🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(5)
"အနှစ် အိပ်ရေးမဝဘူးလားဟင် မျက်ကွင်းတွေညိုနေတယ် "
အနှစ်ဘာမှပြန်မပြောဘဲ ပါးစပ်ကိုလက်နဲ့အုပ်ကာ သမ်းဝေလိုက်၏။ ပြီးမှ...
"ဟုတ်တယ် မနေ့က အိပ်တာနောက်ကျသွားတယ်..."
ဘာကြောင့်နောက်ကျတယ်ဆိုတာတော့ မပြောဖြစ်။
"အရမ်းအိပ်ချင်နေရင် အတန်းမတက်တော့နဲ့...ငါ့ကားထဲမှာ အိပ်နေလိုက် "
"အင်း နေ့လည်ပိုင်းမတက်တော့ဖို့စဉ်းစားထားတယ်..."
"အင်း တီချယ်အရေးကြီးတာပြောရင် မှတ်ထားပေးမယ်"
"အင်း..."
"ခဏလေးနော် ငါဗိုက်နာလာလို့...ကားသော့က အိတ်ထဲမှာရှိတယ် ယူသွားလိုက် "
"အင်း "
"တွီ!.."
အနှစ်က မွန်လေးကားထင်၍ ဝင်လာလိုက်ပေမဲ့ တစ်ကယ့်ကားပိုင်ရှင်သည် ရှေ့ခန်းမှာ ဖုန်းပြောနေလျက်ရှိသည်။
"မင်း ဘာလို့ဝင်လာတာလဲ "
ရုတ်တရက်ကြီးဝင်လာတာမို့ စက်ဝန်းတားချိန်မရှိလိုက်။ ဒီနေ့မှ သူကလည်းကားတံခါးကို လော့မချထားမိ။ သူမကိုကြည့်လိုက်တော့ အတော်အိပ်ချင်နေပုံရသည်။ ဘာစကားမှတောင်မပြောနိုင်တော့။
"ဘယ်သူလဲ စက်ဝန်း "
"ဘေဘီ ငါလုပ်စရာရှိလို့ ဖုန်းချပြီ"
"အဲ့မိန်ကလေးက! အင်းပါ..နောက်မှပြန်ခေါ်မယ်"
ဘေဘီက အရေးကြီးတယ်ထင်ပြီး Video callကို အဆုံးမသတ်ချင်၊သတ်ချင်နဲ့ချသွားပါသည်။
"Ring..."
ဖုန်းသံသည် သူမရဲ့ဖုန်းဆီမှလာတာဖြစ်သည်။ အိပ်ပျော်နေပြီထင်နေပေမဲ့ သူမသည် ဖုန်းကိုကိုင်လိုက်ပါသည်။
"ဟဲလို..."
"အနှစ် နင်ဘယ်မှာလဲ "
"ကားထဲမှာ အိပ်နေပြီလေ...နင့်ကိုပြောခဲ့တာကို"
"မဟုတ်ဘူး ဘယ်ကားထဲလဲ နင် ကားသော့နဲ့ဆိုင်ကယ်သော့မှားယူသွားတယ် အနှစ်ရဲ့"
"ဟင်းဟင်း မဟုတ်ပါဘူး ကားသော့မှန်ပါတယ် ကားထဲတောင်ရောက်နေပြီ နင်ပါအိပ်ချင်နေတာလား ဟင်း"
"မဟုတ်...ဘယ်ကား...ဟဲလို "
ဖုန်းကျသွားပြီမလို့ မွန်လေးပြာယာခတ်သွားပါသည်။ အနှစ်ကကားထဲရောက်နေပြီတဲ့။ သူမကားသော့ကဒီမှာမို့ ဘယ်ကားထဲမှာများဝင်အိပ်နေပါသလဲ။
"ဒုက္ခပါပဲ အနှစ်ရယ်..."
မွန်လေး ကားရှိရာဆီကိုသာလာခဲ့ပါတော့သည်။
တစ်ဖက်က စက်ဝန်းသည်လည်း အနှစ်ပုံစံကိုကြည့်ပြီး အံ့ဩနေပါသည်။
"အနှစ်သာရ..."
"ဟေ့..."
"ဖုန်းကိုင်လိုက်ဦး "
"အင်း..."
အင်းလို့ပြန်ဖြေလာသည့်သူမက မျက်လုံးတော့ပွင့်မလာခဲ့ပါ။
"အနှစ်သာရ...ကျစ်! "
"Ring..."
သူမဖုန်းထပ်မြည်ပြန်ပြီ။ သူကားပေါ်မှဆင်းကာ ထင်ရှားကို ဖုန်းဆက်ဖြစ်သည်။ ရည်ရွယ်မွန်ဖုန်းနံပါတ်ကိုသူမသိ။ သို့သော် ထင်ရှားဖုန်းမကိုင်ခင်မှာပဲ ကားစတန်းဘက် အမောတကောပြေးလာသည့် ရည်ရွယ်မွန်ကို တွေ့လိုက်ရသဖြင့် ဖုန်းကိုပိတ်လိုက်သည်။
"ရည်ရွယ်မွန်..."
"ဪ ကိုစက်ဝန်း အတော်ပါပဲ...ဟမ်း အနှစ်ကိုတွေ့မိသေးလား..."
"ဟိုမှာ အိပ်နေတယ်"
သူလက်ညိုးထိုးပြရာက မွန်လေးကားနှင့်တစ်ပုံစံတည်းတူသည့်ကားကို။
"အနှစ်!...မဟုတ်မှ အနှစ်က အထဲမှာ..."
သူခေါင်းငြိမ့်ပြတော့ လန့်သွားသည့် ရည်ရွယ်မွန်။
"တောင်းပန်ပါတယ်ရှင် အနှစ်က အရမ်းအိပ်ချင်သွားလို့ပါ...တောင်းပန်ပါတယ် "
"ငါနိုးတာ နိုးမရဘူး "
"အနှစ်က အဲ့လိုပဲ...အရမ်းအိပ်ချင်ရင် ဘယ်လိုနိုးနိုးမရဘူး...တောင်းဆိုပါတယ် အနှစ်ကို ဒီမှာပဲ ခဏပေးအိပ်ပါလား ကိုစက်ဝန်းပြန်တဲ့အချိန်ကျရင် နိုးပေးပါမယ် တစ်နာရီလောက်အိပ်ရရင်ကို ရပါပြီရှင်"
ကင်းသည် အတော်အတန်ကြာသည်အထိ ပြန်မဖြေ။
"ဒါဆို ပွေ့ချီပြီး မွန်လေးကားထဲထည့်ပေးဖို့!."
ကျစ်!..
"ကူညီပါရှင်"
"ဒီမှာပဲအိပ်ပါစေ တော်တော်အိပ်ချင်နေပုံပဲ"
မွန်လေးမျက်နှာငယ်လေးနဲ့ အထပ်ထပ်အခါခါတောင်းဆိုမှ လက်ခံသွားတော့သည်။
"ကိုစက်ဝန်း အတန်းတက်မှာဆိုသွားနော် မွန်လေးပဲစောင့်နေပါမယ် "
"ငါက နှစ်နာရီမှအတန်းရှိတာ...မင်းအတန်းရှိရင်သွားလေ "
"ဟုတ်ကဲ့ ဒါဆို အကူအညီတောင်းပါတယ် ကိုစက်ဝန်း"
ကင်းကိုနှုတ်ဆက်ကာမွန်လေး အတန်းရှိရာဘက်ဆီပြန်လာခဲ့တော့၏။ မကြာခင်နိုးလာတော့မည့် အနှစ်အစား မွန်လေးရင်လေးမိပါသည်။
"မကြီးအနှစ်သာရ နင်နိုးလာရင်တော့လေ..."
✿............✿...........✿
အနှစ် နေ့လည်(၁၂)နာရီတွင်အိပ်ရာမှ နေ့လည်(၂)နာရီမှာ နိုးလာခဲ့ပါသည်။ အတန်းဆီသွားဖို့ ထထိုင်လိုက်ပြီး မျက်လုံးဖွင့်လိုက်လျှင် သူမကိုမှန်ကနေ စိုက်ကြည့်နေသည့် စက်ဝန်းနဲ့အကြည့်ချင်းဆုံသွားပါသည်။
အနှစ် မျက်လုံးကို ပွတ်သပ်လိုက်ပြီး ပါးစပ်ကိုပါ တစ်သျှူးအမြန်ထုတ်ပြီးသုတ်ရ၏။
"ရှင်ဘာလို့ဒီထဲရောက်နေတာလဲ "
"မင်းကိုမေးရမှာ "
"ရှင်!...ဒါက မွန်လေးကား "
"ကားသော့ကိုသေချာကြည့်လေ ဆိုင်ကယ်သော့နဲ့ကားသော့ မှားယူတာ ကားကိုဖွင့်လို့ရပါ့မလား"
"ဟင်! "
အနှစ် ယူလာသည့်သော့ကို အမြန်ယူကြည့်တော့ ကားသော့မဟုတ်ပေ။ နှိပ်ကြည့်သည့်အခါ ဘာအသံမှထွက်မလာ။ သူမတစ်ကယ်ပဲမှားယူခဲ့တာလား။
ထိုအချိန်က အိပ်ချင်နေတာမို့ ကားသော့နဲ့ဆိုင်ကယ်သော့ မခွဲနိုင်တော့ဘဲ စမ်းမိစမ်းရာသော့သာယူခဲ့မိတာဖြစ်မည်။ မွန်လေးဆိုင်ကယ်သော့က ကားသော့နဲ့ဆင်မယ်လို့လည်း မထင်မိ။ ပြီးတော့ စီးမလာတဲ့ဆိုင်ကယ်သော့ကိုဘာလို့ယူလာမှာလဲ။
ကားတံခါးဖွင့်လို့ရတော့ နောက်ခန်းထဲကို ဝင်ထိုင်လိုက်ရင်းမှ တစ်ခါတည်း လဲချမိတော့သည်။ အဲ့တုန်းက အိပ်ချင်တာပဲသိ၍ မစူးစမ်းတော့ဘဲ လဲချမိတာ။
"ဒါက!...ဆောရီး ကျွန်မအရမ်းအိပ်ချင်နေတာနဲ့ ပြီးတော့ ကားတံခါးကလည်းပွင့်သွားတော့ သတိမထားမိတော့တာ "
"ဒါနဲ့ပဲ တွေ့ရာကားထဲဝင်အိပ်စရာလား အရှေ့မှာ လူရှိ၊မရှိမင်းစစ်ကြည့်သင့်တယ်...ငါမဟုတ်တဲ့တခြားသူဆို ဘယ်လိုလုပ်မလဲ အရမ်းအိပ်ချင်နေတယ်ဆိုရင်တောင် ဒါလေးတော့ သတိထားရမှာမဟုတ်လား"
"ဘာလို့ ကျွန်မကို ဆရာလိုလာဆူနေတာလဲ...အရမ်းအိပ်ချင်နေတာကို ဘယ်လိုကြည့်နိုင်တော့မှာလဲ ပြီးတော့ ရှင် ကျွန်မကို နိုးရင်ရတာပဲမလား"
"ငါ မင်းကို နိုး၊မနိုး သေချာစဉ်းစားဦး..."
သူ့စကားကြောင့် အနှစ်အတွေးထဲဝင်လာသည်က ဝါးတားတားပုံရိပ်တစ်ချို့။ သူမဖုန်းတောင်ဖြေလိုက်သလိုပဲ။ ဒါပေမဲ့ တောင်းပန်ပြီးတာတောင် ဆူနေသေးသည့်ကင်းကြောင့် စိတ်တိုလာ၏။ သူမအိပ်ရေးပျက်ရတာ ဘယ်သူ့ကြောင့်မို့လို့လဲ။
"ကျွန်မအိပ်ရေးပျက်တာက ဘယ်သူကြောင့်လဲ..."
"မင်းအိပ်ရေးပျက်ရတဲ့အကြောင်းအရင်းက ငါလား..."
ကင်းက မျက်မှောင်ကြီးကြုတ်ကာ မေးလာ၏။
"ဟုတ်တယ် ရှင့်ကြောင့်...ရှင့်လို ဖော်လိုဝါမီလီယံရှိနေတဲ့သူက ကျွန်မကိုလာအပ်လို့ အိပ်ရေးပျက်တာ ရှင်းပြီလား...ကျွန်မကားမှားဝင်မိလို့ တောင်းပန်တယ် ဒါဆို ရပြီမလား အမေးအမြန်းကထူချက်ပဲ စကားအရမ်းပေါတယ်"
အနှစ် အမြင်ကပ်လွန်း၍ ထိုသို့ပြောပြီးထွက်လာခဲ့ပါတော့သည်။
သူလာအပ်တာကအရေးမကြီးဘူး။ သူမကို လူတွေစိတ်ဝင်စားလာကြတယ်။ အခုဆို သူမအကောင့်မှာ တစ်နာရီအတွင်း ဖော်လိုဝါတစ်သောင်းတောင်တိုးလာနေပြီ။ စိတ်ညစ်လိုက်တာ။
"တွင် တွင်..."
Notiဝင်လာတာကြည့်မိတော့ "ဘေဘီရတီ"ဆိုသည့် အကောင့်။ ပုံက ကင်းရည်းစားနဲ့တူတယ်။ နေပါဦး ဘေဘီရတီ...ကင်းရဲ့ရည်းစားပဲ။
အကောင့်လက်ခံလိုက်သည်နှင့် Messengerမှာ တန်းပြီစာဝင်လာသည်။
*မင်းက တို့ကောင်လေးနဲ့ဘယ်လိုပတ်သတ်မှုလဲ တို့သိချင်တယ်*
*ဘာပတ်သတ်မှုမှမရှိလို့ ဖြေစရာမလိုဘူးလို့ထင်ပါတယ် မဘေဘီရတီ*
*အာ မင်းက တို့ကောင်လေးကိုစိတ်ဝင်စားနေတာပဲ...တို့ဘယ်သူလဲလို့တောင်မမေးဘဲ မဟုတ်ဘူးလို့တန်းဖြေတယ် ကြည့်ရတာ မင်း တို့အကြောင်းကို စုံစမ်းထားပုံပဲ*
ဘယ်လိုတောင် ကိုယ့်ကိုကိုယ်အထင်ကြီးနိုင်တာလဲ။ သူ့အကြောင်းစုံစမ်းထားတယ်ဆိုပဲ။ အမှန်က ဖော်လိုဝါမီလီယံချီရှိတဲ့ဆယ်လီမို့ မှတ်မိခြင်း။ Welcomeနေ့ကမှ လောလောလတ်လတ်သိထားတာလေ။
*ရှင်တို့အကြောင်းက စုံစမ်းစရာမလိုအောင် ကျွန်မရှေ့မှာ ဖြတ်သွားတာပါ...ပြီးတော့ သေချာမသိဘဲနဲ့ စကားပြောတာဘောင်မကျော်ပါနဲ့...ကျွန်မက အဲ့လိုမျိုးဆို အရမ်းအမြင်ကပ်တာ...ရှင်ပိုင်တာသေချာရင် စိတ်ချထားရမှာမဟုတ်လား...သေချာမသိဘဲနဲ့ ကျွန်မကို လာမရှုံ့ချပါနဲ့ ကျွန်မက ရှင့်ကောင်လေးကိုစိတ်မဝင်စားပါဘူး ရှင်တို့ကိစ္စရှင်တို့ဘာသာရှင်းပါ*
အနှစ်စာကို replyပြန်မလာတော့ဘဲ blockသွားသည့် ကင်းရည်းစားဆိုသူ။
"ဝါး...အိပ်ချင်စိတ်ပျောက်သွားပြီ"
အနှစ်ကတော့ ကင်းကိုရော၊ ဘေဘီရတီကိုပါ ပြန်ပြီး unfriendမလုပ်ပါ။ သူတို့စတဲ့ဇာတ်လမ်းသူတို့ပဲ အဆုံးသတ်သင့်တာမဟုတ်လား။ မှန်နေတဲ့သူက ဘာကိုမှမကြောက်ဘူး။
✿............✿...........✿
*စက်ဝန်း ဒါကဖြစ်သင့်ရဲ့လား...သူခိုးကလူပြန်ဟစ်နေတယ်*
ညပိုင်းမှာ ဘေဘီသည် သူ့ကို Screen-shotတစ်ခုနဲ့အတူ စကားစပြောပါသည်။
သူသေချာကြည့်မိလျှင် တစ်ဖက်က မိန်းကလေးက အနှစ်သာရဖြစ်နေသည်။ သူစာကိုဖတ်ကြည့်တော့ ပြုံးမိသွားရ၏။
*ဒါက မှန်တာပဲ ငါ့ကိုယုံရင် မင်း သူ့ကိုဘာမှသွားပြောစရာမလိုဘူး ပြီးတော့ သူနဲ့ငါက ဖက်လှဲတကင်းနေနေကြတာလည်းမဟုတ်ဘူး ငါနဲ့အနှစ်က သူငယ်ချင်း သူငါ့ကားထဲဝင်လာတာအဆန်းမှမဟုတ်တာ*
*စက်ဝန်းက သူ့ဘက်ကလား ကိုယ့်ကောင်လေးရဲ့ကားထဲမှာ သူ့ကိုမြင်လိုက်ရတာကို မေးခွန်းမထုတ်သင့်ဘူးလား ပြီးတော့ စတိတ်စင်ပေါ်က စက်ဝန်းတို့ပုံတွေအများကြီးတက်လာတာကို မတွေးဘဲ မနေနိုင်ဘူး*
*ဒါဆို ငါ့ကိုမေးလေ...ဘာလို့သူ့ကို သွားပြောရတာလဲ *
*စက်ဝန်းက သူ့ကိုပြဿနာသွားရှာလို့ စိတ်တိုတာလား*
*ငါတစ်ယောက်နဲ့လမ်းမခွဲခင် နောက်တစ်ယောက်နဲ့မတွဲဘူးဆိုတာ မသိဘူးလား ငါကမင်းလိုမဟုတ်ဘူး ငါနဲ့တွဲနေတာတောင် မင်းက နောက်တစ်ယောက်ထပ်ထားသေးတာပဲ တစ်ကယ်ဆို အနှစ်က ငါတို့နဲ့ဘာမှမပတ်သတ်တဲ့သူတစ်ယောက်*
*ဘာ စက်ဝန်း ဒါက.မမှန်ဘူးနော်...*
*ငါတို့လမ်းခွဲမယ် မတွဲတော့ဘူး...အကြောင်းပြချက်က မင်းက ငါနဲ့မကိုက်ညီဘူး*
*ဘာ!...စက်ဝန်း ရှင်လမ်းခွဲနေတဲ့သူက ပေါ်ပျူလာကွင်းနော် ကျွန်မကို ပေါ့သေးသေးထင်နေတာလား *
*ဒါဆို မင်းက ပေါ်ပျူလာကင်းနဲ့ပဲတွဲသင့်တာပေါ့...ငါကလမ်းခွဲပေးမယ် ဘိုင့်ဘိုင် *
*ကောင်းပြီ ကျွန်မလိုလူက ဘာလို့ဆွဲထားရမှာလဲ ရှင် ကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်*
*Thanks..ဘေဘီ *
*မလိုပါဘူး ရှင် အဲ့မိန်းကလေးနဲ့မှ ဝဋ်လည်လိမ့်မယ်စက်ဝန်း *
*မင်းအကြံပေးစရာမလိုပါဘူး *
ဒီလိုဖြင့် စက်ဝန်းနဲ့ဘေဘီတို့ရဲ့ဆက်ဆံရေးသည် အနှစ်ကြောင့် ပျက်သွားခဲ့ပါသည်။ စက်ဝန်းက အနှစ်ကြောင့်လို့လုံးဝမထင်ပေမဲ့ ဘေဘီကတော့ အနှစ်ကြောင့်လို့ထင်ကာ အနှစ်ကို မုန်းနေပါလိမ့်မည်။
ထိုအမုန်းကြောင့် ဘေဘီလုပ်လိုက်သည့်အရာသည်...
✿............✿...........✿
နောက်တစ်ရက် အနှစ် ပုံမှန်အတိုင်း ကန်တင်းကိုသွားဖြစ်ပါသည်။ ပုံမှန်မဟုတ်တာက မွန်လေးနောက်ကျနေခြင်းဖြစ်သည်။ အနှစ်ဗိုက်ဆာနေပြီမို့ ကန်တင်းမှာပဲစောင့်ဖို့ဆုံးဖြတ်လိုက်ပါသည်။
"မောင်လေး အစ်မကို လက်ဖက်ထမင်းနဲ့ကြက်ဥကြော်ပဲပေးပါ...မွှေကြော်နော် "
"ဟုတ်ကဲ့ဗျ "
ဒီနေ့ အနှစ်က အဝါရောင်ချည်သားဝမ်းဆက်ကိုဝတ်ထားတာဖြစ်သည်။ ဆံပင်ကို မြှောက်စီးထားပြီး သနပ်ခါးပါးပါးလေးလိမ်းထားသည်။
မိတ်ကပ်ထက် သနပ်ခါးကိုပိုကြိုက်တာကြောင့် သနပ်ခါးပဲလိမ်းဖြစ်သည်။
ဒီနေ့ ပုံမှန်ဝတ်စားလာပေမဲ့ လူတွေကတော့ထူးဆန်းစွာကြည့်နေသည်။ သို့သော် အထွေထွေအထူးထူးဂရုမစိုက်မိတော့။ ဒီရက်ပိုင်း စောင့်ကြည့်ခံဖြစ်နေတာပဲ။
ခဏကြာတော့ မှာထားသည့် အစားရောက်လာသည်။ သံပရာရည်တစ်ခွက်ထပ်မှာလိုက်ကာ လက်ဖက်ထမင်းကို စားနှင့်ပါသည်။
"Ring..."
မွန်လေးဆက်လာခြင်း။
"ဟဲလို မွန်လေး ငါကန်တင်းရောက်နေပြီလာခဲ့တော့"
"နင် မနက်က လိုင်းသုံးဖြစ်သေးလား"
"ဟင့်အင်း ခဏနေမှတက်မှာ ဘာဖြစ်လို့လဲ"
"လိုင်းပေါ်မှာ နင့်ကို ဆဲဆိုထားကြတယ်...နင်က ကိုစက်ဝန်းနဲ့ဘေဘီရတီကြားထဲဝင်နှောက်တဲ့ စနိုက်ကြော်ဆိုပြီး နင့်ကြောင့် ဘေဘီနဲ့ကိုစက်ဝန်းကလမ်းခွဲရတယ်ဆိုပြီးပြောနေကြတယ် ဘေဘီရတီတင်ထားတာက နင့်ကိုတိုက်ရိုက်မပြောပေမဲ့ ရှိုးလျှောက်တာ ပါတနာလို့ပြောထားတော့ နင်မှန်းသိသွားကြတာ"
"......."
ခဏက ထူးဆန်းသလိုကြည့်နေကြသည့်အကြည့်တွေ။ ထိုအကြည့်တွေက အနှစ်ကို စက်ဆုပ်ရွံရှာမှုတွေ ပါဝင်နေတာပေါ့။ သူမ အငွေ့လိုသာပျောက်ကွယ်သွားလိုက်ချင်ပါတော့သည်။
ထိုစဉ် သူမမျက်လုံးထဲ ဝင်ရောက်လာသူက ကင်း။ သူသည် သူမဆီကို တည့်တည့်လျှောက်လာနေသည်။
"အဟွတ်!.."
"ဟဲလို အနှစ် နင်ကြားလား...ငါအခုချက်ချင်းကန်တင်းကိုလာခဲ့မယ် "
မွန်လေးအမေးကိုပြန်မဖြေအားတော့။ သူမမျက်စိရှေ့က သူ့ကိုသာ မုန်းတီးစွာကြည့်နေမိတော့သည်။ အရေးထဲ ထမင်းက နင်သွားသေးသည်။
"ထ!...သွားမယ် "
"အဟွတ်!..ကျွန်မကို မထိနဲ့...ရှင့်ရည်းစားအထင်လွဲမယ်"
သူမဖယ်ရှောင်လိုက်ရင်း ကျသင့်ငွေကိုစားပွဲပေါ်၌သာတင်ထားပြီး ထွက်ခဲ့၏။ သူကတော့ နောက်မှ ထပ်ကြပ်မကွာလိုက်လာပါသည်။
"အနှစ်သာရ..."
လူရှင်းသည့်နေရာရောက်မှ သူမရပ်လိုက်သည်။ ပြီးနောက် ကင်းဘက်ကိုလှည့်ကာ...
"ကျွန်မက ဘေဘီရတီကိုပြောခဲ့တယ် ရှင်တို့ကိစ္စ ရှင်တို့ဘာသာရှင်းပါလို့...အခုရှင်းလိုက်တဲ့ကိစ္စက ကျွန်မကို သိက္ခာချဖို့လား စနိုက်ကြော်တယ်...ကျွန်မဘဝတစ်လျှောက်မှာ ဒီလိုတစ်ခါမှ မပြောခံရဖူးဘူး ကျွန်မရှက်လွန်းလို့...ကျွန်မဘယ်လိုနေရမလဲတောင်မသိဘူး ကျွန်မ. ကျွန်မက ရှင်တို့အပေါ်ဘာတွေများလုပ်မိလို့လဲ"
ပြောပြီး အနှစ်မျက်ရည်တွေမကျအောင် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သိမ်းဆည်းသည်။ လှိုက်တက်လာသည့်ဒေါသကို ပြန်မျိုချရသည်။
"မဟုတ်ဘူး ဘေဘီဘာသဘောနဲ့ ဒီလိုတင်လဲ ငါမသိဘူး ငါလည်းအခုမှသိတာ သိသိချင်း မင်းနောက်လိုက်လာတာ ငါကဖြေရှင်းပေးမယ်"
အနှစ်ဘာမှမပြောဘဲ မျက်နှာလွှဲလိုက်မိ၏။ သူ့ကြောင့် သူမရဲ့မာနနဲ့သိက္ခာဟာ...
စက်ဝန်းသည် ချက်ချင်းပင် ဘေဘီကိုဖုန်းခေါ်ပါသည်။
"ဘေဘီ မင်းပို့စ်ကို အခုချက်ချင်းဖျက်ပြီး ရှင်း...နောက်ငါးမိနစ်နေလို့မှ ဒီတိုင်းပဲဆက်ရှိနေတယ်ဆိုရင် မင်းအကောင့်တစ်နာရီအတွင်းပျောက်သွားစေရမယ် ငါတို့အကြောင်းကိုလည်းအမှန်အတိုင်းတင်မယ် "ဟုပြောကာ ဖုန်းချလိုက်ပါသည်။
မကြာပါ။ ဘေဘီသည် စက်ဝန်းနှင့်သူမတို့သည် တစ်ဦးနဲ့တစ်ဦးနားလည်မှုမပေးနိုင်၍ လမ်းခွဲခဲ့ကြောင်း၊ တတိယလူမရှိကြောင်း ရှင်းလင်းစွာပြန်တင်ခဲ့ပါသည်။ ပြောရမယ်ဆိုရင် အနှစ်မှာလုံးဝအပြစ်မရှိကြောင်း။
"မင်းဖုန်းပေး!..."
"ဘာလုပ်မလို့လဲ "
"မက်ဆေ့ခ်ျတွေကိုဖျက်ပေးမလို့"
"မလိုဘူး ကျွန်မဘာသာဖျက်နိုင်တယ်"
သူမ ကင်းနဲ့ဝေးဝေးနေမှရမည်။ ဒါမှ ဒီလိုထပ်မဖြစ်မှာ။ နောက်တစ်ခါသာတင်ခံရရင် သူမမေ့လဲသွားလောက်သည်။
"အနှစ်..."
သူမခြေလှမ်းတွေရပ်သွား၏။ ကင်းဆီက အနှစ်လို့ခေါ်ခံရတော့ အံ့ဩသွားတာဖြစ်သည်။
"တောင်းပန်ပါတယ်...ငါ့ကြောင့် "
သူမပြန်မလှည့်ကြည့်ခဲ့ပါ။ ရှေ့ကိုပဲ ဆက်လျှောက်ခဲ့သည်။ သူမသည် ပြတ်သားသူဖြစ်၍...
စက်ဝန်းသည် ထွက်သွားသူ၏ ကျောပြင်ကို တစိုက်တမတ်ကြည့်နေ၏။ ထိုနောက် တီးတိုးရေရွတ်လိုက်သည်က...
"ငါ မင်းကို စိတ်ဝင်စားနေပြီထင်တယ်"
မဟုတ်ဘူး။ အစကတည်းက ဘယ်သူနဲ့မှမတူလို့စိတ်ဝင်စားခဲ့တာ။ အခုက ပိုလို့တောင်စိတ်ဝင်စားနေပြီ။
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(5)
"အႏွစ္ အိပ္ေရးမဝဘူးလားဟင္ မ်က္ကြင္းေတြညိဳေနတယ္ "
အႏွစ္ဘာမွျပန္မေျပာဘဲ ပါးစပ္ကိုလက္နဲ႔အုပ္ကာ သမ္းေဝလိုက္၏။ ၿပီးမွ...
"ဟုတ္တယ္ မေန႔က အိပ္တာေနာက္က်သြားတယ္..."
ဘာေၾကာင့္ေနာက္က်တယ္ဆိုတာေတာ့ မေျပာျဖစ္။
"အရမ္းအိပ္ခ်င္ေနရင္ အတန္းမတက္ေတာ့နဲ႔...ငါ့ကားထဲမွာ အိပ္ေနလိုက္ "
"အင္း ေန႔လည္ပိုင္းမတက္ေတာ့ဖို႔စဥ္းစားထားတယ္..."
"အင္း တီခ်ယ္အေရးႀကီးတာေျပာရင္ မွတ္ထားေပးမယ္"
"အင္း..."
"ခဏေလးေနာ္ ငါဗိုက္နာလာလို႔...ကားေသာ့က အိတ္ထဲမွာရွိတယ္ ယူသြားလိုက္ "
"အင္း "
"တြီ!.."
အႏွစ္က မြန္ေလးကားထင္၍ ဝင္လာလိုက္ေပမဲ့ တစ္ကယ့္ကားပိုင္ရွင္သည္ ေရွ႕ခန္းမွာ ဖုန္းေျပာေနလ်က္ရွိသည္။
"မင္း ဘာလို႔ဝင္လာတာလဲ "
႐ုတ္တရက္ႀကီးဝင္လာတာမို႔ စက္ဝန္းတားခ်ိန္မရွိလိုက္။ ဒီေန႔မွ သူကလည္းကားတံခါးကို ေလာ့မခ်ထားမိ။ သူမကိုၾကည့္လိုက္ေတာ့ အေတာ္အိပ္ခ်င္ေနပုံရသည္။ ဘာစကားမွေတာင္မေျပာႏိုင္ေတာ့။
"ဘယ္သူလဲ စက္ဝန္း "
"ေဘဘီ ငါလုပ္စရာရွိလို႔ ဖုန္းခ်ၿပီ"
"အဲ့မိန္ကေလးက! အင္းပါ..ေနာက္မွျပန္ေခၚမယ္"
ေဘဘီက အေရးႀကီးတယ္ထင္ၿပီး Video callကို အဆုံးမသတ္ခ်င္၊သတ္ခ်င္နဲ႔ခ်သြားပါသည္။
"Ring..."
ဖုန္းသံသည္ သူမရဲ႕ဖုန္းဆီမွလာတာျဖစ္သည္။ အိပ္ေပ်ာ္ေနၿပီထင္ေနေပမဲ့ သူမသည္ ဖုန္းကိုကိုင္လိုက္ပါသည္။
"ဟဲလို..."
"အႏွစ္ နင္ဘယ္မွာလဲ "
"ကားထဲမွာ အိပ္ေနၿပီေလ...နင့္ကိုေျပာခဲ့တာကို"
"မဟုတ္ဘူး ဘယ္ကားထဲလဲ နင္ ကားေသာ့နဲ႔ဆိုင္ကယ္ေသာ့မွားယူသြားတယ္ အႏွစ္ရဲ႕"
"ဟင္းဟင္း မဟုတ္ပါဘူး ကားေသာ့မွန္ပါတယ္ ကားထဲေတာင္ေရာက္ေနၿပီ နင္ပါအိပ္ခ်င္ေနတာလား ဟင္း"
"မဟုတ္...ဘယ္ကား...ဟဲလို "
ဖုန္းက်သြားၿပီမလို႔ မြန္ေလးျပာယာခတ္သြားပါသည္။ အႏွစ္ကကားထဲေရာက္ေနၿပီတဲ့။ သူမကားေသာ့ကဒီမွာမို႔ ဘယ္ကားထဲမွာမ်ားဝင္အိပ္ေနပါသလဲ။
"ဒုကၡပါပဲ အႏွစ္ရယ္..."
မြန္ေလး ကားရွိရာဆီကိုသာလာခဲ့ပါေတာ့သည္။
တစ္ဖက္က စက္ဝန္းသည္လည္း အႏွစ္ပုံစံကိုၾကည့္ၿပီး အံ့ဩေနပါသည္။
"အႏွစ္သာရ..."
"ေဟ့..."
"ဖုန္းကိုင္လိုက္ဦး "
"အင္း..."
အင္းလို႔ျပန္ေျဖလာသည့္သူမက မ်က္လုံးေတာ့ပြင့္မလာခဲ့ပါ။
"အႏွစ္သာရ...က်စ္! "
"Ring..."
သူမဖုန္းထပ္ျမည္ျပန္ၿပီ။ သူကားေပၚမွဆင္းကာ ထင္ရွားကို ဖုန္းဆက္ျဖစ္သည္။ ရည္႐ြယ္မြန္ဖုန္းနံပါတ္ကိုသူမသိ။ သို႔ေသာ္ ထင္ရွားဖုန္းမကိုင္ခင္မွာပဲ ကားစတန္းဘက္ အေမာတေကာေျပးလာသည့္ ရည္႐ြယ္မြန္ကို ေတြ႕လိုက္ရသျဖင့္ ဖုန္းကိုပိတ္လိုက္သည္။
"ရည္႐ြယ္မြန္..."
"ဪ ကိုစက္ဝန္း အေတာ္ပါပဲ...ဟမ္း အႏွစ္ကိုေတြ႕မိေသးလား..."
"ဟိုမွာ အိပ္ေနတယ္"
သူလက္ညိဳးထိုးျပရာက မြန္ေလးကားႏွင့္တစ္ပုံစံတည္းတူသည့္ကားကို။
"အႏွစ္!...မဟုတ္မွ အႏွစ္က အထဲမွာ..."
သူေခါင္းၿငိမ့္ျပေတာ့ လန႔္သြားသည့္ ရည္႐ြယ္မြန္။
"ေတာင္းပန္ပါတယ္ရွင္ အႏွစ္က အရမ္းအိပ္ခ်င္သြားလို႔ပါ...ေတာင္းပန္ပါတယ္ "
"ငါႏိုးတာ ႏိုးမရဘူး "
"အႏွစ္က အဲ့လိုပဲ...အရမ္းအိပ္ခ်င္ရင္ ဘယ္လိုႏိုးႏိုးမရဘူး...ေတာင္းဆိုပါတယ္ အႏွစ္ကို ဒီမွာပဲ ခဏေပးအိပ္ပါလား ကိုစက္ဝန္းျပန္တဲ့အခ်ိန္က်ရင္ ႏိုးေပးပါမယ္ တစ္နာရီေလာက္အိပ္ရရင္ကို ရပါၿပီရွင္"
ကင္းသည္ အေတာ္အတန္ၾကာသည္အထိ ျပန္မေျဖ။
"ဒါဆို ေပြ႕ခ်ီၿပီး မြန္ေလးကားထဲထည့္ေပးဖို႔!."
က်စ္!..
"ကူညီပါရွင္"
"ဒီမွာပဲအိပ္ပါေစ ေတာ္ေတာ္အိပ္ခ်င္ေနပုံပဲ"
မြန္ေလးမ်က္ႏွာငယ္ေလးနဲ႔ အထပ္ထပ္အခါခါေတာင္းဆိုမွ လက္ခံသြားေတာ့သည္။
"ကိုစက္ဝန္း အတန္းတက္မွာဆိုသြားေနာ္ မြန္ေလးပဲေစာင့္ေနပါမယ္ "
"ငါက ႏွစ္နာရီမွအတန္းရွိတာ...မင္းအတန္းရွိရင္သြားေလ "
"ဟုတ္ကဲ့ ဒါဆို အကူအညီေတာင္းပါတယ္ ကိုစက္ဝန္း"
ကင္းကိုႏႈတ္ဆက္ကာမြန္ေလး အတန္းရွိရာဘက္ဆီျပန္လာခဲ့ေတာ့၏။ မၾကာခင္ႏိုးလာေတာ့မည့္ အႏွစ္အစား မြန္ေလးရင္ေလးမိပါသည္။
"မႀကီးအႏွစ္သာရ နင္ႏိုးလာရင္ေတာ့ေလ..."
✿............✿...........✿
အႏွစ္ ေန႔လည္(၁၂)နာရီတြင္အိပ္ရာမွ ေန႔လည္(၂)နာရီမွာ ႏိုးလာခဲ့ပါသည္။ အတန္းဆီသြားဖို႔ ထထိုင္လိုက္ၿပီး မ်က္လုံးဖြင့္လိုက္လွ်င္ သူမကိုမွန္ကေန စိုက္ၾကည့္ေနသည့္ စက္ဝန္းနဲ႔အၾကည့္ခ်င္းဆုံသြားပါသည္။
အႏွစ္ မ်က္လုံးကို ပြတ္သပ္လိုက္ၿပီး ပါးစပ္ကိုပါ တစ္သွ်ဴးအျမန္ထုတ္ၿပီးသုတ္ရ၏။
"ရွင္ဘာလို႔ဒီထဲေရာက္ေနတာလဲ "
"မင္းကိုေမးရမွာ "
"ရွင္!...ဒါက မြန္ေလးကား "
"ကားေသာ့ကိုေသခ်ာၾကည့္ေလ ဆိုင္ကယ္ေသာ့နဲ႔ကားေသာ့ မွားယူတာ ကားကိုဖြင့္လို႔ရပါ့မလား"
"ဟင္! "
အႏွစ္ ယူလာသည့္ေသာ့ကို အျမန္ယူၾကည့္ေတာ့ ကားေသာ့မဟုတ္ေပ။ ႏွိပ္ၾကည့္သည့္အခါ ဘာအသံမွထြက္မလာ။ သူမတစ္ကယ္ပဲမွားယူခဲ့တာလား။
ထိုအခ်ိန္က အိပ္ခ်င္ေနတာမို႔ ကားေသာ့နဲ႔ဆိုင္ကယ္ေသာ့ မခြဲႏိုင္ေတာ့ဘဲ စမ္းမိစမ္းရာေသာ့သာယူခဲ့မိတာျဖစ္မည္။ မြန္ေလးဆိုင္ကယ္ေသာ့က ကားေသာ့နဲ႔ဆင္မယ္လို႔လည္း မထင္မိ။ ၿပီးေတာ့ စီးမလာတဲ့ဆိုင္ကယ္ေသာ့ကိုဘာလို႔ယူလာမွာလဲ။
ကားတံခါးဖြင့္လို႔ရေတာ့ ေနာက္ခန္းထဲကို ဝင္ထိုင္လိုက္ရင္းမွ တစ္ခါတည္း လဲခ်မိေတာ့သည္။ အဲ့တုန္းက အိပ္ခ်င္တာပဲသိ၍ မစူးစမ္းေတာ့ဘဲ လဲခ်မိတာ။
"ဒါက!...ေဆာရီး ကြၽန္မအရမ္းအိပ္ခ်င္ေနတာနဲ႔ ၿပီးေတာ့ ကားတံခါးကလည္းပြင့္သြားေတာ့ သတိမထားမိေတာ့တာ "
"ဒါနဲ႔ပဲ ေတြ႕ရာကားထဲဝင္အိပ္စရာလား အေရွ႕မွာ လူရွိ၊မရွိမင္းစစ္ၾကည့္သင့္တယ္...ငါမဟုတ္တဲ့တျခားသူဆို ဘယ္လိုလုပ္မလဲ အရမ္းအိပ္ခ်င္ေနတယ္ဆိုရင္ေတာင္ ဒါေလးေတာ့ သတိထားရမွာမဟုတ္လား"
"ဘာလို႔ ကြၽန္မကို ဆရာလိုလာဆူေနတာလဲ...အရမ္းအိပ္ခ်င္ေနတာကို ဘယ္လိုၾကည့္ႏိုင္ေတာ့မွာလဲ ၿပီးေတာ့ ရွင္ ကြၽန္မကို ႏိုးရင္ရတာပဲမလား"
"ငါ မင္းကို ႏိုး၊မႏိုး ေသခ်ာစဥ္းစားဦး..."
သူ႔စကားေၾကာင့္ အႏွစ္အေတြးထဲဝင္လာသည္က ဝါးတားတားပုံရိပ္တစ္ခ်ိဳ႕။ သူမဖုန္းေတာင္ေျဖလိုက္သလိုပဲ။ ဒါေပမဲ့ ေတာင္းပန္ၿပီးတာေတာင္ ဆူေနေသးသည့္ကင္းေၾကာင့္ စိတ္တိုလာ၏။ သူမအိပ္ေရးပ်က္ရတာ ဘယ္သူ႔ေၾကာင့္မို႔လို႔လဲ။
"ကြၽန္မအိပ္ေရးပ်က္တာက ဘယ္သူေၾကာင့္လဲ..."
"မင္းအိပ္ေရးပ်က္ရတဲ့အေၾကာင္းအရင္းက ငါလား..."
ကင္းက မ်က္ေမွာင္ႀကီးၾကဳတ္ကာ ေမးလာ၏။
"ဟုတ္တယ္ ရွင့္ေၾကာင့္...ရွင့္လို ေဖာ္လိုဝါမီလီယံရွိေနတဲ့သူက ကြၽန္မကိုလာအပ္လို႔ အိပ္ေရးပ်က္တာ ရွင္းၿပီလား...ကြၽန္မကားမွားဝင္မိလို႔ ေတာင္းပန္တယ္ ဒါဆို ရၿပီမလား အေမးအျမန္းကထူခ်က္ပဲ စကားအရမ္းေပါတယ္"
အႏွစ္ အျမင္ကပ္လြန္း၍ ထိုသို႔ေျပာၿပီးထြက္လာခဲ့ပါေတာ့သည္။
သူလာအပ္တာကအေရးမႀကီးဘူး။ သူမကို လူေတြစိတ္ဝင္စားလာၾကတယ္။ အခုဆို သူမအေကာင့္မွာ တစ္နာရီအတြင္း ေဖာ္လိုဝါတစ္ေသာင္းေတာင္တိုးလာေနၿပီ။ စိတ္ညစ္လိုက္တာ။
"တြင္ တြင္..."
Notiဝင္လာတာၾကည့္မိေတာ့ "ေဘဘီရတီ"ဆိုသည့္ အေကာင့္။ ပုံက ကင္းရည္းစားနဲ႔တူတယ္။ ေနပါဦး ေဘဘီရတီ...ကင္းရဲ႕ရည္းစားပဲ။
အေကာင့္လက္ခံလိုက္သည္ႏွင့္ Messengerမွာ တန္းၿပီစာဝင္လာသည္။
*မင္းက တို႔ေကာင္ေလးနဲ႔ဘယ္လိုပတ္သတ္မႈလဲ တို႔သိခ်င္တယ္*
*ဘာပတ္သတ္မႈမွမရွိလို႔ ေျဖစရာမလိုဘူးလို႔ထင္ပါတယ္ မေဘဘီရတီ*
*အာ မင္းက တို႔ေကာင္ေလးကိုစိတ္ဝင္စားေနတာပဲ...တို႔ဘယ္သူလဲလို႔ေတာင္မေမးဘဲ မဟုတ္ဘူးလို႔တန္းေျဖတယ္ ၾကည့္ရတာ မင္း တို႔အေၾကာင္းကို စုံစမ္းထားပုံပဲ*
ဘယ္လိုေတာင္ ကိုယ့္ကိုကိုယ္အထင္ႀကီးႏိုင္တာလဲ။ သူ႔အေၾကာင္းစုံစမ္းထားတယ္ဆိုပဲ။ အမွန္က ေဖာ္လိုဝါမီလီယံခ်ီရွိတဲ့ဆယ္လီမို႔ မွတ္မိျခင္း။ Welcomeေန႔ကမွ ေလာေလာလတ္လတ္သိထားတာေလ။
*ရွင္တို႔အေၾကာင္းက စုံစမ္းစရာမလိုေအာင္ ကြၽန္မေရွ႕မွာ ျဖတ္သြားတာပါ...ၿပီးေတာ့ ေသခ်ာမသိဘဲနဲ႔ စကားေျပာတာေဘာင္မေက်ာ္ပါနဲ႔...ကြၽန္မက အဲ့လိုမ်ိဳးဆို အရမ္းအျမင္ကပ္တာ...ရွင္ပိုင္တာေသခ်ာရင္ စိတ္ခ်ထားရမွာမဟုတ္လား...ေသခ်ာမသိဘဲနဲ႔ ကြၽန္မကို လာမရႈံ႕ခ်ပါနဲ႔ ကြၽန္မက ရွင့္ေကာင္ေလးကိုစိတ္မဝင္စားပါဘူး ရွင္တို႔ကိစၥရွင္တို႔ဘာသာရွင္းပါ*
အႏွစ္စာကို replyျပန္မလာေတာ့ဘဲ blockသြားသည့္ ကင္းရည္းစားဆိုသူ။
"ဝါး...အိပ္ခ်င္စိတ္ေပ်ာက္သြားၿပီ"
အႏွစ္ကေတာ့ ကင္းကိုေရာ၊ ေဘဘီရတီကိုပါ ျပန္ၿပီး unfriendမလုပ္ပါ။ သူတို႔စတဲ့ဇာတ္လမ္းသူတို႔ပဲ အဆုံးသတ္သင့္တာမဟုတ္လား။ မွန္ေနတဲ့သူက ဘာကိုမွမေၾကာက္ဘူး။
✿............✿...........✿
*စက္ဝန္း ဒါကျဖစ္သင့္ရဲ႕လား...သူခိုးကလူျပန္ဟစ္ေနတယ္*
ညပိုင္းမွာ ေဘဘီသည္ သူ႔ကို Screen-shotတစ္ခုနဲ႔အတူ စကားစေျပာပါသည္။
သူေသခ်ာၾကည့္မိလွ်င္ တစ္ဖက္က မိန္းကေလးက အႏွစ္သာရျဖစ္ေနသည္။ သူစာကိုဖတ္ၾကည့္ေတာ့ ၿပဳံးမိသြားရ၏။
*ဒါက မွန္တာပဲ ငါ့ကိုယုံရင္ မင္း သူ႔ကိုဘာမွသြားေျပာစရာမလိုဘူး ၿပီးေတာ့ သူနဲ႔ငါက ဖက္လွဲတကင္းေနေနၾကတာလည္းမဟုတ္ဘူး ငါနဲ႔အႏွစ္က သူငယ္ခ်င္း သူငါ့ကားထဲဝင္လာတာအဆန္းမွမဟုတ္တာ*
*စက္ဝန္းက သူ႔ဘက္ကလား ကိုယ့္ေကာင္ေလးရဲ႕ကားထဲမွာ သူ႔ကိုျမင္လိုက္ရတာကို ေမးခြန္းမထုတ္သင့္ဘူးလား ၿပီးေတာ့ စတိတ္စင္ေပၚက စက္ဝန္းတို႔ပုံေတြအမ်ားႀကီးတက္လာတာကို မေတြးဘဲ မေနႏိုင္ဘူး*
*ဒါဆို ငါ့ကိုေမးေလ...ဘာလို႔သူ႔ကို သြားေျပာရတာလဲ *
*စက္ဝန္းက သူ႔ကိုျပႆနာသြားရွာလို႔ စိတ္တိုတာလား*
*ငါတစ္ေယာက္နဲ႔လမ္းမခြဲခင္ ေနာက္တစ္ေယာက္နဲ႔မတြဲဘူးဆိုတာ မသိဘူးလား ငါကမင္းလိုမဟုတ္ဘူး ငါနဲ႔တြဲေနတာေတာင္ မင္းက ေနာက္တစ္ေယာက္ထပ္ထားေသးတာပဲ တစ္ကယ္ဆို အႏွစ္က ငါတို႔နဲ႔ဘာမွမပတ္သတ္တဲ့သူတစ္ေယာက္*
*ဘာ စက္ဝန္း ဒါက.မမွန္ဘူးေနာ္...*
*ငါတို႔လမ္းခြဲမယ္ မတြဲေတာ့ဘူး...အေၾကာင္းျပခ်က္က မင္းက ငါနဲ႔မကိုက္ညီဘူး*
*ဘာ!...စက္ဝန္း ရွင္လမ္းခြဲေနတဲ့သူက ေပၚပ်ဴလာကြင္းေနာ္ ကြၽန္မကို ေပါ့ေသးေသးထင္ေနတာလား *
*ဒါဆို မင္းက ေပၚပ်ဴလာကင္းနဲ႔ပဲတြဲသင့္တာေပါ့...ငါကလမ္းခြဲေပးမယ္ ဘိုင့္ဘိုင္ *
*ေကာင္းၿပီ ကြၽန္မလိုလူက ဘာလို႔ဆြဲထားရမွာလဲ ရွင္ ကံေကာင္းပါေစလို႔ဆုေတာင္းေပးပါတယ္*
*Thanks..ေဘဘီ *
*မလိုပါဘူး ရွင္ အဲ့မိန္းကေလးနဲ႔မွ ဝဋ္လည္လိမ့္မယ္စက္ဝန္း *
*မင္းအႀကံေပးစရာမလိုပါဘူး *
ဒီလိုျဖင့္ စက္ဝန္းနဲ႔ေဘဘီတို႔ရဲ႕ဆက္ဆံေရးသည္ အႏွစ္ေၾကာင့္ ပ်က္သြားခဲ့ပါသည္။ စက္ဝန္းက အႏွစ္ေၾကာင့္လို႔လုံးဝမထင္ေပမဲ့ ေဘဘီကေတာ့ အႏွစ္ေၾကာင့္လို႔ထင္ကာ အႏွစ္ကို မုန္းေနပါလိမ့္မည္။
ထိုအမုန္းေၾကာင့္ ေဘဘီလုပ္လိုက္သည့္အရာသည္...
✿............✿...........✿
ေနာက္တစ္ရက္ အႏွစ္ ပုံမွန္အတိုင္း ကန္တင္းကိုသြားျဖစ္ပါသည္။ ပုံမွန္မဟုတ္တာက မြန္ေလးေနာက္က်ေနျခင္းျဖစ္သည္။ အႏွစ္ဗိုက္ဆာေနၿပီမို႔ ကန္တင္းမွာပဲေစာင့္ဖို႔ဆုံးျဖတ္လိုက္ပါသည္။
"ေမာင္ေလး အစ္မကို လက္ဖက္ထမင္းနဲ႔ၾကက္ဥေၾကာ္ပဲေပးပါ...ေမႊေၾကာ္ေနာ္ "
"ဟုတ္ကဲ့ဗ် "
ဒီေန႔ အႏွစ္က အဝါေရာင္ခ်ည္သားဝမ္းဆက္ကိုဝတ္ထားတာျဖစ္သည္။ ဆံပင္ကို ေျမႇာက္စီးထားၿပီး သနပ္ခါးပါးပါးေလးလိမ္းထားသည္။
မိတ္ကပ္ထက္ သနပ္ခါးကိုပိုႀကိဳက္တာေၾကာင့္ သနပ္ခါးပဲလိမ္းျဖစ္သည္။
ဒီေန႔ ပုံမွန္ဝတ္စားလာေပမဲ့ လူေတြကေတာ့ထူးဆန္းစြာၾကည့္ေနသည္။ သို႔ေသာ္ အေထြေထြအထူးထူးဂ႐ုမစိုက္မိေတာ့။ ဒီရက္ပိုင္း ေစာင့္ၾကည့္ခံျဖစ္ေနတာပဲ။
ခဏၾကာေတာ့ မွာထားသည့္ အစားေရာက္လာသည္။ သံပရာရည္တစ္ခြက္ထပ္မွာလိုက္ကာ လက္ဖက္ထမင္းကို စားႏွင့္ပါသည္။
"Ring..."
မြန္ေလးဆက္လာျခင္း။
"ဟဲလို မြန္ေလး ငါကန္တင္းေရာက္ေနၿပီလာခဲ့ေတာ့"
"နင္ မနက္က လိုင္းသုံးျဖစ္ေသးလား"
"ဟင့္အင္း ခဏေနမွတက္မွာ ဘာျဖစ္လို႔လဲ"
"လိုင္းေပၚမွာ နင့္ကို ဆဲဆိုထားၾကတယ္...နင္က ကိုစက္ဝန္းနဲ႔ေဘဘီရတီၾကားထဲဝင္ေႏွာက္တဲ့ စႏိုက္ေၾကာ္ဆိုၿပီး နင့္ေၾကာင့္ ေဘဘီနဲ႔ကိုစက္ဝန္းကလမ္းခြဲရတယ္ဆိုၿပီးေျပာေနၾကတယ္ ေဘဘီရတီတင္ထားတာက နင့္ကိုတိုက္႐ိုက္မေျပာေပမဲ့ ရႈိးေလွ်ာက္တာ ပါတနာလို႔ေျပာထားေတာ့ နင္မွန္းသိသြားၾကတာ"
"......."
ခဏက ထူးဆန္းသလိုၾကည့္ေနၾကသည့္အၾကည့္ေတြ။ ထိုအၾကည့္ေတြက အႏွစ္ကို စက္ဆုပ္႐ြံရွာမႈေတြ ပါဝင္ေနတာေပါ့။ သူမ အေငြ႕လိုသာေပ်ာက္ကြယ္သြားလိုက္ခ်င္ပါေတာ့သည္။
ထိုစဥ္ သူမမ်က္လုံးထဲ ဝင္ေရာက္လာသူက ကင္း။ သူသည္ သူမဆီကို တည့္တည့္ေလွ်ာက္လာေနသည္။
"အဟြတ္!.."
"ဟဲလို အႏွစ္ နင္ၾကားလား...ငါအခုခ်က္ခ်င္းကန္တင္းကိုလာခဲ့မယ္ "
မြန္ေလးအေမးကိုျပန္မေျဖအားေတာ့။ သူမမ်က္စိေရွ႕က သူ႔ကိုသာ မုန္းတီးစြာၾကည့္ေနမိေတာ့သည္။ အေရးထဲ ထမင္းက နင္သြားေသးသည္။
"ထ!...သြားမယ္ "
"အဟြတ္!..ကြၽန္မကို မထိနဲ႔...ရွင့္ရည္းစားအထင္လြဲမယ္"
သူမဖယ္ေရွာင္လိုက္ရင္း က်သင့္ေငြကိုစားပြဲေပၚ၌သာတင္ထားၿပီး ထြက္ခဲ့၏။ သူကေတာ့ ေနာက္မွ ထပ္ၾကပ္မကြာလိုက္လာပါသည္။
"အႏွစ္သာရ..."
လူရွင္းသည့္ေနရာေရာက္မွ သူမရပ္လိုက္သည္။ ၿပီးေနာက္ ကင္းဘက္ကိုလွည့္ကာ...
"ကြၽန္မက ေဘဘီရတီကိုေျပာခဲ့တယ္ ရွင္တို႔ကိစၥ ရွင္တို႔ဘာသာရွင္းပါလို႔...အခုရွင္းလိုက္တဲ့ကိစၥက ကြၽန္မကို သိကၡာခ်ဖို႔လား စႏိုက္ေၾကာ္တယ္...ကြၽန္မဘဝတစ္ေလွ်ာက္မွာ ဒီလိုတစ္ခါမွ မေျပာခံရဖူးဘူး ကြၽန္မရွက္လြန္းလို႔...ကြၽန္မဘယ္လိုေနရမလဲေတာင္မသိဘူး ကြၽန္မ. ကြၽန္မက ရွင္တို႔အေပၚဘာေတြမ်ားလုပ္မိလို႔လဲ"
ေျပာၿပီး အႏွစ္မ်က္ရည္ေတြမက်ေအာင္ မ်က္ေတာင္ကို ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး သိမ္းဆည္းသည္။ လႈိက္တက္လာသည့္ေဒါသကို ျပန္မ်ိဳခ်ရသည္။
"မဟုတ္ဘူး ေဘဘီဘာသေဘာနဲ႔ ဒီလိုတင္လဲ ငါမသိဘူး ငါလည္းအခုမွသိတာ သိသိခ်င္း မင္းေနာက္လိုက္လာတာ ငါကေျဖရွင္းေပးမယ္"
အႏွစ္ဘာမွမေျပာဘဲ မ်က္ႏွာလႊဲလိုက္မိ၏။ သူ႔ေၾကာင့္ သူမရဲ႕မာနနဲ႔သိကၡာဟာ...
စက္ဝန္းသည္ ခ်က္ခ်င္းပင္ ေဘဘီကိုဖုန္းေခၚပါသည္။
"ေဘဘီ မင္းပို႔စ္ကို အခုခ်က္ခ်င္းဖ်က္ၿပီး ရွင္း...ေနာက္ငါးမိနစ္ေနလို႔မွ ဒီတိုင္းပဲဆက္ရွိေနတယ္ဆိုရင္ မင္းအေကာင့္တစ္နာရီအတြင္းေပ်ာက္သြားေစရမယ္ ငါတို႔အေၾကာင္းကိုလည္းအမွန္အတိုင္းတင္မယ္ "ဟုေျပာကာ ဖုန္းခ်လိုက္ပါသည္။
မၾကာပါ။ ေဘဘီသည္ စက္ဝန္းႏွင့္သူမတို႔သည္ တစ္ဦးနဲ႔တစ္ဦးနားလည္မႈမေပးႏိုင္၍ လမ္းခြဲခဲ့ေၾကာင္း၊ တတိယလူမရွိေၾကာင္း ရွင္းလင္းစြာျပန္တင္ခဲ့ပါသည္။ ေျပာရမယ္ဆိုရင္ အႏွစ္မွာလုံးဝအျပစ္မရွိေၾကာင္း။
"မင္းဖုန္းေပး!..."
"ဘာလုပ္မလို႔လဲ "
"မက္ေဆ့ခ္်ေတြကိုဖ်က္ေပးမလို႔"
"မလိုဘူး ကြၽန္မဘာသာဖ်က္ႏိုင္တယ္"
သူမ ကင္းနဲ႔ေဝးေဝးေနမွရမည္။ ဒါမွ ဒီလိုထပ္မျဖစ္မွာ။ ေနာက္တစ္ခါသာတင္ခံရရင္ သူမေမ့လဲသြားေလာက္သည္။
"အႏွစ္..."
သူမေျခလွမ္းေတြရပ္သြား၏။ ကင္းဆီက အႏွစ္လို႔ေခၚခံရေတာ့ အံ့ဩသြားတာျဖစ္သည္။
"ေတာင္းပန္ပါတယ္...ငါ့ေၾကာင့္ "
သူမျပန္မလွည့္ၾကည့္ခဲ့ပါ။ ေရွ႕ကိုပဲ ဆက္ေလွ်ာက္ခဲ့သည္။ သူမသည္ ျပတ္သားသူျဖစ္၍...
စက္ဝန္းသည္ ထြက္သြားသူ၏ ေက်ာျပင္ကို တစိုက္တမတ္ၾကည့္ေန၏။ ထိုေနာက္ တီးတိုးေရ႐ြတ္လိုက္သည္က...
"ငါ မင္းကို စိတ္ဝင္စားေနၿပီထင္တယ္"
မဟုတ္ဘူး။ အစကတည္းက ဘယ္သူနဲ႔မွမတူလို႔စိတ္ဝင္စားခဲ့တာ။ အခုက ပိုလို႔ေတာင္စိတ္ဝင္စားေနၿပီ။
✿............✿...........✿
ဆက္ရန္