Two Men In One Look (Complete...

By Galaxie_Genie

7.4K 1K 518

There was a story about two men who fell in love with the same man But their story had already been a sad end... More

Chapter 0
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22(Final)
Extra 1(20th Century)
နှုတ်ဆက်စကား

Chapter 6

285 55 11
By Galaxie_Genie

Unicode

ချစ်ခြင်းတေးသံများသီကာကုံးလို့အတိတ်ရေယာဉ်ကြောဝယ်မျောပါ...

အရာရာတိုင်းကရှုပ်ထွေးသထက်ရှုပ်ထွေးလာကာအစရှာမရတော့တဲ့အပ်ချည်လုံးတစ်လုံးနှင့်တူလာသည်။
ဤကိစ္စနှင့်ပက်သက်ပြီးဂျီမင်းဘက်ကအစတစ်စကိုပင်ဆွဲထုတ်၍မရသေးပါ။
ဘာကိုမှသေသေချာချာမသိတဲ့သူ့အဖို့တော့ကောက်ရိုးပုံထဲအပ်တစ်ချောင်းရှာရတာကပင်ပိုမို၍လွယ်ကူလောက်ဦးမည်။

အချိန်တွေကရပ်တန့်မနေဘဲတဖြည်းဖြည်းကုန်ဆုံးလာတာကြောင့်ဒီရက်တွေအတွင်းမှာပဲဝီလီယမ်အာသာကိုအမြန်ဆုံးရှာတွေ့ဖို့လိုသည်။
ကိုယ်လုံးပေါ်မှန်ရှေ့မတ်တတ်ရပ်နေရင်းမှန်ပေါ်တွင်ထင်းနေသည့်ဖီးလီးယက်စ်ရဲ့ပုံရိပ်ကိုကြည့်လိုက်ကာဂျီမင်းသက်ပြင်းချလိုက်မိသည်။

"မစ္စတာဖီးလီးယက်စ် ခင်ဗျားရောဘယ်လိုထင်လဲ"

"စာအုပ်ကပြောနေခဲ့တဲ့အကြောင်းအရာတွေ
သတိပေးတဲ့အသံတွေကရော ဝီလီယမ်ကိုရှာဖို့ကူညီနိုင်မှာလား"

"အကယ်၍ကျွန်တော်မဟုတ်ဘဲခင်ဗျားသာဆိုရင်လွယ်လွယ်ကူကူနဲ့အဖြေမှန်ပေါ်မယ်ထင်မိတာပဲ"

ပုံရိပ်ယောင်ကဘာစကားမှလည်းမဆိုခဲ့သလိုအမူအရာတစ်ချက်မျှလည်းမပြခဲ့ပါ။
မှန်ပေါ်မှာလက်ညှိုးထောက်လိုက်ပြီးဖီးလီးယက်စ်ရဲ့အညိုရောင်မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်မိသည်။

"ခင်ဗျားမျက်ဝန်းတွေအရမ်းလှတာပဲ"

"ဒါပေမဲ့ကျွန်တော်နားမလည်ဘူး
သောမတ်စ်ဝိန်းကဘာဖြစ်လို့ခင်ဗျားကိုနမ်းတဲ့အခါမျက်လုံးတွေကိုအုပ်ပြီးနမ်းတာလဲ"

မှိုင်းညို့နေတဲ့မျက်ဝန်းတွေကတော့အဖြေတစ်စုံတစ်ရာကိုမှပေးလာခြင်းမရှိခဲ့ပေ။

"ကျွန်တော့်အထင်တော့ဝိန်းကတစ်စုံတစ်ခုကိုဖုံးကွယ်ထားတဲ့ပုံပေါ်တယ်
သူ့မျက်လုံးအရောင်တွေကအမျိုးမျိုးပြောင်းနေတာ"

"ခင်ဗျားလည်းအဲ့တာကိုသတိထားမိလောက်ပါတယ်"

မှန်ကိုကြည့်ကာစကားတွေပြောနေခဲ့ပြီးနောက်ပိုင်းတွင်လမ်းလျှောက်ထားလို့ပင်ပန်းလာတာကြောင့်ကုတင်ပေါ်တွင်နေရာယူမိလိုက်သည်။
တကယ်တမ်းပြောရရင်သူ့ရဲ့၂၁ရာစုကဘဝလေးကိုလွမ်းပါသည်။
မိဘနှစ်ပါးကိုလည်းလွမ်းသည်။ဆော့ဟွန်းကိုလည်းလွမ်းသည်။
သူ့နောက်ကိုပြေးလိုက်တဲ့ခွေးလေးကိုလည်းလွမ်းသည်။

လုံးဝမတူညီတဲ့အခြေအနေတွေကိုဖြတ်သန်းနေရတဲ့ဂျီမင်းအဖို့တော့သူ့ရဲ့၂၁ရာစုကရှပ်တီးရှပ်ပြာဘဝလေးကိုပဲပြန်လည်လိုချင်တောင့်တနေမိသည်။
သို့ပေမဲ့သော်ငြားလည်း၂၀ရာစုမှပြန်လမ်းသည်ထိုနေ့မရောက်မချင်းပေါ်လာဦးမှာမဟုတ်ပေ။
ထို့ကြောင့်သူ့မှာဦးနှောက်ပင်ပေါက်ထွက်နိုင်သောအတွေးများကိုတနင့်တပိုးမနိုင်မနင်းသယ်ပိုးရင်းဖြစ်နိုင်ချေများကိုမှန်းယူနေရသည်။

ဤကဲ့သို့အချိန်ဖြုန်းနေ၍မဖြစ်သေးချေ။
တစ်ခုခု အသုံးဝင်နိုင်မယ့်အချက်အလက်တစ်ခုခုကိုရှာဖွေကြည့်ရမည်။

ဖီးလီးယက်စ်ရဲ့ကျယ်ဝန်းလှသောအိမ်အတွင်းရှိသမျှအခန်းများကိုတစ်ခန်းပြီးတစ်ခန်းလိုက်ဖွင့်နေလိုက်သည်။
ပထမတစ်ခေါက်ဖွင့်တုန်းကအပေါ်ယံမျှသာကြည့်ခဲ့ခြင်းဖြစ်ပြီးတော့ယခုတစ်ခေါက်တွင်မူမတူညီသောရှုထောင့်ကနေကြည့်ရမည်ဖြစ်သည်။

ပထမဦးစွာအပေါ်ထပ်ရှိအခန်းများကိုဝင်လိုက်သည်။ဘာမှထူးဆန်းတာမျိုးမတွေ့ရဘဲအခန်းများကအလွတ်ချည်းသာဖြစ်သည်။
တကယ်တမ်းကျတော့ဖီးလီးယက်စ်ရဲ့အိမ်ကကျယ်သာကျယ်တာ၊ပစ္စည်းပစ္စယာကအများကြီးမရှိ။

နောက်ဆုံးအခန်းတစ်ခု။
ထိုအခန်းထဲတွင်တောက်ပနေသောစန္ဒရားကြီး ရှိနေသည်။
ရောက်ရောက်ချင်းအခါကသူတွေ့ရုံမျှသာ
တွေ့ခဲ့သောစန္ဒရားဖြစ်ပြီးစိတ်မဝင်စား၍မကြည့်ခဲ့မိပေ။ထို့ကြောင့်သေသေချာချာစူးစမ်းရန်ထိုအခန်းအတွင်းသို့ဝင်လာလိုက်သည်။

စန္ဒရားကသန့်ရှင်းရေးမလုပ်ဖြစ်တာကြောင့်လား။
သူစတွေ့စဉ်အခါကတောင်ပြောင်ပြောင်လက်လက်
ရှိနေခဲ့ပေမဲ့ယခုမှာတော့ဖုန်အနည်းငယ်တက်နေလေသည်။ဝိန်း၏ပြောစကားအရဒီစန္ဒရားဟာသူ့ရဲ့အကြိုက်ဆုံးဖြစ်လေတော့ဖီးလီးယက်စ်နဲ့အတူဒီအိမ်ထဲမှာ သံစဉ်တွေတီးခတ်ခဲ့ကြပုံပေါ်သည်။

ဖုန်ပေနေသောစန္ဒရားခလုတ်များကိုကြည့်ရင်းစိတ်ထင်ရာတစ်ခုကိုရွေးကာခပ်ဖွဖွနှိပ်ချလိုက်သည်။ 'တုန်'ခနဲမြည်သံနှင့်အတူစန္ဒရားကတစ်ဖန်ပြန်လည်ငြိမ်သက်သွားသည်။

ဘာမှမထူးခြားခဲ့ပါ။ တစ်စုံတစ်ခုသောအချက်အလက်လေးများရနိုင်မလားလို့အိမ်အနှံ့ကိုပတ်ရှာခဲ့သော်လည်းဘာမှမရခဲ့သည့်
အပြင်ဤစန္ဒရားသည်လည်းထိုနည်းလည်းကောင်း
ဖြစ်နေတာကြောင့်ဂျီမင်းစိတ်ပျက်သွားသည်။

"အစ်ကို..."

လေတိုးသံသဖွယ်ခပ်ညှင်းညှင်းအသံတစ်ခု။
သို့သော်ဒါသည်ဝိန်းအသံမှန်းသူသိနေသည်။
သူ့ရင်ထဲကနေသိနေခြင်းဖြစ်သည်။
ထို့အပြင်ဒီလေသံကဂျီမင်းအတွက်ရင်းနှီးနေတာထက်ပိုသည်။

"အစ်ကို..."

နောက်တစ်ခါထပ်ကြားလိုက်ရတဲ့လေသံ...။
ဝိန်းသည်လန်ဒန်ကနေဒီကိုချက်ချင်းပြန်ရောက်လာနိုင်တာလည်းမဟုတ်။အိမ်ထဲမှာသူတစ်ယောက်တည်းသာရှိနေခြင်းဖြစ်သည်လေ။

အသံသည်အဘယ်ကလာပါသနည်း ။

" အစ်ကို.."

တတိယအကြိမ်မြောက်ကြားလိုက်ရသည့်အခါတွင်တော့
ဂျီမင်းသေချာသွားတော့သည်။ဒီခေါ်သံညှင်းညှင်းသည်စန္ဒရားဆီမှလာနေခြင်းသာဖြစ်လေသည် ။

ထို​ကြောင့်သူစန္ဒရားဆီသို့ခပ်မြန်မြန်လျှောက်သွား
လိုက်သည်။တီးခတ်မည့်ခုံတွင်ဝင်ထိုင်မိသည်နှင့်တစ်ပြိုင်နက်သာယာငြိမ့်ညောင်းစွာထွက်လာတဲ့တီးလုံးတွေ၊အငွေ့သဏ္ဌာန်ပုံရိပ်တွေကအခန်းအတွင်းနေရာအနှံ့အပြားမှာပေါ်ပေါက်လာပြီးပတ်ဝန်းကျင်ကား တမူပြောင်းလဲသွားတော့သည်။

အလင်းရောင်ကောင်းကောင်းမရတဲ့အခန်းကမီးရောင်စုံဖြင့်ထိန်လင်းနေသည့်အခန်းအဖြစ်သို့ရုတ်ချည်းပြောင်းလဲသွားသည်။ထိုတွင်မကသူ့ရဲ့ဘေးနားမှာအပြုံးလှလှများဖြင့်စန္ဒရားကိုတီးခတ်နေတဲ့ဝိန်းကိုပါတွေ့လိုက်ရသည်။

"အစ်ကိုသဘောကျတယ်မလား"

ဝိန်း၏မေးခွန်းသည်သူ့ကိုရည်ရွယ်ခြင်းမဟုတ်ခဲ့။

"အင်း စန္ဒရားသံကိုသဘောကျတယ်
စန္ဒရားတီးနေတဲ့မင်းကိုဆို ပိုလို့တောင်သဘောကျသေးတယ်"

သူ့နောက်ပါးမှထွက်ပေါ်လာသည့်အသံကြောင့်
လှည့်ကြည့်မိတော့
ဘုရားရေ..သူနဲ့ရုပ်တူတဲ့လူတစ်ယောက်ပါလား။
မြင်ကွင်းကရေးတေးတေးမို့မျက်နှာကိုသိပ်မမြင်ရပေ။
သို့ပေမဲ့ဖီးလီးယက်စ်ဖြစ်ဖို့ကရာခိုင်နှုန်းပိုများသည်။

"ကျွန်တော့်နားလာထိုင်"

ပြုံးပြုံးရွှင်ရွှင်ခေါ်နေတဲ့ဝိန်းကိုသူခပ်ထွေထွေလေးငေးမိသည်။သူသဘောကျတဲ့ယုန်သွားလေးတွေပါပေါ်အောင်ထိဝိန်းကပြုံးနေခဲ့သည်။
အခုလတ်တလောဂျီမင်းကိုပြုံးပြတဲ့အပြုံးတွေနှင့်လားလားမျှမဆိုင်။
သိပ်ကိုသဘာဝဆန်လွန်းသည်။

"အစ်ကို စမ်းတီးကြည့်ပါလား "

"ဟင့်အင်း ဒီတိုင်းမင်းတီးနေတာကိုပဲ
ကြည့်မယ် ဝိန်း "

"လာပါ စမ်းကြည့်ပါ
အစ်ကိုကလည်း ပျော်ဖို့ကောင်းမှာပါ "

ထိုအခါပုံရိပ်ယောင်ဖီးလီးယက်စ်သည်ဝိန်းဘေးတွင်နေရာယူလိုက်သည်။စန္ဒရားခလုတ်လေးတစ်ခုကိုထိကြည့်ဖို့တွန့်ဆုတ်နေတဲ့ ဖီးလီးယက်စ်ရဲ့လက်လေးကိုဝိန်းကသူ့လက်ဖဝါးတွေဖြင့်အုပ်ကိုင်ကာရဲရဲတင်းတင်းထိတွေ့စေသည်။

စစချင်းထွက်ပေါ်လာသည့်သံစဉ်လေးတွေသည်လုံးဝမညီညာခဲ့ပါ။သို့ပေမဲ့ဝိန်းတို့နှစ်ယောက်လုံးသည်အပြုံးလေးတွေကိုယ်စီချိတ်ဆွဲထားခဲ့ကြသည်။
ဝိန်းသည်ဖီးလီးယက်စ်၏ပါးလှစ်လှစ်ကိုယ်လေးကိုသူ့ပေါင်ပေါ်ဆွဲတင်ကာလက်နှစ်ဖက်လုံးကိုစန္ဒရားပေါ်တွင်သေသေချာချာနေရာချပေးလိုက်ရင်းသူကတော့အပေါ်မှအုပ်ကိုင်ထားသည်။

"သေချာလိုက်မှတ်နော်
ကျွန်တော်သင်ပေးမယ်"

ဖီးလီးယက်စ်ကစိတ်လှုပ်ရှားသည့်မျက်ဝန်းများနှင့်ဝိန်းကိုစိုက်ကြည့်ရင်းခေါင်းငြိမ့်ပြသည်။ဝိန်းသည်ဖီးလီးယက်စ်၏ပါးကိုခပ်ဖွဖွတစ်ချက်နမ်းလိုက်သည်။

ဝိန်းရဲ့လက်တို့စတင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက်ခပ်လှလှသံစဉ်တို့ကအစဉ်ကျကျလေးပေါ်ထွက်လာတော့သည်။သူတို့တီးခတ်နေသည်ကCarol of the Bellsလို့အမည်ရတဲ့တေးသွားပင်ဖြစ်သည်။

သံစဉ်လေးတွေမြင့်သွားလေတိုင်းဖီးလီးယက်စ်၏လက်လေးများတုန်သွားသည်ကိုဝိန်းကသတိထားမိပုံရသည်။

"စိတ်တင်းမထားနဲ့ အစ်ကို
ကျွန်တော့်ချစ်ခြင်းသံစဉ်တွေထဲမျောပြီးသာတီးခတ်လိုက်"

ဝိန်း၏ရင်ဘတ်သည်ဖီးလီးယက်စ်နှင့်နီးကပ်နေသည်မို့ကြားနေရတဲ့ရင်ခုန်သံတွေသည်အတိုင်းသား။
စန္ဒရားတီးသံထက်လှတဲ့သံစဉ်တွေဖြစ်တဲ့ဝိန်းရဲ့ရင်ခုန်သံတွေကိုသာမျက်လုံးမှိတ်ပြီးခံစားနေလိုက်သည်။

ဝိန်းသည်လည်းဖီးလီးယက်စ်ရဲ့ပုခုံးပေါ်မေးတင်လျက်ဖီးလီးယက်စ်၏မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုသိပ်လှပတဲ့ကြွေရုပ်ကလေးအားငေးနေသည့်အတိုင်းပင်အသေးစိတ်ငေးမောနေသည်။
ဝိန်းသည်ဂန္တဝင်အဆင့်မြောက်သည့်စန္ဒရား ပညာရှင်တစ်ယောက်ဖြစ်သည်ဟုဆိုနိုင်သည်။

အလုံးစုံသောအာရုံသည်ဖီးလီးယက်စ်တစ်ယောက်တည်း၌သာရှိသော်လည်းစန္ဒရားတီးခတ်မှုမှာတစ်စုံတစ်ခုမှအမှားအယွင်းမရှိ။
နောက်ဆုံးသံစဉ်ကိုတီးခတ်ပြီးနောက်
ဖီးလီးယက်စ်သည်မျက်လုံးပွင့်လာသည်။

"ဝိန်းကတော်လိုက်တာ.."

ဖီးလီးယက်စ်သည်မျက်လုံးဖွင့်လိုက်သည်နှင့်အနူးညံ့ဆုံးငေးကြည့်နေတဲ့ချစ်ရိပ်ရွှမ်းဝိန်းမျက်ဝန်းတွေနဲ့ ဆုံမိသည်။နီရဲသွားတဲ့ပါးတွေနဲ့အတူဝိန်းမျက်ဝန်းတွေဆီကရှောင်လွှဲနိုင်ဖို့သူ့ရဲ့မျက်နှာကိုအောက်သို့ငုံ့ချသွားသည်။

"အစ်ကို ရပြီလား
မှတ်မိလား"

ဖီးလီးယက်စ်ကခပ်သွက်သွက်ပင်ခေါင်းခါပြသည်။
ထိုအမူအရာကိုဝိန်းရဲ့မျက်လုံးတွေကနားမလည်သည့်ဟန်ဖီးလီးယက်စ်အားမျက်မှောင်ကြုတ်ကြည့်လိုက်သည်။

"ဟင့်အင်း ငါကမင်းရင်ခုန်သံတွေပဲ နားထောင်နေခဲ့တာလေ"

"အဟ အစ်ကိုကတော့..."

ဝိန်းသည်သဘောတကျရယ်လိုက်ကာဖီးလီးယက်စ်၏နဖူးပြေပြေလေးအားခပ်ဖွဖွနမ်းရှိုက်သည်။

"ဒါဆိုရင်ကျွန်တော်ထပ်တီးပြမယ်
နားထောင် "

ဖီးလီးယက်စ်သည်ဝိန်းရင်ခွင်ထဲတွင်ကွေးကွေးလေးဝင်နေလိုက်သည်။ဝိန်းရဲ့ရင်ဘတ်တွေပေါ်လက်ကလေးတင်လိုက်ကာအင်္ကျီစတွေကိုဆုပ်ကိုင်ထားသည်။

"တီးလေ ငါနားထောင်မယ်"

ဒီတစ်ခါတော့ဝိန်းကSwan Songကိုတီးခတ်ခဲ့သည်။အေးငြိမ့်ငြိမ့်လေးဖြင့်စတင်လာကာသံစဉ်သည်တစ်ခန်းလုံးကိုလွင့်ပျံ့ပြီးငြိမ်းချမ်းသည့်ခံစားမှုတွေပေးသည်။

" It'll be our swan song..."

ဖီးလီးယက်စ်ကသီချင်းသံအားခပ်တိုးတိုးလိုက်ညည်းမိလိုက်သည်။

ဝိန်းသည်သံစဉ်တွေကိုဖြည်းညှင်းစွာရပ်တန့်လိုက်သည်။ နောက်ဆုံးမှာတော့ရင်ခွင်ထဲမှဖီးလီးယက်စ်ကိုပွေ့ပိုက်လိုက်ကာမျက်ဝန်းအိမ်တွေထဲစူးစူးနစ်နစ်စိုက်ကြည့်မိသည်။

"ဘာလို့ရပ်လိုက်တာလဲ"

"အစ်ကို့မျက်နှာလေးကကျွန်တော့်ကိုစန္ဒရားတီးမရအောင်နှောင့်ယှက်နေတယ်
နောက်ပြီးတော့အစ်ကိုကကျွန်တော်သံစဉ်တွေထက်လှနေတာကိုး"

ခိုးခိုးခစ်ခစ်ရယ်သံလေးကဖီးလီးယက်စ်ဆီမှထွက်လာပြီးဝိန်း၏ဖြောင့်စင်းနေသောနှာတံလေးကိုလက်ဖြင့်ခပ်ဖွဖွထိတွေ့နေသည်။

ဝိန်းသည်ရင်ခွင်ထဲမှဖီးလီးယက်စ်အားမျက်နှာချင်းဆိုင်
ထိုင်စေသည်။ယခုဆိုလျှင်ဖီးလီးယက်စ်သည်ဝိန်းကိုခွလျက်သား။ဖီးလီးယက်စ်၏လက်တို့သည်ဝိန်းပခုံးတွင်ယှက်တင်ကာ
ခြေထောက်သွယ်သွယ်လေးတွေသည်ဝိန်းခါးတွင်ချိတ်လျက်ပင်ဖြစ်နေခဲ့တော့သည်။

ဝိန်း၏လက်တို့သည်လည်းဖီးလစ်၏ခါးသွယ်သွယ်အားခပ်တင်းတင်းရစ်နွယ်ထားသည်။ဖီးလီးယက်စ်သည်ခေါင်းလေးကိုဖြည်းညင်းစွာယိမ်းလျက်ဝိန်းကိုစိုက်ကြည့်ကာပြုံးပြသည်။
ထိုအကြည့်တွေမှာထာဝရအတွက်တည်ရှိနေမည့်ချစ်ခြင်းတရားတွေကိုရှင်းလင်းစွာမြင်နေရသည်။

နောက်ဆုံးဝိန်းသည်ဖီးလီးယက်စ်၏နှုတ်ခမ်းတွေကိုတပ်တပ်မက်မက်နမ်းရှိုက်လိုက်တော့သည်။
ဖီးလီးယက်စ်သည်လည်းမျက်ခွံလေးတွေပိတ်ကာဝိန်း၏ နှစ်လိုဖွယ်အနမ်းတွင်မျောပါနေလျက်။

ထိုအခြေအနေတွေအကုန်လုံးကိုရှင်းရှင်းလင်းလင်းထိုင်ကြည့်နေရသည့်လူပျိုလေးဂျီမင်းမှာတော့မျက်နှာတွေပူလောင်လာခဲ့လေတော့သည်။
တစ်ပြိုင်နက်တည်းမှာပင်ထိတွေ့မှု နူးညံ့မှုတွေကသူ့ဆီမှာပါခံစားနေရသည်။
သူပိုင်ဆိုင်ထားတာဖီးလီးယက်စ်ရဲ့ခန္ဓာကိုယ်မဟုတ်ပါလား။

ရုတ်တရက်အသက်ရှူတွေကျပ်လာကာမျက်လုံးတွေကိုစုံမှိတ်ချလိုက်သည်။
အဲ့ဒီနောက်မှာအမှောင်ထဲသွယ်ဝိုက်ကာပေါ်လာတဲ့မီးခိုးရောင်မျက်ဝန်းတွေကသရဲသဘက်သဖွယ်ခြောက်လှန့်လေသည်။

"ဝိန်းကိုငါပဲပိုင်ချင်တယ်
ဝိန်းကငါ့ဟာ..."

"မင်းကိုငါတစ်ခါလေးမှကြည့်လို့မရခဲ့တာ
ဒါကြောင့်မလို့...မင်းကဝိန်းကိုပိုင်နေတယ်လေ!!"

"ငါလိုချင်တာတစ်ခုတည်းပါ
ငါမရနိုင်တဲ့ဝိန်းရဲ့အချစ်
အဲ့တာသာရရင်သေဆိုရင်လည်းအခုချက်ချင်းသေရဲတယ်"

"မင်းဘာမှနားမလည်ပါဘူး
ဘာကြောင့်လဲဆိုရင်မင်းကဘယ်တုန်းကဒုက္ခတွေကိုခံစားဖူးလို့လဲ
အကုန်ငါပဲခံစားခဲ့ရတာ"

"မင်းနဲ့ငါဒီလောက်ရုပ်ချင်းတူတာတောင်ငါ့ထက်အခွင့်အရေးပိုရတဲ့မင်းကိုငါလုံးဝမနာလိုဘူး"

အချိန်တွေရပ်တန့်နေတဲ့အခိုက်မှာဂျီမင်းခေါင်းထဲကအကြောင်းအရာများကပေါက်ကွဲထွက်မတတ်စုပြုံလာခဲ့လေသည်။ကြိမ်နှုန်းမြင့်အသံတွေကသူ့ခေါင်းထဲမှာချာချာလည်နေသည်။

အားယူကာမျက်လုံးတွေကိုပြန်ဖွင့်လိုက်တော့ပုံရိပ်ယောင်တွေကိုမမြင်ရတော့ချေ။
စန္ဒရားမှလည်းအသံများကထပ်ပြီးတော့ထွက်မလာခဲ့တော့...။
ပေါ်လာသမျှအားလုံးကပျောက်ကွယ်သွားကာပုံမှန်အခြေအနေအတိုင်းပြန်လည်ရောက်ရှိသွားသည်။

"ငါတော့သေတော့မှာပဲ"

ဂျီမင်းခပ်တိုးတိုးညီးညူလိုက်ကာရှုပ်ပွနေသောသူ၏ဆံပင်များကိုလက်ဖြင့်ဖြီးသင်လိုက်သည်။
ဒီအတိုင်းနေရင်းဖြင့်ပင်ဝမ်းနည်းတဲ့မုကြီးကဝင်လာတာမို့အိပ်ရာပေါ်သွားပြီးသာအိပ်လိုက်ဖို့ကြိုးစားမိသည်။
အိပ်ရင်တော့စောနကလိုအိမ်မက်တွေကပေါ်ချင်မှပေါ်လာမှာပါ။

သို့ပေမဲ့ဂျီမင်းမသိခဲ့သည်ကထိုအရာများသည်အိမ်မက်များမဟုတ်ခဲ့ဘဲမှတ်ဉာဏ်အပိုင်းအစများသာဖြစ်သည်ဟူသောအကြောင်းပင်ဖြစ်သည်။
တစ်ခုရှိတာကအဲ့တာတွေကဘယ်သူ့ရဲ့မှတ်ဉာဏ်တွေလဲ....

____

ဤနေ့ကကပွဲသွားရမည့်နေ့။
အညိုရောင်ဝတ်စုံများထဲကကောင်းနိုးရာရာတစ်ခုကိုဆွဲယူလိုက်ကာဝတ်ဆင်လိုက်သည်။
ဒီတစ်ခါတော့ကုတ်အင်္ကျီအရှည်မဟုတ်ဘဲvestလိုမျိုးခပ်တိုတိုဖြစ်သည်။
ဘောင်းဘီကအစvestအဆုံးအညိုရောင်များသာဖြစ်သည်။အောက်တွင်တော့အဖြူလက်ရှည်တစ်ထပ်ကိုခံဝတ်ထားသည်။

ဝတ်ဆင်ထားတဲ့ဝတ်စုံနဲ့မတူညီစွာပဲဖီးလီးယက်စ်ရဲ့မျက်ဝန်းများကမှေးမှိန်နေသည်။

"ကျွန်တော်ဒီကပွဲကိုသွားတာမှန်လား ဖီးလီးယက်စ်"

"ခင်ဗျားဘာလို့ကျွန်တော့်ကိုမှရွေးခဲ့ရတာလဲ
တခြားလူတွေအများကြီးရှိပါရဲ့နဲ့လေ"

"အကယ်၍များ၂၄ရက်နေ့ရောက်တဲ့အထိဝီလီယမ့်ကိုရှာမတွေ့ခဲ့ဘူးဆိုရင်ရော"

ဒီမေးခွန်းတွေကိုမှန်ကြည့်ပြီးမေးနေလည်းမထူးပါ။
မှန်ထဲကဖီးလီးယက်စ်သည်ဂျီမင်း၏ပုံရိပ်ယောင်သာဖြစ်၍မည်သို့သောအဖြေကိုမျှပြန်ပေးနိုင်မည်မဟုတ်ချေ။

"ကျွန်တော်ကြိုးစားကြည့်သင့်တယ်ထင်တာပဲ"

အညိုရောင်ဆံပင်တွေကိုအတတ်နိုင်ဆုံးသပ်ရပ်သွားအောင်ဖြီးလိုက်သည်။
မှန်ထဲကိုနောက်တစ်ခေါက်လောက်သေချာအောင်ကြည့်၍အပြီးတွင်ဂျီမင်း၏ခြေလှမ်းများက ကပွဲဆီသို့ဦးတည်ခဲ့လေသည်။

သစ်လွင်လှပသောရထားလုံးတစ်စီးကအိမ်ရှေ့တွင်စောင့်ကြိုနေသည်။
ထိုရထားလုံးမှာဟင်နရီချားလ်စ်ကခေါ်ထားပေးသောရထားလုံးဖြစ်သည်။
ဂျီမင်းလည်းထိုရထားလုံးအတွင်းသို့တက်လိုက်ကာလမ်းတစ်လျှောက်ကိုမှတ်သားနေမိသည်။

ညဘက်ဖြစ်သည့်အတွက်ပတ်ဝန်းကျင်ကမှောင်မိုက်လို့နေသည်။အိမ်လေးများ၏ရှေ့တွင်ထွန်းထားသောမီးတိုင်များသာမရှိလျှင်လမ်းများကိုကောင်းစွာမြင်ရမည်မဟုတ်ပေ။

ဖြည်းဖြည်းချင်းသွားနေသောရထားလုံးလေးသည်ကြီးကျယ်လှသောအိမ်ကြီးတစ်ခုရှေ့တွင်ရပ်သွားသည်။
ရထားလုံးပေါ်ကဆင်းဆင်းချင်းတွေ့လိုက်ရတာကချားလ်စ်မိသားစု၏ယမ်းအမှတ်တံဆိပ်ပင်ဖြစ်သည်။

"မစ္စတာ.."

အချိန်အတော်ကြာအကဲခတ်နေသောသူ့အားအစေခံတစ်ယောက်ကလာ၍ခေါ်နေသည်အားမိနစ်အနည်းငယ်ကြာမှသာကြားသည်။

"အထဲကိုကြွပါခင်ဗျာ"

"အင်း"

မီးရောင်များဖြင့်ထိန်လင်းနေသောကပွဲခန်းမကြီးထဲတွင်လူအမြောက်အမြားရှိနေပြီးအားလုံးကဝတ်ကောင်းစားလှများဝတ်ဆင်ထားကြသည်။
ဂီတအဖွဲ့ကလည်းသီချင်းငြိမ့်ငြိမ့်လေးအားတီးခတ်နေခဲ့လေသည်။

ဤကပွဲကဂုဏ်ကျက်သရေရှိလူတန်းစားများသာလာကြသောကပွဲမျိုးပင်။
ဂျီမင်းသမိုင်းထဲမှာဖတ်ခဲ့သလောက်ကတော့ဘာတွန်ကလူချမ်းသာတွေအများစုနေထိုင်ကြသောမြို့ဖြစ်သည်။
အိမ်နေရာမြေကွက်များကဈေးမြောက်ပြီးနေလို့ထိုင်လို့ကောင်းသောနေရာမျိုးဖြစ်လေသည်။
လူတိုင်းလိုလိုပင်စားနိုင်သောက်နိုင်ပြီးငွေကြေးလည်းပြည့်စုံကြသည်။မြို့သားများပင်ဤမျှလောက်ချမ်းသာလျှင်မြို့တော်ဝန်ဆိုရင်တော့ပြောဖွယ်ရာမရှိ။
သောမတ်စ်ဝိန်းမှာပိုင်ဆိုင်မှုတွေအများကြီးရှိလောက်သည်။

"အော် ဖီးလီးယက်စ်
ကိုယ်ကမလာတော့ဘူးတောင်ထင်နေတာ"

ဝိန်းအကြောင်းတွေးနေစဉ်မှာပဲကြားလိုက်ရတဲ့ဟင်နရီချားလ်စ်ရဲ့အသံကြောင့်အသံလာရာဘက်ကိုလှည့်ကြည့်မိလိုက်သည်။ပွဲရဲ့ပိုင်ရှင်တစ်ဖြစ်လဲဟင်နရီချားလ်စ်ကအလွန်ရှင်းသန့်နေကာဆံပင်တွေကိုနောက်အပြောင်သိမ်းထားသည်။
ရုတ်တရက်ကြည့်လိုက်ရင်တစ်စုံတစ်ယောက်နဲ့တူနေသလိုလို...

"မစ္စတာဟင်နရီကရထားလုံးတောင်လွှတ်ပေးလိုက်တာပဲ
ကျွန်တော်မလာစရာအကြောင်းရှိပါ့မလား"

"ဟုတ်ပါပြီဗျာ စိတ်ကြိုက်သာပျော်ပါးပါ
ဒီနေ့ကချားလ်စ်ရဲ့အမွေပိုင်ဆိုင်မှုကိုကိုယ့်ဆီကိုလွှဲတဲ့နေ့ဖြစ်လို့လေ ကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပေးပါ"

"ကြားရတဲ့သတင်းကောင်းအတွက်ဂုဏ်ပြုပါတယ် မစ္စတာဟင်နရီ"

"သာယာတဲ့ညခင်းလေးဖြစ်ပါစေ ဖီးလီးယက်စ်"

ဟင်နရီကအရက်ခွက်တစ်ခွက်ကိုမြှောက်လိုက်ကာပြုံးပြသည်။လွင့်မြောမြောသီချင်းသံကြားအချို့က ကနေကြသလိုအချို့ကလည်းစကားပြောနေကြသည်။
၁၉၀၀ရုပ်ရှင်တွေထဲမှာတွေ့ရတတ်သောကပွဲမျိုးဖြစ်၍ဂျီမင်းဒီလိုအခြေအနေတွေနှင့်တစ်ခါသောမျှမရင်းနှီးဖူးပေ။

"မစ္စတာ ဒီမှာဝိုင်ပါ"

စားပွဲထိုးတစ်ဦးကမ်းသွားပေးတဲ့ဝိုင်ခွက်ကိုယောင်နနဖြင့်ယူလိုက်ကာအခြေအနေတိုင်းကိုအကဲခတ်နေမိသည်။လက်ထဲကဝိုင်ခွက်ကိုလည်းဘယ်နားသွားထားရမှန်းမသိ။သူ၏ရာစုနှစ်မှာဆိုလျှင်ဂျီမင်းကအသက်ပြည့်ပြီးကာစလူငယ်လေးတစ်ယောက်သာဖြစ်သည်။
ဤလိုအရာမျိုးကိုမမြည်းစမ်းဖူးပါ။

အခုလောလောဆယ်တွင်သူ၏ပစ်မှတ်ကဟင်နရီချားလ်စ်ဖြစ်သည်။မျက်စောင်းထိုးတစ်နေရာတွင်နေကာဟင်နရီချားလ်စ်၏လှုပ်ရှားမှုမှန်သမျှကိုစောင့်ကြည့်ရမည်။
အစောပိုင်းတွင်ဟင်နရီကစကားပြောနေဆဲဖြစ်သော်လည်းတစ်နာရီခန့်အကြာတွင်ဟင်နရီရဲ့ဘေးမှာအခြားတစ်စုံတစ်ယောက်ကစကားတီးတိုးလာပြောသည်ကိုတွေ့လိုက်ရသည်။

ထိုခဏတာအပြီးတွင်ဟင်နရီရဲ့မျက်ခုံးများကကျုံ့သွားပြီးစကားပြောလက်စကိုဖြတ်ကာအခြားတစ်နေရာသို့လျှောက်သွားသည်။
ထို့ကြောင့်ဂျီမင်းလည်းထွက်ခွာသွားသောဟင်နရီနောက်သို့မသိမသာလိုက်ရတော့သည်။
လူများကအနည်းငယ်ကျပ်နေတာကြောင့်ဂျီမင်းမှာတွန်းထိုးကာလိုက်ရသည်။
ဟင်နရီကအပေါ်ထပ်သို့တက်သွားအပြီးတွင်လိုက်ကာအနောက်ကအမျိုးသမီးတစ်ဦးထွက်လာသည်ကိုတွေ့လိုက်ရသည်။
အမျိုးသမီး၏ဆံပင်တွင်ငှက်မွှေးလိုအရာတစ်ခုပန်ဆင်ထားသည်ကိုရုတ်ချည်းမြင်လိုက်ရလေသည်။

ဂျီမင်းမှာမော့ကြည့်ရင်းဖြင့်ပင်ဆက်လျှောက်လာရာသူ၏ဝသီအတိုင်းပင်တစ်စုံတစ်ယောက်ကိုဝင်တိုက်မိကာဝိုင်စက်များကထိုလူအပေါ်ဖိတ်စင်ကုန်လေတော့သည်။
နီရဲရဲဝိုင်များကထိုလူ၏အဖြူဝတ်စုံအပေါ်စွန်းထင်းကုန်သည်။

"ကျွန်တော် တောင်းပန်..."

ခွမ်းးးးးးးး

တောင်းပန်စကားဆိုကာမျက်နှာကိုမော့ကြည့်လိုက်သည်တွင်မမျှော်လင့်ထားသောမျက်နှာတစ်ခုကိုတွေ့လိုက်ရသည့်အတွက်ဂျီမင်း၏လက်ထဲကဝိုင်ဖန်ခွက်လေးသည်ကြမ်းပြင်ပေါ်တွင်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားလေတော့သည်။

"ဝိန်း ဘယ်လိုကနေဒီကို...."

____

မှတ်ဉာဏ်တွေကအရေးကြီးပါတယ်
အဲ့တာတွေကနေတစ်ဆင့်ဝိန်းရဲ့စိတ်ကိုသိနိုင်မှာမို့လို့ပါ

ဖိဘတ်လေးတွေလိုချင်ပါ၏
.
.
.
.
Zawgyi

ခ်စ္ျခင္းေတးသံမ်ားသီကာကံုးလို႔အတိတ္ေရယာဥ္ေၾကာဝယ္ေမ်ာပါ...

အရာရာတိုင္းကရႈပ္ေထြးသထက္ရႈပ္ေထြးလာကာအစရွာမရေတာ့တဲ့အပ္ခ်ည္လံုးတစ္လံုးနွင့္တူလာသည္။
ဤကိစၥနွင့္ပက္သက္ၿပီးဂ်ီမင္းဘက္ကအစတစ္စကိုပင္ဆြဲထုတ္၍မရေသးပါ။
ဘာကိုမွေသေသခ်ာခ်ာမသိတဲ့သူ႔အဖို႔ေတာ့ေကာက္ရိုးပံုထဲအပ္တစ္ေခ်ာင္းရွာရတာကပင္ပိုမို၍လြယ္ကူေလာက္ဦးမည္။

အခ်ိန္ေတြကရပ္တန္႔မေနဘဲတျဖည္းျဖည္းကုန္ဆံုးလာတာေၾကာင့္ဒီရက္ေတြအတြင္းမွာပဲဝီလီယမ္အာသာကိုအျမန္ဆံုးရွာေတြ႕ဖို႔လိုသည္။
ကိုယ္လံုးေပၚမွန္ေရွ႕မတ္တတ္ရပ္ေနရင္းမွန္ေပၚတြင္ထင္းေနသည့္ဖီးလီးယက္စ္ရဲ႕ပံုရိပ္ကိုၾကည့္လိုက္ကာဂ်ီမင္းသက္ျပင္းခ်လိုက္မိသည္။

"မစၥတာဖီးလီးယက္စ္ ခင္ဗ်ားေရာဘယ္လိုထင္လဲ"

"စာအုပ္ကေျပာေနခဲ့တဲ့အေၾကာင္းအရာေတြ
သတိေပးတဲ့အသံေတြကေရာ ဝီလီယမ္ကိုရွာဖို႔ကူညီနိုင္မွာလား"

"အကယ္၍ကြၽန္ေတာ္မဟုတ္ဘဲခင္ဗ်ားသာဆိုရင္လြယ္လြယ္ကူကူနဲ႔အေျဖမွန္ေပၚမယ္ထင္မိတာပဲ"

ပံုရိပ္ေယာင္ကဘာစကားမွလည္းမဆိုခဲ့သလိုအမူအရာတစ္ခ်က္မ်ွလည္းမျပခဲ့ပါ။
မွန္ေပၚမွာလက္ညႇိဳးေထာက္လိုက္ၿပီးဖီးလီးယက္စ္ရဲ႕အညိဳေရာင္မ်က္ဝန္းေတြကိုစိုက္ၾကည့္လိုက္မိသည္။

"ခင္ဗ်ားမ်က္ဝန္းေတြအရမ္းလွတာပဲ"

"ဒါေပမဲ့ကြၽန္ေတာ္နားမလည္ဘူး
ေသာမတ္စ္ဝိန္းကဘာျဖစ္လို႔ခင္ဗ်ားကိုနမ္းတဲ့အခါမ်က္လံုးေတြကိုအုပ္ၿပီးနမ္းတာလဲ"

မႈိင္းညိဳ႕ေနတဲ့မ်က္ဝန္းေတြကေတာ့အေျဖတစ္စံုတစ္ရာကိုမွေပးလာျခင္းမရွိခဲ့ေပ။

"ကြၽန္ေတာ့္အထင္ေတာ့ဝိန္းကတစ္စံုတစ္ခုကိုဖံုးကြယ္ထားတဲ့ပံုေပၚတယ္
သူ႔မ်က္လံုးအေရာင္ေတြကအမ်ိဳးမ်ိဳးေျပာင္းေနတာ"

"ခင္ဗ်ားလည္းအဲ့တာကိုသတိထားမိေလာက္ပါတယ္"

မွန္ကိုၾကည့္ကာစကားေတြေျပာေနခဲ့ၿပီးေနာက္ပိုင္းတြင္လမ္းေလ်ွာက္ထားလို႔ပင္ပန္းလာတာေၾကာင့္ကုတင္ေပၚတြင္ေနရာယူမိလိုက္သည္။
တကယ္တမ္းေျပာရရင္သူ႔ရဲ႕၂၁ရာစုကဘဝေလးကိုလြမ္းပါသည္။
မိဘနွစ္ပါးကိုလည္းလြမ္းသည္။ေဆာ့ဟြန္းကိုလည္းလြမ္းသည္။
သူ႔ေနာက္ကိုေျပးလိုက္တဲ့ေခြးေလးကိုလည္းလြမ္းသည္။

လံုးဝမတူညီတဲ့အေျခအေနေတြကိုျဖတ္သန္းေနရတဲ့ဂ်ီမင္းအဖို႔ေတာ့သူ႔ရဲ႕၂၁ရာစုကရွပ္တီးရွပ္ျပာဘဝေလးကိုပဲျပန္လည္လိုခ်င္ေတာင့္တေနမိသည္။
သို႔ေပမဲ့ေသာ္ျငားလည္း၂၀ရာစုမွျပန္လမ္းသည္ထိုေန႔မေရာက္မခ်င္းေပၚလာဦးမွာမဟုတ္ေပ။
ထို႔ေၾကာင့္သူ႔မွာဦးေနွာက္ပင္ေပါက္ထြက္နိုင္ေသာအေတြးမ်ားကိုတနင့္တပိုးမနိုင္မနင္းသယ္ပိုးရင္းျဖစ္နိုင္ေခ်မ်ားကိုမွန္းယူေနရသည္။

ဤကဲ့သို႔အခ်ိန္ျဖဳန္းေန၍မျဖစ္ေသးေခ်။
တစ္ခုခု အသံုးဝင္နိုင္မယ့္အခ်က္အလက္တစ္ခုခုကိုရွာေဖြၾကည့္ရမည္။

ဖီးလီးယက္စ္ရဲ႕က်ယ္ဝန္းလွေသာအိမ္အတြင္းရွိသမ်ွအခန္းမ်ားကိုတစ္ခန္းၿပီးတစ္ခန္းလိုက္ဖြင့္ေနလိုက္သည္။
ပထမတစ္ေခါက္ဖြင့္တုန္းကအေပၚယံမ်ွသာၾကည့္ခဲ့ျခင္းျဖစ္ၿပီးေတာ့ယခုတစ္ေခါက္တြင္မူမတူညီေသာရႈေထာင့္ကေနၾကည့္ရမည္ျဖစ္သည္။

ပထမဦးစြာအေပၚထပ္ရွိအခန္းမ်ားကိုဝင္လိုက္သည္။ဘာမွထူးဆန္းတာမ်ိဳးမေတြ႕ရဘဲအခန္းမ်ားကအလြတ္ခ်ည္းသာျဖစ္သည္။
တကယ္တမ္းက်ေတာ့ဖီးလီးယက္စ္ရဲ႕အိမ္ကက်ယ္သာက်ယ္တာ၊ပစၥည္းပစၥယာကအမ်ားႀကီးမရွိ။

ေနာက္ဆုံးအခန္းတစ္ခု။
ထိုအခန္းထဲတြင္ေတာက္ပေနေသာစႏၵရားႀကီး ႐ွိေနသည္။
ေရာက္ေရာက္ခ်င္းအခါကသူေတြ႕႐ုံမွ်သာ
ေတြ႕ခဲ့ေသာစႏၵရားျဖစ္ၿပီးစိတ္မဝင္စား၍မၾကည့္ခဲ့မိေပ။ထို႔ေၾကာင့္ေသေသခ်ာခ်ာစူးစမ္းရန္ထိုအခန္းအတြင္းသို႔ဝင္လာလိုက္သည္။

စႏၵရားကသန္႔႐ွင္းေရးမလုပ္ျဖစ္တာေၾကာင့္လား။
သူစေတြ႕စဥ္အခါကေတာင္ေျပာင္ေျပာင္လက္လက္
႐ွိေနခဲ့ေပမဲ့ယခုမွာေတာ့ဖုန္အနည္းငယ္တက္ေနေလသည္။ဝိန္း၏ေျပာစကားအရဒီစႏၵရားဟာသူ႕ရဲ႕အႀကိဳက္ဆုံးျဖစ္ေလေတာ့ဖီးလီးယက္စ္နဲ႔အတူဒီအိမ္ထဲမွာ သံစဥ္ေတြတီးခတ္ခဲ့ၾကပုံေပၚသည္။

ဖုန္ေပေနေသာစႏၵရားခလုတ္မ်ားကိုၾကည့္ရင္းစိတ္ထင္ရာတစ္ခုကိုေ႐ြးကာခပ္ဖြဖြႏွိပ္ခ်လိုက္သည္။ 'တုန္'ခနဲျမည္သံႏွင့္အတူစႏၵရားကတစ္ဖန္ျပန္လည္ၿငိမ္သက္သြားသည္။

ဘာမွမထူးျခားခဲ့ပါ။ တစ္စုံတစ္ခုေသာအခ်က္အလက္ေလးမ်ားရႏိုင္မလားလို႔အိမ္အႏွံ႔ကိုပတ္႐ွာခဲ့ေသာ္လည္းဘာမွမရခဲ့သည့္
အျပင္ဤစႏၵရားသည္လည္းထိုနည္းလည္းေကာင္း
ျဖစ္ေနတာေၾကာင့္ဂ်ီမင္းစိတ္ပ်က္သြားသည္။

"အစ္ကို..."

ေလတိုးသံသဖြယ္ခပ္ညႇင္းညႇင္းအသံတစ္ခု။
သို႔ေသာ္ဒါသည္ဝိန္းအသံမွန္းသူသိေနသည္။
သူ႕ရင္ထဲကေနသိေနျခင္းျဖစ္သည္။
ထို႔အျပင္ဒီေလသံကဂ်ီမင္းအတြက္ရင္းနွီးေနတာထက္ပိုသည္။

"အစ္ကို..."

ေနာက္တစ္ခါထပ္ၾကားလိုက္ရတဲ့ေလသံ...။
ဝိန္းသည္လန္ဒန္ကေနဒီကိုခ်က္ခ်င္းျပန္ေရာက္လာနိုင္တာလည္းမဟုတ္။အိမ္ထဲမွာသူတစ္ေယာက္တည္းသာ႐ွိေနျခင္းျဖစ္သည္ေလ။

အသံသည္အဘယ္ကလာပါသနည္း ။

" အစ္ကို.."

တတိယအႀကိမ္ေျမာက္ၾကားလိုက္ရသည့္အခါတြင္ေတာ့
ဂ်ီမင္းေသခ်ာသြားေတာ့သည္။ဒိီေခၚသံညႇင္းညႇင္းသည္စႏၵရားဆီမွလာေနျခင္းသာျဖစ္ေလသည္ ။

ထို​ေၾကာင့္သူစႏၵရားဆီသို႔ခပ္ျမန္ျမန္ေလွ်ာက္သြား
လိုက္သည္။တီးခတ္မည့္ခုံတြင္ဝင္ထိုင္မိသည္ႏွင့္တစ္ၿပိဳင္နက္သာယာၿငိမ့္ေညာင္းစြာထြက္လာတဲ့တီးလုံးေတြ၊အေငြ႕သဏၭာန္ပုံရိပ္ေတြကအခန္းအတြင္းေနရာအႏွံ႔အျပားမွာေပၚေပါက္လာၿပီးပတ္ဝန္းက်င္ကား တမူေျပာင္းလဲသြားေတာ့သည္။

အလင္းေရာင္ေကာင္းေကာင္းမရတဲ့အခန္းကမီးေရာင္စုံျဖင့္ထိန္လင္းေနသည့္အခန္းအျဖစ္သို႔႐ုတ္ခ်ည္းေျပာင္းလဲသြားသည္။ထိုတြင္မကသူ႕ရဲ႕ေဘးနားမွာအျပဳံးလွလွမ်ားျဖင့္စႏၵရားကိုတီးခတ္ေနတဲ့ဝိန္းကိုပါေတြ႕လိုက္ရသည္။

"အစ္ကိုသေဘာက်တယ္မလား"

ဝိန္း၏ေမးခြန္းသည္သူ႕ကိုရည္႐ြယ္ျခင္းမဟုတ္ခဲ့။

"အင္း စႏၵရားသံကိုသေဘာက်တယ္
စႏၵရားတီးေနတဲ့မင္းကိုဆို ပိုလို႔ေတာင္သေဘာက်ေသးတယ္"

သူ႕ေနာက္ပါးမွထြက္ေပၚလာသည့္အသံေၾကာင့္
လွည့္ၾကည့္မိေတာ့
ဘုရားေရ..သူနဲ႔႐ုပ္တူတဲ့လူတစ္ေယာက္ပါလား။
ျမင္ကြင္းကေရးေတးေတးမို႔မ်က္နွာကိုသိပ္မျမင္ရေပ။
သို႔ေပမဲ့ဖီးလီးယက္စ္ျဖစ္ဖို႔ကရာခိုင္နႈန္းပိုမ်ားသည္။

"ကြၽန္ေတာ့္နားလာထိုင္"

ျပဳံးျပဳံး႐ႊင္႐ႊင္ေခၚေနတဲ့ဝိန္းကိုသူခပ္ေထြေထြေလးေငးမိသည္။သူသေဘာက်တဲ့ယုန္သြားေလးေတြပါေပၚေအာင္ထိဝိန္းကၿပံဳးေနခဲ့သည္။
အခုလတ္တေလာဂ်ီမင္းကိုၿပံဳးျပတဲ့အၿပံဳးေတြနွင့္လားလားမ်ွမဆိုင္။
သိပ္ကိုသဘာဝဆန္လြန္းသည္။

"အစ္ကို စမ္းတီးၾကည့္ပါလား "

"ဟင့္အင္း ဒီတိုင္းမင္းတီးေနတာကိုပဲ
ၾကည့္မယ္ ဝိန္း "

"လာပါ စမ္းၾကည့္ပါ
အစ္ကိုကလည္း ေပ်ာ္ဖို႔ေကာင္းမွာပါ "

ထိုအခါပုံရိပ္ေယာင္ဖီးလီးယက္စ္သည္ဝိန္းေဘးတြင္ေနရာယူလိုက္သည္။စႏၵရားခလုတ္ေလးတစ္ခုကိုထိၾကည့္ဖို႔တြန္႔ဆုတ္ေနတဲ့ ဖီးလီးယက္စ္ရဲ႕လက္ေလးကိုဝိန္းကသူ႕လက္ဖဝါးေတြျဖင့္အုပ္ကိုင္ကာရဲရဲတင္းတင္းထိေတြ႕ေစသည္။

စစခ်င္းထြက္ေပၚလာသည့္သံစဥ္ေလးေတြသည္လံုးဝမညီညာခဲ့ပါ။သို႔ေပမဲ့ဝိန္းတို႔ႏွစ္ေယာက္လုံးသည္အျပဳံးေလးေတြကိုယ္စီခ်ိတ္ဆြဲထားခဲ့ၾကသည္။
ဝိန္းသည္ဖီးလီးယက္စ္၏ပါးလွစ္လွစ္ကိုယ္ေလးကိုသူ႕ေပါင္ေပၚဆြဲတင္ကာလက္ႏွစ္ဖက္လုံးကိုစႏၵရားေပၚတြင္ေသေသခ်ာခ်ာေနရာခ်ေပးလိုက္ရင္းသူကေတာ့အေပၚမွအုပ္ကိုင္ထားသည္။

"ေသခ်ာလိုက္မွတ္ေနာ္
ကြၽန္ေတာ္သင္ေပးမယ္"

ဖီးလီးယက္စ္ကစိတ္လႈပ္႐ွားသည့္မ်က္ဝန္းမ်ားႏွင့္ဝိန္းကိုစိုက္ၾကည့္ရင္းေခါင္းၿငိမ့္ျပသည္။ဝိန္းသည္ဖီးလီးယက္စ္၏ပါးကိုခပ္ဖြဖြတစ္ခ်က္နမ္းလိုက္သည္။

ဝိန္းရဲ႕လက္တို႔စတင္လႈပ္႐ွားလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ခပ္လွလွသံစဥ္တို႔ကအစဥ္က်က်ေလးေပၚထြက္လာေတာ့သည္။သူတို႔တီးခတ္ေနသည္ကCarol of the Bellsလို႔အမည္ရတဲ့ေတးသြားပင္ျဖစ္သည္။

သံစဥ္ေလးေတြျမင့္သြားေလတိုင္းဖီးလီးယက္စ္၏လက္ေလးမ်ားတုန္သြားသည္ကိုဝိန္းကသတိထားမိပံုရသည္။

"စိတ္တင္းမထားနဲ႔ အစ္ကို
ကြၽန္ေတာ့္ခ်စ္ျခင္းသံစဥ္ေတြထဲေမ်ာၿပီးသာတီးခတ္လိုက္"

ဝိန္း၏ရင္ဘတ္သည္ဖီးလီးယက္စ္နွင့္နီးကပ္ေနသည္မို႔ၾကားေနရတဲ့ရင္ခုန္သံေတြသည္အတိုင္းသား။
စႏၵရားတီးသံထက္လွတဲ့သံစဥ္ေတြျဖစ္တဲ့ဝိန္းရဲ႕ရင္ခုန္သံေတြကိုသာမ်က္လုံးမွိတ္ၿပီးခံစားေနလိုက္သည္။

ဝိန္းသည္လည္းဖီးလီးယက္စ္ရဲ႕ပုခုံးေပၚေမးတင္လ်က္ဖီးလီးယက္စ္၏မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကိုသိပ္လွပတဲ့ေႂကြရုပ္ကေလးအားေငးေနသည့္အတိုင္းပင္အေသးစိတ္ေငးေမာေနသည္။
ဝိန္းသည္ဂႏၲဝင္အဆင့္ေျမာက္သည့္စႏၵရား ပညာ႐ွင္တစ္ေယာက္ျဖစ္သည္ဟုဆိုႏိုင္သည္။

အလုံးစုံေသာအာ႐ုံသည္ဖီးလီးယက္စ္တစ္ေယာက္တည္း၌သာ႐ွိေသာ္လည္းစႏၵရားတီးခတ္မႈမွာတစ္စုံတစ္ခုမွအမွားအယြင္းမ႐ွိ။
ေနာက္ဆုံးသံစဥ္ကိုတီးခတ္ၿပီးေနာက္
ဖီးလီးယက္စ္သည္မ်က္လုံးပြင့္လာသည္။

"ဝိန္းကေတာ္လိုက္တာ.."

ဖီးလီးယက္စ္သည္မ်က္လုံးဖြင့္လိုက္သည္ႏွင့္အႏူးညံ့ဆုံးေငးၾကည့္ေနတဲ့ခ်စ္ရိပ္႐ႊမ္းဝိန္းမ်က္ဝန္းေတြနဲ႔ ဆုံမိသည္။နီရဲသြားတဲ့ပါးေတြနဲ႔အတူဝိန္းမ်က္ဝန္းေတြဆီကေရွာင္လႊဲနိုင္ဖို႔သူ႔ရဲ႕မ်က္နွာကိုေအာက္သို႔ငံု႔ခ်သြားသည္။

"အစ္ကို ရၿပီလား
မွတ္မိလား"

ဖီးလီးယက္စ္ကခပ္သြက္သြက္ပင္ေခါင္းခါျပသည္။
ထိုအမူအရာကိုဝိန္းရဲ႕မ်က္လံုးေတြကနားမလည္သည့္ဟန္ဖီးလီးယက္စ္အားမ်က္ေမွာင္ၾကဳတ္ၾကည့္လိုက္သည္။

"ဟင့္အင္း ငါကမင္းရင္ခုန္သံေတြပဲ နားေထာင္ေနခဲ့တာေလ"

"အဟ အစ္ကိုကေတာ့..."

ဝိန္းသည္သေဘာတက်ရယ္လိုက္ကာဖီးလီးယက္စ္၏နဖူးေျပေျပေလးအားခပ္ဖြဖြနမ္း႐ိႈက္သည္။

"ဒါဆိုရင္ကြၽန္ေတာ္ထပ္တီးျပမယ္
နားေထာင္ "

ဖီးလီးယက္စ္သည္ဝိန္းရင္ခြင္ထဲတြင္ေကြးေကြးေလးဝင္ေနလိုက္သည္။ဝိန္းရဲ႕ရင္ဘတ္ေတြေပၚလက္ကေလးတင္လိုက္ကာအက်ႌစေတြကိုဆုပ္ကိုင္ထားသည္။

"တီးေလ ငါနားေထာင္မယ္"

ဒီတစ္ခါေတာ့ဝိန္းကSwan Songကိုတီးခတ္ခဲ့သည္။ေအးၿငိမ့္ၿငိမ့္ေလးျဖင့္စတင္လာကာသံစဥ္သည္တစ္ခန္းလုံးကိုလြင့္ပ်ံ႕ၿပီးၿငိမ္းခ်မ္းသည့္ခံစားမႈေတြေပးသည္။

" It'll be our swan song..."

ဖီးလီးယက္စ္ကသီခ်င္းသံအားခပ္တိုးတိုးလိုက္ညည္းမိလိုက္သည္။

ဝိန္းသည္သံစဥ္ေတြကိုျဖည္းညႇင္းစြာရပ္တန္႔လိုက္သည္။ ေနာက္ဆံုးမွာေတာ့ရင္ခြင္ထဲမွဖီးလီးယက္စ္ကိုေပြ႕ပိုက္လိုက္ကာမ်က္ဝန္းအိမ္ေတြထဲစူးစူးနစ္နစ္စိုက္ၾကည့္မိသည္။

"ဘာလို႔ရပ္လိုက္တာလဲ"

"အစ္ကို႔မ်က္နွာေလးကကြၽန္ေတာ့္ကိုစႏၵရားတီးမရေအာင္ေနွာင့္ယွက္ေနတယ္
ေနာက္ၿပီးေတာ့အစ္ကိုကကြၽန္ေတာ္သံစဥ္ေတြထက္လွေနတာကိုး"

ခိုးခိုးခစ္ခစ္ရယ္သံေလးကဖီးလီးယက္စ္ဆီမွထြက္လာၿပီးဝိန္း၏ေျဖာင့္စင္းေနေသာနွာတံေလးကိုလက္ျဖင့္ခပ္ဖြဖြထိေတြ႕ေနသည္။

ဝိန္းသည္ရင္ခြင္ထဲမွဖီးလီးယက္စ္အားမ်က္ႏွာခ်င္းဆိုင္
ထိုင္ေစသည္။ယခုဆိုလွ်င္ဖီးလီးယက္စ္သည္ဝိန္းကိုခြလ်က္သား။ဖီးလီးယက္စ္၏လက္တို႔သည္ဝိန္းပခုံးတြင္ယွက္တင္ကာ
ေျခေထာက္သြယ္သြယ္ေလးေတြသည္ဝိန္းခါးတြင္ခ်ိတ္လ်က္ပင္ျဖစ္ေနခဲ့ေတာ့သည္။

ဝိန္း၏လက္တို႔သည္လည္းဖီးလစ္၏ခါးသြယ္သြယ္အားခပ္တင္းတင္းရစ္ႏြယ္ထားသည္။ဖီးလီးယက္စ္သည္ေခါင္းေလးကိုျဖည္းညင္းစြာယိမ္းလ်က္ဝိန္းကိုစိုက္ၾကည့္ကာၿပံဳးျပသည္။
ထိုအၾကည့္ေတြမွာထာဝရအတြက္တည္ရွိေနမည့္ခ်စ္ျခင္းတရားေတြကိုရွင္းလင္းစြာျမင္ေနရသည္။

ေနာက္ဆုံးဝိန္းသည္ဖီးလီးယက္စ္၏ႏႈတ္ခမ္းေတြကိုတပ္တပ္မက္မက္နမ္း႐ိႈက္လိုက္ေတာ့သည္။
ဖီးလီးယက္စ္သည္လည္းမ်က္ခြံေလးေတြပိတ္ကာဝိန္း၏ ႏွစ္လိုဖြယ္အနမ္းတြင္ေမ်ာပါေနလ်က္။

ထိုအေျခအေနေတြအကုန္လုံးကို႐ွင္း႐ွင္းလင္းလင္းထိုင္ၾကည့္ေနရသည့္လူပ်ိဳေလးဂ်ီမင္းမွာေတာ့မ်က္ႏွာေတြပူေလာင္လာခဲ့ေလေတာ့သည္။
တစ္ၿပိဳင္နက္တည္းမွာပင္ထိေတြ႕မႈ ႏူးညံ့မႈေတြကသူ႔ဆီမွာပါခံစားေနရသည္။
သူပိုင္ဆိုင္ထားတာဖီးလီးယက္စ္ရဲ႕ခနၶာကိုယ္မဟုတ္ပါလား။

ရုတ္တရက္အသက္ရွဴေတြက်ပ္လာကာမ်က္လံုးေတြကိုစံုမွိတ္ခ်လိုက္သည္။
အဲ့ဒီေနာက္မွာအေမွာင္ထဲသြယ္ဝိုက္ကာေပၚလာတဲ့မီးခိုးေရာင္မ်က္ဝန္းေတြကသရဲသဘက္သဖြယ္ေျခာက္လွန္႔ေလသည္။

"ဝိန္းကိုငါပဲပိုင္ခ်င္တယ္
ဝိန္းကငါ့ဟာ..."

"မင္းကိုငါတစ္ခါေလးမွၾကည့္လို႔မရခဲ့တာ
ဒါေၾကာင့္မလို႔...မင္းကဝိန္းကိုပိုင္ေနတယ္ေလ!!"

"ငါလိုခ်င္တာတစ္ခုတည္းပါ
ငါမရနိုင္တဲ့ဝိန္းရဲ႕အခ်စ္
အဲ့တာသာရရင္ေသဆိုရင္လည္းအခုခ်က္ခ်င္းေသရဲတယ္"

"မင္းဘာမွနားမလည္ပါဘူး
ဘာေၾကာင့္လဲဆိုရင္မင္းကဘယ္တုန္းကဒုကၡေတြကိုခံစားဖူးလို႔လဲ
အကုန္ငါပဲခံစားခဲ့ရတာ"

"မင္းနဲ႔ငါဒီေလာက္ရုပ္ခ်င္းတူတာေတာင္ငါ့ထက္အခြင့္အေရးပိုရတဲ့မင္းကိုငါလံုးဝမနာလိုဘူး"

အခ်ိန္ေတြရပ္တန္႔ေနတဲ့အခိုက္မွာဂ်ီမင္းေခါင္းထဲကအေၾကာင္းအရာမ်ားကေပါက္ကြဲထြက္မတတ္စုၿပံဳလာခဲ့ေလသည္။ႀကိမ္နႈန္းျမင့္အသံေတြကသူ႔ေခါင္းထဲမွာခ်ာခ်ာလည္ေနသည္။

အားယူကာမ်က္လံုးေတြကိုျပန္ဖြင့္လိုက္ေတာ့ပံုရိပ္ေယာင္ေတြကိုမျမင္ရေတာ့ေခ်။
စႏၵရားမွလည္းအသံမ်ားကထပ္ၿပီးေတာ့ထြက္မလာခဲ့ေတာ့...။
ေပၚလာသမ်ွအားလံုးကေပ်ာက္ကြယ္သြားကာပံုမွန္အေျခအေနအတိုင္းျပန္လည္ေရာက္ရွိသြားသည္။

"ငါေတာ့ေသေတာ့မွာပဲ"

ဂ်ီမင္းခပ္တိုးတိုးညီးညဴလိုက္ကာရႈပ္ပြေနေသာသူ၏ဆံပင္မ်ားကိုလက္ျဖင့္ျဖီးသင္လိုက္သည္။
ဒီအတိုင္းေနရင္းျဖင့္ပင္ဝမ္းနည္းတဲ့မုႀကီးကဝင္လာတာမို႔အိပ္ရာေပၚသြားၿပီးသာအိပ္လိုက္ဖို႔ႀကိဳးစားမိသည္။
အိပ္ရင္ေတာ့ေစာနကလိုအိမ္မက္ေတြကေပၚခ်င္မွေပၚလာမွာပါ။

သို႔ေပမဲ့ဂ်ီမင္းမသိခဲ့သည္ကထိုအရာမ်ားသည္အိမ္မက္မ်ားမဟုတ္ခဲ့ဘဲမွတ္ဉာဏ္အပိုင္းအစမ်ားသာျဖစ္သည္ဟူေသာအေၾကာင္းပင္ျဖစ္သည္။
တစ္ခုရွိတာကအဲ့တာေတြကဘယ္သူ႔ရဲ႕မွတ္ဉာဏ္ေတြလဲ....

____

ဤေန႔ကကပြဲသြားရမည့္ေန႔။
အညိဳေရာင္ဝတ္စံုမ်ားထဲကေကာင္းနိုးရာရာတစ္ခုကိုဆြဲယူလိုက္ကာဝတ္ဆင္လိုက္သည္။
ဒီတစ္ခါေတာ့ကုတ္အက်ႌအရွည္မဟုတ္ဘဲvestလိုမ်ိဳးခပ္တိုတိုျဖစ္သည္။
ေဘာင္းဘီကအစvestအဆံုးအညိဳေရာင္မ်ားသာျဖစ္သည္။ေအာက္တြင္ေတာ့အျဖဴလက္ရွည္တစ္ထပ္ကိုခံဝတ္ထားသည္။

ဝတ္ဆင္ထားတဲ့ဝတ္စံုနဲ႔မတူညီစြာပဲဖီးလီးယက္စ္ရဲ႕မ်က္ဝန္းမ်ားကေမွးမွိန္ေနသည္။

"ကြၽန္ေတာ္ဒီကပြဲကိုသြားတာမွန္လား ဖီးလီးယက္စ္"

"ခင္ဗ်ားဘာလို႔ကြၽန္ေတာ့္ကိုမွေ႐ြးခဲ့ရတာလဲ
တျခားလူေတြအမ်ားႀကီးရွိပါရဲ႕နဲ႔ေလ"

"အကယ္၍မ်ား၂၄ရက္ေန႔ေရာက္တဲ့အထိဝီလီယမ့္ကိုရွာမေတြ႕ခဲ့ဘူးဆိုရင္ေရာ"

ဒီေမးခြန္းေတြကိုမွန္ၾကည့္ၿပီးေမးေနလည္းမထူးပါ။
မွန္ထဲကဖီးလီးယက္စ္သည္ဂ်ီမင္း၏ပံုရိပ္ေယာင္သာျဖစ္၍မည္သို႔ေသာအေျဖကိုမ်ွျပန္ေပးနိုင္မည္မဟုတ္ေခ်။

"ကြၽန္ေတာ္ႀကိဳးစားၾကည့္သင့္တယ္ထင္တာပဲ"

အညိဳေရာင္ဆံပင္ေတြကိုအတတ္နိုင္ဆံုးသပ္ရပ္သြားေအာင္ၿဖီးလိုက္သည္။
မွန္ထဲကိုေနာက္တစ္ေခါက္ေလာက္ေသခ်ာေအာင္ၾကည့္၍အၿပီးတြင္ဂ်ီမင္း၏ေျခလွမ္းမ်ားက ကပြဲဆီသို႔ဦးတည္ခဲ့ေလသည္။

သစ္လြင္လွပေသာရထားလံုးတစ္စီးကအိမ္ေရွ႕တြင္ေစာင့္ႀကိဳေနသည္။
ထိုရထားလံုးမွာဟင္နရီခ်ားလ္စ္ကေခၚထားေပးေသာရထားလံုးျဖစ္သည္။
ဂ်ီမင္းလည္းထိုရထားလံုးအတြင္းသို႔တက္လိုက္ကာလမ္းတစ္ေလ်ွာက္ကိုမွတ္သားေနမိသည္။

ညဘက္ျဖစ္သည့္အတြက္ပတ္ဝန္းက်င္ကေမွာင္မိုက္လို႔ေနသည္။အိမ္ေလးမ်ား၏ေရွ႕တြင္ထြန္းထားေသာမီးတိုင္မ်ားသာမရွိလ်ွင္လမ္းမ်ားကိုေကာင္းစြာျမင္ရမည္မဟုတ္ေပ။

ျဖည္းျဖည္းခ်င္းသြားေနေသာရထားလံုးေလးသည္ႀကီးက်ယ္လွေသာအိမ္ႀကီးတစ္ခုေရွ႕တြင္ရပ္သြားသည္။
ရထားလံုးေပၚကဆင္းဆင္းခ်င္းေတြ႕လိုက္ရတာကခ်ားလ္စ္မိသားစု၏ယမ္းအမွတ္တံဆိပ္ပင္ျဖစ္သည္။

"မစၥတာ.."

အခ်ိန္အေတာ္ၾကာအကဲခတ္ေနေသာသူ႔အားအေစခံတစ္ေယာက္ကလာ၍ေခၚေနသည္အားမိနစ္အနည္းငယ္ၾကာမွသာၾကားသည္။

"အထဲကိုႂကြပါခင္ဗ်ာ"

"အင္း"

မီးေရာင္မ်ားျဖင့္ထိန္လင္းေနေသာကပြဲခန္းမႀကီးထဲတြင္လူအေျမာက္အျမားရွိေနၿပီးအားလံုးကဝတ္ေကာင္းစားလွမ်ားဝတ္ဆင္ထားၾကသည္။
ဂီတအဖြဲ႕ကလည္းသီခ်င္းၿငိမ့္ၿငိမ့္ေလးအားတီးခတ္ေနခဲ့ေလသည္။

ဤကပြဲကဂုဏ္က်က္သေရရွိလူတန္းစားမ်ားသာလာၾကေသာကပြဲမ်ိဳးပင္။
ဂ်ီမင္းသမိုင္းထဲမွာဖတ္ခဲ့သေလာက္ကေတာ့ဘာတြန္ကလူခ်မ္းသာေတြအမ်ားစုေနထိုင္ၾကေသာၿမိဳ႕ျဖစ္သည္။
အိမ္ေနရာေျမကြက္မ်ားကေစ်းေျမာက္ၿပီးေနလို႔ထိုင္လို႔ေကာင္းေသာေနရာမ်ိဳးျဖစ္ေလသည္။
လူတိုင္းလိုလိုပင္စားနိုင္ေသာက္နိုင္ၿပီးေငြေၾကးလည္းျပည့္စံုၾကသည္။ၿမိဳ႕သားမ်ားပင္ဤမ်ွေလာက္ခ်မ္းသာလ်ွင္ၿမိဳ႕ေတာ္ဝန္ဆိုရင္ေတာ့ေျပာဖြယ္ရာမရွိ။
ေသာမတ္စ္ဝိန္းမွာပိုင္ဆိုင္မႈေတြအမ်ားႀကီးရွိေလာက္သည္။

"ေအာ္ ဖီးလီးယက္စ္
ကိုယ္ကမလာေတာ့ဘူးေတာင္ထင္ေနတာ"

ဝိန္းအေၾကာင္းေတြးေနစဥ္မွာပဲၾကားလိုက္ရတဲ့ဟင္နရီခ်ားလ္စ္ရဲ႕အသံေၾကာင့္အသံလာရာဘက္ကိုလွည့္ၾကည့္မိလိုက္သည္။ပြဲရဲ႕ပိုင္ရွင္တစ္ျဖစ္လဲဟင္နရီခ်ားလ္စ္ကအလြန္ရွင္းသန္႔ေနကာဆံပင္ေတြကိုေနာက္အေျပာင္သိမ္းထားသည္။
ရုတ္တရက္ၾကည့္လိုက္ရင္တစ္စံုတစ္ေယာက္နဲ႔တူေနသလိုလို...

"မစၥတာဟင္နရီကရထားလံုးေတာင္လႊတ္ေပးလိုက္တာပဲ
ကြၽန္ေတာ္မလာစရာအေၾကာင္းရွိပါ့မလား"

"ဟုတ္ပါၿပီဗ်ာ စိတ္ႀကိဳက္သာေပ်ာ္ပါးပါ
ဒီေန႔ကခ်ားလ္စ္ရဲ႕အေမြပိုင္ဆိုင္မႈကိုကိုယ့္ဆီကိုလႊဲတဲ့ေန႔ျဖစ္လို႔ေလ ကိုယ့္အိမ္ကိုယ့္ယာလိုသေဘာထားေပးပါ"

"ၾကားရတဲ့သတင္းေကာင္းအတြက္ဂုဏ္ျပဳပါတယ္ မစၥတာဟင္နရီ"

"သာယာတဲ့ညခင္းေလးျဖစ္ပါေစ ဖီးလီးယက္စ္"

ဟင္နရီကအရက္ခြက္တစ္ခြက္ကိုေျမႇာက္လိုက္ကာၿပံဳးျပသည္။လြင့္ေျမာေျမာသီခ်င္းသံၾကားအခ်ိဳ႕က ကေနၾကသလိုအခ်ိဳ႕ကလည္းစကားေျပာေနၾကသည္။
၁၉၀၀ရုပ္ရွင္ေတြထဲမွာေတြ႕ရတတ္ေသာကပြဲမ်ိဳးျဖစ္၍ဂ်ီမင္းဒီလိုအေျခအေနေတြနွင့္တစ္ခါေသာမ်ွမရင္းနွီးဖူးေပ။

"မစၥတာ ဒီမွာဝိုင္ပါ"

စားပြဲထိုးတစ္ဦးကမ္းသြားေပးတဲ့ဝိုင္ခြက္ကိုေယာင္နနျဖင့္ယူလိုက္ကာအေျခအေနတိုင္းကိုအကဲခတ္ေနမိသည္။လက္ထဲကဝိုင္ခြက္ကိုလည္းဘယ္နားသြားထားရမွန္းမသိ။သူ၏ရာစုနွစ္မွာဆိုလ်ွင္ဂ်ီမင္းကအသက္ျပည့္ၿပီးကာစလူငယ္ေလးတစ္ေယာက္သာျဖစ္သည္။
ဤလိုအရာမ်ိဳးကိုမျမည္းစမ္းဖူးပါ။

အခုေလာေလာဆယ္တြင္သူ၏ပစ္မွတ္ကဟင္နရီခ်ားလ္စ္ျဖစ္သည္။မ်က္ေစာင္းထိုးတစ္ေနရာတြင္ေနကာဟင္နရီခ်ားလ္စ္၏လႈပ္ရွားမႈမွန္သမ်ွကိုေစာင့္ၾကည့္ရမည္။
အေစာပိုင္းတြင္ဟင္နရီကစကားေျပာေနဆဲျဖစ္ေသာ္လည္းတစ္နာရီခန္႔အၾကာတြင္ဟင္နရီရဲ႕ေဘးမွာအျခားတစ္စံုတစ္ေယာက္ကစကားတီးတိုးလာေျပာသည္ကိုေတြ႕လိုက္ရသည္။

ထိုခဏတာအၿပီးတြင္ဟင္နရီရဲ႕မ်က္ခံုးမ်ားကက်ံဳ႕သြားၿပီးစကားေျပာလက္စကိုျဖတ္ကာအျခားတစ္ေနရာသို႔ေလ်ွာက္သြားသည္။
ထို႔ေၾကာင့္ဂ်ီမင္းလည္းထြက္ခြာသြားေသာဟင္နရီေနာက္သို႔မသိမသာလိုက္ရေတာ့သည္။
လူမ်ားကအနည္းငယ္က်ပ္ေနတာေၾကာင့္ဂ်ီမင္းမွာတြန္းထိုးကာလိုက္ရသည္။
ဟင္နရီကအေပၚထပ္သို႔တက္သြားအၿပီးတြင္လိုက္ကာအေနာက္ကအမ်ိဳးသမီးတစ္ဦးထြက္လာသည္ကိုေတြ႕လိုက္ရသည္။
အမ်ိဳးသမီး၏ဆံပင္တြင္ငွက္ေမႊးလိုအရာတစ္ခုပန္ဆင္ထားသည္ကိုရုတ္ခ်ည္းျမင္လိုက္ရေလသည္။

ဂ်ီမင္းမွာေမာ့ၾကည့္ရင္းျဖင့္ပင္ဆက္ေလ်ွာက္လာရာသူ၏ဝသီအတိုင္းပင္တစ္စံုတစ္ေယာက္ကိုဝင္တိုက္မိကာဝိုင္စက္မ်ားကထိုလူအေပၚဖိတ္စင္ကုန္ေလေတာ့သည္။
နီရဲရဲဝိုင္မ်ားကထိုလူ၏အျဖဴဝတ္စံုအေပၚစြန္းထင္းကုန္သည္။

"ကြၽန္ေတာ္ ေတာင္းပန္..."

ခြမ္းးးးးးးး

ေတာင္းပန္စကားဆိုကာမ်က္နွာကိုေမာ့ၾကည့္လိုက္သည္တြင္မေမ်ွာ္လင့္ထားေသာမ်က္နွာတစ္ခုကိုေတြ႕လိုက္ရသည့္အတြက္ဂ်ီမင္း၏လက္ထဲကဝိုင္ဖန္ခြက္ေလးသည္ၾကမ္းျပင္ေပၚတြင္အစိတ္စိတ္အျမႊာျမႊာျဖစ္သြားေလေတာ့သည္။

"ဝိန္း ဘယ္လိုကေနဒီကို...."

____

မွတ္ဉာဏ္ေတြကအေရးႀကီးပါတယ္
အဲ့တာေတြကေနတစ္ဆင့္ဝိန္းရဲ႕စိတ္ကိုသိနိုင္မွာမို႔လို႔ပါ

ဖိဘတ္ေလးေတြလိုခ်င္ပါ၏

Continue Reading

You'll Also Like

461K 31.4K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
42.9K 589 12
DISCLAIMER: I DO NOT OWN ANYTHING. ALL RIGHTS BELONG TO ORIGINAL OWNERS. Ruby and company have been on the run for some time, because they final...
934K 21.5K 49
In wich a one night stand turns out to be a lot more than that.
158K 17.2K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...