရုံကပြန်လာတာ"

"ဘာ ဘယ်လို ဆေးရုံဟုတ်လား ရိပေါ်ငါ့ညီဘာဖြစ်လို့လဲ"

"မဟုတ်ဘူး ကိုကိုရဲ့ ကျွန့်တော့မှာလေ ဟို"

"ညီငယ်မှာဘာဖြစ်လို့လဲဟင်"

"ဝမ်ရိပေါ်ငါ့ညီဘာဖြစ်တာလဲလို့"

"သည်းငယ်က ကျွန့်တော်နဲ့ရတဲ့ကိုယ်ဝန်ကိုလွယ်ထားရတာ"

"ဟမ် !"

"ညီငယ် ဟုတ် ဟုတ်လို့လားကွာ"

"ကိုကို လက်ပေး "

ရှောင်ကျန့်မယုံနိုင်ဖြစ်နေတဲ့ အကိုဖြစ်သူရဲ့လက်ကို သူ့ဗိုက်စူစူလေးပေါ်တင်ပေးလိုက်တယ်
မျက်လုံးအပြူးသားနဲ့ သူ့ဗိုက်လေးကိုကြည့်နေတဲ့ အကိုဖြစ်သူက မျက်ရည်အဝိုင်းသားနဲ့
တူလေးလား တူမလေးလားဆိုပီး
တိုးတိုးလေးရွတ်နေတာကိုလဲကြားနေရတယ်

ရိပေါ်ကသူ့ယောကိဖဆီကတူလေးလားတူမလေးလား ဆိုတဲ့မေးသံတိုးတိုးလေးကိုကြားတာကြောင့်

"ကျွန့်တော့် သားလေးပါ"

ရိပေါ်ရဲ့ဖြေသံကိုကြားတဲ့ရှောင်းမင်က လက်လန်တယ်ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်တယ်

ဟုတ်တယ်လေ ယောကျာ်းလေးဒါမှမဟုတ်
တူလေးလို့ဖြေရင်ရပီမလား
ဘာတဲ့ ကျွန်တော့် သားလေးဆိုပဲ
ပိုကိုပိုလွန်းတယ် မထင်မိဘူးလား

သူ့နဲ့ရပီးလွယ်ရတဲ့ကိုယ်ဝန်ပါဆို သူ့ကလေးမဟုတ်လို့ ဘယ်သူ့ကလေးဖြစ်ရမလဲ
ရှောင်းမင်စိတ်ထဲမှာတကယ်မလွယ်တဲ့
ယောက်ဖလို့
တွေးလိုက်မိတဲ့ထိ

"ညီငယ်ကလေးးလေးလဲ ရှိလာပီဆိုတော့
ပါးပါးနဲ့ မားမားဆီ "

"ဟင့်အင်းကိုကို ကျွန်တော်တို့ပြန်မလာတော့ဘူး
ကလေးကိစ္စကိုလဲ ကိုကိုပဲပြန်​ပြောလိုက်ပါနော်"

"ကျွန်တော်တို့သွားတော့မယ်ကိုကို
လာလေမောင်ငါပြန်ချင်ပီ"

"အင်းသည်းငယ် မောင်တို့သွားရအောင်
ကျွန်တော်တို့သွားခွင့်ပြုပါအုံး"

"နေပါဦးကွာ ငါ ငါလိုက်ပို့မယ်လေ"

"ရပါတယ်ကိုကိုရဲ့ ကျွန်တော်လမ်းလျှောက်ချင်လို့"

"သွားပြီ ကိုကို"

"အေးအေး"

ရှောင်းမင်ထွက်သွားတဲ့ ညီဖြစ်သူနဲ့ယောက်ဖဖြစ်သူရဲ့ ကျောပြင်ကိုငေးကြည့်ပီးသား
ရပ်နေမိတယ်

ဒီလူသားလေးနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေ
တည်မြဲပီး အရာရာအဆင်​ပြေပါစေလို့သာ
သူ့မှာဆုတောင်းပေးရုံ

မာနကြီးလွန်းတဲ့သူ့ညီငယ်လေးအတွက်လဲစိတ်ပူမိတယ်
ဒီကလေးဘယ်လောက်မာနကြီးတယ်ဆိုတာသူအသိဆုံး အခုလဲပါးနဲ့မားနဲ့ကို
သူပြောခဲ့တဲ့စကားကြောင့် လာမတွေ့တာပဲကြည့်
တကယ့်ကလေးတွေပါလေ
တချိန်ချိန်တော့ အာလုံးအဆင်ပြေပီး
မိသားစုတွေပြန်လည်သင့်မြတ်မယ့်အချိန်ကို
လိုချင်မိပါရဲ့

-------------------------------------------------------
10.3.2023🤍

Update ကြာသွားပါတယ်
စောင့်ရတဲ့အတွက်အမှားလုပ်မိပါတယ်
ခွင့်လွှတ်ကြပါလို့ နေမကောင်းတာရယ်ပွဲတက်နေတာရယ် အပျင်းတစ်နေတာရယ်ကြောင့်
မကြာသင့်ပဲကြာသွားရတာပါနော်🥺
နောက်တော့updateလေးမှန်ဖို့ကြိုးစားပါ့မယ်



Continue Reading

You'll Also Like

1.4M 32.1K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
2M 57.4K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
170K 9K 57
Abandoned and ignored by her father, Princess Vaella remained at her mother's side. Forced to watch as life went on for those around her, while her...
1.5M 26K 53
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...