Alpha Predator 《顶级掠食者》Myanmar...

By RileyXin_28

393K 39.9K 3.3K

Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapt... More

Riley has something to say
Synopsis
Chapter (1) အကြွေးနွံကလွတ်မြောက်ပြီ
Chapter (2) S အဆင့် Alpha နှင့် တွေ့ဆုံခြင်း
Chapter (3) စာချုပ်စာတမ်းခြံရံပါသော လက်ထပ်မင်္ဂလာ
Chapter (4) "တကယ်ပဲ ဘာတောင်းဆိုစရာမှမရှိဘူးလား"
Chapter (5) သူတို့ရဲ့ နောက်ထပ် နာမတော်တစ်မျိုးက... သတ္တလောကကို မင်းမူသူဆိုရဲ့
Chapter (6) ဤသည်ကား S အဆင့် Alpha တို့၏ စွမ်းနိုင်ရည်လေလော
Chapter (7) မင်းလည်းပဲ Omega တစ်ယောက်သာပဲလေ
Chapter (8) အိမ်မှာလက်ဆုံစားဖြစ်တဲ့ ညစာတစ်နှပ်
Chapter (9) "အစ်ကိုက နည်းနည်းတော့... စိတ်ဝင်စားဖို့ကောင်းသားပဲ"
Chapter (10) သူ တကယ်ကို မနှစ်မြို့မိ
Chapter (11) သူ စိတ်မကောင်းမဖြစ်မိပါဘူး
Chapter (12) အိမ်ပြန်နောက်ကျစေသော ညဆိုင်းအချိန်ပိုတို့
Chapter (13) ချွီကတော်နှင့် တွေ့ဆုံခြင်း
Chapter (14) အခန်းတစ်ခုအတွင်း S အဆင့် Alpha သုံးဦး တည်ရှိသောအခါဝယ်
Chapter (15) ချွီမော့ယွီတစ်ဦးတည်းသာလျှင် သူ့အား ကယ်တင်နိုင်မည်
Chapter (16) အသိစိတ်နှင့်မာနတရားတို့ ခါးဝတ်ပုဆိုး မမြဲနိုင်လေသော အခြေအနေ
Chapter (17) စိတ်ကူးမိဖူးပါသော ပုံရိပ်ယောင်အတိုင်းအတာတို့ထက် ကျော်လွန်၍
Chapter (18) ရှက်ဖွယ်လိလိ
Chapter (19) "ကျွန်တော်ကတော့ သိပ်နေသားမကျလို့ဖြစ်မယ်ထင်"
Chapter (20) ပြန်စာ ဘယ်ဆီမှာ
Chapter (21) အတင်းအဖျင်း
Chapter (22) ကျွန်တော်တို့ကြားမှ အကွာအဝေး
Chapter (23) ရင်ထဲဖြစ်ရသည့်ခံစားချက်ဟာ အမျိုးအမည်မသိ
Chapter (25) စိတ်ထဲထောင်းခနဲ
Chapter (26) တန်း
Chapter (27) ချိန်းတွေ့ကြမယ်
Chapter (28) ထိပ်တန်းအဆင့် Alpha များတွင် ခံစားချက်ဟူသည်ကား နတ္တိ
Chapter (29) လုပ်ရပ်တွေလိုပြီ
Chapter (30) ခင်ဗျားနဲ့မတူစေရပါဘူး
Chapter (31) လူတစ်ယောက်ကို သဘောကျမိတဲ့အခါ
Chapter (32) ပျားရည်တဲ့ဆမ်းမည်လော
Chapter (33) ပိုလှတဲ့ မနက်ဖြန်
တစ်စုံတစ်ယောက်ကို စုံမက်မိတာကွယ်၊ ဘယ်လိုများရယ် မျှော်လင့်ချက်မထားဘဲ နေနိုင်မယ်
Chapter (35) Pheromone အဆင့်ဟူသည်
Chapter (36) အသည်းညှာတစ်ခုလုံး သိမ့်သိမ့်တုန်လွန်း
Chapter (37) နားဝင်ပီယံ ချစ်တေးသံ
Chapter (38) အပြန်အလှန် ဖေးမပါလို့
Chapter (39) အားသိုက်လို့...
Chapter (40) အားနည်းချက်ဟူသည် ရှိစမြဲ

Chapter (24) ငါ့Omegaကိုယ်ပေါ်မှာ အခြားAlphaကောင်ရဲ့အနံ့တွေ ကပ်ပါလာတယ်

9.8K 945 80
By RileyXin_28




[Unicode]

Chapter (24)

ငါ့Omegaကိုယ်ပေါ်မှာ အခြားAlphaကောင်ရဲ့အနံ့တွေ ကပ်ပါလာတယ်

ပြပွဲကို ပတ်ကြည့်ပြီးနောက်မှာ သူတို့အုပ်စု ညစာစားပွဲဆီ ဆက်ကြပြီး ညဆယ့်တစ်နာရီလောက်ထိ စကားကောင်းနေခဲ့ကြသည်။

ကျိုးလန်တစ်ယောက်မှာသာ ရှန်သိုက်အား စိတ်ကွက်သွားစေမိလား ရင်တပူပူနှင့် တညနေလုံး ထိုင်မရထမရ။

Alpha နှင့် Omega တို့အကြား တစ်ဦးရဲ့ pheromone အကြောင်းကိုတစ်ဦး စကားစခြင်းဟာ ခင်မင်ရင်းနီး၍ စနောက်ခြင်းမျိုးကလွဲလျှင် ဒါသည် ပရောပရီပြုခြင်း သို့တည်းမဟုတ် ရန်စခြင်းရယ်ဆိုပြီး သွားသက်ရောက်၏။ အကယ်၍များ ဒီနေ့ ရှန်သိုက်နှင့် ကျိုးလန်တို့ရဲ့ ရာထူးအဆင့်က ပြောင်းပြန်ဖြစ်နေခဲ့ပါက Alpha အထက်လူကြီးက လက်အောက်ငယ်သား Omega အား နှုတ်အားဖြင့် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဟု၍ပင် ခေါင်းစဥ်တပ်လျှင်ရ၏။ ကျိုးလန်သည် တခဏမျှ စိတ်ကိုအလိုလိုက်မိကာ သွေးဆောင်ဖြားယောင်းမိသည်ပဲဆိုရမလား၊ ဒီပတ်သက်မှုကို အဆင့်တက်စေလို၍ပဲဖြစ်စေဦး၊ ဘယ်လိုပြောပြော သူ အတ္တဆန်စွာ ပြုမူခဲ့သည်ပင်။ မျက်နှာပူစရာ ပိုကောင်းသည်က သူ ထိုအခိုက်၌ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်စွာ pheromone အနည်းငယ်ကို လွှတ်ထုတ်မိခဲ့၏။ သူ သတိပြန်ကပ်ချိန်တွင်တော့ ချက်ချင်းပဲ ပြန်ထိန်းချုပ်ခဲ့ပါသည်။ သို့သော် ဒါကို ရှန်သိုက် သတိထားမိသွားသလားတော့ မသေချာ။

ဘယ်လိုနေနေ ရှန်သိုက်ကတော့ သန့်စင်ခန်းသွားမည်ဆိုကာ ရှောင်ထွက်သွားပြီး ပြန်ရောက်လာပြီးနောက် သူ့အား သိသိသာသာကို ရှောင်နေတော့ပြီး ကျိုးလန်ကို ပိုလို့ မချင့်မရဲဖြစ်စေသည်။

လူစုခွဲပြီးတဲ့နောက် ရှန်သိုက် အချိန်ကိုကြည့်လိုက်တော့ သူ့အဘွားဆီပြန်မယ်ဆို အရမ်းနောက်ကျနေပြီဖြစ်တာကြောင့် ဒီနေ့တော့ ချွီစံအိမ်သို့ပဲ ပြန်လိုက်တော့ဖို့ လုပ်လိုက်သည်။

ကျိုးလန်က ချီတုံချတုံ အခါခါဖြစ်ပြီးခါမှ ရှန်သိုက်နား တိုးလာပြီး သတိတထားနှင့် "စီနီယာအစ်ကိုရှန်၊ ကျွန်တော် အစ်ကို့ကို ပြန်ပို့ပေးလို့ရမလားဟင်"

"မလိုပါဘူး၊ ကိုယ် တက္ကစီခေါ်ထားတယ်။ ကျေးဇူးပါ"

"အဲ့တာဆိုလည်း လမ်းမှာ ဂရုစိုက်ပါဗျ"

"ကောင်းပါပြီ... မင်းရော"

ကားပေါ်ရောက်တော့မှ ရှန်သိုက် အနည်းငယ် စိတ်သက်သာသွားရသည်။ သူ ဒီနေ့ အစီအစဥ်အတွက်ကို အနည်းငယ် နောင်တရမိ၏။ အဖွဲ့အတွက် အခုလို အဖွဲ့လိုက် သွားတာလာတာလေးတွေက လိုတယ်သလို ပြပွဲကလည်း အတော်လေး သဘောကျစရာကောင်းသည် မှန်ပေမဲ့ သူ့အတွက်ကတော့ အိမ်မှာပဲ စာတမ်းထိုင်ဖတ်ရတာလောက်တော့ မလွယ်ကူချေ။

လမ်းတွင် ကျိုးလန်ဆီမှနေ WeChat မက်ဆေ့ချ် ဝင်လာပြီး သူ စိတ်ဆိုးသွားလားဟု အမေးရှိ၏။ သူ ခဏစဥ်းစားလိုက်ပြီးမှ စာပြန်လိုက်သည် : စိတ်ဆိုးစရာမရှိပါဘူး။ အတွေးမလွန်နဲ့

"အတွေးမလွန်နဲ့..." သူ့စကား ဘယ်အနက်ထိရည်ရွယ်၏ကို ကျိုးလန်တစ်ယောက် သဘောပေါက်ပြီး လှမ်းရန်ပြုလျက်သော ခြေလှမ်းများ ရှေ့ဆက်မတိုးတော့စေဖို့ မျှော်လင့်မိပါသည်။

သူ ချွီစံအိမ်ဆီ ပြန်ရောက်တော့ ဧည်ခန်းမီးက ထိန်နေဆဲ။ အိမ်ထဲ ဝင်သွားလိုက်တော့ အခုလေးတင်ပဲ ပြန်ရောက်သည့် ချွီမော့ယွီနှင့် တည့်တည့်တိုးသည်။ ဗိုက်ဆာလာသည်ထင်၊ အန်တီလန်က ခေါက်ဆွဲတစ်ပွဲ ပြုတ်ပေးပြီး သူစားတာကို စောင့်ပေးနေသည်။

ရှန်သိုက်မှာ ချွီမော့ယွီနှင့် ပက်ပင်းတိုးမည်ဟု ထင်မှတ်မထားခဲ့၊ သူ့အကြည့်များက ထိုသူ့ လည်ပင်းထက်ဆီ အလိုလိုရွေ့သွားခဲ့သည်။ အိမ်ပြန်ရောက်နေပြီဆိုတော့ သူ ဒီနေ့ဝတ်ထားတဲ့ နက်ကတိုင်ကို ချွတ်လိုက်ပြီပဲပေါ့၊ သို့သော်လည်း သူ့ရင်ထဲမှာတော့ ဝိုးတဝါးပုံရိပ်ဟာ ဖယ်ရှားမရ၊ တဒင်္ဂမျှ ရေးခနဲ ဟပ်ပြန်သည်။

ချွီမော့ယွီသည်လည်း ရှန်သိုက်ကိုတွေ့တော့ အံ့အားသင့်သွား၏ "ဒီနေ့ မင်းအဘွားဆီသွားမယ်ဆို"

"ကျွန်တော် အလုပ်ကလူတွေနဲ့ ပြပွဲတစ်ခုသွားကြည့်ရင်း ညစာစားပွဲ ဝိုင်းဖြစ်လိုက်တာ။ မိုးလည်းအရမ်းချုပ်နေပြီမလို့ မပြန်ဖြစ်တော့ဘူး"

"လာထိုင်" ချွီမော့ယွီက စကားစမြည်အဖြစ်ပဲ မေးလာသည် "ဘာပြပွဲလဲ"

ရှန်သိုက်က အနားသို့ လျှောက်သွားရင်းဖြင့် "အာကာသနှင့် ဘူမိဆိုင်ရာ ပြပွဲ။ အာကာသသိပ္ပံဝန်ကြီးဌာနရယ် ဘူမိသိပ္ပံတက္ကသိုလ်တို့ ပေါင်းစီစဥ်တာပါ"

အန်တီလန်က ရှန်သိုက်ကို အပြုံးလေးဖြင့် အမေးရှိ၏ "အားသိုက်၊ သား ဗိုက်ဆာလား။ အန်တီ သားအတွက် ခေါက်ဆွဲပြုတ်ပေးမယ်။ ဒီနေ့ပြုတ်ထားတဲ့ အမဲရိုးပြုတ်ရည်လေးနဲ့၊ လွှတ်ကောင်းပဲ"

"အန်တီလန်... ရတယ်။ ကျွန်တော် ဗိုက်ပြည့်လာပြီ"

ရှန်သိုက် ထိုင်လျှင်ထိုင်ချလိုက်ချင်းပဲ ချွီမော့ယွီက နှာခေါင်းရှုံ့ခနဲ။ သူ တူအစုံကို ချလိုက်ပြီး မပြောမဆို ရှန်သိုက်အနားသို့ ကိုယ်ကြီး ကိုင်းလာ၍ "ပွဲက စိတ်ဝင်စားဖို့ကောင်းလား"

"ကုန်စည်ပြပွဲတွေလိုမျိုးတော့ ဘယ်စိတ်ဝင်စားစရာရှိမလဲ။ စိတ်မဝင်စားတဲ့လူတွေအမြင်မှာကတော့ ဖုတ်သလဲကျောက်ခဲတွေပဲပေါ့"

ချွီမော့ယွီက ရှန်သိုက်ဆီသို့ တိုက်ရိုက် ပင့်သက်တစ်ချက်ရှိုက်လျက် အခြား Alpha တစ်ဦး၏ pheromone အနံ့ကို ရလိုက်ရတဲ့အခါ အေးအေးဆေးဆေးပဲ မေးလာခဲ့သည် "ဟုတ်လား။ မင်း ဘယ်သူနဲ့ သွားတာလဲ"

"အလုပ်ကလူတွေနဲ့ပါ"

ဒီအခြေအနေသည် လူကို အတွေးများစေဖို့ လုံလောက်၏။

လူအများကြားသွားလာလှုပ်ရှား၍ ပြန်လာသည့် Omega တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထက်တွင် ထင်းခနဲ သိသာနေသော Alpha pheromone အနံ့တစ်ဖုံ ကပ်ပါလာခြင်းမှာ သံသယပွားစေရန်လုံလောက်၏။ သူသူကိုယ်ကိုယ် လူတိုင်း pheromone စတစ်ကာ အသုံးပြုကြသည်ဖြစ်ရာ အလွန်နီးကပ်စွာ ထိတွေ့ပတ်သက်ခဲ့ခြင်း သို့မဟုတ် တမင်ရည်ရွယ်ကာ pheromone လွှတ်ထုတ်ခဲ့ခြင်းမှလွှဲ၍ ဒီလောက်အချိန်ကြာကြာအထိ အခြားလူတစ်ယောက်ကိုယ်ပေါ်တွင် pheromone အနံ့ စွဲကျန်နေဖို့ရာ ဖြစ်နိုင်ချေရှားသည်။

ထိပ်တန်းအဆင့် Alpha တစ်ဦးဖြစ်သည့်အားလျော်စွာ ချွီမော့ယွီ၏ pheromone အာရုံခံနိုင်စွမ်းက အတော်လေး အားကောင်းပေ၏။ ပုံမှန်အားဖြင့် ရုံးဆင်းကျောင်းဆင်းချိန်ဆို လူကြပ်ကြပ်သိပ်သိပ်ရှိလှသည့် မြေအောက်ရထား၊ ဓာတ်လှေကားတို့စီးနှင့် လူတိုင်းကိုယ်ပေါ်မှာ pheromone နံ့တွေ ရောပါလာတတ်ကြသည်ပင်။ လူတွေကြားရောထွေးလာခဲ့ရတော့ လူပေါင်းစုံဆီက အနံ့ပေါ့။  သို့သော် အခုက သီးသီးသန့်သန့် စူးခနဲကိုမှ Alpha တစ်ကောင်ရဲ့ အနံ့ဖြစ်သည်က သိသိသာသာ။ ဒါသည် ရှန်သိုက် ဒီနေ့ Alpha ကောင်တစ်ကောင်ကောင်နှင့် အချိန်တစ်ခုအထိ နီးနီးကပ်ကပ်  အဆက်အဆံရှိခဲ့သည်ဆိုသည် အဓိပ္ပာယ်ပေ။ နောက်ပြီး အဲ့ဒီ Alphaကောင်က ရှန်သိုက်ကို တမင်ရည်ရွယ်၍ pheromone လွှတ်ထုတ်ခဲ့လောက်သည်။

တစ်ဖက်တွင် ရှန်သိုက်ကတော့ pheromone နံ့ ခပ်ဖျော့ဖျော့သာ ပိုင်ဆိုင်ရုံမက အနံ့ခံအာရုံသည်လည်း မကောင်းလှ။ ကျိုးလန်က pheromone ထုတ်လွှတ်လိုက်သည်ကို သူ သတိထားမိခြင်းမရှိခဲ့ချေ။

ချွီမော့ယွီ ရွှေစိတ်ဘဝင် ညစ်ညူးသွား၏။ လူတွေနှင့်ပတ်သက်ဆက်နွယ်ရတဲ့အခါ အမှုမဲ့အမှတ်မဲ့ အကြောင်းအမျိုးမျိုးကနေပြီး အခြားလူရဲ့ pheromone တွေ အနည်းနှင့်အများ ကပ်ပါလာတတ်တာ သာမန်ပဲဖြစ်ရာ ဒါကို ဇာထချဲ့လို့လည်းမကောင်း။ သူ အမိန့်ပေးလိုက်သည် "ရေသွားချိုး"

ရှန်သိုက်အတွက်တော့ "ရေသွားချိုး"ဆိုသည့် စကားသုံးလုံးသည် သံဝါသရန်အတွက် စကားဦးစကားရိပ်အဖြစ်...

သူ မနက်ဖြန်မနက် အိမ်ကို အစောထပြန်ချင်သေးသည်။ ချွီမော့ယွီသာ သူ့ကို တစ်ညလုံး ဆက်ဆံခဲ့ရင် သူ မနက်ကျ ဘယ်လိုလုပ်ထနိုင်တော့ပါ့မလဲ...

ထို့အပြင် သူ ချွီမော့ယွီကို ကြည့်မိရင် ယိုပေါ်ယွဲ့၏ ကြွေရုပ်သဏ္ဍာန် ရုပ်အဆင်းနှင့် သာမန်လူအများ မအပ်စက်နိုင်သော အထက်တန်းလွှာဘုံနန်းတို့က အာရုံထဲတိုးဝင်လာတော့သည်။ သူ့ရင်ထဲမှ တစ်ဆို့ဆို့ အစိုင်အခဲကို "သိမ်ငယ်ခြင်း"ဟု အလွယ်လေး ခေါင်းစဥ်မတပ်လိုပါ။

သို့သော်လည်း ဤသို့သောအတွေးတို့ မနှောင့်ယှက်စေရန် စွမ်းနိုင်ခြင်းမရှိခဲ့...

ဤအခိုက်တွင် ချွီမော့ယွီသည် သူ "နှစ်သက်လှပါရဲ့"ဆိုသည့် တန်ဖိုးကြီး အဆင့်အတန်းမြင့် ဟင်းလျာမျိုးအား သုံးဆောင်ဖို့ငှာ မသက်သာ၊ ထို့ကြောင့် ခပ်ပေါ့ပေါ့ပါးပါးရှိတာတစ်ခုခုကိုသာ အစာပြေ တို့ထိလိုက်သည်။

စားပွဲပေါ်မှ ခေါက်ဆွဲတစ်ပန်းကန်လိုမျိုးပေါ့...

ဒီလို ညနက် နောက်ကျသွားချိန်ကျ ထမင်းကြီးဟင်းကြီး စားဖို့ အဆင်မပြေဘူးမဟုတ်ပါလား။ သည်တော့ အနီးအနား လွယ်နှင့်တကူရနိုင်တာ တစ်ခုခုနှင့်ပဲ ဟာသောဝမ်းကို ချွေးသိပ်ရသပေါ့။

ချွီမော့ယွီအတွက် သူ၏ ဖြစ်တည်မှုသည်လည်း ထိုနည်းလည်းကောင်း...

သူသာ ဒီအတွက်ကို အပေးအယူတစ်ခုအဖြစ်နှင့် သက်တောင့်သက်သာ မှတ်ယူနိုင်လျှင် ငွေ ဆယ်သန်းသည် သိပ်ကိုများတဲ့ငွေပမာဏတစ်ခု၊ သိပ်ကို တန်သည်အမှန်။ သို့သော် သူသည် ကိုယ့်သေတွင်းကိုယ်တူးရင်းသာ မီးပုံထဲသို့ ပျော်ပျော်ကြီးခုန်ဆင်းနေမိပါတဲ့ ပိုးဖလံမျိုးဖြစ်ခဲ့ရဲ့။

ရှန်သိုက်၏ တွန့်ဆုတ်နေမှုကို ချွီမော့ယွီက ပိုင်ပိုင်နိုင်နိုင်မြင်လိုက်ပြီး မဟူရာတိမ်တိုက်တို့ဟာ သူ့မျက်ဝန်းများထဲ ပိုပိန်းပိတ်လာတော့သည်။ အမျက်တော်များ နှစ်ဆပွား၍ "ဘာလုပ်နေတာလဲ"

ရှန်သိုက်ဟာ တမင်ပဲဖြစ်စေ မရည်ရွယ်ဘဲဖြစ်သွားသည်ဆိုဦးတော့ တုံ့ဆိုင်းနေခြင်းသည် သူ့အား အာခံခြင်းအဖြစ် စွဲချက်တင်နိုင်ပေ၏။ ရှန်သိုက်က သူနှင့် အတူနေချင်ပုံမရ။ ကိုယ်ပေါ်မှာလည်း အခြား Alpha ကောင်အနံ့တွေ ကပ်ပါလာသေးသည်။ ဒီအချိုးတွေက ချွီမော့ယွီအား ဒေါသငယ်ထိပ်တက်ဆောင့်စေတော့၏။

စိတ်ခံစားချက်ကို ထိန်းချုပ်ခြင်းသည် ထိပ်တန်းအဆင့် Alpha များအတွက် မဖြစ်မနေတတ်မြောက်ရမည့် အရည်အသွေးတစ်ခုဖြစ်သည်။ သူတို့ရဲ့ စိတ်ခံစားချက်ပြဿနာများက မြောက်များစွာသော ထိခိုက်မှုများကို ဖြစ်ပျက်စေနိုင်သည်ဖြစ်ရာ ဓားကို ဓားအိမ်ထဲတွင်သာ သေချာသိမ်းဆည်းရ၏။ ဒါ့ကြောင့် သူ ဒေါသဖြစ်ခဲသည်၊ အခြေအနေပေါ်လိုက်၍ pheromone ကို တမင်လွှတ်ထုတ်၍ လွှမ်းမိုးထိန်းချုပ်လိုက်တာမျိုးသာရှိသည်။ သို့သော် ဒီအခိုက်အတန့်တွင်တော့ ဒေါသမီးဟာ ထောင်းခနဲ။ သူ့ Omega က သူ့ကို ငြင်းဆန်သည်တဲ့လေ။

ဤကား ထိပ်တန်းအဆင့် Alpha တစ်ယောက်ကို ဟိတ်ဟန်မထိန်းနိုင်လောက်အောင် မီးဟုန်းဟုန်းတောက်စေသည်။

ရှန်သိုက်က ခေါင်းငုံ့လျက်နှင့် "ကျွန်တော် ရေသွားချိုးလိုက်ပါဦးမယ်"ဆိုပြီး ထတက်သွားတော့သည်။  

ရှန်သိုက်အခန်းဆီတက်လာချိန်မှာတော့ ချွီမော့ယွီ၏စိတ်များ အလုံးစုံ ငြိမ်သက်သွားခဲ့ပြီ။ အထူးသဖြင့် စောင်ပုံလေးထဲမှာ လိမ်လိမ်မာမာလေး ဝင်လှဲကာ သူ့ကိုစောင့်နေပြီး သူနှင့်အကြည့်ချင်းဆုံတော့ မျက်ဝန်းများထဲ ရှက်ပျာခနဲဖြစ်သွားတဲ့ ရှန်သိုက်ကို တွေ့လိုက်ရချိန်ပေါ့။

သူ စောင်ထဲဝင်သွားလိုက်တော့ ရှန်သိုက်က ခဏ တုံ့ဆိုင်းနေပြီးမှ သူပြောထားသလိုအတိုင်း သူ့အားအရင် လာဖက်သည်။

ချွီမော့ယွီက ရှန်သိုက်ကို ပိုက်နက်ကင်းလှည့်သလို အသော့ငုံ့နမ်းကြည့်၏။  ရှန်သိုက်ကိုယ်မှာနံနေတဲ့ အနံ့တွေအားလုံး ပြောင်စင်အောင် ဆေးကြောခဲ့လားကို ဆံနွယ်ထွေးထွေးတို့မှနေ ပါးမို့နီနီ၊ ထိုမှတဆင့် လည်တိုင်သွယ်သွယ်ဆီ ဆင်းလာရင်း သေချာစစ်သည်။ မွှေးကြူကြည့်တော့ ဆပ်ပြာရည်နံ့ မွှေးမွေးနှင့် ကိုယ်သင်းနံ့လေးကသာ နှာခေါင်းထိပ်ဆီ တိုးဝင်လာတော့၏။ မျက်နှာကလည်း အဲ့တော့မှ ကျေနပ်သွားတော့သည်။ သူ ရှန်သိုက်ကို ရင်ခွင်ထဲထည့်ကာ တင်းတင်းကျပ်ကျပ် ထွေးပွေ့လိုက်သည်။ ဆိုးခနဲဆတ်ခနဲ အပိုင်မသိမ်းသေးဘဲ သိမ်မွေ့သော အကြင်နာတို့ကို အပ်နှင်းလေသည်။

ရှန်သိုက်ကိုယ်တိုင်လည်း ချွီမော့ယွီ၏ နွေးထွေးသော ရင်ခွင်ကျယ်ကြီးထဲ တိုးဝင်မိသည်။ ထိပ်တန်းအဆင့် Alpha pheromone ၏ အားကောင်းလှသောအစွမ်းသတ္တိက သူ့အား ညှို့ငင်သည်။ သူ လေသံ တိုးငယ်ငယ်ဖြင့် "မော့ယွီ၊ ကျွန်တော် မနက်ဖြန် အိမ်ကို စောစောထသွားချင်တယ်"

"အင်း၊ သွားလေ"

"အဲ့တာဆို မင်း..."

"ကိုယ်က ဘာဖြစ်လဲ"

ရှန်သိုက် ရှက်ကိုးရှက်ကန်းလေးဖြင့် "မင်း တစ်ခေါက်ပဲ လုပ်လို့ရမလားဟင်"

Omega တွေက heat တက်နေတုန်းမှာသာ ရမ္မက်ပြင်းပြင်းနှင့် ခန္ဓာကိုယ်က ခံနိုင်စွမ်း အလျှံအပယ်ရှိနိုင်သည်။ ထိုသို့သော ဖောက်လွဲဖောက်ပြန်ဟောမုန်းများမရှိဘဲ ပုံမှန်ဆိုရင်တော့ သူ ချွီမော့ယွီ အားရကျေနပ်သည်အထိ မဖြည့်ဆည်းပေးနိုင်ချေ။

ချွီမော့ယွီက ဟက်ခနဲ နှစ်ချက်ရယ်သွမ်းသွေး၍ "ကိုယ်က လုပ်မယ်လို့ပြောလို့လား။ ဘာလဲ... မင်း လိုချင်လို့လား"

ရှန်သိုက် ရှက်သွားပြီး ကြောင်အနေ၏။

"မင်း တကယ် လိုချင်နေတာပေါ့" ချွီမော့ယွီက ရှန်သိုက်ရဲ့ နှာခေါင်းထိပ်လေးကို နှာဖျားချင်း တို့ထိကျီစယ်ရင်း "သန့်ရှင်းထားပြီးပါ ကိုယ့်ကိုစောင့်နေတယ်ပေါ့လေ"

ချွီမော့ယွီ သူ့ကို ကျီစယ်နေမှန်း ရှန်သိုက်သဘောပေါက်သွားပြီး ပျာပျာသလဲ ထရှင်းသည် "မဟုတ်ပါဘူး"

သူ ချွီမော့ယွီရဲ့ ရင်ခွင်တွင်းမှ ရုန်းထွက်ပေမဲ့ တင်းတင်းကျပ်ကျပ် ဆွဲဖက်ထားခံရသည်။

ချွီမော့ယွီက သူ့ကို လေးကိုင်းသဏ္ဍာန် မျက်ခုံး ပြုံးရွှင်သောမျက်လုံးများဖြင့် ကြည့်လာသည်။ ခန့်ညားလွန်းလို့ သူ့မှာ နှလုံးခုန်ပင်ရပ်မတတ်။ Pheromone များလည်း လွှမ်းခြုံလာရာ သူတို့နှစ်ဦးသားအကြား ပြာရီရီ ငွေ့သက်လွှာ တရစ်ဝဲဝဲ နေရာယူလာခဲ့တော့သည်။

ရှန်သိုက်ရင်ထဲ တိတ်တိတ်လေး သက်ပြင်းချမိ၏။ ဒီလိုလူတစ်ယောက်... ဒီလို အရှိန်အဝါတွေ ပြည့်လျှမ်းနေတဲ့ နှစ်လို့ဖွယ် အမျိုးသားတစ်ယောက်... အနန္တတန်ခိုးရှင်အလား သိပ်ကို အင်အားကြီးမားသူ... သူ့ကိုလည်း အခါခါ ကယ်တင်ပေးခဲ့သူ...

သူ အဘယ်တွင် မကျရှုံးဘဲရှိနိုင်မည်....

"ဟုတ်ပါပြီ" ဆိုရင်း ချွီမော့ယွီက သူ့ရဲ့ကြီးမားကျယ်ပြန့်သော လက်အစုံဖြင့် ရှန်သိုက်ရဲ့ ဆံထွေးနုနုကို ပွတ်သပ်ကစားရင်း ထိုကနေ ဖြည်းဖြည်းချင်း အောက်သို့ လျှောဆင်းလာသည်။ သူ၏လက်ဖဝါးနွေးနွေးက ရှန်သိုက်ရဲ့ ဂလင်းထက်မှာ နေရာယူလာပြီး

"ကိုယ်ဒီည မလုပ်ဘူး။ မင်းကို စောစောအိပ် စောစောထခွင့်ပေးမယ်။ ဟုတ်ပြီလား"

သူ ဒီအခန်းထဲ မဝင်လာခင်က ဤသို့အစီအစဥ် မဟုတ်ခဲ့။ သေချာပေါက်ပေါ့၊ သူ ရှန်သိုက်ဆီရောက်လာတာ သူ့ခန္ဓာကိုယ် တောင့်တမှုကို ဖြေလျှော့ဖို့သာ။ သို့သော် နွေးထွေးသော အိပ်ရာထဲနေရာယူချိန်တွင်တော့ သူတို့ခန္ဓာကိုယ်အစုံဟာ ထိတွေ့ပွတ်တိုက်ကြသည်၊ အမှတ်တမဲ့ အကြည့်ချင်းစုံကြသည်၊ စန္ဒကူးနက်နှင့် ကုမုဒြာရနံ့ pheromone အပေါင်း ယှက်နွယ်လာတဲ့အခါမှာတော့ ခန္ဓာကိုယ်ချင်း နှီးနှောခြင်းမနှီးနှောခြင်းက အကြောင်းမဟုတ်ဟု ရုတ်တရက် အတွေးဝင်လာခဲ့သည်။ ဆက်ဆံခြင်းက ဖြေလျှော့ရန်သက်သက်ပေ။ သူ အခု ပြေလျော့လျက်ရှိပြီးဖြစ်၏။ ဒီလို ကိုယ်ရောစိတ်ပါ သာယာမှုက သူ့အား အလုံးစုံ ပြေလျော့ငြိမ့်ညောင်းမှုကို ပေးစွမ်း၍ နွေးထွေးငြိမ်းချမ်းသော ကမ္ဘာတစ်ခုဆီ အလည်တစ်ပတ်ရောက်ရှိလျက်ရှိသည်။

သူ ဒီလိုအတွေ့အကြုံမျိုး တစ်ခါမှ မခံစားရဖူးပေ။ သူ့ရင်ခွင်တွင်းမှ လူသားဟာ သိပ်ကို ဆန်းကျယ်သည်။ သူ့ရဲ့ မိန်းမိန်းမောမော လိုအင်ရမ္မက်ကိုလည်း လှုပ်နှိုးနိုင်သလို တွင်းဟောင်းရေကြည်နှယ်လည်း ရေစင်အေးကို ပက်ဖြန်းနိုင်ပြန်သည်။

ဒီတဒင်္ဂမှာတော့ ချွီမော့ယွီ ထုတ်လွှတ်သော ကြင်နာမှုများအလယ် ရှန်သိုက်မယ် တောင့်ခံနိုင်စွမ်းမဲ့ရသည်။ သူ၏ နှလုံးသားတစ်ခုလုံး ညှို့ငင်ခံနေရသည်။ စိတ်ကူးဖြင့်မရူးဖို့ အသိက သတိပေးနေပါသော်လည်း ဒီအခိုက်အတန့်မှာတော့... ဒီ အခိုက်အတန့်လေးမှာတော့ဖြင့် ချွီမော့ယွီမှာ သူ့အပေါ် အနည်းငယ်သော  မေတ္တာစိတ်လေး ကွန်းခိုလျက်ရှိနေလောက်မလား စိတ်ကူးယဥ်မိပါရဲ့။ ဘယ်လိုပဲပြောပြော လူဆိုတာ ခံစားတတ်တဲ့နှလုံးသားတော့ပါရှိသည်မဟုတ်လား။ စိတ်ဝိဉာဥ်ရော ကိုယ်ခန္ဓာပါ ကောင်းမွန်စွာ အပေးအယူမျှမည်ဆိုပါရင် ရင်တွင်းမှာ အမှတ်အသားတော့ကျန်မည် အသေအချာ။

တကယ်လို့များ... တကယ်လို့များသာ ချွီမော့ယွီကလည်း သူ့မေတ္တာကို ပြန်တုံ့နှင်းပေးနိုင်မည်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

Arthur's Audrey

3.3.2023  //  7:33 PM

...................











[Zawgyi]

Chapter (24)

ငါ့Omegaကိုယ္ေပၚမွာ အျခားAlphaေကာင္ရဲ႕အနံ႔ေတြ ကပ္ပါလာတယ္

ျပပြဲကို ပတ္ၾကည့္ၿပီးေနာက္မွာ သူတို႔အုပ္စု ညစာစားပြဲဆီ ဆက္ၾကၿပီး ညဆယ့္တစ္နာရီေလာက္ထိ စကားေကာင္းေနခဲ့ၾကသည္။

က်ိဳးလန္တစ္ေယာက္မွာသာ ရွန္သိုက္အား စိတ္ကြက္သြားေစမိလား ရင္တပူပူႏွင့္ တညေနလုံး ထိုင္မရထမရ။

Alpha ႏွင့္ Omega တို႔အၾကား တစ္ဦးရဲ႕ pheromone အေၾကာင္းကိုတစ္ဦး စကားစျခင္းဟာ ခင္မင္ရင္းနီး၍ စေနာက္ျခင္းမ်ိဳးကလြဲလွ်င္ ဒါသည္ ပေရာပရီျပဳျခင္း သို႔တည္းမဟုတ္ ရန္စျခင္းရယ္ဆိုၿပီး သြားသက္ေရာက္၏။ အကယ္၍မ်ား ဒီေန႔ ရွန္သိုက္ႏွင့္ က်ိဳးလန္တို႔ရဲ႕ ရာထူးအဆင့္က ေျပာင္းျပန္ျဖစ္ေနခဲ့ပါက Alpha အထက္လူႀကီးက လက္ေအာက္ငယ္သား Omega အား ႏႈတ္အားျဖင့္ လိင္ပိုင္းဆိုင္ရာထိပါးေႏွာင့္ယွက္မႈဟု၍ပင္ ေခါင္းစဥ္တပ္လွ်င္ရ၏။ က်ိဳးလန္သည္ တခဏမွ် စိတ္ကိုအလိုလိုက္မိကာ ေသြးေဆာင္ျဖားေယာင္းမိသည္ပဲဆိုရမလား၊ ဒီပတ္သက္မႈကို အဆင့္တက္ေစလို၍ပဲျဖစ္ေစဦး၊ ဘယ္လိုေျပာေျပာ သူ အတၱဆန္စြာ ျပဳမူခဲ့သည္ပင္။ မ်က္ႏွာပူစရာ ပိုေကာင္းသည္က သူ ထိုအခိုက္၌ ကိုယ့္ကိုယ္ကိုယ္ မထိန္းႏိုင္စြာ pheromone အနည္းငယ္ကို လႊတ္ထုတ္မိခဲ့၏။ သူ သတိျပန္ကပ္ခ်ိန္တြင္ေတာ့ ခ်က္ခ်င္းပဲ ျပန္ထိန္းခ်ဳပ္ခဲ့ပါသည္။ သို႔ေသာ္ ဒါကို ရွန္သိုက္ သတိထားမိသြားသလားေတာ့ မေသခ်ာ။

ဘယ္လိုေနေန ရွန္သိုက္ကေတာ့ သန္႔စင္ခန္းသြားမည္ဆိုကာ ေရွာင္ထြက္သြားၿပီး ျပန္ေရာက္လာၿပီးေနာက္ သူ႔အား သိသိသာသာကို ေရွာင္ေနေတာ့ၿပီး က်ိဳးလန္ကို ပိုလို႔ မခ်င့္မရဲျဖစ္ေစသည္။

လူစုခြဲၿပီးတဲ့ေနာက္ ရွန္သိုက္ အခ်ိန္ကိုၾကည့္လိုက္ေတာ့ သူ႔အဘြားဆီျပန္မယ္ဆို အရမ္းေနာက္က်ေနၿပီျဖစ္တာေၾကာင့္ ဒီေန႔ေတာ့ ခြၽီစံအိမ္သို႔ပဲ ျပန္လိုက္ေတာ့ဖို႔ လုပ္လိုက္သည္။

က်ိဳးလန္က ခ်ီတုံခ်တုံ အခါခါျဖစ္ၿပီးခါမွ ရွန္သိုက္နား တိုးလာၿပီး သတိတထားႏွင့္ "စီနီယာအစ္ကိုရွန္၊ ကြၽန္ေတာ္ အစ္ကို႔ကို ျပန္ပို႔ေပးလို႔ရမလားဟင္"

"မလိုပါဘူး၊ ကိုယ္ တကၠစီေခၚထားတယ္။ ေက်းဇူးပါ"

"အဲ့တာဆိုလည္း လမ္းမွာ ဂ႐ုစိုက္ပါဗ်"

"ေကာင္းပါၿပီ... မင္းေရာ"

ကားေပၚေရာက္ေတာ့မွ ရွန္သိုက္ အနည္းငယ္ စိတ္သက္သာသြားရသည္။ သူ ဒီေန႔ အစီအစဥ္အတြက္ကို အနည္းငယ္ ေနာင္တရမိ၏။ အဖြဲ႕အတြက္ အခုလို အဖြဲ႕လိုက္ သြားတာလာတာေလးေတြက လိုတယ္သလို ျပပြဲကလည္း အေတာ္ေလး သေဘာက်စရာေကာင္းသည္ မွန္ေပမဲ့ သူ႔အတြက္ကေတာ့ အိမ္မွာပဲ စာတမ္းထိုင္ဖတ္ရတာေလာက္ေတာ့ မလြယ္ကူေခ်။

လမ္းတြင္ က်ိဳးလန္ဆီမွေန WeChat မက္ေဆ့ခ်္ ဝင္လာၿပီး သူ စိတ္ဆိုးသြားလားဟု အေမးရွိ၏။ သူ ခဏစဥ္းစားလိုက္ၿပီးမွ စာျပန္လိုက္သည္ : စိတ္ဆိုးစရာမရွိပါဘူး။ အေတြးမလြန္နဲ႔

"အေတြးမလြန္နဲ႔..." သူ႔စကား ဘယ္အနက္ထိရည္႐ြယ္၏ကို က်ိဳးလန္တစ္ေယာက္ သေဘာေပါက္ၿပီး လွမ္းရန္ျပဳလ်က္ေသာ ေျခလွမ္းမ်ား ေရွ႕ဆက္မတိုးေတာ့ေစဖို႔ ေမွ်ာ္လင့္မိပါသည္။

သူ ခြၽီစံအိမ္ဆီ ျပန္ေရာက္ေတာ့ ဧည္ခန္းမီးက ထိန္ေနဆဲ။ အိမ္ထဲ ဝင္သြားလိုက္ေတာ့ အခုေလးတင္ပဲ ျပန္ေရာက္သည့္ ခြၽီေမာ့ယြီႏွင့္ တည့္တည့္တိုးသည္။ ဗိုက္ဆာလာသည္ထင္၊ အန္တီလန္က ေခါက္ဆြဲတစ္ပြဲ ျပဳတ္ေပးၿပီး သူစားတာကို ေစာင့္ေပးေနသည္။

ရွန္သိုက္မွာ ခြၽီေမာ့ယြီႏွင့္ ပက္ပင္းတိုးမည္ဟု ထင္မွတ္မထားခဲ့၊ သူ႔အၾကည့္မ်ားက ထိုသူ႔ လည္ပင္းထက္ဆီ အလိုလိုေ႐ြ႕သြားခဲ့သည္။ အိမ္ျပန္ေရာက္ေနၿပီဆိုေတာ့ သူ ဒီေန႔ဝတ္ထားတဲ့ နက္ကတိုင္ကို ခြၽတ္လိုက္ၿပီပဲေပါ့၊ သို႔ေသာ္လည္း သူ႔ရင္ထဲမွာေတာ့ ဝိုးတဝါးပုံရိပ္ဟာ ဖယ္ရွားမရ၊ တဒဂၤမွ် ေရးခနဲ ဟပ္ျပန္သည္။

ခြၽီေမာ့ယြီသည္လည္း ရွန္သိုက္ကိုေတြ႕ေတာ့ အံ့အားသင့္သြား၏ "ဒီေန႔ မင္းအဘြားဆီသြားမယ္ဆို"

"ကြၽန္ေတာ္ အလုပ္ကလူေတြနဲ႔ ျပပြဲတစ္ခုသြားၾကည့္ရင္း ညစာစားပြဲ ဝိုင္းျဖစ္လိုက္တာ။ မိုးလည္းအရမ္းခ်ဳပ္ေနၿပီမလို႔ မျပန္ျဖစ္ေတာ့ဘူး"

"လာထိုင္" ခြၽီေမာ့ယြီက စကားစျမည္အျဖစ္ပဲ ေမးလာသည္ "ဘာျပပြဲလဲ"

ရွန္သိုက္က အနားသို႔ ေလွ်ာက္သြားရင္းျဖင့္ "အာကာသႏွင့္ ဘူမိဆိုင္ရာ ျပပြဲ။ အာကာသသိပၸံဝန္ႀကီးဌာနရယ္ ဘူမိသိပၸံတကၠသိုလ္တို႔ ေပါင္းစီစဥ္တာပါ"

အန္တီလန္က ရွန္သိုက္ကို အၿပဳံးေလးျဖင့္ အေမးရွိ၏ "အားသိုက္၊ သား ဗိုက္ဆာလား။ အန္တီ သားအတြက္ ေခါက္ဆြဲျပဳတ္ေပးမယ္။ ဒီေန႔ျပဳတ္ထားတဲ့ အမဲ႐ိုးျပဳတ္ရည္ေလးနဲ႔၊ လႊတ္ေကာင္းပဲ"

"အန္တီလန္... ရတယ္။ ကြၽန္ေတာ္ ဗိုက္ျပည့္လာၿပီ"

ရွန္သိုက္ ထိုင္လွ်င္ထိုင္ခ်လိုက္ခ်င္းပဲ ခြၽီေမာ့ယြီက ႏွာေခါင္းရႈံ႕ခနဲ။ သူ တူအစုံကို ခ်လိုက္ၿပီး မေျပာမဆို ရွန္သိုက္အနားသို႔ ကိုယ္ႀကီး ကိုင္းလာ၍ "ပြဲက စိတ္ဝင္စားဖို႔ေကာင္းလား"

"ကုန္စည္ျပပြဲေတြလိုမ်ိဳးေတာ့ ဘယ္စိတ္ဝင္စားစရာရွိမလဲ။ စိတ္မဝင္စားတဲ့လူေတြအျမင္မွာကေတာ့ ဖုတ္သလဲေက်ာက္ခဲေတြပဲေပါ့"

ခြၽီေမာ့ယြီက ရွန္သိုက္ဆီသို႔ တိုက္႐ိုက္ ပင့္သက္တစ္ခ်က္ရႈိက္လ်က္ အျခား Alpha တစ္ဦး၏ pheromone အနံ႔ကို ရလိုက္ရတဲ့အခါ ေအးေအးေဆးေဆးပဲ ေမးလာခဲ့သည္ "ဟုတ္လား။ မင္း ဘယ္သူနဲ႔ သြားတာလဲ"

"အလုပ္ကလူေတြနဲ႔ပါ"

ဒီအေျခအေနသည္ လူကို အေတြးမ်ားေစဖို႔ လုံေလာက္၏။

လူအမ်ားၾကားသြားလာလႈပ္ရွား၍ ျပန္လာသည့္ Omega တစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထက္တြင္ ထင္းခနဲ သိသာေနေသာ Alpha pheromone အနံ႔တစ္ဖုံ ကပ္ပါလာျခင္းမွာ သံသယပြားေစရန္လုံေလာက္၏။ သူသူကိုယ္ကိုယ္ လူတိုင္း pheromone စတစ္ကာ အသုံးျပဳၾကသည္ျဖစ္ရာ အလြန္နီးကပ္စြာ ထိေတြ႕ပတ္သက္ခဲ့ျခင္း သို႔မဟုတ္ တမင္ရည္႐ြယ္ကာ pheromone လႊတ္ထုတ္ခဲ့ျခင္းမွလႊဲ၍ ဒီေလာက္အခ်ိန္ၾကာၾကာအထိ အျခားလူတစ္ေယာက္ကိုယ္ေပၚတြင္ pheromone အနံ႔ စြဲက်န္ေနဖို႔ရာ ျဖစ္ႏိုင္ေခ်ရွားသည္။

ထိပ္တန္းအဆင့္ Alpha တစ္ဦးျဖစ္သည့္အားေလ်ာ္စြာ ခြၽီေမာ့ယြီ၏ pheromone အာ႐ုံခံႏိုင္စြမ္းက အေတာ္ေလး အားေကာင္းေပ၏။ ပုံမွန္အားျဖင့္ ႐ုံးဆင္းေက်ာင္းဆင္းခ်ိန္ဆို လူၾကပ္ၾကပ္သိပ္သိပ္ရွိလွသည့္ ေျမေအာက္ရထား၊ ဓာတ္ေလွကားတို႔စီးႏွင့္ လူတိုင္းကိုယ္ေပၚမွာ pheromone နံ႔ေတြ ေရာပါလာတတ္ၾကသည္ပင္။ လူေတြၾကားေရာေထြးလာခဲ့ရေတာ့ လူေပါင္းစုံဆီက အနံ႔ေပါ့။  သို႔ေသာ္ အခုက သီးသီးသန္႔သန္႔ စူးခနဲကိုမွ Alpha တစ္ေကာင္ရဲ႕ အနံ႔ျဖစ္သည္က သိသိသာသာ။ ဒါသည္ ရွန္သိုက္ ဒီေန႔ Alpha ေကာင္တစ္ေကာင္ေကာင္ႏွင့္ အခ်ိန္တစ္ခုအထိ နီးနီးကပ္ကပ္  အဆက္အဆံရွိခဲ့သည္ဆိုသည္ အဓိပၸာယ္ေပ။ ေနာက္ၿပီး အဲ့ဒီ Alphaေကာင္က ရွန္သိုက္ကို တမင္ရည္႐ြယ္၍ pheromone လႊတ္ထုတ္ခဲ့ေလာက္သည္။

တစ္ဖက္တြင္ ရွန္သိုက္ကေတာ့ pheromone နံ႔ ခပ္ေဖ်ာ့ေဖ်ာ့သာ ပိုင္ဆိုင္႐ုံမက အနံ႔ခံအာ႐ုံသည္လည္း မေကာင္းလွ။ က်ိဳးလန္က pheromone ထုတ္လႊတ္လိုက္သည္ကို သူ သတိထားမိျခင္းမရွိခဲ့ေခ်။

ခြၽီေမာ့ယြီ ေ႐ႊစိတ္ဘဝင္ ညစ္ညဴးသြား၏။ လူေတြႏွင့္ပတ္သက္ဆက္ႏြယ္ရတဲ့အခါ အမႈမဲ့အမွတ္မဲ့ အေၾကာင္းအမ်ိဳးမ်ိဳးကေနၿပီး အျခားလူရဲ႕ pheromone ေတြ အနည္းႏွင့္အမ်ား ကပ္ပါလာတတ္တာ သာမန္ပဲျဖစ္ရာ ဒါကို ဇာထခ်ဲ႕လို႔လည္းမေကာင္း။ သူ အမိန္႔ေပးလိုက္သည္ "ေရသြားခ်ိဳး"

ရွန္သိုက္အတြက္ေတာ့ "ေရသြားခ်ိဳး"ဆိုသည့္ စကားသုံးလုံးသည္ သံဝါသရန္အတြက္ စကားဦးစကားရိပ္အျဖစ္...

သူ မနက္ျဖန္မနက္ အိမ္ကို အေစာထျပန္ခ်င္ေသးသည္။ ခြၽီေမာ့ယြီသာ သူ႔ကို တစ္ညလုံး ဆက္ဆံခဲ့ရင္ သူ မနက္က် ဘယ္လိုလုပ္ထႏိုင္ေတာ့ပါ့မလဲ...

ထို႔အျပင္ သူ ခြၽီေမာ့ယြီကို ၾကည့္မိရင္ ယိုေပၚယြဲ႕၏ ေႂကြ႐ုပ္သ႑ာန္ ႐ုပ္အဆင္းႏွင့္ သာမန္လူအမ်ား မအပ္စက္ႏိုင္ေသာ အထက္တန္းလႊာဘုံနန္းတို႔က အာ႐ုံထဲတိုးဝင္လာေတာ့သည္။ သူ႔ရင္ထဲမွ တစ္ဆို႔ဆို႔ အစိုင္အခဲကို "သိမ္ငယ္ျခင္း"ဟု အလြယ္ေလး ေခါင္းစဥ္မတပ္လိုပါ။

သို႔ေသာ္လည္း ဤသို႔ေသာအေတြးတို႔ မေႏွာင့္ယွက္ေစရန္ စြမ္းႏိုင္ျခင္းမရွိခဲ့...

ဤအခိုက္တြင္ ခြၽီေမာ့ယြီသည္ သူ "ႏွစ္သက္လွပါရဲ႕"ဆိုသည့္ တန္ဖိုးႀကီး အဆင့္အတန္းျမင့္ ဟင္းလ်ာမ်ိဳးအား သုံးေဆာင္ဖို႔ငွာ မသက္သာ၊ ထို႔ေၾကာင့္ ခပ္ေပါ့ေပါ့ပါးပါးရွိတာတစ္ခုခုကိုသာ အစာေျပ တို႔ထိလိုက္သည္။

စားပြဲေပၚမွ ေခါက္ဆြဲတစ္ပန္းကန္လိုမ်ိဳးေပါ့...

ဒီလို ညနက္ ေနာက္က်သြားခ်ိန္က် ထမင္းႀကီးဟင္းႀကီး စားဖို႔ အဆင္မေျပဘူးမဟုတ္ပါလား။ သည္ေတာ့ အနီးအနား လြယ္ႏွင့္တကူရႏိုင္တာ တစ္ခုခုႏွင့္ပဲ ဟာေသာဝမ္းကို ေခြၽးသိပ္ရသေပါ့။

ခြၽီေမာ့ယြီအတြက္ သူ၏ ျဖစ္တည္မႈသည္လည္း ထိုနည္းလည္းေကာင္း...

သူသာ ဒီအတြက္ကို အေပးအယူတစ္ခုအျဖစ္ႏွင့္ သက္ေတာင့္သက္သာ မွတ္ယူႏိုင္လွ်င္ ေငြ ဆယ္သန္းသည္ သိပ္ကိုမ်ားတဲ့ေငြပမာဏတစ္ခု၊ သိပ္ကို တန္သည္အမွန္။ သို႔ေသာ္ သူသည္ ကိုယ့္ေသတြင္းကိုယ္တူးရင္းသာ မီးပုံထဲသို႔ ေပ်ာ္ေပ်ာ္ႀကီးခုန္ဆင္းေနမိပါတဲ့ ပိုးဖလံမ်ိဳးျဖစ္ခဲ့ရဲ႕။

ရွန္သိုက္၏ တြန္႔ဆုတ္ေနမႈကို ခြၽီေမာ့ယြီက ပိုင္ပိုင္ႏိုင္ႏိုင္ျမင္လိုက္ၿပီး မဟူရာတိမ္တိုက္တို႔ဟာ သူ႔မ်က္ဝန္းမ်ားထဲ ပိုပိန္းပိတ္လာေတာ့သည္။ အမ်က္ေတာ္မ်ား ႏွစ္ဆပြား၍ "ဘာလုပ္ေနတာလဲ"

ရွန္သိုက္ဟာ တမင္ပဲျဖစ္ေစ မရည္႐ြယ္ဘဲျဖစ္သြားသည္ဆိုဦးေတာ့ တုံ႔ဆိုင္းေနျခင္းသည္ သူ႔အား အာခံျခင္းအျဖစ္ စြဲခ်က္တင္ႏိုင္ေပ၏။ ရွန္သိုက္က သူႏွင့္ အတူေနခ်င္ပုံမရ။ ကိုယ္ေပၚမွာလည္း အျခား Alpha ေကာင္အနံ႔ေတြ ကပ္ပါလာေသးသည္။ ဒီအခ်ိဳးေတြက ခြၽီေမာ့ယြီအား ေဒါသငယ္ထိပ္တက္ေဆာင့္ေစေတာ့၏။

စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ျခင္းသည္ ထိပ္တန္းအဆင့္ Alpha မ်ားအတြက္ မျဖစ္မေနတတ္ေျမာက္ရမည့္ အရည္အေသြးတစ္ခုျဖစ္သည္။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ျပႆနာမ်ားက ေျမာက္မ်ားစြာေသာ ထိခိုက္မႈမ်ားကို ျဖစ္ပ်က္ေစႏိုင္သည္ျဖစ္ရာ ဓားကို ဓားအိမ္ထဲတြင္သာ ေသခ်ာသိမ္းဆည္းရ၏။ ဒါ့ေၾကာင့္ သူ ေဒါသျဖစ္ခဲသည္၊ အေျခအေနေပၚလိုက္၍ pheromone ကို တမင္လႊတ္ထုတ္၍ လႊမ္းမိုးထိန္းခ်ဳပ္လိုက္တာမ်ိဳးသာရွိသည္။ သို႔ေသာ္ ဒီအခိုက္အတန္႔တြင္ေတာ့ ေဒါသမီးဟာ ေထာင္းခနဲ။ သူ႔ Omega က သူ႔ကို ျငင္းဆန္သည္တဲ့ေလ။

ဤကား ထိပ္တန္းအဆင့္ Alpha တစ္ေယာက္ကို ဟိတ္ဟန္မထိန္းႏိုင္ေလာက္ေအာင္ မီးဟုန္းဟုန္းေတာက္ေစသည္။

ရွန္သိုက္က ေခါင္းငုံ႔လ်က္ႏွင့္ "ကြၽန္ေတာ္ ေရသြားခ်ိဳးလိုက္ပါဦးမယ္"ဆိုၿပီး ထတက္သြားေတာ့သည္။  

ရွန္သိုက္အခန္းဆီတက္လာခ်ိန္မွာေတာ့ ခြၽီေမာ့ယြီ၏စိတ္မ်ား အလုံးစုံ ၿငိမ္သက္သြားခဲ့ၿပီ။ အထူးသျဖင့္ ေစာင္ပုံေလးထဲမွာ လိမ္လိမ္မာမာေလး ဝင္လွဲကာ သူ႔ကိုေစာင့္ေနၿပီး သူႏွင့္အၾကည့္ခ်င္းဆုံေတာ့ မ်က္ဝန္းမ်ားထဲ ရွက္ပ်ာခနဲျဖစ္သြားတဲ့ ရွန္သိုက္ကို ေတြ႕လိုက္ရခ်ိန္ေပါ့။

သူ ေစာင္ထဲဝင္သြားလိုက္ေတာ့ ရွန္သိုက္က ခဏ တုံ႔ဆိုင္းေနၿပီးမွ သူေျပာထားသလိုအတိုင္း သူ႔အားအရင္ လာဖက္သည္။

ခြၽီေမာ့ယြီက ရွန္သိုက္ကို ပိုက္နက္ကင္းလွည့္သလို အေသာ့ငုံ႔နမ္းၾကည့္၏။  ရွန္သိုက္ကိုယ္မွာနံေနတဲ့ အနံ႔ေတြအားလုံး ေျပာင္စင္ေအာင္ ေဆးေၾကာခဲ့လားကို ဆံႏြယ္ေထြးေထြးတို႔မွေန ပါးမို႔နီနီ၊ ထိုမွတဆင့္ လည္တိုင္သြယ္သြယ္ဆီ ဆင္းလာရင္း ေသခ်ာစစ္သည္။ ေမႊးၾကဴၾကည့္ေတာ့ ဆပ္ျပာရည္နံ႔ ေမႊးေမြးႏွင့္ ကိုယ္သင္းနံ႔ေလးကသာ ႏွာေခါင္းထိပ္ဆီ တိုးဝင္လာေတာ့၏။ မ်က္ႏွာကလည္း အဲ့ေတာ့မွ ေက်နပ္သြားေတာ့သည္။ သူ ရွန္သိုက္ကို ရင္ခြင္ထဲထည့္ကာ တင္းတင္းက်ပ္က်ပ္ ေထြးေပြ႕လိုက္သည္။ ဆိုးခနဲဆတ္ခနဲ အပိုင္မသိမ္းေသးဘဲ သိမ္ေမြ႕ေသာ အၾကင္နာတို႔ကို အပ္ႏွင္းေလသည္။

ရွန္သိုက္ကိုယ္တိုင္လည္း ခြၽီေမာ့ယြီ၏ ေႏြးေထြးေသာ ရင္ခြင္က်ယ္ႀကီးထဲ တိုးဝင္မိသည္။ ထိပ္တန္းအဆင့္ Alpha pheromone ၏ အားေကာင္းလွေသာအစြမ္းသတၱိက သူ႔အား ညႇိဳ႕ငင္သည္။ သူ ေလသံ တိုးငယ္ငယ္ျဖင့္ "ေမာ့ယြီ၊ ကြၽန္ေတာ္ မနက္ျဖန္ အိမ္ကို ေစာေစာထသြားခ်င္တယ္"

"အင္း၊ သြားေလ"

"အဲ့တာဆို မင္း..."

"ကိုယ္က ဘာျဖစ္လဲ"

ရွန္သိုက္ ရွက္ကိုးရွက္ကန္းေလးျဖင့္ "မင္း တစ္ေခါက္ပဲ လုပ္လို႔ရမလားဟင္"

Omega ေတြက heat တက္ေနတုန္းမွာသာ ရမၼက္ျပင္းျပင္းႏွင့္ ခႏၶာကိုယ္က ခံႏိုင္စြမ္း အလွ်ံအပယ္ရွိႏိုင္သည္။ ထိုသို႔ေသာ ေဖာက္လြဲေဖာက္ျပန္ေဟာမုန္းမ်ားမရွိဘဲ ပုံမွန္ဆိုရင္ေတာ့ သူ ခြၽီေမာ့ယြီ အားရေက်နပ္သည္အထိ မျဖည့္ဆည္းေပးႏိုင္ေခ်။

ခြၽီေမာ့ယြီက ဟက္ခနဲ ႏွစ္ခ်က္ရယ္သြမ္းေသြး၍ "ကိုယ္က လုပ္မယ္လို႔ေျပာလို႔လား။ ဘာလဲ... မင္း လိုခ်င္လို႔လား"

ရွန္သိုက္ ရွက္သြားၿပီး ေၾကာင္အေန၏။

"မင္း တကယ္ လိုခ်င္ေနတာေပါ့" ခြၽီေမာ့ယြီက ရွန္သိုက္ရဲ႕ ႏွာေခါင္းထိပ္ေလးကို ႏွာဖ်ားခ်င္း တို႔ထိက်ီစယ္ရင္း "သန္႔ရွင္းထားၿပီးပါ ကိုယ့္ကိုေစာင့္ေနတယ္ေပါ့ေလ"

ခြၽီေမာ့ယြီ သူ႔ကို က်ီစယ္ေနမွန္း ရွန္သိုက္သေဘာေပါက္သြားၿပီး ပ်ာပ်ာသလဲ ထရွင္းသည္ "မဟုတ္ပါဘူး"

သူ ခြၽီေမာ့ယြီရဲ႕ ရင္ခြင္တြင္းမွ ႐ုန္းထြက္ေပမဲ့ တင္းတင္းက်ပ္က်ပ္ ဆြဲဖက္ထားခံရသည္။

ခြၽီေမာ့ယြီက သူ႔ကို ေလးကိုင္းသ႑ာန္ မ်က္ခုံး ၿပဳံး႐ႊင္ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္လာသည္။ ခန္႔ညားလြန္းလို႔ သူ႔မွာ ႏွလုံးခုန္ပင္ရပ္မတတ္။ Pheromone မ်ားလည္း လႊမ္းၿခဳံလာရာ သူတို႔ႏွစ္ဦးသားအၾကား ျပာရီရီ ေငြ႕သက္လႊာ တရစ္ဝဲဝဲ ေနရာယူလာခဲ့ေတာ့သည္။

ရွန္သိုက္ရင္ထဲ တိတ္တိတ္ေလး သက္ျပင္းခ်မိ၏။ ဒီလိုလူတစ္ေယာက္... ဒီလို အရွိန္အဝါေတြ ျပည့္လွ်မ္းေနတဲ့ ႏွစ္လို႔ဖြယ္ အမ်ိဳးသားတစ္ေယာက္... အနႏၲတန္ခိုးရွင္အလား သိပ္ကို အင္အားႀကီးမားသူ... သူ႔ကိုလည္း အခါခါ ကယ္တင္ေပးခဲ့သူ...

သူ အဘယ္တြင္ မက်ရႈံးဘဲရွိႏိုင္မည္....

"ဟုတ္ပါၿပီ" ဆိုရင္း ခြၽီေမာ့ယြီက သူ႔ရဲ႕ႀကီးမားက်ယ္ျပန္႔ေသာ လက္အစုံျဖင့္ ရွန္သိုက္ရဲ႕ ဆံေထြးႏုႏုကို ပြတ္သပ္ကစားရင္း ထိုကေန ျဖည္းျဖည္းခ်င္း ေအာက္သို႔ ေလွ်ာဆင္းလာသည္။ သူ၏လက္ဖဝါးေႏြးေႏြးက ရွန္သိုက္ရဲ႕ ဂလင္းထက္မွာ ေနရာယူလာၿပီး

"ကိုယ္ဒီည မလုပ္ဘူး။ မင္းကို ေစာေစာအိပ္ ေစာေစာထခြင့္ေပးမယ္။ ဟုတ္ၿပီလား"

သူ ဒီအခန္းထဲ မဝင္လာခင္က ဤသို႔အစီအစဥ္ မဟုတ္ခဲ့။ ေသခ်ာေပါက္ေပါ့၊ သူ ရွန္သိုက္ဆီေရာက္လာတာ သူ႔ခႏၶာကိုယ္ ေတာင့္တမႈကို ေျဖေလွ်ာ့ဖို႔သာ။ သို႔ေသာ္ ေႏြးေထြးေသာ အိပ္ရာထဲေနရာယူခ်ိန္တြင္ေတာ့ သူတို႔ခႏၶာကိုယ္အစုံဟာ ထိေတြ႕ပြတ္တိုက္ၾကသည္၊ အမွတ္တမဲ့ အၾကည့္ခ်င္းစုံၾကသည္၊ စႏၵကူးနက္ႏွင့္ ကုမုျဒာရနံ႔ pheromone အေပါင္း ယွက္ႏြယ္လာတဲ့အခါမွာေတာ့ ခႏၶာကိုယ္ခ်င္း ႏွီးေႏွာျခင္းမႏွီးေႏွာျခင္းက အေၾကာင္းမဟုတ္ဟု ႐ုတ္တရက္ အေတြးဝင္လာခဲ့သည္။ ဆက္ဆံျခင္းက ေျဖေလွ်ာ့ရန္သက္သက္ေပ။ သူ အခု ေျပေလ်ာ့လ်က္ရွိၿပီးျဖစ္၏။ ဒီလို ကိုယ္ေရာစိတ္ပါ သာယာမႈက သူ႔အား အလုံးစုံ ေျပေလ်ာ့ၿငိမ့္ေညာင္းမႈကို ေပးစြမ္း၍ ေႏြးေထြးၿငိမ္းခ်မ္းေသာ ကမာၻတစ္ခုဆီ အလည္တစ္ပတ္ေရာက္ရွိလ်က္ရွိသည္။

သူ ဒီလိုအေတြ႕အႀကဳံမ်ိဳး တစ္ခါမွ မခံစားရဖူးေပ။ သူ႔ရင္ခြင္တြင္းမွ လူသားဟာ သိပ္ကို ဆန္းက်ယ္သည္။ သူ႔ရဲ႕ မိန္းမိန္းေမာေမာ လိုအင္ရမၼက္ကိုလည္း လႈပ္ႏႈိးႏိုင္သလို တြင္းေဟာင္းေရၾကည္ႏွယ္လည္း ေရစင္ေအးကို ပက္ျဖန္းႏိုင္ျပန္သည္။

ဒီတဒဂၤမွာေတာ့ ခြၽီေမာ့ယြီ ထုတ္လႊတ္ေသာ ၾကင္နာမႈမ်ားအလယ္ ရွန္သိုက္မယ္ ေတာင္းခံႏိုင္စြမ္းမဲ့ရသည္။ သူ၏ ႏွလုံးသားတစ္ခုလုံး ညႇိဳ႕ငင္ခံေနရသည္။ စိတ္ကူးျဖင့္မ႐ူးဖို႔ အသိက သတိေပးေနပါေသာ္လည္း ဒီအခိုက္အတန္႔မွာေတာ့... ဒီ အခိုက္အတန္႔ေလးမွာေတာ့ျဖင့္ ခြၽီေမာ့ယြီမွာ သူ႔အေပၚ အနည္းငယ္ေသာ ေမတၱာစိတ္ေလး ကြန္းခိုလ်က္ရွိေနေလာက္မလား စိတ္ကူးယဥ္မိပါရဲ႕။ ဘယ္လိုပဲေျပာေျပာ လူဆိုတာ ခံစားတတ္တဲ့ႏွလုံးသားေတာ့ပါရွိသည္မဟုတ္လား။ စိတ္ဝိဉာဥ္ေရာ ကိုယ္ခႏၶာပါ ေကာင္းမြန္စြာ အေပးအပူမွ်မည္ဆိုပါရင္ ရင္တြင္းမွာ အမွတ္အသားေတာ့က်န္မည္ အေသအခ်ာ။

တကယ္လို႔မ်ား... တကယ္လို႔မ်ားသာ ခြၽီေမာ့ယြီကလည္း သူ႔ေမတၱာကို ပန္တုံ႔ႏွင္းေပးႏိုင္မည္ဆိုရင္ေတာ့  အတိုင္းထက္အလြန္ေပါ့။

Arthur's Audrey

3.3.2023  //  7:33 PM

...................

Continue Reading

You'll Also Like

17.7K 2.2K 9
Kaihun (Sekai) Mini fic
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
91.5K 7.5K 66
Summary "လူနာ တစ်ယောက်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ဘူး " ဆိုတဲ့ အခြေအနေဟာ အရေးပေါ်ခန်းကို ကိုယ့်အိမ်ကိုယ်ရာလို နေသားကျနေတဲ့ ဆရာဝန်တစ်ယောက်အတွက် သာမန်ပဲ ပ...
291K 20.8K 72
Omega တွေဆို နှိမ်ချဆက်ဆံချင်ကျတဲ့လူတွေအမြင်ကိုပြောင်းလဲပစ်မဲ့ယွင်အာဆိုတဲ့အဆိုတော်မင်းသားလေးကလူတ​ယာက်ကိုရေထဲတွန်းချမိသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ p...