P (10)

309 19 3
                                    

Successive Life

Part (10)

“ဒီပါ….။”

ဒီပါက မြင့်မိုရ် ရဲ့လက်မောင်းနှစ်ဖက်ကနေ စွဲကာ မလိုက်ပြီး မြင့်မိုရ်ကို ရင်ခွင်ထဲ ထည့်ကာ တင်းနေအောင် ဖက်ထား လိုက်မိပါတယ်။ နှစ်ယောက်စလုံး မျက်ရည်တွေ တလိမ့်လိမ့် ကျလို့နေကြပါတယ်။

“ငါ မင်းကို လွမ်းလိုက်တာ မြင့်မိုရ်။ လွမ်းလိုက်တာကွာ။”

မြင့်မိုရ် ဘာမှပြန်မပြောမိသလို ဒီပါ့ကိုလဲ ပြန်ပြီးမဖက်ထားမိပါဘူး။ ခနနေတော့မှ ဒီပါက လူချင်းကို ခွါလိုက်ပြီး မြင့်မိုရ် မျက်နှာကို သေချာစိုက် ကြည့်ကာ

“မင်း ဘာဖြစ်နေတာလဲ မြင့်မိုရ်ရယ်။ ငါ့မှာ မင်းကို လွမ်းလို့ သေတော့မယ်။ မင်းကို ငါအရမ်းချစ်တယ်။ နောက်ခါ ငါ့ကို အဲ့လို မထားခဲ့ပါနဲ့ကွာနော်။”

မြင့်မိုရ် ဘာမှပြန်မပြောပဲ ဒီပါ့ကိုသာ စိုက်ကာ ကြည့်နေတာ မျက်တောင်ပင် မခတ်မိ။

“မင်း ဘာဖြစ်နေတာလဲ မြင့်မိုရ်ရယ်။ ဪ ဟိုကိစ္စကလေ ငါ့ဦးလေးက ဖြေရှင်းပေးမယ်တဲ့ လုံးဝစိတ်မပူနဲ့တော့တဲ့ သိလား။ ငါ့ကို  ကျောင်းပဲတက် ဆိုပြီး ဒီကို ပို့ပေးလိုက်တာ။ မင်းအဲ့ဒါကိုလဲ စိတ်မပူနဲ့တော့နော် မြင့်မိုရ်။ ငါ့ကို စကားပြောပါဦးကွာ။ ငါမင်းကို လွမ်းလို့ ရူးတောင်ရူးချင်နေတာပါ။”

မြင့်မိုရ် ဘာမှပြန်မပြောသေးပဲ ဒီပါ့ကို ပြန်ကာဖက်လိုက်မိပါတယ်။ ဖက်ထားတာမှ တင်းကျပ်နေအောင် ဖက်ထားတာ။  ဒီပါကလည်း မြင့်မိုရ်ရဲ့ ကျောပြင်ကို ပွတ်သပ်ကာ ပေးနေမိပါတယ်။

“ငါတို့ ပြန်တွေ့ရပြီနော်။ မင်းမငိုနဲ့တော့နော် မြင့်မိုရ်။ ငါမင်းအနားမှာ ရှိနေပြီလေ နော်။”

ဒီပါကပြောလေ မြင့်မိုရ်ပိုပြီး ဝမ်းနည်းကာ ရှိုက်ရှိုက်ငိုနေမိပါတယ်။

“မငိုနဲ့တော့နော်။ တိတ် တိတ် ပြပါဦး မင်းမျက်နှာလေးကို ငါကြည့်လို့မဝသေးဘူး။”

You've reached the end of published parts.

⏰ Last updated: Mar 18, 2023 ⏰

Add this story to your Library to get notified about new parts!

Successive Life (Remixed)Where stories live. Discover now