Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-37

545 73 1
By ANyein_26



ရွှီလျန် ရှန့်ချန်ခုန်းနှင့်စကားပြောနေသည်အား အဆုံးသတ်ပြီး ရှန့်နွမ်ကို ပြန်ကြည့်၏။

"လာ မင်းကိုအိမ်ပြန်ပို့ပေးမယ် ဒီအကြောင်းကို မင်းအစ်ကိုနဲ့ မျက်နှာချင်းဆိုင်ပြောလိုက်တာ ပိုကောင်းတယ်"

ရွီလျန်နှင့်ရှန့်နွမ်တို့နှစ်ယောက်သား ရှန့်နွမ်အိမ်သို့ရောက်ရှိလာချိန်မှာတော့ ရှန့်ချန်ခုန်းက စားပွဲပေါ်တွင် နေ့လယ်စာပြင်ဆင်ထားပြီးပြီ။

ရှန့်နွမ်က ရွှီလျန်အနောက်မှ အထဲသို့လိုက်ဝင်သွားပေမဲ့လည်း သူမ ရှန့်ချန်ခုန်းကိုတော့ မကြည့်ရဲသေး ၊ ရှန့်ချန်ခုန်းက ထမင်းပန်းကန်ယူရန် မီးဖိုချောင်ထဲသို့ဝင်သွား၏။ သူ စားပွဲပေါ် နေရာချထားပြီးသည်နှင့်

"အရင်ဆုံးစားလိုက် ဆောင်းရာသီမှာဆို အစားအသောက်တွေက အေးလွယ်တယ်"

ယခင်က သူမတစ်ယောက်တည်း ဝမ်းရှုလီနှင့်နှစ်ကြိမ်တိုင်တိုင် အချိိန်ကုန်ဆုံးခဲ့ပြီးနောက် ရွှီလျန်မှာ သူမ(ဝမ်းရှုလီ)ကို ပထမဆုံးအကြိမ်တွေ့သည့်အချိန်ကထက်စာလျှင် ယခုအချိန်တွင် ပို၍သက်သောင့်သက်သာ မျက်နှာချင်းဆိုင်နေနိုင်ပြီဖြစ်သည်။ ရွှီလျန်က ဝမ်းရှုလီနှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ပြီး သူမအား ပြုံးပြလိုက်သည်။

"မင်္ဂလာပါ အန်တီ ကျွန်မထပ်ရောက်လာပါပြီ"

ပြန်တုံ့ပြန်ခြင်းမရှိဘဲ ဝမ်းရှုလီက သူမတူတွေကို ကောက်ကိုင်၍ ထမင်းပန်းကန်ကိုယူကာ တိတ်တဆိတ် နေ့လယ်စာစားတော့သည်။ ရှန့်နွမ်ကမူ ရှန့်ချန်ခုန်းနှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေကာ သူမထမင်းပန်းကန်ထဲမှာပဲ ခေါင်းငုံ့ထားပါ၏။

"ကျေးဇူးပါပဲ"

သူမပန်းကန်ထဲက အသားလုံးကိုမြင်တော့ ရွှီလျန်က သူမတူတွေဖြင့် ထိုးခွဲလိုက်ရာ တစ်ကိုက်ကိုက်လိုက်သည်။ ရှန့်ချန်ခုန်းက ပြုံးရင်းဖြင့်

"ကိုယ် မင်းကို ဇွန်းယူပေးရမလား? ဇွန်းနဲ့ယူမယ်ဆိုရင် ပိုလွယ်လိမ့်မယ်"

"ကောင်းပါပြီ"

ရွှီလျန်က သူ နေရာမှထ၊ မီးဖိုချောင်ထဲသွားကာ ဇွန်းတစ်ချောင်းဖြင့် ပြန်ရောက်လာသည်ကို စောင့်ကြည့်နေ၏။ သူမ ကမ်းပေးလာသောဇွန်းကို ယူပြီး နောက်ထပ်အသားလုံးတစ်လုံးအား ဇွန်းဖြင့်ခပ်၍ ရှန့်ချန်ခုန်းပန်းကန်ထဲ ထည့်ပေးလိုက်သည်။

"ပြောတဲ့အတိုင်းပဲ ဇွန်းကိုသုံးရင် အများကြီးပိုလွယ်တယ်"

ရှန့်နွမ်မှာတော့ တိတ်တဆိတ် စားသောက်နေ၏။

သူမက စိတ်အခြေအနေမကောင်းနှင့်နေပြီးသား.. သူတို့ကတော့ သူမကို ခွေးစာတွေ အဝကျွေးနေကြသေးတုန်းပဲ။

နေ့လယ်စာစားပြီးနောက် ဝမ်းရှုလီက နေ့လည်ခင်းတစ်ရေးအိပ်ရန် သူမအခန်းထဲ ပြန်ဝင်သွားခဲ့သည်။ ရှန့်ချန်ခုန်းက ထမင်းစားစားပွဲကို ရွှီလျန်နှင့်အတူ သန့်ရှင်းရေးလုပ်နေ၏။ ဆေးမည့်ပန်းကန်တွေကိုယူရင်း သူ ရွှီလျန်အား

"ကိုယ် လက်စသတ်လိုက်မယ် မင်းလဲတစ်ရေးအိပ်လိုက်လေ"

ရွှီလျန်သည်လည်း နည်းနည်းအိပ်ငိုက်နေ၏။ သူမ အမီလုပ်စရာမလိုသည့်အမှာစာတွေမရှိလျှင် သူမက နေ့လည်ခင်းအချိန်တွင် သူမဆိုင်နားနေခန်း၌ အနားယူလေ့ရှိသည်။ ခေတ္တခဏတွေးတောပြီးနောက် သူမက

"ဒါဆို ကျွန်မ ဆိုဖာပေါ်မှာ တစ်မှေးမှေးလိုက်အုံးမယ်နော်"

ရှန့်ချန်ခုန်း သူမကိုစိုက်ကြည့်နေရာ သူ့မျက်ဝန်းတွေဟာ စူးစူးရှရှနှင့်လှပ၏။ နည်းနည်းစိတ်ထင့်လာသလို ခံစားရသဖြင့် ရွှီလျန် မေးမြန်းလိုက်သည်။

"ရှင် ကျွန်မကို ဘာလို့အဲဒီလိုမျိုးကြည့်နေတာလဲ"

သူမ၏အသံမှာ အနည်းငယ် စိုးရိမ်နေသည့်ဘက်သို့ ရောက်သွားသည်ကိုကြားတော့ ရှန့်ချန်ခုန်း နှုတ်ခမ်းတွေကွေးတက်သွားပြီး

"မင်း ကိုယ့်အခန်းထဲသွားပြီး အိပ်လို့ရတယ်"

သူက သည်စကားကို မသဲမကွဲအရိပ်အယောင်တစ်စွန်းတစ်စမှမပါဘဲ အလွန်အလေးအနက်ဖြစ်သောလေသံဖြင့် ပြောခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ဆိုလျှင်တောင် သူ့စကားတွေက တစ်စုံတစ်ယောက်၏နှလုံးခုန်သံတွေကို အလွန်မြန်ဆန်အောင် ပြုလုပ်နိုင်၏။

ရွှီလျန် ခေါင်းမော့၍ သူ့ကိုကြည့်လိုက်သည်။ သူတို့နှစ်ယောက်သာ ဘယ်သူမဆိုလျှောက်သွားလို့ရသော မီးဖိုချောင်ထဲမှာမဟုတ်ခဲ့ပါက.... မေ့လိုက်တော့ ၊ ခေါင်းတစ်ချက်ညိတ်၍ ရွှီလျန် နောက်လှည့်ပြီး ရှန့်ချန်ခုန်းအိပ်ခန်းသို့ သွားလိုက်ပါတော့သည်။

ဤတစ်ခေါက်က ရွှီလျန် ရှန့်ချန်ခုန်း၏အခန်းထဲကို တတိယအကြိမ်မြောက် ဝင်ရောက်လာခြင်းဖြစ်သည်။ သူ့အိပ်ခန်းမှာ အရင်လိုမျိုးပဲ : ကျဉ်းတယ်၊ ရိုးရှင်းတယ်၊ သပ်ရပ်တယ်။ အရင်တစ်ခေါက်က သူမ သူ့ကိုပေးခဲ့သောဖယောင်းတိုင်ကို တစ်ဝက်အသုံးပြုပြီးပြီဖြစ်ရာ သူ့မီးအိမ်ဘေးနားတွင် ထားထားသည်။ သူမ ဖယောင်းတိုင်ကို တစ်ချက်ကြည့်ပြီး လှည့်ပတ်ကြည့်လိုက်ပြီးနောက် သူ့အိပ်ရာလွတ်ထံသို့ သူမအကြည့်တွေရောက်သွားပါတော့၏။

အခန်းကကျဉ်းသဖြင့် သူ့အိပ်ရာမှာလည်း တစ်ယောက်အိပ်အသေးစားလေးသာဖြစ်သည်။ အဖြူရောင်အိပ်ရာခင်းဆိုပေမဲ့ အေးတယ်လို့မခံစားရဘူး ၊ ထိုအစား ၎င်းက ရွှီလျန်အား လှဲလျောင်းရန် လှုံ့ဆော်ပေးနေ၏။

ရွှီလျန်လက်က ခေါင်းအုံးကို ဖြည်းဖြည်းချင်း ကြင်နာစွာပွတ်သပ်လိုက်ပြီး အိပ်ရာခင်းဆီသို့ ရွှေ့ပြောင်းသွား၏။ ၎င်းက သူမထင်ထားတာထက် ပိုနူးညံ့ရာ ဟိုးအောက်ပိုင်းထဲထိ နွေးထွေးကောင်းနွေးထွေးနိုင်သည်။

ရွှီလျန် သူမဖိနပ်နှင့်ဂျက်ကတ်ကိုချွတ်၍ စောင်အောက်သို့ဝင်ကာ သူမမျက်လုံးတွေကို မှတ်ထားလိုက်ပါတော့သည်။

သူမပတ်ပတ်လည်တွင် ရှန့်ချန်ခုန်း၏ရနံ့များ လွှမ်းခြုံနေကာ သူမက ရှန့်ချန်ခုန်းလက်မောင်းတွေထဲမှာ ထွေးပွေ့ခံထားရသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေသည်။

ခံစားချက်က အတော်လေးစွဲလမ်းစေတက်တာပဲ...

မီးဖိုချောင်ထဲတွင် ရှန့်ချန်ခုန်းမှာ ပန်းကန်တွေကိုဆေးကြောနေတုန်းပဲ ၊ ရှန့်နွမ်က သူမအိပ်ခန်းထဲတွင်ဖြစ်ရာ သူမလေ့ကျင့်ခန်းစာအုပ်ကို လှန်လှောကြည့်နေပြီး စာတစ်လုံးတောင် ဖတ်မနေခဲ့ပေ။ နောက်ဆုံးတွင် သူမ မနေနိုင်တော့ဘဲ ရှန့်ချန်ခုန်းထံသွားလိုက်တော့သည်။

"အစ်ကို"

ရှန့်နွမ်မှာ မီးခိုချောင်တံခါးဘောင်တွင် ရပ်နေပြီး သူ့ကိုခေါ်လိုက်၏။ ရှန့်ချန်ခုန်းက လုပ်နေကျအတိုင်း နောက်လှည့်ကြည့်ပြီး သူ့လက်တွေမှာတော့ လက်ဆေးကန်ထဲတွင် ရှိနေဆဲဖြစ်ကာ

"ဘာဖြစ်လို့လဲ"

ရှန့်နွမ်မှာ ချက်ချင်း အာစေးမိသွားရ၏။ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးမှာတော့ သူမလေးသည် ရွှီလျန်ကိုပြောပြခဲ့သမျှအား ပြန်ပြောရန်အတွက် သတ္တိစုဆောင်းနိုင်သွားခဲ့ချေပြီ။

"ညီမ..ညီမ တက္ကသိုလ်မသွားချင်ဘူး"

ရှန့်ချန်ခုန်း တိတ်ဆိတ်သွားသည်။ ဖြည်းဖြည်းချင်း သူကိုင်ထားသောပန်းကန်ကိုအောက်ချ ၊ သူ့လက်တွေကိုဆေးကြောပြီး ရေဘုံပိုင်ခေါင်းကို ပိတ်လိုက်၏။

ရှန့်နွမ်သည် သူမကြုံဖူးသမျှထဲမှာ ယခုအချိန်က စိတ်အလှုပ်ရှားဆုံးပဲ ၊ သူမ ရှန့်ချန်ခုန်းကို သူမအဆင့်တွေပြောပြခဲ့သည့်အချိန်ကထက်တောင် ပို၍စိတ်လှုပ်ရှားနေခဲ့သည်။ ရှန့်ချန်ခုန်းက သူမကိုရိုက်နှက်ပြီး ဆူပူလာမှုကိုတော့ သူမ မကြောက်ဘူး.. အကြောင်းမှာ ရိုးရိုးသားသားပြောရလျှင် ရှန့်ချန်ခုန်းမှာ ဤကဲ့သို့သောအရာများကို လုပ်တက်သည့်အကျင့်စရိုက် မရှိဘူး။ ယခင်က သူ သူမကို ဘယ်တော့မှ မအော်ခဲ့ဖူးဘူး။

သူမအကြောက်ဆုံးကတော့ သူ့ကိုစိတ်ပျက်စေခဲ့တာပဲ။

သူ့လက်ကို အခြောက်ခံပြီးနောက် ရှန့်ချန်ခုန်းသည် ရှန့်နွမ်ကိုမျက်နှာချင်းဆိုင်၍

"ဘာလို့လဲ"

"ညီမ....ညီမမှာ တက္ကသိုလ်သွားဖို့ အကြိုက်တွေ့စရာမရှိဘူး။ ဒီပလိုမာတစ်ခုက တစ်စုံတစ်ဦးရဲ့အရည်အချင်းကို ကိုယ်စားမပြုဘူးလေ၊ ဒီနေ့ခေတ်မှာ တက္ကသိုလ်ကျောင်းသားတွေတောင် အလုပ်တွေမရှာနိုင်ကြဘူး.. ညီမကတော့ လက်မှုပညာတစ်ခုကိုသင်ယူပြီး အသက်မွေးဝမ်းကြောင်းပြုတာက ပိုကောင်းတယ်လို့ထင်တယ်။ ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးတော့ ရွှီလျန်ကျဲလိုမျိုး ဘော့စ်တစ်ယောက်လုပ်တာက အများကြီးပိုကောင်းတယ်လို့ အစ်ကိုရော မထင်ဘူးလား?"

ရှန့်ချန်ခုန်းက

"ရွှီလျန်က တက္ကသိုလ်ကနေဘွဲ့ရပြီးမှ ဆိုင်ဖွင့်ခဲ့တာ"

"ဒါပေမဲ့ ဒါက အချိန်လေးနှစ်ကို အချည်းနှီးဖြုန်းတီးလိုက်တာပဲမလား? ညီမကြားတာ တက္ကသိုလ်မှာသင်တဲ့အရာအများကြီးက တကယ်တမ်း လုပ်ငန်းခွင်ဝင်တဲ့အချိန်ကျရင် အသုံးမဝင်ဘူးတဲ့"

ရှန့်ချန်ခုန်း တစ်ခဏလောက် ငြိမ်သက်နေ၏။ ထို့နောက် သူ့လက်မြှောက်၍ ရှန့်နွမ်၏ဦးခေါင်းထိပ်လေးအား ထိတွေ့လျက်

"တက္ကသိုလ်သွားတာက အသုံးမဝင်တာတော့မဟုတ်ဘူး၊ နင် အဲဒီမှာသင်ရမဲ့ဗဟုသုတတွေက အနာဂတ်မှာ နင့်အတွက် အသုံးမဝင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လေးနှစ်ကြာတက္ကသိုလ်တက်ရတဲ့အတွေ့အကြုံတွေကတော့ အကျိုးရှိတယ်.. နောက်တစ်ချိန်ကျရင် အဲဒီလေးနှစ်တာက နင့်အတွက် တန်ဖိုးရှိတဲ့အမှတ်တရတစ်ခု ဖြစ်လာလိမ့်မယ်။ ဟုတ်တာပေါ့ ပညာရေးက အရည်အချင်းကို ကိုယ်စားမပြုပေမဲ့ ပညာရေးက နင့်ကို အမျိုးမျိုးသောနေရာတွေကို ဝင်ရောက်ခွင့်ပြုဖို့အတွက် လှေကားထစ်တစ်ခုပဲ.. တချို့နေရာတွေမှာဆို ဒီပလိုမာမရှိတာက နင့်ရဲ့ CV form ကိုတင်ဖို့အတွက် ပညာအရည်အချင်းတောင်မရှိဘူးလို့ဆိုလိုတာပဲ"

"ညီမ........"

"နင် တကယ်ပဲ တက္ကသိုလ်မသွားချင်ဘူးလား"

ရှန့်ချန်ခုန်း သူမကို စကားဖြတ်ပြော၏။ သူက သူမကို အမှန်တကယ် ဖောက်ထွင်းမြင်နေရသလိုပဲ ၊ ရှန့်နွမ်မှာ သူမအစ်ကိုကြီးကိုကြည့်ရင်း ပြောစရာစကားကင်းမဲ့သွားရသည်။

ဒါပေါ့ သူမသွားချင်တယ် မဟုတ်ရင် သူမက ဘာလို့ ကြိုးကြိုးစားစား အလုပ်လုပ်နေခဲ့မှာလဲ? အထက်တန်းကျောင်းက ပျင်းရိစရာကောင်းပြီး ဗျာများရတယ် ၊ နေ့တိုင်းက အသက်ရှုဖို့တောင် သူမကို ရုန်းကန်စေရတဲ့အထိ စိတ်လေးလံစေတယ်။ သို့ပေမဲ့ တက္ကသိုလ်ကတော့မတူဘူး ၎င်းက အရောင်အသွေးစုံလင်လှကာ လွတ်လွတ်လပ်လပ်နေထိုင်ပုံကို ပို၍ပေးစွမ်းနိုင်လေသည်။

အနည်းဆုံးတော့ ယင်းက သူမယုံကြည့်ထားရသည့်အရာပဲ။ သူမနှင့်သူမသူငယ်ချင်းတွေ အချင်းချင်း ကတိပေးထားကြတယ်.. သူတို့တွေ တက္ကသိုလ်ရောက်တဲ့အချိန်ကျရင် သူတို့ဆံပင်ကိုပုံသွင်းမယ် ၊ ရေပန်းစားတဲ့အင်္ကျီတွေဝယ်မယ် ၊ သူတို့လက်သည်းတွေကို အတူတူသွားလုပ်ကြမယ်။ ၎င်းက သူမ လှပနိုင်တဲ့အချိန်ပဲ ဖြစ်လိမ့်မယ်။

သူမ ရှန့်ချန်ခုန်းကို စိုက်ကြည့်နေရင်း သူမနှာခေါင်းမှာ စပ်ဖျဉ်းဖျဉ်းဖြစ်စပြုလာ၏။

"ညီမ....ညီမက လုပ်ငန်းခွင်ကို စောစောဝင်ချင်တာပါ အဲဒါဆို......."

အစ်ကိုက ကြိုးစားအလုပ်လုပ်စရာမလိုတော့ဘူး အစ်ကိုလုပ်ချင်တာလုပ်လို့ရပြီ။

ရှန့်ချန်ခုန်းက သူမခေါင်းလေးကိုပွတ်သပ်ပေးလျက်

"တက္ကသိုလ်ပြီးမှ လုပ်ငန်းခွင်ထဲဝင်ရင်လဲ အရမ်းနောက်မကျသေးပါဘူး"

"ဒါပေမဲ့ ညီမက စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး......"

"အစ်ကို ညီမလေးရဲ့ရလာဒ်တွေကို တွေ့ပြီးပါပြီ အရင်လစာမေးပွဲထက် ပိုကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"

ရှန့်နွမ် ခေါင်းငုံ့ထားမိ၏။ သူမသတ်မှတ်ထားတဲ့ရမှတ်တောင် မရနိုင်သေးတာ ဒါတွေကဘာအသုံးဝင်မှာလဲ...

ရှန့်ချန်ခုန်း သူမကို ခေတ္တမျှကြည့်နေပြီးနောက်

"အမှန်အတိုင်းပြောရရင် ငါ နင့်ကို မပြောရသေးတာတစ်ခုရှိတယ် ငါ ဘွဲ့လွန်ပရိုဂရမ်အတွက် စာရင်းသွင်းပြီးသွားပြီ"

ရုတ်တရက် ရှန့်နွမ် ခေါင်းမော့လာကာ

"တကယ်လား? လေကြောင်းတက္ကသိုလ်လား"

"အင်း ငါ စာမကြည့်ဖြစ်တာတော့ အတော်ကြာနေပြီဆိုပေမဲ့ ငါကြိုးစားကြည့်လို့ရသေးတယ်လို့ ထင်လို့"

"အစ်ကို အစ်ကိုသာဆိုရင် လုံးဝပြဿနာရှိမှာမဟုတ်ဘူးဆိုတာ ညီမသေချာတယ်!"

အကယ်၍ အရာရာ၌ ရှန့်ချန်ခုန်းကို မျက်စိမှိတ်ယုံကြည်သူ တစ်ဦးအား ကြိုးစားရှာဖွေရမည်ဆိုလျှင် သူတို့က ရှန့်နွမ်ကိုသာ ကြည့်ရန်လိုအပ်ပေလိမ့်မည်။ 

ကောင်းလိုက်တာ ငါ့အစ်ကိုကြီးက သူ့အိပ်မက်ကို လက်မလျှော့သေးဘူး။ ရှန့်နွမ် အလွန့်အလွန်ဝမ်းသာသွား၏။ သို့ပေမဲ့ သူမအမေအကြောင်းအား တွေးလိုက်မိသောအခါ

"အမေ ဒီအကြောင်းသိလား"

ဝမ်းရှုလီကိုပြောဆိုရာတွင် ရှန့်ချန်ခုန်း၏အမူအရာမှာ သိပ်မဟန်တော့ပေ။

"မသိသေးဘူး ငါ အရင်ဆုံး စာမေးပွဲဖြေဖို့စီစဉ်ထားတယ် ပြီးမှ အမေ့ကိုပြောပြလိုက်မလို့"

"ကောင်းပါပြီ"

ရှန့်နွမ် သဘောတူသည်။ သူတို့အဖေကွယ်လွန်သွားပြီးနောက် သူတို့အမေမှာ ရှန့်ချန်ခုန်းအား တူညီသည့်နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းကို သဘောမကျသည်မှာ သံသယဖြစ်ဖွယ်ရာပင်မရှိ။ နောက်ပြီး သူမအခြေအနေနှင့်ဆို..... သူတို့အမေက ပိုပြီးတော့တောင်ကန့်ကွက်လာမှာကို ရှန့်နွမ် စိုးရိမ်ရ၏။

ဝမ်းရှုလီသည် ယခုအချိန်တွင် အတော်လေးတည်ငြိမ်သော အခြေအနေတွင်ရှိနေသော်လည်း သူတို့မှာ ပြင်းထန်သောလှုံ့ဆော်မှုမျိုးက သူမ၏ရောဂါကို ထပ်မံဆိုးရွားသွားစေမည်ကို စိုးရိမ်နေကြသည်။

"ဘာပဲဖြစ်ဖြစ် အခု အစ်ကိုက စဉ်းစားပြီးသွားပြီဆိုတော့ ပြန်လေ့လာလိုက်တော့ပါ"

ရှန့်ချန်ခုန်း ရေဘုံပိုင်ခေါင်းကိုပြန်ဖွင့်၍ ပန်းကန်တွေဆက်လက်ဆေးကြောလိုက်သည်။

သို့သော် ရှန့်နွမ်ကတော့ တုံ့ဆိုင်းနေဆဲပဲ။

"ပြီးတော့ ပိုက်ဆံ....."

သူမနှင့်သူမအစ်ကိုကြီးနှစ်ယောက်လုံးသာ တက္ကသိုလ်တက်ကြမည်ဆိုပါက ကျူရှင်ကြေးများနှင့်နေထိုင်စရိတ်များကို သူတို့တွေ ဘယ်လိုပေးကြမည်နည်း?

"အဲဒီအတွက်စိတ်မပူနဲ့ ငါနည်းလမ်းရှာလိုက်မယ် အစ်ကိုက နင့်ကိုအငတ်မထားပါဘူး"

ရှန့်နွမ် နှုတ်ခမ်းရှုံ့မဲ့သွား၏။ သူမက ဗိုက်ဆာမှာကိုကြောက်နေတာမဟုတ်ပါဘူး.. ဒါပေမဲ့ သူမ ကျောင်းသားချေးငွေကို လျှောက်ထားလို့ရနိုင်တယ် စကော်လာရှစ်ရရန်လည်း ကြိုးစားလို့ရသလို ကျောင်းတက်နေစဉ်လည်း အလုပ်လုပ်လို့ရတယ်။ ထိုကဲ့သို့ တွေးပြီးနောက် ရှန့်နွမ်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားတော့သည်။

ရှန့်ချန်ခုန်းက ပန်းကန်ဆေးကြောနေချိန်တွင် ရှန့်နွမ်က သူမအခန်းထဲပြန်သွားပါတော့၏။ အိမ်က အရမ်းတိတ်ဆိတ်သွားသည်။ ဝမ်းရှုလီက သူမအခန်းထဲတွင် တစ်ရေးတစ်မောအိပ်နေပြီး ရှန့်နွမ်မှာ သူမအခန်းထဲတွင် စာကြည့်နေလေသည်။ ရှန့်ချန်ခုန်းကမူ သူ့အခန်းဆီသို့ လျှောက်လာရင်း မသိစိတ်အရ သူ့ခြေလှမ်းများကို ဖွဖွလေးလျှောက်လာခဲ့ပါ၏။

သူ့အိပ်ခန်းထဲတွင် ရွှီလျန် အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။ ရှန့်ချန်ခုန်းသည် သူမဘေးနား ကုတင်ပေါ်တွင် ထိုင်ကာ သူ့နှုတ်ခမ်းထက်၌လည်း အပြုံးတစ်ခုချိတ်ဆွဲထားလျက်ရှိ၏။ အိပ်ပျော်နေစဉ်မှာလည်း ရွှီလျန်က သူမ၏နဂိုပုံစံနှင့် ဘာမှကွာခြားမှုမရှိ ၊ သူမဆံပင်တွေ မချည်နှောင်ထားသဖြင့် သူမမှာ သတိလက်လွတ်ဖြစ်သလို ခံစားနေရသည်။ ရှန့်ချန်ခုန်း မနေနိုင်တော့ဘဲ လက်လှမ်းပြီး ထိတွေ့လိုက်၏။

ခံစားလို့ကောင်းတယ်...

သူ့လက်က သူမဆံပင်မှတစ်ဆင့် သူမမျက်နှာထက်သို့ ကူးလူးရွေ့လျားနေ၏။ သူ့လက်ချောင်းက သူမပါးပြင်ကို ထိတွေ့လိုက်တိုင်း ရွှီလျန်က တရှုပ်ရှုပ်လုပ်လိုက်ပါသည့်တိုင် ရှန့်ချန်ခုန်းကတော့ မဖယ်လိုက်ခဲ့ပေ။ ရှန့်ချန်ခုန်း သူမကို ခဏငုံ့ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ကိုယ်ကိုကိုင်းကာ သူမနှုတ်ခမ်းကို နမ်းလိုက်ပါ၏။

သူ သူမကို မချစ်မိသေးသည့်အချိန်ကပင် သူမကိုနမ်းရှိုက်ရန်၊ ဆုပ်ကိုင်ထားရန်၊ သူမနှင့်အတွင်းကျကျအရာအားလုံးကို လုပ်ဆောင်ရန် စိတ်အားထက်သန်နေခဲ့ပြီးဖြစ်သည်။

ရွှီလျန်ကသာ အရာရာကို အစပျိုးသည့်သူတစ်ယောက်ဖြစ်သဖြင့် သူမကိုပိုင်ဆိုင်ရန်အတွက် သူ မည်မျှစိတ်အားထက်သန်နေသလဲကိုတော့ သူမ သိနိုင်မှာမဟုတ်။

သူမ လိုချင်သလောက် သူသည်လည်း သူမကိုလိုချင်သည်။

ရှန့်ချန်ခုန်း နမ်းပြီးနောက် ရွှီလျန်နိုးလာခဲ့၏။ သူမဦးနှောက်က ဖြစ်ပျက်နေတာတွေကို ဖြည်းဖြည်းချင်း သဘောပေါက်လာပြီး သူမလက်တွေကို သူ့ခါးတစ်ဝိုက် ဖက်တွယ်ထားလိုက်သည်။

သူမက ရှန့်ချန်ခုန်းကို ပိုနီးကပ်လာစေပြီး အနမ်းတွေကို နက်ရှိုင်းစေလိုက်၏။ သို့သော် သူမသည် ချက်ချင်းပင် နောက်ပြန်ဆုတ်ကာ သူမ၏မငြိမ်မသက်ဖြစ်နေသောနှလုံးသားကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

ဤကိစ္စလုပ်ရမဲ့နေရာမဟုတ်ဘူး။

ရှန့်ချန်ခုန်း အသက်ပြင်းပြင်းတစ်ချက်ရှူပြီး သူမနားထဲသို့ တိုးတိုးလေးကပ်ပြောလိုက်၏။

"ဒီည ကိုယ် မင်းကိုပြန်လိုက်ပို့ရမလား"

သူ့စကားတွေက အရိပ်အမြွက်ပြလွန်းနေတာပဲ.. ရွှီလျန်မှာ အမောတကောဖြင့် အသက်ရှူသံပြင်းနေကာ 'အင်း' ဟုဖြေလိုက်၏။ မျက်နှာထက်က အိပ်ငိုက်နေသောအသွင်အပြင်မှာလည်း ပျောက်ကွယ်သွားရပါတော့သည်။

______________________



႐ႊီလ်န္ ရွန့္ခ်န္ခုန္းႏွင့္စကားေျပာေနသည္အား အဆုံးသတ္ၿပီး ရွန့္ႏြမ္ကို ျပန္ၾကည့္၏။

"လာ မင္းကိုအိမ္ျပန္ပို႔ေပးမယ္ ဒီအေၾကာင္းကို မင္းအစ္ကိုနဲ႕ မ်က္ႏွာခ်င္းဆိုင္ေျပာလိုက္တာ ပိုေကာင္းတယ္"

႐ြီလ်န္ႏွင့္ရွန့္ႏြမ္တို႔ႏွစ္ေယာက္သား ရွန့္ႏြမ္အိမ္သို႔ေရာက္ရွိလာခ်ိန္မွာေတာ့ ရွန့္ခ်န္ခုန္းက စားပြဲေပၚတြင္ ေန႕လယ္စာျပင္ဆင္ထားၿပီးၿပီ။

ရွန့္ႏြမ္က ႐ႊီလ်န္အေနာက္မွ အထဲသို႔လိုက္ဝင္သြားေပမဲ့လည္း သူမ ရွန့္ခ်န္ခုန္းကိုေတာ့ မၾကည့္ရဲေသး ၊ ရွန့္ခ်န္ခုန္းက ထမင္းပန္းကန္ယူရန္ မီးဖိုေခ်ာင္ထဲသို႔ဝင္သြား၏။ သူ စားပြဲေပၚ ေနရာခ်ထားၿပီးသည္ႏွင့္

"အရင္ဆုံးစားလိုက္ ေဆာင္းရာသီမွာဆို အစားအေသာက္ေတြက ေအးလြယ္တယ္"

ယခင္က သူမတစ္ေယာက္တည္း ဝမ္းရႈလီႏွင့္ႏွစ္ႀကိမ္တိုင္တိုင္ အခ်ိိန္ကုန္ဆုံးခဲ့ၿပီးေနာက္ ႐ႊီလ်န္မွာ သူမ(ဝမ္းရႈလီ)ကို ပထမဆုံးအႀကိမ္ေတြ႕သည့္အခ်ိန္ကထက္စာလွ်င္ ယခုအခ်ိန္တြင္ ပို၍သက္ေသာင့္သက္သာ မ်က္ႏွာခ်င္းဆိုင္ေနနိုင္ၿပီျဖစ္သည္။ ႐ႊီလ်န္က ဝမ္းရႈလီႏွင့္မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ဝင္ထိုင္ၿပီး သူမအား ၿပဳံးျပလိုက္သည္။

"မဂၤလာပါ အန္တီ ကြၽန္မထပ္ေရာက္လာပါၿပီ"

ျပန္တုံ႕ျပန္ျခင္းမရွိဘဲ ဝမ္းရႈလီက သူမတူေတြကို ေကာက္ကိုင္၍ ထမင္းပန္းကန္ကိုယူကာ တိတ္တဆိတ္ ေန႕လယ္စာစားေတာ့သည္။ ရွန့္ႏြမ္ကမူ ရွန့္ခ်န္ခုန္းႏွင့္မ်က္ႏွာခ်င္းဆိုင္၌ ထိုင္ေနကာ သူမထမင္းပန္းကန္ထဲမွာပဲ ေခါင္းငုံ႕ထားပါ၏။

"ေက်းဇူးပါပဲ"

သူမပန္းကန္ထဲက အသားလုံးကိုျမင္ေတာ့ ႐ႊီလ်န္က သူမတူေတြျဖင့္ ထိုးခြဲလိုက္ရာ တစ္ကိုက္ကိုက္လိုက္သည္။ ရွန့္ခ်န္ခုန္းက ၿပဳံးရင္းျဖင့္

"ကိုယ္ မင္းကို ဇြန္းယူေပးရမလား? ဇြန္းနဲ႕ယူမယ္ဆိုရင္ ပိုလြယ္လိမ့္မယ္"

"ေကာင္းပါၿပီ"

႐ႊီလ်န္က သူ ေနရာမွထ၊ မီးဖိုေခ်ာင္ထဲသြားကာ ဇြန္းတစ္ေခ်ာင္းျဖင့္ ျပန္ေရာက္လာသည္ကို ေစာင့္ၾကည့္ေန၏။ သူမ ကမ္းေပးလာေသာဇြန္းကို ယူၿပီး ေနာက္ထပ္အသားလုံးတစ္လုံးအား ဇြန္းျဖင့္ခပ္၍ ရွန့္ခ်န္ခုန္းပန္းကန္ထဲ ထည့္ေပးလိုက္သည္။

"ေျပာတဲ့အတိုင္းပဲ ဇြန္းကိုသုံးရင္ အမ်ားႀကီးပိုလြယ္တယ္"

ရွန့္ႏြမ္မွာေတာ့ တိတ္တဆိတ္ စားေသာက္ေန၏။

သူမက စိတ္အေျခအေနမေကာင္းႏွင့္ေနၿပီးသား.. သူတို႔ကေတာ့ သူမကို ေခြးစာေတြ အဝေကြၽးေနၾကေသးတုန္းပဲ။

ေန႕လယ္စာစားၿပီးေနာက္ ဝမ္းရႈလီက ေန႕လည္ခင္းတစ္ေရးအိပ္ရန္ သူမအခန္းထဲ ျပန္ဝင္သြားခဲ့သည္။ ရွန့္ခ်န္ခုန္းက ထမင္းစားစားပြဲကို ႐ႊီလ်န္ႏွင့္အတူ သန့္ရွင္းေရးလုပ္ေန၏။ ေဆးမည့္ပန္းကန္ေတြကိုယူရင္း သူ ႐ႊီလ်န္အား

"ကိုယ္ လက္စသတ္လိုက္မယ္ မင္းလဲတစ္ေရးအိပ္လိုက္ေလ"

႐ႊီလ်န္သည္လည္း နည္းနည္းအိပ္ငိုက္ေန၏။ သူမ အမီလုပ္စရာမလိုသည့္အမွာစာေတြမရွိလွ်င္ သူမက ေန႕လည္ခင္းအခ်ိန္တြင္ သူမဆိုင္နားေနခန္း၌ အနားယူေလ့ရွိသည္။ ေခတၱခဏေတြးေတာၿပီးေနာက္ သူမက

"ဒါဆို ကြၽန္မ ဆိုဖာေပၚမွာ တစ္ေမွးေမွးလိုက္အုံးမယ္ေနာ္"

ရွန့္ခ်န္ခုန္း သူမကိုစိုက္ၾကည့္ေနရာ သူ႕မ်က္ဝန္းေတြဟာ စူးစူးရွရွႏွင့္လွပ၏။ နည္းနည္းစိတ္ထင့္လာသလို ခံစားရသျဖင့္ ႐ႊီလ်န္ ေမးျမန္းလိုက္သည္။

"ရွင္ ကြၽန္မကို ဘာလို႔အဲဒီလိုမ်ိဳးၾကည့္ေနတာလဲ"

သူမ၏အသံမွာ အနည္းငယ္ စိုးရိမ္ေနသည့္ဘက္သို႔ ေရာက္သြားသည္ကိုၾကားေတာ့ ရွန့္ခ်န္ခုန္း ႏႈတ္ခမ္းေတြေကြးတက္သြားၿပီး

"မင္း ကိုယ့္အခန္းထဲသြားၿပီး အိပ္လို႔ရတယ္"

သူက သည္စကားကို မသဲမကြဲအရိပ္အေယာင္တစ္စြန္းတစ္စမွမပါဘဲ အလြန္အေလးအနက္ျဖစ္ေသာေလသံျဖင့္ ေျပာခဲ့ျခင္းျဖစ္ပါသည္။ ဤသို႔ဆိုလွ်င္ေတာင္ သူ႕စကားေတြက တစ္စုံတစ္ေယာက္၏ႏွလုံးခုန္သံေတြကို အလြန္ျမန္ဆန္ေအာင္ ျပဳလုပ္နိုင္၏။

႐ႊီလ်န္ ေခါင္းေမာ့၍ သူ႕ကိုၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္သာ ဘယ္သူမဆိုေလွ်ာက္သြားလို႔ရေသာ မီးဖိုေခ်ာင္ထဲမွာမဟုတ္ခဲ့ပါက.... ေမ့လိုက္ေတာ့ ၊ ေခါင္းတစ္ခ်က္ညိတ္၍ ႐ႊီလ်န္ ေနာက္လွည့္ၿပီး ရွန့္ခ်န္ခုန္းအိပ္ခန္းသို႔ သြားလိုက္ပါေတာ့သည္။

ဤတစ္ေခါက္က ႐ႊီလ်န္ ရွန့္ခ်န္ခုန္း၏အခန္းထဲကို တတိယအႀကိမ္ေျမာက္ ဝင္ေရာက္လာျခင္းျဖစ္သည္။ သူ႕အိပ္ခန္းမွာ အရင္လိုမ်ိဳးပဲ : က်ဥ္းတယ္၊ ရိုးရွင္းတယ္၊ သပ္ရပ္တယ္။ အရင္တစ္ေခါက္က သူမ သူ႕ကိုေပးခဲ့ေသာဖေယာင္းတိုင္ကို တစ္ဝက္အသုံးျပဳၿပီးၿပီျဖစ္ရာ သူ႕မီးအိမ္ေဘးနားတြင္ ထားထားသည္။ သူမ ဖေယာင္းတိုင္ကို တစ္ခ်က္ၾကည့္ၿပီး လွည့္ပတ္ၾကည့္လိုက္ၿပီးေနာက္ သူ႕အိပ္ရာလြတ္ထံသို႔ သူမအၾကည့္ေတြေရာက္သြားပါေတာ့၏။

အခန္းကက်ဥ္းသျဖင့္ သူ႕အိပ္ရာမွာလည္း တစ္ေယာက္အိပ္အေသးစားေလးသာျဖစ္သည္။ အျဖဴေရာင္အိပ္ရာခင္းဆိုေပမဲ့ ေအးတယ္လို႔မခံစားရဘူး ၊ ထိုအစား ၎က ႐ႊီလ်န္အား လွဲေလ်ာင္းရန္ လႈံ႕ေဆာ္ေပးေန၏။

႐ႊီလ်န္လက္က ေခါင္းအုံးကို ျဖည္းျဖည္းခ်င္း ၾကင္နာစြာပြတ္သပ္လိုက္ၿပီး အိပ္ရာခင္းဆီသို႔ ေ႐ႊ႕ေျပာင္းသြား၏။ ၎က သူမထင္ထားတာထက္ ပိုႏူးညံ့ရာ ဟိုးေအာက္ပိုင္းထဲထိ ေႏြးေထြးေကာင္းေႏြးေထြးနိုင္သည္။

႐ႊီလ်န္ သူမဖိနပ္ႏွင့္ဂ်က္ကတ္ကိုခြၽတ္၍ ေစာင္ေအာက္သို႔ဝင္ကာ သူမမ်က္လုံးေတြကို မွတ္ထားလိုက္ပါေတာ့သည္။

သူမပတ္ပတ္လည္တြင္ ရွန့္ခ်န္ခုန္း၏ရနံ႕မ်ား လႊမ္းၿခဳံေနကာ သူမက ရွန့္ခ်န္ခုန္းလက္ေမာင္းေတြထဲမွာ ေထြးေပြ႕ခံထားရသလိုမ်ိဳး ထင္ေယာင္ထင္မွား ျဖစ္ေစသည္။

ခံစားခ်က္က အေတာ္ေလးစြဲလမ္းေစတက္တာပဲ...

မီးဖိုေခ်ာင္ထဲတြင္ ရွန့္ခ်န္ခုန္းမွာ ပန္းကန္ေတြကိုေဆးေၾကာေနတုန္းပဲ ၊ ရွန့္ႏြမ္က သူမအိပ္ခန္းထဲတြင္ျဖစ္ရာ သူမေလ့က်င့္ခန္းစာအုပ္ကို လွန္ေလွာၾကည့္ေနၿပီး စာတစ္လုံးေတာင္ ဖတ္မေနခဲ့ေပ။ ေနာက္ဆုံးတြင္ သူမ မေနနိုင္ေတာ့ဘဲ ရွန့္ခ်န္ခုန္းထံသြားလိုက္ေတာ့သည္။

"အစ္ကို"

ရွန့္ႏြမ္မွာ မီးခိုေခ်ာင္တံခါးေဘာင္တြင္ ရပ္ေနၿပီး သူ႕ကိုေခၚလိုက္၏။ ရွန့္ခ်န္ခုန္းက လုပ္ေနက်အတိုင္း ေနာက္လွည့္ၾကည့္ၿပီး သူ႕လက္ေတြမွာေတာ့ လက္ေဆးကန္ထဲတြင္ ရွိေနဆဲျဖစ္ကာ

"ဘာျဖစ္လို႔လဲ"

ရွန့္ႏြမ္မွာ ခ်က္ခ်င္း အာေစးမိသြားရ၏။ အခ်ိန္အေတာ္ၾကာ တုံ႕ဆိုင္းေနၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ သူမေလးသည္ ႐ႊီလ်န္ကိုေျပာျပခဲ့သမွ်အား ျပန္ေျပာရန္အတြက္ သတၱိစုေဆာင္းနိုင္သြားခဲ့ေခ်ၿပီ။

"ညီမ..ညီမ တကၠသိုလ္မသြားခ်င္ဘူး"

ရွန့္ခ်န္ခုန္း တိတ္ဆိတ္သြားသည္။ ျဖည္းျဖည္းခ်င္း သူကိုင္ထားေသာပန္းကန္ကိုေအာက္ခ် ၊ သူ႕လက္ေတြကိုေဆးေၾကာၿပီး ေရဘုံပိုင္ေခါင္းကို ပိတ္လိုက္၏။

ရွန့္ႏြမ္သည္ သူမႀကဳံဖူးသမွ်ထဲမွာ ယခုအခ်ိန္က စိတ္အလႈပ္ရွားဆုံးပဲ ၊ သူမ ရွန့္ခ်န္ခုန္းကို သူမအဆင့္ေတြေျပာျပခဲ့သည့္အခ်ိန္ကထက္ေတာင္ ပို၍စိတ္လႈပ္ရွားေနခဲ့သည္။ ရွန့္ခ်န္ခုန္းက သူမကိုရိုက္ႏွက္ၿပီး ဆူပူလာမႈကိုေတာ့ သူမ မေၾကာက္ဘူး.. အေၾကာင္းမွာ ရိုးရိုးသားသားေျပာရလွ်င္ ရွန့္ခ်န္ခုန္းမွာ ဤကဲ့သို႔ေသာအရာမ်ားကို လုပ္တက္သည့္အက်င့္စရိုက္ မရွိဘူး။ ယခင္က သူ သူမကို ဘယ္ေတာ့မွ မေအာ္ခဲ့ဖူးဘူး။

သူမအေၾကာက္ဆုံးကေတာ့ သူ႕ကိုစိတ္ပ်က္ေစခဲ့တာပဲ။

သူ႕လက္ကို အေျခာက္ခံၿပီးေနာက္ ရွန့္ခ်န္ခုန္းသည္ ရွန့္ႏြမ္ကိုမ်က္ႏွာခ်င္းဆိုင္၍

"ဘာလို႔လဲ"

"ညီမ....ညီမမွာ တကၠသိုလ္သြားဖို႔ အႀကိဳက္ေတြ႕စရာမရွိဘူး။ ဒီပလိုမာတစ္ခုက တစ္စုံတစ္ဦးရဲ႕အရည္အခ်င္းကို ကိုယ္စားမျပဳဘူးေလ၊ ဒီေန႕ေခတ္မွာ တကၠသိုလ္ေက်ာင္းသားေတြေတာင္ အလုပ္ေတြမရွာနိုင္ၾကဘူး.. ညီမကေတာ့ လက္မႈပညာတစ္ခုကိုသင္ယူၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳတာက ပိုေကာင္းတယ္လို႔ထင္တယ္။ ဆိုင္ေလးတစ္ဆိုင္ဖြင့္ၿပီးေတာ့ ႐ႊီလ်န္က်ဲလိုမ်ိဳး ေဘာ့စ္တစ္ေယာက္လုပ္တာက အမ်ားႀကီးပိုေကာင္းတယ္လို႔ အစ္ကိုေရာ မထင္ဘူးလား?"

ရွန့္ခ်န္ခုန္းက

"႐ႊီလ်န္က တကၠသိုလ္ကေနဘြဲ႕ရၿပီးမွ ဆိုင္ဖြင့္ခဲ့တာ"

"ဒါေပမဲ့ ဒါက အခ်ိန္ေလးႏွစ္ကို အခ်ည္းႏွီးျဖဳန္းတီးလိုက္တာပဲမလား? ညီမၾကားတာ တကၠသိုလ္မွာသင္တဲ့အရာအမ်ားႀကီးက တကယ္တမ္း လုပ္ငန္းခြင္ဝင္တဲ့အခ်ိန္က်ရင္ အသုံးမဝင္ဘူးတဲ့"

ရွန့္ခ်န္ခုန္း တစ္ခဏေလာက္ ၿငိမ္သက္ေန၏။ ထို႔ေနာက္ သူ႕လက္ျမႇောက္၍ ရွန့္ႏြမ္၏ဦးေခါင္းထိပ္ေလးအား ထိေတြ႕လ်က္

"တကၠသိုလ္သြားတာက အသုံးမဝင္တာေတာ့မဟုတ္ဘူး၊ နင္ အဲဒီမွာသင္ရမဲ့ဗဟုသုတေတြက အနာဂတ္မွာ နင့္အတြက္ အသုံးမဝင္တာ ျဖစ္ေကာင္းျဖစ္နိုင္ေပမဲ့ ေလးႏွစ္ၾကာတကၠသိုလ္တက္ရတဲ့အေတြ႕အႀကဳံေတြကေတာ့ အက်ိဳးရွိတယ္.. ေနာက္တစ္ခ်ိန္က်ရင္ အဲဒီေလးႏွစ္တာက နင့္အတြက္ တန္ဖိုးရွိတဲ့အမွတ္တရတစ္ခု ျဖစ္လာလိမ့္မယ္။ ဟုတ္တာေပါ့ ပညာေရးက အရည္အခ်င္းကို ကိုယ္စားမျပဳေပမဲ့ ပညာေရးက နင့္ကို အမ်ိဳးမ်ိဳးေသာေနရာေတြကို ဝင္ေရာက္ခြင့္ျပဳဖို႔အတြက္ ေလွကားထစ္တစ္ခုပဲ.. တခ်ိဳ႕ေနရာေတြမွာဆို ဒီပလိုမာမရွိတာက နင့္ရဲ႕ CV form ကိုတင္ဖို႔အတြက္ ပညာအရည္အခ်င္းေတာင္မရွိဘူးလို႔ဆိုလိုတာပဲ"

"ညီမ........"

"နင္ တကယ္ပဲ တကၠသိုလ္မသြားခ်င္ဘူးလား"

ရွန့္ခ်န္ခုန္း သူမကို စကားျဖတ္ေျပာ၏။ သူက သူမကို အမွန္တကယ္ ေဖာက္ထြင္းျမင္ေနရသလိုပဲ ၊ ရွန့္ႏြမ္မွာ သူမအစ္ကိုႀကီးကိုၾကည့္ရင္း ေျပာစရာစကားကင္းမဲ့သြားရသည္။

ဒါေပါ့ သူမသြားခ်င္တယ္ မဟုတ္ရင္ သူမက ဘာလို႔ ႀကိဳးႀကိဳးစားစား အလုပ္လုပ္ေနခဲ့မွာလဲ? အထက္တန္းေက်ာင္းက ပ်င္းရိစရာေကာင္းၿပီး ဗ်ာမ်ားရတယ္ ၊ ေန႕တိုင္းက အသက္ရႈဖို႔ေတာင္ သူမကို ႐ုန္းကန္ေစရတဲ့အထိ စိတ္ေလးလံေစတယ္။ သို႔ေပမဲ့ တကၠသိုလ္ကေတာ့မတူဘူး ၎က အေရာင္အေသြးစုံလင္လွကာ လြတ္လြတ္လပ္လပ္ေနထိုင္ပုံကို ပို၍ေပးစြမ္းနိုင္ေလသည္။

အနည္းဆုံးေတာ့ ယင္းက သူမယုံၾကည့္ထားရသည့္အရာပဲ။ သူမႏွင့္သူမသူငယ္ခ်င္းေတြ အခ်င္းခ်င္း ကတိေပးထားၾကတယ္.. သူတို႔ေတြ တကၠသိုလ္ေရာက္တဲ့အခ်ိန္က်ရင္ သူတို႔ဆံပင္ကိုပုံသြင္းမယ္ ၊ ေရပန္းစားတဲ့အကၤ်ီေတြဝယ္မယ္ ၊ သူတို႔လက္သည္းေတြကို အတူတူသြားလုပ္ၾကမယ္။ ၎က သူမ လွပနိုင္တဲ့အခ်ိန္ပဲ ျဖစ္လိမ့္မယ္။

သူမ ရွန့္ခ်န္ခုန္းကို စိုက္ၾကည့္ေနရင္း သူမႏွာေခါင္းမွာ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္စျပဳလာ၏။

"ညီမ....ညီမက လုပ္ငန္းခြင္ကို ေစာေစာဝင္ခ်င္တာပါ အဲဒါဆို......."

အစ္ကိုက ႀကိဳးစားအလုပ္လုပ္စရာမလိုေတာ့ဘူး အစ္ကိုလုပ္ခ်င္တာလုပ္လို႔ရၿပီ။

ရွန့္ခ်န္ခုန္းက သူမေခါင္းေလးကိုပြတ္သပ္ေပးလ်က္

"တကၠသိုလ္ၿပီးမွ လုပ္ငန္းခြင္ထဲဝင္ရင္လဲ အရမ္းေနာက္မက်ေသးပါဘူး"

"ဒါေပမဲ့ ညီမက စာေမးပြဲမွာ ေကာင္းေကာင္းမလုပ္နိုင္ခဲ့ဘူး......"

"အစ္ကို ညီမေလးရဲ႕ရလာဒ္ေတြကို ေတြ႕ၿပီးပါၿပီ အရင္လစာေမးပြဲထက္ ပိုေကာင္းေကာင္းလုပ္နိုင္ခဲ့တာပဲ"

ရွန့္ႏြမ္ ေခါင္းငုံ႕ထားမိ၏။ သူမသတ္မွတ္ထားတဲ့ရမွတ္ေတာင္ မရနိုင္ေသးတာ ဒါေတြကဘာအသုံးဝင္မွာလဲ...

ရွန့္ခ်န္ခုန္း သူမကို ေခတၱမွ်ၾကည့္ေနၿပီးေနာက္

"အမွန္အတိုင္းေျပာရရင္ ငါ နင့္ကို မေျပာရေသးတာတစ္ခုရွိတယ္ ငါ ဘြဲ႕လြန္ပရိုဂရမ္အတြက္ စာရင္းသြင္းၿပီးသြားၿပီ"

႐ုတ္တရက္ ရွန့္ႏြမ္ ေခါင္းေမာ့လာကာ

"တကယ္လား? ေလေၾကာင္းတကၠသိုလ္လား"

"အင္း ငါ စာမၾကည့္ျဖစ္တာေတာ့ အေတာ္ၾကာေနၿပီဆိုေပမဲ့ ငါႀကိဳးစားၾကည့္လို႔ရေသးတယ္လို႔ ထင္လို႔"

"အစ္ကို အစ္ကိုသာဆိုရင္ လုံးဝျပႆနာရွိမွာမဟုတ္ဘူးဆိုတာ ညီမေသခ်ာတယ္!"

အကယ္၍ အရာရာ၌ ရွန့္ခ်န္ခုန္းကို မ်က္စိမွိတ္ယုံၾကည္သူ တစ္ဦးအား ႀကိဳးစားရွာေဖြရမည္ဆိုလွ်င္ သူတို႔က ရွန့္ႏြမ္ကိုသာ ၾကည့္ရန္လိုအပ္ေပလိမ့္မည္။ 

ေကာင္းလိုက္တာ ငါ့အစ္ကိုႀကီးက သူ႕အိပ္မက္ကို လက္မေလွ်ာ့ေသးဘူး။ ရွန့္ႏြမ္ အလြန့္အလြန္ဝမ္းသာသြား၏။ သို႔ေပမဲ့ သူမအေမအေၾကာင္းအား ေတြးလိုက္မိေသာအခါ

"အေမ ဒီအေၾကာင္းသိလား"

ဝမ္းရႈလီကိုေျပာဆိုရာတြင္ ရွန့္ခ်န္ခုန္း၏အမူအရာမွာ သိပ္မဟန္ေတာ့ေပ။

"မသိေသးဘူး ငါ အရင္ဆုံး စာေမးပြဲေျဖဖို႔စီစဥ္ထားတယ္ ၿပီးမွ အေမ့ကိုေျပာျပလိုက္မလို႔"

"ေကာင္းပါၿပီ"

ရွန့္ႏြမ္ သေဘာတူသည္။ သူတို႔အေဖကြယ္လြန္သြားၿပီးေနာက္ သူတို႔အေမမွာ ရွန့္ခ်န္ခုန္းအား တူညီသည့္နယ္ပယ္တစ္ခုထဲသို႔ ဝင္ေရာက္ျခင္းကို သေဘာမက်သည္မွာ သံသယျဖစ္ဖြယ္ရာပင္မရွိ။ ေနာက္ၿပီး သူမအေျခအေနႏွင့္ဆို..... သူတို႔အေမက ပိုၿပီးေတာ့ေတာင္ကန့္ကြက္လာမွာကို ရွန့္ႏြမ္ စိုးရိမ္ရ၏။

ဝမ္းရႈလီသည္ ယခုအခ်ိန္တြင္ အေတာ္ေလးတည္ၿငိမ္ေသာ အေျခအေနတြင္ရွိေနေသာ္လည္း သူတို႔မွာ ျပင္းထန္ေသာလႈံ႕ေဆာ္မႈမ်ိဳးက သူမ၏ေရာဂါကို ထပ္မံဆိုး႐ြားသြားေစမည္ကို စိုးရိမ္ေနၾကသည္။

"ဘာပဲျဖစ္ျဖစ္ အခု အစ္ကိုက စဥ္းစားၿပီးသြားၿပီဆိုေတာ့ ျပန္ေလ့လာလိုက္ေတာ့ပါ"

ရွန့္ခ်န္ခုန္း ေရဘုံပိုင္ေခါင္းကိုျပန္ဖြင့္၍ ပန္းကန္ေတြဆက္လက္ေဆးေၾကာလိုက္သည္။

သို႔ေသာ္ ရွန့္ႏြမ္ကေတာ့ တုံ႕ဆိုင္းေနဆဲပဲ။

"ၿပီးေတာ့ ပိုက္ဆံ....."

သူမႏွင့္သူမအစ္ကိုႀကီးႏွစ္ေယာက္လုံးသာ တကၠသိုလ္တက္ၾကမည္ဆိုပါက က်ဴရွင္ေၾကးမ်ားႏွင့္ေနထိုင္စရိတ္မ်ားကို သူတို႔ေတြ ဘယ္လိုေပးၾကမည္နည္း?

"အဲဒီအတြက္စိတ္မပူနဲ႕ ငါနည္းလမ္းရွာလိုက္မယ္ အစ္ကိုက နင့္ကိုအငတ္မထားပါဘူး"

ရွန့္ႏြမ္ ႏႈတ္ခမ္းရႈံ႕မဲ့သြား၏။ သူမက ဗိုက္ဆာမွာကိုေၾကာက္ေနတာမဟုတ္ပါဘူး.. ဒါေပမဲ့ သူမ ေက်ာင္းသားေခ်းေငြကို ေလွ်ာက္ထားလို႔ရနိုင္တယ္ စေကာ္လာရွစ္ရရန္လည္း ႀကိဳးစားလို႔ရသလို ေက်ာင္းတက္ေနစဥ္လည္း အလုပ္လုပ္လို႔ရတယ္။ ထိုကဲ့သို႔ ေတြးၿပီးေနာက္ ရွန့္ႏြမ္သည္ ေနာက္ဆုံးတြင္ စိတ္သက္သာရာရသြားေတာ့သည္။

ရွန့္ခ်န္ခုန္းက ပန္းကန္ေဆးေၾကာေနခ်ိန္တြင္ ရွန့္ႏြမ္က သူမအခန္းထဲျပန္သြားပါေတာ့၏။ အိမ္က အရမ္းတိတ္ဆိတ္သြားသည္။ ဝမ္းရႈလီက သူမအခန္းထဲတြင္ တစ္ေရးတစ္ေမာအိပ္ေနၿပီး ရွန့္ႏြမ္မွာ သူမအခန္းထဲတြင္ စာၾကည့္ေနေလသည္။ ရွန့္ခ်န္ခုန္းကမူ သူ႕အခန္းဆီသို႔ ေလွ်ာက္လာရင္း မသိစိတ္အရ သူ႕ေျခလွမ္းမ်ားကို ဖြဖြေလးေလွ်ာက္လာခဲ့ပါ၏။

သူ႕အိပ္ခန္းထဲတြင္ ႐ႊီလ်န္ အိပ္ေပ်ာ္ေနသည္ကို ျမင္လိုက္ရသည္။ ရွန့္ခ်န္ခုန္းသည္ သူမေဘးနား ကုတင္ေပၚတြင္ ထိုင္ကာ သူ႕ႏႈတ္ခမ္းထက္၌လည္း အၿပဳံးတစ္ခုခ်ိတ္ဆြဲထားလ်က္ရွိ၏။ အိပ္ေပ်ာ္ေနစဥ္မွာလည္း ႐ႊီလ်န္က သူမ၏နဂိုပုံစံႏွင့္ ဘာမွကြာျခားမႈမရွိ ၊ သူမဆံပင္ေတြ မခ်ည္ေႏွာင္ထားသျဖင့္ သူမမွာ သတိလက္လြတ္ျဖစ္သလို ခံစားေနရသည္။ ရွန့္ခ်န္ခုန္း မေနနိုင္ေတာ့ဘဲ လက္လွမ္းၿပီး ထိေတြ႕လိုက္၏။

ခံစားလို႔ေကာင္းတယ္...

သူ႕လက္က သူမဆံပင္မွတစ္ဆင့္ သူမမ်က္ႏွာထက္သို႔ ကူးလူးေ႐ြ႕လ်ားေန၏။ သူ႕လက္ေခ်ာင္းက သူမပါးျပင္ကို ထိေတြ႕လိုက္တိုင္း ႐ႊီလ်န္က တရႈပ္ရႈပ္လုပ္လိုက္ပါသည့္တိုင္ ရွန့္ခ်န္ခုန္းကေတာ့ မဖယ္လိုက္ခဲ့ေပ။ ရွန့္ခ်န္ခုန္း သူမကို ခဏငုံ႕ၾကည့္ၿပီးေနာက္ ျဖည္းျဖည္းခ်င္း ကိုယ္ကိုကိုင္းကာ သူမႏႈတ္ခမ္းကို နမ္းလိုက္ပါ၏။

သူ သူမကို မခ်စ္မိေသးသည့္အခ်ိန္ကပင္ သူမကိုနမ္းရွိုက္ရန္၊ ဆုပ္ကိုင္ထားရန္၊ သူမႏွင့္အတြင္းက်က်အရာအားလုံးကို လုပ္ေဆာင္ရန္ စိတ္အားထက္သန္ေနခဲ့ၿပီးျဖစ္သည္။

႐ႊီလ်န္ကသာ အရာရာကို အစပ်ိဳးသည့္သူတစ္ေယာက္ျဖစ္သျဖင့္ သူမကိုပိုင္ဆိုင္ရန္အတြက္ သူ မည္မွ်စိတ္အားထက္သန္ေနသလဲကိုေတာ့ သူမ သိနိုင္မွာမဟုတ္။

သူမ လိုခ်င္သေလာက္ သူသည္လည္း သူမကိုလိုခ်င္သည္။

ရွန့္ခ်န္ခုန္း နမ္းၿပီးေနာက္ ႐ႊီလ်န္နိုးလာခဲ့၏။ သူမဦးေႏွာက္က ျဖစ္ပ်က္ေနတာေတြကို ျဖည္းျဖည္းခ်င္း သေဘာေပါက္လာၿပီး သူမလက္ေတြကို သူ႕ခါးတစ္ဝိုက္ ဖက္တြယ္ထားလိုက္သည္။

သူမက ရွန့္ခ်န္ခုန္းကို ပိုနီးကပ္လာေစၿပီး အနမ္းေတြကို နက္ရွိုင္းေစလိုက္၏။ သို႔ေသာ္ သူမသည္ ခ်က္ခ်င္းပင္ ေနာက္ျပန္ဆုတ္ကာ သူမ၏မၿငိမ္မသက္ျဖစ္ေနေသာႏွလုံးသားကို တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။

ဤကိစၥလုပ္ရမဲ့ေနရာမဟုတ္ဘူး။

ရွန့္ခ်န္ခုန္း အသက္ျပင္းျပင္းတစ္ခ်က္ရႉၿပီး သူမနားထဲသို႔ တိုးတိုးေလးကပ္ေျပာလိုက္၏။

"ဒီည ကိုယ္ မင္းကိုျပန္လိုက္ပို႔ရမလား"

သူ႕စကားေတြက အရိပ္အႁမြက္ျပလြန္းေနတာပဲ.. ႐ႊီလ်န္မွာ အေမာတေကာျဖင့္ အသက္ရႉသံျပင္းေနကာ 'အင္း' ဟုေျဖလိုက္၏။ မ်က္ႏွာထက္က အိပ္ငိုက္ေနေသာအသြင္အျပင္မွာလည္း ေပ်ာက္ကြယ္သြားရပါေတာ့သည္။

______________________

Continue Reading

You'll Also Like

1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
934K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
2.7M 135K 154
Lilith Esther Bailey. A woman who was shunned by most due to her arrogant and cold personality. Compared to her, most adored Evelina Skyler, her long...