Part(14) Unicode &Zawgyi

868 23 0
                                    

Unforgotten memories

အပိုင်း(၁၄)

လက်ထပ်ပြီးနောက်!..

မနက်ခင်းတိုင်းမှာ မွန်းရဲ့ဘေး ညီညီရှိနေခဲ့သည်။ နိုးလာလို့မျက်လုံးနှစ်ဖက်ဖွင့်တဲ့အချိန် ချစ်ရသူကိုမြင်တွေ့ခွင့်ရခြင်းဟာလည်း ရင်ခုန်ဖွယ်ရာအခိုက်အတန့်တစ်ခုပါပဲ။

အနည်းငယ်မဲနက်သည့်မျက်ခုံးမွှေးညီညီ၊ ယောက်ျားတန်မဲ့ မျက်တောင်ကော့ကော့လေး၊ ‌ဖြောင်းစင်းနေသည့်နှာခေါင်း၊ အနည်းငယ်ညိုနေသည့်နှုတ်ခမ်း၊ စိမ်းဖန့်ဖန့်နှုတ်ခမ်းမွှေး စသဖြင့် အရာရာပြီးပြည့်စုံသည့် မျက်နှာ။ ထိုသို့ပြီးပြည့်စုံသည့်မျက်နှာလေးကိုအနီးကပ်တွေ့ရတာဘယ်လောက်များကံကောင်းလိုက်သလဲ။ မွန်းကကြီးမှအနည်းငယ်လှလာတာဖြစ်ပေမဲ့ ညီညီကတော့ မွေးရာပါ ပြီးပြည့်စုံသည့်‌‌ယောက်ျား။ ထိုယောက်ျားက မွန်းကို သည်းသည်းလှုပ်ချစ်ပေးတာ အရမ်းပျော်ရပါသည်။

"ဟီး!.."

"အင်း!..ဘာတွေသဘောကျနေတာလဲ"

မွန်း အနီးကပ်ငေးကြည့်နေတုန်း ညီညီနိုးလာသည်။ မွန်းသဘောကျတာတွေ့တော့ မျက်ခုံးနှစ်ဖက်တွန့်ကာ မေးခွန်းထုတ်လာသည့် ညီညီ့ရင်ခွင်ထဲ တိုးဝင်လိုက်ရင်း ရင်ဘတ်ကိုခိုးနမ်းလိုက်သည်။

"အချစ်က အရမ်းချောနေတော့ ကြည့်ရင်းကြည့်ရင်းနဲ့ ပျော်လာတာ..."

"ကိုယ်ကပိုပျော်တာပေါ့ မနက်နိုးနိုးချင်း မိန်းမဆီကချစ်စကားကြားရတာ"

"အရမ်းပျော်ရင် မနက်စာထချက်! မွန်းမနေ့ကပင်ပန်းထားတယ်"

"မထနိုင်ဘူးလား ကိုယ်ဆန်ပြုတ်ကျိုပေးရမလား"

"ဟင့်အင်း အဲ့လောက်ထိမလိုပါဘူး ပွဲသွားရတာဆက်တော့ ညောင်းကိုက်နေတာ...ကျောင်းလည်းသွားရတော့ ပင်ပန်းသွားတာ"

"ပင်ပန်းရင် အလုပ်ထွက်လိုက်... Your Choiceနဲ့ Moon Angelက ပူးပေါင်းထားပြီပဲ ကိုယ်တစ်ယောက်တည်းလုပ်လို့ရတယ် မွန်းက စာဆက်သင်...တစ်ခါတစ်လေမွန်းပျင်းမှ ကိုယ့်ကိုလာကူပေးပေါ့"

"ညီညီပင်ပန်းမှာပေါ့"

"ကိုယ်က အဆင်ပြေတယ်! အလုပ်ကကိုယ်တိုင်လုပ်ရတာမှမဟုတ်တာ စီမံပေးယုံပဲ ရွှန်းလဲ့ရော နေစိုင်းရောရှိတယ်"

အိမ်မက်လမ်းနှင့်အချစ်သံစဉ်-Season(2)-Unforgotten memories 💝Wo Geschichten leben. Entdecke jetzt