"သည်းငယ်"
ခုတင်ပေါ်မှာကွေးကွေးလေးအိပ်နေသည့်ခန္ဓာငယ်လေးကအသက်ရှူသံကြောင့်နိမ့်ချည်မြင့်ချည်ဖြစ်နေသည့်ရင်အစုံကလွဲလှုပ်ရှားမှုအလျဉ်းမရှိ။
မဂ္ဂ briefcaseကိုစားပွဲပေါ်အသာတင်လိုက်သည်။ အပေါ်ကုတ်နှင့်နက်ခ်တိုင်ကိုချွတ်လိုက်ပြီးရှပ်အင်္ကျီကြယ်သီးကိုနှစ်လုံးလောက်ထိဖြုတ်လိုက်မိသည်။ လက်ကောက်ဝတ်မှာဝတ်ဆင်ထားသည့်တန်ဖိုးကြီးနာရီကိုပါတစ်ခါတည်းချွတ်လိုက်ပြီးအင်္ကျီလက်ကိုခေါက်တင်လိုက်တော့မွေးညှင်းစိမ်းနှင့်အကြောစိမ်းတွေထင်းနေသည့်လက်ဖျံကအစဆွဲဆောင်မှုအပြည့်ဖြစ်သည်။
ကွန်ဒိုမှာလို့ပို့ထားသည့်သည်းငယ့်မက်ဆေ့ခ်ျကိုတွေ့တာကြောင့်ကုမ္ပဏီကအပြန်ကွန်ဒိုကိုတန်းလာခဲ့တာဖြစ်သည်။
ညနေစောင်းနေပြီမို့နေမကောင်းဖြစ်မှာစိုးရိမ်မိပေမဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမို့မနိုးချင်။ နဖူးလေးထက်ငုံ့နမ်းကာစောင်ကိုရင်ဘတ်ထိဆွဲခြုံပေးလိုက်သည်။ အဲကွန်းကိုညှိပေးလိုက်ပြီးတံခါးကိုသာသာပိတ်ကာအပြင်ပြန်ထွက်ခဲ့လိုက်တော့သည်။
ဆိုဖာပေါ်ဖြစ်သလိုတင်ထားခဲ့သည့်အသားတချို့နှင့်အသီးအရွက်တွေကိုယူကာမီးဖိုခန်းထဲဝင်လိုက်သည်။ ဆန်ကိုအိတ်ထဲမှချင့်ထည့်ပြီးထမင်းပေါင်းထားလိုက်သည်။ အမဲသားကိုရေသေချာဆေးနေရင်းကအရွက်တွေကိုရေစိမ်ထားဖို့လည်းမမေ့။
ပင်ပန်းနေမည့်သည်းငယ်ကြောင့်ညစာကိုတော့ကောင်းကောင်းလေးချက်ကျွေးချင်မိတာမို့supermarketကိုဝင်ကာလိုအပ်တာတွေဝယ်လာခဲ့တာဖြစ်သည်။
သည်းငယ်အနားမှာသူ့မျက်လုံးတွေ၊ နားတွေအများကြီးရှိသည်။ မဂ္ဂတစ်ချက်ငဲ့ကြည့်ရုံဖြင့်အကုန်လုံးကိုမချွင်းမချန်သိနိုင်သည်။ အားလုံးကိုတစ်ယောက်တည်းဖြေရှင်းချင်နေသည့်သည်းငယ်ကလွတ်ထားပေးရလောက်အောင်ထိမသန်မာသေး။
အမဲနှပ်ထဲကိုမဆလာအနည်းငယ်နဲ့ရှောက်ရွက်ကိုထည့်လိုက်သည်။ gas stoveကိုပိတ်လိုက်ပြီးပန်းကန်ထဲခပ်ထည့်ကာစားပွဲပေါ်တင်ထားပြီးမှအုပ်ဆောင်းနဲ့အုပ်ထားလိုက်သည်။
ဆားအနည်းငယ်ထည့်ကာရေစိမ်ထားသည့်ကန်စွန်းရွက်၊ မှိုကိုဆယ်ယူလိုက်ပြီးရေစစ်ကာဘောက်ဆတ်ဆတ်လေးဖြစ်အောင်ကြော်လိုက်သည်။ ခရုဆီလျှော့ထည့်ဖို့လည်းမမေ့။
"မောင့်"
ပဲပင်ပေါက်နဲ့ကြက်ရိုးကိုရောပြီးဟင်းချိုချက်ဖို့ပြင်နေတုန်းမျက်လုံးလေးတွေကိုလက်နဲ့ပွတ်ဆွဲကာရောက်လာသည့် သည်းငယ်ကအိပ်မှုန်စုန်မွှား။ ဆံနွယ်လေးတွေကထိုးထိုးထောင်ထောင်နဲ့ပိဘိကလေးပေါက်စလေးလိုပင်။
မဂ္ဂရင်ခွင်ထဲကိုငိုမဲ့မဲ့လေးတိုးဝင်လာတာကြောင့်ဆီးကြိုကာဖက်ထားလိုက်သည်။ လွတ်ထွက်သွားမှာစိုးသည့်အလားအတင်းတိုးကပ်ဖက်နေသည့်သည်းငယ်ကြောင့်မဂ္ဂအသာပွေ့ချီလိုက်ကာဂက်စ်မီးဖိုကိုပိတ်လိုက်သည်။
စားပွဲပေါ်ကိုချပေးပေမဲ့လက်မခံ။ ခြေထောက်လေးတွေကမဂ္ဂခါးမှာရစ်ပတ်ကာ ဖားပျံလေးလိုကပ်တွယ်ထားသည်။
"ဒီမှာထိုင်နေနော်သည်းငယ်လေး၊ ကိုယ် သည်းငယ်အတွက်ညစာချက်ပေးနေတာ၊ ခဏပဲနော်"
"ဟင့်အင်း မောင်နားမှာနေမှာ"
"ဒါကိုယ့်နားပဲလေကွာ ဟင်"
"ဟင့်အင်း ဟင့်အင်း မောင့်အသားနဲ့ထိထားမှာ"
ပြောလိုက်ကာမှကြူကြူပါအောင်အော်ငိုလိုက်သည်မှာမျက်ရည်တွေလည်းတသွင်သွင်စီးကျလာသေးသည်။ မဂ္ဂပြုံးလိုက်ကာပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်ပေးပေမဲ့လည်းထပ်မံစီးကျလာသည်မှာတာကျိုးတဲ့ဆည်လိုပင်။
"ဘာလို့ငိုနေတာလဲကွာ မငိုနဲ့သည်းငယ်၊ ကိုယ်မကြိုက်ဘူးလေ ဟင်"
"အင့်.. ဟင့်.."
ရှိုက်သံတို့ပါတိုးဝင်လာတော့မဂ္ဂသက်ပြင်းသာချမိတော့သည်။
"သည်းငယ်ကစကော်လာနဲ့ကျောင်းတက်တာအပြစ်လည်းမဟုတ်ဘဲနဲ့ အင့် ဟီး.."
မျက်ရည်စီးကြောင်းတွေကိုလက်နှစ်ဖက်နဲ့ပွတ်ဆွဲကာအော်ငိုလာသည့်အာဗြဲစိန်လေးကြောင့်မဂ္ဂမှာရယ်ရခက် ငိုရခက်။
"နဒီနှင်းဆီက ဟင့် မောင့်ကိုပေးတဲ့၊ မောင်ကဖြင့်သည်းငယ်ကိုပဲချစ်တာကို"
အခုမှအမေတွေ့သည့်ကလေးနှယ်အော်ငိုကာတိုင်တန်းနေတာမို့စားပွဲပေါ်ကကိုယ်သေးသေးလေးကိုကောက်ပွေ့ကာliving roomဆီထွက်လာခဲ့တော့သည်။
ဆိုဖာပေါ်ထိုင်တော့ခွရက်လေးနဲ့မဂ္ဂလည်ပင်းကြားခေါင်းတိုးကာတအိအိရှိုက်ငိုနေပြန်သည်။ ဗလုံးဗထွေးနဲ့စကားသံတွေကလည်းတစ်ချက်တစ်ချက်ထွက်လာသေးသည်။
"မောင့်ကိုဘယ်သူ့ကိုမှမပေးဘူးနော်၊ ဟင့် သည်းငယ်မှာမောင်ပဲရှိတာကို လူဆိုးမကြီးကလာလုချင်နေတာ"
မဂ္ဂမှာမပြုံးဘဲမနေနိုင်တော့။ ခေါင်းလုံးလုံးလေးကိုရွှတ်ကနဲငုံ့နမ်းကာကျောပြင်ကိုခပ်ဖွဖွပုတ်ပေးမိသည်။
"မောင်နော် သည်းငယ်ကိုအပျော်မကြံရဘူးနော်"
မဂ္ဂတဟားဟားအော်ရယ်မိတော့ပုခုံးထက်ဆီကဆစ်ကနဲနာကျင်မှုကိုရသည်။ အရင်လိုမပွင့်မလင်းနဲ့ဖြစ်နေမယ်ထင်မိပေမဲ့စိတ်ထဲရှိသမျှအကုန်ထုတ်ပြောနေသည့်သည်းငယ်ကြောင့်မဂ္ဂစိတ်တွေ ပေါ့ပါးလန်းဆန်းသွားရသည်။
"သည်းငယ်ကိုအပျော်ကြံရင် မောင့်ကိုဒီတိုင်းမထားဘူးနော်"
"အပျော်ကြံတယ်ဆိုတာဘယ်လိုမျိုးကိုပြောတာလဲ"
"ဟင် အဲ့တာက.."
မျက်လုံးလေးတွေပြူးကျယ်လာကာဘာပြောရမှန်းမသိဖြစ်နေပုံကချစ်စဖွယ်ကောင်းလွန်းလှသည်။ မျက်ဆံလေးကိုထောင့်ကပ်ပြီးစဉ်းစားဟန်ပြုတော့မဂ္ဂမှာအသည်းယားလွန်းလို့ငုံထားလိုက်ချင်ပြီ။
"ဘာပဲဖြစ်ဖြစ် သည်းငယ်ကိုအပျော်မကြံရဘူးနော်"
"ကိုယ့်အပေါ်ကိုအမြဲတမ်းဒီလိုပွင့်လင်းပေးနော်"
"..."
"တခြားသူပြောလို့၊ ကိုယ့်ဘာသာစုံစမ်းလို့သိရတာတွေထက် သည်းငယ်ပြောပြလို့သိရတာပဲကိုယ်လိုချင်တယ်"
"ဟင့်.. ဟုတ်"
"ပြောပါဦး ကိုယ့်ကိုမပြောဘဲထားတာဘာကျန်သေးလဲ"
လရိပ်မျက်ဝန်းတွေဆီတည့်တည့်စိုက်ကြည့်ကာသိပြီးသားအရာတွေကိုထပ်မေးနေသလိုမောင့်ပုံစံကြောင့်လရိပ်ခေါင်းလေးငုံ့ကာရင်ခွင်ထဲတိုးဝင်လိုက်သည်။
"ထက်ထက်ကလေ သည်းငယ်ကိုစိတ်ဆိုးလို့ပြောတာပါ"
"ဟုတ်ပြီ နောက်ကော"
"အဆောင်ကအခန်းဖော်တွေကသည်းငယ်ကိုမောင့်ဆီက ကပ်ချူတယ်တဲ့"
မဂ္ဂမေးရိုးတွေတင်းကနဲဖြစ်သွားပေမဲ့ကျောပြင်သေးသေးလေးကိုသာခပ်သာသာပွတ်သပ်ပေးလိုက်သည်။
"ဟိုလေ သည်းငယ်ပန်းဆိုင်မှာအချိန်ပိုင်းလုပ်တာကောမောင်သိထားလား"
မရဲတရဲမော့မေးမိတော့ခေါင်းညိတ်ပြလာသည့်မောင့်ကြောင့်လရိပ်ပိုတိုးဖက်ကာမောင့်ရင်ခွင်ထဲပိုတိုးဝင်လိုက်သည်။
"မောင် စိတ်ဆိုးလားဟင်"
"မဆိုးပါဘူး"
"ဒါဆိုမောင့်မျက်နှာကြီးကဘာလို့တည်နေတာလဲ"
"ကိုယ်စိတ်တိုနေလို့"
"ဟင်.. သည်းငယ်ကိုလားဟင် သည်းငယ်ကလေ တမင်မပြောတာမဟုတ်ပါဘူး၊ မောင်မကြိုက်ဘူးထင်လို့ စိတ်မရှုပ်စေချင်လို့ပါ စိတ်မဆိုးနဲ့နော်"
မျက်နှာငယ်နဲ့စကားတွေတရစပ်ပြောနေသည့်သည်းငယ်ကိုကြည့်ပြီးမဂ္ဂမှာဟားကနဲအော်မိတော့သည်။
"ကိုယ် နဒီနှင်းဆီကိုစိတ်တိုတာပါကွာ"
"သည်းငယ်လည်း သူ့ကိုစိတ်တိုတယ်"
"ကိုယ့်သည်းငယ်ကတကယ်ကလေးလေးပဲကွာ ချစ်လိုက်တာ"
မျက်နှာအနှံ့ကိုမဂ္ဂတရွှတ်ရွှတ်လိုက်နမ်းတော့ငြိမ်ငြိမ်လေးနေပေးပြန်သည်။
"သည်းငယ်ကစကော်လာကျောင်းသူဆိုတာမောင့်မေမေသိသွားရင်ဘယ်လိုလုပ်မလဲဟင်"
"မောင့်မေမေကသိပြီးသားပဲလေသည်းငယ်ရဲ့"
လရိပ်ရဲ့သံယောင်ကိုလိုက်ကာပြောလာသည့်မောင်ကြောင့်လရိပ်မျက်လုံးလှန်ကြည့်လိုက်သည်။ စနောက်နေတာနှင့်မတူဘဲမောင့်မျက်နှာကလုံးဝတည်ငြိမ်နေပြန်သည်။
"သည်းငယ်ကစကော်လာကျောင်းသူဆိုတော့ကိုယ်ဂုဏ်ယူတယ်လေ၊ စကော်လာဆိုတာလိုချင်တိုင်းရတာမှမဟုတ်တာကွာ ဒီမဂ္ဂမောင်ရဲ့ချစ်သူလေးကRoll 1ကျောင်းသူလေးလေ တော်လွန်းလို့စကော်လာပါရထားတာဆိုတာဘယ်လောက်နားထောင်လို့ကောင်းလိုက်သလဲ ဟင်"
"..."
"သည်းငယ်မှာမိဘမရှိတော့ဘာဖြစ်လဲ၊ သဘောမတူပါဘူးဆိုကန့်ကွက်မယ့်သူလည်းမရှိဘူး၊ ပြီးတော့ယောက်ခထီးတွေကဆိုးတယ်တဲ့ သည်းငယ်မသိဘူးမလား"
"ဟင့်အင်း"
"ကိုယ့်ကလေ သည်းငယ်နဲ့တင်ရပြီဘာမှမလိုဘူး၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကလည်းသည်းငယ်ဆိုတာကိုပဲလက်ခံပေးကြရမှာဘာမှထပ်မလိုဘူး"
"သည်းငယ်ကိုယ့်အားကိုယ် ကိုးချင်တာကိုယ်လက်ခံနိုင်တယ်၊ သည်းငယ်ရဲ့ဆုံးဖြတ်ချက်တွေကိုလည်းကိုယ်လေးစားပေးမယ်"
"ဒါပေမဲ့သည်းငယ်ရဲ့အခက်အခဲတွေကိုကိုယ့်ကိုမျှဝေပေး၊ ကိုယ်နဲ့ပတ်သက်ပြီးသည်းငယ်ဆီလာရိုက်ခတ်သမျှအကုန်လုံးကိုသည်းငယ်တစ်ယောက်တည်းဖြေရှင်းဖို့မကြိုးစားရဘူး၊ ခွင့်လည်းမပြုနိုင်ဘူး"
"ကိုယ့်အပေါ်ကိုပွင့်လင်းပေး၊ သည်းငယ်ဖြစ်ချင်သမျှ လုပ်ချင်သမျှကိုအရင်ဆုံးတိုင်ပင်ရတဲ့သူကကိုယ်ပဲဖြစ်ချင်တယ်"
"ကိုယ်ပြောတာသဘောပေါက်လားသည်းငယ်လေး"
"ဟုတ်"
လရိပ်ခေါင်းတဆတ်ဆတ်ညိတ်ပြတော့မောင်ကလရိပ်နဖူးကိုငုံ့ကာနမ်းသည်။
"ကိုယ်ကသည်းငယ်ကိုအများကြီးချစ်တယ်နော်"
"သည်းငယ်လည်းအများကြီးချစ်တယ်"
"ကိုယ်သိတယ်"
"ဒါနဲ့မောင်ဘာတွေလုပ်နေတာလဲဟင်၊ မွှေးလိုက်တာ"
"ညစာချက်နေတာ"
ဒီတော့မှမောင့်ကိုသတိထားကြည့်မိတော့apronကြီးဝတ်ထားတာဖြစ်သည်။
"ထ ကျောင်းမှာရန်ဖြစ်လာတဲ့ကိုယ့်သမီးလေးကိုချော့နေရလို့ပဲပင်ပေါက်ဟင်းချိုမချက်ရသေးဘူး"
"မောင်နော်"
လရိပ်ကိုမီးဖိုခန်းထဲထိချီလာတာမို့မောင့်လည်ပင်းကိုသာခပ်တင်းတင်းသိုင်းဖက်ထားလိုက်သည်။
လရိပ်ကိုလက်တစ်ဖက်နဲ့ပွေ့ထားပြီးနောက်တစ်ဖက်ဖြင့်ပွက်ပွက်ဆူနေတဲ့အိုးထဲကိုကြက်ခြေထောက်တွေထည့်နေတာမို့လရိပ်မနေသာတော့ဘဲမောင့်ပေါ်ကလျှောချလိုက်ဖို့လုပ်ပေမဲ့မရ။ တင်းတင်းဆွဲဖက်ထားပြန်သည်။
"မောင့်ကို အပူလောင်လိမ့်မယ်"
"သည်းငယ်ငြိမ်ငြိမ်မနေမှလောင်မှာ"
"ဟင့်အင်း သည်းငယ်ကိုအောက်ချပေးနော်၊ မောင်အပူလောင်လိုက်မှာတကယ်ကြောက်တယ်"
ပါးဖောင်းဖောင်းလေးကိုရွှတ်ကနဲနမ်းရှိုက်ကာထိုပေါက်စလေးစိတ်တိုင်းကျအောက်ချပေးလိုက်တော့ခုံမှာငြိမ်ငြိမ်လေးသွားထိုင်နေပြန်သည်။
"မောင်ကapronနဲ့တောင်ချောလိုက်တာ"
အသားညိုညိုနဲ့မောင့်ကိုယ်ပေါ်မှာအပြာရောင်apronကစမတ်ကျကျနေရာယူထားသည်။ အရပ်ရှည်တာမို့ဒူးနားထိပဲရှိနေကာဇွန်းကိုကိုင်ပြီးမွှေနေသည့်မောင့်လက်ချောင်းသွယ်သွယ်တွေကအစညှို့အားပြင်းတာဖြစ်သည်။
မဂ္ဂမီးဖိုကိုအပူလျှော့လိုက်ပြီးပဲပင်ပေါက်နှင့်ဟင်းခတ်မှုန့်နည်းနည်းခပ်လိုက်သည်။ စားပွဲပေါ်ခေါင်းမှောက်အိပ်ကာမဂ္ဂကိုမျက်တောင်မခတ်တမ်းကြည့်နေသည့်သည်းငယ်ကိုမြင်တော့သွားတန်းဖြူဖြူတွေပေါ်အောင်ထိပြုံးလိုက်သည်။
"မောင်ပြုံးလိုက်ရင်တအားချောတာပဲ"
"ဗိုက်ဆာပြီလား သည်းငယ်"
"ဟင် နည်းနည်း၊ ရေအရင်ချိုးဦးမယ် ငြီးစီစီကြီးဖြစ်နေလို့"
မဂ္ဂခေါင်းညိတ်ပြတော့မှအခန်းထဲဝင်သွားသည့်သည်းငယ်။ မဂ္ဂတစ်ခုခုကိုအတွေးပေါက်သလိုနှုတ်ခမ်းစွန်းကိုတစ်ဖက်တည်းညွှတ်သွားအောင်ပြုံးလိုက်ပြီးapronကိုချွတ်ကာအခန်းထဲလိုက်ဝင်လာလိုက်သည်။
"အား"
"မောင် ဘာလုပ်.."
လရိပ်အဝတ်တွေချွတ်နေတုန်းရေချိုးခန်းထဲဝင်လာသည့်မောင့်ကြောင့်အလန့်တကြားအော်လိုက်မိသည်။ ဘရာစီယာနဲ့အတွင်းခံပဲကျန်တော့တဲ့အခြေအနေမို့ဗီရိုဆီပြေးကာတံဘက်ထုတ်ယူရန်ကြံပေမဲ့မောင်ကလမ်းတစ်ဝက်မှာတင်ဆွဲချုပ်ထားပြန်သည်။
"ကိုယ်လည်းရေမချိုးရသေးဘူး၊ အချိန်ကုန်ရေကုန်သက်သာအောင်အတူတူချိုးကြမယ်လေ"
"ဟင့်အင်း လွှတ်နော်"
မဂ္ဂခပ်ပြုံးပြုံးပဲလက်တစ်ဖက်နဲ့ခါးသိမ်သိမ်လေးကိုဆွဲဖက်ထားပြီးနောက်တစ်ဖက်နဲ့သူ့ရှပ်အင်္ကျီကြယ်သီးတွေအားဖြုတ်ကာဆွဲချွတ်လိုက်သည်။ မျက်နှာလေးရဲကာအကြည့်လွှဲသွားသည့်သည်းငယ်ကြောင့်ပါးနှစ်ဖက်ကိုရွှတ်ကနဲနေအောင်တလှည့်စီငုံ့နမ်းလိုက်တော့လက်သီးဆုပ်လေးတွေကမဂ္ဂရင်ဘတ်ပေါ်ခပ်စိပ်စိပ်ကျလာသည်။
"ဟင့်အင်းလို့ မောင်နော်"
လရိပ်ရဲ့ကျောအနောက်ဘက်ကိုမောင့်လက်ကလျှပ်တစ်ပြက်ရောက်လာပြီးလရိပ်ရဲ့ဘရာစီယာကိုဆွဲချွတ်သွားသည်မှာမျက်စိတစ်မှိတ်အတွင်း။ လရိပ်ရဲ့နှုတ်ခမ်းကိုအားပြင်းပြင်းနဲ့ဆွဲယူနမ်းရှိုက်တော့လရိပ်မှာသတိလက်လွတ်တုန့်ပြန်မိသည်။ လရိပ်ကဘယ်သောအခါမှမောင့်အနမ်းတွေကိုငြင်းဆန်နိုင်စွမ်းမရှိ။
လရိပ်ကိုဆွဲပွေ့ကာရေပန်းအောက်တိုးဝင်လိုက်သည့်မောင်ကြောင့် မောင့်လည်ပင်းကိုတွယ်ဖက်ထားမိသည်။ လရိပ်ရဲ့ကျောပေါ်ပြေးလွှားနေသည့်မောင့်လက်နွေးနွေးနဲ့အနမ်းကြမ်းကြမ်းတွေကြောင့်သူလိုချင်တာကိုရအောင်ယူတတ်သူမို့ငြင်းဆန်လို့မရနိုင်မှန်းလည်းလရိပ်လက်ခံလိုက်ရသည်။
လရိပ်ရဲ့အောက်ဘက်ဆီကအတွင်းခံကလည်းဘယ်အချိန်တည်းကဆွဲချွတ်ခံလိုက်ရမှန်းမသိတော့။ တသွင်သွင်စီးကျနေသည့်ရေတွေကြားမောင့်အနမ်းတွေကိုပါခံယူနေရတော့အသက်ရှူပင်ကြပ်လာရသည်။
"အာ့ မောင့်"
လရိပ်ကိုချီထားလျက်နဲ့နံရံမှာကျောကပ်စေပြီးတရိပ်တရိပ်တိုးဝင်လာသည့်မောင်။ နာကျင်မှုနဲ့သာယာမှုကြားကူးလူးနေရတော့လရိပ်နှုတ်ခမ်းကိုသာပြတ်ထွက်မတတ်ကိုက်ထားမိသည်။
"ပြုတ်ကျ.. အင့် သွားမယ်မောင်"
"လက်တစ်ဖက်တည်းနဲ့တောင်ချီထားနိုင်တာမို့ကိုယ်လုပ်နေတာကိုပဲအာရုံစိုက်"
"ဟင့် ဖြည်းဖြည်း မောင်"
"မြန်မြန်လုပ်လည်းသည်းငယ်ကြိုက်တယ်မလား ဟင်"
"မောင့်"
နားရှက်စရာစကားတွေကိုလရိပ်နား နားကပ်ကာပြောနေတော့ကြက်သီးမွေးညှင်းပင်ထရသည်။ အရှိန်ပြင်းပြင်းဆောင့်ချက်တွေကြားလရိပ်ကိုယ်လေးကစည်းချက်ကျစွာလှုပ်ခတ်နေသည်။ တရိပ်ရိပ်စီးကျနေသည့်ရေအောက်မောင့်ရဲ့ဆန္ဒပြင်းပြင်းနဲ့မာန်အဟုန်မကျနိုင်။
အချိန်ကုန်သက်သာအောင်ရေအတူချိုးမည်ဆိုသည့်မောင်က ရေချိုးခန်းထဲမှာအချိန်တွေအများကြီးဖြုန်းပစ်တာဖြစ်သည်။
ရေချိုးပြီးတော့လရိပ်မှာနှာခေါင်းထိပ်လေးတွေပင်ရဲကာတဆတ်ဆတ်တုန်နေရတော့သည်။
"ဟက်.. ချိုး"
မောင်ကလရိပ်အတွက်ဆိုပြီးဝယ်ထည့်ထားသည့်pajamasဝမ်းဆက်ကိုဝတ်ပေးထားကာအပေါ်ကအနွေးထည်ခပ်ထူထူကိုပါထပ်ဝတ်ပေးထားသေးသည်။ လရိပ်ဆံပင်တွေကိုရေသုတ်ပေးနေသည့်မောင့်ကိုမကျေနပ်သလိုခပ်စူးစူးမော့ကြည့်တော့လရိပ်နှုတ်ခမ်းကိုခပ်ပြုံးပြုံးပဲငုံ့နမ်းသေးသည်။
"မောင့်"
"ဗျာ"
"မောင် မဟန်နီနွေးနဲ့အိပ်ဖူးလား"
ခပ်မော့မော့မေးလာသည့်သည်းငယ်ကြောင့်မဂ္ဂအနည်းငယ်ကြောင်သွားရသည်။ မဂ္ဂကိုခပ်စူးစူးမျက်ဝန်းတွေနဲ့ပေါက်ထွက်မတတ်ကြည့်နေတာမို့တစ်ဖက်လှည့်ကာကြိတ်ရယ်လိုက်မိသည်။
"ကိုယ်ခြောက်နှစ်သားတုန်းကလားမသိဘူး တစ်ခါအိပ်ဖူးတယ်ထင်တယ်"
"မောင့်"
"ကိုယ်တကယ်ပြောတာ"
"မဟုတ်ဘူး ဟိုလိုအိပ်ဖူးလားမေးတာ"
"ဘယ်လိုလဲ"
"မောင်နော် သိရက်နဲ့"
နှုတ်ခမ်းလေးကမဲ့ကျကာမျက်လုံးအိမ်တွေမှာမျက်ရည်ရစ်သိုင်းလာပြန်သည့်ကလေးငယ်ကြောင့်မဂ္ဂဆက်စချင်စိတ်ကိုထိန်းထားလိုက်ရတော့သည်။
"ကိုယ်သူနဲ့တွဲတော့ကလေးသာသာပဲရှိသေးတာသည်းငယ်ရဲ့"
"ဒါဆို နဒီနှင်းဆီနဲ့ကော"
"သူနဲ့ဘာလို့ပြတ်သွားလဲသိလား ကိုယ်ကသည်းငယ်ဆီစိတ်ရောက်နေလို့လေ၊ သူနဲ့တွဲနေတုန်းကကိုယ်ကသည်းငယ်စိတ်နဲ့ပဲအိပ်တာ စောင်မပါရင်တောင်နွေးတယ်"
"အဲ့တာဆိုဘယ်သူနဲ့အရင်ဆုံးအိပ်ဖူးတာလဲ"
"ကိုယ်မသိဘူး"
"..."
"ကိုယ့်ဘက်ကစိတ်ပါလို့မြတ်မြတ်နိုးနိုးနဲ့ခွင့်တောင်းယူခဲ့တာတော့သည်းငယ်ပဲရှိတာ၊ ယုံတယ်မလား"
"ဟုတ်"
အနည်းငယ်တိတ်ဆိတ်သွားကာတစ်ခုခုကိုစဉ်းစားနေဟန်မို့မဂ္ဂရေသုတ်ပေးနေတာကိုသာအာရုံစိုက်ထားလိုက်သည်။
"မောင့်ကြောင့်showroomလည်းမသွားရတော့ဘူး၊ သည်းငယ်တော့အလုပ်ကိုမလေးမစားလုပ်တယ်လို့ပြောခံရတော့မှာပဲ"
"ဘယ်သူကပြောရဲမှာလဲ"
"ကိုကောင်းကအလုပ်နဲ့ပါဆင်နယ်ဘယ်တော့မှမရောဘူး ဘာလို့မပြောရဲရမှာလဲ"
"ချမ်းနေလား"
"ချမ်းလွန်းလို့တဆတ်ဆတ်ပါတုန်နေပြီသိလား"
မဂ္ဂစကားလွှဲတော့လည်းချက်ချင်းအာရုံပြောင်းသည်။
"ကိုယ် ဟင်းချိုပြန်နွှေးလိုက်မယ်၊ ဟင်းချိုပူပူလေးသောက်လိုက်နော်"
"သွား အခုမှစိတ်ပူချင်ယောင်ဆောင်နေတာ"
"ဆိုးလိုက်တာကွာ"
လရိပ်ကိုပွေ့ကာလရိပ်ပါးကိုဖိနမ်းပြီးခပ်ဟက်ဟက်ပြောလာတော့မောင့်ပုခုံးကိုကုန်းကိုက်ပစ်လိုက်သည်။
"ဘယ်မှာဆိုးလို့လဲ၊ မောင်သာအခုမှလောလောလတ်လတ် သည်းငယ်ကိုအနိုင်ကျင့်ထားတာ"
"ထပ်အနိုင်ကျင့်မိတော့မှာပဲကွာ"
မဂ္ဂ သည်းငယ်ကိုချီကာdining roomထဲခေါ်လာပြီးခုံမှာကျကျနနထိုင်စေလိုက်သည်။ ဟင်းချိုကိုအနည်းငယ်ပြန်နွှေးလိုက်ကာထမင်းပူပူကိုခပ်ယူပြီးအဆင်သင့်ချပေးလိုက်သည်။ ဇွန်းကိုကိုင်ကာမစားသေးဘဲငြိမ်ငြိမ်ထိုင်နေတာမို့မျက်ခုံးပင့်ကြည့်မိသည်။
"မောင်ကော"
"ကိုယ်အခုမှစားထားတာ မဆာဘူး"
"ဟင် မောင်ဘာစား.."
လက်ပိုက်ထိုင်ကာပြီတီတီကြည့်နေသည့်မောင့်ကြောင့်လရိပ်စကားတို့လမ်းတစ်ဝက်မှာတင်ရပ်သွားရသည်။ လရိပ်မျက်စောင်းချီတော့မောင်ကခပ်ဟက်ဟက်ရယ်ကာလရိပ်ဆံပင်တွေကိုဆွဲလာဖွသည်။
"အရပ်ရှည်လာအောင်များများစား"
အမဲနှပ်ကိုပန်းကန်ထဲခပ်ထည့်ပေးကာဘေးကနေဂရုတစိုက်ရှိလှသည့်မောင်ကြောင့်လရိပ်အလုတ်ကြီးကြီးခပ်ကာတမြုံ့မြုံ့စားနေမိသည်။
"အား.. ဗိုက်ပြည့်သွားပြီ"
"ကိုယ်ဆေးလိုက်မှာမို့သည်းငယ်ကသွားနားတော့"
လရိပ်ပန်းကန်ကိုဆေးရန်ပြင်ပေမဲ့မောင်ကချက်ချင်းဆွဲယူသွားတာဖြစ်သည်။ ဘေစင်ကသိပ်မနိမ့်သော်လည်းမောင့်အရပ်ရှည်ရှည်ကြောင့်ခါးကိုအနည်းငယ်ကုန်းပြီးဆေးနေရတာမြင်တော့လရိပ်မသိမသာရယ်မိသည်။
မောင့်နောက်ကနေသိုင်းဖက်ကာမောင့်ကျောပြင်ဆီမျက်နှာအပ်ပစ်လိုက်သည်။
"မောင်က သဘောကောင်းလိုက်တာ"
"ထင်လို့ပါဗျာ"
"မောင်အဲ့လိုပြောရင်သည်းငယ်အူယားပြီးချစ်တာ"
"ကိုယ့်လက်မှာဆီတွေနဲ့ လှည့်နမ်းလိုက်ရမလား"
"ဟင့်အင်း"
"ဒါဆိုငြိမ်ငြိမ်လေးနေပေးနော်"
"ဟုတ်"
"ကိုယ့်ကျောကိုလည်းခိုးနမ်းမနေနဲ့"
"ချစ်လို့ပဲဟာ"
"ကျစ် ဒီကလေးကွာ"
မောင်ကတကယ်ကြီးလှည့်လာတာမို့လရိပ်ခပ်ဝေးဝေးကိုပြေးလိုက်သည်။
"သည်းငယ်အပြင်မှာငြိမ်ငြိမ်လေးသွားထိုင်နေတော့မယ်နော်"
TV channelတွေကိုတစ်ခုပြီးတစ်ခုပြောင်းဖွင့်ပေမဲ့စိတ်ဝင်စားစရာဘာမှမတွေ့။ မျက်လုံးတွေစပ်ကာနှာလည်းစီးချင်သလိုလိုဖြစ်နေတာမို့ဆိုဖာကိုမှီကာမျက်လုံးတွေမှိတ်ထားမိသည်။
"ကဲ ရော့"
ခက်ရင်းသေးသေးလေးနဲ့ထိုးထားသည့်ပန်းသီးစိတ်လေးအားလရိပ်လက်ထဲထည့်ပေးလာပေမဲ့ခက်ရင်းကိုမယူဘဲပန်းသီးကိုသာပါးစပ်နဲ့အသာကိုက်ယူလိုက်သည်။
မျက်လုံးလေးတွေအနည်းငယ်နီနေကာမဂ္ဂလက်ကိုလာရိုက်ခတ်သွားသည့်လေငွေ့ကခပ်နွေးနွေးဖြစ်နေတော့ မဂ္ဂအနည်းငယ်ပျာသွားရသည်။ နဖူးကိုအသာစမ်းကြည့်တော့မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာငြိမ်နေသည်။
"ကိုယ်နည်းနည်းနွေးနေတာပဲ၊ ဆေးသောက်ရအောင်သည်းငယ် အခန်းထဲသွားနေကိုယ်လာခဲ့မယ်"
"ရပါတယ် မဖျားပါဘူး"
"ကိုယ့်စကားကိုနားထောင်သည်းငယ်"
"ဟို အဲ့တာဆို သည်းငယ်ဆေးသောက်ပြီးပြန်လိုက်တော့မယ်"
"နေမကောင်းဖြစ်ရင်လည်းကိုယ့်အနားမှာပဲဖြစ်ရမယ်သည်းငယ်၊ အခုဝင်တော့"
"အီး.. ဟင့် ဘာလို့အော်နေတာလဲ"
ရုတ်တရက်ထငိုသည့်သည်းငယ်ကြောင့်မီးဖိုခန်းဘက်လှမ်းနေသည့်မဂ္ဂခြေလှမ်းတွေရပ်တန့်သွားရသည်။ ဆိုဖာပေါ်မှာခွေခွေလေးထိုင်နေသည့်သည်းငယ်နားပြန်ဝင်ထိုင်ကာဆွဲဖက်တော့ရုန်းပြီးဆိုဖာအစွန်းထိတိုးကပ်သွားပြန်သည်။
"ကိုယ်ဘယ်မှာအော်လို့လဲသည်းငယ်ရယ် ဟင်"
"အော်သလိုပြောလိုက်တာ သည်းငယ်သိတယ်၊ မောင်က.. ဟင့်.. အော်တာ.."
"မအော်ပါဘူးဆိုကွာ ကိုယ်စိတ်ပူသွားလို့နည်းနည်းလေးလေသံမာသွားတာပါ၊ မအော်ပါဘူးကွာ နော်"
"အော်ရက်နဲ့"
ဂျီကျချင်နေသည့်ပေါက်စလေးကိုဆွဲပွေ့ကာအခန်းထဲအရင်ဝင်လိုက်သည်။ မွေ့ယာပေါ်ချပေးလိုက်တဲ့ထိဝမ်းပန်းတနည်းတရှုံ့ရှုံ့ရှိုက်ငိုနေဆဲ။
"ကိုယ်ရေသွားယူဦးမယ် ခဏပဲနော်"
"ဟင့်"
ဆေးသောက်ပြီးခဏအကြာမှာပဲအသက်ရှူသံမှန်မှန်နဲ့အိပ်ပျော်သွားသည့်ကလေးငယ်။ အိပ်မပျော်ခင်အချိန်ထိမဂ္ဂကိုတတွတ်တွတ်နဲ့ရန်လုပ်နေသေးတာဖြစ်သည်။ စိတ်ရောကိုယ်ပါပင်ပန်းသွားပုံရသည့်ကလေးပေါက်စကိုကြည့်ပြီးမဂ္ဂရဲ့မေးကြောကြီးတွေက တဖြည်းဖြည်းနဲ့တင်းမာလာခဲ့ပြီဖြစ်သည်။
ဖုန်းကိုယူကာဝရန်တာကိုထွက်လိုက်သည်။ တံခါးကိုအသာပြန်ပိတ်ပြီးသူ့အတွင်းရေးမှူးဆီဖုန်းခေါ်လိုက်သည်။ အရင်တည်းကအိမ်မှာနေလာခဲ့သည့်အိမ်ထိန်းကြီး၏သားမို့ မဂ္ဂအပေါ်ကိုသစ္စာရှိပြီးရိုကျိုးသည်။ စကားတစ်ခွန်းကိုနှစ်ခါပြောစရာမလိုလောက်အောင်ထိအလိုက်သိလွန်းသူဖြစ်သည်။
"နဒီနှင်းဆီနဲ့ပတ်သက်သမျှ အကုန်သိချင်တယ်ကိုရောင်နီ"
"ဟုတ်ကဲ့၊ ဒါနဲ့ ဟန်နီနွေးကိုဘယ်လိုလုပ်မှာလဲ"
"လာမရှုပ်သေးသရွေ့အဆင်ပြေတယ်"
ကိုရောင်နီဦးကမဂ္ဂထက်၂နှစ်ကြီးပြီးမဟန်နီနွေးနဲ့ရွယ်တူဖြစ်သည်။ မဟန်နီနွေးကငယ်ငယ်ကလည်းမောက်မာတတ်သူမို့ကိုရောင်နီကိုဆိုမတူသလို၊ မတန်သလိုဆက်ဆံလေ့ရှိသည်မှာယခုအချိန်အထိ။
မဟန်နီနွေး မဂ္ဂဆီလာကပ်နေရသည့်အကြောင်းအရင်းကိုမာမီသိတော့အနည်းငယ်တော့တုန်လှုပ်သွားပုံရသည်။ ငယ်ငယ်တည်းကထိန်းကျောင်းလာခဲ့ပြီးနှစ်အိမ့်တစ်အိမ်နေခဲ့သည်မို့မာမီကမဟန်နီနွေးအပေါ်သံယောဇဉ်ရှိသည်ထင်၏။ ဒါကိုမဟန်နီနွေးကအမြဲလိုလိုအကြံနဲ့ပဲချည်းကပ်တတ်တာမို့လုပ်ရက်လေခြင်းလို့ယူကြုံးမရဖြစ်ဟန်တူပါသည်။
"သည္းငယ္"
ခုတင္ေပၚမွာေကြးေကြးေလးအိပ္ေနသည့္ခႏၶာငယ္ေလးကအသက္ရႉသံေၾကာင့္နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနသည့္ရင္အစုံကလြဲလႈပ္ရွားမႈအလ်ဥ္းမရွိ။
မဂၢ briefcaseကိုစားပြဲေပၚအသာတင္လိုက္သည္။ အေပၚကုတ္ႏွင့္နက္ခ္တိုင္ကိုခြၽတ္လိုက္ၿပီးရွပ္အကၤ်ီၾကယ္သီးကိုႏွစ္လုံးေလာက္ထိျဖဳတ္လိုက္မိသည္။ လက္ေကာက္ဝတ္မွာဝတ္ဆင္ထားသည့္တန္ဖိုးႀကီးနာရီကိုပါတစ္ခါတည္းခြၽတ္လိုက္ၿပီးအကၤ်ီလက္ကိုေခါက္တင္လိုက္ေတာ့ေမြးညွင္းစိမ္းႏွင့္အေၾကာစိမ္းေတြထင္းေနသည့္လက္ဖ်ံကအစဆြဲေဆာင္မႈအျပည့္ျဖစ္သည္။
ကြန္ဒိုမွာလို႔ပို႔ထားသည့္သည္းငယ့္မက္ေဆ့ခ္်ကိဳေတြ႕တာေၾကာင့္ကုမၸဏီကအျပန္ကြန္ဒိုကိုတန္းလာခဲ့တာျဖစ္သည္။
ညေနေစာင္းေနၿပီမို႔ေနမေကာင္းျဖစ္မွာစိုးရိမ္မိေပမဲ့ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနတာမို႔မနိုးခ်င္။ နဖူးေလးထက္ငုံ႕နမ္းကာေစာင္ကိုရင္ဘတ္ထိဆြဲၿခဳံေပးလိုက္သည္။ အဲကြန္းကိုညွိေပးလိုက္ၿပီးတံခါးကိုသာသာပိတ္ကာအျပင္ျပန္ထြက္ခဲ့လိုက္ေတာ့သည္။
ဆိုဖာေပၚျဖစ္သလိုတင္ထားခဲ့သည့္အသားတခ်ိဳ႕ႏွင့္အသီးအ႐ြက္ေတြကိုယူကာမီးဖိုခန္းထဲဝင္လိုက္သည္။ ဆန္ကိုအိတ္ထဲမွခ်င့္ထည့္ၿပီးထမင္းေပါင္းထားလိုက္သည္။ အမဲသားကိုေရေသခ်ာေဆးေနရင္းကအ႐ြက္ေတြကိုေရစိမ္ထားဖို႔လည္းမေမ့။
ပင္ပန္းေနမည့္သည္းငယ္ေၾကာင့္ညစာကိုေတာ့ေကာင္းေကာင္းေလးခ်က္ေကြၽးခ်င္မိတာမို႔supermarketကိုဝင္ကာလိုအပ္တာေတြဝယ္လာခဲ့တာျဖစ္သည္။
သည္းငယ္အနားမွာသူ႕မ်က္လုံးေတြ၊ နားေတြအမ်ားႀကီးရွိသည္။ မဂၢတစ္ခ်က္ငဲ့ၾကည့္႐ုံျဖင့္အကုန္လုံးကိုမခြၽင္းမခ်န္သိနိုင္သည္။ အားလုံးကိုတစ္ေယာက္တည္းေျဖရွင္းခ်င္ေနသည့္သည္းငယ္ကလြတ္ထားေပးရေလာက္ေအာင္ထိမသန္မာေသး။
အမဲႏွပ္ထဲကိုမဆလာအနည္းငယ္နဲ႕ေရွာက္႐ြက္ကိုထည့္လိုက္သည္။ gas stoveကိုပိတ္လိုက္ၿပီးပန္းကန္ထဲခပ္ထည့္ကာစားပြဲေပၚတင္ထားၿပီးမွအုပ္ေဆာင္းနဲ႕အုပ္ထားလိုက္သည္။
ဆားအနည္းငယ္ထည့္ကာေရစိမ္ထားသည့္ကန္စြန္း႐ြက္၊ မွိုကိုဆယ္ယူလိုက္ၿပီးေရစစ္ကာေဘာက္ဆတ္ဆတ္ေလးျဖစ္ေအာင္ေၾကာ္လိုက္သည္။ ခ႐ုဆီေလွ်ာ့ထည့္ဖို႔လည္းမေမ့။
"ေမာင့္"
ပဲပင္ေပါက္နဲ႕ၾကက္ရိုးကိုေရာၿပီးဟင္းခ်ိဳခ်က္ဖို႔ျပင္ေနတုန္းမ်က္လုံးေလးေတြကိုလက္နဲ႕ပြတ္ဆြဲကာေရာက္လာသည့္ သည္းငယ္ကအိပ္မႈန္စုန္မႊား။ ဆံႏြယ္ေလးေတြကထိုးထိုးေထာင္ေထာင္နဲ႕ပိဘိကေလးေပါက္စေလးလိုပင္။
မဂၢရင္ခြင္ထဲကိုငိုမဲ့မဲ့ေလးတိုးဝင္လာတာေၾကာင့္ဆီးႀကိဳကာဖက္ထားလိုက္သည္။ လြတ္ထြက္သြားမွာစိုးသည့္အလားအတင္းတိုးကပ္ဖက္ေနသည့္သည္းငယ္ေၾကာင့္မဂၢအသာေပြ႕ခ်ီလိုက္ကာဂက္စ္မီးဖိုကိုပိတ္လိုက္သည္။
စားပြဲေပၚကိုခ်ေပးေပမဲ့လက္မခံ။ ေျခေထာက္ေလးေတြကမဂၢခါးမွာရစ္ပတ္ကာ ဖားပ်ံေလးလိုကပ္တြယ္ထားသည္။
"ဒီမွာထိုင္ေနေနာ္သည္းငယ္ေလး၊ ကိုယ္ သည္းငယ္အတြက္ညစာခ်က္ေပးေနတာ၊ ခဏပဲေနာ္"
"ဟင့္အင္း ေမာင္နားမွာေနမွာ"
"ဒါကိုယ့္နားပဲေလကြာ ဟင္"
"ဟင့္အင္း ဟင့္အင္း ေမာင့္အသားနဲ႕ထိထားမွာ"
ေျပာလိုက္ကာမွၾကဴၾကဴပါေအာင္ေအာ္ငိုလိုက္သည္မွာမ်က္ရည္ေတြလည္းတသြင္သြင္စီးက်လာေသးသည္။ မဂၢၿပဳံးလိုက္ကာပါးျပင္ေပၚကမ်က္ရည္ေတြကိုသုတ္ေပးေပမဲ့လည္းထပ္မံစီးက်လာသည္မွာတာက်ိဳးတဲ့ဆည္လိုပင္။
"ဘာလို႔ငိုေနတာလဲကြာ မငိုနဲ႕သည္းငယ္၊ ကိုယ္မႀကိဳက္ဘူးေလ ဟင္"
"အင့္.. ဟင့္.."
ရွိုက္သံတို႔ပါတိုးဝင္လာေတာ့မဂၢသက္ျပင္းသာခ်မိေတာ့သည္။
"သည္းငယ္ကစေကာ္လာနဲ႕ေက်ာင္းတက္တာအျပစ္လည္းမဟုတ္ဘဲနဲ႕ အင့္ ဟီး.."
မ်က္ရည္စီးေၾကာင္းေတြကိုလက္ႏွစ္ဖက္နဲ႕ပြတ္ဆြဲကာေအာ္ငိုလာသည့္အာၿဗဲစိန္ေလးေၾကာင့္မဂၢမွာရယ္ရခက္ ငိုရခက္။
"နဒီႏွင္းဆီက ဟင့္ ေမာင့္ကိုေပးတဲ့၊ ေမာင္ကျဖင့္သည္းငယ္ကိုပဲခ်စ္တာကို"
အခုမွအေမေတြ႕သည့္ကေလးႏွယ္ေအာ္ငိုကာတိုင္တန္းေနတာမို႔စားပြဲေပၚကကိုယ္ေသးေသးေလးကိုေကာက္ေပြ႕ကာliving roomဆီထြက္လာခဲ့ေတာ့သည္။
ဆိုဖာေပၚထိုင္ေတာ့ခြရက္ေလးနဲ႕မဂၢလည္ပင္းၾကားေခါင္းတိုးကာတအိအိရွိုက္ငိုေနျပန္သည္။ ဗလုံးဗေထြးနဲ႕စကားသံေတြကလည္းတစ္ခ်က္တစ္ခ်က္ထြက္လာေသးသည္။
"ေမာင့္ကိုဘယ္သူ႕ကိုမွမေပးဘူးေနာ္၊ ဟင့္ သည္းငယ္မွာေမာင္ပဲရွိတာကို လူဆိုးမႀကီးကလာလုခ်င္ေနတာ"
မဂၢမွာမၿပဳံးဘဲမေနနိုင္ေတာ့။ ေခါင္းလုံးလုံးေလးကို႐ႊတ္ကနဲငုံ႕နမ္းကာေက်ာျပင္ကိုခပ္ဖြဖြပုတ္ေပးမိသည္။
"ေမာင္ေနာ္ သည္းငယ္ကိုအေပ်ာ္မႀကံရဘူးေနာ္"
မဂၢတဟားဟားေအာ္ရယ္မိေတာ့ပုခုံးထက္ဆီကဆစ္ကနဲနာက်င္မႈကိုရသည္။ အရင္လိုမပြင့္မလင္းနဲ႕ျဖစ္ေနမယ္ထင္မိေပမဲ့စိတ္ထဲရွိသမွ်အကုန္ထုတ္ေျပာေနသည့္သည္းငယ္ေၾကာင့္မဂၢစိတ္ေတြ ေပါ့ပါးလန္းဆန္းသြားရသည္။
"သည္းငယ္ကိုအေပ်ာ္ႀကံရင္ ေမာင့္ကိုဒီတိုင္းမထားဘူးေနာ္"
"အေပ်ာ္ႀကံတယ္ဆိုတာဘယ္လိုမ်ိဳးကိုေျပာတာလဲ"
"ဟင္ အဲ့တာက.."
မ်က္လုံးေလးေတြျပဴးက်ယ္လာကာဘာေျပာရမွန္းမသိျဖစ္ေနပုံကခ်စ္စဖြယ္ေကာင္းလြန္းလွသည္။ မ်က္ဆံေလးကိုေထာင့္ကပ္ၿပီးစဥ္းစားဟန္ျပဳေတာ့မဂၢမွာအသည္းယားလြန္းလို႔ငုံထားလိုက္ခ်င္ၿပီ။
"ဘာပဲျဖစ္ျဖစ္ သည္းငယ္ကိုအေပ်ာ္မႀကံရဘူးေနာ္"
"ကိုယ့္အေပၚကိုအၿမဲတမ္းဒီလိုပြင့္လင္းေပးေနာ္"
"..."
"တျခားသူေျပာလို႔၊ ကိုယ့္ဘာသာစုံစမ္းလို႔သိရတာေတြထက္ သည္းငယ္ေျပာျပလို႔သိရတာပဲကိုယ္လိုခ်င္တယ္"
"ဟင့္.. ဟုတ္"
"ေျပာပါဦး ကိုယ့္ကိုမေျပာဘဲထားတာဘာက်န္ေသးလဲ"
လရိပ္မ်က္ဝန္းေတြဆီတည့္တည့္စိုက္ၾကည့္ကာသိၿပီးသားအရာေတြကိုထပ္ေမးေနသလိုေမာင့္ပုံစံေၾကာင့္လရိပ္ေခါင္းေလးငုံ႕ကာရင္ခြင္ထဲတိုးဝင္လိုက္သည္။
"ထက္ထက္ကေလ သည္းငယ္ကိုစိတ္ဆိုးလို႔ေျပာတာပါ"
"ဟုတ္ၿပီ ေနာက္ေကာ"
"အေဆာင္ကအခန္းေဖာ္ေတြကသည္းငယ္ကိုေမာင့္ဆီက ကပ္ခ်ဴတယ္တဲ့"
မဂၢေမးရိုးေတြတင္းကနဲျဖစ္သြားေပမဲ့ေက်ာျပင္ေသးေသးေလးကိုသာခပ္သာသာပြတ္သပ္ေပးလိုက္သည္။
"ဟိုေလ သည္းငယ္ပန္းဆိုင္မွာအခ်ိန္ပိုင္းလုပ္တာေကာေမာင္သိထားလား"
မရဲတရဲေမာ့ေမးမိေတာ့ေခါင္းညိတ္ျပလာသည့္ေမာင့္ေၾကာင့္လရိပ္ပိုတိုးဖက္ကာေမာင့္ရင္ခြင္ထဲပိုတိုးဝင္လိုက္သည္။
"ေမာင္ စိတ္ဆိုးလားဟင္"
"မဆိုးပါဘူး"
"ဒါဆိုေမာင့္မ်က္ႏွာႀကီးကဘာလို႔တည္ေနတာလဲ"
"ကိုယ္စိတ္တိုေနလို႔"
"ဟင္.. သည္းငယ္ကိုလားဟင္ သည္းငယ္ကေလ တမင္မေျပာတာမဟုတ္ပါဘူး၊ ေမာင္မႀကိဳက္ဘူးထင္လို႔ စိတ္မရႈပ္ေစခ်င္လို႔ပါ စိတ္မဆိုးနဲ႕ေနာ္"
မ်က္ႏွာငယ္နဲ႕စကားေတြတရစပ္ေျပာေနသည့္သည္းငယ္ကိုၾကည့္ၿပီးမဂၢမွာဟားကနဲေအာ္မိေတာ့သည္။
"ကိုယ္ နဒီႏွင္းဆီကိုစိတ္တိုတာပါကြာ"
"သည္းငယ္လည္း သူ႕ကိုစိတ္တိုတယ္"
"ကိုယ့္သည္းငယ္ကတကယ္ကေလးေလးပဲကြာ ခ်စ္လိုက္တာ"
မ်က္ႏွာအႏွံ႕ကိုမဂၢတ႐ႊတ္႐ႊတ္လိုက္နမ္းေတာ့ၿငိမ္ၿငိမ္ေလးေနေပးျပန္သည္။
"သည္းငယ္ကစေကာ္လာေက်ာင္းသူဆိုတာေမာင့္ေမေမသိသြားရင္ဘယ္လိုလုပ္မလဲဟင္"
"ေမာင့္ေမေမကသိၿပီးသားပဲေလသည္းငယ္ရဲ႕"
လရိပ္ရဲ႕သံေယာင္ကိုလိုက္ကာေျပာလာသည့္ေမာင္ေၾကာင့္လရိပ္မ်က္လုံးလွန္ၾကည့္လိုက္သည္။ စေနာက္ေနတာႏွင့္မတူဘဲေမာင့္မ်က္ႏွာကလုံးဝတည္ၿငိမ္ေနျပန္သည္။
"သည္းငယ္ကစေကာ္လာေက်ာင္းသူဆိုေတာ့ကိုယ္ဂုဏ္ယူတယ္ေလ၊ စေကာ္လာဆိုတာလိုခ်င္တိုင္းရတာမွမဟုတ္တာကြာ ဒီမဂၢေမာင္ရဲ႕ခ်စ္သူေလးကRoll 1ေက်ာင္းသူေလးေလ ေတာ္လြန္းလို႔စေကာ္လာပါရထားတာဆိုတာဘယ္ေလာက္နားေထာင္လို႔ေကာင္းလိုက္သလဲ ဟင္"
"..."
"သည္းငယ္မွာမိဘမရွိေတာ့ဘာျဖစ္လဲ၊ သေဘာမတူပါဘူးဆိုကန႔္ကြက္မယ့္သူလည္းမရွိဘူး၊ ၿပီးေတာ့ေယာက္ခထီးေတြကဆိုးတယ္တဲ့ သည္းငယ္မသိဘူးမလား"
"ဟင့္အင္း"
"ကိုယ့္ကေလ သည္းငယ္နဲ႕တင္ရၿပီဘာမွမလိုဘူး၊ ကိုယ့္ပတ္ဝန္းက်င္ကလူေတြကလည္းသည္းငယ္ဆိုတာကိုပဲလက္ခံေပးၾကရမွာဘာမွထပ္မလိုဘူး"
"သည္းငယ္ကိုယ့္အားကိုယ္ ကိုးခ်င္တာကိုယ္လက္ခံနိုင္တယ္၊ သည္းငယ္ရဲ႕ဆုံးျဖတ္ခ်က္ေတြကိုလည္းကိုယ္ေလးစားေပးမယ္"
"ဒါေပမဲ့သည္းငယ္ရဲ႕အခက္အခဲေတြကိုကိုယ့္ကိုမွ်ေဝေပး၊ ကိုယ္နဲ႕ပတ္သက္ၿပီးသည္းငယ္ဆီလာရိုက္ခတ္သမွ်အကုန္လုံးကိုသည္းငယ္တစ္ေယာက္တည္းေျဖရွင္းဖို႔မႀကိဳးစားရဘူး၊ ခြင့္လည္းမျပဳနိုင္ဘူး"
"ကိုယ့္အေပၚကိုပြင့္လင္းေပး၊ သည္းငယ္ျဖစ္ခ်င္သမွ် လုပ္ခ်င္သမွ်ကိုအရင္ဆုံးတိုင္ပင္ရတဲ့သူကကိုယ္ပဲျဖစ္ခ်င္တယ္"
"ကိုယ္ေျပာတာသေဘာေပါက္လားသည္းငယ္ေလး"
"ဟုတ္"
လရိပ္ေခါင္းတဆတ္ဆတ္ညိတ္ျပေတာ့ေမာင္ကလရိပ္နဖူးကိုငုံ႕ကာနမ္းသည္။
"ကိုယ္ကသည္းငယ္ကိုအမ်ားႀကီးခ်စ္တယ္ေနာ္"
"သည္းငယ္လည္းအမ်ားႀကီးခ်စ္တယ္"
"ကိုယ္သိတယ္"
"ဒါနဲ႕ေမာင္ဘာေတြလုပ္ေနတာလဲဟင္၊ ေမႊးလိုက္တာ"
"ညစာခ်က္ေနတာ"
ဒီေတာ့မွေမာင့္ကိုသတိထားၾကည့္မိေတာ့apronႀကီးဝတ္ထားတာျဖစ္သည္။
"ထ ေက်ာင္းမွာရန္ျဖစ္လာတဲ့ကိုယ့္သမီးေလးကိုေခ်ာ့ေနရလို႔ပဲပင္ေပါက္ဟင္းခ်ိဳမခ်က္ရေသးဘူး"
"ေမာင္ေနာ္"
လရိပ္ကိုမီးဖိုခန္းထဲထိခ်ီလာတာမို႔ေမာင့္လည္ပင္းကိုသာခပ္တင္းတင္းသိုင္းဖက္ထားလိုက္သည္။
လရိပ္ကိုလက္တစ္ဖက္နဲ႕ေပြ႕ထားၿပီးေနာက္တစ္ဖက္ျဖင့္ပြက္ပြက္ဆူေနတဲ့အိုးထဲကိုၾကက္ေျခေထာက္ေတြထည့္ေနတာမို႔လရိပ္မေနသာေတာ့ဘဲေမာင့္ေပၚကေလွ်ာခ်လိဳက္ဖို႔လုပ္ေပမဲ့မရ။ တင္းတင္းဆြဲဖက္ထားျပန္သည္။
"ေမာင့္ကို အပူေလာင္လိမ့္မယ္"
"သည္းငယ္ၿငိမ္ၿငိမ္မေနမွေလာင္မွာ"
"ဟင့္အင္း သည္းငယ္ကိုေအာက္ခ်ေပးေနာ္၊ ေမာင္အပူေလာင္လိုက္မွာတကယ္ေၾကာက္တယ္"
ပါးေဖာင္းေဖာင္းေလးကို႐ႊတ္ကနဲနမ္းရွိုက္ကာထိုေပါက္စေလးစိတ္တိုင္းက်ေအာက္ခ်ေပးလိုက္ေတာ့ခုံမွာၿငိမ္ၿငိမ္ေလးသြားထိုင္ေနျပန္သည္။
"ေမာင္ကapronနဲ႕ေတာင္ေခ်ာလိုက္တာ"
အသားညိုညိုနဲ႕ေမာင့္ကိုယ္ေပၚမွာအျပာေရာင္apronကစမတ္က်က်ေနရာယူထားသည္။ အရပ္ရွည္တာမို႔ဒူးနားထိပဲရွိေနကာဇြန္းကိုကိုင္ၿပီးေမႊေနသည့္ေမာင့္လက္ေခ်ာင္းသြယ္သြယ္ေတြကအစညွို႔အားျပင္းတာျဖစ္သည္။
မဂၢမီးဖိုကိုအပူေလွ်ာ့လိုက္ၿပီးပဲပင္ေပါက္ႏွင့္ဟင္းခတ္မႈန့္နည္းနည္းခပ္လိုက္သည္။ စားပြဲေပၚေခါင္းေမွာက္အိပ္ကာမဂၢကိုမ်က္ေတာင္မခတ္တမ္းၾကည့္ေနသည့္သည္းငယ္ကိုျမင္ေတာ့သြားတန္းျဖဴျဖဴေတြေပၚေအာင္ထိၿပဳံးလိုက္သည္။
"ေမာင္ၿပဳံးလိုက္ရင္တအားေခ်ာတာပဲ"
"ဗိုက္ဆာၿပီလား သည္းငယ္"
"ဟင္ နည္းနည္း၊ ေရအရင္ခ်ိဳးဦးမယ္ ၿငီးစီစီႀကီးျဖစ္ေနလို႔"
မဂၢေခါင္းညိတ္ျပေတာ့မွအခန္းထဲဝင္သြားသည့္သည္းငယ္။ မဂၢတစ္ခုခုကိုအေတြးေပါက္သလိုႏႈတ္ခမ္းစြန္းကိုတစ္ဖက္တည္းၫႊတ္သြားေအာင္ၿပဳံးလိုက္ၿပီးapronကိုခြၽတ္ကာအခန္းထဲလိုက္ဝင္လာလိုက္သည္။
"အား"
"ေမာင္ ဘာလုပ္.."
လရိပ္အဝတ္ေတြခြၽတ္ေနတုန္းေရခ်ိဳးခန္းထဲဝင္လာသည့္ေမာင့္ေၾကာင့္အလန႔္တၾကားေအာ္လိုက္မိသည္။ ဘရာစီယာနဲ႕အတြင္းခံပဲက်န္ေတာ့တဲ့အေျခအေနမို႔ဗီရိုဆီေျပးကာတံဘက္ထုတ္ယူရန္ႀကံေပမဲ့ေမာင္ကလမ္းတစ္ဝက္မွာတင္ဆြဲခ်ဳပ္ထားျပန္သည္။
"ကိုယ္လည္းေရမခ်ိဳးရေသးဘူး၊ အခ်ိန္ကုန္ေရကုန္သက္သာေအာင္အတူတူခ်ိဳးၾကမယ္ေလ"
"ဟင့္အင္း လႊတ္ေနာ္"
မဂၢခပ္ၿပဳံးၿပဳံးပဲလက္တစ္ဖက္နဲ႕ခါးသိမ္သိမ္ေလးကိုဆြဲဖက္ထားၿပီးေနာက္တစ္ဖက္နဲ႕သူ႕ရွပ္အကၤ်ီၾကယ္သီးေတြအားျဖဳတ္ကာဆြဲခြၽတ္လိုက္သည္။ မ်က္ႏွာေလးရဲကာအၾကည့္လႊဲသြားသည့္သည္းငယ္ေၾကာင့္ပါးႏွစ္ဖက္ကို႐ႊတ္ကနဲေနေအာင္တလွည့္စီငုံ႕နမ္းလိုက္ေတာ့လက္သီးဆုပ္ေလးေတြကမဂၢရင္ဘတ္ေပၚခပ္စိပ္စိပ္က်လာသည္။
"ဟင့္အင္းလို႔ ေမာင္ေနာ္"
လရိပ္ရဲ႕ေက်ာအေနာက္ဘက္ကိုေမာင့္လက္ကလွ်ပ္တစ္ျပက္ေရာက္လာၿပီးလရိပ္ရဲ႕ဘရာစီယာကိုဆြဲခြၽတ္သြားသည္မွာမ်က္စိတစ္မွိတ္အတြင္း။ လရိပ္ရဲ႕ႏႈတ္ခမ္းကိုအားျပင္းျပင္းနဲ႕ဆြဲယူနမ္းရွိုက္ေတာ့လရိပ္မွာသတိလက္လြတ္တုန႔္ျပန္မိသည္။ လရိပ္ကဘယ္ေသာအခါမွေမာင့္အနမ္းေတြကိုျငင္းဆန္နိုင္စြမ္းမရွိ။
လရိပ္ကိုဆြဲေပြ႕ကာေရပန္းေအာက္တိုးဝင္လိုက္သည့္ေမာင္ေၾကာင့္ ေမာင့္လည္ပင္းကိုတြယ္ဖက္ထားမိသည္။ လရိပ္ရဲ႕ေက်ာေပၚေျပးလႊားေနသည့္ေမာင့္လက္ေႏြးေႏြးနဲ႕အနမ္းၾကမ္းၾကမ္းေတြေၾကာင့္သူလိုခ်င္တာကိုရေအာင္ယူတတ္သူမို႔ျငင္းဆန္လို႔မရနိုင္မွန္းလည္းလရိပ္လက္ခံလိုက္ရသည္။
လရိပ္ရဲ႕ေအာက္ဘက္ဆီကအတြင္းခံကလည္းဘယ္အခ်ိန္တည္းကဆြဲခြၽတ္ခံလိုက္ရမွန္းမသိေတာ့။ တသြင္သြင္စီးက်ေနသည့္ေရေတြၾကားေမာင့္အနမ္းေတြကိုပါခံယူေနရေတာ့အသက္ရႉပင္ၾကပ္လာရသည္။
"အာ့ ေမာင့္"
လရိပ္ကိုခ်ီထားလ်က္နဲ႕နံရံမွာေက်ာကပ္ေစၿပီးတရိပ္တရိပ္တိုးဝင္လာသည့္ေမာင္။ နာက်င္မႈနဲ႕သာယာမႈၾကားကူးလူးေနရေတာ့လရိပ္ႏႈတ္ခမ္းကိုသာျပတ္ထြက္မတတ္ကိုက္ထားမိသည္။
"ျပဳတ္က်.. အင့္ သြားမယ္ေမာင္"
"လက္တစ္ဖက္တည္းနဲ႕ေတာင္ခ်ီထားနိုင္တာမို႔ကိုယ္လုပ္ေနတာကိုပဲအာ႐ုံစိုက္"
"ဟင့္ ျဖည္းျဖည္း ေမာင္"
"ျမန္ျမန္လုပ္လည္းသည္းငယ္ႀကိဳက္တယ္မလား ဟင္"
"ေမာင့္"
နားရွက္စရာစကားေတြကိုလရိပ္နား နားကပ္ကာေျပာေနေတာ့ၾကက္သီးေမြးညွင္းပင္ထရသည္။ အရွိန္ျပင္းျပင္းေဆာင့္ခ်က္ေတြၾကားလရိပ္ကိုယ္ေလးကစည္းခ်က္က်စြာလႈပ္ခတ္ေနသည္။ တရိပ္ရိပ္စီးက်ေနသည့္ေရေအာက္ေမာင့္ရဲ႕ဆႏၵျပင္းျပင္းနဲ႕မာန္အဟုန္မက်နိဳင္။
အခ်ိန္ကုန္သက္သာေအာင္ေရအတူခ်ိဳးမည္ဆိုသည့္ေမာင္က ေရခ်ိဳးခန္းထဲမွာအခ်ိန္ေတြအမ်ားႀကီးျဖဳန္းပစ္တာျဖစ္သည္။
ေရခ်ိဳးၿပီးေတာ့လရိပ္မွာႏွာေခါင္းထိပ္ေလးေတြပင္ရဲကာတဆတ္ဆတ္တုန္ေနရေတာ့သည္။
"ဟက္.. ခ်ိဳး"
ေမာင္ကလရိပ္အတြက္ဆိုၿပီးဝယ္ထည့္ထားသည့္pajamasဝမ္းဆက္ကိုဝတ္ေပးထားကာအေပၚကအေႏြးထည္ခပ္ထူထူကိုပါထပ္ဝတ္ေပးထားေသးသည္။ လရိပ္ဆံပင္ေတြကိုေရသုတ္ေပးေနသည့္ေမာင့္ကိုမေက်နပ္သလိုခပ္စူးစူးေမာ့ၾကည့္ေတာ့လရိပ္ႏႈတ္ခမ္းကိုခပ္ၿပဳံးၿပဳံးပဲငုံ႕နမ္းေသးသည္။
"ေမာင့္"
"ဗ်ာ"
"ေမာင္ မဟန္နီေႏြးနဲ႕အိပ္ဖူးလား"
ခပ္ေမာ့ေမာ့ေမးလာသည့္သည္းငယ္ေၾကာင့္မဂၢအနည္းငယ္ေၾကာင္သြားရသည္။ မဂၢကိုခပ္စူးစူးမ်က္ဝန္းေတြနဲ႕ေပါက္ထြက္မတတ္ၾကည့္ေနတာမို႔တစ္ဖက္လွည့္ကာႀကိတ္ရယ္လိုက္မိသည္။
"ကိုယ္ေျခာက္ႏွစ္သားတုန္းကလားမသိဘူး တစ္ခါအိပ္ဖူးတယ္ထင္တယ္"
"ေမာင့္"
"ကိုယ္တကယ္ေျပာတာ"
"မဟုတ္ဘူး ဟိုလိုအိပ္ဖူးလားေမးတာ"
"ဘယ္လိုလဲ"
"ေမာင္ေနာ္ သိရက္နဲ႕"
ႏႈတ္ခမ္းေလးကမဲ့က်ကာမ်က္လုံးအိမ္ေတြမွာမ်က္ရည္ရစ္သိုင္းလာျပန္သည့္ကေလးငယ္ေၾကာင့္မဂၢဆက္စခ်င္စိတ္ကိုထိန္းထားလိုက္ရေတာ့သည္။
"ကိုယ္သူနဲ႕တြဲေတာ့ကေလးသာသာပဲရွိေသးတာသည္းငယ္ရဲ႕"
"ဒါဆို နဒီႏွင္းဆီနဲ႕ေကာ"
"သူနဲ႕ဘာလို႔ျပတ္သြားလဲသိလား ကိုယ္ကသည္းငယ္ဆီစိတ္ေရာက္ေနလို႔ေလ၊ သူနဲ႕တြဲေနတုန္းကကိုယ္ကသည္းငယ္စိတ္နဲ႕ပဲအိပ္တာ ေစာင္မပါရင္ေတာင္ေႏြးတယ္"
"အဲ့တာဆိုဘယ္သူနဲ႕အရင္ဆုံးအိပ္ဖူးတာလဲ"
"ကိုယ္မသိဘူး"
"..."
"ကိုယ့္ဘက္ကစိတ္ပါလို႔ျမတ္ျမတ္နိုးနိုးနဲ႕ခြင့္ေတာင္းယူခဲ့တာေတာ့သည္းငယ္ပဲရွိတာ၊ ယုံတယ္မလား"
"ဟုတ္"
အနည္းငယ္တိတ္ဆိတ္သြားကာတစ္ခုခုကိုစဥ္းစားေနဟန္မို႔မဂၢေရသုတ္ေပးေနတာကိုသာအာ႐ုံစိုက္ထားလိုက္သည္။
"ေမာင့္ေၾကာင့္showroomလည္းမသြားရေတာ့ဘူး၊ သည္းငယ္ေတာ့အလုပ္ကိုမေလးမစားလုပ္တယ္လို႔ေျပာခံရေတာ့မွာပဲ"
"ဘယ္သူကေျပာရဲမွာလဲ"
"ကိုေကာင္းကအလုပ္နဲ႕ပါဆင္နယ္ဘယ္ေတာ့မွမေရာဘူး ဘာလို႔မေျပာရဲရမွာလဲ"
"ခ်မ္းေနလား"
"ခ်မ္းလြန္းလို႔တဆတ္ဆတ္ပါတုန္ေနၿပီသိလား"
မဂၢစကားလႊဲေတာ့လည္းခ်က္ခ်င္းအာ႐ုံေျပာင္းသည္။
"ကိုယ္ ဟင္းခ်ိဳျပန္ေႏႊးလိုက္မယ္၊ ဟင္းခ်ိဳပူပူေလးေသာက္လိုက္ေနာ္"
"သြား အခုမွစိတ္ပူခ်င္ေယာင္ေဆာင္ေနတာ"
"ဆိုးလိုက္တာကြာ"
လရိပ္ကိုေပြ႕ကာလရိပ္ပါးကိုဖိနမ္းၿပီးခပ္ဟက္ဟက္ေျပာလာေတာ့ေမာင့္ပုခုံးကိုကုန္းကိုက္ပစ္လိုက္သည္။
"ဘယ္မွာဆိုးလို႔လဲ၊ ေမာင္သာအခုမွေလာေလာလတ္လတ္ သည္းငယ္ကိုအနိုင္က်င့္ထားတာ"
"ထပ္အနိုင္က်င့္မိေတာ့မွာပဲကြာ"
မဂၢ သည္းငယ္ကိုခ်ီကာdining roomထဲေခၚလာၿပီးခုံမွာက်က်နနထိုင္ေစလိုက္သည္။ ဟင္းခ်ိဳကိုအနည္းငယ္ျပန္ေႏႊးလိုက္ကာထမင္းပူပူကိုခပ္ယူၿပီးအဆင္သင့္ခ်ေပးလိုက္သည္။ ဇြန္းကိုကိုင္ကာမစားေသးဘဲၿငိမ္ၿငိမ္ထိုင္ေနတာမို႔မ်က္ခုံးပင့္ၾကည့္မိသည္။
"ေမာင္ေကာ"
"ကိုယ္အခုမွစားထားတာ မဆာဘူး"
"ဟင္ ေမာင္ဘာစား.."
လက္ပိုက္ထိုင္ကာၿပီတီတီၾကည့္ေနသည့္ေမာင့္ေၾကာင့္လရိပ္စကားတို႔လမ္းတစ္ဝက္မွာတင္ရပ္သြားရသည္။ လရိပ္မ်က္ေစာင္းခ်ီေတာ့ေမာင္ကခပ္ဟက္ဟက္ရယ္ကာလရိပ္ဆံပင္ေတြကိုဆြဲလာဖြသည္။
"အရပ္ရွည္လာေအာင္မ်ားမ်ားစား"
အမဲႏွပ္ကိုပန္းကန္ထဲခပ္ထည့္ေပးကာေဘးကေနဂ႐ုတစိုက္ရွိလွသည့္ေမာင္ေၾကာင့္လရိပ္အလုတ္ႀကီးႀကီးခပ္ကာတၿမဳံ႕ၿမဳံ႕စားေနမိသည္။
"အား.. ဗိုက္ျပည့္သြားၿပီ"
"ကိုယ္ေဆးလိုက္မွာမို႔သည္းငယ္ကသြားနားေတာ့"
လရိပ္ပန္းကန္ကိုေဆးရန္ျပင္ေပမဲ့ေမာင္ကခ်က္ခ်င္းဆြဲယူသြားတာျဖစ္သည္။ ေဘစင္ကသိပ္မနိမ့္ေသာ္လည္းေမာင့္အရပ္ရွည္ရွည္ေၾကာင့္ခါးကိုအနည္းငယ္ကုန္းၿပီးေဆးေနရတာျမင္ေတာ့လရိပ္မသိမသာရယ္မိသည္။
ေမာင့္ေနာက္ကေနသိုင္းဖက္ကာေမာင့္ေက်ာျပင္ဆီမ်က္ႏွာအပ္ပစ္လိုက္သည္။
"ေမာင္က သေဘာေကာင္းလိုက္တာ"
"ထင္လို႔ပါဗ်ာ"
"ေမာင္အဲ့လိုေျပာရင္သည္းငယ္အူယားၿပီးခ်စ္တာ"
"ကိုယ့္လက္မွာဆီေတြနဲ႕ လွည့္နမ္းလိုက္ရမလား"
"ဟင့္အင္း"
"ဒါဆိုၿငိမ္ၿငိမ္ေလးေနေပးေနာ္"
"ဟုတ္"
"ကိုယ့္ေက်ာကိုလည္းခိုးနမ္းမေနနဲ႕"
"ခ်စ္လို႔ပဲဟာ"
"က်စ္ ဒီကေလးကြာ"
ေမာင္ကတကယ္ႀကီးလွည့္လာတာမို႔လရိပ္ခပ္ေဝးေဝးကိုေျပးလိုက္သည္။
"သည္းငယ္အျပင္မွာၿငိမ္ၿငိမ္ေလးသြားထိုင္ေနေတာ့မယ္ေနာ္"
TV channelေတြကိုတစ္ခုၿပီးတစ္ခုေျပာင္းဖြင့္ေပမဲ့စိတ္ဝင္စားစရာဘာမွမေတြ႕။ မ်က္လုံးေတြစပ္ကာႏွာလည္းစီးခ်င္သလိုလိုျဖစ္ေနတာမို႔ဆိုဖာကိုမွီကာမ်က္လုံးေတြမွိတ္ထားမိသည္။
"ကဲ ေရာ့"
ခက္ရင္းေသးေသးေလးနဲ႕ထိုးထားသည့္ပန္းသီးစိတ္ေလးအားလရိပ္လက္ထဲထည့္ေပးလာေပမဲ့ခက္ရင္းကိုမယူဘဲပန္းသီးကိုသာပါးစပ္နဲ႕အသာကိုက္ယူလိုက္သည္။
မ်က္လုံးေလးေတြအနည္းငယ္နီေနကာမဂၢလက္ကိုလာရိုက္ခတ္သြားသည့္ေလေငြ႕ကခပ္ေႏြးေႏြးျဖစ္ေနေတာ့ မဂၢအနည္းငယ္ပ်ာသြားရသည္။ နဖူးကိုအသာစမ္းၾကည့္ေတာ့မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ကာၿငိမ္ေနသည္။
"ကိုယ္နည္းနည္းေႏြးေနတာပဲ၊ ေဆးေသာက္ရေအာင္သည္းငယ္ အခန္းထဲသြားေနကိုယ္လာခဲ့မယ္"
"ရပါတယ္ မဖ်ားပါဘူး"
"ကိုယ့္စကားကိုနားေထာင္သည္းငယ္"
"ဟို အဲ့တာဆို သည္းငယ္ေဆးေသာက္ၿပီးျပန္လိုက္ေတာ့မယ္"
"ေနမေကာင္းျဖစ္ရင္လည္းကိုယ့္အနားမွာပဲျဖစ္ရမယ္သည္းငယ္၊ အခုဝင္ေတာ့"
"အီး.. ဟင့္ ဘာလို႔ေအာ္ေနတာလဲ"
႐ုတ္တရက္ထငိုသည့္သည္းငယ္ေၾကာင့္မီးဖိုခန္းဘက္လွမ္းေနသည့္မဂၢေျခလွမ္းေတြရပ္တန့္သြားရသည္။ ဆိုဖာေပၚမွာေခြေခြေလးထိုင္ေနသည့္သည္းငယ္နားျပန္ဝင္ထိုင္ကာဆြဲဖက္ေတာ့႐ုန္းၿပီးဆိုဖာအစြန္းထိတိုးကပ္သြားျပန္သည္။
"ကိုယ္ဘယ္မွာေအာ္လို႔လဲသည္းငယ္ရယ္ ဟင္"
"ေအာ္သလိုေျပာလိုက္တာ သည္းငယ္သိတယ္၊ ေမာင္က.. ဟင့္.. ေအာ္တာ.."
"မေအာ္ပါဘူးဆိုကြာ ကိုယ္စိတ္ပူသြားလို႔နည္းနည္းေလးေလသံမာသြားတာပါ၊ မေအာ္ပါဘူးကြာ ေနာ္"
"ေအာ္ရက္နဲ႕"
ဂ်ီက်ခ်င္ေနသည့္ေပါက္စေလးကိုဆြဲေပြ႕ကာအခန္းထဲအရင္ဝင္လိုက္သည္။ ေမြ႕ယာေပၚခ်ေပးလိုက္တဲ့ထိဝမ္းပန္းတနည္းတရႈံ႕ရႈံ႕ရွိုက္ငိုေနဆဲ။
"ကိုယ္ေရသြားယူဦးမယ္ ခဏပဲေနာ္"
"ဟင့္"
ေဆးေသာက္ၿပီးခဏအၾကာမွာပဲအသက္ရႉသံမွန္မွန္နဲ႕အိပ္ေပ်ာ္သြားသည့္ကေလးငယ္။ အိပ္မေပ်ာ္ခင္အခ်ိန္ထိမဂၢကိုတတြတ္တြတ္နဲ႕ရန္လုပ္ေနေသးတာျဖစ္သည္။ စိတ္ေရာကိုယ္ပါပင္ပန္းသြားပုံရသည့္ကေလးေပါက္စကိုၾကည့္ၿပီးမဂၢရဲ႕ေမးေၾကာႀကီးေတြက တျဖည္းျဖည္းနဲ႕တင္းမာလာခဲ့ၿပီျဖစ္သည္။
ဖုန္းကိုယူကာဝရန္တာကိုထြက္လိုက္သည္။ တံခါးကိုအသာျပန္ပိတ္ၿပီးသူ႕အတြင္းေရးမႉးဆီဖုန္းေခၚလိုက္သည္။ အရင္တည္းကအိမ္မွာေနလာခဲ့သည့္အိမ္ထိန္းႀကီး၏သားမို႔ မဂၢအေပၚကိုသစၥာရွိၿပီးရိုက်ိဳးသည္။ စကားတစ္ခြန္းကိုႏွစ္ခါေျပာစရာမလိုေလာက္ေအာင္ထိအလိုက္သိလြန္းသူျဖစ္သည္။
"နဒီႏွင္းဆီနဲ႕ပတ္သက္သမွ် အကုန္သိခ်င္တယ္ကိုေရာင္နီ"
"ဟုတ္ကဲ့၊ ဒါနဲ႕ ဟန္နီေႏြးကိုဘယ္လိုလုပ္မွာလဲ"
"လာမရႈပ္ေသးသေ႐ြ႕အဆင္ေျပတယ္"
ကိုေရာင္နီဦးကမဂၢထက္၂ႏွစ္ႀကီးၿပီးမဟန္နီေႏြးနဲ႕႐ြယ္တူျဖစ္သည္။ မဟန္နီေႏြးကငယ္ငယ္ကလည္းေမာက္မာတတ္သူမို႔ကိုေရာင္နီကိုဆိုမတူသလို၊ မတန္သလိုဆက္ဆံေလ့ရွိသည္မွာယခုအခ်ိန္အထိ။
မဟန္နီေႏြး မဂၢဆီလာကပ္ေနရသည့္အေၾကာင္းအရင္းကိုမာမီသိေတာ့အနည္းငယ္ေတာ့တုန္လႈပ္သြားပုံရသည္။ ငယ္ငယ္တည္းကထိန္းေက်ာင္းလာခဲ့ၿပီးႏွစ္အိမ့္တစ္အိမ္ေနခဲ့သည္မို႔မာမီကမဟန္နီေႏြးအေပၚသံေယာဇဥ္ရွိသည္ထင္၏။ ဒါကိုမဟန္နီေႏြးကအၿမဲလိုလိုအႀကံနဲ႕ပဲခ်ည္းကပ္တတ္တာမို႔လုပ္ရက္ေလျခင္းလို႔ယူႀကဳံးမရျဖစ္ဟန္တူပါသည္။