My Fujoshi Father... (ကျွန်တေ...

By brightwinyuri02

28.7K 4.2K 916

(Zawgyi / Unicode) More

1 ♥
2 ♥
3 ♥
4 ♥
5 ♥
6 ♥
7 ♥
8 ♥
9 ♥
10 ♥
11 ♥
12 ♥
13 ♥
14 ♥
15 ♥
16 ♥
17 ♥
18 ♥
19 ♥
20 ♥
21 ♥
22 ♥
23 ♥
24 ❤
26

25 ❤

838 70 9
By brightwinyuri02

(Unicode)

ညကတဖြည်းဖြည်းနက်လာပြီ...
ဟော့ဝပ်ကျောင်းကြီးတစ်ခုလုံးတိတ်ဆိတ်ပြီးတောကြီးထဲကတိရစ္ဆာန်များ၏ တကျွတ်ကျွတ် အသံမှတပါး အကုန်အိပ်မောကျနေသည်ဟု ထင်ရသည်။
သို့သော် ဟယ်ရီ၏စာကြည့်ခုံလေးကတော့ မီးလင်းလျက်...။

"Tom Riddle..."ဟူသောနာမည်ကိုနှုတ်ဖျားမှရေရွတ်ကာ မနက်ကတွေ့ခဲ့သောစာအုပ်အဖုံးကို ဖွင့်ကြည့်မိသည်။
စာရွက်ဝါဝါမှာ ဗလာအတိ။
ဟာမွန်နီကဟယ်ရီ့ထံမသိမ်းချင်ပါသော်လည်း ဟယ်ရီကစိတ်ချပါဟုအတန်တန်ပြောကာသိမ်းထားခြင်းဖြစ်သည်။

ထိုစာအုပ်သည် လျို့ဝှက်တံခါးမပွင့်ခင်အထိ သူတို့ဆီမှာမှန်း ဘယ်သူ့မှသိလို့မရ။
အန္တရာယ်ဆိုသည်မှာ ဘယ်ချိန်ဘယ်ခါလာမှန်း မသိရတာမို့ ပို၍သတိထားရမည်ပင်။

"Well...နည်းနည်းရေးကြည့်ရအောင်"

စာအုပ်ဘေးနားက မှင်တံကိုလက်ကထိမိသည်နဲ့တပြိုင်နက် စာရွက်ဝါဝါပေါ်တွင် ဟယ်ရီစာရေးချင်စိတ်ပေါ်လာသည်။
သူများစာအုပ်ဖြစ်ပါစေမူ သူ့ရဲ့စပ်စုချင်စိတ်ကိုတော့ ဘယ်အရာမှတားမရ။

"Hello...My name's Harry Potter"

လက်ရေးလက်သားသပ်ရပ်စွာ ရေးလိုက်မိသော မှင်ရည်သည် အရောင်လှပစွာထွက်လာသော​ကြောင့် ပြုံးမိနေခိုက် တဖြည်းဖြည်းအရောင်ရော့ကာ ပျောက်ကွယ်သွားပြီးနောက်..

"Hi..Harry potter! I'm Tom Riddle.. "
ဟူသော လက်ရေးသည် အရောင်တောက်ကာ ပေါ်လာတော့သည်။

ဟယ်ရီသည် စာအုပ်ကိုမျက်တောင်မခတ်စိုက်ကြည့်နေရင်း...စူးရှသောအလင်းသည် သူ့မျက်ဝန်းထဲဖောက်ဝင်ကာ...

ကလေးတစ်ယောက်၊နောက်ပြီး ပါမောက္ခ ဒမ်ဘယ်ဒေါလ်...
အခန်းကျဥ်းတစ်ခုထဲတွင်စကားပြောလို့နေသည်။ဟယ်ရီ့ကိုတော့မြင်သည့်ပုံမပေါ်။

နောက်တစ်နေရာ..ပါမောက္ခဆလပ်ဟွန်းနဲ့အတူရှိနေတဲ့ ခပ်ချောချောကျောင်းသားတစ်ယောက်..။

"Good Job...Tom"

ပါမောက္ခဆလပ်ဟွန်း၏ချီးကျူးသံကြောင့် ပြုံးလျက်ရှိသော ထိုကျောင်းသားကိုဟယ်ရီ ကြည့်လိုက်မိသည်။
အဲ့ဒါ Tom Riddle ပဲ...။

အာ့"

ရုတ်တရက်ခေါင်းကထိုးကိုက်လာသည်။
ပြတင်းပေါက်မှန်ကလေတစ်ဝှေ့ကြောင့် ပွင့်နေသောစာအုပ်ကလေးမှာ ဘုတ်ကနဲ ပိတ်သွားသည်။
နဖူးထက်မှအနာရွတ်၏ နာကျင်ခြင်းကိုခံစားမိသည်။
ဟယ်ရီသည် စာအုပ်ကိုအံဆွဲထဲသို့ထင်ပြီး အိပ်ရာထဲဝင်လှဲကာ မျက်လုံးစုံမှိတ်ရင်း အတွေးတွေကိုလွှတ်ချမိလိုက်တော့သည်။

..................

"ဟယ်ရီ...ဟယ်ရီ ထတော့"
ရွန့်အသံကြောင့် ဟယ်ရီနိုးလာသည်။

"ရွန်..မနေ့ကစာအုပ်ကငါ့ကိုစကားပြောတယ်"

"what? "

စောင်ခေါက်နေတဲ့ရွန်ကအံသြတကြီးဖြင့် သူ့ထံပြန်လာကာ ဟယ်ရီပြောသည်ကို သေချာနားထောင်ပြီး

"ဟယ်ရီ..ငါတို့တော့ဟိုကလေးမကိုသွားပြောမှဖြစ်တော့မယ်"

.............

မနက်စာစားချိန်တွင် ဟော့ဝပ်ဟောခန်းကြီးကလူစုံလို့နေပြီ။

တင်မ်..တင်မ်..။
ပါမောက္ခဒမ်ဘယ်ဒေါလ် ၏ ဇွန်းခေါက်သံသဲ့သဲ့သည် ဟောခန်းတစ်ခန်းလုံးတိတ်ဆိတ်သွားသည်အထိ အာဏာလွှမ်းမိုးပါသည်။

"ကလေးတို့..ကွစ်ရှ်ဒစ်လေ့ကျင့်ရေးက မကြာခင်ပြီးဆုံးတော့မှာမို့ ပြိုင်ပွဲအတွက် အားတင်းထားကြဖို့ပြောချင်ပါတယ်"

လက်ခုပ်သံများညံစီကာထွက်လာသည်။
စားလို့ရပါပြီဆိုသည့်စကားနောက်တွင် ဟောခန်းကြီးသည် ပြန်၍စည်ကားလို့လာလေသည်။

"ဟာမွန်နီ..ငါတို့ပြောစရာရှိတယ်"

ရွန်ကသူ့ရှေ့တွင်မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသောဟာမွန်နီ့ကိုပြောကာ ဖရုံသီးဖျော်ရည်သောက်နေသော ဟယ်ရီ့ကို တံတောင်ဖြင့်ထိုးချလိုက်သည်။

"အာ..ပြီးမှပြောမယ်"

"ပြီးမှပြောလို့မရဘူးဟယ်ရီ..ပြီးရင် ပရော်ဖက်ဆာစနိပ်အချိန်ဝင်ရမှာ"

"ဟမ်"

ဟာမွန့်နီစကားကြာတော့မှ ဟိုသကောင့်သားကို သတိရသွားသည်။
တစ်နေ့နဲ့တစ်မနက်လုံးမေ့ထားခဲ့ကာမှ အခုအစပြန်ဖော်လာတော့ နည်းနည်းတော့စိတ်ရှုပ်ည်။
ဟူးး...အဲ့ကောင်ကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ။

"ဘာ..ဟယ်ရီ!တကယ်လား"

ဟာမွန်နီ့ရဲ့အသံကြားကာမှ လှည့်ကြည့်မိတော့ ရွန်ပြောသည်ကိုနားထောင်ပြီး သူ့လှမ်းနေသောအမိကို ခေါင်းတစ်ချက်ညိမ့်ပြလိုက်သည်။

ဒုက္ခပါပဲ..အမှောင်သခင်ဆိုတာကတစ်မျိုး၊Tom Riddle ဆိုတာကတစ်မျိုး ၊
မက်ဖွိုင်း..မင်းကတစ်မျိုး!

ဟယ်ရီသည် စိတ်ထဲမှာတွေးရင်း ကြက်ပေါင်တစ်ကိုက်ကာ ဖရုံသီးဖျော်ရည်ဖြင့် မျှောချလိုက်လေသည်။

.................

"ကျောင်းသားတို့..ဒီနေ့ မင်းတို့ကို ငါစာသင်မှာမဟုတ်ဘူး"

ဝင်ဝင်ချင်း ဟိန်းထွက်လာသောပါမောက္ခစနိပ်၏အသံကြောင့် ကျောင်းသားအားလုံး တိတ်ဆိတ်သွားကြသည်။

"စနိပ်ကြီးကတော့ဘာလုပ်မှာလဲမသိဘူးနော်"

ရွန်ရဲ့နားနားကပ်ပြောသံကို ရှုးကနဲအသံပြရင်း ခေါင်းခါပြလိုက်ရသည်။
ဟုတ်တယ်လေ..တော်​ကြာကြားသွားမှ။

ဒီကြားထဲအရှေ့တည့်တည့်မှာစလေသရင်းHouseက အကျော်အမော်မက်ဖွိုင်းလေးက မျက်လုံးစုံမိတိုင်းပြုံးပြုးပြနေသောကြောင့် ဟယ်ရီ့မှာမျက်နှာပူပြီး အကြည့်ကိုတမင်တကာလွှဲလွှဲနေမိသည်။

"ဒီနေ့ကတော့...မင်းတို့ရဲ့စွမ်းရည်ကိုထုတ်ပြရမယ့်အချိန်ပဲ..ငါသင်ထားတဲ့ပညာတွေဘယ်လောက်အကျိုးရှိသလဲဆိုတာကိုပေါ့"

ပရော်ဖက်ဆာစနိပ်သည် တစ်တန်းလုံးကိုဝေ့ကြည့်ရင်းဆိုလိုက်သည်။
အဆောင်လေးဆောင်လုံးကကျောင်းသားတွေအားလုံး၏မျက်ဝန်းများသည် သူ့ဆီတွင်ဖြစ်၏။

"ဒရေကိုမက်ဖွိုင်း"

ဟိန်းထွက်လာသောအသံ​ကြောင့်ဒရေကို ဟယ်ရီ့ဆီမှအကြည့်သည် ပရော်ဖက်ဆာဆီသို့ ပြောင်းသွားသည်။

"လာခဲ့..."

ယှဥ်ပြိုင်ပွဲတပွဲကဲ့သို့ လူအများဝိုင်းအုံကြည့်နေကြသော နေရာဝိုင်းကျယ်တွင် သူနှင့် စနိပ်တို့သည် လက်ဝှေ့ပွဲထဲမှယှဥ်ပြိုင်သူများအလား ဖြစ်သွားကြသည်။

"ငါ့ကိုခုခံ..ဒရေကို..အိတ်ပဲလီအားမက်စ်"

ပရော်ဖက်ဆာစနိပ်၏ သိပ်မြန်သောမန္တန်ကို ဒရေကိုအမြန်ချေဖျက်လိုက်ရသည်။
ကျောင်းသားများ၏အာရုံမှာလည်း တစ်နေရာထဲသို့စုပြုံနေပြီ။
မန္တာန်များနှင့်အပြိုင် နှင်တံနှစ်ခုဟာလည်း ထိပ်တိုက်တွေ့လို့....

ဖြတ်ခနဲလွင့်ထွက်သွားသောမှော်နှင်တံသည် ကျောင်းသားတွေကြားထဲကိုပြုတ်ကျသွားသည်။

"I win...Sir!"

ဒရေကို၏အသံနောက်တွင် ကျောင်းသားများဆီမှလက်ခုပ်တီးသံတွေထွက်လာသည်။
ပရော်ဖက်ဆာစနိပ်၏
"Good Job...Draco!"ဟူသည့် ချီးကျူးသံမှာလည်း အတော်နာပျော်ဖွယ်ကောင်းပါသည်။

တော်လိုက်တာမက်ဖွိုင်း..
ဟယ်ရီစိတ်ထဲက ချီးကျူးမိရင်း ပြုံးပြီးကြည့်နေခိုက် ဆုံသွားသောမျက်ဝန်းနှစ်စုံတွင် အချစ်မည်သောခံစားချက်များ စီးဝင်နေသည်။
ကိုယ်တို့အရွယ်ရောက်လာကြပြီပဲ..။

ဒီတစ်ခါတော့ ဟယ်ရီအကြည့်မရှောင်မိပါ။
ပေါင်းစပ်လို့မဖြစ်နိုင်လည်းပဲ
ချစ်လို့တော့ဖြစ်နိုင်သေးတယ်မဟုတ်လား။

"ဟယ်ရီပေါ်တာ.."

မပြီးဆုံးသေးသောအတန်းချိန်ကိုသတိလက်လွတ်ဖြစ်နေခိုက် ကိုယ့်နာမည်ခေါ်သံကြောင့် ဟယ်ရီဆတ်ကနဲတုန်သွားသည်။
သွားပြီ..ငါပြိုင်ရတော့မှာလား။

ဟယ်ရီထွက်တော့ ဒရေကိုကလူအုပ်ထဲပြန်ဝင်ရန်လာသည်။
ဟယ်ရီ့ကိုကြည့်ပြီး ဖိုက်တင်းဟုတိုးတိုးလေးပြောသောဒရေကို့ကြောင့် ပါမောက္ခစနိပ်ကိုရင်ဆိုင်ဖို့အားတွေရှိသွားပါသည်။
သို့သော်
"မင်းရဲ့ပြိုင်ဘက်ကရှေ့တည့်တည့်မှာလေ..ဟယ်ရီ"ဟူသောပရော်ဖက်ဆာ၏စကားကြောင့် ဟယ်ရီနှင့်ဒရေကို မျက်လုံးချင်းစုံပြီး

"ဗျာ.."ဟုသာသံပြိုင်အော်မိလိုက်တော့သည်။

ချစ်မိသည်ကိုသိပြီ..သို့သော် ချစ်သူနှင့်လည်း တိုက်ခိုက်ရတော့မည်ပေါ့။

.....




(Zawgyi)

ညကတျဖည္းျဖည္းနက္လာၿပီ...
ေဟာ့ဝပ္ေက်ာင္းႀကီးတစ္ခုလုံးတိတ္ဆိတ္ၿပီးေတာႀကီးထဲကတိရစ္ဆာန္မ်ား၏ တကြၽတ္ကြၽတ္ အသံမွတပါး အကုန္အိပ္ေမာက်ေနသည္ဟု ထင္ရသည္။
သို႔ေသာ္ ဟယ္ရီ၏စာၾကည့္ခုံေလးကေတာ့ မီးလင္းလ်က္...။

"Tom Riddle..."ဟူေသာနာမည္ကိုႏႈတ္ဖ်ားမွေရ႐ြတ္ကာ မနက္ကေတြ႕ခဲ့ေသာစာအုပ္အဖုံးကို ဖြင့္ၾကည့္မိသည္။
စာ႐ြက္ဝါဝါမွာ ဗလာအတိ။
ဟာမြန္နီကဟယ္ရီ႕ထံမသိမ္းခ်င္ပါေသာ္လည္း ဟယ္ရီကစိတ္ခ်ပါဟုအတန္တန္ေျပာကာသိမ္းထားျခင္းျဖစ္သည္။

ထိုစာအုပ္သည္ လ်ိဳ႕ဝွက္တံခါးမပြင့္ခင္အထိ သူတို႔ဆီမွာမွန္း ဘယ္သူ႕မွသိလို႔မရ။
အႏၱရာယ္ဆိုသည္မွာ ဘယ္ခ်ိန္ဘယ္ခါလာမွန္း မသိရတာမို႔ ပို၍သတိထားရမည္ပင္။

"Well...နည္းနည္းေရးၾကည့္ရေအာင္"

စာအုပ္ေဘးနားက မွင္တံကိုလက္ကထိမိသည္နဲ႕တၿပိဳင္နက္ စာ႐ြက္ဝါဝါေပၚတြင္ ဟယ္ရီစာေရးခ်င္စိတ္ေပၚလာသည္။
သူမ်ားစာအုပ္ျဖစ္ပါေစမူ သူ႕ရဲ႕စပ္စုခ်င္စိတ္ကိုေတာ့ ဘယ္အရာမွတားမရ။

"Hello...My name's Harry Potter"

လက္ေရးလက္သားသပ္ရပ္စြာ ေရးလိုက္မိေသာ မွင္ရည္သည္ အေရာင္လွပစြာထြက္လာေသာေၾကာင့္ ၿပဳံးမိေနခိုက္ တျဖည္းျဖည္းအေရာင္ေရာ့ကာ ေပ်ာက္ကြယ္သြားၿပီးေနာက္..

"Hi..Harry potter! I'm Tom Riddle.. "
ဟူေသာ လက္ေရးသည္ အေရာင္ေတာက္ကာ ေပၚလာေတာ့သည္။

ဟယ္ရီသည္ စာအုပ္ကိုမ်က္ေတာင္မခတ္စိုက္ၾကည့္ေနရင္း...စူးရွေသာအလင္းသည္ သူ႕မ်က္ဝန္းထဲေဖာက္ဝင္ကာ...

ကေလးတစ္ေယာက္၊ေနာက္ၿပီး ပါေမာကၡ ဒမ္ဘယ္ေဒါလ္...
အခန္းက်ဥ္းတစ္ခုထဲတြင္စကားေျပာလို႔ေနသည္။ဟယ္ရီ႕ကိုေတာ့ျမင္သည့္ပုံမေပၚ။

ေနာက္တစ္ေနရာ..ပါေမာကၡဆလပ္ဟြန္းနဲ႕အတူရွိေနတဲ့ ခပ္ေခ်ာေခ်ာေက်ာင္းသားတစ္ေယာက္..။

"Good Job...Tom"

ပါေမာကၡဆလပ္ဟြန္း၏ခ်ီးက်ဴးသံေၾကာင့္ ၿပဳံးလ်က္ရွိေသာ ထိုေက်ာင္းသားကိုဟယ္ရီ ၾကည့္လိုက္မိသည္။
အဲ့ဒါ Tom Riddle ပဲ...။

အာ့"

႐ုတ္တရက္ေခါင္းကထိုးကိုက္လာသည္။
ျပတင္းေပါက္မွန္ကေလတစ္ေဝွ႕ေၾကာင့္ ပြင့္ေနေသာစာအုပ္ကေလးမွာ ဘုတ္ကနဲ ပိတ္သြားသည္။
နဖူးထက္မွအနာ႐ြတ္၏ နာက်င္ျခင္းကိုခံစားမိသည္။
ဟယ္ရီသည္ စာအုပ္ကိုအံဆြဲထဲသို႔ထင္ၿပီး အိပ္ရာထဲဝင္လွဲကာ မ်က္လုံးစုံမွိတ္ရင္း အေတြးေတြကိုလႊတ္ခ်မိလိုက္ေတာ့သည္။

..................

"ဟယ္ရီ...ဟယ္ရီ ထေတာ့"
႐ြန့္အသံေၾကာင့္ ဟယ္ရီနိုးလာသည္။

"႐ြန္..မေန႕ကစာအုပ္ကငါ့ကိုစကားေျပာတယ္"

"what? "

ေစာင္ေခါက္ေနတဲ့႐ြန္ကအံၾသတႀကီးျဖင့္ သူ႕ထံျပန္လာကာ ဟယ္ရီေျပာသည္ကို ေသခ်ာနားေထာင္ၿပီး

"ဟယ္ရီ..ငါတို႔ေတာ့ဟိုကေလးမကိုသြားေျပာမွျဖစ္ေတာ့မယ္"

.............

မနက္စာစားခ်ိန္တြင္ ေဟာ့ဝပ္ေဟာခန္းႀကီးကလူစုံလို႔ေနၿပီ။

တင္မ္..တင္မ္..။
ပါေမာကၡဒမ္ဘယ္ေဒါလ္ ၏ ဇြန္းေခါက္သံသဲ့သဲ့သည္ ေဟာခန္းတစ္ခန္းလုံးတိတ္ဆိတ္သြားသည္အထိ အာဏာလႊမ္းမိုးပါသည္။

"ကေလးတို႔..ကြစ္ရွ္ဒစ္ေလ့က်င့္ေရးက မၾကာခင္ၿပီးဆုံးေတာ့မွာမို႔ ၿပိဳင္ပြဲအတြက္ အားတင္းထားၾကဖို႔ေျပာခ်င္ပါတယ္"

လက္ခုပ္သံမ်ားညံစီကာထြက္လာသည္။
စားလို႔ရပါၿပီဆိုသည့္စကားေနာက္တြင္ ေဟာခန္းႀကီးသည္ ျပန္၍စည္ကားလို႔လာေလသည္။

"ဟာမြန္နီ..ငါတို႔ေျပာစရာရွိတယ္"

႐ြန္ကသူ႕ေရွ႕တြင္မ်က္ႏွာခ်င္းဆိုင္ထိုင္လ်က္ရွိေသာဟာမြန္နီ႕ကိုေျပာကာ ဖ႐ုံသီးေဖ်ာ္ရည္ေသာက္ေနေသာ ဟယ္ရီ႕ကို တံေတာင္ျဖင့္ထိုးခ်လိဳက္သည္။

"အာ..ၿပီးမွေျပာမယ္"

"ၿပီးမွေျပာလို႔မရဘူးဟယ္ရီ..ၿပီးရင္ ပေရာ္ဖက္ဆာစနိပ္အခ်ိန္ဝင္ရမွာ"

"ဟမ္"

ဟာမြန့္နီစကားၾကာေတာ့မွ ဟိုသေကာင့္သားကို သတိရသြားသည္။
တစ္ေန႕နဲ႕တစ္မနက္လုံးေမ့ထားခဲ့ကာမွ အခုအစျပန္ေဖာ္လာေတာ့ နည္းနည္းေတာ့စိတ္ရႈပ္ည္။
ဟူးး...အဲ့ေကာင္ကိုဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ။

"ဘာ..ဟယ္ရီ!တကယ္လား"

ဟာမြန္နီ႕ရဲ႕အသံၾကားကာမွ လွည့္ၾကည့္မိေတာ့ ႐ြန္ေျပာသည္ကိုနားေထာင္ၿပီး သူ႕လွမ္းေနေသာအမိကို ေခါင္းတစ္ခ်က္ညိမ့္ျပလိုက္သည္။

ဒုကၡပါပဲ..အေမွာင္သခင္ဆိုတာကတစ္မ်ိဳး၊Tom Riddle ဆိုတာကတစ္မ်ိဳး ၊
မက္ဖြိုင္း..မင္းကတစ္မ်ိဳး!

ဟယ္ရီသည္ စိတ္ထဲမွာေတြးရင္း ၾကက္ေပါင္တစ္ကိုက္ကာ ဖ႐ုံသီးေဖ်ာ္ရည္ျဖင့္ ေမွ်ာခ်လိဳက္ေလသည္။

.................

"ေက်ာင္းသားတို႔..ဒီေန႕ မင္းတို႔ကို ငါစာသင္မွာမဟုတ္ဘူး"

ဝင္ဝင္ခ်င္း ဟိန္းထြက္လာေသာပါေမာကၡစနိပ္၏အသံေၾကာင့္ ေက်ာင္းသားအားလုံး တိတ္ဆိတ္သြားၾကသည္။

"စနိပ္ႀကီးကေတာ့ဘာလုပ္မွာလဲမသိဘူးေနာ္"

႐ြန္ရဲ႕နားနားကပ္ေျပာသံကို ရႈးကနဲအသံျပရင္း ေခါင္းခါျပလိုက္ရသည္။
ဟုတ္တယ္ေလ..ေတာ္ၾကာၾကားသြားမွ။

ဒီၾကားထဲအေရွ႕တည့္တည့္မွာစေလသရင္းHouseက အေက်ာ္အေမာ္မက္ဖြိုင္းေလးက မ်က္လုံးစုံမိတိုင္းၿပဳံးျပဳးျပေနေသာေၾကာင့္ ဟယ္ရီ႕မွာမ်က္ႏွာပူၿပီး အၾကည့္ကိုတမင္တကာလႊဲလႊဲေနမိသည္။

"ဒီေန႕ကေတာ့...မင္းတို႔ရဲ႕စြမ္းရည္ကိုထုတ္ျပရမယ့္အခ်ိန္ပဲ..ငါသင္ထားတဲ့ပညာေတြဘယ္ေလာက္အက်ိဳးရွိသလဲဆိုတာကိုေပါ့"

ပေရာ္ဖက္ဆာစနိပ္သည္ တစ္တန္းလုံးကိုေဝ့ၾကည့္ရင္းဆိုလိုက္သည္။
အေဆာင္ေလးေဆာင္လုံးကေက်ာင္းသားေတြအားလုံး၏မ်က္ဝန္းမ်ားသည္ သူ႕ဆီတြင္ျဖစ္၏။

"ဒေရကိုမက္ဖြိုင္း"

ဟိန္းထြက္လာေသာအသံေၾကာင့္ဒေရကို ဟယ္ရီ႕ဆီမွအၾကည့္သည္ ပေရာ္ဖက္ဆာဆီသို႔ ေျပာင္းသြားသည္။

"လာခဲ့..."

ယွဥ္ၿပိဳင္ပြဲတပြဲကဲ့သို႔ လူအမ်ားဝိုင္းအုံၾကည့္ေနၾကေသာ ေနရာဝိုင္းက်ယ္တြင္ သူႏွင့္ စနိပ္တို႔သည္ လက္ေဝွ႕ပြဲထဲမွယွဥ္ၿပိဳင္သူမ်ားအလား ျဖစ္သြားၾကသည္။

"ငါ့ကိုခုခံ..ဒေရကို..အိတ္ပဲလီအားမက္စ္"

ပေရာ္ဖက္ဆာစနိပ္၏ သိပ္ျမန္ေသာမႏၱန္ကို ဒေရကိုအျမန္ေခ်ဖ်က္လိုက္ရသည္။
ေက်ာင္းသားမ်ား၏အာ႐ုံမွာလည္း တစ္ေနရာထဲသို႔စုၿပဳံေနၿပီ။
မႏၱာန္မ်ားႏွင့္အၿပိဳင္ ႏွင္တံႏွစ္ခုဟာလည္း ထိပ္တိုက္ေတြ႕လို႔....

ျဖတ္ခနဲလြင့္ထြက္သြားေသာေမွာ္ႏွင္တံသည္ ေက်ာင္းသားေတြၾကားထဲကိုျပဳတ္က်သြားသည္။

"I win...Sir!"

ဒေရကို၏အသံေနာက္တြင္ ေက်ာင္းသားမ်ားဆီမွလက္ခုပ္တီးသံေတြထြက္လာသည္။
ပေရာ္ဖက္ဆာစနိပ္၏
"Good Job...Draco!"ဟူသည့္ ခ်ီးက်ဴးသံမွာလည္း အေတာ္နာေပ်ာ္ဖြယ္ေကာင္းပါသည္။

ေတာ္လိုက္တာမက္ဖြိုင္း..
ဟယ္ရီစိတ္ထဲက ခ်ီးက်ဴးမိရင္း ၿပဳံးၿပီးၾကည့္ေနခိုက္ ဆုံသြားေသာမ်က္ဝန္းႏွစ္စုံတြင္ အခ်စ္မည္ေသာခံစားခ်က္မ်ား စီးဝင္ေနသည္။
ကိုယ္တို႔အ႐ြယ္ေရာက္လာၾကၿပီပဲ..။

ဒီတစ္ခါေတာ့ ဟယ္ရီအၾကည့္မေရွာင္မိပါ။
ေပါင္းစပ္လို႔မျဖစ္နိုင္လည္းပဲ
ခ်စ္လို႔ေတာ့ျဖစ္နိုင္ေသးတယ္မဟုတ္လား။

"ဟယ္ရီေပၚတာ.."

မၿပီးဆုံးေသးေသာအတန္းခ်ိန္ကိုသတိလက္လြတ္ျဖစ္ေနခိုက္ ကိုယ့္နာမည္ေခၚသံေၾကာင့္ ဟယ္ရီဆတ္ကနဲတုန္သြားသည္။
သြားၿပီ..ငါၿပိဳင္ရေတာ့မွာလား။

ဟယ္ရီထြက္ေတာ့ ဒေရကိုကလူအုပ္ထဲျပန္ဝင္ရန္လာသည္။
ဟယ္ရီ႕ကိုၾကည့္ၿပီး ဖိုက္တင္းဟုတိုးတိုးေလးေျပာေသာဒေရကို႔ေၾကာင့္ ပါေမာကၡစနိပ္ကိုရင္ဆိုင္ဖို႔အားေတြရွိသြားပါသည္။
သို႔ေသာ္
"မင္းရဲ႕ၿပိဳင္ဘက္ကေရွ႕တည့္တည့္မွာေလ..ဟယ္ရီ"ဟူေသာပေရာ္ဖက္ဆာ၏စကားေၾကာင့္ ဟယ္ရီႏွင့္ဒေရကို မ်က္လုံးခ်င္းစုံၿပီး

"ဗ်ာ.."ဟုသာသံၿပိဳင္ေအာ္မိလိုက္ေတာ့သည္။

ခ်စ္မိသည္ကိုသိၿပီ..သို႔ေသာ္ ခ်စ္သူႏွင့္လည္း တိုက္ခိုက္ရေတာ့မည္ေပါ့။

.....

Continue Reading

You'll Also Like

12.4K 369 21
At a Parisian boarding school for adolescents gifted in the fine arts, brooding pianist Adrien Agreste and aspiring costume designer Marinette Dupain...
634K 38.8K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
6K 155 50
Making up for your mistakes is hard. Making up for your past mistakes, hidden in depths of darkness is even harder. A group of kids soon come to real...
1.1M 44.5K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...