ခြောက်ခြားဖွယ်ရာဂိမ်းထဲ၌နတ်ဘု...

By Naomi_K26

47.7K 7K 542

CN name : 我在惊悚游戏里封神 EN name : I Become A God In A Horror Game (GHG) Author : 壶鱼辣椒 /Pot Fish Chili Chapter : 5... More

မိတ်ဆက်
Arc1(အပိုင်း1)
Arc1(အပိုင်း2)
Arc1(အပိုင်း3)
Arc1(အပိုင်း4)
Note from me
Arc1(အပိုင်း5)
Arc1(အပိုင်း6)
Arc1(အပိုင်း8)
Arc1(အပိုင်း9)
Arc1(အပိုင်း10)
Arc1(အပိုင်း11)
Arc's notice
Arc1(အပိုင်း12)
Arc1(အပိုင်း13)
Arc1(အပိုင်း14)
Arc1(အပိုင်း15)
Chinese physical book!!!!!
Arc1(အပိုင်း16)
Art gift from novel
Arc1(အပိုင်း17)
Arc1(အပိုင်း18)
Arc1(အပိုင်း19)
Arc1(အပိုင်း20)
Arc1(အပိုင်း21)
Arc1(အပိုင်း22)
Arc1(အပိုင်း23)
Arc1(အပိုင်း24 Part 1)
Arc1(အပိုင်း24 Part2)
Arc1(အပိုင်း25 Part1)
Arc1(အပိုင်း25 Part2)
Arc1(အပိုင်း25 Part3)
Arc1(အပိုင်း25 Part4)
Arc1(အပိုင်း26 Part1)
Arc1(အပိုင်း26 Part2)
Physical book arrived!!!

Arc1(အပိုင်း7)

1.1K 213 6
By Naomi_K26

အပိုင်း7(ဆိုင်ရမ်မြို့)

လူစီသည်အိပ်ယာမှအပြည့်အဝမနိုးကြားသေးသောပုံစံဖြင့် ဟိုတယ်ထမင်းစားပွဲတွင်ထိုင်လိုက်၏။သူမသည် ပိုင်လျိုအားမှီကာဖြင့်သန်းဝေလိုက်သည်။ဂျက်မှာမူတစ်မနက်လုံးငိုက်မျည်းနေလျက်ရှိသည်။ဂျက်၏ မျက်လုံးအောက်ဘက်တွင်အမဲရောင်အကွင်း၂ကွင်းဖြစ်တည်နေပြီးမျက်တွင်းများလည်း ချောင်ကျနေသည့်အပြင် သူ၏အသားအရေမှာမီးခိုးပြာရောင်သမ်းနေ‌‌လေသည်။ဤသည်မှာပိုင်လျိုသူ၏စိတ်အထင်လားမသိသော်လည်း အန်ဒရီ၏မျက်စံများမှာမနေ့တုန်းကထက်ပို၍ကျုံ့သွားသည်ဟု ခံစားမိနေ၏။အန်ဒရီမှာမူ အလွန်အမင်းစိတ်လှုပ်ရှားနေကာသက်တောင့်သက်သာမရှိဖြစ်နေသည့်အပြင် စိတ်မရှည်သည့်အငွေ့အသက်များလည်းထွက်နေ၏။ထို့အပြင် သူ၏ကိုယ်ပေါ်၌ အရင်ရက်များကမရှိခဲ့ပါသော ငါးညှီနံပြင်းပြင်းသည်လည်းစိမ့်ထွက်ပျံလွင့်နေသည်။

ပိုင်လျိုအကြွေစေ့အားထုတ်လိုက်ပြီး အန်ဒရီရှိရာဘက်သို့ညွှန်လိုက်၏။

[NPCနာမည် : အန်ဒရီ(စိတ်ပိုင်းစိတ်ရာအမှတ်များကျဆင်းနေပါသည်။ကူးပြောင်းပေးခြင်းခံနေရ။]

အန်ဒရီကြည့်ရသည်မှာအလွန်အမင်းအစားစားချင်စိတ်ဖြစ်ပေါ်နေပုံပေါ်သည်။သူ၏ ပန်းကန်အကြီးကြီးပေါ်တွင် ဟိုတယ်မှကျွေးသောမနက်စာဘူဖေးများနှင့်ပြည့်နပ်နေကာ မြိန်ရည်ရှက်ရည်ရှိစွာဖြင့်စားသောက်နေ‌လေ၏။အန်ဒရီအားကြည့်ရသည်မှာ စိတ်မရှည်သောကြောင့်အစားအစာများအားသူ၏လည်ချောင်းအတွင်းသို့တိုက်ရိုက်လောင်းထည့်ချင်နေသည့်‌ပုံတောင်ပေါက်သည်။

ဤဟိုတယ်မှာပင်လယ်ကမ်းစပ်နှင့်နီးသောကြောင့် မနက်စာများမှာမူများသောအားဖြင့် ကင်၍ချက်ထားသော၊ပြုတ်ထားသောငါးများနှင့် ငါးကြော်များသာဖြစ်လေသည်။ငါးစွပ်ပြုတ်၏အနံမှာမွှေးပျံ့နေပြီး ငါးကင်မှာမူရွှေရောင်းသမ်းနေကာကြွပ်ရွနေ၏။၎င်းတို့အားမြင်ရသည်မှာအလွန်အမင်းအစားစားချင်စိတ်အားဖြစ်‌ပေါ်စေ၏။သို့သော်လည်းပိုင်လျိုနှာခေါင်းထဲ၌ ပုတ်နေသောငါးညှီနံအားရလိုက်သည်။ထိုအနံမှာမူ ငါးစိမ်းတန်း၌ငါးဖမ်းသမားများမှ ယင်ကောင်များဝိုင်းအုံနေသောအမှိုက်ပုံးထဲသို့လွှင့်ပစ်ထားသော ငါးအသေကောင်အနံနှင့်တူ‌လေ၏။ပိုင်လျိုမှာမူ ထိုလှပလွန်းသောငါးဟင်းလျှာများ၏အနားသို့ကပ်လိုက်သောအခါတွင် သူ၏အန်ချင်စိတ်အားမထိန်းနိုင်သကဲ့သို့နီးပါးဖြစ်သွား၏။

အခြားနှစ်ယောက်ဖြစ်သော ဂျက်နှင့်အန်ဒရီမှာမူထိုအနံအားမရကြသည့်ပုံပင်။ပိုင်လျို အကြွေစေ့အားသူတို့နှစ်‌ယောက်ရှိရာဘက်သို့ပြောင်းချိန်လိုက်သောအခါတွင် 'ကူးပြောင်းပေးခြင်းခံနေရ'ဟူ၍ပြနေ၏။ဤသည်မှာအခန်းထဲမှ ရေသူမရုပ်ထုများနှင့်သက်ဆိုင်ပေလိမ့်မည်။

အန်ဒရီ၏အကြောင်းအားပြောရမည်ဆိုလျှင်ဖြင့် လက်ရှိသူ၏စားသောက်နေပုံမှာပိုင်လျိုအားအနည်းအငယ်မသက်မသာဖြစ်စေ၏။အန်ဒရီမှာမူပလုတ်ပလောင်းစားနေပြီး သူဝါးလိုက်သည့်အချိန်တိုင်းသူ့ပါးစပ်ထဲရှိချောကျိကျိငါးအမှီးမှာသူ့ပါးစပ်အားပြန်ရိုက်နေလေသည်။ထို့နောက်သူသည် ပါးစပ်ထဲမှစားစရာများမကုန်ခင် နောက်ထပ်အပိုင်းတစ်ခုအားယူ၍သူ၏(အန်ဒရီ)ပါးစပ်အတွင်းသို့ထိုးထည့်လိမ့်မည်။

လူစီသည် ငါးကင်အားဓားနှင့်ခရင်းအားသုံး၍ပိုင်းဖြတ်လိုက်ပြီးနောက် ပိုင်လျိုအားကြည့်၍အနည်းငယ်အံဩသွား၏။"အချစ်..!ရှင်ဒီကိုမနက်စာစားဖို့လာတာမဟုတ်ဘူးလား?ဒီကငါးကင်ကတစ်ကယ်ကိုအရသာရှိတာပဲရယ်၊ ကျမဆိုဝိတ်ချနေတယ်ဆိုပေမယ့် စားကောင်းလွန်းလို့နှစ်ခုတောင်စားမိသွားတယ်လေ!"

"ရှင်အရမ်းကောင်းတဲ့ဟိုတယ်ကိုရှာငှားလိုက်တာပဲ!"။လူစီသည်ပိုင်လျိုအနားသို့ကပ်ကာနမ်းရန်ပြင်လိုက်၏။ပိုင်လျိုမှာမူ လူစီပါးစပ်မှငါးညှီနံပြင်းပြင်းကြောင့်ဆို့နင့်သွားရပြီး သူမအားအလိုအလျောက်အဝေးသို့တွန့်ပို့လိုက်လေသည်။ပိုင်လျို လူစီ၏ပန်းကန်အားဆွဲယူလိုက်ပြီးသူမအားပြောလိုက်၏။"အချစ်‌လေး မင်းရဲ့ခန္ဓာကိုယ်ကအခုအရမ်းကြည့်ကောင်းနေတယ်လေ ၊ ဒီလိုငါးတွေအတွက်ကြောင့်နဲ့ကိုယ်မင်းရဲ့အလှကိုမပျက်စီးစေချင်ဘူး။ဒီကငါးကင်ရဲ့အရသာကပုံမှန်အရသာပဲရှိတဲ့ဟာကို ဟင်းသီးဟင်းရွက်‌လေးတွေလဲစားလိုက်ဦးနော်။"

လူစီသည်ပိုင်လျိုစီမှချော့မြူခြင်းခံလိုက်ရလေ၏။သူမသည်ငါးကင်အားစားရန်တွန့်ဆုတ်စွာဖြင့်လက်လျော့လိုက်သော်လည်း ပိုင်လျိုပြောသည့်အတိုင်းနာခံစွာဖြင့်အသီးအရွက်များအားစားသည်။ထိုဆင်ခြေအားထိန်းသိမ်းရန်အနေဖြင့် ပိုင်လျိုသည် ဂျက်နှင့်အန်ဒရီပန်းကန်ထဲသို့လည်းအသီးအရွက်အချို့အားထည့်ပေးလိုက်၏။ဂျက်သည်ပိုင်လျိုထည့်ပေးသည်အား စားလိုက်သော်လည်း သူ့ကြည့်ရသည်မှာအနည်းငယ်မပျော်ရွှင်ပေ။

ထိုအချိန်၌ အန်ဒရီသည်ပိုင်လျိုအားအခြားသူများကဲ့သို့မယဉ်ကျေးနိုင်ပဲကဲ့ရဲ့လိုက်၏။"ရို့..ငါတို့ရဲ့သူဌေးသားလေးက ပိုက်ဆံကုန်သွားတာတော့မဟုတ်လောက်ပါဘူးနော်?ငါတို့ဒီကိုမလာခင်တုန်းကကြတော့ မင်းကငါတို့စားချင်သလိုစား နေချင်သလိုနေလို့ရတယ်ဆိုပြီး စကားကြီးစကားကျယ်ပြောထားပြီးတော့ အခုကြတော့ငါးကင်လေးတစ်ခုအတွက်တောင်မတက်နိုင်တော့ဘူးလား??လူစီ မင်းရဲ့ချစ်သူလေးကအရမ်းတွန့်တိုပြီးကတ်စေးနည်းတယ်ဆိုတာတွေ့လား!"

လူစီ စိတ်ဆိုးစွာဖြင့်အန်ဒရီအားကြိမ်းမောင်းလိုက်၏။"အန်ဒရီ!!နင်တော်လိုက်တော့။ပိုင်လျိုကြောင့်သာမဟုတ်ဘူးဆိုရင် ငါတို့တွေဒီလိုမျိုးဟိုတယ်အကောင်းစားကိုလာပြီးငါးကင်စားနိုင်လိမ့်မယ်လို့ထင်နေတာလား?နင်လဲမနေနိုင်ဘူးဟုတ်တယ်ဟုတ်!နင်အခုဘယ်လောက်တောင်စားသောက်နေလဲဆိုတာကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်စမ်းပါ။သူသာနင့်အတွက်ပိုက်ဆံရှင်းပေးနေတာကြောင့်မဟုတ်ရင် နင်ဒီဟိုတယ်ကတောင်ထွက်သွားနိုင်မှာမဟုတ်ဘူး!!"

"လူစီ!!"အန်ဒရီအော်ဟစ်လိုက်သော်လည်း လူစီမှာမူမတုန်လှုပ်သွားပေ။သူမသည် အန်ဒရီအားတိတ်တဆိတ်စူးစူးရဲရဲစိုက်ကြည့်နေ၏။အန်ဒရီမှာမူ သူကြိုက်နေသောမိန်းကလေးထံသို့မထိခိုက်လိုသောကြောင့် သူ၏ဒေါသအားပိုင်လျိုခေါင်းပေါ်သို့ပုံချလိုက်လေသည်။

အန်ဒရီ၏ကြမ်းတမ်းသောလက်များမှပိုင်လျို၏ကော်လံအားဆွဲလိုက်သည်အားလူစီတွေ့လိုက်သောအခါသူမသည်အသံကျယ်ကျယ်ဖြင့်အော်ဟစ်လိုက်မိ‌လေ၏။ပိုင်လျိုသည် အလျှင်မလိုသောဟန်ဖြင့်သူ့ပါးစပ်သူသုတ်လိုက်ပြီးနောက် အန်ဒရီအားပြုံးကာကြည့်လိုက်သည်။"ငါ့ကို မင်းအတွက်ပိုက်ဆံစိုက်ပေးစေချင်တယ်ဆိုရင် မင်းငါ့ကိုမထိတာကောင်းလိမ့်မယ်‌နော်အန်ဒရီ။"

အန်ဒရီလက်များမှာ လေထဲ၌ရုတ်ချဉ်းရပ်တန့်သွား၏။သူ၏နှာချောင်းပေါက်များမှာတစ်ဖြည်းဖြည်းချဲ့ထွင့်လာပြီး ဒေါသကြောင့်အသက်ရှူလိုက်သည့်အခါတိုင်းတွင်ကျွဲတစ်ကောင်ကဲ့သို့ပွယောင်းယောင်းဖြစ်နေလေသည်။အန်ဒရီသည် နီရဲနေသောမျက်လုံးများဖြင့်ပိုင်လျိုအားစူးစူးရဲရဲစိုက်ကြည့်ကာဖြင့်ပြင်းထန်စွာချိန်း‌ခြောက်လိုက်သည်။"အကယ်၍မင်းသာငါတို့ရဲ့‌လောင်းကြေးအတိုင်းဒီညမလိုက်နာခဲ့ရင် မင်းခံရတဲ့အခါဘယ်လောက်တောင်ကြည့်လို့ကောင်းနေမလဲဆိုတာကိုငါစောင့်ကြည့်နေမယ်။မိန်းမတစ်ယောက်နဲ့‌တောင်ဖြစ်ဖြစ်မြောက်မြောက်အတူမနေနိုင်တဲ့အမှိုက်လိုကောင်!"

(TN:အင်းပါ(⁠。⁠•̀⁠ᴗ⁠-⁠)⁠✧)

သူ၏မျက်လုံးများမှာအလွန်အမင်းသွေးဆာနေပြီး ဦးခေါင်းမှာမူဒေါသများဖြင့်ပြည့်နက်နေသောကြောင့်ပေါက်ကွဲတော့မည့်ပုံပင်။သို့သော်လည်းအန်ဒရီသည် ပိုင်လျိုထံသူ့အတွက်ပိုက်ဆံစိုက်ပေးရန်မှီခိုနေရသည့်အတွက်ကြောင့် ပိုင်လျိုအားထိခိုက်အောင်မလုပ်ခဲ့ပေ။ထိုအချိန်တွင် တိုက်ဆိုင်စွာဖြင့်ဂျက်ပန်းကန်အတွင်းမှပန်းဂေါ်ဘီသည် အန်ဒရီ၏ဖိနပ်ပေါ်သို့လိမ့်ကျလာ၏။

အန်ဒရီမှာ လေကြောင့်တင်းထွက်ပြီးပေါက်ကွဲတော့မည့်ဘောလုံးတစ်လုံးကဲ့သို့ဖြစ်နေသည့်အတွက်ကြောင့် ထိုပန်းဂေါ်ဘီဖက်လေးမှာသူ့အားပေါက်ကွဲသွား‌စေ‌လေသည်။။သူ၏ဒေါသများမှာမထိန်းကွတ်နိုင်စွာဖြင့်လွတ်ထွက်သွား၏။ဂျက်မတောင်းပန်နိုင်လိုက်ခင် အန်ဒရီသည်ဂျက်၏ခေါင်းအနောက်ဘက်အားလက်ဝါးစောင်းဖြင့်ပိတ်ရိုက်ချလိုက်ပြီး ဂျက်၏‌ခေါင်းအားထမင်းပန်းကန်အတွင်းသို့ကိုင်စောင့်ချလိုက်လေသည်။ဂျက်ခမျာသူမနက်ခင်းစားခဲ့သမျှအရာအကုန်လုံးပြန်အန်ထွက်ကုန်၏။

"မင်းငါ့ဖိနပ်တွေကိုညစ်ပတ်အောင်လုပ်ပစ်လိုက်တယ်ပေါ့!!အရမ်းရွံဖို့ကောင်းတာပဲ။"အန်ဒရီကြည့်ရသည်မှာ ဂျက်အန်ထွက်သည်အားကြည့်၍ရွှင်မြူးနေပုံပေါ်သည်။သူသည်ပြန်၍စိတ်ကြည်လင်လာပုံရပြီးနောက် ဂျက်အားကန်ထုတ်လိုက်၏။သူ့ဖိနပ်၌ပေနေသောဆီအချို့အားဂျက်ဘောင်းဘီဖြင့်သုတ်လိုက်ပြီးသည့်နောက် အန်ဒရီထပ်ပြောလိုက်၏။"ပြန်ပြီးလို့တောင်မတိုက်ခိုက်နိုင်တဲ့အရှုံးသမားတွေကိုငါစိတ်မဝင်စားဘူး။ဒီနေရာကိုသန့်ရှင်းအောင်သုတ်လိုက် ပြီးရင်ငါ့မျက်စိ‌ရှေ့ကနေထွက်သွားလိုက်‌တော့။"

လူစီသည် မူးဝေနေသောဂျက်အားကူညီပေးလိုက်ပြီးနောက်အန်ဒရီအားပြင်းပြင်းထန်ထန်အော်ငေါက်လိုက်၏။"နင်အရမ်းလွန်လွန်းသွားပြီနော်အန်ဒရီ။နင်ဂျက်အပေါ်ဆက်ဆံတာအရမ်းကိုဆိုးရွားလွန်းသွားပြီ!"

ပိုင်လျိုသည်လူနှစ်ယောက်ငြင်းခုံနေကြခြင်းအားလျစ်လျူရှုလိုက်ပြီး ဂျက်အန်ချခဲ့သောအရာများအားစူးစိုက်စွာကြည့်လိုက်သည်။ယခင်ကဂျက်စားထားသော ရွှေရောင်သမ်းပြီးစားချင်စဖွယ်ဖြစ်နေခဲ့သောငါးကင်မှာယခုအချိန်၌မူ မဲပြာနေသောငါးသေတစ်ကောင်ကဲ့သို့ပြောင်းသွားလေသည်။ထို့အပြင် ဤအထဲ၌အင်းစက်အကောင်ကဲ့သို့ရွံစရာအရာများလဲပါနေသေး၏။

လူများမှာမူဤကဲ့သို့ပုတ်ပွနေသောငါးအသေကောင်များအားမစားပေ။ငါးဖမ်းသမားများသာ ဤကဲ့သို့သောငါးအသေကောင်များဖြင့်ငါးအကြီးများအား‌ကြွေးရန်သုံးလိမ့်မည်။ပိုင်လျို သူသိသောငါးဖမ်းသမားပြောသည်အားမှတ်‌မိသည်မှာ ငါးအကောင်ကြီးလေလေ ငါးအသေကောင်များအားစားရသည်အားပို၍ကြိုက်လေလေဖြစ်သည်ကိုပင်။

ပိုင်လျိုတို့မနက်စာစားပြီးသည့်နောက် ကားသမားသည်သူတို့အားလာခေါ်လေသည်။

[မူလဇာတ်ကြောင်း : ဆိုင်ရမ်ပြတိုက်အားသွားရောက်လည်ပတ်ပြီးအမှတ်50အားရယူလိုက်ပါ။]

[မူလဇာတ်ကြောင်း : ရေသူမဖမ်းပွဲအားဆင်နွဲပါ။ပြီးဆုံးသွားပြီးနောက် ဆုအနေဖြင့်အမှတ်50ရပါမည်။]

'ဆိုင်ရမ်ပြတိုက်နဲ့ ရေသူမဖမ်းပွဲ..၊ကြားရသ‌လောက်စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ။'

ပိုင်လျိုခဏကြာစဉ်းစားလိုက်၏။သူသည်ကားသမားအား ထိုအကြောင်းအရာနှစ်ခုအကြောင်းမေးမြန်းချင်သော်လည်း ဂျက်သည်ပိုင်လျိုနှင့်ကားသမားကြားသို့ရုတ်တရက်ဝင်၍ကာလိုက်လေသည်။သူ၏ပိန်ပါးသောပါးပြင်မှာယောင်ကိုင်းနေပြီး အန်ဒရီရိုက်လိုက်သောကြောင့်သူ့ပါးစပ်တွင်လဲသွေးအချို့စွန်းထင်းနေ၏။သူသည်အံကြိတ်ထားပြီးအနည်းငယ်လဲတုန်ယင်နေသည်။

ပိုင်လျိုမျက်ခုံးပင့်လိုက်၏။ဂျက်အားကြည့်ရသည်မှာ မနေ့ကတည်းကသူနှင့်ကားသမားစကားပြောမည်အားကာစီးနေခြင်းဖြစ်သည်။ဤသည်မှာပုံမှန်မဟုတ်ပေ။

ပိုင်လျိုသည်အကြွေစေ့အားထုတ်ယူလိုက်ပြီးနောက် သူ၏လက်ချောင်းများအတွင်း၌လှည့်ကာကစားလိုက်၏။ဤသည်မှာပိုင်လျိုတစ်စုံတစ်ခုအားစဉ်းစားလျှင်ပြုမူတတ်သောအမူအကျင့်တစ်ခုဖြစ်သည်။သူ၏လက်ထဲ၌ရှိနေသောပိုက်ဆံမှာ အကြွေစေ့တစ်ခုဖြစ်နေလျှင်တောင် ပိုင်လျိုအားစိတ်တည်ငြိမ်စေကာပျော်ရွှင်စေ၏။

ပိုင်လျိုမည်သည့်အချက်အလက်မှစုံစမ်းနေစရာပင်မလို သေချာသည်မှာဂျက်၏ပစ်မှတ်မှာအန်ဒရီပင်ဖြစ်သည်။ကားသမားမှာလည်းသရုပ်ဆောင်ပေးရဦးမည်ဖြစ်သောကြောင့် အန်ဒရီနှင့်စကားပြောဆိုရန်အဆက်အဆံရှိသည်မှာပုံမှန်ပင်ဖြစ်၏။လူစီဆိုသည်မှာလည်းအရူးတစ်ယောက်သာသာ သာဖြစ်သောကြောင့်သူမအားအထူးတစ်လည်ပထုတ်ရန်မလိုအပ်ပေ။

သို့သော် ပိုင်လျိုနှင့်ကားသမားတို့အချင်းချင်းမဆက်သွယ်နိုင်ရန်ပထုတ်‌နေခြင်းသည် ဂျက်တွင်ရည်ရွယ်ချက်တစ်ခုခု‌တော့ရှိရမည်ပင်။ပိုင်လျိုတွေးသည်သာမှန်ကန်ပါက ဤသည်မှာပိုက်ဆံကြောင့်ဖြစ်ရမည်။ဂျက်သည်ဆင်းရဲရုံသာမက အန်ဒရီစီမှနေ့တိုင်းရိုက်နက်အနိုင်ကျင့်ခြင်းခံနေရသောဇာတ်ကောင်တစ်ယောက်ဖြစ်၏။အန်ဒရီမှာမူ သူတစ်ပါးအားအနိုင်ကျင့်တတ်သူတစ်ယောက်ဖြစ်ပြီးအခက်အခဲနှင့်ဒုက္ခရောက်မည်အားကြောက်လေသည်။သူသည်ချမ်းသာသောပိုင်လျိုအားမုန်းသော်လည်း သူ့(ပိုင်လျို)အားကိုယ်ထိလက်ရောက်မလုပ်ရဲပေ။ဆန့်ကျင်ဘက်အနေဖြင့် သူသည်ဂျက်အားရိုက်နက်ကာအနိုင်ကျင့်လိမ့်မည်။ဤသည်အားကြည့်ချင်းဖြင့် ဂျက်၏မိသားစုအ‌ခြေအနေမှာပိုင်လျိုတစ်ယောက်တည်းသည်သာမဟုတ်အန်ဒရီနှင့်တောင်မှမယုဉ်နိုင်ပေ။

မနေ့ညတုန်းက ဂျက်သည်ကားသမားအားပိုက်ဆံအများအပြားအားပေးပြီးပြီဖြစ်၏။ပိုင်လျိုသံသယရှိသည်မှာ ဂျက်သည်မြို့ထဲသို့လည်ပတ်ရန်ကားသမားငှားရန်အတွက်ပိုင်လျိုပေးလိုက်သောပိုက်ဆံအား၎င်းအတွက်မသုံးပဲ အန်ဒရီအားလက်စားချေခြင်းအတွက်ပြစ်မှုမကင်း‌သောကားဆရာအားငှားရန်သုံးလိုက်ခြင်းဖြစ်နိုင်သည်။ဂျက်သည်အပြစ်မကင်းသလိုခံစားနေရသောကြောင့် ပိုင်လျိုနှင့်ကားသမားဆက်သွယ်ခြင်းအားတားစီးနေသည့်ပုံပေါ်သည်။

သို့သော်လည်းမနေ့ညကဂျက်သည်ကားသမားအားငွေပေးချေပြီးပြီဖြစ်လေသည်။ငွေပေးပြီးဖြစ်သောကြောင့် ကားသမားသည်လည်းမြို့တွင်းသို့အလည်အပတ်ပို့ကာသူ့အလုပ်သူပြီးစီးအောင်ဆောင်ရွက်နိုင်ပြီဖြစ်၏။ဤသည်ကြောင့် သံသရဝင်ခြင်းမရှိပဲသက်တောင့်သက်သာစကားပြောနိုင်လေသောကြောင့် ဂျက်သည်စိတ်သက်သာရာရသင့်သည်ပင်။ထို့ကြောင့်ပင် ပိုင်လျိုအားအတင်းပထုတ်မနေသင့်ရုံသာမက ကားသမားအပေါ်ပိုင်လျို၏သံသယစိတ်ပို၍များပြားလာအောင်လုပ်နေခြင်းအားရပ်တန့်သင့်သည်။

ဤကဲ့သို့သော အပြစ်မကင်းစိတ်နှင့်သတိတထားဖြစ်နေခြင်းအားကြည့်ခြင်းဖြင့်ဂျက်၏ကလဲ့စား‌ခြေမည့်လုပ်ရပ်မှာသေချာမပြီးမြောက်သေးသည့်ပုံပေါ်သည်။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုမှာဂျက်သည်သတိတထားလုပ်ဆောင်နေသော်လည်းကြောက်လန့်နေသေးသောကြောင့်ဖြစ်သည်။၎င်းအားမပြီးမြောက်နိုင်သေးသ၍သူစိတ်အေးလက်အေးမနေနိုင်ပေ။ဂျက်၏အရန်ဇာတ်ကြောင်းနာမည်မှာ'သွေးထွက်သံယိုကြံစည်မူ'ဖြစ်လေသည်။ဤကဲ့သို့သောဇာတ်ကြောင်းမှာနာမည်နှင့်လိုက်အောင်ပင်သတ်ဖြတ်ခြင်းများပါရှိ‌လေနိုင်သောကြောင့် ပိုင်လျိုသတိရှိနေခြင်းဖြစ်သည်။

ဂျက်သည်မည်သည့်အချိန်မှအန်ဒရီအားတိုက်ခိုက်မည်ဆိုသည်အားပိုင်လျိုမသိ‌‌လေသောကြောင့် ယခုအချိန်တွင်သူသည်မူလဇာတ်ကြောင်းကိုသာအာရုံစိုက်ချင်လေသည်။

ပိုင်လျိုကားသမားအားစကားလှမ်းပြောလိုက်၏။"ကားဆရာ ,ဒီမြို့မှာဘယ်နေရာတွေကလည်ပတ်ဖို့အတွက်စိတ်ဝင်စားဖို့အ‌ကောင်းဆုံးလဲ။?"

"စိတ်ဝင်စားဖို့ကောင်းတဲ့နေရာ?"ကားသမားသည်ခဏတာစဉ်းစားလိုက်၏။"ဒီကိုလာလည်ကြတဲ့ခရီးသွားတွေကတော့များသောအားဖြင့် ညဘက်ငါးမျှားတာတို့ ဆိုင်ရမ်ပြတိုက်ကိုသွားလည်တာတို့လုပ်ကြတယ်။"

ပိုင်လျိုဤအဖြေအားကြားလိုက်ပြီးနောက် သေသေချာချာစဉ်းစားလိုက်၏။ထို့နောက်သူသည်မျက်ခုံးတစ်ဖက်ပင့်ကာမေးလိုက်လေသည်။"ညဘက်ကြီးငါးမျှားတယ် ၊ပြီးတော့ ဆိုင်ရမ်ပြတိုက်မှာကကောဘာထူးခြားတာတွေရှိနေလို့လဲ?"

"ဒီနေရာက ဆိုင်ရမ်မြို့လေ သေချာတာပေါ့...."ကားသမားသည်စကားပြောရန်လှည့်လိုက်လေသည်။ဤသည်မှာပိုင်လျိုအတွက်ကားသမား၏အသွင်အပြင်အားပထမဆုံးနီးနီးကပ်ကပ်မြင်ဖူးခြင်းဖြစ်သည်။ပိုင်လျိုသည်‌ကြောက်မက်ခြောက်ခြားဖွယ်ရာမြင်ကွင်းများအားခံနိုင်ရည်ရှိသော်လည်း အသက်ရှူအောင့်လိုက်ခြင်းအားမရပ်တန့်နိုင်လိုက်ပေ။

ဤသည်မှာပိုင်လျိုကြောက်လန့်သွားရခြင်းကြောင့်မဟုတ်ပဲ အံဩသွားခြင်းကြောင့်သာဖြစ်‌သည်။ကားသမား၏အသွင်အပြင်မှာ အလွန်ထူးဆန်းနေလေသည်။

သူ၏မျက်လုံးများတွင်မျက်သားဖြူဖြူများသည်အလွန်ကြီးမားနေပြီး အမဲ‌ရောင်မျက်စံမှာမူ ယင်ကောင်အရွယ်လောက်သာရှိတော့သည်။ကားသမားစကားပြောလိုက်သည့်အချိန်တိုင်းတွင် ၎င်း၏မျက်လုံးများမှာမူမထိန်းချုပ်နိုင်သကဲ့သို့လည်နေလေသည်။ထို့အပြင်သူ၏အသားအရည်မှာလဲအလွန်ဖြူဖပ်နေသေးသည်။

ကားသမားသည်ငါးအသားညှပ်ပါမုန့်အားတစ်ကိုက်စားလိုက်ပြီးနောက် ပါမုန့်အားကိုင်ထားလျက်နှင့်ပင်ကားမောင်းကာစကားပြောနေ၏။ကိုက်ဖဲ့ထားသောငါးအသားညှပ်ပါမုန့်အတွင်းပိုင်းသည် မှိုတက်နေသကဲ့သိုစိမ်းဖန့်ဖန့်အမဲအကွက်များပါရှိနေသေးသည်။သို့သော်လည်းကားသမားသည်၎င်းအားဘာမှမဖြစ်သကဲ့သို့မြိန်ရည်ရှက်ရည်ရှိစွာစား‌ သောက်နေ၏။သူ၏သွားများ၌စိမ်းဖန့်ဖန့်အရာများကပ်တွယ်နေပြီး ပိုင်လျိုအား သူ၏မူမမှန်ဖြစ်နေသောပါးစပ်အကျယ်ကြီးဖြင့်ပြုံးပြလိုက်လေသည်။

∆∆∆∆

TN : ပါးစပ်ပြဲပြဲကြီးနဲ့ငါးရုပ်ကြီးပေါ့နော်(⁠ ⁠≧⁠Д⁠≦⁠)Ekkkkkk.ဒီတစ်ပတ်တော်တော်အလုပ်ရှုပ်သွားတာမို့ နောက်ကျသွားလို့သွေ့ပူချီပါတာ့ကျား။အပိုင်း11ထိ‌ရောက်‌အောင်မြန်မြန်တင်ပေးပါ့မယ်🌚။

5/3/2023

*******************
အပိုင္း7(ဆိုင္ရမ္ၿမိဳ႕)

လူစီသည္အိပ္ယာမွအျပည့္အဝမႏိုးၾကားေသးေသာပုံစံျဖင့္ ဟိုတယ္ထမင္းစားပြဲတြင္ထိုင္လိုက္၏။သူမသည္ ပိုင္လ်ိဳအားမွီကာျဖင့္သန္းေဝလိုက္သည္။ဂ်က္မွာမူတစ္မနက္လုံးငိုက္မ်ည္းေနလ်က္႐ွိသည္။ဂ်က္၏ မ်က္လုံးေအာက္ဘက္တြင္အမဲေရာင္အကြင္း၂ကြင္းျဖစ္တည္ေနၿပီးမ်က္တြင္းမ်ားလည္း ေခ်ာင္က်ေနသည့္အျပင္ သူ၏အသားအေရမွာမီးခိုးျပာေရာင္သမ္းေန‌‌ေလသည္။ဤသည္မွာပိုင္လ်ိဳသူ၏စိတ္အထင္လားမသိေသာ္လည္း အန္ဒရီ၏မ်က္စံမ်ားမွာမေန႔တုန္းကထက္ပို၍က်ံဳ႕သြားသည္ဟု ခံစားမိေန၏။အန္ဒရီမွာမူ အလြန္အမင္းစိတ္လႈပ္႐ွားေနကာသက္ေတာင့္သက္သာမ႐ွိျဖစ္ေနသည့္အျပင္ စိတ္မ႐ွည္သည့္အေငြ႕အသက္မ်ားလည္းထြက္ေန၏။ထို႔အျပင္ သူ၏ကိုယ္ေပၚ၌ အရင္ရက္မ်ားကမ႐ွိခဲ့ပါေသာ ငါးညႇီနံျပင္းျပင္းသည္လည္းစိမ့္ထြက္ပ်ံလြင့္ေနသည္။

ပိုင္လ်ိဳအေႂကြေစ့အားထုတ္လိုက္ၿပီး အန္ဒရီ႐ွိရာဘက္သို႔ၫႊန္လိုက္၏။

[NPCနာမည္ : အန္ဒရီ(စိတ္ပိုင္းစိတ္ရာအမွတ္မ်ားက်ဆင္းေနပါသည္။ကူးေျပာင္းေပးျခင္းခံေနရ။]

အန္ဒရီၾကည့္ရသည္မွာအလြန္အမင္းအစားစားခ်င္စိတ္ျဖစ္ေပၚေနပုံေပၚသည္။သူ၏ ပန္းကန္အႀကီးႀကီးေပၚတြင္ ဟိုတယ္မွေကြၽးေသာမနက္စာဘူေဖးမ်ားႏွင့္ျပည့္နပ္ေနကာ ၿမိန္ရည္႐ွက္ရည္႐ွိစြာျဖင့္စားေသာက္ေန‌ေလ၏။အန္ဒရီအားၾကည့္ရသည္မွာ စိတ္မ႐ွည္ေသာေၾကာင့္အစားအစာမ်ားအားသူ၏လည္ေခ်ာင္းအတြင္းသို႔တိုက္႐ိုက္ေလာင္းထည့္ခ်င္ေနသည့္‌ပုံေတာင္ေပါက္သည္။

ဤဟိုတယ္မွာပင္လယ္ကမ္းစပ္ႏွင့္နီးေသာေၾကာင့္ မနက္စာမ်ားမွာမူမ်ားေသာအားျဖင့္ ကင္၍ခ်က္ထားေသာ၊ျပဳတ္ထားေသာငါးမ်ားႏွင့္ ငါးေၾကာ္မ်ားသာျဖစ္ေလသည္။ငါးစြပ္ျပဳတ္၏အနံမွာေမႊးပ်ံ႕ေနၿပီး ငါးကင္မွာမူေ႐ႊေရာင္းသမ္းေနကာႂကြပ္႐ြေန၏။၎တို႔အားျမင္ရသည္မွာအလြန္အမင္းအစားစားခ်င္စိတ္အားျဖစ္‌ေပၚေစ၏။သို႔ေသာ္လည္းပိုင္လ်ိဳႏွာေခါင္းထဲ၌ ပုတ္ေနေသာငါးညႇီနံအားရလိုက္သည္။ထိုအနံမွာမူ ငါးစိမ္းတန္း၌ငါးဖမ္းသမားမ်ားမွ ယင္ေကာင္မ်ားဝိုင္းအုံေနေသာအမိႈက္ပုံးထဲသို႔လႊင့္ပစ္ထားေသာ ငါးအေသေကာင္အနံႏွင့္တူ‌ေလ၏။ပိုင္လ်ိဳမွာမူ ထိုလွပလြန္းေသာငါးဟင္းလွ်ာမ်ား၏အနားသို႔ကပ္လိုက္ေသာအခါတြင္ သူ၏အန္ခ်င္စိတ္အားမထိန္းႏိုင္သကဲ့သို႔နီးပါးျဖစ္သြား၏။

အျခားႏွစ္ေယာက္ျဖစ္ေသာ ဂ်က္ႏွင့္အန္ဒရီမွာမူထိုအနံအားမရၾကသည့္ပုံပင္။ပိုင္လ်ိဳ အေႂကြေစ့အားသူတို႔ႏွစ္‌ေယာက္႐ွိရာဘက္သို႔ေျပာင္းခ်ိန္လိုက္ေသာအခါတြင္ 'ကူးေျပာင္းေပးျခင္းခံေနရ'ဟူ၍ျပေန၏။ဤသည္မွာအခန္းထဲမွ ေရသူမ႐ုပ္ထုမ်ားႏွင့္သက္ဆိုင္ေပလိမ့္မည္။

အန္ဒရီ၏အေၾကာင္းအားေျပာရမည္ဆိုလွ်င္ျဖင့္ လက္႐ွိသူ၏စားေသာက္ေနပုံမွာပိုင္လ်ိဳအားအနည္းအငယ္မသက္မသာျဖစ္ေစ၏။အန္ဒရီမွာမူပလုတ္ပေလာင္းစားေနၿပီး သူဝါးလိုက္သည့္အခ်ိန္တိုင္းသူ႕ပါးစပ္ထဲ႐ွိေခ်ာက်ိက်ိငါးအမွီးမွာသူ႕ပါးစပ္အားျပန္႐ိုက္ေနေလသည္။ထို႔ေနာက္သူသည္ ပါးစပ္ထဲမွစားစရာမ်ားမကုန္ခင္ ေနာက္ထပ္အပိုင္းတစ္ခုအားယူ၍သူ၏(အန္ဒရီ)ပါးစပ္အတြင္းသို႔ထိုးထည့္လိမ့္မည္။

လူစီသည္ ငါးကင္အားဓားႏွင့္ခရင္းအားသုံး၍ပိုင္းျဖတ္လိုက္ၿပီးေနာက္ ပိုင္လ်ိဳအားၾကည့္၍အနည္းငယ္အံဩသြား၏။"အခ်စ္..!႐ွင္ဒီကိုမနက္စာစားဖို႔လာတာမဟုတ္ဘူးလား?ဒီကငါးကင္ကတစ္ကယ္ကိုအရသာ႐ွိတာပဲရယ္၊ က်မဆိုဝိတ္ခ်ေနတယ္ဆိုေပမယ့္ စားေကာင္းလြန္းလို႔ႏွစ္ခုေတာင္စားမိသြားတယ္ေလ!"

"႐ွင္အရမ္းေကာင္းတဲ့ဟိုတယ္ကို႐ွာငွားလိုက္တာပဲ!"။လူစီသည္ပိုင္လ်ိဳအနားသို႔ကပ္ကာနမ္းရန္ျပင္လိုက္၏။ပိုင္လ်ိဳမွာမူ လူစီပါးစပ္မွငါးညႇီနံျပင္းျပင္းေၾကာင့္ဆို႔နင့္သြားရၿပီး သူမအားအလိုအေလ်ာက္အေဝးသို႔တြန္႔ပို႔လိုက္ေလသည္။ပိုင္လ်ိဳ လူစီ၏ပန္းကန္အားဆြဲယူလိုက္ၿပီးသူမအားေျပာလိုက္၏။"အခ်စ္‌ေလး မင္းရဲ႕ခႏၶာကိုယ္ကအခုအရမ္းၾကည့္ေကာင္းေနတယ္ေလ ၊ ဒီလိုငါးေတြအတြက္ေၾကာင့္နဲ႔ကိုယ္မင္းရဲ႕အလွကိုမပ်က္စီးေစခ်င္ဘူး။ဒီကငါးကင္ရဲ႕အရသာကပုံမွန္အရသာပဲ႐ွိတဲ့ဟာကို ဟင္းသီးဟင္း႐ြက္‌ေလးေတြလဲစားလိုက္ဦးေနာ္။"

လူစီသည္ပိုင္လ်ိဳစီမွေခ်ာ့ျမဴျခင္းခံလိုက္ရေလ၏။သူမသည္ငါးကင္အားစားရန္တြန္႔ဆုတ္စြာျဖင့္လက္ေလ်ာ့လိုက္ေသာ္လည္း ပိုင္လ်ိဳေျပာသည့္အတိုင္းနာခံစြာျဖင့္အသီးအ႐ြက္မ်ားအားစားသည္။ထိုဆင္ေျခအားထိန္းသိမ္းရန္အေနျဖင့္ ပိုင္လ်ိဳသည္ ဂ်က္ႏွင့္အန္ဒရီပန္းကန္ထဲသို႔လည္းအသီးအ႐ြက္အခ်ိဳ႕အားထည့္ေပးလိုက္၏။ဂ်က္သည္ပိုင္လ်ိဳထည့္ေပးသည္အား စားလိုက္ေသာ္လည္း သူ႕ၾကည့္ရသည္မွာအနည္းငယ္မေပ်ာ္႐ႊင္ေပ။

ထိုအခ်ိန္၌ အန္ဒရီသည္ပိုင္လ်ိဳအားအျခားသူမ်ားကဲ့သို႔မယဥ္ေက်းႏိုင္ပဲကဲ့ရဲ႕လိုက္၏။"႐ို႕..ငါတို႔ရဲ႕သူေဌးသားေလးက ပိုက္ဆံကုန္သြားတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္?ငါတို႔ဒီကိုမလာခင္တုန္းကၾကေတာ့ မင္းကငါတို႔စားခ်င္သလိုစား ေနခ်င္သလိုေနလို႔ရတယ္ဆိုၿပီး စကားႀကီးစကားက်ယ္ေျပာထားၿပီးေတာ့ အခုၾကေတာ့ငါးကင္ေလးတစ္ခုအတြက္ေတာင္မတက္ႏိုင္ေတာ့ဘူးလား??လူစီ မင္းရဲ႕ခ်စ္သူေလးကအရမ္းတြန္႔တိုၿပီးကတ္ေစးနည္းတယ္ဆိုတာေတြ႕လား!"

လူစီ စိတ္ဆိုးစြာျဖင့္အန္ဒရီအားႀကိမ္းေမာင္းလိုက္၏။"အန္ဒရီ!!နင္ေတာ္လိုက္ေတာ့။ပိုင္လ်ိဳေၾကာင့္သာမဟုတ္ဘူးဆိုရင္ ငါတို႔ေတြဒီလိုမ်ိဳးဟိုတယ္အေကာင္းစားကိုလာၿပီးငါးကင္စားႏိုင္လိမ့္မယ္လို႔ထင္ေနတာလား?နင္လဲမေနႏိုင္ဘူးဟုတ္တယ္ဟုတ္!နင္အခုဘယ္ေလာက္ေတာင္စားေသာက္ေနလဲဆိုတာကိုယ့္ကိုယ္ကိုျပန္ၾကည့္လိုက္စမ္းပါ။သူသာနင့္အတြက္ပိုက္ဆံ႐ွင္းေပးေနတာေၾကာင့္မဟုတ္ရင္ နင္ဒီဟိုတယ္ကေတာင္ထြက္သြားႏိုင္မွာမဟုတ္ဘူး!!"

"လူစီ!!"အန္ဒရီေအာ္ဟစ္လိုက္ေသာ္လည္း လူစီမွာမူမတုန္လႈပ္သြားေပ။သူမသည္ အန္ဒရီအားတိတ္တဆိတ္စူးစူးရဲရဲစိုက္ၾကည့္ေန၏။အန္ဒရီမွာမူ သူႀကိဳက္ေနေသာမိန္းကေလးထံသို႔မထိခိုက္လိုေသာေၾကာင့္ သူ၏ေဒါသအားပိုင္လ်ိဳေခါင္းေပၚသို႔ပုံခ်လိုက္ေလသည္။

အန္ဒရီ၏ၾကမ္းတမ္းေသာလက္မ်ားမွပိုင္လ်ိဳ၏ေကာ္လံအားဆြဲလိုက္သည္အားလူစီေတြ႕လိုက္ေသာအခါသူမသည္အသံက်ယ္က်ယ္ျဖင့္ေအာ္ဟစ္လိုက္မိ‌ေလ၏။ပိုင္လ်ိဳသည္ အလွ်င္မလိုေသာဟန္ျဖင့္သူ႕ပါးစပ္သူသုတ္လိုက္ၿပီးေနာက္ အန္ဒရီအားျပဳံးကာၾကည့္လိုက္သည္။"ငါ့ကို မင္းအတြက္ပိုက္ဆံစိုက္ေပးေစခ်င္တယ္ဆိုရင္ မင္းငါ့ကိုမထိတာေကာင္းလိမ့္မယ္‌ေနာ္အန္ဒရီ။"

အန္ဒရီလက္မ်ားမွာ ေလထဲ၌႐ုတ္ခ်ဥ္းရပ္တန္႔သြား၏။သူ၏ႏွာေခ်ာင္းေပါက္မ်ားမွာတစ္ျဖည္းျဖည္းခ်ဲ႕ထြင့္လာၿပီး ေဒါသေၾကာင့္အသက္႐ွဴလိုက္သည့္အခါတိုင္းတြင္ကြၽဲတစ္ေကာင္ကဲ့သို႔ပြေယာင္းေယာင္းျဖစ္ေနေလသည္။အန္ဒရီသည္ နီရဲေနေသာမ်က္လုံးမ်ားျဖင့္ပိုင္လ်ိဳအားစူးစူးရဲရဲစိုက္ၾကည့္ကာျဖင့္ျပင္းထန္စြာခ်ိန္း‌ေျခာက္လိုက္သည္။"အကယ္၍မင္းသာငါတို႔ရဲ႕‌ေလာင္းေၾကးအတိုင္းဒီညမလိုက္နာခဲ့ရင္ မင္းခံရတဲ့အခါဘယ္ေလာက္ေတာင္ၾကည့္လို႔ေကာင္းေနမလဲဆိုတာကိုငါေစာင့္ၾကည့္ေနမယ္။မိန္းမတစ္ေယာက္နဲ႔‌ေတာင္ျဖစ္ျဖစ္ေျမာက္ေျမာက္အတူမေနႏိုင္တဲ့အမိႈက္လိုေကာင္!"

(TN:အင္းပါ(⁠。⁠•̀⁠ᴗ⁠-⁠)⁠✧)

သူ၏မ်က္လုံးမ်ားမွာအလြန္အမင္းေသြးဆာေနၿပီး ဦးေခါင္းမွာမူေဒါသမ်ားျဖင့္ျပည့္နက္ေနေသာေၾကာင့္ေပါက္ကြဲေတာ့မည့္ပုံပင္။သို႔ေသာ္လည္းအန္ဒရီသည္ ပိုင္လ်ိဳထံသူ႕အတြက္ပိုက္ဆံစိုက္ေပးရန္မွီခိုေနရသည့္အတြက္ေၾကာင့္ ပိုင္လ်ိဳအားထိခိုက္ေအာင္မလုပ္ခဲ့ေပ။ထိုအခ်ိန္တြင္ တိုက္ဆိုင္စြာျဖင့္ဂ်က္ပန္းကန္အတြင္းမွပန္းေဂၚဘီသည္ အန္ဒရီ၏ဖိနပ္ေပၚသို႔လိမ့္က်လာ၏။

အန္ဒရီမွာ ေလေၾကာင့္တင္းထြက္ၿပီးေပါက္ကြဲေတာ့မည့္ေဘာလုံးတစ္လုံးကဲ့သို႔ျဖစ္ေနသည့္အတြက္ေၾကာင့္ ထိုပန္းေဂၚဘီဖက္ေလးမွာသူ႕အားေပါက္ကြဲသြား‌ေစ‌ေလသည္။။သူ၏ေဒါသမ်ားမွာမထိန္းကြတ္ႏိုင္စြာျဖင့္လြတ္ထြက္သြား၏။ဂ်က္မေတာင္းပန္ႏိုင္လိုက္ခင္ အန္ဒရီသည္ဂ်က္၏ေခါင္းအေနာက္ဘက္အားလက္ဝါးေစာင္းျဖင့္ပိတ္႐ိုက္ခ်လိုက္ၿပီး ဂ်က္၏‌ေခါင္းအားထမင္းပန္းကန္အတြင္းသို႔ကိုင္ေစာင့္ခ်လိုက္ေလသည္။ဂ်က္ခမ်ာသူမနက္ခင္းစားခဲ့သမွ်အရာအကုန္လုံးျပန္အန္ထြက္ကုန္၏။

"မင္းငါ့ဖိနပ္ေတြကိုညစ္ပတ္ေအာင္လုပ္ပစ္လိုက္တယ္ေပါ့!!အရမ္း႐ြံဖို႔ေကာင္းတာပဲ။"အန္ဒရီၾကည့္ရသည္မွာ ဂ်က္အန္ထြက္သည္အားၾကည့္၍႐ႊင္ျမဴးေနပုံေပၚသည္။သူသည္ျပန္၍စိတ္ၾကည္လင္လာပုံရၿပီးေနာက္ ဂ်က္အားကန္ထုတ္လိုက္၏။သူ႕ဖိနပ္၌ေပေနေသာဆီအခ်ိဳ႕အားဂ်က္ေဘာင္းဘီျဖင့္သုတ္လိုက္ၿပီးသည့္ေနာက္ အန္ဒရီထပ္ေျပာလိုက္၏။"ျပန္ၿပီးလို႔ေတာင္မတိုက္ခိုက္ႏိုင္တဲ့အ႐ႈံးသမားေတြကိုငါစိတ္မဝင္စားဘူး။ဒီေနရာကိုသန္႔႐ွင္းေအာင္သုတ္လိုက္ ၿပီးရင္ငါ့မ်က္စိ‌ေ႐ွ႕ကေနထြက္သြားလိုက္‌ေတာ့။"

လူစီသည္ မူးေဝေနေသာဂ်က္အားကူညီေပးလိုက္ၿပီးေနာက္အန္ဒရီအားျပင္းျပင္းထန္ထန္ေအာ္ေငါက္လိုက္၏။"နင္အရမ္းလြန္လြန္းသြားၿပီေနာ္အန္ဒရီ။နင္ဂ်က္အေပၚဆက္ဆံတာအရမ္းကိုဆိုး႐ြားလြန္းသြားၿပီ!"

ပိုင္လ်ိဳသည္လူႏွစ္ေယာက္ျငင္းခုံေနၾကျခင္းအားလ်စ္လ်ဴ႐ႈလိုက္ၿပီး ဂ်က္အန္ခ်ခဲ့ေသာအရာမ်ားအားစူးစိုက္စြာၾကည့္လိုက္သည္။ယခင္ကဂ်က္စားထားေသာ ေ႐ႊေရာင္သမ္းၿပီးစားခ်င္စဖြယ္ျဖစ္ေနခဲ့ေသာငါးကင္မွာယခုအခ်ိန္၌မူ မဲျပာေနေသာငါးေသတစ္ေကာင္ကဲ့သို႔ေျပာင္းသြားေလသည္။ထို႔အျပင္ ဤအထဲ၌အင္းစက္အေကာင္ကဲ့သို႔႐ြံစရာအရာမ်ားလဲပါေနေသး၏။

လူမ်ားမွာမူဤကဲ့သို႔ပုတ္ပြေနေသာငါးအေသေကာင္မ်ားအားမစားေပ။ငါးဖမ္းသမားမ်ားသာ ဤကဲ့သို႔ေသာငါးအေသေကာင္မ်ားျဖင့္ငါးအႀကီးမ်ားအား‌ေႂကြးရန္သုံးလိမ့္မည္။ပိုင္လ်ိဳ သူသိေသာငါးဖမ္းသမားေျပာသည္အားမွတ္‌မိသည္မွာ ငါးအေကာင္ႀကီးေလေလ ငါးအေသေကာင္မ်ားအားစားရသည္အားပို၍ႀကိဳက္ေလေလျဖစ္သည္ကိုပင္။

ပိုင္လ်ိဳတို႔မနက္စာစားၿပီးသည့္ေနာက္ ကားသမားသည္သူတို႔အားလာေခၚေလသည္။

[မူလဇာတ္ေၾကာင္း : ဆိုင္ရမ္ျပတိုက္အားသြားေရာက္လည္ပတ္ၿပီးအမွတ္50အားရယူလိုက္ပါ။]

[မူလဇာတ္ေၾကာင္း : ေရသူမဖမ္းပြဲအားဆင္ႏြဲပါ။ၿပီးဆုံးသြားၿပီးေနာက္ ဆုအေနျဖင့္အမွတ္50ရပါမည္။]

'ဆိုင္ရမ္ျပတိုက္နဲ႔ ေရသူမဖမ္းပြဲ..၊ၾကားရသ‌ေလာက္စိတ္ဝင္စားဖို႔ေကာင္းမယ့္ပုံပဲ။'

ပိုင္လ်ိဳခဏၾကာစဥ္းစားလိုက္၏။သူသည္ကားသမားအား ထိုအေၾကာင္းအရာႏွစ္ခုအေၾကာင္းေမးျမန္းခ်င္ေသာ္လည္း ဂ်က္သည္ပိုင္လ်ိဳႏွင့္ကားသမားၾကားသို႔႐ုတ္တရက္ဝင္၍ကာလိုက္ေလသည္။သူ၏ပိန္ပါးေသာပါးျပင္မွာေယာင္ကိုင္းေနၿပီး အန္ဒရီ႐ိုက္လိုက္ေသာေၾကာင့္သူ႕ပါးစပ္တြင္လဲေသြးအခ်ိဳ႕စြန္းထင္းေန၏။သူသည္အံႀကိတ္ထားၿပီးအနည္းငယ္လဲတုန္ယင္ေနသည္။

ပိုင္လ်ိဳမ်က္ခုံးပင့္လိုက္၏။ဂ်က္အားၾကည့္ရသည္မွာ မေန႔ကတည္းကသူႏွင့္ကားသမားစကားေျပာမည္အားကာစီးေနျခင္းျဖစ္သည္။ဤသည္မွာပုံမွန္မဟုတ္ေပ။

ပိုင္လ်ိဳသည္အေႂကြေစ့အားထုတ္ယူလိုက္ၿပီးေနာက္ သူ၏လက္ေခ်ာင္းမ်ားအတြင္း၌လွည့္ကာကစားလိုက္၏။ဤသည္မွာပိုင္လ်ိဳတစ္စုံတစ္ခုအားစဥ္းစားလွ်င္ျပဳမူတတ္ေသာအမူအက်င့္တစ္ခုျဖစ္သည္။သူ၏လက္ထဲ၌႐ွိေနေသာပိုက္ဆံမွာ အေႂကြေစ့တစ္ခုျဖစ္ေနလွ်င္ေတာင္ ပိုင္လ်ိဳအားစိတ္တည္ၿငိမ္ေစကာေပ်ာ္႐ႊင္ေစ၏။

ပိုင္လ်ိဳမည္သည့္အခ်က္အလက္မွစုံစမ္းေနစရာပင္မလို ေသခ်ာသည္မွာဂ်က္၏ပစ္မွတ္မွာအန္ဒရီပင္ျဖစ္သည္။ကားသမားမွာလည္းသ႐ုပ္ေဆာင္ေပးရဦးမည္ျဖစ္ေသာေၾကာင့္ အန္ဒရီႏွင့္စကားေျပာဆိုရန္အဆက္အဆံ႐ွိသည္မွာပုံမွန္ပင္ျဖစ္၏။လူစီဆိုသည္မွာလည္းအ႐ူးတစ္ေယာက္သာသာ သာျဖစ္ေသာေၾကာင့္သူမအားအထူးတစ္လည္ပထုတ္ရန္မလိုအပ္ေပ။

သို႔ေသာ္ ပိုင္လ်ိဳႏွင့္ကားသမားတို႔အခ်င္းခ်င္းမဆက္သြယ္ႏိုင္ရန္ပထုတ္‌ေနျခင္းသည္ ဂ်က္တြင္ရည္႐ြယ္ခ်က္တစ္ခုခု‌ေတာ့႐ွိရမည္ပင္။ပိုင္လ်ိဳေတြးသည္သာမွန္ကန္ပါက ဤသည္မွာပိုက္ဆံေၾကာင့္ျဖစ္ရမည္။ဂ်က္သည္ဆင္းရဲ႐ုံသာမက အန္ဒရီစီမွေန႔တိုင္း႐ိုက္နက္အႏိုင္က်င့္ျခင္းခံေနရေသာဇာတ္ေကာင္တစ္ေယာက္ျဖစ္၏။အန္ဒရီမွာမူ သူတစ္ပါးအားအႏိုင္က်င့္တတ္သူတစ္ေယာက္ျဖစ္ၿပီးအခက္အခဲႏွင့္ဒုကၡေရာက္မည္အားေၾကာက္ေလသည္။သူသည္ခ်မ္းသာေသာပိုင္လ်ိဳအားမုန္းေသာ္လည္း သူ႕(ပိုင္လ်ိဳ)အားကိုယ္ထိလက္ေရာက္မလုပ္ရဲေပ။ဆန္႔က်င္ဘက္အေနျဖင့္ သူသည္ဂ်က္အား႐ိုက္နက္ကာအႏိုင္က်င့္လိမ့္မည္။ဤသည္အားၾကည့္ခ်င္းျဖင့္ ဂ်က္၏မိသားစုအ‌ေျခအေနမွာပိုင္လ်ိဳတစ္ေယာက္တည္းသည္သာမဟုတ္အန္ဒရီႏွင့္ေတာင္မွမယုဥ္ႏိုင္ေပ။

မေန႔ညတုန္းက ဂ်က္သည္ကားသမားအားပိုက္ဆံအမ်ားအျပားအားေပးၿပီးၿပီျဖစ္၏။ပိုင္လ်ိဳသံသယ႐ွိသည္မွာ ဂ်က္သည္ၿမိဳ႕ထဲသို႔လည္ပတ္ရန္ကားသမားငွားရန္အတြက္ပိုင္လ်ိဳေပးလိုက္ေသာပိုက္ဆံအား၎အတြက္မသုံးပဲ အန္ဒရီအားလက္စားေခ်ျခင္းအတြက္ျပစ္မႈမကင္း‌ေသာကားဆရာအားငွားရန္သုံးလိုက္ျခင္းျဖစ္ႏိုင္သည္။ဂ်က္သည္အျပစ္မကင္းသလိုခံစားေနရေသာေၾကာင့္ ပိုင္လ်ိဳႏွင့္ကားသမားဆက္သြယ္ျခင္းအားတားစီးေနသည့္ပုံေပၚသည္။

သို႔ေသာ္လည္းမေန႔ညကဂ်က္သည္ကားသမားအားေငြေပးေခ်ၿပီးၿပီျဖစ္ေလသည္။ေငြေပးၿပီးျဖစ္ေသာေၾကာင့္ ကားသမားသည္လည္းၿမိဳ႕တြင္းသို႔အလည္အပတ္ပို႔ကာသူ႕အလုပ္သူၿပီးစီးေအာင္ေဆာင္႐ြက္ႏိုင္ၿပီျဖစ္၏။ဤသည္ေၾကာင့္ သံသရဝင္ျခင္းမ႐ွိပဲသက္ေတာင့္သက္သာစကားေျပာႏိုင္ေလေသာေၾကာင့္ ဂ်က္သည္စိတ္သက္သာရာရသင့္သည္ပင္။ထို႔ေၾကာင့္ပင္ ပိုင္လ်ိဳအားအတင္းပထုတ္မေနသင့္႐ုံသာမက ကားသမားအေပၚပိုင္လ်ိဳ၏သံသယစိတ္ပို၍မ်ားျပားလာေအာင္လုပ္ေနျခင္းအားရပ္တန္႔သင့္သည္။

ဤကဲ့သို႔ေသာ အျပစ္မကင္းစိတ္ႏွင့္သတိတထားျဖစ္ေနျခင္းအားၾကည့္ျခင္းျဖင့္ဂ်က္၏ကလဲ့စား‌ေျခမည့္လုပ္ရပ္မွာေသခ်ာမၿပီးေျမာက္ေသးသည့္ပုံေပၚသည္။

ေနာက္ထပ္ျဖစ္ႏိုင္ေျခတစ္ခုမွာဂ်က္သည္သတိတထားလုပ္ေဆာင္ေနေသာ္လည္းေၾကာက္လန္႔ေနေသးေသာေၾကာင့္ျဖစ္သည္။၎အားမၿပီးေျမာက္ႏိုင္ေသးသ၍သူစိတ္ေအးလက္ေအးမေနႏိုင္ေပ။ဂ်က္၏အရန္ဇာတ္ေၾကာင္းနာမည္မွာ'ေသြးထြက္သံယိုၾကံစည္မူ'ျဖစ္ေလသည္။ဤကဲ့သို႔ေသာဇာတ္ေၾကာင္းမွာနာမည္ႏွင့္လိုက္ေအာင္ပင္သတ္ျဖတ္ျခင္းမ်ားပါ႐ွိ‌ေလႏိုင္ေသာေၾကာင့္ ပိုင္လ်ိဳသတိ႐ွိေနျခင္းျဖစ္သည္။

ဂ်က္သည္မည္သည့္အခ်ိန္မွအန္ဒရီအားတိုက္ခိုက္မည္ဆိုသည္အားပိုင္လ်ိဳမသိ‌‌ေလေသာေၾကာင့္ ယခုအခ်ိန္တြင္သူသည္မူလဇာတ္ေၾကာင္းကိုသာအာ႐ုံစိုက္ခ်င္ေလသည္။

ပိုင္လ်ိဳကားသမားအားစကားလွမ္းေျပာလိုက္၏။"ကားဆရာ ,ဒီၿမိဳ႕မွာဘယ္ေနရာေတြကလည္ပတ္ဖို႔အတြက္စိတ္ဝင္စားဖို႔အ‌ေကာင္းဆုံးလဲ။?"

"စိတ္ဝင္စားဖို႔ေကာင္းတဲ့ေနရာ?"ကားသမားသည္ခဏတာစဥ္းစားလိုက္၏။"ဒီကိုလာလည္ၾကတဲ့ခရီးသြားေတြကေတာ့မ်ားေသာအားျဖင့္ ညဘက္ငါးမွ်ားတာတို႔ ဆိုင္ရမ္ျပတိုက္ကိုသြားလည္တာတို႔လုပ္ၾကတယ္။"

ပိုင္လ်ိဳဤအေျဖအားၾကားလိုက္ၿပီးေနာက္ ေသေသခ်ာခ်ာစဥ္းစားလိုက္၏။ထို႔ေနာက္သူသည္မ်က္ခုံးတစ္ဖက္ပင့္ကာေမးလိုက္ေလသည္။"ညဘက္ႀကီးငါးမွ်ားတယ္ ၊ၿပီးေတာ့ ဆိုင္ရမ္ျပတိုက္မွာကေကာဘာထူးျခားတာေတြ႐ွိေနလို႔လဲ?"

"ဒီေနရာက ဆိုင္ရမ္ၿမိဳ႕ေလ ေသခ်ာတာေပါ့...."ကားသမားသည္စကားေျပာရန္လွည့္လိုက္ေလသည္။ဤသည္မွာပိုင္လ်ိဳအတြက္ကားသမား၏အသြင္အျပင္အားပထမဆုံးနီးနီးကပ္ကပ္ျမင္ဖူးျခင္းျဖစ္သည္။ပိုင္လ်ိဳသည္‌ေၾကာက္မက္ေျခာက္ျခားဖြယ္ရာျမင္ကြင္းမ်ားအားခံႏိုင္ရည္႐ွိေသာ္လည္း အသက္႐ွဴေအာင့္လိုက္ျခင္းအားမရပ္တန္႔ႏိုင္လိုက္ေပ။

ဤသည္မွာပိုင္လ်ိဳေၾကာက္လန္႔သြားရျခင္းေၾကာင့္မဟုတ္ပဲ အံဩသြားျခင္းေၾကာင့္သာျဖစ္‌သည္။ကားသမား၏အသြင္အျပင္မွာ အလြန္ထူးဆန္းေနေလသည္။

သူ၏မ်က္လုံးမ်ားတြင္မ်က္သားျဖဴျဖဴမ်ားသည္အလြန္ႀကီးမားေနၿပီး အမဲ‌ေရာင္မ်က္စံမွာမူ ယင္ေကာင္အ႐ြယ္ေလာက္သာ႐ွိေတာ့သည္။ကားသမားစကားေျပာလိုက္သည့္အခ်ိန္တိုင္းတြင္ ၎၏မ်က္လုံးမ်ားမွာမူမထိန္းခ်ဳပ္ႏိုင္သကဲ့သို႔လည္ေနေလသည္။ထို႔အျပင္သူ၏အသားအရည္မွာလဲအလြန္ျဖဴဖပ္ေနေသးသည္။

ကားသမားသည္ငါးအသားညႇပ္ပါမုန္႔အားတစ္ကိုက္စားလိုက္ၿပီးေနာက္ ပါမုန္႔အားကိုင္ထားလ်က္ႏွင့္ပင္ကားေမာင္းကာစကားေျပာေန၏။ကိုက္ဖဲ့ထားေသာငါးအသားညႇပ္ပါမုန္႔အတြင္းပိုင္းသည္ မိႈတက္ေနသကဲ့သိုစိမ္းဖန္႔ဖန္႔အမဲအကြက္မ်ားပါ႐ွိေနေသးသည္။သို႔ေသာ္လည္းကားသမားသည္၎အားဘာမွမျဖစ္သကဲ့သို႔ၿမိန္ရည္႐ွက္ရည္႐ွိစြာစား‌ ေသာက္ေန၏။သူ၏သြားမ်ား၌စိမ္းဖန္႔ဖန္႔အရာမ်ားကပ္တြယ္ေနၿပီး ပိုင္လ်ိဳအား သူ၏မူမမွန္ျဖစ္ေနေသာပါးစပ္အက်ယ္ႀကီးျဖင့္ျပဳံးျပလိုက္ေလသည္။

∆∆∆∆

TN : ပါးစပ္ၿပဲၿပဲႀကီးနဲ႔ငါး႐ုပ္ႀကီးေပါ့ေနာ္(⁠ ⁠≧⁠Д⁠≦⁠)Ekkkkkk.ဒီတစ္ပတ္ေတာ္ေတာ္အလုပ္႐ႈပ္သြားတာမို႔ ေနာက္က်သြားလို႔ေသြ႕ပူခ်ီပါတာ့က်ား။အပိုင္း11ထိ‌ေရာက္‌ေအာင္ျမန္ျမန္တင္ေပးပါ့မယ္🌚။

5/3/2023

*******************

Continue Reading

You'll Also Like

231K 47.9K 84
කැලෙ ඇතුලෙම පරවෙනවා බන් හුගක් මල් ජාති.....!
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
265K 8.2K 16
စိတ္တဇထောင်ချောက်တစ်ခုထဲ သင်ကိုယ်တိုင်ရောက်သွားတဲ့ ခံစားချက်မျိုး လိုချင်ရင် ဒီ fic ကို သင်ဖတ်နိုင်ပါတယ် သို့ပေမယ့် 18+နော်😁
289K 55.6K 89
Author - Cyan Wings ( 青色羽翼 ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.