အခ်စ္က သူေစစားရာ 🌚🌚 ( ေခါင...

By NabeNabe549

422K 19.6K 790

အမႊာခ်င္း တူေပမယ့္ သူမရဲ႕ ေမြးဖြားမႈမွာ ဒိြလိင္ ပါဝင္ေနတဲ့အတြက္ ဖခင္ ျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ လ... More

Review
Part - 1 ( Zg + Uni)
Part - 2 ( Zg + Uni)
Part - 3 ( Zg + Uni)
Part - 4 ( Zg+ Uni)
Part - 5 ( Zg+ Uni)
Part - 6 ( Zg+ Uni)
Part - 7 ( Zg+ Uni)
Part - 8 ( Zg + Uni)
Part - 9 ( Zg + Uni)
Part - 10 ( Zg + Uni)
Part - 11 ( Zg + Uni)
Part - 12 ( Zg + Uni)
Part - 13 ( Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni )
Part 33 ( Zg + Uni )
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni )
Part - 41 ( Zg + Uni)
ခြင့္တိုင္ၾကားျခင္း
Part - 42 ( Zg + Uni)
အသိေပးခ်က္
Part - 43 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part - 57 ( Zg + Uni)
Part - 58 ( Zg + Uni)
Part - 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Zg + Uni)
Part - 63 ( Zg + Uni)
Part - 64 ( Zg + Uni)
Part - 65 ( Zg + Uni)
Part - 66 ( Zg + Uni)
Part - 67 ( Zg + Uni)
Part - 68 ( Zg + Uni)
Part - 69 ( Zg + Uni)
Part - 70 Final Part ( Zg + Uni)

Part - 59 ( Zg + Uni)

4K 212 28
By NabeNabe549

☆☆☆☆♡⃛   အခ်စ္က သူေစစားရာ   ♡⃛ ☆☆☆☆
( Part - 59  )

" ငါ ေျပာေနတယ္ေလ ငါ့ေနာက္မလိုက္နဲ႔လို႔..!!
မင္း ငါ့ကို တစ္ေယာက္တည္း လႊတ္ထားေပး
လို႔ မရဘူးလား ေခါင္ယံမိႈင္း...
ငါ ဘယ္သူနဲ႔မွ စကားမေျပာခ်င္ဘူး "

ေခါင္ ေဒၚျဖဴျဖဴ ကို စိတ္ပူၿပီး မမီွမွာစိုးတာနဲ႔
သူ႕မွာ ကားေတာင္ မယူလာလိုက္ရတဲ့ အျဖစ္။
အခုလည္း သူ လိုက္လာတာကို ေဒၚျဖဴျဖဴ
က ရန္ေတြ႕ေနေလသည္။

"  ေမာင္.... ေဒၚျဖဴျဖဴ ကို စိတ္မခ်ဘူး...
ေဒၚျဖဴျဖဴ နာက်င္ရင္ ပင္ပန္းရင္
ေဟာဒီမွာ ေမာင့္ ရင္ဘတ္တစ္ခုလံုး
ရိွတယ္.....ေဒၚျဖဴျဖဴ ပစ္ဝင္လိုက္
ေမာင္ ဖမ္းထားေပးမယ္ တစ္ေယာက္တည္း
ေနခ်င္တယ္လို႔ေတာ့ မေျပာနဲ႔..!!
​ေမာင္​ ေဒၚျဖဴျဖဴ ကို စိတ္မခ်ဘူး "

လက္ဟန္ေတြနဲ႔ ရင္​ဘတ္​ကို ပုတ္ျပေနေသာ
ျဖဴျဖဴ ရဲ႕ လူဆိုးေလးက သိပ္ကို ခ်စ္ဖို႔ ေကာင္းသည္။
ခက္တာက သူ ခ်စ္စရာေကာင္းေနေပမဲ့လည္း
ျဖဴျဖဴ  ဒီအခ်ိန္ ဘယ္သူနဲ႔မွ အတူမရိွခ်င္
ေသးပါ။ ဒါ့ကို သူ နားလည္ေအာင္ ျဖဴျဖဴ
ဘယ္လိုေျပာရမွာလဲ။

" ငါ တစ္ေယာက္တည္း ေနခ်င္တယ္ ေခါင္ယံမိႈင္း...
တစ္ရက္ေလာက္ပါ ဒီေန႔ တစ္ရက္ေလာက္
မင္း ငါ့ေနာက္ မလိုက္ဘဲ ေနလို႔ရမလား
ငါ ေတာင္းဆိုပါတယ္ "

ငိုထားလို႔ ေဖာင္းအစ္ေနတဲ့ မ်က္လုံးေတြက
အသနားခံသလို တစ္ခ်က္လာၾကည့္ေတာ့
လူက ေပ်ာ့ခ်င္သြားသလိုျဖစ္သြားရသည္။

ဒါေပမဲ့ ေခါင္ ေပ်ာ့ညံ့လို႔ မရ။ ေဂဟာမီးေလာင္
တာက လူသတ္မႈႀကီး။ သက္ေသသာ
မရိွေသးတာ တရားခံက ဦးႏိုင္ေစမာန္ ဆိုတာ
သူ သိသည္။

ဒါ့ကို ေဒၚျဖဴျဖဴ ကို သူ ဘယ္လိုစိတ္နဲ႔
တစ္ေယာက္တည္း လႊတ္ထားေပးရမွာလဲ။

ေဂဟာမီးေလာင္တဲ့ မေန႔ညက ေသြးသစ္၊
ျခားနား၊  မိုက္ကယ္တို႔နဲ႔ ဘားမွာ
သူ အရက္ေသာက္ေနၾကသည္။

ေခါင္ အရင္က ေဒၚျဖဴျဖဴ ေဂဟာကို
ေစာင့္ေရွာက္ဖို႔ ခိုင္းထားတဲ့ လူေတြကိုလည္း
သူ ျပန္ေရာက္လာတဲ့အတြက္ ဘာမွ
မျဖစ္ေလာက္ေတာ့ပါဘူးဆိုၿပီး အကုန္ျပန္လႊတ္
လိုက္သည္။

အဲ့ဒီမွာ ဇာတ္လမ္းက စတာပဲ။ ဘာမွမျဖစ္ေလာက္
ဘူးလို႔ ထင္ေနတဲ့ အခ်ိန္မွာ ေဂဟာက
မီးေလာင္သြားခဲ့သည္။

ကံေကာင္းလို႔ေပါ့။ သူ အရက္ေသာက္ေနရင္း
နဲ႔ ေဒၚျဖဴျဖဴ ကို လြမ္းၿပီး ေဂဟာကို
ဟိုေကာင္ေတြကို မေျပာဘဲ ထြက္လာမွ
ေဂဟာက မီးေလာင္တယ္ဆိုတာ သိလိုက္ရသည္။

အခ်ိန္မီွေလး သူ ေရာက္သြားလို႔သာ ေဒၚျဖဴျဖဴ
ကို ကယ္လိုက္ႏိုင္တာေပ။

နို႔မို႔ဆို သူ႕သာ ေဒၚျဖဴျဖဴ ကို လြမ္းၿပီး ေဂဟာကို
မလာခဲ့ရင္ သူရဲ႕ ေဒၚျဖဴျဖဴ က..
ႏိုး.. .ႏိုး.. အဲ့ဒီလို မျဖစ္ရဘူး။
သူ႕ ေဒၚျဖဴျဖဴ က အခုအသက္ရွင္ေနတယ္။

ေဒၚျဖဴျဖဴ ေသသြားရင္ဆိုတဲ့ အေတြးမ်ဳိး
ကို သူ လံုးဝ မေတြးႏိုင္။

ေဒၚျဖဴျဖဴ ကို သတ္ဖို႔လုပ္တဲ့ နိုင္​​ေစမာန္​ ကို
သူ ကလဲ့စားေခ်မယ္။

ေဒၚျဖဴျဖဴ ခံစားတာနဲ႔ တန္ေအာင္ သူ လုပ္
​ေပးသြားမည္။ ဦးႏိုင္ေစမာန္ က ေဒၚျဖဴျဖဴ
အေဖျဖစ္ေနရင္ေတာင္မွ သူ ဂ႐ုမစိုက္။
သူ ဂ႐ုစိုက္တာဆိုလို႔ ေဒၚျဖဴျဖဴ ပဲ ရိွသည္။

" ငါ့ ေနာက္ လိုက္မလာပါနဲ႔ ေခါင္ယံမိႈင္း...
ငါ ေတာင္းဆိုပါတယ္ "

ေျပာၿပီး ထြက္ေျပးသြားေသာ ေဒၚျဖဴျဖဴ
အသံၾကားမွ လူက အသိဝင္လာရသည္။

ေျပးထားပါ ေဒၚျဖဴျဖဴ။ ေမာင့္က
ခင္ဗ်ား မလိုက္ေစခ်င္မွေတာ့ ေနခဲ့မယ္
ထင္ေနတာလား။ ေနာက္ကေန မသိမသာနဲ႔
တိတ္တိတ္ေလးပဲ လိုက္လာ​ေတာ့မယ္။

ခပ္ျမန္ျမန္ ေျပးသြားေသာ လြန္ႀကိဳးျဖဴျဖဴ ကို
ေခါင္ယံမိႈင္း တစ္ခ်က္ၾကည့္ရင္း ေနာက္ကေန
မသိမသာလိုက္ဖို႔ ႀကံပါေတာ့သည္။

-
-
-
-
-
-
-
-

"  ျဖဴျဖဴကေလ မာသာလို ႀကီးလာရင္
အဲ့ဒီေနရာေလးမွာ ဟိုအန္တီနဲ႔ သူ႕ သမီးေလးလို
မာသာ နဲ႔ တူတူလာထိုင္ခ်င္တာ
သူတို႔ိုလို မုန္​႔​ေတြလည္​း တူတူစားခ်င္​တာ  "

ကေလးတုန္းက ျဖဴျဖဴ ေျပာခဲ့ဖူးတဲ့ စကားေလး။
ဘာရယ္မဟုတ္ ျဖဴျဖဴ ေျပာလိုက္ေပမဲ့
မာသာ ကေတာ့ ျဖဴျဖဴ အသက္ဆယ့္ရွစ္
ျပည့္တာနဲ႔ ျဖဴျဖဴ ထိုင္ခ်င္ေသာ ပန္းၿခံက
ထိုင္ခံုေလးကို လာထိုင္ေပးသည္။

မွတ္မွတ္ရရ အဲ့ဒီေန႔က မိုးအနည္းငယ္
ရြာေနခဲ့သည္။ ဒါေပမဲ့ မာသာကေတာ့
မိုးရြာလည္း ျဖဴျဖဴ လိုခ်င္တာကို
မရမက ျဖည့္ဆည္းေပးခဲ့သည္။

ကေလးတုန္းက ျဖဴျဖဴ တစ္ခုခုကို အၾကာႀကီး
ၾကည့္လိုက္မိတာနဲ႔ မာသာက ေနာက္ေန႔
မျခား အဲ့ဒီ ပစၥည္းကို ဝယ္လာေပးသည္။

ျဖဴျဖဴ လိုခ်င္မွန္း မာသာက အၾကည့္ေတြနဲ႔တင္
နားလည္သည္။ စာလုပ္တိုင္း ႏြားႏို႔ တစ္ခြက္၊
သို႔မဟုတ္ ေကာ္ဖီတစ္ခြက္ အၿမဲလိုလို
မာသာ က လာတိုက္တတ္သည္။

ျဖဴျဖဴ က ေဂဟာမွာ ေနာက္မွ လာခဲ့ေပမဲ့
မာသာ ရဲ႕ အခ်စ္ေတြကိုေတာ့ အမ်ားႀကီး
ရရိွခဲ့တဲ့သူေပ။

မာသာ လိမ္းေပးတဲ့ သနပ္ခါးေလးနဲ႔လည္း ျဖဴျဖဴ
က ပထမဆံုး ေက်ာင္းတက္ခဲ့တဲ့သူရယ္။

ဖ်ားလို႔ ေနမေကာင္းရင္ေတာင္မွ မာသာကပဲ
ျဖဴျဖဴ ကို ျပဳစုေပးသည္။

ျဖဴျဖဴ ဘယ္ဟင္း ႀကိဳက္တယ္ မႀကိဳက္ဘူး
ဆိုတာကအစ မာသာပဲ သိသည္။

ျဖဴျဖဴ ႀကိဳက္တဲ့ဟင္းကိုလည္း မာသာ ပဲ
ခ်က္တတ္သည္။

အဲ့ဒီလိုပဲ ျဖဴျဖဴ စာေရးတတ္တာကလည္း
မာသာေၾကာင့္။ ျဖဴျဖဴ သနပ္ခါးလိမ္း
တတ္တာကလည္း မာသာေၾကာင့္။ ျဖဴျဖဴ
ဟင္းခ်က္တတ္တာကလည္း မာသာေၾကာင့္။
ျဖဴျဖဴ ဆက္ၿပီး အသက္ရွင္​ေနနိုင္​တာကလည္း
မာသာေၾကာင့္။

ေျပာေတာ့ မာသာနဲ႔ ပန္းၿမိဳင္ေဂဟာကို ျဖဴျဖဴ
က ေစာင့္ေရွာက္ေပးမယ္တဲ့။ အခုေတာ့
ျဖဴျဖဴ ေၾကာင့္ မာသာတို႔က ေသသြားခဲ့ရၿပီ။

ျဖဴျဖဴ က ​ေစာင့္ေရွာက္မ​ေပးႏိုင္တဲ့အျပင္
မာသာတို႔ကို ေသေအာင္လုပ္တဲ့မိန္းမ။

ဒီေနရာမွာ ျဖဴျဖဴ ႏွလုံးေရာဂါရိွၿပီး အသက္ထြက္သြား
ရင္ ေကာင္းမွာပဲ။

ဒါဆို ျဖဴျဖဴ ကတိမတည္တဲ့လူ ဟုတ္မယ္မထင္ပါ။

ေဂဟာ မီးေလာင္မယ္မွန္းသာ သိရင္ မာသာ နဲ႔
အတူတူ ျဖဴျဖဴ အိပ္ခဲ့မွာေပ။

မာသာနဲ႔လည္း တစ္ညလံုး ျဖဴျဖဴ စကားေတြ
အမ်ားႀကီး ေျပာခဲ့မွာ။

မာသာကိုလည္း ျဖဴျဖဴ အၾကာႀကီး ႏိွပ္ေပးခဲ့မွာ။

" အီးဟီး... အင့္ဟင့္... အင့္ဟင့္ မာသာ..!!
မာသာ...!!!  မာသာလို႔...!!  "

မခံစားနို္​င္​တဲ့အဆုံး ႐ိႉက္ႀကီးတငင္ငိုကာ
လြန္ႀကိဳးျဖဴျဖဴ ေအာ​္​​ေခၚေနခဲ့ေပ
မဲ့ ေသသြားတဲ့လူကေတာ့ သူမ ေခၚတာ
ကို ျပန္ၿပီးထူးႏိုင္မွာ မဟုတ္ေတာ့ေပ။

သစ္ပင္အကြယ္ကေန ၾကည့္ေနေသာ ေခါင္ယံမိႈင္း
မွာလည္း ရင္ေတြနာလွတာေၾကာင့္ သစ္ပင္
ကို တဘုန္းဘုန္းနဲ႔ ထုေနေလ၏ ။
ထိုအခါ ေသြးစို႔လာေသာ ေခါင္ယံမိႈင္း လက္က
အနာမွာလည္း ႏွလုံးသားထဲက ေခါင္ယံမိႈင္း
ဒဏ္ရာ ကိုေတာ့ နာက်င္တာခ်င္း မယွဥ္ႏိုင္ခဲ့ပါ။

*************************

" မာသာကို ျဖဴေလး က ဘယ္ေလာက္ထိ
ခ်စ္တာလဲ "

" မ်ားႀကီး... မ်ားႀကီးခ်စ္တာ "

ျဖဴျဖဴ ငါးႏွစ္သမီးတုန္းက မာသာ ေမးခဲ့တဲ့
စကားေတြကို ျပန္လည္ၾကားေယာင္လာမိသည္။

အဲ့ဒီတုန္းက က​ေလးဆို​ေတာ့ အမ်ားႀကီးလို႔
မေျပာဘဲ မ်ားႀကီးလို႔ ျဖဴျဖဴ က ေျပာခဲ့သည္။
ထိုအခါ ျဖဴျဖဴ ပါးေလးကို ဖဲ့ၿပီး မာသာက
ရယ္လိုက္တဲ့ အရယ္။

ဘာလို႔လဲ... ဘာလို႔ ေလာကႀကီးက ျဖဴျဖဴ
အခ်စ္ဆံုးလူေတြကို ေခၚသြားရတာလဲ။

မာသာ၊  ေထြးေထြး နဲ႔ ေဂဟာက ကေလးေတြ
ကိုပါ ေခၚသြားခဲ့သည္။

အခု ပန္းၿမိဳင္ေဂဟာႀကီးကလည္း မရိွေတာ့။
ပန္းၿမိဳင္ေဂဟာမွာ ေနတဲ့ ျဖဴျဖဴ အခ်စ္ဆံုး
မာသာတို႔လည္း မရိွေတာ့။

ျဖဴျဖဴ တစ္ေယာက္တည္းပဲ က်န္ေတာ့သည္။

ဒါ့ကို ျဖဴျဖဴ က ဘယ္လိုအသက္ဆက္ရွင္
ရေတာ့မလဲ။

ျဖဴျဖဴ ဘဝႀကီးရဲ႕ အေရးႀကီးဆံုး လူေတြကို
ေခၚသြားၿပီးမွ ျဖဴျဖဴ က ဘယ္သူ ့အတြက္
အသက္ဆက္ရွင္ရေတာ့မလဲ။

ျဖဴျဖဴ ေသသြားရင္ ေကာင္းမွာပဲ။ ဒါဆို
မာသာတို႔ကိုပါ ျဖဴျဖဴ ေတြ႕ႏိုင္မွာေလ။

က်လာေသာ မ်က္ရည္စေတြကို လြန္ႀကိဳးျဖဴျဖဴ
မသုတ္ပစ္ဘဲ ပို၍သာ ငိုေနခဲ့သည္။

မ်က္နွာတစ္ခုလံုးလည္း ငိုထားလို႔ နီရဲေနခဲ့သည္။

သူမကပဲ နာက်င္ေနတယ္လို႔ လြန္ႀကိဳးျဖဴျဖဴ
ထင္ေနခဲ့တာ သူမနဲ႔ နည္းတူ ေခါင္ယံမိႈင္း
ပါ နာက်င္ေနတာကိုေတာ့ လြန္ႀကိဳးျဖဴျဖဴ မသိ
ႏိုင္ခဲ့ပါ။

>>>>>>>>>>>>>>>>>

" ႐ူးေနလား ၾကည္ျဖဴ...!! ငါ့က ဘာလို႔
မီး႐ိႉ႕ရမွာလဲ အဲ့ဒီေလာက္ထိ ငါ ေအာက္တန္း
မက်ေသးဘူး... ဒါ့ကို မင္း သိပါတယ္
လြန္ႀကိဳးျဖဴျဖဴ ကို ငါ စြန္႔ပစ္ခဲ့တယ္ဆိုတာ
ကလည္း မင္း အတြက္ေတြးၿပီး ငါ
လုပ္ေပးခဲ့မိတာ .သူ႔ ကံဆိုးမူွ​ေတြ
မင္​းဆီပါလာမွာစိုးလို႔ "

မ်က္ႏွာမပ်က္ေအာင္ ဦးႏိုင္ေစမာန္ ထိန္းၿပီး
ေျပာေနေပမဲ့ သူ႕ ရင္အတြင္းမွာေတာ့
လံုးဝကို မူပ်က္ေနခဲ့သည္။

" က်မ ယံုပါတယ္ ကို​ေစ ရွင္ မလုပ္ဘူးဆိုတာ
ဒါေပမဲ့ သမီး ျဖဴျဖဴ က ရွင္ လုပ္တယ္ခ်ည္း
ေျပာေနေတာ့ က်မ ေမးၾကည့္မိသြားတာ..
က်မ သမီး ေဂဟာကို ဘယ္သူ ့က
မီး႐ိႉ ့ ရတာလဲ.. .?? ေသခ်င္းဆိုးနဲ႔
ေသမယ့္ေကာင္..!!  တရားခံ ေပၚတဲ့
တစ္ေန႔ အဲ့ဒီလူ က်မ အေၾကာင္း
ေကာင္းေကာင္းႀကီး သိေစရမယ္ "

ေဒၚၾကည္ျဖဴခင္ ႀကိမ္းဝါးေနတာကို
ဦးႏိုင္ေစမာန္ မ်က္ႏွာမပ်က္ ၾကည့္ရင္း
သူ႕ ရင္အစံုက အနည္းငယ္ တုန္လႈပ္သြားခဲ့သည္။

မတုန္လႈပ္႐ိုး ရိွမလား။  ဇနီးသည္ကိုယ္တိုင္က
သူ႕ေရွ႕မွာ တရားခံျဖစ္​တဲ့သူ႔ကို ႀကိမ္းဝါးေနတာေလ။

" က်မ သမီးကို အိမ္ျပန္ေခၚမယ္ ကိုေစ..
အဲ့တာ သူ ဒီျပန္လာတဲ့ေန႔က်ရင္​ ရွင္ က်မ
သမီးကို ျပန္ေတာင္းပန္ေပးပါ
ဒါဆို က်မ ရွင့္ကို ကြာရွင္းဖို႔ မေျပာေတာ့ဘူး "

သမီးခ်စ္သည္း ေၾကာင့္နဲ႔ ကြာရွင္းဖို႔ ၿငိမ္က်သြား
တဲ့ သူ႕ မိန္းမက လတ္စသပ္ေတာ့
လြန္ႀကိဳးျဖဴျဖဴ ကို အိမ္ေခၚခ်င္ေနတာကိုး။

ဒီလိုေတာ့ အျဖစ္ခံလို႔မရ။ သူ႕မွာ ေဂဟာကို
မီး႐ိႉ႕ဖို႔ ပိုက္ဆံေတြ အမ်ားႀကီး ကုန္က်ခံ
ထားရတာ။ အဲ့တာက ဒိြလိင္မ ကို
အရမ္းမုန္းၿပီး သူတို႔နဲ႔ လာမပတ္​သက္​​ေအာင္​
လို႔ေလ။ သူနဲ႔ ၾကည္ျဖဴ ၾကား
ခေလာက္ဆန္တဲ့ ဒိြလိင္မ။ ေကာင္းက်ဳိး
မေပးတဲ့ ေယာက်ၤား မဟုတ္ မိန္းမ မဟုတ္
ဟာ။

မီးေလာင္တဲ့ အထဲ ပါသြားရမွာကို ကံေတြက
ေကာင္းေနတယ္။

ဘယ္ေလာက္ ကံေကာင္း ၊ ကံေကာင္းပါ။
အခ်ိန္တန္ သူ သတ္ေပးမယ္။
သူ႕ အတြက္ သမီးဆိုတာ ခ်စ္သည္း ပဲ
ရိွသည္။ ဒိြလိင္မ မရိွေစရ။

" အင္း ကိုယ္ သေဘာတူတယ္ ၾကည္ျဖဴ...
မင္း အဆင္ေျပမယ္ဆိုရင္ ကိုယ္
ဘာမဆို လုပ္ေပးမယ္ ကြာရွင္းဖို႔ စကား
ကိုေတာ့ ထပ္မေျပာပါနဲ႔ "

" ေကာင္းၿပီေလ ကို​ေစ... က်မ ရွင္ ေျပာတာ
ကို သေဘာတူတယ္ "

" ခ်စ္သည္း သေဘာမတူဘူး မာမီ..
လြန္ႀကိဳးျဖဴျဖဴ ကို ဒီအိမ္ေခၚမထားႏိုင္ဘူး
သူ႕က ခ်စ္သည္း အစ္မ မဟုတ္ဘူး "

အေပၚထပ္က ဒုန္​းဆင္းလာၿပီး ဆိုလာတဲ့
ခ်စ္သည္းမာန္ ကို ေဒၚၾကည္ျဖဴခင္
ၾကည့္ရင္း.....

" ငရဲႀကီးမယ္ ခ်စ္သည္း... ျဖဴျဖဴ က
သမီးအစ္မ အရင္းေနာ္... "

" မဟုတ္ဘူး မာမီ... သူ႕လို ဒိြလိင္မက
ခ်စ္သည္း အစ္မ မဟုတ္ဘူး
ခ်စ္သည္း မွာ သူ႕လို ဒိြလိင္ အစ္မ မရိွဘူး
ေယာက်ၤားေတြကို ျမႇဴစြယ္တတ္တဲ့
ေကာင္မ... သူ႕က ပိုင္​းလုံးမ
ခ်စ္သည္း ေခါင္ယံ ကို လုတဲ့ဟာမ "

" ေတာ္လိုက္ေတာ့ ခ်စ္သည္းမာန္...!!
မာမီ သမီးနဲ႔ စကားမမ်ားခ်င္ဘူး
ကိုယ့္ အစ္မကိုယ္ ဒီလိုေတြ ထပ္ေျပာေနမယ္
ဆိုရင္ မာမီ အျပစ္ေပးမွ သမီး မငိုနဲ႔...!!  "

ေျပာကာ အေပၚတက္သြားေသာ ေဒၚၾကည္ျဖဴခင္
ကို ခ်စ္သည္းမာန္ ေဆာင့္ေအာင့္ၾကည့္ၿပီး
စိတ္ေတြတိုေနခဲ့သည္။

ဦးႏိုင္ေစမာန္ကလည္း သမီးျဖစ္သူရဲ႕ စိတ္ရင္း
ကို ပြင့္ပြင့္လင္းလင္း သိလိုက္ရေတာ့
သေဘာေတြ႕လို႔သြား၏ ။

သေဘာေတြ႕မွာေပါ့။ သူနဲ႔ မုန္းတာခ်င္း
တူေနတာကိုး။

>>>>>>>>>>>>>>>>>

" ဘာ.. .ခ်စ္သည္းက သူ ဒိြလိင္ ဆိုတာ
ေက်ာင္းမွာ ျဖန္႔ရမယ္ ဟုတ္လား ဒယ္​ဒီ... ?? "

" ဟုတ္တယ္ ဒယ္ဒီ သမီးေလး...
သူ ေက်ာင္းလာတဲ့ ေန႔က်ရင္
တစ္ေက်ာင္းလံုးရဲ႕ အမုန္းတရားေတြကို
ခံရမွာ... ဒိြလိင္ေတြကို ဒယ္ဒီတို႔
တစ္ၿမိဳ႕လံုးက ပိုစိုးပက္စက္မုန္းၾကတာ
ဒါ့ကို ဒယ္​ဒီရဲ႕  သမီး​ေလးက ျဖန္​႔လိုက္​လို႔
ရိွရင္​​ေတာ့......."

" ဟုတ္သား ဒယ္ဒီ... ဒါ့ကို ခ်စ္သည္း ေမ့
ေနတာ ..မပူနဲ႔ သူ အရွက္ကြဲၿပီး
လူမုန္းမ်ားေအာင္ ခ်စ္သည္း လုပ္ေပးမယ္
အဲ့ဒီဟာမက အဲ့တာနဲ႔မွ တန္တာ..
နည္းေသးတယ္ သူတို႔ ေဂဟာမီးေလာင္တာ
သူပါ သူ ့ မာသာေတြနဲ႔ ေရာေသသြားရမွာ..
ကံဆိုးတဲ့ ေကာင္မ...!!  သူ ကံဆိုးလို႔
လူေတြ ေသတာ.. ဒါ့ကို ေက်ာင္းက
လူေတြသာ သိရင္ သူ႕ အတြက္ ေနစရာ
မရိွေတာ့ဘူး ေခါင္ယံ လည္း ကယ္ႏိုင္မယ္
မထင္ဘူး "

" ဟားဟား... ဟားဟား "

သမီး ျဖစ္သူအေျပာကို ဦးႏိုင္ေစမာန္ သေဘာ
က်ၿပီး ရယ္သြားေတာ့ ခ်စ္သည္းမာန္
ကလည္း သူ႕ အေဖလို လိုက္ရယ္ေလသည္။

သားဖႏွစ္ေယာက္ အခန္းထဲမွာ တိတ္တဆိတ္
စည္းေဝးေနတာက လြန္ႀကိဳးျဖဴျဖဴ အတြက္
ဘာဆက္ျဖစ္မလဲဆိုတာ မေတြးဝံ့စရာေပ။

-
-
-
-
-
-
-

ႏွစ္ရက္ရိွသြားၿပီ ျဖဴျဖဴ ေက်ာင္းမတက္တာက..။
ဒီေန႔ေတာ့ ျဖဴျဖဴ မတက္လို႔ မရ။
မာသာ က ျဖဴျဖဴ ေက်ာင္းပ်က္ရင္ မႀကိဳက္
ဘူးေလ။

" ဒီေန႔ ေက်ာင္းတက္ရေအာင္ ေခါင္ယံမိႈင္း..
ငါ ေက်ာင္းမပ်က္ခ်င္ေတာ့ဘူး "

" မနက္ျဖန္မွ တက္ပါလား ေဒၚျဖဴျဖဴ...
ခင္ဗ်ား ပံုစံက သိပ္မလန္းေသးဘူး "

ေဒၚျဖဴျဖဴ ပံုစံ မလန္းတာထက္ ေက်ာင္းမွာ
ျပႆနာတက္ေနလို႔ပင္။ အခု တစ္ေက်ာင္းလံုးက
လူေတြက ေဒၚျဖဴျဖဴ ဒိြလိင္ ဆိုတာသိသြား
ၿပီး ေက်ာင္းထုတ္ေပးပါ လုပ္ေနေလသည္။
ေခါင္ ဒါ့ကို ဘယ္လိုစိတ္နဲ႔ ေဒၚျဖဴျဖဴ ကို
ေျပာျပရမွာတုန္း။  ​ေက်ာင္​းအုပ္​ႀကီးက​ေတာ့
သူ ​ေငြထိုးထားတဲ့အတြက္​ ျပႆနာသိပ္​မရိွ။

ရိွ​ေနတာက ​ေက်ာင္​းက လူ​ေတြ။
သူ႕ စိတ္သာနဲ႔ဆို ေက်ာင္းကလူေတြကို
lesson ေပးပစ္​မည္။ ဘာမဟုတ္တဲ့
ဒိြလိင္ေလးနဲ႔ ေရးႀကီးခြင့္က်ယ္ေတြ
လုပ္ေနတာ။

ခက္တာက ေသြးသစ္ နဲ႔ ျခားနား က မွာထားလို႔။
သူ ျပႆနာသြားရွာလို့ လက္လြန္သြား
ခဲ့ရင္ ေဒၚျဖဴျဖဴ အနား မေနရဘဲ
ေထာင္နန္းစံေနရမည္တဲ့။

သိတဲ့အတိုင္း သူ႕ စိတ္က လက္တစ္ဆစ္ကိုး။
​ေထာင္​က်မွာကို သူ မ​ေၾကာက္​ပါ။ ​ေဒၚျဖဴျဖဴ
အနား မ​ေနရမွာ​ေတာ့ သိပ္​ကို ​ေၾကာက္​သည္​။

" ငါ ဘာမွမျဖစ္ဘူး ေခါင္ယံမိႈင္း..
ငါ ေက်ာင္းသြားမယ္ ငါ ေက်ာင္းပ်က္တာ
မ်ားေနၿပီ... ဒါ့ကို မာသာလည္း သိရင္
စိတ္ေကာင္းမယ္မထင္ဘူး "

ခ်စ္​ရတဲ့ သူ႔ ​ေဒၚျဖဴျဖဴက သြားခ်င္​​ေနမွ​ေတာ့
​ေခါင္​ လိုက္​​ေလ်ာရ​ေတာ့မွာ​ေပါ့။

" အိုေက... ေဒၚျဖဴျဖဴ သေဘာ
ဟုတ္ၿပီလား.. ကဲ ေက်ာင္းသြားဖို႔ ျပင္
ေမာင္လည္း ေအာက္မွာ ကားသြားထုတ္ၿပီး
လိုအပ္တာေတြ ျပင္ဆင္လိုက္အံုးမယ္
ခ်စ္တယ္ေနာ္ ေမာင္ရဲ႕ ေဒၚျဖဴျဖဴေလး "

" ရႊတ္.. "

နဖူးကို တစ္ခ်က္နမ္းကာ အခန္းထဲကေန
ထြက္သြားေသာ သူ႕ကို ျဖဴျဖဴ ၾကည့္ေနမိသည္။

ျဖဴျဖဴ ကသာ ဝမ္းနည္းေနတာ ေခါင္ယံမိႈင္း
ကေတာ့ ျဖဴျဖဴ ကို အၿမဲတမ္း ခ်စ္​တယ္ေျပာၿပီး
နမ္းေနေလသည္။

************************

" ဒိြလိင္မကို ေက်ာင္းထုတ္....!!
သူ႕က လူေတြကို ေသေစတဲ့ေကာင္မ
သူ ရိွေနရင္ ငါတို႔ ေက်ာင္းဆက္မတက္ဘူး "

" ထုတ္.. ထုတ္ ဒိြလိင္မကို ေက်ာင္းထုတ္..!! "

" ေက်ာင္းထုတ္ပစ္ ဒိြလိင္မကို... .!! "

" ဒုန္း.. ဒုန္း.. ဒုန္း.. .!! "

" ထုတ္..!! ထုတ္.. ဒိြလိင္မကို ထုတ္... !! "

ဆိုင္းဘုတ္ေတြမွာ ျဖဴျဖဴ ကို ထုတ္​လို႔
​ေရးၿပီး  လက္​ထဲကိုင္​တာနဲ႔တင္
အားမရ ေက်ာင္းေပါက္ဝမွာတင္ လူစုလူေဝးႀကီးက
ျဖဴျဖဴ လာတာနဲ႔ ေအာ္ေနၾကသည္။

တစ္ခ်ဳိ႕ဆို ေရသန္႔ဘူးေတြနဲ႔ပါ သံစုံသံၿမိဳင္​
တီးၿပီး ထုတ္ လုပ္ေနၾကသည္။

" ဘာမွမျဖစ္ဘူး ေဒၚျဖဴျဖဴ...
ေမာင့္ အနားမွာ ရိွတယ္ သူတို႔ကို မေၾကာက္နဲ႔
သူတို႔ ေဒၚျဖဴျဖဴ ကို ထိတာနဲ႔ ေမာင္ သူတို႔ကို
သတ္ပစ္မယ္ "

ေခါင္ယံမိႈင္း က ျဖဴျဖဴ လက္ကို တြဲကာ
အထဲကို ေခၚသြားသျဖင့္ လူက လိုက္ပါသြား
ရသည္။ ျဖဴျဖဴတို႔ ေနာက္မွာလည္း
ေခါင္ယံမိႈင္း တပည့္ မိုက္ကယ္နဲ႔
မိုက္ကယ္ လူေတြ။ ဒါေၾကာင့္ ထင္ပါရဲ႕
အခုလို ျပႆနာတက္ေနလို႔ ေခါင္ယံမိႈင္း
က မိုက္ကယ္တို႔ အဖြဲ႕ကို ေခၚလာတာကိုး။
အစက ျဖဴျဖဴ နားမလည္။ အခုမွ နားလည္
ေတာ့သည္။

" ဒိြလိင္မ ကို ထုတ္ပစ္..!! ဒိြလိင္မကို
ထုတ္ပစ္ "

" ဒုန္း.. ဒုန္း.. ဒုန္း.. .!! "

" ဒိြလိင္မ ကို ထုတ္ပစ္..!! ဒိြလိင္မကို
ထုတ္ပစ္ "

ျဖဴျဖဴတို႔ ​ေက်ာင္​းထဲဝင္တာနဲ႔ ခုဏက လူအုပ္ၾကီး
က ျဖဴျဖဴတု႔ိ ေနာက္ လိုက္လာၿပီး ထိုစကားကို
အဆက္မျပတ္ ေျပာေနၾကသည္။

ထိုအခ်ိန္ ျဖဴျဖဴ ေခါင္ယံမိႈင္း ကို ၾကည့္လိုက္ေတာ့
သူ႕ ေမး႐ိုးေၾကာေတြက တင္းေထာင္ေနေလသည္။
သူ ရန္​ထျဖစ္​မွာစိုးၿပီး ျဖဴျဖဴ မွာ သူ႔
လက္​​ေလးကို အသာ​ေလးပြတ္​ရင္​း
စိတ္​​ေလွ်ာ့ဖို႔ ​လုပ္​​ေပး​ေနမိသည္​။

" ဒိြလိင္မ ကို ထုတ္ပစ္..!! ဒိြလိင္မကို
ထုတ္ပစ္ ...သူ႔က လူ​ေတြကို ​ေသ​ေစတဲ့
ကံဆိုးမ "

လူအုပ္​ႀကီးက ထပ္​​ေျပာခ်ိန္​မွာ သူ႔ လက္​​ေလး
ကို ကိုင္​ၿပီး ျဖဴျဖဴ ​ေျဖ​ေလွ်ာ့​ေပး​ေနတာက
အသုံးမဝင္​​ေတာ့ပါ။ ဘာလို႔ဆို ျဖဴျဖဴ
လက္​ကို သူ႔က အသာ​ေလး ဖယ္​ခ်သြား
ို႔လို႔​ေပ။

" ဒိြလိင္မကို ထုတ္လို႔ ေျပာရေအာင္ ငါ့ ေဒၚျဖဴျဖဴ
ရဲ႕ ဒိြလိင္က မင္းတို႔ကို တက္လုပ္ေနလို႔လား
...ဟမ္​...​ေျပာစမ္​း....!!!
ေစာက္ေကာင္ေတြ ေစာက္ေကာင္မေတြ...!! "

" တက္မလုပ္ေပမဲ့ သူေၾကာင့္ ငါတို႔
ေက်ာင္းက ကံဆိုးလာမွာေလ.. ဒါ့ကို
တစ္ေက်ာင္းလံုး ကင္း ျဖစ္တဲ့ မင္းက
သိသင့္ပါတယ္.... "

" ဟုတ္တယ္ ေခါင္ယံ.. ေခါင္ယံ သိသင့္တယ္
ဒီ ဒိြလိင္မက ေခါင္ယံ နဲ႔ မတန္ဘူး "

" ငါတို႔ ေခါင္နဲ႔ ဒိြလိင္မက မလိုက္ဘူး
ဒိြလိင္မေၾကာင့္ ငါတို႔ ေခါင္ ကံေတြဆိုး
လာလိမ့္မယ္ "

" ေခါင္ေလးေရ ဒီေကာင္မကို ကာကြယ္ေပး
မေနပါနဲ႔ ႏို႔မို႔ဆို ေခါင္ေလးပါ အသက္အႏၲရာယ္
ထိခိုက္လိမ့္မယ္.. ဒီ ဒိြလိင္မေၾကာင့္
သူ႕ကို ေမြးခဲ့တဲ့ ပန္​းၿမိဳင္​​ေဂဟာက
မာသာတို႔က ေသသြားတယ္ဆိုလားပဲ "

တစ္ေယာက္ တစ္ေပါက္နဲ႔ ေျပာလာၾကေသာ
အကုန္လံုးကို ေခါင္ မ်က္လုံးရဲႀကီးနဲ႔
စိုက္ၾကည့္ရင္း လက္သီးကိုလည္း
တင္းတင္းဆုပ္ထား၏ ။

" အဲ့တာ ငါ့ ေစာက္ေၾကာင္း...! !
မင္းတို႔ ေစာက္ေၾကာင္း မဟုတ္ဘူး..!!
မင္းတို႔ သိထားရမွာက ဒိြလိင္လည္း
လူပဲ.. .ငါတို႔ထက္ အဂၤါ ပိုမ်ားသြားတာ
ပဲ ရိွတာ... တကယ္လို႔ မင္းတို႔
ေျပာသလို ငါ့ ေဒၚျဖဴျဖဴ က ကံဆိုးေစရင္
ေတာင္မွ အဲ့တာကို ငါ့က ၿပံဳးၿပံဳးႀကီး ခံယူ
လိုက္မယ္... မင္းတို႔ နဲ႔ မဆိုင္ဘူး
မေအေဘးေတြ.. .ကိုယ့္ ေနရာကိုယ္
ေနစမ္း... ထပ္ေျပာလာမယ္ဆိုရင္
ငါ့ လက္သီးက ပါးမေရြးဘူးေနာ္
ေယာက်ၤားေနေန မိန္းမ ေနေန
အေသပဲ... ေခါင္ယံမိႈင္း အေၾကာင္း
သိခ်င္ရင္ စမ္းၾကည့္လိုက္...!!!
လူေခၚ xိုးခိုင္းၿပီး သတ္ေပးမယ္
​ေစာက္​ထီးေတြေရာ ​ေစာက္​မေတြေရာ
တစ္​​ေယာက္​မွ မက်န္​....ေထာင္ထဲဝင္ရလည္း
ေခါင္ယံမိႈင္း ဆိုတဲ့ ေကာင္က ေစာက္ဂ႐ုမစိုက္ဘူး "

တကယ္လုပ္ရဲတဲ့သူဆိုေတာ့ ခဏေလးအတြင္း
မွာပဲ ၿငိမ္က်သြားခဲ့သည္။ မေက်နပ္တဲ့သူေတြ
ကေတာ့ ပြစိပြစိနဲ႔ေပ။

သို႔ေသာ္ ေခါင္ယံမိႈင္းကေတာ့ ဂ႐ုမစိုက္
လြန္ႀကိဳးျဖဴျဖဴ လက္ကို ၿမဲၿမံစြာ ကိုင္လိုက္​
ၿပီး  ေက်ာင္းဝင္းထဲကို ဆက္ဝင္သြားခဲ့သည္။

ေနာက္က မိုက္ကယ္တို႔ အဖြဲ႕ကလည္း
သူ႕ ေဘာ့စ္တို႔ကို ထိတာနဲ႔ ဓားၾကည့္ဆိုတဲ့
အတိုင္း လက္သီးကို တင္းတင္းဆုပ္ထား
တာေတြ ေျမႇာက္ျပေနၾကေတာ့ အကုန္လံုးမွာ
ပို၍  ရိွန္လို႔ သြားၾကသည္။

အကြယ္ကေန ေခ်ာင္းၾကည့္ေနတဲ့ ခ်စ္သည္းမာန္
မွာလည္း သူမ ျဖစ္ခ်င္သလို ျဖစ္မလာတဲ့
အတြက္ ေဒါသေတြ ထြက္ကာ အံတႀကိတ္ႀကိတ္
နဲ႔ ေတာက္ေခါက္လို႔ ေန၏ ။

Part  60 ေမွ်ာ္........................................
( ေခါင္ႀကီးက ႐ိုင္းတယ္ ဆိုးတယ္
ဒါေပမဲ့ ေဒၚျဖဴျဖဴ ကို ခ်စ္တယ္
ဒါေၾကာင့္ ေခါင္ႀကီး ကို ခ်စ္ေနရတာ 😁😁
ဟုတ္ေတာ့ ဟုတ္ေနၿပီ ေခါင္ႀကီးက
တဇြတ္ထိုး ေဒၚျဖဴျဖဴ က ေအးေအးနဲ႔ေတာ့ 😆😆
ေခါင္ႀကီး လိုခ်င္ရင္ ေခါင္ရည္ဆိုင္သြားပါ
ဒါဒါေလးေတြ 🤣🤣🤣ဘာလို႔ဆို
ေခါင္ႀကီး မွာ က်မ ေလယူရာယိမ္း
တစ္ေယာက္လုံး ရိွပါတယ္😆😆 )

စာေရးတာ ႏွစ္ႏွစ္ျပည့္ဖို႔ ေလးလပဲ လိုပါေတာ့
တယ္ အဲ့ဒီေတာ္အတြင္း က်မ ေလယူရာယိမ္း
ဝတၳဳေတြ ေရးတာ စုစုေပါင္း 12ပုဒ္ျပီးသြားပါၿပီ
ေခါင္ႀကီး အပါအဝင္ ဆိုရင္ေတာ့
ဆယ့္ သံုးပုဒ္ေပါ့ ဒါေၾကာင့္ ဒါဒါေလးေတြကို
က်မ ေလယူရာယိမ္း တစ္ခု ေမးခ်င္ပါတယ္
က်မကို ဘယ္ ဝတၳဳနဲ႔ စသိတာလဲဟင္
ေအာက္ေဖာ္ျပပါ ဝတၳဳေတြထဲ

1. ကြၽန္ေတာ္ရဲ႕ သူမ
( မာန္လင္းထက္ + ဆူးပန္းနီနီ)
ရြယ္တူကိုမွ အေသ႐ိုတာေလး ဒါေလးက 😆😆

2. ပါးတစ္ဖက္ေလ်ာ္ေၾကး
( အလင္းသစ္ + မိုးသားျပာ  )
မမနဲ႔ ေမာင္ေလးကိုမွ ေမာင္ေလးက
မခ်စ္ဘူးဆိုၿပီး အေသနမ္းတာ 😆😆

3. ထင္မွတ္မထားတဲ့ အခ်စ္
( ညဦးယံ + သာထက္ေမ)
သူငယ္ခ်င္းကေန ခ်စ္သူ ျဖစ္သြားတာေလး
အစကေတာ့ သူငယ္ခ်င္းမေလးကို
မႀကိဳက္ဘူး လုပ္ေန ေနာက္ေတာ့
သူပဲ အေသနမ္းတာ 🤣🤣

4. ၿပိဳးၿပိဳးျပက္ျပက္ ဦးအနမ္း
( စက္ခြန္ထြင္း + အသဲပန္း )
ဦးနဲ႔ ကေလး ေတြ႕လိုက္တိုင္း
ေၾကာင္နဲ႔ႂကြက္ကေန အေသ႐ိုတာေလး 😆😆

5. အမုန္းနဲ႔ အားၿပိဳင္မယ့္ခ်စ္ျခင္းတရား
( တိမ္စိုင္တိုက္ + ေရာင္ျခယ္လင္း)
သူငယ္ခ်င္း အခ်င္းခ်င္း တစ္ေယာက္
နဲ႔ တစ္ေယာက္ လိုက္ၿပိဳင္
ေသေအာင္ေတြ မုန္းေနရာကေန ခ်စ္သြား
တာေလး 😆😆😆

6. အခ်စ္က ခ်ဳိသေလာက္ သူေပးတဲ့
အနမ္းက ၾကမ္းတယ္
( ဘုန္းထက္ဇယ္ + ျမဝါး႐ံု)
ပံုတံုးမမ မ်က္မွန္နဲ႔ မမကို သူ႕ အႀကိဳက္
မဟုတ္ဘူး ျငင္းတာ ျငင္းတာ မင္းသားက
မမလည္း လွေရာ ေမာင္ေလးမင္းသားခမ်ာ 🤣🤣🤣

7. အခ်စ္ထက္ပိုေသာ
( ေတာက္စစ္ေသြး + ညိႇဳ႕မ်က္ရွင္)
သူငယ္ခ်င္း အခ်င္းခ်င္း ခ်စ္လို႔ ခ်စ္မွန္း
မသိတာေလး 😆😆

8. ဂ်မ္းခ်စ္ရတဲ့ ဂ်မ္းရဲ႕ ကိုကို
( တံတိုင္းသစ္  + ဂ်မ္းခင္ခင္)

ရယ္စရာ အေကာင္းဆံုး ဝတၳဳ
မင္းသမီး က ေမ်ာက္လိုေမႊတာ
အတိုက္အခိုက္ကလည္း ရွယ္ပဲ
မင္းသားကေတာ့ မင္းသမီး လက္ခ်က္ေၾကာင့္
အီေစာင့္သြား 🤣🤣🤣

9. မမရဲ႕ ေယာက်ၤားဟာ က်ေတာ္
ေဇာင္ၿမဲျဖန္ တစ္ေယာက္တည္းပဲ
ျဖစ္ရမယ္ (or)  မမက က်ေတာ့္ အပိုင္
( ေဇာင္ၿမဲျဖန္ + လြန္းခါးအိမ္)

အို ဒီ ဝတၳဳေလးကေတာ့ ေခါင္ႀကီးလို
ေဇာင္ၿမဲျဖန္ ေလးကလည္း သူ႕ မမကို
ခ်စ္တတ္လိုက္တာမွ လြန္ေရာ
အေသ႐ိုတာ ဒီ ဝတၳဳက 😆😆😆

10 . ဦးရဲ႕ တစ္ႏွစ္ခံ သတို႔သမီး
( မာန္ဒိုင္းလွ်ံ + ခ်စ္စံအိမ္)

မိဘေတြ ေပးစားမႈေၾကာင့္ 17အရြယ္ေလး
ကို လက္ထပ္ခဲ့ရတဲ့ ဦးမာန္ဒိုင္းလွ်ံ 😆😆
သူလည္း လက္ထပ္ခဲ့ရတဲ့ ေကာင္မေလးက
ပံုတံုးလို႔ မႀကိဳက္ဘူး မႀကိဳက္ဘူး
လုပ္ၿပီး နမ္းလိုက္တဲ့ အနမ္း 🤣🤣🤣

11. အမုန္းေတာ္ခံ သတို႔သမီး
( လင္းၿခံရံ + ေမေသြးျခယ္)
မင္းသမီး ကေတာ့ အေသလန္ထြက္
strong girl ေလး 😆😆😆
မင္းသားကေတာ့ မင္းသမီး လုပ္တာ
ခဏခဏခံရ 🤣🤣🤣
႐ိုတာလည္း ေျပာမေနနဲ႔ 😆😆

12. ဦးရဲ႕ မိန္းမက က်ားက်ားယားယားကြၽန္ေတာ္
( သွ်ားဆက္ရိွန္ + အကၡရာပ်ဳိ)
ကမာၻ ့ အခ်စ္တတ္ဆံုး ဇာတ္လမ္းေလး
ဒါေလးက 😁😁 ဦးသွ်ား ခ်စ္တတ္မႈႀကီးက
ေသေလာက္တယ္ 😭😭😭😭

13. အခ်စ္က သူေစစားရာ
( ေခါင္ယံမိႈင္း + လြန္ႀကိဳးျဖဴျဖဴ )
အေသ႐ိုတဲ့ ေခါင္ႀကီး ဒါေလးက
အရွင္းဆံုး ေျပာရရင္ ေခါင္ႀကီးက က်မလင္ပါ

ကဲ ဒါဒါေလးေတြ အားလံုး ဒီထဲက
ဘယ္ ဝတၳဳမွာ မင္မင့္ကို စသိတာလဲ
အႀကိဳက္ဆံုး ဇာတ္ေကာင္ မင္းသား
နဲ႔ မင္းသမီး ကိုပါ ေျပာသြားၾကပါအံုး
ေလယူရာယိမ္း ဆိုတဲ့ မင္းတို႔ရဲ႕ မင္မင္
ကို ခ်စ္ရင္ေပါ့ 🤒🤒🤒
ေတာင္းဆိုပါတယ္ ေျဖေပးဖို႔ 🤒🤒🤒

မင္မင္ အႀကိဳက္ဆံုး ဇာတ္ေကာင္က
ေခါင္ယံမိႈင္း ပါ 😆😆😆
မင္းသမီး ကေတာ့ က်မ ေလယူရာယိမ္း ပါ 🤣🤣🤣


☆☆☆☆♡⃛   အချစ်က သူစေစားရာ   ♡⃛ ☆☆☆☆
( Part - 59  )

" ငါ ပြောနေတယ်လေ ငါ့နောက်မလိုက်နဲ့လို့..!!
မင်း ငါ့ကို တစ်ယောက်တည်း လွှတ်ထားပေး
လို့ မရဘူးလား ခေါင်ယံမှိုင်း...
ငါ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး "

ခေါင် ဒေါ်ဖြူဖြူ ကို စိတ်ပူပြီး မမှီမှာစိုးတာနဲ့
သူ့မှာ ကားတောင် မယူလာလိုက်ရတဲ့ အဖြစ်။
အခုလည်း သူ လိုက်လာတာကို ဒေါ်ဖြူဖြူ
က ရန်တွေ့နေလေသည်။

"  မောင်.... ဒေါ်ဖြူဖြူ ကို စိတ်မချဘူး...
ဒေါ်ဖြူဖြူ နာကျင်ရင် ပင်ပန်းရင်
ဟောဒီမှာ မောင့် ရင်ဘတ်တစ်ခုလုံး
ရှိတယ်.....ဒေါ်ဖြူဖြူ ပစ်ဝင်လိုက်
မောင် ဖမ်းထားပေးမယ် တစ်ယောက်တည်း
နေချင်တယ်လို့တော့ မပြောနဲ့..!!
​မောင်​ဒေါ်ဖြူဖြူ ကို စိတ်မချဘူး "

လက်ဟန်တွေနဲ့ ရင်​ဘတ်​ကို ပုတ်ပြနေသော
ဖြူဖြူ ရဲ့ လူဆိုးလေးက သိပ်ကို ချစ်ဖို့ ကောင်းသည်။
ခက်တာက သူ ချစ်စရာကောင်းနေပေမဲ့လည်း
ဖြူဖြူ  ဒီအချိန် ဘယ်သူနဲ့မှ အတူမရှိချင်
သေးပါ။ ဒါ့ကို သူ နားလည်အောင် ဖြူဖြူ
ဘယ်လိုပြောရမှာလဲ။

" ငါ တစ်ယောက်တည်း နေချင်တယ် ခေါင်ယံမှိုင်း...
တစ်ရက်လောက်ပါ ဒီနေ့ တစ်ရက်လောက်
မင်း ငါ့နောက် မလိုက်ဘဲ နေလို့ရမလား
ငါ တောင်းဆိုပါတယ် "

ငိုထားလို့ ဖောင်းအစ်နေတဲ့ မျက်လုံးတွေက
အသနားခံသလို တစ်ချက်လာကြည့်တော့
လူက ပျော့ချင်သွားသလိုဖြစ်သွားရသည်။

ဒါပေမဲ့ ခေါင် ပျော့ညံ့လို့ မရ။ ဂေဟာမီးလောင်
တာက လူသတ်မှုကြီး။ သက်သေသာ
မရှိသေးတာ တရားခံက ဦးနိုင်စေမာန် ဆိုတာ
သူ သိသည်။

ဒါ့ကို ဒေါ်ဖြူဖြူ ကို သူ ဘယ်လိုစိတ်နဲ့
တစ်ယောက်တည်း လွှတ်ထားပေးရမှာလဲ။

ဂေဟာမီးလောင်တဲ့ မနေ့ညက သွေးသစ်၊
ခြားနား၊  မိုက်ကယ်တို့နဲ့ ဘားမှာ
သူ အရက်သောက်နေကြသည်။

ခေါင် အရင်က ဒေါ်ဖြူဖြူ ဂေဟာကို
စောင့်ရှောက်ဖို့ ခိုင်းထားတဲ့ လူတွေကိုလည်း
သူ ပြန်ရောက်လာတဲ့အတွက် ဘာမှ
မဖြစ်လောက်တော့ပါဘူးဆိုပြီး အကုန်ပြန်လွှတ်
လိုက်သည်။

အဲ့ဒီမှာ ဇာတ်လမ်းက စတာပဲ။ ဘာမှမဖြစ်လောက်
ဘူးလို့ ထင်နေတဲ့ အချိန်မှာ ဂေဟာက
မီးလောင်သွားခဲ့သည်။

ကံကောင်းလို့ပေါ့။ သူ အရက်သောက်နေရင်း
နဲ့ ဒေါ်ဖြူဖြူ ကို လွမ်းပြီး ဂေဟာကို
ဟိုကောင်တွေကို မပြောဘဲ ထွက်လာမှ
ဂေဟာက မီးလောင်တယ်ဆိုတာ သိလိုက်ရသည်။

အချိန်မှီလေး သူ ရောက်သွားလို့သာ ဒေါ်ဖြူဖြူ
ကို ကယ်လိုက်နိုင်တာပေ။

နို့မို့ဆို သူ့သာ ဒေါ်ဖြူဖြူ ကို လွမ်းပြီး ဂေဟာကို
မလာခဲ့ရင် သူရဲ့ ဒေါ်ဖြူဖြူ က..
နိုး.. .နိုး.. အဲ့ဒီလို မဖြစ်ရဘူး။
သူ့ ဒေါ်ဖြူဖြူ က အခုအသက်ရှင်နေတယ်။

ဒေါ်ဖြူဖြူ သေသွားရင်ဆိုတဲ့ အတွေးမျိုး
ကို သူ လုံးဝ မတွေးနိုင်။

ဒေါ်ဖြူဖြူ ကို သတ်ဖို့လုပ်တဲ့ နိုင်​စေမာန်​ကို
သူ ကလဲ့စားချေမယ်။

ဒေါ်ဖြူဖြူ ခံစားတာနဲ့ တန်အောင် သူ လုပ်
​ပေးသွားမည်။ ဦးနိုင်စေမာန် က ဒေါ်ဖြူဖြူ
အဖေဖြစ်နေရင်တောင်မှ သူ ဂရုမစိုက်။
သူ ဂရုစိုက်တာဆိုလို့ ဒေါ်ဖြူဖြူ ပဲ ရှိသည်။

" ငါ့ နောက် လိုက်မလာပါနဲ့ ခေါင်ယံမှိုင်း...
ငါ တောင်းဆိုပါတယ် "

ပြောပြီး ထွက်ပြေးသွားသော ဒေါ်ဖြူဖြူ
အသံကြားမှ လူက အသိဝင်လာရသည်။

ပြေးထားပါ ဒေါ်ဖြူဖြူ။ မောင့်က
ခင်ဗျား မလိုက်စေချင်မှတော့ နေခဲ့မယ်
ထင်နေတာလား။ နောက်ကနေ မသိမသာနဲ့
တိတ်တိတ်လေးပဲ လိုက်လာ​တော့မယ်။

ခပ်မြန်မြန် ပြေးသွားသော လွန်ကြိုးဖြူဖြူ ကို
ခေါင်ယံမှိုင်း တစ်ချက်ကြည့်ရင်း နောက်ကနေ
မသိမသာလိုက်ဖို့ ကြံပါတော့သည်။

-
-
-
-
-
-
-
-

"  ဖြူဖြူကလေ မာသာလို ကြီးလာရင်
အဲ့ဒီနေရာလေးမှာ ဟိုအန်တီနဲ့ သူ့ သမီးလေးလို
မာသာ နဲ့ တူတူလာထိုင်ချင်တာ
သူတိုို့လို မုန့်​တွေလည်း တူတူစားချင်​တာ  "

ကလေးတုန်းက ဖြူဖြူ ပြောခဲ့ဖူးတဲ့ စကားလေး။
ဘာရယ်မဟုတ် ဖြူဖြူ ပြောလိုက်ပေမဲ့
မာသာ ကတော့ ဖြူဖြူ အသက်ဆယ့်ရှစ်
ပြည့်တာနဲ့ ဖြူဖြူ ထိုင်ချင်သော ပန်းခြံက
ထိုင်ခုံလေးကို လာထိုင်ပေးသည်။

မှတ်မှတ်ရရ အဲ့ဒီနေ့က မိုးအနည်းငယ်
ရွာနေခဲ့သည်။ ဒါပေမဲ့ မာသာကတော့
မိုးရွာလည်း ဖြူဖြူ လိုချင်တာကို
မရမက ဖြည့်ဆည်းပေးခဲ့သည်။

ကလေးတုန်းက ဖြူဖြူ တစ်ခုခုကို အကြာကြီး
ကြည့်လိုက်မိတာနဲ့ မာသာက နောက်နေ့
မခြား အဲ့ဒီ ပစ္စည်းကို ဝယ်လာပေးသည်။

ဖြူဖြူ လိုချင်မှန်း မာသာက အကြည့်တွေနဲ့တင်
နားလည်သည်။ စာလုပ်တိုင်း နွားနို့ တစ်ခွက်၊
သို့မဟုတ် ကော်ဖီတစ်ခွက် အမြဲလိုလို
မာသာ က လာတိုက်တတ်သည်။

ဖြူဖြူ က ဂေဟာမှာ နောက်မှ လာခဲ့ပေမဲ့
မာသာ ရဲ့ အချစ်တွေကိုတော့ အများကြီး
ရရှိခဲ့တဲ့သူပေ။

မာသာ လိမ်းပေးတဲ့ သနပ်ခါးလေးနဲ့လည်း ဖြူဖြူ
က ပထမဆုံး ကျောင်းတက်ခဲ့တဲ့သူရယ်။

ဖျားလို့ နေမကောင်းရင်တောင်မှ မာသာကပဲ
ဖြူဖြူ ကို ပြုစုပေးသည်။

ဖြူဖြူ ဘယ်ဟင်း ကြိုက်တယ် မကြိုက်ဘူး
ဆိုတာကအစ မာသာပဲ သိသည်။

ဖြူဖြူ ကြိုက်တဲ့ဟင်းကိုလည်း မာသာ ပဲ
ချက်တတ်သည်။

အဲ့ဒီလိုပဲ ဖြူဖြူ စာရေးတတ်တာကလည်း
မာသာကြောင့်။ ဖြူဖြူ သနပ်ခါးလိမ်း
တတ်တာကလည်း မာသာကြောင့်။ ဖြူဖြူ
ဟင်းချက်တတ်တာကလည်း မာသာကြောင့်။
ဖြူဖြူ ဆက်ပြီး အသက်ရှင်​နေနိုင်​တာကလည်း
မာသာကြောင့်။

ပြောတော့ မာသာနဲ့ ပန်းမြိုင်ဂေဟာကို ဖြူဖြူ
က စောင့်ရှောက်ပေးမယ်တဲ့။ အခုတော့
ဖြူဖြူ ကြောင့် မာသာတို့က သေသွားခဲ့ရပြီ။

ဖြူဖြူ က​စောင့်ရှောက်မ​ပေးနိုင်တဲ့အပြင်
မာသာတို့ကို သေအောင်လုပ်တဲ့မိန်းမ။

ဒီနေရာမှာ ဖြူဖြူ နှလုံးရောဂါရှိပြီး အသက်ထွက်သွား
ရင် ကောင်းမှာပဲ။

ဒါဆို ဖြူဖြူ ကတိမတည်တဲ့လူ ဟုတ်မယ်မထင်ပါ။

ဂေဟာ မီးလောင်မယ်မှန်းသာ သိရင် မာသာ နဲ့
အတူတူ ဖြူဖြူ အိပ်ခဲ့မှာပေ။

မာသာနဲ့လည်း တစ်ညလုံး ဖြူဖြူ စကားတွေ
အများကြီး ပြောခဲ့မှာ။

မာသာကိုလည်း ဖြူဖြူ အကြာကြီး နှိပ်ပေးခဲ့မှာ။

" အီးဟီး... အင့်ဟင့်... အင့်ဟင့် မာသာ..!!
မာသာ...!!!  မာသာလို့...!!  "

မခံစားနို​င်​တဲ့အဆုံး ရှိူက်ကြီးတငင်ငိုကာ
လွန်ကြိုးဖြူဖြူ အော်​ခေါ်နေခဲ့ပေ
မဲ့ သေသွားတဲ့လူကတော့ သူမ ခေါ်တာ
ကို ပြန်ပြီးထူးနိုင်မှာ မဟုတ်တော့ပေ။

သစ်ပင်အကွယ်ကနေ ကြည့်နေသော ခေါင်ယံမှိုင်း
မှာလည်း ရင်တွေနာလှတာကြောင့် သစ်ပင်
ကို တဘုန်းဘုန်းနဲ့ ထုနေလေ၏ ။
ထိုအခါ သွေးစို့လာသော ခေါင်ယံမှိုင်း လက်က
အနာမှာလည်း နှလုံးသားထဲက ခေါင်ယံမှိုင်း
ဒဏ်ရာ ကိုတော့ နာကျင်တာချင်း မယှဉ်နိုင်ခဲ့ပါ။

*************************

" မာသာကို ဖြူလေး က ဘယ်လောက်ထိ
ချစ်တာလဲ "

" များကြီး... များကြီးချစ်တာ "

ဖြူဖြူ ငါးနှစ်သမီးတုန်းက မာသာ မေးခဲ့တဲ့
စကားတွေကို ပြန်လည်ကြားယောင်လာမိသည်။

အဲ့ဒီတုန်းက က​လေးဆို​တော့ အများကြီးလို့
မပြောဘဲ များကြီးလို့ ဖြူဖြူ က ပြောခဲ့သည်။
ထိုအခါ ဖြူဖြူ ပါးလေးကို ဖဲ့ပြီး မာသာက
ရယ်လိုက်တဲ့ အရယ်။

ဘာလို့လဲ... ဘာလို့ လောကကြီးက ဖြူဖြူ
အချစ်ဆုံးလူတွေကို ခေါ်သွားရတာလဲ။

မာသာ၊  ထွေးထွေး နဲ့ ဂေဟာက ကလေးတွေ
ကိုပါ ခေါ်သွားခဲ့သည်။

အခု ပန်းမြိုင်ဂေဟာကြီးကလည်း မရှိတော့။
ပန်းမြိုင်ဂေဟာမှာ နေတဲ့ ဖြူဖြူ အချစ်ဆုံး
မာသာတို့လည်း မရှိတော့။

ဖြူဖြူ တစ်ယောက်တည်းပဲ ကျန်တော့သည်။

ဒါ့ကို ဖြူဖြူ က ဘယ်လိုအသက်ဆက်ရှင်
ရတော့မလဲ။

ဖြူဖြူ ဘဝကြီးရဲ့ အရေးကြီးဆုံး လူတွေကို
ခေါ်သွားပြီးမှ ဖြူဖြူ က ဘယ်သူ့ အတွက်
အသက်ဆက်ရှင်ရတော့မလဲ။

ဖြူဖြူ သေသွားရင် ကောင်းမှာပဲ။ ဒါဆို
မာသာတို့ကိုပါ ဖြူဖြူ တွေ့နိုင်မှာလေ။

ကျလာသော မျက်ရည်စတွေကို လွန်ကြိုးဖြူဖြူ
မသုတ်ပစ်ဘဲ ပို၍သာ ငိုနေခဲ့သည်။

မျက်နှာတစ်ခုလုံးလည်း ငိုထားလို့ နီရဲနေခဲ့သည်။

သူမကပဲ နာကျင်နေတယ်လို့ လွန်ကြိုးဖြူဖြူ
ထင်နေခဲ့တာ သူမနဲ့ နည်းတူ ခေါင်ယံမှိုင်း
ပါ နာကျင်နေတာကိုတော့ လွန်ကြိုးဖြူဖြူ မသိ
နိုင်ခဲ့ပါ။

>>>>>>>>>>>>>>>>>

" ရူးနေလား ကြည်ဖြူ...!! ငါ့က ဘာလို့
မီးရှိူ့ရမှာလဲ အဲ့ဒီလောက်ထိ ငါ အောက်တန်း
မကျသေးဘူး... ဒါ့ကို မင်း သိပါတယ်
လွန်ကြိုးဖြူဖြူ ကို ငါ စွန့်ပစ်ခဲ့တယ်ဆိုတာ
ကလည်း မင်း အတွက်တွေးပြီး ငါ
လုပ်ပေးခဲ့မိတာ .သူ့ ကံဆိုးမှူ​တွေ
မင်းဆီပါလာမှာစိုးလို့ "

မျက်နှာမပျက်အောင် ဦးနိုင်စေမာန် ထိန်းပြီး
ပြောနေပေမဲ့ သူ့ ရင်အတွင်းမှာတော့
လုံးဝကို မူပျက်နေခဲ့သည်။

" ကျမ ယုံပါတယ် ကို​စေ ရှင် မလုပ်ဘူးဆိုတာ
ဒါပေမဲ့ သမီး ဖြူဖြူ က ရှင် လုပ်တယ်ချည်း
ပြောနေတော့ ကျမ မေးကြည့်မိသွားတာ..
ကျမ သမီး ဂေဟာကို ဘယ်သူ့ က
မီးရှိူ့  ရတာလဲ.. .?? သေချင်းဆိုးနဲ့
သေမယ့်ကောင်..!!  တရားခံ ပေါ်တဲ့
တစ်နေ့ အဲ့ဒီလူ ကျမ အကြောင်း
ကောင်းကောင်းကြီး သိစေရမယ် "

ဒေါ်ကြည်ဖြူခင် ကြိမ်းဝါးနေတာကို
ဦးနိုင်စေမာန် မျက်နှာမပျက် ကြည့်ရင်း
သူ့ ရင်အစုံက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

မတုန်လှုပ်ရိုး ရှိမလား။  ဇနီးသည်ကိုယ်တိုင်က
သူ့ရှေ့မှာ တရားခံဖြစ်​တဲ့သူ့ကို ကြိမ်းဝါးနေတာလေ။

" ကျမ သမီးကို အိမ်ပြန်ခေါ်မယ် ကိုစေ..
အဲ့တာ သူ ဒီပြန်လာတဲ့နေ့ကျရင်​ရှင် ကျမ
သမီးကို ပြန်တောင်းပန်ပေးပါ
ဒါဆို ကျမ ရှင့်ကို ကွာရှင်းဖို့ မပြောတော့ဘူး "

သမီးချစ်သည်း ကြောင့်နဲ့ ကွာရှင်းဖို့ ငြိမ်ကျသွား
တဲ့ သူ့ မိန်းမက လတ်စသပ်တော့
လွန်ကြိုးဖြူဖြူ ကို အိမ်ခေါ်ချင်နေတာကိုး။

ဒီလိုတော့ အဖြစ်ခံလို့မရ။ သူ့မှာ ဂေဟာကို
မီးရှိူ့ဖို့ ပိုက်ဆံတွေ အများကြီး ကုန်ကျခံ
ထားရတာ။ အဲ့တာက ဒွိလိင်မ ကို
အရမ်းမုန်းပြီး သူတို့နဲ့ လာမပတ်​သက်​အောင်​
လို့လေ။ သူနဲ့ ကြည်ဖြူ ကြား
ခလောက်ဆန်တဲ့ ဒွိလိင်မ။ ကောင်းကျိုး
မပေးတဲ့ ယောင်္ကျား မဟုတ် မိန်းမ မဟုတ်
ဟာ။

မီးလောင်တဲ့ အထဲ ပါသွားရမှာကို ကံတွေက
ကောင်းနေတယ်။

ဘယ်လောက် ကံကောင်း ၊ ကံကောင်းပါ။
အချိန်တန် သူ သတ်ပေးမယ်။
သူ့ အတွက် သမီးဆိုတာ ချစ်သည်း ပဲ
ရှိသည်။ ဒွိလိင်မ မရှိစေရ။

" အင်း ကိုယ် သဘောတူတယ် ကြည်ဖြူ...
မင်း အဆင်ပြေမယ်ဆိုရင် ကိုယ်
ဘာမဆို လုပ်ပေးမယ် ကွာရှင်းဖို့ စကား
ကိုတော့ ထပ်မပြောပါနဲ့ "

" ကောင်းပြီလေ ကို​စေ... ကျမ ရှင် ပြောတာ
ကို သဘောတူတယ် "

" ချစ်သည်း သဘောမတူဘူး မာမီ..
လွန်ကြိုးဖြူဖြူ ကို ဒီအိမ်ခေါ်မထားနိုင်ဘူး
သူ့က ချစ်သည်း အစ်မ မဟုတ်ဘူး "

အပေါ်ထပ်က ဒုန်းဆင်းလာပြီး ဆိုလာတဲ့
ချစ်သည်းမာန် ကို ဒေါ်ကြည်ဖြူခင်
ကြည့်ရင်း.....

" ငရဲကြီးမယ် ချစ်သည်း... ဖြူဖြူ က
သမီးအစ်မ အရင်းနော်... "

" မဟုတ်ဘူး မာမီ... သူ့လို ဒွိလိင်မက
ချစ်သည်း အစ်မ မဟုတ်ဘူး
ချစ်သည်း မှာ သူ့လို ဒွိလိင် အစ်မ မရှိဘူး
ယောင်္ကျားတွေကို မြှူစွယ်တတ်တဲ့
ကောင်မ... သူ့က ပိုင်းလုံးမ
ချစ်သည်း ခေါင်ယံ ကို လုတဲ့ဟာမ "

" တော်လိုက်တော့ ချစ်သည်းမာန်...!!
မာမီ သမီးနဲ့ စကားမများချင်ဘူး
ကိုယ့် အစ်မကိုယ် ဒီလိုတွေ ထပ်ပြောနေမယ်
ဆိုရင် မာမီ အပြစ်ပေးမှ သမီး မငိုနဲ့...!!  "

ပြောကာ အပေါ်တက်သွားသော ဒေါ်ကြည်ဖြူခင်
ကို ချစ်သည်းမာန် ဆောင့်အောင့်ကြည့်ပြီး
စိတ်တွေတိုနေခဲ့သည်။

ဦးနိုင်စေမာန်ကလည်း သမီးဖြစ်သူရဲ့ စိတ်ရင်း
ကို ပွင့်ပွင့်လင်းလင်း သိလိုက်ရတော့
သဘောတွေ့လို့သွား၏ ။

သဘောတွေ့မှာပေါ့။ သူနဲ့ မုန်းတာချင်း
တူနေတာကိုး။

>>>>>>>>>>>>>>>>>

" ဘာ.. .ချစ်သည်းက သူ ဒွိလိင် ဆိုတာ
ကျောင်းမှာ ဖြန့်ရမယ် ဟုတ်လား ဒယ်​ဒီ... ?? "

" ဟုတ်တယ် ဒယ်ဒီ သမီးလေး...
သူ ကျောင်းလာတဲ့ နေ့ကျရင်
တစ်ကျောင်းလုံးရဲ့ အမုန်းတရားတွေကို
ခံရမှာ... ဒွိလိင်တွေကို ဒယ်ဒီတို့
တစ်မြို့လုံးက ပိုစိုးပက်စက်မုန်းကြတာ
ဒါ့ကို ဒယ်​ဒီရဲ့  သမီး​လေးက ဖြန့်​လိုက်​လို့
ရှိရင်​တော့......."

" ဟုတ်သား ဒယ်ဒီ... ဒါ့ကို ချစ်သည်း မေ့
နေတာ ..မပူနဲ့ သူ အရှက်ကွဲပြီး
လူမုန်းများအောင် ချစ်သည်း လုပ်ပေးမယ်
အဲ့ဒီဟာမက အဲ့တာနဲ့မှ တန်တာ..
နည်းသေးတယ် သူတို့ ဂေဟာမီးလောင်တာ
သူပါ သူ့  မာသာတွေနဲ့ ရောသေသွားရမှာ..
ကံဆိုးတဲ့ ကောင်မ...!!  သူ ကံဆိုးလို့
လူတွေ သေတာ.. ဒါ့ကို ကျောင်းက
လူတွေသာ သိရင် သူ့ အတွက် နေစရာ
မရှိတော့ဘူး ခေါင်ယံ လည်း ကယ်နိုင်မယ်
မထင်ဘူး "

" ဟားဟား... ဟားဟား "

သမီး ဖြစ်သူအပြောကို ဦးနိုင်စေမာန် သဘော
ကျပြီး ရယ်သွားတော့ ချစ်သည်းမာန်
ကလည်း သူ့ အဖေလို လိုက်ရယ်လေသည်။

သားဖနှစ်ယောက် အခန်းထဲမှာ တိတ်တဆိတ်
စည်းဝေးနေတာက လွန်ကြိုးဖြူဖြူ အတွက်
ဘာဆက်ဖြစ်မလဲဆိုတာ မတွေးဝံ့စရာပေ။

-
-
-
-
-
-
-

နှစ်ရက်ရှိသွားပြီ ဖြူဖြူ ကျောင်းမတက်တာက..။
ဒီနေ့တော့ ဖြူဖြူ မတက်လို့ မရ။
မာသာ က ဖြူဖြူ ကျောင်းပျက်ရင် မကြိုက်
ဘူးလေ။

" ဒီနေ့ ကျောင်းတက်ရအောင် ခေါင်ယံမှိုင်း..
ငါ ကျောင်းမပျက်ချင်တော့ဘူး "

" မနက်ဖြန်မှ တက်ပါလား ဒေါ်ဖြူဖြူ...
ခင်ဗျား ပုံစံက သိပ်မလန်းသေးဘူး "

ဒေါ်ဖြူဖြူ ပုံစံ မလန်းတာထက် ကျောင်းမှာ
ပြဿနာတက်နေလို့ပင်။ အခု တစ်ကျောင်းလုံးက
လူတွေက ဒေါ်ဖြူဖြူ ဒွိလိင် ဆိုတာသိသွား
ပြီး ကျောင်းထုတ်ပေးပါ လုပ်နေလေသည်။
ခေါင် ဒါ့ကို ဘယ်လိုစိတ်နဲ့ ဒေါ်ဖြူဖြူ ကို
ပြောပြရမှာတုန်း။​ကျောင်းအုပ်​ကြီးက​တော့
သူ​ငွေထိုးထားတဲ့အတွက်​ပြဿနာသိပ်​မရှိ။

ရှိ​နေတာက​ကျောင်းက လူ​တွေ။
သူ့ စိတ်သာနဲ့ဆို ကျောင်းကလူတွေကို
lesson ပေးပစ်​မည်။ ဘာမဟုတ်တဲ့
ဒွိလိင်လေးနဲ့ ရေးကြီးခွင့်ကျယ်တွေ
လုပ်နေတာ။

ခက်တာက သွေးသစ် နဲ့ ခြားနား က မှာထားလို့။
သူ ပြဿနာသွားရှာလို့ လက်လွန်သွား
ခဲ့ရင် ဒေါ်ဖြူဖြူ အနား မနေရဘဲ
ထောင်နန်းစံနေရမည်တဲ့။

သိတဲ့အတိုင်း သူ့ စိတ်က လက်တစ်ဆစ်ကိုး။
​ထောင်​ကျမှာကို သူ မ​ကြောက်​ပါ။​ဒေါ်ဖြူဖြူ
အနား မ​နေရမှာ​တော့ သိပ်​ကို​ကြောက်​သည်​။

" ငါ ဘာမှမဖြစ်ဘူး ခေါင်ယံမှိုင်း..
ငါ ကျောင်းသွားမယ် ငါ ကျောင်းပျက်တာ
များနေပြီ... ဒါ့ကို မာသာလည်း သိရင်
စိတ်ကောင်းမယ်မထင်ဘူး "

ချစ်​ရတဲ့ သူ့​ဒေါ်ဖြူဖြူက သွားချင်​နေမှ​တော့
​ခေါင်​လိုက်​လျောရ​တော့မှာ​ပေါ့။

" အိုကေ... ဒေါ်ဖြူဖြူ သဘော
ဟုတ်ပြီလား.. ကဲ ကျောင်းသွားဖို့ ပြင်
မောင်လည်း အောက်မှာ ကားသွားထုတ်ပြီး
လိုအပ်တာတွေ ပြင်ဆင်လိုက်အုံးမယ်
ချစ်တယ်နော် မောင်ရဲ့ ဒေါ်ဖြူဖြူလေး "

" ရွှတ်.. "

နဖူးကို တစ်ချက်နမ်းကာ အခန်းထဲကနေ
ထွက်သွားသော သူ့ကို ဖြူဖြူ ကြည့်နေမိသည်။

ဖြူဖြူ ကသာ ဝမ်းနည်းနေတာ ခေါင်ယံမှိုင်း
ကတော့ ဖြူဖြူ ကို အမြဲတမ်း ချစ်​တယ်ပြောပြီး
နမ်းနေလေသည်။

************************

" ဒွိလိင်မကို ကျောင်းထုတ်....!!
သူ့က လူတွေကို သေစေတဲ့ကောင်မ
သူ ရှိနေရင် ငါတို့ ကျောင်းဆက်မတက်ဘူး "

" ထုတ်.. ထုတ် ဒွိလိင်မကို ကျောင်းထုတ်..!! "

" ကျောင်းထုတ်ပစ် ဒွိလိင်မကို... .!! "

" ဒုန်း.. ဒုန်း.. ဒုန်း.. .!! "

" ထုတ်..!! ထုတ်.. ဒွိလိင်မကို ထုတ်... !! "

ဆိုင်းဘုတ်တွေမှာ ဖြူဖြူ ကို ထုတ်​လို့
​ရေးပြီး  လက်​ထဲကိုင်​တာနဲ့တင်
အားမရ ကျောင်းပေါက်ဝမှာတင် လူစုလူဝေးကြီးက
ဖြူဖြူ လာတာနဲ့ အော်နေကြသည်။

တစ်ချို့ဆို ရေသန့်ဘူးတွေနဲ့ပါ သံစုံသံမြိုင်​
တီးပြီး ထုတ် လုပ်နေကြသည်။

" ဘာမှမဖြစ်ဘူး ဒေါ်ဖြူဖြူ...
မောင့် အနားမှာ ရှိတယ် သူတို့ကို မကြောက်နဲ့
သူတို့ ဒေါ်ဖြူဖြူ ကို ထိတာနဲ့ မောင် သူတို့ကို
သတ်ပစ်မယ် "

ခေါင်ယံမှိုင်း က ဖြူဖြူ လက်ကို တွဲကာ
အထဲကို ခေါ်သွားသဖြင့် လူက လိုက်ပါသွား
ရသည်။ ဖြူဖြူတို့ နောက်မှာလည်း
ခေါင်ယံမှိုင်း တပည့် မိုက်ကယ်နဲ့
မိုက်ကယ် လူတွေ။ ဒါကြောင့် ထင်ပါရဲ့
အခုလို ပြဿနာတက်နေလို့ ခေါင်ယံမှိုင်း
က မိုက်ကယ်တို့ အဖွဲ့ကို ခေါ်လာတာကိုး။
အစက ဖြူဖြူ နားမလည်။ အခုမှ နားလည်
တော့သည်။

" ဒွိလိင်မ ကို ထုတ်ပစ်..!! ဒွိလိင်မကို
ထုတ်ပစ် "

" ဒုန်း.. ဒုန်း.. ဒုန်း.. .!! "

" ဒွိလိင်မ ကို ထုတ်ပစ်..!! ဒွိလိင်မကို
ထုတ်ပစ် "

ဖြူဖြူတို့​ကျောင်းထဲဝင်တာနဲ့ ခုဏက လူအုပ်ကြီး
က ဖြူဖြူတုိ့ နောက် လိုက်လာပြီး ထိုစကားကို
အဆက်မပြတ် ပြောနေကြသည်။

ထိုအချိန် ဖြူဖြူ ခေါင်ယံမှိုင်း ကို ကြည့်လိုက်တော့
သူ့ မေးရိုးကြောတွေက တင်းထောင်နေလေသည်။
သူ ရန်​ထဖြစ်​မှာစိုးပြီး ဖြူဖြူ မှာ သူ့
လက်​လေးကို အသာ​လေးပွတ်​ရင်း
စိတ်​လျှော့ဖို့​လုပ်​ပေး​နေမိသည်​။

" ဒွိလိင်မ ကို ထုတ်ပစ်..!! ဒွိလိင်မကို
ထုတ်ပစ် ...သူ့က လူ​တွေကို​သေ​စေတဲ့
ကံဆိုးမ "

လူအုပ်​ကြီးက ထပ်​ပြောချိန်​မှာ သူ့ လက်​လေး
ကို ကိုင်​ပြီး ဖြူဖြူ​ဖြေ​လျှော့​ပေး​နေတာက
အသုံးမဝင်​တော့ပါ။ ဘာလို့ဆို ဖြူဖြူ
လက်​ကို သူ့က အသာ​လေး ဖယ်​ချသွား
ို့လို့​ပေ။

" ဒွိလိင်မကို ထုတ်လို့ ပြောရအောင် ငါ့ ဒေါ်ဖြူဖြူ
ရဲ့ ဒွိလိင်က မင်းတို့ကို တက်လုပ်နေလို့လား
...ဟမ်​...​ပြောစမ်း....!!!
စောက်ကောင်တွေ စောက်ကောင်မတွေ...!! "

" တက်မလုပ်ပေမဲ့ သူကြောင့် ငါတို့
ကျောင်းက ကံဆိုးလာမှာလေ.. ဒါ့ကို
တစ်ကျောင်းလုံး ကင်း ဖြစ်တဲ့ မင်းက
သိသင့်ပါတယ်.... "

" ဟုတ်တယ် ခေါင်ယံ.. ခေါင်ယံ သိသင့်တယ်
ဒီ ဒွိလိင်မက ခေါင်ယံ နဲ့ မတန်ဘူး "

" ငါတို့ ခေါင်နဲ့ ဒွိလိင်မက မလိုက်ဘူး
ဒွိလိင်မကြောင့် ငါတို့ ခေါင် ကံတွေဆိုး
လာလိမ့်မယ် "

" ခေါင်လေးရေ ဒီကောင်မကို ကာကွယ်ပေး
မနေပါနဲ့ နို့မို့ဆို ခေါင်လေးပါ အသက်အန္တရာယ်
ထိခိုက်လိမ့်မယ်.. ဒီ ဒွိလိင်မကြောင့်
သူ့ကို မွေးခဲ့တဲ့ ပန်းမြိုင်​ဂေဟာက
မာသာတို့က သေသွားတယ်ဆိုလားပဲ "

တစ်ယောက် တစ်ပေါက်နဲ့ ပြောလာကြသော
အကုန်လုံးကို ခေါင် မျက်လုံးရဲကြီးနဲ့
စိုက်ကြည့်ရင်း လက်သီးကိုလည်း
တင်းတင်းဆုပ်ထား၏ ။

" အဲ့တာ ငါ့ စောက်ကြောင်း...! !
မင်းတို့ စောက်ကြောင်း မဟုတ်ဘူး..!!
မင်းတို့ သိထားရမှာက ဒွိလိင်လည်း
လူပဲ.. .ငါတို့ထက် အင်္ဂါ ပိုများသွားတာ
ပဲ ရှိတာ... တကယ်လို့ မင်းတို့
ပြောသလို ငါ့ ဒေါ်ဖြူဖြူ က ကံဆိုးစေရင်
တောင်မှ အဲ့တာကို ငါ့က ပြုံးပြုံးကြီး ခံယူ
လိုက်မယ်... မင်းတို့ နဲ့ မဆိုင်ဘူး
မအေဘေးတွေ.. .ကိုယ့် နေရာကိုယ်
နေစမ်း... ထပ်ပြောလာမယ်ဆိုရင်
ငါ့ လက်သီးက ပါးမရွေးဘူးနော်
ယောင်္ကျားနေနေ မိန်းမ နေနေ
အသေပဲ... ခေါင်ယံမှိုင်း အကြောင်း
သိချင်ရင် စမ်းကြည့်လိုက်...!!!
လူခေါ် xိုးခိုင်းပြီး သတ်ပေးမယ်
​စောက်​ထီးတွေရော​စောက်​မတွေရော
တစ်​ယောက်​မှ မကျန်​....ထောင်ထဲဝင်ရလည်း
ခေါင်ယံမှိုင်း ဆိုတဲ့ ကောင်က စောက်ဂရုမစိုက်ဘူး "

တကယ်လုပ်ရဲတဲ့သူဆိုတော့ ခဏလေးအတွင်း
မှာပဲ ငြိမ်ကျသွားခဲ့သည်။ မကျေနပ်တဲ့သူတွေ
ကတော့ ပွစိပွစိနဲ့ပေ။

သို့သော် ခေါင်ယံမှိုင်းကတော့ ဂရုမစိုက်
လွန်ကြိုးဖြူဖြူ လက်ကို မြဲမြံစွာ ကိုင်လိုက်​
ပြီး  ကျောင်းဝင်းထဲကို ဆက်ဝင်သွားခဲ့သည်။

နောက်က မိုက်ကယ်တို့ အဖွဲ့ကလည်း
သူ့ ဘော့စ်တို့ကို ထိတာနဲ့ ဓားကြည့်ဆိုတဲ့
အတိုင်း လက်သီးကို တင်းတင်းဆုပ်ထား
တာတွေ မြှောက်ပြနေကြတော့ အကုန်လုံးမှာ
ပို၍  ရှိန်လို့ သွားကြသည်။

အကွယ်ကနေ ချောင်းကြည့်နေတဲ့ ချစ်သည်းမာန်
မှာလည်း သူမ ဖြစ်ချင်သလို ဖြစ်မလာတဲ့
အတွက် ဒေါသတွေ ထွက်ကာ အံတကြိတ်ကြိတ်
နဲ့ တောက်ခေါက်လို့ နေ၏ ။

Part  60 မျှော်........................................
( ခေါင်ကြီးက ရိုင်းတယ် ဆိုးတယ်
ဒါပေမဲ့ ဒေါ်ဖြူဖြူ ကို ချစ်တယ်
ဒါကြောင့် ခေါင်ကြီး ကို ချစ်နေရတာ 😁😁
ဟုတ်တော့ ဟုတ်နေပြီ ခေါင်ကြီးက
တဇွတ်ထိုး ဒေါ်ဖြူဖြူ က အေးအေးနဲ့တော့ 😆😆
ခေါင်ကြီး လိုချင်ရင် ခေါင်ရည်ဆိုင်သွားပါ
ဒါဒါလေးတွေ 🤣🤣🤣ဘာလို့ဆို
ခေါင်ကြီး မှာ ကျမ လေယူရာယိမ်း
တစ်ယောက်လုံး ရှိပါတယ်😆😆 )

စာရေးတာ နှစ်နှစ်ပြည့်ဖို့ လေးလပဲ လိုပါတော့
တယ် အဲ့ဒီတော်အတွင်း ကျမ လေယူရာယိမ်း
ဝတ္ထုတွေ ရေးတာ စုစုပေါင်း 12ပုဒ်ပြီးသွားပါပြီ
ခေါင်ကြီး အပါအဝင် ဆိုရင်တော့
ဆယ့် သုံးပုဒ်ပေါ့ ဒါကြောင့် ဒါဒါလေးတွေကို
ကျမ လေယူရာယိမ်း တစ်ခု မေးချင်ပါတယ်
ကျမကို ဘယ် ဝတ္ထုနဲ့ စသိတာလဲဟင်
အောက်ဖော်ပြပါ ဝတ္ထုတွေထဲ

1. ကျွန်တော်ရဲ့ သူမ
( မာန်လင်းထက် + ဆူးပန်းနီနီ)
ရွယ်တူကိုမှ အသေရိုတာလေး ဒါလေးက 😆😆

2. ပါးတစ်ဖက်လျော်ကြေး
( အလင်းသစ် + မိုးသားပြာ  )
မမနဲ့ မောင်လေးကိုမှ မောင်လေးက
မချစ်ဘူးဆိုပြီး အသေနမ်းတာ 😆😆

3. ထင်မှတ်မထားတဲ့ အချစ်
( ညဦးယံ + သာထက်မေ)
သူငယ်ချင်းကနေ ချစ်သူ ဖြစ်သွားတာလေး
အစကတော့ သူငယ်ချင်းမလေးကို
မကြိုက်ဘူး လုပ်နေ နောက်တော့
သူပဲ အသေနမ်းတာ 🤣🤣

4. ပြိုးပြိုးပြက်ပြက် ဦးအနမ်း
( စက်ခွန်ထွင်း + အသဲပန်း )
ဦးနဲ့ ကလေး တွေ့လိုက်တိုင်း
ကြောင်နဲ့ကြွက်ကနေ အသေရိုတာလေး 😆😆

5. အမုန်းနဲ့ အားပြိုင်မယ့်ချစ်ခြင်းတရား
( တိမ်စိုင်တိုက် + ရောင်ခြယ်လင်း)
သူငယ်ချင်း အချင်းချင်း တစ်ယောက်
နဲ့ တစ်ယောက် လိုက်ပြိုင်
သေအောင်တွေ မုန်းနေရာကနေ ချစ်သွား
တာလေး 😆😆😆

6. အချစ်က ချိုသလောက် သူပေးတဲ့
အနမ်းက ကြမ်းတယ်
( ဘုန်းထက်ဇယ် + မြဝါးရုံ)
ပုံတုံးမမ မျက်မှန်နဲ့ မမကို သူ့ အကြိုက်
မဟုတ်ဘူး ငြင်းတာ ငြင်းတာ မင်းသားက
မမလည်း လှရော မောင်လေးမင်းသားခမျာ 🤣🤣🤣

7. အချစ်ထက်ပိုသော
( တောက်စစ်သွေး + ညှို့မျက်ရှင်)
သူငယ်ချင်း အချင်းချင်း ချစ်လို့ ချစ်မှန်း
မသိတာလေး 😆😆

8. ဂျမ်းချစ်ရတဲ့ ဂျမ်းရဲ့ ကိုကို
( တံတိုင်းသစ်  + ဂျမ်းခင်ခင်)

ရယ်စရာ အကောင်းဆုံး ဝတ္ထု
မင်းသမီး က မျောက်လိုမွှေတာ
အတိုက်အခိုက်ကလည်း ရှယ်ပဲ
မင်းသားကတော့ မင်းသမီး လက်ချက်ကြောင့်
အီစောင့်သွား 🤣🤣🤣

9. မမရဲ့ ယောင်္ကျားဟာ ကျတော်
ဇောင်မြဲဖြန် တစ်ယောက်တည်းပဲ
ဖြစ်ရမယ် (or)  မမက ကျတော့် အပိုင်
( ဇောင်မြဲဖြန် + လွန်းခါးအိမ်)

အို ဒီ ဝတ္ထုလေးကတော့ ခေါင်ကြီးလို
ဇောင်မြဲဖြန် လေးကလည်း သူ့ မမကို
ချစ်တတ်လိုက်တာမှ လွန်ရော
အသေရိုတာ ဒီ ဝတ္ထုက 😆😆😆

10 . ဦးရဲ့ တစ်နှစ်ခံ သတို့သမီး
( မာန်ဒိုင်းလျှံ + ချစ်စံအိမ်)

မိဘတွေ ပေးစားမှုကြောင့် 17အရွယ်လေး
ကို လက်ထပ်ခဲ့ရတဲ့ ဦးမာန်ဒိုင်းလျှံ 😆😆
သူလည်း လက်ထပ်ခဲ့ရတဲ့ ကောင်မလေးက
ပုံတုံးလို့ မကြိုက်ဘူး မကြိုက်ဘူး
လုပ်ပြီး နမ်းလိုက်တဲ့ အနမ်း 🤣🤣🤣

11. အမုန်းတော်ခံ သတို့သမီး
( လင်းခြံရံ + မေသွေးခြယ်)
မင်းသမီး ကတော့ အသေလန်ထွက်
strong girl လေး 😆😆😆
မင်းသားကတော့ မင်းသမီး လုပ်တာ
ခဏခဏခံရ 🤣🤣🤣
ရိုတာလည်း ပြောမနေနဲ့ 😆😆

12. ဦးရဲ့ မိန်းမက ကျားကျားယားယားကျွန်တော်
( သျှားဆက်ရှိန် + အက္ခရာပျို)
ကမ္ဘာ့  အချစ်တတ်ဆုံး ဇာတ်လမ်းလေး
ဒါလေးက 😁😁 ဦးသျှား ချစ်တတ်မှုကြီးက
သေလောက်တယ် 😭😭😭😭

13. အချစ်က သူစေစားရာ
( ခေါင်ယံမှိုင်း + လွန်ကြိုးဖြူဖြူ )
အသေရိုတဲ့ ခေါင်ကြီး ဒါလေးက
အရှင်းဆုံး ပြောရရင် ခေါင်ကြီးက ကျမလင်ပါ

ကဲ ဒါဒါလေးတွေ အားလုံး ဒီထဲက
ဘယ် ဝတ္ထုမှာ မင်မင့်ကို စသိတာလဲ
အကြိုက်ဆုံး ဇာတ်ကောင် မင်းသား
နဲ့ မင်းသမီး ကိုပါ ပြောသွားကြပါအုံး
လေယူရာယိမ်း ဆိုတဲ့ မင်းတို့ရဲ့ မင်မင်
ကို ချစ်ရင်ပေါ့ 🤒🤒🤒
တောင်းဆိုပါတယ် ဖြေပေးဖို့ 🤒🤒🤒

မင်မင် အကြိုက်ဆုံး ဇာတ်ကောင်က
ခေါင်ယံမှိုင်း ပါ 😆😆😆
မင်းသမီး ကတော့ ကျမ လေယူရာယိမ်း ပါ 🤣🤣🤣

Continue Reading

You'll Also Like

2K 335 11
Zawgyi /Unicode "ငါ့ကို ဘယ်အချိန်ကနေ ဘယ်လိုစပြီး ချစ်သွားတာလဲ ပြောပြ။" "မချစ်ပါဘူး။ မင်းကို ဘယ်သူကချစ်နေလို့လဲ။" "••••" >>အ​လွန်အကျွံစိတ်ကောက်emo...
2.1K 186 58
လိုက်လိုသည် မလိုက်လိုသည်ထက် လိုက်လာရန်သာ တစ်ပါတည်း ခေါ်ခဲ့တော့သည်။ လွမ်းမာန်ဂုဏ်ရှိန်+နှောင်းသွဲ့သွဲ့ ထွန်းလင်းသာ+နေဝါမင်းမောင် ကြည်သာမှိုင်း+ပန်းနု...
1M 36K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
403K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...