သူ့နှလုံးသားမှာ ခြေရာတွေနဲ့(Vengeance)
🍂Part2🍂
တစ်လခန့်ကြာသော်...
"D&NUMB Club"
ဟူသည့် ကလပ်နာမည်ကဘာအဓိပ္ပါယ်နှင့် ပေးထားလဲမသိပေမဲ့ ဒီကလပ်ကိုဖြူစင်သန့်တို့ရောက်ဖြစ်နေတာ တစ်ခါနှစ်ခါမကတော့ပေ။
ဒီကလပ်တွင်အလုပ်လုပ်နေသည့် bartenderတွေနဲ့တောင် မျက်မှန်းတန်းမိနေသည့်အထိကို ခြေချင်းလိမ်အောင် ရောက်ဖူးဖြစ်နေတာ.....
"ဖြူသန့် ဝိုင်ပဲမလား"
အရှေ့ကိုချပေးလာသည့် ဝိုင်ခွက်ကိုကြည့်ပြီးတစ်ယောက်ထဲ သဘောကျ၍ရယ်လိုက်ကာ bartenderကိုလည်း ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက် ဘေးကမောင်ဖြစ်သူ ရိုးသန့်၏စကားကြောင့် ထပ်ရယ်လိုက်မိပြန်၏။
"နင်တော်တော်ဆိုးနေတာပဲ မဖြူသန့်"
"ဝိုင်သောက်ရုံနဲ့လောက်တော့ ငါကဆိုးသွားရောလား.... အခုခေတ် အရက်မသောက်တတ်တဲ့ မိန်းကလေးတွေရှိသေးရဲ့လားဆိုတာ နင်ရှာကြည့်လိုက်.... အဲ့ထဲမှာ ငါတောင်အလိမ္မာဆုံးစာရင်းထဲမှာ ပါချင်ပါနေအုံးမှာ ....
နင့်ကောင်မလေးလဲ သောက်တတ်နေတာဘဲ ဒီလောက်တော့ စာမဖွဲ့စမ်းပါနဲ့ ငါ့အသဲအသက်မောင်လေးရယ်.... နင်မကဘူးလား ငါသွား'က'ပြီးနော်"
စကားလည်းပြောဝိုင်လည်းသောက်ကာ အခုတော့ ကလပ်အလယ်ကိုပါသွားပြီး တစ်ယောက်ထဲထင်တိုင်းကြဲနေသော သူ့အစ်မကိုကြည့်ပြီးစိတ်ညစ်သွားရသည်။
ဒီနေရာကိုတစ်ယောက်ထဲ လာလည်းရရက်သားနဲ့ 'ခေါ်လာမိတဲ့ ငါ့အမှား'လို့သာ စိတ်ထဲကပြောနေမိသည်....
သူဒီကိုလာတာ အခြားအကြောင်းအရာတစ်ခုရှိနေရင်းနဲ့ သူ့အစ်မ ဖြူစင်သန့်ဆိုတဲ့ရစ်လုံးက "က"ချင်နေတယ်ဟု ပူဆာနေသဖြင့် သူလည်းမထူးဘူးဆိုတာနဲ့ခေါ်လာမိ၏။ အခုတော့ အလုပ်ဘက်ကအဆင်ပြေနေကာ မပြေဘဲမူးပြီးကလပ်ထဲ ဟိုဟိုဒီဒီပြေးလွှားပြီး ကခုန်နေသောအစ်မတော်ကြောင့် ခေါင်းကဆံပင်တွေပါ ကုတ်ထားရလို့ပြောင်တော့မည်။
ဝတ်ထားသည့်အတိုအပျက်တို့ကြောင့် ကြည့်လာမည့် မျက်လုံးတို့ကိုမြင်လျှင် စိတ်မထိန်းနိုင်ဘဲ တစ်ခုခုလုပ်မိမှာဆိုး၍ မဖြူသန့်ကို စိတ်မချကာ အနောက်ကနေရပ်ကာ လိုက်ထိန်းပေးရသည်။
ဆူညံနေသည့် DJဆီက တီးလုံးတွေကြားက သူ့ဘောင်းဘီအိပ်ကပ်ထဲက ဖုန်းvibrateက တုန်ခါလာ၍ထုတ်ကြည့်တော့ သူ့ချစ်သူဖြစ်နေသောကြောင့် ချက်ချင်း ကောက်ကိုင်လိုက်ရသည်။
"ဟဲလို.."
"...."
"ဟဲလို...ကို ဘာမှမကြားရဘူးချစ် ခဏလေးနော်..."
သူ့ဘက်က အသံဆူညံနေသောကြောင့် နားတစ်ဖက်ကိုအုပ်၍နှင့် ဖုန်းကိုအာရုံစိုက်ကာ ထပ်နားထောင်တော့....
"ရိုးသန့် မင်းကောင်မလေး D&NuMBဘားမှာ မူးနေတယ် မင်းလာခေါ်မှ ပြန်မယ်ဆိုပြီး လုပ်နေလို့လာခေါ်အုံး...."
"အော်...ဟုတ်လား ငါလာခဲ့မယ် ခနစောင့်"
သူ့ချစ်သူက သူငယ်ချင်းတွေနဲ့သွားပြီး မူးနေတာက ရသေးသည်။ ဒီတစ်ယောက်က တစ်ယောက်ထဲနဲ့ကို မူးနေပြီ.......
မူးပြီး အရူးလိုကနေသောအစ်မနဲ့မူးပြီး မှောက်နေသော ချစ်သူကြားတွင်ဗျာများသွားရကာ သူလည်းအကြံတွေ ထုတ်ရတော့သည်။
အစ်မကို ဒီနေရာတစ်နေရာမှာထားခဲ့ပြီး သူ့ချစ်သူကို အရင်လိုက်ပို့ပေးရမည်။ နောက်မှ မဖြူသန့်ကို လာခေါ်မယ်ဟု စိတ်ကူးကာ ဆူညံသံကိုအံတုကာ သူအကျယ်ကြီး ခေါ်လိုက်သည်။
"မဖြူသန့်"
"ဘာလဲ"
"နင် ငါနဲ့ခဏလိုက်ခဲ့....ငါသွားစရာရှိလို့"
"ငါ က ချင်သေးတယ်လေ...ခဏလောက်ပါ ဟာ"
"နောက်မှကြိုက်သလောက်'က ' ငါအရေးကြီးသွားစရာတစ်ခုပေါ်လာလို့နော်....ပလိစ်.."
"ဟွန်း.....ကချင်ပါတယ်ဆိုမှပဲ.....အေးပါ ပြီးရော"
မထွက်ချင်ဘဲထွက်လာရပြီး မျက်နှာကိုမိုင်ကုန်စူပုတ်ထားကာ မျက်လုံးတို့ကတော့ မဖွင့်နိုင်သေး။ မူးတော့မူးသော်လည်း သူမအသိစိတ်တို့က မလွတ်သေးပါ.....
အပြင်ဘက်ကိုရောက်လာတော့ လေအေးတို့ တိုက်ခတ်နေသဖြင့် အနည်းငယ်အေးစိမ့်သွားကာ လက်ပိုက်ရက်နဲ့ ရိုးသန့်နောက်ကို တစ်ကောက်ကောက်လိုက်လာရတာက clubရဲ့ ဘေးကပ်ရပ် အဆောက်အဦးတစ်ခုထဲကိုဝင်လာရသည်။
ဒီနေရာက သူတို့အလုပ်ရဲ့ ရုံးခန်းလိုသဘောမျိုးရှိပြီး 'နမ်'ကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသည့် နေရာမလို့ ဒီကိုလာရန် ရိုးသန့်ဆုံးဖြတ်လိုက်သည်။
"ဘာလဲ...ရိုးသန့် နင်ဒီနေရာကိုလည်းသိနေပြန်ပြီလား"
မျက်လုံးမဖွင့်နိုင်ပေမယ့် နေရာတော်တော်များများကို သိကျွမ်းနေသောကို့ယ်မောင်သည် ထူးဆန်းတဲ့နေရာတစ်ခုကို ခေါ်လာပေးကာ သူ့နောက်ကိုသာ စိတ်ချလက်ချလိုက်လာရသည်။
"ငါ့အသိအစ်ကိုတစ်ယောက်ရဲ့ နေရာလေ လာ"
ရိုးသန့်ဖြေလာပေမယ့် သူ့အဖြေကို သူ့အစ်မ မကြားရတော့ဘူးဆိုတာ သိလိုက်ပြီ...
တွဲလျှောက်လာရင်းနဲ့ အမူးသမားလေးက အိပ်ပျော်နေလား အိပ်ယာယောင်နေသလားပဲ.....
မှတ်မိနေသည့် အခန်းတံခါးရဲ့password ကို နှိပ်ကာ သူအထဲကိုတွဲထိန်းလျှောက်လာတော့ ရုံးခန်းထဲရှိ ခုံတွင်ထိုင်နေသည့်တစ်စုံတစ်ယောက်က သူလာမည်ကို ကြိုသိနေသဖြင့် ထလာရင်း မျက်နှာက ထူကဲနေသော မျက်ခုံးတို့ကို တွန့်ကုတ်ချိုးထားကာ သူ့လှုပ်ရှားမှုတို့ကို တစ်ခုချင်းလိုက်ကြည့်ရင်း မာန်ပါလေသည်။
"သူစိမ်းကို ဘာလို့ခေါ်လာလဲ... ငါမကြိုက်တာ မင်းသိရဲ့သားနဲ့"
"မခေါ်လာချင်ပါဘူးဗျာ နမ်ရာ... ကျွန်တော့်ကောင်မလေးက ဟိုဘက်ဘားမှာမူးနေလို့ ကြံရာမရတာနဲ့ 'နမ်'ဆီခဏလာခဲ့တာ.....ပြီးတော့ ဒါကျွန်တော့်အစ်မလေ နမ်"
သွေးသားရင်းဆိုလည်း အလုပ်နဲ့မဆိုင်တဲ့လူကို ဒီထဲကိုဝင်လာတာကိုက သူလုံးဝမကြိုက်ပါ....
"မင်းကို ငါမေးနေလို့လား ဘာလာလုပ်ကြတာလဲ"
အခုဘဲ အကြောင်းပြချက်ပြောပြနေတာကို ဘာလာလုပ်လဲဆိုတော့ .... ဘုကန့်လန့် နမ်နဲ့တော့ ခက်ပါရဲ့....
"ကျွန်တော့်ကောင်မလေးကို အရင်အိမ်ပြန်ပို့ပေးရမှာမို့လို့ဗျ.... မဖြူသန့်ကို ပြီးရင်ကျွန်တော်လာခေါ်မယ်....ဒီမှာပဲ စိတ်ချရတာမလို့ပါဗျား"
မူးပြီး အိပ်ပျော်နေသည့်မဖြူသန့်ကို နမ်၏ ရုံးခန်းရဲ့ ဆိုဖာပေါ်တွင်အိပ်စေကာ...
"မင်းဒီကိုမလာခင် အောက်မှာ whiteရှိသေးလား"
"မရှိတော့ဘူး "
အလုပ်အတွက်နဲ့တစ်ဖက်လာခဲ့တာမလို့ နမ်ဆီက စကားကို နားစွင့်နေကာ...
"နောက်တစ်ပတ်ကျရင် ငါတို့ အကုန် ခရီးသွားရမယ်၊ ဒီက မင်းလုပ်လက်စတွေ ဖြတ်ထားအုန်း၊ဘကိုယ့်အန္တရာယ်ကိုကို ကိုယ်တိုင်ဘဲကာကွယ်နိုင်မယ်၊ ငါ မင်းတို့ကို ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာကို ခေါင်းထဲမှာ သေတဲ့အထိသတိစွဲထား မြဲမြဲမှတ်ထား၊ အထူးသဖြင့် မင်း.... မင်းမှာ ကြည့်ရမယ့်လူတွေများနေသလိုပဲ.... ငါပြောတာကို သဘောပေါက်တယ်မလား"
"ဟုတ်ကဲ့..."
အိပ်ပျော်နေသောသူကို ငုံ့ကြည့်ပြီး ဆုံးမစကားဆိုသောနမ်သည် စိတ်ထဲကနေ စေတနာနဲ့ပြောနေတာမလို့ သူလည်းနားထောင်နေမိသည်။
ဟုတ်ပါတယ်...
သူတို့အလုပ်က ဘေးနားက ကိုယ့်သွေးသားတွေကို ဘယ်အချိန်မှာ အန္တာရယ်ပေးနိုင်သည်မလဲဆိုတာ အာမမှခံလို့မရတာကိုး....
မိသားစုနဲ့အဆက်အသွယ်ဖြတ်ထားတဲ့'နမ် 'က ထိုသို့လုပ်နိုင်ပေမယ့် သံယောဇဉ်ဆိုလို့ သူ့မှာ ဒီအစ်မနဲ့ ဒယ်ဒီတို့ ရှိနေသေးသည်မလား....
လမ်းမှားရာကနေ အမှောင်ကို သူရောက်လာရသည့်အကြောင်းရင်းက "နန်းထက်လွင်"ဆိုသည့် 'နမ်' ကြောင့်ဆိုရင်လည်း မမှားပါ.....
"ဒါကြီးကို မင်း ဘယ်အချိန်မှ လာခေါ်အုံးမှာလဲ"
လက်တစ်ဖက်ကို အသားရောင်ဘောင်းဘီအိပ်ကပ်ထဲထည့်ပြီး ဆိုဖာပေါ်က လူသားကိုမှ ဒါကြီးကိုလို့ လက်ညိုးထိုးကာပြောနေသော နမ်ကိုတစ်ချက်ကြည့်ပြီး အံ့ဩသွားရသည်။
"ခေ" ကလွဲရင် မိန်းကလေးတွေနဲ့ သိပ်အရေးမလုပ် စကားမပြောတာကို သိနေပေမယ့် ကို့ယ်အစ်မကိုမှ ဒီလိုခေါ်တာမျိုးကျတော့လည်း အောက်သက်သက်ခံစားရသည်။
"မကြာဘူး ခဏပဲ"
ရိုးသန့်ပြောတာကို ခေါင်းတညိတ်ညိတ်လုပ်နေပြီး သူ့ရုံးခန်းစားပွဲရှေ့တွင် ပြန်ထိုင်ဖြစ်သည်။
"ပြီးရော....သွားတော့"
ထွက်သွားခါနီးတွင် မဖြူသန့်နိုးလာတဲ့အခါ မလန့်သွားအောင် စာတချို့ကိုရေးကာ မဖြူသန့်ဘေးတွင် စာရွက်တစ်ရွက်ထားခဲ့ပေးသည်။
'ခဏနေ ကျွန်တော်လာခေါ်မယ် အရှေ့က လူက ကျွန်တော့်အသိ စိတ်မပူနဲ့ ရိုးသန့် '
ဟု ရေးထားသည့် စာရွက်ကို သူကောက်ဖတ်ကြည့်ကာ သူ့ရုံးခန်းကို အမှတ်မထင်ဘဲရောက်ချလာပြီး သူ့အိမ်သူ့ယာလို့ အိပ်ပျော်နေသောဆိုဖာပေါ်က ငွေမှင်ရောင်တလက်လက်ထနေသောလက်ရှည်ခါးတိုကို ခါးထိဖော်ထားပြီး ပေါင်လယ်ထိ တိုသည့်အဖြူရောင်စကပ်အကျပ်နှင့်ဝတ်ထားပြီး ရေခဲမုန့်လို အရောင်စုံအောင်ဆိုးထားသည့် ကျောလယ်လောက်ထိရှိသည့် လှိုင်းတွန့်နေသယောင်ဆံနွယ်တို့နှင့် အနှီမိန်းကလေးကို သူသည်မျက်ခုံးတို့ကိုသာ ကုတ်ခြစ်နေရင်း သူ့ခုံကနေ စိုက်ကြည့်နေမိသည်။
သူမရှိတဲ့အတွင်းမှာသာ ရောက်ချလာလျှင်တော့ နတ်သမီးလို့ သူထင်ကောင်းထင်မိနေလိမ့်မယ်....
အခုက ရိုးသန့်ကိုယ်တိုင်က သူ့အစ်မပါလို့ ပြောထားတာမလို့ လူသားလို့ဆိုတာ သူသိသည်။
နာမည်ကို သဲ့သဲ့လေးသာ ကြားလိုက်သဖြင့် ပြန်မေးဖို့ကလဲ သူ့အလုပ်မဟုတ်သဖြင့် မသိချင်ယောင်ဆောင်လိုက်ပေမယ့် သူသိချင်နေပြန်သည်။
"ဟင်းး....ဟင်!!"
သူ့အခန်းထဲကထွက်လာသည့် အေးစိမ့်မှုတို့ကြောင့် ထိုကောင်မလေးကွေးကျုံ့သွားပြီး ညည်းနေသဖြင့် သူသည် အဲကွန်းကိုအအေးဓါတ်လျှော့ချကာ စောင်တစ်ထည်ကိုယူလာရင် ကိုယ်ပေါ်တွင် လွှမ်းခြုံပေးလိုက်သည်။
မကြာပါဘူးဟု ပြောသွားတာက သူစောင့်နေတာကဖြင့် သုံးနာရီကြာသွားရကာ မနက်နှစ်နာရီပင် ထိုးချေပြီ......
စောင့်လိုက်ရလို့ စိတ်တိုတာမဟုတ်ဘဲ ဘဝမှာတစ်ခါမှ ဖြစ်ပေါ်လာခြင်းမရှိခဲ့ဖူးတဲ့ သူ့ဘယ်ဘက်က နှလုံးခုန်သံတို့ကြောင့် လူကဒေါသထွက်နေရသည်။
ဘယ်အရာက သူ့ကိုစွဲဆောင်နေတာလဲ....
စကားသံတစ်သံမှာလဲ မကြားရသေးဘဲနဲ့.....
နာမည်ပင်သဲသဲကွဲကွဲမသိရသေးဘဲနဲ့ သူနှလုံးသားခုန်ခြင်းက အိပ်ပျော်နေတဲ့သူဆီမှာ ဦးတည်နေသည်....
ဒါက ဘာကိုဆိုတာလဲ သူကောင်းကောင်းနားလည်တယ်.......
ဖြတ်လျှောက်သဘောမျိုးနဲ့ ဝင်လာတဲ့နှလုံးသားရဲ့ရင်ခုန်သံတွေဖြစ်ပါစေလို့ဘဲ ဆုတောင်းနေမိသည်။
အိပ်ပျော်နေသည့် လူအနားကိုသွားပြီး အနီးကပ်ကြည့်ချင်နေသည့်စိတ်တို့က ထိန်းလို့မရတာနှင့်အတူ အနားကိုလျှောက်လာကာ သူမအရှေ့မှာပင် ဒူးပေါ်လက်တင်ကာထိုင်ချပြီး အစိတ်အပိုင်းတစ်ခုချင်းကိုလိုက်ကြည့်နေမိသည်။
ကော့ဆင်းနေသည့်မျက်တောင်တို့ ဖြောင့်စင်းကာသွယ်တန်းနေသည့်နှာတံတို့ နီရဲကာ ရဲဆိုနေသည့် နှုတ်ခမ်းလုံးလုံးတို့အရောက်တွင် မျက်နှာကိုအမြန်လွှဲလိုက်ရသည်။
"ငါ ဘာလုပ်နေတာလဲ"ဟု တစ်ယောက်ထဲပြောနေမိကာ ထိုင်ရာကနေထလိုက်ပြီး သူ့စားပွဲခုံတွင်ပြန်ထိုင်ပြီး ခုန်နေသည့်နှလုံးသားကို အတတ်နိုင်ဆုံး ထိန်းချုပ်နေမိသည်။
ရိုးသန့်သာ သူ့ရန်သူဆို သူအရှုံးပေးပြီး သေရလောက်သည်။ ဒီလိုဗုံးကိုမှ သူ့အခန်းထဲ လာထည့် ပေးသွားရတယ်လို့....
ရိုးသန့်ပြောခဲ့သော နမ်မြင်ရင် ကြွေသွားမယ်ဆိုတဲ့စကားက တကယ်မှန်နေလားဟု မဆိုင်မသွတွေးမိ၏။
အတွေးပေါင်းများစွာနဲ့ အိပ်လို့လည်းမရ၊ လူစောင့်နေရတာနဲ့အတူတူ ကော်ဖီတစ်ခွက်ကိုသာအဖော်ပြု၍ ရိုးသန့်ပြန်အလာကိုသာ မျှော်နေမိသည်။
ခဏဆိုပြီးပြောသွားတာ မနက်7နာရီထိုးမှ ရောက်လာသည့်ခွေးသားကို တကယ်သတ်ပစ်ချင်နေသည်မှာ လက်တို့ယားနေသည်.....
"ဆောရီးပါ နမ်ရာ ဟိုမှာလည်းကျွန်တော့်ကို ရစ်နေလို့ကြာသွားတာနဲ့"
"ဘာလာဆောရီးလဲ.....ငါအခုထိ တစ်ရေးမှမအိပ်ရသေးဘူး မင်းရဲ့ခဏက စားပွဲပေါ်က ငါ့ခွက်ကိုပဲကြည့်လိုက်"
"ဟဲဟဲ.... ကျေးဇူးပါ နမ်.....မဖြူသန့် မဖြူသန့် ထတော့..."
ရယ်ပြနေရင်း တစ်ဖက်ကသူ့အစ်မကို ခေါ်နှိုးနေသည့် သကောင့်သားကို သူ 'မင်းနော်'ဟု လက်ညိုးတစ်ချောင်းနှင့်မာန်ပြီး တစ်ဖက်အခန်းထဲကို ဝင်သွားသည်။
အိပ်မပျော်တဲ့ညတွေဆို နမ်ကကော်ဖီနဲ့စီးကရက်တို့နဲ့သာ အဖော်ပြုတတ်သည်ကို သိနေသဖြင့် အားနာသွားရသည်.....
နမ် တစ်ရေးမှမအိပ်ရသေးဘဲ ထိုင်စောင့်နေမယ်ဆိုတာကို သူအကြွင်းမဲ့ယုံပါသည်....
မိန်းကလေးနဲ့ အလာဂျစ်ရှိတယ်လို့တောင်အောက်မေ့ရသည်အထိ 'နမ်'ကင်းကင်းရှင်းရှင်းနေပုံများ....
"ဟင်...ငါ ဘယ်ရောက်နေလဲ ရိုးသန့်"
"ငါတို့အိမ်မဟုတ်တာ သေချာတယ်.....အိမ်ပြန်မယ် ထ"
"ဒီအိမ် လှလိုက်တာ..."
"လိုက်ကြည့်မနေနဲ့ အိမ်ရှင်ဂုတ်ချိုးတာခံရမယ် ပြန်မယ်"
"မဟုတ်ဘဲနဲ့"
မျက်စောင်းထိုးရင်း ညက အိမ်မက်ထဲမှာ မင်းသားတစ်ပါးက ဖြူစင်သန့်ကို လာကြည့်နေသည်လို့ မက်ခဲ့တာမလို့ နံနက်ခင်းက သာယာဆိုပြေနေပါသည်။
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
Part3ဆက်ရန်....
'နမ်'ဟာ စာရေးသူရဲ့ရင်ထဲမှာ ဆယ်စုနှစ်တစ်ခုကြာရှင်သန်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ....
ဒါက ကြွားချင်တာပါ...😍
Drabin-one
🍂
🍂
🍂
🍂
🍂
သူ႔ႏွလုံးသားမွာ ေျခရာေတြနဲ႔(Vengeance)
🍂Part2🍂
တစ္လခန႔္ၾကာေသာ္...
"D&NUMB Club"
ဟူသည့္ကလပ္နာမည္က ဘာအဓိပၸါယ္ႏွင့္ေပးထားလဲဆိုတာမသိေပမယ့္ ဒီကလပ္ကိုျဖဴစင္သန႔္တို႔ေရာက္တာတစ္ခါႏွစ္ခါမကေတာ့ေပ။
ဒီကလပ္မွာ အလုပ္လုပ္ေနသည့္ bartenderေတြနဲ႔ေတာင္ မ်က္မွန္းတန္းမိေနၿပီျဖစ္တဲ့အထိကို ေျခခ်င္းလိမ္ေအာင္ ေရာက္ဖူးျဖစ္ေနတာ.....
"ျဖဴသန႔္ ဝိုင္ပဲမလား"
အေရွ႕ကိုခ်ေပးလာသည့္ ဝိုင္ခြက္ကိုၾကည့္ၿပီး တစ္ေယာက္ထဲသေဘာက်၍ ရယ္လိုက္ကာ bartenderကိုလည္း ေခါင္းညိတ္ျပလိုက္သည္။
ၿပီးေနာက္ေဘးက ႐ိုးသန႔္၏စကားေၾကာင့္ ထပ္ရယ္လိုက္မိျပန္၏။
"နင္ေတာ္ေတာ္ဆိုးေနတာပဲ မျဖဴသန႔္"
"ဝိုင္ေသာက္႐ုံနဲ႔ေလာက္ေတာ့ ငါကဆိုးသြားေရာလား.... အခုေခတ္ အရက္မေသာက္တတ္တဲ့ မိန္းကေလးေတြရွိေသးရဲ႕လားဆိုတာ နင္ရွာၾကည့္လိုက္.... အဲ့ထဲမွာ ငါေတာင္အလိမၼာဆုံးစာရင္းထဲမွာ ပါခ်င္ပါေနအုံးမွာ ....
နင့္ေကာင္မေလးလည္း ေသာက္တတ္ေနတာဘဲ... ၊ဒီေလာက္ကေတာ့ စာမဖြဲ႕စမ္းပါနဲ႔ ငါ့အသဲအသက္ေမာင္ေလးရယ္.... နင္မကဘူးလား ငါသြားကၿပီး ေနာ္"
စကားလည္းေျပာ ဝိုင္လည္းေသာက္သြားကာ အခုေတာ့ ကလပ္အလယ္ကိုပါသြားၿပီး တစ္ေယာက္ထဲ ထင္တိုင္းႀကဲေနေသာ သူ႔အစ္မကိုၾကည့္ၿပီး စိတ္ညစ္သြားရသည္။
ဒီေနရာကိုတစ္ေယာက္ထဲ လာလည္းရရက္သားနဲ႔ 'ေခၚလာမိတဲ့ ငါ့အမွား'လို႔သာ စိတ္ထဲကေျပာေနမိသည္....
သူဒီကိုလာတာ တျခားအေၾကာင္းအရာတစ္ခုရွိေနၿပီး သူ႔အစ္မျဖဴစင္သန႔္ဆိုတဲ့ရစ္လုံးက "က"ခ်င္ေနတယ္ဟု ပူဆာေနေသာေၾကာင့္ သူလည္းမထူးဘူးဆိုတာနဲ႔ေခၚလာမိတာ။ အခုေတာ့ အလုပ္ဘက္ကအဆင္ေျပေနကာ မေျပဘဲမူးၿပီး ကလပ္ထဲဟိုဟိုဒီဒီေျပးလႊားၿပီး ကခုန္ေနေသာအစ္မေတာ္ေၾကာင့္ ေခါင္းကဆံပင္ေတြပါ ကုတ္ထားရလို႔ေျပာင္ေတာ့မည္။
ဝတ္ထားသည့္အတိုအပ်က္တို႔ေၾကာင့္ ၾကည့္လာမည့္ မ်က္လုံးတို႔ကိုျမင္လွ်င္ စိတ္မထိန္းႏိုင္ဘဲ တစ္ခုခုလုပ္မိမွာဆိုး၍ မျဖဴသန႔္ကို စိတ္မခ်ကာ အေနာက္ကေနရပ္ကာ လိုက္ထိန္းေပးရသည္။
ဆူညံေနသည့္ DJဆီက တီးလုံးေတြၾကားက သူ႔ေဘာင္းဘီအိပ္ကပ္ထဲက ဖုန္းvibrateက တုန္ခါလာ၍ထုတ္ၾကည့္ေတာ့ သူ႔ခ်စ္သူျဖစ္ေနေသာေၾကာင့္ ခ်က္ခ်င္း ေကာက္ကိုင္လိုက္ရသည္။
"ဟဲလို.."
"...."
"ဟဲလို...ကို ဘာမွမၾကားရဘူးခ်စ္ ခဏေလးေနာ္..."
သူ႔ဘက္က အသံဆူညံေနေသာေၾကာင့္ နားတစ္ဖက္ကိုအုပ္၍ႏွင့္ ဖုန္းကိုအာ႐ုံစိုက္ကာ ထပ္နားေထာင္ေတာ့....
"႐ိုးသန႔္ မင္းေကာင္မေလး D&NuMBဘားမွာ မူးေနတယ္ မင္းလာေခၚမွ ျပန္မယ္ဆိုၿပီး လုပ္ေနလို႔လာေခၚအုံး...."
"ေအာ္...ဟုတ္လား ငါလာခဲ့မယ္ ခနေစာင့္"
သူ႔ခ်စ္သူက သူငယ္ခ်င္းေတြနဲ႔သြားၿပီး မူးေနတာက ရေသးသည္။ ဒီတစ္ေယာက္က တစ္ေယာက္ထဲနဲ႔ကို မူးေနၿပီ.......
မူးၿပီး အ႐ူးလိုကေနေသာအစ္မနဲ႔မူးၿပီး ေမွာက္ေနေသာ ခ်စ္သူၾကားတြင္ဗ်ာမ်ားသြားရကာ သူလည္းအႀကံေတြ ထုတ္ရေတာ့သည္။
အစ္မကို ဒီေနရာတစ္ေနရာမွာထားခဲ့ၿပီး သူ႔ခ်စ္သူကို အရင္လိုက္ပို႔ေပးရမည္။ ေနာက္မွ မျဖဴသန႔္ကို လာေခၚမယ္ဟု စိတ္ကူးကာ ဆူညံသံကိုအံတုကာ သူအက်ယ္ႀကီး ေခၚလိုက္သည္။
"မျဖဴသန႔္"
"ဘာလဲ"
"နင္ ငါနဲ႔ခနလိုက္ခဲ့....ငါသြားစရာရွိလို႔"
"ငါ က ခ်င္ေသးတယ္ေလ...ခဏေလာက္ပါ ဟာ"
"ေနာက္မွႀကိဳက္သေလာက္'က ' ငါအေရးႀကီးသြားစရာတစ္ခုေပၚလာလို႔ေနာ္....ပလိစ္.."
"ဟြန္း.....ကခ်င္ပါတယ္ဆိုမွပဲ.....ေအးပါ ၿပီးေရာ"
မထြက္ခ်င္ဘဲထြက္လာရၿပီး မ်က္ႏွာကိုမိုင္ကုန္စူပုတ္ထားကာ မ်က္လုံးတို႔ကေတာ့ မဖြင့္ႏိုင္ေသး။ မူးေတာ့မူးေနေပမယ့္ သူမအသိစိတ္တို႔က မလြတ္ေသးပါ.....
အျပင္ဘက္ကိုေရာက္လာေတာ့ ေလေအးတို႔ တိုက္ခတ္ေနသျဖင့္ အနည္းငယ္ေအးစိမ့္သြားကာ လက္ပိုက္ရက္နဲ႔ ႐ိုးသန႔္ေနာက္ကို တစ္ေကာက္ေကာက္လိုက္လာရတာက clubရဲ႕ ေဘးကပ္ရပ္ အေဆာက္အဦးတစ္ခုထဲကိုဝင္လာရသည္။
ဒီေနရာက သူတို႔အလုပ္ရဲ႕ ႐ုံးခန္းလိုသေဘာမ်ိဳးရွိၿပီး 'နမ္'ကိုယ္တိုင္ဦးစီးလုပ္ကိုင္ေနသည့္ ေနရာမလို႔ ဒီကိုလာရန္ ႐ိုးသန႔္ဆုံးျဖတ္လိုက္သည္။
"ဘာလဲ...႐ိုးသန႔္ နင္ဒီေနရာကိုလည္းသိေနျပန္ၿပီလား"
မ်က္လုံးမဖြင့္ႏိုင္ေပမယ့္ ေနရာေတာ္ေတာ္မ်ားမ်ားကို သိကြၽမ္းေနေသာကို႔ယ္ေမာင္သည္ ထူးဆန္းတဲ့ေနရာတစ္ခုကို ေခၚလာေပးကာ သူ႔ေနာက္ကိုသာ စိတ္ခ်လက္ခ်လိုက္လာရသည္။
"ငါ့အသိအစ္ကိုတစ္ေယာက္ရဲ႕ ေနရာေလ လာ"
႐ိုးသန႔္ေျဖလာေပမယ့္ သူ႔အေျဖကို သူ႔အစ္မ မၾကားရေတာ့ဘူးဆိုတာ သိလိုက္ၿပီ...
တြဲေလွ်ာက္လာရင္းနဲ႔ အမူးသမားေလးက အိပ္ေပ်ာ္ေနလား အိပ္ယာေယာင္ေနသလားပဲ.....
မွတ္မိေနသည့္ အခန္းတံခါးရဲ႕password ကို ႏွိပ္ကာ သူအထဲကိုတြဲထိန္းေလွ်ာက္လာေတာ့ ႐ုံးခန္းထဲရွိ ခုံတြင္ထိုင္ေနသည့္တစ္စုံတစ္ေယာက္က သူလာမည္ကို ႀကိဳသိေနသျဖင့္ ထလာရင္း မ်က္ႏွာက ထူကဲေနေသာ မ်က္ခုံးတို႔ကို တြန႔္ကုတ္ခ်ိဳးထားကာ သူ႔လႈပ္ရွားမႈတို႔ကို တစ္ခုခ်င္းလိုက္ၾကည့္ရင္း မာန္ပါေလသည္။
"သူစိမ္းကို ဘာလို႔ေခၚလာလဲ... ငါမႀကိဳက္တာ မင္းသိရဲ႕သားနဲ႔"
"မေခၚလာခ်င္ပါဘူးဗ်ာ နမ္ရာ... ကြၽန္ေတာ့္ေကာင္မေလးက ဟိုဘက္ဘားမွာမူးေနလို႔ ႀကံရာမရတာနဲ႔ 'နမ္'ဆီခဏလာခဲ့တာ.....ၿပီးေတာ့ ဒါကြၽန္ေတာ့္အစ္မေလ နမ္"
ေသြးသားရင္းဆိုလည္း အလုပ္နဲ႔မဆိုင္တဲ့လူကို ဒီထဲကိုဝင္လာတာကိုက သူလုံးဝမႀကိဳက္ပါ....
"မင္းကို ငါေမးေနလို႔လား ဘာလာလုပ္ၾကတာလဲ"
အခုဘဲ အေၾကာင္းျပခ်က္ေျပာျပေနတာကို ဘာလာလုပ္လဲဆိုေတာ့ .... ဘုကန႔္လန႔္ နမ္နဲ႔ေတာ့ ခက္ပါရဲ႕....
"ကြၽန္ေတာ့္ေကာင္မေလးကို အရင္အိမ္ျပန္ပို႔ေပးရမွာမို႔လို႔ဗ်.... မျဖဴသန႔္ကို ၿပီးရင္ကြၽန္ေတာ္လာေခၚမယ္....ဒီမွာပဲ စိတ္ခ်ရတာမလို႔ပါဗ်ား"
မူးၿပီး အိပ္ေပ်ာ္ေနသည့္မျဖဴသန႔္ကို နမ္၏ ႐ုံးခန္းရဲ႕ ဆိုဖာေပၚတြင္အိပ္ေစကာ...
"မင္းဒီကိုမလာခင္ ေအာက္မွာ whiteရွိေသးလား"
"မရွိေတာ့ဘူး "
အလုပ္အတြက္နဲ႔တစ္ဖက္လာခဲ့တာမလို႔ နမ္ဆီက စကားကို နားစြင့္ေနကာ...
"ေနာက္တစ္ပတ္က်ရင္ ငါတို႔ အကုန္ ခရီးသြားရမယ္၊ ဒီက မင္းလုပ္လက္စေတြ ျဖတ္ထားအုန္း၊ဘကိုယ့္အႏၲရာယ္ကိုကို ကိုယ္တိုင္ဘဲကာကြယ္ႏိုင္မယ္၊ ငါ မင္းတို႔ကို ဘာမွမလုပ္ေပးႏိုင္ဘူးဆိုတာကို ေခါင္းထဲမွာ ေသတဲ့အထိသတိစြဲထား ၿမဲၿမဲမွတ္ထား၊ အထူးသျဖင့္ မင္း.... မင္းမွာ ၾကည့္ရမယ့္လူေတြမ်ားေနသလိုပဲ.... ငါေျပာတာကို သေဘာေပါက္တယ္မလား"
"ဟုတ္ကဲ့..."
အိပ္ေပ်ာ္ေနေသာသူကို ငုံ႔ၾကည့္ၿပီး ဆုံးမစကားဆိုေသာနမ္သည္ စိတ္ထဲကေန ေစတနာနဲ႔ေျပာေနတာမလို႔ သူလည္းနားေထာင္ေနမိသည္။
ဟုတ္ပါတယ္...
သူတို႔အလုပ္က ေဘးနားက ကိုယ့္ေသြးသားေတြကို ဘယ္အခ်ိန္မွာ အႏၲာရယ္ေပးႏိုင္သည္မလဲဆိုတာ အာမမွခံလို႔မရတာကိုး....
မိသားစုနဲ႔အဆက္အသြယ္ျဖတ္ထားတဲ့'နမ္ 'က ထိုသို႔လုပ္ႏိုင္ေပမယ့္ သံေယာဇဥ္ဆိုလို႔ သူ႔မွာ ဒီအစ္မနဲ႔ ဒယ္ဒီတို႔ ရွိေနေသးသည္မလား....
လမ္းမွားရာကေန အေမွာင္ကို သူေရာက္လာရသည့္အေၾကာင္းရင္းက "နန္းထက္လြင္"ဆိုသည့္ 'နမ္' ေၾကာင့္ဆိုရင္လည္း မမွားပါ.....
"ဒါႀကီးကို မင္း ဘယ္အခ်ိန္မွ လာေခၚအုံးမွာလဲ"
လက္တစ္ဖက္ကို အသားေရာင္ေဘာင္းဘီအိပ္ကပ္ထဲထည့္ၿပီး ဆိုဖာေပၚက လူသားကိုမွ ဒါႀကီးကိုလို႔ လက္ညိဳးထိုးကာေျပာေနေသာ နမ္ကိုတစ္ခ်က္ၾကည့္ၿပီး အံ့ဩသြားရသည္။
"ေခ" ကလြဲရင္ မိန္းကေလးေတြနဲ႔ သိပ္အေရးမလုပ္ စကားမေျပာတာကို သိေနေပမယ့္ ကို႔ယ္အစ္မကိုမွ ဒီလိုေခၚတာမ်ိဳးက်ေတာ့လည္း ေအာက္သက္သက္ခံစားရသည္။
"မၾကာဘူး ခဏပဲ"
႐ိုးသန႔္ေျပာတာကို ေခါင္းတညိတ္ညိတ္လုပ္ေနၿပီး သူ႔႐ုံးခန္းစားပြဲေရွ႕တြင္ ျပန္ထိုင္ျဖစ္သည္။
"ၿပီးေရာ....သြားေတာ့"
ထြက္သြားခါနီးတြင္ မျဖဴသန႔္ႏိုးလာတဲ့အခါ မလန႔္သြားေအာင္ စာတခ်ိဳ႕ကိုေရးကာ မျဖဴသန႔္ေဘးတြင္ စာ႐ြက္တစ္႐ြက္ထားခဲ့ေပးသည္။
'ခဏေန ကြၽန္ေတာ္လာေခၚမယ္ အေရွ႕က လူက ကြၽန္ေတာ့္အသိ စိတ္မပူနဲ႔ ႐ိုးသန႔္ '
ဟု ေရးထားသည့္ စာ႐ြက္ကို သူေကာက္ဖတ္ၾကည့္ကာ သူ႔႐ုံးခန္းကို အမွတ္မထင္ဘဲေရာက္ခ်လာၿပီး သူ႔အိမ္သူ႔ယာလို႔ အိပ္ေပ်ာ္ေနေသာဆိုဖာေပၚက ေငြမွင္ေရာင္တလက္လက္ထေနေသာလက္ရွည္ခါးတိုကို ခါးထိေဖာ္ထားၿပီး ေပါင္လယ္ထိ တိုသည့္အျဖဴေရာင္စကပ္အက်ပ္ႏွင့္ဝတ္ထားၿပီး ေရခဲမုန႔္လို အေရာင္စုံေအာင္ဆိုးထားသည့္ ေက်ာလယ္ေလာက္ထိရွိသည့္ လႈိင္းတြန႔္ေနသေယာင္ဆံႏြယ္တို႔ႏွင့္ အႏွီမိန္းကေလးကို သူသည္မ်က္ခုံးတို႔ကိုသာ ကုတ္ျခစ္ေနရင္း သူ႔ခုံကေန စိုက္ၾကည့္ေနမိသည္။
သူမရွိတဲ့အတြင္းမွာသာ ေရာက္ခ်လာလွ်င္ေတာ့ နတ္သမီးလို႔ သူထင္ေကာင္းထင္မိေနလိမ့္မယ္....
အခုက ႐ိုးသန႔္ကိုယ္တိုင္က သူ႔အစ္မပါလို႔ ေျပာထားတာမလို႔ လူသားလို႔ဆိုတာ သူသိသည္။
နာမည္ကို သဲ့သဲ့ေလးသာ ၾကားလိုက္သျဖင့္ ျပန္ေမးဖို႔ကလဲ သူ႔အလုပ္မဟုတ္သျဖင့္ မသိခ်င္ေယာင္ေဆာင္လိုက္ေပမယ့္ သူသိခ်င္ေနျပန္သည္။
"ဟင္းး....ဟင္!!"
သူ႔အခန္းထဲကထြက္လာသည့္ ေအးစိမ့္မႈတို႔ေၾကာင့္ ထိုေကာင္မေလးေကြးက်ဳံ႔သြားၿပီး ညည္းေနသျဖင့္ သူသည္ အဲကြန္းကိုအေအးဓါတ္ေလွ်ာ့ခ်ကာ ေစာင္တစ္ထည္ကိုယူလာရင္ ကိုယ္ေပၚတြင္ လႊမ္းၿခဳံေပးလိုက္သည္။
မၾကာပါဘူးဟု ေျပာသြားတာက သူေစာင့္ေနတာကျဖင့္ သုံးနာရီၾကာသြားရကာ မနက္ႏွစ္နာရီပင္ ထိုးေခ်ၿပီ......
ေစာင့္လိုက္ရလို႔ စိတ္တိုတာမဟုတ္ဘဲ ဘဝမွာတစ္ခါမွ ျဖစ္ေပၚလာျခင္းမရွိခဲ့ဖူးတဲ့ သူ႔ဘယ္ဘက္က ႏွလုံးခုန္သံတို႔ေၾကာင့္ လူကေဒါသထြက္ေနရသည္။
ဘယ္အရာက သူ႔ကိုစြဲေဆာင္ေနတာလဲ....
စကားသံတစ္သံမွာလဲ မၾကားရေသးဘဲနဲ႔.....
နာမည္ပင္သဲသဲကြဲကြဲမသိရေသးဘဲနဲ႔ သူႏွလုံးသားခုန္ျခင္းက အိပ္ေပ်ာ္ေနတဲ့သူဆီမွာ ဦးတည္ေနသည္....
ဒါက ဘာကိုဆိုတာလဲ သူေကာင္းေကာင္းနားလည္တယ္.......
ျဖတ္ေလွ်ာက္သေဘာမ်ိဳးနဲ႔ ဝင္လာတဲ့ႏွလုံးသားရဲ႕ရင္ခုန္သံေတြျဖစ္ပါေစလို႔ဘဲ ဆုေတာင္းေနမိသည္။
အိပ္ေပ်ာ္ေနသည့္ လူအနားကိုသြားၿပီး အနီးကပ္ၾကည့္ခ်င္ေနသည့္စိတ္တို႔က ထိန္းလို႔မရတာႏွင့္အတူ အနားကိုေလွ်ာက္လာကာ သူမအေရွ႕မွာပင္ ဒူးေပၚလက္တင္ကာထိုင္ခ်ၿပီး အစိတ္အပိုင္းတစ္ခုခ်င္းကိုလိုက္ၾကည့္ေနမိသည္။
ေကာ့ဆင္းေနသည့္မ်က္ေတာင္တို႔ ေျဖာင့္စင္းကာသြယ္တန္းေနသည့္ႏွာတံတို႔ နီရဲကာ ရဲဆိုေနသည့္ ႏႈတ္ခမ္းလုံးလုံးတို႔အေရာက္တြင္ မ်က္ႏွာကိုအျမန္လႊဲလိုက္ရသည္။
"ငါ ဘာလုပ္ေနတာလဲ"ဟု တစ္ေယာက္ထဲေျပာေနမိကာ ထိုင္ရာကေနထလိုက္ၿပီး သူ႔စားပြဲခုံတြင္ျပန္ထိုင္ၿပီး ခုန္ေနသည့္ႏွလုံးသားကို အတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္ေနမိသည္။
႐ိုးသန႔္သာ သူ႔ရန္သူဆို သူအရႈံးေပးၿပီး ေသရေလာက္သည္။ ဒီလိုဗုံးကိုမွ သူ႔အခန္းထဲ လာထည့္ ေပးသြားရတယ္လို႔....
႐ိုးသန႔္ေျပာခဲ့ေသာ နမ္ျမင္ရင္ ေႂကြသြားမယ္ဆိုတဲ့စကားက တကယ္မွန္ေနလားဟု မဆိုင္မသြေတြးမိ၏။
အေတြးေပါင္းမ်ားစြာနဲ႔ အိပ္လို႔လည္းမရ၊ လူေစာင့္ေနရတာနဲ႔အတူတူ ေကာ္ဖီတစ္ခြက္ကိုသာအေဖာ္ျပဳ၍ ႐ိုးသန႔္ျပန္အလာကိုသာ ေမွ်ာ္ေနမိသည္။
ခဏဆိုၿပီးေျပာသြားတာ မနက္7နာရီထိုးမွ ေရာက္လာသည့္ေခြးသားကို တကယ္သတ္ပစ္ခ်င္ေနသည္မွာ လက္တို႔ယားေနသည္.....
"ေဆာရီးပါ နမ္ရာ ဟိုမွာလည္းကြၽန္ေတာ့္ကို ရစ္ေနလို႔ၾကာသြားတာနဲ႔"
"ဘာလာေဆာရီးလဲ.....ငါအခုထိ တစ္ေရးမွမအိပ္ရေသးဘူး မင္းရဲ႕ခဏက စားပြဲေပၚက ငါ့ခြက္ကိုပဲၾကည့္လိုက္"
"ဟဲဟဲ.... ေက်းဇူးပါ နမ္.....မျဖဴသန႔္ မျဖဴသန႔္ ထေတာ့..."
ရယ္ျပေနရင္း တစ္ဖက္ကသူ႔အစ္မကို ေခၚႏႈိးေနသည့္ သေကာင့္သားကို သူ 'မင္းေနာ္'ဟု လက္ညိဳးတစ္ေခ်ာင္းႏွင့္မာန္ၿပီး တစ္ဖက္အခန္းထဲကို ဝင္သြားသည္။
အိပ္မေပ်ာ္တဲ့ညေတြဆို နမ္ကေကာ္ဖီနဲ႔စီးကရက္တို႔နဲ႔သာ အေဖာ္ျပဳတတ္သည္ကို သိေနသျဖင့္ အားနာသြားရသည္.....
နမ္ တစ္ေရးမွမအိပ္ရေသးဘဲ ထိုင္ေစာင့္ေနမယ္ဆိုတာကို သူအႂကြင္းမဲ့ယုံပါသည္....
မိန္းကေလးနဲ႔ အလာဂ်စ္ရွိတယ္လို႔ေတာင္ေအာက္ေမ့ရသည္အထိ 'နမ္'ကင္းကင္းရွင္းရွင္းေနပုံမ်ား....
"ဟင္...ငါ ဘယ္ေရာက္ေနလဲ ႐ိုးသန႔္"
"ငါတို႔အိမ္မဟုတ္တာ ေသခ်ာတယ္.....အိမ္ျပန္မယ္ ထ"
"ဒီအိမ္ လွလိုက္တာ..."
"လိုက္ၾကည့္မေနနဲ႔ အိမ္ရွင္ဂုတ္ခ်ိဳးတာခံရမယ္ ျပန္မယ္"
"မဟုတ္ဘဲနဲ႔"
မ်က္ေစာင္းထိုးရင္း ညက အိမ္မက္ထဲမွာ မင္းသားတစ္ပါးက ျဖဴစင္သန႔္ကို လာၾကည့္ေနသည္လို႔ မက္ခဲ့တာမလို႔ နံနက္ခင္းက သာယာဆိုေျပေနပါသည္။
🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂
Part3ဆက္ရန္....
'နမ္'ဟာ စာေရးသူရဲ႕ရင္ထဲမွာ ဆယ္စုႏွစ္တစ္ခုၾကာရွင္သန္ခဲ့တဲ့ ဇာတ္ေကာင္တစ္ခုပါ....
ဒါက ႂကြားခ်င္တာပါ...😍
Drabin-one