🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(7)
ဓာတ်ပုံရိုက်ပြီးနောက်!...
"မင်းတို့နှစ်ယောက်က မနာလိုစရာကောင်းအောင်ထိကို လိုက်ဖက်တယ် "
ထိုအခါ နှစ်ယောက်စလုံးရဲ့'ဘာ'ဆိုသည့်အသံကြီးထွက်လာသည်။
"ဘာကိုလိုက်ဖက်တာလဲ ကြည့်တာနဲ့ မတည့်မှန်းသိနေတာကို"
"တစ်ကယ်ပါဆို..."
မွန်လေးက ပြုံးစိစီဖြစ်သွား၏။ ထင်ရှားက ဖျော်ရည်ကို တစ်ငုံသောက်လိုက်ပြီး...
"အကယ်၍ မင်းတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြရင်ရော"
"ရူးနေလား..."
အနှစ်က အလန့်တကြားငြင်း၏။ ငြင်းသင့်တာပဲလေ။ ဒါကလုံးဝမဖြစ်နိုင်တဲ့ ကိစ္စကြီး။
"အကယ်၍လို့...ဘယ်လိုဖြစ်မလဲ သိချင်လို့ အနှစ်ကို တစ်ကယ်မယူခိုင်းပါဘူး"
"ဘယ်လိုမှမဖြစ်နိုင်ဘူး ငါ့မှာ စံထားတဲ့ယောက်ျားလေးရှိပြီးသား "
"ဘယ်လိုလဲ..."
"ဘယ်လိုပဲဖြစ်ဖြစ် ကင်းနဲ့တော့ မဖြစ်နိုင်ဘူး...ငါကလေ သူ့လိုလူမျိုးကိုတော့ သေတောင်မယူဘူး အကျင့်စရိုက်ကအစ မျက်နှာနဲ့အလိုက် အကြောကြီးတဲ့သူ မိန်းကလေးနဲ့လည်းပြိုင်ပြောသေးတယ် ပြီးတော့...သူက ငါ့ရဲ့စံပုံစံလုံးဝမဟုတ်ဘူး"
ထင်ရှားက ခွီးခနဲရယ်၏။ တည်ငြိမ်တယ်ထင်ရတဲ့မွန်လေးဆိုလည်း သွားတွေပေါ်သည်အထိရယ်၏။
"ငါကလည်း မင်းကို ယူချင်လွန်းလို့...မင်းကိုယူမဲ့အစား ငှက်ပျောပင်ကို ယူတာမှ ပိုကောင်းဦးမယ်...အေးချမ်းတာပေါ့ "
"ဘာ ဒါဆို ကျွန်မကို မအေးချမ်းဘူးလို့ပြောတာလား...."
"မင်းဒီလောက်စွာနေတာ ဘယ်နားကအေးချမ်းလို့လဲ...မာနကြီးသလိုနဲ့ပေါင်းကြည့်တော့မှ စွာတေးပဲ ကြက်တူရွေးသူငယ်"
စက်ဝန်းကပြောပြီး ရှေ့က ပင်လယ်စာကို ယူစားဖို့လှမ်းသည်။ သို့သော် အနှစ်က သူ့တူကို ရိုက်ချပြစ်ကာ သူယူမည့်ပင်လယ်စာကို ပါးစပ်ထဲထည့်ပြစ်၏။
"မင်း ဒီလိုအကျင့်ယုတ်တာလား..."
"ယုတ်တယ် ဘာဖြစ်လဲ ဒါကျွန်မအစ်ကိုဆိုင် ရှင်သာ ကျွန်မအကြောင်းမဟုတ်တာ အတင်းမတုတ်နဲ့"
စက်ဝန်းခေါင်းကို ခါရမ်းလိုက်ရင်း...
"စား...စား အကုန်စား "
စက်ဝန်းက ရှိသမျှ ပန်းကန်ထဲက ဟင်းလျာတွေကို အနှစ်ပန်းကန်ထဲထည့်ပေး၏။
"ရှင် ရွှဲ့နေတာလား "
"မဟုတ်ဘူး မင်းကိုပြုစုနေတာ စား..."
"ကင်း!..."
"ဘာလဲ..."
"ရှင့်ကိုရမဲ့မိန်းကလေး အရမ်းကိုကံဆိုးမှာ သိလား...အဲ့မိန်းကလေးအတွက် ကြိုပြီး စိတ်မကောင်းဘူး ရှင့်လို မိန်းမလိုမိန်းမရပုံစံနဲ့တော့..."
"အဟွန်း..."
အဲ့မိန်းကလေးက မင်းပဲ အနှစ်။
အဲ့တာဆို ငါ့ပုံစံကဒီလိုပဲ။
"ရှင် လှောင်ပြန်တာလား "
"သဘောကျလို့ရယ်တာ...အခု မင်းပုံစံက ရန်လိုနေတဲ့ကလေးလိုပဲ အနိုင်ရဖို့ ပြိုင်နေတဲ့ကလေး"
သူ့စကားကြောင့် အနှစ် ဘေးကိုကြည့်မိတော့ ထင်ရှားနဲ့မွန်လေးက ပြုံးစိစိနဲ့သဘောကျနေ၏။
ထိုအခါမှ သူမသည် အရှက်ပြေ ဂုတ်ပိုးကို လက်နဲ့ပွတ်သပ်လိုက်ပြီး အရှိန်ရှော့သွား၏။ သို့သော် ခြေတောက်က ရှေ့ကလူကို တက်နင်းဖြစ်အောင်ကို တက်နင်းလိုက်ပါသည်။
"အာ့..."
"ဘာဖြစ်တာလဲ "
"ခွေးကိုက်!...ခြင်ကိုက်တာ "
အနှစ်ရဲ့စူးစူးရှရှအကြည့်ကြောင့် စက်ဝန်းပြောင်းလိုက်ပါသည်။ ဒီထက်ပိုပြီးစလို့်မဖြစ်တော့။
စကားများများပြောချင်လို့စတာဆိုပေမဲ့ ဒီထက်ပိုစရင် အမုန်းခံရနိုင်သည်။
"ခြင်မရှိပါဘူး "
"မသိဘူး ထားလိုက်! မနာဘူး "
စက်ဝန်း သူမကို မျက်ခုံးပင့်ပြလိုက်ပါသည်။
"အနှစ်..."
သူတို့ဝိုင်းကို ရောက်လာသည့် ဝတ်စုံပြည့်နဲ့လူတစ်ယောက်။ ကြည့်ရတာ အလုပ်ကိစ္စနဲ့လာပုံရသည်။
"ဪ ကိုသူရိယ ကိုကြီးဆီလာလည်တာလား"
သူမက ထိုသူကိုတော့ ပြုံးရွှင်စွာနှုတ်ဆက်သည်။
"ဟုတ်တယ် ကိုယ် အလုပ်ကိစ္စလာရင်းနဲ့ အနှစ်ကိုတွေ့လို့ လာနှုတ်ဆက်တာ"
"ဟုတ်ကဲ့ ထိုင်သွားဦးလေ"
"မထိုင်တော့ဘူး ကိုယ့်ဧည့်သည်တွေရှေ့မှာစောင့်နေကြတာ အနှစ်ကိုနှုတ်မဆက်ရင် စိတ်ဆိုးမှာဆိုးလို့ သွားတော့မယ်နော်"
"ဟုတ်ကဲ့ "
ကိုသူရိယထွက်သွားတော့ မွန်လေးနဲ့ထင်ရှားရဲ့အကြည့်ကာ သူမဆီကို တစိုက်မတ်မတ်ကျရောက်လာ၏။
"မိတ်ဆွေ ကိုကြီးရဲ့သူငယ်ချင်း! "
"ဪ ဟုတ်လား မမေးမိဘူးနော် "
"ဟင်းဟင်း "
နှစ်ယောက်သားက စနေပေမဲ့ ကင်းကတော့ သူမကို ရုပ်တည်ကြီးနဲ့ကြည့်နေပါသည်။ သို့သော်ခဏသာ။ အကြည့်ပြန်လွှဲသွားသည်။
ဒီလိုနဲ့ ကိုကြီးရဲ့ဆိုင်မှာ သူမတို့ ညနေခင်းအချိန်ကိုကုန်ဆုံးခဲ့ပါသည်။
အပြန်ကျ လူရှုပ်နေ၍ တစ်ယောက်နဲ့တစ်ယောက်တိုက်မိနိုင်တာမျိုးရှိ၍ စက်ဝန်းသည် အနှစ်ရဲ့နောက်မှာ ထပ်ကြပ်မကွာရှိနေ၏။ သူမကတော့ လှည့်မကြည့်တာမို့ သိမှာမဟုတ်ပေ။
✿............✿...........✿
ထင်ရှားတင်လိုက်သည့် ဓာတ်ပုံတွေသာမက ရန်ဖြစ်နေတဲ့ပုံပါပါတာကြောင့် စက်ဝန်းနဲ့အနှစ်ကို အင်တာနက်ပေါ်မှာ ရှစ်(ship)နေကြသည်။ လိုက်ဖက်ညီသည့်ကြောင်နှင့်ကြွက်အတွဲ။ #စက်ဝန်းအနှစ်။
Comments...
""ကိုကြီးအကြည့်တွေက အသက်ဝင်နေလိုက်တာ...""
""မမရဲ့အကြည့်တွေကရန်လိုသလိုပဲ ကိုကြီးကိုပြန်ချစ်လိုက်ပါနော်""
""မောင်လေးရဲ့အကြည့်တွေအရ သေချာတယ် ကောင်မလေးကိုကြိုက်နေတာ ""
""ကောင်မလေးဆီက အငြင်းခံရရင် မမဆီလာခဲ့မောင်လေး""
""အရင်ကတည်းက မမရဲ့အကောင့်ကိုသိရမှာ လှရက်သားနဲ့ ဘာလို့ပုန်းနေတာလဲ""
"မလှပါဘူး ဒါပေမဲ့ကြည့်ရတာ အိန္ဒြေရှိတာ""
""တခြားအတွဲတွေကို မကြည့်တတ်ပေမဲ့ ဒီအတွဲက တစ်ကယ်လိုက်တယ် ရုပ်ရည်အရလိုက်တာမဟုတ်ဘဲ နှစ်ယောက်သားက Chemistryမိတယ်""
""ဟုတ်တယ် ထောက်ခံတယ်ဗျ ကျွန်တော့်မှာ သူတို့နှစ်ယောက်ရဲ့fan pageရှိတယ် linkချပေးမယ်ဗျ...www.facebook.××××××× ဒါကြောင့် အသည်းကွဲနေတာ😔""
Fan pageဆို၍ မန့်တဲ့သူကိုကြည့်လိုက်တော့ ထင်ရှားဖြစ်နေသည်။
"အမယ် အီမိုဂျီက သေတော့မလိုရုပ်နဲ့"
ထိုအောက်မှာမှ မွန်လေးက replyပြန်ထားသည်။
""သူတို့က အပြင်မှာ ပိုလိုက်တယ် ကျွန်မတောင် Top fanဖြစ်နေပြီ;) ""
ထိုအောက်မှာမှ ကိုကြီး၏ ကောမန့်တစ်ဆက်တည်းပါလာ၏။
""ဒီတစ်ယောက်ကိုစိတ်ဝင်စားမဲ့သူရှိတာပဲ...စက်ဝန်းရေ မင်းပဲ အနှစ်နာခံလိုက်ပါ""
ကောမန့်အားလုံးက ကောင်းတာချည်းပဲမဟုတ်။ အဆိုးဘက်ပြောထားတာတွေလည်းပါသည်။
အနှစ် ကောမန့်တွေကို ဖတ်ရင်းမှ ထင်ရှားချပေးထားသည့်လင့်(ခ်)ထဲဝင်လိုက်၏။
ဘယ်ကတည်းက စရှိသည့် ပေ့(ခ်ျ)လည်းမသိပေမဲ့ Like & followကတော့ အတော်ကိုများနေပြီဖြစ်သည်။ အင်းလေ သူမနဲ့ပေးစားသည့်သူက နာမည်ကြီးပဲ။
"Ring..."
အင်တာနက်ကြည့်နေရင်းမှ ဖုန်းလာ၍ ကြည့်တော့ နံပါတ်က အစိမ်း။ သို့သော်မြင်ဖူးသလိုတော့ရှိ၏။
"ဟဲလို "
"မင်းအခုဘာလုပ်နေလဲ"
ကင်း!?...ဒါကကင်းဖုန်းနံပါတ်ပဲ။ အရင်တစ်ခါက မမှတ်ထားမိဘူးပဲ။
"ကင်း! "
"အင်း ဟုတ်တယ်...ငါ့ကိုအခုထိမှတ်မထားရသေးဘူးလား "
"အင်း မေ့နေလို့...ဘာကိစ္စလဲ ညဘက်ကိုဖုန်းဆက်နေတာ"
"ငါအခု မင်းအိမ်ရှေ့မှာ..."
"ဘာ!..."
အနှစ် အိပ်နေရာမှ ထထိုင်မိသွား၏။ မွေ့ယာပေါ်က ခပ်ဖြေးဖြေးဆင်းကာ လိုက်ကာကို အနည်းငယ်ဟကြည့်တော့ အိမ်ရှေ့မှာ ကားတစ်စီးရပ်ထား၏။ မွန်လေးနဲ့ဆင်တူကား။ ဒါက ကင်းရဲ့ကားပဲ။
နာရီကိုကြည့်မိတော့ (၉)နာရီရှိနေပြီ။
"ဘာလာလုပ်တာလဲ ညဘက်ကြီး..."
"မင်းကိုပြောစရာရှိလို့..."
"ပြောစရာရှိတိုင်း အိမ်ထိလိုက်လာလို့ဖြစ်မလား...နောက်တစ်ရက်မစောင့်နိုင်ဘူးလား"
"မင်းနဲ့ကနေ့တိုင်းတွေ့ရလို့လား..."
"ဒါပေမဲ့ အိမ်ထိလိုက်လာတာတော့ မဟုတ်သေးဘူး...ကင်း ရှင်မူးနေတာလား"
အသံက အနည်းငယ်ထူးဆန်းနေတာမို့မေးလိုက်ခြင်း။ ပုံမှန် သူမနဲ့စကားပြောရင် ဒီလိုလေသံဖျော့ဖျော့လေးမဟုတ်။ ပုံမှန်စကားပြောသလို အေးတိအေးစက်။
"မင်းထွက်လာမှာလား "
"မလာဘူး...မေမေတို့သိရင် ဆူခံထိမယ်"
"မင်းမလာရင် မသွားဘူး ဒီနေ့ မင်းကိုသေချာပေါက်ပြောပြရမှာရှိတယ် "
"ဖုန်းနဲ့ပြော!.."
"မရဘူး လူချင်းတွေ့ပြီးပြောမှရမှာ "
"ရှင်ပြန်တော့ မနက်ဖြန်မှ ဆက်ပြောမယ်"
"ကြည့်ရတာ ဒီနေ့ ကားထဲမှာအိပ်ရတော့မယ်နဲ့တူတယ် မလာလည်းသဘော..."
တီ...
ကင်းဘက်ကဖုန်းချသွားသည်။
အစက မသွားဘူးလို့ဆုံးဖြတ်ထားပေမဲ့ နောက်တော့ သူမ အနွေးထည်အပါးလေးထပ်ကာ ခြေသံဖွဖွဖြင့် အောက်သို့ဆင်းခဲ့ပါတော့သည်။
ကင်း ရှင်အပြင်ရောက်ရင်တော့လား။
✿............✿...........✿
ခြံထဲကနေ ဟိုကြည့်ဒီကြည့်ဖြင့် လာနေသည့် အဖြူရောင်ပုံရိပ်လေးကြောင့် စက်ဝန်းနှုတ်ခမ်းပါးတို့ကွေးနေအောင် မြင့်တက်လာ၏။
သူ့ကားထဲဝင်ထိုင်လာသည့် အဖြူရောင်ဝတ်စုံနဲ့သူမလေးက ချစ်စရာကောင်းနေသည်။
သူမတက်လာသည်နှင့် သူကားမောင်းထွက်ခဲ့သည်။
"ဘယ်ကိုသွားမလို့လဲ...ဒီမှာပဲပြော "
"အိမ်ရှေ့မှာ ကားရပ်တာကြာရင် မင်းအမေထွက်လာမှာပေါ့ "
သူပြောတာ မှန်သည်ထင်၍ သူမဘက်က အသံတိတ်သွား၏။ ပြီးမှ...
"အဝေးကြီးမသွားနဲ့ "
"ကိုယ်ပြန်ပို့ပေးမှာပါ မဟုတ်ရင်လည်း ကိုမင်းထက်ကို ဖုန်းဆက်ထားလိုက်..."
သူပြောသလို လက်ခံကာ ကိုကြီးကိုမက်ဆေ့ခ်ျပို့လိုက်သည်။ အရမ်းနောက်မကျစေနဲ့ဆိုတဲ့ကိုကြီးရဲ့မက်ဆေ့ခ်ျပြန်ဝင်လာမှစိတ်အေးသွားရသည်။
ဒါနဲ့ကိုကြီးက ညီမတစ်ယောက်လုံး ယောက်ျားလေးတစ်ယောက်နဲ့လိုက်သွားမှာကို စိတ်မပူဘူးလား။
စက်ဝန်းသည် သူမတို့လမ်းထိပ်မှာ ကားကိုရပ်လိုက်ပါသည်။ ညအချိန်ဆိုပေမဲ့ လူတွေကသွားလာနေကြတုန်းပင်။ အရမ်းမနောက်ကျသေး။
"အနှစ် "
"ဟင်!..အင်း "
"ငါ မင်းကိုစိတ်ဝင်စားတယ်လို့ပြောရင် မင်းဘယ်လိုဖြေမှာလဲ "
အနှစ်မျက်လုံးတွေဝိုင်းစက်သွားရကာ သူ့ကိုလှည့်ကြည့်မိ၏။
သူက သူမကိုစိတ်ဝင်စားတယ်တဲ့။ ကြိုက်တာလည်းမဟုတ်၊ ချစ်တယ်လည်းမဟုတ် စိတ်ဝင်စားတယ်တဲ့။
သူ့မျက်ဝန်းတွေကတည်ကြည်နေ၍ နှောက်နေဟန်မတူ။ သူ့အကြည့်တွေကြောင့် ရင်ခုန်သံမြန်လာ၏။
ဟင်! အနှစ်ရင်ခုန်နေတယ်။
"ရှင်က! မဖြစ်နိုင်တာ ရှင်နဲ့ကျွန်မဘယ်တုန်းက စကားကောင်းကောင်းပြောခဲ့လို့လဲ စိတ်ဝင်စားတာက မဖြစ်နိုင်ဘူး "
"ကိုယ့်ခံစားချက်ကို ကောင်းကောင်းသိတယ် လိမ်နေတာလည်းမဟုတ်ဘူး စနေတာလည်းမဟုတ်ဘူး အတည်ပြောတာ ငါမင်းကိုစိတ်ဝင်စားတယ်"
"မဖြစ်နိုင်တာ ကျွန်မ! ရှင့်ကိုမကြိုက်ဘူး စိတ်လည်းမဝင်စားဘူး"
ပြောပြီးမှ သူ့မျက်နှာကိုကြည့်မိတော့ စိတ်တိုသွားပုံရသည်။ ဒီလိုကျတော့လည်း သူမစိတ်မကောင်း။
"ကြိုက်လာအောင်လုပ်လို့ရတယ် ငါယုံကြည်ချက်ရှိတယ် "
သူမ သူ့ကိုဘာမှမပြောနိုင်တော့ဘဲ ငေးကြည့်နေမိ၏။
"အစက နောက်ကျမှ ဖွင့်ပြောမလို့...ဒါပေမဲ့ တခြားယောက်ျားလေးနဲ့တွဲမြင်ရရင် ဘယ်လိုမှမခံစားနိုင်လို့..."
"ပြန်ပို့ပေးတော့ "
"အနှစ်! "
"ကျွန်မအဖြေက ငြင်းတယ်...ကိုယ့်စိတ်ကိုသေချာမသိဘဲနဲ့ ကျွန်မအလောတကြီးမဆုံးဖြတ်နိုင်ဘူး "
"ကောင်းပြီ ငါစောင့်မယ် ငါအခု မင်းကိုဆွဲနမ်းချင်ပေမဲ့ မင်းစိတ်ဆိုးမှာဆိုးလို့ ချုပ်တည်းနေရတာ...ငါ့အတွက် မင်းက!...ကျစ်!"
သူမဘာမပြောဘဲ မျက်နှာလွှဲလိုက်၏။ သူ့စကားကြောင့် သူမမျက်နှာရဲလို့နေမှာ သေချာပါသည်။
အိမ်ရှေ့ထိပြန်ပို့ပေးပြီး အနှစ်ကားပေါ်ကမဆင်းခင်...
"မင်းကိုစိတ်ဝင်စားတယ်လို့ပြောလို့ ရှောင်စရာမလိုဘူးနော် ပုံမှန်အတိုင်းပဲနေ စိမ်းလည်းမစိမ်းသွားနဲ့ "
"ရှင့်ဘက်ကစည်းမကျော်ရင် ရပြီ..."
"ကိုယ်က မင်းကိုဒီလောက်တန်ဖိုးထားတာ...စည်းကျော်ချင်ရင် အခုကတည်းက ခိုးပြေးပြီး သိမ်းပိုက်လိုက်ပြီးပြီ စိတ်ချပါ မင်းမကြိုက်ရင် ငါနောက်တစ်ခါမပြောတော့ဘူး"
အနှစ်ဘာမှမပြောဘဲ ကားပေါ်က ဆင်းလာခဲ့တော့သည်။ ပုံမှန်လူတစ်ယောက်ရဲ့ချစ်စကားကိုတောင် အချိန်ယူပြီးစဉ်းစားရမှာ။ သူ့လို သူမတို့နဲ့ကွာခြားလွန်းတဲ့သူဆိုရင်ပိုပြီးတောင် အချိန်ယူရဦးမည်။ သူမ လူတစ်ယောက်ရဲ့အချစ်ကို လွယ်လွယ်နဲ့မယုံရဲပါ။
ထိုနေ့သည် Aprilလ တစ်ရက်နေ့များလား??
✿............✿...........✿
ညဆယ့်နှစ်နာရီ...
စက်ဝန်းမအိပ်သေးဘဲ အိပ်ယာဘေးမှာတင်ထားသည့်ဓာတ်ပုံကို ယူကြည့်လိုက်၏။ ထိုဓာတ်ပုံမှာ ကောင်လေးနှစ်ယောက်က တစ်ယောက်ပုခုံးတစ်ယောက်ဖက်ပြီး ရယ်နေကြသည့်ပုံဖြစ်သည်။
"ယံ...ငါ မင်းပြောနေတဲ့မိန်းကလေးကို ရှာတွေ့တော့မှာ...ငါအခု ကျောင်းကိုရောက်တာတစ်နှစ်ကျော်ပြီဆိုတော့ မကြာခင်သိတော့မှာ ရယ်ရင်လှတဲ့မိန်းကလေးက ကျောင်းမှာအရမ်းများတယ် မင်းကိုရူးသွပ်အောင်လုပ်နိုင်တဲ့မိန်းကလေးကိုငါလည်းတွေ့ဖူးချင်တယ်"
တစ်ကယ်တော့ စက်ဝန်းသည် နိုင်ငံခြားကနေ ကျောင်းပြောင်းလာသူဖြစ်သည်။ စင်ကာပူကနေ ဒုတိယနှစ်ထိတက်ခဲ့ပြီး ကျန်တဲ့နှစ်ကိုတော့ မြန်မာနိုင်ငံမှာလာတက်ခြင်းဖြစ်သည်။ ယံဆိုတာ သူ့သူငယ်ချင်း။ အွန်လိုင်းပေါ်မှာ နေ့တိုင်းတွေ့ပြီး စကားပြောတဲ့ထိခင်မင်ရင်းနှီးခဲ့သည့်သူငယ်ချင်း။ တစ်နေ့ ယံက ဒီလိုပြောလာသည်။
"ငါ ကောင်မလေးရပြီ..."
"ဘာ! ကောင်မလေး...ဘယ်သူလဲ ဘယ်ကလဲ မေဂျာတူလား ချောလား "
"ဟား ဟား ဖြေးဖြေးမေးပါကွ...မင်းမေးတာတွေအခုတော့ မပြောပြနိုင်ဘူး မင်း မြန်မာပြည်ကို လာတဲ့အခါကျမှ မိတ်ဆက်ပေးမယ်...ငါ့ကောင်မလေးက အရမ်းရှက်တတ်တာ"
"နာမည်...နာမည်ပြော "
"မပြောဘူး သူက ရယ်လိုက်ရင် တစ်ကယ်လှတယ် "
ချစ်သူကို ကြွားလုံးထုတ်ထားသည့်ယံ။ နောက်တစ်လအကြာမှာ ငါပြစ်ထားခံရပြီဆိုပြီးဖုန်းဆက်ပြောလာခဲ့သည်။
"သူက ငါ့ကိုမချစ်တော့ဘူးတဲ့...အပျော်တွဲခဲ့တာမို့ ရပ်လိုက်ကြစို့တဲ့"
အဲ့နေ့က ယံနဲ့နောက်ဆုံးစကားပြောဖြစ်တဲ့ည။ နောက်တစ်ရက်မှာတော့ ယံ ဆိုင်ကယ်accidenceဖြစ်တယ်ဆိုတဲ့သတင်းကို ကြားခဲ့ရသည်။ ပြီးတော့ ယံသည်လည်း ပျောက်ချင်းမလှပျောက်သွားခဲ့တော့သည်။ ယံအရမ်းချစ်ရပါတဲ့ထိုမိန်းကလေးက ယံ့ဘဝကို ဖျက်ဆီးသွားခဲ့သည်။
"မင်းဘယ်မှာလဲ ယံ...ငါလည်း ငါချစ်တဲ့သူအကြောင်း မင်းကိုပြောပြချင်တယ် မင်းသိလား သူမနာမည်က အနှစ်သာရတဲ့"
Ring...
ဖုန်းလာ၍ ကြည့်လိုက်တော့ နိုင်ငံခြားဖုန်း။ မိသားစု။ သူ့မိသားစု။
နိုင်ငံခြားကနေ မြန်မာကို ကျောင်းပြောင်းသွားတာကြောင့် သိပ်မကျေနပ်ကြပေမဲ့ ပစ်ပယ်မထားပါ။
ထို့ကြောင့် သူကိုင်လိုက်သည်။
"ဟိုင်း ဘရားသား...မအိပ်သေးဘူးပဲ"
ဖုန်းထဲကနေ အစ်ကိုဖြစ်သူထက်ဝန်းအလွန်၏အသံက ထွက်လာ၏။
"အိပ်တော့မှာ! ဘာပြောစရာရှိလို့လဲ"
"မာမီတို့မရှိတုန်း မင်းကိုဖုန်းဆက်တာ...မင်းလည်း ဆက်ပါဦးကွာ တစ်နှစ်မှနှစ်ခါလောက်ဖုန်းဆက်တာတော့မဟုတ်သေးဘူး "
"ဒါဆို မြန်မာပြည်ကိုပြောင်းခဲ့...နေ့တိုင်းတွေ့ရလိမ့်မယ်"
"အဟက် ထားပါတော့ ငါပြောစရာရှိတယ် ဒယ်ဒီက မိန်းမပေးစားမယ်တဲ့"
"အင်း ယူလိုက်!..."
"မယူချင်ဘူး ငါကဒီမှာပဲအခြေချချင်တာ ဒယ်ဒီပေးစားဖို့ပြင်နေတဲ့သူက မြန်မာမှာတဲ့"
"စိတ်တောင်မကောင်းဘူး"
"ဒါကြောင့် ငါငြင်းလိုက်တယ် ဒါကြောင့် မြန်မာမှာရှိတဲ့မိန်းကလေးက မင်းအတွက်ဖြစ်သွားတယ်"
"ဘာ...ကိုကို မင်းအဲ့လိုလုပ်လို့မရဘူး ကျွန်တော့်ဘက်လှည့်မလာနဲ့ "
"ဆောရီး ငါက အညိုဆင်ထက် ဒီက နိုင်ငံခြားမလေးတွေကိုပိုကြိုက်တယ်..."
"ငြင်းလို့မရဘူးလား..."
"မရဘူး မင်းနဲ့ငါ နှစ်ယောက်ထဲက တစ်ယောက်က သေချာပေါက် ယူကိုယူရမှာ...မိဘတွေက ကတိပေးထားတာမို့ သေချာပေါက်တည်ရမှာ..."
"မိဘတွေယူတာမှ မဟုတ်တာ ကျွန်တော်တို့ယူရမှာလေ ကျွန်တော်တို့သဘောပေါ့ ဘယ်ကမိဘတွေတည်ထားတဲ့ကတိတွေထည့်ပြောနေရတာလဲ ကျစ်!."
"အဲ ဘရားသား...စိတ်မတိုသေးပါနဲ့ အခုချက်ချင်းလက်မထပ်ရသေးပါဘူး...တစ်ဖက်ကသမီးကလည်း ကျောင်းတက်နေတုန်းဆိုတော့ ဖြစ်နိုင်တာ ကျောင်းပြီးမှ လက်ထပ်ပေးမယ်နဲ့တူတယ်...အာ မင်း...မင်းလည်း Lawမေဂျာကပဲ အဲ့ဘက်ကလည်းတူတူပဲ ငါခဏနေ ဓာတ်ပုံပို့ပေးမယ် သိရင် ကြိုပြီးလေ့လာထား...မကြိုက်ရင် ချစ်သူတစ်ယောက်အမြန်ရှာပြီးခိုးပြေးကွာ"
"ကျစ်! ဒါပဲ "
စက်ဝန်းစိတ်ညစ်၍ ဘာစကားမှမပြောချင်တော့တာကြောင့် ဖုန်းချပြစ်လိုက်သည်။ ဒီနေ့မှ ကောင်မလေးဆီကအငြင်းခံရပါတယ်။ ကျောင်းပြီးရင် လက်ထပ်ရမယ်ဆိုတာကြီးက သူ့ဆီဆိုက်ရောက်လာ၏။ မတရားတာကြီး။
တောင် တောင်...
*ဆောရီး မာမီတို့ဆီပြန်တောင်းလိုက်ဦးမယ် ဓာတ်ပုံကမှားဖျက်မိသွားလို့ ဘရားသား*
မပို့လာလေ ကောင်းလေပဲ။ သူက မိဘပေးစားမဲ့သူကိုယူစရာလား။ သူ့ရုပ်က အဲ့လိုပေးစားမှရမဲ့ရုပ်လား။
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(7)
ဓာတ္ပုံ႐ိုက္ၿပီးေနာက္!...
"မင္းတို႔ႏွစ္ေယာက္က မနာလိုစရာေကာင္းေအာင္ထိကို လိုက္ဖက္တယ္ "
ထိုအခါ ႏွစ္ေယာက္စလုံးရဲ႕'ဘာ'ဆိုသည့္အသံႀကီးထြက္လာသည္။
"ဘာကိုလိုက္ဖက္တာလဲ ၾကည့္တာနဲ႔ မတည့္မွန္းသိေနတာကို"
"တစ္ကယ္ပါဆို..."
မြန္ေလးက ၿပဳံးစိစီျဖစ္သြား၏။ ထင္ရွားက ေဖ်ာ္ရည္ကို တစ္ငုံေသာက္လိုက္ၿပီး...
"အကယ္၍ မင္းတို႔ႏွစ္ေယာက္ လက္ထပ္ျဖစ္ခဲ့ၾကရင္ေရာ"
"႐ူးေနလား..."
အႏွစ္က အလန႔္တၾကားျငင္း၏။ ျငင္းသင့္တာပဲေလ။ ဒါကလုံးဝမျဖစ္ႏိုင္တဲ့ ကိစၥႀကီး။
"အကယ္၍လို႔...ဘယ္လိုျဖစ္မလဲ သိခ်င္လို႔ အႏွစ္ကို တစ္ကယ္မယူခိုင္းပါဘူး"
"ဘယ္လိုမွမျဖစ္ႏိုင္ဘူး ငါ့မွာ စံထားတဲ့ေယာက္်ားေလးရွိၿပီးသား "
"ဘယ္လိုလဲ..."
"ဘယ္လိုပဲျဖစ္ျဖစ္ ကင္းနဲ႔ေတာ့ မျဖစ္ႏိုင္ဘူး...ငါကေလ သူ႔လိုလူမ်ိဳးကိုေတာ့ ေသေတာင္မယူဘူး အက်င့္စ႐ိုက္ကအစ မ်က္ႏွာနဲ႔အလိုက္ အေၾကာႀကီးတဲ့သူ မိန္းကေလးနဲ႔လည္းၿပိဳင္ေျပာေသးတယ္ ၿပီးေတာ့...သူက ငါ့ရဲ႕စံပုံစံလုံးဝမဟုတ္ဘူး"
ထင္ရွားက ခြီးခနဲရယ္၏။ တည္ၿငိမ္တယ္ထင္ရတဲ့မြန္ေလးဆိုလည္း သြားေတြေပၚသည္အထိရယ္၏။
"ငါကလည္း မင္းကို ယူခ်င္လြန္းလို႔...မင္းကိုယူမဲ့အစား ငွက္ေပ်ာပင္ကို ယူတာမွ ပိုေကာင္းဦးမယ္...ေအးခ်မ္းတာေပါ့ "
"ဘာ ဒါဆို ကြၽန္မကို မေအးခ်မ္းဘူးလို႔ေျပာတာလား...."
"မင္းဒီေလာက္စြာေနတာ ဘယ္နားကေအးခ်မ္းလို႔လဲ...မာနႀကီးသလိုနဲ႔ေပါင္းၾကည့္ေတာ့မွ စြာေတးပဲ ၾကက္တူေ႐ြးသူငယ္"
စက္ဝန္းကေျပာၿပီး ေရွ႕က ပင္လယ္စာကို ယူစားဖို႔လွမ္းသည္။ သို႔ေသာ္ အႏွစ္က သူ႔တူကို ႐ိုက္ခ်ျပစ္ကာ သူယူမည့္ပင္လယ္စာကို ပါးစပ္ထဲထည့္ျပစ္၏။
"မင္း ဒီလိုအက်င့္ယုတ္တာလား..."
"ယုတ္တယ္ ဘာျဖစ္လဲ ဒါကြၽန္မအစ္ကိုဆိုင္ ရွင္သာ ကြၽန္မအေၾကာင္းမဟုတ္တာ အတင္းမတုတ္နဲ႔"
စက္ဝန္းေခါင္းကို ခါရမ္းလိုက္ရင္း...
"စား...စား အကုန္စား "
စက္ဝန္းက ရွိသမွ် ပန္းကန္ထဲက ဟင္းလ်ာေတြကို အႏွစ္ပန္းကန္ထဲထည့္ေပး၏။
"ရွင္ ႐ႊဲ႕ေနတာလား "
"မဟုတ္ဘူး မင္းကိုျပဳစုေနတာ စား..."
"ကင္း!..."
"ဘာလဲ..."
"ရွင့္ကိုရမဲ့မိန္းကေလး အရမ္းကိုကံဆိုးမွာ သိလား...အဲ့မိန္းကေလးအတြက္ ႀကိဳၿပီး စိတ္မေကာင္းဘူး ရွင့္လို မိန္းမလိုမိန္းမရပုံစံနဲ႔ေတာ့..."
"အဟြန္း..."
အဲ့မိန္းကေလးက မင္းပဲ အႏွစ္။
အဲ့တာဆို ငါ့ပုံစံကဒီလိုပဲ။
"ရွင္ ေလွာင္ျပန္တာလား "
"သေဘာက်လို႔ရယ္တာ...အခု မင္းပုံစံက ရန္လိုေနတဲ့ကေလးလိုပဲ အႏိုင္ရဖို႔ ၿပိဳင္ေနတဲ့ကေလး"
သူ႔စကားေၾကာင့္ အႏွစ္ ေဘးကိုၾကည့္မိေတာ့ ထင္ရွားနဲ႔မြန္ေလးက ၿပဳံးစိစိနဲ႔သေဘာက်ေန၏။
ထိုအခါမွ သူမသည္ အရွက္ေျပ ဂုတ္ပိုးကို လက္နဲ႔ပြတ္သပ္လိုက္ၿပီး အရွိန္ေရွာ့သြား၏။ သို႔ေသာ္ ေျခေတာက္က ေရွ႕ကလူကို တက္နင္းျဖစ္ေအာင္ကို တက္နင္းလိုက္ပါသည္။
"အာ့..."
"ဘာျဖစ္တာလဲ "
"ေခြးကိုက္!...ျခင္ကိုက္တာ "
အႏွစ္ရဲ႕စူးစူးရွရွအၾကည့္ေၾကာင့္ စက္ဝန္းေျပာင္းလိုက္ပါသည္။ ဒီထက္ပိုၿပီးစလို႔္မျဖစ္ေတာ့။
စကားမ်ားမ်ားေျပာခ်င္လို႔စတာဆိုေပမဲ့ ဒီထက္ပိုစရင္ အမုန္းခံရႏိုင္သည္။
"ျခင္မရွိပါဘူး "
"မသိဘူး ထားလိုက္! မနာဘူး "
စက္ဝန္း သူမကို မ်က္ခုံးပင့္ျပလိုက္ပါသည္။
"အႏွစ္..."
သူတို႔ဝိုင္းကို ေရာက္လာသည့္ ဝတ္စုံျပည့္နဲ႔လူတစ္ေယာက္။ ၾကည့္ရတာ အလုပ္ကိစၥနဲ႔လာပုံရသည္။
"ဪ ကိုသူရိယ ကိုႀကီးဆီလာလည္တာလား"
သူမက ထိုသူကိုေတာ့ ၿပဳံး႐ႊင္စြာႏႈတ္ဆက္သည္။
"ဟုတ္တယ္ ကိုယ္ အလုပ္ကိစၥလာရင္းနဲ႔ အႏွစ္ကိုေတြ႕လို႔ လာႏႈတ္ဆက္တာ"
"ဟုတ္ကဲ့ ထိုင္သြားဦးေလ"
"မထိုင္ေတာ့ဘူး ကိုယ့္ဧည့္သည္ေတြေရွ႕မွာေစာင့္ေနၾကတာ အႏွစ္ကိုႏႈတ္မဆက္ရင္ စိတ္ဆိုးမွာဆိုးလို႔ သြားေတာ့မယ္ေနာ္"
"ဟုတ္ကဲ့ "
ကိုသူရိယထြက္သြားေတာ့ မြန္ေလးနဲ႔ထင္ရွားရဲ႕အၾကည့္ကာ သူမဆီကို တစိုက္မတ္မတ္က်ေရာက္လာ၏။
"မိတ္ေဆြ ကိုႀကီးရဲ႕သူငယ္ခ်င္း! "
"ဪ ဟုတ္လား မေမးမိဘူးေနာ္ "
"ဟင္းဟင္း "
ႏွစ္ေယာက္သားက စေနေပမဲ့ ကင္းကေတာ့ သူမကို ႐ုပ္တည္ႀကီးနဲ႔ၾကည့္ေနပါသည္။ သို႔ေသာ္ခဏသာ။ အၾကည့္ျပန္လႊဲသြားသည္။
ဒီလိုနဲ႔ ကိုႀကီးရဲ႕ဆိုင္မွာ သူမတို႔ ညေနခင္းအခ်ိန္ကိုကုန္ဆုံးခဲ့ပါသည္။
အျပန္က် လူရႈပ္ေန၍ တစ္ေယာက္နဲ႔တစ္ေယာက္တိုက္မိႏိုင္တာမ်ိဳးရွိ၍ စက္ဝန္းသည္ အႏွစ္ရဲ႕ေနာက္မွာ ထပ္ၾကပ္မကြာရွိေန၏။ သူမကေတာ့ လွည့္မၾကည့္တာမို႔ သိမွာမဟုတ္ေပ။
✿............✿...........✿
ထင္ရွားတင္လိုက္သည့္ ဓာတ္ပုံေတြသာမက ရန္ျဖစ္ေနတဲ့ပုံပါပါတာေၾကာင့္ စက္ဝန္းနဲ႔အႏွစ္ကို အင္တာနက္ေပၚမွာ ရွစ္(ship)ေနၾကသည္။ လိုက္ဖက္ညီသည့္ေၾကာင္ႏွင့္ႂကြက္အတြဲ။ #စက္ဝန္းအႏွစ္။
Comments...
""ကိုႀကီးအၾကည့္ေတြက အသက္ဝင္ေနလိုက္တာ...""
""မမရဲ႕အၾကည့္ေတြကရန္လိုသလိုပဲ ကိုႀကီးကိုျပန္ခ်စ္လိုက္ပါေနာ္""
""ေမာင္ေလးရဲ႕အၾကည့္ေတြအရ ေသခ်ာတယ္ ေကာင္မေလးကိုႀကိဳက္ေနတာ ""
""ေကာင္မေလးဆီက အျငင္းခံရရင္ မမဆီလာခဲ့ေမာင္ေလး""
""အရင္ကတည္းက မမရဲ႕အေကာင့္ကိုသိရမွာ လွရက္သားနဲ႔ ဘာလို႔ပုန္းေနတာလဲ""
"မလွပါဘူး ဒါေပမဲ့ၾကည့္ရတာ အိေျႏၵရွိတာ""
""တျခားအတြဲေတြကို မၾကည့္တတ္ေပမဲ့ ဒီအတြဲက တစ္ကယ္လိုက္တယ္ ႐ုပ္ရည္အရလိုက္တာမဟုတ္ဘဲ ႏွစ္ေယာက္သားက Chemistryမိတယ္""
""ဟုတ္တယ္ ေထာက္ခံတယ္ဗ် ကြၽန္ေတာ့္မွာ သူတို႔ႏွစ္ေယာက္ရဲ႕fan pageရွိတယ္ linkခ်ေပးမယ္ဗ်...www.facebook.××××××× ဒါေၾကာင့္ အသည္းကြဲေနတာ😔""
Fan pageဆို၍ မန႔္တဲ့သူကိုၾကည့္လိုက္ေတာ့ ထင္ရွားျဖစ္ေနသည္။
"အမယ္ အီမိုဂ်ီက ေသေတာ့မလို႐ုပ္နဲ႔"
ထိုေအာက္မွာမွ မြန္ေလးက replyျပန္ထားသည္။
""သူတို႔က အျပင္မွာ ပိုလိုက္တယ္ ကြၽန္မေတာင္ Top fanျဖစ္ေနၿပီ;) ""
ထိုေအာက္မွာမွ ကိုႀကီး၏ ေကာမန႔္တစ္ဆက္တည္းပါလာ၏။
""ဒီတစ္ေယာက္ကိုစိတ္ဝင္စားမဲ့သူရွိတာပဲ...စက္ဝန္းေရ မင္းပဲ အႏွစ္နာခံလိုက္ပါ""
ေကာမန႔္အားလုံးက ေကာင္းတာခ်ည္းပဲမဟုတ္။ အဆိုးဘက္ေျပာထားတာေတြလည္းပါသည္။
အႏွစ္ ေကာမန႔္ေတြကို ဖတ္ရင္းမွ ထင္ရွားခ်ေပးထားသည့္လင့္(ခ္)ထဲဝင္လိုက္၏။
ဘယ္ကတည္းက စရွိသည့္ ေပ့(ခ္်)လည္းမသိေပမဲ့ Like & followကေတာ့ အေတာ္ကိုမ်ားေနၿပီျဖစ္သည္။ အင္းေလ သူမနဲ႔ေပးစားသည့္သူက နာမည္ႀကီးပဲ။
"Ring..."
အင္တာနက္ၾကည့္ေနရင္းမွ ဖုန္းလာ၍ ၾကည့္ေတာ့ နံပါတ္က အစိမ္း။ သို႔ေသာ္ျမင္ဖူးသလိုေတာ့ရွိ၏။
"ဟဲလို "
"မင္းအခုဘာလုပ္ေနလဲ"
ကင္း!?...ဒါကကင္းဖုန္းနံပါတ္ပဲ။ အရင္တစ္ခါက မမွတ္ထားမိဘူးပဲ။
"ကင္း! "
"အင္း ဟုတ္တယ္...ငါ့ကိုအခုထိမွတ္မထားရေသးဘူးလား "
"အင္း ေမ့ေနလို႔...ဘာကိစၥလဲ ညဘက္ကိုဖုန္းဆက္ေနတာ"
"ငါအခု မင္းအိမ္ေရွ႕မွာ..."
"ဘာ!..."
အႏွစ္ အိပ္ေနရာမွ ထထိုင္မိသြား၏။ ေမြ႕ယာေပၚက ခပ္ေျဖးေျဖးဆင္းကာ လိုက္ကာကို အနည္းငယ္ဟၾကည့္ေတာ့ အိမ္ေရွ႕မွာ ကားတစ္စီးရပ္ထား၏။ မြန္ေလးနဲ႔ဆင္တူကား။ ဒါက ကင္းရဲ႕ကားပဲ။
နာရီကိုၾကည့္မိေတာ့ (၉)နာရီရွိေနၿပီ။
"ဘာလာလုပ္တာလဲ ညဘက္ႀကီး..."
"မင္းကိုေျပာစရာရွိလို႔..."
"ေျပာစရာရွိတိုင္း အိမ္ထိလိုက္လာလို႔ျဖစ္မလား...ေနာက္တစ္ရက္မေစာင့္ႏိုင္ဘူးလား"
"မင္းနဲ႔ကေန႔တိုင္းေတြ႕ရလို႔လား..."
"ဒါေပမဲ့ အိမ္ထိလိုက္လာတာေတာ့ မဟုတ္ေသးဘူး...ကင္း ရွင္မူးေနတာလား"
အသံက အနည္းငယ္ထူးဆန္းေနတာမို႔ေမးလိုက္ျခင္း။ ပုံမွန္ သူမနဲ႔စကားေျပာရင္ ဒီလိုေလသံေဖ်ာ့ေဖ်ာ့ေလးမဟုတ္။ ပုံမွန္စကားေျပာသလို ေအးတိေအးစက္။
"မင္းထြက္လာမွာလား "
"မလာဘူး...ေမေမတို႔သိရင္ ဆူခံထိမယ္"
"မင္းမလာရင္ မသြားဘူး ဒီေန႔ မင္းကိုေသခ်ာေပါက္ေျပာျပရမွာရွိတယ္ "
"ဖုန္းနဲ႔ေျပာ!.."
"မရဘူး လူခ်င္းေတြ႕ၿပီးေျပာမွရမွာ "
"ရွင္ျပန္ေတာ့ မနက္ျဖန္မွ ဆက္ေျပာမယ္"
"ၾကည့္ရတာ ဒီေန႔ ကားထဲမွာအိပ္ရေတာ့မယ္နဲ႔တူတယ္ မလာလည္းသေဘာ..."
တီ...
ကင္းဘက္ကဖုန္းခ်သြားသည္။
အစက မသြားဘူးလို႔ဆုံးျဖတ္ထားေပမဲ့ ေနာက္ေတာ့ သူမ အေႏြးထည္အပါးေလးထပ္ကာ ေျခသံဖြဖြျဖင့္ ေအာက္သို႔ဆင္းခဲ့ပါေတာ့သည္။
ကင္း ရွင္အျပင္ေရာက္ရင္ေတာ့လား။
✿............✿...........✿
ၿခံထဲကေန ဟိုၾကည့္ဒီၾကည့္ျဖင့္ လာေနသည့္ အျဖဴေရာင္ပုံရိပ္ေလးေၾကာင့္ စက္ဝန္းႏႈတ္ခမ္းပါးတို႔ေကြးေနေအာင္ ျမင့္တက္လာ၏။
သူ႔ကားထဲဝင္ထိုင္လာသည့္ အျဖဴေရာင္ဝတ္စုံနဲ႔သူမေလးက ခ်စ္စရာေကာင္းေနသည္။
သူမတက္လာသည္ႏွင့္ သူကားေမာင္းထြက္ခဲ့သည္။
"ဘယ္ကိုသြားမလို႔လဲ...ဒီမွာပဲေျပာ "
"အိမ္ေရွ႕မွာ ကားရပ္တာၾကာရင္ မင္းအေမထြက္လာမွာေပါ့ "
သူေျပာတာ မွန္သည္ထင္၍ သူမဘက္က အသံတိတ္သြား၏။ ၿပီးမွ...
"အေဝးႀကီးမသြားနဲ႔ "
"ကိုယ္ျပန္ပို႔ေပးမွာပါ မဟုတ္ရင္လည္း ကိုမင္းထက္ကို ဖုန္းဆက္ထားလိုက္..."
သူေျပာသလို လက္ခံကာ ကိုႀကီးကိုမက္ေဆ့ခ္်ပို႔လိုက္သည္။ အရမ္းေနာက္မက်ေစနဲ႔ဆိုတဲ့ကိုႀကီးရဲ႕မက္ေဆ့ခ္်ျပန္ဝင္လာမွစိတ္ေအးသြားရသည္။
ဒါနဲ႔ကိုႀကီးက ညီမတစ္ေယာက္လုံး ေယာက္်ားေလးတစ္ေယာက္နဲ႔လိုက္သြားမွာကို စိတ္မပူဘူးလား။
စက္ဝန္းသည္ သူမတို႔လမ္းထိပ္မွာ ကားကိုရပ္လိုက္ပါသည္။ ညအခ်ိန္ဆိုေပမဲ့ လူေတြကသြားလာေနၾကတုန္းပင္။ အရမ္းမေနာက္က်ေသး။
"အႏွစ္ "
"ဟင္!..အင္း "
"ငါ မင္းကိုစိတ္ဝင္စားတယ္လို႔ေျပာရင္ မင္းဘယ္လိုေျဖမွာလဲ "
အႏွစ္မ်က္လုံးေတြဝိုင္းစက္သြားရကာ သူ႔ကိုလွည့္ၾကည့္မိ၏။
သူက သူမကိုစိတ္ဝင္စားတယ္တဲ့။ ႀကိဳက္တာလည္းမဟုတ္၊ ခ်စ္တယ္လည္းမဟုတ္ စိတ္ဝင္စားတယ္တဲ့။
သူ႔မ်က္ဝန္းေတြကတည္ၾကည္ေန၍ ေႏွာက္ေနဟန္မတူ။ သူ႔အၾကည့္ေတြေၾကာင့္ ရင္ခုန္သံျမန္လာ၏။
ဟင္! အႏွစ္ရင္ခုန္ေနတယ္။
"ရွင္က! မျဖစ္ႏိုင္တာ ရွင္နဲ႔ကြၽန္မဘယ္တုန္းက စကားေကာင္းေကာင္းေျပာခဲ့လို႔လဲ စိတ္ဝင္စားတာက မျဖစ္ႏိုင္ဘူး "
"ကိုယ့္ခံစားခ်က္ကို ေကာင္းေကာင္းသိတယ္ လိမ္ေနတာလည္းမဟုတ္ဘူး စေနတာလည္းမဟုတ္ဘူး အတည္ေျပာတာ ငါမင္းကိုစိတ္ဝင္စားတယ္"
"မျဖစ္ႏိုင္တာ ကြၽန္မ! ရွင့္ကိုမႀကိဳက္ဘူး စိတ္လည္းမဝင္စားဘူး"
ေျပာၿပီးမွ သူ႔မ်က္ႏွာကိုၾကည့္မိေတာ့ စိတ္တိုသြားပုံရသည္။ ဒီလိုက်ေတာ့လည္း သူမစိတ္မေကာင္း။
"ႀကိဳက္လာေအာင္လုပ္လို႔ရတယ္ ငါယုံၾကည္ခ်က္ရွိတယ္ "
သူမ သူ႔ကိုဘာမွမေျပာႏိုင္ေတာ့ဘဲ ေငးၾကည့္ေနမိ၏။
"အစက ေနာက္က်မွ ဖြင့္ေျပာမလို႔...ဒါေပမဲ့ တျခားေယာက္်ားေလးနဲ႔တြဲျမင္ရရင္ ဘယ္လိုမွမခံစားႏိုင္လို႔..."
"ျပန္ပို႔ေပးေတာ့ "
"အႏွစ္! "
"ကြၽန္မအေျဖက ျငင္းတယ္...ကိုယ့္စိတ္ကိုေသခ်ာမသိဘဲနဲ႔ ကြၽန္မအေလာတႀကီးမဆုံးျဖတ္ႏိုင္ဘူး "
"ေကာင္းၿပီ ငါေစာင့္မယ္ ငါအခု မင္းကိုဆြဲနမ္းခ်င္ေပမဲ့ မင္းစိတ္ဆိုးမွာဆိုးလို႔ ခ်ဳပ္တည္းေနရတာ...ငါ့အတြက္ မင္းက!...က်စ္!"
သူမဘာမေျပာဘဲ မ်က္ႏွာလႊဲလိုက္၏။ သူ႔စကားေၾကာင့္ သူမမ်က္ႏွာရဲလို႔ေနမွာ ေသခ်ာပါသည္။
အိမ္ေရွ႕ထိျပန္ပို႔ေပးၿပီး အႏွစ္ကားေပၚကမဆင္းခင္...
"မင္းကိုစိတ္ဝင္စားတယ္လို႔ေျပာလို႔ ေရွာင္စရာမလိုဘူးေနာ္ ပုံမွန္အတိုင္းပဲေန စိမ္းလည္းမစိမ္းသြားနဲ႔ "
"ရွင့္ဘက္ကစည္းမေက်ာ္ရင္ ရၿပီ..."
"ကိုယ္က မင္းကိုဒီေလာက္တန္ဖိုးထားတာ...စည္းေက်ာ္ခ်င္ရင္ အခုကတည္းက ခိုးေျပးၿပီး သိမ္းပိုက္လိုက္ၿပီးၿပီ စိတ္ခ်ပါ မင္းမႀကိဳက္ရင္ ငါေနာက္တစ္ခါမေျပာေတာ့ဘူး"
အႏွစ္ဘာမွမေျပာဘဲ ကားေပၚက ဆင္းလာခဲ့ေတာ့သည္။ ပုံမွန္လူတစ္ေယာက္ရဲ႕ခ်စ္စကားကိုေတာင္ အခ်ိန္ယူၿပီးစဥ္းစားရမွာ။ သူ႔လို သူမတို႔နဲ႔ကြာျခားလြန္းတဲ့သူဆိုရင္ပိုၿပီးေတာင္ အခ်ိန္ယူရဦးမည္။ သူမ လူတစ္ေယာက္ရဲ႕အခ်စ္ကို လြယ္လြယ္နဲ႔မယုံရဲပါ။
ထိုေန႔သည္ Aprilလ တစ္ရက္ေန႔မ်ားလား??
✿............✿...........✿
ညဆယ့္ႏွစ္နာရီ...
စက္ဝန္းမအိပ္ေသးဘဲ အိပ္ယာေဘးမွာတင္ထားသည့္ဓာတ္ပုံကို ယူၾကည့္လိုက္၏။ ထိုဓာတ္ပုံမွာ ေကာင္ေလးႏွစ္ေယာက္က တစ္ေယာက္ပုခုံးတစ္ေယာက္ဖက္ၿပီး ရယ္ေနၾကသည့္ပုံျဖစ္သည္။
"ယံ...ငါ မင္းေျပာေနတဲ့မိန္းကေလးကို ရွာေတြ႕ေတာ့မွာ...ငါအခု ေက်ာင္းကိုေရာက္တာတစ္ႏွစ္ေက်ာ္ၿပီဆိုေတာ့ မၾကာခင္သိေတာ့မွာ ရယ္ရင္လွတဲ့မိန္းကေလးက ေက်ာင္းမွာအရမ္းမ်ားတယ္ မင္းကို႐ူးသြပ္ေအာင္လုပ္ႏိုင္တဲ့မိန္းကေလးကိုငါလည္းေတြ႕ဖူးခ်င္တယ္"
တစ္ကယ္ေတာ့ စက္ဝန္းသည္ ႏိုင္ငံျခားကေန ေက်ာင္းေျပာင္းလာသူျဖစ္သည္။ စင္ကာပူကေန ဒုတိယႏွစ္ထိတက္ခဲ့ၿပီး က်န္တဲ့ႏွစ္ကိုေတာ့ ျမန္မာႏိုင္ငံမွာလာတက္ျခင္းျဖစ္သည္။ ယံဆိုတာ သူ႔သူငယ္ခ်င္း။ အြန္လိုင္းေပၚမွာ ေန႔တိုင္းေတြ႕ၿပီး စကားေျပာတဲ့ထိခင္မင္ရင္းႏွီးခဲ့သည့္သူငယ္ခ်င္း။ တစ္ေန႔ ယံက ဒီလိုေျပာလာသည္။
"ငါ ေကာင္မေလးရၿပီ..."
"ဘာ! ေကာင္မေလး...ဘယ္သူလဲ ဘယ္ကလဲ ေမဂ်ာတူလား ေခ်ာလား "
"ဟား ဟား ေျဖးေျဖးေမးပါကြ...မင္းေမးတာေတြအခုေတာ့ မေျပာျပႏိုင္ဘူး မင္း ျမန္မာျပည္ကို လာတဲ့အခါက်မွ မိတ္ဆက္ေပးမယ္...ငါ့ေကာင္မေလးက အရမ္းရွက္တတ္တာ"
"နာမည္...နာမည္ေျပာ "
"မေျပာဘူး သူက ရယ္လိုက္ရင္ တစ္ကယ္လွတယ္ "
ခ်စ္သူကို ႂကြားလုံးထုတ္ထားသည့္ယံ။ ေနာက္တစ္လအၾကာမွာ ငါျပစ္ထားခံရၿပီဆိုၿပီးဖုန္းဆက္ေျပာလာခဲ့သည္။
"သူက ငါ့ကိုမခ်စ္ေတာ့ဘူးတဲ့...အေပ်ာ္တြဲခဲ့တာမို႔ ရပ္လိုက္ၾကစို႔တဲ့"
အဲ့ေန႔က ယံနဲ႔ေနာက္ဆုံးစကားေျပာျဖစ္တဲ့ည။ ေနာက္တစ္ရက္မွာေတာ့ ယံ ဆိုင္ကယ္accidenceျဖစ္တယ္ဆိုတဲ့သတင္းကို ၾကားခဲ့ရသည္။ ၿပီးေတာ့ ယံသည္လည္း ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့ေတာ့သည္။ ယံအရမ္းခ်စ္ရပါတဲ့ထိုမိန္းကေလးက ယံ့ဘဝကို ဖ်က္ဆီးသြားခဲ့သည္။
"မင္းဘယ္မွာလဲ ယံ...ငါလည္း ငါခ်စ္တဲ့သူအေၾကာင္း မင္းကိုေျပာျပခ်င္တယ္ မင္းသိလား သူမနာမည္က အႏွစ္သာရတဲ့"
Ring...
ဖုန္းလာ၍ ၾကည့္လိုက္ေတာ့ ႏိုင္ငံျခားဖုန္း။ မိသားစု။ သူ႔မိသားစု။
ႏိုင္ငံျခားကေန ျမန္မာကို ေက်ာင္းေျပာင္းသြားတာေၾကာင့္ သိပ္မေက်နပ္ၾကေပမဲ့ ပစ္ပယ္မထားပါ။
ထို႔ေၾကာင့္ သူကိုင္လိုက္သည္။
"ဟိုင္း ဘရားသား...မအိပ္ေသးဘူးပဲ"
ဖုန္းထဲကေန အစ္ကိုျဖစ္သူထက္ဝန္းအလြန္၏အသံက ထြက္လာ၏။
"အိပ္ေတာ့မွာ! ဘာေျပာစရာရွိလို႔လဲ"
"မာမီတို႔မရွိတုန္း မင္းကိုဖုန္းဆက္တာ...မင္းလည္း ဆက္ပါဦးကြာ တစ္ႏွစ္မွႏွစ္ခါေလာက္ဖုန္းဆက္တာေတာ့မဟုတ္ေသးဘူး "
"ဒါဆို ျမန္မာျပည္ကိုေျပာင္းခဲ့...ေန႔တိုင္းေတြ႕ရလိမ့္မယ္"
"အဟက္ ထားပါေတာ့ ငါေျပာစရာရွိတယ္ ဒယ္ဒီက မိန္းမေပးစားမယ္တဲ့"
"အင္း ယူလိုက္!..."
"မယူခ်င္ဘူး ငါကဒီမွာပဲအေျခခ်ခ်င္တာ ဒယ္ဒီေပးစားဖို႔ျပင္ေနတဲ့သူက ျမန္မာမွာတဲ့"
"စိတ္ေတာင္မေကာင္းဘူး"
"ဒါေၾကာင့္ ငါျငင္းလိုက္တယ္ ဒါေၾကာင့္ ျမန္မာမွာရွိတဲ့မိန္းကေလးက မင္းအတြက္ျဖစ္သြားတယ္"
"ဘာ...ကိုကို မင္းအဲ့လိုလုပ္လို႔မရဘူး ကြၽန္ေတာ့္ဘက္လွည့္မလာနဲ႔ "
"ေဆာရီး ငါက အညိဳဆင္ထက္ ဒီက ႏိုင္ငံျခားမေလးေတြကိုပိုႀကိဳက္တယ္..."
"ျငင္းလို႔မရဘူးလား..."
"မရဘူး မင္းနဲ႔ငါ ႏွစ္ေယာက္ထဲက တစ္ေယာက္က ေသခ်ာေပါက္ ယူကိုယူရမွာ...မိဘေတြက ကတိေပးထားတာမို႔ ေသခ်ာေပါက္တည္ရမွာ..."
"မိဘေတြယူတာမွ မဟုတ္တာ ကြၽန္ေတာ္တို႔ယူရမွာေလ ကြၽန္ေတာ္တို႔သေဘာေပါ့ ဘယ္ကမိဘေတြတည္ထားတဲ့ကတိေတြထည့္ေျပာေနရတာလဲ က်စ္!."
"အဲ ဘရားသား...စိတ္မတိုေသးပါနဲ႔ အခုခ်က္ခ်င္းလက္မထပ္ရေသးပါဘူး...တစ္ဖက္ကသမီးကလည္း ေက်ာင္းတက္ေနတုန္းဆိုေတာ့ ျဖစ္ႏိုင္တာ ေက်ာင္းၿပီးမွ လက္ထပ္ေပးမယ္နဲ႔တူတယ္...အာ မင္း...မင္းလည္း Lawေမဂ်ာကပဲ အဲ့ဘက္ကလည္းတူတူပဲ ငါခဏေန ဓာတ္ပုံပို႔ေပးမယ္ သိရင္ ႀကိဳၿပီးေလ့လာထား...မႀကိဳက္ရင္ ခ်စ္သူတစ္ေယာက္အျမန္ရွာၿပီးခိုးေျပးကြာ"
"က်စ္! ဒါပဲ "
စက္ဝန္းစိတ္ညစ္၍ ဘာစကားမွမေျပာခ်င္ေတာ့တာေၾကာင့္ ဖုန္းခ်ျပစ္လိုက္သည္။ ဒီေန႔မွ ေကာင္မေလးဆီကအျငင္းခံရပါတယ္။ ေက်ာင္းၿပီးရင္ လက္ထပ္ရမယ္ဆိုတာႀကီးက သူ႔ဆီဆိုက္ေရာက္လာ၏။ မတရားတာႀကီး။
ေတာင္ ေတာင္...
*ေဆာရီး မာမီတို႔ဆီျပန္ေတာင္းလိုက္ဦးမယ္ ဓာတ္ပုံကမွားဖ်က္မိသြားလို႔ ဘရားသား*
မပို႔လာေလ ေကာင္းေလပဲ။ သူက မိဘေပးစားမဲ့သူကိုယူစရာလား။ သူ႔႐ုပ္က အဲ့လိုေပးစားမွရမဲ့႐ုပ္လား။
✿............✿...........✿
ဆက္ရန္