157: Vol 13: End

3.2K 667 34
                                    


Unicode

နတ်ဆိုးဝိဥာဉ်ထွက်လာတုန်းက သာယာတဲ့အခန်းလေးဟာ အခုတော့ မီးလောင်ရာ အရင်းအမြစ်ဖြစ်လို့နေတယ်။ ကျယ်ကျယ်ဖွင့်ထားတဲ့တံခါးကနေ ထူထဲတဲ့မီးခိုးတွေ အလိမ့်လိုက်ထွက်လာတာကြောင့် လူတိုင်းက သူတို့ရဲ့ပါးစပ်နှင့် နှာခေါင်းကိုအုပ်ပြီး ထိုင်ချကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးကုန်တယ်။

ရယ်ကျယ်ချင်းက သူ့လက်ထဲမှာရှိတဲ့ ရေပုံးထဲကရေကို ဘာမှစဉ်းစားမနေတော့ပဲ လောင်းချလိုက်တယ်။ ကျန်တဲ့လူတွေလည်း သူတို့ရဲ့ရေပုံးနဲ့ လိုက်လောင်းချလေတယ်။ နတ်ဆိုးဝိဥာဉ်ရဲ့လက်က တုန်ယင်နေပြီး ရေတွေက အထိန်းအကွပ်မဲ့စွာ တံခါးကို ရိုက်ခတ်နေတယ်။

အခန်းထဲမှာ မီးခိုးငွ့တွေက အရမ်းများနေပေမယ့် မီးကတော့ ကြီးပုံမရပါဘူး။ အဲ့ဒါက သေနတ်အလွတ်နဲ့တောင် တူနေတယ်။ အထဲမှာ ပြတင်းပေါက်ကို ကျယ်ကျယ်ဖွင့်ထားပြီး မိုးရေတွေက ပြတင်းပေါက်နေ ဝင်နေပြီး မီးသတ်ခြင်းကို ပိုမြန်စေတယ်။ အစပိုင်းမီးခိုးတွေပြီးတဲ့နောက် မီးခိုးငွေ့တွေပျောက်ကွယ်သွားကာ လူတိုင်းရဲ့မြင်ကွင်းက ကြည်လင်လာတယ်။

ကျန်းလင်ဝမ်က သိသိသာသာထိတ်လန့်မှုနှင့်အတူ တံတွေးမြိုချလိုက်တယ်။
"နောက်ဆုံးတော့ မီးသေသွားပြီ။ ငါတို့ မိုးရေထဲမှာ တောထဲသွားပြီး ပုန်းစရာနေရာရှာရတော့မယ်လို့ ထင်နေတာ။ ဒီမှာ ဘယ်လိုလုပ်ပြီး မီးလောင်ရတာလဲ?"

ရယ်ကျယ်ချင်းက နည်းနည်းပိုတည်ငြိမ်လာပြီးနောက် မီးလောင်နေပြီလို့ အော်ခေါ်ခဲ့တဲ့ ကျန်းရီကို လှည့်ကြည့်လိုက်တယ်။
"ဘာတွေ ဖြစ်နေတာလဲ?"

ကျန်းရီက ရှောင်လီ့ကို မေးငေါ့ပြလိုက်တယ်။
"သူ့ကိုမေးကြည့်"

ရယ်ကျယ်ချင်းက အံ့ဩသွားတယ်။ "ဟာကရူးလ်?"

ရှောင်လီက သူ့ကိုမေးခွန်းထုတ်တိုင်းမှာ အမြဲရိုးသားစွာ ဖြေလေ့ရှိပြီး ဝန်ခံတယ်။ "ငါ မီးရှို့ခဲ့တာ"

နတ်ဆိုးဝိဥာဉ် : "......."

ဒီကလေးက သူ့အခန်းကို မီးရှို့ခဲ့တဲ့လူပဲ! သူ့ကိုယ်သူ ထိန်းချုပ်ရမယ်။ ၎င်းက တစ်ဖက်လူကို သံသယနဲ့ကြည့်နေပြီး သူ့မျက်လုံးတွေ လှုပ်ခါနေကာ ဒေါသထွက်တဲ့အမူအရာ မပြပေ။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now