Untitle 🍀
By Nancy_Henituse
81.1K 3.1K 812
ကြိုက်မိတဲ့ Novel တွေ Webtoon တွေ review ရေးမယ်။ ခံစားချက်တွေ ကိုယ့်အမြင်တွေပါမယ် Spoiler တွေလည်းပါနိုင်တယ်။ ... More
After Our Divorce, I Still Wore Your Jacket
Number One Zombie Wife
Mr. Dior
백작가의 망나니가 되었다
Global University Entrance Examination
Kaleidoscope of Death
Thinking of Deer Fei Fei
Hot Retribution
Accidental Mark
외사랑 | 片思い〜報われない恋をした〜
Telling Ghost Stories At My Ex-boyfriend's Wedding
An Accident in Broad Daylight
I Just Want to Be in a Relationship
헤어짐의 방법
A President's Out-of-Body Experience
Cases of Judge Zhang
Very Happy
Outside the Law
Everyone Loves Pei JiYu
Mist
I Can Do It
My Husband is Suffering from a Terminal Illness
Your Memes Are Better Looking Than You
Sha Qing (The Last Killer)
Worship Me, I Can Make You Rich
When a Fanfic Protagonist Transmigrated into the Original Novel
The General's Vampire Omega
Mania | 열광
100 Silent Ways
I Just Crave for Your Pheromones
Sunset Boulevard
Thrive in Catastrophe
Desharow Merman
Flying Ash
Hope You've Been Well
Applaud for Happiness
이런 환생은 원치 않아
누구란 질문에 답은 없다
Yandai Xie Jie No. 10
I Rely on Kisses to Clear Survival Games
First Love Choose Me, I'm Super Sweet
배타적 연애금지구역
운우지정 | Love of Cloud and Rain
Debut or Die | 데뷔 못 하면 죽는 병 걸림
No Money to Divorce
자두사탕러브 | Plum Candy Love
이방인
Cherry Blossoms Upon a Wintry Sword
Devil Venerable Also Wants to Know
No Moral | 노 모럴
페이백 | Payback
After Marrying the Evil God
Reborn into A Slash Game
Have You Ever Met Such a Cold Author
12월
99.99%의 연인
The Missing Piece
Four O'Clock Flower
Fantasy Farm
The Mechanic
Blank Charge
Replacing the Evil Way
南柯一梦
遥か遠き家
New York Memoirs
모두에게 친절한 너는 왜
I Just Want to Divorce
Could You Not Tease Me?
Married Thrice to Salted Fish
I'm Really Just an Ordinary Person
In the Dark
C Language Cultivation
The Eye Of The Mind
I Ship My Adversary X Me
Murderous Lewellyn's Candlelit Dinner
Top Tier Seduction Formula
Cherish
I Became the Older Brother of the Heroine in an Abusive Nove
Falling Together
Witch, Open Your Eyes
578 40 1
By Nancy_Henituse
ഒ ⬪˙𝙔𝙤𝙪 𝙖𝙧𝙚 𝙩𝙝𝙚 𝙡𝙞𝙜𝙝𝙩 𝙤𝙛 𝙢𝙮 𝙡𝙞𝙛𝙚, 𝙩𝙝𝙚 𝙛𝙞𝙧𝙚 𝙤𝙛 𝙢𝙮 𝙙𝙚𝙨𝙞𝙧𝙚, 𝙢𝙮 𝙞𝙣𝙚𝙭𝙝𝙖𝙪𝙨𝙩𝙞𝙗𝙡𝙚 𝙨𝙤𝙪𝙡, 𝙩𝙝𝙚 𝙨𝙞𝙣𝙨 𝙄 𝙘𝙖𝙧𝙧𝙮, 𝙢𝙮 𝙘𝙤𝙢𝙥𝙡𝙚𝙩𝙚 𝙨𝙖𝙡𝙫𝙖𝙩𝙞𝙤𝙣.
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
အားလုံးပဲ 𝐒𝐮𝐫𝐯𝐢𝐯𝐚𝐥 𝐆𝐚𝐦𝐞 လေးတစ်ခု ကစားကြမလား... ပါဝင်တဲ့ 𝐏𝐥𝐚𝐲𝐞𝐫 တွေရဲ့ 𝐑𝐨𝐥𝐞 က အောက်ပါအတိုင်းပါ ~
.
.
𝐕𝐢𝐥𝐥𝐚𝐠𝐞𝐫 - ထူးခြားတဲ့စွမ်းရည်မရှိ။ 𝐖𝐨𝐥𝐟 တွေဆီက သ-တ်ခံရနိုင်တယ်။ ကိုယ်သန်မာရင် ပြန်လည်တိုက်ခိုက်နိုင်မယ်။
𝐖𝐨𝐥𝐟 - အဆိပ် ၄ ပုလင်း ပိုင်တယ်။ သူ့အဆိပ်တွေက နာရီဝက်နေမှ အစွမ်းပြမယ်။ ပြန်သတ်တာ ခံရနိုင်တယ်။ မျိုးတူအချင်းချင်း သတ်ဖြတ်နိုင်တယ်။
𝐖𝐢𝐭𝐜𝐡 - ဖြေဆေးနဲ့ အဆိပ် ပိုင်တယ်။ ဘယ်သူ့ကိုမဆို သတ်နိုင်/ကုသပေးနိုင်တယ်။ သူ့အဆိပ်က ချက်ချင်းအစွမ်းပြပြီး ဖြေဆေးမရှိ။
𝐇𝐮𝐧𝐭𝐞𝐫 - မဲ‌ပေးခံရပြီး အသတ်ခံရချိန် သူနဲ့အတူ အခြား 𝐏𝐥𝐚𝐲𝐞𝐫 တစ်ယောက်ကို အပါခေါ်သွားနိုင်တယ်။
𝐒𝐞𝐞𝐫 - တခြား 𝐏𝐥𝐚𝐲𝐞𝐫 ရဲ့ 𝐑𝐨𝐥𝐞 ကို သိနိုင်တယ်။ အခွင့်အရေးက တစ်ညမှာ တစ်ကြိမ်ပဲရမယ်။
𝐈𝐝𝐢𝐨𝐭 - မဲပေးခံရရင် မ‌သေဘဲ သူ့ 𝐑𝐨𝐥𝐞 ကို တခြား 𝐏𝐥𝐚𝐲𝐞𝐫 တွေ သိသွားမယ်။ ပြိုင်ပွဲတစ်လျှောက်လုံး မဲပေးခွင့်ဆုံးရှုံးမယ်။ 𝐖𝐨𝐥𝐟 ကသာ သူ့ကို သတ်နိုင်တယ်။
.
.
𝐆𝐚𝐦𝐞 𝐑𝐮𝐥𝐞 တွေက ရိုးရှင်းပါတယ် -
- ညအချိန်က 𝐖𝐞𝐫𝐞𝐰𝐨𝐥𝐟 ရဲ့အချိန်ဖြစ်ပြီး တစ်‌ယောက်ယောက်ကို သတ်ဖို့/မသတ်ဖို့ ရွေးချယ်နိုင်တယ်။
- နေ့စဉ် မနက် ၈ နာရီမှာ မဲပေးရမယ်။ အချိန်မမီရင် ‌‌သေတယ်လို့ သတ်မှတ်ခံရမယ်။
- ကျန်တဲ့ 𝐏𝐥𝐚𝐲𝐞𝐫 တွေက 𝐖𝐨𝐥𝐟 လို့ ထင်တဲ့သူကို မဲပေးနိုင်တယ်။ မဲအများဆုံးပေးခံရသူက 'ကွပ်မျက်' ခံရမယ်။
- တစ်ဖက်အဖွဲ့က 𝐏𝐥𝐚𝐲𝐞𝐫 ကျန်နေသရွေ့ ဂိမ်းဟာရှေ့ဆက်နေမှာဖြစ်ပြီး၊ မကျန်တော့တဲ့အချိန်မှာ '𝐆𝐚𝐦𝐞 𝐎𝐯𝐞𝐫' ဖြစ်သွားပါမယ်။
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
နောက်ဆုံးအနေနဲ့ သတိပေးရရင်.. ကစားပွဲစတင်လိုက်ပြီ‌ဆိုတာနဲ့ စည်းမျဥ်းဥပ‌ဒေမရှိသလို ရပ်တန့်လို့မရ‌တော့ပါဘူး။
ကဲ.... ဒါဆို.... စ,လိုက်ကြတော့မလား....
Title : Witch, Open Your Eyes | 女巫请睁眼
Author : Wang Ren Yue Dao | 亡人越刀
Chapter : 97  + 15 Extras (Completed)
• Action, Mystery, Psychological, Thriller, Gore, Murder
Fang Daichuan က နာမည်သိပ်မကြီးတဲ့ ရုပ်ရှင်မင်းသား‌ဖြစ်ပြီး အက်ရှင်ကားတွေမှာ သရုပ်ဆောင်တာ။ တစ်ရက်မှာ Werewolf Game ဆိုတဲ့ TV Programme တစ်ခုမှာပါဝင်ဖို့ဖြစ်လာခဲ့တယ်။ ရိုက်ကူးရေးဆီသွားတဲ့အချိန် ကားမှားစီးပြီး အစစ်အမှန် လူသတ်ကစားပွဲထဲ ပါသွားတော့တယ်။
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
MC ကလေ ကံမကောင်းသလို အိုင်ကျူကပါ အလယ်အလတ်ပဲရှိတာ။ အားသာချက်ဆိုလို့ ကိုယ်ခံပညာတတ်ကျွမ်းထားတာလေးပဲရှိတယ်။ ကားမှားစီးပြီး ဂိမ်းအစစ်ထဲရောက်နေတာမသိဘဲနဲ့ ဟယ်လီကော်ပတာနဲ့လာခေါ်တော့.. ဒီရှိုးကဘက်ဂျက်ရှယ်သုံးတာဟဆိုပြီး လိုက်ချသွားရင်း Screen time ရအောင် ကြံဖန်သေးတာ။ ရိုးရှင်းပြီး လှည့်ဖြားလို့လွယ်တဲ့ Type လေးပေါ့။
Fan Art
ML ဖြစ်တဲ့ Li Sinian က အစကတည်းပါဝင်တဲ့ Player မဟုတ်ဘဲ MC လို နောက်မှ ဂိမ်းထဲဝင်လာတာ။ သူက တအားဉာဏ်ပြေးပြီး မှန်းဆရခက်တဲ့သူမျိုး။ အသွင်အပြင်က မျက်ဝန်းဖျော့ဖျော့ ဆံပင်ကောက်ကောက်နဲ့ Mix Blood လေး။
Fan Art
ကစားပွဲကို လူမနေတဲ့ကျွန်းပေါ်မှာပြုလုပ်ပြီး ပါဝင်တဲ့လူဦးရေက ၁၃ ယောက်ရှိတယ်။ အချိန်အကန့်အသတ်က ၇ ရက်.. အနိုင်ရရင် ဒေါ်လာ သန်း ၂၀ ဆုကြေးရမှာ။ ဒါပေမဲ့ ပါဝင်သူတွေက တကယ်‌ သူစိမ်းတွေပဲလား၊ ဆုကြေးအတွက် လာပြိုင်ကြတာဟုတ်ရဲ့လား၊ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တို့ရှိနေသလားဆိုတာ မြှုပ်ကွက်‌ကို လိုက်လံတူးဖော်ရင်း အဖြေရှာရမှာပါ။
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
Warewolf Game ‌ကို ပုံစံကွဲပဲဖြစ်ဖြစ် တစ်ကြိမ်တစ်ခါလောက်တော့ ကစားဖူးကြတယ်မလား။ ရင်ခုန်ဖို့ကောင်းတယ် Thrilling ဖြစ်တယ် ပျော်ဖို့ကောင်းတယ်လေ။ ဒီနိုဗယ်လေးက Warewolf game ကို အခြေခံပြီးရေးထားတာလေး။ အမှန်အတိုင်းပြောရရင် Tag ကို သေချာမကြည့်ဘဲ Unlimited Flow ထင်ပြီး ဖတ်ဖို့ ရွေးလိုက်မိတာ။ ဒါပေမဲ့ Supernatural Phenomenon တွေမပါတဲ့ Death Game သက်သက်ဖြစ်‌နေတယ်ပေါ့ဗျာ။
အခန်း ၄ ခန်း ဇာတ်လမ်းအစပျိုးပြီးတာနဲ့ Here We Go ~ ဆိုပြီး ဆွဲခေါ်သွားတာများ နည်းနည်းလေးတောင် ပျင်းရတာ ငြီးငွေ့သွားတာမျိုးမရှိစေရဘူးရယ်။ ဇာတ်ကောင်တွေရဲ့ Role တွေကို လိုက်ပြီး စဉ်းစားရတာလည်း ခေါင်းပူဖို့... အဲလေ ပျော်ဖို့ကောင်းတယ်။ ဝတ္ထုရဲ့ဇာတ်လမ်းတစ်ခုလုံးက ၇ ရက်တာအတွင်း ဂိမ်းကစားကြတာကိုရေးထားတာဆိုပေမဲ့ ပလော့ကိုဆွဲဆန့်ပြီးမလိုအပ်တာတွေထည့်ထားဝာာမျိုးမပါဘူး။ ပြီးရင်ရက်ပိုင်းလေးမှာ ဇာတ်လိုက် ၂ ယောက်ရဲ့ Interaction နဲ့ Romance က ဘယ်လိုလာမှာတုန်းဆိုပြီးစိတ်ပူခဲ့ပေမဲ့ စာရေးသူက သူ့အလုပ်ကိုသူ အသေသပ်ဆုံးချပြသွားနိုင်ပြီး အတော်လေး Intense ဖြစ်နေရောပါ။
ဒီအတိုင်းဆိုရင်တောင် စိတ်ဝင်စားဖို့ကောင်းနေပြီးသား လူသ-တ်ဂိမ်း‌ထဲကို နောက်ကွယ်ကမှုခင်း၊ ရန်ငြိုးအာဃာတနဲ့ လက်စားချေလိုမှုတွေထည့်ပြီး အချိတ်အဆက်မိမိရေးထားတော့ လက်ကနေမချနိုင်အောင်ပဲ။ အလိမ်အညာမုသား၊ သံသယနဲ့သစ္စာဖောက်မှုတွေကို လှလှပပပြသွားတာ။ 'Mystery' ရဲ့အနှစ်သာရကို အပြည့်အဝ ခံစားရစေမှာ။ ပလော့တွစ်တွေများတော့ တစ်‌လျှောက်လုံး ပါးစပ်အဟောင်းသားလေးဖြစ်နေရောပဲ 囧... နောက်ပြီး MC က တအားဉာဏ်ရည်မြင့်နေတာမျိုးမဟုတ်တော့ ကိုယ်တွေ Related ဖြစ်လို့ရမဲ့ ကာရိုက်တာလို့ဆိုရမယ်။ Shou က လက်ရုံးရည်ရှိပြီး Gong က IQ မြင့်တဲ့အတွဲအစပ်ဆိုတော့ အသစ်အဆန်းလိုခံစားရတယ်။
ဇာတ်လမ်း ဇာတ်အိမ် အရေးအသားက တကယ် လက်ရာမြောက်တာ။ အထဲမှာ စာရေးသူကိုးကားထားတဲ့ စာအုပ်၊ ရုပ်ရှင်‌၊ သီချင်း နဲ့ ပန်းချီကား‌တွေက Legendary တွေချည်း။ ဒိုင်ယာလော့ခ်တွေလည်း ရှယ်လှတာ။ အစအဆုံးတောက်လျှောက် တမ်ပိုကျမသွားဘဲ ပလော့တွစ်ပေါင်းစုံနဲ့ ကြက်သီးထရတဲ့အထိ ရေလည်မိုက်နေရောပါ။
သွေးထွက်သံယိုတွေပါတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်း၊ ခေါင်းပူအောင်တွေးရတာ၊ မှုခင်း‌တွေကို စုံစမ်းထောက်လှမ်းရတာမျိုးတွေကြိုက်တဲ့သူများကို ၁၀၀ % ညွှန်းပါတယ်။ Etran က Complete ပါ။ တကယ်တမ်း ၉၇ ‌ပိုင်းဆိုတာ သိပ်ပြီးမနည်း သိပ်ပြီးမများဘဲ အနေတော်လေးရယ်ပါ။ Mystery/Thriller Genre မျိုးမှ ကြိုက်တယ်ဆိုရင် သေချာပေါက် ဖတ်ကိုဖတ်သင့်ပါတယ်နော်။
Etran ကို Novel Updates ကလင့်မှတစ်ဆင့် ဝင်ဖတ်လို့ရပါတယ်။ မြန်မာဘာသာပြန် မတွေ့မိသေးပါ။
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
အားလုံးပဲ 𝐖𝐞𝐫𝐞𝐰𝐨𝐥𝐟 𝐆𝐚𝐦𝐞 မှ ကြိုဆိုပါတယ်...။
.
Zawgyi
.
ഒ ⬪˙𝙔𝙤𝙪 𝙖𝙧𝙚 𝙩𝙝𝙚 𝙡𝙞𝙜𝙝𝙩 𝙤𝙛 𝙢𝙮 𝙡𝙞𝙛𝙚, 𝙩𝙝𝙚 𝙛𝙞𝙧𝙚 𝙤𝙛 𝙢𝙮 𝙙𝙚𝙨𝙞𝙧𝙚, 𝙢𝙮 𝙞𝙣𝙚𝙭𝙝𝙖𝙪𝙨𝙩𝙞𝙗𝙡𝙚 𝙨𝙤𝙪𝙡, 𝙩𝙝𝙚 𝙨𝙞𝙣𝙨 𝙄 𝙘𝙖𝙧𝙧𝙮, 𝙢𝙮 𝙘𝙤𝙢𝙥𝙡𝙚𝙩𝙚 𝙨𝙖𝙡𝙫𝙖𝙩𝙞𝙤𝙣.
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
.
.
.
.
𝐆𝐚𝐦𝐞 𝐑𝐮𝐥𝐞 တွေက ရိုးရှင်းပါတယ် -
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
Author : Wang Ren Yue Dao | 亡人越刀
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
Fan Art
Fan Art
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
ﮩ٨ـﮩﮩ٨ـ🧿ﮩ٨ـﮩﮩ٨ـ
Continue Reading
You'll Also Like
56K 6.8K 7
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not own the novel. All credits go to the orig...
146K 17.6K 125
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
252K 34.5K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...