စေ့စပ်ပွဲဖျက်ပြီးနောက် စွဲမက်...

By ngwezin123

454 3 0

Unicode သူမသည် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းပြီးနောက် ချောမောလှပလာပြီး စွဲလန်းချင်စဖွယ်ကောင်းလာသည်။ ၀တုတ်ကာ... More

Descrition
အခန်း ၁ - တန်ပြန်ကြိုးဖြင့်ပြန်လာခြင်း
အခန်း ၂- ချွတ်စွပ်တူသော ကလေး
အခန်း ၃: ကလေးများ၏ဖခင်
အခန်း ၄- စုံစမ်းစစ်ဆေးမှု ရလဒ်ထွက်ပါပြီ။
အခန်း ၅- နတ်ဆိုး၏နောက်ဆုံး အမည်မှာဟန့်ဖြစ်သည်။
အခန်း ၆- လှေနံနှစ်ဖက်နင်းခြင်း
အခန်း 7: မာမီလား။
အခန်း 8: အမေက ဟိုမှာရှိတယ်။
အခန်း 9- သွေးဆောင်ဖြားယောင်းခြင်း
အခန်း 10: ညဦးယံမှာတွေ့ကြမယ်
အခန်း 11-စကားလွန်ကျူးခြင်း
အခန်း 12: ငါကတစ်ယောက်တည်း၊ လူစုနေတာမဟုတ်ဘူး။
အခန်း 13:အဖေကို ရှာနေသော ချယ်ရီ။
အခန်း 14- Narcissism သည် ရောဂါတစ်ခုဖြစ်သည်။ ကုသမှုခံယူပါ။
အခန်း 15: မောင်နှမနှစ်ဦးတွေ့ဆုံခြင်း။
အခန်း 16- နင်ကဘာလို့ငါနဲ့ချွတ်စွပ်တူနေတာလဲ?။
အခန်း 17: မေမေကိုတောင် စော်ကားရဲတာလား။
အခန်း ၁၈- ကျူရှင်ဆရာကိုသင် ခန်းစာပေးခြင်း
အခန်း ၁၉- အစ်ကိုက သမီးနဲ့တူတယ်။
အခန်း 20- ချိန်းတွေ့ရအောင်၊ မာမီ၊ ဒက်ဒီ
အခန်း 21- ခွဲစိတ်ခြင်း။
အခန်း 22: အန်းထီ!
အခန်း ၂၃- သူမ၏ စကားလွန်ကျူးခြင်း။
အခန်း 24 - အချင်းချင်းတွေ့ဆုံခြင်း။
အခန်း 25: အစပျိုးခဲ့ပြီး။
အခန်း ၂၆- ဆဲလ်တစ်ခုတည်းရှိသည့် သက်ရှိ!
အခန်း ၂၇- မင်းသမီးလေး ဖိစ်
အခန်း ၂၈- မင်းရဲ့သားနေရာကို ငါသိတယ်။
အခန်း ၂၉- ရှေးဦးသူနာပြုစုခြင်း။
အခန်း 30: သူ အသက်ရှင်နေသေးတယ်!
အခန်း 31: အန်းထီ!
အခန်း ၃၂- သူမ၏ကိုယ်ပိုင်သရုပ်ကို ထုတ်ဖော်ခြင်း။
အခန်း 33: သူအခုသိသွားပြီ။
အခန်း ၃၄- ဆင်းရဲသားဆွေမျိုးများ။
အခန်း 35: နယူးယောက်မှ အန်ဒါဆင်?
အခန်း ၃၆- ဖိစ် နှစ်ယောက်!
အခန်း ၃၇- ငါတို့ကို သိသွားပြီ!
အခန်း ၃၈- ဖိစ်၏မိခင်ကနိုရာဖြစ်သည်။
အခန်း ၃၉- အခန်းတစ်ခန်းတည်းမျှဝေခြင်း။
အခန်း ၄၀- ဂျပ်စတင်၏ စကားလွန်ကျူးခြင်း
Chapter 41: သူတို့လာတာ နောက်ကျလွန်းတယ်။
အခန်း 43: ရှင့်ရဲ့သားဘယ်မှာလဲ?!
အခန်း 44- သူ့သားကို စုံစမ်းပါ။
အခန်း ၄၅- သူမသည် မည့်သည့်အသေးအဖွဲမျှပင်လွှတ်သွားခွင့်မပြုနိုင်ပေ။
အခန်း 46: နိုရာ၏သား

အခန်း 42- မာမီ၊ အဖွားကိုကယ်ပေးပါ

7 0 0
By ngwezin123

Unicode

ထိုနေရာက ကမောက်ကမဖြစ်နေ သည်။ အရေးပေါ်ဆေးကုသပေးနေသည့် ဆရာဝန်များနှင့် သူနာပြုတွေရဲ့အသံကို အခန်းထဲကနေ ကြားနေရသည်။

"အမေ!"

"အဖွား!"

"ဖွားဖွား!"

ဂျပ်စတင်၏ ဦးလေးမိသားစုတို့ သည် မျက်ရည်တွေဝဲနေကြကာ
သူတို့အားလုံးကငိုယိုပြီး စိတ်မကောင်းဖြစ်နေဟန်တူသည်။

"ပါးစပ်ပိတ်ထား!" ဂျပ်စတင်က ပြင်းပြင်းထန်ထန် ဟောက်လိုက်၍ သူတို့၏ငိုသံက ချက်ခြင်းရပ်သွားခဲ့သညါ။ ဂျပ်စတင်၏ ဒုတိယဦးလေး ရေမွန်ဟန့် က ချက်ချင်းအပြစ်တင်စကား ပြောလာသည်။ " ဂျပ်စတင်၊ မင်းကသွေးအေးနေလို့ မငိုရင်လည်းနေပါ မင်းဘာလို့တား..."

ဂျပ်စတင်က သူ့ကိုစူးစူးရဲရဲအကြည့်ကိုပေးကာ ခပ်မာမာပြောလိုက်သည်။ "အဖွားက မသေသေးဘူး!"

ရေမွန်သည် ဂျပ်စတင်ကြောင့်အ လွန်ထိတ်လန့်သွားသဖြင့် သူပြောမည့်စကားများက သူ့လည်ချောင်းထဲတွင် ပြန်လည်နစ်မြုပ်သွားခဲ့သည်။ သူ့မိသားစုလည်း တဖြည်း ဖြည်းငိုယိုနေသည်ကနေ ရပ်သွားကြသည်။

ဂျပ်စတင်က သူ့နှုတ်ခမ်းတွေကို ဖိကိုက်ထားပြီး လူနာဆောင်ထဲကို စိုက်ကြည့်နေသည်။

ဖိစ် ၏ ခန္ဓာကိုယ်သေးသေးလေးသည် တုန်ရီလာသည်။ သူ့အသက် အရွယ်အရထက်မြက်ပြီး လျင်မြန်သည့်ဉာဏ်ရှိသူလို လူတစ်ယောက်တောင်မှ အခုချိန်မှာဘာလုပ်ရမှန်း မသိတော့ပေ။ ဂျက်စတင်သည် သူ(ဖိစ်)၏ထိတ်လန့်မှုကို ခံစားလိုက်ရသဖြင့် သူ(ဂျပ်စတင်) ၏ နွေးထွေးသောလက်ကြီးကို သူ့ပခုံးပေါ် တင်လိုက်သည်။

ဖိစ် သည် တဖြည်းဖြည်းစိတ်ငြိမ်သွားသည်။ သူလှည့်ကြည့်လိုက်တော့ ဂျပ်စတင်က သူ့ကိုအပေါ်ကနေ ငုံ့ကြည့်နေတာကိုချက်ချင်းတွေ့လိုက်ရသည်။ ဂျပ်စတင်က နူးညံ့ ပျော့ပျောင်းသောအသံဖြင့် ပြော သည်။ "ဖိစ် မကြောက်နဲ့ "

ဖိစ် ၏မျက်လုံးများ နီရဲလာကာ ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် နိုရာသည် လူနာဆောင်ထဲသို့ လျှောက်သွားခဲ့သည်။ သူမက ဖိစ် ကိုတစ်ချက်ကြည့်လိုက်သည်။ သူမသည် လေယာဉ်ပေါ်တွင်အိပ်ရန် လိုအပ်တာကြောင့် သူမက ချယ်ရီနှင့်အတူ အခန်းထဲမှာ တစ်ချိန်လုံးနေခဲ့ပြီး ဂျပ်စတင် နဲ့သူ့သားကို စကားစမြည်ပြောဆိုခြင်းမရှိခဲ့ပေ။

အခု သူမကသူ့ကို အနီးကပ်ကြည့်လိုက်တော့ သူ့ကိုယ်လုံးကိုယ် ပေါက်က ချယ်ရီနှင့်အလွန်ဆင်တူကြောင်း သူမသိလိုက်သည် ။

သူမက သူ့ကိုနည်းနည်းလေး ပိုပြီးလေ့လာချင်တဲ့အခါ လူနာဆောင်ထဲကအသံတွေက သူမကို အာရုံစိုက်မိသွားစေသည်။

သူမကရောက်ရှိလာပြီး ချက်ချင်းဆိုသလို လူနာဆောင်ထဲကို မဝင်သွားပဲ ထိုအစားသူ့ကိုသာကြည့်နေတာကို ဂျပ်စတင် သတိပြုမိတော့ သူ့နှလုံးသာက နစ်မြုပ်သွားသည်။ အဖွားကို ကယ်လို့မရတော့ဘူးလို့ အန်းထီလည်းတွေးနေတာလား?။

သူ့အသံက အရမ်းတိုးလျနေသည်။ ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့ပြီး သူ့အသံသည် တိုးတောင်း ပန်တိုးလျိုးနေကာ ပြောလာသည်။ "မစ္စမစ်၊ ကျေးဇူးပြုပြီး"

သို့သော်လည်း သူပြောမပြီးခင်
နိုရာသည် သူမ၏ အကြည့်ကိုပြန်ရုတ်လိုက်ပြီး လူနာဆောင်ထဲသို့ ဝင်သွားခဲ့သည်။

Finest ဆေးရုံသည် နိုင်ငံတွင်းတွင် ကျော်ကြားသော ဆေးရုံတစ်ခုအဖြစ် ဂုဏ်သတင်းနှင့်ထိုက်တန်ပါသည်။ ၎င်းတို့၏ ကိရိယာများမှ ဆရာဝန်များအထိ၊ ၎င်းသည် အမေရိကန်တွင် အကောင်းဆုံးသော ဆေးဘက်ဆိုင်ရာ အခြေအနေများကို ဝံ့ကြွားစွာ ပြသနေခဲ့သည်။ သူနာပြုတွေတောင် အထူးကျွမ်း ကျင်ကြသည်။

လူနာကို ကယ်တင်ရန်အားလုံးက စနစ်တကျ လှုပ်ရှားနေကြသည် ။

"လျှပ်​စစ်​​ရှော့တိုက်​ဖို့ပြင်​မယ်။"

"200 ဗို့!"

ဘန်း!

"...."

တီ တီ တီ ...တီ တီ...

သူမ၏ နှလုံးပြန်ခုန်လာသောအခါတွင် ဆရာဝန်များနှင့်သူနာပြုများက သက်ပြင်းလိုက်ချကြသည်။

သို့သော် နိုရာမျက်မှောင်ကြုတ်လိုက်သည်။ ယခင်က လူနာ၏ အချက်အလက် အမျိုးမျိုးကို သူမလေ့လာခဲ့သည်..။

"မစ္စတာဟန့်၊ မစ္စစ်ဟန့်ရဲ့ ခန္ဓာ ကိုယ်က ကန့်သတ်ချက်ကို ရောက်နေပါပြီ။ အခုလေးတင် သူမနှလုံးခုန်ရပ်ပြီး ကိုယ်တွင်းကလီစာတွေ တော်တော်များများပျက်စီးသွားပါပြီ။ သူမအချိန်တိုအတွင်း
မနိုးလာဘူးဆိုရင်အသက်အန္တရာယ်ကျမှာကို ကြောက်ရပါတယ်။ "

ယခုလေးတင် အရေးပေါ်ကယ် ဆယ်ရေးတွင်ပါ ဝင်ခဲ့သောဆရာ ဝန်ခေါင်းဆောင်သည် သူမ၏မျက် နှာဖုံးကိုချွတ်ကာ တောက်ပပြီးဆွဲဆောင်မှုရှိသောမျက်နှာကို ထုတ် ဖော်ပြသခဲ့သည်။ သူမသည်လူနာ ၏အခြေအနေနှင့်ဆက်စပ်ပြီး သူမ ၏အသံသည်အေးဆေးတည်ငြိမ်ကာ မယိမ်းမယိုင်ရှိလှသည်။

မျက်မှောင်ကြုတ်နေသော
ဂျပ်စတင်က မေးလိုက်သည်။ "ဒေါက်တာ ရော့ခ် , အဖွားကအမြဲ တမ်းကျန်းမာနေပါတယ်။ ဘာကြောင့် ဒီလိုရုတ်တရက်ဖြစ်သွားတာလဲ"

သူ၏အမေးတွင် တီနာရော့ခ်သည်မျက်မှောင်ကြုတ်ကာ သက်ပြင်းချကာ ပြန်ဖြေသည်။ "မစ္စစ်ဟန့်ကအသက် 80 ရှိပါပြီ။ သူမရဲ့ခန္ဓာ ကိုယ်က အရင်ကလိုမကျန်းမာတော့ပါဘူး။"

ဂျပ်စတင်သည် နိုရာကိုကြည့်ပြီး "ငါတို့ခွဲစိတ်ကုသမှုကို ချက်ချင်းလုပ်ဖို့ ဆွေးနွေးမလား?" ဟုမေးခဲ့သည်။

"ရှင်အဲလို လုပ်လို့မရဘူး"

နိုရာ ပြန်လည်ဖြေကြားခြင်းမပြုမီ တီနာသည်ခေါင်းကိုခါယမ်းလိုက်သည်။ သူမစကားနေစဥ် သူမ၏ အသံကနူးညံ့သိမ်မွေ့ကာ လူတွေအား သူမကိုအားကိုးချင်လာသည့်ပုံပေါ်စေသည်။ "မစ္စစ်ဟန့်က အရမ်းအားနည်းနေတယ်။ သူမကိုသေခြင်းတရားရဲ့နှုတ်ခမ်းဝကနေအခုလေးတင်ပြန်လုထားရတာ တကယ်လို့ သူမကိုခွဲစိတ်လိုက်ရင်သူမကိုနောက်ထပ်ထိခိုက်နစ်နာစေလိမ့်မယ်။ "

နိုရာက စကားမပြောဘဲ ထိုအစားသူမကလူနာကိုဂရုတစိုက်လေ့လာနေသည်။

မစ္စစ်ဟန့်၏မျက်လုံးများက ပိတ်ထားသည်။ သူမသည်ပိန်ပါးကာသူမ၏မျက်နှာသည် သိပ်သည်းသောအရေးအကြောင်းများနှင့်ပြည့်နှက်နေသည်။ သူမအိပ်ရာပေါ်မှာအိပ်နေစဉ်တွင် သူမထံတွင် ရှင်သန်ခြင်း၏ မည်သည့်အရိပ်အယောင်မျှမရှိသလောက်ပင်။ သူမ၏ခန္ဓာ ကိုယ်သည် အမှန်ပင်အလွန်အမင်း အားနည်းသော အခြေအနေတွင်ရှိနေသည်။

သို့သော်သူမခွဲစိတ်ကုသမှုခံယူခြင်းမပြုပါက သူမ၏ဦးနှောက်၌ သွေး ခဲခြင်းအားဖြင့် သွေးလည်ပတ်မှုကိုတားဆီးသည့်အချိန်ကို ကြာမြင့်စေ ကာ ထိုသည်က အနာဂါတ်တွင် သူမနိုးထလာရန်အား ပိုနှေးကွေးသွားစေလိမ့်မည်။

သူမစဉ်းစားနေတုန်း တံခါးအပြင်ဘက်တွင် စကားများနေသည့်အသံ ထွက်လာသည်။

ရေမွန်နှင့်သူ၏မိသားစုတို့ကလည်း တီနာပြောသည်ကို ကြားကြသည်။ ဒေါသထွက်ကာ ရေမွန်ကထအော်သည်။ "ဆိုလိုတာက ငါ့အမေကို ကယ်လို့မရတော့ဘူးလား?! အိုး, အမေ၊ အမေ့ဘဝကဘာကြောင့်ဒီလောက်ခက်ခဲနေရတာလဲ။ ဂျပ်စ တင် ပြန်ခေါ်လာခဲ့တဲ့ကောင်လေးကဒုက္ခကောင်ပါလို့ ကျွန်တော်တို့ပြောခဲ့တာကို အမေကယုံကြည်ဖို့ငြင်းဆန်ခဲ့ပြီး အဲ့ကောင်လေးကို
အမေ့ဘေးမှာထားပြီး စောင့်ရှောက်ခဲ့တယ်။ဒါပေမဲ့ နောက်ဆုံးတော့
သူကအမေ့ကို လှေကားပေါ်ကနေ ရက်ရက်စက်စက်တွန်းချတယ်။ သူက အမေ့ကိုသတ်ခဲ့တာ။"

ရေမွန်သည် ယခုနှစ်တွင်အသက် 55 နှစ်ရှိပြီဖြစ်သည်။ သူသည်ပိန်ပါးသော်လည်း တက်ကြွကာသူ၏ မျက်လုံးများမှ အကြည့်များသည် နှစ်ပေါင်းများစွာဘဝအတွေ့အကြုံမှလာသည့်ပါးနပ်မှုတစ်ခုရှိသည်။

သူ၏သား ရော့ဂျာဟန့် တွင်ဟန့်တို့ ၏ သီးသန့်ဆန်ကာနက်ရှိုင်းသောမျက်လုံးများရှိသည်။ သို့သော်သူ၏မျက်လုံးများရှိ အကြည့်သည် ဂျပ်စတင်၏အကြည့်ကဲ့သို့နက်ရှိုင်းကာ နားမလည်နိုင်လောက်အောင်နက်နဲခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည်အမြဲတမ်းပြုံးနေကာ သူကမကောင်းဘူးဟု ခံစားရစေသည့်ခံစားချက်ကို စွန့်လွှတ်စေသည်။

သူကသက်ပြင်းချပြီး သူ၏ငိုရှိုက်သံကိုထိန်းကာ ပြောလိုက်သည်။ "အဖေ အဲလိုမပြောပါနဲ့။ နောက်ဆုံးတော့ ဖိစ် ကသာမန်ကလေးမဟုတ်ဘူးလေ။ သူကစိတ်ကျန်းမာရေး ကောင်းတာမဟုတ်ဘူး။ သူက ပြန်ပုန်ကန်ဖို့မရည်ရွယ်ခဲ့သလို သူ့အ ဘွားကိုနာကျင်စေလိုတဲ့ စိတ်လည်းမရှိပါဘူး "

တူညီသောမျိုးဆက်တွင် ၎င်းတို့မိသားစုသည်လည်း ဖိစ် ကဲ့သို့ပင်ယောက်ျားလေးတစ်ဦးရှိသည်။ သူသည်ဝသောကြောင့် သူ၏နာမည်ပြောင်မှာ ဖက်တီးဟုခေါ်သည်။ သူ ၏ပါးပြင်များသည် အဆီများဖြင့်ပြည့်နေကာ သူ၏မျက်စိကိုပင်မမြင်ရတော့ပေ။ ဖက်တီးသည် ဖိစ် ရှိရာသို့ပြေးလာပြီး သူ၏လက်ဖောင်းဖောင်းလေးကိုမြောက်ကာ
ဖိစ် ၏မျက်နှာကိုပြင်းထန်စွာ လွဲရိုက်ရင်းအော်ပြောသည်။ "မင်းကရူးနေတဲ့ လူသတ်သမား!"

ဂျပ်စတင်သည် တီနာ ပြောသည်ကိုကြားပြီးနောက် နိုရာ ၏ထင်မြင် ချက်ကိုမေးတော့မည်ဖြစ်သည်။ သို့သော် ထိုကဲ့သို့အရေးကြီးသော အခိုက်အတန့်တွင် သူ့ဦးလေးနှင့် သူ့မိသားစုသည် သူ့အဖွား၏
အခြေအနေကို အမှန်တကယ် လျစ် လျူရှုကာ ဖိစ် ကို ထပ်မံတိုက်ခိုက်ရန် စတင်ခဲ့ကြသည်။

ဖက်တီးက သူ့လက်ကိုမြှောက်ပြီး ဖိစ် မျက်နှာဆီလွဲရိုက်လာတာကို မြင်တော့ ဂျပ်စတင်ရဲ့ မျက်လုံးတွေ မှောင်မည်းသွားပြီး သူ၏မျို သိပ်ထားနေသည့် ဒေါသကိုမထိန်းနိုင်တော့ပဲ ခြေထောက်ကိုမြှောက်ပြီး ဖက်တီးကိုတတ်နိုင်သမျှ မြန်မြန်ကြမ်းပြင်ပေါ် လဲအောင်ကန်ချလိုက်သည်။

ကန်ချက်ကြောင့် ဖက်တီးသည် ကြမ်းပြင်ပေါ်တွင် တစ်မီတာအ ကွာသို့ချော်လဲသွားခဲ့သည်။
သူသည်ဝနေသည်နှင့်အမျှ သူ၏အ ဆီများက ကြားခံအဖြစ်လုပ်ဆောင် ပေးနေသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ဂျပ်စတင်သည် သူ၏ကန်ချက်ကို တမင်ထိန်းထားသော ကြောင့် အတွင်းဒဏ်ရာမရရှိခဲ့ပေ။

သို့သော်လည်း နာကျင်မှုကသူ့ကိုမျက်ရည်ကျစေခဲ့သည်။ သူသည် ရေမွန်ဆီသို့ တွားသွားကာသူ့နောက် တွင် ပုန်းနေလိုက်သည်။ "ကယ်ပါအုံး အဘိုး။ ဦးလေး ဂျပ်စတင်က သားကို သတ်ဖို့ကြိုးစားနေတယ်။"

ရေမွန်က ဒေါသတကြီးအော်သည်။ "ဂျပ်စတင် မင်းဘာလုပ်နေတာလဲ"

ဂျပ်စတင်၏ စူးရှသောမျက်လုံးများထဲတွင် ဒေါသများဖြာကျလာသည်။ သူ့မျက်လုံးနားက အလှတရားဖြစ်သောမှဲ့သည်ပင် အေးစက်ကာ ရက်စက်ကြမ်းကြုတ်နေပြီး သူကပြောလိုက်သည်။
"ဦးလေးရဲ့မြေးကို မထိန်းနိုင်ရင်
ဦးလေးအတွက် ကျွန်တော်လုပ်ပေးပါ့မယ်"

ရေမွန်က အော်လာသည်။ "မင်းရဲ့သားကို ဘာလို့အရင်မစစ်ဆေးတာလဲ၊ သူက သူ့အဖွားကိုသတ်လိုက်တာ။ အဲဒါက လုံးဝကို ခွင့်မလွှတ်နိုင်စရာမရှိဘူး!"'

သူ့ပတ်ဝန်းကျင်မှာ ကျက်သရေရှိသည့် ရောင်ဝါနှင့်ပြည့်နေသည့်
ဂျပ်စတင်က ရှေ့တစ်လှမ်းတိုးပြီးပြောလိုက်သည်။ "ဖိစ် က ဘယ်
သူ့ကိုမှ မသတ်ဘူး။ ငါသူ့ကိုယုံတယ်။"

ရော့ဂျာသည် ဂျပ်စတင်၊ဖက်တီးနှင့်သူ့အဖေကြားတွင် ရပ်နေသည်။ သူသည် အမြဲတစေနူးညံ့သိမ်မွေ့နေသကဲ့သို့ သက်ပြင်းချကာပြောသည်။ "ဂျပ်စတင် မင်းကသူ့ကိုယုံရင်တောင် အသုံးမဝင်ဘူး။
ဖိစ် ကအဘွားလေးကိုတွန်းလိုက်တဲ့ ဧည့်ခန်းထဲကစောင့်ကြည့်ကင်မရာတွေကနေ ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်သက်သေက ထင်ထင်ရှားရှားရှိနေပြီးသားပဲ။ ငါတို့ကဗွီဒီယိုဖိုင်သက်သေကို အဘိုးကိုပေးလိုက်ပြီ။ ဒီအပတ်မှာအဖိုးက မိသားစုတွေ့ဆုံပွဲကျင်းပပြီး ဖိစ် ကို ဟန့်တွေမိသား စုကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက် ပြီ။"

အိမ်ရှိအစေခံများမှလွဲ၍ ဖိစ် နှင့်အဖွားဖြစ်သူက စကားများရန်ဖြစ်ခဲ့ကြောင်း သက်သေထွက်ဆိုခဲ့ကြပြီး ဖိစ် က သူမကိုလှေကားပေါ်ကနေတွန်းချခဲ့သည်ဆိုသည့် စွပ်စွဲ ချက်ကိုထောက်ပံ့သည့် အခြေခံအ ကျဆုံး သက်သေကတော့ စောင့်ကြည့်ကင်မရာ ဗီဒီယိုပဲဖြစ်သည်။

ဗီဒီယိုဖိုင်က အနောက်ကနေ ရိုက်ထားခဲ့တာဖြစ်ပြီး ထိုဗီဒီယိုထဲမှာ၊ သက်ကြီးမစ္စစ်ဟန့် ဟာ ဖိစ်က လက်ကိုဆန့်နေချိန်မှာ ပြုတ်ကျခဲ့တာဖြစ်သည်။ ဘယ်လိုပဲကြည့်ကြည့် ဖိစ် က သူမကိုတွန်းချလိုက်သလိုဖြစ်နေသည်။

၎င်းတို့နှစ်ဦးစလုံးတွင် သက်သေများ၏ ထွက်ဆိုချက်များအပြင် ပစ္စည်းအထောက်အထားများပါရှိသည်။

ထို့ကြောင့်၊ ၎င်းတို့တွင်ရွေးချယ်ခွင့်တစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းမှာမစ္စစ်ဟန့်ကိုကယ်တင်ပြီး သူမကိုသတိပြန်လည်လာစေရန်ဖြစ်သည်။ သူမသည် ဖိစ် ၏အပြစ်ကင်းကြောင်း သက်သေပြနိုင်သည့်တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည်။

သူ့သားက သူကိုယ်တိုင်အတွက် တစ်ခါမှစကားမပြောဖူးပေမယ့် ဂျပ်စတင်က သူ့ကိုအစကနေ အဆုံးအထိ ယုံကြည်သည်။

ဖိစ် က လူနာဆောင်ကို ပြင်းပြင်း ထန်ထန်စိုက်ကြည့်နေသည်။ တခြားသူတွေက သူ့ကိုပြစ်တင်ရှုံ့ချနေတာကို သူလုံးဝမကြားရပေ။ တစ်ခုတည်းသော သူဂရုစိုက်သည်မှာ အဘွားကိုသာဖြစ်သည်။

မလှုပ်မယှက်လဲလျောင်းနေသော အမျိုးသမီးအိုကြီးကို မြင်ရတော့ သူ၏မျက်လုံးများ နီရဲလာသည်။ သူသည် လူနာဆောင်ထဲသို့ ရုတ်တ ရက်ပြေးဝင်ကာ နိုရာ၏ ခြေထောက်ကို ပွေ့ဖက်ကာတောင်းဆိုလိုက်သည်။ "မာမီ၊ အဖွားကိုကယ်ပေးပါ!"

Zawgyi

ထိုေနရာက ကေမာက္ကမျဖစ္ေန သည္။ အေရးေပၚေဆးကုသေပးေနသည့္ ဆရာဝန္မ်ားႏွင့္ သူနာျပဳေတြရဲ႕အသံကို အခန္းထဲကေန ၾကားေနရသည္။

"အေမ!"

"အဖြား!"

"ဖြားဖြား!"

ဂ်ပ္စတင္၏ ဦးေလးမိသားစုတို႔ သည္ မ်က္ရည္ေတြဝဲေနၾကကာ
သူတို႔အားလုံးကငိုယိုၿပီး စိတ္မေကာင္းျဖစ္ေနဟန္တူသည္။

"ပါးစပ္ပိတ္ထား!" ဂ်ပ္စတင္က ျပင္းျပင္းထန္ထန္ ေဟာက္လိုက္၍ သူတို႔၏ငိုသံက ခ်က္ျခင္းရပ္သြားခဲ့သညါ။ ဂ်ပ္စတင္၏ ဒုတိယဦးေလး ေရမြန္ဟန့္ က ခ်က္ခ်င္းအျပစ္တင္စကား ေျပာလာသည္။ ဂ်ပ္စတင္၊ မင္းကေသြးေအးေနလို႔ မငိုရင္လည္းေနပါ မင္းဘာလို႔တား..."

ဂ်ပ္စတင္က သူ႕ကိုစူးစူးရဲရဲအၾကည့္ကိုေပးကာ ခပ္မာမာေျပာလိုက္သည္။ "အဖြားက မေသေသးဘူး!"

ေရမြန္သည္ ဂ်ပ္စတင္ေၾကာင့္အ လြန္ထိတ္လန႔္သြားသျဖင့္ သူေျပာမည့္စကားမ်ားက သူ႕လည္ေခ်ာင္းထဲတြင္ ျပန္လည္နစ္ျမဳပ္သြားခဲ့သည္။ သူ႕မိသားစုလည္း တျဖည္း ျဖည္းငိုယိုေနသည္ကေန ရပ္သြားၾကသည္။

ဂ်ပ္စတင္က သူ႕ႏႈတ္ခမ္းေတြကို ဖိကိုက္ထားၿပီး လူနာေဆာင္ထဲကို စိုက္ၾကည့္ေနသည္။

ဖိစ္ ၏ ခႏၶာကိုယ္ေသးေသးေလးသည္ တုန္ရီလာသည္။ သူ႕အသက္ အ႐ြယ္အရထက္ျမက္ၿပီး လ်င္ျမန္သည့္ဉာဏ္ရွိသူလို လူတစ္ေယာက္ေတာင္မွ အခုခ်ိန္မွာဘာလုပ္ရမွန္း မသိေတာ့ေပ။ ဂ်က္စတင္သည္ သူ(ဖိစ္)၏ထိတ္လန႔္မႈကို ခံစားလိုက္ရသျဖင့္ သူ(ဂ်ပ္စတင္) ၏ ႏြေးေထြးေသာလက္ႀကီးကို သူ႕ပခုံးေပၚ တင္လိုက္သည္။

ဖိစ္ သည္ တျဖည္းျဖည္းစိတ္ၿငိမ္သြားသည္။ သူလွည့္ၾကည့္လိုက္ေတာ့ ဂ်ပ္စတင္က သူ႕ကိုအေပၚကေန ငုံ႕ၾကည့္ေနတာကိုခ်က္ခ်င္းေတြ႕လိုက္ရသည္။ ဂ်ပ္စတင္က ႏူးညံ့ ေပ်ာ့ေပ်ာင္းေသာအသံျဖင့္ ေျပာ သည္။ "ဖိစ္ မေၾကာက္နဲ႕ "

ဖိစ္ ၏မ်က္လုံးမ်ား နီရဲလာကာ ေခါင္းညိတ္လိုက္သည္။

ထိုအခ်ိန္တြင္ နိုရာသည္ လူနာေဆာင္ထဲသို႔ ေလွ်ာက္သြားခဲ့သည္။ သူမက ဖိစ္ ကိုတစ္ခ်က္ၾကည့္လိုက္သည္။ သူမသည္ ေလယာဥ္ေပၚတြင္အိပ္ရန္ လိုအပ္တာေၾကာင့္ သူမက ခ်ယ္ရီႏွင့္အတူ အခန္းထဲမွာ တစ္ခ်ိန္လုံးေနခဲ့ၿပီး ဂ်ပ္စတင္ နဲ႕သူ႕သားကို စကားစျမည္ေျပာဆိုျခင္းမရွိခဲ့ေပ။

အခု သူမကသူ႕ကို အနီးကပ္ၾကည့္လိုက္ေတာ့ သူ႕ကိုယ္လုံးကိုယ္ ေပါက္က ခ်ယ္ရီႏွင့္အလြန္ဆင္တူေၾကာင္း သူမသိလိုက္သည္ ။

သူမက သူ႕ကိုနည္းနည္းေလး ပိုၿပီးေလ့လာခ်င္တဲ့အခါ လူနာေဆာင္ထဲကအသံေတြက သူမကို အာ႐ုံစိုက္မိသြားေစသည္။

သူမကေရာက္ရွိလာၿပီး ခ်က္ခ်င္းဆိုသလို လူနာေဆာင္ထဲကို မဝင္သြားပဲ ထိုအစားသူ႕ကိုသာၾကည့္ေနတာကို ဂ်ပ္စတင္ သတိျပဳမိေတာ့ သူ႕ႏွလုံးသာက နစ္ျမဳပ္သြားသည္။ အဖြားကို ကယ္လို႔မရေတာ့ဘူးလို႔ အန္းထီလည္းေတြးေနတာလား?။

သူ႕အသံက အရမ္းတိုးလ်ေနသည္။ ပထမဆုံးအႀကိမ္အျဖစ္ ကူကယ္ရာမဲ့ၿပီး သူ႕အသံသည္ တိုးေတာင္း ပန္တိုးလ်ိဳးေနကာ ေျပာလာသည္။ မစၥမစ္၊ ေက်းဇူးျပဳၿပီး

သို႔ေသာ္လည္း သူေျပာမၿပီးခင္
နိုရာသည္ သူမ၏ အၾကည့္ကိုျပန္႐ုတ္လိုက္ၿပီး လူနာေဆာင္ထဲသို႔ ဝင္သြားခဲ့သည္။

Finest ေဆး႐ုံသည္ နိုင္ငံတြင္းတြင္ ေက်ာ္ၾကားေသာ ေဆး႐ုံတစ္ခုအျဖစ္ ဂုဏ္သတင္းႏွင့္ထိုက္တန္ပါသည္။ ၎တို႔၏ ကိရိယာမ်ားမွ ဆရာဝန္မ်ားအထိ၊ ၎သည္ အေမရိကန္တြင္ အေကာင္းဆုံးေသာ ေဆးဘက္ဆိုင္ရာ အေျခအေနမ်ားကို ဝံ့ႂကြားစြာ ျပသေနခဲ့သည္။ သူနာျပဳေတြေတာင္ အထူးကြၽမ္း က်င္ၾကသည္။

လူနာကို ကယ္တင္ရန္အားလုံးက စနစ္တက် လႈပ္ရွားေနၾကသည္ ။

"လွ်ပ္စစ္ေရွာ့တိုက္ဖို႔ျပင္မယ္။"

"200 ဗို႔!"

ဘန္း!

"...."

တီ တီ တီ ...တီ တီ...

သူမ၏ ႏွလုံးျပန္ခုန္လာေသာအခါတြင္ ဆရာဝန္မ်ားႏွင့္သူနာျပဳမ်ားက သက္ျပင္းလိုက္ခ်ၾကသည္။

သို႔ေသာ္ နိုရာမ်က္ေမွာင္ၾကဳတ္လိုက္သည္။ ယခင္က လူနာ၏ အခ်က္အလက္ အမ်ိဳးမ်ိဳးကို သူမေလ့လာခဲ့သည္..။

မစၥတာဟန့္၊ မစၥစ္ဟန့္ရဲ႕ ခႏၶာ ကိုယ္က ကန႔္သတ္ခ်က္ကို ေရာက္ေနပါၿပီ။ အခုေလးတင္ သူမႏွလုံးခုန္ရပ္ၿပီး ကိုယ္တြင္းကလီစာေတြ ေတာ္ေတာ္မ်ားမ်ားပ်က္စီးသြားပါၿပီ။ သူမအခ်ိန္တိုအတြင္း
မနိုးလာဘူးဆိုရင္အသက္အႏၱရာယ္က်မွာကို ေၾကာက္ရပါတယ္။ "

ယခုေလးတင္ အေရးေပၚကယ္ ဆယ္ေရးတြင္ပါ ဝင္ခဲ့ေသာဆရာ ဝန္ေခါင္းေဆာင္သည္ သူမ၏မ်က္ ႏွာဖုံးကိုခြၽတ္ကာ ေတာက္ပၿပီးဆြဲေဆာင္မႈရွိေသာမ်က္ႏွာကို ထုတ္ ေဖာ္ျပသခဲ့သည္။ သူမသည္လူနာ ၏အေျခအေနႏွင့္ဆက္စပ္ၿပီး သူမ ၏အသံသည္ေအးေဆးတည္ၿငိမ္ကာ မယိမ္းမယိုင္ရွိလွသည္။

မ်က္ေမွာင္ၾကဳတ္ေနေသာ
ဂ်ပ္စတင္က ေမးလိုက္သည္။ "ေဒါက္တာ ေရာ့ခ္ , အဖြားကအၿမဲ တမ္းက်န္းမာေနပါတယ္။ ဘာေၾကာင့္ ဒီလို႐ုတ္တရက္ျဖစ္သြားတာလဲ"

သူ၏အေမးတြင္ တီနာေရာ့ခ္သည္မ်က္ေမွာင္ၾကဳတ္ကာ သက္ျပင္းခ်ကာ ျပန္ေျဖသည္။ "မစၥစ္ဟန့္ကအသက္ 80 ရွိပါၿပီ။ သူမရဲ႕ခႏၶာ ကိုယ္က အရင္ကလိုမက်န္းမာေတာ့ပါဘူး။"

ဂ်ပ္စတင္သည္ နိုရာကိုၾကည့္ၿပီး "ငါတို႔ခြဲစိတ္ကုသမႈကို ခ်က္ခ်င္းလုပ္ဖို႔ ေဆြးႏြေးမလား?" ဟုေမးခဲ့သည္။

"ရွင္အဲလို လုပ္လို႔မရဘူး"

နိုရာ ျပန္လည္ေျဖၾကားျခင္းမျပဳမီ တီနာသည္ေခါင္းကိုခါယမ္းလိုက္သည္။ သူမစကားေနစဥ္ သူမ၏ အသံကႏူးညံ့သိမ္ေမြ႕ကာ လူေတြအား သူမကိုအားကိုးခ်င္လာသည့္ပုံေပၚေစသည္။ "မစၥစ္ဟန့္က အရမ္းအားနည္းေနတယ္။ သူမကိုေသျခင္းတရားရဲ႕ႏႈတ္ခမ္းဝကေနအခုေလးတင္ျပန္လုထားရတာ တကယ္လို႔ သူမကိုခြဲစိတ္လိုက္ရင္သူမကိုေနာက္ထပ္ထိခိုက္နစ္နာေစလိမ့္မယ္။ "

နိုရာက စကားမေျပာဘဲ ထိုအစားသူမကလူနာကိုဂ႐ုတစိုက္ေလ့လာေနသည္။

မစၥစ္ဟန့္၏မ်က္လုံးမ်ားက ပိတ္ထားသည္။ သူမသည္ပိန္ပါးကာသူမ၏မ်က္ႏွာသည္ သိပ္သည္းေသာအေရးအေၾကာင္းမ်ားႏွင့္ျပည့္ႏွက္ေနသည္။ သူမအိပ္ရာေပၚမွာအိပ္ေနစဥ္တြင္ သူမထံတြင္ ရွင္သန္ျခင္း၏ မည္သည့္အရိပ္အေယာင္မွ်မရွိသေလာက္ပင္။ သူမ၏ခႏၶာ ကိုယ္သည္ အမွန္ပင္အလြန္အမင္း အားနည္းေသာ အေျခအေနတြင္ရွိေနသည္။

သို႔ေသာ္သူမခြဲစိတ္ကုသမႈခံယူျခင္းမျပဳပါက သူမ၏ဦးႏွောက္၌ ေသြး ခဲျခင္းအားျဖင့္ ေသြးလည္ပတ္မႈကိုတားဆီးသည့္အခ်ိန္ကို ၾကာျမင့္ေစ ကာ ထိုသည္က အနာဂါတ္တြင္ သူမနိုးထလာရန္အား ပိုႏွေးေကြးသြားေစလိမ့္မည္။

သူမစဥ္းစားေနတုန္း တံခါးအျပင္ဘက္တြင္ စကားမ်ားေနသည့္အသံ ထြက္လာသည္။

ေရမြန္ႏွင့္သူ၏မိသားစုတို႔ကလည္း တီနာေျပာသည္ကို ၾကားၾကသည္။ ေဒါသထြက္ကာ ေရမြန္ကထေအာ္သည္။ "ဆိုလိုတာက ငါ့အေမကို ကယ္လို႔မရေတာ့ဘူးလား?! အိုး, အေမ၊ အေမ့ဘဝကဘာေၾကာင့္ဒီေလာက္ခက္ခဲေနရတာလဲ။ ဂ်ပ္စ တင္ ျပန္ေခၚလာခဲ့တဲ့ေကာင္ေလးကဒုကၡေကာင္ပါလို႔ ကြၽန္ေတာ္တို႔ေျပာခဲ့တာကို အေမကယုံၾကည္ဖို႔ျငင္းဆန္ခဲ့ၿပီး အဲ့ေကာင္ေလးကို
အေမ့ေဘးမွာထားၿပီး ေစာင့္ေရွာက္ခဲ့တယ္။ဒါေပမဲ့ ေနာက္ဆုံးေတာ့
သူကအေမ့ကို ေလွကားေပၚကေန ရက္ရက္စက္စက္တြန္းခ်တယ္။ သူက အေမ့ကိုသတ္ခဲ့တာ။"

ေရမြန္သည္ ယခုႏွစ္တြင္အသက္ 55 ႏွစ္ရွိၿပီျဖစ္သည္။ သူသည္ပိန္ပါးေသာ္လည္း တက္ႂကြကာသူ၏ မ်က္လုံးမ်ားမွ အၾကည့္မ်ားသည္ ႏွစ္ေပါင္းမ်ားစြာဘဝအေတြ႕အႀကဳံမွလာသည့္ပါးနပ္မႈတစ္ခုရွိသည္။

သူ၏သား ေရာ့ဂ်ာဟန့္ တြင္ဟန့္တို႔ ၏ သီးသန႔္ဆန္ကာနက္ရွိုင္းေသာမ်က္လုံးမ်ားရွိသည္။ သို႔ေသာ္သူ၏မ်က္လုံးမ်ားရွိ အၾကည့္သည္ ဂ်ပ္စတင္၏အၾကည့္ကဲ့သို႔နက္ရွိုင္းကာ နားမလည္နိုင္ေလာက္ေအာင္နက္နဲျခင္းမရွိေပ။ ဆန႔္က်င္ဘက္အေနျဖင့္ သူသည္အၿမဲတမ္းၿပဳံးေနကာ သူကမေကာင္းဘူးဟု ခံစားရေစသည့္ခံစားခ်က္ကို စြန႔္လႊတ္ေစသည္။

သူကသက္ျပင္းခ်ၿပီး သူ၏ငိုရွိုက္သံကိုထိန္းကာ ေျပာလိုက္သည္။ "အေဖ အဲလိုမေျပာပါနဲ႕။ ေနာက္ဆုံးေတာ့ ဖိစ္ ကသာမန္ကေလးမဟုတ္ဘူးေလ။ သူကစိတ္က်န္းမာေရး ေကာင္းတာမဟုတ္ဘူး။ သူက ျပန္ပုန္ကန္ဖို႔မရည္႐ြယ္ခဲ့သလို သူ႕အ ဘြားကိုနာက်င္ေစလိုတဲ့ စိတ္လည္းမရွိပါဘူး "

တူညီေသာမ်ိဳးဆက္တြင္ ၎တို႔မိသားစုသည္လည္း ဖိစ္ ကဲ့သို႔ပင္ေယာက္်ားေလးတစ္ဦးရွိသည္။ သူသည္ဝေသာေၾကာင့္ သူ၏နာမည္ေျပာင္မွာ ဖက္တီးဟုေခၚသည္။ သူ ၏ပါးျပင္မ်ားသည္ အဆီမ်ားျဖင့္ျပည့္ေနကာ သူ၏မ်က္စိကိုပင္မျမင္ရေတာ့ေပ။ ဖက္တီးသည္ ဖိစ္ ရွိရာသို႔ေျပးလာၿပီး သူ၏လက္ေဖာင္းေဖာင္းေလးကိုေျမာက္ကာ
ဖိစ္ ၏မ်က္ႏွာကိုျပင္းထန္စြာ လြဲရိုက္ရင္းေအာ္ေျပာသည္။ "မင္းက႐ူးေနတဲ့ လူသတ္သမား!"

ဂ်ပ္စတင္သည္ တီနာ ေျပာသည္ကိုၾကားၿပီးေနာက္ နိုရာ ၏ထင္ျမင္ ခ်က္ကိုေမးေတာ့မည္ျဖစ္သည္။ သို႔ေသာ္ ထိုကဲ့သို႔အေရးႀကီးေသာ အခိုက္အတန႔္တြင္ သူ႕ဦးေလးႏွင့္ သူ႕မိသားစုသည္ သူ႕အဖြား၏
အေျခအေနကို အမွန္တကယ္ လ်စ္ လ်ဴရႈကာ ဖိစ္ ကို ထပ္မံတိုက္ခိုက္ရန္ စတင္ခဲ့ၾကသည္။

ဖက္တီးက သူ႕လက္ကိုျမႇောက္ၿပီး ဖိစ္ မ်က္ႏွာဆီလြဲရိုက္လာတာကို ျမင္ေတာ့ ဂ်ပ္စတင္ရဲ႕ မ်က္လုံးေတြ ေမွာင္မည္းသြားၿပီး သူ၏မ်ိဳ သိပ္ထားေနသည့္ ေဒါသကိုမထိန္းနိုင္ေတာ့ပဲ ေျခေထာက္ကိုျမႇောက္ၿပီး ဖက္တီးကိုတတ္နိုင္သမွ် ျမန္ျမန္ၾကမ္းျပင္ေပၚ လဲေအာင္ကန္ခ်လိဳက္သည္။

ကန္ခ်က္ေၾကာင့္ ဖက္တီးသည္ ၾကမ္းျပင္ေပၚတြင္ တစ္မီတာအ ကြာသို႔ေခ်ာ္လဲသြားခဲ့သည္။
သူသည္ဝေနသည္ႏွင့္အမွ် သူ၏အ ဆီမ်ားက ၾကားခံအျဖစ္လုပ္ေဆာင္ ေပးေနသကဲ့သို႔ ျဖစ္ေနသည္။ ထို႔အျပင္ ဂ်ပ္စတင္သည္ သူ၏ကန္ခ်က္ကို တမင္ထိန္းထားေသာ ေၾကာင့္ အတြင္းဒဏ္ရာမရရွိခဲ့ေပ။

သို႔ေသာ္လည္း နာက်င္မႈကသူ႕ကိုမ်က္ရည္က်ေစခဲ့သည္။ သူသည္ ေရမြန္ဆီသို႔ တြားသြားကာသူ႕ေနာက္ တြင္ ပုန္းေနလိုက္သည္။ "ကယ္ပါအုံး အဘိုး။ ဦးေလး ဂ်ပ္စတင္က သားကို သတ္ဖို႔ႀကိဳးစားေနတယ္။"

ေရမြန္က ေဒါသတႀကီးေအာ္သည္။ "ဂ်ပ္စတင္ မင္းဘာလုပ္ေနတာလဲ"

ဂ်ပ္စတင္၏ စူးရွေသာမ်က္လုံးမ်ားထဲတြင္ ေဒါသမ်ားျဖာက်လာသည္။ သူ႕မ်က္လုံးနားက အလွတရားျဖစ္ေသာမွဲ႕သည္ပင္ ေအးစက္ကာ ရက္စက္ၾကမ္းၾကဳတ္ေနၿပီး သူကေျပာလိုက္သည္။
"ဦးေလးရဲ႕ေျမးကို မထိန္းနိုင္ရင္
ဦးေလးအတြက္ ကြၽန္ေတာ္လုပ္ေပးပါ့မယ္"

ေရမြန္က ေအာ္လာသည္။ "မင္းရဲ႕သားကို ဘာလို႔အရင္မစစ္ေဆးတာလဲ၊ သူက သူ႕အဖြားကိုသတ္လိုက္တာ။ အဲဒါက လုံးဝကို ခြင့္မလႊတ္နိုင္စရာမရွိဘူး!"'

သူ႕ပတ္ဝန္းက်င္မွာ က်က္သေရရွိသည့္ ေရာင္ဝါႏွင့္ျပည့္ေနသည့္
ဂ်ပ္စတင္က ေရွ႕တစ္လွမ္းတိုးၿပီးေျပာလိုက္သည္။ ဖိစ္ က ဘယ္
သူ႕ကိုမွ မသတ္ဘူး။ ငါသူ႕ကိုယုံတယ္။"

ေရာ့ဂ်ာသည္ ဂ်ပ္စတင္၊ဖက္တီးႏွင့္သူ႕အေဖၾကားတြင္ ရပ္ေနသည္။ သူသည္ အၿမဲတေစႏူးညံ့သိမ္ေမြ႕ေနသကဲ့သို႔ သက္ျပင္းခ်ကာေျပာသည္။ "ဂ်ပ္စတင္ မင္းကသူ႕ကိုယုံရင္ေတာင္ အသုံးမဝင္ဘူး။
ဖိစ္ ကအဘြားေလးကိုတြန္းလိုက္တဲ့ ဧည့္ခန္းထဲကေစာင့္ၾကည့္ကင္မရာေတြကေန ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္သက္ေသက ထင္ထင္ရွားရွားရွိေနၿပီးသားပဲ။ ငါတို႔ကဗြီဒီယိုဖိုင္သက္ေသကို အဘိုးကိုေပးလိုက္ၿပီ။ ဒီအပတ္မွာအဖိုးက မိသားစုေတြ႕ဆုံပြဲက်င္းပၿပီး ဖိစ္ ကို ဟန့္ေတြမိသား စုကေန ႏွင္ထုတ္ဖို႔ ဆုံးျဖတ္လိုက္ ၿပီ။

အိမ္ရွိအေစခံမ်ားမွလြဲ၍ ဖိစ္ ႏွင့္အဖြားျဖစ္သူက စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း သက္ေသထြက္ဆိုခဲ့ၾကၿပီး ဖိစ္ က သူမကိုေလွကားေပၚကေနတြန္းခ်ခဲ့သည္ဆိုသည့္ စြပ္စြဲ ခ်က္ကိုေထာက္ပံ့သည့္ အေျခခံအ က်ဆဳံး သက္ေသကေတာ့ ေစာင့္ၾကည့္ကင္မရာ ဗီဒီယိုပဲျဖစ္သည္။

ဗီဒီယိုဖိုင္က အေနာက္ကေန ရိုက္ထားခဲ့တာျဖစ္ၿပီး ထိုဗီဒီယိုထဲမွာ၊ သက္ႀကီးမစၥစ္ဟန့္ ဟာ ဖိစ္က လက္ကိုဆန႔္ေနခ်ိန္မွာ ျပဳတ္က်ခဲ့တာျဖစ္သည္။ ဘယ္လိုပဲၾကည့္ၾကည့္ ဖိစ္ က သူမကိုတြန္းခ်လိဳက္သလိုျဖစ္ေနသည္။

၎တို႔ႏွစ္ဦးစလုံးတြင္ သက္ေသမ်ား၏ ထြက္ဆိုခ်က္မ်ားအျပင္ ပစၥည္းအေထာက္အထားမ်ားပါရွိသည္။

ထို႔ေၾကာင့္၊ ၎တို႔တြင္ေ႐ြးခ်ယ္ခြင့္တစ္ခုသာ က်န္ရွိေတာ့သည္။ ၎မွာမစၥစ္ဟန့္ကိုကယ္တင္ၿပီး သူမကိုသတိျပန္လည္လာေစရန္ျဖစ္သည္။ သူမသည္ ဖိစ္ ၏အျပစ္ကင္းေၾကာင္း သက္ေသျပနိုင္သည့္တစ္ဦးတည္းေသာပုဂၢိုလ္ျဖစ္သည္။

သူ႕သားက သူကိုယ္တိုင္အတြက္ တစ္ခါမွစကားမေျပာဖူးေပမယ့္ ဂ်ပ္စတင္က သူ႕ကိုအစကေန အဆုံးအထိ ယုံၾကည္သည္။

ဖိစ္ က လူနာေဆာင္ကို ျပင္းျပင္း ထန္ထန္စိုက္ၾကည့္ေနသည္။ တျခားသူေတြက သူ႕ကိုျပစ္တင္ရႈံ႕ခ်ေနတာကို သူလုံးဝမၾကားရေပ။ တစ္ခုတည္းေသာ သူဂ႐ုစိုက္သည္မွာ အဘြားကိုသာျဖစ္သည္။

မလႈပ္မယွက္လဲေလ်ာင္းေနေသာ အမ်ိဳးသမီးအိုႀကီးကို ျမင္ရေတာ့ သူ၏မ်က္လုံးမ်ား နီရဲလာသည္။ သူသည္ လူနာေဆာင္ထဲသို႔ ႐ုတ္တ ရက္ေျပးဝင္ကာ နိုရာ၏ ေျခေထာက္ကို ေပြ႕ဖက္ကာေတာင္းဆိုလိုက္သည္။ "မာမီ၊ အဖြားကိုကယ္ေပးပါ!"

Continue Reading

You'll Also Like

519K 42.5K 20
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
279K 19K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...
372K 43.5K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
259K 3.7K 30
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...