ငါဟာကံကောင်းခြင်းနှင့်မွေးဖွာ...

By Luna_levanna

1M 184K 11.1K

Book-1 I don't own anything. I'm just translating. Credits to all original authors, translators and artists. ... More

Description
Chapter: 1
Chapter: 2
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter: 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24(part-1)
Chapter : 24(part-2)
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Chapter: 34
Chapter: 35
Chapter:36
Chapter : 37
Chapter: 38
Chapter : 39
Chapter: 40
Chapter : 41
Chapter : 42
Chapter : 43
Chapter: 44
Chapter : 45
Chapter : 46
Chapter : 47
Chapter : 48
Chapter: 49
Chapter : 50
Chapter : 51
Chapter: 52
Chapter: 53 (Vol6 : 1)
Chapter-54 (Vol 6: 2)
Chapter-55 (Vol 6: 3)
Chapter-56 (Vol 6: 4)
Chapter-57 (vol 6: 5)
Chapter-58 (Vol 6: 6)
Chapter-59 (Vol 6: 7)
Chapter-60 (Vol 6: 8)
Chapter-61 (Vol 6: 9)
Chapter-62 (Vol 6: 10)
Chapter-63 (vol 6: 11)
Chapter-64 (Vol 6: end)
Chapter-65
Chapter-66 (Vol 7: 1)
Chapter-67 (Vol 7: 2)
Chapter-68 (Vol 7: 3)
Chapter-69 (Vol 7: 4)
Chapter-70 (Vol 7: 5)
Chapter-71 (Vol (7: 6)
Chapter-72(Vol7: 7)
Chapter-73 (Vol 7: 8)
Chapter-74 (Vol 7: 9)
Chapter:75 (Vol 7: 10)
Chapter 76 (Vol 7: 11)
Chapter : 77 (Vol 7: 12)
Chapter: 78 (Vol 7: End)
Chapter: 79 (vol 8: 1)
Chapter: 80 (Vol 8: 2)
Chapter: 81 (Vol 8: 3)
Chapter: 82 (Vol 8: 4)
Chapter: 83 (Vol 8:5)
Chapter: 84 (Vol 8: 6)
Chapter: 85 (Vol 8: 7)
Chapter: 86 (Vol 8: 8)
Chapter: 87 (Vol 8: 9)
Chapter: 88 (Vol 8: 10)
Chapter: 89 (Vol 8: 11)
Chapter: 90 (Vol 8: End)
Chapter: 91 (Vol 9: 1)
Chapter: 92 (Vol 9: 2)
Chapter: 93 (Vol 9: 3)
Chapter: 94 (Vol 9: 4)
Chapter: 95 (Vol 9: 5)
Chapter:96 (Vol 9 :6)
Chapter: 97 (Vol 9: 7)
Chapter: 98 (Vol 9: 8)
Chapter: 99 (Vol 9: 9)
Chapter: 100 (Vol 9: End)
Chapter: 101 (Vol 10: 1)
Chapter: 102 ( Vol 10: 2)
Chapter: 103 (Vol 10: 3)
Chapter: 104 (Vol 10: 4)
Chapter: 105 (Vol 10: 5)
Chapter: 106 (Vol 10:6)
Chapter: 107 (Vol 10:7)
Chapter: 108 (Vol 10: 8)
Chapter: 109 (Vol 10:9)
Chapter: 110 (Vol 10: 10)
Chapter: 111 (Vol 10: 11)
Ch: 112 (Vol 10: 12)
Ch: 113 (Vol 10: 13)
114:(Vol 10: End)
115: Cavill Hotel (Vol 11:1)
116 (Vol 11: 2)
117 (Vol 11:3)
118(Vol 11: 4)
119(Vol 11: 5)
120(Vol 11: 6)
121: Vol(11: 7)
122: Vol (11: 8)
123: Vol(11: 9)
124: Vol(11: 10)
125: Vol(11: 11)
126: Vol (11: 12)
127: Vol (11: 13)
128: Vol(11: End)
129
@Sherlock bot & @Moriarty bot
My apology
130: Radio Station(12: 1)
131: Vol 12: 2
132: Vol 12: 3
133: Vol 12: 4
134: Vol 12: 5
135: Vol 12: 6
136: Vol 12: 7
137: Vol 12: 8
138: Vol 12: 9
139: Vol 12: 10
140: Vol 12: 11
141: Vol 12: End
142
143: လင်းရှီတောင်(လင္းရွီေတာင္) 13: 1
144: Vol 13: 2
145: Vol(13: 3)
146: Vol 13: 4
147: Vol 13: 5
148: Vol 13: 6
150: Vol 13 :8
151: Vol 13: 9
152: Vol 13: 10
153 : Vol 13: 11
154: Vol 13: 12
155: Vol 13: 13
156: Vol 13: 14
157: Vol 13: End
158: Future ပန်းခြံ/ ပန္းၿခံ 14: 1
159: Vol 14: 2
160: Vol 14:3
161: Vol 14: 4
162: Vol 14: 5
163: Vol 14: 6
164: Vol 14: 7
165: Vol 14: 8
166: Vol 14: 9
167: Vol 14: 10
168: Vol 14 :11
169: Vol 14: 12
170: Vol 14: 13
171: Vol 14: 14
172: Vol 14: 15
173: Vol 14: 16
174: Vol 14: 17
175: Vol 14: 18
176: Vol 14: 19
177: Vol 14: 20
178: Vol 14: End
179
180
181
182
183
184
185
186
187
188
189: စတိုင်လန်းမြို့/စတိုင္လန္းၿမိဳ႕ 15:1
190: Vol 15: 2
191: Vol 15: 3
192: Vol 15: 4
193: Vol 15: 5
194: Vol 15: 6
195: Vol 15: 7
196: Vol 15: 8

149: Vol 13: 7

2.9K 670 8
By Luna_levanna

Unicode

ဟိုတယ်ရဲ့ တစ်ဖက်အဆုံးမှာ ကူးပြောင်းဝင်ရောက်သူတွေ အောက်မှာရောက်နေတုန်း အချို့လူတွေက သူတို့အခန်းထဲမှာ ပုန်းနေပြီး ထွက်မလာခဲ့ပေ။ တချို့လူတွေက တမင်သက်သက် အခန်းထဲမှာနေနေတာဖြစ်ပြီး တချို့လူတွေကတော့ အခန်းထဲမှာနေဖို့ တွန်းအားပေးခံရတာဖြစ်တယ်။ ဥပမာ ဝေနင်လိုပေါ့။

ပရိုဂရမ်မာတစ်ယောက်အဖြစ်နဲ့ သူက အသက်သိပ်မကြီးသေးပါဘူး။ သူက အချိန်ပိုနဲ့ စားပွဲမှာကြာရှည်စွာထိုင်လုပ်ရတာကြောင့် တဖြည်းဖြည်းနဲ့ ဆံပင်တွေကျွတ်ကာ ထိပ်ပြောင်ဖြစ်နေတယ်။

နဂိုတုန်းက သူဟာ ခေါင်းဆောင်ကို စိတ်ကျေနပ်စေလိုတာကြောင့် လင်းရှီတောင်မှာ လာကစားဖို့ အဆိုပြုခဲ့တယ်။ ဒီလိုထူးဆန်းတဲ့အရာတွေနဲ့ ကြုံတွေ့ရမယ်လို့ ဘယ်သူက သိမှာလဲ? ဒါက ဝေနင်ကို ထိတ်လန့်ခြောက်ခြားစေတယ်။ ဒီအကြံဉာဏ်ကို ပထမဆုံးပေးသူက သူဖြစ်ပြီးတော့ ဥက္ကဌဟူက နောက်ဆုံးဆုံးဖြတ်ချက်ချခဲ့တာပင်။

ဝေနင်က ဇာတ်လမ်းဇာတ်ကောင်ဖြစ်ပြီး အရင်တုန်းက သရဲနဲ့ တစ်ခါမှမကြုံဆုံခဲ့ဖူးဘူး။ သူက ကူးပြောင်းဝင်ရောက်သူတွေလိုမျိုး သရဲတွေကို နက်နက်နဲနဲ နားမလည်ပါဘူး။ အဲ့ဒါကြောင့် သူ ကြောက်နေသော်လည်း ပိုက်ဆံကိုတော့ ပထမဦးစားပေးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်တယ်။

ဥက္ကဌဟူက သူ့ကို ဒုက္ခပေးမှာကို သူ ကြောက်နေပြီးတော့ သူ့အမှားအတွက် ပြန်ပြင်ဆင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်။

နေ့လည်စာနှင့် ညစာက ဘယ်ကနေမှန်းမသိ ပေါ်လာတယ်။ အလောင်းက စတိုခန်းထဲမှာပဲ ရှိနေပေမယ့် 'တိုက်ဆိုင်မှုတွေ' ဖြစ်နေမှာကြောက်လို့ ဝေနင်က မစားရဲပါဘူး။ နောက်ဖေးခြံဝင်းထဲက အသီးတွေကိုယူလာပြီး စားဖို့ ပထမဆုံးအကြံပြုခဲ့တဲ့လူက သူပါပဲ။

ဝေနင်က ဥက္ကဌဟူကိုကူညီပြီး အသီးတွေ အများကြီး ခူးပေးခဲ့တယ်။ အသီးတွေ 'အဆိပ်' ရှိမရှိစမ်းဖို့ သူက ပထမဆုံး သတ္တိရှိရှိစားခဲ့တဲ့လူပါပဲ။ သူက အသီးကိုစမ်းစားကြည့်ပြီးနောက် လူတိုင်းကို ပေးခဲ့တယ်။ ရလာဒ်အနေနဲ့ သူက ကျင့်သားမရစွာပဲ တခြားလူတွေအားလုံး အဆင်ပြေနေချိန်မှာ သူကတော့ ဝမ်းလျှောနေခဲ့တယ်။

အောက်ထပ်က ဘန်းဆိုတဲ့အသံက သူ့ကို လန့်သွားစေပေမယ့် သူက သွားကြည့်ချင်တယ်။ ရုတ်တရက် ဗိုက်နာလာမှုကြောင့် သူက အိမ်သာထဲမှာပဲ ထိုင်နေရသေးတယ်။ ဘယ်လောက်ကြာသွားမှန်း သူ မသိပေမယ့် နောက်ဆုံးတော့ ပြီးသွားပြီလို့ သူ ခံစားရတယ်။ သူက ဗိုက်ကိုဖိထားရင်း မတ်တပ်ထလိုက်ပြီး အိမ်သာရေဆွဲချလိုက်တယ်။ ထို့နောက် ဘာတွေဖြစ်နေလဲကြည့်ရအောင် အပြင်ထွက်ဖို့ပြင်လိုက်တယ်။

သို့သော်လည်း ဝေနင် ရေချိုးခန်းထဲက ထွက်လာရုံလေးမှာပဲ သူ့အခန်းနားနီးလာတဲ့ ခြေသံကို ကြားလိုက်ရတယ်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့တံခါးကို ခေါက်လိုက်တယ်။

ဝေနင်က ကူးပြောင်းဝင်ရောက်သူတွေရဲ့ တာဝန်အကြောင်းကို မသိခဲ့ဘူး။ ကျန်းလင်ဝမ် သူတို့နဲ့ စကားပြောတုန်းက သရဲက တံခါးလာခေါက်တာ ဖြစ်နိုင်တာမို့ တံခါးမဖွင့်ပေးဖို့ သတိပေးခဲ့တယ်။ အဲ့ဒါကြောင့် ဝေနင်က ကာကွယ်ပြီး မေးလိုက်တယ်။
"ဘယ်သူလဲ?"

"ငါပါ" စိမ်းသက်တဲ့အသံကို တံခါးအပြင်ကနေ ကြားလိုက်ရတယ်။

အဲ့ဒါက သူ သိပ်မရင်းနှီးတဲ့လူတစ်ယောက်ရဲ့အသံမှန်း ဝေနင် မှတ်မိလိုက်တယ်။ သူက တံခါးနားမှာရပ်ပြီး အဝတ်ပိတ်ထားတဲ့ ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်တယ်။

ရွာနေတဲ့မိုးကြောင့် မိုးရေစက်တွေက ပြတင်းပေါက်ပေါ် အဆက်မပြတ်လာရိုက်ခတ်နေတယ်။ အဝတ်နဲ့ပေါင်းစပ်လိုက်ရင် ပထမအကြည့်တစ်ချက်မှာ မျက်နှာတစ်ခုလိုပဲ ထင်ရစေတယ်။ ဝေနင်က သူ့အကြည့်ကို ထိတ်လန့်စွာနဲ့ ပြန်ရုတ်သိမ်းလိုက်တယ်။ အဲ့ဒီအတွေးကြောင့်လားတော့ မသိပေမယ့် တံခါးအပြင်ဘက်ကလူအပေါ် သူ့အာရုံစိုက်မှုက လမ်းလွဲသွားတယ်။ "ငါ့ကို ဘာလို့ လာရှာတာလဲ?"

အပြင်ဘက်ကလူဟာ တံခါးလက်ကိုင်ကိုဖိထားပုံရပြီး ပြန်ဖြေတယ်။ "တစ်ခုခုရှိလို့"

ဝေနင်က အမှတ်တမဲ့ အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။ သူက တံခါးသော့ခတ်ထားတာ သေချာအောင် လက်ဆန့်ထုတ်ကာစမ်းကြည့်လိုက်ပြီး တုန်ယင်နေတဲ့အသံနဲ့ မေးလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ?"

တိတ်ဆိတ်သွားတယ်။ ဟိုတယ်ခန်းထဲမှာ အပြင်ဘက်က လာတဲ့မိုးရေသံပဲရှိနေပြီး ဝေနင်ရဲ့အသက်ရှုသံက ပိုပိုပြင်းထန်လာတယ်။ တံခါးအပြင်ဘက်ကလူက စဉ်းစားနေပုံရတယ်။ တံခါးမှာ ချောင်းကြည့်ပေါက်မရှိတာကြောင့် ဝေနင်က တစ်ဖက်လူရဲ့ လှုပ်ရှားမှုတိုင်းကို ခန့်မှန်းနေရတယ်။ ဒီမြင်ကွင်းက သာမန်ဟိုတယ်တစ်ခုမှာဖြစ်တာဆိုရင်တော့ ဘာမှမဟုတ်ဘူး။ အများဆုံးမှ တစ်ဖက်လူက အကူအညီလာတောင်းတာ​လောက်ပဲ ဖြစ်တယ်။ သို့သော်လည်း အခုတော့ ဝေနင်က အရမ်းကိုပဲထိတ်လန့်နေတယ်။

သူ့မှာ မေးချင်တာတွေအများကြီးရှိပေမယ့်'တစ်ဖက်လူက ဘာလို့ စဉ်းစားနေဖို့လိုအပ်တာလဲ? ဒါက အရမ်းရိုးရှင်းတဲ့ မေးခွန်းပဲ မဟုတ်ဘူးလား?' ဆိုပြီး ပထမဆုံးမေးခွန်းတစ်ခုပဲ ပေါ်လာတယ်။

၅စက္ကန့်လောက်ပဲကြာပေမယ့် ဝေနင်ကတော့ တစ်နှစ်လောက်ကြာသွားသလို ခံစားလိုက်ရပြီးနောက် တစ်ဖက်လူရဲ့အဖြေကို သူ ကြားလိုက်ရတယ်။
"ငါ တစ်ခုခုငှါးချင်လို့"

"ဘာကြီးလဲ?"

ဝေနင်က ခြောက်သွေ့တဲ့အသံနဲ့ မေးလိုက်တယ်။ တစ်ဖက်လူက 'မင်းရဲ့အသက်ပဲ'လို့ ဖြေလိုက်မှာကို အရမ်းကြောက်နေမိတယ်။

"မျက်နှာသုတ်ပုဝါရှိလား?" တံခါးအပြင်ဘက်ကအဖြေက ဝေနင်လုံးဝမမျှော်လင့်ထားတဲ့ အဖြေပဲ ဖြစ်တယ်။
"ငါ့ဘက်မှာ ပြတင်းပေါက်ကနေ မိုးရေတွေက စိမ့်ဝင်နေပြီး ပုဝါတွေအကုန် စိုကုန်လို့။ ငါ ပုဝါတစ်ထည်လောက် ငှါးချင်ပေမယ့် ဘယ်သူမှ အခန်းထဲမှာ မရှိကြဘူးလေ"

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဝေနင်က သူ့လက်ကို အချိန်မှီရပ်တန့်လိုက်ပြီး စားပွဲပေါ်က ပုဝါကို ကောက်ဆွဲလိုက်တယ်။
"ငါ့မှာ ခြောက်တဲ့ပုဝါတစ်ထည်မှ မရှိတော့ဘူး။ ဧည့်ခန်းထဲက စားပွဲမှာ ရှိရင်ရှိလောက်တယ်။ မင်း အဲ့ဒီကိုသွားပြီး မေးကြည့်လိုက်ပါလား"

နောက်တစ်စက္ကန့်မှာပဲ တံခါးအပြင်ဘက်ကလူရဲ့အဖြေက ဝေနင်ကို အေးစက်သွးစေခဲ့တယ်။
"မင်းမှာ ရှိတယ်"

"ဘာ?"

"ငါတွေ့လိုက်တယ်။ အခုလေးတင် မင်းဆွဲယူလိုက်တဲ့ခြောက်သွေ့တဲ့ ပုဝါရှိတာကို"

တစ်ဖက်လူရဲ့အသံက အရမ်းကို တည်ငြိမ်နေပေမယ့် ဝေနင်က ချက်ချင်းပဲ တံခါးကို စိုက်ကြည့်ပြီး သူ့နောက်ကျောက နံရံနဲ့တိုက်မိတဲ့တိုင်အောင် အနောက်ကို ဆုတ်သွားလိုက်တယ်။

"မင်း... ဘယ်လိုတွေ့ရတာလဲ?"

တံခါးအပြင်ဘက်မှလူက ပြန်မဖြေတော့ပေ။ ပျောက်ကွယ်သွားသလိုမျိုး ဘာမှ လှုပ်ရှားမှုတွေ မရှိတော့ဘူး။ ထို့နောက် ဝေနင်ရဲ့ပြူးကျယ်နေတဲ့မျက်စိအောက်မှာပဲ တင်းတင်းခတ်ထားတဲ့တံခါးသော့က အောက်ကိုလည်သွားတယ်...

အဲ့ဒါက ဝေနင်ရဲ့ဦးနှောက်ကို ထုရိုက်လိုက်သလိုပဲ။ သူ ဘာမှ မစဉ်းစားနိုင်တော့ဘူး။ သူက တည့်တည့်ပြေးသွားပြီး တံခါးလော့ကို လက်နဲ့ဆွဲပြီး အားထည့်ကာ ပြန်လှည့်ပိတ်နေတယ်...

သို့သော်လည်း အားက အရမ်းကြီးလွန်းတယ်။ သူ့လက်ချောင်းတွေတောင် နာလာပေမယ့် လက်ကိုင်ရဲ့လှုပ်ရှားမှုကို မပြောင်းလဲနိုင်ဘူး။ လက်ကိုင်က ၁၈၀ဒီဂရီအောက်ကိုလည်သွားတာကိုပဲ သူကြည့်နေရပြီး နောက်ဆုံး ကလစ်ဆိုတဲ့မြည်သံနဲ့အတူ တံခါးသော့ပွင့်သွားတယ်။

တံခါးအပြင်ဘက်မှလူက တံခါးလက်ကိုင်ကိုဆွဲပြီး ဖိဖွင့်လိုက်တယ်။

"လာပါဦး။ ကယ်ကြပါ—!" ဝေနင်က သူ့လက်ကိုလွှတ်ပြီး အော်လိုက်တယ်။

သူ့စကားကိုဆုံးအောင်ပြောဖို့ အချိန်မရလိုက်ပဲ တံခါးက အပြင်ကနေ တွန်းဖွင့်ခံလိုက်ရတယ်။ သူ တံခါူအပြင်ဘက်က 'လူ'ကို တွေ့လိုက်ရပြီး အဲ့ဒီလူဘယ်သူဘယ်ဝါလဲဆိုတာကိုသိလိုက်ပေမယ့် ပြောခွင့်မရလိုက်ပါဘူး။

***

ဝေနင်ရဲ့အော်သံက မိုးသံကိုဖုံးလွှမ်းသွားပြီး အောက်ထပ်ကလူတွေကို လန့်သွားစေတယ်။

ကျန်းလင်ဝမ်ဟာ နဂိုက ဖိုရမ်ထဲကို ဝင်ကြည့်နေတာ ဖြစ်တယ်။ သူက သူ့အချိန်တွေအကုန်လုံးကို သူ အင်အားကြီးမားလာဖို့အတွက်ပဲ အသုံးပြုနေခဲ့တာကြောင့် ဖိုရမ်လုပ်ဆောင်ချက်ကို လျစ်လျှူရှုခဲ့တယ်။ အခု သူ ကမ္ဘာသစ်တစ်ခုရဲ့တံခါးကို ဖွင့်ကြည့်လိုက်ရပြီး ရယ်ကျယ်ချင်းရဲ့စကားတွေအတွက် ကျေးဇူးတင်နေမိတယ်။

ကျန်းလင်ဝမ်က ပြောလိုက်တဲ့နာမည်တွေအတိုင်း ID သုံးခုကို ရှာကြည့်ခဲ့ပြီး ဝိဥာဉ်ထဲထိတောင်လန့်သွားတယ်။ မူလက...မူလထဲက ဒီလိုစစ်ဆင်ရေးမျိုး ရှိခဲ့တာလား?! ပုံတူကမ္ဘာတွေက အခုလိုမျိုး ရှင်းလင်းနိုင်တာလား? အဲ့ဒါက ကြီးမြတ်တဲ့လူရဲ့ မှော်အတတ်လား...? ပြီးတော့ အဲ့လိုကြီးကျယ်တဲ့စစ်ဆင်ရေးနဲ့လူမျိုး သုံးယောက်တောင် ရှိနေတယ်!

ကျန်းလင်ဝမ်က နက်နက်ရှိုင်းရှိုင်းကို လေးစားမိသွားတယ်။ သူက ဖိုရမ်ထဲမှာ နစ်မြုပ်နေတုန်း အော်သံကို ကြားလိုက်ရတယ်။ သူ အလျင်အမြန်ပဲ တာဝန်စာအုပ်ကိုထည့်ပြီး ပြေးထွက်လာတယ်။

ကျန်းလင်ဝမ်က ရှောင်လီ၊ ရယ်ကျယ်ချင်း၊ တခြားလူတွေနဲ့အတူ တစ်ချိန်ထဲပဲ ပြေးထွက်လာတယ်။လွန်ခဲ့တဲ့ ငါးမိနစ်တုန်းက ရှောင်လီက အိမ်သာထဲကထွက်လာပြီး သူ့ကိုရှာနေတဲ့ ရယ်ကျယ်ချင်းတဲ့ တွေ့ဆုံခဲ့တယ်။ သူတို့တွေ့ဆုံတဲ့အချိန် ဘာစကားမှတောင်မပြောရသေးခင် ကျန်းရီက တိုက်ရိုက်ပဲမေးလိုက်တယ်။
"ဟာကရူးလ်။ မင်းဘာလို့ အရမ်းပျော်တဲ့ပုံ ပေါက်နေတာလဲ? အိမ်သာထဲမှာ ဘာလုပ်ခဲ့လို့လဲ?"

ရှောင်လီက သူ့မျက်နှာကို ပွတ်လိုက်တယ်။
"ဆံပင်ဆုံးရှုံးထားတဲ့ အန်တီတစ်ယောက်အတွက် ဆံပင်တု ရှာတွေ့ခဲ့လို့"

သူက ကောင်းတဲ့အရာတစ်ခုကို လုပ်ဆောင်ခဲ့သလိုမျိုး ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။

ကျန်းရီ : "...........?!"

ဒီစာကြောင်းမှာ အဓိကအချက်တွေ အများကြီးပါနေပြီးတော့ နေရာကလည်း 'အိမ်သာ'ထဲမှာ။ ရုတ်တရက် ဘယ်ကနေ စတင်ရမှန်း သူ မသိတော့ပါဘူး။

ရယ်ကျယ်ချင်းကတော့ ငိုကြွေးနေတဲ့မိန်းမကို ချက်ချင်းပဲ သတိရသွားတယ်။ သူက အိမ်သာထဲကို လည်ပင်းဆန့်ပြီး ကြည့်လိုက်ပေမယ့် ဆံပင်တုရဲ့ ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ရပေ။

ရှောင်လီက ဧည့်ခန်းထဲဝင်လာပြီး ခုံမှာ ပုံမှန်အတိုင်းထိုင်လိုက်ကာ အဝါရောင်စာအုပ်လေးကို ဆွဲထုတ်လိုက်တယ်။ စောနတုန်းက မိုးတွေအရမ်းရွာနေပြီး စာရေးလို့မရတာကြောင့် သူ ဘာမှ ပြန်မပြောခဲ့ရဘူး။ အခုမှပဲ သူ စာရေးဖြစ်တော့တယ်။
[... မနာလိုဖြစ်စရာ ဘာမှမရှိဘူး။ အခုနောက်ပိုင်း ဘာဖြစ်နေတာလဲ? မင်း တိတ်ဆိတ်နေတယ်]

အဝါရောင်စာအုပ်လေးက စက္ကန့်ပိုင်းအတွင်းမှာပဲ စာပြန်လာတယ်။ [လုပ်စရာတစ်ခုရှိလို့]

ရှောင်လီက မေးချင်ပေမယ့် သူက မေးနေကျမဟုတ်တာကြောင့် ဘောပင်ပြုတ်ကျသွားတယ်။

သူ့အနေနဲ့ အများကြီး စဉ်းစားနေစရာမလိုပါဘူး။ အဝါရောင်စာအုပ်လေးက ထပ်ပြီး ပြောလာတယ်။
[ဘာလဲဆိုတာ မမေးတော့ဘူးလား?]

သူ့အသံက နည်းနည်း မကျေနပ်သံပေါက်နေတယ်။

"ဘာများလဲ?"

အဝါရောင်စာအုပ်လေး : [ကိုယ့်ကို ယောက်ျားလို့ခေါ်။ အဲ့ဒါဆိုပြောပြမယ်။ ဟုတ်ပြီလား?]

[မင်းအဲ့လိုခေါ်တာကို ကိုယ်ကြားချင်လို့]

[ဒါမှမဟုတ် ချစ်သူကောင်လေးလို့ခေါ်လည်း အဆင်ပြေတယ်]

ရှောင်လီ : ".........."

"ဟင့်အင်း။ ငါ ပြောမှာ မဟုတ်ဘူး"

အဝါရောင်စာအုပ်လေးက သက်ပြင်းချလိုက်တယ်။
[စည်းမျည်းအရ အခုတော့ ကိုယ်မပြောနိုင်သေးဘူး]

"...ဒါဆို မင်း ဘာလုပ်ခဲ့တာလဲ?"

အဝါရောင်စာအုပ်လေး : [ဒါပေမယ့် ကိုယ်မင်းနဲ့တွေ့ဆုံပြီးနောက် ဘာစည်းမျည်းမှ မရှိတော့ပါဘူးလေ]

ရှောင်လီက ဒီစာကြောင်းကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ သူက စာကြောင်းနည်းနည်းထပ်ရေးဖို့လုပ်နေချိန်မှာပဲ အော်သံကို ကြားလိုက်ရတယ်။

ဆယ်ကျော်သက်လေးရဲ့အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်းပဲ အသံလာရာကို ပြေးသွားလိုက်တယ်။ သူက လှေကားလက်ရမ်းကိုကိုင်ပြီး သူ့ရှေ့က မြင်ကွင်းကို စိုက်ကြည့်နေတယ်။

ကော်ရစ်ဒါအတွင်းပိုင်းမှာ အရိပ်တစ်ခု ရှိနေတယ်။ ထို့နောက် သူတို့တွေ သားသတ်ရုံထဲရောက်သွားသလို ပြင်းထန်တဲ့သွေးနံ့ကို ရလိုက်တယ်။

ကူးပြောင်းဝင်ရောက်သူတွေက အခင်းဖြစ်ရာနေရာကိုရောက်ရှိလာပြီး သူတို့အရှေ့ကို သတိအနေအထားနဲ့ကြည့်လိုက်ကြတယ်။ အဲ့ဒီမှာ မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရတဲ့ 'လူ'တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့မျက်နှာက လုံးဝကို အရေခွံခွါထားခံရပြီး ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ပုံပန်းသဏ္ဍာန်တောင် မတွေ့ရတော့ပေ။ သူက ထူးဆန်းတဲ့ကိုယ်နေဟန်ထားနဲ့ အရှေ့ကို လျှောက်လာတယ်။

'၎င်း'က မီးရောင်နဲ့မြင်ရတဲ့အကွာအဝေးထိ လမ်းလျှောက်လာပြီး သွေးနီရောင်မျက်လုံးက လူတွေကို ထိတ်လန့်ကြောက်ရွံ့စေတယ်။

အဲ့တော့မှပဲ သူ ဘယ်လိုလမ်းလျှောက်လာလဲဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ ၎င်းက ခြေဖဝါးတစ်ခုလုံးနဲ့ လမ်းလျှောက်လာတာမဟုတ်ပဲ ဘဲလေးကခြေသည်လို ခြေဖျားထောက်ပြီး လျှောက်လာတာ ဖြစ်တယ်။ အခုလိုရွေ့လျားအောင် အပေါ်ကနေ မမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့ချိတ်ဆွဲထားသလိုမျိုး သူ့ခေါင်းက မြင့်မြင့်မော့ထားတယ်။

ခြေဖျားထောက်ပြီး လမ်းလျှောက်တာလား?

အဲ့ဒီလို ကြောက်မက်ဖွယ်မြင်ကွင်းကိုတွေ့ပြီး ကလေးမလေးရှောင်တူက တဟင့်ဟင့်ရှိုက်လိုက်တယ်။ သူမကိုယ်သူမ မထိန်းနိုင်ပဲ အော်ဟစ်လိုက်ချင်ပြီး သူမအော်သံ မထွက်လာခင်မှာပဲ နွေးထွေးတဲ့လက်တစ်စုံက သူမမျက်လုံးကို ဖုံးအုပ်လိုက်ပြီး ပြိုလဲကျတော့မယ့် ကလေးမလေးကို ကာကွယ်လိုက်တယ်။

ရှောင်လီက သူ့ရှေ့ကမြင်ကွင်းကိုကြည့်နေရင်း ရှောင်တူကို သူ့လက်နဲ့ နှစ်သိမ့်ပေးနေတယ်။

ရှောင်တူရဲ့အကိုက သူ့ညီမလေးကို လှည့်မကြည့်နိုင်ပေ။ သူက တစ်ခုခုကိုစဉ်းစားနေပုံနဲ့ အဲ့ဒီ'လူ'ကို ညွှန်ပြလိုက်တယ်။
"တကယ်ပဲ သူ့ဘာသာ ထွက်လာတယ်။ အဲ့ဒါက—"

နတ်ဆိုးဝိဥာဉ်ပဲ။ သူ့စကားကိုဆုံးအောင်မပြောရသေးခင် ရှောင်လီရဲ့ ရိုင်းပြစွာကြားဖြတ်ပြောခြင်းကို ခံလိုက်ရတယ်။

"မဟုတ်ဘူး။ အဲ့ဒါက နတ်ဆိုးဝိဥာဉ်မဟုတ်ဘူး"

အသားမဲမဲနဲ့ ရှောင်တူ့အကိုက ကြက်သေသေသွားတယ်။
"အဲ့ဒါဆိုရင် အဲ့ဒါက ဘာကြီးလဲ? နတ်ဆိုးဝိဥာဉ်က တမင်သက်သက် ငါတို့ကို စိတ်ရှုပ်အောင်လို့ နတ်ဆိုးဝိဥာဉ်အသေးစားလေးကို လွှတ်လိုက်တာလား?"

ရှောင်လီက ပြန်ဖြေလိုက်တယ်။ "...အဲ့ဒါက သားကောင်ပဲ"

"ဒါက ဒီညရဲ့ကန့်သတ်ထားတဲ့ သတ်ဖြတ်မှုပဲ"

သူ့စကားနဲ့အတူ လမ်းလျှောက်နေဆဲအလောင်းကောင်က သူ့တို့ရှေ့မှာ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားပြီး လှုပ်ရှားမှု ကင်းမဲ့သွားတယ်။

_______________

စာရေးသူမှာပြောစရာရှိတယ် :

@ရှားလော့ bot ကို ပြောပေးပါ။ အမည်မဖော်လိုသူက ဖြန့်ဝေသည်။

ငါ ရှားလော့ကို အရမ်းသဘောကျတာပဲ။ ငါ့ရဲ့အရင်ဘဝတုန်းက ငါဟာ အဝါရောင်စာအုပ်လေးပဲ ဖြစ်ရမယ်။

Comment 1 : အမကြီးတို့ရေ။ ငါ့ကိုအဖွဲ့ထဲဆွဲထည့်ပေးပါဦး။ ပိုက်ဆံတူတူရှာကြမယ်။

Comment 2 : ?

Comment 3 : Oh.

Comment 4 : အမှန်တရားကိုပြောဖို့ တခြားဘယ် ID ကို အသုံးပြုနေတာလဲ?

~~~~~~~~~~~~~~~~~~~~

Zawgyi

ဟိုတယ္ရဲ႕ တစ္ဖက္အဆုံးမွာ ကူးေျပာင္းဝင္ေရာက္သူေတြ ေအာက္မွာေရာက္ေနတုန္း အခ်ိဳ႕လူေတြက သူတို႔အခန္းထဲမွာ ပုန္းေနၿပီး ထြက္မလာခဲ့ေပ။ တခ်ိဳ႕လူေတြက တမင္သက္သက္ အခန္းထဲမွာေနေနတာျဖစ္ၿပီး တခ်ိဳ႕လူေတြကေတာ့ အခန္းထဲမွာေနဖို႔ တြန္းအားေပးခံရတာျဖစ္တယ္။ ဥပမာ ေဝနင္လိုေပါ့။

ပရိုဂရမ္မာတစ္ေယာက္အျဖစ္နဲ႕ သူက အသက္သိပ္မႀကီးေသးပါဘူး။ သူက အခ်ိန္ပိုနဲ႕ စားပြဲမွာၾကာရွည္စြာထိုင္လုပ္ရတာေၾကာင့္ တျဖည္းျဖည္းနဲ႕ ဆံပင္ေတြကြၽတ္ကာ ထိပ္ေျပာင္ျဖစ္ေနတယ္။

နဂိုတုန္းက သူဟာ ေခါင္းေဆာင္ကို စိတ္ေက်နပ္ေစလိုတာေၾကာင့္ လင္းရွီေတာင္မွာ လာကစားဖို႔ အဆိုျပဳခဲ့တယ္။ ဒီလိုထူးဆန္းတဲ့အရာေတြနဲ႕ ႀကဳံေတြ႕ရမယ္လို႔ ဘယ္သူက သိမွာလဲ? ဒါက ေဝနင္ကို ထိတ္လန့္ေျခာက္ျခားေစတယ္။ ဒီအႀကံဉာဏ္ကို ပထမဆုံးေပးသူက သူျဖစ္ၿပီးေတာ့ ဥကၠဌဟူက ေနာက္ဆုံးဆုံးျဖတ္ခ်က္ခ်ခဲ့တာပင္။

ေဝနင္က ဇာတ္လမ္းဇာတ္ေကာင္ျဖစ္ၿပီး အရင္တုန္းက သရဲနဲ႕ တစ္ခါမွမႀကဳံဆုံခဲ့ဖူးဘူး။ သူက ကူးေျပာင္းဝင္ေရာက္သူေတြလိုမ်ိဳး သရဲေတြကို နက္နက္နဲနဲ နားမလည္ပါဘူး။ အဲ့ဒါေၾကာင့္ သူ ေၾကာက္ေနေသာ္လည္း ပိုက္ဆံကိုေတာ့ ပထမဦးစားေပးအျဖစ္ သတ္မွတ္ထားဆဲ ျဖစ္တယ္။

ဥကၠဌဟူက သူ႕ကို ဒုကၡေပးမွာကို သူ ေၾကာက္ေနၿပီးေတာ့ သူ႕အမွားအတြက္ ျပန္ျပင္ဆင္ဖို႔ အေကာင္းဆုံး ႀကိဳးစားေနတယ္။

ေန႕လည္စာႏွင့္ ညစာက ဘယ္ကေနမွန္းမသိ ေပၚလာတယ္။ အေလာင္းက စတိုခန္းထဲမွာပဲ ရွိေနေပမယ့္ 'တိုက္ဆိုင္မႈေတြ' ျဖစ္ေနမွာေၾကာက္လို႔ ေဝနင္က မစားရဲပါဘူး။ ေနာက္ေဖးၿခံဝင္းထဲက အသီးေတြကိုယူလာၿပီး စားဖို႔ ပထမဆုံးအႀကံျပဳခဲ့တဲ့လူက သူပါပဲ။

ေဝနင္က ဥကၠဌဟူကိုကူညီၿပီး အသီးေတြ အမ်ားႀကီး ခူးေပးခဲ့တယ္။ အသီးေတြ 'အဆိပ္' ရွိမရွိစမ္းဖို႔ သူက ပထမဆုံး သတၱိရွိရွိစားခဲ့တဲ့လူပါပဲ။ သူက အသီးကိုစမ္းစားၾကည့္ၿပီးေနာက္ လူတိုင္းကို ေပးခဲ့တယ္။ ရလာဒ္အေနနဲ႕ သူက က်င့္သားမရစြာပဲ တျခားလူေတြအားလုံး အဆင္ေျပေနခ်ိန္မွာ သူကေတာ့ ဝမ္းေလွ်ာေနခဲ့တယ္။

ေအာက္ထပ္က ဘန္းဆိုတဲ့အသံက သူ႕ကို လန့္သြားေစေပမယ့္ သူက သြားၾကည့္ခ်င္တယ္။ ႐ုတ္တရက္ ဗိုက္နာလာမႈေၾကာင့္ သူက အိမ္သာထဲမွာပဲ ထိုင္ေနရေသးတယ္။ ဘယ္ေလာက္ၾကာသြားမွန္း သူ မသိေပမယ့္ ေနာက္ဆုံးေတာ့ ၿပီးသြားၿပီလို႔ သူ ခံစားရတယ္။ သူက ဗိုက္ကိုဖိထားရင္း မတ္တပ္ထလိုက္ၿပီး အိမ္သာေရဆြဲခ်လိဳက္တယ္။ ထို႔ေနာက္ ဘာေတြျဖစ္ေနလဲၾကည့္ရေအာင္ အျပင္ထြက္ဖို႔ျပင္လိုက္တယ္။

သို႔ေသာ္လည္း ေဝနင္ ေရခ်ိဳးခန္းထဲက ထြက္လာ႐ုံေလးမွာပဲ သူ႕အခန္းနားနီးလာတဲ့ ေျခသံကို ၾကားလိုက္ရတယ္။ ထို႔ေနာက္ တစ္စုံတစ္ေယာက္က သူ႕တံခါးကို ေခါက္လိုက္တယ္။

ေဝနင္က ကူးေျပာင္းဝင္ေရာက္သူေတြရဲ႕ တာဝန္အေၾကာင္းကို မသိခဲ့ဘူး။ က်န္းလင္ဝမ္ သူတို႔နဲ႕ စကားေျပာတုန္းက သရဲက တံခါးလာေခါက္တာ ျဖစ္နိုင္တာမို႔ တံခါးမဖြင့္ေပးဖို႔ သတိေပးခဲ့တယ္။ အဲ့ဒါေၾကာင့္ ေဝနင္က ကာကြယ္ၿပီး ေမးလိုက္တယ္။
"ဘယ္သူလဲ?"

"ငါပါ" စိမ္းသက္တဲ့အသံကို တံခါးအျပင္ကေန ၾကားလိုက္ရတယ္။

အဲ့ဒါက သူ သိပ္မရင္းႏွီးတဲ့လူတစ္ေယာက္ရဲ႕အသံမွန္း ေဝနင္ မွတ္မိလိုက္တယ္။ သူက တံခါးနားမွာရပ္ၿပီး အဝတ္ပိတ္ထားတဲ့ ျပတင္းေပါက္ဘက္ လွည့္ၾကည့္လိုက္တယ္။

႐ြာေနတဲ့မိုးေၾကာင့္ မိုးေရစက္ေတြက ျပတင္းေပါက္ေပၚ အဆက္မျပတ္လာရိုက္ခတ္ေနတယ္။ အဝတ္နဲ႕ေပါင္းစပ္လိုက္ရင္ ပထမအၾကည့္တစ္ခ်က္မွာ မ်က္ႏွာတစ္ခုလိုပဲ ထင္ရေစတယ္။ ေဝနင္က သူ႕အၾကည့္ကို ထိတ္လန့္စြာနဲ႕ ျပန္႐ုတ္သိမ္းလိုက္တယ္။ အဲ့ဒီအေတြးေၾကာင့္လားေတာ့ မသိေပမယ့္ တံခါးအျပင္ဘက္ကလူအေပၚ သူ႕အာ႐ုံစိုက္မႈက လမ္းလြဲသြားတယ္။ "ငါ့ကို ဘာလို႔ လာရွာတာလဲ?"

အျပင္ဘက္ကလူဟာ တံခါးလက္ကိုင္ကိုဖိထားပုံရၿပီး ျပန္ေျဖတယ္။ "တစ္ခုခုရွိလို႔"

ေဝနင္က အမွတ္တမဲ့ အေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္တယ္။ သူက တံခါးေသာ့ခတ္ထားတာ ေသခ်ာေအာင္ လက္ဆန့္ထုတ္ကာစမ္းၾကည့္လိုက္ၿပီး တုန္ယင္ေနတဲ့အသံနဲ႕ ေမးလိုက္တယ္။
"ဘာကိစၥရွိလို႔လဲ?"

တိတ္ဆိတ္သြားတယ္။ ဟိုတယ္ခန္းထဲမွာ အျပင္ဘက္က လာတဲ့မိုးေရသံပဲရွိေနၿပီး ေဝနင္ရဲ႕အသက္ရႈသံက ပိုပိုျပင္းထန္လာတယ္။ တံခါးအျပင္ဘက္ကလူက စဥ္းစားေနပုံရတယ္။ တံခါးမွာ ေခ်ာင္းၾကည့္ေပါက္မရွိတာေၾကာင့္ ေဝနင္က တစ္ဖက္လူရဲ႕ လႈပ္ရွားမႈတိုင္းကို ခန့္မွန္းေနရတယ္။ ဒီျမင္ကြင္းက သာမန္ဟိုတယ္တစ္ခုမွာျဖစ္တာဆိုရင္ေတာ့ ဘာမွမဟုတ္ဘူး။ အမ်ားဆုံးမွ တစ္ဖက္လူက အကူအညီလာေတာင္းတာ​ေလာက္ပဲ ျဖစ္တယ္။ သို႔ေသာ္လည္း အခုေတာ့ ေဝနင္က အရမ္းကိုပဲထိတ္လန့္ေနတယ္။

သူ႕မွာ ေမးခ်င္တာေတြအမ်ားႀကီးရွိေပမယ့္'တစ္ဖက္လူက ဘာလို႔ စဥ္းစားေနဖို႔လိုအပ္တာလဲ? ဒါက အရမ္းရိုးရွင္းတဲ့ ေမးခြန္းပဲ မဟုတ္ဘူးလား?' ဆိုၿပီး ပထမဆုံးေမးခြန္းတစ္ခုပဲ ေပၚလာတယ္။

၅စကၠန့္ေလာက္ပဲၾကာေပမယ့္ ေဝနင္ကေတာ့ တစ္ႏွစ္ေလာက္ၾကာသြားသလို ခံစားလိုက္ရၿပီးေနာက္ တစ္ဖက္လူရဲ႕အေျဖကို သူ ၾကားလိုက္ရတယ္။
"ငါ တစ္ခုခုငွါးခ်င္လို႔"

"ဘာႀကီးလဲ?"

ေဝနင္က ေျခာက္ေသြ႕တဲ့အသံနဲ႕ ေမးလိုက္တယ္။ တစ္ဖက္လူက 'မင္းရဲ႕အသက္ပဲ'လို႔ ေျဖလိုက္မွာကို အရမ္းေၾကာက္ေနမိတယ္။

"မ်က္ႏွာသုတ္ပုဝါရွိလား?" တံခါးအျပင္ဘက္ကအေျဖက ေဝနင္လုံးဝမေမွ်ာ္လင့္ထားတဲ့ အေျဖပဲ ျဖစ္တယ္။
"ငါ့ဘက္မွာ ျပတင္းေပါက္ကေန မိုးေရေတြက စိမ့္ဝင္ေနၿပီး ပုဝါေတြအကုန္ စိုကုန္လို႔။ ငါ ပုဝါတစ္ထည္ေလာက္ ငွါးခ်င္ေပမယ့္ ဘယ္သူမွ အခန္းထဲမွာ မရွိၾကဘူးေလ"

ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ? ေဝနင္က သူ႕လက္ကို အခ်ိန္မွီရပ္တန့္လိုက္ၿပီး စားပြဲေပၚက ပုဝါကို ေကာက္ဆြဲလိုက္တယ္။
"ငါ့မွာ ေျခာက္တဲ့ပုဝါတစ္ထည္မွ မရွိေတာ့ဘူး။ ဧည့္ခန္းထဲက စားပြဲမွာ ရွိရင္ရွိေလာက္တယ္။ မင္း အဲ့ဒီကိုသြားၿပီး ေမးၾကည့္လိုက္ပါလား"

ေနာက္တစ္စကၠန့္မွာပဲ တံခါးအျပင္ဘက္ကလူရဲ႕အေျဖက ေဝနင္ကို ေအးစက္သြးေစခဲ့တယ္။
"မင္းမွာ ရွိတယ္"

"ဘာ?"

"ငါေတြ႕လိုက္တယ္။ အခုေလးတင္ မင္းဆြဲယူလိုက္တဲ့ေျခာက္ေသြ႕တဲ့ ပုဝါရွိတာကို"

တစ္ဖက္လူရဲ႕အသံက အရမ္းကို တည္ၿငိမ္ေနေပမယ့္ ေဝနင္က ခ်က္ခ်င္းပဲ တံခါးကို စိုက္ၾကည့္ၿပီး သူ႕ေနာက္ေက်ာက နံရံနဲ႕တိုက္မိတဲ့တိုင္ေအာင္ အေနာက္ကို ဆုတ္သြားလိုက္တယ္။

"မင္း... ဘယ္လိုေတြ႕ရတာလဲ?"

တံခါးအျပင္ဘက္မွလူက ျပန္မေျဖေတာ့ေပ။ ေပ်ာက္ကြယ္သြားသလိုမ်ိဳး ဘာမွ လႈပ္ရွားမႈေတြ မရွိေတာ့ဘူး။ ထို႔ေနာက္ ေဝနင္ရဲ႕ျပဴးက်ယ္ေနတဲ့မ်က္စိေအာက္မွာပဲ တင္းတင္းခတ္ထားတဲ့တံခါးေသာ့က ေအာက္ကိုလည္သြားတယ္...

အဲ့ဒါက ေဝနင္ရဲ႕ဦးေႏွာက္ကို ထုရိုက္လိုက္သလိုပဲ။ သူ ဘာမွ မစဥ္းစားနိုင္ေတာ့ဘူး။ သူက တည့္တည့္ေျပးသြားၿပီး တံခါးေလာ့ကို လက္နဲ႕ဆြဲၿပီး အားထည့္ကာ ျပန္လွည့္ပိတ္ေနတယ္...

သို႔ေသာ္လည္း အားက အရမ္းႀကီးလြန္းတယ္။ သူ႕လက္ေခ်ာင္းေတြေတာင္ နာလာေပမယ့္ လက္ကိုင္ရဲ႕လႈပ္ရွားမႈကို မေျပာင္းလဲနိုင္ဘူး။ လက္ကိုင္က ၁၈၀ဒီဂရီေအာက္ကိုလည္သြားတာကိုပဲ သူၾကည့္ေနရၿပီး ေနာက္ဆုံး ကလစ္ဆိုတဲ့ျမည္သံနဲ႕အတူ တံခါးေသာ့ပြင့္သြားတယ္။

တံခါးအျပင္ဘက္မွလူက တံခါးလက္ကိုင္ကိုဆြဲၿပီး ဖိဖြင့္လိုက္တယ္။

"လာပါဦး။ ကယ္ၾကပါ—!" ေဝနင္က သူ႕လက္ကိုလႊတ္ၿပီး ေအာ္လိုက္တယ္။

သူ႕စကားကိုဆုံးေအာင္ေျပာဖို႔ အခ်ိန္မရလိုက္ပဲ တံခါးက အျပင္ကေန တြန္းဖြင့္ခံလိုက္ရတယ္။ သူ တံခါူအျပင္ဘက္က 'လူ'ကို ေတြ႕လိုက္ရၿပီး အဲ့ဒီလူဘယ္သူဘယ္ဝါလဲဆိုတာကိုသိလိုက္ေပမယ့္ ေျပာခြင့္မရလိုက္ပါဘူး။

***

ေဝနင္ရဲ႕ေအာ္သံက မိုးသံကိုဖုံးလႊမ္းသြားၿပီး ေအာက္ထပ္ကလူေတြကို လန့္သြားေစတယ္။

က်န္းလင္ဝမ္ဟာ နဂိုက ဖိုရမ္ထဲကို ဝင္ၾကည့္ေနတာ ျဖစ္တယ္။ သူက သူ႕အခ်ိန္ေတြအကုန္လုံးကို သူ အင္အားႀကီးမားလာဖို႔အတြက္ပဲ အသုံးျပဳေနခဲ့တာေၾကာင့္ ဖိုရမ္လုပ္ေဆာင္ခ်က္ကို လ်စ္လ်ႉရႈခဲ့တယ္။ အခု သူ ကမာၻသစ္တစ္ခုရဲ႕တံခါးကို ဖြင့္ၾကည့္လိုက္ရၿပီး ရယ္က်ယ္ခ်င္းရဲ႕စကားေတြအတြက္ ေက်းဇူးတင္ေနမိတယ္။

က်န္းလင္ဝမ္က ေျပာလိုက္တဲ့နာမည္ေတြအတိုင္း ID သုံးခုကို ရွာၾကည့္ခဲ့ၿပီး ဝိဥာဥ္ထဲထိေတာင္လန့္သြားတယ္။ မူလက...မူလထဲက ဒီလိုစစ္ဆင္ေရးမ်ိဳး ရွိခဲ့တာလား?! ပုံတူကမာၻေတြက အခုလိုမ်ိဳး ရွင္းလင္းနိုင္တာလား? အဲ့ဒါက ႀကီးျမတ္တဲ့လူရဲ႕ ေမွာ္အတတ္လား...? ၿပီးေတာ့ အဲ့လိုႀကီးက်ယ္တဲ့စစ္ဆင္ေရးနဲ႕လူမ်ိဳး သုံးေယာက္ေတာင္ ရွိေနတယ္!

က်န္းလင္ဝမ္က နက္နက္ရွိုင္းရွိုင္းကို ေလးစားမိသြားတယ္။ သူက ဖိုရမ္ထဲမွာ နစ္ျမဳပ္ေနတုန္း ေအာ္သံကို ၾကားလိုက္ရတယ္။ သူ အလ်င္အျမန္ပဲ တာဝန္စာအုပ္ကိုထည့္ၿပီး ေျပးထြက္လာတယ္။

က်န္းလင္ဝမ္က ေရွာင္လီ၊ ရယ္က်ယ္ခ်င္း၊ တျခားလူေတြနဲ႕အတူ တစ္ခ်ိန္ထဲပဲ ေျပးထြက္လာတယ္။လြန္ခဲ့တဲ့ ငါးမိနစ္တုန္းက ေရွာင္လီက အိမ္သာထဲကထြက္လာၿပီး သူ႕ကိုရွာေနတဲ့ ရယ္က်ယ္ခ်င္းတဲ့ ေတြ႕ဆုံခဲ့တယ္။ သူတို႔ေတြ႕ဆုံတဲ့အခ်ိန္ ဘာစကားမွေတာင္မေျပာရေသးခင္ က်န္းရီက တိုက္ရိုက္ပဲေမးလိုက္တယ္။
"ဟာက႐ူးလ္။ မင္းဘာလို႔ အရမ္းေပ်ာ္တဲ့ပုံ ေပါက္ေနတာလဲ? အိမ္သာထဲမွာ ဘာလုပ္ခဲ့လို႔လဲ?"

ေရွာင္လီက သူ႕မ်က္ႏွာကို ပြတ္လိုက္တယ္။
"ဆံပင္ဆုံးရႈံးထားတဲ့ အန္တီတစ္ေယာက္အတြက္ ဆံပင္တု ရွာေတြ႕ခဲ့လို႔"

သူက ေကာင္းတဲ့အရာတစ္ခုကို လုပ္ေဆာင္ခဲ့သလိုမ်ိဳး ေပ်ာ္႐ႊင္စြာနဲ႕ ေျပာလိုက္တယ္။

က်န္းရီ : "...........?!"

ဒီစာေၾကာင္းမွာ အဓိကအခ်က္ေတြ အမ်ားႀကီးပါေနၿပီးေတာ့ ေနရာကလည္း 'အိမ္သာ'ထဲမွာ။ ႐ုတ္တရက္ ဘယ္ကေန စတင္ရမွန္း သူ မသိေတာ့ပါဘူး။

ရယ္က်ယ္ခ်င္းကေတာ့ ငိုေႂကြးေနတဲ့မိန္းမကို ခ်က္ခ်င္းပဲ သတိရသြားတယ္။ သူက အိမ္သာထဲကို လည္ပင္းဆန့္ၿပီး ၾကည့္လိုက္ေပမယ့္ ဆံပင္တုရဲ႕ ဘာအရိပ္အေယာင္ကိုမွ မေတြ႕လိုက္ရေပ။

ေရွာင္လီက ဧည့္ခန္းထဲဝင္လာၿပီး ခုံမွာ ပုံမွန္အတိုင္းထိုင္လိုက္ကာ အဝါေရာင္စာအုပ္ေလးကို ဆြဲထုတ္လိုက္တယ္။ ေစာနတုန္းက မိုးေတြအရမ္း႐ြာေနၿပီး စာေရးလို႔မရတာေၾကာင့္ သူ ဘာမွ ျပန္မေျပာခဲ့ရဘူး။ အခုမွပဲ သူ စာေရးျဖစ္ေတာ့တယ္။
[... မနာလိုျဖစ္စရာ ဘာမွမရွိဘူး။ အခုေနာက္ပိုင္း ဘာျဖစ္ေနတာလဲ? မင္း တိတ္ဆိတ္ေနတယ္]

အဝါေရာင္စာအုပ္ေလးက စကၠန့္ပိုင္းအတြင္းမွာပဲ စာျပန္လာတယ္။ [လုပ္စရာတစ္ခုရွိလို႔]

ေရွာင္လီက ေမးခ်င္ေပမယ့္ သူက ေမးေနက်မဟုတ္တာေၾကာင့္ ေဘာပင္ျပဳတ္က်သြားတယ္။

သူ႕အေနနဲ႕ အမ်ားႀကီး စဥ္းစားေနစရာမလိုပါဘူး။ အဝါေရာင္စာအုပ္ေလးက ထပ္ၿပီး ေျပာလာတယ္။
[ဘာလဲဆိုတာ မေမးေတာ့ဘူးလား?]

သူ႕အသံက နည္းနည္း မေက်နပ္သံေပါက္ေနတယ္။

"ဘာမ်ားလဲ?"

အဝါေရာင္စာအုပ္ေလး : [ကိုယ့္ကို ေယာက္်ားလို႔ေခၚ။ အဲ့ဒါဆိုေျပာျပမယ္။ ဟုတ္ၿပီလား?]

[မင္းအဲ့လိုေခၚတာကို ကိုယ္ၾကားခ်င္လို႔]

[ဒါမွမဟုတ္ ခ်စ္သူေကာင္ေလးလို႔ေခၚလည္း အဆင္ေျပတယ္]

ေရွာင္လီ : ".........."

"ဟင့္အင္း။ ငါ ေျပာမွာ မဟုတ္ဘူး"

အဝါေရာင္စာအုပ္ေလးက သက္ျပင္းခ်လိဳက္တယ္။
[စည္းမ်ည္းအရ အခုေတာ့ ကိုယ္မေျပာနိုင္ေသးဘူး]

"...ဒါဆို မင္း ဘာလုပ္ခဲ့တာလဲ?"

အဝါေရာင္စာအုပ္ေလး : [ဒါေပမယ့္ ကိုယ္မင္းနဲ႕ေတြ႕ဆုံၿပီးေနာက္ ဘာစည္းမ်ည္းမွ မရွိေတာ့ပါဘူးေလ]

ေရွာင္လီက ဒီစာေၾကာင္းကိုၾကည့္ၿပီး မ်က္ခုံးပင့္လိုက္တယ္။ သူက စာေၾကာင္းနည္းနည္းထပ္ေရးဖို႔လုပ္ေနခ်ိန္မွာပဲ ေအာ္သံကို ၾကားလိုက္ရတယ္။

ဆယ္ေက်ာ္သက္ေလးရဲ႕အမူအရာက ေျပာင္းလဲသြားၿပီး ခ်က္ခ်င္းပဲ အသံလာရာကို ေျပးသြားလိုက္တယ္။ သူက ေလွကားလက္ရမ္းကိုကိုင္ၿပီး သူ႕ေရွ႕က ျမင္ကြင္းကို စိုက္ၾကည့္ေနတယ္။

ေကာ္ရစ္ဒါအတြင္းပိုင္းမွာ အရိပ္တစ္ခု ရွိေနတယ္။ ထို႔ေနာက္ သူတို႔ေတြ သားသတ္႐ုံထဲေရာက္သြားသလို ျပင္းထန္တဲ့ေသြးနံ႕ကို ရလိုက္တယ္။

ကူးေျပာင္းဝင္ေရာက္သူေတြက အခင္းျဖစ္ရာေနရာကိုေရာက္ရွိလာၿပီး သူတို႔အေရွ႕ကို သတိအေနအထားနဲ႕ၾကည့္လိုက္ၾကတယ္။ အဲ့ဒီမွာ မ်က္ႏွာကို ရွင္းရွင္းလင္းလင္းမျမင္ရတဲ့ 'လူ'တစ္ေယာက္ကို ေတြ႕လိုက္ရတယ္။ သူ႕မ်က္ႏွာက လုံးဝကို အေရခြံခြါထားခံရၿပီး ဘယ္သူလဲဆိုတာကို ေဖာ္ထုတ္ဖို႔ ပုံပန္းသ႑ာန္ေတာင္ မေတြ႕ရေတာ့ေပ။ သူက ထူးဆန္းတဲ့ကိုယ္ေနဟန္ထားနဲ႕ အေရွ႕ကို ေလွ်ာက္လာတယ္။

'၎'က မီးေရာင္နဲ႕ျမင္ရတဲ့အကြာအေဝးထိ လမ္းေလွ်ာက္လာၿပီး ေသြးနီေရာင္မ်က္လုံးက လူေတြကို ထိတ္လန့္ေၾကာက္႐ြံ႕ေစတယ္။

အဲ့ေတာ့မွပဲ သူ ဘယ္လိုလမ္းေလွ်ာက္လာလဲဆိုတာကို ရွင္းရွင္းလင္းလင္း ေတြ႕လိုက္ရတယ္။ ၎က ေျခဖဝါးတစ္ခုလုံးနဲ႕ လမ္းေလွ်ာက္လာတာမဟုတ္ပဲ ဘဲေလးကေျခသည္လို ေျခဖ်ားေထာက္ၿပီး ေလွ်ာက္လာတာ ျဖစ္တယ္။ အခုလိုေ႐ြ႕လ်ားေအာင္ အေပၚကေန မျမင္ရတဲ့ႀကိဳးတစ္ေခ်ာင္းနဲ႕ခ်ိတ္ဆြဲထားသလိုမ်ိဳး သူ႕ေခါင္းက ျမင့္ျမင့္ေမာ့ထားတယ္။

ေျခဖ်ားေထာက္ၿပီး လမ္းေလွ်ာက္တာလား?

အဲ့ဒီလို ေၾကာက္မက္ဖြယ္ျမင္ကြင္းကိုေတြ႕ၿပီး ကေလးမေလးေရွာင္တူက တဟင့္ဟင့္ရွိုက္လိုက္တယ္။ သူမကိုယ္သူမ မထိန္းနိုင္ပဲ ေအာ္ဟစ္လိုက္ခ်င္ၿပီး သူမေအာ္သံ မထြက္လာခင္မွာပဲ ေႏြးေထြးတဲ့လက္တစ္စုံက သူမမ်က္လုံးကို ဖုံးအုပ္လိုက္ၿပီး ၿပိဳလဲက်ေတာ့မယ့္ ကေလးမေလးကို ကာကြယ္လိုက္တယ္။

ေရွာင္လီက သူ႕ေရွ႕ကျမင္ကြင္းကိုၾကည့္ေနရင္း ေရွာင္တူကို သူ႕လက္နဲ႕ ႏွစ္သိမ့္ေပးေနတယ္။

ေရွာင္တူရဲ႕အကိုက သူ႕ညီမေလးကို လွည့္မၾကည့္နိုင္ေပ။ သူက တစ္ခုခုကိုစဥ္းစားေနပုံနဲ႕ အဲ့ဒီ'လူ'ကို ၫႊန္ျပလိုက္တယ္။
"တကယ္ပဲ သူ႕ဘာသာ ထြက္လာတယ္။ အဲ့ဒါက—"

နတ္ဆိုးဝိဥာဥ္ပဲ။ သူ႕စကားကိုဆုံးေအာင္မေျပာရေသးခင္ ေရွာင္လီရဲ႕ ရိုင္းျပစြာၾကားျဖတ္ေျပာျခင္းကို ခံလိုက္ရတယ္။

"မဟုတ္ဘူး။ အဲ့ဒါက နတ္ဆိုးဝိဥာဥ္မဟုတ္ဘူး"

အသားမဲမဲနဲ႕ ေရွာင္တူ႕အကိုက ၾကက္ေသေသသြားတယ္။
"အဲ့ဒါဆိုရင္ အဲ့ဒါက ဘာႀကီးလဲ? နတ္ဆိုးဝိဥာဥ္က တမင္သက္သက္ ငါတို႔ကို စိတ္ရႈပ္ေအာင္လို႔ နတ္ဆိုးဝိဥာဥ္အေသးစားေလးကို လႊတ္လိုက္တာလား?"

ေရွာင္လီက ျပန္ေျဖလိုက္တယ္။ "...အဲ့ဒါက သားေကာင္ပဲ"

"ဒါက ဒီညရဲ႕ကန့္သတ္ထားတဲ့ သတ္ျဖတ္မႈပဲ"

သူ႕စကားနဲ႕အတူ လမ္းေလွ်ာက္ေနဆဲအေလာင္းေကာင္က သူ႕တို႔ေရွ႕မွာ ျပင္းျပင္းထန္ထန္ျပဳတ္က်သြားၿပီး လႈပ္ရွားမႈ ကင္းမဲ့သြားတယ္။

_______________

စာေရးသူမွာေျပာစရာရွိတယ္ :

@ရွားေလာ့ bot ကို ေျပာေပးပါ။ အမည္မေဖာ္လိုသူက ျဖန့္ေဝသည္။

ငါ ရွားေလာ့ကို အရမ္းသေဘာက်တာပဲ။ ငါ့ရဲ႕အရင္ဘဝတုန္းက ငါဟာ အဝါေရာင္စာအုပ္ေလးပဲ ျဖစ္ရမယ္။

Comment 1 : အမႀကီးတို႔ေရ။ ငါ့ကိုအဖြဲ႕ထဲဆြဲထည့္ေပးပါဦး။ ပိုက္ဆံတူတူရွာၾကမယ္။

Comment 2 : ?

Comment 3 : Oh.

Comment 4 : အမွန္တရားကိုေျပာဖို႔ တျခားဘယ္ ID ကို အသုံးျပဳေနတာလဲ?

~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

40.4K 782 12
tomioka giyuu 20 years old his the water hashira for 2 years now, everyone thinks he must be living his best life, i mean being a hashira means he ge...
84.2K 1.8K 54
Naruto a kid with no family handsome smart and strong what will happen when he joins the akasuki with his love Uhh this is my first fan fiction I'm...
150K 4.9K 87
Gwen, desperate to feel something, kills someone. But she quickly learns that one kill is never enough. Can Gwen stop before she turns on her own fam...
103K 3.7K 27
it all started with an "i have nothing to wear!"