Slowly Falling For Changkong...

By ANyein_26

49.9K 5.3K 165

Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.12.2023 More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ )
Chapter-58 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ‚ )
Chapter-59 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แƒ )
Chapter-60 ( แ€›แ€พแ€”แ€บแ€ทแ€”แ€ฝแ€™แ€บแ€กแ€แ€ปแ€•แ€บแ€•แ€ญแ€ฏ - แ„ )
Chapter-61 ( แ€œแ€€แ€บแ€‘แ€•แ€บแ€แ€ฝแ€„แ€บแ€ทแ€แ€ฑแ€ฌแ€„แ€บแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-62 ( แ€œแ€€แ€บแ€‘แ€•แ€บแ€‘แ€ญแ€™แ€บแ€ธแ€™แ€ผแ€ฌแ€ธแ€แ€ผแ€„แ€บแ€ธ )
Chapter-63 ( แ€€แ€œแ€ฑแ€ธแ€œแ€ฑแ€ธ )
Chapter-64 ( Date )
Chapter-65 ( แ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€ฝแ€พแ€ฑแ€ทแ€แ€ผแ€„แ€บแ€ธ )
Chapter-66 ( แ€แ€ฑแ€ทแ€›แ€ญแ€แ€ปแ€”แ€บ ) The End

Chapter-38

571 71 0
By ANyein_26



သူ့စကားတွေက အရိပ်အမြွက်ပြလွန်းနေတာပဲ.. ရွှီလျန်မှာ အမောတကောဖြင့် အသက်ရှူသံပြင်းနေကာ 'အင်း' ဟုဖြေလိုက်၏။ မျက်နှာထက်က အိပ်ငိုက်နေသောအသွင်အပြင်မှာလည်း ပျောက်ကွယ်သွားရပါတော့သည်။

ရှန့်ချန်ခုန်း နေရာရွေ့လိုက်သည်နှင့် ရွှီလျန်ကလည်း ထထိုင်လိုက်၏။ သူမရင်ဘတ်နေရာတစ်ဝိုက်၌ အအေးဓာတ်ခံစားလိုက်ရကာ သူမ ငုံ့ကြည့်လိုက်တော့ သူမအင်္ကျီလည်အဟိုက်က ပွင့်ဟနေလျက် သူမအတွင်းခံမှာလည်း မျက်စိအောက်မှာပဲရှိနေလေသည်။

"........"

ရှန့်ချန်ခုန်းသည်လည်း သတိထားမိသဖြင့် ရုတ်တရက် ခုနလေးတင် သူမအင်္ကျီကြယ်သီးအချို့ကို သူ ဆွဲဖြုတ်လိုက်မိသလိုလိုရှိကြောင်း သတိရသွား၏။

"ကြယ်သီးတွေက အိပ်ရာပေါ်က တစ်နေရာရာမှာရှိလိမ့်မယ်"

သူ့ခေါင်းကိုငုံ့လျက် ရွှီလျန်အား ကြယ်သီးကူရှာပေးနေစဉ် ရှန့်ချန်ခုန်းမျက်နှာမှာ ပူလောင်နေ၏။ မည်သို့ပင်ဖြစ်စေ ရွှီလျန်၏ကြယ်သီးများမှာ အလွန်သေးငယ်သောကြောင့် အချိန်နည်းနည်းရှာပြီးသွားတာတောင် သူတို့မှာ တစ်လုံးတည်းသာ ရှာတွေ့ခဲ့သည်။

ရှန့်ချန်ခုန်းက ခေါင်းငုံ့ထားမြဲဖြစ်ကာ သူ့မျက်လုံးများကလည်း စကားပြောရင်း ရှောင်ဖယ်နေ၏။

"ကိုယ်... ကိုယ် ဆင်တူတဲ့ကြယ်သီးကို ရှာထားလိုက်မယ်"

ရွှီလျန်မှာ သူ၏နီမြန်းနေသောနားရွက်လေးများက ရယ်စရာကောင်းကြောင်း တွေ့လိုက်ရသည်။ ဒီလူကတော့ ခုနကလေးတင် သူမကို ရဲရဲတင်းတင်း နမ်းရှိုက်နေတဲ့သူက အခုတော့ လူပျိုလေးတစ်ယောက်လိုမျိုး ရှက်နေသေးတယ်။

သူမအင်္ကျီကိုဖုံးလိုက်ရင်း ပြုံးနေလျက်

"ကိစ္စမရှိပါဘူး ကျွန်မအိမ်မှာ ကြယ်သီးအပိုရှိလိမ့်မယ်"

"အာ အိုကေ အမ်.... ဒါဆို အရင်ဆုံး ကိုယ် မင်းကို ဒီကြယ်သီးချုပ်ပေးလိုက်မယ်"

သူမကို သူ့အခန်းထဲကနေ ဒီလိုပုံစံမျိုးနဲ့ ထွက်သွားခွင့်ပြုဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

ရွှီလျန် နည်းနည်းအံ့ဩသွား၏။

"ဘယ်လိုချုပ်ရမလဲဆိုတာ ရှင်သိတယ်လား"

ဒါက အမျိုးသားတွေမှာ မထင်မရှားကျွမ်းကျင်မှုတစ်ခုပါပဲ။

သူတို့ရှာတွေ့ထားသောကြယ်သီးတစ်လုံးကိုကိုင်ထားရင်း ရှန့်ချန်ခုန်းသည် သူ့အဝတ်ဗီရိုကိုဖွင့်၍ အပ်ချည်ဘူးတစ်ဘူးကို ယူထုတ်လိုက်သည်။

"အင်း ဒါက ကြယ်သီးတစ်လုံးချုပ်ရုံတင်ပါ ခက်ခဲတာမှမဟုတ်တာ"

"အိုး"

ရွှီလျန် ခေါင်းစောင်းလျက် သိချင်စိတ်ဖြင့်

"ဒါဆို ကြက်ခြေခတ်ချုပ်ရိုးကိုရော ချုပ်တတ်လား"

"......."

"ကိုယ် တစ်ခါမှတော့မလုပ်ဖူးဘူး ဒါပေမဲ့ ခက်တော့မခက်လောက်ပါဘူး လိုအပ်တာတစ်ခုက စိတ်ရှည်ဖို့ပဲ"

သူက ကြယ်သီးအပေါက်မှ ပြတ်ထွက်နေသောအပ်ချည်မျှင်များကို ဆွဲထုတ်ပြီး သူ့အပ်ဘူးထဲမှ အရောင်တူအပ်ချည်တစ်ခုကိုရှာဖွေပြီးနောက်

"မင်းအင်္ကျီချွတ်လိုက်"

အကယ်၍ သူမအင်္ကျီလက်အနားခေါက်က ကြယ်သီးတစ်လုံးသာဖြစ်ခဲ့ပါက သူ ဒီအတိုင်း ချုပ်ပေးလို့ရနိုင်ပေမဲ့ ရင်ဘတ်နေရာနားမှာ တစ်စုံတစ်ရာကို ချုပ်ပေးဖို့ဆိုတာကတော့.... အတော်လေး ထိခိုက်လွယ်ပါ၏။

ရွှီလျန်သည် သူ့တောင်းဆိုမှုကို သိပ်ပြီးမစဉ်းစားဘဲ မဆိုင်းမတွ သူမအင်္ကျီကြယ်သီးအားလုံးကိုဖြုတ်၊ ဆွဲချွတ်ပြီး ရှန့်ချန်ခုန်းကို ပေးလိုက်သည်။

ရှန့်ချန်ခုန်း ".........."

သူ အင်္ကျီကို တိတ်တဆိတ် လက်ခံယူပြီး သူ့စောင်ကိုမ၍ ရွှီလျန်ကို ကမ်းပေး၏။

"ဒီမှာ ဖုံးထားလိုက် ဒါဆို မင်းအအေးမိမှာမဟုတ်ဘူး"

ရွှီလျန်သည် သူမကိုယ်ကို စောင်ဖြင့်ပတ်ထားလျက် သူ့နားရွက်လေးတွေ နောက်တစ်ဖန် နီမြန်းလာသည်အား စောင့်ကြည့်နေလေသည်။ သူမ မနေနိုင်တော့ဘဲ တိုးတိုးလေး ရယ်မိသွားခဲ့၏။

ရှန့်ချန်ခုန်း အပ်ချုပ်တာ အလွန်မြန်ဆန်၏။ ရွှီလျန်မှာ သူက အပ်ချည်ထိုး၊ အထည်သားကို နှစ်ကြိမ်သုံးကြိမ်မျှထိုးဖောက်ပြီး ပိုနေသောအပ်ချည်မျှင်အား ဖြတ်တောက်လိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။

"ဒီမှာ ဝတ်ကြည့်လိုက်"

"အင်း"

ရွှီလျန် စောင်ထဲမှထ၍ ကမ်းပေးလာသောအင်္ကျီကို ဝတ်လိုက်သည်။ ရှန့်ချန်ခုန်းက သူမကို ကြည့်နေသဖြင့် ရွှီလျန်မှာ သူမအင်္ကျီကြယ်သီးအား ဖြည်းဖြည်းချင်း တပ်နေ၏။

ဒီတစ်ကြိမ်မှာတော့ သူ ဘာကိုမျှော်လင့်ရမယ်ဆိုတာ သိထားပြီး စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသောကြောင့် ရှန့်ချန်ခုန်းက သိပ်မတုံ့ပြန်ခဲ့ပေ။ ရွှီလျန်က သူမကြယ်သီးများကို အေးအေးဆေးဆေး တစ်လုံးပြီးတစ်လုံး တပ်နေသည်ကိုပဲ ကြည့်နေလေသည်။

အင်္ကျီတွင် ကြယ်သီးတစ်လုံးတည်းသာ ထပ်ထည့်ထားပါသော်လည်း ရင်ဘတ်ပွင့်ရာမှ အနိမ့်ပိုင်းသို့သာ ပြောင်းလဲသွားခဲ့သည်။

ရှန့်ချန်ခုန်းကတော့ ရွှီလျန်၏အတွင်းခံကို မြင်ရနိုင်သေး၏။ ချောင်းတစ်ချက်ဟန့်၍ နောက်ဆုံးတွင် သူ့အကြည့်များက သူမမျက်ဝန်းတွေကိုကြည့်လျက်

"မင်း ခဏလောက်ထပ်အိပ်ချင်သေးလား"

ရွှီလျန် ခေါင်းယမ်းလိုက်သည်။ 

"မအိပ်ချင်တော့ဘူး"

လွန်ခဲ့သည့်အချိန်အနည်းငယ်ကပင် သူမ အလွန်စိတ်လှုပ်ရှားနေသဖြင့် အိပ်ချင်စိတ်မရှိတော့။

"ဒါဆို တီဗီကြည့်ချင်လား"

ရွှီလျန် တစ်ခဏစဉ်းစားပြီးနောက်

"ရှင် ဘာလုပ်မလို့လဲ"

ရှန့်ချန်ခုန်းက

"စာကြည့်မလို့ပါ"

သူ့စားပွဲပေါ်တွင် စာအုပ်အပုံလိုက်ကြီးရှိနေကာ စာအုပ်ဖွင့်၊ စာကြည့်ဖို့အဆင်သင့်ဖြစ်နေလေပြီ။ ရွှီလျန်က သူစာကြည့်တာကို မနှောင့်ယှက်လိုတော့ဘဲ

"ကျွန်မဖတ်ဖို့ စာအုပ်တစ်အုပ်လောက် ရွေးပေးပါလား"

ရှန့်ချန်ခုန်းသည် သူ့စာအုပ်များကို ကြည့်ကာ နောက်ဆုံးတွင်

"ဒီမှာ မင်းနားလည်နိုင်မဲ့စာအုပ်တွေမရှိဘူး"

ရွှီလျန် "........."

ကောင်းပြီ ရှင့်ကိုအနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်။

"ရှန့်နွမ်အခန်းထဲမှာတော့ ဝတ္ထုစာအုပ်တွေရှိတယ် ကိုယ် သွားယူပေးမယ်"

သူ့အခန်းထဲကထွက်သွားပြီး စာအုပ်တစ်ပုံတစ်ခေါင်းကြီးဖြင့် ပြန်ရောက်လာကာ ရွှီလျန်ထံ လွှဲပေးလိုက်သည်။

"ဒီဟာတွေကိုကြည့်ကြည့်လိုက် မင်း စိတ်ဝင်စားစရာ တစ်ခုခုရှိလား"

ရှန့်နွမ်၏စာအုပ်များမှာ အလွန်နှံ့စပ်လှသည်ဟု ဆိုရပေမည်။ သူမမှာ အချစ်ဝတ္ထုများ၊ သည်းထိတ်ရင်ဖိုစရာဝတ္ထုများနှင့် လျှို့ဝှက်သည်းဖိုဝတ္ထုများလည်းရှိသည်။ ရွှီလျန်က စာအုပ်အားလုံး၏အဖုံးတွင်ဖော်ပြထားသော စာအုပ်ပါအကြောင်းအရာ အကျဉ်းချုပ်များအား ဖတ်ရှုပြီးနောက် သူမစိတ်ဝင်စားဆုံးစာအုပ်ကို ရွေးလိုက်၏။ ရှန့်ချန်ခုန်း၏အိပ်ရာခေါင်းရင်းကို ကျောမှီပြီး သူမ စတင်ဖတ်တော့သည်။

တစ်ချိန်တည်းမှာပင် ရှန့်နွမ်နှင့်သူမသူငယ်ချင်းမှာ သူတို့ group chat ထဲ၌ ပွက်လောရိုက်နေကြ၏။

ကမ္ဘာပတ်နေသောနွမ်နွမ် : [ နင်တို့တွေ ဒါကိုယုံမှာတော့မဟုတ်လောက်ဘူး.... ဒါပေမဲ့ မမက လောလောဆယ် ငါ့အစ်ကိုအခန်းထဲမှာ ရှိနေတယ်! ပြီးတော့ ငါ့အစ်ကိုကလဲ အခုလေးတင် ငါ့စာအုပ်တွေငှားဖို့ ရောက်လာတယ်.. အဲဒါက မမအတွက်လို့လဲပြောသေးတယ်.. မြောင် မြောင်? ]

စာလေ့လာခြင်းကထိပ်ပြောင်တယ် : [ ဟားးးးးးးးးးးး နင် ငါ့ကိုသေအောင်သတ်နေတာလား ]

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : [ အရွယ်ရောက်ပြီးသူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာက လုံးဝမတူကွဲပြားကြတာပဲ အာ... ]

စာလေ့လာခြင်းကထိပ်ပြောင်တယ် : [ သူတို့ ဟိုဟာလုပ်ပြီးသွားတာ ဖြစ်နိုင်တယ် ]

ကမ္ဘာပတ်နေသောနွမ်နွမ် : [ မဖြစ်နိုင်ဘူး ငါ့အစ်ကိုကြီးက အဲလောက်ထိမသွက်ဘူး! ]

စာလေ့လာခြင်းကထိပ်ပြောင်တယ် : ..............

ငါးမိနစ်စာလုပ်တစ်နာရီလေဖြတ် : .............

[ ကမ္ဘာပတ်နေသောနွမ်နွမ်က မက်ဆေ့ချ်ကိုဖြတ်လိုက်ပါတယ် ]

စာလေ့လာခြင်းကထိပ်ပြောင်တယ် : [ ငါ screenshot ယူထားပြီးသွားပြီ ]

ရှန့်နွမ် : ...........

နေ့လည်ခင်းစာကြည့်ပြီးနောက် ရှန့်နွမ်၏တံခါးမှ တံခါးခေါက်သံဟာ ညစာစားချိန်ရောက်နေပြီဖြစ်ကြောင်း သူမအား သတိထားမိစေသည်။ ရှန့်ချန်ခုန်းက သူငှါးသွားခဲ့သောစာအုပ်များဖြင့် ပြန်ရောက်လာခဲ့ပြီး ရှန့်နွမ်ကမူ သူမအစ်ကိုကြီးက စာအုပ်တွေကို ပြန်နေရာချထားနေသည်ကို စောင့်ကြည့်နေခဲ့၏။ ရှုပ်ထွေးနေသောအမူအရာဖြင့် သူမက မေးမြန်းလိုက်သည်။

"အစ်ကို... တကယ်ပဲ တစ်နေ့လည်ခင်းလုံးကို စာပဲကြည့်နေခဲ့တာလား"

"အင်း"

ရှန့်နွမ် "........"

ရှန့်နွမ်မှာ စားသောက်နေစဉ်အချိန်အတွင်း အမျိုးမျိုးသောခံစားချက်များစွာ ဖြစ်ပေါ်နေ၏။ သို့သော်လည်းပဲ ရှန့်ချန်ခုန်းကတော့ ရွှီလျန်ကို အိမ်ပြန်ပို့လိုကြောင်း ပြောလာခဲ့သည်။

ရှန့်နွမ်မှာ ပျော်ရွှင်စွာဖြင့် ပန်းကန်ဆေးကြောခြင်း ဝေယျာဝစ္စကို လက်လွှဲယူလိုက်ရင်း သူမအစ်ကိုကြီးအား မျက်စိတစ်ဖက်မှိတ်ပြလျက်

"အစ်ကို ဒီည အိမ်ပြန်လာမှာလား"

သေချာတာပေါ့ ရှန့်နွမ်က ရှန့်ချန်ခုန်းအိမ်ပြန်လာဖို့ကို လုံးဝမမျှော်လင့်ထားဘူး။ အဆုံးမှာတော့ သူတို့တွေက တစ်နေ့လည်ခင်းလုံး ချုပ်တည်းထားခဲ့ရတာလေ... ရှန့်နွမ် သူတို့နှစ်ယောက်အတွက် အတော်လေး စိတ်မကောင်းဖြစ်ရ၏။

ရှန့်ချန်ခုန်း၏နားရွက်များမှာ နီမြန်းသွားရသည်။ သူ့ညီမလေးနဖူးအား ဆတ်ခနဲ တောက်လျက်

"စောစောအိပ်ရာဝင် နင့်ရဲ့လေ့ကျင့်ခန်းတွေမှာ တစ်ခုခုနားမလည်တာရှိရင် အဲဒါတွေကိုမှတ်ထားလိုက် ငါပြန်ရောက်လာတဲ့အချိန်ကျရင် နင့်ကိုကူပေးမယ်"

"အိုး....."

ရှန့်နွမ်သည် သူမအစ်ကိုကြီး၏ တစ်ညလုံးအပြင်မှာနေမည့်အစီအစဉ်အား မသိချင်ယောင်ဆောင်လျက်

"ဒါဆို သွားတော့လေ သွား မမကိုစောင့်ရအောင်မလုပ်နဲ့"

ရှန့်ချန်ခုန်း "........."

နောက်ဆုံးတွင် ရှန့်ချန်ခုန်း အောက်ထပ်သို့ရောက်ရှိလာသောအခါ ရွှီလျန်က သူမကားထဲရောက်နှင့်နေပြီးသားပင်။ သူဆင်းလာသည်ကိုမြင်တော့ သူ့အား အချက်ပြရန် သူမက ကားဟွန်းတီးလိုက်သည်။

ရွှီလျန်သည် ရှန့်ချန်ခုန်း၏အိမ်သို့ အကြိမ်များစွာ ကားမောင်းလာခဲ့ဖူးပြီးသားဖြစ်သဖြင့် ညအချိန်တွင်တောင် သူမက လမ်းများနှင့် အလွန်ရင်းနှီးနေပြီဖြစ်၏။

သူတို့နှစ်ယောက် သူမအိမ်သို့ရောက်တော့ သူမကုတ်အင်္ကျီကိုချွတ်၍ ဆိုဖာပေါ်ပစ်တင်လိုက်သည်။

"ကျွန်မအင်္ကျီအတွက် ကြယ်သီးအပိုရှာလိုက်အုံးမယ်"

"ကောင်းပါပြီ"

ရှန့်ချန်ခုန်း အိပ်ခန်းထဲသို့ သူမအနောက်မှလိုက်သွားခဲ့ရာ ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွား၏။

"မင်းအိမ်မှာ ချုပ်စရာပစ္စည်းတွေရော ရှိလို့လား"

"........."

ရွှီလျန် အတန်ကြာစဉ်းစားနေပေမဲ့လည်း မသေချာမရေရာ ဖြစ်နေဆဲပဲ။

"ရှိလောက်မှာပါ"

ရွှီလျန် သူမအဝတ်ဗီရိုထံသွား၍ အံဆွဲကိုဖွင့်ကာ လှန်လှောမွှေနှောက်ရှာတော့သည်။ ခဏကြာပြီးနောက် သူမအင်္ကျီအတွက် ကြယ်သီးအပိုကိုရှာတွေ့သွား၏။

"ရော့ ဒီမှာ"

သူမ ရှန့်ချန်ခုန်းလက်ထဲသို့ ကြယ်သီးထည့်ပေးရင်း

"ကျွန်မအင်္ကျီကို ကူချွတ်ပေးပါအုံး"

"........."

ရှန့်ချန်ခုန်းလက်မှာ ကြယ်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြေလျော့သွားခဲ့သည်။ သူက အနီးရှိမှန်တင်ခုံပေါ်တွင် ကြယ်သီးများကို တင်ထားလိုက်ပြီး ရွှီလျန်က ယနေ့နေ့လည်ခင်းတွင် သူမ၏အင်္ကျီကြယ်သီးများကို ဖြည်းညှင်းစွာ ဖြုတ်ခဲ့သလိုမျိုး သူမကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ဖြုတ်ပေးလိုက်သည်။

ရွှီလျန်၏ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ နောက်ဆုံးတွင် ရှန့်ချန်ခုန်းက သူမ၏အင်္ကျီကို ချွတ်ပေးလိုက်သောအခါ ရွှီလျန်က သူ့ကိုပွေ့ဖက်ရန် လက်လှမ်းလာခဲ့သည်။ တစ်ချက်ဆွဲလိုက်သည်နှင့် သူတို့နှစ်ယောက်လုံး သူမအနောက်ရှိ ကုတင်ကြီးပေါ်သို့ လဲကျသွားပါတော့သည်။

သူမ သူ့ကိုကြည့်ရင်း ရွှီလျန်သည် ရှန့်ချန်ခုန်း၏မျက်လုံးများမှာ တဖြည်းဖြည်း မည်းမှောင်လာသည်ကို သတိပြုမိသွားသည်။ သူက လက်တစ်ဖက်မြှောက်လိုက်ပြီး သူမမျက်ခုံးတွေကို လက်ချောင်းများဖြင့် ညင်သာစွာ ထိတွေ့လိုက်၏။ သူ သူမမျက်ဝန်းတွေထံ အကြည့်ရွေ့သွားချိန်မှာတော့ ရွှီလျန်မှာ ပင့်သက်ရှိုက်နေလေပြီ ၊ ရွှီလျန် ရှန့်ချန်ခုန်း၏ကုတ်အင်္ကျီကို ဇစ်ဆွဲပြီး ဆွဲချွတ်လိုက်သည်။ သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ရင်း

"ရှင့်အဝတ်အစားတွေကိုလဲ ချွတ်လိုက်"

ခပ်တိုးတိုးရယ်မောလျက် ရှန့်ချန်ခုန်းသည် သူ့လက်တွေကိုမြှောက်၍ သူ့ဆွယ်တာအင်္ကျီကို ချွတ်လိုက်ရာ သူ့ကြွက်သားများမှာ သူမအရှေ့၌ ဘွားခနဲပေါ်လာပါတော့သည်။ ရွှီလျန်လက်တွေမှာ မနေနိုင်တော့ဘဲ သူ့ဝမ်းဗိုက်မှတစ်ဆင့် သူ့ရင်ဘတ်ဆီသို့ တက်လာပြီး အရင်က သူမကို သူ ထိတွေ့လိုက်ပုံများနှင့် အလားတူ၏။

ရှန့်ချန်ခုန်းအသံမှာ အက်ကွဲစပြုလာသည်နှင့် ရွှီလျန်သည် ဤအနည်းငယ်မျှသော ရှန့်ချန်ခုန်း၏ပြောင်းလဲမှုကို ကျေနပ်သွားရသည်။ ထိုပြောင်းလဲမှုမှာ သူမကြောင့်...

သူမ၏စိတ်အားထက်သန်မှုကို ခံစားရ၍ ရှန့်ချန်ခုန်းသည် အောက်ငုံ့လာပြီး ရွှီလျန်ကိုပွေ့ဖက်ရင်း သူမနားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ကိုယ်တို့မှာ တစ်ညလုံးအချိန်ရှိပါတယ်"

ရွှီလျန် တမင်တကာ ညည်းညူပြီး သူ့ကို သွေးဆောင်ရန်ကြိုးစားသည်။ ရှန့်ချန်ခုန်းရှေ့မှာ သူမဟာ မိန်းကလေးတစ်ယောက်ပြုမူသင့်သလိုမျိုး ဘယ်တော့မှ ဣန္ဒြေကြီးကြီး ပြုမူနေနိုင်မှာမဟုတ် ၊ သို့ပါလျက် ရွှီလျန်အနေဖြင့် သူနှင့်အတူ ဤအရာများပြုလုပ်ရသည်ကို သဘောကျလှပါ၏။

အထူးသဖြင့် သူ့ခန္ဓာကိုယ် တင်းကျပ်လာသည့်အချိန် သူမလက်တွေအောက်က သူ့ကြွက်သားများမှာ အလွန်တောင့်တင်းပြီး အားကောင်းလာသလို ခံစားရသည်။ ယင်းက သူမ၏ဝိညာဉ်အား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသလို ခံစားရစေ၏။

ဝန်ခံရမည်ဆိုလျှင် သူမ၏သတ္တိရှိပုံကိုလည်း ရှန့်ချန်ခုန်း အလွန့်အလွန် နှစ်သက်မြတ်နိုးရပါသည်။ သူ့အောက်မှ ရွှီလျန်၏ထွက်သက်ဝင်သက်မှာ သူ့အရေပြားကို ပွတ်သပ်နေပြီး... ၎င်းက သူ စွဲလမ်းသွားနိုင်သည့် အရာတစ်ခုပင်။ တစ်စုံတစ်ခုသောအရာသည် သူ့အား သူမနှင့်လုံးဝခွဲခွါရန် ဆန္ဒမရှိဟု ခံစားရစေသည်။

*****

ချင်းနန်လမ်း ၊ ဝေ့ရိချန်၏ဘားတွင်...

အားမောက်က ဝေ့ရိချန်ကို အစီရင်ခံနေ၏။

"အဲဒီလူနှစ်ယောက်က တစ်ခါတစ်လေ ချန်လျောင်ရဲ့ပိုင်နက်ကို အဝင်အထွက်ရှိတယ်"

ဝေ့ရိချန် မျက်မှောင်ကြုတ်၍ မြားတစ်ချောင်းပစ်လွှတ်ရင်း

"ချန်လျောင်"

သူက ထိုသူအပေါ် အထင်ကောင်းအမြင်ကောင်း သိပ်မရှိ ၊ ချန်လျောင်က ချင်းနန်လမ်းကို မကြာခဏ လာဖူးတဲ့သူတစ်ယောက်ဖြစ်ပြီး လူတိုင်းက သူ့ကို လျောင်ကောဟု ခေါ်ကြသည်။ အနှီလျောင်ကောက သိပ်မရိုးရှင်းသည့်တိုင် တစ်စုံတစ်ဦးက စည်းမကျော်သေးသရွေ့ ချင်းနန်လမ်းရှိလူတွေက အချင်းချင်း ဝင်ရောက်စွက်ဖက်ကြမှာမဟုတ်ဘူး။

ဝေ့ရိချန် နောက်မြားတစ်ချောင်း ပစ်လွှတ်ပြီး သူ့အင်္ကျီဝတ်လိုက်သည်။ သူက အားမောက်ကို

"ငါ ခဏလောက် အပြင်သွားလိုက်အုံးမယ် ဘားကိုစောင့်ကြည့်ထား"

အားမောက်မှာ စိတ်ထင့်နေပြီး သူ့နောက်လိုက်သွား၏။

"ချန်ကော ဘယ်သွားမလို့လဲ ကျွန်တော် ချန်ကောနဲ့လိုက်ခဲ့မယ်"

ဝေ့ရိချန် ခေါင်းယမ်းလိုက်သည်။ ၎င်းက အာရုံဆွဲဆောင်နိုင်သဖြင့် တခြားသူများနှင့်အတူ ကိစ္စများကိုလုပ်ဆောင်ရန်မှာ အဆင်ပြေလိမ့်မှာမဟုတ်။

"ငါပြန်လာခဲ့မယ် ငါ့နောက်မလိုက်လာနဲ့"

သူ့ဘားထဲမှ တစ်ယောက်တည်းထွက်လာပြီး ချန်လျောင်ဘားသို့ အရင်သွားလေသည်။ သို့ပေမဲ့ bartender က သူ(ချန်လျောင်) ဆိုင်မှာမရှိကြောင်း ပြောလာ၏။ ဝေ့ရိချန် ဘားကိုပတ်ကြည့်လိုက်သော်လည်း နောက်ဆုံး သူ့မျက်နှာထက်၌ မျက်မှောင်တစ်ချက်ကြုတ်လျက်ဖြင့်သာ ထွက်သွားတော့သည်။

ချန်လျောင်မှာ နောက်ထပ်နေရာတစ်ခုရှိသေးကြောင်း သူသိထားပြီးသား။

သူသည် ခုနစ်လမ်း၊ရှစ်လမ်းလောက် ကွေ့ချိုးလာပြီး လမ်းသွယ်များစွာထဲ လှည့်ဝင်ကာ နောက်ဆုံးတွင် တရုတ်ပုံစံ နှစ်ထပ်တိုက်တစ်လုံးရှေ့တွင် ရပ်လိုက်သည်။ ချင်းနန်လမ်းကို ထိုကဲ့သို့သော လမ်းသွယ်လေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သာမာန်လူများအနေဖြင့် လမ်းမပျောက်ဘဲ ဤနေရာ၌ လျှောက်လှမ်းရန်မှာ ခဲယဉ်းလှ၏။

ဝေ့ရိချန် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာသည့်အခါက ဤဝင်္ကဘာလမ်းကဲ့သို့သော လမ်းသွယ်များကြောင့် အကြိမ်ပေါင်းများစွာ ဒေါသထွက်ခဲ့ရသည်။ ယခုအချိန်တွင် သူ မျက်လုံးမှိတ်ပြီးတော့တောင် ချင်းနန်လမ်းကို လျှောက်သွားနိုင်နေပြီ။

သူ့ရှေ့က အဆောက်အဦသေးသေးလေးမှာ မီးပုံးများစွာ ချိတ်ဆွဲထားပေမဲ့ အားလုံးမှာ အမှောင်ကျနေ၏။ နေရာတစ်ဝိုက်တွင် မီးရောင်တစ်ရောင်မျှတောင်မရှိ ၊ ဝေ့ရိချန် တံခါးရှေ့မှာ အကြာကြီးရပ်နေ၏။ နောက်ဆုံး သူ အရှေ့သို့ လှမ်းလိုက်ချိန်တွင် ရုတ်တရက် အထဲမှ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

ဝေ့ရိချန်သည် ရုတ်တရက်တိုက်ခိုက်မှုကို အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း သူ မတ်မတ်ပြန်မရပ်မီတွင် ၎င်းပုံရိပ်က နောက်ထပ်လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ဝေ့ရိချန်မှာ ထိုးချက်ကို အလိုလို ဟန့်တားလိုက်သော်လည်း ရုတ်တရက် ပြိုင်ဘက်၏အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်ချောင်း လျှောထွက်သွားပြီး သူ့လက်မောင်းနားကို ပွတ်ဆွဲသွားခဲ့သည်။

စူးရှသောနာကျင်မှုကြောင့် ဝေ့ရိချန်၏ဦးရေပြားကို ထုံကျင်သွားစေပြီး သူ့ဒဏ်ရာမှသွေးပူများ ထွက်လာသည်ကိုတောင် ခံစားရနိုင်သည်။ ဝေ့ရိချန်က သူ၏ဒဏ်ရာရနေသောလက်မောင်းကို ဖိထားလျက် အဆောက်အဦးကို မော့ကြည့်ရင်း တံခါးနားမှာ ရပ်နေသည့်လူကို အော်ပြောလိုက်၏။

"ချန်လျောင် ဒါကဘာအဓိပ္ပာယ်လဲ"

ချန်လျောင်က ပြုံးပြီး သူကိုင်ထားသောမီးပုံးကို မီးညှိလိုက်သည်။ ဝါကြင့်ကြင့်မီးရောင်အောက်တွင် သူ့မျက်နှာကို တဖြည်းဖြည်း မြင်လာရသည်။

"ဒါက မင်းကို သတိပေးတာပဲ၊ မင်းရဲ့လက်အောက်ငယ်သားတွေကို ငါမသိဘဲနဲ့ ငါ့ရဲ့ကိစ္စတွေကို စစ်ဆေးဖို့ အမိန့်ပေးနိုင်မယ်မထင်နဲ့"

ထိုသူက ရှေ့သို့တိုးလာကာ ဝေ့ရိချန်ထံသို့ သာမန်ကာလျှံကာ ချဉ်းကပ်လာခဲ့၏။

"မင်း ဝင်မရှုပ်တာပိုကောင်းမယ် မဟုတ်ရင်......"

သူက တမင်တကာ နောက်ဆုတ်ပြီး

"ငါကြားတာ ကျူးပင်းက မင်းကောင်မလေးရဲ့ဆိုင်ကို ပြဿနာသွားရှာခဲ့တယ်ဆို?"

ဒဏ်ရာရပြီးနောက် စကားတောင်မပြောခဲ့သော ဝေ့ရိချန်မှာ ရုတ်တရက် ဖြူဖက်ဖြူရော်ဖြစ်သွား၏။ သူက သူ့ရှေ့ကယောက်ျားကို စိုက်ကြည့်ပြီး မတုန်မလှုပ် သတိပေးလိုက်သည်။

"သူမက ငါ့ကောင်မလေးမဟုတ်ဘူး မင်း သူမကို မနှောင့်ယှက်တာ ပိုကောင်းမယ်"

ချန်လျောင် ပြုံးလိုက်သည်။ 

"ငါကလဲ မိန်းကလေးတွေကို အနိုင်ကျင့်ရတာကို မကြိုက်ပါဘူး၊ အာ.. ချင်းနန်လမ်းမှာ လူတိုင်းက ကိုယ့်ကိစ္စကိုယ်လုပ်ရမယ်လေ ချန်ကောက နားလည်ရလောက်အောင် ဉာဏ်ကောင်းပါတယ် ဟုတ်တယ်မလား"

_______________________



သူ႕စကားေတြက အရိပ္အႁမြက္ျပလြန္းေနတာပဲ.. ႐ႊီလ်န္မွာ အေမာတေကာျဖင့္ အသက္ရႉသံျပင္းေနကာ 'အင္း' ဟုေျဖလိုက္၏။ မ်က္ႏွာထက္က အိပ္ငိုက္ေနေသာအသြင္အျပင္မွာလည္း ေပ်ာက္ကြယ္သြားရပါေတာ့သည္။

ရွန့္ခ်န္ခုန္း ေနရာေ႐ြ႕လိုက္သည္ႏွင့္ ႐ႊီလ်န္ကလည္း ထထိုင္လိုက္၏။ သူမရင္ဘတ္ေနရာတစ္ဝိုက္၌ အေအးဓာတ္ခံစားလိုက္ရကာ သူမ ငုံ႕ၾကည့္လိုက္ေတာ့ သူမအကၤ်ီလည္အဟိုက္က ပြင့္ဟေနလ်က္ သူမအတြင္းခံမွာလည္း မ်က္စိေအာက္မွာပဲရွိေနေလသည္။

"........"

ရွန့္ခ်န္ခုန္းသည္လည္း သတိထားမိသျဖင့္ ႐ုတ္တရက္ ခုနေလးတင္ သူမအကၤ်ီၾကယ္သီးအခ်ိဳ႕ကို သူ ဆြဲျဖဳတ္လိုက္မိသလိုလိုရွိေၾကာင္း သတိရသြား၏။

"ၾကယ္သီးေတြက အိပ္ရာေပၚက တစ္ေနရာရာမွာရွိလိမ့္မယ္"

သူ႕ေခါင္းကိုငုံ႕လ်က္ ႐ႊီလ်န္အား ၾကယ္သီးကူရွာေပးေနစဥ္ ရွန့္ခ်န္ခုန္းမ်က္ႏွာမွာ ပူေလာင္ေန၏။ မည္သို႔ပင္ျဖစ္ေစ ႐ႊီလ်န္၏ၾကယ္သီးမ်ားမွာ အလြန္ေသးငယ္ေသာေၾကာင့္ အခ်ိန္နည္းနည္းရွာၿပီးသြားတာေတာင္ သူတို႔မွာ တစ္လုံးတည္းသာ ရွာေတြ႕ခဲ့သည္။

ရွန့္ခ်န္ခုန္းက ေခါင္းငုံ႕ထားၿမဲျဖစ္ကာ သူ႕မ်က္လုံးမ်ားကလည္း စကားေျပာရင္း ေရွာင္ဖယ္ေန၏။

"ကိုယ္... ကိုယ္ ဆင္တူတဲ့ၾကယ္သီးကို ရွာထားလိုက္မယ္"

႐ႊီလ်န္မွာ သူ၏နီျမန္းေနေသာနား႐ြက္ေလးမ်ားက ရယ္စရာေကာင္းေၾကာင္း ေတြ႕လိုက္ရသည္။ ဒီလူကေတာ့ ခုနကေလးတင္ သူမကို ရဲရဲတင္းတင္း နမ္းရွိုက္ေနတဲ့သူက အခုေတာ့ လူပ်ိဳေလးတစ္ေယာက္လိုမ်ိဳး ရွက္ေနေသးတယ္။

သူမအကၤ်ီကိုဖုံးလိုက္ရင္း ၿပဳံးေနလ်က္

"ကိစၥမရွိပါဘူး ကြၽန္မအိမ္မွာ ၾကယ္သီးအပိုရွိလိမ့္မယ္"

"အာ အိုေက အမ္.... ဒါဆို အရင္ဆုံး ကိုယ္ မင္းကို ဒီၾကယ္သီးခ်ဳပ္ေပးလိုက္မယ္"

သူမကို သူ႕အခန္းထဲကေန ဒီလိုပုံစံမ်ိဳးနဲ႕ ထြက္သြားခြင့္ျပဳဖို႔ဆိုတာ ဘယ္လိုမွမျဖစ္နိုင္ဘူး။

႐ႊီလ်န္ နည္းနည္းအံ့ဩသြား၏။

"ဘယ္လိုခ်ဳပ္ရမလဲဆိုတာ ရွင္သိတယ္လား"

ဒါက အမ်ိဳးသားေတြမွာ မထင္မရွားကြၽမ္းက်င္မႈတစ္ခုပါပဲ။

သူတို႔ရွာေတြ႕ထားေသာၾကယ္သီးတစ္လုံးကိုကိုင္ထားရင္း ရွန့္ခ်န္ခုန္းသည္ သူ႕အဝတ္ဗီရိုကိုဖြင့္၍ အပ္ခ်ည္ဘူးတစ္ဘူးကို ယူထုတ္လိုက္သည္။

"အင္း ဒါက ၾကယ္သီးတစ္လုံးခ်ဳပ္႐ုံတင္ပါ ခက္ခဲတာမွမဟုတ္တာ"

"အိုး"

႐ႊီလ်န္ ေခါင္းေစာင္းလ်က္ သိခ်င္စိတ္ျဖင့္

"ဒါဆို ၾကက္ေျခခတ္ခ်ဳပ္ရိုးကိုေရာ ခ်ဳပ္တတ္လား"

"......."

"ကိုယ္ တစ္ခါမွေတာ့မလုပ္ဖူးဘူး ဒါေပမဲ့ ခက္ေတာ့မခက္ေလာက္ပါဘူး လိုအပ္တာတစ္ခုက စိတ္ရွည္ဖို႔ပဲ"

သူက ၾကယ္သီးအေပါက္မွ ျပတ္ထြက္ေနေသာအပ္ခ်ည္မွ်င္မ်ားကို ဆြဲထုတ္ၿပီး သူ႕အပ္ဘူးထဲမွ အေရာင္တူအပ္ခ်ည္တစ္ခုကိုရွာေဖြၿပီးေနာက္

"မင္းအကၤ်ီခြၽတ္လိုက္"

အကယ္၍ သူမအကၤ်ီလက္အနားေခါက္က ၾကယ္သီးတစ္လုံးသာျဖစ္ခဲ့ပါက သူ ဒီအတိုင္း ခ်ဳပ္ေပးလို႔ရနိုင္ေပမဲ့ ရင္ဘတ္ေနရာနားမွာ တစ္စုံတစ္ရာကို ခ်ဳပ္ေပးဖို႔ဆိုတာကေတာ့.... အေတာ္ေလး ထိခိုက္လြယ္ပါ၏။

႐ႊီလ်န္သည္ သူ႕ေတာင္းဆိုမႈကို သိပ္ၿပီးမစဥ္းစားဘဲ မဆိုင္းမတြ သူမအကၤ်ီၾကယ္သီးအားလုံးကိုျဖဳတ္၊ ဆြဲခြၽတ္ၿပီး ရွန့္ခ်န္ခုန္းကို ေပးလိုက္သည္။

ရွန့္ခ်န္ခုန္း ".........."

သူ အကၤ်ီကို တိတ္တဆိတ္ လက္ခံယူၿပီး သူ႕ေစာင္ကိုမ၍ ႐ႊီလ်န္ကို ကမ္းေပး၏။

"ဒီမွာ ဖုံးထားလိုက္ ဒါဆို မင္းအေအးမိမွာမဟုတ္ဘူး"

႐ႊီလ်န္သည္ သူမကိုယ္ကို ေစာင္ျဖင့္ပတ္ထားလ်က္ သူ႕နား႐ြက္ေလးေတြ ေနာက္တစ္ဖန္ နီျမန္းလာသည္အား ေစာင့္ၾကည့္ေနေလသည္။ သူမ မေနနိုင္ေတာ့ဘဲ တိုးတိုးေလး ရယ္မိသြားခဲ့၏။

ရွန့္ခ်န္ခုန္း အပ္ခ်ဳပ္တာ အလြန္ျမန္ဆန္၏။ ႐ႊီလ်န္မွာ သူက အပ္ခ်ည္ထိုး၊ အထည္သားကို ႏွစ္ႀကိမ္သုံးႀကိမ္မွ်ထိုးေဖာက္ၿပီး ပိုေနေသာအပ္ခ်ည္မွ်င္အား ျဖတ္ေတာက္လိုက္သည္ကို ေစာင့္ၾကည့္ေနခဲ့သည္။

"ဒီမွာ ဝတ္ၾကည့္လိုက္"

"အင္း"

႐ႊီလ်န္ ေစာင္ထဲမွထ၍ ကမ္းေပးလာေသာအကၤ်ီကို ဝတ္လိုက္သည္။ ရွန့္ခ်န္ခုန္းက သူမကို ၾကည့္ေနသျဖင့္ ႐ႊီလ်န္မွာ သူမအကၤ်ီၾကယ္သီးအား ျဖည္းျဖည္းခ်င္း တပ္ေန၏။

ဒီတစ္ႀကိမ္မွာေတာ့ သူ ဘာကိုေမွ်ာ္လင့္ရမယ္ဆိုတာ သိထားၿပီး စိတ္ပိုင္းဆိုင္ရာျပင္ဆင္ထားေသာေၾကာင့္ ရွန့္ခ်န္ခုန္းက သိပ္မတုံ႕ျပန္ခဲ့ေပ။ ႐ႊီလ်န္က သူမၾကယ္သီးမ်ားကို ေအးေအးေဆးေဆး တစ္လုံးၿပီးတစ္လုံး တပ္ေနသည္ကိုပဲ ၾကည့္ေနေလသည္။

အကၤ်ီတြင္ ၾကယ္သီးတစ္လုံးတည္းသာ ထပ္ထည့္ထားပါေသာ္လည္း ရင္ဘတ္ပြင့္ရာမွ အနိမ့္ပိုင္းသို႔သာ ေျပာင္းလဲသြားခဲ့သည္။

ရွန့္ခ်န္ခုန္းကေတာ့ ႐ႊီလ်န္၏အတြင္းခံကို ျမင္ရနိုင္ေသး၏။ ေခ်ာင္းတစ္ခ်က္ဟန့္၍ ေနာက္ဆုံးတြင္ သူ႕အၾကည့္မ်ားက သူမမ်က္ဝန္းေတြကိုၾကည့္လ်က္

"မင္း ခဏေလာက္ထပ္အိပ္ခ်င္ေသးလား"

႐ႊီလ်န္ ေခါင္းယမ္းလိုက္သည္။ 

"မအိပ္ခ်င္ေတာ့ဘူး"

လြန္ခဲ့သည့္အခ်ိန္အနည္းငယ္ကပင္ သူမ အလြန္စိတ္လႈပ္ရွားေနသျဖင့္ အိပ္ခ်င္စိတ္မရွိေတာ့။

"ဒါဆို တီဗီၾကည့္ခ်င္လား"

႐ႊီလ်န္ တစ္ခဏစဥ္းစားၿပီးေနာက္

"ရွင္ ဘာလုပ္မလို႔လဲ"

ရွန့္ခ်န္ခုန္းက

"စာၾကည့္မလို႔ပါ"

သူ႕စားပြဲေပၚတြင္ စာအုပ္အပုံလိုက္ႀကီးရွိေနကာ စာအုပ္ဖြင့္၊ စာၾကည့္ဖို႔အဆင္သင့္ျဖစ္ေနေလၿပီ။ ႐ႊီလ်န္က သူစာၾကည့္တာကို မေႏွာင့္ယွက္လိုေတာ့ဘဲ

"ကြၽန္မဖတ္ဖို႔ စာအုပ္တစ္အုပ္ေလာက္ ေ႐ြးေပးပါလား"

ရွန့္ခ်န္ခုန္းသည္ သူ႕စာအုပ္မ်ားကို ၾကည့္ကာ ေနာက္ဆုံးတြင္

"ဒီမွာ မင္းနားလည္နိုင္မဲ့စာအုပ္ေတြမရွိဘူး"

႐ႊီလ်န္ "........."

ေကာင္းၿပီ ရွင့္ကိုအေႏွာင့္အယွက္ေပးမိတဲ့အတြက္ ေတာင္းပန္ပါတယ္။

"ရွန့္ႏြမ္အခန္းထဲမွာေတာ့ ဝတၳဳစာအုပ္ေတြရွိတယ္ ကိုယ္ သြားယူေပးမယ္"

သူ႕အခန္းထဲကထြက္သြားၿပီး စာအုပ္တစ္ပုံတစ္ေခါင္းႀကီးျဖင့္ ျပန္ေရာက္လာကာ ႐ႊီလ်န္ထံ လႊဲေပးလိုက္သည္။

"ဒီဟာေတြကိုၾကည့္ၾကည့္လိုက္ မင္း စိတ္ဝင္စားစရာ တစ္ခုခုရွိလား"

ရွန့္ႏြမ္၏စာအုပ္မ်ားမွာ အလြန္ႏွံ႕စပ္လွသည္ဟု ဆိုရေပမည္။ သူမမွာ အခ်စ္ဝတၳဳမ်ား၊ သည္းထိတ္ရင္ဖိုစရာဝတၳဳမ်ားႏွင့္ လွ်ို႔ဝွက္သည္းဖိုဝတၳဳမ်ားလည္းရွိသည္။ ႐ႊီလ်န္က စာအုပ္အားလုံး၏အဖုံးတြင္ေဖာ္ျပထားေသာ စာအုပ္ပါအေၾကာင္းအရာ အက်ဥ္းခ်ဳပ္မ်ားအား ဖတ္ရႈၿပီးေနာက္ သူမစိတ္ဝင္စားဆုံးစာအုပ္ကို ေ႐ြးလိုက္၏။ ရွန့္ခ်န္ခုန္း၏အိပ္ရာေခါင္းရင္းကို ေက်ာမွီၿပီး သူမ စတင္ဖတ္ေတာ့သည္။

တစ္ခ်ိန္တည္းမွာပင္ ရွန့္ႏြမ္ႏွင့္သူမသူငယ္ခ်င္းမွာ သူတို႔ group chat ထဲ၌ ပြက္ေလာရိုက္ေနၾက၏။

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ နင္တို႔ေတြ ဒါကိုယုံမွာေတာ့မဟုတ္ေလာက္ဘူး.... ဒါေပမဲ့ မမက ေလာေလာဆယ္ ငါ့အစ္ကိုအခန္းထဲမွာ ရွိေနတယ္! ၿပီးေတာ့ ငါ့အစ္ကိုကလဲ အခုေလးတင္ ငါ့စာအုပ္ေတြငွားဖို႔ ေရာက္လာတယ္.. အဲဒါက မမအတြက္လို႔လဲေျပာေသးတယ္.. ေျမာင္ ေျမာင္? ]

စာေလ့လာျခင္းကထိပ္ေျပာင္တယ္ : [ ဟားးးးးးးးးးးး နင္ ငါ့ကိုေသေအာင္သတ္ေနတာလား ]

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : [ အ႐ြယ္ေရာက္ၿပီးသူႏွစ္ဦးၾကားက ခ်စ္ျခင္းေမတၱာက လုံးဝမတူကြဲျပားၾကတာပဲ အာ... ]

စာေလ့လာျခင္းကထိပ္ေျပာင္တယ္ : [ သူတို႔ ဟိုဟာလုပ္ၿပီးသြားတာ ျဖစ္နိုင္တယ္ ]

ကမာၻပတ္ေနေသာႏြမ္ႏြမ္ : [ မျဖစ္နိုင္ဘူး ငါ့အစ္ကိုႀကီးက အဲေလာက္ထိမသြက္ဘူး! ]

စာေလ့လာျခင္းကထိပ္ေျပာင္တယ္ : ..............

ငါးမိနစ္စာလုပ္တစ္နာရီေလျဖတ္ : .............

[ ကမာၻပတ္ေနေသာႏြမ္ႏြမ္က မက္ေဆ့ခ်္ကိုျဖတ္လိုက္ပါတယ္ ]

စာေလ့လာျခင္းကထိပ္ေျပာင္တယ္ : [ ငါ screenshot ယူထားၿပီးသြားၿပီ ]

ရွန့္ႏြမ္ : ...........

ေန႕လည္ခင္းစာၾကည့္ၿပီးေနာက္ ရွန့္ႏြမ္၏တံခါးမွ တံခါးေခါက္သံဟာ ညစာစားခ်ိန္ေရာက္ေနၿပီျဖစ္ေၾကာင္း သူမအား သတိထားမိေစသည္။ ရွန့္ခ်န္ခုန္းက သူငွါးသြားခဲ့ေသာစာအုပ္မ်ားျဖင့္ ျပန္ေရာက္လာခဲ့ၿပီး ရွန့္ႏြမ္ကမူ သူမအစ္ကိုႀကီးက စာအုပ္ေတြကို ျပန္ေနရာခ်ထားေနသည္ကို ေစာင့္ၾကည့္ေနခဲ့၏။ ရႈပ္ေထြးေနေသာအမူအရာျဖင့္ သူမက ေမးျမန္းလိုက္သည္။

"အစ္ကို... တကယ္ပဲ တစ္ေန႕လည္ခင္းလုံးကို စာပဲၾကည့္ေနခဲ့တာလား"

"အင္း"

ရွန့္ႏြမ္ "........"

ရွန့္ႏြမ္မွာ စားေသာက္ေနစဥ္အခ်ိန္အတြင္း အမ်ိဳးမ်ိဳးေသာခံစားခ်က္မ်ားစြာ ျဖစ္ေပၚေန၏။ သို႔ေသာ္လည္းပဲ ရွန့္ခ်န္ခုန္းကေတာ့ ႐ႊီလ်န္ကို အိမ္ျပန္ပို႔လိုေၾကာင္း ေျပာလာခဲ့သည္။

ရွန့္ႏြမ္မွာ ေပ်ာ္႐ႊင္စြာျဖင့္ ပန္းကန္ေဆးေၾကာျခင္း ေဝယ်ာဝစၥကို လက္လႊဲယူလိုက္ရင္း သူမအစ္ကိုႀကီးအား မ်က္စိတစ္ဖက္မွိတ္ျပလ်က္

"အစ္ကို ဒီည အိမ္ျပန္လာမွာလား"

ေသခ်ာတာေပါ့ ရွန့္ႏြမ္က ရွန့္ခ်န္ခုန္းအိမ္ျပန္လာဖို႔ကို လုံးဝမေမွ်ာ္လင့္ထားဘူး။ အဆုံးမွာေတာ့ သူတို႔ေတြက တစ္ေန႕လည္ခင္းလုံး ခ်ဳပ္တည္းထားခဲ့ရတာေလ... ရွန့္ႏြမ္ သူတို႔ႏွစ္ေယာက္အတြက္ အေတာ္ေလး စိတ္မေကာင္းျဖစ္ရ၏။

ရွန့္ခ်န္ခုန္း၏နား႐ြက္မ်ားမွာ နီျမန္းသြားရသည္။ သူ႕ညီမေလးနဖူးအား ဆတ္ခနဲ ေတာက္လ်က္

"ေစာေစာအိပ္ရာဝင္ နင့္ရဲ႕ေလ့က်င့္ခန္းေတြမွာ တစ္ခုခုနားမလည္တာရွိရင္ အဲဒါေတြကိုမွတ္ထားလိုက္ ငါျပန္ေရာက္လာတဲ့အခ်ိန္က်ရင္ နင့္ကိုကူေပးမယ္"

"အိုး....."

ရွန့္ႏြမ္သည္ သူမအစ္ကိုႀကီး၏ တစ္ညလုံးအျပင္မွာေနမည့္အစီအစဥ္အား မသိခ်င္ေယာင္ေဆာင္လ်က္

"ဒါဆို သြားေတာ့ေလ သြား မမကိုေစာင့္ရေအာင္မလုပ္နဲ႕"

ရွန့္ခ်န္ခုန္း "........."

ေနာက္ဆုံးတြင္ ရွန့္ခ်န္ခုန္း ေအာက္ထပ္သို႔ေရာက္ရွိလာေသာအခါ ႐ႊီလ်န္က သူမကားထဲေရာက္ႏွင့္ေနၿပီးသားပင္။ သူဆင္းလာသည္ကိုျမင္ေတာ့ သူ႕အား အခ်က္ျပရန္ သူမက ကားဟြန္းတီးလိုက္သည္။

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္း၏အိမ္သို႔ အႀကိမ္မ်ားစြာ ကားေမာင္းလာခဲ့ဖူးၿပီးသားျဖစ္သျဖင့္ ညအခ်ိန္တြင္ေတာင္ သူမက လမ္းမ်ားႏွင့္ အလြန္ရင္းႏွီးေနၿပီျဖစ္၏။

သူတို႔ႏွစ္ေယာက္ သူမအိမ္သို႔ေရာက္ေတာ့ သူမကုတ္အကၤ်ီကိုခြၽတ္၍ ဆိုဖာေပၚပစ္တင္လိုက္သည္။

"ကြၽန္မအကၤ်ီအတြက္ ၾကယ္သီးအပိုရွာလိုက္အုံးမယ္"

"ေကာင္းပါၿပီ"

ရွန့္ခ်န္ခုန္း အိပ္ခန္းထဲသို႔ သူမအေနာက္မွလိုက္သြားခဲ့ရာ ႐ုတ္တရက္ တစ္စုံတစ္ရာကို ေတြးမိသြား၏။

"မင္းအိမ္မွာ ခ်ဳပ္စရာပစၥည္းေတြေရာ ရွိလို႔လား"

"........."

႐ႊီလ်န္ အတန္ၾကာစဥ္းစားေနေပမဲ့လည္း မေသခ်ာမေရရာ ျဖစ္ေနဆဲပဲ။

"ရွိေလာက္မွာပါ"

႐ႊီလ်န္ သူမအဝတ္ဗီရိုထံသြား၍ အံဆြဲကိုဖြင့္ကာ လွန္ေလွာေမႊေႏွာက္ရွာေတာ့သည္။ ခဏၾကာၿပီးေနာက္ သူမအကၤ်ီအတြက္ ၾကယ္သီးအပိုကိုရွာေတြ႕သြား၏။

"ေရာ့ ဒီမွာ"

သူမ ရွန့္ခ်န္ခုန္းလက္ထဲသို႔ ၾကယ္သီးထည့္ေပးရင္း

"ကြၽန္မအကၤ်ီကို ကူခြၽတ္ေပးပါအုံး"

"........."

ရွန့္ခ်န္ခုန္းလက္မွာ ၾကယ္သီးကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္ၿပီးမွ ျဖည္းျဖည္းခ်င္း ေျပေလ်ာ့သြားခဲ့သည္။ သူက အနီးရွိမွန္တင္ခုံေပၚတြင္ ၾကယ္သီးမ်ားကို တင္ထားလိုက္ၿပီး ႐ႊီလ်န္က ယေန႕ေန႕လည္ခင္းတြင္ သူမ၏အကၤ်ီၾကယ္သီးမ်ားကို ျဖည္းညွင္းစြာ ျဖဳတ္ခဲ့သလိုမ်ိဳး သူမၾကယ္သီးမ်ားကို တစ္လုံးၿပီးတစ္လုံး ျဖဳတ္ေပးလိုက္သည္။

႐ႊီလ်န္၏ရင္ဘတ္သည္ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေန၏။ ေနာက္ဆုံးတြင္ ရွန့္ခ်န္ခုန္းက သူမ၏အကၤ်ီကို ခြၽတ္ေပးလိုက္ေသာအခါ ႐ႊီလ်န္က သူ႕ကိုေပြ႕ဖက္ရန္ လက္လွမ္းလာခဲ့သည္။ တစ္ခ်က္ဆြဲလိုက္သည္ႏွင့္ သူတို႔ႏွစ္ေယာက္လုံး သူမအေနာက္ရွိ ကုတင္ႀကီးေပၚသို႔ လဲက်သြားပါေတာ့သည္။

သူမ သူ႕ကိုၾကည့္ရင္း ႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္း၏မ်က္လုံးမ်ားမွာ တျဖည္းျဖည္း မည္းေမွာင္လာသည္ကို သတိျပဳမိသြားသည္။ သူက လက္တစ္ဖက္ျမႇောက္လိုက္ၿပီး သူမမ်က္ခုံးေတြကို လက္ေခ်ာင္းမ်ားျဖင့္ ညင္သာစြာ ထိေတြ႕လိုက္၏။ သူ သူမမ်က္ဝန္းေတြထံ အၾကည့္ေ႐ြ႕သြားခ်ိန္မွာေတာ့ ႐ႊီလ်န္မွာ ပင့္သက္ရွိုက္ေနေလၿပီ ၊ ႐ႊီလ်န္ ရွန့္ခ်န္ခုန္း၏ကုတ္အကၤ်ီကို ဇစ္ဆြဲၿပီး ဆြဲခြၽတ္လိုက္သည္။ သူ႕မ်က္လုံးေတြကို တည့္တည့္ၾကည့္ရင္း

"ရွင့္အဝတ္အစားေတြကိုလဲ ခြၽတ္လိုက္"

ခပ္တိုးတိုးရယ္ေမာလ်က္ ရွန့္ခ်န္ခုန္းသည္ သူ႕လက္ေတြကိုျမႇောက္၍ သူ႕ဆြယ္တာအကၤ်ီကို ခြၽတ္လိုက္ရာ သူ႕ႂကြက္သားမ်ားမွာ သူမအေရွ႕၌ ဘြားခနဲေပၚလာပါေတာ့သည္။ ႐ႊီလ်န္လက္ေတြမွာ မေနနိုင္ေတာ့ဘဲ သူ႕ဝမ္းဗိုက္မွတစ္ဆင့္ သူ႕ရင္ဘတ္ဆီသို႔ တက္လာၿပီး အရင္က သူမကို သူ ထိေတြ႕လိုက္ပုံမ်ားႏွင့္ အလားတူ၏။

ရွန့္ခ်န္ခုန္းအသံမွာ အက္ကြဲစျပဳလာသည္ႏွင့္ ႐ႊီလ်န္သည္ ဤအနည္းငယ္မွ်ေသာ ရွန့္ခ်န္ခုန္း၏ေျပာင္းလဲမႈကို ေက်နပ္သြားရသည္။ ထိုေျပာင္းလဲမႈမွာ သူမေၾကာင့္...

သူမ၏စိတ္အားထက္သန္မႈကို ခံစားရ၍ ရွန့္ခ်န္ခုန္းသည္ ေအာက္ငုံ႕လာၿပီး ႐ႊီလ်န္ကိုေပြ႕ဖက္ရင္း သူမနားထဲသို႔ တိုးတိုးေလးကပ္ေျပာလိုက္သည္။

"စိတ္မပူပါနဲ႕ ကိုယ္တို႔မွာ တစ္ညလုံးအခ်ိန္ရွိပါတယ္"

႐ႊီလ်န္ တမင္တကာ ညည္းၫူၿပီး သူ႕ကို ေသြးေဆာင္ရန္ႀကိဳးစားသည္။ ရွန့္ခ်န္ခုန္းေရွ႕မွာ သူမဟာ မိန္းကေလးတစ္ေယာက္ျပဳမူသင့္သလိုမ်ိဳး ဘယ္ေတာ့မွ ဣေႏၵျႀကီးႀကီး ျပဳမူေနနိုင္မွာမဟုတ္ ၊ သို႔ပါလ်က္ ႐ႊီလ်န္အေနျဖင့္ သူႏွင့္အတူ ဤအရာမ်ားျပဳလုပ္ရသည္ကို သေဘာက်လွပါ၏။

အထူးသျဖင့္ သူ႕ခႏၶာကိုယ္ တင္းက်ပ္လာသည့္အခ်ိန္ သူမလက္ေတြေအာက္က သူ႕ႂကြက္သားမ်ားမွာ အလြန္ေတာင့္တင္းၿပီး အားေကာင္းလာသလို ခံစားရသည္။ ယင္းက သူမ၏ဝိညာဥ္အား အစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲသြားသလို ခံစားရေစ၏။

ဝန္ခံရမည္ဆိုလွ်င္ သူမ၏သတၱိရွိပုံကိုလည္း ရွန့္ခ်န္ခုန္း အလြန့္အလြန္ ႏွစ္သက္ျမတ္နိုးရပါသည္။ သူ႕ေအာက္မွ ႐ႊီလ်န္၏ထြက္သက္ဝင္သက္မွာ သူ႕အေရျပားကို ပြတ္သပ္ေနၿပီး... ၎က သူ စြဲလမ္းသြားနိုင္သည့္ အရာတစ္ခုပင္။ တစ္စုံတစ္ခုေသာအရာသည္ သူ႕အား သူမႏွင့္လုံးဝခြဲခြါရန္ ဆႏၵမရွိဟု ခံစားရေစသည္။

*****

ခ်င္းနန္လမ္း ၊ ေဝ့ရိခ်န္၏ဘားတြင္...

အားေမာက္က ေဝ့ရိခ်န္ကို အစီရင္ခံေန၏။

"အဲဒီလူႏွစ္ေယာက္က တစ္ခါတစ္ေလ ခ်န္ေလ်ာင္ရဲ႕ပိုင္နက္ကို အဝင္အထြက္ရွိတယ္"

ေဝ့ရိခ်န္ မ်က္ေမွာင္ၾကဳတ္၍ ျမားတစ္ေခ်ာင္းပစ္လႊတ္ရင္း

"ခ်န္ေလ်ာင္"

သူက ထိုသူအေပၚ အထင္ေကာင္းအျမင္ေကာင္း သိပ္မရွိ ၊ ခ်န္ေလ်ာင္က ခ်င္းနန္လမ္းကို မၾကာခဏ လာဖူးတဲ့သူတစ္ေယာက္ျဖစ္ၿပီး လူတိုင္းက သူ႕ကို ေလ်ာင္ေကာဟု ေခၚၾကသည္။ အႏွီေလ်ာင္ေကာက သိပ္မရိုးရွင္းသည့္တိုင္ တစ္စုံတစ္ဦးက စည္းမေက်ာ္ေသးသေ႐ြ႕ ခ်င္းနန္လမ္းရွိလူေတြက အခ်င္းခ်င္း ဝင္ေရာက္စြက္ဖက္ၾကမွာမဟုတ္ဘူး။

ေဝ့ရိခ်န္ ေနာက္ျမားတစ္ေခ်ာင္း ပစ္လႊတ္ၿပီး သူ႕အကၤ်ီဝတ္လိုက္သည္။ သူက အားေမာက္ကို

"ငါ ခဏေလာက္ အျပင္သြားလိုက္အုံးမယ္ ဘားကိုေစာင့္ၾကည့္ထား"

အားေမာက္မွာ စိတ္ထင့္ေနၿပီး သူ႕ေနာက္လိုက္သြား၏။

"ခ်န္ေကာ ဘယ္သြားမလို႔လဲ ကြၽန္ေတာ္ ခ်န္ေကာနဲ႕လိုက္ခဲ့မယ္"

ေဝ့ရိခ်န္ ေခါင္းယမ္းလိုက္သည္။ ၎က အာ႐ုံဆြဲေဆာင္နိုင္သျဖင့္ တျခားသူမ်ားႏွင့္အတူ ကိစၥမ်ားကိုလုပ္ေဆာင္ရန္မွာ အဆင္ေျပလိမ့္မွာမဟုတ္။

"ငါျပန္လာခဲ့မယ္ ငါ့ေနာက္မလိုက္လာနဲ႕"

သူ႕ဘားထဲမွ တစ္ေယာက္တည္းထြက္လာၿပီး ခ်န္ေလ်ာင္ဘားသို႔ အရင္သြားေလသည္။ သို႔ေပမဲ့ bartender က သူ(ခ်န္ေလ်ာင္) ဆိုင္မွာမရွိေၾကာင္း ေျပာလာ၏။ ေဝ့ရိခ်န္ ဘားကိုပတ္ၾကည့္လိုက္ေသာ္လည္း ေနာက္ဆုံး သူ႕မ်က္ႏွာထက္၌ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္လ်က္ျဖင့္သာ ထြက္သြားေတာ့သည္။

ခ်န္ေလ်ာင္မွာ ေနာက္ထပ္ေနရာတစ္ခုရွိေသးေၾကာင္း သူသိထားၿပီးသား။

သူသည္ ခုနစ္လမ္း၊ရွစ္လမ္းေလာက္ ေကြ႕ခ်ိဳးလာၿပီး လမ္းသြယ္မ်ားစြာထဲ လွည့္ဝင္ကာ ေနာက္ဆုံးတြင္ တ႐ုတ္ပုံစံ ႏွစ္ထပ္တိုက္တစ္လုံးေရွ႕တြင္ ရပ္လိုက္သည္။ ခ်င္းနန္လမ္းကို ထိုကဲ့သို႔ေသာ လမ္းသြယ္ေလးမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။ သာမာန္လူမ်ားအေနျဖင့္ လမ္းမေပ်ာက္ဘဲ ဤေနရာ၌ ေလွ်ာက္လွမ္းရန္မွာ ခဲယဥ္းလွ၏။

ေဝ့ရိခ်န္ ဤေနရာသို႔ ပထမဆုံးအႀကိမ္ ေရာက္လာသည့္အခါက ဤဝကၤဘာလမ္းကဲ့သို႔ေသာ လမ္းသြယ္မ်ားေၾကာင့္ အႀကိမ္ေပါင္းမ်ားစြာ ေဒါသထြက္ခဲ့ရသည္။ ယခုအခ်ိန္တြင္ သူ မ်က္လုံးမွိတ္ၿပီးေတာ့ေတာင္ ခ်င္းနန္လမ္းကို ေလွ်ာက္သြားနိုင္ေနၿပီ။

သူ႕ေရွ႕က အေဆာက္အဦေသးေသးေလးမွာ မီးပုံးမ်ားစြာ ခ်ိတ္ဆြဲထားေပမဲ့ အားလုံးမွာ အေမွာင္က်ေန၏။ ေနရာတစ္ဝိုက္တြင္ မီးေရာင္တစ္ေရာင္မွ်ေတာင္မရွိ ၊ ေဝ့ရိခ်န္ တံခါးေရွ႕မွာ အၾကာႀကီးရပ္ေန၏။ ေနာက္ဆုံး သူ အေရွ႕သို႔ လွမ္းလိုက္ခ်ိန္တြင္ ႐ုတ္တရက္ အထဲမွ ပုံရိပ္တစ္ခု ေပၚလာခဲ့သည္။

ေဝ့ရိခ်န္သည္ ႐ုတ္တရက္တိုက္ခိုက္မႈကို အလ်င္အျမန္ ေရွာင္တိမ္းလိုက္ေသာ္လည္း သူ မတ္မတ္ျပန္မရပ္မီတြင္ ၎ပုံရိပ္က ေနာက္ထပ္လက္သီးတစ္ခ်က္ကို ပစ္လႊတ္လိုက္သည္။ ေဝ့ရိခ်န္မွာ ထိုးခ်က္ကို အလိုလို ဟန႔္တားလိုက္ေသာ္လည္း ႐ုတ္တရက္ ၿပိဳင္ဘက္၏အကၤ်ီလက္ထဲမွ ဓားျမႇောင္တစ္ေခ်ာင္း ေလွ်ာထြက္သြားၿပီး သူ႕လက္ေမာင္းနားကို ပြတ္ဆြဲသြားခဲ့သည္။

စူးရွေသာနာက်င္မႈေၾကာင့္ ေဝ့ရိခ်န္၏ဦးေရျပားကို ထုံက်င္သြားေစၿပီး သူ႕ဒဏ္ရာမွေသြးပူမ်ား ထြက္လာသည္ကိုေတာင္ ခံစားရနိုင္သည္။ ေဝ့ရိခ်န္က သူ၏ဒဏ္ရာရေနေသာလက္ေမာင္းကို ဖိထားလ်က္ အေဆာက္အဦးကို ေမာ့ၾကည့္ရင္း တံခါးနားမွာ ရပ္ေနသည့္လူကို ေအာ္ေျပာလိုက္၏။

"ခ်န္ေလ်ာင္ ဒါကဘာအဓိပၸာယ္လဲ"

ခ်န္ေလ်ာင္က ၿပဳံးၿပီး သူကိုင္ထားေသာမီးပုံးကို မီးညွိလိုက္သည္။ ဝါၾကင့္ၾကင့္မီးေရာင္ေအာက္တြင္ သူ႕မ်က္ႏွာကို တျဖည္းျဖည္း ျမင္လာရသည္။

"ဒါက မင္းကို သတိေပးတာပဲ၊ မင္းရဲ႕လက္ေအာက္ငယ္သားေတြကို ငါမသိဘဲနဲ႕ ငါ့ရဲ႕ကိစၥေတြကို စစ္ေဆးဖို႔ အမိန႔္ေပးနိုင္မယ္မထင္နဲ႕"

ထိုသူက ေရွ႕သို႔တိုးလာကာ ေဝ့ရိခ်န္ထံသို႔ သာမန္ကာလွ်ံကာ ခ်ဥ္းကပ္လာခဲ့၏။

"မင္း ဝင္မရႈပ္တာပိုေကာင္းမယ္ မဟုတ္ရင္......"

သူက တမင္တကာ ေနာက္ဆုတ္ၿပီး

"ငါၾကားတာ က်ဴးပင္းက မင္းေကာင္မေလးရဲ႕ဆိုင္ကို ျပႆနာသြားရွာခဲ့တယ္ဆို?"

ဒဏ္ရာရၿပီးေနာက္ စကားေတာင္မေျပာခဲ့ေသာ ေဝ့ရိခ်န္မွာ ႐ုတ္တရက္ ျဖဴဖက္ျဖဴေရာ္ျဖစ္သြား၏။ သူက သူ႕ေရွ႕ကေယာက္်ားကို စိုက္ၾကည့္ၿပီး မတုန္မလႈပ္ သတိေပးလိုက္သည္။

"သူမက ငါ့ေကာင္မေလးမဟုတ္ဘူး မင္း သူမကို မေႏွာင့္ယွက္တာ ပိုေကာင္းမယ္"

ခ်န္ေလ်ာင္ ၿပဳံးလိုက္သည္။ 

"ငါကလဲ မိန္းကေလးေတြကို အနိုင္က်င့္ရတာကို မႀကိဳက္ပါဘူး၊ အာ.. ခ်င္းနန္လမ္းမွာ လူတိုင္းက ကိုယ့္ကိစၥကိုယ္လုပ္ရမယ္ေလ ခ်န္ေကာက နားလည္ရေလာက္ေအာင္ ဉာဏ္ေကာင္းပါတယ္ ဟုတ္တယ္မလား"

_______________________

Continue Reading

You'll Also Like

1.4M 126K 44
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
23.9K 3.1K 35
แ€€แ€ปแ€„แ€บแ€ทแ€šแ€ญแ€แ€”แ€บ ร— แ€œแ€ฏแ€ถแ€แ€ปแ€ฎ "แ€€แ€ปแ€ฝแ€”แ€บโ€‹แ€แ€ฑแ€ฌแ€บ แ€žแ€ฐแ€ทแ€กแ€แ€ฝแ€€แ€บ โ€‹แ€žแ€ฑโ€‹แ€•แ€ฑแ€ธแ€œแ€ญแ€ฏแ€€แ€บแ€–แ€ญแ€ฏแ€ท แ€†แ€”แ€นแ€’แ€›แ€พแ€ญแ€žแ€œแ€ญแ€ฏ แ€žแ€ฐแ€ทแ€กแ€แ€ฝแ€€แ€บแ€”แ€ฒแ€ทแ€•แ€ฒ แ€กแ€žแ€€แ€บ แ‰แˆ แ€”แ€พแ€…แ€บแ€‘แ€ญ แ€กแ€žแ€€แ€บแ€›แ€พแ€„แ€บแ€žแ€ฝแ€ฌแ€ธโ€‹แ€•แ€ฑแ€ธแ€–แ€ญแ€ฏแ€ทแ€œแ€Šแ€บแ€ธ แ€†แ€”แ€นแ€’แ€›แ€พแ€ญแ€แ€šแ€บ"
2.6M 154K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
7.7K 681 15
แ€•แ€Šแ€ฌแ€žแ€„แ€บแ€†แ€ฏแ€›แ€›แ€พแ€ญโ€‹แ€›แ€ฑแ€ธแ€กแ€แ€ฝแ€€แ€บ แ€•แ€ผแ€ญแ€ฏแ€„แ€บแ€†แ€ญแ€ฏแ€„แ€บแ€€แ€ผแ€žแ€Šแ€บแ€™แ€พแ€ฌ โ€‹แ€แ€ฑแ€ฌแ€™แ€ฎแ€ธโ€‹แ€œแ€ฑแ€ฌแ€„แ€บแ€žแ€–แ€ฝแ€šแ€บ แ€กแ€€แ€ปแ€ญแ€แ€บแ€กแ€”แ€šแ€บแ‹ โ€‹แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€€แ€ผแ€ฎแ€ธแ€›แ€ฏแ€ถแ€ธแ€แ€”แ€บแ€ธโ€‹แ€›แ€พแ€ฑแ€ทแ€แ€ฝแ€„แ€บ 'แ€œแ€„แ€บแ€ธแ€šแ€ฝแ€ฎแ€€แ€ปแ€„แ€บแ€ธ' แ€”แ€พแ€„แ€บแ€ท 'แ€›แ€พแ€”แ€บแ€€แ€ปแ€ฝแ€™แ€บแ€ท'แ€แ€ญแ€ฏแ€ท แ€‘แ€ญแ€•แ€บ...