စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...
By PyaeNway
247K 24.2K 362
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်... More
Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဥ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဥ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဥ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဥ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20 . အပေးအယူ
21. ညီအစ်မနှစ်ယောက် ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်းဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
31. အဒေါ်ကိုအပြစ်တင်သည်
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဥ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥ်
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဥ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အ်ိမ်တော်သိို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဥ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဥ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
121. ချင်ဝေ့ဥယျာဥ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှ
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139. စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ဝင်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ဝတ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရွိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176 . အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
1K 129 2
By PyaeNway
" သခင်မလေး ကျုပ်တို့ အဲဒီကို အရင်သွားရမှာလား"
မိုရီသည် မို့ရွှီတုန်း၏ စကတ်ကို ကောက်ကိုင်ထားသည်ကို မြင်ပြီး အပြုံးဖြင့် ချဉ်းကပ်လာသည်။  မဝံ့မရဲမေးရင်း အနောက်ကမြင်းရထားပေါ်ကို သူမရဲ့အကြည့်တွေ ရောက်သွားခဲ့တယ်။ 
"အရင်သွားရအောင်။ စတုတ္ထညီမက သခင်ကို ပြောစရာရှိသေးတယ်" 
မို့ရွှီတုန်းသည် ရထားတံခါးပေါ်မှဆင်းလာပြီး သူမ၏ မျက်လုံးထောင့်များမှ အေးစက်သော ရယ်မောသံကို ဝှက်ထားရင်း မကျေမနပ်ဖြစ်ကာ ရထားတွဲကို ကြည့်လိုက်သည်။ 
လူတစ်ယောက်ကို နှိုးဆွပေးမယ့် ဆေးတွေထည့်ထားတယ်........ 
စတုတ္ထညီမ က သူ့ကို တကယ် သဘောကျတယ်။  သူမသည် မို့ရွှမ်မင်ထက် ယုတ်ညံ့မည်တော့မဟုတ်ပေ။ ထိုနှိုးဆွစေတဲ့ဆေးတွေက သိပ်များများစားစား မထည့်ထားပေမယ့် ကန့်သတ်ထားတဲ့ နေရာတစ်ခုမှာ အကြာကြီးနေတဲ့အခါ တစ်ယောက်ယောက်ကို မထိခိုက်ပဲ နေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 
ထို့အပြင် မို့ရွှမ်ချောင်သည် စီမာလင်းရန် နှင့် ရည်ရွယ်ချက်ရှိရှိ ပရောပရည်လုပ်ခဲ့ပြီး သူမသည် လူကြီးလူကောင်းဟန်ဆောင်ခဲ့သည်။ သို့ဖြစ်၍ စီမာလင်းရန်က သူ့ဆန္ဒတွေကို ဘယ်လို တွန်းလှန်နိုင်မှာလဲ။ 
သူတို့နှစ်ယောက်သည် အမှန်ပင် ဖြစ်ပျက်ခဲ့ပြီး မကြာမီ အချိန်မရွေး ဖြစ်ပျက်သွားနိုင်မည်ဟု သူမ သံသယဝင်ခဲ့သည်။ 
မို့ရွှမ်မင်က သူမကို လုပ်ကြံချင်ပေမယ့် မို့ရွှမ်ချောင်ရဲ့ လက်ဦးမှုကို မမျှော်လင့်ထားခဲ့ပါဘူး။  အခင်းဖြစ်ပွားရာကို ကြည့်ရှုရန် မို့ရွှမ်မင်ခေါ်လာသော လူများသည် သွေးအန်လောက်အောင် ဒေါသထွက်နေမည်လားဟု သူမ တွေးမိသည်။
သူမသည် မိုရီ၏လက်ကို ဆွဲကိုင်လိုက်ပြီး သူတို့ကို လျစ်လျူရှုကာ တောထဲသို့ လှည့်ကြည့်လိုက်သည်။  သူမက တခြားဘာကိုမှ စိတ်ပူစရာ မလိုပါဘူး။
မို့ရွှမ်မင်သည် သူမ၏ဂုဏ်သိက္ခာကို ဖျက်ဆီးလို၍ ရထားပေါ်ရှိလူများ ဆင်းမလာကြောင်း သိလိုက်ရသောအခါတွင် သူမသည် အခြားတစ်ခုခုလုပ်ရန် စီစဉ်နေပေလိမ့်မည်။ မို့ရွှမ်မင်သည် လူတစ်ယောက်ကို ဖမ်းမိတဲ့အခါ သူတို့ဟာ သူတို့ကိုယ်သူတို့ ရှင်းပြရခက်လောက်တဲ့အထိ အခြေအနေကို ဖန်တီးပေးတတ်သည် ။ မို့ရွှီတုန်းသည်လည်း  ထိုရလဒ်ကို မျှော်လင့်နေပြီဖြစ်သည် ။ 
သူမသည် အတော်လေး စိတ်ကောင်းဝင်နေပြီး သူမကို ဝန်းရံထားသည့် ပန်းပွင့်များသည် ထိုအချိန်က ပို၍ပင် လှပနေသည်ဟု သူမ ခံစားမိသည်။ 
ဇီးသီးပွင့်သစ်တောသည် ကျော်ကြားပြီး လာရောက်ကြည့်ရှုသူ အနည်းအကျဉ်းရှိခဲ့သည်။ 
မြင့်မြတ်သော အမျိုးကောင်းသမီး အချို့သည် အတူတူ လျှောက်သွားကြသည်။  သို့သော် များသောအားဖြင့် ၎င်းတို့သည် ယောက်ျားနှင့် မိန်းမတို့ အတူတူတွဲလာသော စုံတွဲများက ပိုများလေသည် ။ အပြင်ထွက်ကစားရတာ အံဝင်ခွင်ကျဖြစ်ပေမဲ့ ယောက်ျားနဲ့မိန်းမတစ်ယောက်ထဲရှိနေရင် ကောလဟာလတွေဖြစ်လာလိမ့်မယ်။ 
ဒီနေ့ မို့ရွှမ်ချောင် မလာဘူးဆိုရင် သူမနဲ့ စီမာလင်းရန် ဟာ အတင်းအဖျင်းပြောစရာဖြစ်လာလိမ့်မယ်။  သူတို့ဟာ နာမည်ဆိုးနဲ့ တွဲဖြစ်သွားလိမ့်မယ်...
ဇီးသီးပွင့်သစ်တောရဲ့ အတွင်းနက်မှာ အကိုင်းအခက်တွေကို အနည်းငယ်လှုပ်သွားစေတဲ့ လေပြေအေးတွေ ရှိနေတယ်။  ပန်းပွင့်များ၊ နှင်းဖြူပန်းများနှင့် ပန်းရောင်ပန်းများ ကြွေကျပြီး အလွန်လှပနေသည် ။ ထိုအလှများသည်  သစ်ပင်အောက်မှာ ရပ်နေတဲ့ ကောင်မလေးပေါ် ရောက်သွားကြတယ်။ 
သူမသည် အလွန်လှပသည်၊ သူမ၏ အသားအရေသည် ကြွေသွားသလိုမျိုး၊ ကြည်လင်ပြီး ဖြူဖျော့ကာ အတွင်းမှ နီမြန်းလာသည်။  သူမသည် အပြစ်ကင်းစင်ပြီး အသန့်စင်ဆုံးသော သိုးဆူကျောက်စိမ်းထက် ပြီးပြည့်စုံသူဖြစ်သည်။ 
သူမသည် ကမ္ဘာပေါ်တွင် အလှဆုံးပန်းထက် ပိုလှပပြီး အကြည်လင်ဆုံးသောရေများထက် ပိုအသက်ဝင်သည်။  သူမသည် ဖော်မပြနိုင်သော ကျက်သရေရှိပြီး မြင့်မြတ်သော ရောင်ဝါရှိသည်။  သူမ၏ မျက်လုံးများသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မိုက်မဲမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို ဖုံးကွယ်ထားသည်။ 
သူမအတွက် အလှပဆုံးအရာက သူမအပြုံးပင် ၊ ထိုအပြုံးသည် သန့်သန့်ရှင်းရှင်းရှိခဲ့သည်။  လေပြေသည် သူမ၏ စကတ်များကို တိုက်ခတ်လိုက်ပြီး သူမ၏ ဝတ်ရုံ လက်စွပ်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ 
သူမ၏ အင်္ကျီအဖြူသည် နှင်းများကဲ့သို့ ဖြူဖွေးနေပြီး ကိုးဘုံမှ နတ်သမီးကဲ့သို့ ဖြစ်နေသည်။  သူမထံမှ အပြုံးတစ်ခုက ကမ္ဘာကြီးကို လှုပ်ခတ်သွားစေနိုင်သည်။ အသစ်ဆောက်ထားတဲ့ ဇီးသီးပွင့်သစ်တောရဲ့ အဆုံးမှာ မြင့်မားတဲ့ တံတိုင်းတစ်ခုရှိတယ်။ 
မင်းသားဂျန်၏ အိမ်ဟောင်းကို ဖျက်ဆီးခြင်းမှ တားဆီးနိုင်ရန် သစ်တော၏ အပြင်ဘက် တံတိုင်းများ ပျက်စီးနေသော်လည်း သူ၏ အိမ်ကြီးကို ဝှက်ထားသည်။  ထို့ကြောင့် သူတို့သည် သစ်တော၏အဆုံးတွင် တံတိုင်းအသစ်ဆောက်ပြီး အိမ်ကြီးကို သစ်တောနှင့်ခွဲထားသည်။ 
နံရံနှင့်နီးသော တောင်အတုတစ်ခုပေါ်ရှိ မဏ္ဍပ်တစ်ခုတွင်၊ ဖန်ယုလန်သည် ဆိုဖာတစ်ခုပေါ်တွင် သူ့ခြေထောက်များကို တော်ရိလျော်စွာ ဖြတ်ကျော်ကာ လှဲနေလိုက်သည်။  သူ့ဘေးက စားပွဲပေါ်မှာ လက်ဖက်ရည်တစ်ခွက်နဲ့ သစ်သီးတွေ ပန်းကန်ပြားတစ်ခု ရှိတယ်။  မဏ္ဍပ်နောက်ကွယ်မှာ မြင်ကွင်းတစ်ခုသည် လေအေးတွေ ပိတ်ဆို့နေတယ်။ သူသည် ဆိုဖာပေါ်တွင် လှဲချလိုက်ပြီး တောအုပ်တစ်ခုလုံးကို ကြည့်လိုက်သည်။ ထိုနေရာသည်  ထာဝရအကောင်းဆုံးနေရာဖြစ်ခဲ့သည်။
မို့ရွှီတုန်း ရပ်နေသည့်နေရာကို သူကြည့်နေသည်။  သူမသည် အောက်ကိုငုံ့ကြည့်ကာ အသက်ပြင်းပြင်းရှူနေသည်။  စိတ်ကောင်းနှလုံးကောင်းဖြင့် မျက်လုံးများဖွင့်ကာ တောအုပ်တစ်ဝိုက်တွင် အလင်းတန်းများနှင့်အတူ လျှောက်လှမ်းနေသည်ကို သူကြည့်နေသည်။ 
သူမ၏ ပြီးပြည့်စုံသော နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်ကို ကြည့်ရင်း သူ့နှုမ်းခမ်းများ အနည်းငယ် ကြွတက်လာသည်။  သူ့မျက်ခုံးတွေ ကော့တက်သွားပြီး ချောမောတဲ့ မျက်နှာပေါ်မှာ စိတ်ဝင်စားတဲ့ အမူအရာ ပေါ်လာတယ်။  အပေါ်စီးကနေ သူမရဲ့ အလှတရားနဲ့ အသက်ဝင်မှုကို ကြည့်တယ်။ အခုချိန်တွင်  သူမသည် ခါတိုင်းကဲ့သို့ ခုခံကာကွယ်မှု သို့မဟုတ် သတိထားနေခြင်းမျိုး မရှိပေ ။  ဒီအချိန်မှာ သူမဟာ တောထဲမှာ ကခုန်နေတဲ့ နတ်သမီးလေးလိုပါပဲ။ 
သူမ၏မျက်နှာတွင် မည်သည်ခြယ်သမှုမှ မပြုလုပ်ထားပဲ သဘာဝအတိုင်း မျက်နှာလေးဖြင့် ကောင်းကင်ကို မော့ကြည့်နေသည် ။  သူမသည် သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ၀တ်ဆင်ထားပြီး အထူးသဖြင့် ဇီးသီးပွင့်သစ်တောတွင် လန်းဆန်းနေပုံရသည်။  သူမသည်လှပခဲ့သည်။  တောကြောင်လေးက သူ့ခြေသည်းတွေကို ဘယ်တုန်းက သိမ်းထားတာလဲ။
ဖန်ယုလန်၏ မျက်လုံးများသည် မို့ရွှီတုန်းထံမှ ဇီးသီးပွင့်သစ်တော၏ အခြားတစ်စိတ်တစ်ပိုင်းသို့ ပြောင်းသွားသည်။  ဟိုကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက ရုတ်တရတ် စူးရှသွားပြီး  သူ့မျက်လုံးတွေ မှိတ်သွားသည် ။ 
ဖန်ယုလန်၏မျက်နှာတွင် ထိုအမူအရာကိုမြင်သောအခါ သူ့အစောင့် ဖန်ယွီသည် နောက်ပြန်ဆုတ်သွားသည်။ ဖန်ယုလန် ကို အနီးကပ် တာဝန်ထမ်းဆောင်နေသူတွေသာ သူ့အပြုံးက ပိုဆိုးရွားလာတာကို သိတယ်။
ဖန်ယုလန်၏ အပြုံးသည် ပိုဆိုးလာလေလေ၊ သူ့မျက်လုံးများ ပိုမိုတောက်ပလေလေ၊ ဒေါသကြီးလေလေဖြစ်ကြောင်း ဖန်ယုလန်ကို အနီးကပ် တာဝန်ထမ်းဆောင်နေသူများသာ သိကြပါသည်။  ရထားတွဲထဲက ဘယ်သူလဲဆိုတာတော့ သူမသိဘူး။ 
ဖန်ယွီသည် တတိယမြောက်သခင်မလေးမို့က ရထားပေါ်မှ ဆင်းလာသည်ကိုသာ မြင်လိုက်ရသည်။  ရထားပေါ်တွင် လူများရှိနေသေးကြောင်း ထင်ရှားသည်။ ရထားမောင်းသူသည် ရထားအနီးတွင် ဂရုတစိုက်စောင့်နေသည်ကို ကြည့်ပြီး ရထားပေါ်တွင် လူများရှိနေသေးကြောင်း ထင်ရှားစွာ ပြောနိုင်သည် ။ 
အကယ်၍ သူ မမှားပါက၊ ရထားပေါ်ရှိ တံဆိတ်များသည် မိုစံအိမ်မှမဟုတ်ဘဲ မြို့စား၏အိမ်မှဖြစ်ကြောင်း ညွှန်ပြနေသည်။ 
ခရမ်းရောင်ဝတ်ရုံများ တဖျပ်ဖျပ်ဖျပ်ခတ်ကာ ပျောက်ကွယ်သွားသည် ။ ဖန်ယွီ လှည့်ကြည့်လိုက်တော့ ဇီးသီးပွင့်သစ်ပင်အောက်တွင်ရှိသော အမျိုးသမီးငယ်တစ်ဦးသည် အမှန်ပင် ဖန်ယုလန်၏ချောမောသောမျက်နှာကို အံ့သြစွာကြည့်နေသည်။ 
သခင်လေးက ဆင်းသွားပြီ.......
သူသည် မင်းသားနောက်သို့ အမြန်ဆင်းလိုက်သွားရသည် ။  ဇီးသီးပွင့်သစ်တောကို ကြည့်ရှုဖို့အတွက်နဲ့ ဒီလောက်မြင့်တဲ့ အမြင့်မှာ သူအစကတည်းက မနေချင်ဘူး။  ဤမဏ္ဍပ်သည် မည်သူမဆို လာရောက်လည်ပတ်နိုင်သော နေရာမဟုတ်ပေ။  မြို့တော်တစ်ခုလုံးထဲက သူ့သခင်သာ လာရဲတယ်။ 
ဧကရာဇ်က သူ့ကို ဆုံးမမှာကို မကြောက်ပဲ သူသည် ဇီးသီးပွင့်များကို ကြည့်ရှုရန်အတွက် ထိုနေရာသို့ အမြဲလာခဲ့သည် ။  သို့သော် ယခုအချိန်တွင် သူသည် ဇီးသီးပွင့်များကို နှစ်သက်နိုင်မည် မဟုတ်တော့ပေ ။
ဖန်ယွီသည် သူ့ကိုယ်သူ သက်ပြင်းချကာ ချက်ခြင်းပင် မဏ္ဍပ်မှ ထွက်လာခဲ့သည်။ မြို့စားအိမ်ကြီး၏ရထားကိုသူ၏မျက်လုံးထောင့်မှ လူများဝိုင်းရံထားသည်ကိုသူတွေ့ရှိခဲ့သည်။  သူတို့သည် ဝေးကွာလွန်းသဖြင့် စကားစမြည်ပြောနေသံကို သူ မကြားနိုင်ပေ။  လေတိုက်သံများနှင့်အတူ ခရီးသွားသော အမျိုးသမီးတစ်ဦး၏ ရယ်မောသံကိုသာ သူကြားနေရသည်။ 
တစ်ခုခုဖြစ်ခဲ့ပုံရတယ်။  ကောင်းပါတယ်၊ အနည်းဆုံးတော့ မင်းသားက သူ့ဒေါသကို လွှတ်လိုက်မယ်ဆိုရင် ဖန်ယွီဟာ အကျင့်ပျက်ခြစားမှုတွေကို လုပ်ရမှာ မဟုတ်ဘူး။ 
"ဖန်ယုလန်" 
မို့ရွှီတုန်းသည် ဖန်ယုလန်၏ ချောမောသော မျက်နှာကို အံ့သြစွာ ကြည့်လိုက်သည်။  ထိုအချိန်တွင် သူမ မတုံ့ပြန်နိုင်တော့ဘဲ စကားထစ်သွားသည်။  ထို့နောက် သူမစိတ်တွေ ကြည်လင်လာကာ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်စွာ ရပ်နေကြသည်ကို သူမ သိလိုက်ရသည်။  သူမသည် ချက်ချင်းပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ရိုသေစွာ နှုတ်ဆက်သည် ။
"မင်းသားရှောင်!" 
ဖန်ယုလန်သည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်လို ဂရုတစိုက် ချည်းကပ်သွားသည်ကို မြင်သောအခါ သူမ စိတ်တိုသွားသည်။ 
ဖန်ယုလန်သည် သူ့မျက်နှာတွင် အပြုံးကို ထိန်းမထားနိုင်တော့ပေ ။  သူ့မှာ အမြဲဂုဏ်ယူနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိရင်........
"မင်းက မြို့စားရဲ့ရထားပေါ်ကနေ ဘာလို့ ထွက်လာတာလဲ။ မင်းဟာ မြို့စားရဲ့အိမ်နဲ့ ဘယ်တုန်းက ဒီလောက်ရင်းနှီးလာတာလဲ။ နူးညံ့ပြေပြစ်သော စီမာလင်းရန်က မင်းအတွက် မသင့်တော်ဘူး ။  မင်းက သူ့ကို ဆိုးဆိုးရွားရွား ရိုက်ဖို့ အမိန့်ပေးထားတာ သူသိရင် သူ မင်းကို သိပ်ချစ်နေဦးမှာလားလို့ ကျုပ်တွေးမိတယ်!"
ဖန်ယုလန် ၏ လှပသော မျက်လုံးများသည် ရယ်မောခြင်းများဖြင့် ပြည့်နှက်နေပြီး ပြီးပြည့်စုံသော မျက်နှာသည် ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။ ဖန်ယွီသည် အခြေအနေကို သတိပြုမိသည်။  နောက်တော့ သူ အရိပ်အယောင်နဲ့ သစ်ပင်ပေါ်တက်ပြီး သူမရှိသလိုနေဖို့ ကြိုးစားတယ်။
မင်းသားက ဘာကြောင့် ဒီလောက်စိတ်ဆိုးသွားလဲဆိုတာ နားလည်သွားပုံရတယ်...
မို့ရွှီတုန်းက သူဘာကိုဆိုလိုသလဲဆိုတာကို နားမလည်ခဲ့ပါ။  သူမ မျက်တောင်ရှည်တွေ တလှုပ်လှုပ်နဲ့ သူ့ကိုကြည့်လိုက်တယ်။ပန်းနုရောင်နှုတ်ခမ်းလေးတွေက ထိတ်လန့်တုန်လှုပ်သွားသည် ။
ဖန်ယုလန်ကြောင့် သူမ တုန်လှုပ်ခြောက်ခြားသွားသည် ။ သူ ဘာကိုဆိုလိုသည်ကို သူမ နားလည်သော်လည်း နားမလည်နိုင်သလိုလို ဖြစ်နေသေးသည် ။
ဖန်ယုလန် က သူ့ဒေါသတွေ ပြေပျောက်ဖို့ သူမကို ဘာကြောင့် ရှာခဲ့တာလဲ။ သူမက သူ့ကို ဘာလုပ်လိုက်လို့လဲ!  သူမသည် မသိစိတ်မှ နောက်ပြန်ဆုတ်ကာ ဖန်ယုလန် နှင့် ခပ်ခွာခွာနေခဲ့သည်။
ဖန်ယုလန်သည် သူလုပ်ချင်သမျှကို လုပ်ချင်တိုင်းလုပ်တတ်သူဖြစ်သော်လည်း သူမသည် အလွယ်တကူ အနိုင်ကျင့်ခံမည့်သူမဟုတ်ပေ။  သူမကို အလွယ်တကူ ပုံသွင်းနိုင်ပြီး သူလိုချင်တာမှန်သမျှ လုပ်မယ်လို့ သူတကယ်ထင်ခဲ့တာလား။  ဘုရာစား အမြဲရွတ်နေတဲ့ ဗုဒ္ဓတောင်မှ ဒေါသတော့ ရှိမှာပါပဲ။  ထို့အပြင် သူမသည် လူသားဖြစ်သည်။ 
သူမ၏ တက်ကြွသော မျက်လုံးများ မှိတ်ထားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။  သူမသည် သူနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု သူ့ကိုယ်သူပြောခဲ့သည်။ 
မင်းသားရှောင် ၊ ဖန်ယုလန် သူသည် ဧကရာဇ်ဇုန်ဝမ်ထံမှ ထီးနန်းဆက်ခံနိုင်သည်။  ဧကရာဇ်သည် သူ၏တောင်းဆိုမှုတိုင်းကို အလေးအနက်ထားခဲ့သည်။ မို့ရွှီတုန်း က သူ့ကို မစော်ကားနိုင်ဘူး။ 
" ဘာလဲ၊ မင်းပြောစရာမရှိဘူးလား။  မင်းက ကျုပ်ကို စိုက်ကြည့်နေတာလား။  ချောမောတဲ့ စီမာလင်းရန်က မင်းကို ဒီလိုမြင်ရင် ဘယ်လိုပြောမလဲ ငါသိချင်တယ်။ သူကမင်းနဲ့ နေ့ခင်းအချိန်မတော်မှာတောင် လူမြင်ကွင်းမှာ ချိန်းတွေ့နေတာ လူအများရဲ့အမြင်ကို ဂရုမစိုက်ဘူးလားလို့ ကျုပ်တွေးမိတယ် "
ဖန်ယုလန်က သူမနောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်သွားသည်ကို မြင်သောအခါ ထေ့ငေါ့ပြောလိုက်သည်။ 
"ဒါတောင်မှ ဒါက မင်းသားနဲ့ ဘာမှ မဆိုင်ဘူးထင်တယ်"
မို့ရွှီတုန်းက သူ့ကိုယ်သူ ဒေါသမထွက်ဖို့ သတိပေးပေမယ့် သူ့မျက်လုံးတွေက ဒေါသတွေ တောက်လောင်လာသည် ။သူမသည်  ဒေါသကြီးသော အမူအရာဖြင့် ပြန်ပြောရင်း သူမ၏ ချိုမြိန်သော အပြုံးသည် မျက်နှာပေါ်တွင် အေးခဲသွားသည်။
"ကျုပ် ဘယ်လိုမှ အပန်းဖြေလို့မရတော့ဘူး ။ တို့က မဏ္ဍပ်ထဲက ရှုခင်းတွေကို ကြည့်နေတာ ၊ ​​ဒါပေမယ့် မင်းတို့နှစ်ယောက်က ရှုခင်းတွေကို ဖျက်စီးပစ်လိုက်တယ်။ အဲဒါကို ကျုပ်မနှစ်သက်ဘူး၊ ဒါကြောင့် ကျုပ် စိတ်ဆိုးနေတာ သဘာဝအတိုင်းပဲ။ မို့ရွှီတုန်း မင်းက အမှားလုပ်ထားပေမဲ့ မင်းကကျုပ်ကို စိုက်ကြည့်နေတုန်းပဲ။ ကျုပ် မင်းကို အပြစ်ပေးမှာမဟုတ်ဘူးလို့ မင်းတကယ်ထင်နေတာလား။ "
ဖန်ယုလန်သည် မယဉ်ကျေးစွာ လက်ခါပြပြီး သူမကို လှည့်မကြည့်တော့ပေ။  သူ့အမူအရာက ရှုခင်းကို မကြည့်နိုင်လောက်အောင် စိတ်ဆင်းရဲသွားသည့်ပုံပင် ။ 
အဲဒါက ဘယ်လို အကြောင်းပြချက်ကြီးလဲ....... 
သူက ရှုခင်းတွေကို ကြည်ရှုဖို့ စိတ်မပါတော့တာ သူမနဲ့ ဘာဆိုင်လို့လဲ ၊  ဒီလူက ယုတ္တိမတန်ဘူး။ သူက  မြင့်မြတ်တဲ့ မင်းသားတစ်ယောက်လို ဟန်ဆောင်နေပေမယ့်လည်း သူအပြုအမူက ဒီလိုနဲ့မတူပါဘူး။ 
မို့ရွှီတုန်းသည် ဒေါသကို ထိန်းသည်။ သူမ မင်းသားကို ဒေါသမထွက်ရဲဘူး။
စီမာလင်းရန် နဲ့ သူမ?????? 
စီမာလင်းရန်နဲ့ သူမကို သူ့ရဲ့ဘယ်မျက်လုံးနဲ့ မြင်ခဲ့တာလဲ။ စီမာလင်းရန်က မို့ရွှမ်ချောင် နဲ့တွဲပြီး ရထားပေါ်မှာ ရှိနေတုန်းပဲ။ 
"မင်းသားရှောင် မင်းပြောတာကို တို့ နားမလည်တဲ့အတွက် ခွင့်လွှတ်ပါ။ တို့က မြို့စားရဲ့ အိမ်တော်ရထားပေါ် တက်လာပေမယ့်လည်း တို့အိမ်အကူနဲပဲ အတူရှိနေတာပါ ။ အဲဒါက မင်းသားကို ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်စေလဲတော့ မသိဘူး။ ဒါပေမယ့် ဒီလိုဖြစ်နေပြီဆိုတော့၊ တို့ အရင်ဆုံး ထွက်သွားပြီး ဒီဆိတ်ငြိမ်တဲ့ တောအုပ်ကို မင်းဆီ ပြန်ပေးလိုက်ပါမယ်။"
မို့ရွှီတုန်း က နှုတ်ခမ်းတွေကို ကိုက်ပြီး ကူကယ်ရာမဲ့စွာပြောလိုက်တယ်။ ဖြစ်နိုင်ရင် သူက ချိန်သီးတစ်လုံးလို ပြင်းထန်စွာ လှုပ်ရှားနေတဲ့ မင်းသားရှောင် နဲ့ ဆက်ဆံဖို့ မလိုလားပါဘူး။ 
"မင်းမဟုတ်တဲ့ ရထားပေါ်မှာ တခြားဘယ်သူရှိသေးလဲ"
ဖန်ယုလန်က သူ့ဘေးနားက ဇီးသီးပွင့်သစ်ကိုင်းကို လက်ညိုးထိုးလိုက်ပြီး အကိုင်းအခက်တစ်ခုကို ချိုးလိုက်တယ်။  သူသည် မို့ရွှီတုန်းကို လွှတ်ထားရန် ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိကြောင့် သူမ ကူကယ်ရာမဲ့ သဘောပေါက်သွားသည် ။
ထိုယောက်ျားသည် သာမန်လူလို ပြုမူပုံမျိုးမဟုတ်ပေ။မို့ရွှီတုန်းသည် သူမ၏ နှလုံးသားထဲတွင် ရှိုက်ကြီးတငင် အော်လိုက်သည် ။  အခြေနေက သူ့အတွက် အခက်တွေ့နေဆဲပါ။
ဘာတွေဖြစ်နေတာလဲ!
မို့ရွှီတုန်းက အကြောင်းတစ်ခုခုကြောင့် သက်ပြင်းချပြီး သူဘာလိုချင်မှန်း သူမ မသိတာကြောင့် ပြန်ဖြေလိုက်ပါတယ်။ 
“တို့နှင့် စတုတ္ထညီမတို့က သခင်လေးစီမာ တို့နဲ့အတူ လိုက်ပါလာခဲ့ပါတယ် ။ တို့အစ်မအကြီးဆုံးကလည်း ခဏနေ လာလိမ့်မယ်။”
သူမနှင့် သူမအစ်မများကြားတွင် ဖြစ်ပျက်နေသည့်အရာများကို သူအား သူမ သေချာပြောပြမည်မဟုတ်ပေ။သူမ၏ရှေ့မှောက်တွင် ရှိသောယောက်ျားသည် သူနဲ့ သူ့ညီမတွေကြားက ပြဿနာများကို ရှာဖွေတွေ့ရှိပါက၊ သူသည် ရှိုးပွဲကြည့်နေသလိုမျိုး မြို့တော်တစ်ခုလုံးကို သိအောင် ကြည့်နေလိမ့်မယ်။ 
သူသည် မို့ရွှမ်ချောင် ကိုသာမက မို့အိမ်တော် တစ်ခုလုံးကိုလည်း အရှက်ရစေမည်ဖြစ်သည်။  မည်သို့ပင်ဆိုစေကာမူ မို့ရွှီတုန်းသည် မိုမိသားစု၏သမီးတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် အဓိကတရားဝင်သမီးဖြစ်နေဆဲဖြစ်သည်။ 
သူမသည် မို့အိမ်တော်၏ဂုဏ်သတင်းကိုထည့်သွင်းစဉ်းစားရန်လိုအပ်သည်။ မို့ရွှီတုန်း၏ စတုတ္ထညီအစ်မသည် ရထားပေါ်၌ ရှိနေသော်လည်း မို့ရွှီတုန်းသည် ရထားမှ ထွက်ခွာသွားသော တစ်ဦးတည်းသောသူဖြစ်သည်။ ရထားပေါ်တွင် အမှန်တကယ်ပင် လူများရှိခဲ့ပြီး ၎င်းတို့မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ 
မြို့စား၏သား စီမာလင်းရန်နှင့် မို့အိမ်တော်၏ စတုတ္ထမြောက်သခင်မလေး....... 
စိတ်ဝင်စားစရာကောင်းတဲ့အတွဲ.. 
ဟုတ်ပါတယ်၊ ဒါက စီမာလင်းရန်နဲ့ သူမနဲ့ ဘာမှဖြစ်မလာဘူးလို့ ဆိုလိုတာပါ။
ဖန်ယုလန်သည် သူ့မေးစေ့ကို ရွှတ်နောက်နောက်နှင့် ထိလိုက်သည် ။  သူက သူ့လက်ထဲမှာ ဇီးသီးပွင့်အကိုင်းအခက်ကို ကိုင်လိုက်ပြီး "မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။ ပန်းတွေကို သဘောကျဖို့ မင်းကျုပ်ရဲ့ စိတ်ခံစားချက်ကို ဖျက်စီးပြီးရင် လျော်ကြေးအနေနဲ့ ကျုပ်နဲ့ လျှောက်သွားပေး " လို့ပြောလိုက်တယ်။ 
ဖန်ယုလန်က သူပြောတာ မှန်သလိုပဲ။  သူသည် သစ်ကိုင်းကို မို့ရွှီတုန်း၏လက်ထဲသို့ထည့်လိုက်ပြီး သူ့လက်ကို သူ့နောက်ကျောတွင်ထားလိုက်သည်။  သူက မို့ရွှီတုန်းကို ကြည့်လိုက်ပြီး သူ့နောက်ကို လိုက်ဖို့ လက်ဟန်ပြသည်။  ထို့နောက် တောနက်ထဲသို့ လျှောက်သွားခဲ့သည်။
ဖန်ယုလန်၏နှုတ်ခမ်းတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် မို့ရွှီတုန်း၏ အပေါ်ယံဖြေကြားခဲ့သော စကားများထဲတွင့် ဖွက်ထားသောအရာများကိုပါ မြင်လေသည် ။ မြေခွေးလေးသည် အမှန်ပင် မြေခွေးကလေးဖြစ်သည်။  သူမသည် စီမာလင်းရန်အား လှည့်စားခဲ့ပုံရသည် ။
စီမာလင်းရန်သည် ကိုယ်လုပ်တော်သမီးလေးအတွက် သူ့အကြံအစည်ကို ပျက်ပြားစေမည်ဟု သူ မယုံကြည်ပေ။
Continue Reading
You'll Also Like
123K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...
955K 75.2K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
574K 14.9K 77
896K 101K 59
The contents of this fiction are purely the author's imagination.