Unforgotten memories
အပိုင်း(၁၃)
တိုင်းနဲ့ရဲရင့်က တစ်ပတ်လောက်ထိပြင်ဦးလွင်မှာနေပြီးမှ ပြန်ရောက်လာကြသည်။ သို့သော် ဘာမှမပြောသည့်မိဘတွေကြောင့် နှစ်ယောက်သားစိတ်ထဲမတင်မကျနှင့် နေရခက်နေကြတော့သည်။
"ဒယ်ဒီကျွန်တော့်ကိုထိုးချင်ရင် ထိုးလိုက်ပါ ကျွန်တော့်အပြစ်ကျွန်တော်ခံပါမယ်"
"မဟုတ်တာ ကျွန်တော့်အမှားလည်းပါပါတယ် ကျွန်တော့်ကိုပါထိုးပါဗျ"
တိုင်းက ထိုသို့ပြောလျှင် ရဲရင့်ကပါ ထိုသို့ပြောသည်။ နှစ်ယောက်သားက ခိုးပြေးပြီးမှ အရမ်းချစ်ပြနေကြသည်။
"မာမီ ကျွန်တော့်ကိုစိတ်ပြေတဲ့အထိပြောလို့ရပါတယ်"
"ကျွန်တော့်ကိုရော ကိုယ့်သားလို ဆုံးမလို့ရပါတယ်ဗျ"
ခွီး!..
နောက်က နံရံမှာခေါင်းပြူထွက်နေတဲ့ လင်မယားနှစ်ယောက်ဆီက ခိုးခိုးခစ်ခစ်ရယ်သံထွက်ကျလာ၏။
တိုင်းက မျက်နှာတင်းတင်းနဲ့လှည့်ကြည့်ကာ မျက်ခုံးတွေပါတွန့်ပြီး သတိပေးသည်။ သို့သော် ထိုနှစ်ယောက်က မျက်နှာပေးပြုံးစိစိနဲ့ အသောမတတ်နိုင်။
"ပန်ပန်ရေ!..."
အိမ်ရှေ့က မွန်းအသံကြောင့် တိုင်းနဲ့ရဲရင့်နောက်ကိုလှည့်ကြည့်တော့ မကြာပါ လူကရှေ့ကိုရောက်လာသည်။ တစ်ဆက်တည်း မွန်းရဲ့အချစ်တော်ညီညီပါပါလာ၏။
"ကိုကိုတို့ပြန်လာပြီလား"
"အင်း "
"အန်တီနဲ့အန်ကယ် မွန်းတို့လာလည်ပါတယ်ရှင့်"
မွန်းတို့နှုတ်ဆက်တော့ အန်တီနဲ့အန်ကယ်က ပြန်ပြီးနှုတ်ဆက်သည်။ မွန်းက ကိုရဲရင့်ဘေးနားဝင်ထိုင်ဖို့ပြင်တော့ ညီညီကမွန်းကိုဆွဲကာ သူက ကိုရဲရင့်ဘေးနားဝင်ထိုင်သည်။ အရမ်းပိုလွန်းတဲ့ညီညီကြောင့် တိုင်းရဲ့ကြီးကြီးကျယ်ကျယ်ဆိုတဲ့အကြည့်က ညီညီ့ဆီရောက်လာသည်။ သို့သော်ညီညီသည်ဂရုမစိုက်ဘဲ ခပ်တည်တည်နှင့်သာ။
မွန်းတို့ရောက်လာပြီဆိုမှ တိမ်နဲ့ပန်ပန်က မွန်းတို့နဲ့မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်ကြသည်။
"ဒီကိုဘာကိစ္စလဲ "
"ညီညီ့မိဘတွေဆီလာတာ အန်ကယ်...ကိုကိုတို့ပြန်ရောက်နေပြီပြောလို့ ဒီဘက်ကူးလာတာ"
"အေး အခုလေးတင်ပဲရောက်လာကြတာ"
"ဟုတ်!.."
"ကိုကိုတို့ မွန်းတို့မင်္ဂလာဆောင်ပြီးမှ လက်ထပ်ရမယ်နော် မွန်းတို့ထပ်အရင်မလုပ်နဲ့ "
တိုင်းက စိုးရိမ်တကြီးနဲ့လှည့်ကြည့်သည်။ သူတို့ကအခုမှ သဘောတူ၊မတူစောင့်နေတုန်း။ မွန်းက လက်ထပ်ဖို့ပင်စကားစနေသည်။ ဒီကောင်မလေးအရိပ်အကဲမကြည့်တတ်တာလား။
"ဟုတ်တယ် ညီညီတို့ပြီးမှ သားတို့စိတ်ကြိုက်ပေါ့ ပုံမှန်အတွဲမဟုတ်တော့ ကြိုက်သလိုစီစဉ်ကြပါစေ"
တိုင်းစိုးရိမ်နေပေမဲ့ ပြန်ဖြေလာသည့် မာမီ့စကားကြောင့် တိုင်းအံ့ဩမှုတွေကအတိုင်းမဆ။ အခု သူတို့ကို သားတို့စိတ်ကြိုက်လို့ပြောလိုက်တာ။
"မာမီ!.."
"မာမီတောင်းပန်ပါတယ် အရင်က သားကို နားမလည်ပေးနိုင်ခဲ့လို့"
"မဟုတ်တာ သဘောတူပေးတာနဲ့တင်ကျေးဇူးတင်နေတာပါ ဒယ်ဒီရောပဲ"
"ကျေးဇူးတင်ရင် မပျက်စေနဲ့ကွာ...ခက်ခက်ခဲခဲလက်ခံပေးထားရတာကို အားနာရင်ရပြီ"
"ဟုတ်ကဲ့စိတ်ချပါ အဲ့လိုမဖြစ်စေရပါဘူး"
တိုင်းက ပြုံးပြုံးရွှင်ရွှင်နဲ့ပင်ကတိပေးသည်။ တိုင်းသည် ဒယ်ဒီနဲ့မာမီကို ကြီးတဲ့အသက်မှအားမနာ အားရပါးရဖက်နေခဲ့သည်။
"ဪ ဘယ်လောက်အသက်ကြီးကြီး မိဘနဲ့ဆိုရင်ကလေးအတိုင်းပါပဲလား"
မွန်းတို့အားလုံးထပ်တူပျော်ရပါသည်။
••••••••••*˘︶˘*.。*♡••••••••••
သုံးလကြာပြီးနောက်!..
"ညီမလေး ဘာဖြစ်တာလဲ...မျက်နှာမကောင်းဘူး"
ဒီရက်ပိုင်း ယောက မွန်းကားနဲ့လိုက်နေတာ တစ်လရှိပြီဖြစ်သည်။ လင်းကလည်း လာမကြို။ မွန်းကိုတောင်လူကိုယ်တိုင်လာမတွေ့ဘဲ မက်ဆေ့ခ်ျနဲ့ အကြိုအပို့လုပ်ပေးဖို့တောင်းဆိုခဲ့တာ။ ပုံမှန်ဆို လင်းအပေါ် အမြဲလွှမ်းမိုးတတ်သည့်ယောက လင်းမှလင်း။ အခုတော့ ယောကလည်း ဘာမှမပြောဘဲငြိမ်နေ၏။
နှစ်ယောက်ကရန်ဖြစ်ထားကြပုံပဲ။
"နေသိပ်မကောင်းလို့ပါမမချယ်"
"ဆေးခန်းဝင်မလား"
"တော်ပါပြီ ဆေးသောက်ရင်သက်သာမှာပါ"
"အင်းပါ ဂရုစိုက်ဦး အခုတလောအရမ်းပိန်သွားတယ်...မဖြစ်သေးပါဘူး လင်းကို ငါဂရုစိုက်ပေးဖို့ပြောလိုက်မယ် ကလေးက သိသိသာသာကိုပိန်နေတာ"
"မဟုတ်တာ ရပါတယ်...မမချယ် ဆက်သွယ်စရာမလိုပါဘူး ကိုကိုက ယောကိုဂရုစိုက်ပါတယ်"
"ဒါဆို လင်းကိုပြောပေးပါဦး မမတို့နဲ့လာတွေ့ပါဦးလို့ မမတို့မင်္ဂလာပွဲက နီးနေပြီဆိုတော့ ညီမလေးနဲ့လင်းလည်း အင်္ကျီစမ်းဝတ်ရမယ်လေ"
"ဟုတ်ကဲ့မမချယ် ပြောလိုက်ပါမယ် နောက်ရက်မှအတူတူလာခဲ့ပါမယ်"
လင်းနဲ့အဆင်ပြေနေတယ်ဆို၍ မွန်းဘာမှဆက်မပြောတော့ဘဲ ငြိမ်နေလိုက်တော့သည်။
••••••••••*˘︶˘*.。*♡••••••••••
"ကိုကို မမချယ်က အင်္ကျီစမ်းဝတ်ဖို့ခေါ်နေတယ် မမတို့မင်္ဂလာပွဲက ဘယ်လောက်မှမလိုတော့ဘူး ကိုကိုသွားမယ်မလား"
"အင်း သွားရမှာပေါ့"
ယော ထပ်ပြောစရာစကားမရှိတော့သည်မို့ ကိုကို့အခန်းထဲက ပြန်ထွက်ဖို့ပြင်တော့ နောက်ကျောကနေဖက်တွယ်လာသည့်ကိုကို့ကြောင့် ယောခြေလှမ်းတွေရပ်သွားရ၏။
"ဒီနေ့ အတူတူအိပ်ရအောင်"
"ဘာလို့လဲ"
"မသိဘူး တစ်ယောက်တည်းမအိပ်ချင်ဘူး"
ယော ကိုကို့လက်တွေကိုဆွဲဖယ်ကာ ကိုကိုနဲ့မျက်နှာချင်းဆိုင်လှည့်ပြီး မျက်နှာကိုအပြုံးရွှင်ဆုံးဖြင့် ပြုံး၏။
"ကိုကိုအိပ်ပျော်တဲ့အထိ ယောစောင့်ပေးမယ်"
"အင်း"
.
.
.
တစ်နာရီကြာတဲ့အချိန်အတွင်းမှာတော့ ယောကအိပ်ပျော်သွားခဲ့သည်။ အိပ်တာစောင့်ပေးမယ်ဆိုတဲ့ကလေးမက အရင်ဆုံးအိပ်ပျော်သွားသည်တဲ့။ ဘယ်လောက်တောင်ပင်ပန်းနေလို့ပါလဲ။
"တောင်းပန်ပါတယ်ယော...ကိုကိုအရမ်းပြစ်ထားမိသွားတယ်"
ယောရဲ့နဖူးပေါ်ဝဲကျနေသည့်ဆံပင်တွေကို အသာသပ်ပေးရင်းဆိုမိသည်။ ယောကို လင်းမချစ်နိုင်ပေမဲ့ သံယောဇဉ်ရှိပါသည်။ ဒါပေမဲ့ ဒီလတွေအတွင်း သူ ယောအပေါ်မဖြူစင်တော့။ သူတို့အတူအိပ်မိတဲ့နေ့က စမယ်ထင်ပါသည်။ မချစ်နိုင်ပေမဲ့ ရမ္မက်တစ်ချို့ပါဝင်ခဲ့သည်။ သူက ဒီကောင်မလေးကို မိန်းကလေးတစ်ယောက်လို့တော့မြင်သည်။ မချစ်တာတစ်ခုတည်း။
"အင်း!.ဟင်း ကိုကို"
ယောဘာတွေအိမ်မက်မက်နေသည်မသိ။ ကိုကိုဆိုပြီးလက်တွေက သူ့အင်္ကျီစကို အတင်းဖက်တွယ်ထားသည်။ သူ ရင်ခွင်ထဲကို ထည့်လိုက်ကာ ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးမိသည်။
သူ့စိတ်တွေကဘာလို့ရှုပ်ထွေးနေရတာလဲ။ ဖမ်းထားဖို့လည်း အဆင်မပြေ၊ လွှတ်လည်းမလွှတ်ပေးချင်နဲ့။ ကြာရင်ရူးတော့မည်။
••••••••••*˘︶˘*.。*♡••••••••••
လက်ထပ်ပွဲ!...
မွန်းက လက်ထပ်ပွဲကို ရိုးရိုးရှင်းရှင်းလုပ်ချင်သည်ဆို၍ မိသားစုနှင့်ရင်းနှီးသည့်မိတ်ဆွေတစ်ချို့မှလွဲ၍ ဘယ်မီဒီယာကိုမှ မဖိတ်ကြားခဲ့။
"N & M"ဆိုတဲ့ နှစ်ယောက်က အရင်ဘဝက ဘယ်လောက်တောင်တောင်းဆုပြုခဲ့ကြသည်မသိ။ နှစ်တွေအများကြီးကြာသည်အထိ တစ်ယောက်ကိုတစ်ယောက်မျှော်လင့်ခဲ့ကြသည်။ ချစ်မိဖို့အချိန်ခဏလေးကြာခဲ့ပေမဲ့ မေ့ပြစ်ဖို့အချိန်တွေကြာတာက အရင်ဘဝက မခွဲမခွါရှိပါရစေလို့ဆုတောင်းထားပုံရသည်။
မင်္ဂလာပွဲရဲ့ mainတည်နေရာမှာ နှင်းဆီပန်းခက်တွေနှင့်အလှဆင်ထားသည့် ထောက်တိုင်တွေကြားမှာ မွန်းနဲ့ညီညီရဲ့အမည်နာမနှစ်ခု။ ထိုဘေးမှာ ငှက်နှစ်ကောင်က တစ်ယောက်နဲ့တစ်ယောက်လိုက်ရှာနေကြသည့်ပုံလေး။ လျှောက်လမ်းရဲ့တစ်ဖက်စီမှာ မွန်းတို့ရဲ့အမှတ်တရဓာတ်ပုံများ။

(ပုံစံကဒါမျိုးလေးပါ ဆင်တူတာလေးပေါ့)
Pre weddingအတွက်ရိုက်ထားတဲ့ပုံတွေရော၊ မွန်းတို့ချစ်ခဲ့စဉ်က အမှတ်တရဓာတ်ပုံတွေပါ ပြထားသည်။
ထိုဓာတ်ပုံတွေတင်ပဲလား။ မဟုတ်ပါဘူး။ တစ်ခုကျန်ပါသေးသည်။ ဒါကိုမွန်းပဲသိပါလိမ့်မည်။
"အရမ်းစိတ်လှုပ်ရှားနေတာလား"
ညီညီက လူကိုယ်တိုင်လာတွေ့မရ၍ ဖုန်းနဲ့လှမ်းဆက်ပြီးမေးသည်။
"အင်း နင်ရော"
"ကိုယ်က အဆင်ပြေပါတယ်"
"ဒီကောင်သေးထွက်တော့မှာ မွန်းရ"
ဟားဟား...
နောက်ကတိမ်နဲ့လင်းရဲ့ရယ်သံကြီးတွေပါအတိုင်းသားကြားလိုက်ရတော့ မွန်းစိတ်လှုပ်ရှားတဲ့ကြားကရယ်မိသွားသည်။
"ခဏနေတွေ့မယ်နော် ညီညီ ဖုန်းချတော့မယ် ခဏနေထွက်လာရတော့မှာ"
"အင်း ချစ်တယ်"
မွန်းဘာမှပြန်မပြောဘဲ ဖုန်းသာချလိုက်သည်။ မွန်းလည်းရင်ခုန်နေတာမို့။
"ကဲ ခဏနေတွေရမှာကို အလွမ်းဖြေနေသေးတယ် အပြင်ထွက်ကြရအောင် မမလေးရေ"
ပန်ပန်က မကျေမနပ်ပြောသည်။ မွန်းနှာခေါင်းလေးရှုံ့လိုက်ရင်း...
"ဘာလဲ မနာလိုတာလား"
"အံမလေး နင့်ထက် ငါအရင်ဆောင်ခဲ့တာပါနော်"
"ဒါပေမဲ့လည်း ငယ်တာနဲ့ကြီးတာကွာတယ်လေ"
"အတူတူပဲ "
"မမတို့ကလည်း အပြင်ထွက်ရအောင်နော် အပြင်မှာစောင့်နေကြပြီ"
"အင်း ရနံ့ရော မလာသေးဘူးလား"
"ခဏနေ လာလိမ့်မယ် ပါတနာခေါ်လာမယ်ပြောတယ်"
"ဟုတ်လား ကြည့်ကြသေးတာပေါ့"
"မမတို့"
"လာပြီယောရဲ့"
အခမ်းအနားစတင်တော့မှာမို့ မွန်းတို့ထွက်ခဲ့ကြတော့သည်။
••••••••••*˘︶˘*.。*♡••••••••••
"သတို့သမီးဝင်လာပါပြီ..."
ညီညီရောက်သည်နှင့် မွန်းဝင်လာရသည်။ အဖြူရောင်ဝတ်စုံနှင့်အလှကြီးလှနေသည့်မွန်းကိုကြည့်ရင်း ညီညီ့ရင်တွေအဆမတန်ခုန်ပေါက်နေသည်။
မွန်းလည်းထိုထပ်တူမျှခံစားရမယ်ဆိုတာ မလွဲဧကန်ပင်။

(ညီညီကိုယ်တိုင်ဆွဲထားသည့်ဒီဇိုင်းပါ။ သူ့ချစ်ချစ်ကို တစ်နေရာမှပေးမဖော်တာ။)
.
.
.
"မောင်လမင်းညီညီ မမွန်မြတ်ခြယ်ကို ဇနီးမယားအဖြစ် လက်ခံပါမည်လား"
"ဟုတ်ကဲ့လက်ခံပါတယ်"
"မမွန်မြတ်ခြယ် မောင်လမင်းညီညီကို ခင်ပွန်းအဖြစ်လက်ခံပါမည်လား"
"ဟုတ်ကဲ့လက်ခံပါတယ်"
"သတို့သား သတို့သမီးကို ဘာစကားပြောချင်ပါလဲ"
"အချစ်ရဆုံးသောအမျိုးသမီးလေး...အရမ်းချစ်တယ် ကိုယ့်ကိုမနာကျည်းပဲချစ်ပေးလို့ ကျေးဇူးတင်တယ် နောက်ဆို အချစ်အပေါ် အရာအားလုံးဖွင့်ဟတိုင်ပင်ပါမယ်"
"သတို့သမီး သတို့သားကိုဘာစကားပြောချင်သေးပါလဲ"
"ညီညီ..."
"ငါ တစ်သက်လုံးမပြောပြဘူးလို့စဉ်းစားထားပေမဲ့ အခုချိန်က အကောင်းဆုံးမို့ ပြောပြချင်တယ်...မဟုတ်ရင် တစ်သက်လုံးပြောဖြစ်မှာမဟုတ်ဘူး ငါအရမ်းချစ်တာ သိသွားရင် မရယ်နဲ့နော်..."
"အဟမ်း! လွန်ခဲ့တဲ့ဆယ်နှစ်(၂၀၁၆)မှာ လမင်းညီညီကို အရမ်းအမြင်ကပ်ခဲ့တယ် အမြဲတမ်းငါ့ကိုစောင့်ကြည့်နေသလိုခံစားရပြီး ငါပြောတဲ့စကားတိုင်းကို ကန့်လန့်တိုက်တတ်လွန်းလို့ ငါ့ကိုမုန်းနေတာလားလို့တောင်တွေးမိတယ် ဒါပေမဲ့ နင်က ငါ့ဘေးနားမှာ အမြဲတမ်းပေါ်လာခဲ့တယ် ကူညီပေးတယ် နင်ကငါ့ကို ဘယ်အချိန်မှ ချစ်လဲမသိပေမဲ့ အချစ်ကိုနားမလည်တဲ့ငါ့အတွက် နင်က သူရဲကောင်းပဲ ငါ့အချစ်က အဲ့ကတည်းက ပေါ်လာခဲ့တာ ဘောလုံးကွင်းက အပြန် ငါ့ကိုချစ်ရေးဆိုတော့ စိတ်ထဲမှာကျေနပ်သလိုဖြစ်ခဲ့တယ်...ချစ်သူဖြစ်ပြီးတော့ ရုပ်ရည်ပိုင်းမှာကွာဟတဲ့ငါ့ကို လိုလေသေးမရှိအားမငယ်အောင်ချစ်ခဲ့ပေးလို့ကျေးဇူးတင်တယ်"
"ငါတို့ကြားမှာ မိဘတွေမပါခင်အထိ အမှတ်တရတွေကပျော်စရာကြီးပဲဖြစ်ခဲ့တယ် အဲ့နောက်မိဘတွေသိသွားကြပြီး ငါတို့လမ်းခွဲခဲ့ရတယ် ကြားထဲမှာ တခြားအထင်လွဲမှုတွေကြောင့် ငါတို့အကြာကြီးဝေးသွားရတယ် ငါပြောချင်တာ ဒီကစမှာ"
"ပထမမြှောက်နှစ်...နင့်ကိုမေ့ဖို့သေမတတ်ကြိုးစားခဲ့ရတယ်
ဒုတိယနှစ်...နင့်ကိုမေ့နိုင်ဖို့ ကြိုးစားခဲ့သေးတယ်
တတိယနှစ်...လေဆိပ်မှာနင့်ကိုမြင်တော့ ရင်အရမ်းခုန်တယ် ဆွဲထားချင်ပေမဲ့ နာကျည်းစိတ်ကြောင့်ခြေလှမ်းတွေကမရွေ့မိဘူး နင့်အနားကို မလာခဲ့မိဘူး တွန့်ဆုတ်နေခဲ့တယ် ငါကအရူးလိုပဲ မိုးရေထဲမှာအကြာကြီးရပ်ခဲ့တယ် ငါတို့စဝေးတုန်းကလည်း မိုးရွာနေခဲ့တယ်လေ"
"စတုတ္ထနှစ်...နင့်ကိုမေ့နိုင်ဖို့ စာထဲမှာပဲအာရုံစိုက်ခဲ့တယ် ဒါပေမဲ့ ငါ နင့်မွေးနေ့နံပါတ်ပါတဲ့ပိုက်ဆံနဲ့ အရုပ်စခေါက်တယ် တစ်ရက်တစ်ခု...ငှက်ရုပ်လေးတွေခေါက်ထားတယ် ငါဆို့ပြန်ဆုံတဲ့နေ့မှာ ခေါက်တာရပ်မယ်လို့ဆုံးဖြတ်ချက်နဲ့ ငါတို့ရှစ်နှစ်လောက်ဝေးခဲ့ရတာဆိုပေမဲ့ နင်ထွက်သွားပြီးလေးနှစ်မြှောက်မှ စခေါက်တာဆိုတော့ ပျမ်းမျှ (၁၅၀၀)ကျော်ရှိတယ်...အခုအဲ့တာကို ကောင်းတာတစ်ခုခုလုပ်ဖို့စဉ်းစားထားတယ်"
"ထားပါတော့အဲ့ဒါက လွမ်းတဲ့အကြောင်း...စိတ်နာတဲ့အကြောင်းပြောမယ် ငါတို့ပြန်တွေ့တော့ နင်က အရမ်းဂျစ်ကန်ကန်နိုင်တယ်ဆိုတာသိလိုက်ရတယ် အရင်ကဂျစ်တတ်ပေမဲ့ ငါပြောရင်နားထောင်တဲ့နင်က လုံးဝနားမထောင်တော့တာလေ နင်ကငါ့ကိုမုန်းတယ်ပြောတော့ ငါလည်း နင့်ကို မုန်းခဲ့တယ် ဒါကြောင့် နင့်ဘက်ကလျှော့တော့ ငါအတိုးချတင်းပြစ်ခဲ့တာ...အကြောင်းစုံမသိခင်အထိပေါ့"
"အကြောင်းစုံသိသွားပြီးတော့ ငါ့ကိုယ်ငါမုန်းခဲ့တယ်...အဖြစ်အပျက်အားလုံးက ငါ့ကြောင့်ဖြစ်ခဲ့တာမို့ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ပြောချင်တာ ငါက ပြီးပြည့်စုံတဲ့မိန်းကလေးမဟုတ်ဘူး လိုအပ်ချက်ရော၊အားနည်းချက်ရောရှိတဲ့သူ ဒါကြောင့် ငါ့ကိုချစ်ပေးလို့ကျေးဇူးတင်တယ်လို့ပြောချင်တယ်...အချစ်ရဲ့လှပမှု၊နာကျင်မှု၊ပျော်ရွှင်မှု၊ဝမ်းနည်းမှုတွေကို သင်ပြပေးလို့ ကျေးဇူးတင်တယ် ငါ့ဘဝထဲ စောစောလှမ်းလာပေးလို့ကျေးဇူးတင်တယ်
ညီညီ ကျေးဇူးအရမ်းတင်တယ်...ချစ်တယ် ငါ့ရဲ့အဖိုးတန်လမင်းလေး"
"ဝေး!..."
မွန်းစကားအဆုံး ညီညီမနေနိုင်စွာဆွဲဖက်ပြစ်တာမို့ တိမ်တို့ထံမှ အသံထွက်လာသည်။
"မောင်လမင်းညီညီနဲ့ မမွန်မြတ်ခြယ်တို့ တရားဝင်အကြင်လင်မယားအရာမြှောက်ပါပြီ"
"ရေး!.."
"နမ်းပါ နမ်းပါ!.."
ညီညီသည် မွန်းရဲ့နဖူးကို ဖိကပ်နမ်းလိုက်ပါသည်။
ဒီကမ္ဘာပေါ်မှာ ဒီနေ့ရဲ့ညနေခင်းလေးက အလှဆုံးပါပဲ။
••••••••••*˘︶˘*.。*♡••••••••••
"ရနံ့ သူကဘယ်သူလဲ"
လူကြီးတွေက သူတို့နဲ့ရင်းနှီးရာလူကြီးတွေနှင့် စကားပြောနေကြစဉ် မွန်းတို့လည်း သူငယ်ချင်းတွေနှင့် ဝိုင်းဆုံကြ၏။ တိမ်နဲ့ပန်ပန်၊ ကိုကိုတိုင်းနဲ့ကိုရဲရင့်၊ လင်းနဲ့ယော၊ ကိုစစ်သွေး၊ကိုကောင်းခန့်၊ရနံ့နဲ့လူတစ်ယောက်နဲ့ မွန်းတို့အပါအဝင် စုစုပေါင်း (၁၂)ယောက်။ ဘေးနားမှာငြိမ်ငြိမ်ကုတ်ကုတ်လေးထိုင်နေသည့် နေစိုင်းနဲ့ရွှန်းလဲ့ရောဆို (၁၄)ယောက်။ မွန်းက ရနံ့ခေါ်လာသည့်ပါတနာကို မြင်ဖူးသလိုရှိ၍ မေးဖြစ်သည်။ တစ်နေရာရာမှာတော့မြင်ဖူးရက်နဲ့ မမှတ်မိ။
"ခွန်း! သူ့နာမည်က ခွန်း"
"စိတ်မရှိနဲ့အစ်ကို မြင်ဖူးသလိုဖြစ်နေလို့"
"မွန်း သူက နာမည်ကျော်နော် DJ artist...ငါတို့တောင်ကျောင်းတုန်းက ဓာတ်ပုံရိုက်သေးတယ်လေ"
ပန်ပန်က အားတက်သရောဝင်ရှင်းပြသည်။ ကိုယ်အရမ်းကြိုက်ရတဲ့အားတစ်က ကိုယ့်သူငယ်ချင်းရဲ့ရည်းစားတဲ့လား။မယုံနိုင်စရာပဲ။
"အာ!..ပန်ပန် နင့်fav"
ခွန်းလည်းအခုမှမှတ်မိပုံရသည့် ရှေ့ကကောင်မလေးကြောင့် ရယ်မိသည်။ သူ အဲ့တုန်းက စိတ်ဝင်စားခဲ့သည့်ကောင်မလေးက အခုတော့ လက်ထပ်နေပြီ။ ပိုအံ့ဩဖို့ကောင်းတာက သူအခုတွဲနေတဲ့ရနံ့ကလည်း သူမလေးသူငယ်ချင်းတဲ့။ ရေစက်က ရှိလိုက်ပုံများ။
"လက်ထပ်တာဂုဏ်ပြုပါတယ် ညီမလေး"
"ကျေးဇူးအစ်ကို ရနံ့ နင်တို့အရမ်းလိုက်တယ်"
မွန်းက ရနံ့ကိုလက်မထောင်ပြကာ ချီးကျူးသွားပါသည်။
"ကျေးဇူးတင်ပါတယ် မမွန်းရယ်"
ရနံ့က ထရပ်ကာ ရင်ဘတ်ပေါ်လက်တင်ပြီး ဂါဝန်စကို အနည်းငယ်မကာ မင်းသမီးပုံစံဖြင့်ခေါင်းငြိမ့်သည်။
ရနံ့နဲ့ခွန်းက အနုပညာလောကမှစတွေ့ခဲ့ကြတာဖြစ်ပြီး ခံယူချက်တူလို့တွဲဖြစ်သွားကြတာဖြစ်သည်။ ဘယ်အထိဆက်သွားဖြစ်မလဲမသိပေမဲ့ ရနံ့က ခွန်းအတွက် အဆုံးထိဖြစ်ဖို့သေချာသလောက်ရှိသည်။
ညီညီကတော့ စကားသိပ်မပြောဘဲ မွန်းမျက်နှာကိုသာတစိမ့်စိမ့်ထိုင်ကြည့်နေ၏။ မွန်းရင်ဖွင့်စကားတွေက ညီညီ့ရင်ကို တော်တော်ထိသွားပုံရသည်။
Love is sweet.
••••••••••*˘︶˘*.。*♡••••••••••
ဆက်ရန်
Unforgotten memories
အပိုင္း(၁၃)
တိုင္းနဲ႔ရဲရင့္က တစ္ပတ္ေလာက္ထိျပင္ဦးလြင္မွာေနၿပီးမွ ျပန္ေရာက္လာၾကသည္။ သို႔ေသာ္ ဘာမွမေျပာသည့္မိဘေတြေၾကာင့္ ႏွစ္ေယာက္သားစိတ္ထဲမတင္မက်ႏွင့္ ေနရခက္ေနၾကေတာ့သည္။
"ဒယ္ဒီကြၽန္ေတာ့္ကိုထိုးခ်င္ရင္ ထိုးလိုက္ပါ ကြၽန္ေတာ့္အျပစ္ကြၽန္ေတာ္ခံပါမယ္"
"မဟုတ္တာ ကြၽန္ေတာ့္အမွားလည္းပါပါတယ္ ကြၽန္ေတာ့္ကိုပါထိုးပါဗ်"
တိုင္းက ထိုသို႔ေျပာလွ်င္ ရဲရင့္ကပါ ထိုသို႔ေျပာသည္။ ႏွစ္ေယာက္သားက ခိုးေျပးၿပီးမွ အရမ္းခ်စ္ျပေနၾကသည္။
"မာမီ ကြၽန္ေတာ့္ကိုစိတ္ေျပတဲ့အထိေျပာလို႔ရပါတယ္"
"ကြၽန္ေတာ့္ကိုေရာ ကိုယ့္သားလို ဆုံးမလို႔ရပါတယ္ဗ်"
ခြီး!..
ေနာက္က နံရံမွာေခါင္းျပဴထြက္ေနတဲ့ လင္မယားႏွစ္ေယာက္ဆီက ခိုးခိုးခစ္ခစ္ရယ္သံထြက္က်လာ၏။
တိုင္းက မ်က္ႏွာတင္းတင္းနဲ႔လွည့္ၾကည့္ကာ မ်က္ခုံးေတြပါတြန႔္ၿပီး သတိေပးသည္။ သို႔ေသာ္ ထိုႏွစ္ေယာက္က မ်က္ႏွာေပးၿပဳံးစိစိနဲ႔ အေသာမတတ္ႏိုင္။
"ပန္ပန္ေရ!..."
အိမ္ေရွ႕က မြန္းအသံေၾကာင့္ တိုင္းနဲ႔ရဲရင့္ေနာက္ကိုလွည့္ၾကည့္ေတာ့ မၾကာပါ လူကေရွ႕ကိုေရာက္လာသည္။ တစ္ဆက္တည္း မြန္းရဲ႕အခ်စ္ေတာ္ညီညီပါပါလာ၏။
"ကိုကိုတို႔ျပန္လာၿပီလား"
"အင္း "
"အန္တီနဲ႔အန္ကယ္ မြန္းတို႔လာလည္ပါတယ္ရွင့္"
မြန္းတို႔ႏႈတ္ဆက္ေတာ့ အန္တီနဲ႔အန္ကယ္က ျပန္ၿပီးႏႈတ္ဆက္သည္။ မြန္းက ကိုရဲရင့္ေဘးနားဝင္ထိုင္ဖို႔ျပင္ေတာ့ ညီညီကမြန္းကိုဆြဲကာ သူက ကိုရဲရင့္ေဘးနားဝင္ထိုင္သည္။ အရမ္းပိုလြန္းတဲ့ညီညီေၾကာင့္ တိုင္းရဲ႕ႀကီးႀကီးက်ယ္က်ယ္ဆိုတဲ့အၾကည့္က ညီညီ့ဆီေရာက္လာသည္။ သို႔ေသာ္ညီညီသည္ဂ႐ုမစိုက္ဘဲ ခပ္တည္တည္ႏွင့္သာ။
မြန္းတို႔ေရာက္လာၿပီဆိုမွ တိမ္နဲ႔ပန္ပန္က မြန္းတို႔နဲ႔မ်က္ႏွာခ်င္းဆိုင္ကခုံမွာဝင္ထိုင္ၾကသည္။
"ဒီကိုဘာကိစၥလဲ "
"ညီညီ့မိဘေတြဆီလာတာ အန္ကယ္...ကိုကိုတို႔ျပန္ေရာက္ေနၿပီေျပာလို႔ ဒီဘက္ကူးလာတာ"
"ေအး အခုေလးတင္ပဲေရာက္လာၾကတာ"
"ဟုတ္!.."
"ကိုကိုတို႔ မြန္းတို႔မဂၤလာေဆာင္ၿပီးမွ လက္ထပ္ရမယ္ေနာ္ မြန္းတို႔ထပ္အရင္မလုပ္နဲ႔ "
တိုင္းက စိုးရိမ္တႀကီးနဲ႔လွည့္ၾကည့္သည္။ သူတို႔ကအခုမွ သေဘာတူ၊မတူေစာင့္ေနတုန္း။ မြန္းက လက္ထပ္ဖို႔ပင္စကားစေနသည္။ ဒီေကာင္မေလးအရိပ္အကဲမၾကည့္တတ္တာလား။
"ဟုတ္တယ္ ညီညီတို႔ၿပီးမွ သားတို႔စိတ္ႀကိဳက္ေပါ့ ပုံမွန္အတြဲမဟုတ္ေတာ့ ႀကိဳက္သလိုစီစဥ္ၾကပါေစ"
တိုင္းစိုးရိမ္ေနေပမဲ့ ျပန္ေျဖလာသည့္ မာမီ့စကားေၾကာင့္ တိုင္းအံ့ဩမႈေတြကအတိုင္းမဆ။ အခု သူတို႔ကို သားတို႔စိတ္ႀကိဳက္လို႔ေျပာလိုက္တာ။
"မာမီ!.."
"မာမီေတာင္းပန္ပါတယ္ အရင္က သားကို နားမလည္ေပးႏိုင္ခဲ့လို႔"
"မဟုတ္တာ သေဘာတူေပးတာနဲ႔တင္ေက်းဇူးတင္ေနတာပါ ဒယ္ဒီေရာပဲ"
"ေက်းဇူးတင္ရင္ မပ်က္ေစနဲ႔ကြာ...ခက္ခက္ခဲခဲလက္ခံေပးထားရတာကို အားနာရင္ရၿပီ"
"ဟုတ္ကဲ့စိတ္ခ်ပါ အဲ့လိုမျဖစ္ေစရပါဘူး"
တိုင္းက ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ပင္ကတိေပးသည္။ တိုင္းသည္ ဒယ္ဒီနဲ႔မာမီကို ႀကီးတဲ့အသက္မွအားမနာ အားရပါးရဖက္ေနခဲ့သည္။
"ဪ ဘယ္ေလာက္အသက္ႀကီးႀကီး မိဘနဲ႔ဆိုရင္ကေလးအတိုင္းပါပဲလား"
မြန္းတို႔အားလုံးထပ္တူေပ်ာ္ရပါသည္။
••••••••••*˘︶˘*.。*♡••••••••••
သုံးလၾကာၿပီးေနာက္!..
"ညီမေလး ဘာျဖစ္တာလဲ...မ်က္ႏွာမေကာင္းဘူး"
ဒီရက္ပိုင္း ေယာက မြန္းကားနဲ႔လိုက္ေနတာ တစ္လရွိၿပီျဖစ္သည္။ လင္းကလည္း လာမႀကိဳ။ မြန္းကိုေတာင္လူကိုယ္တိုင္လာမေတြ႕ဘဲ မက္ေဆ့ခ္်နဲ႔ အႀကိဳအပို႔လုပ္ေပးဖို႔ေတာင္းဆိုခဲ့တာ။ ပုံမွန္ဆို လင္းအေပၚ အၿမဲလႊမ္းမိုးတတ္သည့္ေယာက လင္းမွလင္း။ အခုေတာ့ ေယာကလည္း ဘာမွမေျပာဘဲၿငိမ္ေန၏။
ႏွစ္ေယာက္ကရန္ျဖစ္ထားၾကပုံပဲ။
"ေနသိပ္မေကာင္းလို႔ပါမမခ်ယ္"
"ေဆးခန္းဝင္မလား"
"ေတာ္ပါၿပီ ေဆးေသာက္ရင္သက္သာမွာပါ"
"အင္းပါ ဂ႐ုစိုက္ဦး အခုတေလာအရမ္းပိန္သြားတယ္...မျဖစ္ေသးပါဘူး လင္းကို ငါဂ႐ုစိုက္ေပးဖို႔ေျပာလိုက္မယ္ ကေလးက သိသိသာသာကိုပိန္ေနတာ"
"မဟုတ္တာ ရပါတယ္...မမခ်ယ္ ဆက္သြယ္စရာမလိုပါဘူး ကိုကိုက ေယာကိုဂ႐ုစိုက္ပါတယ္"
"ဒါဆို လင္းကိုေျပာေပးပါဦး မမတို႔နဲ႔လာေတြ႕ပါဦးလို႔ မမတို႔မဂၤလာပြဲက နီးေနၿပီဆိုေတာ့ ညီမေလးနဲ႔လင္းလည္း အက်ႌစမ္းဝတ္ရမယ္ေလ"
"ဟုတ္ကဲ့မမခ်ယ္ ေျပာလိုက္ပါမယ္ ေနာက္ရက္မွအတူတူလာခဲ့ပါမယ္"
လင္းနဲ႔အဆင္ေျပေနတယ္ဆို၍ မြန္းဘာမွဆက္မေျပာေတာ့ဘဲ ၿငိမ္ေနလိုက္ေတာ့သည္။
••••••••••*˘︶˘*.。*♡••••••••••
"ကိုကို မမခ်ယ္က အက်ႌစမ္းဝတ္ဖို႔ေခၚေနတယ္ မမတို႔မဂၤလာပြဲက ဘယ္ေလာက္မွမလိုေတာ့ဘူး ကိုကိုသြားမယ္မလား"
"အင္း သြားရမွာေပါ့"
ေယာ ထပ္ေျပာစရာစကားမရွိေတာ့သည္မို႔ ကိုကို႔အခန္းထဲက ျပန္ထြက္ဖို႔ျပင္ေတာ့ ေနာက္ေက်ာကေနဖက္တြယ္လာသည့္ကိုကို႔ေၾကာင့္ ေယာေျခလွမ္းေတြရပ္သြားရ၏။
"ဒီေန႔ အတူတူအိပ္ရေအာင္"
"ဘာလို႔လဲ"
"မသိဘူး တစ္ေယာက္တည္းမအိပ္ခ်င္ဘူး"
ေယာ ကိုကို႔လက္ေတြကိုဆြဲဖယ္ကာ ကိုကိုနဲ႔မ်က္ႏွာခ်င္းဆိုင္လွည့္ၿပီး မ်က္ႏွာကိုအၿပဳံး႐ႊင္ဆုံးျဖင့္ ၿပဳံး၏။
"ကိုကိုအိပ္ေပ်ာ္တဲ့အထိ ေယာေစာင့္ေပးမယ္"
"အင္း"
.
.
.
တစ္နာရီၾကာတဲ့အခ်ိန္အတြင္းမွာေတာ့ ေယာကအိပ္ေပ်ာ္သြားခဲ့သည္။ အိပ္တာေစာင့္ေပးမယ္ဆိုတဲ့ကေလးမက အရင္ဆုံးအိပ္ေပ်ာ္သြားသည္တဲ့။ ဘယ္ေလာက္ေတာင္ပင္ပန္းေနလို႔ပါလဲ။
"ေတာင္းပန္ပါတယ္ေယာ...ကိုကိုအရမ္းျပစ္ထားမိသြားတယ္"
ေယာရဲ႕နဖူးေပၚဝဲက်ေနသည့္ဆံပင္ေတြကို အသာသပ္ေပးရင္းဆိုမိသည္။ ေယာကို လင္းမခ်စ္ႏိုင္ေပမဲ့ သံေယာဇဥ္ရွိပါသည္။ ဒါေပမဲ့ ဒီလေတြအတြင္း သူ ေယာအေပၚမျဖဴစင္ေတာ့။ သူတို႔အတူအိပ္မိတဲ့ေန႔က စမယ္ထင္ပါသည္။ မခ်စ္ႏိုင္ေပမဲ့ ရမၼက္တစ္ခ်ိဳ႕ပါဝင္ခဲ့သည္။ သူက ဒီေကာင္မေလးကို မိန္းကေလးတစ္ေယာက္လို႔ေတာ့ျမင္သည္။ မခ်စ္တာတစ္ခုတည္း။
"အင္း!.ဟင္း ကိုကို"
ေယာဘာေတြအိမ္မက္မက္ေနသည္မသိ။ ကိုကိုဆိုၿပီးလက္ေတြက သူ႔အက်ႌစကို အတင္းဖက္တြယ္ထားသည္။ သူ ရင္ခြင္ထဲကို ထည့္လိုက္ကာ ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးမိသည္။
သူ႔စိတ္ေတြကဘာလို႔ရႈပ္ေထြးေနရတာလဲ။ ဖမ္းထားဖို႔လည္း အဆင္မေျပ၊ လႊတ္လည္းမလႊတ္ေပးခ်င္နဲ႔။ ၾကာရင္႐ူးေတာ့မည္။
••••••••••*˘︶˘*.。*♡••••••••••
လက္ထပ္ပြဲ!...
မြန္းက လက္ထပ္ပြဲကို ႐ိုး႐ိုးရွင္းရွင္းလုပ္ခ်င္သည္ဆို၍ မိသားစုႏွင့္ရင္းႏွီးသည့္မိတ္ေဆြတစ္ခ်ိဳ႕မွလြဲ၍ ဘယ္မီဒီယာကိုမွ မဖိတ္ၾကားခဲ့။
"N & M"ဆိုတဲ့ ႏွစ္ေယာက္က အရင္ဘဝက ဘယ္ေလာက္ေတာင္ေတာင္းဆုျပဳခဲ့ၾကသည္မသိ။ ႏွစ္ေတြအမ်ားႀကီးၾကာသည္အထိ တစ္ေယာက္ကိုတစ္ေယာက္ေမွ်ာ္လင့္ခဲ့ၾကသည္။ ခ်စ္မိဖို႔အခ်ိန္ခဏေလးၾကာခဲ့ေပမဲ့ ေမ့ျပစ္ဖို႔အခ်ိန္ေတြၾကာတာက အရင္ဘဝက မခြဲမခြါရွိပါရေစလို႔ဆုေတာင္းထားပုံရသည္။
မဂၤလာပြဲရဲ႕ mainတည္ေနရာမွာ ႏွင္းဆီပန္းခက္ေတြႏွင့္အလွဆင္ထားသည့္ ေထာက္တိုင္ေတြၾကားမွာ မြန္းနဲ႔ညီညီရဲ႕အမည္နာမႏွစ္ခု။ ထိုေဘးမွာ ငွက္ႏွစ္ေကာင္က တစ္ေယာက္နဲ႔တစ္ေယာက္လိုက္ရွာေနၾကသည့္ပုံေလး။ ေလွ်ာက္လမ္းရဲ႕တစ္ဖက္စီမွာ မြန္းတို႔ရဲ႕အမွတ္တရဓာတ္ပုံမ်ား။

(ပုံစံကဒါမ်ိဳးေလးပါ ဆင္တူတာေလးေပါ့)
Pre weddingအတြက္႐ိုက္ထားတဲ့ပုံေတြေရာ၊ မြန္းတို႔ခ်စ္ခဲ့စဥ္က အမွတ္တရဓာတ္ပုံေတြပါ ျပထားသည္။
ထိုဓာတ္ပုံေတြတင္ပဲလား။ မဟုတ္ပါဘူး။ တစ္ခုက်န္ပါေသးသည္။ ဒါကိုမြန္းပဲသိပါလိမ့္မည္။
"အရမ္းစိတ္လႈပ္ရွားေနတာလား"
ညီညီက လူကိုယ္တိုင္လာေတြ႕မရ၍ ဖုန္းနဲ႔လွမ္းဆက္ၿပီးေမးသည္။
"အင္း နင္ေရာ"
"ကိုယ္က အဆင္ေျပပါတယ္"
"ဒီေကာင္ေသးထြက္ေတာ့မွာ မြန္းရ"
ဟားဟား...
ေနာက္ကတိမ္နဲ႔လင္းရဲ႕ရယ္သံႀကီးေတြပါအတိုင္းသားၾကားလိုက္ရေတာ့ မြန္းစိတ္လႈပ္ရွားတဲ့ၾကားကရယ္မိသြားသည္။
"ခဏေနေတြ႕မယ္ေနာ္ ညီညီ ဖုန္းခ်ေတာ့မယ္ ခဏေနထြက္လာရေတာ့မွာ"
"အင္း ခ်စ္တယ္"
မြန္းဘာမွျပန္မေျပာဘဲ ဖုန္းသာခ်လိုက္သည္။ မြန္းလည္းရင္ခုန္ေနတာမို႔။
"ကဲ ခဏေနေတြရမွာကို အလြမ္းေျဖေနေသးတယ္ အျပင္ထြက္ၾကရေအာင္ မမေလးေရ"
ပန္ပန္က မေက်မနပ္ေျပာသည္။ မြန္းႏွာေခါင္းေလးရႈံ႕လိုက္ရင္း...
"ဘာလဲ မနာလိုတာလား"
"အံမေလး နင့္ထက္ ငါအရင္ေဆာင္ခဲ့တာပါေနာ္"
"ဒါေပမဲ့လည္း ငယ္တာနဲ႔ႀကီးတာကြာတယ္ေလ"
"အတူတူပဲ "
"မမတို႔ကလည္း အျပင္ထြက္ရေအာင္ေနာ္ အျပင္မွာေစာင့္ေနၾကၿပီ"
"အင္း ရနံ႔ေရာ မလာေသးဘူးလား"
"ခဏေန လာလိမ့္မယ္ ပါတနာေခၚလာမယ္ေျပာတယ္"
"ဟုတ္လား ၾကည့္ၾကေသးတာေပါ့"
"မမတို႔"
"လာၿပီေယာရဲ႕"
အခမ္းအနားစတင္ေတာ့မွာမို႔ မြန္းတို႔ထြက္ခဲ့ၾကေတာ့သည္။
••••••••••*˘︶˘*.。*♡••••••••••
"သတို႔သမီးဝင္လာပါၿပီ..."
ညီညီေရာက္သည္ႏွင့္ မြန္းဝင္လာရသည္။ အျဖဴေရာင္ဝတ္စုံႏွင့္အလွႀကီးလွေနသည့္မြန္းကိုၾကည့္ရင္း ညီညီ့ရင္ေတြအဆမတန္ခုန္ေပါက္ေနသည္။
မြန္းလည္းထိုထပ္တူမွ်ခံစားရမယ္ဆိုတာ မလြဲဧကန္ပင္။

(ညီညီကိုယ္တိုင္ဆြဲထားသည့္ဒီဇိုင္းပါ။ သူ႔ခ်စ္ခ်စ္ကို တစ္ေနရာမွေပးမေဖာ္တာ။)
.
.
.
"ေမာင္လမင္းညီညီ မမြန္ျမတ္ျခယ္ကို ဇနီးမယားအျဖစ္ လက္ခံပါမည္လား"
"ဟုတ္ကဲ့လက္ခံပါတယ္"
"မမြန္ျမတ္ျခယ္ ေမာင္လမင္းညီညီကို ခင္ပြန္းအျဖစ္လက္ခံပါမည္လား"
"ဟုတ္ကဲ့လက္ခံပါတယ္"
"သတို႔သား သတို႔သမီးကို ဘာစကားေျပာခ်င္ပါလဲ"
"အခ်စ္ရဆုံးေသာအမ်ိဳးသမီးေလး...အရမ္းခ်စ္တယ္ ကိုယ့္ကိုမနာက်ည္းပဲခ်စ္ေပးလို႔ ေက်းဇူးတင္တယ္ ေနာက္ဆို အခ်စ္အေပၚ အရာအားလုံးဖြင့္ဟတိုင္ပင္ပါမယ္"
"သတို႔သမီး သတို႔သားကိုဘာစကားေျပာခ်င္ေသးပါလဲ"
"ညီညီ..."
"ငါ တစ္သက္လုံးမေျပာျပဘူးလို႔စဥ္းစားထားေပမဲ့ အခုခ်ိန္က အေကာင္းဆုံးမို႔ ေျပာျပခ်င္တယ္...မဟုတ္ရင္ တစ္သက္လုံးေျပာျဖစ္မွာမဟုတ္ဘူး ငါအရမ္းခ်စ္တာ သိသြားရင္ မရယ္နဲ႔ေနာ္..."
"အဟမ္း! လြန္ခဲ့တဲ့ဆယ္ႏွစ္(၂၀၁၆)မွာ လမင္းညီညီကို အရမ္းအျမင္ကပ္ခဲ့တယ္ အၿမဲတမ္းငါ့ကိုေစာင့္ၾကည့္ေနသလိုခံစားရၿပီး ငါေျပာတဲ့စကားတိုင္းကို ကန႔္လန႔္တိုက္တတ္လြန္းလို႔ ငါ့ကိုမုန္းေနတာလားလို႔ေတာင္ေတြးမိတယ္ ဒါေပမဲ့ နင္က ငါ့ေဘးနားမွာ အၿမဲတမ္းေပၚလာခဲ့တယ္ ကူညီေပးတယ္ နင္ကငါ့ကို ဘယ္အခ်ိန္မွ ခ်စ္လဲမသိေပမဲ့ အခ်စ္ကိုနားမလည္တဲ့ငါ့အတြက္ နင္က သူရဲေကာင္းပဲ ငါ့အခ်စ္က အဲ့ကတည္းက ေပၚလာခဲ့တာ ေဘာလုံးကြင္းက အျပန္ ငါ့ကိုခ်စ္ေရးဆိုေတာ့ စိတ္ထဲမွာေက်နပ္သလိုျဖစ္ခဲ့တယ္...ခ်စ္သူျဖစ္ၿပီးေတာ့ ႐ုပ္ရည္ပိုင္းမွာကြာဟတဲ့ငါ့ကို လိုေလေသးမရွိအားမငယ္ေအာင္ခ်စ္ခဲ့ေပးလို႔ေက်းဇူးတင္တယ္"
"ငါတို႔ၾကားမွာ မိဘေတြမပါခင္အထိ အမွတ္တရေတြကေပ်ာ္စရာႀကီးပဲျဖစ္ခဲ့တယ္ အဲ့ေနာက္မိဘေတြသိသြားၾကၿပီး ငါတို႔လမ္းခြဲခဲ့ရတယ္ ၾကားထဲမွာ တျခားအထင္လြဲမႈေတြေၾကာင့္ ငါတို႔အၾကာႀကီးေဝးသြားရတယ္ ငါေျပာခ်င္တာ ဒီကစမွာ"
"ပထမေျမႇာက္ႏွစ္...နင့္ကိုေမ့ဖို႔ေသမတတ္ႀကိဳးစားခဲ့ရတယ္
ဒုတိယႏွစ္...နင့္ကိုေမ့ႏိုင္ဖို႔ ႀကိဳးစားခဲ့ေသးတယ္
တတိယႏွစ္...ေလဆိပ္မွာနင့္ကိုျမင္ေတာ့ ရင္အရမ္းခုန္တယ္ ဆြဲထားခ်င္ေပမဲ့ နာက်ည္းစိတ္ေၾကာင့္ေျခလွမ္းေတြကမေ႐ြ႕မိဘူး နင့္အနားကို မလာခဲ့မိဘူး တြန႔္ဆုတ္ေနခဲ့တယ္ ငါကအ႐ူးလိုပဲ မိုးေရထဲမွာအၾကာႀကီးရပ္ခဲ့တယ္ ငါတို႔စေဝးတုန္းကလည္း မိုး႐ြာေနခဲ့တယ္ေလ"
"စတုတၳႏွစ္...နင့္ကိုေမ့ႏိုင္ဖို႔ စာထဲမွာပဲအာ႐ုံစိုက္ခဲ့တယ္ ဒါေပမဲ့ ငါ နင့္ေမြးေန႔နံပါတ္ပါတဲ့ပိုက္ဆံနဲ႔ အ႐ုပ္စေခါက္တယ္ တစ္ရက္တစ္ခု...ငွက္႐ုပ္ေလးေတြေခါက္ထားတယ္ ငါဆို႔ျပန္ဆုံတဲ့ေန႔မွာ ေခါက္တာရပ္မယ္လို႔ဆုံးျဖတ္ခ်က္နဲ႔ ငါတို႔ရွစ္ႏွစ္ေလာက္ေဝးခဲ့ရတာဆိုေပမဲ့ နင္ထြက္သြားၿပီးေလးႏွစ္ေျမႇာက္မွ စေခါက္တာဆိုေတာ့ ပ်မ္းမွ် (၁၅၀၀)ေက်ာ္ရွိတယ္...အခုအဲ့တာကို ေကာင္းတာတစ္ခုခုလုပ္ဖို႔စဥ္းစားထားတယ္"
"ထားပါေတာ့အဲ့ဒါက လြမ္းတဲ့အေၾကာင္း...စိတ္နာတဲ့အေၾကာင္းေျပာမယ္ ငါတို႔ျပန္ေတြ႕ေတာ့ နင္က အရမ္းဂ်စ္ကန္ကန္ႏိုင္တယ္ဆိုတာသိလိုက္ရတယ္ အရင္ကဂ်စ္တတ္ေပမဲ့ ငါေျပာရင္နားေထာင္တဲ့နင္က လုံးဝနားမေထာင္ေတာ့တာေလ နင္ကငါ့ကိုမုန္းတယ္ေျပာေတာ့ ငါလည္း နင့္ကို မုန္းခဲ့တယ္ ဒါေၾကာင့္ နင့္ဘက္ကေလွ်ာ့ေတာ့ ငါအတိုးခ်တင္းျပစ္ခဲ့တာ...အေၾကာင္းစုံမသိခင္အထိေပါ့"
"အေၾကာင္းစုံသိသြားၿပီးေတာ့ ငါ့ကိုယ္ငါမုန္းခဲ့တယ္...အျဖစ္အပ်က္အားလုံးက ငါ့ေၾကာင့္ျဖစ္ခဲ့တာမို႔ ဒါေၾကာင့္ နိဂုံးခ်ဳပ္အေနနဲ႔ေျပာခ်င္တာ ငါက ၿပီးျပည့္စုံတဲ့မိန္းကေလးမဟုတ္ဘူး လိုအပ္ခ်က္ေရာ၊အားနည္းခ်က္ေရာရွိတဲ့သူ ဒါေၾကာင့္ ငါ့ကိုခ်စ္ေပးလို႔ေက်းဇူးတင္တယ္လို႔ေျပာခ်င္တယ္...အခ်စ္ရဲ႕လွပမႈ၊နာက်င္မႈ၊ေပ်ာ္႐ႊင္မႈ၊ဝမ္းနည္းမႈေတြကို သင္ျပေပးလို႔ ေက်းဇူးတင္တယ္ ငါ့ဘဝထဲ ေစာေစာလွမ္းလာေပးလို႔ေက်းဇူးတင္တယ္
ညီညီ ေက်းဇူးအရမ္းတင္တယ္...ခ်စ္တယ္ ငါ့ရဲ႕အဖိုးတန္လမင္းေလး"
"ေဝး!..."
မြန္းစကားအဆုံး ညီညီမေနႏိုင္စြာဆြဲဖက္ျပစ္တာမို႔ တိမ္တို႔ထံမွ အသံထြက္လာသည္။
"ေမာင္လမင္းညီညီနဲ႔ မမြန္ျမတ္ျခယ္တို႔ တရားဝင္အၾကင္လင္မယားအရာေျမႇာက္ပါၿပီ"
"ေရး!.."
"နမ္းပါ နမ္းပါ!.."
ညီညီသည္ မြန္းရဲ႕နဖူးကို ဖိကပ္နမ္းလိုက္ပါသည္။
ဒီကမာၻေပၚမွာ ဒီေန႔ရဲ႕ညေနခင္းေလးက အလွဆုံးပါပဲ။
••••••••••*˘︶˘*.。*♡••••••••••
"ရနံ႔ သူကဘယ္သူလဲ"
လူႀကီးေတြက သူတို႔နဲ႔ရင္းႏွီးရာလူႀကီးေတြႏွင့္ စကားေျပာေနၾကစဥ္ မြန္းတို႔လည္း သူငယ္ခ်င္းေတြႏွင့္ ဝိုင္းဆုံၾက၏။ တိမ္နဲ႔ပန္ပန္၊ ကိုကိုတိုင္းနဲ႔ကိုရဲရင့္၊ လင္းနဲ႔ေယာ၊ ကိုစစ္ေသြး၊ကိုေကာင္းခန႔္၊ရနံ႔နဲ႔လူတစ္ေယာက္နဲ႔ မြန္းတို႔အပါအဝင္ စုစုေပါင္း (၁၂)ေယာက္။ ေဘးနားမွာၿငိမ္ၿငိမ္ကုတ္ကုတ္ေလးထိုင္ေနသည့္ ေနစိုင္းနဲ႔႐ႊန္းလဲ့ေရာဆို (၁၄)ေယာက္။ မြန္းက ရနံ႔ေခၚလာသည့္ပါတနာကို ျမင္ဖူးသလိုရွိ၍ ေမးျဖစ္သည္။ တစ္ေနရာရာမွာေတာ့ျမင္ဖူးရက္နဲ႔ မမွတ္မိ။
"ခြန္း! သူ႔နာမည္က ခြန္း"
"စိတ္မရွိနဲ႔အစ္ကို ျမင္ဖူးသလိုျဖစ္ေနလို႔"
"မြန္း သူက နာမည္ေက်ာ္ေနာ္ DJ artist...ငါတို႔ေတာင္ေက်ာင္းတုန္းက ဓာတ္ပုံ႐ိုက္ေသးတယ္ေလ"
ပန္ပန္က အားတက္သေရာဝင္ရွင္းျပသည္။ ကိုယ္အရမ္းႀကိဳက္ရတဲ့အားတစ္က ကိုယ့္သူငယ္ခ်င္းရဲ႕ရည္းစားတဲ့လား။မယုံႏိုင္စရာပဲ။
"အာ!..ပန္ပန္ နင့္fav"
ခြန္းလည္းအခုမွမွတ္မိပုံရသည့္ ေရွ႕ကေကာင္မေလးေၾကာင့္ ရယ္မိသည္။ သူ အဲ့တုန္းက စိတ္ဝင္စားခဲ့သည့္ေကာင္မေလးက အခုေတာ့ လက္ထပ္ေနၿပီ။ ပိုအံ့ဩဖို႔ေကာင္းတာက သူအခုတြဲေနတဲ့ရနံ႔ကလည္း သူမေလးသူငယ္ခ်င္းတဲ့။ ေရစက္က ရွိလိုက္ပုံမ်ား။
"လက္ထပ္တာဂုဏ္ျပဳပါတယ္ ညီမေလး"
"ေက်းဇူးအစ္ကို ရနံ႔ နင္တို႔အရမ္းလိုက္တယ္"
မြန္းက ရနံ႔ကိုလက္မေထာင္ျပကာ ခ်ီးက်ဴးသြားပါသည္။
"ေက်းဇူးတင္ပါတယ္ မမြန္းရယ္"
ရနံ႔က ထရပ္ကာ ရင္ဘတ္ေပၚလက္တင္ၿပီး ဂါဝန္စကို အနည္းငယ္မကာ မင္းသမီးပုံစံျဖင့္ေခါင္းၿငိမ့္သည္။
ရနံ႔နဲ႔ခြန္းက အႏုပညာေလာကမွစေတြ႕ခဲ့ၾကတာျဖစ္ၿပီး ခံယူခ်က္တူလို႔တြဲျဖစ္သြားၾကတာျဖစ္သည္။ ဘယ္အထိဆက္သြားျဖစ္မလဲမသိေပမဲ့ ရနံ႔က ခြန္းအတြက္ အဆုံးထိျဖစ္ဖို႔ေသခ်ာသေလာက္ရွိသည္။
ညီညီကေတာ့ စကားသိပ္မေျပာဘဲ မြန္းမ်က္ႏွာကိုသာတစိမ့္စိမ့္ထိုင္ၾကည့္ေန၏။ မြန္းရင္ဖြင့္စကားေတြက ညီညီ့ရင္ကို ေတာ္ေတာ္ထိသြားပုံရသည္။
Love is sweet.
••••••••••*˘︶˘*.。*♡••••••••••
ဆက္ရန္