🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(8)
ထိုစဉ်က ကိုကြီး၏ ယောက်ျားပေးစားမယ်ဆိုတဲ့စကားက စတယ်လို့ထင်ခဲ့ပေမဲ့ မေမေသည် ဖွင့်ပြောလာပါသည်။
"သမီးကရော ပေးစားတဲ့သူနဲ့ယူရမှာလို့ပြောတာလား"
"ဟုတ်တယ် အစကတည်းက မေမေ့မှာ အစီစဉ်ရှိပြီးသား...အစက ကျောင်းပြီးမှ ပြောဖို့စဉ်းစားထားတာ အခုတော့ ဖွင့်ပြောထားသင့်တယ်ထင်လို့"
မေမေ့ဆိုလိုရင်းက ကျောင်းမှာ အနှစ်နဲ့စက်ဝန်းရဲ့သတင်းတွေကြောင့်ဆိုတာ သိ၍ အတွန့်တက်ဖို့ပြင်လိုက်ပေမဲ့...
"မေမေ!...အနှစ်က"
"မေမေပြောတာဆုံးအောင်နားထောင်...ဒီကိစ္စကို သမီးငယ်ငယ်ကတည်းကစီစဉ်ထားတာ သမီးအဖေရဲ့ သူငယ်ချင်းရဲ့သားပဲ သူက အခု နိုင်ငံခြားမှာကျောင်းတက်နေတာ ကျောင်းပြီးရင်ပြန်လာပြီး လက်ထပ်လိမ့်မယ် "
"မေမေ ကျောင်းပြီးရင်ကျ မမြန်ဘူးလား "
"မမြန်ဘူးလို့မေမေထင်တယ် နောက်မှ တရားဝင်မိတ်ဆက်ပေးမယ် "
"မေမေ သူက နိုင်ငံခြားမှာဆို မေမေမြင်ဖူးလို့လား"
"မမြင်ဖူးဘူး ငယ်ငယ်ကတစ်ခါမြင်ပြီးကတည်းက မတွေ့တော့တာ သမီးလည်းမြင်ဖူးပါတယ် ကိုကိုဆိုပြီးတောင် ခေါ်သေးတယ်"
ကိုကို! ငယ်ငယ်ကအနှစ်နဲ့တွေ့ဖူးတယ်တဲ့။ ဘယ်သူလဲ။ သူမမမှတ်မိ။
"မေမေက အနှစ်ကို တစ်ခါမှတောင်မမြင်ဖူးတဲ့သူနဲ့ပေးစားဖို့စီစဉ်ထားတယ် ဒါကတော့မတရားဘူး မသိတဲ့သူနဲ့ဘယ်လိုလက်ထပ်နိုင်မှာလဲ"
"ဒါက သမီးဖေဖေတို့စီစဉ်ခဲ့တာ ဒါကြောင့် သမီးချစ်သူထားမယ်ဆိုရင် မေမေပြောတာကို စဉ်းစားပြီးမှဆုံးဖြတ် ချစ်သူလား မိသားစုလားဆိုတာ သမီးရွေးချယ်နိုင်မှရလိမ့်မယ် ငြင်းချင်ရင်ငြင်းလို့ရတယ် ဒါပေမဲ့ သေချာစဉ်းစား"
အနှစ် ဘာမှမပြောနိုင်တော့ဘဲ အခန်းထဲကိုသာပြေးဝင်လာခဲ့တော့သည်။ ငြင်းချင်လည်းငြင်းလို့ရတယ်ဆိုတဲ့နောက်မှာ သတိပေးတဲ့လေသံမျိုးပါတယ်ဆိုတာ မသိဘဲနေပါ့မလား။
မိဘကပေးစားတာ ကိုကြီးပဲထင်နေတာ သူမလည်း ပါတာပဲ။
စိတ်ညစ်လိုက်တာ။
✿............✿...........✿
မင်းထက်ပြန်ရောက်လာသည့်အခါ မေမေ့ဆီက ညီမလေးအကြောင်းကို ကြားလိုက်ရသည်။
ပြီးတော့ သူ့ညီမက တစ်နေကုန်အခန်းထဲက မထွက်ဘူးတဲ့။ နေ့လည်စာလည်းထွက်မစားဘူးတဲ့လေ။
"ဒေါက်...ဒေါက် "
"ညီမလေး ကိုကြီးပါ..."
"ဒေါက်...ဒေါက် "
ပြန်ထူးသံမကြားရပေမဲ့ အခန်းတံခါးဖွင့်ပေးလာသည့်အသံကြောင့် မင်းထက်ပြုံးကာ အထဲကိုဝင်ခဲ့သည်။
"တစ်နေကုန်အခန်းထဲက မထွက်ဘဲ စိတ်ကောက်နေတာလား "
"မဟုတ်ပါဘူး စဉ်းစားနေတာ "
"ဘာတွေဒီလောက်စဉ်းစားနေတာလဲ..."
"ကိုကြီး မွန်လေးကိုဘယ်လိုလက်ခံနိုင်တာလဲ စေ့စပ်ပေးတာကိုဘာလို့မငြင်းတာလဲ အဲ့တုန်းက မွန်လေးကဘယ်လိုလူလဲဆိုတာ ကိုကြီး မသိသေးဘူးလေ မွန်လေးကို မချစ်ဘူးလေ"
"ကိုကြီးက အချစ်ကြောင့် နာကျင်ရပြီးပြီ ဒါကြောင့် ဒီတစ်ခါနားလည်မှုနဲ့တည်ဆောက်မှရမယ်လို့ဆုံးဖြတ်ထားတာ ပြောရမယ်ဆိုရင် ဆုံးဖြတ်ချက်အတိုင်းနှလုံးသားက လိုက်နာခဲ့တာ မွန်လေးက ကိုကြီးကို နားလည်ပေးတယ်လေ..."
နှလုံးသားက ဒဏ်ရာရှိခဲ့တာမို့ နှလုံးသားကိုပိတ်ပြီး ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တာဆို ပိုမှန်လိမ့်မည်။ အချစ်ဦးက ဒဏ်ရာတွေပဲပေးသွားခဲ့တာလေ။
"ဒါဆို အနှစ်ကရော...အနှစ်လည်း တစ်ခါမှမတွေ့ဖူးတဲ့သူနဲ့လက်ထပ်ရမှာလား အဲ့လူက အနှစ်ထက် အသက်အများကြီးကြီးရင်ဘယ်လိုလုပ်မလဲ မေမေက မမြင်ဖူးတဲ့သူနဲ့ကို သဘောတူနေတယ် အဲ့တာက ပိုဝမ်းနည်းစေတယ်"
"မေမေပြောတာတော့ နှစ်နှစ်လောက်ကြီးမယ်တဲ့...အများဆုံးကြီးမှ ငါးနှစ်ပဲတဲ့ ဒါပေမဲ့ ဟိုဘက်ကအခုထိကျောင်းတက်နေတုန်းဆိုတော့ နှစ်နှစ်လောက်ကြီးမှာပေါ့...ငါလည်းသေချာမသိဘူး ဒါပေမဲ့ ချောမှာပါ ငယ်ငယ်တုန်းကတော့ ချစ်စရာလေး"
"ကိုကြီးက မှတ်မိတယ်လား"
"အင်း နည်းနည်းပါးပါး...အဲ့ကောင်လေးရေနစ်တော့ ဖေဖေကယ်ပေးခဲ့တာ အဲ့တာနဲ့ကတိတွေထားဖြစ်သွားကြတာ"
"စိတ်ညစ်လိုက်တာ!..ဘယ်သူက ဒီလိုဆန်းကြယ်တဲ့ကတိမျိုးထွင်လိုက်တာလဲ"
"အဲ့တာတွေ အသာထား...နင် မနေ့က ညဘက်ကြီး စက်ဝန်းနဲ့ဘယ်သွားတာလဲ "
အနှစ်ပုံမှန်ထိုင်နေရာမှ ကျောမတ်သွားမိ၏။ ပြီးမှ ပုံမှန်အတိုင်းနေကာ...
"လမ်းထိပ်တင်ပါ..."
"သူက ဘာလို့ခေါ်တာတဲ့လဲ "
"အနှစ်ကို အစားအသောက်အကြောင်းမေးတာ အနှစ်က ဒီလမ်းအကြောင်းသေချာသိတယ်လေ ဒီနားက ဘယ်နားကစားသောက်ဆိုင်ကကောင်းလဲမေးတာ"
"ဪ ငါ့ကိုမမေးဘဲနဲ့လား "
မင်းထက် ထိုသို့မေးသည့်အခါ အနှစ်မျက်လုံးတွေ ဂဏှာမငြိမ်ဖြစ်သွား၏။ ပြီးမှ...
"အနှစ်တို့က ရွယ်တူဆိုတော့ ပြောရလွယ်တယ်လေ..."
"ရွယ်တူ!? ရွယ်တူမဟုတ်ပါဘူး...နင့်ထက် နှစ်နှစ်တောင်ကြီးတယ် "
"ရှင်!...နှစ်နှစ်..."
"စက်ဝန်းက နိုင်ငံခြားမှာ ကျောင်းတက်လာတာ...ဒုတိယနှစ်ထိတက်ပြီးမှ ဒီမှာ တက္ကသိုလ်ဆက်တက်တာ နင့်ထက် နှစ်နှစ်ကြီးတယ်..."
"တစ်ကယ်ကြီးလား "
"အင်း "
"အနှစ်မသိဘူး "
"အခုသိပြီဆိုတော့ စက်ဝန်းကိုချေတာလျှော့...သူက သူ့ပုံစံမှအားမနာ နင့်ကိုကြိုက်တာလေ..."
"ကိုကြီးက သူ အနှစ်ကိုကြိုက်မှန်းသိနေတယ်"
"အင်း အဲ့ကောင်က ဝန်မခံပေမဲ့ သိနေတယ်"
"အဲ့လိုလား"
"ဘာပဲဖြစ်ဖြစ် ငါက နင့်ဘက်ကပဲ...အကယ်၍ စက်ဝန်းကိုကြိုက်ရင် မေမေ့ကို အမှန်အတိုင်းပြောရအောင် "
"အနှစ် သူ့ကိုမကြိုက်ဘူး "
"ဒါဆိုလည်း ပေးစားသူနဲ့ယူလိုက်ပေါ့ "
သူ အနှစ်ကိုကျောခိုင်းပြီးမှ ပြုံးမိ၏။ ဘယ်သူနဲ့ပဲ ယူပါစေ သူကတော့ အနှစ်ပျော်ရင် ကျေနပ်ပြီ။
အကယ်၍ စက်ဝန်းကို အနှစ်လက်ခံရင် မေမေ့ကို သေချာပေါက်ရအောင်ပြောပေးမှာ။
သူကချစ်တဲ့သူနဲ့မညားနိုင်ပေမဲ့ ညီမလေးကိုတော့ ညားစေချင်ပါသည်။
ကိုကြီးထွက်သွားမှ အနှစ်ရင်ဘတ်ကို အသာဖိကာ မွေ့ယာပေါ်ထိုင်ချ၏။
စက်ဝန်းအလွန်...Valentine dayက စိတ်လွှတ်ပြီးနမ်းယုံကလွဲရင် ဖွင့်ပြောတဲ့နေ့တုန်းက ထိတောင်မထိခဲ့။ ဒီလောက်ထိ သူမကိုတန်ဖိုးထားတာလား။
သူ့စိတ်ရင်းအမှန်ကိုသိရတော့ ရင်ထဲမှာ လှိုက်ခနဲပျော်သွား၏။ သို့သော် မေမေ့မျက်နှာမြင်ယောင်လာတော့ မှိုင်ကျသွား၏။ သူမက မေမေ့ကိုလည်း စိတ်မဆင်းရဲစေချင်ပါ။
ပြီးတော့ ကင်းက စိတ်ဝင်စားတယ်လို့ပဲပြောသွားတာ။ ချစ်တယ်၊ကြိုက်တယ်လို့ပြောတာမှမဟုတ်တာ။ စိတ်ဝင်စားတယ်ဆိုတာက အမြဲတမ်းမဖြစ်နေနိုင်ဘူးလေ။
✿............✿...........✿
ကျောင်းပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရမယ်လို့ထင်ခဲ့ပေမဲ့ ကျောင်းပြီးရင်လက်ထပ်ရမယ်ဆိုတော့ ကျောင်းမပြီးချင်တော့။
"အနှစ် ဘာစိတ်ညစ်စရာရှိလို့လဲဟင် "
"ဟင်း..."
အဖြေအစားသက်ပြင်းချသံသာကြားရ၍ မွန်လေးစိုးရိမ်သွား၏။
"ဘာဖြစ်တာလဲအနှစ် "
"မွန်လေး! အနှစ်က relationshipတစ်ခုတည်ဆောက်ဖို့အတွက် အချိန်လိုအပ်ဆိုပြီး တွဲဖို့ပြောတဲ့သူတိုင်းကိုငြင်းတယ်မလား"
"အင်း မွန်လေးသိပါတယ်"
"ဒါပေမဲ့လေ အနှစ်အမှားလုပ်ခဲ့တယ် ကိုယ့်ကိုဖွင့်ပြောခဲ့တဲ့သူကို သူငယ်ချင်းအဖြစ်လက်ခံဖြစ်တယ် ပထမဆုံး မငြင်းဘဲလက်ခံမိတယ်"
"ဒါဆို အနှစ်က သူ့ကိုလေ့လာဖို့ဆုံးဖြတ်လိုက်တယ်ဆိုပါတော့ "
"အင်း ဒါပေမဲ့ မလေ့လာခင် အတားအဆီးတစ်ခုပေါ်လာတယ် မေမေက ငါ့အတွက် စေ့စပ်ရမဲ့သူက သပ်သပ်ရှိပြီးသားတဲ့ ဒါကြောင့် ရည်းစားထားမယ်ဆို သေချာစဉ်းစားတဲ့"
"အဲ့ဒီခံစားချက်ကို မွန်လေးနားလည်တယ်...ဘယ်လောက်တောင်ခံစားရခက်လဲဆိုတာ ဒါပေမဲ့ အနှစ်နောင်တမရစေနဲ့...အန်တီ့စကားကိုလက်ခံပြီးမှ နင့်နှလုံးသားကိုသိရင် အဲ့ဒါက ပြန်ပြင်ဆင်လို့မရတဲ့အမှားဖြစ်သွားမှာ ဒါကြောင့် နင့်နှလုံးသားကို မြန်မြန်နွေးထွေးစေတဲ့သူကိုပဲ ရွေးချယ်!...ငါကတော့ နင်ချစ်တဲ့သူနဲ့ပျော်ရွှင်စေချင်တယ်"
"ဒါဆို မေမေနာကျင်ရမှာပေါ့ "
မွန်လေးတိတ်သွား၏။ ဘယ်သူ့ကိုမှမနာကျင်စေချင်ပေမဲ့ တစ်ယောက်ယောက်က သေချာပေါက်နာကျင်ရမဲ့လမ်းကို ရွေးချယ်ရတဲ့အခါ အနှစ်ကလည်း သူမလိုပဲ ကိုယ်ကိုတိုင်ကပဲ နာကျင်ဖို့ရွေးချယ်လိုက်လျှင်...
"နင့်ကိုလက်ထပ်ပေးမှာက ဘွဲ့ရပြီးမှမလား...တစ်နှစ်ကျော်လိုပါသေးတယ် ဒီအတောအတွင်း နင်ချစ်တဲ့သူနဲ့ပျော်ဖို့အချိန်ရပါသေးတယ် လက်ထပ်ရမှာကို မေ့ထားလိုက် ခဏကပြောတဲ့သူကို ပြန်လေ့လာကြည့်ပေါ့ ပြီးမှဆုံးဖြတ်"
ဟင့်အင်း။ ငါသူ့ကိုလက်မခံတော့ဘူး။
အဆုံးသတ်ကိုသိနေတဲ့ဇာတ်လမ်းမျိုးကို ငါမစဘူး။
"ဟင့်အင်း ငါသူ့ကိုမချစ်သေးပါဘူး အပြတ်ငြင်းဖို့စဉ်းစားထားတယ် သူငယ်ချင်းလည်းဆက်ဖြစ်ချင်နေသေးလို့ သူ့ဘက်ကဘာမှမပြောသလိုနေပေးနေလို့ မကြာခင် အနှစ်တိကျတဲ့ဆုံးဖြတ်ချက်ကိုဆုံးဖြတ်နိုင်မှာပါ"
မွန်လေးရိပ်မိလိုက်ပြီ။ အနှစ်နားမှာ ယောက်ျားလေးသူငယ်ချင်းဆို၍ ထင်ရှားနဲ့စက်ဝန်းသာရှိသည်။ ထင်ရှားကအနှစ်ကိုမကြိုက်ဘူးဆိုမှတော့ တစ်ယောက်သာကျန်သည်။ စက်ဝန်းဖြစ်ပေမည်။ ဒီလောက်တော့ မွန်လေးရိပ်စားမိပါသည်။ စက်ဝန်းရဲ့အကြည့်တွေက အနှစ်အပေါ်မှာတော့ ထူးခြားနေတယ်ဆိုတာကို။
"မွန်လေး...အနှစ်"
ခေါ်သံကြောင့် ကြည့်တော့ ထင်ရှား။ နောက်မှာ တစ်ယောက်များပါလာဦးမလားလို့ကြည့်မိတော့ ဘယ်သူမှမရှိ။
"တစ်ယောက်တည်းလား..."
မွန်လေးက အနှစ်အခြေအနေကို အကဲခတ်ပြီးမေးခွန်းမေး၏။
"စက်ဝန်းက ဖျားနေလို့ ကျောင်းမတက်ဘူး"
"ဪ အရမ်းဖျားနေတာလား...ဆေးခန်းရော သွားပြီးပြီလားတဲ့ "
"စက်ဝန်းက ဆေးထိုးအပ်အရမ်းကြောက်တာမွန်လေးရဲ့...ဒါကြောင့် အိမ်မှာပဲ အိပ်နေလောက်တယ် ဆေးတောင်သောက်ချင်မှသောက်မှာ"
"ဒါဆို သူ့ရဲ့မိဘတွေကရော "
"စက်ဝန်းက တစ်ယောက်တည်းနေတာ မွန်လေးမသိဘူးလား...စက်ဝန်းမိသားစုက နိုင်ငံခြားမှာ"
"ဪ မသိဘူး...ဒါဆို မွန်လေးတို့သူ့အိမ်သွားကြရအောင် ဆေးလည်းမထိုး၊ဆေးလည်းမတိုက်ဆိုရင် ဘယ်လိုလုပ်အဖျားပျောက်မှာလဲ တစ်ယောက်တည်းနေတာဆို ပိုဆိုးမှာ"
မွန်လေးက ထိုသို့စကားစလျှင် ထင်ရှားသည် လည်ဂုတ်ကို လက်နဲ့အသာပွတ်လိုက်ရင်း...
"ကျွန်တော်ကသွားချင်တယ် ဒါပေမဲ့ ကျွန်တော်ဘာမှမလုပ်ပေးတတ်ဘူးဗျ မွန်လေးတို့ပါတယ်ဆိုတော့ သွားကြမယ်လေ ကျွန်တော်က အဖော်လိုက်ခဲ့ပေးပါမယ်"
မွန်လေးက အနှစ်ကို ဘယ်လိုလဲဆိုသည့်ပုံစံနဲ့ မေးငေါ့ပြတော့ အနှစ်ခေါင်းငြိမ့်လိုက်သည်။
သူငယ်ချင်းနေမကောင်းဖြစ်တာဆိုတော့ သွားသင့်တာပေါ့။
မွန်လေးကားနဲ့ စက်ဝန်းရဲ့အိမ်ကိုအနှစ်တို့ရောက်လာကြသည်။ အဝင်ပေါက်မှာ ထင်ရှားကစက်ဝန်းကိုဖုန်းဆက်သည်။ ဖုန်းပြောပြီး စက္ကန့်ပိုင်းအကြာမှာတော့ ခြံတံခါးက သူ့အလိုလိုပွင့်လာ၏။
စက်ဝန်းအလွန်က ဘယ်လိုမိသားစုကနေပေါက်ဖွားလာလဲမသိပေမဲ့ သူနေတဲ့နေရာကတော့ မီလီယံနာသူဌေးတွေရဲ့အပန်းဖြေစံအိမ်မျိုးဖြစ်သည်။ သို့သော် ဒီအိမ်ကြီးထဲမှာ သူက တစ်ယောက်တည်းနေတာတဲ့လေ။
"မင်းတို့ဘယ်လိုရောက်လာကြတာလဲ"
စက်ဝန်းက သူတို့အတွက် အအေးချပေးရင်းမှဆိုလာသည်။
"နေမကောင်းဘူးဆိုလို့ လာကြည့်ကြတာ"
မွန်လေးစကားကြောင့် သူက အနှစ်ကိုကြည့်လာသည်။ စိတ်ပူတာလားဆိုတဲ့အကြည့်မျိုး။ သို့သော် အနှစ်က အကြည့်လွှဲပြီး သူချပေးသည့်ဖျော်ရည်ကို စသောက်သည်။
"ငါက နေ့ဘက်ဆိုသိပ်မဖျားဘူး ညဘက်မှာပဲအဖျားတက်တာ"
"ဪ ဒါဆို ညဘက်အရမ်းဖျားရင် ဘယ်သူကလာကြည့်ပေးမှာလဲ "
"မရှိဘူး"
"ဒီအိမ်ကြီးထဲမှာ နင်တစ်ယောက်တည်းလား..."
"အင်း ငါတစ်ယောက်တည်းနေရတာသဘောကျတယ် "
"ဪ...ဒါဆို မွန်လေးတို့အိမ်ကို ပတ်ကြည့်လို့ရလား"
"အင်း ကြည့်ချင်ရင်ကြည့်လို့ရတယ်"
"အိုခေ လာအနှစ် ငါတို့လျှောက်ကြည့်ရအောင်"
မွန်လေးက စပ်စုနေပေမဲ့ အနှစ်ကတော့ ဒီတိုင်းအအေးကိုသာငုံ့သောက်နေ၏။ မွန်လေးမေးသည့်အခါ အနှစ်သည် ခေါင်းကိုခါရမ်းလိုက်ပြီး...
"တော်ပြီ ဘယ်သူမှမရှိတဲ့အိမ်ကိုဘာလို့ကြည့်နေမှာလဲ"
"ကျွန်တော်လိုက်ပြပေးမယ် မွန်လေး..."
ထင်ရှားက ထရပ်ရင်းမှ မွန်လေးကိုပြော၏။
"ရတယ် မွန်လေးလည်းမကြည့်တော့..."
"ဟာမဟုတ်တာ ကျွန်တော်လိုက်ပြမယ် လာပါ"
ထင်ရှားက မွန်လေးကို အတင်းဆွဲခေါ်သွားပါသည်။ ထို့ကြောင့် ဧည့်ခန်းမှာ အနှစ်နဲ့သူသာကျန်တော့သည်။
"အအေးထပ်ယူဦးမလား"
အအေးကိုဘယ်လောက်ကြာအောင်ငုံ့သောက်နေသည်မသိ သူ့အသံကြားမှခေါင်းမော့ဖြစ်သည်။
"ဟင်!..."
"အအေးထပ်ယူဦးမလား...မင်းသောက်နေတာမရှိတော့ဘူး "
ထိုအခါမှ အနှစ်အအေးပုလင်းကိုကြည့်မိသည်။ အအေးကရှိမနေတော့။
ဘယ်တုန်းက ဒီလောက်အကုန်မြန်သွားတာလဲ။
"မယူတော့ဘူး ကျွန်မဝပြီ "
"အင်း "
ဒါပဲပြောပြီးတိတ်ဆိတ်သွားကြပြန်သည်။
"ငါတို့ ဝရံတာဘက်ဘက်သွားကြမလား"
"ဟင့်အင်း "
ချက်ချင်းခေါင်းခါမိပြီးမှ သူ့ကိုကြည့်မိသည်။ သူများတစ်မျိုးထင်သွားမလားဆိုပြီးတွေးမိကာ...
"ကျွန်မပြောချင်တာ လေစိမ်းမိရင် ရှင်ပြန်ဖျားမှာလေ ဒါကြောင့် ဒီမှာပဲထိုင်ပါမယ်"
"အင်း "
စက်ဝန်းက မသိမသာပြုံးကာ ဆိုဖာပေါ်ပြန်ထိုင်လိုက်တော့၏။ စိတ်တော့ပူနေပုံပဲ။
အဟမ်း။ သူမလည်ချောင်းရှင်းလိုက်သည်။
ကိုယ့်ကိုကြိုက်ပါတယ်လို့ပြောထားတဲ့သူနဲ့စကားပြောရမှာ တစ်မျိုးဖြစ်ပေမဲ့ သူ့ဘက်ကဘာမှမဖြစ်သလိုအေးအေးဆေးဆေးဖြစ်နေသည်။ အရင်ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ပင်။
"ဒီအိမ်မှာရှင်တစ်ယောက်တည်းပဲနေတာလား"
"အင်းဟုတ်တယ် ကိုယ့်မိဘတွေက နိုင်ငံခြားမှာ"
"ဪ ဒါဆို အိမ်မှုကိစ္စအတွက်ကျတော့ရော"
"ခြံထောင့်ကအိမ်မှာတော့ ခြံစောင့်ဦးလေးတို့လင်မယားရှိတယ် သူတို့ရဲ့တာဝန်ချိန်က မနက်ပိုင်းပဲ ဒါကြောင့်အခု မင်းသူတို့ကိုတွေ့မှာမဟုတ်ဘူး "
"ဪ..."
သူမ ထိုမျှသာပြောပြီး ထပ်မပြောတတ်တော့။ အရင်က ရန်ဖြစ်နေကျမို့ တည့်နေတဲ့အခါ ဘာပြောရမှန်းမသိတော့ပေ။
"ငါပြောခဲ့တဲ့စကားကို အဆင်မပြေရင်မေ့လိုက်...အနှစ် ငါမင်းကိုစိတ်ဝင်စားပါတယ်လို့ပြောတာမှန်ပေမဲ့ ငါ့ကိုဂရုမစိုက်နဲ့ အရင်လိုပဲနေ..."
သူမမျက်နှာနွေးခနဲ။ ဒါက အရှက်ခွဲခံလိုက်ရတာလား။ သူကအရင်ကြိုက်တယ်ပြောပြီး ဒီလိုမာနကြီးပြတာလား။
"ကျွန်မလည်း ရှင့်အပေါ် ထူးထူးခြားခြားဆိုပြီးဆက်ဆံတာလည်းမရှိပါဘူး ကျွန်မတို့က သူငယ်ချင်းလို့တောင်ပြောလို့မရတဲ့ဆက်ဆံရေးလေ ရှင်ကကြိုက်တယ်လို့ပြောခဲ့ပေမဲ့ ကျွန်မလက်မခံလို့ ဒီလိုလုပ်နေတာဆိုရင် ရှင် အငြိုးသိပ်ကြီးပါလားစက်ဝန်းအလွန် ကျွန်မ ရှင်ပြောတာတွေကို မေ့တောင်မေ့တော့မှာ ဒါကြောင့် လျှောက်တွေးတာ၊စည်းခြားတာက ကျွန်မ မဟုတ်ဘဲ ရှင်ကိုယ်တိုင်ဖြစ်လိမ့်မယ်"
ရှင်ကစည်းတားရင် ကျွန်မက အဲ့စည်းကို လုံးဝမကျော်ဘူး။ ဘာလို့ဆို ကျွန်မရပ်နေတဲ့နေရာက ရှင်နဲ့အဝေးကြီးမှာမို့လို့ပဲ။
"မဟုတ်ဘူး ငါပြောချင်တာက!.."
အနှစ်နဲ့သူဘာစကားမှဆက်မပြောဖြစ်ကြတော့သည်က မွန်လေးနဲ့ထင်ရှားပြန်ရောက်လာ၍ပင်။ သူ့မျက်နှာတည်နေတာတွေ့တော့ ထက်ရှားနဲ့မွန်လေးမျက်လုံးချင်းဆုံကြကာ မေးခွန်းထုတ်ကြသည်။
သို့သော် စက်ဝန်းနဲ့အနှစ် ဘာဖြစ်နေလဲဆိုတာတော့ သိမှာမဟုတ်ပေ။
ပြန်ခါနီးကျ သူက အနှစ်လက်ကို လှမ်းဆွဲကာတားသည်။ မွန်လေးနဲ့ထင်ရှားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရှေ့ကို ခပ်သွက်သွက်ထွက်သွားကြသည်။
"ဘာပြောစရာကျန်သေးလို့လဲ"
"တောင်းပန်ပါတယ် ခဏက ငါစကားမှားသွားတယ်"
သူမ သူ့ကိုမော့ကြည့်တော့ မှိန်ဖျော့ဖျော့မျက်ဝန်းတွေနှင့် သူမကိုစိုက်ကြည့်နေလေသည်။
"ငါက မင်းနေရခက်မှာဆိုးလို့ မင်းကိုမကြိုက်တော့တာမဟုတ်ဘူး "
"ဘာတွေပြောနေတာလဲ ကျွန်မက ရှင်ကြိုက်ကြိုက်၊မကြိုက်ကြိုက်စိတ်မဝင်စားပါဘူး"
"ဟုတ်လား ငါကမင်းစိတ်ဆိုးသွားတယ်ထင်နေတာ"
"မဆိုးဘူး လွှတ်...ရှင်နဲ့ကျွန်မက ဘာဆိုင်လို့စိတ်ဆိုးစိတ်ကောက်ရမှာလဲ "
သူမ သူ့လက်ထဲကနေရုန်းထွက်တော့ မလွှတ်ပေးဘဲ သူမပုခုံးကိုဆုပ်ကိုင်လာ၏။ ပြီးနောက် သူမမျက်လုံးကိုစေ့စေ့ကြည့်ကာ...
"ငါ့ရဲ့မာနက မင်းနဲ့စတွေ့ကတည်းက မရှိတော့တာ...ဒါကြောင့်အရမ်းမချေပါနဲ့ "
"ကျွန်မစိတ် ကျွန်မသဘောပါ...ဘာလို့ဟိုလိုလုပ်၊ဒီလိုလုပ်ပြောနေတာလဲ ဖယ် ကျွန်မသွားတော့မယ်"
သူ့ကိုတွန်းထုတ်ပြီး ကားရှိရာအမြန်ထွက်ခဲ့တော့သည်။ ပြောတော့အသားမယူဘူးတဲ့။ ပုခုံးကိုင်လိုက်၊လက်ကိုင်လိုက်နဲ့အသားယူနေတာများ။
စက်ဝန်းအလွန် အမြင်ကပ်ဖို့ကောင်းတယ်။
အနှစ်က ပွစိပွစိနဲ့အမြင်ကပ်နေသလောက် ဖျားနေသူကတော့ သွားတွေပေါ်သည်အထိသဘောကျနေပါသည်။
✿............✿...........✿
နောက်တစ်ရက်...
"အမယ် ဟေ့ကောင် အဖျားပျောက်ပြီပေါ့"
ကျောင်းကို တက်ကြွစွာ ရောက်လာသည့်စက်ဝန်းကြောင့် ထင်ရှားကမေးလိုက်ခြင်းဖြစ်သည်။ သူက အနှစ်ရှိရာဘက်ကိုကြည့်ကာ...
"အင်း ငါ့မှာအရမ်းကောင်းတဲ့ဆေးရှိတယ်လေ"
သူ့စကားကြောင့် အနှစ်မျက်နှာနီရဲလာ၏။ သူ့ကိုမျက်ထောင့်နီနဲ့စိုက်ကြည့်တော့ ပြုံးနေသည်။
"ဪ...နောက်တစ်ခါဖျားရင် ငါလည်းမင်းဆီက ဆေးလှမ်းတောင်းရမယ်"
"မရဘူး"
"မင်းက ဆေးတောင်ကပ်စီးနည်းနေတာလား"
"ဒီဆေးက အထူးထုတ်ကုန်...ပေးလို့မရဘူး ငါတောင်မနည်းဖုန်းဆက်ရတာ "
"ဆေးက ဖုန်းဆက်တာနဲ့ဘာဆိုင်လဲ"
"မင်းမသိပါဘူး ဒါက ဒီလိုရှိတယ်"
"ကပ်စီးနည်းကောင်!.."
စက်ဝန်းပြုံးတယ်ဆိုယုံလေးပြုံးလိုက်ပြီး အနှစ်ကို မျက်ခုံးပင့်ပြသည်။
အနှစ်ကတော့ မျက်မှောင်ကြုတ်ကာ အအေးကိုသာသောက်နေမိတော့သည်။
သူပြောတဲ့ဆေးဆိုတာသည် မနေ့က အနှစ်နဲ့ဖုန်းပြောခဲ့တာကိုပြောချင်တာဖြစ်မည်။ ဖုန်းဆက်ပြီး အတင်းဂျီကျနေလို့ ဖုန်းပြောပေးခဲ့ရသည်လေ။
အလကား အခွင့်အရေးယူတဲ့သူ။
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(8)
ထိုစဥ္က ကိုႀကီး၏ ေယာက္်ားေပးစားမယ္ဆိုတဲ့စကားက စတယ္လို႔ထင္ခဲ့ေပမဲ့ ေမေမသည္ ဖြင့္ေျပာလာပါသည္။
"သမီးကေရာ ေပးစားတဲ့သူနဲ႔ယူရမွာလို႔ေျပာတာလား"
"ဟုတ္တယ္ အစကတည္းက ေမေမ့မွာ အစီစဥ္ရွိၿပီးသား...အစက ေက်ာင္းၿပီးမွ ေျပာဖို႔စဥ္းစားထားတာ အခုေတာ့ ဖြင့္ေျပာထားသင့္တယ္ထင္လို႔"
ေမေမ့ဆိုလိုရင္းက ေက်ာင္းမွာ အႏွစ္နဲ႔စက္ဝန္းရဲ႕သတင္းေတြေၾကာင့္ဆိုတာ သိ၍ အတြန႔္တက္ဖို႔ျပင္လိုက္ေပမဲ့...
"ေမေမ!...အႏွစ္က"
"ေမေမေျပာတာဆုံးေအာင္နားေထာင္...ဒီကိစၥကို သမီးငယ္ငယ္ကတည္းကစီစဥ္ထားတာ သမီးအေဖရဲ႕ သူငယ္ခ်င္းရဲ႕သားပဲ သူက အခု ႏိုင္ငံျခားမွာေက်ာင္းတက္ေနတာ ေက်ာင္းၿပီးရင္ျပန္လာၿပီး လက္ထပ္လိမ့္မယ္ "
"ေမေမ ေက်ာင္းၿပီးရင္က် မျမန္ဘူးလား "
"မျမန္ဘူးလို႔ေမေမထင္တယ္ ေနာက္မွ တရားဝင္မိတ္ဆက္ေပးမယ္ "
"ေမေမ သူက ႏိုင္ငံျခားမွာဆို ေမေမျမင္ဖူးလို႔လား"
"မျမင္ဖူးဘူး ငယ္ငယ္ကတစ္ခါျမင္ၿပီးကတည္းက မေတြ႕ေတာ့တာ သမီးလည္းျမင္ဖူးပါတယ္ ကိုကိုဆိုၿပီးေတာင္ ေခၚေသးတယ္"
ကိုကို! ငယ္ငယ္ကအႏွစ္နဲ႔ေတြ႕ဖူးတယ္တဲ့။ ဘယ္သူလဲ။ သူမမမွတ္မိ။
"ေမေမက အႏွစ္ကို တစ္ခါမွေတာင္မျမင္ဖူးတဲ့သူနဲ႔ေပးစားဖို႔စီစဥ္ထားတယ္ ဒါကေတာ့မတရားဘူး မသိတဲ့သူနဲ႔ဘယ္လိုလက္ထပ္ႏိုင္မွာလဲ"
"ဒါက သမီးေဖေဖတို႔စီစဥ္ခဲ့တာ ဒါေၾကာင့္ သမီးခ်စ္သူထားမယ္ဆိုရင္ ေမေမေျပာတာကို စဥ္းစားၿပီးမွဆုံးျဖတ္ ခ်စ္သူလား မိသားစုလားဆိုတာ သမီးေ႐ြးခ်ယ္ႏိုင္မွရလိမ့္မယ္ ျငင္းခ်င္ရင္ျငင္းလို႔ရတယ္ ဒါေပမဲ့ ေသခ်ာစဥ္းစား"
အႏွစ္ ဘာမွမေျပာႏိုင္ေတာ့ဘဲ အခန္းထဲကိုသာေျပးဝင္လာခဲ့ေတာ့သည္။ ျငင္းခ်င္လည္းျငင္းလို႔ရတယ္ဆိုတဲ့ေနာက္မွာ သတိေပးတဲ့ေလသံမ်ိဳးပါတယ္ဆိုတာ မသိဘဲေနပါ့မလား။
မိဘကေပးစားတာ ကိုႀကီးပဲထင္ေနတာ သူမလည္း ပါတာပဲ။
စိတ္ညစ္လိုက္တာ။
✿............✿...........✿
မင္းထက္ျပန္ေရာက္လာသည့္အခါ ေမေမ့ဆီက ညီမေလးအေၾကာင္းကို ၾကားလိုက္ရသည္။
ၿပီးေတာ့ သူ႔ညီမက တစ္ေနကုန္အခန္းထဲက မထြက္ဘူးတဲ့။ ေန႔လည္စာလည္းထြက္မစားဘူးတဲ့ေလ။
"ေဒါက္...ေဒါက္ "
"ညီမေလး ကိုႀကီးပါ..."
"ေဒါက္...ေဒါက္ "
ျပန္ထူးသံမၾကားရေပမဲ့ အခန္းတံခါးဖြင့္ေပးလာသည့္အသံေၾကာင့္ မင္းထက္ၿပဳံးကာ အထဲကိုဝင္ခဲ့သည္။
"တစ္ေနကုန္အခန္းထဲက မထြက္ဘဲ စိတ္ေကာက္ေနတာလား "
"မဟုတ္ပါဘူး စဥ္းစားေနတာ "
"ဘာေတြဒီေလာက္စဥ္းစားေနတာလဲ..."
"ကိုႀကီး မြန္ေလးကိုဘယ္လိုလက္ခံႏိုင္တာလဲ ေစ့စပ္ေပးတာကိုဘာလို႔မျငင္းတာလဲ အဲ့တုန္းက မြန္ေလးကဘယ္လိုလူလဲဆိုတာ ကိုႀကီး မသိေသးဘူးေလ မြန္ေလးကို မခ်စ္ဘူးေလ"
"ကိုႀကီးက အခ်စ္ေၾကာင့္ နာက်င္ရၿပီးၿပီ ဒါေၾကာင့္ ဒီတစ္ခါနားလည္မႈနဲ႔တည္ေဆာက္မွရမယ္လို႔ဆုံးျဖတ္ထားတာ ေျပာရမယ္ဆိုရင္ ဆုံးျဖတ္ခ်က္အတိုင္းႏွလုံးသားက လိုက္နာခဲ့တာ မြန္ေလးက ကိုႀကီးကို နားလည္ေပးတယ္ေလ..."
ႏွလုံးသားက ဒဏ္ရာရွိခဲ့တာမို႔ ႏွလုံးသားကိုပိတ္ၿပီး ဦးေႏွာက္နဲ႔ဆုံးျဖတ္ခဲ့တာဆို ပိုမွန္လိမ့္မည္။ အခ်စ္ဦးက ဒဏ္ရာေတြပဲေပးသြားခဲ့တာေလ။
"ဒါဆို အႏွစ္ကေရာ...အႏွစ္လည္း တစ္ခါမွမေတြ႕ဖူးတဲ့သူနဲ႔လက္ထပ္ရမွာလား အဲ့လူက အႏွစ္ထက္ အသက္အမ်ားႀကီးႀကီးရင္ဘယ္လိုလုပ္မလဲ ေမေမက မျမင္ဖူးတဲ့သူနဲ႔ကို သေဘာတူေနတယ္ အဲ့တာက ပိုဝမ္းနည္းေစတယ္"
"ေမေမေျပာတာေတာ့ ႏွစ္ႏွစ္ေလာက္ႀကီးမယ္တဲ့...အမ်ားဆုံးႀကီးမွ ငါးႏွစ္ပဲတဲ့ ဒါေပမဲ့ ဟိုဘက္ကအခုထိေက်ာင္းတက္ေနတုန္းဆိုေတာ့ ႏွစ္ႏွစ္ေလာက္ႀကီးမွာေပါ့...ငါလည္းေသခ်ာမသိဘူး ဒါေပမဲ့ ေခ်ာမွာပါ ငယ္ငယ္တုန္းကေတာ့ ခ်စ္စရာေလး"
"ကိုႀကီးက မွတ္မိတယ္လား"
"အင္း နည္းနည္းပါးပါး...အဲ့ေကာင္ေလးေရနစ္ေတာ့ ေဖေဖကယ္ေပးခဲ့တာ အဲ့တာနဲ႔ကတိေတြထားျဖစ္သြားၾကတာ"
"စိတ္ညစ္လိုက္တာ!..ဘယ္သူက ဒီလိုဆန္းၾကယ္တဲ့ကတိမ်ိဳးထြင္လိုက္တာလဲ"
"အဲ့တာေတြ အသာထား...နင္ မေန႔က ညဘက္ႀကီး စက္ဝန္းနဲ႔ဘယ္သြားတာလဲ "
အႏွစ္ပုံမွန္ထိုင္ေနရာမွ ေက်ာမတ္သြားမိ၏။ ၿပီးမွ ပုံမွန္အတိုင္းေနကာ...
"လမ္းထိပ္တင္ပါ..."
"သူက ဘာလို႔ေခၚတာတဲ့လဲ "
"အႏွစ္ကို အစားအေသာက္အေၾကာင္းေမးတာ အႏွစ္က ဒီလမ္းအေၾကာင္းေသခ်ာသိတယ္ေလ ဒီနားက ဘယ္နားကစားေသာက္ဆိုင္ကေကာင္းလဲေမးတာ"
"ဪ ငါ့ကိုမေမးဘဲနဲ႔လား "
မင္းထက္ ထိုသို႔ေမးသည့္အခါ အႏွစ္မ်က္လုံးေတြ ဂဏွာမၿငိမ္ျဖစ္သြား၏။ ၿပီးမွ...
"အႏွစ္တို႔က ႐ြယ္တူဆိုေတာ့ ေျပာရလြယ္တယ္ေလ..."
"႐ြယ္တူ!? ႐ြယ္တူမဟုတ္ပါဘူး...နင့္ထက္ ႏွစ္ႏွစ္ေတာင္ႀကီးတယ္ "
"ရွင္!...ႏွစ္ႏွစ္..."
"စက္ဝန္းက ႏိုင္ငံျခားမွာ ေက်ာင္းတက္လာတာ...ဒုတိယႏွစ္ထိတက္ၿပီးမွ ဒီမွာ တကၠသိုလ္ဆက္တက္တာ နင့္ထက္ ႏွစ္ႏွစ္ႀကီးတယ္..."
"တစ္ကယ္ႀကီးလား "
"အင္း "
"အႏွစ္မသိဘူး "
"အခုသိၿပီဆိုေတာ့ စက္ဝန္းကိုေခ်တာေလွ်ာ့...သူက သူ႔ပုံစံမွအားမနာ နင့္ကိုႀကိဳက္တာေလ..."
"ကိုႀကီးက သူ အႏွစ္ကိုႀကိဳက္မွန္းသိေနတယ္"
"အင္း အဲ့ေကာင္က ဝန္မခံေပမဲ့ သိေနတယ္"
"အဲ့လိုလား"
"ဘာပဲျဖစ္ျဖစ္ ငါက နင့္ဘက္ကပဲ...အကယ္၍ စက္ဝန္းကိုႀကိဳက္ရင္ ေမေမ့ကို အမွန္အတိုင္းေျပာရေအာင္ "
"အႏွစ္ သူ႔ကိုမႀကိဳက္ဘူး "
"ဒါဆိုလည္း ေပးစားသူနဲ႔ယူလိုက္ေပါ့ "
သူ အႏွစ္ကိုေက်ာခိုင္းၿပီးမွ ၿပဳံးမိ၏။ ဘယ္သူနဲ႔ပဲ ယူပါေစ သူကေတာ့ အႏွစ္ေပ်ာ္ရင္ ေက်နပ္ၿပီ။
အကယ္၍ စက္ဝန္းကို အႏွစ္လက္ခံရင္ ေမေမ့ကို ေသခ်ာေပါက္ရေအာင္ေျပာေပးမွာ။
သူကခ်စ္တဲ့သူနဲ႔မညားႏိုင္ေပမဲ့ ညီမေလးကိုေတာ့ ညားေစခ်င္ပါသည္။
ကိုႀကီးထြက္သြားမွ အႏွစ္ရင္ဘတ္ကို အသာဖိကာ ေမြ႕ယာေပၚထိုင္ခ်၏။
စက္ဝန္းအလြန္...Valentine dayက စိတ္လႊတ္ၿပီးနမ္းယုံကလြဲရင္ ဖြင့္ေျပာတဲ့ေန႔တုန္းက ထိေတာင္မထိခဲ့။ ဒီေလာက္ထိ သူမကိုတန္ဖိုးထားတာလား။
သူ႔စိတ္ရင္းအမွန္ကိုသိရေတာ့ ရင္ထဲမွာ လႈိက္ခနဲေပ်ာ္သြား၏။ သို႔ေသာ္ ေမေမ့မ်က္ႏွာျမင္ေယာင္လာေတာ့ မႈိင္က်သြား၏။ သူမက ေမေမ့ကိုလည္း စိတ္မဆင္းရဲေစခ်င္ပါ။
ၿပီးေတာ့ ကင္းက စိတ္ဝင္စားတယ္လို႔ပဲေျပာသြားတာ။ ခ်စ္တယ္၊ႀကိဳက္တယ္လို႔ေျပာတာမွမဟုတ္တာ။ စိတ္ဝင္စားတယ္ဆိုတာက အၿမဲတမ္းမျဖစ္ေနႏိုင္ဘူးေလ။
✿............✿...........✿
ေက်ာင္းပိတ္ရက္ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ျဖတ္သန္းရမယ္လို႔ထင္ခဲ့ေပမဲ့ ေက်ာင္းၿပီးရင္လက္ထပ္ရမယ္ဆိုေတာ့ ေက်ာင္းမၿပီးခ်င္ေတာ့။
"အႏွစ္ ဘာစိတ္ညစ္စရာရွိလို႔လဲဟင္ "
"ဟင္း..."
အေျဖအစားသက္ျပင္းခ်သံသာၾကားရ၍ မြန္ေလးစိုးရိမ္သြား၏။
"ဘာျဖစ္တာလဲအႏွစ္ "
"မြန္ေလး! အႏွစ္က relationshipတစ္ခုတည္ေဆာက္ဖို႔အတြက္ အခ်ိန္လိုအပ္ဆိုၿပီး တြဲဖို႔ေျပာတဲ့သူတိုင္းကိုျငင္းတယ္မလား"
"အင္း မြန္ေလးသိပါတယ္"
"ဒါေပမဲ့ေလ အႏွစ္အမွားလုပ္ခဲ့တယ္ ကိုယ့္ကိုဖြင့္ေျပာခဲ့တဲ့သူကို သူငယ္ခ်င္းအျဖစ္လက္ခံျဖစ္တယ္ ပထမဆုံး မျငင္းဘဲလက္ခံမိတယ္"
"ဒါဆို အႏွစ္က သူ႔ကိုေလ့လာဖို႔ဆုံးျဖတ္လိုက္တယ္ဆိုပါေတာ့ "
"အင္း ဒါေပမဲ့ မေလ့လာခင္ အတားအဆီးတစ္ခုေပၚလာတယ္ ေမေမက ငါ့အတြက္ ေစ့စပ္ရမဲ့သူက သပ္သပ္ရွိၿပီးသားတဲ့ ဒါေၾကာင့္ ရည္းစားထားမယ္ဆို ေသခ်ာစဥ္းစားတဲ့"
"အဲ့ဒီခံစားခ်က္ကို မြန္ေလးနားလည္တယ္...ဘယ္ေလာက္ေတာင္ခံစားရခက္လဲဆိုတာ ဒါေပမဲ့ အႏွစ္ေနာင္တမရေစနဲ႔...အန္တီ့စကားကိုလက္ခံၿပီးမွ နင့္ႏွလုံးသားကိုသိရင္ အဲ့ဒါက ျပန္ျပင္ဆင္လို႔မရတဲ့အမွားျဖစ္သြားမွာ ဒါေၾကာင့္ နင့္ႏွလုံးသားကို ျမန္ျမန္ေႏြးေထြးေစတဲ့သူကိုပဲ ေ႐ြးခ်ယ္!...ငါကေတာ့ နင္ခ်စ္တဲ့သူနဲ႔ေပ်ာ္႐ႊင္ေစခ်င္တယ္"
"ဒါဆို ေမေမနာက်င္ရမွာေပါ့ "
မြန္ေလးတိတ္သြား၏။ ဘယ္သူ႔ကိုမွမနာက်င္ေစခ်င္ေပမဲ့ တစ္ေယာက္ေယာက္က ေသခ်ာေပါက္နာက်င္ရမဲ့လမ္းကို ေ႐ြးခ်ယ္ရတဲ့အခါ အႏွစ္ကလည္း သူမလိုပဲ ကိုယ္ကိုတိုင္ကပဲ နာက်င္ဖို႔ေ႐ြးခ်ယ္လိုက္လွ်င္...
"နင့္ကိုလက္ထပ္ေပးမွာက ဘြဲ႕ရၿပီးမွမလား...တစ္ႏွစ္ေက်ာ္လိုပါေသးတယ္ ဒီအေတာအတြင္း နင္ခ်စ္တဲ့သူနဲ႔ေပ်ာ္ဖို႔အခ်ိန္ရပါေသးတယ္ လက္ထပ္ရမွာကို ေမ့ထားလိုက္ ခဏကေျပာတဲ့သူကို ျပန္ေလ့လာၾကည့္ေပါ့ ၿပီးမွဆုံးျဖတ္"
ဟင့္အင္း။ ငါသူ႔ကိုလက္မခံေတာ့ဘူး။
အဆုံးသတ္ကိုသိေနတဲ့ဇာတ္လမ္းမ်ိဳးကို ငါမစဘူး။
"ဟင့္အင္း ငါသူ႔ကိုမခ်စ္ေသးပါဘူး အျပတ္ျငင္းဖို႔စဥ္းစားထားတယ္ သူငယ္ခ်င္းလည္းဆက္ျဖစ္ခ်င္ေနေသးလို႔ သူ႔ဘက္ကဘာမွမေျပာသလိုေနေပးေနလို႔ မၾကာခင္ အႏွစ္တိက်တဲ့ဆုံးျဖတ္ခ်က္ကိုဆုံးျဖတ္ႏိုင္မွာပါ"
မြန္ေလးရိပ္မိလိုက္ၿပီ။ အႏွစ္နားမွာ ေယာက္်ားေလးသူငယ္ခ်င္းဆို၍ ထင္ရွားနဲ႔စက္ဝန္းသာရွိသည္။ ထင္ရွားကအႏွစ္ကိုမႀကိဳက္ဘူးဆိုမွေတာ့ တစ္ေယာက္သာက်န္သည္။ စက္ဝန္းျဖစ္ေပမည္။ ဒီေလာက္ေတာ့ မြန္ေလးရိပ္စားမိပါသည္။ စက္ဝန္းရဲ႕အၾကည့္ေတြက အႏွစ္အေပၚမွာေတာ့ ထူးျခားေနတယ္ဆိုတာကို။
"မြန္ေလး...အႏွစ္"
ေခၚသံေၾကာင့္ ၾကည့္ေတာ့ ထင္ရွား။ ေနာက္မွာ တစ္ေယာက္မ်ားပါလာဦးမလားလို႔ၾကည့္မိေတာ့ ဘယ္သူမွမရွိ။
"တစ္ေယာက္တည္းလား..."
မြန္ေလးက အႏွစ္အေျခအေနကို အကဲခတ္ၿပီးေမးခြန္းေမး၏။
"စက္ဝန္းက ဖ်ားေနလို႔ ေက်ာင္းမတက္ဘူး"
"ဪ အရမ္းဖ်ားေနတာလား...ေဆးခန္းေရာ သြားၿပီးၿပီလားတဲ့ "
"စက္ဝန္းက ေဆးထိုးအပ္အရမ္းေၾကာက္တာမြန္ေလးရဲ႕...ဒါေၾကာင့္ အိမ္မွာပဲ အိပ္ေနေလာက္တယ္ ေဆးေတာင္ေသာက္ခ်င္မွေသာက္မွာ"
"ဒါဆို သူ႔ရဲ႕မိဘေတြကေရာ "
"စက္ဝန္းက တစ္ေယာက္တည္းေနတာ မြန္ေလးမသိဘူးလား...စက္ဝန္းမိသားစုက ႏိုင္ငံျခားမွာ"
"ဪ မသိဘူး...ဒါဆို မြန္ေလးတို႔သူ႔အိမ္သြားၾကရေအာင္ ေဆးလည္းမထိုး၊ေဆးလည္းမတိုက္ဆိုရင္ ဘယ္လိုလုပ္အဖ်ားေပ်ာက္မွာလဲ တစ္ေယာက္တည္းေနတာဆို ပိုဆိုးမွာ"
မြန္ေလးက ထိုသို႔စကားစလွ်င္ ထင္ရွားသည္ လည္ဂုတ္ကို လက္နဲ႔အသာပြတ္လိုက္ရင္း...
"ကြၽန္ေတာ္ကသြားခ်င္တယ္ ဒါေပမဲ့ ကြၽန္ေတာ္ဘာမွမလုပ္ေပးတတ္ဘူးဗ် မြန္ေလးတို႔ပါတယ္ဆိုေတာ့ သြားၾကမယ္ေလ ကြၽန္ေတာ္က အေဖာ္လိုက္ခဲ့ေပးပါမယ္"
မြန္ေလးက အႏွစ္ကို ဘယ္လိုလဲဆိုသည့္ပုံစံနဲ႔ ေမးေငါ့ျပေတာ့ အႏွစ္ေခါင္းၿငိမ့္လိုက္သည္။
သူငယ္ခ်င္းေနမေကာင္းျဖစ္တာဆိုေတာ့ သြားသင့္တာေပါ့။
မြန္ေလးကားနဲ႔ စက္ဝန္းရဲ႕အိမ္ကိုအႏွစ္တို႔ေရာက္လာၾကသည္။ အဝင္ေပါက္မွာ ထင္ရွားကစက္ဝန္းကိုဖုန္းဆက္သည္။ ဖုန္းေျပာၿပီး စကၠန႔္ပိုင္းအၾကာမွာေတာ့ ၿခံတံခါးက သူ႔အလိုလိုပြင့္လာ၏။
စက္ဝန္းအလြန္က ဘယ္လိုမိသားစုကေနေပါက္ဖြားလာလဲမသိေပမဲ့ သူေနတဲ့ေနရာကေတာ့ မီလီယံနာသူေဌးေတြရဲ႕အပန္းေျဖစံအိမ္မ်ိဳးျဖစ္သည္။ သို႔ေသာ္ ဒီအိမ္ႀကီးထဲမွာ သူက တစ္ေယာက္တည္းေနတာတဲ့ေလ။
"မင္းတို႔ဘယ္လိုေရာက္လာၾကတာလဲ"
စက္ဝန္းက သူတို႔အတြက္ အေအးခ်ေပးရင္းမွဆိုလာသည္။
"ေနမေကာင္းဘူးဆိုလို႔ လာၾကည့္ၾကတာ"
မြန္ေလးစကားေၾကာင့္ သူက အႏွစ္ကိုၾကည့္လာသည္။ စိတ္ပူတာလားဆိုတဲ့အၾကည့္မ်ိဳး။ သို႔ေသာ္ အႏွစ္က အၾကည့္လႊဲၿပီး သူခ်ေပးသည့္ေဖ်ာ္ရည္ကို စေသာက္သည္။
"ငါက ေန႔ဘက္ဆိုသိပ္မဖ်ားဘူး ညဘက္မွာပဲအဖ်ားတက္တာ"
"ဪ ဒါဆို ညဘက္အရမ္းဖ်ားရင္ ဘယ္သူကလာၾကည့္ေပးမွာလဲ "
"မရွိဘူး"
"ဒီအိမ္ႀကီးထဲမွာ နင္တစ္ေယာက္တည္းလား..."
"အင္း ငါတစ္ေယာက္တည္းေနရတာသေဘာက်တယ္ "
"ဪ...ဒါဆို မြန္ေလးတို႔အိမ္ကို ပတ္ၾကည့္လို႔ရလား"
"အင္း ၾကည့္ခ်င္ရင္ၾကည့္လို႔ရတယ္"
"အိုေခ လာအႏွစ္ ငါတို႔ေလွ်ာက္ၾကည့္ရေအာင္"
မြန္ေလးက စပ္စုေနေပမဲ့ အႏွစ္ကေတာ့ ဒီတိုင္းအေအးကိုသာငုံ႔ေသာက္ေန၏။ မြန္ေလးေမးသည့္အခါ အႏွစ္သည္ ေခါင္းကိုခါရမ္းလိုက္ၿပီး...
"ေတာ္ၿပီ ဘယ္သူမွမရွိတဲ့အိမ္ကိုဘာလို႔ၾကည့္ေနမွာလဲ"
"ကြၽန္ေတာ္လိုက္ျပေပးမယ္ မြန္ေလး..."
ထင္ရွားက ထရပ္ရင္းမွ မြန္ေလးကိုေျပာ၏။
"ရတယ္ မြန္ေလးလည္းမၾကည့္ေတာ့..."
"ဟာမဟုတ္တာ ကြၽန္ေတာ္လိုက္ျပမယ္ လာပါ"
ထင္ရွားက မြန္ေလးကို အတင္းဆြဲေခၚသြားပါသည္။ ထို႔ေၾကာင့္ ဧည့္ခန္းမွာ အႏွစ္နဲ႔သူသာက်န္ေတာ့သည္။
"အေအးထပ္ယူဦးမလား"
အေအးကိုဘယ္ေလာက္ၾကာေအာင္ငုံ႔ေသာက္ေနသည္မသိ သူ႔အသံၾကားမွေခါင္းေမာ့ျဖစ္သည္။
"ဟင္!..."
"အေအးထပ္ယူဦးမလား...မင္းေသာက္ေနတာမရွိေတာ့ဘူး "
ထိုအခါမွ အႏွစ္အေအးပုလင္းကိုၾကည့္မိသည္။ အေအးကရွိမေနေတာ့။
ဘယ္တုန္းက ဒီေလာက္အကုန္ျမန္သြားတာလဲ။
"မယူေတာ့ဘူး ကြၽန္မဝၿပီ "
"အင္း "
ဒါပဲေျပာၿပီးတိတ္ဆိတ္သြားၾကျပန္သည္။
"ငါတို႔ ဝရံတာဘက္ဘက္သြားၾကမလား"
"ဟင့္အင္း "
ခ်က္ခ်င္းေခါင္းခါမိၿပီးမွ သူ႔ကိုၾကည့္မိသည္။ သူမ်ားတစ္မ်ိဳးထင္သြားမလားဆိုၿပီးေတြးမိကာ...
"ကြၽန္မေျပာခ်င္တာ ေလစိမ္းမိရင္ ရွင္ျပန္ဖ်ားမွာေလ ဒါေၾကာင့္ ဒီမွာပဲထိုင္ပါမယ္"
"အင္း "
စက္ဝန္းက မသိမသာၿပဳံးကာ ဆိုဖာေပၚျပန္ထိုင္လိုက္ေတာ့၏။ စိတ္ေတာ့ပူေနပုံပဲ။
အဟမ္း။ သူမလည္ေခ်ာင္းရွင္းလိုက္သည္။
ကိုယ့္ကိုႀကိဳက္ပါတယ္လို႔ေျပာထားတဲ့သူနဲ႔စကားေျပာရမွာ တစ္မ်ိဳးျဖစ္ေပမဲ့ သူ႔ဘက္ကဘာမွမျဖစ္သလိုေအးေအးေဆးေဆးျဖစ္ေနသည္။ အရင္ပုံစံအတိုင္း တည္တည္ၿငိမ္ၿငိမ္နဲ႔ပင္။
"ဒီအိမ္မွာရွင္တစ္ေယာက္တည္းပဲေနတာလား"
"အင္းဟုတ္တယ္ ကိုယ့္မိဘေတြက ႏိုင္ငံျခားမွာ"
"ဪ ဒါဆို အိမ္မႈကိစၥအတြက္က်ေတာ့ေရာ"
"ၿခံေထာင့္ကအိမ္မွာေတာ့ ၿခံေစာင့္ဦးေလးတို႔လင္မယားရွိတယ္ သူတို႔ရဲ႕တာဝန္ခ်ိန္က မနက္ပိုင္းပဲ ဒါေၾကာင့္အခု မင္းသူတို႔ကိုေတြ႕မွာမဟုတ္ဘူး "
"ဪ..."
သူမ ထိုမွ်သာေျပာၿပီး ထပ္မေျပာတတ္ေတာ့။ အရင္က ရန္ျဖစ္ေနက်မို႔ တည့္ေနတဲ့အခါ ဘာေျပာရမွန္းမသိေတာ့ေပ။
"ငါေျပာခဲ့တဲ့စကားကို အဆင္မေျပရင္ေမ့လိုက္...အႏွစ္ ငါမင္းကိုစိတ္ဝင္စားပါတယ္လို႔ေျပာတာမွန္ေပမဲ့ ငါ့ကိုဂ႐ုမစိုက္နဲ႔ အရင္လိုပဲေန..."
သူမမ်က္ႏွာေႏြးခနဲ။ ဒါက အရွက္ခြဲခံလိုက္ရတာလား။ သူကအရင္ႀကိဳက္တယ္ေျပာၿပီး ဒီလိုမာနႀကီးျပတာလား။
"ကြၽန္မလည္း ရွင့္အေပၚ ထူးထူးျခားျခားဆိုၿပီးဆက္ဆံတာလည္းမရွိပါဘူး ကြၽန္မတို႔က သူငယ္ခ်င္းလို႔ေတာင္ေျပာလို႔မရတဲ့ဆက္ဆံေရးေလ ရွင္ကႀကိဳက္တယ္လို႔ေျပာခဲ့ေပမဲ့ ကြၽန္မလက္မခံလို႔ ဒီလိုလုပ္ေနတာဆိုရင္ ရွင္ အၿငိဳးသိပ္ႀကီးပါလားစက္ဝန္းအလြန္ ကြၽန္မ ရွင္ေျပာတာေတြကို ေမ့ေတာင္ေမ့ေတာ့မွာ ဒါေၾကာင့္ ေလွ်ာက္ေတြးတာ၊စည္းျခားတာက ကြၽန္မ မဟုတ္ဘဲ ရွင္ကိုယ္တိုင္ျဖစ္လိမ့္မယ္"
ရွင္ကစည္းတားရင္ ကြၽန္မက အဲ့စည္းကို လုံးဝမေက်ာ္ဘူး။ ဘာလို႔ဆို ကြၽန္မရပ္ေနတဲ့ေနရာက ရွင္နဲ႔အေဝးႀကီးမွာမို႔လို႔ပဲ။
"မဟုတ္ဘူး ငါေျပာခ်င္တာက!.."
အႏွစ္နဲ႔သူဘာစကားမွဆက္မေျပာျဖစ္ၾကေတာ့သည္က မြန္ေလးနဲ႔ထင္ရွားျပန္ေရာက္လာ၍ပင္။ သူ႔မ်က္ႏွာတည္ေနတာေတြ႕ေတာ့ ထက္ရွားနဲ႔မြန္ေလးမ်က္လုံးခ်င္းဆုံၾကကာ ေမးခြန္းထုတ္ၾကသည္။
သို႔ေသာ္ စက္ဝန္းနဲ႔အႏွစ္ ဘာျဖစ္ေနလဲဆိုတာေတာ့ သိမွာမဟုတ္ေပ။
ျပန္ခါနီးက် သူက အႏွစ္လက္ကို လွမ္းဆြဲကာတားသည္။ မြန္ေလးနဲ႔ထင္ရွားက တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ေရွ႕ကို ခပ္သြက္သြက္ထြက္သြားၾကသည္။
"ဘာေျပာစရာက်န္ေသးလို႔လဲ"
"ေတာင္းပန္ပါတယ္ ခဏက ငါစကားမွားသြားတယ္"
သူမ သူ႔ကိုေမာ့ၾကည့္ေတာ့ မွိန္ေဖ်ာ့ေဖ်ာ့မ်က္ဝန္းေတြႏွင့္ သူမကိုစိုက္ၾကည့္ေနေလသည္။
"ငါက မင္းေနရခက္မွာဆိုးလို႔ မင္းကိုမႀကိဳက္ေတာ့တာမဟုတ္ဘူး "
"ဘာေတြေျပာေနတာလဲ ကြၽန္မက ရွင္ႀကိဳက္ႀကိဳက္၊မႀကိဳက္ႀကိဳက္စိတ္မဝင္စားပါဘူး"
"ဟုတ္လား ငါကမင္းစိတ္ဆိုးသြားတယ္ထင္ေနတာ"
"မဆိုးဘူး လႊတ္...ရွင္နဲ႔ကြၽန္မက ဘာဆိုင္လို႔စိတ္ဆိုးစိတ္ေကာက္ရမွာလဲ "
သူမ သူ႔လက္ထဲကေန႐ုန္းထြက္ေတာ့ မလႊတ္ေပးဘဲ သူမပုခုံးကိုဆုပ္ကိုင္လာ၏။ ၿပီးေနာက္ သူမမ်က္လုံးကိုေစ့ေစ့ၾကည့္ကာ...
"ငါ့ရဲ႕မာနက မင္းနဲ႔စေတြ႕ကတည္းက မရွိေတာ့တာ...ဒါေၾကာင့္အရမ္းမေခ်ပါနဲ႔ "
"ကြၽန္မစိတ္ ကြၽန္မသေဘာပါ...ဘာလို႔ဟိုလိုလုပ္၊ဒီလိုလုပ္ေျပာေနတာလဲ ဖယ္ ကြၽန္မသြားေတာ့မယ္"
သူ႔ကိုတြန္းထုတ္ၿပီး ကားရွိရာအျမန္ထြက္ခဲ့ေတာ့သည္။ ေျပာေတာ့အသားမယူဘူးတဲ့။ ပုခုံးကိုင္လိုက္၊လက္ကိုင္လိုက္နဲ႔အသားယူေနတာမ်ား။
စက္ဝန္းအလြန္ အျမင္ကပ္ဖို႔ေကာင္းတယ္။
အႏွစ္က ပြစိပြစိနဲ႔အျမင္ကပ္ေနသေလာက္ ဖ်ားေနသူကေတာ့ သြားေတြေပၚသည္အထိသေဘာက်ေနပါသည္။
✿............✿...........✿
ေနာက္တစ္ရက္...
"အမယ္ ေဟ့ေကာင္ အဖ်ားေပ်ာက္ၿပီေပါ့"
ေက်ာင္းကို တက္ႂကြစြာ ေရာက္လာသည့္စက္ဝန္းေၾကာင့္ ထင္ရွားကေမးလိုက္ျခင္းျဖစ္သည္။ သူက အႏွစ္ရွိရာဘက္ကိုၾကည့္ကာ...
"အင္း ငါ့မွာအရမ္းေကာင္းတဲ့ေဆးရွိတယ္ေလ"
သူ႔စကားေၾကာင့္ အႏွစ္မ်က္ႏွာနီရဲလာ၏။ သူ႔ကိုမ်က္ေထာင့္နီနဲ႔စိုက္ၾကည့္ေတာ့ ၿပဳံးေနသည္။
"ဪ...ေနာက္တစ္ခါဖ်ားရင္ ငါလည္းမင္းဆီက ေဆးလွမ္းေတာင္းရမယ္"
"မရဘူး"
"မင္းက ေဆးေတာင္ကပ္စီးနည္းေနတာလား"
"ဒီေဆးက အထူးထုတ္ကုန္...ေပးလို႔မရဘူး ငါေတာင္မနည္းဖုန္းဆက္ရတာ "
"ေဆးက ဖုန္းဆက္တာနဲ႔ဘာဆိုင္လဲ"
"မင္းမသိပါဘူး ဒါက ဒီလိုရွိတယ္"
"ကပ္စီးနည္းေကာင္!.."
စက္ဝန္းၿပဳံးတယ္ဆိုယုံေလးၿပဳံးလိုက္ၿပီး အႏွစ္ကို မ်က္ခုံးပင့္ျပသည္။
အႏွစ္ကေတာ့ မ်က္ေမွာင္ၾကဳတ္ကာ အေအးကိုသာေသာက္ေနမိေတာ့သည္။
သူေျပာတဲ့ေဆးဆိုတာသည္ မေန႔က အႏွစ္နဲ႔ဖုန္းေျပာခဲ့တာကိုေျပာခ်င္တာျဖစ္မည္။ ဖုန္းဆက္ၿပီး အတင္းဂ်ီက်ေနလို႔ ဖုန္းေျပာေပးခဲ့ရသည္ေလ။
အလကား အခြင့္အေရးယူတဲ့သူ။
✿............✿...........✿
ဆက္ရန္