Zawgyi
ဒန္နာရီတို႔အဖြဲ႕ဟာ နတ္သူငယ္မ်က္ရည္အိုင္နယ္ေျမအတြင္းကို ဝင္ေရာက္လာေတာ့သည္၊နတ္သူငယ္မ်က္ရည္အိုင္နယ္ေျမဟာ မည္သည့္အႏၱရာလ္မွမရွိတာေၾကာင့္ သူတို႔ဟာ ေအးေဆးသာဝင္ေရာက္လာေတာ့သည္၊
ထိုေနာက္မွာေတာ့ နတ္သူငယ္မ်က္ရည္အိုင္ကန္ကို ေရာက္ရွိလာေတာ့သည္၊နတ္သူငယ္မ်က္ရည္အိုင္ဟာ သိပ္ကို ထူးထူးျခားျခားမရွိဘဲ အျပာေရာင္ေရကန္ႀကီးရဲ႕အလယ္မွာ ႀကီးမားတဲ့နတ္သူငယ္႐ုပ္ထုႀကီးတည္ရွိေနေတာ့သည္၊သူတို့္ဟာ နတ္သူငယ္ေတာအုပ္အနီးေရာက္လာခ်ိန္မွာ သိပ္သည္းလွတဲ့ေမွာ္စြမ္းအင္ကိုခံစားေနရၿပီး စိတ္ခံစားရသက္ေသာင့္သက္သာရွိလွသည္၊
"ဒါ နတ္သူငယ္မ်က္ရည္ေရအိုင္ေပါ့" ဟ်ဴယာဟာေျပာလိုက္ၿပီး ၿပဳံးလိုက္သည္၊ဟ်ဴယာဟာ တိုရာလ္ဘက္ကို လွည့္လိုက္ၿပီး ေတာအုပ္ကိုဖြင့္ခိုင္းလိုက္သည္၊တိုရာလ္ဟာ အနည္းငယ္စဥ္းစားေနဟန္ရွိၿပီး ေတာင္းဆိုခ်က္တစ္ခုေတာင္းလာေတာ့သည္၊
"ဒီကိစၥေတြၿပီးသြားရင္ ရီလာနိုရဲ႕ေသာ့ကို ကြၽန္ေတာ့္ကိုေပးရမယ္ သခင္ဟ်ဴယာက ဒီကိၥၥကို တာဝန္ခံယူရမယ္"
တိုရာလ္စကားေၾကာင့္ ဟ်ဴယာဟာ ၿပဳံးျပလိုက္သည္၊တိုရာလ္ကလည္း ျပန္ၿပဳံးလိုက္ၿပီးေနာက္မွာေတာ့ သူဟာ ေသာ့ႏွစ္ေခ်ာင္းကိုထုတ္လိုက္ၿပီးေပါင္းလိုက္သည္၊ေသာ့ႏွစ္ေခ်ာင္း အတူပူးသြားခ်ိန္မွာ အလင္းေတာက္ပလာကာ ႀကီးမားတဲ့ေမွာ္စက္ဝိုင္းႀကီးေပၚထြက္လာၿပီး ေရကန္ႀကီးေပၚဖုံးအုပ္သြားကာ ေရဟာႏွစ္ျခမ္းကြဲထြက္သြားၿပီး လမ္းေၾကာင္းတစ္ေၾကာင္းေပၚထြက္လာေတာ့သည္၊
တိုရာလ္ ေအးေဆးဝင္သြားတာေတြ႕မွာ ဟ်ဴယာတို့္အဖြဲ႕ဟာလည္း အေနာက္ကေန ဝင္ေရာက္လာၿပီး ေရတံတိုင္းႀကီးေတြကိုၾကည့္လိုက္သည္၊ဒန္နာရီဟာလည္း စိုက္ၾကည့္ေနခဲ့ၿပီးေနာက္မွာ အမူအရာပ်က္ေနတဲ့ေရးလ္ကို သတိထားမိသြားေတာ့သည္၊
ေရးလ္ရဲ႕အမူအရာဟာ တစ္စုံတစ္ရာကို မုန္းတီးနာၾကည္းေနပုံရသည္၊ဒါေၾကာင့္ ဒန္နာရီဟာ ေရးလ္အနားသြားၿပီး ေရးလ္ရဲ႕လက္ေမာင္းကို ပုတ္လိုက္သည္၊ေရးလ္ဟာ ျပန္လည္သတိဝင္လာၿပီး သက္ျပင္းခ်လိဳက္ေတာ့သည္၊
"ဒီေနရာနဲ႕ပတ္သတ္ၿပီး ကြၽန္ေတာ့္စိတ္ေတြေလးေနတယ္" ေရးလ္ဟာ ဒန္နာရီကို သူျဖစ္ပ်က္ေနတာေတြေျပာျပလိုက္သည္၊ေရးလ္ဟာ ဒန္နာရီကိုယုံၾကည္တာေၾကာင့္ ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္သည္၊ထိုအခါမွာ ဒန္နာရီဟာအနည္းငယ္အံ့အားသင့္သြားတာ အမွန္ေပ၊ပထမက ေရးလ္ရဲ႕ထူးျခားမႈေတြကို သတိထားမိေပမယ့္ ၾကည့္ရတာ ေရးလ္နဲ႕ဒီေတာအုပ္ဟာ သက္ဆိုင္ေနပုံရၿပီး ေရးလ္ကို အခက္အခဲမရွိ လာေစခ်င္ပုံရသည္၊
သူတို႔ေတြ ေရွ႕ဆက္လာရင္း ႀကီးမားတဲ့တံခါးမႀကီးဆီေရာက္လာေတာ့သည္၊တံခါးေပၚမွာ ေရွးေဟာင္းအႏုစိတ္လက္ရာေတြတည္ရွိေနၿပီး နားလည္ရခက္ခဲတဲ့ေရွးဘာသာစကားေတြနဲ႕ထြင္းထုထားသည္၊
ဒန္နာရီဟာ ထိုေရွးဘာသာစကားေတြကို ၾကည့္လိုက္သည္၊သူနဲ႕ရင္းႏွီးသလိုခံစားရေပမယ့္ ဖတ္ရခက္ခဲေနတာေၾကာင့္ သူဟာ ထိုေရွးဘာသာစကားေတြကိုသာ စိုက္ၾကည့္ေနၿပီး ေခါင္းထဲမွာ မွတ္ထားလိုက္သည္၊
တိုရာလ္ဟာ ခုနကေသာ့ႏွစ္ေခ်ာင္းနဲ႕တံခါးကို ဖြင့္လိုက္သည္၊တံခါးမႀကီးဟာ တေျဖးေျဖးပြင့္လာၿပီး သိပ္သည္းလွတဲ့ေမွာ္စြမ္းအင္ေတြထြက္ေပၚလာေတာ့သည္၊
"ဒီထဲမွာ ေလးနာရီသာေနခြင့္ရၿပီး ပစၥည္းတစ္မ်ိဳးပဲ ယူခြင့္ရတယ္...မွတ္ထားေနာ္ ပစၥည္းတစ္မ်ိဳးပဲ ယူခြင့္ရွိတာ" တိုရာလ္ဟာ အႀကိမ္ႀကိမ္သတိေပးလိုက္ၿပီးေနာက္မွာ ဦးစြာဝင္သြားေတာ့သည္၊ဒန္နာရီတို႔ဟာလည္း လိုက္လံဝင္လိုက္ၿပီးေနာက္မွာ ဒန္နာရီလက္ေမာင္းကလႈပ္စိလႈပ္႐ြျဖစ္လာကာ ယုန္ငယ္ေလးတစ္ေကာင္ထြက္ေပၚလာေတာ့သည္၊
'ရီယာလ္ပန္း' ထိုအေကာင္ေလးဟာ သူရဲ႕အခ်ိန္ကိုျပသေတာ့မည္ထင္ရဲ႕၊ဒန္နာရီကို ေမာ့ၾကည့္လိုက္ၿပီး ခုန္ဆင္းသြားကာ တစ္ေနရာကို ဦးတည္ေျပးသြားေတာ့သည္၊ဒန္နာရီလည္း အေနာက္ကေန လိုက္သြားကာ ထိုအေကာင္ေလးရွာေတြ႕မည့္ပစၥည္းကို ိတ္ဝင္စားေနေတာ့သည္၊
ယုန္ငယ္ေလးဟာ ေသတၱာတစ္ခုေရွ႕မွာ ခုန္ေပါက္ရင္း ဒန္နာရီကိုေခၚေနေတာ့သည္၊ဒန္နာရီဟာ ယုန္ေလးနားေရာက္သြားၿပီးေနာက္မွာ ေသတၱာကိုၾကည့္လိုက္သည္၊ ပစၥည္းဟာ ကိုင္လိုက္သည္ႏွင့္ ယူရမည္ျဖစ္တာေၾကာင့္ ဒန္နာရီဟာ ၾကည့္႐ုံသာၾကည့္ေနေတာ့သည္၊
'ဆရာဇီနိုေရာ ဘယ္လိုထင္လဲ'
*ငါက ေခြးမွ မဟုတ္တာ ဘာကိုမွမခံစားရဘူး*ဇီနိုဟာ ပခုံးတြန့္ရင္းေျပာလိုက္သည္၊ဒန္နာရီဟာ ရယ္ေမာလိုက္ၿပီးေနာက္မွာ ရီယာလ္ပန္းယုန္ေလး ေခါင္းကိုပုတ္လိုက္ၿပီး
"မင္းကို ငါယုံၾကည္ေပးလိုက္မယ္"လို႔ ေျပာလိုက္ၿပီး ေသတၱာကိုသိမ္းလိုက္သည္၊သူဟာ ေ႐ြးခ်ယ္ၿပီးတာေၾကာင့္ အျခားသူေတြကို လိုက္ၾကည့္ေနရင္း ပန္းခ်ီကားတစ္ခ်ပ္ဆီ ေရာက္သြားေတာ့သည္၊ဘာလို႔လဲဆိုေတာ့ ေရးလ္ဟာလည္း ထိုအေရွ႕မွာရပ္ေနကာ ထိုပန္းခ်ီကားခ်ပ္ကို မုန္းတီးစြာစိုက္ၾကည့္ေနသည္၊
"ေရးလ္"
ဒန္နာရီကလည္း အနီးကိုသြားၿပီး ပန္းခ်ီကားခ်ပ္ကိုၾကည့္လိုက္သည္၊ပန္းခ်ီကားခ်ပ္မွာ လူႏွစ္ဦးရွိေနၿပီး အဝါေရာင္ႏွင္းဆီပန္းခင္းႀကီးထဲမွာ လူငယ္ႏွစ္ဦးဟာရွိေနၿပီး ပ်ားရည္ေရာင္ဆံပင္ရွည္မ်ားနဲ႕ အရပ္ရွည္ရွည္လူငယ္ဟာ ေရွ႕ရွိလူငယ္ကို ျမတ္နိုးစြာစိုက္ၾကည့္ေနၿပီး သူရဲ႕သစ္ေတာစိမ္းေရာင္မ်က္လုံးမ်ားထဲမွာ ေရွ႕ရွိလူငယ္ကို ဘယ္ေလာက္ေတာင္ခ်စ္ခင္ျမတ္နိုးေၾကာင္း ဖုံးကြယ္ထားျခင္းမရွိေပ၊
ထိုလူငယ္ကိုၾကည့္ရင္း ဒန္နာရီအၾကည့္ေတြဟာ ေရးလ္ဆီ ေရာက္သြားေတာ့သည္၊သူတို႔ႏွစ္ဦးဟာ တူညီလွသည္၊ဒါေပမယ့္ ပန္းခ်ီကားခ်ပ္ထဲကလို သစ္ေတာစိမ္းေရာင္မ်က္ဝန္းမ်ားဟာ မုန္းတီးမႈေတြနဲ႕သာ၊
"ေရးလ္"
ဒန္နာရီဟာ ေရးလ္ကို လႈပ္နိုးလိုက္မွ အသိျပန္ဝင္လာၿပီး သက္ျပင္းက်ယ္ေလာင္စြာခ်လိဳက္ၿပီး ေခါင္းခါလိုက္သည္၊
"ဒီေနရာက ကြၽန္ေတာ္နဲ႕သက္ဆိုင္ေနေပမယ့္ ကြၽန္ေတာ္မုန္းတီးေနသလို ခံစားေနရတယ္"
'ဒီေနရာက ေရးလ္နဲ႕သက္ဆိုင္ေနတယ္...ဒီပန္းခ်ီကားခ်ပ္ထဲက အရပ္ရွည္ရွည္လူငယ္ဟာ ဘယ္လိုလူစားမ်ိဳးလဲ'
ပန္းခ်ီကားေနာက္မွာ နာမည္တစ္ခုေရးထြင္းထားေသးသည္၊
'အရွင္ဘုရင္ အဲလ္ဏီမဲလ္ ေရးလ္ခ်က္စ္'
-------------------
Chapter -62.2ေမွ်ာ္
-*-*-*-*-*
Unicode
ဒန်နာရီတို့အဖွဲ့ဟာ နတ်သူငယ်မျက်ရည်အိုင်နယ်မြေအတွင်းကို ဝင်ရောက်လာတော့သည်၊နတ်သူငယ်မျက်ရည်အိုင်နယ်မြေဟာ မည်သည့်အန္တရာလ်မှမရှိတာကြောင့် သူတို့ဟာ အေးဆေးသာဝင်ရောက်လာတော့သည်၊
ထိုနောက်မှာတော့ နတ်သူငယ်မျက်ရည်အိုင်ကန်ကို ရောက်ရှိလာတော့သည်၊နတ်သူငယ်မျက်ရည်အိုင်ဟာ သိပ်ကို ထူးထူးခြားခြားမရှိဘဲ အပြာရောင်ရေကန်ကြီးရဲ့အလယ်မှာ ကြီးမားတဲ့နတ်သူငယ်ရုပ်ထုကြီးတည်ရှိနေတော့သည်၊သူတို့်ဟာ နတ်သူငယ်တောအုပ်အနီးရောက်လာချိန်မှာ သိပ်သည်းလှတဲ့မှော်စွမ်းအင်ကိုခံစားနေရပြီး စိတ်ခံစားရသက်သောင့်သက်သာရှိလှသည်၊
"ဒါ နတ်သူငယ်မျက်ရည်ရေအိုင်ပေါ့" ဟျူယာဟာပြောလိုက်ပြီး ပြုံးလိုက်သည်၊ဟျူယာဟာ တိုရာလ်ဘက်ကို လှည့်လိုက်ပြီး တောအုပ်ကိုဖွင့်ခိုင်းလိုက်သည်၊တိုရာလ်ဟာ အနည်းငယ်စဥ်းစားနေဟန်ရှိပြီး တောင်းဆိုချက်တစ်ခုတောင်းလာတော့သည်၊
"ဒီကိစ္စတွေပြီးသွားရင် ရီလာနိုရဲ့သော့ကို ကျွန်တော့်ကိုပေးရမယ် သခင်ဟျူယာက ဒီကိ္စ္စကို တာဝန်ခံယူရမယ်"
တိုရာလ်စကားကြောင့် ဟျူယာဟာ ပြုံးပြလိုက်သည်၊တိုရာလ်ကလည်း ပြန်ပြုံးလိုက်ပြီးနောက်မှာတော့ သူဟာ သော့နှစ်ချောင်းကိုထုတ်လိုက်ပြီးပေါင်းလိုက်သည်၊သော့နှစ်ချောင်း အတူပူးသွားချိန်မှာ အလင်းတောက်ပလာကာ ကြီးမားတဲ့မှော်စက်ဝိုင်းကြီးပေါ်ထွက်လာပြီး ရေကန်ကြီးပေါ်ဖုံးအုပ်သွားကာ ရေဟာနှစ်ခြမ်းကွဲထွက်သွားပြီး လမ်းကြောင်းတစ်ကြောင်းပေါ်ထွက်လာတော့သည်၊
တိုရာလ် အေးဆေးဝင်သွားတာတွေ့မှာ ဟျူယာတို့်အဖွဲ့ဟာလည်း အနောက်ကနေ ဝင်ရောက်လာပြီး ရေတံတိုင်းကြီးတွေကိုကြည့်လိုက်သည်၊ဒန်နာရီဟာလည်း စိုက်ကြည့်နေခဲ့ပြီးနောက်မှာ အမူအရာပျက်နေတဲ့ရေးလ်ကို သတိထားမိသွားတော့သည်၊
ရေးလ်ရဲ့အမူအရာဟာ တစ်စုံတစ်ရာကို မုန်းတီးနာကြည်းနေပုံရသည်၊ဒါကြောင့် ဒန်နာရီဟာ ရေးလ်အနားသွားပြီး ရေးလ်ရဲ့လက်မောင်းကို ပုတ်လိုက်သည်၊ရေးလ်ဟာ ပြန်လည်သတိဝင်လာပြီး သက်ပြင်းချလိုက်တော့သည်၊
"ဒီနေရာနဲ့ပတ်သတ်ပြီး ကျွန်တော့်စိတ်တွေလေးနေတယ်" ရေးလ်ဟာ ဒန်နာရီကို သူဖြစ်ပျက်နေတာတွေပြောပြလိုက်သည်၊ရေးလ်ဟာ ဒန်နာရီကိုယုံကြည်တာကြောင့် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်၊ထိုအခါမှာ ဒန်နာရီဟာအနည်းငယ်အံ့အားသင့်သွားတာ အမှန်ပေ၊ပထမက ရေးလ်ရဲ့ထူးခြားမှုတွေကို သတိထားမိပေမယ့် ကြည့်ရတာ ရေးလ်နဲ့ဒီတောအုပ်ဟာ သက်ဆိုင်နေပုံရပြီး ရေးလ်ကို အခက်အခဲမရှိ လာစေချင်ပုံရသည်၊
သူတို့တွေ ရှေ့ဆက်လာရင်း ကြီးမားတဲ့တံခါးမကြီးဆီရောက်လာတော့သည်၊တံခါးပေါ်မှာ ရှေးဟောင်းအနုစိတ်လက်ရာတွေတည်ရှိနေပြီး နားလည်ရခက်ခဲတဲ့ရှေးဘာသာစကားတွေနဲ့ထွင်းထုထားသည်၊
ဒန်နာရီဟာ ထိုရှေးဘာသာစကားတွေကို ကြည့်လိုက်သည်၊သူနဲ့ရင်းနှီးသလိုခံစားရပေမယ့် ဖတ်ရခက်ခဲနေတာကြောင့် သူဟာ ထိုရှေးဘာသာစကားတွေကိုသာ စိုက်ကြည့်နေပြီး ခေါင်းထဲမှာ မှတ်ထားလိုက်သည်၊
တိုရာလ်ဟာ ခုနကသော့နှစ်ချောင်းနဲ့တံခါးကို ဖွင့်လိုက်သည်၊တံခါးမကြီးဟာ တဖြေးဖြေးပွင့်လာပြီး သိပ်သည်းလှတဲ့မှော်စွမ်းအင်တွေထွက်ပေါ်လာတော့သည်၊
"ဒီထဲမှာ လေးနာရီသာနေခွင့်ရပြီး ပစ္စည်းတစ်မျိုးပဲ ယူခွင့်ရတယ်...မှတ်ထားနော် ပစ္စည်းတစ်မျိုးပဲ ယူခွင့်ရှိတာ" တိုရာလ်ဟာ အကြိမ်ကြိမ်သတိပေးလိုက်ပြီးနောက်မှာ ဦးစွာဝင်သွားတော့သည်၊ဒန်နာရီတို့ဟာလည်း လိုက်လံဝင်လိုက်ပြီးနောက်မှာ ဒန်နာရီလက်မောင်းကလှုပ်စိလှုပ်ရွဖြစ်လာကာ ယုန်ငယ်လေးတစ်ကောင်ထွက်ပေါ်လာတော့သည်၊
'ရီယာလ်ပန်း' ထိုအကောင်လေးဟာ သူရဲ့အချိန်ကိုပြသတော့မည်ထင်ရဲ့၊ဒန်နာရီကို မော့ကြည့်လိုက်ပြီး ခုန်ဆင်းသွားကာ တစ်နေရာကို ဦးတည်ပြေးသွားတော့သည်၊ဒန်နာရီလည်း အနောက်ကနေ လိုက်သွားကာ ထိုအကောင်လေးရှာတွေ့မည့်ပစ္စည်းကို ိတ်ဝင်စားနေတော့သည်၊
ယုန်ငယ်လေးဟာ သေတ္တာတစ်ခုရှေ့မှာ ခုန်ပေါက်ရင်း ဒန်နာရီကိုခေါ်နေတော့သည်၊ဒန်နာရီဟာ ယုန်လေးနားရောက်သွားပြီးနောက်မှာ သေတ္တာကိုကြည့်လိုက်သည်၊ ပစ္စည်းဟာ ကိုင်လိုက်သည်နှင့် ယူရမည်ဖြစ်တာကြောင့် ဒန်နာရီဟာ ကြည့်ရုံသာကြည့်နေတော့သည်၊
'ဆရာဇီနိုရော ဘယ်လိုထင်လဲ'
*ငါက ခွေးမှ မဟုတ်တာ ဘာကိုမှမခံစားရဘူး*ဇီနိုဟာ ပခုံးတွန့်ရင်းပြောလိုက်သည်၊ဒန်နာရီဟာ ရယ်မောလိုက်ပြီးနောက်မှာ ရီယာလ်ပန်းယုန်လေး ခေါင်းကိုပုတ်လိုက်ပြီး
"မင်းကို ငါယုံကြည်ပေးလိုက်မယ်"လို့ ပြောလိုက်ပြီး သေတ္တာကိုသိမ်းလိုက်သည်၊သူဟာ ရွေးချယ်ပြီးတာကြောင့် အခြားသူတွေကို လိုက်ကြည့်နေရင်း ပန်းချီကားတစ်ချပ်ဆီ ရောက်သွားတော့သည်၊ဘာလို့လဲဆိုတော့ ရေးလ်ဟာလည်း ထိုအရှေ့မှာရပ်နေကာ ထိုပန်းချီကားချပ်ကို မုန်းတီးစွာစိုက်ကြည့်နေသည်၊
"ရေးလ်"
ဒန်နာရီကလည်း အနီးကိုသွားပြီး ပန်းချီကားချပ်ကိုကြည့်လိုက်သည်၊ပန်းချီကားချပ်မှာ လူနှစ်ဦးရှိနေပြီး အဝါရောင်နှင်းဆီပန်းခင်းကြီးထဲမှာ လူငယ်နှစ်ဦးဟာရှိနေပြီး ပျားရည်ရောင်ဆံပင်ရှည်များနဲ့ အရပ်ရှည်ရှည်လူငယ်ဟာ ရှေ့ရှိလူငယ်ကို မြတ်နိုးစွာစိုက်ကြည့်နေပြီး သူရဲ့သစ်တောစိမ်းရောင်မျက်လုံးများထဲမှာ ရှေ့ရှိလူငယ်ကို ဘယ်လောက်တောင်ချစ်ခင်မြတ်နိုးကြောင်း ဖုံးကွယ်ထားခြင်းမရှိပေ၊
ထိုလူငယ်ကိုကြည့်ရင်း ဒန်နာရီအကြည့်တွေဟာ ရေးလ်ဆီ ရောက်သွားတော့သည်၊သူတို့နှစ်ဦးဟာ တူညီလှသည်၊ဒါပေမယ့် ပန်းချီကားချပ်ထဲကလို သစ်တောစိမ်းရောင်မျက်ဝန်းများဟာ မုန်းတီးမှုတွေနဲ့သာ၊
"ရေးလ်"
ဒန်နာရီဟာ ရေးလ်ကို လှုပ်နိုးလိုက်မှ အသိပြန်ဝင်လာပြီး သက်ပြင်းကျယ်လောင်စွာချလိုက်ပြီး ခေါင်းခါလိုက်သည်၊
"ဒီနေရာက ကျွန်တော်နဲ့သက်ဆိုင်နေပေမယ့် ကျွန်တော်မုန်းတီးနေသလို ခံစားနေရတယ်"
'ဒီနေရာက ရေးလ်နဲ့သက်ဆိုင်နေတယ်...ဒီပန်းချီကားချပ်ထဲက အရပ်ရှည်ရှည်လူငယ်ဟာ ဘယ်လိုလူစားမျိုးလဲ'
ပန်းချီကားနောက်မှာ နာမည်တစ်ခုရေးထွင်းထားသေးသည်၊
'အရှင်ဘုရင် အဲလ်ဏီမဲလ် ရေးလ်ချက်စ်'
-------------------
Chapter -62.2မျှော်