🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(6)
စက်ဝန်းအလွန်သည် အချေကိုယ်တော်ဟု နာမည်ကြီးပြီး တွဲချင်သူတွေ တန်းစီနေလေသည်။ ထိုထဲတွင် အနှစ်သာရဆိုသော မိန်းမငယ်လေးမပါဝင်ပေ။
သူတို့ပြဿနာအနည်းငယ်ဖြစ်ပြီးနောက်မှာ သူမနဲ့သူသည် မတွေ့ဖြစ်ကြတော့ပါ။ တစ်ခါတစ်လေ ကန်တင်းမှာတွေ့ပေမဲ့ ဘယ်သူမှစပြီးမနှုတ်ဆက်ကြ။ မွန်လေး၊ထင်ရှား၊အနှစ်တို့က အဆက်အသွယ်ရှိပြီး မွန်လေး၊ထင်ရှား၊စက်ဝန်းတို့ကလည်း အင်တာနက်ပေါ်မှာ စကားပြောဖြစ်ကြသည်။
စက်ဝန်းနဲ့အနှစ်တို့သာ စကားမပြောဖြစ်ကြ။ သို့သော် တစ်ယောက်သောသူကတော့ အကောင့်ထဲကို ဝင်ကြည့်တာနေ့တိုင်းနီးပါးပင်။ ဒီနေ့ဘာပုံများတင်ထားသလဲ။ ဘာတွေများရှယ်ထားသလဲဆိုတာ သိချင်စိတ်နဲ့ကြည့်တာပါတဲ့။
"ဟေ့ကောင် ငါတို့အတန်းမလစ်တာကြာပြီ လစ်ကြမလား..."
"အင်း "
တန်းပြီးလက်ခံသည့်စက်ဝန်းကြောင့် ထင်ရှားမျက်ခုံးနှစ်ဖက်သည် သူ့အလိုလိုမြင့်တက်သွားပါသည်။ ဒီကောင် ဒီရက်ပိုင်း အတော်ကို ခြေငြိမ်နေတာမဟုတ်လား။
ဤသို့ဖြင့် ကိုမင်းထက်ဆီ နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ပါသည်။
"မပေါ်လာတာကြာပြီ ငါ့ညီတို့..."
"ဟဲ ဟဲ ဟုတ်တယ်ဗျ...ဒီကောင် စက်ဝန်းလေ အစ်ကို့ကိုသတိရလို့တဲ့ "
ကိုမင်းထက်က စက်ဝန်းကိုကြည့်ပြီးရယ်သည်။
"ဘာရယ်တာလဲ"
စက်ဝန်းက ခပ်တည်တည်နဲ့ပြန်ပြောလျှင် ကိုမင်းထက်မှ ခပ်ပြုံးပြုံးအမူအရာဖြင့်...
"မဟုတ်ပါဘူး ဘာသောက်မလဲ "
"ထုံးစံအတိုင်း "
"အိုခေ ဒီတစ်ခါ အိပ်ချင်နေပုံပေါက်တော့ ပြင်းပြင်းလေးစပ်ပေးမယ် "
"ဟုတ်ကဲ့ "
ထင်ရှားက တက်ကြွစွာပြန်ဖြေပေမဲ့ စက်ဝန်းကတော့ တည်မြဲတည်နေ၏။
"မင်းနဲ့အနှစ် စကားမပြောကြဘူးမလား..."
ကိုမင်းထက်က သူတို့ရှေ့ ဖန်ခွက်ချပေးရင်းမှဆိုလာသည်။
"ကိုမင်းထက်ဘယ်လိုသိတာလဲ "
"ထင်ရှားပြောတာ...မင်းတို့ပြဿနာဖြစ်ကြသေးတယ်ဆို "
"တခြားသူကြောင့်ပါဗျာ ကျွန်တော် အနှစ်ရဲ့သိက္ခာကိုမချဘူး မဆိုင်တဲ့သူကို ဘာလို့ဆွဲထည့်ရမှာလဲ"
"သိပါတယ် ထင်ရှားပြောပြတယ်...အနှစ်ရောပဲ"
"အနှစ်က ကျွန်တော့်အကြောင်းပြောတယ် "
စက်ဝန်းမျက်ဝန်းတွေသိသိသာသာ တောက်ပလာခဲ့သည်။ ဒါကစိတ်ဝင်စားသူအတွက်ပဲပြပေးတဲ့အမူအရာ။ အနှစ်က သူ့အကြောင်းပြောတယ်ဆိုတာသိရတော့ မအံဩဘဲ မနေနိုင်။
"အင်း မင်းတို့ပြဿနာကိုမေးတော့ ပြန်ပြောပြတာ "
"ဒါပဲလား "
"အဟက် မဟုတ်ရင် ဘာပြောစေချင်သေးတာလဲ"
ကိုမင်းထက်အမေးကို စက်ဝန်းပြန်မဖြေဘဲ ကော့တေးကိုမော့သောက်သည်။
"မင်း အနှစ်ကို စိတ်ဝင်စားနေတာလား"
ထင်ရှားက သူ(မင်းထက်)ပြောချင်သည့်စကားကိုပြောလာသည်။
"မဟုတ်ပါဘူး "
စက်ဝန်းက ကိုမင်းထက်ကို တစ်ချက်ကြည့်ရင်းမှဖြေလာသည်။
"မယုံဘူး "
"မင်းယုံဖို့ပြောနေတာမှမဟုတ်တာ..."
"ငါက မင်းနဲ့သုံနှစ်ပုခုံးဖက်ပေါင်းလာတဲ့ကောင်ပါကွ...မင်း အခုနေသာဝန်မခံချင် ဝန်မခံလိမ့်မယ် ထားတော့ မင်း အနှစ်ကိုမကြိုက်ဘူးလို့ပြောတယ်နော် အေး အဲ့ဒါဆို ငါအနှစ်ကို ကြိုက်တော့မယ်"
စက်ဝန်းမျက်နှာ မသိမသာ တည်သွား၏။ ဒါကို ထင်ရှားရော မင်းထက်ပါမြင်လိုက်ကြ၏။
"ငါကတော့ ဘယ်သူကြိုက်ကြိုက် ငါ့ညီမအတွက် လုံခြုံမှုပေးနိုင်ရင်ရပြီ ငါ့ညီမရဲ့အချစ်ရေးအထိတော့ ဝင်မပါချင်ဘူး"
"ဒါဆို ကျွန်တော်ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရင် အနှစ်ရဲ့အချစ်ကိုရနိုင်လဲ"
ထင်ရှားအသံက စက်ဝန်းကို လှောင်ရယ်သလိုမျိုး။
"ငါ့ညီမက ရိုးရှင်းတယ်...မင်းအနှစ်ကို ရင်ခုန်အောင်လုပ်နိုင်ရင်ရပြီ အခု မင်းဘက်ကချစ်ကြောင်းပြရင် အနှစ်က တာ့တာပြလိမ့်မယ် ဒါကြောင့် အနှစ်ရဲ့စိတ်ဝင်စားမှုကိုရအောင်လုပ်ရမယ် ဒါမှ အနှစ်ကပြန်ပြီးတုန့်ပြန်မှာ တဖြည်းဖြည်းနဲ့စိတ်ဝင်စားလာမှာ.... အနှစ်ကိုအလိုလိုက်ရင် စိတ်ဝင်စားမှာမဟုတ်ဘူး စိတ်ရှုပ်စေတာပဲရှိမှာ...အနှစ်ကို အလိုလိုက်တာထက် သူ့စိတ်ကိုအားဖြစ်စေမဲ့အရာကို ပိုစိတ်ဝင်စားတာ ပြောရမယ်ဆိုရင် ငါ့ညီမက လိုက်ရခက်တဲ့အထဲပါတယ်"
"ကျွန်တော်သဘောပေါက်ပြီ ကျေးဇူးတင်ပါတယ်ကိုမင်းထက် အနှစ်သာ ကျွန်တော့်ချစ်သူဖြစ်ခဲ့ရင် ကိုမင်းထက်ကို အစ်ကိုအရင်းလို သဘောထားမှာ"
"ရပါတယ် ငါ့ညီမကိုသာ ရအောင်လိုက်..."
"ဟုတ်ကဲ့!..."
ထင်ရှားက ယုံကြည်ချက်မြင့်စွာ ခေါင်းငြိမ့်တော့ မင်းထက်ရယ်ယုံသာတတ်နိုင်ပါသည်။ ဒီကောင်က သူ့သူငယ်ချင်းစိတ်ကိုတော့ သေချာသိသားပဲ။ အားရပါးရကို ဆွပေးနေတာ။
"ဒီကောင်ယုံကြည်ချက်ကမြင့်မားနေတာ နောက်မှ အနှစ်သာရအရမ်းချေတာပဲလို့ပြောရင်တော့ လှောင်ရယ်ပြစ်ဦးမှာ သတိမပေးဘူးလို့မပြောနဲ့"
"ဟီး ယောက်ဖကလည်း"
"ဟား ဟား "
အတိုင်အဖောက်ညီနေကြသည့်နှစ်ယောက်ကို ကြည့်ရင်း စက်ဝန််းအတွေးတို့ ရှုပ်ယှက်ကုန်သည်။ သူကအနှစ်ကိုစိတ်ဝင်စားတယ်ဆိုပေမဲ့ အခုလို အစ်ကိုအရင်းဆီမှာ ဝန်ခံဖို့အတွက်ကျ မာနကလက်မခံပါ။
ယောက်ဖ...
ဒီစကားကို ထင်ရှားပါးစပ်ကကြားရတာ နည်းနည်းတော့ နေရခက်တယ်။
ထင်ရှားကတစ်ကယ်ပဲ အနှစ်ကိုလိုက်မှာလား?
ကျစ်!
✿............✿...........✿
February 14...
မနေ့က နံပြားနဲ့ပဲပြုတ်စားရလျှင် ဒီနေ့သည် ချောကလက်စားရမည့်နေ့ဖြစ်သည်။
အနှစ်နောက်ကို ချောကလက်၊ပန်းစည်းလိုက်ပေးတဲ့သူမရှိပါ။ သို့ရာတွင် အနှစ်ထိုင်သည့်ခုံမှာတော့ ချောကလက်နှင့်ပန်းစည်းတို့စုပြုံနေလေသည်။
"အနှစ်တို့က စွံတယ်နော်..."
"ငါဒီလောက်ချေတာကို ပေးတဲ့သူတွေကရှိသေးတယ်နော် "
"ကုသိုလ်ကံကိုက ကောင်းနေလို့နေမှာ..."
မွန်လေးက စနှောက်သည်။ တစ်ကယ်ဆို မွန်လေးက ပိုချောသည်။ သို့သော် စေ့စပ်ထားပါသည်ဆိုတဲ့ခေါင်းစီးကြောင့် အတင်းလိုက်ကြိုက်သူမရှိပါ။ သို့သော် ဒီနေ့မှာတော့ မွန်လေးခုံပေါ်မှာ ပန်းစည်းတစ်စည်းရှိနေပါသည်။
"ငါ့ကိုသာပြောနေတာ နင့်ခုံမှာလည်း ပန်းစည်းရောက်နေတာပဲ"
"အဟမ်း ဘယ်သူပို့တာပါလိမ့်..."
မွန်လေးက ရင်ခုန်စွာဖြင့် ပန်းစည်းကိုယူသည်။ ထိုပန်းတွေထဲမှာ ပို့စ်ကတ်တစ်ခုလည်းပါသည်။ အနှစ် ထိုကတ်ကိုယူကာ အထဲမှာပါသည့်စာကို ဖတ်ပြလိုက်သည်။
"Forget me not တဲ့..."
"အစ်ကို!..."
ထို့မျှသာပြောပြီး မွန်လေးသည် အပြင်ကိုပြေးထွက်သွားပါသည်။
"အစ်ကို! မဟုတ်မှ.."
အနှစ်နားလည်သွားရကာ မွန်လေး ထိုအစ်ကိုကို ရှာတွေ့ပါစေလို့ဆုတောင်းပေးမိသည်။ အစ်ကိုအရင်းဖြစ်သူနဲ့စေ့စပ်ထားပေမဲ့ မွန်လေးပျော်ရမယ်ဆိုရင် မွန်လေးကိုလက်လွှတ်ခိုင်းမှာပါ။ ဒါကို ကိုကြီးလည်း လက်ခံမှာပါ။
"ဒေါက် ဒေါက်..."
တံခါးကို လာခေါက်သည့်အသံကြောင့်ကြည့်လိုက်တော့ အရင်တစ်ခါက ကင်းနဲ့သူမကို ဘယ်လိုပတ်သတ်မှုလဲလို့မေးသည့် ရဝေသော်။
"ဟုတ်ကဲ့ ဘာကိစ္စရှိလို့ပါလဲ..."
"ဟို ဘီခန်းက ထင်ရှားက အနှစ်သာရကို ပြောစရာရှိတယ်ဆိုပြီး စာကြည့်တိုက်ကိုခဏလာဖို့ပြောခိုင်းလိုက်တာ "
"ထင်ရှားကလား...."
"ဟုတ်တယ် သွားလိုက်ဦးနော်"
အနှစ်ခေါင်းငြိမ့်လိုက်၏။ ပြောစရာက စာကြည့်တိုက်မှာမဟုတ်လည်းပြောလို့ရတာပဲ။ အခုတော့ စာကြည့်တိုက်ကို တစ်ယောက်တည်းသွားရတော့မည်။
သို့သော် ရဝေသော်က မထွက်သွားသေးဘဲ သူမကိုစိုက်ကြည့်နေသည်။ လူကိုစိုက်ကြည့်နေတာထက် လက်ထဲကပန်းကိုကြည့်တာဆိုပိုမှန်ပါလိမ့်မည်။ အကြည့်က အောက်ကိုရောက်နေတာလေ။
"ဘာလို့လဲ..."
"မဟုတ်ဘူး ပန်းလေးတွေက လှလို့!..."
ရဝေသော်က ထိုမျှသာပြောပြီးထွက်သွားသည်။ သူမလည်း ထင်ရှားကိုတွေ့ရန်အတွက် ပန်းကို နေရာတကျပြန်ထားပြီး အခန်းထဲမှထွက်ခဲ့တော့သည်။
✿............✿...........✿
"စက်ဝန်း ရော့...မင်းအတွက် အအေး..."
"Thank you..."
"အင်း "
ထင်ရှား အအေးကိုသောက်ရင်းမှ ရယ်ချင်စိတ်ကို ထိန်းထားပါသည်။
"အကုန်သောက် "
"ငါဘယ်တုန်းက မသောက်လို့လဲ "
"အေးပါ "
ထင်ရှား အပြင်မှာတည်နေပေမဲ့ စိတ်ထဲမှာတော့ ရယ်ရတာ ဗိုက်အောင့်နေပါပြီ။
"ငါတို့စာကြည့်တိုက်သွားရအောင်"
ထင်ရှားစကားကြောင့် စက်ဝန်းအံ့ဩသလိုကြည့်လာသည်။ တစ်သက်နဲ့တစ်ခါ ထင်ရှားပါးစပ်ကနေ စာကြည့်တိုက်သွားမယ်ဆိုတဲ့စကားကြားရမယ်လို့မထင်ထားမိပါ။ ဒီနေ့ကျမှထူးထူးဆန်းဆန်း စာကြည့်တိုက်သွားရအောင်တဲ့။ သို့သော် သူလည်းသွားစရာရှိတာကြောင့်...
"အင်း အတော်ပဲ ငါစာအုပ်အပ်ရမှာ "
"သွားကြမယ် ငါအနှစ်ကို စာကြည့်တိုက်မှာချိန်းထားတာ ဖွင့်ပြောမလို့"
"ဘာ!"
"ငါမနေ့က အတည်ပြောခဲ့တာ ဒါကြောင့်အနှစ်ကိုပြောမလို့ မင်းသဘောကရော ငါအနှစ်ကို ဖွင့်ပြောသင့်လား"
စက်ဝန်းဘက်ကအနည်းငယ်တိတ်ဆိတ်သွား၏။ ပြီးမှ ဂရုမစိုက်သည့်ပုံစံဖြင့်...
"မင်းသဘော မင်းအတည်သဘောကျတယ်ဆို လိုက်ပေါ့..."
"အေးကွာ ဒါကြောင့် ငါ့ကိုကူညီပေးပါဦး..."
စက်ဝန်းဘက်ကဘာမှပြန်မဖြေ။
သို့ဖြင့် နှစ်ယောက်သား စာကြည့်တိုက်ကို ချီတက်ဖြစ်ကြသည်။
သို့သော် ထင်ရှားက စာကြည့်တိုက်ထဲမဝင်ခင် ဗိုက်နာသည်ဟုဆိုကာ အိမ်သာအပြေးသွားခဲ့သည်။
"ဒါဆို မင်းဖွင့်ပြောတာကရော"
"အနှစ်ကို ခဏစောင့်ခိုင်းထားလိုက်!.."
စက်ဝန်းခေါင်းခါရင်း အထဲကိုသာဝင်သွားပါတော့သည်။ ထို့နောက် ရပ်နေကျနေရာမှာ ရပ်ကာ ထင်ရှားကိုစောင့်ရင်း စာထိုင်ဖတ်နေပါတော့သည်။
✿............✿...........✿
အနှစ်စာကြည့်တိုက်ထဲ ဝင်လာတော့ ထင်ရှားမရှိပါ။ ထင်ရှားကိုသိလာလေ စနှောက်တတ်သူဖြစ်မှန်းသိလာတာကြောင့် စနေတာလို့စိတ်ထဲထင်နေမိသည်။ မဟုတ်ရင် ဘာကြောင့် အနှစ်ကို သီးသန့်တွေ့ဖို့ခေါ်မှာလဲ။ ပြီးတော့ ပြောစရာရှိရင် လူကိုယ်တိုင်လာခဲ့မှာပဲ။ ဘာလို့ လူလွှတ်ပြီး ပြောခိုင်းမှာလဲ။
ထင်ရှားကိုများ တွေ့မလားဆိုတဲ့စိတ်နဲ့ ကြည့်ရင်းကြည့်ရင်းမှ ထောင့်တစ်နေရာမှာ လူတစ်ယောက်ရပ်နေတာတွေ့လိုက်၏။
ဒါက ထင်ရှားအရပ်လည်းမဟုတ်ဘူး။ တွေးနေစဉ်မှာ ထိုသူက ရုတ်တရက် အနှစ်ဘက်ကိုလှည့်လာသည့်အခါ...
"ကင်း!..."
"အနှစ်!.."
အနှစ်!.. ဒီလူ ရူးနေတာလား။ သူမကို အနှစ်ဆိုပြီး ရင်းရင်းနှီးနှီးခေါ်လိုက်တာ။
"ရှင်ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ "
"ဒါက ဘယ်နေရာလဲ "
"ရှင်ဘာဖြစ်နေတာလဲ..."
"မူးနေတယ် ပုံရိပ်တွေက လည်နေတယ်"
"ရှင် ဘာတွေစားမိလို့လဲ သွေးတိုးတာလား...အငန်တွေစားမိလို့လား "
မူးနေတာလို့ပဲပြောတော့ အနှစ်က သွေးတိုးတယ်ထင်ပြီး လန့်သွား၏။
"ကိုယ်အအေးပဲသောက်ထားတာ...ဘာလို့မူးနေမှန်းမသိဘူး "
ပြောရင်းမှ စင်ကိုမှီထားရာမှ တည့်တည်ရပ်တော့ ယိုင်သွား၏။ အနှစ် သူ့လက်ကိုလှမ်းထိန်းလိုက်ရသည်။ မဟုတ်ရင် အနှစ်ပေါ်ပြိုကျလာလိမ့်မည်။
"ရှင်အရမ်းမူးနေရင် ကျွန်မဆေးခန်းလိုက်ပို့ပေးမယ်"
"ဟင့်အင်း...အဲ့လိုမူးတာမဟုတ်ဘူးထင်တယ်"
အနှစ်က ကင်းကိုအဆွဲ ကင်းက သူမကိုအဆွဲနဲ့ဆိုတော့ သူမတို့နှစ်ဦး ပိုပြီးနီးကပ်သွားသည်။
"အနှစ်သာရ..."
"အင်း "
"အနှစ်သာရဟုတ်ပါတယ်..."
"အင်း ကျွန်မကိုဘယ်သူလို့မြင်နေတာလဲ "
"အနှစ်သာရပဲ..."
"အင်းလို့ "
"နမ်းချင်တယ်!..."
"အင်း!.ဟင်! အွန့်..."
ရုတ်တရက်သူက ခေါင်းငုံ့လာတာကြောင့် ထိကပ်သွားသည့်နှုတ်ခမ်းနှစ်စုံ။
အနှစ်မျက်လုံးတို့ပြူးသွားရ၏။
ဒီလူ ဘယ်လိုdramaတွေလာချိုးနေတာလဲ။
"ချိုတယ်...အဟင်း "
သူမဘာမှမပြောရသေးခင် ထပ်ပြီးဖိကပ်နမ်းလာသည့်သူ။ ဒီတစ်ခါတော့ ထိကပ်ယုံမဟုတ်။ အပေါ်နှုတ်ခမ်းကိုရော အောက်နှုတ်ခမ်းကိုပါ စုပ်ယူနမ်းရှိုက်နေသည့်သူ။
သူဘာလုပ်တာလဲ။ ရူးသွားပြီလား။ မူးတယ်ပြောပြီး နမ်းနေတယ်။ သူမကလည်းငြိမ်ခံနေမိတယ်။
ခဏကြာမှ အနှစ်သတိဝင်လာကာ သူ့ကိုအတင်းတွန်းလွှတ်တော့ လွှတ်ပေးလာ၏။
"ရှင်ဘာလုပ်တာလဲ "
"ချောကလက်အရသာလေး ဟွန့်..."
ထိုမျှသာပြောပြီး သူမကိုယ်ပေါ်သို့ သူ့ကိုယ်ကြီးပြိုကျလာပါသည်။
"စက်ဝန်းအလွန် ရှင်သတိထားစမ်း...စက်ဝန်းအလွန်..."
သူမဘယ်လိုခေါ်ခေါ် ထူးမလာတော့ပါ။ သူမက ခဏငြိမ်ခံနေမိတာကို ပြန်တွေးမိကာ...
"တောက်စ် နမ်းပြီး အိပ်ပျော်သွားတယ်...နိုးလာရင်တော့ တရားစွဲပြစ်မယ်"
အနှစ်သာရသည် ဒီနှစ်ရဲ့ Valentine Dayနေ့မှာ ချောကလက်၊ပန်းစည်းအပြင် အနမ်းပါ ထပ်ဆောင်းအပိုအနေနဲ့ရလိုက်ပါသည်။
✿............✿...........✿
"ကျွတ် ခေါင်းကိုက်လိုက်တာ..."
စက်ဝန်းနားထင်ကို လက်နဲ့နှိပ်ရင်းမှ တစ်ယောက်တည်းညည်းလိုက်မိ၏။
သူရောက်နေတာ ကားထဲမှာ။ အဲ့တာထက် သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားရ၍ ရှေ့ကိုကြည့်တော့ Lover seatမှာထိုင်နေသည့်အနှစ်သာရ။
"မင်းဘယ်လိုရောက်နေတာလဲ..."
"မမေးခင် ရှင်ဘာလုပ်ခဲ့လဲဆိုတာ အရင်စဉ်းစားပါဦး "
သူ့မျက်ဝန်းထဲ စာကြည့်တိုက်ကိုဝင်ရာမှစ၍ နမ်းမိတဲ့အထိ ပေါ်လာ၏။ သူ နမ်းပြီးမှ မအိပ်ပျော်ရင် ပါးရိုက်ခံရနိုင်သည်မဟုတ်လား။ ထို့ကြောင့် သူအိပ်ပျော်ချင်ယောင်ဆောင်လိုက်တာဖြစ်သည်။ ကားနားထိသူ့ကို ထင်ရှားနဲ့သူမ မနိုင်မနင်းတွဲလာတာကိုလည်းသိသည်။
အနှစ်သာရရဲ့အကြည့်အရ ဒီအကြောင်းကို အဆုံးထိ မသိချင်ယောင်ဆောင်တာက ပိုမှန်ပါလိမ့်မည်။ လူသတ်တော့မဲ့အကြည့်မျိုးနဲ့ကြည့်နေတာ။
ကဲ ဘာတတ်နိုင်သေးလဲ ထင်ရှား။ မင်းအနှစ်ကို ဖွင့်မပြောလိုက်ရတော့ဘူး။
စိတ်ထဲကနေ ထင်ရှားကို စကားပြောလိုက်၏။
"ရှင်ဘာရယ်နေတာလဲ"
"မဟုတ်ပါဘူး "
"ရှင်မှတ်မိတယ်မလား"
"ဟင့်အင်း ဘာကိုလဲ ငါဘယ်လိုဖြစ်ပြီးအိပ်ပျော်သွားတာလဲ ဘာလို့ကားထဲရောက်နေတာလဲ "
"မမှတ်မိဘူးလို့ဆိုလိုတာလား"
"အင်း တစ်ကယ်မသိဘူး ငါဘာလို့အိပ်ပျော်သွားတာလဲ မူးပြီး ချာချာလည်နေတာတော့သိလိုက်တယ် အဲ့နောက်ပိုင်း မမှတ်မိတော့ဘူး "
အနှစ်ဘာစကားမှမပြောနိုင်တော့။ မေ့ချင်ယောင်ဆောင်တာလား...တစ်ကယ်ပဲမမှတ်မိတာလား။ သူ့မျက်ဝန်းတွေကမှန်းရခက်နေ၏။
"ထားလိုက်ပါတော့ ကျွန်မပြောလိုက်မှ မဟုတ်ဘူးလို့ငြင်းရင် ကျွန်မကပဲ လုပ်ကြံပြောတယ်ထင်နေမယ်"
"မဟုတ်တာဆိုရင်တော့ပြောရမှာပဲ ငါက မူးရင်မဟုတ်တာတော့ မလုပ်လောက်ဘူး"
"အဟား ရှင်တော့လေ အဲ့တုန်းကရော အခုရော သတ်ချင်စရာကောင်းနေတုန်းပဲ တစ်စက်မှအချိုးမပြေဘူး"
"ငါကအဲ့လောက်ထိချစ်စရာကောင်းနေတာလား"
"တော်ပြီ တော်တော့...ဆက်မပြောတော့ဘူး ကျွန်မပဲ မေ့လိုက်တော့မယ်"
အနှစ်ကပြောပြီးတာနဲ့ကားပေါ်ကဆင်းဖို့လုပ်သည်။ သို့သော် မဆင်းခင် စက်ဝန်းပြောလိုက်တာက...
"တောင်းပန်ပါတယ် မင်းကိုထိခိုက်စေခဲ့ရင်..."
အနှစ် တစ်ချက်သာလှည့်ကြည့်ပြီး ထွက်သွားပါသည်။
အနှစ်ထွက်သွားမှ သူ ပြုံးလိုက်မိသည်။
အနှစ်သာရကို မသိခင်က သိချင်စိတ်ဖြစ်မိပြီး တဖြည်းဖြည်းနဲ့ပိုသိလာတော့လည်း ပိုပိုပြီးစိတ်ဝင်စားလာသည်။
အစက မာနတခွဲသားနဲ့ လူကိုမတူသလိုဆက်ဆံပေမဲ့ တွေ့ပါများတော့ ရင်းနှီးလာသည်ထင်သည်။ ချေတာကလွဲရင် အကြည့်တွေက ပြောင်းလဲလာပါသည်။
"တစ်ကယ် မင်းက ငါ့ကို ဖမ်းစားနိုင်တယ်"
သူကားထဲကဆင်းပြီး အတန်းဆီပြန်လာတော့ ထင်ရှားက မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်နေသည်။ သူ မသိသလိုနေကာ မျက်နှာတည်တည်နှင့်ပင် ဘေးနားဝင်ထိုင်လိုက်သည်။
"မင်းနော် မင်း!..."
အဟွန့် ဘာတတ်နိုင်သေးလဲ ထင်ရှားသူရ။ မင်းမွှေးတဲ့မီးပဲ။ ခံပေါ့။
နောက်ဆုံးမှာတော့ ဂျင်းထည့်ခံရသည့်သူက အနိုင်ရသွားခဲ့ပါသည်။
✿............✿...........✿
စာမေးပွဲဖြေပြီးနောက် တစ်ရက်မှာ သူတို့အတူဆုံဖြစ်ကြသည်။ အနှစ်နဲ့စက်ဝန်းက သူငယ်ချင်းဖြစ်သွားကြပါသည်။ ဒါကလည်းစက်ဝန်းရဲ့တောင်းဆိုမှုကြောင့်သာ။ သို့ပေမဲ့ တစ်ခါတစ်လေမှာ စကားနိုင်လုကြသေးသည်။
"ငါတို့ ကိုကြီးရဲ့စားသောက်ဆိုင်သွားရအောင်"
အနှစ်က အရင်ဆုံးစကားဆို၏။
"ဘားနဲ့တွဲဖွင့်ထားတာမဟုတ်လား "
"အင်း ငါတစ်ခါမှမရောက်ဖူးလို့ သွားကြည့်ချင်တာ"
"ဖေဖေသိရင် ဆူခံရမယ်ထင်တယ်"
"မွန်လေးကလည်း ငါပါတာပဲ ကိုကြီးနဲ့နင်နှစ်ယောက်တည်းမှမဟုတ်တာ သူတို့နှစ်ယောက်လည်းပါမှာပဲ"
အနှစ်က မွန်လေးကို မရ၊ရအောင်ခေါ်ဖို့ရာအတွက် ရှေ့က နှစ်ယောက်ကိုပါ ဆွဲထည့်ပစ်၏။
"လိုက်မယ်လို့ပြောမိလို့လား "
"စက်ဝန်းအလွန် "
သူမ အံကြိတ်သံနဲ့ပြောတော့ သူက မျက်ခုံးပင့်ပြသည်။
"နော်!. မွန်လေး ထင်ရှားလည်းပါတယ်လေ..."
"နော်လို့."
"အင်း ဟုတ်ပြီလိုက်မယ်...ဒါပေမဲ့ ခဏပဲနော်"
"ရတယ်! ငါကရောက်ဖူးချင်ယုံပဲ
ထင်ရှားသွားမယ် မလိုက်ချင်တဲ့သူကတော့ နေခဲ့ပေါ့"
သို့သော် စက်ဝန်းသည် ထရပ်လိုက်ကာ...
"မလိုက်ဘူးလို့လည်း မပြောသေးဘူးလေ"
အနှစ် အသံတိတ်မေတ္တာပို့လိုက်ပါသည်။ ဒီကျက်သရေတုံးကောင်ကတော့။
ကိုကြီးဆီရောက်တော့ ကိုကြီးက နွေးထွေးစွာကြိုဆိုပါသည်။ အသက်ပြည့်ပြီးသားသူတွေမို့ ကိုယ့်ကိုကိုယ်ထိန်းနိုင်ပြီဆိုတာ နားလည်ပုံရသည်။
"ဒီနှစ်ကောင်ပေါ်မလာတာ ကြာပြီလို့ထင်နေတာ...မွန်လေးတို့နဲ့ဓာတ်ကျနေတာပဲ"
"ဟုတ်တယ် ကိုမင်းထက် မွန်လေးတို့အခုတော်တော်ခင်နေကြပါပြီ"
"ကိုကြီးက အနှစ်ကိုမမြင်ဘူးလား..."
"ဪ...ငါ့ညီမလည်းပါလာတာပဲ "
အနှစ် စုပုတ်ပုတ်နဲ့ ကင်းရှေ့ကိုဝင်ထိုင်ရသည်။ မထိုင်လို့လည်းမရ။ ခုံအလွှတ်က ဒီတစ်ခုံပဲရှိသည်။
"ကိုကြီးဆိုင်က ရောင်းကောင်းတာပဲ လူပြည့်နေတာပဲ"
"အင်း အခုနောက်ပိုင်းရောင်းအားတက်လာတယ်"
"အတော်ပဲ ဘွဲ့ရပြီးရင် ဒီမှာအလုပ်လာလုပ်ရမယ်..."
"မခေါ်ဘူး ဘွဲ့ရပြီးရင် နင့်ကို ယောက်ျားပေးစားမှာ"
"ကိုကြီး! မေမေ့ကိုဘာတွေချွန်ပြန်တာလဲ ချွန်မယ်မကြံနဲ့နော် ဘယ်ကယောက်ျားလဲ မကြိုက်တဲ့သူနဲ့ပေးစားရင် အနှစ်ထွက်ပြေးမှာ မယူဘူး"
"အံမယ် နင့်လို ချေမိုးနေတဲ့သူကို ယူမဲ့သူမရှိမှာဆိုးလို့ ပေးစားဦးမှာ"
"တစ်ယောက်ရှိတယ် ကိုမင်းထက်"
ထင်ရှားက ပြုံးစစနှင့်ကိုဝင်နှောက်၏။ စက်ဝန်းအမြင်အရ ထင်ရှားပုံစံက တစ်ကယ်ထင်၍ ဒေါသထွက်လာသည်။ ခုံအောက်ကနေ ခြေတောက်နဲ့လှမ်းကန်တော့ သကောင့်သားက ရှောင်၏။
"ဘာလဲ အနှစ်လို ချောတဲ့သူနဲ့ယူရရင် အဆင်ပြေတယ်"
အနှစ်ကတော့ဘာမှမသိသလို မျက်နှာလွှဲသွား၏။
"အစ်ကိုလေး လူတွေက အစ်ကိုနဲ့တွေ့ချင်လို့တဲ့ဗျ..."
Waiterတစ်ယောက်က ကိုကြီးကိုလာခေါ်၏။ ထို့ကြောင့် ကိုကြီးသည် ဟင်းလျာတွေကိုမှာပေးပြီး သွားခဲ့သည်။
"ငါတို့ပုံရိုက်ရအောင်..."
ထင်ရှားက ဖုန်းကိုပါတစ်ခါတည်းထုတ်ရင်းပြောသည်။
"အိုခေ..."
.
.
.
ဒီလိုနဲ့ ကိုကြီးရဲ့ဆိုင်မှာ သူမတို့ ညနေခင်းအချိန်ကိုကုန်ဆုံးခဲ့ပါသည်။
အပြန်ကျ လူရှုပ်နေ၍ တစ်ယောက်နဲ့တစ်ယောက်တိုက်မိနိုင်တာမျိုးရှိ၍ စက်ဝန်းသည် အနှစ်ရဲ့နောက်မှာ ထပ်ကြပ်မကွာရှိနေ၏။ သူမကတော့ လှည့်မကြည့်တာမို့ သိမှာမဟုတ်ပေ။
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(6)
စက္ဝန္းအလြန္သည္ အေခ်ကိုယ္ေတာ္ဟု နာမည္ႀကီးၿပီး တြဲခ်င္သူေတြ တန္းစီေနေလသည္။ ထိုထဲတြင္ အႏွစ္သာရဆိုေသာ မိန္းမငယ္ေလးမပါဝင္ေပ။
သူတို႔ျပႆနာအနည္းငယ္ျဖစ္ၿပီးေနာက္မွာ သူမနဲ႔သူသည္ မေတြ႕ျဖစ္ၾကေတာ့ပါ။ တစ္ခါတစ္ေလ ကန္တင္းမွာေတြ႕ေပမဲ့ ဘယ္သူမွစၿပီးမႏႈတ္ဆက္ၾက။ မြန္ေလး၊ထင္ရွား၊အႏွစ္တို႔က အဆက္အသြယ္ရွိၿပီး မြန္ေလး၊ထင္ရွား၊စက္ဝန္းတို႔ကလည္း အင္တာနက္ေပၚမွာ စကားေျပာျဖစ္ၾကသည္။
စက္ဝန္းနဲ႔အႏွစ္တို႔သာ စကားမေျပာျဖစ္ၾက။ သို႔ေသာ္ တစ္ေယာက္ေသာသူကေတာ့ အေကာင့္ထဲကို ဝင္ၾကည့္တာေန႔တိုင္းနီးပါးပင္။ ဒီေန႔ဘာပုံမ်ားတင္ထားသလဲ။ ဘာေတြမ်ားရွယ္ထားသလဲဆိုတာ သိခ်င္စိတ္နဲ႔ၾကည့္တာပါတဲ့။
"ေဟ့ေကာင္ ငါတို႔အတန္းမလစ္တာၾကာၿပီ လစ္ၾကမလား..."
"အင္း "
တန္းၿပီးလက္ခံသည့္စက္ဝန္းေၾကာင့္ ထင္ရွားမ်က္ခုံးႏွစ္ဖက္သည္ သူ႔အလိုလိုျမင့္တက္သြားပါသည္။ ဒီေကာင္ ဒီရက္ပိုင္း အေတာ္ကို ေျခၿငိမ္ေနတာမဟုတ္လား။
ဤသို႔ျဖင့္ ကိုမင္းထက္ဆီ ေနာက္တစ္ေခါက္ ထပ္ေရာက္ျဖစ္ပါသည္။
"မေပၚလာတာၾကာၿပီ ငါ့ညီတို႔..."
"ဟဲ ဟဲ ဟုတ္တယ္ဗ်...ဒီေကာင္ စက္ဝန္းေလ အစ္ကို႔ကိုသတိရလို႔တဲ့ "
ကိုမင္းထက္က စက္ဝန္းကိုၾကည့္ၿပီးရယ္သည္။
"ဘာရယ္တာလဲ"
စက္ဝန္းက ခပ္တည္တည္နဲ႔ျပန္ေျပာလွ်င္ ကိုမင္းထက္မွ ခပ္ၿပဳံးၿပဳံးအမူအရာျဖင့္...
"မဟုတ္ပါဘူး ဘာေသာက္မလဲ "
"ထုံးစံအတိုင္း "
"အိုေခ ဒီတစ္ခါ အိပ္ခ်င္ေနပုံေပါက္ေတာ့ ျပင္းျပင္းေလးစပ္ေပးမယ္ "
"ဟုတ္ကဲ့ "
ထင္ရွားက တက္ႂကြစြာျပန္ေျဖေပမဲ့ စက္ဝန္းကေတာ့ တည္ၿမဲတည္ေန၏။
"မင္းနဲ႔အႏွစ္ စကားမေျပာၾကဘူးမလား..."
ကိုမင္းထက္က သူတို႔ေရွ႕ ဖန္ခြက္ခ်ေပးရင္းမွဆိုလာသည္။
"ကိုမင္းထက္ဘယ္လိုသိတာလဲ "
"ထင္ရွားေျပာတာ...မင္းတို႔ျပႆနာျဖစ္ၾကေသးတယ္ဆို "
"တျခားသူေၾကာင့္ပါဗ်ာ ကြၽန္ေတာ္ အႏွစ္ရဲ႕သိကၡာကိုမခ်ဘူး မဆိုင္တဲ့သူကို ဘာလို႔ဆြဲထည့္ရမွာလဲ"
"သိပါတယ္ ထင္ရွားေျပာျပတယ္...အႏွစ္ေရာပဲ"
"အႏွစ္က ကြၽန္ေတာ့္အေၾကာင္းေျပာတယ္ "
စက္ဝန္းမ်က္ဝန္းေတြသိသိသာသာ ေတာက္ပလာခဲ့သည္။ ဒါကစိတ္ဝင္စားသူအတြက္ပဲျပေပးတဲ့အမူအရာ။ အႏွစ္က သူ႔အေၾကာင္းေျပာတယ္ဆိုတာသိရေတာ့ မအံဩဘဲ မေနႏိုင္။
"အင္း မင္းတို႔ျပႆနာကိုေမးေတာ့ ျပန္ေျပာျပတာ "
"ဒါပဲလား "
"အဟက္ မဟုတ္ရင္ ဘာေျပာေစခ်င္ေသးတာလဲ"
ကိုမင္းထက္အေမးကို စက္ဝန္းျပန္မေျဖဘဲ ေကာ့ေတးကိုေမာ့ေသာက္သည္။
"မင္း အႏွစ္ကို စိတ္ဝင္စားေနတာလား"
ထင္ရွားက သူ(မင္းထက္)ေျပာခ်င္သည့္စကားကိုေျပာလာသည္။
"မဟုတ္ပါဘူး "
စက္ဝန္းက ကိုမင္းထက္ကို တစ္ခ်က္ၾကည့္ရင္းမွေျဖလာသည္။
"မယုံဘူး "
"မင္းယုံဖို႔ေျပာေနတာမွမဟုတ္တာ..."
"ငါက မင္းနဲ႔သုံႏွစ္ပုခုံးဖက္ေပါင္းလာတဲ့ေကာင္ပါကြ...မင္း အခုေနသာဝန္မခံခ်င္ ဝန္မခံလိမ့္မယ္ ထားေတာ့ မင္း အႏွစ္ကိုမႀကိဳက္ဘူးလို႔ေျပာတယ္ေနာ္ ေအး အဲ့ဒါဆို ငါအႏွစ္ကို ႀကိဳက္ေတာ့မယ္"
စက္ဝန္းမ်က္ႏွာ မသိမသာ တည္သြား၏။ ဒါကို ထင္ရွားေရာ မင္းထက္ပါျမင္လိုက္ၾက၏။
"ငါကေတာ့ ဘယ္သူႀကိဳက္ႀကိဳက္ ငါ့ညီမအတြက္ လုံၿခဳံမႈေပးႏိုင္ရင္ရၿပီ ငါ့ညီမရဲ႕အခ်စ္ေရးအထိေတာ့ ဝင္မပါခ်င္ဘူး"
"ဒါဆို ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ ဘယ္လိုလုပ္ရင္ အႏွစ္ရဲ႕အခ်စ္ကိုရႏိုင္လဲ"
ထင္ရွားအသံက စက္ဝန္းကို ေလွာင္ရယ္သလိုမ်ိဳး။
"ငါ့ညီမက ႐ိုးရွင္းတယ္...မင္းအႏွစ္ကို ရင္ခုန္ေအာင္လုပ္ႏိုင္ရင္ရၿပီ အခု မင္းဘက္ကခ်စ္ေၾကာင္းျပရင္ အႏွစ္က တာ့တာျပလိမ့္မယ္ ဒါေၾကာင့္ အႏွစ္ရဲ႕စိတ္ဝင္စားမႈကိုရေအာင္လုပ္ရမယ္ ဒါမွ အႏွစ္ကျပန္ၿပီးတုန႔္ျပန္မွာ တျဖည္းျဖည္းနဲ႔စိတ္ဝင္စားလာမွာ.... အႏွစ္ကိုအလိုလိုက္ရင္ စိတ္ဝင္စားမွာမဟုတ္ဘူး စိတ္ရႈပ္ေစတာပဲရွိမွာ...အႏွစ္ကို အလိုလိုက္တာထက္ သူ႔စိတ္ကိုအားျဖစ္ေစမဲ့အရာကို ပိုစိတ္ဝင္စားတာ ေျပာရမယ္ဆိုရင္ ငါ့ညီမက လိုက္ရခက္တဲ့အထဲပါတယ္"
"ကြၽန္ေတာ္သေဘာေပါက္ၿပီ ေက်းဇူးတင္ပါတယ္ကိုမင္းထက္ အႏွစ္သာ ကြၽန္ေတာ့္ခ်စ္သူျဖစ္ခဲ့ရင္ ကိုမင္းထက္ကို အစ္ကိုအရင္းလို သေဘာထားမွာ"
"ရပါတယ္ ငါ့ညီမကိုသာ ရေအာင္လိုက္..."
"ဟုတ္ကဲ့!..."
ထင္ရွားက ယုံၾကည္ခ်က္ျမင့္စြာ ေခါင္းၿငိမ့္ေတာ့ မင္းထက္ရယ္ယုံသာတတ္ႏိုင္ပါသည္။ ဒီေကာင္က သူ႔သူငယ္ခ်င္းစိတ္ကိုေတာ့ ေသခ်ာသိသားပဲ။ အားရပါးရကို ဆြေပးေနတာ။
"ဒီေကာင္ယုံၾကည္ခ်က္ကျမင့္မားေနတာ ေနာက္မွ အႏွစ္သာရအရမ္းေခ်တာပဲလို႔ေျပာရင္ေတာ့ ေလွာင္ရယ္ျပစ္ဦးမွာ သတိမေပးဘူးလို႔မေျပာနဲ႔"
"ဟီး ေယာက္ဖကလည္း"
"ဟား ဟား "
အတိုင္အေဖာက္ညီေနၾကသည့္ႏွစ္ေယာက္ကို ၾကည့္ရင္း စက္ဝန္္းအေတြးတို႔ ရႈပ္ယွက္ကုန္သည္။ သူကအႏွစ္ကိုစိတ္ဝင္စားတယ္ဆိုေပမဲ့ အခုလို အစ္ကိုအရင္းဆီမွာ ဝန္ခံဖို႔အတြက္က် မာနကလက္မခံပါ။
ေယာက္ဖ...
ဒီစကားကို ထင္ရွားပါးစပ္ကၾကားရတာ နည္းနည္းေတာ့ ေနရခက္တယ္။
ထင္ရွားကတစ္ကယ္ပဲ အႏွစ္ကိုလိုက္မွာလား?
က်စ္!
✿............✿...........✿
February 14...
မေန႔က နံျပားနဲ႔ပဲျပဳတ္စားရလွ်င္ ဒီေန႔သည္ ေခ်ာကလက္စားရမည့္ေန႔ျဖစ္သည္။
အႏွစ္ေနာက္ကို ေခ်ာကလက္၊ပန္းစည္းလိုက္ေပးတဲ့သူမရွိပါ။ သို႔ရာတြင္ အႏွစ္ထိုင္သည့္ခုံမွာေတာ့ ေခ်ာကလက္ႏွင့္ပန္းစည္းတို႔စုၿပဳံေနေလသည္။
"အႏွစ္တို႔က စြံတယ္ေနာ္..."
"ငါဒီေလာက္ေခ်တာကို ေပးတဲ့သူေတြကရွိေသးတယ္ေနာ္ "
"ကုသိုလ္ကံကိုက ေကာင္းေနလို႔ေနမွာ..."
မြန္ေလးက စေႏွာက္သည္။ တစ္ကယ္ဆို မြန္ေလးက ပိုေခ်ာသည္။ သို႔ေသာ္ ေစ့စပ္ထားပါသည္ဆိုတဲ့ေခါင္းစီးေၾကာင့္ အတင္းလိုက္ႀကိဳက္သူမရွိပါ။ သို႔ေသာ္ ဒီေန႔မွာေတာ့ မြန္ေလးခုံေပၚမွာ ပန္းစည္းတစ္စည္းရွိေနပါသည္။
"ငါ့ကိုသာေျပာေနတာ နင့္ခုံမွာလည္း ပန္းစည္းေရာက္ေနတာပဲ"
"အဟမ္း ဘယ္သူပို႔တာပါလိမ့္..."
မြန္ေလးက ရင္ခုန္စြာျဖင့္ ပန္းစည္းကိုယူသည္။ ထိုပန္းေတြထဲမွာ ပို႔စ္ကတ္တစ္ခုလည္းပါသည္။ အႏွစ္ ထိုကတ္ကိုယူကာ အထဲမွာပါသည့္စာကို ဖတ္ျပလိုက္သည္။
"Forget me not တဲ့..."
"အစ္ကို!..."
ထို႔မွ်သာေျပာၿပီး မြန္ေလးသည္ အျပင္ကိုေျပးထြက္သြားပါသည္။
"အစ္ကို! မဟုတ္မွ.."
အႏွစ္နားလည္သြားရကာ မြန္ေလး ထိုအစ္ကိုကို ရွာေတြ႕ပါေစလို႔ဆုေတာင္းေပးမိသည္။ အစ္ကိုအရင္းျဖစ္သူနဲ႔ေစ့စပ္ထားေပမဲ့ မြန္ေလးေပ်ာ္ရမယ္ဆိုရင္ မြန္ေလးကိုလက္လႊတ္ခိုင္းမွာပါ။ ဒါကို ကိုႀကီးလည္း လက္ခံမွာပါ။
"ေဒါက္ ေဒါက္..."
တံခါးကို လာေခါက္သည့္အသံေၾကာင့္ၾကည့္လိုက္ေတာ့ အရင္တစ္ခါက ကင္းနဲ႔သူမကို ဘယ္လိုပတ္သတ္မႈလဲလို႔ေမးသည့္ ရေဝေသာ္။
"ဟုတ္ကဲ့ ဘာကိစၥရွိလို႔ပါလဲ..."
"ဟို ဘီခန္းက ထင္ရွားက အႏွစ္သာရကို ေျပာစရာရွိတယ္ဆိုၿပီး စာၾကည့္တိုက္ကိုခဏလာဖို႔ေျပာခိုင္းလိုက္တာ "
"ထင္ရွားကလား...."
"ဟုတ္တယ္ သြားလိုက္ဦးေနာ္"
အႏွစ္ေခါင္းၿငိမ့္လိုက္၏။ ေျပာစရာက စာၾကည့္တိုက္မွာမဟုတ္လည္းေျပာလို႔ရတာပဲ။ အခုေတာ့ စာၾကည့္တိုက္ကို တစ္ေယာက္တည္းသြားရေတာ့မည္။
သို႔ေသာ္ ရေဝေသာ္က မထြက္သြားေသးဘဲ သူမကိုစိုက္ၾကည့္ေနသည္။ လူကိုစိုက္ၾကည့္ေနတာထက္ လက္ထဲကပန္းကိုၾကည့္တာဆိုပိုမွန္ပါလိမ့္မည္။ အၾကည့္က ေအာက္ကိုေရာက္ေနတာေလ။
"ဘာလို႔လဲ..."
"မဟုတ္ဘူး ပန္းေလးေတြက လွလို႔!..."
ရေဝေသာ္က ထိုမွ်သာေျပာၿပီးထြက္သြားသည္။ သူမလည္း ထင္ရွားကိုေတြ႕ရန္အတြက္ ပန္းကို ေနရာတက်ျပန္ထားၿပီး အခန္းထဲမွထြက္ခဲ့ေတာ့သည္။
✿............✿...........✿
"စက္ဝန္း ေရာ့...မင္းအတြက္ အေအး..."
"Thank you..."
"အင္း "
ထင္ရွား အေအးကိုေသာက္ရင္းမွ ရယ္ခ်င္စိတ္ကို ထိန္းထားပါသည္။
"အကုန္ေသာက္ "
"ငါဘယ္တုန္းက မေသာက္လို႔လဲ "
"ေအးပါ "
ထင္ရွား အျပင္မွာတည္ေနေပမဲ့ စိတ္ထဲမွာေတာ့ ရယ္ရတာ ဗိုက္ေအာင့္ေနပါၿပီ။
"ငါတို႔စာၾကည့္တိုက္သြားရေအာင္"
ထင္ရွားစကားေၾကာင့္ စက္ဝန္းအံ့ဩသလိုၾကည့္လာသည္။ တစ္သက္နဲ႔တစ္ခါ ထင္ရွားပါးစပ္ကေန စာၾကည့္တိုက္သြားမယ္ဆိုတဲ့စကားၾကားရမယ္လို႔မထင္ထားမိပါ။ ဒီေန႔က်မွထူးထူးဆန္းဆန္း စာၾကည့္တိုက္သြားရေအာင္တဲ့။ သို႔ေသာ္ သူလည္းသြားစရာရွိတာေၾကာင့္...
"အင္း အေတာ္ပဲ ငါစာအုပ္အပ္ရမွာ "
"သြားၾကမယ္ ငါအႏွစ္ကို စာၾကည့္တိုက္မွာခ်ိန္းထားတာ ဖြင့္ေျပာမလို႔"
"ဘာ!"
"ငါမေန႔က အတည္ေျပာခဲ့တာ ဒါေၾကာင့္အႏွစ္ကိုေျပာမလို႔ မင္းသေဘာကေရာ ငါအႏွစ္ကို ဖြင့္ေျပာသင့္လား"
စက္ဝန္းဘက္ကအနည္းငယ္တိတ္ဆိတ္သြား၏။ ၿပီးမွ ဂ႐ုမစိုက္သည့္ပုံစံျဖင့္...
"မင္းသေဘာ မင္းအတည္သေဘာက်တယ္ဆို လိုက္ေပါ့..."
"ေအးကြာ ဒါေၾကာင့္ ငါ့ကိုကူညီေပးပါဦး..."
စက္ဝန္းဘက္ကဘာမွျပန္မေျဖ။
သို႔ျဖင့္ ႏွစ္ေယာက္သား စာၾကည့္တိုက္ကို ခ်ီတက္ျဖစ္ၾကသည္။
သို႔ေသာ္ ထင္ရွားက စာၾကည့္တိုက္ထဲမဝင္ခင္ ဗိုက္နာသည္ဟုဆိုကာ အိမ္သာအေျပးသြားခဲ့သည္။
"ဒါဆို မင္းဖြင့္ေျပာတာကေရာ"
"အႏွစ္ကို ခဏေစာင့္ခိုင္းထားလိုက္!.."
စက္ဝန္းေခါင္းခါရင္း အထဲကိုသာဝင္သြားပါေတာ့သည္။ ထို႔ေနာက္ ရပ္ေနက်ေနရာမွာ ရပ္ကာ ထင္ရွားကိုေစာင့္ရင္း စာထိုင္ဖတ္ေနပါေတာ့သည္။
✿............✿...........✿
အႏွစ္စာၾကည့္တိုက္ထဲ ဝင္လာေတာ့ ထင္ရွားမရွိပါ။ ထင္ရွားကိုသိလာေလ စေႏွာက္တတ္သူျဖစ္မွန္းသိလာတာေၾကာင့္ စေနတာလို႔စိတ္ထဲထင္ေနမိသည္။ မဟုတ္ရင္ ဘာေၾကာင့္ အႏွစ္ကို သီးသန႔္ေတြ႕ဖို႔ေခၚမွာလဲ။ ၿပီးေတာ့ ေျပာစရာရွိရင္ လူကိုယ္တိုင္လာခဲ့မွာပဲ။ ဘာလို႔ လူလႊတ္ၿပီး ေျပာခိုင္းမွာလဲ။
ထင္ရွားကိုမ်ား ေတြ႕မလားဆိုတဲ့စိတ္နဲ႔ ၾကည့္ရင္းၾကည့္ရင္းမွ ေထာင့္တစ္ေနရာမွာ လူတစ္ေယာက္ရပ္ေနတာေတြ႕လိုက္၏။
ဒါက ထင္ရွားအရပ္လည္းမဟုတ္ဘူး။ ေတြးေနစဥ္မွာ ထိုသူက ႐ုတ္တရက္ အႏွစ္ဘက္ကိုလွည့္လာသည့္အခါ...
"ကင္း!..."
"အႏွစ္!.."
အႏွစ္!.. ဒီလူ ႐ူးေနတာလား။ သူမကို အႏွစ္ဆိုၿပီး ရင္းရင္းႏွီးႏွီးေခၚလိုက္တာ။
"ရွင္ဘယ္လိုျဖစ္ၿပီးေရာက္ေနတာလဲ "
"ဒါက ဘယ္ေနရာလဲ "
"ရွင္ဘာျဖစ္ေနတာလဲ..."
"မူးေနတယ္ ပုံရိပ္ေတြက လည္ေနတယ္"
"ရွင္ ဘာေတြစားမိလို႔လဲ ေသြးတိုးတာလား...အငန္ေတြစားမိလို႔လား "
မူးေနတာလို႔ပဲေျပာေတာ့ အႏွစ္က ေသြးတိုးတယ္ထင္ၿပီး လန႔္သြား၏။
"ကိုယ္အေအးပဲေသာက္ထားတာ...ဘာလို႔မူးေနမွန္းမသိဘူး "
ေျပာရင္းမွ စင္ကိုမွီထားရာမွ တည့္တည္ရပ္ေတာ့ ယိုင္သြား၏။ အႏွစ္ သူ႔လက္ကိုလွမ္းထိန္းလိုက္ရသည္။ မဟုတ္ရင္ အႏွစ္ေပၚၿပိဳက်လာလိမ့္မည္။
"ရွင္အရမ္းမူးေနရင္ ကြၽန္မေဆးခန္းလိုက္ပို႔ေပးမယ္"
"ဟင့္အင္း...အဲ့လိုမူးတာမဟုတ္ဘူးထင္တယ္"
အႏွစ္က ကင္းကိုအဆြဲ ကင္းက သူမကိုအဆြဲနဲ႔ဆိုေတာ့ သူမတို႔ႏွစ္ဦး ပိုၿပီးနီးကပ္သြားသည္။
"အႏွစ္သာရ..."
"အင္း "
"အႏွစ္သာရဟုတ္ပါတယ္..."
"အင္း ကြၽန္မကိုဘယ္သူလို႔ျမင္ေနတာလဲ "
"အႏွစ္သာရပဲ..."
"အင္းလို႔ "
"နမ္းခ်င္တယ္!..."
"အင္း!.ဟင္! အြန႔္..."
႐ုတ္တရက္သူက ေခါင္းငုံ႔လာတာေၾကာင့္ ထိကပ္သြားသည့္ႏႈတ္ခမ္းႏွစ္စုံ။
အႏွစ္မ်က္လုံးတို႔ျပဴးသြားရ၏။
ဒီလူ ဘယ္လိုdramaေတြလာခ်ိဳးေနတာလဲ။
"ခ်ိဳတယ္...အဟင္း "
သူမဘာမွမေျပာရေသးခင္ ထပ္ၿပီးဖိကပ္နမ္းလာသည့္သူ။ ဒီတစ္ခါေတာ့ ထိကပ္ယုံမဟုတ္။ အေပၚႏႈတ္ခမ္းကိုေရာ ေအာက္ႏႈတ္ခမ္းကိုပါ စုပ္ယူနမ္းရႈိက္ေနသည့္သူ။
သူဘာလုပ္တာလဲ။ ႐ူးသြားၿပီလား။ မူးတယ္ေျပာၿပီး နမ္းေနတယ္။ သူမကလည္းၿငိမ္ခံေနမိတယ္။
ခဏၾကာမွ အႏွစ္သတိဝင္လာကာ သူ႔ကိုအတင္းတြန္းလႊတ္ေတာ့ လႊတ္ေပးလာ၏။
"ရွင္ဘာလုပ္တာလဲ "
"ေခ်ာကလက္အရသာေလး ဟြန႔္..."
ထိုမွ်သာေျပာၿပီး သူမကိုယ္ေပၚသို႔ သူ႔ကိုယ္ႀကီးၿပိဳက်လာပါသည္။
"စက္ဝန္းအလြန္ ရွင္သတိထားစမ္း...စက္ဝန္းအလြန္..."
သူမဘယ္လိုေခၚေခၚ ထူးမလာေတာ့ပါ။ သူမက ခဏၿငိမ္ခံေနမိတာကို ျပန္ေတြးမိကာ...
"ေတာက္စ္ နမ္းၿပီး အိပ္ေပ်ာ္သြားတယ္...ႏိုးလာရင္ေတာ့ တရားစြဲျပစ္မယ္"
အႏွစ္သာရသည္ ဒီႏွစ္ရဲ႕ Valentine Dayေန႔မွာ ေခ်ာကလက္၊ပန္းစည္းအျပင္ အနမ္းပါ ထပ္ေဆာင္းအပိုအေနနဲ႔ရလိုက္ပါသည္။
✿............✿...........✿
"ကြၽတ္ ေခါင္းကိုက္လိုက္တာ..."
စက္ဝန္းနားထင္ကို လက္နဲ႔ႏွိပ္ရင္းမွ တစ္ေယာက္တည္းညည္းလိုက္မိ၏။
သူေရာက္ေနတာ ကားထဲမွာ။ အဲ့တာထက္ သူ႔ကိုတစ္ေယာက္ေယာက္က စိုက္ၾကည့္ေနသလိုခံစားရ၍ ေရွ႕ကိုၾကည့္ေတာ့ Lover seatမွာထိုင္ေနသည့္အႏွစ္သာရ။
"မင္းဘယ္လိုေရာက္ေနတာလဲ..."
"မေမးခင္ ရွင္ဘာလုပ္ခဲ့လဲဆိုတာ အရင္စဥ္းစားပါဦး "
သူ႔မ်က္ဝန္းထဲ စာၾကည့္တိုက္ကိုဝင္ရာမွစ၍ နမ္းမိတဲ့အထိ ေပၚလာ၏။ သူ နမ္းၿပီးမွ မအိပ္ေပ်ာ္ရင္ ပါး႐ိုက္ခံရႏိုင္သည္မဟုတ္လား။ ထို႔ေၾကာင့္ သူအိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္လိုက္တာျဖစ္သည္။ ကားနားထိသူ႔ကို ထင္ရွားနဲ႔သူမ မႏိုင္မနင္းတြဲလာတာကိုလည္းသိသည္။
အႏွစ္သာရရဲ႕အၾကည့္အရ ဒီအေၾကာင္းကို အဆုံးထိ မသိခ်င္ေယာင္ေဆာင္တာက ပိုမွန္ပါလိမ့္မည္။ လူသတ္ေတာ့မဲ့အၾကည့္မ်ိဳးနဲ႔ၾကည့္ေနတာ။
ကဲ ဘာတတ္ႏိုင္ေသးလဲ ထင္ရွား။ မင္းအႏွစ္ကို ဖြင့္မေျပာလိုက္ရေတာ့ဘူး။
စိတ္ထဲကေန ထင္ရွားကို စကားေျပာလိုက္၏။
"ရွင္ဘာရယ္ေနတာလဲ"
"မဟုတ္ပါဘူး "
"ရွင္မွတ္မိတယ္မလား"
"ဟင့္အင္း ဘာကိုလဲ ငါဘယ္လိုျဖစ္ၿပီးအိပ္ေပ်ာ္သြားတာလဲ ဘာလို႔ကားထဲေရာက္ေနတာလဲ "
"မမွတ္မိဘူးလို႔ဆိုလိုတာလား"
"အင္း တစ္ကယ္မသိဘူး ငါဘာလို႔အိပ္ေပ်ာ္သြားတာလဲ မူးၿပီး ခ်ာခ်ာလည္ေနတာေတာ့သိလိုက္တယ္ အဲ့ေနာက္ပိုင္း မမွတ္မိေတာ့ဘူး "
အႏွစ္ဘာစကားမွမေျပာႏိုင္ေတာ့။ ေမ့ခ်င္ေယာင္ေဆာင္တာလား...တစ္ကယ္ပဲမမွတ္မိတာလား။ သူ႔မ်က္ဝန္းေတြကမွန္းရခက္ေန၏။
"ထားလိုက္ပါေတာ့ ကြၽန္မေျပာလိုက္မွ မဟုတ္ဘူးလို႔ျငင္းရင္ ကြၽန္မကပဲ လုပ္ႀကံေျပာတယ္ထင္ေနမယ္"
"မဟုတ္တာဆိုရင္ေတာ့ေျပာရမွာပဲ ငါက မူးရင္မဟုတ္တာေတာ့ မလုပ္ေလာက္ဘူး"
"အဟား ရွင္ေတာ့ေလ အဲ့တုန္းကေရာ အခုေရာ သတ္ခ်င္စရာေကာင္းေနတုန္းပဲ တစ္စက္မွအခ်ိဳးမေျပဘူး"
"ငါကအဲ့ေလာက္ထိခ်စ္စရာေကာင္းေနတာလား"
"ေတာ္ၿပီ ေတာ္ေတာ့...ဆက္မေျပာေတာ့ဘူး ကြၽန္မပဲ ေမ့လိုက္ေတာ့မယ္"
အႏွစ္ကေျပာၿပီးတာနဲ႔ကားေပၚကဆင္းဖို႔လုပ္သည္။ သို႔ေသာ္ မဆင္းခင္ စက္ဝန္းေျပာလိုက္တာက...
"ေတာင္းပန္ပါတယ္ မင္းကိုထိခိုက္ေစခဲ့ရင္..."
အႏွစ္ တစ္ခ်က္သာလွည့္ၾကည့္ၿပီး ထြက္သြားပါသည္။
အႏွစ္ထြက္သြားမွ သူ ၿပဳံးလိုက္မိသည္။
အႏွစ္သာရကို မသိခင္က သိခ်င္စိတ္ျဖစ္မိၿပီး တျဖည္းျဖည္းနဲ႔ပိုသိလာေတာ့လည္း ပိုပိုၿပီးစိတ္ဝင္စားလာသည္။
အစက မာနတခြဲသားနဲ႔ လူကိုမတူသလိုဆက္ဆံေပမဲ့ ေတြ႕ပါမ်ားေတာ့ ရင္းႏွီးလာသည္ထင္သည္။ ေခ်တာကလြဲရင္ အၾကည့္ေတြက ေျပာင္းလဲလာပါသည္။
"တစ္ကယ္ မင္းက ငါ့ကို ဖမ္းစားႏိုင္တယ္"
သူကားထဲကဆင္းၿပီး အတန္းဆီျပန္လာေတာ့ ထင္ရွားက မ်က္ေထာင့္နီႀကီးနဲ႔စိုက္ၾကည့္ေနသည္။ သူ မသိသလိုေနကာ မ်က္ႏွာတည္တည္ႏွင့္ပင္ ေဘးနားဝင္ထိုင္လိုက္သည္။
"မင္းေနာ္ မင္း!..."
အဟြန႔္ ဘာတတ္ႏိုင္ေသးလဲ ထင္ရွားသူရ။ မင္းေမႊးတဲ့မီးပဲ။ ခံေပါ့။
ေနာက္ဆုံးမွာေတာ့ ဂ်င္းထည့္ခံရသည့္သူက အႏိုင္ရသြားခဲ့ပါသည္။
✿............✿...........✿
စာေမးပြဲေျဖၿပီးေနာက္ တစ္ရက္မွာ သူတို႔အတူဆုံျဖစ္ၾကသည္။ အႏွစ္နဲ႔စက္ဝန္းက သူငယ္ခ်င္းျဖစ္သြားၾကပါသည္။ ဒါကလည္းစက္ဝန္းရဲ႕ေတာင္းဆိုမႈေၾကာင့္သာ။ သို႔ေပမဲ့ တစ္ခါတစ္ေလမွာ စကားႏိုင္လုၾကေသးသည္။
"ငါတို႔ ကိုႀကီးရဲ႕စားေသာက္ဆိုင္သြားရေအာင္"
အႏွစ္က အရင္ဆုံးစကားဆို၏။
"ဘားနဲ႔တြဲဖြင့္ထားတာမဟုတ္လား "
"အင္း ငါတစ္ခါမွမေရာက္ဖူးလို႔ သြားၾကည့္ခ်င္တာ"
"ေဖေဖသိရင္ ဆူခံရမယ္ထင္တယ္"
"မြန္ေလးကလည္း ငါပါတာပဲ ကိုႀကီးနဲ႔နင္ႏွစ္ေယာက္တည္းမွမဟုတ္တာ သူတို႔ႏွစ္ေယာက္လည္းပါမွာပဲ"
အႏွစ္က မြန္ေလးကို မရ၊ရေအာင္ေခၚဖို႔ရာအတြက္ ေရွ႕က ႏွစ္ေယာက္ကိုပါ ဆြဲထည့္ပစ္၏။
"လိုက္မယ္လို႔ေျပာမိလို႔လား "
"စက္ဝန္းအလြန္ "
သူမ အံႀကိတ္သံနဲ႔ေျပာေတာ့ သူက မ်က္ခုံးပင့္ျပသည္။
"ေနာ္!. မြန္ေလး ထင္ရွားလည္းပါတယ္ေလ..."
"ေနာ္လို႔."
"အင္း ဟုတ္ၿပီလိုက္မယ္...ဒါေပမဲ့ ခဏပဲေနာ္"
"ရတယ္! ငါကေရာက္ဖူးခ်င္ယုံပဲ
ထင္ရွားသြားမယ္ မလိုက္ခ်င္တဲ့သူကေတာ့ ေနခဲ့ေပါ့"
သို႔ေသာ္ စက္ဝန္းသည္ ထရပ္လိုက္ကာ...
"မလိုက္ဘူးလို႔လည္း မေျပာေသးဘူးေလ"
အႏွစ္ အသံတိတ္ေမတၱာပို႔လိုက္ပါသည္။ ဒီက်က္သေရတုံးေကာင္ကေတာ့။
ကိုႀကီးဆီေရာက္ေတာ့ ကိုႀကီးက ေႏြးေထြးစြာႀကိဳဆိုပါသည္။ အသက္ျပည့္ၿပီးသားသူေတြမို႔ ကိုယ့္ကိုကိုယ္ထိန္းႏိုင္ၿပီဆိုတာ နားလည္ပုံရသည္။
"ဒီႏွစ္ေကာင္ေပၚမလာတာ ၾကာၿပီလို႔ထင္ေနတာ...မြန္ေလးတို႔နဲ႔ဓာတ္က်ေနတာပဲ"
"ဟုတ္တယ္ ကိုမင္းထက္ မြန္ေလးတို႔အခုေတာ္ေတာ္ခင္ေနၾကပါၿပီ"
"ကိုႀကီးက အႏွစ္ကိုမျမင္ဘူးလား..."
"ဪ...ငါ့ညီမလည္းပါလာတာပဲ "
အႏွစ္ စုပုတ္ပုတ္နဲ႔ ကင္းေရွ႕ကိုဝင္ထိုင္ရသည္။ မထိုင္လို႔လည္းမရ။ ခုံအလႊတ္က ဒီတစ္ခုံပဲရွိသည္။
"ကိုႀကီးဆိုင္က ေရာင္းေကာင္းတာပဲ လူျပည့္ေနတာပဲ"
"အင္း အခုေနာက္ပိုင္းေရာင္းအားတက္လာတယ္"
"အေတာ္ပဲ ဘြဲ႕ရၿပီးရင္ ဒီမွာအလုပ္လာလုပ္ရမယ္..."
"မေခၚဘူး ဘြဲ႕ရၿပီးရင္ နင့္ကို ေယာက္်ားေပးစားမွာ"
"ကိုႀကီး! ေမေမ့ကိုဘာေတြခြၽန္ျပန္တာလဲ ခြၽန္မယ္မႀကံနဲ႔ေနာ္ ဘယ္ကေယာက္်ားလဲ မႀကိဳက္တဲ့သူနဲ႔ေပးစားရင္ အႏွစ္ထြက္ေျပးမွာ မယူဘူး"
"အံမယ္ နင့္လို ေခ်မိုးေနတဲ့သူကို ယူမဲ့သူမရွိမွာဆိုးလို႔ ေပးစားဦးမွာ"
"တစ္ေယာက္ရွိတယ္ ကိုမင္းထက္"
ထင္ရွားက ၿပဳံးစစႏွင့္ကိုဝင္ေႏွာက္၏။ စက္ဝန္းအျမင္အရ ထင္ရွားပုံစံက တစ္ကယ္ထင္၍ ေဒါသထြက္လာသည္။ ခုံေအာက္ကေန ေျခေတာက္နဲ႔လွမ္းကန္ေတာ့ သေကာင့္သားက ေရွာင္၏။
"ဘာလဲ အႏွစ္လို ေခ်ာတဲ့သူနဲ႔ယူရရင္ အဆင္ေျပတယ္"
အႏွစ္ကေတာ့ဘာမွမသိသလို မ်က္ႏွာလႊဲသြား၏။
"အစ္ကိုေလး လူေတြက အစ္ကိုနဲ႔ေတြ႕ခ်င္လို႔တဲ့ဗ်..."
Waiterတစ္ေယာက္က ကိုႀကီးကိုလာေခၚ၏။ ထို႔ေၾကာင့္ ကိုႀကီးသည္ ဟင္းလ်ာေတြကိုမွာေပးၿပီး သြားခဲ့သည္။
"ငါတို႔ပုံ႐ိုက္ရေအာင္..."
ထင္ရွားက ဖုန္းကိုပါတစ္ခါတည္းထုတ္ရင္းေျပာသည္။
"အိုေခ..."
.
.
.
ဒီလိုနဲ႔ ကိုႀကီးရဲ႕ဆိုင္မွာ သူမတို႔ ညေနခင္းအခ်ိန္ကိုကုန္ဆုံးခဲ့ပါသည္။
အျပန္က် လူရႈပ္ေန၍ တစ္ေယာက္နဲ႔တစ္ေယာက္တိုက္မိႏိုင္တာမ်ိဳးရွိ၍ စက္ဝန္းသည္ အႏွစ္ရဲ႕ေနာက္မွာ ထပ္ၾကပ္မကြာရွိေန၏။ သူမကေတာ့ လွည့္မၾကည့္တာမို႔ သိမွာမဟုတ္ေပ။
✿............✿...........✿
ဆက္ရန္