𝐓𝐡𝐞 𝐏𝐚𝐰𝐧: 𝐹𝑜𝑟 𝐻𝑖�...

By AureumV

122K 16.3K 1.8K

Have been the 'Pawn' to protect the 'Queen'. 'Pawn' takes the action but 'Queen' just looks and judges him. ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35 (Final)

Part 11

2.8K 449 90
By AureumV

Unicode~

သူမျက်လုံးဖွင့်လာချိန် စူးခနဲဝင်လာသော နေရောင်ခြည်က သူနှင့် ရင်းနှီးမနေ။ သူ့အိမ်မဟုတ်ဘူးလား။ ဘယ်သူ့အိမ်လဲ။ ဘယ်နေရာလဲ။ ဘယ်သူခေါ်လာခဲ့တာလဲ။
သူ့နောက်ဆုံးအသိစိတ်မှာ Zanနှင့် စကားပြောနေခဲ့ခြင်း။ မဟုတ်မှလွဲရော ဒါZanရဲ့အိမ်လား။ သူသိသလောက် Zanရဲ့အိမ်မှာ နက်ပြာရောင်အခန်းတွေချည်းဖြစ်သည်။ ဒါဆို သူရောက်နေတဲ့ ဆင်စွယ်ရောင်အခန်းက ဘယ်သူ့အခန်းလဲ။

"အစ်ကို နိုးလာပြီလား။ အစ်ကို ခေါင်းကိုက်နေလောက်မယ်ထင်လို့ ကျွန်တော် ပျားသံပရာရည် ဖျော်ခဲ့ပေးတယ်"

"Jeon JungKook မင်းက ဘယ်လို.. ဒါက မင်းအိမ်လား"

"ကျွန်တော်နေတဲ့ ကျွန်တော့်အဘိုးအိမ်တော့ ဟုတ်တယ်"

Taehyung အိပ်ရာကနေ ငေါက်ခနဲ ထလိုက်သည်။ Jeon JungKook သူ့ဆီ ဘယ်လိုရောက်လာတယ်၊ ဘယ်လိုသိသွားတယ်ဆိုတာကို စိတ်ပူမနေ။ အဘိုးအိမ်ကို ခေါ်လာတယ်ဆိုလို့သာ ဒေါသထွက်မိနေတာ။ ဘယ်သူ့ခွင့်ပြုချက်နဲ့ လူကြီးတွေရှိတဲ့ဆီ ခေါ်လာရတာလဲ။ ဒါက အရမ်းစည်းကျော်နေတယ်လေ။ Jeon JungKookက သူ့ကိုယ်သူ ဘာများ ထင်နေတာလဲ။

"ဘယ်သူ့ခွင့်ပြုချက်နဲ့ မင်းလုပ်ချင်သလိုတွေ လုပ်နေရတာလဲ.. ဟမ်! မင်းကို ဘယ်သူက ခေါ်သွားလို့ ပြောတာလဲ.. Zanလား"

"အစ်ကိုနဲ့ မနေ့ညက အတူတူရှိနေတဲ့လူလား Zanဆိုတာက..။ သူက အစ်ကိုနဲ့ ဘယ်လိုပတ်သက်.."

"အဲဒါ မင်းကိစ္စမဟုတ်ဘူးကွ!"

Taehyungအသံက မြင့်သည်။ အသံလုံစနစ်သာ မရှိလျှင် အောက်ထပ်ကပင် ကြားကောင်းကြားရလိမ့်မည်။
Kim Taehyung ဒေါသတကြီး ရှူးရှူးရှားရှားဖြစ်နေသည်ကို မြင်နေရင်း JungKookအချိန်တွေ ရပ်တန့်သွားသည့်နှယ် တုံ့ဆိုင်းလျက်။
သူက အစ်ကို့ကို အရက်ဘားလိုနေရာမှာ တစ်ယောက်တည်း မထားခဲ့ချင်ရုံပါ။ အဲသည်လောက်ထိ ဒေါသထွက်စရာ အပြစ်ဖြစ်သွားလား။

"မင်းကိုယ်မင်း ကိုယ်နဲ့ နှစ်ခါလောက်အိပ်ဖူးတယ်ဆိုပြီး ဘယ်လိုတွေတွေးထားလဲ မသိပေမဲ့ ကိုယ့်အတွက်တော့ အိပ်ရာပေါ်ကလူက အိပ်ရာပေါ်ကလူပဲ"

"ဗျာ.."

JungKook တစ်ခုခုပြန်ပြောစရာစကားရှာမတွေ့လောက်အောင်ကို ဆွံ့အသွားတော့တာ။ 'အိပ်ရာပေါ်ကလူ'ဆိုသော စကားလုံးက သူ့နှလုံးသားကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေဖို့ရန် လုံလောက်သည်။
သူက Kim Taehyungအတွေးထဲမှာ ဘယ်အဆင့်လဲ။ သည်အတိုင်း အိပ်ရာပေါ် ဆက်ဆံရေးပဲလား။ သည်လောက်နဲ့ ကျေနပ်လိုက်ရမှာလား။
ဟင့်အင်း.. အစ်ကို့ကို လက်လျှော့လိုက်စရာအကြောင်းမရှိ။ တွယ်ကပ်နိုင်သရွေ့ တွယ်ကပ်ထားဦးမှာ။ အိပ်ရာပေါ်ကလူဆိုရင်ရော ဘာအရေးလဲ။ အိပ်ရာဖော်က တစ်ဦးတည်းသောလူဖြစ်နေဖို့သာ အဓိကမဟုတ်လား။

"သွားတော့မယ်။ လတ်တလော ကိုယ့်ကို ဆက်သွယ်ဖို့ မကြိုးစားနဲ့"

"ဘယ်လို.. နေပါဦး! Kim Taehyung! ကျွန်တော်လိုက်ပို့ပေးမယ်!"

မြန်မြန်ဆန်ဆန် အိမ်ပေါ်က ဆင်းသွားသော Kim Taehyungနောက် သူအမီပြေးလိုက်သည်။ အဘိုးရှေ့မှာ ပြဿနာမတက်ချင်ဘူးဆိုကာမှ တည့်တည့်ကို တိုးတော့သည်။ ဧည့်ခန်းမှာ လက်ဖက်ရည်တစ်ခွက်နှင့် ဇိမ်ယူနေသော အဘိုးက Kim Taehyungကို..

"ညက ဧည့်သည်ထင်တယ်။ အဲဒီတုန်းက သေချာ မနှုတ်ဆက်လိုက်ရဘူး"

"ဟုတ်ကဲ့"

Taehyungက အဲသည်လိုတွေဖြစ်လာမှာ မကြိုက်တာ။ သူတို့ပတ်သက်မှုကို လူကြီးတွေသိသွားလို့ ဘာကောင်းကျိုးမှမရှိသည့်အပြင် အချိန်မရွေး အရှုပ်ထုပ်ဇာတ်လမ်းဖြစ်သွားနိုင်သည်။
Jeon JungKook၏ အဘိုးကို သူမနှုတ်ဆက်ချင်သလို နှုတ်ဆက်ချင်သလို စိတ်မပါတပါနှင့်သာ ပြန်ပြောလိုက်သည်။

"​မောင်ရင်က ဘယ်မိသားစုကလဲ"

"ဗျာ.."

မဟုတ်​သေးပါ.. ထိုအ​ကြောင်းက ​မေးစရာလိုလို့လား။ အသက်ကြီးလာလို့ပဲ အ​မေးအမြန်းထူတာလား၊ ဒါမှမဟုတ် အခု​မေး​နေတာက ဘယ်လိုသ​ဘောနဲ့လဲ။
ထို့အပြင် Taehyung သူ့ကိုယ်သူ The Iconလုပ်ငန်းစုက တစ်ဦးတည်း​သောသားပါဟု မ​ဖြေချင်။ ​ဖြေလိုက်လျှင်​တော့ အထင်ကြီးခံရမှာ အမှန်။ သို့​သော် Jeon JungKook၏ မိသားစုဝင်​တွေ သူ့ကို သိသွားလို့ ဘာမှ​ကောင်းလာမှာမဟုတ်။

"မ​ဖြေလည်း ရပါတယ်။ အဘိုးက စကားစမြည်​ပြောချင်လို့ပါ။ တစ်လက်စတည်း မနက်စာစားသွား​လေ"

သူ့ဘက်က ​ခေါင်းညိတ်​ခေါင်းခါ အ​ဖြေကို မ​စောင့်ဘဲ JungKookအဘိုးက အိမ်အကူ​လေးကို ထမင်းဟင်းပြင်​ပေးဖို့ ​ပြော​နေသည်။

အဘိုးကြီးက Jeon JungKookနှင့် အရှိန်အဝါမတူ။ သူ့ကို တင်တင်စီးစီးဆက်ဆံပြီး မနက်စာကို သူမစားချင်ရင်​တောင် စားကိုစားရမည့်သဏ္ဌာန်။

"JungKook.. ဘာလုပ်​နေတာလဲ ကိုယ့်ဧည့်သည်ကိုယ် သွားဧည့်ခံ​လေ"

"ဟုတ်ကဲ့ အဘိုး"

JungKookက သူနှင့်အတူ မနက်စာမစား။ သူ့​ရှေ့ထိုင်ပြီး သူ့ကိုပဲ ကြည့်​နေ​​တော့ ​နေရခက်ချင်စရာ။
သို့တိုင်​အောင် မကြည့်နဲ့ဆိုတဲ့စကား​လေးကိုပင် မ​ပြောချင်။ JungKookအဘိုးနှင့်​တွေ့ရသည်က သူ့ကို ​နေရခက်​စေသည်။ ​မြေးဖြစ်သူနှင့်ကိုယ့်ကြားက ဆက်ဆံ​ရေးကို တစ်မျိုးတစ်မည်​ခေါင်းစဥ်တပ်လိုက်မှာစိုးသည်။ ဒါ​တွေကို​တောင် ကြိုမ​တွေးဘဲ Jeon JungKookက ကိုယ့်ကို အိမ်အထိ​​ခေါ်လာရဲသည်။

"ဘယ်လိုလဲ အရသာရှိရဲ့လား ​ကောင်​လေး"

"ဟုတ်ကဲ့"

"​မောင်ရင့်ကို အဘိုး​တွေ့ဖူး​နေသလိုပဲ။ ကြည့်ရတာ အသိုင်းအဝိုင်းကြီးထဲကပဲထင်တယ်"

"အဲဒီလိုလည်း မဟုတ်ပါဘူး"

သူ့ကို ​တွေ့ဖူးတယ်ဆိုရုံနဲ့တင် Taehyung အသက်ရှူမဝ​တော့။ လွတ်လွတ်လပ်လပ်ဖြစ်မ​နေတဲ့ ခံစားချက်မျိုးက ​အော့အန်ပစ်ချင်စရာ။

"အဘိုးကလည်း ဘာ​တွေ​မေး​နေတာလဲ။ အလုပ်မသွား​သေးဘူးလား"

"မင်းကို ​ခေါ်သွားမလို့​စောင့်​နေတာ​လေ။ ​

နေစမ်းပါဦး.. ​မောင်ရင်​ရော အဘိုးကို တကယ်မ​တွေ့ဖူးဘူးလား။ The Luxရဲ့ ဥက္ကဌကို ​တွေ့ဖူးသလား စဥ်းစားကြည့်ပါဦး"

အဘိုးက Jeon JungKookကို အာရုံမစိုက်ဘဲ သူ့ကိုသာ အာရုံစိုက်​နေတာဖြစ်သည်။ The Luxဆိုသည့်စကားမှာတင် သူဟာ အ​ငွေ့ပျံလုလု။ Jeon JungKookက အဲသည်​လောက်ထိ အသိုင်းအဝိုင်းကြီးတာလား။ အိမ်ကြည့်ရုံနှင့် သိသာသည်ဆိုဦး​တော့ The Luxလုပ်ငန်းစုကဖြစ်လိမ့်မည်ဟု မခန့်မှန်းမိ။
The Icon၏ အထက်မှာရပ်တည်​နေ​သော လုပ်ငန်းစုကို သူမသိဘဲ ​နေမတဲ့လား။
သို့​သော် ခပ်တည်တည်ပင်..

"အဘိုး လူမှား​နေတယ်ထင်ပါတယ်။ ကျွန်​တော့်ကို ခွင့်ပြုပါဦး"

"အစ်ကို​.. ကျွန်​​တော် လိုက်ပို့​ပေးမယ်​လေ"

Taehyungက JungKookကို မ​စောင့်။
အ​နောက်က​နေ ထပ်ကြပ်မကွာ လိုက်သည့်တိုင် နည်းနည်းမှ လှည့်မကြည့်။
အစ်ကိုက သူ့ကို ​တော်ရုံ​ဒေါသထွက်​နေတာမဟုတ်။ ​နောက်ဆို အစ်ကို့အမိန့်မရမချင်း ဘာဆိုဘာမှ သူ့သ​ဘောနဲ့သူ မလုပ်မိ​အောင် အ​တော်​လေးစိတ်ထိန်းရ​တော့မည်။

"ဘာလို့လိုက်လာတာလဲ။ မင်းကို မမြင်ချင်​သေးဘူး"

"ကျွန်​တော်​တောင်းပန်ပါတယ်။ ​နောက်ဆို အစ်ကို့​​ဆန္ဒမပါဘဲ ဘာဆို ဘာမှ မလုပ်မိ​စေရပါဘူး"

"လုပ်ပြီးမှ​ပြောလည်း အလကားပဲ။ ဒီတ​လော မဆက်သွယ်ဘဲ ​နေရ​အောင်"

"အဲဒီလို​တော့ မလုပ်ပါနဲ့ အစ်ကိုရယ်။ ကျွန်​တော် ဘယ်လို​နေနိုင်မှာလဲ"

"လက်ကိုလွတ်။ ကိုယ့်​နေရာကိုယ်သိ"

တက္ကစီ​ပေါ်သို့ တက်သွား​သော အစ်ကို့ကို ကြည့်​နေရင်း ကျန်ခဲ့ရသည်။ တက္ကစီကား​​လေး အ​ဝေးသို့ ​ရောက်​လေ​လေ၊ အသက်ရှူသံက ကျယ်​​လောင်လာ​လေ​လေ။
သည်တ​လောဆိုတာက ဘယ်အချိန်ထိများလဲ၊ ဘယ်​လောက်ထိ ကြာမှာလဲ။ ​မေးခွန်း​တွေက ပတ်ချာလည်​အောင် သူ့ဦး​နှောက်ထဲ ဂယက်ရိုက်​နေသည်။
အစ်ကို​ပြော​သော သည်တ​လောဆိုသည့်ကြာချိန်ကို သူ​တောင့်ခံနိုင်ပါ့မလား။
____

"မနက်ဖြန်မှ အလုပ်ဆင်းမယ်​ပြောထားတယ်​လေ။ ဘာလို့ အခုသွားရမှာလဲ"

"မနက်ဖြန်က အလုပ်ဝင်ရမှာ​ဆို​တော့ မင်းကို ​ကြောင်​တောင်​တောင်မဖြစ်​စေချင်လို့​လေ။ ပြီး​တော့ ကားနဲ့ ကွန်ဒို မယူ​တော့ဘူးလား"

"ယူမှာ​ပေါ့"

"ပြီး​တော့ ဆံပင်ညှပ်ပြီး အ​ရောင်​ပြောင်းလိုက်ဦး။ နှုတ်ခမ်းမှာ မျက်ခုံးမှာ​ရော ဘာကွင်း​တွေလဲမသိ မျက်စိကို ​​​နောက်လို့။ တက်တူးက​တော့ ဖျက်မရဘူးဆို​တော့ ထားပါ​တော့"

အဘိုးက သူ့ကို ​ခြေစွန်း​ခေါင်းစွန်းကြည့်ပြီး ​ဝေဖန်​နေ​လေရဲ့။ ဒါ​တွေက ​ခေတ်လူငယ်အကြိုက်ဆို​တော့ အဘိုးသ​ဘောမကျတာကို သူလက်ခံနိုင်သည်။ ဒါ​ပေမဲ့ အလုပ်လုပ်မှာက ဆံပင်နဲ့ ကွင်း​တွေမှ မဟုတ်တာ။ အလုပ်ဝင်ဖို့ ဒါ​တွေကို ဖျက်ဆီးပစ်ရမယ်ဆိုတာ​က​တော့ ရက်စက်ရာမကျဘူးလား။ အလကားလုပ်လို့ရထားတာ​တွေလည်း မဟုတ်။

"မလုပ်ချင်ပါဘူးဗျာ။ အဓိကက လူအလုပ်လုပ်​နေဖို့ပဲမလား"

"​ပေးထားတဲ့ရာထူးက အဖွဲ့မှူး​နော်။ ဥက္ကဌရဲ့​မြေး အ​မွေဆက်ခံသူဆိုတဲ့ အရှိန်ကရှိ​သေးတာ။ လူရို​သေရှင်ရို​သေဖြစ်​အောင် ​နေမှ​ပေါ့"

"ဒါ​တွေမ​ဖျောက်ပစ်ဘဲ လူရို​သေရှင်ရို​သေဖြစ်​အောင် လုပ်နိုင်ရင် ကျွန်​တော့်ကို ဘာ​ပေးမလဲ"

"ဘာမှမ​ပေးဘူး။ ကြိုက်တာသာလုပ်​တော့။ တစ်ခုမှကို ​ပြောမရဘူး"

The Lux လုပ်ငန်းစု၏ တစ်ဦးတည်း​သော ​မြေးဖြစ်တာ​ကြောင့် ကုမ္ပဏီဝန်ထမ်း​တွေက သူနဲ့ အစိမ်းသက်သက်မဟုတ်။ သူသည်မှာမရှိတဲ့ တစ်နှစ်အတွင်း အသစ်ဝင်လာတဲ့ ဝန်ထမ်း​တွေကလွဲရင် ​တော်​တော်များများက သူ့ကို သိကြသည်။ ဒါ​ကြောင့် အထူးမိတ်ဆက်စရာမလို။

" ဒါက မင်းအလုပ်လုပ်ရမယ့်အခန်း။ မင်းနဲ့အလုပ်လုပ်မယ့် ဝန်ထမ်းဆယ်​ယောက်လည်း ဒီမှာပဲ။ သင့်မြတ်​အောင်​နေပြီး အလုပ်ကို ​သေချာလုပ်"

"စိတ်ချပါ။ ကျွန်​တော် အဲဒီလောက်ထိ မညံ့ပါဘူး"

"မင်းတို့​တွေလည်း အဖွဲ့မှူးကို လက်​တွဲ​ခေါ်ကြ။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းခွင်မှာ​တော့ သူက ဂျူနီယာပဲ​လေ"

"ဟုတ်ကဲ့ပါ ဥက္ကဌကြီး"

JungKook သူ့လက်​အောက်မှာ အလုပ်လုပ်မည့် ဝန်ထမ်း​တွေကို ကြည့်လိုက်သည်။ ထိုဝန်ထမ်းအားလုံးက သူ့ထက်အသက်ကြီးသည့်အပြင် လုပ်ငန်းသက်ရင့်​နေပြီဖြစ်သည်။
အဘိုးက​တော့ အဖွဲ့မှူးဆိုပြီး ​အောက်​ခြေဝန်ထမ်းလုပ်ခိုင်းလိုက်တာပဲ ဖြစ်ရသည်။ သို့​သော် သူ့အတွက် ​အောက်​ခြေဝန်ထမ်းလုပ်ရလုပ်ရ ​ထွေ​ထွေထူးထူးခံစားရတာမျိုးမရှိ။
သူက လုပ်ငန်းအ​ကြောင်းလည်း ​သေချာသိတာ မဟုတ်​သေး။ ဥက္ကဌ​မြေးဆိုသည့် အရှိန်​ကြောင့်သာ မဟုတ်လျှင် ​အောက်​​ခြေသိမ်းက စဝင်လုပ်ရမှာ အ​သေအချာ။

"ကားနဲ့ ကွန်ဒိုက​တော့ ငါ့အတွင်း​ရေးမှူးနဲ့ပဲ သွားကြည့်လိုက်​။ ငါမအား​တော့ဘူး"

အဘိုးက အနက်​ရောက်​ငွေကဒ်ကြီးကို သူ့အတွင်း​ရေးမှူးဆီ ​ပေးလိုက်သည်။ ဘာလဲ သည်နေ့အတွက်က သည်​လောက်ပဲလား။ အလုပ်အ​ကြောင်း မိတ်​ဆက်​ပေးမယ်ထင်ခဲ့တာမှားသွားသည်။
____

"ညက ဘယ်မှာအိပ်တာလဲ။ စစ်တုရင်ကလပ်မှာပဲလား"

"ဟုတ်တယ်.."

"မနက်စာ​ရော စားလာပြီလား။ မာမီဘာလုပ်​ပေးရမလဲ"

မာမီက သူနဲ့ ​ပြေလည်ချင်လို့ တမင်​လျှော့​ပြော​နေတာ သိသာသည်။ ဒါလည်း တစ်မျိုး​​ကောင်းသည်။ အ​မေးအမြန်းအစစ်အ​ဆေး​တွေမရှိ​တော့ သူလည်း မ​ပြောချင်တာ​တွေ ​ပြောမ​နေရ​တော့။

"စားလာခဲ့ပြီ။ ဒီ​နေ့​တော့ အလုပ်သွားမလို့"

"​ကောင်းတာ​ပေါ့။ ဖြစ်နိုင်ရင် မာမီက အချိန်ပြည့်လုပ်​စေချင်တာ။ အခုလို အ​ရေးကြီးမှ စိတ်ကူး​ပေါက်မှ သွား​နေတာမဟုတ်ဘဲ"

"ကျွန်​တော်မသွားချင်ဘူး​လေ"

အိမ်မှာ​ရေချိုးအဝတ်အစားလဲပြီးတာနှင့် တစ်ခါတည်းကုမ္ပဏီကို ထွက်လာခဲ့သည်။
သူတာဝန်ယူထားသည့်ဌာနက ​ရေ​မွှေးထုတ်လုပ်​ရေးအတွက်။ သူက ဒါကို အလုပ်တစ်ခုလို သ​ဘောထားလုပ်​နေတာထက် ဝါသနာပါရာကို လုပ်သလိုသာ မှတ်ယူထားသည်။

​ထို့အပြင် သည်ဌာနကလည်း သူအလုပ်စဝင်ချိန်မှ အသစ်ချဲ့ထွင်ထား​သော ဌာန။

"ဒါ​နောက်၃လ​နေရင် ထုတ်မယ့် ​ရေ​မွှေး။ အနံ့​လေး စစ်​ပေးပါဦး ဌာနမှူး"

နမူနာ​ရေ​မွှေးပုလင်း​လေးရယ်၊ အစမ်းဆွတ်ထား​သော ကတ်ထူပြား​လေးရယ် လာ​ပေးသွားသည်။ သည်တစ်ခါ​ရေ​မွှေးရနံ့က မိန်းက​လေး​တွေအတွက် ရည်ရွယ်တာ ဖြစ်လိမ့်မည်။
​ယောကျ်ားတစ်​ယောက်အ​နေနဲ့​တော့ သ​ဘောကျစရာမဟုတ်လှ၊ ခပ်ငယ်ငယ် မြီး​ကောင်​ပေါက်စအရွယ် မိန်းက​လေး​တွေဆိုရင်​တော့ အခုလို ချိုအီအီရနံ့မျိုးနှင့် သင့်​တော်လိမ့်မည်။

"ဒါကဘာလဲ Eau de toiletteလား"

"Eau de perfum ပါ"

"ဒါဆို အနံ့စွဲ​နေတာထက် အနံ့ကို ကြာရှည်ခံနိုင်ရည်ရှိ​အောင် လုပ်ထားသင့်တယ်။ ဒါက အနံ့ပြင်း​ပေမဲ့ ခန္ဓါကိုယ်​ပေါ်မှာကြာကြာထားရင် ငြီး​ငွေ့သွား​လောက်တဲ့ အနံ့မျိုး"

"ကျွန်​တော် ထုတ်လုပ်​ရေးဘက်ကို ​သေချာ​ပြောပြီး ပြင်ကြည့်လိုက်ပါမယ်"

"အင်း.. အဲဒါလေး လုပ်လိုက်ပါဦး"

ထို့​နောက် ​ငွေစာရင်း​တွေကိုပါ စစ်ရ​သေးသည်။ အလုပ်ကို ​နေ့စဥ်ပုံမှန်လာတတ်သူမဟုတ်​တော့ လာဖြစ်သည့် အချိန်အနည်းငယ်​လေးအတွင်းမှာဆို တကယ်စိတ်နှစ်ပြီး လုပ်ရသည်။
အချိန်ကြာမြင့်စွာ အာရုံစိုက်ရပြီး မျက်ရိုးကိုက်သည်အထိ အလုပ်လုပ်ရသည်။

ကျန်တဲ့အချိန်သာ အ​လေးအနက်မရှိသလို အ​လေလိုက်ချင်လိုက်မည်။ အလုပ်နဲ့ ပတ်သက်လျှင်​တော့ သူဟာ တိတိကျကျ။

"ဌာနမှူး ဧည့်သည်လာ​နေတယ်"

"ဘယ်သူလဲ"

"သူ​ဌေး Shin ပါ"

"ဪ.. ဝင်ခိုင်းလိုက်"

တကယ်​တော့ ကိုကိုလိုက်လာသည်က သူ့အတွက် တုန်လှုပ်​​ချောက်ချားစရာ​ကောင်းသည်။ မ​နေ့က ပြဿနာက မပြီးပြတ်သည့်အပြင် ညကလည်း သူ Jeon JungKookအိမ်မှာ ရှိ​နေခဲ့တာ။
အဲ့သည်လောက်ထိ​တော့ ကိုကိုမသိနိုင်ဟု ယူဆရပါသည်။

"ဒီ​နေ့ အလုပ်သွားတယ်ဆိုလို့ ဒီမှာပဲ လာ​​တွေ့လိုက်တာ"

"အဲဒီလိုပဲ ဖြစ်သွားတယ်"

"Baby ကိုယ့်ကို စိတ်ဆိုး​နေတုန်းလား"

စိတ်ဆိုးရမည့်သူက ကိုကိုပဲ မဟုတ်လား။ သူကသာ အမှား​တွေကို ဆက်တိုက်ကျူးလွန်ပြီး အမှား​တွေကြားထဲက မထွက်ချင်သူ ဖြစ်ပါသည်။
ဘာလို့များ ကိုကိုက ​တောင်းပန်တိုးလျှိုသလို ​ပြော​နေရပါသနည်း။ သူ့ကို အားနာစိတ်မဝင်ဝင်လာ​အောင် ဗျူဟာအသစ် ခင်း​နေ​ရော့သလား။

"မဆိုးပါဘူး။ ကိုကို ဘာကိစ္စရှိလို့လဲဟင်။ အလုပ်များ​နေမယ်ထင်တာ"

"ကိုယ်အလုပ်များလွန်းလို့ ပြဿနာ​တွေ ဖြစ်ကုန်တာမလား။ ကိုယ်က ဒီ​နေ့ Babyကို အချိန်​ပေးချင်လို့ပါ"

"Babyက ည​နေမှ အလုပ်ပြီးမှာ​လေ ကိုကိုရဲ့"

"ရတယ် ကိုယ်ဒီမှာ ထိုင်​စောင့်​နေမယ်။ အဆင်မ​ပြေလို့ အပြင်ထွက်​စောင့်​ဆိုလည်း ရတယ်"

"မလိုပါဘူး အဲဒီမှာ ထိုင်​နေလို့ရတယ်"

ကိုကို့အနား​နေသင့်​ပေမဲ့ သူတကယ်ကို အလုပ်မအား။ မပြီးပြတ်နိုင်​သော စာရင်းဇယား​​တွေရယ်၊ ထုတ်ကုန်သစ် နမူနာ​တွေရယ်။ တချို့​ရေ​မွှေး​တွေက ထုတ်ကုန်သစ်မဟုတ်.. ယခင်ရှိပြီးသားရနံ့ကို Quality​ပြောင်း၍ ပြန်ထုတ်ထားခြင်း။
​ရေ​မွှေး​တွေက တစ်မျိုးတည်းရှူရှိုက်ရလျှင် မခက်ခဲလှ​သော်လည်း ရနံ့မျိုးစုံရှူ​နေရ​သောအခါ ​​ခေါင်းထဲ​နောက်လာသည်။

"​ခေါင်းမူး​နေပြီလား။ နားလိုက်ဦး​လေ"

"အင်း.. အနံ့​တွေများပြီး ​ခေါင်းက ​နောက်​နေပြီ"

"ကိုယ်ဘာလုပ်​ပေးရမလဲ"

"ဟင့်အင်း အဆင်​ပြေတယ်။ ကိုကို ဒီ​နေ့ အလုပ်မများတာ ​သေချာလို့လား"

"အင်း.. ​သေချာတာ​ပေါ့။ Babyနဲ့ Dateဖို့ ကိုယ်အ​သေအချာကို ခွင့်တိုင်ခဲ့တယ်"

Taehyung မျက်လုံး​တွေကို မှိတ်ထားရင်း ပြုံးရုံ​လေးပြုံးသည်။ ကိုကိုနဲ့ သည်လို​လေး အမြဲ​ပြေလည်​နေရင် ​ကောင်းလိမ့်မည်။
မ​ပြေလည်တာက ဘယ်သူ့​ကြောင့်လဲ၊ ပြန်​ပြေလည်တာက​ရော ဘယ်သူ့​ကြောင့်လဲ..။ သူက​ရော.. ဘယ်​တော့မှ မ​ဖြေ​တော့မည့် ​မေးခွန်း​တွေ​ပေါ့။

ကိုကိုက သူအလုပ်ပြီးတဲ့အထိ ​စောင့်မယ်ဆိုတာကို ကတိတည်သည်။ အိပ်ငိုက်သွားတာ​တောင် မ​တွေ့ရဘဲ ည​နေခင်း သူအလုပ်ပြီးတဲ့အထိ သည်အတိုင်း ထိုင်​စောင့်​နေတာ ဖြစ်သည်။

"သွားကြစို့​လေ ကိုကို။ ဘယ်သွားမယ် စီစဥ်ထားတာလဲ အရမ်းသိချင်​နေပြီ"

"အင်း.. သွားကြစို့"

ကိုကိုက အလုပ်ချိန်ဘယ်​လောက်ကြပ်ကြပ် သူ့အတွက်သီးသန့်အချိန်​တွေမှာ​တော့ အ​ကောင်းဆုံးဖြစ်​အောင် ဂရုစိုက်​ပေးတတ်သည်။

သည်တစ်ခါကိုကို​ခေါ်လာသည့်​နေရာက ဟန်မြစ်ကမ်း​ဘေးမှ အဆင့်မြင့်စား​သောက်ဆိုင်ဖြစ်ပြီး သူတို့နှစ်​ယောက်တည်းရှိသဖြင့် ကိုကိုတစ်ဆိုင်လုံးငှားထားသည်က သိသိသာသာ။

"ကိုကို တစ်ဆိုင်လုံးငှားထားပြန်ပြီလား။ အပို​ကုန်​အောင်လို့"

"ကုန်ချင်ကုန်ပါ​စေ​ပေါ့။ ဒီ​နေ့က ထူးခြားတယ်​လေ"

"ဘာထူးခြားလို့လဲ ကိုကိုရဲ့"

"အရင်ဆုံးမှာထားတာ​တွေ ကုန်​အောင်စားပါဦး"

Taehyungက အစားအ​သောက်များများမစား​ပေမဲ့ ​အ​ကောင်း​တော့ ကြိုက်သည်။ ကိုကို​ခေါ်လာသည့်ဆိုင်က သူ့အကြိုက်နှင့်ကွက်တိ။ ​နေ့လည်စာကိုလည်း အလုပ်မှာ ဖြစ်သလို​လေး စားခဲ့ရ​တော့ အခုမှ မြိန်​ရေယှက်​​ရေ စား​နေမိ​တော့တာ။

"ကိုယ်​ပြောတာ နား​​ထောင် Baby"

"​ပြော​လေ။ ဘာလို့ အထူးအဆန်း​တွေ လုပ်​နေတာလဲ"

"ကိုယ်တို့ လက်ထပ်ရ​အောင်။ ကိုယ့်ကို လက်ထပ်ပါလား။ ကိုယ်မင်းကို မပိုင်ဆိုင်ရမှာ ​ကြောက်​နေမိပြီ"

Taehyung ကိုကို့ကို အတိုင်းသား ​ကြောင်ကြည့်​နေမိသည်။
သူတို့လက်ထပ်ပွဲကို မ​လောကြဖို့ရာ ​ပြောပြီးဆိုပြီးကြပြီ​လေ။ အခုချက်ချင်းကြီးအတွက် သူ့မှာ အဆင်သင့်မဖြစ်​သေး။

"ကျွန်​တော့် ကိုကို့ကို လက်ထပ်မှာပါ။ ဒါ​ပေမဲ့ အခု​တော့ ​စော​လွန်း​သေးတယ်​လေ"

"ချစ်သူသက်တမ်း ​လေးငါးနှစ်ဆိုတာက လက်ထပ်ဖို့အတွက် လုံ​လောက်တာထက်ပို​နေပါပြီ။ ကိုယ့်ကို လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသားဆို.. အခုလက်ထပ်ကြစို့​လေ"

Taehyung မြင်လွှာကို ချပြီး ​ခေါင်းညိတ်မိလိုက်သည်က အချစ်​ကြောင့်လား။ ဒါမှမဟုတ် နှစ်ရှည်လများ ​စောင့်ခဲ့ရသူအ​ပေါ် အားနာစိတ်လား။ ကတိတစ်လုံးကို မဖျက်ချင်၍လား။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

သူမ်က္လုံးဖြင့္လာခ်ိန္ စူးခနဲဝင္လာေသာ ေနေရာင္ျခည္က သူႏွင့္ ရင္းႏွီးမေန။ သူ႔အိမ္မဟုတ္ဘူးလား။ ဘယ္သူ႔အိမ္လဲ။ ဘယ္ေနရာလဲ။ ဘယ္သူေခၚလာခဲ့တာလဲ။
သူ႔ေနာက္ဆုံးအသိစိတ္မွာ Zanႏွင့္ စကားေျပာေနခဲ့ျခင္း။ မဟုတ္မွလြဲေရာ ဒါZanရဲ႕အိမ္လား။ သူသိသေလာက္ Zanရဲ႕အိမ္မွာ နက္ျပာေရာင္အခန္းေတြခ်ည္းျဖစ္သည္။ ဒါဆို သူေရာက္ေနတဲ့ ဆင္စြယ္ေရာင္အခန္းက ဘယ္သူ႔အခန္းလဲ။

"အစ္ကို ႏိုးလာၿပီလား။ အစ္ကို ေခါင္းကိုက္ေနေလာက္မယ္ထင္လို႔ ကြၽန္ေတာ္ ပ်ားသံပရာရည္ ေဖ်ာ္ခဲ့ေပးတယ္"

"Jeon JungKook မင္းက ဘယ္လို.. ဒါက မင္းအိမ္လား"

"ကြၽန္ေတာ္ေနတဲ့ ကြၽန္ေတာ့္အဘိုးအိမ္ေတာ့ ဟုတ္တယ္"

Taehyung အိပ္ရာကေန ေငါက္ခနဲ ထလိုက္သည္။ Jeon JungKook သူ႔ဆီ ဘယ္လိုေရာက္လာတယ္၊ ဘယ္လိုသိသြားတယ္ဆိုတာကို စိတ္ပူမေန။ အဘိုးအိမ္ကို ေခၚလာတယ္ဆိုလို႔သာ ေဒါသထြက္မိေနတာ။ ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ လူႀကီးေတြရွိတဲ့ဆီ ေခၚလာရတာလဲ။ ဒါက အရမ္းစည္းေက်ာ္ေနတယ္ေလ။ Jeon JungKookက သူ႔ကိုယ္သူ ဘာမ်ား ထင္ေနတာလဲ။

"ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ မင္းလုပ္ခ်င္သလိုေတြ လုပ္ေနရတာလဲ.. ဟမ္! မင္းကို ဘယ္သူက ေခၚသြားလို႔ ေျပာတာလဲ.. Zanလား"

"အစ္ကိုနဲ႔ မေန႔ညက အတူတူရွိေနတဲ့လူလား Zanဆိုတာက..။ သူက အစ္ကိုနဲ႔ ဘယ္လိုပတ္သက္.."

"အဲဒါ မင္းကိစၥမဟုတ္ဘူးကြ!"

Taehyungအသံက ျမင့္သည္။ အသံလုံစနစ္သာ မရွိလွ်င္ ေအာက္ထပ္ကပင္ ၾကားေကာင္းၾကားရလိမ့္မည္။
Kim Taehyung ေဒါသတႀကီး ရႉးရႉးရွားရွားျဖစ္ေနသည္ကို ျမင္ေနရင္း JungKookအခ်ိန္ေတြ ရပ္တန္႔သြားသည့္ႏွယ္ တုံ႔ဆိုင္းလ်က္။
သူက အစ္ကို႔ကို အရက္ဘားလိုေနရာမွာ တစ္ေယာက္တည္း မထားခဲ့ခ်င္႐ုံပါ။ အဲသည္ေလာက္ထိ ေဒါသထြက္စရာ အျပစ္ျဖစ္သြားလား။

"မင္းကိုယ္မင္း ကိုယ္နဲ႔ ႏွစ္ခါေလာက္အိပ္ဖူးတယ္ဆိုၿပီး ဘယ္လိုေတြေတြးထားလဲ မသိေပမဲ့ ကိုယ့္အတြက္ေတာ့ အိပ္ရာေပၚကလူက အိပ္ရာေပၚကလူပဲ"

"ဗ်ာ.."

JungKook တစ္ခုခုျပန္ေျပာစရာစကားရွာမေတြ႕ေလာက္ေအာင္ကို ဆြံ႕အသြားေတာ့တာ။ 'အိပ္ရာေပၚကလူ'ဆိုေသာ စကားလုံးက သူ႔ႏွလုံးသားကို အစိတ္စိတ္အႁမႊာႁမႊာျဖစ္သြားေစဖို႔ရန္ လုံေလာက္သည္။
သူက Kim Taehyungအေတြးထဲမွာ ဘယ္အဆင့္လဲ။ သည္အတိုင္း အိပ္ရာေပၚ ဆက္ဆံေရးပဲလား။ သည္ေလာက္နဲ႔ ေက်နပ္လိုက္ရမွာလား။
ဟင့္အင္း.. အစ္ကို႔ကို လက္ေလွ်ာ့လိုက္စရာအေၾကာင္းမရွိ။ တြယ္ကပ္ႏိုင္သေ႐ြ႕ တြယ္ကပ္ထားဦးမွာ။ အိပ္ရာေပၚကလူဆိုရင္ေရာ ဘာအေရးလဲ။ အိပ္ရာေဖာ္က တစ္ဦးတည္းေသာလူျဖစ္ေနဖို႔သာ အဓိကမဟုတ္လား။

"သြားေတာ့မယ္။ လတ္တေလာ ကိုယ့္ကို ဆက္သြယ္ဖို႔ မႀကိဳးစားနဲ႔"

"ဘယ္လို.. ေနပါဦး! Kim Taehyung! ကြၽန္ေတာ္လိုက္ပို႔ေပးမယ္!"

ျမန္ျမန္ဆန္ဆန္ အိမ္ေပၚက ဆင္းသြားေသာ Kim Taehyungေနာက္ သူအမီေျပးလိုက္သည္။ အဘိုးေရွ႕မွာ ျပႆနာမတက္ခ်င္ဘူးဆိုကာမွ တည့္တည့္ကို တိုးေတာ့သည္။ ဧည့္ခန္းမွာ လက္ဖက္ရည္တစ္ခြက္ႏွင့္ ဇိမ္ယူေနေသာ အဘိုးက Kim Taehyungကို..

"ညက ဧည့္သည္ထင္တယ္။ အဲဒီတုန္းက ေသခ်ာ မႏႈတ္ဆက္လိုက္ရဘူး"

"ဟုတ္ကဲ့"

Taehyungက အဲသည္လိုေတြျဖစ္လာမွာ မႀကိဳက္တာ။ သူတို႔ပတ္သက္မႈကို လူႀကီးေတြသိသြားလို႔ ဘာေကာင္းက်ိဳးမွမရွိသည့္အျပင္ အခ်ိန္မေ႐ြး အရႈပ္ထုပ္ဇာတ္လမ္းျဖစ္သြားႏိုင္သည္။
Jeon JungKook၏ အဘိုးကို သူမႏႈတ္ဆက္ခ်င္သလို ႏႈတ္ဆက္ခ်င္သလို စိတ္မပါတပါႏွင့္သာ ျပန္ေျပာလိုက္သည္။

"​ေမာင္ရင္က ဘယ္မိသားစုကလဲ"

"ဗ်ာ.."

မဟုတ္​ေသးပါ.. ထိုအ​ေၾကာင္းက ​ေမးစရာလိုလို႔လား။ အသက္ႀကီးလာလို႔ပဲ အ​ေမးအျမန္းထူတာလား၊ ဒါမွမဟုတ္ အခု​ေမး​ေနတာက ဘယ္လိုသ​ေဘာနဲ႔လဲ။
ထို႔အျပင္ Taehyung သူ႔ကိုယ္သူ The Iconလုပ္ငန္းစုက တစ္ဦးတည္း​ေသာသားပါဟု မ​ေျဖခ်င္။ ​ေျဖလိုက္လွ်င္​ေတာ့ အထင္ႀကီးခံရမွာ အမွန္။ သို႔​ေသာ္ Jeon JungKook၏ မိသားစုဝင္​ေတြ သူ႔ကို သိသြားလို႔ ဘာမွ​ေကာင္းလာမွာမဟုတ္။

"မ​ေျဖလည္း ရပါတယ္။ အဘိုးက စကားစျမည္​ေျပာခ်င္လို႔ပါ။ တစ္လက္စတည္း မနက္စာစားသြား​ေလ"

သူ႔ဘက္က ​ေခါင္းညိတ္​ေခါင္းခါ အ​ေျဖကို မ​ေစာင့္ဘဲ JungKookအဘိုးက အိမ္အကူ​ေလးကို ထမင္းဟင္းျပင္​ေပးဖို႔ ​ေျပာ​ေနသည္။

အဘိုးႀကီးက Jeon JungKookႏွင့္ အရွိန္အဝါမတူ။ သူ႔ကို တင္တင္စီးစီးဆက္ဆံၿပီး မနက္စာကို သူမစားခ်င္ရင္​ေတာင္ စားကိုစားရမည့္သဏၭာန္။

"JungKook.. ဘာလုပ္​ေနတာလဲ ကိုယ့္ဧည့္သည္ကိုယ္ သြားဧည့္ခံ​ေလ"

"ဟုတ္ကဲ့ အဘိုး"

JungKookက သူႏွင့္အတူ မနက္စာမစား။ သူ႔​ေရွ႕ထိုင္ၿပီး သူ႔ကိုပဲ ၾကည့္​ေန​​ေတာ့ ​ေနရခက္ခ်င္စရာ။
သို႔တိုင္​ေအာင္ မၾကည့္နဲ႔ဆိုတဲ့စကား​ေလးကိုပင္ မ​ေျပာခ်င္။ JungKookအဘိုးႏွင့္​ေတြ႕ရသည္က သူ႔ကို ​ေနရခက္​ေစသည္။ ​ေျမးျဖစ္သူႏွင့္ကိုယ့္ၾကားက ဆက္ဆံ​ေရးကို တစ္မ်ိဳးတစ္မည္​ေခါင္းစဥ္တပ္လိုက္မွာစိုးသည္။ ဒါ​ေတြကို​ေတာင္ ႀကိဳမ​ေတြးဘဲ Jeon JungKookက ကိုယ့္ကို အိမ္အထိ​​ေခၚလာရဲသည္။

"ဘယ္လိုလဲ အရသာရွိရဲ႕လား ​ေကာင္​ေလး"

"ဟုတ္ကဲ့"

"​ေမာင္ရင့္ကို အဘိုး​ေတြ႕ဖူး​ေနသလိုပဲ။ ၾကည့္ရတာ အသိုင္းအဝိုင္းႀကီးထဲကပဲထင္တယ္"

"အဲဒီလိုလည္း မဟုတ္ပါဘူး"

သူ႔ကို ​ေတြ႕ဖူးတယ္ဆို႐ုံနဲ႔တင္ Taehyung အသက္ရႉမဝ​ေတာ့။ လြတ္လြတ္လပ္လပ္ျဖစ္မ​ေနတဲ့ ခံစားခ်က္မ်ိဳးက ​ေအာ့အန္ပစ္ခ်င္စရာ။

"အဘိုးကလည္း ဘာ​ေတြ​ေမး​ေနတာလဲ။ အလုပ္မသြား​ေသးဘူးလား"

"မင္းကို ​ေခၚသြားမလို႔​ေစာင့္​ေနတာ​ေလ။ ​

ေနစမ္းပါဦး.. ​ေမာင္ရင္​ေရာ အဘိုးကို တကယ္မ​ေတြ႕ဖူးဘူးလား။ The Luxရဲ႕ ဥကၠဌကို ​ေတြ႕ဖူးသလား စဥ္းစားၾကည့္ပါဦး"

အဘိုးက Jeon JungKookကို အာ႐ုံမစိုက္ဘဲ သူ႔ကိုသာ အာ႐ုံစိုက္​ေနတာျဖစ္သည္။ The Luxဆိုသည့္စကားမွာတင္ သူဟာ အ​ေငြ႕ပ်ံလုလု။ Jeon JungKookက အဲသည္​ေလာက္ထိ အသိုင္းအဝိုင္းႀကီးတာလား။ အိမ္ၾကည့္႐ုံႏွင့္ သိသာသည္ဆိုဦး​ေတာ့ The Luxလုပ္ငန္းစုကျဖစ္လိမ့္မည္ဟု မခန္႔မွန္းမိ။
The Icon၏ အထက္မွာရပ္တည္​ေန​ေသာ လုပ္ငန္းစုကို သူမသိဘဲ ​ေနမတဲ့လား။
သို႔​ေသာ္ ခပ္တည္တည္ပင္..

"အဘိုး လူမွား​ေနတယ္ထင္ပါတယ္။ ကြၽန္​ေတာ့္ကို ခြင့္ျပဳပါဦး"

"အစ္ကို​.. ကြၽန္​​ေတာ္ လိုက္ပို႔​ေပးမယ္​ေလ"

Taehyungက JungKookကို မ​ေစာင့္။
အ​ေနာက္က​ေန ထပ္ၾကပ္မကြာ လိုက္သည့္တိုင္ နည္းနည္းမွ လွည့္မၾကည့္။
အစ္ကိုက သူ႔ကို ​ေတာ္႐ုံ​ေဒါသထြက္​ေနတာမဟုတ္။ ​ေနာက္ဆို အစ္ကို႔အမိန္႔မရမခ်င္း ဘာဆိုဘာမွ သူ႔သ​ေဘာနဲ႔သူ မလုပ္မိ​ေအာင္ အ​ေတာ္​ေလးစိတ္ထိန္းရ​ေတာ့မည္။

"ဘာလို႔လိုက္လာတာလဲ။ မင္းကို မျမင္ခ်င္​ေသးဘူး"

"ကြၽန္​ေတာ္​ေတာင္းပန္ပါတယ္။ ​ေနာက္ဆို အစ္ကို႔​​ဆႏၵမပါဘဲ ဘာဆို ဘာမွ မလုပ္မိ​ေစရပါဘူး"

"လုပ္ၿပီးမွ​ေျပာလည္း အလကားပဲ။ ဒီတ​ေလာ မဆက္သြယ္ဘဲ ​ေနရ​ေအာင္"

"အဲဒီလို​ေတာ့ မလုပ္ပါနဲ႔ အစ္ကိုရယ္။ ကြၽန္​ေတာ္ ဘယ္လို​ေနႏိုင္မွာလဲ"

"လက္ကိုလြတ္။ ကိုယ့္​ေနရာကိုယ္သိ"

တကၠစီ​ေပၚသို႔ တက္သြား​ေသာ အစ္ကို႔ကို ၾကည့္​ေနရင္း က်န္ခဲ့ရသည္။ တကၠစီကား​​ေလး အ​ေဝးသို႔ ​ေရာက္​ေလ​ေလ၊ အသက္ရႉသံက က်ယ္​​ေလာင္လာ​ေလ​ေလ။
သည္တ​ေလာဆိုတာက ဘယ္အခ်ိန္ထိမ်ားလဲ၊ ဘယ္​ေလာက္ထိ ၾကာမွာလဲ။ ​ေမးခြန္း​ေတြက ပတ္ခ်ာလည္​ေအာင္ သူ႔ဦး​ေႏွာက္ထဲ ဂယက္႐ိုက္​ေနသည္။
အစ္ကို​ေျပာ​ေသာ သည္တ​ေလာဆိုသည့္ၾကာခ်ိန္ကို သူ​ေတာင့္ခံႏိုင္ပါ့မလား။
____

"မနက္ျဖန္မွ အလုပ္ဆင္းမယ္​ေျပာထားတယ္​ေလ။ ဘာလို႔ အခုသြားရမွာလဲ"

"မနက္ျဖန္က အလုပ္ဝင္ရမွာ​ဆို​ေတာ့ မင္းကို ​ေၾကာင္​ေတာင္​ေတာင္မျဖစ္​ေစခ်င္လို႔​ေလ။ ၿပီး​ေတာ့ ကားနဲ႔ ကြန္ဒို မယူ​ေတာ့ဘူးလား"

"ယူမွာ​ေပါ့"

"ၿပီး​ေတာ့ ဆံပင္ညႇပ္ၿပီး အ​ေရာင္​ေျပာင္းလိုက္ဦး။ ႏႈတ္ခမ္းမွာ မ်က္ခုံးမွာ​ေရာ ဘာကြင္း​ေတြလဲမသိ မ်က္စိကို ​​​ေနာက္လို႔။ တက္တူးက​ေတာ့ ဖ်က္မရဘူးဆို​ေတာ့ ထားပါ​ေတာ့"

အဘိုးက သူ႔ကို ​ေျခစြန္း​ေခါင္းစြန္းၾကည့္ၿပီး ​ေဝဖန္​ေန​ေလရဲ႕။ ဒါ​ေတြက ​ေခတ္လူငယ္အႀကိဳက္ဆို​ေတာ့ အဘိုးသ​ေဘာမက်တာကို သူလက္ခံႏိုင္သည္။ ဒါ​ေပမဲ့ အလုပ္လုပ္မွာက ဆံပင္နဲ႔ ကြင္း​ေတြမွ မဟုတ္တာ။ အလုပ္ဝင္ဖို႔ ဒါ​ေတြကို ဖ်က္ဆီးပစ္ရမယ္ဆိုတာ​က​ေတာ့ ရက္စက္ရာမက်ဘူးလား။ အလကားလုပ္လို႔ရထားတာ​ေတြလည္း မဟုတ္။

"မလုပ္ခ်င္ပါဘူးဗ်ာ။ အဓိကက လူအလုပ္လုပ္​ေနဖို႔ပဲမလား"

"​ေပးထားတဲ့ရာထူးက အဖြဲ႕မႉး​ေနာ္။ ဥကၠဌရဲ႕​ေျမး အ​ေမြဆက္ခံသူဆိုတဲ့ အရွိန္ကရွိ​ေသးတာ။ လူ႐ို​ေသရွင္႐ို​ေသျဖစ္​ေအာင္ ​ေနမွ​ေပါ့"

"ဒါ​ေတြမ​ေဖ်ာက္ပစ္ဘဲ လူ႐ို​ေသရွင္႐ို​ေသျဖစ္​ေအာင္ လုပ္ႏိုင္ရင္ ကြၽန္​ေတာ့္ကို ဘာ​ေပးမလဲ"

"ဘာမွမ​ေပးဘူး။ ႀကိဳက္တာသာလုပ္​ေတာ့။ တစ္ခုမွကို ​ေျပာမရဘူး"

The Lux လုပ္ငန္းစု၏ တစ္ဦးတည္း​ေသာ ​ေျမးျဖစ္တာ​ေၾကာင့္ ကုမၸဏီဝန္ထမ္း​ေတြက သူနဲ႔ အစိမ္းသက္သက္မဟုတ္။ သူသည္မွာမရွိတဲ့ တစ္ႏွစ္အတြင္း အသစ္ဝင္လာတဲ့ ဝန္ထမ္း​ေတြကလြဲရင္ ​ေတာ္​ေတာ္မ်ားမ်ားက သူ႔ကို သိၾကသည္။ ဒါ​ေၾကာင့္ အထူးမိတ္ဆက္စရာမလို။

" ဒါက မင္းအလုပ္လုပ္ရမယ့္အခန္း။ မင္းနဲ႔အလုပ္လုပ္မယ့္ ဝန္ထမ္းဆယ္​ေယာက္လည္း ဒီမွာပဲ။ သင့္ျမတ္​ေအာင္​ေနၿပီး အလုပ္ကို ​ေသခ်ာလုပ္"

"စိတ္ခ်ပါ။ ကြၽန္​ေတာ္ အဲဒီေလာက္ထိ မညံ့ပါဘူး"

"မင္းတို႔​ေတြလည္း အဖြဲ႕မႉးကို လက္​တြဲ​ေခၚၾက။ ဘယ္လိုပဲျဖစ္ျဖစ္ လုပ္ငန္းခြင္မွာ​ေတာ့ သူက ဂ်ဴနီယာပဲ​ေလ"

"ဟုတ္ကဲ့ပါ ဥကၠဌႀကီး"

JungKook သူ႔လက္​ေအာက္မွာ အလုပ္လုပ္မည့္ ဝန္ထမ္း​ေတြကို ၾကည့္လိုက္သည္။ ထိုဝန္ထမ္းအားလုံးက သူ႔ထက္အသက္ႀကီးသည့္အျပင္ လုပ္ငန္းသက္ရင့္​ေနၿပီျဖစ္သည္။
အဘိုးက​ေတာ့ အဖြဲ႕မႉးဆိုၿပီး ​ေအာက္​ေျခဝန္ထမ္းလုပ္ခိုင္းလိုက္တာပဲ ျဖစ္ရသည္။ သို႔​ေသာ္ သူ႔အတြက္ ​ေအာက္​ေျခဝန္ထမ္းလုပ္ရလုပ္ရ ​ေထြ​ေထြထူးထူးခံစားရတာမ်ိဳးမရွိ။
သူက လုပ္ငန္းအ​ေၾကာင္းလည္း ​ေသခ်ာသိတာ မဟုတ္​ေသး။ ဥကၠဌ​ေျမးဆိုသည့္ အရွိန္​ေၾကာင့္သာ မဟုတ္လွ်င္ ​ေအာက္​​ေျခသိမ္းက စဝင္လုပ္ရမွာ အ​ေသအခ်ာ။

"ကားနဲ႔ ကြန္ဒိုက​ေတာ့ ငါ့အတြင္း​ေရးမႉးနဲ႔ပဲ သြားၾကည့္လိုက္​။ ငါမအား​ေတာ့ဘူး"

အဘိုးက အနက္​ေရာက္​ေငြကဒ္ႀကီးကို သူ႔အတြင္း​ေရးမႉးဆီ ​ေပးလိုက္သည္။ ဘာလဲ သည္ေန႔အတြက္က သည္​ေလာက္ပဲလား။ အလုပ္အ​ေၾကာင္း မိတ္​ဆက္​ေပးမယ္ထင္ခဲ့တာမွားသြားသည္။
____

"ညက ဘယ္မွာအိပ္တာလဲ။ စစ္တုရင္ကလပ္မွာပဲလား"

"ဟုတ္တယ္.."

"မနက္စာ​ေရာ စားလာၿပီလား။ မာမီဘာလုပ္​ေပးရမလဲ"

မာမီက သူနဲ႔ ​ေျပလည္ခ်င္လို႔ တမင္​ေလွ်ာ့​ေျပာ​ေနတာ သိသာသည္။ ဒါလည္း တစ္မ်ိဳး​​ေကာင္းသည္။ အ​ေမးအျမန္းအစစ္အ​ေဆး​ေတြမရွိ​ေတာ့ သူလည္း မ​ေျပာခ်င္တာ​ေတြ ​ေျပာမ​ေနရ​ေတာ့။

"စားလာခဲ့ၿပီ။ ဒီ​ေန႔​ေတာ့ အလုပ္သြားမလို႔"

"​ေကာင္းတာ​ေပါ့။ ျဖစ္ႏိုင္ရင္ မာမီက အခ်ိန္ျပည့္လုပ္​ေစခ်င္တာ။ အခုလို အ​ေရးႀကီးမွ စိတ္ကူး​ေပါက္မွ သြား​ေနတာမဟုတ္ဘဲ"

"ကြၽန္​ေတာ္မသြားခ်င္ဘူး​ေလ"

အိမ္မွာ​ေရခ်ိဳးအဝတ္အစားလဲၿပီးတာႏွင့္ တစ္ခါတည္းကုမၸဏီကို ထြက္လာခဲ့သည္။
သူတာဝန္ယူထားသည့္ဌာနက ​ေရ​ေမႊးထုတ္လုပ္​ေရးအတြက္။ သူက ဒါကို အလုပ္တစ္ခုလို သ​ေဘာထားလုပ္​ေနတာထက္ ဝါသနာပါရာကို လုပ္သလိုသာ မွတ္ယူထားသည္။

​ထို႔အျပင္ သည္ဌာနကလည္း သူအလုပ္စဝင္ခ်ိန္မွ အသစ္ခ်ဲ႕ထြင္ထား​ေသာ ဌာန။

"ဒါ​ေနာက္၃လ​ေနရင္ ထုတ္မယ့္ ​ေရ​ေမႊး။ အနံ႔​ေလး စစ္​ေပးပါဦး ဌာနမႉး"

နမူနာ​ေရ​ေမႊးပုလင္း​ေလးရယ္၊ အစမ္းဆြတ္ထား​ေသာ ကတ္ထူျပား​ေလးရယ္ လာ​ေပးသြားသည္။ သည္တစ္ခါ​ေရ​ေမႊးရနံ႔က မိန္းက​ေလး​ေတြအတြက္ ရည္႐ြယ္တာ ျဖစ္လိမ့္မည္။
​ေယာက်္ားတစ္​ေယာက္အ​ေနနဲ႔​ေတာ့ သ​ေဘာက်စရာမဟုတ္လွ၊ ခပ္ငယ္ငယ္ ၿမီး​ေကာင္​ေပါက္စအ႐ြယ္ မိန္းက​ေလး​ေတြဆိုရင္​ေတာ့ အခုလို ခ်ိဳအီအီရနံ႔မ်ိဳးႏွင့္ သင့္​ေတာ္လိမ့္မည္။

"ဒါကဘာလဲ Eau de toiletteလား"

"Eau de perfum ပါ"

"ဒါဆို အနံ႔စြဲ​ေနတာထက္ အနံ႔ကို ၾကာရွည္ခံႏိုင္ရည္ရွိ​ေအာင္ လုပ္ထားသင့္တယ္။ ဒါက အနံ႔ျပင္း​ေပမဲ့ ခႏၶါကိုယ္​ေပၚမွာၾကာၾကာထားရင္ ၿငီး​ေငြ႕သြား​ေလာက္တဲ့ အနံ႔မ်ိဳး"

"ကြၽန္​ေတာ္ ထုတ္လုပ္​ေရးဘက္ကို ​ေသခ်ာ​ေျပာၿပီး ျပင္ၾကည့္လိုက္ပါမယ္"

"အင္း.. အဲဒါေလး လုပ္လိုက္ပါဦး"

ထို႔​ေနာက္ ​ေငြစာရင္း​ေတြကိုပါ စစ္ရ​ေသးသည္။ အလုပ္ကို ​ေန႔စဥ္ပုံမွန္လာတတ္သူမဟုတ္​ေတာ့ လာျဖစ္သည့္ အခ်ိန္အနည္းငယ္​ေလးအတြင္းမွာဆို တကယ္စိတ္ႏွစ္ၿပီး လုပ္ရသည္။
အခ်ိန္ၾကာျမင့္စြာ အာ႐ုံစိုက္ရၿပီး မ်က္႐ိုးကိုက္သည္အထိ အလုပ္လုပ္ရသည္။

က်န္တဲ့အခ်ိန္သာ အ​ေလးအနက္မရွိသလို အ​ေလလိုက္ခ်င္လိုက္မည္။ အလုပ္နဲ႔ ပတ္သက္လွ်င္​ေတာ့ သူဟာ တိတိက်က်။

"ဌာနမႉး ဧည့္သည္လာ​ေနတယ္"

"ဘယ္သူလဲ"

"သူ​ေဌး Shin ပါ"

"ဪ.. ဝင္ခိုင္းလိုက္"

တကယ္​ေတာ့ ကိုကိုလိုက္လာသည္က သူ႔အတြက္ တုန္လႈပ္​​ေခ်ာက္ခ်ားစရာ​ေကာင္းသည္။ မ​ေန႔က ျပႆနာက မၿပီးျပတ္သည့္အျပင္ ညကလည္း သူ Jeon JungKookအိမ္မွာ ရွိ​ေနခဲ့တာ။
အဲ့သည္ေလာက္ထိ​ေတာ့ ကိုကိုမသိႏိုင္ဟု ယူဆရပါသည္။

"ဒီ​ေန႔ အလုပ္သြားတယ္ဆိုလို႔ ဒီမွာပဲ လာ​​ေတြ႕လိုက္တာ"

"အဲဒီလိုပဲ ျဖစ္သြားတယ္"

"Baby ကိုယ့္ကို စိတ္ဆိုး​ေနတုန္းလား"

စိတ္ဆိုးရမည့္သူက ကိုကိုပဲ မဟုတ္လား။ သူကသာ အမွား​ေတြကို ဆက္တိုက္က်ဴးလြန္ၿပီး အမွား​ေတြၾကားထဲက မထြက္ခ်င္သူ ျဖစ္ပါသည္။
ဘာလို႔မ်ား ကိုကိုက ​ေတာင္းပန္တိုးလွ်ိဳသလို ​ေျပာ​ေနရပါသနည္း။ သူ႔ကို အားနာစိတ္မဝင္ဝင္လာ​ေအာင္ ဗ်ဴဟာအသစ္ ခင္း​ေန​ေရာ့သလား။

"မဆိုးပါဘူး။ ကိုကို ဘာကိစၥရွိလို႔လဲဟင္။ အလုပ္မ်ား​ေနမယ္ထင္တာ"

"ကိုယ္အလုပ္မ်ားလြန္းလို႔ ျပႆနာ​ေတြ ျဖစ္ကုန္တာမလား။ ကိုယ္က ဒီ​ေန႔ Babyကို အခ်ိန္​ေပးခ်င္လို႔ပါ"

"Babyက ည​ေနမွ အလုပ္ၿပီးမွာ​ေလ ကိုကိုရဲ႕"

"ရတယ္ ကိုယ္ဒီမွာ ထိုင္​ေစာင့္​ေနမယ္။ အဆင္မ​ေျပလို႔ အျပင္ထြက္​ေစာင့္​ဆိုလည္း ရတယ္"

"မလိုပါဘူး အဲဒီမွာ ထိုင္​ေနလို႔ရတယ္"

ကိုကို႔အနား​ေနသင့္​ေပမဲ့ သူတကယ္ကို အလုပ္မအား။ မၿပီးျပတ္ႏိုင္​ေသာ စာရင္းဇယား​​ေတြရယ္၊ ထုတ္ကုန္သစ္ နမူနာ​ေတြရယ္။ တခ်ိဳ႕​ေရ​ေမႊး​ေတြက ထုတ္ကုန္သစ္မဟုတ္.. ယခင္ရွိၿပီးသားရနံ႔ကို Quality​ေျပာင္း၍ ျပန္ထုတ္ထားျခင္း။
​ေရ​ေမႊး​ေတြက တစ္မ်ိဳးတည္းရႉရႈိက္ရလွ်င္ မခက္ခဲလွ​ေသာ္လည္း ရနံ႔မ်ိဳးစုံရႉ​ေနရ​ေသာအခါ ​​ေခါင္းထဲ​ေနာက္လာသည္။

"​ေခါင္းမူး​ေနၿပီလား။ နားလိုက္ဦး​ေလ"

"အင္း.. အနံ႔​ေတြမ်ားၿပီး ​ေခါင္းက ​ေနာက္​ေနၿပီ"

"ကိုယ္ဘာလုပ္​ေပးရမလဲ"

"ဟင့္အင္း အဆင္​ေျပတယ္။ ကိုကို ဒီ​ေန႔ အလုပ္မမ်ားတာ ​ေသခ်ာလို႔လား"

"အင္း.. ​ေသခ်ာတာ​ေပါ့။ Babyနဲ႔ Dateဖို႔ ကိုယ္အ​ေသအခ်ာကို ခြင့္တိုင္ခဲ့တယ္"

Taehyung မ်က္လုံး​ေတြကို မွိတ္ထားရင္း ၿပဳံး႐ုံ​ေလးၿပဳံးသည္။ ကိုကိုနဲ႔ သည္လို​ေလး အၿမဲ​ေျပလည္​ေနရင္ ​ေကာင္းလိမ့္မည္။
မ​ေျပလည္တာက ဘယ္သူ႔​ေၾကာင့္လဲ၊ ျပန္​ေျပလည္တာက​ေရာ ဘယ္သူ႔​ေၾကာင့္လဲ..။ သူက​ေရာ.. ဘယ္​ေတာ့မွ မ​ေျဖ​ေတာ့မည့္ ​ေမးခြန္း​ေတြ​ေပါ့။

ကိုကိုက သူအလုပ္ၿပီးတဲ့အထိ ​ေစာင့္မယ္ဆိုတာကို ကတိတည္သည္။ အိပ္ငိုက္သြားတာ​ေတာင္ မ​ေတြ႕ရဘဲ ည​ေနခင္း သူအလုပ္ၿပီးတဲ့အထိ သည္အတိုင္း ထိုင္​ေစာင့္​ေနတာ ျဖစ္သည္။

"သြားၾကစို႔​ေလ ကိုကို။ ဘယ္သြားမယ္ စီစဥ္ထားတာလဲ အရမ္းသိခ်င္​ေနၿပီ"

"အင္း.. သြားၾကစို႔"

ကိုကိုက အလုပ္ခ်ိန္ဘယ္​ေလာက္ၾကပ္ၾကပ္ သူ႔အတြက္သီးသန္႔အခ်ိန္​ေတြမွာ​ေတာ့ အ​ေကာင္းဆုံးျဖစ္​ေအာင္ ဂ႐ုစိုက္​ေပးတတ္သည္။

သည္တစ္ခါကိုကို​ေခၚလာသည့္​ေနရာက ဟန္ျမစ္ကမ္း​ေဘးမွ အဆင့္ျမင့္စား​ေသာက္ဆိုင္ျဖစ္ၿပီး သူတို႔ႏွစ္​ေယာက္တည္းရွိသျဖင့္ ကိုကိုတစ္ဆိုင္လုံးငွားထားသည္က သိသိသာသာ။

"ကိုကို တစ္ဆိုင္လုံးငွားထားျပန္ၿပီလား။ အပို​ကုန္​ေအာင္လို႔"

"ကုန္ခ်င္ကုန္ပါ​ေစ​ေပါ့။ ဒီ​ေန႔က ထူးျခားတယ္​ေလ"

"ဘာထူးျခားလို႔လဲ ကိုကိုရဲ႕"

"အရင္ဆုံးမွာထားတာ​ေတြ ကုန္​ေအာင္စားပါဦး"

Taehyungက အစားအ​ေသာက္မ်ားမ်ားမစား​ေပမဲ့ ​အ​ေကာင္း​ေတာ့ ႀကိဳက္သည္။ ကိုကို​ေခၚလာသည့္ဆိုင္က သူ႔အႀကိဳက္ႏွင့္ကြက္တိ။ ​ေန႔လည္စာကိုလည္း အလုပ္မွာ ျဖစ္သလို​ေလး စားခဲ့ရ​ေတာ့ အခုမွ ၿမိန္​ေရယွက္​​ေရ စား​ေနမိ​ေတာ့တာ။

"ကိုယ္​ေျပာတာ နား​​ေထာင္ Baby"

"​ေျပာ​ေလ။ ဘာလို႔ အထူးအဆန္း​ေတြ လုပ္​ေနတာလဲ"

"ကိုယ္တို႔ လက္ထပ္ရ​ေအာင္။ ကိုယ့္ကို လက္ထပ္ပါလား။ ကိုယ္မင္းကို မပိုင္ဆိုင္ရမွာ ​ေၾကာက္​ေနမိၿပီ"

Taehyung ကိုကို႔ကို အတိုင္းသား ​ေၾကာင္ၾကည့္​ေနမိသည္။
သူတို႔လက္ထပ္ပြဲကို မ​ေလာၾကဖို႔ရာ ​ေျပာၿပီးဆိုၿပီးၾကၿပီ​ေလ။ အခုခ်က္ခ်င္းႀကီးအတြက္ သူ႔မွာ အဆင္သင့္မျဖစ္​ေသး။

"ကြၽန္​ေတာ့္ ကိုကို႔ကို လက္ထပ္မွာပါ။ ဒါ​ေပမဲ့ အခု​ေတာ့ ​ေစာ​လြန္း​ေသးတယ္​ေလ"

"ခ်စ္သူသက္တမ္း ​ေလးငါးႏွစ္ဆိုတာက လက္ထပ္ဖို႔အတြက္ လုံ​ေလာက္တာထက္ပို​ေနပါၿပီ။ ကိုယ့္ကို လက္ထပ္ဖို႔ ဆုံးျဖတ္ၿပီးသားဆို.. အခုလက္ထပ္ၾကစို႔​ေလ"

Taehyung ျမင္လႊာကို ခ်ၿပီး ​ေခါင္းညိတ္မိလိုက္သည္က အခ်စ္​ေၾကာင့္လား။ ဒါမွမဟုတ္ ႏွစ္ရွည္လမ်ား ​ေစာင့္ခဲ့ရသူအ​ေပၚ အားနာစိတ္လား။ ကတိတစ္လုံးကို မဖ်က္ခ်င္၍လား။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

4.2K 70 27
namasukan bilang katulong para na din makatulong sa pamilya niya umiiwas siya sa gulo kaya nmn napag desisyunan niang maging isang maid para matahimi...
1.3M 53.4K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1.1M 11.3K 127
harrystyles liked your post... a Harry Styles social media fanfiction ©payngel 2018
10.6K 270 31
Due to past experiences Jungkook felt himself broken and away from everyone. He wouldn't talk He wouldn't smile And most importantly; He didn't know...