Successive Life (Remixed)

By kokolayphilo

6.3K 259 39

ကောင်လေးနှစ်ယောက်ရဲ့ ဘဝ အဆက်ဆက် ရေစက်လေးရယ်၊ သူတို့နစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ် အဖြစ်အပျက်လေးတွေန... More

P (02)
P (03)
P (04)
P (05)
P (06)
P (07)
P (08)
P (09)
P (10)

P (01)

3.2K 68 7
By kokolayphilo

Successive Life

Part (01)

" ဒိန်း ….. ဂျလိမ်း ….. ဒိန်း …. ဝေါ …. ဝေါ ….။ "

မိုးရဲ့ ပြင်းထန်တဲ့ ရွာအားကြောင့် ရေပြင် ထက်မှာလဲ လှိုင်းတွေက မနားတမ်း ပြေးလွှားနေလေရဲ့။ လျှပ်စီးတို့ ရဲ့ အလင်းရောင်က ညအမှောင်ကို နေ့သယောင်ထင် မြင်အောင် လင်းလက် စေပြန်တယ်။

မိုးချုန်း သံတွေက ကာရံထက် ရဲ့နားထဲကို ပြင်းထန်စွာ ဝင်ရောက် လာခဲ့ တာလဲ မကြာခနပါပဲ။

ခိုက်ခိုက် တုန်အောင် ချမ်းပြီး ရွှဲရွှဲစိုနေတဲ့ ကာရံရဲ့ခန္ဓာ ကိုယ်က လှော်တက်ကို ပြင်းထန်စွာလှော်ခတ် နေမိပါ လေရဲ့။ အသိစိတ် တို့က ကျွန်းလေး ပေါ်မှာ မျှော်နေတဲ့ ဇင်မင်းငယ် ဆီမှာသာ။

ဘယ်သူ ပြောတာလဲ ဘယ်လိုမှ အချိန်မမှီ နိုင်ဘူး ဆိုတာ။ ဒါဟာ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်တဲ့ ကိစ္စလေ။ ဇင်ငယ်သူ့ကို စောင့်နေ ပါ့မယ်လို့ ကတိ ပေးထားပြီး သားပါ။

မဟုတ်ပဲ နဲ့ပြောတဲ့ သူတွေကို စိတ်ဆိုးမိသလို မျှော်နေမယ့် ချစ်ရ သူ ဇင်ငယ့်ကိုလဲ စိုးရိမ်နေမိတယ်။

လက်ထဲက ရှိတဲ့ လှော်တက်ကို အားကုန် လှော်ခတ် နေတာ လက်တွေပင် ပြုတ်ထွက်တော့ မတက်ပါပဲ။ ငါ ပြန်လာပြီ ဇင်ငယ်။ မင်းဆီ ငါပြန်လာပြီ။

မိုးရွာ သွန်းမှုနဲ့ လေတိုက်နှုန်း တွေကြောင့် ပင်လယ် ပြင်မှာ မုန်တိုင်း ဖြစ်ပေါ်ဖို့က သေချာ သလောက်မို့ မြစ်ရိုး တစ်လျှောက် လှေငယ် လှေကြီး တစ်စင်း တစ်လေမှကို မတွေ့ရပေ။

သာမန် အားဖြင့် နာရီဝက်ကျော် လှော်ရတဲ့ ခရီးက ခုပဲ နာရီဝက် မက ကြာနေပြီ။ ကမ်းကပ်ဖို့ အတော်လေး လိုနေ သေးတယ်။ 

ထိုစဉ် ဖြတ်ခနဲ လျှပ်စီး အလက် လှေဦး ထိပ်မှာ ထိုင်နေတဲ့ သူတစ်ယောက်

" ဟင် ဇင်ငယ်။ "

ဇင်ငယ်က လျှပ်အလင်းရောင် အောက်မှာ သူ့ကိုစိုက် ကြည့်ပြီး ပြူံးပြ နေလိုက်တာ အားရပါးရ။ ကာရံ လှေကို လှော်နေတာ ရပ်လိုက်ပြီး ကုန်းထ လိုက်စဉ် ဇင်ငယ့်ကို မတွေ့ ရတော့ပေ။

" ဇင်ငယ် - - - - အား - - - - ဒိန်း ဒလိမ်း ….။"

အသံကုန် ကုန်းအော်လိုက်တဲ့ ကာရံရဲ့ အသံ အဆုံး မှာ မိုးချုံးသံက ထပ်မံ အားဖြည့်ပေး လိုက်သည့်အလား။

" အ့ ဟား ဟား အား ဇင်ငယ် ရေး အီးဟီးဟီး…..။ "

လှိုင်းလေ ဒဏ်ကြောင့် တလှုပ်လှုပ် ဖြစ်နေတဲ့ လှေကလေးထဲမှာ ခြေပစ်လက်ပစ် ထိုင်ချပြီး ချုံးပွဲချငိုနေပါတဲ့ ကာရံကို လောကဓံက မျက်နှသာမပေး ပြန်ပါဘူး။

​" ဝုန်း ……… ဘုံး "

​လှိုင်းတံပိုး ရဲ့ရိုက်ပုတ်မှုကို အထိမ်းမဲ့နေရှာတဲ့ လှေ ငယ်လေးက ခံနိုင်ရည်မရှိပဲ ရေထဲသို့ တိမ်းစောင်းကာ သွားပါ လေတော့တယ်။ ကာရံ ရေစီးရဲ့ အရှိန်ကြောင့် လှေနဲ့ ဝေးသွားပါ တော့တယ်။

သတိ မပြတ်ပဲ လက်နဲ့ကူး ခတ်နေပေမယ့် ရေစီးဒဏ် လေတိုးဒဏ်တွေ ကိုတော့ သူလဲ ဘယ်လိုမှ အံမတု နိုင်ရှာ တော့ပါ။

​" ကာကာ ရေ …….. ကာကာ "

​" ဇင်ငယ် …. ဇင်ငယ် ….. "

" ဝူး အား အဟွတ် ဖူး ဖလူး "

​ရုန်းကန်ကူးခတ်နေရင်းက နားထဲမှာ ဇင်ငယ်ရဲ့ခေါ်သံက တိုးဝင် လို့လာ ပြန်တာမို့ အသံကုန်​အော်ဟစ်လိုက် မိပါ တော့တယ်။ 

​ရေထဲမိုးထဲ လျှပ်အရောင်ထဲမှာ ချစ်တဲ့ ဇင်ငယ်ကိုပဲ လိုက်ရှာ နေမိတယ်။ ထိုစဉ်မှာပဲ လက်ပန်းကျကာ ကာကာတစ်ယောက် ရေထဲ သို့ နစ်ကျသွား ပါတော့တယ်။

အလို နောက်ကျိကျိ ဖြစ်လို့ နေတဲ့ ရေပြင် ထဲမှာ ဇင်ငယ်ပါလား။ ကာရံ ဘာမှကို မစဉ်းစားပဲ ပြန်ပြီး ပြုံးပြ လိုက်မိပါရဲ့။

ဇင်ငယ်က သူ့ဆီကူးခတ်လို့ လာနေပါတယ်။ သူကတော့ ခြေတွေ လက်တွေပင် မခတ်မိပဲ မြောလွင့်နေတာ ပေါ့ပါးလို့ပေါ့။

ဇင်ငယ့်ကို မြင်နေရတယ် ဇင်ငယ်ရဲ့ ခန္ဓာကိုယ်က အရောင်တွေ ထွက်နေသလိုပဲ။

ဇင်ငယ်သူ့နားရောက်ပြီး သူ့ကိုပွေ့ပိုက်လိုက် ပါပြီ။ ဇင်ငယ့် နှုတ်ခမ်းတွေနဲ့ သူ့နှုတ်ခမ်းတွေ အထိမှာ ကာရံ မျက်စိတွေ မှိတ်ချလိုက်ပါတော့တယ်။ ကျန်တာတွေသူ ဘာမှမသိတော့ပေ။

❀ ❀ ❀ ❀ ❀

" ဟား ဟား ဟား ကာကာ ထထ မင်းပုံ မင်းလဲပြန်ပြီး ကြည့်ပါဦး ဟား ဟား ဟား …..။"

​ကာကာ အိပ်ချင်မူးတူးနဲ့ ထလိုက်စဉ်မှာတော့ ဘေးနားမှာ တဟား ဟား ရီနေတဲ့ ဇင်ငယ် ကိုတွေ့ရပါတယ်။

ဇင်ငယ်ပြောလို့ ကို့ကိုယ်ကို ပြန်ကြည့်မိလိုက်ပါတယ်။

​" ဟာ …။ "

​ကာရံ လန့်သွားကာ သူ့ပေါင်ကြားကို လက်နဲ့အုပ်ခါ ထားမိပါတယ်။ သူဘယ်အချိန်က ဒီနားမှာ အိပ်ပျော်နေ တာပါလိမ့်။ ပြီးတော့ သူ့ပုဆိုးလဲ မရှိတော့ပါလား။

​" ဟား ရှက်ကရော် ရှက်ကရော် ပုဆိုးလဲ မပါဘူး ဟား ဟား …။ "

​" မင်းဖွက်ထားတာ မဟုတ်လား ပြန်ပေးနော် အခု။ "

​" အံမယ် ငါမသိဘူး ဟိုးနားမှာလား မသိဘူး ခိခ်။ "

​" အကျင့်ပုတ် မင်းငါနဲ့တွေ့မယ်။ "

ကာရံ ကုန်းထ လိုက်ပေမယ့် လူက လှုပ်မရ ဇင်ငယ့်ကို ကြည့်လိုက်တော့ ဇင်ငယ် မရှိတော့ပေ။

ဟာ သူခုနပြတဲ့ နေရာကနေ ပြောင်ပြ နေတယ်။ ကို့ချစ်သူက ဒိလို ဖြစ်နေ တာတောင် ပြောင်ပြ နေသေးတယ်။ ဟွန်း နေပေါ့။

သောင်ပြင် စပ်မှာပဲ ကာရံ မှောက်ခါ တွားသွား နေမိပါတယ်။ ကျောက်ဆောင် အကွယ်ကနေ ပြောင်ပြနေတဲ့ သူရဲ့ ဇင်ငယ်လေးကို သူစိတ်ဆိုးပြီး အနားက ခဲနဲ့ ကောက်၍ ပေါက်ပစ် လိုက်ပါတယ်။

ဇင်ငယ် ပျောက်သွား တော့မှထို နားအထိ ကာရံ တရွေ့ရွေ့ မနည်း သွားလိုက်ရတယ်။

​ကျောက်ဆောင်လေး အကွယ်ကို ကာရံ ထွက်လိုက်တော့ ရွာကလူတွေ ဟိုတစ်စု ဒီတစ်စုနဲ့ ကမ်းခြေမှာ တွေ့လိုက် ရပါတော့တယ်။

​ကာရံရဲ့ ပုဆိုးမရှိပေမယ့် အတွင်းခံလဲ ပါတာမို့ ကျောက်ဆောင် အကွယ်ကနေ တရွေ့ရွေ့နဲ့ ထွက်လာခဲ့ပြီး ဇင်ငယ့်ကို ရှာနေမိတယ်။

​" ဟာ ဟိုမှာ ကာရံထက် ကာရံထက် တွေ့ပြီဟေ့ …..။"

သူ့ထံကို လူတွေပြေးလွှား ရောက်လာကြပါတယ်။ သူကတော့ ဇင်ငယ့်ကိုပဲ ရှာနေမိတယ်။ ဘယ်ရောက် သွားပါလိမ့် ဒီကောင်။

​" ကာရံ လူလေး ကာရံ အမလေး မသေလို့ပြန်တွေ့ရ တာ ငါ့သားလေး အီးဟီးဟီး ဟီး…။ "

​"သား ဖေ့သား ဘာမှမဖြစ်ဘူးနော် တော်သေးတာပေါ့ သားလေးရာ ဟစ် အင့်…။ " 

​" သားဘာမှ မဖြစ်ပါဘူး အဖေနဲ့ အမေရ အဖေတို့က ဘာတွေ ဖြစ်နေ ကြတာလဲ။ " 

​ကာကာရဲ့ စကားကြောင့် အဖေနဲ့အမေ တစ်ချက်မျှ စဉ်းစားပြီး ကာကာ့ကို ဝိုင်းထူပေးကြတယ်။ ပြီးတော့မှ

အဖေကသူ့ပုဆိုးကို ချွတ်ပြီး ကာကာ့ကိုဝတ်ပေးတယ်။

အဖေက ဘောင်းဘီတို အပွကြီးနဲ့ပေါ့။

​" မေ့ ဇင်ငယ်ဒီနားမှာ သားကိုစနေတာ ခုဘယ်ရောက် သွားလဲ မသိဘူး အမေတို့ကော တွေ့လိုက်သေးလား? " 

​ကာကာမေးတာ အမေမဖြေပဲ ငိုချလိုက်ပါတော့တယ်။

​" တွေ့လိုက် သလိုပဲ ကာကြီး ခုန ငဇင် ရွာထဲ ဘက်ကို ပြေးသွား တာတွေ့လိုက် သလိုပဲကွ။ "

ရွာက ငယ်ပေါင်း သူငယ်ချင်း ကျော်စွာမောင်က ဝင်၍ ပြောတော့ မှ ကာကာ တောက်ခေါက်ကာ

​" တွေ့မယ်။ အဲ့ခွေးကောင် ငါ့ပုဆိုးကို ဘယ်မှာဖွက် သွားလဲ မသိဘူး။ နေပေ့စေဦး။ "

​" ကဲ ကဲ သွားကြမယ်ဟေ့….။ "

" လာသားလေး သွားမယ်။ "

​အဖေနဲ့အမေက သူ့ကိုတွဲကာ ခေါ်လာသလို ရွာက လူတွေလဲ အများကြီးပါလာတာမို့

​" လူတွေ အများကြီး ဘာလုပ်ကြတာလဲ? အဖေနဲ့မေ ကလဲ လာမခေါ်စဖူး ထူးထူးဆန်းဆန်း ဟား ဟား….။ " 

​" မဟုတ်ပါဘူး သားရ။ ဒိနေ့ ရာသီဥတု အခြေအနေ ကို ထွက်ကြည့် ကြတာလေ။ မနေ့က မုန်တိုင်း ကျထားလို့။ "

​" အော် ဟုတ်သားပဲ။ မေကလဲ ဘာလို့ငိုနေတာလဲဗျ။ "

​" ဟို အင်း …. ဘာမှမဖြစ်ပါဘူး လူလေးရယ် လာ လာ။ "

​ထိုစဉ်နောက်ဖက်က ရွာသားတွေ ပွစိပွစိနဲ့ ပြောနေ ကြတာမို့ ကာကာ လှည့်ကြည့်လိုက်တော့ ခုနတုန်းက ကျောက်ဆောင်နားမှာ ဇင်ငယ် မတ်တပ်ရပ်ပြီး သူ့ကို ငေးနေတာ တွေ့တာမို့

​" ဟာ ဒီကောင်က အဲ့ဒိမှာကိုး။ ကျော်စွာ ဇင်ငယ်က ခုန နေရာမှာကွ ဟိုးမှာတွေ့လား မင်းအဖေက။ "

​ကာကာပြောလိုက်တော့ လူအုပ်က ဝရုံးသုံးကားဖြစ် သွားကာ အကုန်လုံးလှည့်ကြည့်ကြ ပါတော့တယ်။

​" နေနှင့်ဦး မင်းနဲ့ငါနဲ့နောက်မှ တွေ့မယ်။ ဟာ့ ဘာဖြစ် နေကြတာလဲ? ဇင်ငယ်ကိုတွေ့တာ သရဲတွေ့တာ ကြနေတာပဲ။ ဘာတွေ ဖြစ်နေကြ မှန်းကို မသိဘူး။ " 

​ရွာက လူတွေ အကုန် ပြန်လစ်ကုန် ကြပြီမို့ သူတို့တွေလဲ အိမ်ပြန် လာခဲ့ကြ ပါတော့တယ်။

​" သားတစ်ကိုယ်လုံး မလှုပ်နိုင်အောင် ကိုက်ခဲ နေတာ ဘာဖြစ်လို့ လဲ မသိဘူးနော် မေ။ သောင်မှာ အိပ်လို့လား? "

" အင်းပေါ့ လူလေးရဲ့ လေတွေ ဒိလောက် တိုက်ပြီး အေးနေ တာလေ အဲဒါကြောင့်။ "

​အိမ်ရောက်တော့လဲ ကာကာ့ကို အဖေက ဘေးမှာ ထိုင်ပြီး စောင့်နေတယ်။ မေကတော့ ဆေးတွေ တိုက်နေတယ်။ ကာကာက ဘာမှ မဖြစ်ပါဘူး။ ချစ်တဲ့ ဇင်ငယ်က ခုထိ ပေါ်မလာ တာကိုပဲ စိတ်ထဲမှာ တွေးရင်း ဝမ်းနည်း လာသလိုလိုပါပဲ။

​" အဖေ ဇင်ငယ်လဲ မလာပါလား။ အဖေသူ့ကို ဆူထား ပြန်ပြီ မဟုတ်လား။ သားမရှိတုန်း။ "

​" မဆူပါဘူး သားရယ်။ ငဇင် လာမှာပေါ့။ သူ့အိမ်မှာ အလုပ် ရှုတ်နေလို့ နေမှာ။ သားခန အိပ်လိုက်ဦးနော်။ "

​" အဲဒါဆိုလဲ ပြီးရော။ အဖေရယ် ဇင်ငယ်က မိဘလဲရှိ ရှာတာ မဟုတ်ဘူး။ အဖွားကလဲ ဘာမှမလုပ်နိုင် တော့ဘူး။ သူ့မှာ အရမ်းအားငယ် ရှာတယ်။ သွားသွား မဆူပါနဲ့ဗျာ။ နော် အဖေနော်။ သနားပါတယ်။ "

​" အေးပါကွာ။ နောက်ဆို အဖေ မဆူတော့ပါဘူး။ "

​ဆေးတွေ သောက်ထား လို့လား မသိဘူး မျက်စိတွေက စင်းလာ တာမို့ ကာရံထက် အိပ်ပျော်လို့ သွားပါတော့ တယ်။ အိပ်ယာကနိုးတော့ ညနေစောင်း နေပြီ။

​" မေ ရေ မေ ….။ "

​" လူလေးနိုးပီလား? ရေလေး အရင်ချိုး လိုက်နော်။ ပြီးမှ မေ ထမင်း ခူးပေးမယ် သိလား။ နော် သားလေး။ "

" ခုနက ဇင်ငယ်အော်လို့ သားနိုးလာတာ မေရ။ သူလာ သေးလား? ခုလေးတင် ကြားလိုက်တာပါ။ "

" မလာပါဘူး သားရဲ့။ လာရင်တွေ့မှာပေါ့။ ထထရေချိုး။ "

​ကာကာ မထချင်ထချင်နဲ့ ထကာရေချိုးလိုက်တယ်။ ပြီးတော့ ထမင်းစားပြီး မေက ဆေးတိုက်လို့သောက်ရ သေးတယ် မသောက်ချင် ပေမယ့်လဲ။

" မေနော် သား ဆေးသောက် ပြီးတာနဲ့ ဇင်ငယ့်ဆီကို သွားမှာ။ သားပြန်လာတာ ခုထိလာ မတွေ့ဘူး၊ အဲ့ကောင်ကို သွား ပြသနာရှာမယ်။ "

​" နေစောင်း နေပြီ လူလေးရဲ့ ။မနက်မှ သွားပါလား နော်။ " 

​" အော် မေ ကလည်း ဒီရွာမှာ သားတို့ သန်းခေါင်ယံ ထိတောင် သွားလာ နေကြဟာကို။ ဘားမှမဖြစ်ပါဘူး။ "

​" ခုသားလေးက နေမကောင်း သေးလို့လေ နော်။ "

​" ဟာ - - - မရဘူး အဲဒါဆို ဆေးမသောက်ဘူး။ "

​ကာကာတို့ သားအမိကို ထိုင်ကြည့်နေတဲ့ အဖေက

​" ကဲ သောက်သောက်။ ပြီးရင် အဖေ လိုက်ပို့မယ်။ "

​" ဟား ဟား အဖေနဲ့မေကလေ အခုမှ ထူးခြား နေတာ။ ဘာတွေ ဖြစ်နေတာလဲ သားကို ကလေး ကြနေတာပဲ။ "

ဆေးသောက်ပြီးတော့ ဇင်ငယ့်ဆီသွားမယ် ဆိုတော့ အဖေကောမေပါ လိုက်လာကြတယ်။

နေပေ့စေ ဟိုကို ရောက်မှ ဇင်ငယ့်ကိုခေါ်ပြီး ပြေးကြမယ်။ လူလစ်တဲ့နေ ရာကို ခိခ်။ ဒိကောင့်ကိုလဲ လွမ်းလှပြီ။

​ဇင်ငယ်တို့ လမ်းထိပ် ရောက်တော့ အမေက ငိုပါလေပြီ။ အဖေ ကလဲ သူ့လက်ကို အတင်း ကိုင်ထားတယ်။

သူလဲ ဇင်ငယ်တို့ အိမ်ကို လှမ်းကြည့်တော့ အိမ်ရှေ့မှာ စင်နဲ့ထိုး ကာပြင်ထားတဲ့ အလောင်းစင် တစ်ခု။

​" ဟာ မေ ဇင်ငယ့်အဖွား ဆုံးပြီလား။ ဟုတ်လား? အော် သနား လိုက်တာ။ ဒါ့ကြောင့် သူသားဆီ မလာနိုင်တာကိုး။ မေတို့ကလဲ ဒိကိစ္စကိုတောင် မပြောပြဘူး။ "

​" အဲဒါ ငဇင့် အဖွား မဟုတ်ဘူးသား။ ငဇင်ကိုယ်တိုင်ပဲ။"

​အဖေ့ စကားကြောင့် သူအဖေ့ကို လှဲ့ကြည့်ကာ

​" လုပ်ပြီ အဖေ ကတော့။ မနက်ကမှ သားကို လာစနေ သေးတဲ့ ဟာကို။ ငဇင်ကသေ စရာလားဗျ။ "

​စိတ်တိုတိုနဲ့ပြော ချလိုက်တယ်။ ကန်တော့ ကန်တော့။ 

ဟုတ်တယ်လေ သူ့ ချစ်သူက သေစရာလား။ အလောင်းစင်နား ရောက်လာတော့ သူကြက်သီးတွေ ဖြန်းခနဲ ထသွား ပါတော့တယ်။

​ငဇင့်ကို ကြည့်ပါဦး အလောင်းစင် ဘေးမှာ ငုတ်တုတ်လေး ထိုင်နေ ရှာတာလေ။ သနားဖို့ကောင်းလိုက်တာ။

အော် သူ့မှာ အားကိုးစရာ ဒီအဖွားပဲ ရှိတာကို သူတအား ခံစားနေ ရရှာမှာပေါ့။

ကာကာ အလောင်းစင် ဘေးမှာ ငုတ်တုတ် ထိုင်လိုက်တော့ အဖေက အတင်းဆွဲ နေတယ်။ မေကလဲ ငိုလို့ကို မဆုံးတော့ပေ။

ငဇင်တို့ အိမ်ထဲက လူတွေလဲ ထွက်လို့ လာပြီး သူ့ကိုဝိုင်းကြည့် နေကြတယ်။

​" ဇင်ငယ်ရယ် စိတ်မကောင်း မဖြစ်ပါနဲ့။ မင်းအဖွား မရှိ လဲမင်းကို ငါတစ်သက်လုံး စောင့်ရှောက်ပါ့မယ်ကွာ။ "

​ဇင်ငယ် ခေါင်းလေးကို ခါပြကာ မျက်ရည်တွေ ကျပြ နေပါတယ်။ သူလဲ မနေနိုင်တော့ မျက်ရည်တွေ ကျကာ

​" မငိုပါနဲ့ ဇင်ငယ်ရယ်။ လာနော်။ ငါရှိတယ်။ ငါမင်းကို တအား လွမ်းနေတာ သိလား? မငိုနဲ့ တိတ်တိတ် ….။ "

​သူဇင်ငယ့်ကို ချော့နေတုန်း အဖေက သူ့ကိုအတင်း ဆွဲနေသလို မေက သူ့ကျောကို ဖက်ခါ ငိုနေပါတော့ရဲ့

​" လာသားလေး အိမ်ထဲသွားကြမယ်။ မမြခက် မင်းက လဲကွာ။ သားကို ထိန်းရမယ့်ဟာ ငိုပဲငိုနေတယ်။ "

​" လာ လာ လူလေး။ အထဲဝင်မယ် မေ့သားလေး။ "

​" လာလေ ဇင်ငယ် အိမ်ထဲမှာ ဧည့်သည်တွေ အားနာ စရာကြီး။ အထဲသွား ကြမယ်နော်။ လာခဲ့ လိမ်မာတယ်။ "

​ကာရံတို့ အိမ်ထဲကို ဝင်ကြတော့ လူတွေက လမ်းကို ဖယ်ပေး ကြတယ်။ အိမ်လေးထဲ ရောက်တော့ ဘုရားစင် ရှေ့မှာ အိပ်ယာလေး ပြင်ထားတယ်။ ဖယောင်းတိုင်နဲ့ အမွှေးတိုင်တွေ လဲထွန်းလို့။

" ဟာ ဒါ ဒါ ဘယ်သူ ထားထားတာလဲ? ဒီမှာ ဇင်ငယ့် ပုံကို ဘယ်သူ လာချ ထားတာလဲ? ဟာဗျာ တောက်…။ "

​သူ အိပ်ယာ ဘေးက ဇင်ငယ့်ပုံကို သွားယူမယ် လုပ်တော့ အဖေက အတင်း ဆွဲထားတယ်။

ပြင်ထားတဲ့ အိပ်ယာဘေးမှာ ငုတ်တုတ်လေး ထိုင်နေတဲ့ ဇင်ငယ်ကလဲ ခေါင်းခါ ပြပြီး ကာကာ့ကို သူ့ဘေးမှာ ထိုင်ဖို့ လက်နဲ့ပုတ် ပြတာမို့ ကာကာ သက်ပြင်းချကာ ထိုင်ချ လိုက်တယ်။

​သူထရံကာထားတဲ့ အခန်း နံရံလေးကို မှီခါ ဇင်ငယ် နဲ့ စကား ပြောနေစဉ် အဖေတို့ အသံတွေလဲ တချက်ချက် ကြားနေရတယ်။

​" ဒေါ်သောင်းတင် ကောဘယ်မှာလဲ? အဆင်ကော ပြေ ကြရဲ့လား? လိုတာ ကျုပ်တို့ကို လာပြောနော်။ အိမ်မှာက လဲမြင်တဲ့ အတိုင်း။ သားကို က လွှတ်ထားလို့ကို မရဘူး။ "

​" အဆင်ပြေပါတယ်။ ဖွားသောင်းကိုက ဆေးတိုက်ပြီး ခနသိပ် ထားတယ်။ မအိပ်ပဲ ငိုပဲငိုနေ လို့လေ။ အသက်ကြီး တော့ ခံနိုင်ရည် မရှိမှာ စိုးလို့။ "

​ကာကာ ဇင်ငယ့်ပုံစံကို ကြည့်ရတာ အားမရပေ။ တစ်ခုခုတော့ ဖြစ်နေသလိုပဲ။

​" ငါတို့ သောင်စပ်က နေရာကို သွားကြမလား? ဒီမှာက လူတွေ များတယ် ----- ဟာကွာ မင်းကလဲ မငိုပါနဲ့ဆိုနေ ------ မင်းငါ့ကို မချစ်တော့ဘူး လား ----- ချစ်ရင်ပြုံးပြ ---- "

​" ----- "

" ဟား ဟား အဲဒိအပြုံးပဲ လောကမှာ ပြိုင်စံရှားတဲ့ အပြုံး ------- ဟာ ဟေ့ကောင် ဘယ်ရောက်သွား တာလဲ ------- ဇင်ငယ် ဇင်ငယ် "

​ဇင်ငယ်မှိုင်နေတာမို့ သူစနေတာကို စိတ်များဆိုးလို့ သွားလား မသိပေ။ ဘယ်ရောက်သွား မှန်းမသိ ပြောနေ ရင်းက ပျောက်သွား တာမို့ သူကုန်းထ လိုက်တော့ အိမ်ထဲက လူတွေလဲ ရုပ်ရုပ် သဲသဲ ဖြစ်ကုန် ကြတယ်။

သူ့အိမ်ထဲမှာ ဇင်ငယ့်နာမည်ကို အော်ကာ ပတ်ပြီး ရှာတော့ လူတွေက အထိပ်တလန့် ဖြစ်နေ ကြသလို ဟို ပြေးကပ် ဒီပြေး ကပ်ကြနဲ့။ ဘာတွေ ဖြစ်နေကြမှန်း မသိ တော့ပေ။ အဖေနဲ့ မေက သူ့ကို လာစွဲကာ အိမ်ပြန်ဖို့ ပြောတော့

​" ဇင်ငယ် ဒိလောက် အရေးကြီး ဒုက္ခရောက် နေတဲ့ အချိန်မှာ သား မပြန်နိုင်ဘူး။ သားဒီမှာပဲ နေခဲ့မယ်။ အဖေတို့ ပြန်ရင်ပြန်တော့။ "

​ဇင်ငယ်တို့ အိမ်လေးမှာရှိတဲ့ တခုထဲသော အခန်းလေး ထဲကို ဝင်ကြည့်မိ ချိန်မှာတော့ ကာကာ အလွန် အင်မတန် အံ့သြလို့ သွားရ ပါတော့တယ်။ သူ့ကို စိုက်ကြည့်ရင်းက ပက်လက်လေး မျက်ရည်တွေ ကျနေတဲ့ ဖွားသောင်း ပါ။ 

​" ဟင် ဖွားသောင်း ဖွားသောင်း မသေဘူးနော်။ ဟာ ဖွားသောင်း သေပြီမှတ်လို့ဗျ။ ဇင်ငယ်က ငိုနေတာ။ သား သူ့ကို ပြောလိုက်မယ်နော် ဖွားသောင်း။ ဟေး။ "

ဖွားသောင်းက ခေါင်းပဲ ငြိမ့်ပြ ပါတယ်။ ငဇင် သိရင်လဲ အရမ်းပျော်မှာ။ သူအဲဒိညက အိမ်မပြန်သလို သူရဲ့မေနဲ့ အဖေကလဲ အိမ်မပြန်ကြပါ။

သူတညလုံး ဇင်ငယ့် အိပ် ယာဘေးမှာ ဇင်ငယ်နဲ့ စကားတွေ ပြောဖြစ်ကြတယ်။

​အိမ်မှာလဲ လူတွေက ရှုပ်နေတော့ ဘာမှ မလုပ်ရဘူး။ ပြုံးလိုက်တိုင်း ပါးချိုင့်လေး တစ်ဖက်နဲ့ ဇင်ငယ့်ကို သူက တအား နမ်းပစ်ချင် နေပြီလေ။

​နောက်တနေ့ မနက် ၁၀ နာရီ လောက်မှာ အိမ်ကလူတွေ အလုပ်တွေ ရှုတ်နေကြတယ်။ ဇင်ငယ်လဲ ပြာယာကို ခတ်နေတာပဲ။ ဘာတွေ ဖြစ်နေတာလဲ မေးတော့ အိမ်ရှေ့က အလောင်းစင်ကို လက်ညှိုး ထိုး ပြပြပြီး ငိုနေရှာတယ်။

​" အဖေ ဘာတွေ အလုပ်ရှုတ် နေတာလဲ? ဒီမှာဇင်ငယ် ငိုနေတယ်။ တအား ငိုနေတယ်။ လုပ်ပါဦး။ "

သူအဖေ့ကို လှမ်းမေးတော့ အနားမှာ ထိုင်နေတဲ့ သူ့ သူငယ်ချင်း တွေဖြစ်တဲ့ ကျော်စွာတို့အဖွဲ့က ငိုကြပြန် ပါတယ်။ ဘာတွေ ဖြစ်လို့ လူတွေ အကုန်ငိုနေ ကြတာပါလိမ့် သူတကယ် နားမလည် နိုင်ပါ။ အရေးကြီး တာက ဇင်ငယ် အရမ်း ငိုနေတာကို သူမခံစားနိုင် ဘူးလေ။

​" ရော့ သားလေး ငဇင်ငိုနေရင် မောနေမှာသူ့ကို အအေးလေး တစ်ခွက် တိုက်လိုက်နော်။ သူက သားလေး သောက်မှ သောက်မှာ။ သားလေးလဲ တစ်ခွက်သောက် လိုက်နော်။ "

​အဖေပေးတဲ့ အအေးခွက်လေးကို ငဇင့်ဘေးမှာ ချပြီး

" ကဲပါ အအေးလေး သောက်ဦးနော်။ ဇင်ငယ် ငါလဲဒီမှာ သောက်မယ်။ မင်းလဲ သောက်။ အား ကောင်းတယ်။ "

ကာကာ အအေး သောက်ပြီး မကြာခင်မှာပဲ ဇင်ငယ်ရဲ့ ဘေးမှာ ခွေခွေလေး အိပ်ပျော်သွား ပါတော့တယ်။ သူ့ ကိုအတင်း လှုပ်နှိုးနေတဲ့ ဇင်ငယ့်ကိုပင် ထလို့မကြည့် တော့ပါဘူး။

​(ဇင်ငယ် - ငါ့ အလောင်းကို မီးသင်္ဂျိုလ် တော့မယ်။ ထပါဦး ကာကာ။ မင်းထပါဦး။ ငါ့ကို မီးရှို့ဖျက်စီး တော့မှာကို မင်း နောက်ဆုံး အနေနဲ့ ထကြည့် ပေးပါဦး။ မင်းသိပ်ချစ်တဲ့ ငါဆိုတာ လောကကြီး ထဲကနေ ပျောက်ကွယ် သွားရတော့မယ်။ အချိန် မရှိတော့ဘူး ကာကာရယ် မြန်မြန်ထ ပါကွာနော်။)

​ကာကာ့ကို သူ့အိမ်ကို ပြန်သယ်သွား ကြပြီး ကာကာ့ အဖေနဲ့ မေက ဘေးကနေ မပြတ်ထိုင်ခါ စောင့်ကြည့်နေ ပါတယ်။

ဇင်ငယ် အသံကုန် အော်ဟစ် နှိုးနေပေမယ့်လဲ ကာကာကတော့ အိပ်မောကျ လျက်ပါပဲ။

​(ဇင်ငယ် - ကာကာရေ ငါ့ကိုနောက်ဆုံ အနေနဲ့ လာကြည့်ပါဦး။ ငါမင်းကို သိပ်ချစ်တယ် ငါ့ကို လာနှုတ်ဆက် ပါဦးကွာ။)

မျက်စိလေး မှိတ်ပြီး အိပ်ပျော်နေတဲ့ ကာ့ကာရဲ့ဘေး မှာ ဇင်ငယ် တစ်ယောက် အရူး တစ်ယောက်လို ဟိုပြေး ဒီပြေး ဖြစ်နေ ရပါပြီ။

(ဇင်ငယ် - ငါ့ ငါ့ကို သူတို့မီးရှို့ နေကြပြီ ကာကာရယ် မင်းငါ့ကို နောက်ဆို ဘယ်တော့မှ မြင်တွေ့ခွင့်ရမှာ မဟုတ်တော့ ဘူး။

မင်းငါ့ကို သိပ်ချစ်တယ် ဆို ငါ့အပြုံးလေးတွေ မင်း သိပ်ချစ်တယ်ဆို မင်းထပါဦး ကာကာရဲ့ အာ့ဟား ဟား အီး ဟီး ငါ ငါ မရှိတော့ ဘူး ကာကာရေ ငါဆိုတာ မရှိ တော့ပါဘူးကွာ။)

(ဇင်ငယ် - မင်း တစ်သက်လုံး လက်တွဲ သွားမယ် ဆိုတဲ့ ငါ့ရဲ့လက်တွေ။ မင်းအသည်းယားလို့ ခနခန ကိုင်တဲ့ ငါ့နားရွက်တွေ။ အားလုံး တမြေ့မြေ့ လောင်ကြွမ်း နေတာ မင်းထပြီးတော့ ကြည့်ပါဦးကွာ။ ငါတို့ ဘဝတွေ ခြားကုန် ကြပြီပေါ့ကွာ။)

​အပစ် ကင်းစင်စွာ အိပ်နေတဲ့ ကာကာ့ မျက်နှာလေး ကိုငေးကြည့် ရင်းက စကားတွေ တတွတ်တွတ် ပြောနေ ရင်းက ဇင်ငယ် ရှိုက်ကြီးတငင် ငိုနေမိပါပြီ။ အအေးထဲ မှာပါတဲ့ ဆေးအရှိန်နဲ့ အိပ်နေတဲ့ ကာကာကတော့ ဘာ တစ်ခုမှ မသိရှာပါပေ။

​သူသိပ်ချစ်တဲ့ ဇင်ငယ် အခုလို ငိုနေတာများ တွေ့ရင် ကာကာလဲ အရမ်း ခံစားရ ရှာမှာပါပဲ။

(ဇင်ငယ် - ကာကာရယ် ငါမင်း ကိုအရမ်း ချစ်တယ်။ မင်းငါ့ကို သိပ်ချစ်တာကိုလဲ ငါသိ တယ်။ နောက်ဘဝတွေမှာ ငါတို့ ပေါင်းကြမယ်။ ဒီလိုရုပ် ဒီလို ခန္ဓာနဲ့ မင်းနဲ့ငါ ယောက်ျားခြင်းပဲ ပြန်ပေါင်း ကြမယ်။ ငါ ဘယ်ဘဝ ရောက်ရောက် မင်းကို တွေ့အောင် ရှာပါ့မယ်။ မင်းက လွဲရင် ဘယ်သူမှငါ လက်မတွဲဘူး။ မင်းပဲ ငါ့ချစ်သူ အဖြစ် ဘဝတိုင်းမှာ ရှိစေရမယ်။)

​" အား - - - - - ဇင်ငယ် ဇင်ငယ် အဟီး အီးအင့် "

​အိပ်ပျော် နေရာကနေ ကာကာ ထအော်ကာ ငိုနေပါပြီ။ 

ဆက်လက် တင်ပြသွားပါ့မယ် ခမျ။

အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်။

ကိုကိုလေး (ဒဿနိက)

 

Continue Reading

You'll Also Like

292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
578K 36.4K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
242K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...