ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်...

By OpalHawthorn28

548K 78.1K 5.6K

ဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။ More

Description
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (1.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (2.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (3.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (4.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (6)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (7)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (8)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (9.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (10)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (11)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (12.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (14.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.1)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (15.2)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (16)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)
ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ်( 19)
အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)
အခန်း (21) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(3)
အခန်း (22) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ (3)
အခန်း (23) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (24) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (25) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (26)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (27) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
Ch27 Zawgyi
အခန်း (28)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (29) လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34.1)
အခန်း (34.2)
အခန်း (35)
အခန်း (36)
အခန်း (37)ငါလေးက Daddyရဲ့ သားအရင်းမဟုတ်ဘူး!!
အခန်း (38)
အခန်း (39.1)
အခန်း (39.2)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46.1)
အခန်း (46.2)
အခန်း (47)
အခန်း (48)
အခန်း (49.1)
အခန်း (49.2)
အခန်း (50)
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
ဝေဖန်မယ် လေကန်မယ် ခဏနေရင်ပြန်ဖျက်မယ်
CH (55.1)
CH 55
CH. 56
CH (57)
CH 58
Ch 59
CH 60
CH 61
CH 62
CH 63
CH 64
CH 65
CH 66
CH 67
CH 68
CH 69
CH 70
CH 72.1
CH 72.2
CH 73
CH 74
CH 75
CH 76
CH 77
CH 78
CH 79
CH 80.1
CH 80.2
CH 81
CH 82
CH 83

CH 71

2.9K 451 59
By OpalHawthorn28

ထိုအချိန်ကစပြီး ဆုပေးပဲဲပြီးတဲ့အထိ ဖူယွမ်ဘက်က ရှဲ့ဟယ်ကို စကားစမပြောရဲတော့ဘူး.....

ဆုပေးပဲဲပြီးချိန်ရောက်တော့လဲ အခြားသူငယ်ချင်းတွေ ပါတီလုပ်ဖို့ ဖိတ်တာကို ရှဲ့ဟယ်ငြင်းဆန်လိုက်ပြီး အိမ်ပြန််ဖို့ ကားပါကင်ဆီသွားခဲ့တယ်...ထိုအချိန်မှာ အမှောင်ရိပ်ထဲကနေ ဖူယွမ်ထွက်လာပြီး....

"ဘာတွေ အလျင်လိုနေတာလဲ ရုပ်ရှင်ဧကရာဇ်ကြီးရဲ့....."

ရှဲ့ဟယ်ကလည်း ဝတ်ကျေတန်းကျေပြန်ပြုံးပြလိုက်ပြီး...

" အိမ်ပြန်မလို့ပါ...."

ရှဲ့ဟယ်နားကို တစ်လှမ်းချင်း လှမ်းလျှောက်လာနေသည့် ဖူယွမ်ကလည်း......

" ကိုယ့်အိမ်ကိုယ်ပြန်မှာလား... ရီဇဲဆီကိုသွားမှာလား...."

ရှဲ့ဟယ်ရဲ့ အကြည့်တွေထဲမှာ မနှစ်မြို့ခြင်းတွေ ယိုဖိတ်ကျလာပြီး.....

" ဉက္ကဌဖူ....ခင်ဗျား သူများကိုယ်ရေးကိုယ်တာကို သိပ်စွက်ဖက်လွန်းနေပြီ....."

ထိုစကားကြောင့် ဖူယွမ်ရဲ့ အမူအရာတွေ ပျော့ပြောင်းသွားပြီး.....

" ကိုယ်မင်းကို သဘောကျနေမှန်း မင်းမသိဘူးလား...."

ဘာလိုရှောင်ရှောင် မလွတ်နိုင်တော့မှန်း နားလည်လိုက်တာကြောင့် ရှဲ့ဟယ် တဲ့တိုးဆန်စွာပြန်ဖြေလိုက်တော့တယ်....

"ကျွန်တော်နဲ့ ဉက္ကဌရီအကြောင်းကို သိနေရက်နဲ့ ဒီလိုနားလည်မှုလွဲနိုင်တဲ့စကားတွေကို ဉက္ကဌဖူဘက်က  မပြောသင့်ဘူး.... "

ဖူယွမ်က အရေးမစိုက်သော အမူအရာနဲ့.....

"ကိုယ် ဒီစကားကို အလေးနက်ထားပြီးပြောနေတာပါ...ဘယ်သူတွေ အထင်လွဲလွဲ ဂရုစိုက်နေမှာ မဟုတ်ဘူး...မင်း ရီဇဲကိုထားခဲ့ပြီး ကိုယ့်ဆီလာခဲ့...ကိုယ် မင်းကို သူ့ထက်သာအောင်ဂရုစိုက်ပေးနိုင်တယ်...."

ရှဲ့ဟယ် ကားတံခါးဆွဲဖွင့်လိုက်ပြီး.....

" စိတ်မရှိပါနဲ့....ကျွန်တော် ပြန်နှင့်တော့မယ်...."

ဖူယွမ်က ရှဲ့ဟယ်ကို မတားဘဲ အလေးနက်ထားပြီးသာ စကားဆက်ပြောနေခဲ့တယ်.....

"မင်းဘာလို့ ရီဇဲဆီမှာ ငရဲခံနေရတာလဲ....မင်းသူ့ကို ကြိုက်နေတာတော့ မဟုတ်လောက်ဘူးမဟုတ်လား...."

ဖူယွမ်က ကားပေါ်ရောက်နေပြီဖြစ်တဲ့ ရှဲ့ဟယ်ကို ဘေးတစောင်းအနေအထားနဲ့ စူးစူးနစ်နစ်စိုက်ကြည့်နေပြီး......

" မင်းကသူ သူ့ကို ချစ်နေတာ...သူကတော့ မင်းကို တစ်စုံတစ်ယောက်နဲ့ ရုပ်ချင်းဆင်လို့ အနားမှာ ခေါ်ထားတာမဟုတ်လား...."

ရှဲ့ဟယ် တကိုယ်လုံး တောင့်တင်းသွားခဲ့တယ်....ဖူယွမ် ကလော်ကလည်တွေ ပြောနေမှန်း နားလည်ပေမယ့် ကြားလိုက်ရတဲ့ စကားကြောင့် တကယ့်ကို shock ရသွားခဲ့ပါတယ်.....

ရှဲ့ဟယ် မျက်နှာပျက်နေတာကိုမြင်တော့ ဖူယွမ် ကျေနပ်နေတဲ့ အပြုံးမျိုး ပြုံးလိုက်ပြီး.....

" မင်း ဒီအကြောင်းတွေ မသိသေးဘူးလား.....ကိုယ်ကမင်းသိပြီးပြီထင်နေတာ...."

ရှဲ့ဟယ် ထိုလူကို သတိပေးလိုသောအကြည့်နဲ့ ကြည့်လိုက်ပြီး.......

" ဉက္ဌဖူ ဘာလုပ်ဖို့ကြိုးစားနေတာလဲ...."

"ကိုယ် ဘာမှမလုပ်ပါဘူး...မင်းကို ချစ်လွန်းလို့ မင်းအမှောင်ထဲမှာ လမ်းပျောက်နေမှာကိုပဲစိုးရိမ်နေတာပါ....မင်းသေချာစုံစမ်းကြည့်ပြီးရင် ကိုယ်ပြောတာတွေ ဟုတ်မဟုတ် သိလာပါလိမ့်မယ်...."

ရှဲ့ဟယ် ထိုလူကို တခဏလောက် စိုက်ကြည့်နေခဲ့ပြီးနောက် professional ကျကျ ဝနိလုပ်ပြုံးပြလိုက်ကာ.....

" အခုလို စိတ်ပူပေးတဲ့အတွက် ဉက္ကဌဖူကို ကျေးဇူးတင်ပါတယ်....စိတ်မကောင်းပါဘူး...
ဉက္ကဌဖူရဲ့အဆိုပြုချက်ကို ကျွန်တော် မစးဉ်းစားပေးနိူင်ဘူး...."

ထိုစကားတွေ ပြောနေချိန်မှာ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေ ကြည်လင်ပြတ်သားနေခဲ့တယ်.....ဖူယွမ်ကို ခေါင်းတစ်ချက်ညိတ်ပြပြီးတာနဲ့ ကားမောင်းထွက်လာခဲ့လိုက်တော့တယ်....."

ရှဲ့ဟယ် ထွက်သွားတာကို ဖူယွမ် ဒီအတိုင်းပဲ ကြည့်နေခဲ့တယ်....စကားစပြောကတည်းက တစ်ခုချင်းစီပြောင်းလဲသွားတဲ့ ရှဲ့ဟယ်ရဲ့ အမူအရာတစ်ခုချင်းစီကို ပြန်စဉ်းစားကြည့်ချိန်မှာ ခံစားချက်တွေ ပိုမိုရှုပ်ထွေးလာခဲ့ပြန်တယ်......

အစားထိုးခံနေရတဲ့အကြောင်း ပြောလိုက်ချိနိမှာ ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ထိတ်လန့်မှုတွေ ၊ရှုံးနိမ့်မှုတွေကို သေချာရှင်းလင်းစွာ မြင်ခဲ့ရတယ်..ဒါနဲ့တောင် ရှဲ့ဟယ် သူ့ကို ပြတ်ပြတ်သားသား ငြင်းသွားသေးတယ်....

ရီဇဲ သူ့ကို အစားထိုးခံပစ္စည်းတစ်ခုလို အသုံးချနေမှန်း သိနေတာတောင် ရီီဇဲအနားမှာပဲနေချင်သေးတယ်တဲ့......

ရှဲ့ဟယ် ဒီလောက်ထိ ရီဇဲကို နစ်နစ်နဲနဲ ချစ်မိနေမယ်လို့ ဖူယွမ် မထင်ခဲ့မိဘူး .....ဒီလိုတွေ ဖြစ်လာလေ ကောင်လေးကို ရီဇဲ အနားကနေ ခေါ်ထုတ်ပေးလာချင်လေပဲ.......

[ တင်းတောင်....ဖူယွမ်ရဲ့ နှစ်သက်မှု ၅မှတ်ထပ်တိုးပါတယ်...စုစုပေါင်း ၈၀ပါ....]

ရှဲ့ဟယ် အိမ်ပြန်ရောက်တာနဲ့ ဆုကို စားပွဲတစ်ခုပေါ် ပဈတငျလျိုကျပွီး ဖူယွမ်ပြောခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်တယ်.... ဖူယွမ် ပြောခဲ့တဲ့စကားတွေက အိပ်ချင်နေသူကို ခေါင်းအုံးလာချပေးသလို အဆင်သင့်လွန်းနေတယ်.....

ရီဇဲက ရှီမင်းဟွေကို တန်ဖိုးမထားပေ
မယ့်လည်း ရှစ်နှစ်ကြာတဲ့အထိ အနားမှာ ခေါ်ထားရတဲ့ အကြောင်းအရင်းကို သိလာခဲ့ရပြီ.....အခြေနေတွေက ထင်ထားတာထက် ပိုခက်နေပေမယ့် ရှဲ့ဟယ် သဘောကျပါတယ်......

[ 444: Host တာ့တာ့....ဘယ်လိုလုပ်ကြမလဲ...Host တာ့တာ့က လူစားထိုးတစ်ယောက်ဖြစ်နေပြီ... ]

[ ရှဲ့ဟယ်...အဲ့အတွက်နဲ့ စီစဉ်ထားတာတွေ ပြောင်းလိုက်စရာမလိုပါဘူး.....ငါ့ကို ဘယ်သူ့နေရာမှာ အစားထိုးတာတယ်ဆိုတာသာ ရှာပေး.....]

[ 444: ဟမ်.....]

နောက်နှစ်ရက်လောက်ကြာတဲ့အထိ မူလရှီးမင်းဟွေရဲ့ အချိန်ဇယားအတိုင်း ရှဲ့ဟယ်အလုပ်လုပ်နေခဲ့ရတယ်.....ရှီမင်းဟွေရဲ့မန်နေဂျာ ဝေကျန်းချင် စီစဉ်ပေးထားတဲ့ အင်တာဗျုးတွေလည်း သွားဖြေဖြစ်ခဲ့တယ်။အမျိုးသားဇာတ်ဆောင်ဆုရပြီးချိန်မှာ ထုတ်လုပ်သူတွေကလည်း ရှီမင်းဟွေနဲ့ ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းလာကြတယ်.....

ဇာတ်ညွှန်းပေါင်းများစွာထဲက တစ်ခုကို ရွေစပြီးတာနဲ့ မန်နေဂျာဝေကျန်းချင်ကို ထုတ်လုပ်ရေးဘက်နဲ့ စကားပြောခိုင်းလိုက်တယ်....

ရှဲ့ဟယ်ရွေးလိုက်တဲ့ ဇာတ်ညွှန်းကြောင့် ဝေကျန်းချင်အတော်ထိတ်လန့်သွားခဲ့ရတယ်....ဘတ်ဂျက်များတဲ့ ရုပ်ရှင်တွေကို ဘေးဖယ်ပြီး BL ဇာတ်ကားရိုက်ဖို့ရွေးချယ်လိုက်တာကြောင့်ပါ......

ရှဲ့ဟယ်က အခုမှ ဆုရခါစဖြစ်တဲ့အတွက် အခုလို BL ဇာတ်ကားမျိုးကို မရွေးချယ်သင့်သေးပါဘူး...ဒါအပြင် ရီဇဲရဲ့အပိုင်ဖြစ်နေတဲ့ ရှီမင်းဟွေအတွက် ဒီလို ဇာတ်လမ်းမျိုးကို ပိုလို့တောင်မရွေးချယ်သင့်ပါဘူး....သတင်းအစမးအနတစ်ခုလောက်သာထွက်လာမယ်ဆို ရှီမင်းဟွေကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်ကုန်ပါလိမ့်မယ်.....

သို့ပေမယ့်လည်း ခေါင်းမာလွန်းလှတဲ့ရှဲ့ဟယ်ကို ဝေကျန်းချင် လက်မြှောက်လိုက်ရပါတော့တယ်.....

တစ်ချိန်တည်းမှာပဲ 444 ဘက်က အဖြူရောင်ကြာပန်းလေးကိုရှာတွေ့ပြီဖြစ်ကြောင်း သတင်းပို့လာခဲ့တယ်.....

ဓာတ်ပုံကို ကြည့်လိုက်မှသာ ထိုလူက ရှဲ့ဟယ်နဲ့ 80% လောက်ထိ တူနေမှန်းသိလိုက်ရတယ်....ရုပ်ချင်းဆင်ပေမယ့်လည်း aura ချင်းတော့ အတော်ကွာနေခဲ့တယ်...ရှီမင်းဟွေက နက်နဲတောက်ပပေမယ့် ကျန်းဇီဟန်ကတော့ အေးစက်တဲ့အသွင်သဏ္ဍာန်ရှိတယ်......

ကျန်းဇီဟန်ဆိုသူက ရီဇဲထက်အဆင့်နိမ့်ကေမယ့် စာတတ်ပေတတ်မျိုးရိုးကဆင်းသက်လာသူတစ်ယောက်ပါ....ကျန်းဇီဟန်ကို ရီဇဲက ဆယ်ကျော်သက်ဘဝကတည်းက သဘောကျခဲ့တာပါ....ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပီပီ လိုတရ ရီဇဲရဲ့ဘဝမှာ ကျန်းဇီဟန်တစ်ယောက်ကိုတော့ ဘယ်လောက်ပဲကြိုးစားခဲ့ပါစေ မပိုင်ဆိုင်နိုင်ခဲ့ပါဘူး....ဒါ့ကြောင့်လဲ ကျန်းဇီဟန်ကို မေ့မရခဲ့တာပါ....

ကျန်းဇီဟန်က ရီဇဲလက်ကနေလွတ်အောင် နိူင်ငံခြားကို ရှောင်ပြေးခဲ့ပြီး ဒီဇိုင်နာတစ်ယောက်အဖြစ်ရပ်တည်နေခဲ့တယ်....

ရီဇဲဘာ့ကြောင့် ရှီမင်းဟွေကို အပေါစားတစ်ယောက်လိုဆက်ဆံနေမှန်း ရှဲ့ဟယ် သဘောပေါက်လာခဲ့တယ်....

ရီီဇဲအတွက်ကတော့
ကိုယ်ပိုင်အတတ်ပညာတစ်ခုနဲ့ professional ကျကျရပ်တည်နိုင်သူ ကျန်းဇီဟန်က ကောင်းကင်ပေါ်ကတိမ်တိုက်တစ်ခုဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်ကိုရောင်းစားပြီး ဖျော်ဖြေရေးနယ်ပယ်မှာ ကျင်လည်နေသူရှီမင်းဟွေကတော့ မြေပြင်ပေါ်က ရွှံ့အိုင်တစ်ခုသာသာပါပဲ....သူတို့နှစ်တစ်ယောက်က ရုပ်ချင်းဆင်နေပေမယ့် အဖိုးတန်မှုကတော့ မိုးနဲ့မြေတမျှကွာခြားနေခဲ့ပါတယ်.....

ရှဲ့ဟယ်ပြုံးလိုက်မိတယ်.....

စွန်းပေသွားတဲ့ရွှံံစက်တွေက ဖျက်ရသိပ်ခက်တယ်လေ........

[ ရှဲ့ဟယ်: ကျန်းဇီဟန်ကို အတော်သဘောကျမိတယ်...သူ့မှာ ကိုယ်ပိုင်ဆင်ခြင်တုံတရား၊ ကိုယ်ပိုင်အတွေးအမြင်နဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေရှိတယ်....]

[444: ဘာလို့ အဲ့လိုထင်ရတာလဲဟင်....]

[ရှဲ့ဟယ်: ကျန်းဇီဟန်ကို ရီဇဲက မပိုင်ဆိုင်ခဲ့ရလို့သာ မမေ့နိုင်ခဲ့တာ...အကယ်၍ ကျန်းဇီဟန်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့မယ်ဆို ဘယ်လောက်ကြာကြာသဘောကျနေနိူင်မယ်ထင်လဲ.....ရီဇဲရဲ့ အတိတ်နဲ့ပစ္စုပ္ပန်ကိုကြည့်လိုက်မယ်ဆို သူ့ရဲ့ကိုယ်ကျင့်သိက္ခာတစးရားကို တစ်စက်လေးမှ ဂရုစိုက်ခဲ့တာမျိုးမရှိဘူး.....တိတိကျကျပြောရရင် သူ့မှာ အချစ်မရှိဘူး....ကျန်းဇီဟန်ကို မမေ့နိုင်ပေမယ့်လည်း အစားထိုးပြီး တစ်ယောက်ပြီးတစ်ယောက်ကို အိပ်ယာပေါ်ဆွဲတင်ခဲ့တယ်....ရီဇဲလို လူမျိုးက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်ပေးဆပ်ခြင်းတွေဘာမှနားမလည်ဘူး။ရီဇဲလိုလူမျိုးက Sex လုပ်တဲ့နေရာမှာ အတော်ကောင်းပေမယ့် ချစ်သူတစ်ယောက်အဖြစ်ဆိုရင် နာကျင်မှုတွေပဲပေးနိုင်မယ့်သူမျိုး။ ဒါတွေကို ကျန်းဇီဟန် ကြိုမြင်နေလတဲ့အပြင် ရီဇဲကိုလည်း ပြန်မချစ်နိုင်တဲ့အတွက် ပြတ်ပြတ်သားသား ငြင်းပစ်ခဲ့တာ....သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာကိုတနိဖိုးထားတဲ့ ကျန်းဇီဟန်အတွက် ရီဇဲဘက်ကဘာမှပေးနိူင်မှာမဟုတ်ဘူး။အစကနေအဆုံးထိ သေချာသုံးသပ်ကြည့်မယ်ဆို ကျန်းဇီဟန်က သူလိုချင်တဲ့အရာ၊ သူမလိုချင်တဲ့အရာကို ကွဲကွဲပြားပြားသိတဲ့အပြင် ပြတ်လည်း ပြတ်သားတယ်....ပြီးတော့ ကျန်းဇီဟန်ရဲ့ပုံစံက တစ်ဖက်သားအပေါ် ဂရုစိုက်ပေးတတ်မှန်းသိသာနေတယ်...]

444

[ရှဲ့ဟယ်:ရှီမင်းဟွေနဲ့ ကျန်းဇီဟန်က ရုပ်ဆင်းချင်ပေမယ့်လည်း ရှီးမင်းဟွေလို ထားရာနေစေရာသွား အရုပ်တစ်ခုလို လူမျိုးထက်စာရင် ငါသာရီဇဲဆို ကျန်းဇီဟန်ကိုပဲရွေးမိမှာပဲ.....]

444: အမှန်တိုင်းပြောရရင် Hostတာ့တာ့ကလည်း ရီဇဲလို ငါးဆားနူအထက်ပုဂ္ဂိုလ်လိုလူစားမျိုးပါပဲ....Hostတာ့တာ့မှာ OOCဖြစ်ခွင့်မရှိတာ ကျန်းဇီဟန်အတွက် ကံကောင်းသွားတယ်ပြောရမယ်...နို့မို့ဆို မကောင်းဆိုးဝါး Hostတာ့တာ့လက်ကနေ ကျန်းဇီဟန်လေး လွတ်လမ်းရှိမှာမဟုတ်ဘူး......

ရှဲ့ဟယ် ပြန်သွားတဲ့နေ့တုန်းကတည်းက ရီဇဲတစ်ယောက် ဖိတ်စာကို အမှိုက်ပုံးထဲပစ်ထည့်ခဲ့တာပါ....ရှီမင်းဟွေဆိုတာ သူ့အတွက် ကစားစရာအရုပ်တစ်ခုအပြင် မပိုခဲ့ပါဘူး....စိတ်ကောင်းဝင်နေတဲ့အချိန်မျက်နှာပေးနိုင်ပေမယ့် အဖိုးမတန်တဲ့ ဒီလူ ဂုဏ်တက်ရအောင်အထိတော့ မျက်နှာလိုက်မပြပေးနိုင်ဘူး.....

ဒီတစ်ကြိမ်မှာ ရီဇဲတစ်ယောက် ရှဲ့ဟယ်ကို သွေးအေးအေးနဲ့ အကြာကြီးပစ်ထားခဲ့တယ်....ရှဲ့ဟယ်ဘက်က ပွဲမတက်တဲ့အတွက်မေးခွန်းထုတ်လာမယ်ထင်ခဲ့ပေမယ့် ဘာသံမှမကြားရတဲ့အခါ ရီဇဲ အံ့သြနေခဲ့မိတယ်....

ရှဲ့ဟယ်ဘက်က ဘာမှလာမရှုပ်သ၍ ရီဇဲဘက်ကလည်း တစ်ဖက်လူ ဘာဖြစ်ဖြစ်ဂရုစိုက်နေမှာ မဟုတ်ဘူး......

ရှဲ့ဟယ်ဘက်ကလည်း ရီဇဲကို ဘာတစ်ခွန်းမှာမပြောဘဲ ဆက်သွယ်လာမယ့်အချိန်ကိုသာ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းနေခဲ့တယ်......

ဒီလိုနဲ့ ရီဇဲရဲ့ဗီလာဆီ ရှဲ့ဟယ် နော်က်တစ်ခေါက်ရောက်လာခဲ့ရပြန်ပါပြီ.....

ဒီတစ်ခါမှာတော့ ရီဇဲက စာကြည့်ခန်းထဲမှာမဟုတ်ဘဲ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့တယ်......

ရှဲ့ဟယ် ရောက်လာတာကို မြင်တာနဲ့ လက်ယက်ပြီး လှမ်းခေါ်လိုက်တယ်.....

" ဒီကိုလာ...."

ရှဲ့ဟယ် ရှပ်ထွေးတဲ့ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်ပြီး နာခံစွာနဲ့ ပြန်ထူးလိုက်တယ်......

" ရီကော....."

ဖြစ်လေ့ဖြစ်ထရှိနေတဲ့အခြေနေမျိုးဖြစ်တာကြောင့် ရှဲ့ဟယ် ဘာတစ်ခုမှ မေးမနေတော့ဘူး.....

အခုချိန်မှာ ရီဇဲ စိတ်အခြေနေသိပ်မကောင်းဘူးဖြစ်နေတယ်....ရှဲ့ဟယ် ရောက်မလာသေးခင်မှာ ပါတနာတစ်ယောက်နဲ့ဆက်ဆံခဲ့ပေမယ့် အဲ့ပါတနာက ကိုယ့်အဆင့်ကိုယ်မသိဘဲ ငွေညှစ်ဖို့ကြိုးစားနေလို့ ဖြေရှင်းလိုက်ရသေးတယ်....စိတ်ရှုပ်နေတဲ့အချိန်မှာ နာခံမှုအရှိဆုံး ရှီးမင်းဟွေအကြောင်းတွေးလိုက်မိတာကြောင့် အခုလို ခေါ်လိုက်ရခြင်းဖြစ်တယ်......

ရှဲ့ဟယ်ရဲ့ မျက်နှာကို ရီဇဲတစ်ချက်ကြည့်လိုက်တယ်....သူတို့တွေက ရုပ်ချင်းဆင်ပေမယ့် အတွင်းစိတ်ချင်းကွာခြားလွန်းနေတယ်.......

ဆိုဖာပေါ် မျက်နှာအပ်ထားရတဲ့ ရှဲ့ဟယ်က နှုတ်ခမ်းကိုလည်း ပြတ်ထွက်မတတ်ကိုက်ထားမိနေတယ်.....ခန္ဓာကိုယ် နာကျင်မှုကြောင့်လား ဝမ်းနည်းကြေကွဲမှုကြောင့်လား မခွဲခြားနိူင်ပေမယ့်လည်း မျက်ရည်တွေ တသွင်သွင်စီးကျနေခဲ့ပါတယ်.....

ဖူယွမ့်ရှေ့မှာ တည်ငြိမ်ယောင်ဆောင်နေခဲ့ပေမယ့် အတွင်းပိုင်းမှာ နာကျင်ဝမ်းနည်းနေခဲ့တာသူ့ကိုယ်သူအသိဆုံးပါ....ဒီလူ့အနားမှာ ရှစ်နှစ်ကြာတဲ့အထိ နေနိုင်ခဲ့တဲ့အတွက် တ​ခြားသူတွေနဲ့ ကွာခြားနေပြီလို့ ထင်နေခဲ့မိတယ်.....သူက တစ်စုံတစ်ယောက်နဲ့တူနေခြင်းကသာ တခြားသူတွေနဲ့ကွာခြားနေခဲ့တာပါ......

တစ်စုံတစ်ယောက်နဲ့ တူနေလို့သာ ရီဇဲအနားမှာ အခုချိန်ထိ ရှိနေနိုင်ခဲ့တာပါ.....

ရက်စက်လွန်းလှတဲ့ အမှန်တရားကြောင့် မျှော်လင့်ချက်အမျှင်တန်းလေး တစစီပျက်တောက်သွားခဲ့ပါပြီ........

သူ သိပ်ချစ်ရတဲ့သူအတွက် သူဟာ အစားထိုးခံသက်သက်ပါပဲ......

ဒီလိုတွေးမိလိုက်ချိန်တိုင်း အသက်ရှူရပ်သွားတော့မတတ်နာကျင်နေရတယ်....

ဒါပေမယ့်လည်း သူ့မှာ ထုတ်မေးဖို့အတွက်အရည်အချင်းမရှိတာကြောင့် မသိသလို ဟန်ဆောင်နေခဲ့ရတယ်....

အကယ်၍ ထုတ်မေးမိလိုက်ရင် အခုလို အနားမှာတောင်ရှိနေနိုင်တော့မှာမဟုတ်ဘူး......

ရီဇဲကတော့ အလိုဆန္ဒပြည့်ဖို့ကိုသာ အာရုံစိုက်နေတဲ့အတွက် တစ်ဖက်လူဘာတွေဖြစ်နေမှန်း ဂရုစိုက်မနေခဲ့ဘူး.....ပြီးမြောက်သွားချိန်မှသာ တစ်သံမှမထွက်တဲ့ ရှဲ့ဟယ်ကို သတိပြုမိသွားခဲ့တယ်.....

ရီဇဲ ရှဲ့ဟယ်ကို ဆံပင်ကနေဆောင့်ဆွဲပြီး ဆွဲမော့လိုက်ချိန်မှသာ မျက်ရည်တွေစိုရွဲနေမှန်းသိလိုက်ရတယ်.....

ဒါကိုမြင်တော့ ရီဇဲရဲ့အကြည့်တွေ အေးစက်လာတယ်......

ဆုပေးပွဲမလာခဲ့လို့ အခုလိုတွေလုပ်ပြနေတာလား....ကိုယ့်အဆင့်ကိုယ်မသိဘဲ ဘယ်သူ့ကို ဒေါသထွက်ပြနေတာလဲ......

" မင်း ဘာလို့ ငိုနေတာလဲ....."

ရီဇဲ ရှဲ့ဟယ်ရဲ့မေးစေ့ကို အားသုံးပြီးညှစ််ထားလိုက်တယ်.....

ရှဲ့ဟယ် မငိုချင်ပေမယ့်လည်း ရီဇဲကိုတောင်းပန်ချင်တာကြောင့် ငိုနေရက်နဲ့တင်......

" တောင်း....တောင်းပန်ပါတယ်...."

" မင်း ဘာလို့ငိုနေတာလဲ!!!!"

" ဘာမှမဖြစ်ပါဘူး..... "

ရှဲ့ဟယ်ရဲ့ အဖြေကြောင့် ရီဇဲရဲ့အကြည့်တွေ ပို ပိုပြီးအေးစက်လာတယ်.....

ရာရာစစ ဖုံးကွယ်ထားရဲတယ်ပေါ့......

နှစ်ပေါင်းများစွာ အတူနေလာခဲ့သူဖြစ်တဲ့အတွက် ရီဇဲရဲ့ body language ကိုကောင်းကောင်းနားလည်နေတဲ့ ရှဲ့ဟယ်က ရီဇဲပိုပြီးစိတ်ဆိုးလာမှာစိုးတဲ့အတွက်​ကြောင့် ကျေနပ်လောက်မယ့်အ​ဖြေမျိုး အမြန်စဉ်းစားလိုက်ရတယ်.....

" နည်းနည်း နာသွားလို့ပါ....."

ရီဇဲ ဒီစကားကို လုံးဝမယုံခဲ့ဘူး.....မေးစေ့က​ိုဖျစ်ညှစ်ထားရာကနေ ဆိုဖာပေါ်ကနေ ပစ်စလက်ခတ် တွန်းချလိုက်တယ်....

စက္ကန်ပိုင်းလိုက်ဆိုပေမယ့်လည်း လက်ရာထင်တဲ့အထိ ဖြစ်သွားရခြင်းမှာ ဘယ်လောက်ထိအားသုံးထားမှန်းသိသာလွန်းနေတယ်......

ရှဲ့ဟယ် ကြမ်းပြင်ပေါ်ကနေ အမြန်ပြန်ထလိုက်ပြီး တောင်းပန်တိုးလျှိုးနေရရှာတယ်.....

" ကျွန်တော် တမင်လုပ်လိုက်တာမဟုတ်ပါဘူး....စိတ်မဆိုးပါနဲ့....."

ရင်တထိတ်ထိတ်နဲ့ တောင်းပန်တိုးလျှိုးနေရှာတဲ့ မျက်ဝန်းနက်နက်လေးတွေက နေရောက်အောက် ငါးအကြေးခွံလေးတွေလို လဲ့ဖြာတောက်ပနေတာကြောင့် ရီဇဲ မဆိုသလောက်စိတ်ပျော့သွားခဲ့တယ်.....

ရီဇဲ ရှဲ့ဟယ်ကို ဒီအတိုင်း စိုက်ကြည့်နေခဲ့တယ်....ပါတနာတွေရဲ့ ဒီလိုအပြုမူမျိုးတွေကို မုန်းတီးပေမယ့် အခုလို ရှဲ့ဟယ်ကို မြင်လိုက်ရချိန်မှာ လွန်ခဲ့တဲ့ ရှစ်နှစ်က ရှီမင်းဟွေကို ပြန်အမှတ်ရလာမိတယ်....ပထမဆုံးအကြိမ် ဆက်ဆံဖြစ်ခဲ့တုန်းက ဒီကောင်လေး အခုလိုပဲ သနားစရာကောင်းအောင်
ငိုနေခဲ့တာ.....နောက်ပိုင်းမှာ အခုလိုတွေငိုမနေဘဲ သူ့စိတ်တိုင်းကျ အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်....ဒီလိုပုံစံမျိုး မမြင်ရတာ သိပ်ကိုကြာနေခဲ့ပြီ.....

သိပ်ကိုကြာနေခဲ့ပြီမို့ ဒီကောင်လေးရဲ့ အရင်တုန်းက အပြုအမူတွေကိုတောင် မေ့လျော့နေခဲ့ပါပြီ.......

သူ့ဘေးမှာ ရှစ်နှစ်ကြာအတူရှိနေခဲ့သူမို့ တချို့သေယအရာတွေကို လောဘတက်လာမိတာ သဘာဝပါပဲ....ဒီလိုတွေးမိလိုက်ချိန်မှာ ရီဇဲရဲ့ဒေါသတွေပြေလျော့သွားခဲ့တယ်.....

[ တင်းတောင်...ပစ်မှတ်ရဲ့ နှစ်သက်မှု ၁၀မှတ်ထပ်တိုးပါတယ်... စုစုပေါင်း အမှတ် ၅၀ပါ....]

ရီဇဲ ဒေါသပြေနေပြီဆိုပေမယ့်လည်း စိတ်ဝင်စားမှုမရှိတော့တာကြောင့်......

" မင်း ငါ့နားမှာမနေချင်ရင် ပြတ်ပြတ်သားသားပြောလို့ရတယ်....လမ်းခွဲတဲ့အနေနဲ့ လျောကြေးပေးလိုက်မယ်...."

ဒီစကားက ရှဲ့ဟယ်ကို ထိတိလန့်တုန်လှုပ်သွားစေခဲ့တယ်.....

" မဟုတ်ပါဘူး....အဲ့လိုမဟုတ်ပါဘူး.....အဲ့လို မရည်ရွယ်ခဲ့ပါဘူး...."

ရီဇဲက ရှဲ့ဟယ်ကို ငုံ့ကြည့်လိုက်ပြီး.....

" ဒါဆို အမှားတွေ ထပ်မလုပ်နဲ့....မဖြစ်သင့်တာတွေကိုလည်း စဉ်းစားမနေနဲ့....ငါတို့နှသ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း မေ့မထားနဲ့....မင်းသာ ပြောစကားနားထောင်မယ်ဆို ငါလည်း မမျှမတဆက်ဆံမှာမဟုတ်ဘူး....."

ရှဲ့ဟယ် မျက်လွှာချလိုက်ပြီး.....

" ကျွန်တော် နားလည်ပါပြီ....."

" အေး နားလည်ထားတာအကောင်းဆုံးပဲ....."

ဒီနေ့အဖို့ ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တာကြောင့် တောင်းပန်တာမျိုးတွေ ဆက်လုပ်မနေတော့ဘဲ အဝတ်စားဝတ်ပြီးတာနဲ့ လှည့်ပြန်လာခဲ့လိုက်တယ်.....

ရီဇဲကလည်း တိတ်ဆိတ်စွာထွက်ခွာသွားတဲ့ ရှဲ့ဟယ်ကို ဒီအတိုင်းကြည့်နေခဲ့တယ်.....

ရှဲ့ဟယ်ကို ရီဇဲဘက်က တစ်လနီးပါးကြာတဲ့အထိ လုံးဝမဆက်သွယ်ခဲ့ဘူး....ဒါဟာ သွေးအေးအေးနဲ့ ပစ်ထားမှန်း သိသာနေပြီ။

[ရှဲ့ဟယ်: Baby... မင်းကို ဟိုတစ်ခေါက်က ရီဇဲရဲ့ဖုန်းမှာ ​ခြေရာခံစနစ်တပ်ခိုင်းထားတာ တပ်ပြီးပြီလား.....]

【444:Yes! (≧▽≦)/】
[ရှဲ့ဟယ်: good....တန်ပြန်တိုက်ခိုက်မှုလေးတွေ စလိုက်ကြရအောင်.....]

သွေးအေးအေးနဲ့ ပစ်ထားတယ်ဆိုကတည်းက ရီဇဲအခုလောက်ဆို သူ့ကိုမေ့နေလောက်ပြီ.....ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘက်က စတောင်းပန်လိုက်ရင် ရီဇဲ ဘက်ကပိုပြီး အထင်မြင်သေးလာလိမ့်မယ်....ဒါ့ကြောင့် နှစ်သက်မှုရမှတ်တွေ ထပ်တိုးဖို့ခက်နေတယ်.....

အခုချိန်မှာ ရှီမင်းဟွေက ရီဇဲရဲ့အကူအညီလိုအပ်နေတဲ့ သနားစရာကောင်လေးမဟုတ်တော့ဘဲ ကိုယ်ပိုင်ခွန်အားနဲ့ တမူထူးခြားစွာ ထူးချွန်အောင်မြင်နေသူဖြစ်နေပြီဆိုတာ ရီဇဲသိအောင် လုပ်ပေးရတော့မယ်......

ရှီမင်းဟွေအပေါ်ကို အမြင်သစ်တစ်ခုနဲ့ကြည့်တတ်လာအောင် ရှဲ့ဟယ် အလင်းပြပေးဖို့အချိန်တန်လာခဲ့ပါပြီ......

ဆုပေးပွဲပြီကတည်းက ဖူယွမ် သူ့ကို ပြောင်ပြောင်တင်းတင်း ပိုးပန်းလာခဲ့တယ်....ရှဲ့ဟယ်ကလည်း ပညာသားပါပါရှောင်တိမ်းနေခဲ့ရတယ်.....

ဒီနေ့မှာတော့ ရှဲ့ဟယ် ရိုက်ကူးရေးပြီးချိန်မှာ ဖူယွမ်ရောက်လာခဲ့ပြန်တယ်.....

" တစ်ခုခုသွားစားကြရအောင်....."

ဒီတစ်ခေါက်တော့ ရှဲ့ဟယ် ပြန်ပြုံးပြလိုက်ပြီး......

" ကျွန်တော် ဆိုင်ရွေးလိုက်မယ်....."

ဒါ ရှဲ့ဟယ်ဘက်က ပထမဆုံးအကြိမ်လိုလိုလားလားလက်ခံခဲ့ခြင်းပါ.....

" OK.."

ရှဲ့ဟယ် အထက်တန်းကျတဲ့ စားသောက်ဆိုင်တစ်ခုကိုရွေးလိုက်တယ်...အဲ့ကိုရောက်တာနဲ့   ...

" ဉက္ကဌဖူ.... ကျွန်တော့်ကို လာ လာမရှာပါနဲ့တော့....."

ဖူယွမ်ရဲ့ အပြုံးတွေ တမဟုတ်ချင်း မှိန်ဖျော့သွားခဲ့တယ်.....

ရှဲ့ဟယ်ကလည်း ဖူယွမ်ကို မျက်လုံးချင်းဆုံအောင်စိုက်ကြည့်လိုက်ပြီး.....

" ကျွန်တော့်ကို သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....ကျွန်တော်အပေါ်မှာ ဉက္ကဌရီရဲ့ ကျေးဇူးကြွေးတွေရှိတဲ့အပြင် ကျွန်တော် ဉက္ကဌရီကိုသဘောကျနေတဲ့အတွက် ဘယ်နည်းနဲ့မှ မထားခဲ့နိုင်ဘူး.....ကျွန်တော် အနေအထိုင်မတတ်ခဲ့လို့ ဉက္ကဌဖူကို နားလည်မှုလွဲစေခဲ့ရင်လည်း တောင်းပန်ပါတယ်..... အခုလိုစကားမျိုးကို မျက်နှာချင်းဆိုင်ပြောဖို့ အခုလိုလိုက်လာခဲ့ရတာပါ....."

လိမ်မာပါးနပ်သူပီပီ ဖူယွမ်ဘက်က မကျေမနပ်ဖြစ်တဲ့အရိပ်အယောင်မှန်သမျှကို ပိပိရိရိဖုံးကွယ်ထားနိုင်ခဲ့တယ်....

" သူဘက်က မင်းကို သဘောမကျဘူးလေ....ဒါနဲ့တောင် မင်းသူ့အနားမှာ ဆက်နေချင်သေးတာလား...."

ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ လေးနက်လွန်းလှတဲ့ ချစ်ခြင်းတရားတွေ၊ အဆုံးအဆမဲ့တဲ့သည်းခံနိုင်ခြင်းတွေကိုသာ တွေ့မြင်နေရတယ်.....

" အင်း....သူ့အနားမှာ ရှိနေနိူင်သ၍ ကျန်တာတွေ ကျွန်တော့် ခေါင်းထဲဘာမှမရှိဘူး......"

ရှဲ့ဟယ်ကို ဖူယွမ် ငေးကြည့်နေခဲ့မိတယ်...လှပချောမောတဲ့ မျက်နှာလေးပေါ်ကမှာ နူးညံ့သိမ်မွေ့လှတဲ့ အပြုံးလေးတစ်ခုရှိနေတယ်....ဒီအပြုံးတွေကို သူ့နှလုံးသားထဲမှာပါ ချိတ်ဆွဲထားချင်မိတယ်.....ဒီကောင်လေးက သူမဟုတ်တဲ့ အခြားတစ်ယောက်ကို ချစ်နေပေမယ့် ဒီကောင်လေးကို သူ့အပိုင်အဖြစ် လိုချင်နေတုန်းပဲ.....

ဒီလိုချောမောမှု၊
ဒီလို တော်ဝင်ဆန်ပြီး စွဲမက်ဖွယ်ကောင်းမှုတွေက သိပ်ကိုရှားပါးလွန်းတဲ့ အဖိုးထိုက်တန်မှုတွေပါပဲ......

ဖူယွမ်က စားပွဲကို လက်နဲ့တစ်တောက်တောက်ခေါက်လိုက်ပြီး.....

"တစ်ခါတစ်လေကျရင် မင်းဘက်က နေချင်ရုံနဲ့တင်နေလို့မရတဲ့အခြေနေတွေရှိတယ်.....မင်းကို လက်ဆောင်အနေနဲ့ သတင်းတစ်ခုလောက်ပေးမယ်....ကျန်းဇီဟန် ကို မင်းသိပြီးလောက်မှာပါ....."

စိတ်လှုပ်ရှားနေတာကြောင့် ရှဲ့ဟယ် မဆိုသလောက် မူပျက်သွားခဲ့တယ်.....

အထာနပ်နေတဲ့ ဖူယွမ်ကလည်း တစ်ချက်ကြည့်ရုံနဲ့တင် ဒါကို မြင်လိုက်ရတယ်......

"ကျန်းဇီဟန် ပြန်လာတော့မယ်...သူပြန်ရောက်လာရင် ရီဇဲ မင်းကို အနားမှာ ခေါ်ထားဉီးမှာတဲ့လား....."

ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေထဲမှာ ကြောက်ရွံခြင်းတွေ ကြီးစိုးလာတယ်.....

ဒါကိုမြင်လိုက်ရတဲ့ ဖူယွမ်ကလည်း မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့တယ်....ဒါပေမယ့် ဖူယွမ် မတ်တပ်ထရပ်လိုက်ပြီး ခန္ဓာကိုယ်ကို ရှဲ့ဟယ်ရှေ့ကို ညွှတ်ကိုင်းလိုက်ပြီး နားနားကိုကပ်ကာ.......

"ရီဇဲက မင်းကို မလိုချင်ဘူး...မင်းကိုဘယ်တုန်းကမှလဲ ဂရုမစိုက်ခဲ့ဖူးဘူး....မင်း ကိုယ့်ကို စဉ်းစားပေးကြည့်ပါလား....ကိုယ် မင်းကိုကောင်းကောင်း ဂရုစိုက်ပေးမှာပါ....."

ကြောင်အနေရှာတဲ့ ရှဲ့ဟယ်ကတော့ ပြန်တုံ့ပြန်ဖို့ကိုတောင် မေ့လျော့နေခဲ့တယ်.....

ထိုအချိန်မှာ စားသောက်ဆိုင်ရဲ့ private room ထဲကနေ ထွက်လာတဲ့ ရီဇဲတစ်ယောက် ထိုမြင်ကွင်းကို မြင်သွားခဲ့တယ်.....ရီဇဲရဲ့အမြင်မှာ ရှဲ့ဟယ်နဲ့ ဖူယွမ်တို့က သိပ်ကိုချစ်ကြတဲ့စုံတွဲတွေလိုဖြစ်နေပြီး ဖူယွမ်ရဲ့ အမူအရာကလည်း တစ်ဖက်လူကို အချိန်မရွေးနမ်းပစ်တော့မလို နူးညံ့လွန်းနေတယ်.....

ရီဇဲရဲ့အကြည့်တွေ တမဟုတ်ချင်းအေးစက်ခက်ထန်လာခဲ့ပါပြီ......
ဖူယွမ်တို့က

ZawGyi

ထိုအခ်ိန္ကစၿပီး ဆုေပးပဲဲၿပီးတဲ့အထိ ဖူယြမ္ဘက္က ႐ွဲ႕ဟယ္ကို စကားစမေျပာရဲေတာ့ဘူး.....

ဆုေပးပဲဲၿပီးခ်ိန္ေရာက္ေတာ့လဲ အျခားသူငယ္ခ်င္းေတြ ပါတီလုပ္ဖို႔ ဖိတ္တာကို ႐ွဲ႕ဟယ္ျငင္းဆန္လိုက္ၿပီး အိမ္ျပန္္ဖို႔ ကားပါကင္ဆီသြားခဲ့တယ္...ထိုအခ်ိန္မွာ အေမွာင္ရိပ္ထဲကေန ဖူယြမ္ထြက္လာၿပီး....

"ဘာေတြ အလ်င္လိုေနတာလဲ ႐ုပ္႐ွင္ဧကရာဇ္ႀကီးရဲ႕....."

႐ွဲ႕ဟယ္ကလည္း ဝတ္ေက်တန္းေက်ျပန္ျပဳံးျပလိုက္ၿပီး...

" အိမ္ျပန္မလို႔ပါ...."

႐ွဲ႕ဟယ္နားကို တစ္လွမ္းခ်င္း လွမ္းေလွ်ာက္လာေနသည့္ ဖူယြမ္ကလည္း......

" ကိုယ့္အိမ္ကိုယ္ျပန္မွာလား... ရီဇဲဆီကိုသြားမွာလား...."

႐ွဲ႕ဟယ္ရဲ႕ အၾကည့္ေတြထဲမွာ မႏွစ္ၿမိဳ႕ျခင္းေတြ ယိုဖိတ္က်လာၿပီး.....

" ဉကၠဌဖူ....ခင္ဗ်ား သူမ်ားကိုယ္ေရးကိုယ္တာကို သိပ္စြက္ဖက္လြန္းေနၿပီ....."

ထိုစကားေၾကာင့္ ဖူယြမ္ရဲ႕ အမူအရာေတြ ေပ်ာ့ေျပာင္းသြားၿပီး.....

" ကိုယ္မင္းကို သေဘာက်ေနမွန္း မင္းမသိဘူးလား...."

ဘာလိုေ႐ွာင္ေ႐ွာင္ မလြတ္ႏိုင္ေတာ့မွန္း နားလည္လိုက္တာေၾကာင့္ ႐ွဲ႕ဟယ္ တဲ့တိုးဆန္စြာျပန္ေျဖလိုက္ေတာ့တယ္....

"ကြၽန္ေတာ္နဲ႔ ဉကၠဌရီအေၾကာင္းကို သိေနရက္နဲ႔ ဒီလိုနားလည္မႈလြဲႏိုင္တဲ့စကားေတြကို ဉကၠဌဖူဘက္က  မေျပာသင့္ဘူး.... "

ဖူယြမ္က အေရးမစိုက္ေသာ အမူအရာနဲ႔.....

"ကိုယ္ ဒီစကားကို အေလးနက္ထားၿပီးေျပာေနတာပါ...ဘယ္သူေတြ အထင္လြဲလြဲ ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး...မင္း ရီဇဲကိုထားခဲ့ၿပီး ကိုယ့္ဆီလာခဲ့...ကိုယ္ မင္းကို သူ႕ထက္သာေအာင္ဂ႐ုစိုက္ေပးႏိုင္တယ္...."

႐ွဲ႕ဟယ္ ကားတံခါးဆြဲဖြင့္လိုက္ၿပီး.....

" စိတ္မ႐ွိပါနဲ႔....ကြၽန္ေတာ္ ျပန္ႏွင့္ေတာ့မယ္...."

ဖူယြမ္က ႐ွဲ႕ဟယ္ကို မတားဘဲ အေလးနက္ထားၿပီးသာ စကားဆက္ေျပာေနခဲ့တယ္.....

"မင္းဘာလို႔ ရီဇဲဆီမွာ ငရဲခံေနရတာလဲ....မင္းသူ႕ကို ႀကိဳက္ေနတာေတာ့ မဟုတ္ေလာက္ဘူးမဟုတ္လား...."

ဖူယြမ္က ကားေပၚေရာက္ေနၿပီျဖစ္တဲ့ ႐ွဲ႕ဟယ္ကို ေဘးတေစာင္းအေနအထားနဲ႔ စူးစူးနစ္နစ္စိုက္ၾကည့္ေနၿပီး......

" မင္းကသူ သူ႕ကို ခ်စ္ေနတာ...သူကေတာ့ မင္းကို တစ္စုံတစ္ေယာက္နဲ႔ ႐ုပ္ခ်င္းဆင္လို႔ အနားမွာ ေခၚထားတာမဟုတ္လား...."

႐ွဲ႕ဟယ္ တကိုယ္လုံး ေတာင့္တင္းသြားခဲ့တယ္....ဖူယြမ္ ကေလာ္ကလည္ေတြ ေျပာေနမွန္း နားလည္ေပမယ့္ ၾကားလိုက္ရတဲ့ စကားေၾကာင့္ တကယ့္ကို shock ရသြားခဲ့ပါတယ္.....

႐ွဲ႕ဟယ္ မ်က္ႏွာပ်က္ေနတာကိုျမင္ေတာ့ ဖူယြမ္ ေက်နပ္ေနတဲ့ အျပဳံးမ်ိဳး ျပဳံးလိုက္ၿပီး.....

" မင္း ဒီအေၾကာင္းေတြ မသိေသးဘူးလား.....ကိုယ္ကမင္းသိၿပီးၿပီထင္ေနတာ...."

႐ွဲ႕ဟယ္ ထိုလူကို သတိေပးလိုေသာအၾကည့္နဲ႔ ၾကည့္လိုက္ၿပီး.......

" ဉကၭဖူ ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ...."

"ကိုယ္ ဘာမွမလုပ္ပါဘူး...မင္းကို ခ်စ္လြန္းလို႔ မင္းအေမွာင္ထဲမွာ လမ္းေပ်ာက္ေနမွာကိုပဲစိုးရိမ္ေနတာပါ....မင္းေသခ်ာစုံစမ္းၾကည့္ၿပီးရင္ ကိုယ္ေျပာတာေတြ ဟုတ္မဟုတ္ သိလာပါလိမ့္မယ္...."

႐ွဲ႕ဟယ္ ထိုလူကို တခဏေလာက္ စိုက္ၾကည့္ေနခဲ့ၿပီးေနာက္ professional က်က် ဝနိလုပ္ျပဳံးျပလိုက္ကာ.....

" အခုလို စိတ္ပူေပးတဲ့အတြက္ ဉကၠဌဖူကို ေက်းဇူးတင္ပါတယ္....စိတ္မေကာင္းပါဘူး...
ဉကၠဌဖူရဲ႕အဆိုျပဳခ်က္ကို ကြၽန္ေတာ္ မစးဥ္းစားေပးႏိူင္ဘူး...."

ထိုစကားေတြ ေျပာေနခ်ိန္မွာ ႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြ ၾကည္လင္ျပတ္သားေနခဲ့တယ္.....ဖူယြမ္ကို ေခါင္းတစ္ခ်က္ညိတ္ျပၿပီးတာနဲ႔ ကားေမာင္းထြက္လာခဲ့လိုက္ေတာ့တယ္....."

႐ွဲ႕ဟယ္ ထြက္သြားတာကို ဖူယြမ္ ဒီအတိုင္းပဲ ၾကည့္ေနခဲ့တယ္....စကားစေျပာကတည္းက တစ္ခုခ်င္းစီေျပာင္းလဲသြားတဲ့ ႐ွဲ႕ဟယ္ရဲ႕ အမူအရာတစ္ခုခ်င္းစီကို ျပန္စဥ္းစားၾကည့္ခ်ိန္မွာ ခံစားခ်က္ေတြ ပိုမို႐ႈပ္ေထြးလာခဲ့ျပန္တယ္......

အစားထိုးခံေနရတဲ့အေၾကာင္း ေျပာလိုက္ခ်ိနိမွာ ႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ထိတ္လန္႔မႈေတြ ၊႐ႈံးနိမ့္မႈေတြကို ေသခ်ာ႐ွင္းလင္းစြာ ျမင္ခဲ့ရတယ္..ဒါနဲ႔ေတာင္ ႐ွဲ႕ဟယ္ သူ႕ကို ျပတ္ျပတ္သားသား ျငင္းသြားေသးတယ္....

ရီဇဲ သူ႕ကို အစားထိုးခံပစၥည္းတစ္ခုလို အသုံးခ်ေနမွန္း သိေနတာေတာင္ ရီီဇဲအနားမွာပဲေနခ်င္ေသးတယ္တဲ့......

႐ွဲ႕ဟယ္ ဒီေလာက္ထိ ရီဇဲကို နစ္နစ္နဲနဲ ခ်စ္မိေနမယ္လို႔ ဖူယြမ္ မထင္ခဲ့မိဘူး .....ဒီလိုေတြ ျဖစ္လာေလ ေကာင္ေလးကို ရီဇဲ အနားကေန ေခၚထုတ္ေပးလာခ်င္ေလပဲ.......

[ တင္းေတာင္....ဖူယြမ္ရဲ႕ ႏွစ္သက္မႈ ၅မွတ္ထပ္တိုးပါတယ္...စုစုေပါင္း ၈၀ပါ....]

႐ွဲ႕ဟယ္ အိမ္ျပန္ေရာက္တာနဲ႔ ဆုကို စားပြဲတစ္ခုေပၚ ပဈတင်လ်ိဳက်ပြီး ဖူယြမ္ေျပာခဲ့တာေတြကို ျပန္စဥ္းစားၾကည့္လိုက္တယ္.... ဖူယြမ္ ေျပာခဲ့တဲ့စကားေတြက အိပ္ခ်င္ေနသူကို ေခါင္းအုံးလာခ်ေပးသလို အဆင္သင့္လြန္းေနတယ္.....

ရီဇဲက ႐ွီမင္းေဟြကို တန္ဖိုးမထားေပ
မယ့္လည္း ႐ွစ္ႏွစ္ၾကာတဲ့အထိ အနားမွာ ေခၚထားရတဲ့ အေၾကာင္းအရင္းကို သိလာခဲ့ရၿပီ.....အေျခေနေတြက ထင္ထားတာထက္ ပိုခက္ေနေပမယ့္ ႐ွဲ႕ဟယ္ သေဘာက်ပါတယ္......

[ 444: Host တာ့တာ့....ဘယ္လိုလုပ္ၾကမလဲ...Host တာ့တာ့က လူစားထိုးတစ္ေယာက္ျဖစ္ေနၿပီ... ]

[ ႐ွဲ႕ဟယ္...အဲ့အတြက္နဲ႔ စီစဥ္ထားတာေတြ ေျပာင္းလိုက္စရာမလိုပါဘူး.....ငါ့ကို ဘယ္သူ႕ေနရာမွာ အစားထိုးတာတယ္ဆိုတာသာ ႐ွာေပး.....]

[ 444: ဟမ္.....]

ေနာက္ႏွစ္ရက္ေလာက္ၾကာတဲ့အထိ မူလ႐ွီးမင္းေဟြရဲ႕ အခ်ိန္ဇယားအတိုင္း ႐ွဲ႕ဟယ္အလုပ္လုပ္ေနခဲ့ရတယ္.....႐ွီမင္းေဟြရဲ႕မန္ေနဂ်ာ ေဝက်န္းခ်င္ စီစဥ္ေပးထားတဲ့ အင္တာဗ်ဳးေတြလည္း သြားေျဖျဖစ္ခဲ့တယ္။အမ်ိဳးသားဇာတ္ေဆာင္ဆုရၿပီးခ်ိန္မွာ ထုတ္လုပ္သူေတြကလည္း ႐ွီမင္းေဟြနဲ႔ ဇာတ္ကားေတြ႐ိုက္ဖို႔ ကမ္းလွမ္းလာၾကတယ္.....

ဇာတ္ၫႊန္းေပါင္းမ်ားစြာထဲက တစ္ခုကို ေ႐ြစၿပီးတာနဲ႔ မန္ေနဂ်ာေဝက်န္းခ်င္ကို ထုတ္လုပ္ေရးဘက္နဲ႔ စကားေျပာခိုင္းလိုက္တယ္....

႐ွဲ႕ဟယ္ေ႐ြးလိုက္တဲ့ ဇာတ္ၫႊန္းေၾကာင့္ ေဝက်န္းခ်င္အေတာ္ထိတ္လန္႔သြားခဲ့ရတယ္....ဘတ္ဂ်က္မ်ားတဲ့ ႐ုပ္႐ွင္ေတြကို ေဘးဖယ္ၿပီး BL ဇာတ္ကား႐ိုက္ဖို႔ေ႐ြးခ်ယ္လိုက္တာေၾကာင့္ပါ......

႐ွဲ႕ဟယ္က အခုမွ ဆုရခါစျဖစ္တဲ့အတြက္ အခုလို BL ဇာတ္ကားမ်ိဳးကို မေ႐ြးခ်ယ္သင့္ေသးပါဘူး...ဒါအျပင္ ရီဇဲရဲ႕အပိုင္ျဖစ္ေနတဲ့ ႐ွီမင္းေဟြအတြက္ ဒီလို ဇာတ္လမ္းမ်ိဳးကို ပိုလို႔ေတာင္မေ႐ြးခ်ယ္သင့္ပါဘူး....သတင္းအစမးအနတစ္ခုေလာက္သာထြက္လာမယ္ဆို ႐ွီမင္းေဟြႀကိဳးစားထားသမွ် သဲထဲေရသြန္ျဖစ္ကုန္ပါလိမ့္မယ္.....

သို႔ေပမယ့္လည္း ေခါင္းမာလြန္းလွတဲ့႐ွဲ႕ဟယ္ကို ေဝက်န္းခ်င္ လက္ေျမႇာက္လိုက္ရပါေတာ့တယ္.....

တစ္ခ်ိန္တည္းမွာပဲ 444 ဘက္က အျဖဴေရာင္ၾကာပန္းေလးကို႐ွာေတြ႕ၿပီျဖစ္ေၾကာင္း သတင္းပို႔လာခဲ့တယ္.....

ဓာတ္ပုံကို ၾကည့္လိုက္မွသာ ထိုလူက ႐ွဲ႕ဟယ္နဲ႔ 80% ေလာက္ထိ တူေနမွန္းသိလိုက္ရတယ္....႐ုပ္ခ်င္းဆင္ေပမယ့္လည္း aura ခ်င္းေတာ့ အေတာ္ကြာေနခဲ့တယ္...႐ွီမင္းေဟြက နက္နဲေတာက္ပေပမယ့္ က်န္းဇီဟန္ကေတာ့ ေအးစက္တဲ့အသြင္သ႑ာန္႐ွိတယ္......

က်န္းဇီဟန္ဆိုသူက ရီဇဲထက္အဆင့္နိမ့္ေကမယ့္ စာတတ္ေပတတ္မ်ိဳး႐ိုးကဆင္းသက္လာသူတစ္ေယာက္ပါ....က်န္းဇီဟန္ကို ရီဇဲက ဆယ္ေက်ာ္သက္ဘဝကတည္းက သေဘာက်ခဲ့တာပါ....ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ပီပီ လိုတရ ရီဇဲရဲ႕ဘဝမွာ က်န္းဇီဟန္တစ္ေယာက္ကိုေတာ့ ဘယ္ေလာက္ပဲႀကိဳးစားခဲ့ပါေစ မပိုင္ဆိုင္ႏိုင္ခဲ့ပါဘူး....ဒါ့ေၾကာင့္လဲ က်န္းဇီဟန္ကို ေမ့မရခဲ့တာပါ....

က်န္းဇီဟန္က ရီဇဲလက္ကေနလြတ္ေအာင္ ႏိူင္ငံျခားကို ေ႐ွာင္ေျပးခဲ့ၿပီး ဒီဇိုင္နာတစ္ေယာက္အျဖစ္ရပ္တည္ေနခဲ့တယ္....

ရီဇဲဘာ့ေၾကာင့္ ႐ွီမင္းေဟြကို အေပါစားတစ္ေယာက္လိုဆက္ဆံေနမွန္း ႐ွဲ႕ဟယ္ သေဘာေပါက္လာခဲ့တယ္....

ရီီဇဲအတြက္ကေတာ့
ကိုယ္ပိုင္အတတ္ပညာတစ္ခုနဲ႔ professional က်က်ရပ္တည္ႏိုင္သူ က်န္းဇီဟန္က ေကာင္းကင္ေပၚကတိမ္တိုက္တစ္ခုျဖစ္ေနခဲ့ၿပီး ခႏၶာကိုယ္ကိုေရာင္းစားၿပီး ေဖ်ာ္ေျဖေရးနယ္ပယ္မွာ က်င္လည္ေနသူ႐ွီမင္းေဟြကေတာ့ ေျမျပင္ေပၚက ႐ႊံ႕အိုင္တစ္ခုသာသာပါပဲ....သူတို႔ႏွစ္တစ္ေယာက္က ႐ုပ္ခ်င္းဆင္ေနေပမယ့္ အဖိုးတန္မႈကေတာ့ မိုးနဲ႔ေျမတမွ်ကြာျခားေနခဲ့ပါတယ္.....

႐ွဲ႕ဟယ္ျပဳံးလိုက္မိတယ္.....

စြန္းေပသြားတဲ့႐ႊံံစက္ေတြက ဖ်က္ရသိပ္ခက္တယ္ေလ........

[ ႐ွဲ႕ဟယ္: က်န္းဇီဟန္ကို အေတာ္သေဘာက်မိတယ္...သူ႕မွာ ကိုယ္ပိုင္ဆင္ျခင္တုံတရား၊ ကိုယ္ပိုင္အေတြးအျမင္နဲ႔ ကိုယ္ပိုင္ရည္မွန္းခ်က္ေတြ႐ွိတယ္....]

[444: ဘာလို႔ အဲ့လိုထင္ရတာလဲဟင္....]

[႐ွဲ႕ဟယ္: က်န္းဇီဟန္ကို ရီဇဲက မပိုင္ဆိုင္ခဲ့ရလို႔သာ မေမ့ႏိုင္ခဲ့တာ...အကယ္၍ က်န္းဇီဟန္ကိုသာ ပိုင္ဆိုင္ႏိုင္ခဲ့မယ္ဆို ဘယ္ေလာက္ၾကာၾကာသေဘာက်ေနႏိူင္မယ္ထင္လဲ.....ရီဇဲရဲ႕ အတိတ္နဲ႔ပစၥဳပၸန္ကိုၾကည့္လိုက္မယ္ဆို သူ႕ရဲ႕ကိုယ္က်င့္သိကၡာတစးရားကို တစ္စက္ေလးမွ ဂ႐ုစိုက္ခဲ့တာမ်ိဳးမ႐ွိဘူး.....တိတိက်က်ေျပာရရင္ သူ႕မွာ အခ်စ္မ႐ွိဘူး....က်န္းဇီဟန္ကို မေမ့ႏိုင္ေပမယ့္လည္း အစားထိုးၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ကို အိပ္ယာေပၚဆြဲတင္ခဲ့တယ္....ရီဇဲလို လူမ်ိဳးက စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာေတြ အျပန္အလွန္ေပးဆပ္ျခင္းေတြဘာမွနားမလည္ဘူး။ရီဇဲလိုလူမ်ိဳးက Sex လုပ္တဲ့ေနရာမွာ အေတာ္ေကာင္းေပမယ့္ ခ်စ္သူတစ္ေယာက္အျဖစ္ဆိုရင္ နာက်င္မႈေတြပဲေပးႏိုင္မယ့္သူမ်ိဳး။ ဒါေတြကို က်န္းဇီဟန္ ႀကိဳျမင္ေနလတဲ့အျပင္ ရီဇဲကိုလည္း ျပန္မခ်စ္ႏိုင္တဲ့အတြက္ ျပတ္ျပတ္သားသား ျငင္းပစ္ခဲ့တာ....သစၥာတရားနဲ႔ ခ်စ္ျခင္းေမတၱာကိုတနိဖိုးထားတဲ့ က်န္းဇီဟန္အတြက္ ရီဇဲဘက္ကဘာမွေပးႏိူင္မွာမဟုတ္ဘူး။အစကေနအဆုံးထိ ေသခ်ာသုံးသပ္ၾကည့္မယ္ဆို က်န္းဇီဟန္က သူလိုခ်င္တဲ့အရာ၊ သူမလိုခ်င္တဲ့အရာကို ကြဲကြဲျပားျပားသိတဲ့အျပင္ ျပတ္လည္း ျပတ္သားတယ္....ၿပီးေတာ့ က်န္းဇီဟန္ရဲ႕ပုံစံက တစ္ဖက္သားအေပၚ ဂ႐ုစိုက္ေပးတတ္မွန္းသိသာေနတယ္...]

444

[႐ွဲ႕ဟယ္:႐ွီမင္းေဟြနဲ႔ က်န္းဇီဟန္က ႐ုပ္ဆင္းခ်င္ေပမယ့္လည္း ႐ွီးမင္းေဟြလို ထားရာေနေစရာသြား အ႐ုပ္တစ္ခုလို လူမ်ိဳးထက္စာရင္ ငါသာရီဇဲဆို က်န္းဇီဟန္ကိုပဲေ႐ြးမိမွာပဲ.....]

444: အမွန္တိုင္းေျပာရရင္ Hostတာ့တာ့ကလည္း ရီဇဲလို ငါးဆားႏူအထက္ပုဂၢိဳလ္လိုလူစားမ်ိဳးပါပဲ....Hostတာ့တာ့မွာ OOCျဖစ္ခြင့္မ႐ွိတာ က်န္းဇီဟန္အတြက္ ကံေကာင္းသြားတယ္ေျပာရမယ္...ႏို႔မို႔ဆို မေကာင္းဆိုးဝါး Hostတာ့တာ့လက္ကေန က်န္းဇီဟန္ေလး လြတ္လမ္း႐ွိမွာမဟုတ္ဘူး......

႐ွဲ႕ဟယ္ ျပန္သြားတဲ့ေန႔တုန္းကတည္းက ရီဇဲတစ္ေယာက္ ဖိတ္စာကို အမိႈက္ပုံးထဲပစ္ထည့္ခဲ့တာပါ....႐ွီမင္းေဟြဆိုတာ သူ႕အတြက္ ကစားစရာအ႐ုပ္တစ္ခုအျပင္ မပိုခဲ့ပါဘူး....စိတ္ေကာင္းဝင္ေနတဲ့အခ်ိန္မ်က္ႏွာေပးႏိုင္ေပမယ့္ အဖိုးမတန္တဲ့ ဒီလူ ဂုဏ္တက္ရေအာင္အထိေတာ့ မ်က္ႏွာလိုက္မျပေပးႏိုင္ဘူး.....

ဒီတစ္ႀကိမ္မွာ ရီဇဲတစ္ေယာက္ ႐ွဲ႕ဟယ္ကို ေသြးေအးေအးနဲ႔ အၾကာႀကီးပစ္ထားခဲ့တယ္....႐ွဲ႕ဟယ္ဘက္က ပြဲမတက္တဲ့အတြက္ေမးခြန္းထုတ္လာမယ္ထင္ခဲ့ေပမယ့္ ဘာသံမွမၾကားရတဲ့အခါ ရီဇဲ အံ့ၾသေနခဲ့မိတယ္....

႐ွဲ႕ဟယ္ဘက္က ဘာမွလာမ႐ႈပ္သ၍ ရီဇဲဘက္ကလည္း တစ္ဖက္လူ ဘာျဖစ္ျဖစ္ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး......

႐ွဲ႕ဟယ္ဘက္ကလည္း ရီဇဲကို ဘာတစ္ခြန္းမွာမေျပာဘဲ ဆက္သြယ္လာမယ့္အခ်ိန္ကိုသာ စိတ္႐ွည္႐ွည္ထားၿပီး ေစာင့္ဆိုင္းေနခဲ့တယ္......

ဒီလိုနဲ႔ ရီဇဲရဲ႕ဗီလာဆီ ႐ွဲ႕ဟယ္ ေနာ္က္တစ္ေခါက္ေရာက္လာခဲ့ရျပန္ပါၿပီ.....

ဒီတစ္ခါမွာေတာ့ ရီဇဲက စာၾကည့္ခန္းထဲမွာမဟုတ္ဘဲ ဧည့္ခန္းထဲမွာ ထိုင္ေစာင့္ေနခဲ့တယ္......

႐ွဲ႕ဟယ္ ေရာက္လာတာကို ျမင္တာနဲ႔ လက္ယက္ၿပီး လွမ္းေခၚလိုက္တယ္.....

" ဒီကိုလာ...."

႐ွဲ႕ဟယ္ ႐ွပ္ေထြးတဲ့ခံစားခ်က္ေတြကို ဖုံးကြယ္ထားလိုက္ၿပီး နာခံစြာနဲ႔ ျပန္ထူးလိုက္တယ္......

" ရီေကာ....."

ျဖစ္ေလ့ျဖစ္ထ႐ွိေနတဲ့အေျခေနမ်ိဳးျဖစ္တာေၾကာင့္ ႐ွဲ႕ဟယ္ ဘာတစ္ခုမွ ေမးမေနေတာ့ဘူး.....

အခုခ်ိန္မွာ ရီဇဲ စိတ္အေျခေနသိပ္မေကာင္းဘူးျဖစ္ေနတယ္....႐ွဲ႕ဟယ္ ေရာက္မလာေသးခင္မွာ ပါတနာတစ္ေယာက္နဲ႔ဆက္ဆံခဲ့ေပမယ့္ အဲ့ပါတနာက ကိုယ့္အဆင့္ကိုယ္မသိဘဲ ေငြညႇစ္ဖို႔ႀကိဳးစားေနလို႔ ေျဖ႐ွင္းလိုက္ရေသးတယ္....စိတ္႐ႈပ္ေနတဲ့အခ်ိန္မွာ နာခံမႈအ႐ွိဆုံး ႐ွီးမင္းေဟြအေၾကာင္းေတြးလိုက္မိတာေၾကာင့္ အခုလို ေခၚလိုက္ရျခင္းျဖစ္တယ္......

႐ွဲ႕ဟယ္ရဲ႕ မ်က္ႏွာကို ရီဇဲတစ္ခ်က္ၾကည့္လိုက္တယ္....သူတို႔ေတြက ႐ုပ္ခ်င္းဆင္ေပမယ့္ အတြင္းစိတ္ခ်င္းကြာျခားလြန္းေနတယ္.......

ဆိုဖာေပၚ မ်က္ႏွာအပ္ထားရတဲ့ ႐ွဲ႕ဟယ္က ႏႈတ္ခမ္းကိုလည္း ျပတ္ထြက္မတတ္ကိုက္ထားမိေနတယ္.....ခႏၶာကိုယ္ နာက်င္မႈေၾကာင့္လား ဝမ္းနည္းေၾကကြဲမႈေၾကာင့္လား မခြဲျခားႏိူင္ေပမယ့္လည္း မ်က္ရည္ေတြ တသြင္သြင္စီးက်ေနခဲ့ပါတယ္.....

ဖူယြမ့္ေ႐ွ႕မွာ တည္ၿငိမ္ေယာင္ေဆာင္ေနခဲ့ေပမယ့္ အတြင္းပိုင္းမွာ နာက်င္ဝမ္းနည္းေနခဲ့တာသူ႕ကိုယ္သူအသိဆုံးပါ....ဒီလူ႕အနားမွာ ႐ွစ္ႏွစ္ၾကာတဲ့အထိ ေနႏိုင္ခဲ့တဲ့အတြက္ တ​ျခားသူေတြနဲ႔ ကြာျခားေနၿပီလို႔ ထင္ေနခဲ့မိတယ္.....သူက တစ္စုံတစ္ေယာက္နဲ႔တူေနျခင္းကသာ တျခားသူေတြနဲ႔ကြာျခားေနခဲ့တာပါ......

တစ္စုံတစ္ေယာက္နဲ႔ တူေနလို႔သာ ရီဇဲအနားမွာ အခုခ်ိန္ထိ ႐ွိေနႏိုင္ခဲ့တာပါ.....

ရက္စက္လြန္းလွတဲ့ အမွန္တရားေၾကာင့္ ေမွ်ာ္လင့္ခ်က္အမွ်င္တန္းေလး တစစီပ်က္ေတာက္သြားခဲ့ပါၿပီ........

သူ သိပ္ခ်စ္ရတဲ့သူအတြက္ သူဟာ အစားထိုးခံသက္သက္ပါပဲ......

ဒီလိုေတြးမိလိုက္ခ်ိန္တိုင္း အသက္႐ွဴရပ္သြားေတာ့မတတ္နာက်င္ေနရတယ္....

ဒါေပမယ့္လည္း သူ႕မွာ ထုတ္ေမးဖို႔အတြက္အရည္အခ်င္းမ႐ွိတာေၾကာင့္ မသိသလို ဟန္ေဆာင္ေနခဲ့ရတယ္....

အကယ္၍ ထုတ္ေမးမိလိုက္ရင္ အခုလို အနားမွာေတာင္႐ွိေနႏိုင္ေတာ့မွာမဟုတ္ဘူး......

ရီဇဲကေတာ့ အလိုဆႏၵျပည့္ဖို႔ကိုသာ အာ႐ုံစိုက္ေနတဲ့အတြက္ တစ္ဖက္လူဘာေတြျဖစ္ေနမွန္း ဂ႐ုစိုက္မေနခဲ့ဘူး.....ၿပီးေျမာက္သြားခ်ိန္မွသာ တစ္သံမွမထြက္တဲ့ ႐ွဲ႕ဟယ္ကို သတိျပဳမိသြားခဲ့တယ္.....

ရီဇဲ ႐ွဲ႕ဟယ္ကို ဆံပင္ကေနေဆာင့္ဆြဲၿပီး ဆြဲေမာ့လိုက္ခ်ိန္မွသာ မ်က္ရည္ေတြစို႐ြဲေနမွန္းသိလိုက္ရတယ္.....

ဒါကိုျမင္ေတာ့ ရီဇဲရဲ႕အၾကည့္ေတြ ေအးစက္လာတယ္......

ဆုေပးပြဲမလာခဲ့လို႔ အခုလိုေတြလုပ္ျပေနတာလား....ကိုယ့္အဆင့္ကိုယ္မသိဘဲ ဘယ္သူ႕ကို ေဒါသထြက္ျပေနတာလဲ......

" မင္း ဘာလို႔ ငိုေနတာလဲ....."

ရီဇဲ ႐ွဲ႕ဟယ္ရဲ႕ေမးေစ့ကို အားသုံးၿပီးညႇစ္္ထားလိုက္တယ္.....

႐ွဲ႕ဟယ္ မငိုခ်င္ေပမယ့္လည္း ရီဇဲကိုေတာင္းပန္ခ်င္တာေၾကာင့္ ငိုေနရက္နဲ႔တင္......

" ေတာင္း....ေတာင္းပန္ပါတယ္...."

" မင္း ဘာလို႔ငိုေနတာလဲ!!!!"

" ဘာမွမျဖစ္ပါဘူး..... "

႐ွဲ႕ဟယ္ရဲ႕ အေျဖေၾကာင့္ ရီဇဲရဲ႕အၾကည့္ေတြ ပို ပိုၿပီးေအးစက္လာတယ္.....

ရာရာစစ ဖုံးကြယ္ထားရဲတယ္ေပါ့......

ႏွစ္ေပါင္းမ်ားစြာ အတူေနလာခဲ့သူျဖစ္တဲ့အတြက္ ရီဇဲရဲ႕ body language ကိုေကာင္းေကာင္းနားလည္ေနတဲ့ ႐ွဲ႕ဟယ္က ရီဇဲပိုၿပီးစိတ္ဆိုးလာမွာစိုးတဲ့အတြက္​ေၾကာင့္ ေက်နပ္ေလာက္မယ့္အ​ေျဖမ်ိဳး အျမန္စဥ္းစားလိုက္ရတယ္.....

" နည္းနည္း နာသြားလို႔ပါ....."

ရီဇဲ ဒီစကားကို လုံးဝမယုံခဲ့ဘူး.....ေမးေစ့က​ိဳဖ်စ္ညႇစ္ထားရာကေန ဆိုဖာေပၚကေန ပစ္စလက္ခတ္ တြန္းခ်လိုက္တယ္....

စကၠန္ပိုင္းလိုက္ဆိုေပမယ့္လည္း လက္ရာထင္တဲ့အထိ ျဖစ္သြားရျခင္းမွာ ဘယ္ေလာက္ထိအားသုံးထားမွန္းသိသာလြန္းေနတယ္......

႐ွဲ႕ဟယ္ ၾကမ္းျပင္ေပၚကေန အျမန္ျပန္ထလိုက္ၿပီး ေတာင္းပန္တိုးလွ်ိဳးေနရ႐ွာတယ္.....

" ကြၽန္ေတာ္ တမင္လုပ္လိုက္တာမဟုတ္ပါဘူး....စိတ္မဆိုးပါနဲ႔....."

ရင္တထိတ္ထိတ္နဲ႔ ေတာင္းပန္တိုးလွ်ိဳးေန႐ွာတဲ့ မ်က္ဝန္းနက္နက္ေလးေတြက ေနေရာက္ေအာက္ ငါးအေၾကးခြံေလးေတြလို လဲ့ျဖာေတာက္ပေနတာေၾကာင့္ ရီဇဲ မဆိုသေလာက္စိတ္ေပ်ာ့သြားခဲ့တယ္.....

ရီဇဲ ႐ွဲ႕ဟယ္ကို ဒီအတိုင္း စိုက္ၾကည့္ေနခဲ့တယ္....ပါတနာေတြရဲ႕ ဒီလိုအျပဳမူမ်ိဳးေတြကို မုန္းတီးေပမယ့္ အခုလို ႐ွဲ႕ဟယ္ကို ျမင္လိုက္ရခ်ိန္မွာ လြန္ခဲ့တဲ့ ႐ွစ္ႏွစ္က ႐ွီမင္းေဟြကို ျပန္အမွတ္ရလာမိတယ္....ပထမဆုံးအႀကိမ္ ဆက္ဆံျဖစ္ခဲ့တုန္းက ဒီေကာင္ေလး အခုလိုပဲ သနားစရာေကာင္းေအာင္
ငိုေနခဲ့တာ.....ေနာက္ပိုင္းမွာ အခုလိုေတြငိုမေနဘဲ သူ႕စိတ္တိုင္းက် အရာအားလုံးကို ျဖည့္ဆည္းေပးခဲ့တယ္....ဒီလိုပုံစံမ်ိဳး မျမင္ရတာ သိပ္ကိုၾကာေနခဲ့ၿပီ.....

သိပ္ကိုၾကာေနခဲ့ၿပီမို႔ ဒီေကာင္ေလးရဲ႕ အရင္တုန္းက အျပဳအမူေတြကိုေတာင္ ေမ့ေလ်ာ့ေနခဲ့ပါၿပီ.......

သူ႕ေဘးမွာ ႐ွစ္ႏွစ္ၾကာအတူ႐ွိေနခဲ့သူမို႔ တခ်ိဳ႕ေသယအရာေတြကို ေလာဘတက္လာမိတာ သဘာဝပါပဲ....ဒီလိုေတြးမိလိုက္ခ်ိန္မွာ ရီဇဲရဲ႕ေဒါသေတြေျပေလ်ာ့သြားခဲ့တယ္.....

[ တင္းေတာင္...ပစ္မွတ္ရဲ႕ ႏွစ္သက္မႈ ၁၀မွတ္ထပ္တိုးပါတယ္... စုစုေပါင္း အမွတ္ ၅၀ပါ....]

ရီဇဲ ေဒါသေျပေနၿပီဆိုေပမယ့္လည္း စိတ္ဝင္စားမႈမ႐ွိေတာ့တာေၾကာင့္......

" မင္း ငါ့နားမွာမေနခ်င္ရင္ ျပတ္ျပတ္သားသားေျပာလို႔ရတယ္....လမ္းခြဲတဲ့အေနနဲ႔ ေလ်ာေၾကးေပးလိုက္မယ္...."

ဒီစကားက ႐ွဲ႕ဟယ္ကို ထိတိလန္႔တုန္လႈပ္သြားေစခဲ့တယ္.....

" မဟုတ္ပါဘူး....အဲ့လိုမဟုတ္ပါဘူး.....အဲ့လို မရည္႐ြယ္ခဲ့ပါဘူး...."

ရီဇဲက ႐ွဲ႕ဟယ္ကို ငုံ႔ၾကည့္လိုက္ၿပီး.....

" ဒါဆို အမွားေတြ ထပ္မလုပ္နဲ႔....မျဖစ္သင့္တာေတြကိုလည္း စဥ္းစားမေနနဲ႔....ငါတို႔ႏွသ္ေယာက္ရဲ႕ ဆက္ဆံေရးအေၾကာင္းကိုလည္း ေမ့မထားနဲ႔....မင္းသာ ေျပာစကားနားေထာင္မယ္ဆို ငါလည္း မမွ်မတဆက္ဆံမွာမဟုတ္ဘူး....."

႐ွဲ႕ဟယ္ မ်က္လႊာခ်လိုက္ၿပီး.....

" ကြၽန္ေတာ္ နားလည္ပါၿပီ....."

" ေအး နားလည္ထားတာအေကာင္းဆုံးပဲ....."

ဒီေန႔အဖို႔ ဘယ္လိုမွ ေ႐ွ႕ဆက္ဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ ေတာင္းပန္တာမ်ိဳးေတြ ဆက္လုပ္မေနေတာ့ဘဲ အဝတ္စားဝတ္ၿပီးတာနဲ႔ လွည့္ျပန္လာခဲ့လိုက္တယ္.....

ရီဇဲကလည္း တိတ္ဆိတ္စြာထြက္ခြာသြားတဲ့ ႐ွဲ႕ဟယ္ကို ဒီအတိုင္းၾကည့္ေနခဲ့တယ္.....

႐ွဲ႕ဟယ္ကို ရီဇဲဘက္က တစ္လနီးပါးၾကာတဲ့အထိ လုံးဝမဆက္သြယ္ခဲ့ဘူး....ဒါဟာ ေသြးေအးေအးနဲ႔ ပစ္ထားမွန္း သိသာေနၿပီ။

[႐ွဲ႕ဟယ္: Baby... မင္းကို ဟိုတစ္ေခါက္က ရီဇဲရဲ႕ဖုန္းမွာ ​ေျခရာခံစနစ္တပ္ခိုင္းထားတာ တပ္ၿပီးၿပီလား.....]

【444:Yes! (≧▽≦)/】
[႐ွဲ႕ဟယ္: good....တန္ျပန္တိုက္ခိုက္မႈေလးေတြ စလိုက္ၾကရေအာင္.....]

ေသြးေအးေအးနဲ႔ ပစ္ထားတယ္ဆိုကတည္းက ရီဇဲအခုေလာက္ဆို သူ႕ကိုေမ့ေနေလာက္ၿပီ.....ဘယ္လိုပဲျဖစ္ျဖစ္ သူ႕ဘက္က စေတာင္းပန္လိုက္ရင္ ရီဇဲ ဘက္ကပိုၿပီး အထင္ျမင္ေသးလာလိမ့္မယ္....ဒါ့ေၾကာင့္ ႏွစ္သက္မႈရမွတ္ေတြ ထပ္တိုးဖို႔ခက္ေနတယ္.....

အခုခ်ိန္မွာ ႐ွီမင္းေဟြက ရီဇဲရဲ႕အကူအညီလိုအပ္ေနတဲ့ သနားစရာေကာင္ေလးမဟုတ္ေတာ့ဘဲ ကိုယ္ပိုင္ခြန္အားနဲ႔ တမူထူးျခားစြာ ထူးခြၽန္ေအာင္ျမင္ေနသူျဖစ္ေနၿပီဆိုတာ ရီဇဲသိေအာင္ လုပ္ေပးရေတာ့မယ္......

႐ွီမင္းေဟြအေပၚကို အျမင္သစ္တစ္ခုနဲ႔ၾကည့္တတ္လာေအာင္ ႐ွဲ႕ဟယ္ အလင္းျပေပးဖို႔အခ်ိန္တန္လာခဲ့ပါၿပီ......

ဆုေပးပြဲၿပီကတည္းက ဖူယြမ္ သူ႕ကို ေျပာင္ေျပာင္တင္းတင္း ပိုးပန္းလာခဲ့တယ္....႐ွဲ႕ဟယ္ကလည္း ပညာသားပါပါေ႐ွာင္တိမ္းေနခဲ့ရတယ္.....

ဒီေန႔မွာေတာ့ ႐ွဲ႕ဟယ္ ႐ိုက္ကူးေရးၿပီးခ်ိန္မွာ ဖူယြမ္ေရာက္လာခဲ့ျပန္တယ္.....

" တစ္ခုခုသြားစားၾကရေအာင္....."

ဒီတစ္ေခါက္ေတာ့ ႐ွဲ႕ဟယ္ ျပန္ျပဳံးျပလိုက္ၿပီး......

" ကြၽန္ေတာ္ ဆိုင္ေ႐ြးလိုက္မယ္....."

ဒါ ႐ွဲ႕ဟယ္ဘက္က ပထမဆုံးအႀကိမ္လိုလိုလားလားလက္ခံခဲ့ျခင္းပါ.....

" OK.."

႐ွဲ႕ဟယ္ အထက္တန္းက်တဲ့ စားေသာက္ဆိုင္တစ္ခုကိုေ႐ြးလိုက္တယ္...အဲ့ကိုေရာက္တာနဲ႔   ...

" ဉကၠဌဖူ.... ကြၽန္ေတာ္႕ကို လာ လာမ႐ွာပါနဲ႔ေတာ့....."

ဖူယြမ္ရဲ႕ အျပဳံးေတြ တမဟုတ္ခ်င္း မွိန္ေဖ်ာ့သြားခဲ့တယ္.....

႐ွဲ႕ဟယ္ကလည္း ဖူယြမ္ကို မ်က္လုံးခ်င္းဆုံေအာင္စိုက္ၾကည့္လိုက္ၿပီး.....

" ကြၽန္ေတာ္႕ကို သေဘာက်ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္....ကြၽန္ေတာ္အေပၚမွာ ဉကၠဌရီရဲ႕ ေက်းဇူးေႂကြးေတြ႐ွိတဲ့အျပင္ ကြၽန္ေတာ္ ဉကၠဌရီကိုသေဘာက်ေနတဲ့အတြက္ ဘယ္နည္းနဲ႔မွ မထားခဲ့ႏိုင္ဘူး.....ကြၽန္ေတာ္ အေနအထိုင္မတတ္ခဲ့လို႔ ဉကၠဌဖူကို နားလည္မႈလြဲေစခဲ့ရင္လည္း ေတာင္းပန္ပါတယ္..... အခုလိုစကားမ်ိဳးကို မ်က္ႏွာခ်င္းဆိုင္ေျပာဖို႔ အခုလိုလိုက္လာခဲ့ရတာပါ....."

လိမ္မာပါးနပ္သူပီပီ ဖူယြမ္ဘက္က မေက်မနပ္ျဖစ္တဲ့အရိပ္အေယာင္မွန္သမွ်ကို ပိပိရိရိဖုံးကြယ္ထားႏိုင္ခဲ့တယ္....

" သူဘက္က မင္းကို သေဘာမက်ဘူးေလ....ဒါနဲ႔ေတာင္ မင္းသူ႕အနားမွာ ဆက္ေနခ်င္ေသးတာလား...."

႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ေလးနက္လြန္းလွတဲ့ ခ်စ္ျခင္းတရားေတြ၊ အဆုံးအဆမဲ့တဲ့သည္းခံႏိုင္ျခင္းေတြကိုသာ ေတြ႕ျမင္ေနရတယ္.....

" အင္း....သူ႕အနားမွာ ႐ွိေနႏိူင္သ၍ က်န္တာေတြ ကြၽန္ေတာ္႕ ေခါင္းထဲဘာမွမ႐ွိဘူး......"

႐ွဲ႕ဟယ္ကို ဖူယြမ္ ေငးၾကည့္ေနခဲ့မိတယ္...လွပေခ်ာေမာတဲ့ မ်က္ႏွာေလးေပၚကမွာ ႏူးညံ့သိမ္ေမြ႕လွတဲ့ အျပဳံးေလးတစ္ခု႐ွိေနတယ္....ဒီအျပဳံးေတြကို သူ႕ႏွလုံးသားထဲမွာပါ ခ်ိတ္ဆြဲထားခ်င္မိတယ္.....ဒီေကာင္ေလးက သူမဟုတ္တဲ့ အျခားတစ္ေယာက္ကို ခ်စ္ေနေပမယ့္ ဒီေကာင္ေလးကို သူ႕အပိုင္အျဖစ္ လိုခ်င္ေနတုန္းပဲ.....

ဒီလိုေခ်ာေမာမႈ၊
ဒီလို ေတာ္ဝင္ဆန္ၿပီး စြဲမက္ဖြယ္ေကာင္းမႈေတြက သိပ္ကို႐ွားပါးလြန္းတဲ့ အဖိုးထိုက္တန္မႈေတြပါပဲ......

ဖူယြမ္က စားပြဲကို လက္နဲ႔တစ္ေတာက္ေတာက္ေခါက္လိုက္ၿပီး.....

"တစ္ခါတစ္ေလက်ရင္ မင္းဘက္က ေနခ်င္႐ုံနဲ႔တင္ေနလို႔မရတဲ့အေျခေနေတြ႐ွိတယ္.....မင္းကို လက္ေဆာင္အေနနဲ႔ သတင္းတစ္ခုေလာက္ေပးမယ္....က်န္းဇီဟန္ ကို မင္းသိၿပီးေလာက္မွာပါ....."

စိတ္လႈပ္႐ွားေနတာေၾကာင့္ ႐ွဲ႕ဟယ္ မဆိုသေလာက္ မူပ်က္သြားခဲ့တယ္.....

အထာနပ္ေနတဲ့ ဖူယြမ္ကလည္း တစ္ခ်က္ၾကည့္႐ုံနဲ႔တင္ ဒါကို ျမင္လိုက္ရတယ္......

"က်န္းဇီဟန္ ျပန္လာေတာ့မယ္...သူျပန္ေရာက္လာရင္ ရီဇဲ မင္းကို အနားမွာ ေခၚထားဉီးမွာတဲ့လား....."

႐ွဲ႕ဟယ္ရဲ႕ မ်က္ဝန္းေတြထဲမွာ ေၾကာက္႐ြံျခင္းေတြ ႀကီးစိုးလာတယ္.....

ဒါကိုျမင္လိုက္ရတဲ့ ဖူယြမ္ကလည္း မ်က္ႏွာတစ္ခုလုံး မည္းေမွာင္သြားခဲ့တယ္....ဒါေပမယ့္ ဖူယြမ္ မတ္တပ္ထရပ္လိုက္ၿပီး ခႏၶာကိုယ္ကို ႐ွဲ႕ဟယ္ေ႐ွ႕ကို ၫႊတ္ကိုင္းလိုက္ၿပီး နားနားကိုကပ္ကာ.......

"ရီဇဲက မင္းကို မလိုခ်င္ဘူး...မင္းကိုဘယ္တုန္းကမွလဲ ဂ႐ုမစိုက္ခဲ့ဖူးဘူး....မင္း ကိုယ့္ကို စဥ္းစားေပးၾကည့္ပါလား....ကိုယ္ မင္းကိုေကာင္းေကာင္း ဂ႐ုစိုက္ေပးမွာပါ....."

ေၾကာင္အေန႐ွာတဲ့ ႐ွဲ႕ဟယ္ကေတာ့ ျပန္တုံ႔ျပန္ဖို႔ကိုေတာင္ ေမ့ေလ်ာ့ေနခဲ့တယ္.....

ထိုအခ်ိန္မွာ စားေသာက္ဆိုင္ရဲ႕ private room ထဲကေန ထြက္လာတဲ့ ရီဇဲတစ္ေယာက္ ထိုျမင္ကြင္းကို ျမင္သြားခဲ့တယ္.....ရီဇဲရဲ႕အျမင္မွာ ႐ွဲ႕ဟယ္နဲ႔ ဖူယြမ္တို႔က သိပ္ကိုခ်စ္ၾကတဲ့စုံတြဲေတြလိုျဖစ္ေနၿပီး ဖူယြမ္ရဲ႕ အမူအရာကလည္း တစ္ဖက္လူကို အခ်ိန္မေ႐ြးနမ္းပစ္ေတာ့မလို ႏူးညံ့လြန္းေနတယ္.....

ရီဇဲရဲ႕အၾကည့္ေတြ တမဟုတ္ခ်င္းေအးစက္ခက္ထန္လာခဲ့ပါၿပီ......
ဖူယြမ္တို႔က

Continue Reading

You'll Also Like

2.5M 189K 77
ျမတ္​ႏိုးစြာခ်စ္​ခ့ဲမိ​ေသာဤလူသားကို​"​ေမာင္​"ဟု႔​ေခၚသည္​ မြတ်နိုးစွာချစ်ခဲ့မိသောဤလူသားကို"မောင်"ဟု့ခေါ်သည်
9.4K 2K 57
ලස්සනම මූර්ති මැවෙනවද, ගල්කුළු කඩතොළු නොවුනොතින්?
195K 11.5K 95
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
86K 14.7K 65
මේක මහා අවුල් ජාලාවක්! මොන දේ වුනත් අපි දෙන්නා එකට! ඔයා මට පොරොන්දු වෙනවද?