နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

695K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 47.1

2.8K 455 4
By KimHsuYoon99

Unicode

ကေစီကလည်း အိုးသေးတစ်လုံး တည်ဖို့ လူတချို့ခေါ်သွားပြီး ငါးစလုပ်တော့တယ်။ Orcsတွေက အရင်နေ့က အေဘယ်ပြန်ယူလာတဲ့ ယဇ်ကောင်တွေကို ပြုပြင်ဖို့အတွက် စမ်းချောင်းကို ပြန်သယ်သွားကြတယ်။ဘာကြောင့်ဆို ယဇ်ကောင်တွေက လတ်ဆတ်ပြီး အချို့ကို စွပ်ပြုတ်ပြုလုပ်ဖို့ အသုံးပြုနိုင်တာကြောင့် ဖြစ်တယ်။ လိန်းကျယ်က  ဂူထဲမှာ သူတို့ပြင်ဆင်ထားတဲ့ အပြာရောင်သစ်သားစင်ကို လူတွေကို ထုတ်သွားခိုင်းပြီး *အမှိုက်ဂေါ်ကို စင်ပေါ်တင်ကာ အဲ့ဒီထဲသစ်သီးမျိုးစုံထည့်ထားပြီး သူတို့ကြိုက်ရာကို ရွေးချယ်ဖို့ လူတိုင်းကိုခွင့်ပြုထားတယ်။

မကြာခင်မှာ ကွင်းပြင်ထဲ မီးပုံကြီးတစ်ပုံ ရှိလာပြီး အသားကင်စင်ကို တပ်ဆင်ကာ ပြုပြင်ထားတဲ့ သားကောင်တွေကို ကင်ဖို့အတွက် မီးပေါ်တင်ထားတယ်။ အသားကင်တဲ့နေရာတိုင်းမှာ အယ်လီက ဟင်းခတ်အမွှေးအကြိုင်တွေကိုကြိုတင်ပြင်ဆင်ပေးထားတယ်။

ကွင်းပြင်ထဲက မြေထည်အိုးကြီးတွေမှာ မုန်လာဥနံရိုးစွပ်ပြုတ်၊ခရမ်းချဉ်သီးကြက်(ငှက်)ဥစွပ်ပြုတ်၊ လတ်ဆတ်တဲ့ငါးစွပ်ပြုတ်နဲ့ အချို့အိုးတွေမှာ အာလူးစတူးဟင်းကို အိုးအလုံပိတ်ပြီးနှပ်ထားတယ်။ဒီဟင်းကို ပိုင်မုနဲ့ လူတိုင်းက အရင်နေ့တည်းက ပြင်ဆင်ထားခဲ့ကြတာ။ ဒီနေ့တော့ အပူနည်းနည်းပေးရုံနဲ့ စားလို့ရပြီ။ ဒီတကြိမ်မှာ ပိုင်မုရဲ့မေပယ်ရည်ကို ဟင်းချက်ဖို့ သုံးနိုင်သေးတယ်ဆိုတာ လူတိုင်းသိသွားကြပြီး နောက်နှစ်မှာ မေပယ်ရည်ကို စုဆောင်းဖို့ သူတို့စီစဉ်ထားတယ်။ဝက်သားအကြွပ်ကြော်နဲ့ ဂေါ်ဖီစွပ်ပြုတ်ချက်ဖို့ စောင့်ဆိုင်းနေတဲ့မြေအိုးအလွတ် အနည်းငယ်ရှိသေးတယ်။ ပိုင်မုဘက်က ဝက်သားအကြွပ်ကြော်,ကြော်ဖို့ အဆင်သင့် မဖြစ်ခင်အထိ ဒါက စောင့်ရပါမယ်။

အစားအသောက်မျိုးစုံရဲ့ မွှေးရနံ့က အချိန်တိုအတွင်း နေရာအနှံ့ ပျံ့လွင့်သွားတယ်။အခုချိန်မှာ တပေါက သူ့ရဲ့သူငယ်ချင်းလေးတွေနဲ့အတူ ပိုင်မုကို  စောင့်ကြပ်နေပြီး အသားကြွပ်ကြော်,ကြော်မှာကို စောင့်နေတယ်။ မုန်လာဥအုပ်စုတစ်စုက ဒယ်အိုးကိုဝါးစားတော့မတတ် စိုက်ကြည့်နေကြတယ်။ဒယ်အိုးထဲမှာ ဆီပူသံမြည်နေတယ်။ အသားကို ကြက်(ငှက်)ဥ၊ ကန်စွန်းဥမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့် စသည်တို့နဲ့ နယ်ထားပြီး ဒယ်အိုးထဲ လှိမ့်ကြော်လိုက်တယ်။ အကြော်ရဲ့အရောင်က မူလကနေ ပြောင်းသွားတယ်။ အဖြူရောင်ကနေ ရွှေဝါရောင် တဖြည်းဖြည်းပြောင်းလာပြီး  မွှေးပျံ့တဲ့ရနံ့တွေက ပျံ့နှံ့လာတယ်။ ကလေးတွေက ဆီဒယ်အိုးထဲက အပူကို မကြောက်ကြဘဲ အသားကြွပ်ကြော် အပေါ်တက်လာတာကို စောင့်နေကြတယ်။ပိုင်မုက အိုးထဲက တဖောက်ဖောက်မြည်နေတဲ့ဆီပူတွေ  သူတို့ကို လောင်သွားမှာကို စိုးရိမ်ပြီး ပြန်ဆုတ်ခိုင်းလိုက်တယ်။ကလေးတစ်စုက နောက်ကို ခြေလှမ်းနှစ်လှမ်းလောက် ဖြည်းညှင်းစွာ ဆုတ်သွားကြတယ်။

အသားကြွပ်ကြော်ကျက်ပြီးနောက် ပိုင်မုက *ဂေါ်ထဲထည့်လိုက်ပြီး ဒီကောင်လေးတွေကို စားဖို့ နည်းနည်းအေးအောင်ထိစောင့်ပြီး ဒယ်အိုးထဲကဆီပူတွေက အရမ်းပူနေတယ်ဆိုတာကို ရှင်းပြတယ်။ ကလေးတွေအားလုံးက ခေါင်းညိတ်ပြခဲ့ကြပြီး ဂေါ်ထဲက မွှေးကြိုင်တဲ့အသားကြွပ်ကြော်တွေကို ဆက်စိုက်ကြည့်နေကြတယ်။စားဖူးတဲ့တပေါက အရမ်းအတွေ့အကြုံရှိနေပြီဖြစ်ပြီး၊ သူက အပိုင်းတစ်ပိုင်းကိုယူပြီး ဖေးကျီကို  ပေးလိုက်ကာ နောက်တစ်ခုကို သူ့အတွက် ယူလိုက်တယ်။ တစ်စုံတစ်ယောက်က စစားတာကို  မြင်လိုက်ရတာနဲ့ ကလေးတွေက အသားကြွပ်ကြော်စားဖို့ ဝိုင်းအုံလာကြတယ်။

ပထမအိုးက အသားကြွပ်ကြော်ကို စားပြီးတဲ့အခါ၊ ကလေးတစ်စုက ဒုတိယအိုးကို စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြတယ်။ တကယ်တော့ တစ်ဖက်ခြမ်းမှာလည်း အသားကြွပ်ကြော်,ကြော်နေတဲ့ လူတွေ ရှိတယ်။ဒါပေမယ့် သူတို့က ပိုင်မုကို ရှာချင်ကြရုံသာဖြစ်တယ်။ ပိုင်မုက ရွေးချယ်စရာမရှိတော့ပဲ ကလေးတစ်စုရဲ့မျက်လုံးအောက်မှာ သူတို့ကို အစားကျွေးမွေးပြီး အခြားနေရာကို သွားစားခိုင်းလိုက်ရတယ်။

ကလေးတွေ စိတ်ကျေနပ်စွာနဲ့ ငါးကြော်ဘက်ကို ပြောင်းရွှေ့သွားတဲ့အခါ အခြားမိန်းမပျိုတစ်ဦးက ပိုင်မုရဲ့အလုပ်ကို တာဝန်ယူလိုက်ပြီး  အနားယူပြီးတစ်ခုခုစားဖို့ လူပြောင်းလိုက်တယ်။။ အဲဒီအချိန်မှာ ခဲယ်လ်တစ်လည်း အလုပ်ပြီးသွားပြီးဖြစ်ပြီး သူတို့နှစ်ယောက်က သူတို့စားချင်တဲ့ဟာတစ်ခုခုကို သွားရှာကြတော့တယ်။ ခဲယ်လ်တစ်က ပိုင်မုကို ပန်းကန်လုံးတစ်လုံး ကမ်းပေးလိုက်ပြီး တစ်လုံးကို သူ့အတွက်ယူလိုက်တယ်။ ပြီးတော့ နှစ်ယောက်သားက သူတို့ ကြိုက်တဲ့စွပ်ပြုတ်ကို ပန်းကန်လုံးထဲဖြည့်လိုက်ပြီး အသားကင်တဲ့နေရာတစ်ခုကို ရှာဖွေလိုက်ကာ မီးဘေးမှာထိုင်လိုက်ကြတယ်။ ခဲယ်လ်တစ်က ဘေးနားက ကျောက်သားဓားတစ်ချောင်းနဲ့  သစ်ရွက်တွေကို ယူလိုက်ပြီး အနူးညံ့ဆုံး အသားကင်တစ်ပိုင်းကို သစ်ရွက်ပေါ်တင်ကာ ပိုင်မုကို ပေးလိုက်တယ်။ ထို့နောက် သူက သူ့အတွက် အသားကင်များစွာ ဖြတ်လိုက်တယ်။နှစ်ယောက်သားက အရသာရှိလှတဲ့စွပ်ပြုတ်သောက်ပြီး မွှေးကြိုင်တဲ့အသားကင်ကို စားကြတယ်။

"ဒီနေ့ အရမ်းအသက်ဝင်နေတယ်!"ပိုင်မုက နေရာတိုင်းမှာ သူတို့ကြိုက်တဲ့အစားအစာတွေကို ရှာဖွေနေပြီး လူအုပ်ထဲလျှောက်သွားနေတဲ့ကလေးလေးတွေကို ကြည့်လိုက်တယ်။ သူတို့ကြိုက်တဲ့ အစားအစာကိုလက်ထဲကိုင်ထားပြီး ချစ်ကြည်နူးနေကြတဲ့လူငယ်စုံတွဲတွေလည်း ရှိတယ်။

အဲ့ဒီနောက် လူအုပ်ထဲမှာ သွားမပေါက်သေးတဲ့ ခြင်္သေ့ငယ်လေးတစ်ကောင်က သူ့အဖေအမေနဲ့ တူတူပုန်းတမ်း ဆော့ကစားနေတာကို သူမြင်လိုက်ရတယ်။ ခြင်္သေ့ငယ်လေးက ပန်းနုရောင်သွားဖုံးတွေ ပေါ်တဲ့အထိ ပြုံးပျော်နေပြီး လူတွေရဲ့ ခြေဖဝါးနားတဝိုက်မှာ လိုက်ပြေးနေတယ်။ လူတိုင်းက သူ့ကိုမတော်တဆနင်းမိမှာကို ကြောက်ကြတာကြောင့် သူဖြတ်သွားတဲ့အခါ  မလှုပ်ရဲကြဘူး။ သူ့နောက်မှာတော့  အန်ဒီနဲ့ အားမိုက သူ့ကို လိုက်ဖမ်းနေပေမယ့် လူအရမ်းများလွန်းပြီး သူတို့က ခြင်္သေ့ပေါက်လေးလောက် မပျော့ပျောင်းတာကြောင့် သူ့ကို ခဏတည်းနဲ့ မဖမ်းနိုင်ခဲ့ဘူး။

အန်ဒီက သူ(ကလေး)အနင်းခံရမှာကို စိုးရိမ်ပြီး ကောင်ငယ်လေးက လှည့်ပတ်ပြေးနေလို့ ဒေါသထွက်နေခဲ့တယ်။ ဒီနေ့ ယဇ်ပူဇော်ပွဲ အခမ်းအနားတက်ဖို့ ဒီကောင်လေးကို ခေါ်လာခဲ့ပေမယ့် သူလေးက အရမ်းလိမ်မာတယ်။ နောက်တော့ သူ ပင်ပန်းပြီး ဗိုက်ဆာဆာနဲ့ အိပ်ပျော်သွားခဲ့တယ်။ နိုးလာပြီးတဲ့နောက် သူက မနာမခံဖြစ်လာပြီး မြေကြီးပေါ်ကို ရောက်ဖို့ အားကြိုးမာန်တက်တွန့်လိမ်နေခဲ့တာ။ဒီနေ့ သူ့ကို အကြာကြီးချီထားခဲ့ပြီးပြီဖြစ်ပြီး အနီးအနားလောက်တော့ လှည့်ပတ်သွားလာခွင့် ပေးလိုက်သင့်တယ်လို့ အန်ဒီတွေးခဲ့တယ်။ ဒါကြောင့် သူက လှည့်ပတ်ပြေးမနေဖို့ ပြောပြီး သူ့ကိုအောက်ချပေးလိုက်တယ်။ ကောင်ငယ်လေးကအပြုအမူကောင်းမွန်ပြီး နာခံမှုအပြည့်နဲ့ အန်ဒီနောက်ကို လိုက်ခဲ့တယ်။ ဒါကြောင့် အန်ဒီက သူ့ကိုမိခင်သစ်သီးတချို့ကျွေးခဲ့တယ်။

ကျေနပ်သွားတဲ့ကလေးငယ်က အားအင်အပြည့်ဖြစ်နေပြီး သူ့ရဲ့အရင်က သိမ်မွေ့တဲ့အပြုအမူကို ဖယ်ရှားလိုက်ကာ အန်ဒီသူ့ကို အာရုံရှိမနေတဲ့အချိန်မှာ လစ်ထွက်သွားခဲ့တယ်။ အန်ဒီ အဲ့ဒါကိုသိသွားတဲ့အခါ မနီးမဝေးကအားမိုကို သူ့သားကိုဖမ်းဖို့အတွက် ချက်ချင်းခေါ်လိုက်ပြီး သူ့(ကလေး)ကို စတင်လိုက်ဖမ်းတော့တယ်။ ခြင်္သေ့ငယ်လေးက ပျော်ရွှင်စွာ ပြေးလွှားနေရုံရှိသေး ၊ သူ့လည်ပင်းနောက်ကအမွေးတွေ ရုတ်တရက်အကိုင်ခံလိုက်ရပြီး အမ,ခံလိုက်ရတယ်။ သူက မပျော်ရွှင်နဲ့ တွန့်လိမ်နေပြီး  သူ့ပါးစပ်က အော်ဟစ်နေရင်းနဲ့ ခုခံဖို့ကြိုးစားတယ်။

"ဒီကောင်ငယ်‌လေးက တကယ်ဆိုးတာပဲ"ခဲယ်လ်တစ်က ပြုံးပြီး သူ့လက်ထဲက ကောင်ငယ်လေးကို အန်ဒီဆီပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်၊ orc လေးတွေက စိတ်ရှုပ်အောင် တကယ်လုပ်နိုင်တာပဲ"အန်ဒီက ခြင်္သေ့ငယ်လေးကို ချီလိုက်ပြီး သူ့ကို စိုက်ကြည့်ကာ သူ့ရဲ့တင်ပါးကအသားတွေကို ညှစ်လိုက်တယ်။အားမိုကလည်း သူ့လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး သူ့(ကလေး)ခေါင်းလေးကို ပေါ့ပေါ့ပါးပါးပုတ်လိုက်ကာ နာခံမှုမရှိခြင်းအတွက် သူ့ကို ကြိမ်းမောင်းလိုက်တယ်။ ခြင်္သေ့ငယ်လေးက လူတွေရဲ့မျက်နှာကို ဘယ်လိုကြည့်ရမယ်ဆိုတာသိပြီး သူ့မိဘတွေ ဒေါသထွက်နေပြီး ခေါင်းယမ်းနေတယ်ဆိုတာကိုသိတယ်။သူလေးက သူ့အမေနဲ့အဖေတို့ရဲ့ ရင်ခွင်ထဲမှာ ခေါင်းမဖော်ပဲ မျက်နှာအပ်ထားလိုက်တယ်။

"ပါးနပ်တဲ့ကောင်လေးပဲ မင်းတို့ နာမည်ပေးထားပြီးပြီလား" ပိုင်မုက ခြင်္သေ့လေးကို အရမ်းသဘောကျတယ်။

"ဒီကောင်လေးက ကားတစ်ပါ" အားမိုက သူ့‌သားလေးရဲ့ခေါင်းမော့လာတာကို နောက်ဆုံးတော့ တွေ့လိုက်ရတယ်။

"ချစ်စရာကောင်းတဲ့ကောင်လေးပဲ" ခြင်္သေ့ငယ်လေးက သူ့အမေနဲ့ ဖေဖေ စိတ်မဆိုးတော့ဘူးဆိုတာ သိပုံရပြီး ပိုင်မုက အန်ဒီရဲ့ရင်ခွင်ထဲက သူ့ခေါင်းလေးကို ပုတ်လိုက်တယ်။သူလေးက  ထက်မြက်တဲ့မျက်၀န်းတစ်စုံနဲ့ ပတ်၀န်းကျင်ကို လိုက်ကြည့်နေခဲ့တယ်။

Zawgyi

ေကစီကလည္း အိုးေသးတစ္လုံး တည္ဖို႔ လူတခ်ိဳ႕ေခၚသြားၿပီး ငါးစလုပ္ေတာ့တယ္။ Orcsေတြက အရင္ေန႕က ေအဘယ္ျပန္ယူလာတဲ့ ယဇ္ေကာင္ေတြကို ျပဳျပင္ဖို႔အတြက္ စမ္းေခ်ာင္းကို ျပန္သယ္သြားၾကတယ္။ဘာေၾကာင့္ဆို ယဇ္ေကာင္ေတြက လတ္ဆတ္ၿပီး အခ်ိဳ႕ကို စြပ္ျပဳတ္ျပဳလုပ္ဖို႔ အသုံးျပဳနိုင္တာေၾကာင့္ ျဖစ္တယ္။ လိန္းက်ယ္က  ဂူထဲမွာ သူတို႔ျပင္ဆင္ထားတဲ့ အျပာေရာင္သစ္သားစင္ကို လူေတြကို ထုတ္သြားခိုင္းၿပီး *အမွိုက္ေဂၚကို စင္ေပၚတင္ကာ အဲ့ဒီထဲသစ္သီးမ်ိဳးစုံထည့္ထားၿပီး သူတို႔ႀကိဳက္ရာကို ေ႐ြးခ်ယ္ဖို႔ လူတိုင္းကိုခြင့္ျပဳထားတယ္။

မၾကာခင္မွာ ကြင္းျပင္ထဲ မီးပုံႀကီးတစ္ပုံ ရွိလာၿပီး အသားကင္စင္ကို တပ္ဆင္ကာ ျပဳျပင္ထားတဲ့ သားေကာင္ေတြကို ကင္ဖို႔အတြက္ မီးေပၚတင္ထားတယ္။ အသားကင္တဲ့ေနရာတိုင္းမွာ အယ္လီက ဟင္းခတ္အေမႊးအႀကိဳင္ေတြကိုႀကိဳတင္ျပင္ဆင္ေပးထားတယ္။

ကြင္းျပင္ထဲက ေျမထည္အိုးႀကီးေတြမွာ မုန္လာဥနံရိုးစြပ္ျပဳတ္၊ခရမ္းခ်ဥ္သီးၾကက္(ငွက္)ဥစြပ္ျပဳတ္၊ လတ္ဆတ္တဲ့ငါးစြပ္ျပဳတ္နဲ႕ အခ်ိဳ႕အိုးေတြမွာ အာလူးစတူးဟင္းကို အိုးအလုံပိတ္ၿပီးႏွပ္ထားတယ္။ဒီဟင္းကို ပိုင္မုနဲ႕ လူတိုင္းက အရင္ေန႕တည္းက ျပင္ဆင္ထားခဲ့ၾကတာ။ ဒီေန႕ေတာ့ အပူနည္းနည္းေပး႐ုံနဲ႕ စားလို႔ရၿပီ။ ဒီတႀကိမ္မွာ ပိုင္မုရဲ႕ေမပယ္ရည္ကို ဟင္းခ်က္ဖို႔ သုံးနိုင္ေသးတယ္ဆိုတာ လူတိုင္းသိသြားၾကၿပီး ေနာက္ႏွစ္မွာ ေမပယ္ရည္ကို စုေဆာင္းဖို႔ သူတို႔စီစဥ္ထားတယ္။ဝက္သားအႂကြပ္ေၾကာ္နဲ႕ ေဂၚဖီစြပ္ျပဳတ္ခ်က္ဖို႔ ေစာင့္ဆိုင္းေနတဲ့ေျမအိုးအလြတ္ အနည္းငယ္ရွိေသးတယ္။ ပိုင္မုဘက္က ဝက္သားအႂကြပ္ေၾကာ္,ေၾကာ္ဖို႔ အဆင္သင့္ မျဖစ္ခင္အထိ ဒါက ေစာင့္ရပါမယ္။

အစားအေသာက္မ်ိဳးစုံရဲ႕ ေမႊးရနံ႕က အခ်ိန္တိုအတြင္း ေနရာအႏွံ႕ ပ်ံ့လြင့္သြားတယ္။အခုခ်ိန္မွာ တေပါက သူ႕ရဲ႕သူငယ္ခ်င္းေလးေတြနဲ႕အတူ ပိုင္မုကို  ေစာင့္ၾကပ္ေနၿပီး အသားႂကြပ္ေၾကာ္,ေၾကာ္မွာကို ေစာင့္ေနတယ္။ မုန္လာဥအုပ္စုတစ္စုက ဒယ္အိုးကိုဝါးစားေတာ့မတတ္ စိုက္ၾကည့္ေနၾကတယ္။ဒယ္အိုးထဲမွာ ဆီပူသံျမည္ေနတယ္။ အသားကို ၾကက္(ငွက္)ဥ၊ ကန္စြန္းဥမႈန႔္၊ ဆား၊ င႐ုတ္ေကာင္းမႈန႔္ စသည္တို႔နဲ႕ နယ္ထားၿပီး ဒယ္အိုးထဲ လွိမ့္ေၾကာ္လိုက္တယ္။ အေၾကာ္ရဲ႕အေရာင္က မူလကေန ေျပာင္းသြားတယ္။ အျဖဴေရာင္ကေန ေ႐ႊဝါေရာင္ တျဖည္းျဖည္းေျပာင္းလာၿပီး  ေမႊးပ်ံ့တဲ့ရနံ႕ေတြက ပ်ံ့ႏွံ႕လာတယ္။ ကေလးေတြက ဆီဒယ္အိုးထဲက အပူကို မေၾကာက္ၾကဘဲ အသားႂကြပ္ေၾကာ္ အေပၚတက္လာတာကို ေစာင့္ေနၾကတယ္။ပိုင္မုက အိုးထဲက တေဖာက္ေဖာက္ျမည္ေနတဲ့ဆီပူေတြ  သူတို႔ကို ေလာင္သြားမွာကို စိုးရိမ္ၿပီး ျပန္ဆုတ္ခိုင္းလိုက္တယ္။ကေလးတစ္စုက ေနာက္ကို ေျခလွမ္းႏွစ္လွမ္းေလာက္ ျဖည္းညွင္းစြာ ဆုတ္သြားၾကတယ္။

အသားႂကြပ္ေၾကာ္က်က္ၿပီးေနာက္ ပိုင္မုက *ေဂၚထဲထည့္လိုက္ၿပီး ဒီေကာင္ေလးေတြကို စားဖို႔ နည္းနည္းေအးေအာင္ထိေစာင့္ၿပီး ဒယ္အိုးထဲကဆီပူေတြက အရမ္းပူေနတယ္ဆိုတာကို ရွင္းျပတယ္။ ကေလးေတြအားလုံးက ေခါင္းညိတ္ျပခဲ့ၾကၿပီး ေဂၚထဲက ေမႊးႀကိဳင္တဲ့အသားႂကြပ္ေၾကာ္ေတြကို ဆက္စိုက္ၾကည့္ေနၾကတယ္။စားဖူးတဲ့တေပါက အရမ္းအေတြ႕အႀကဳံရွိေနၿပီျဖစ္ၿပီး၊ သူက အပိုင္းတစ္ပိုင္းကိုယူၿပီး ေဖးက်ီကို  ေပးလိုက္ကာ ေနာက္တစ္ခုကို သူ႕အတြက္ ယူလိုက္တယ္။ တစ္စုံတစ္ေယာက္က စစားတာကို  ျမင္လိုက္ရတာနဲ႕ ကေလးေတြက အသားႂကြပ္ေၾကာ္စားဖို႔ ဝိုင္းအုံလာၾကတယ္။

ပထမအိုးက အသားႂကြပ္ေၾကာ္ကို စားၿပီးတဲ့အခါ၊ ကေလးတစ္စုက ဒုတိယအိုးကို စိတ္အားထက္သန္စြာေစာင့္ဆိုင္းေနၾကတယ္။ တကယ္ေတာ့ တစ္ဖက္ျခမ္းမွာလည္း အသားႂကြပ္ေၾကာ္,ေၾကာ္ေနတဲ့ လူေတြ ရွိတယ္။ဒါေပမယ့္ သူတို႔က ပိုင္မုကို ရွာခ်င္ၾက႐ုံသာျဖစ္တယ္။ ပိုင္မုက ေ႐ြးခ်ယ္စရာမရွိေတာ့ပဲ ကေလးတစ္စုရဲ႕မ်က္လုံးေအာက္မွာ သူတို႔ကို အစားေကြၽးေမြးၿပီး အျခားေနရာကို သြားစားခိုင္းလိုက္ရတယ္။

ကေလးေတြ စိတ္ေက်နပ္စြာနဲ႕ ငါးေၾကာ္ဘက္ကို ေျပာင္းေ႐ႊ႕သြားတဲ့အခါ အျခားမိန္းမပ်ိဳတစ္ဦးက ပိုင္မုရဲ႕အလုပ္ကို တာဝန္ယူလိုက္ၿပီး  အနားယူၿပီးတစ္ခုခုစားဖို႔ လူေျပာင္းလိုက္တယ္။။ အဲဒီအခ်ိန္မွာ ခဲယ္လ္တစ္လည္း အလုပ္ၿပီးသြားၿပီးျဖစ္ၿပီး သူတို႔ႏွစ္ေယာက္က သူတို႔စားခ်င္တဲ့ဟာတစ္ခုခုကို သြားရွာၾကေတာ့တယ္။ ခဲယ္လ္တစ္က ပိုင္မုကို ပန္းကန္လုံးတစ္လုံး ကမ္းေပးလိုက္ၿပီး တစ္လုံးကို သူ႕အတြက္ယူလိုက္တယ္။ ၿပီးေတာ့ ႏွစ္ေယာက္သားက သူတို႔ ႀကိဳက္တဲ့စြပ္ျပဳတ္ကို ပန္းကန္လုံးထဲျဖည့္လိုက္ၿပီး အသားကင္တဲ့ေနရာတစ္ခုကို ရွာေဖြလိုက္ကာ မီးေဘးမွာထိုင္လိုက္ၾကတယ္။ ခဲယ္လ္တစ္က ေဘးနားက ေက်ာက္သားဓားတစ္ေခ်ာင္းနဲ႕  သစ္႐ြက္ေတြကို ယူလိုက္ၿပီး အႏူးညံ့ဆုံး အသားကင္တစ္ပိုင္းကို သစ္႐ြက္ေပၚတင္ကာ ပိုင္မုကို ေပးလိုက္တယ္။ ထို႔ေနာက္ သူက သူ႕အတြက္ အသားကင္မ်ားစြာ ျဖတ္လိုက္တယ္။ႏွစ္ေယာက္သားက အရသာရွိလွတဲ့စြပ္ျပဳတ္ေသာက္ၿပီး ေမႊးႀကိဳင္တဲ့အသားကင္ကို စားၾကတယ္။

"ဒီေန႕ အရမ္းအသက္ဝင္ေနတယ္!"ပိုင္မုက ေနရာတိုင္းမွာ သူတို႔ႀကိဳက္တဲ့အစားအစာေတြကို ရွာေဖြေနၿပီး လူအုပ္ထဲေလွ်ာက္သြားေနတဲ့ကေလးေလးေတြကို ၾကည့္လိုက္တယ္။ သူတို႔ႀကိဳက္တဲ့ အစားအစာကိုလက္ထဲကိုင္ထားၿပီး ခ်စ္ၾကည္ႏူးေနၾကတဲ့လူငယ္စုံတြဲေတြလည္း ရွိတယ္။

အဲ့ဒီေနာက္ လူအုပ္ထဲမွာ သြားမေပါက္ေသးတဲ့ ျခေသၤ့ငယ္ေလးတစ္ေကာင္က သူ႕အေဖအေမနဲ႕ တူတူပုန္းတမ္း ေဆာ့ကစားေနတာကို သူျမင္လိုက္ရတယ္။ ျခေသၤ့ငယ္ေလးက ပန္းႏုေရာင္သြားဖုံးေတြ ေပၚတဲ့အထိ ၿပဳံးေပ်ာ္ေနၿပီး လူေတြရဲ႕ ေျခဖဝါးနားတဝိုက္မွာ လိုက္ေျပးေနတယ္။ လူတိုင္းက သူ႕ကိုမေတာ္တဆနင္းမိမွာကို ေၾကာက္ၾကတာေၾကာင့္ သူျဖတ္သြားတဲ့အခါ  မလႈပ္ရဲၾကဘူး။ သူ႕ေနာက္မွာေတာ့  အန္ဒီနဲ႕ အားမိုက သူ႕ကို လိုက္ဖမ္းေနေပမယ့္ လူအရမ္းမ်ားလြန္းၿပီး သူတို႔က ျခေသၤ့ေပါက္ေလးေလာက္ မေပ်ာ့ေပ်ာင္းတာေၾကာင့္ သူ႕ကို ခဏတည္းနဲ႕ မဖမ္းနိုင္ခဲ့ဘူး။

အန္ဒီက သူ(ကေလး)အနင္းခံရမွာကို စိုးရိမ္ၿပီး ေကာင္ငယ္ေလးက လွည့္ပတ္ေျပးေနလို႔ ေဒါသထြက္ေနခဲ့တယ္။ ဒီေန႕ ယဇ္ပူေဇာ္ပြဲ အခမ္းအနားတက္ဖို႔ ဒီေကာင္ေလးကို ေခၚလာခဲ့ေပမယ့္ သူေလးက အရမ္းလိမ္မာတယ္။ ေနာက္ေတာ့ သူ ပင္ပန္းၿပီး ဗိုက္ဆာဆာနဲ႕ အိပ္ေပ်ာ္သြားခဲ့တယ္။ နိုးလာၿပီးတဲ့ေနာက္ သူက မနာမခံျဖစ္လာၿပီး ေျမႀကီးေပၚကို ေရာက္ဖို႔ အားႀကိဳးမာန္တက္တြန႔္လိမ္ေနခဲ့တာ။ဒီေန႕ သူ႕ကို အၾကာႀကီးခ်ီထားခဲ့ၿပီးၿပီျဖစ္ၿပီး အနီးအနားေလာက္ေတာ့ လွည့္ပတ္သြားလာခြင့္ ေပးလိုက္သင့္တယ္လို႔ အန္ဒီေတြးခဲ့တယ္။ ဒါေၾကာင့္ သူက လွည့္ပတ္ေျပးမေနဖို႔ ေျပာၿပီး သူ႕ကိုေအာက္ခ်ေပးလိုက္တယ္။ ေကာင္ငယ္ေလးကအျပဳအမူေကာင္းမြန္ၿပီး နာခံမႈအျပည့္နဲ႕ အန္ဒီေနာက္ကို လိုက္ခဲ့တယ္။ ဒါေၾကာင့္ အန္ဒီက သူ႕ကိုမိခင္သစ္သီးတခ်ိဳ႕ေကြၽးခဲ့တယ္။

ေက်နပ္သြားတဲ့ကေလးငယ္က အားအင္အျပည့္ျဖစ္ေနၿပီး သူ႕ရဲ႕အရင္က သိမ္ေမြ႕တဲ့အျပဳအမူကို ဖယ္ရွားလိုက္ကာ အန္ဒီသူ႕ကို အာ႐ုံရွိမေနတဲ့အခ်ိန္မွာ လစ္ထြက္သြားခဲ့တယ္။ အန္ဒီ အဲ့ဒါကိုသိသြားတဲ့အခါ မနီးမေဝးကအားမိုကို သူ႕သားကိုဖမ္းဖို႔အတြက္ ခ်က္ခ်င္းေခၚလိုက္ၿပီး သူ႕(ကေလး)ကို စတင္လိုက္ဖမ္းေတာ့တယ္။ ျခေသၤ့ငယ္ေလးက ေပ်ာ္႐ႊင္စြာ ေျပးလႊားေန႐ုံရွိေသး ၊ သူ႕လည္ပင္းေနာက္ကအေမြးေတြ ႐ုတ္တရက္အကိုင္ခံလိုက္ရၿပီး အမ,ခံလိုက္ရတယ္။ သူက မေပ်ာ္႐ႊင္နဲ႕ တြန႔္လိမ္ေနၿပီး  သူ႕ပါးစပ္က ေအာ္ဟစ္ေနရင္းနဲ႕ ခုခံဖို႔ႀကိဳးစားတယ္။

"ဒီေကာင္ငယ္‌ေလးက တကယ္ဆိုးတာပဲ"ခဲယ္လ္တစ္က ၿပဳံးၿပီး သူ႕လက္ထဲက ေကာင္ငယ္ေလးကို အန္ဒီဆီေပးလိုက္တယ္။

"ေက်းဇူးတင္ပါတယ္၊ orc ေလးေတြက စိတ္ရႈပ္ေအာင္ တကယ္လုပ္နိုင္တာပဲ"အန္ဒီက ျခေသၤ့ငယ္ေလးကို ခ်ီလိုက္ၿပီး သူ႕ကို စိုက္ၾကည့္ကာ သူ႕ရဲ႕တင္ပါးကအသားေတြကို ညွစ္လိုက္တယ္။အားမိုကလည္း သူ႕လက္ေခ်ာင္းေတြကို ဆန႔္ထုတ္လိုက္ၿပီး သူ႕(ကေလး)ေခါင္းေလးကို ေပါ့ေပါ့ပါးပါးပုတ္လိုက္ကာ နာခံမႈမရွိျခင္းအတြက္ သူ႕ကို ႀကိမ္းေမာင္းလိုက္တယ္။ ျခေသၤ့ငယ္ေလးက လူေတြရဲ႕မ်က္ႏွာကို ဘယ္လိုၾကည့္ရမယ္ဆိုတာသိၿပီး သူ႕မိဘေတြ ေဒါသထြက္ေနၿပီး ေခါင္းယမ္းေနတယ္ဆိုတာကိုသိတယ္။သူေလးက သူ႕အေမနဲ႕အေဖတို႔ရဲ႕ ရင္ခြင္ထဲမွာ ေခါင္းမေဖာ္ပဲ မ်က္ႏွာအပ္ထားလိုက္တယ္။

"ပါးနပ္တဲ့ေကာင္ေလးပဲ မင္းတို႔ နာမည္ေပးထားၿပီးၿပီလား" ပိုင္မုက ျခေသၤ့ေလးကို အရမ္းသေဘာက်တယ္။

"ဒီေကာင္ေလးက ကားတစ္ပါ" အားမိုက သူ႕‌သားေလးရဲ႕ေခါင္းေမာ့လာတာကို ေနာက္ဆုံးေတာ့ ေတြ႕လိုက္ရတယ္။

"ခ်စ္စရာေကာင္းတဲ့ေကာင္ေလးပဲ" ျခေသၤ့ငယ္ေလးက သူ႕အေမနဲ႕ ေဖေဖ စိတ္မဆိုးေတာ့ဘူးဆိုတာ သိပုံရၿပီး ပိုင္မုက အန္ဒီရဲ႕ရင္ခြင္ထဲက သူ႕ေခါင္းေလးကို ပုတ္လိုက္တယ္။သူေလးက  ထက္ျမက္တဲ့မ်က္၀န္းတစ္စုံနဲ႕ ပတ္၀န္းက်င္ကို လိုက္ၾကည့္ေနခဲ့တယ္။

Continue Reading

You'll Also Like

129K 16K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
600K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
711K 31.5K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
10.3K 1.5K 11
▪️နွေးထွေးတဲ့မေတ္တာ‌တွေ အပြည့်သိပ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ် ▪️ I don't own any part of this story. All credit goes to original author & eng translator...