ℋℰ

By Valdan-kiii

2.5K 93 6

အတိတ်ကိုလည်း ခင်ဗျားနဲ့တူတူ.. ပစ္စုပ္ပန်ကိုလည်း ခင်ဗျားနဲ့တူတူအနာဂတ်ကိုလည်း ခင်ဗျားနဲ့တူတူ ကျုပ်ဖြတ်သန်းချင်တ... More

Chapter0
Chapter1
Chapter2
Chapter3
Chapter4
Chapter5
Chapter6
Chapter7
Chapter8
Chapter10
Chapter11
Chapter12
Plz Attention!
Chapter13!

Chapter9

69 2 0
By Valdan-kiii

"ဒါနဲ့ နောင်ထံတျာ မင်းဘယ်ကယောက်ျားကိုအပိုင်သိမ်းခဲ့တာလဲ..မင်းဘာတွေများလုပ်ပေးလို့အကြွေးတွေချေပေးနေတာလဲ..ဟင်းးဟင်းး
မြဝင်းမြိုင်သာကြားရင်တော့ရင်ကျိုးမယ်ထင်ပါရဲ့"

ဟုတ်ပါတယ်..အခုသူတို့အကြွေးရှင်အိမ်ကိုရောက်နေတာပါ..ဒီမေမေ့ရဲ့သူငယ်ချင်းကဘုန်းသစ်နားမှာမဟုတ်တာတွေပြောမလို့လုပ်နေတုန်း သူကအန်တီ့ကိုခေါ်ထုတ်လာပြီး သီးသန့်နေရာမှာစကားပြောနေကြခြင်းဖြစ်တယ်..။

"နေပါဦး..အန်တီ  မေမေကဘာလို့ရင်ကျိုးရမှာလဲ ကျွန်တော်နဲ့အဲ့ကောင်လေးကဘာမှမဟုတ်ဘူးဗျ
"
"ဘာမှမဟုတ်စရာလား အကြွေးတွေချေစရာများလို့ဆိုပြီးငါ့ကိုအကြွေးလာမပေးတာဘယ်လောက်ကြာပြီးလဲ..အခုမှထူးထူးဆန်းဆန်း..ပြီးတော့မင်းပေးတာမဟုတ်ဘဲအဲ့ကောင်လေးပေးတာမှန်းသိသာနေတဲ့ဟာ..အမယ်လေး ငါ့ကိုများလာလိမ်ချင်သေးတယ်"

"မဟုတ်..မဟုတ်ပါဘူး"

ဆိုပြီး သူ့သိက္ခာကိုစော်ကားနေတဲ့အန်တီကိုမျက်နှာချင်းဆိုင် မကြည့်ဘဲ ခေါင်းကိုအောက်ငုံ့ကာ မဟုတ်ကြောင်းငြင်းဆန်နေတော့တယ်

"ဘယ်သူဘဲပေးပေး ခင်ဗျားအပူပါလား ပိုက်ဆံရရင်ပြီးရောပေါ့ ပါးစပ်ပေါက်ကငြိမ်ငြိမ်ကိုမနေနိုင်ဘူး ဘာလဲ..လက်ထဲကပိုက်ထားတဲ့ပိုက်ဆံကိုမလိုချင်တော့ဘူးလား"

သူတို့ဧည့်ခန်းမှာထိုင်နေတုန်း ဒီမိန်းမတစ်ခုခုပြောရန်စကားစနေတော့ ထံတျာက ဒီမိန်းမကိုမီးဖိုခန်းသို့ခေါ်ထုတ်သွားခဲ့တယ် သူသိပါတယ် ဒီမိန်းမဘာစကားတွေဟမလဲဆိုတာ သို့သော် ‌ထံတျာက သူ့ကို မကြားစေချင်မှန်းသိလို့ သူငြိမ်နေခဲ့တာ..ဒါပေမဲ့ခိုးကာသွားနားထောင်ခဲ့တယ် ထိုမိန်းမရဲ့စကားတွေဟာ သူ့ကိုသည်းခံနိုင်စွမ်းကုန်လွန်လာခဲ့စေတယ် ထံတျာရဲ့ ခေါင်းငုံ့ခံနေတဲ့ပုံစံဟာသူ့ကို ဒေါသထွက်စေခဲ့တယ်..

"ရိုင်းလိုက်တာ!"

"ပိုရိုင်းပြရမလား ခွမ်းး!"

ဒီမိန်းမရဲ့မျက်နှာကိုမျက်နှာချင်းဆိုင်မြင်ရတော့ပို၍ဒေါသထွက်လာခဲ့တယ် ထို့ကြောင့် ဘေးနားမှာရှိတဲ့ဖန်ခွက်ကိုခွဲပစ်လိုက်တာဖြစ်တယ်

"မှတ်ထား နောက်တစ်ခါဆို ဒီဖန်ခွက်က ခင်ဗျားခေါင်းဖြစ်သွားမယ်"

"လာ သွားမယ် ထံတျာ"

ကားပေါ်ရောက်တော့ ဘုန်းသစ်က သူ့ကိုအော်ပါတော့တယ်

"ခင်ဗျား ဘာဖြစ်လို့ ငြိမ်ခံနေတာလဲ ပြန်မပြောတတ်ဘူးလား"

"မဟုတ်ပါဘူး အန်တီကမေမေ့အရွယ်လောက်ရှိတယ်ဆိုတော့ဘာမှမပြောတာပါ"

"မလိုဘူး ခင်ဗျားအမေအရွယ်ဆိုတာဟုတ်ပေမဲ့ ခင်ဗျား အမေမှမဟုတ်တာ"

"ကိုယ်မှားပါတယ် "

"မှားမှန်းတော့သိသားဘဲ"

"နောက်တစ်အိမ်ပြော"

"အင်း **** အဲ့ဒီကိုသွား"

နောက်တစ်အိမ်ရောက်တော့ ဘဏ်ထဲကိုလွှဲပေးလိုက်မယ်ဟုပြောပြီး
"နောင်ထံတျာကိုဘာစောက်စကားမှမမေးနဲ့"ဟု မျက်လုံးစူးစူးတွေရယ် လက်ညိုးကြီးပါထိုးပြီးပြောတာကြောင့် အကြွေးရှင်များက ကြောက်နေရပါတယ် 

ဘုန်းသစ်ကဖေဖေ့ချဲဒိုင်တွေရော မေမေ့အသိတွေရော ကျန်တဲ့အကြွေးရှင်တွေအားလုံးကိုအကြွေးချေပေးခဲ့တယ်

အခုတော့ ကားကိုဘဲ သေချာအာရုံစိုက်မောင်းနှင်လာတဲ့ဘုန်းသစ်ကိုကြည့်ရင်း နှလုံးကခုန်တက်လာတယ်..သေချာသလောက်ရှိနေပါပြီး သူဒီကလေးကို ချစ်မိနေတယ်ဆိုတာက..ဒါပေမဲ့ သူရှေ့ဆက်မတိုးရဲဘူး..သူကြောက်တယ်...

"‌အိမ်ရောက်တဲ့အထိ ဒီလိုဘဲကြည့်သွားတော့မှာလား ဟားးဟားးး"

"ဘုန်းသစ် ရီနေတယ်..ဘုန်းသစ် ပြုံးနေတာကိုဘဲမြင်ဖူးတဲ့သူ့အဖို့ကတော့ ဒီအရာလေးကတော်တော်လေးကို အံ့ဩစရာကောင်းပါတယ်..မှင်သက်စရာကောင်းပါတယ်"

"ဘုန်းသစ်..အစ်ကိုကို့ဘာလို့တွဲချင်တာလဲ..ဟင်"

"ခင်ဗျားကို မြင်တိုင်း ပျော်တယ်..ခင်ဗျား ကျုပ်အနားမှာရှိနေရင် ကျေနပ်တယ်..ကျုပ်ကိုဂရုစိုက်တဲ့ခင်ဗျား ပုံစံလေးကိုသဘောကျတယ်.."

"ချစ်တာလား..မချစ်တာလားဘဲဖြေ"

"ခင်ဗျားတောင် ကျုပ်ကိုချစ်တယ်လို့ပြောလို့လား "

ဟုတ်သားဘဲ သူတောင် ဒီကလေး လိုချင်တဲ့အဖြေကို မပြောဘဲနဲ့ ဒီကလေးကိုမေးခွန်းပြန်ထုတ်နေတာဘဲ

"ဘာလို့ပြန်မဖြေတာလဲ"

သူ့ဘက်က ချစ်တယ်လို့ပြောလိုက်တာနဲ့ကိုယ့်ဘက်ကဘာမဆိုပေးဖို့အဆင့်သင့်ဘဲဆိုတာ နောင်ထံတျာတစ်ယောက်မရိပ်မိသေးဘူးထင်ပါရဲ့..‌သူကလူတစ်မျိုး။
တစ်ဖက်လူကကိုယ့်ကိုလိုလိုလားလား ချစ်တယ်ပြောမှ ကိုယ့်ဘက်က ခံစားချက်အားလုံးကိုဖွင့်ဟပြတဲ့လူမျိုး..နောင်ထံတျာမို့လို့ သူ့ဖက်ကခံစားချက်ကို နောင်ထံတျာ မြင်သာအောင်အနည်းငယ်ဖွင့်ဟပြသည်..သို့သော်ထိုလူက ဘာမှမတုံ့ပြန်တာကခက်ပါတယ်

"အစ်ကို ကမင်းဆီကအဖြေကိုဘဲသိချင်တာ ပြီးတော့ အစ်ကိုလည်းမင်းကိုမချစ်ပါဘူး.."

ရုတ်တရတ်ကြီး ကားကိုအရှိန်မြင့်ကာ မောင်းလိုက်တဲ့ဘုန်းသစ်ကြောင့် အနည်းငယ်လန့်သွားပေမဲ့ ဘာမှတော့ပြန်မပြောလိုက်ဖြစ်..

ဒီလိုနှုန်းနဲ့ဘဲ အိမ်ကိုပြန်ရောက်လာခဲ့တယ်...

"ဆင်းတော့"

"မင်းကရော"

"‌ေ-ာက်ပါးစပ်ကိုပိတ်ထား"

‌ဒေါသထွက်နေမှန်းသူသိပါတယ်...ဒီလောက်ထိပြောမယ်လို့တော့မထင်ထားခဲ့ပါဘူး

ဝှီးး

ခုနကအရှိန်တိုင်းဘဲ နောက်တစ်ဖန်သူထွက်သွားခဲ့တယ်..

ကိုယ်တစ်ယောက်တည်းအိမ်ထဲဝင်ရတော့တယ်..တော်သေးတာက သော့အပိုကသူ့ဆီမှာရှိနေလို့လေ မဟုတ်ရင် ဒီညတော့သူအပြင်မှာဘဲနေရတော့မှာအသေအချာပါဘဲ...

တစ်ဖက်ကဘုန်းသစ်သွေးကလည်း ဒေါသထွက်တာရော ဝမ်းနည်းတာရော သုံးရက်အတောအတွင်း တိကျတဲ့အဖြေတစ်ခုပေးမယ်ဆိုပြီး ပထမဦးဆုံးရက်မှာတင် သူ့ရင်ဝကိုစောင့်ကန်လိုက်တဲ့နောင်ထံတျာကြောင့် တော်တော်လေး ဒေါသထွက်မိပါတယ်...။

..
Valdan-kiii
27.2.23(16:50P.M)

Note- နောက်တစ်ပိုဒ်ရေးလို့ပြီးခဲ့ရင် ဒီညနောက်တစ်ပိုင်းထပ်တင်ပေးပါ့မယ်ရှင့် Vote,mentလေးတွေလည်းပေးခဲ့ကြပါဦးနော်

Zawgyi»

"ဒါနဲ႕ ေနာင္ထံတ်ာ မင္းဘယ္ကေယာက္်ားကိုအပိုင္သိမ္းခဲ့တာလဲ..မင္းဘာေတြမ်ားလုပ္ေပးလို႔အေႂကြးေတြေခ်ေပးေနတာလဲ..ဟင္းးဟင္းး
ျမဝင္းၿမိဳင္သာၾကားရင္ေတာ့ရင္က်ိဳးမယ္ထင္ပါရဲ႕"

ဟုတ္ပါတယ္..အခုသူတို႔အေႂကြးရွင္အိမ္ကိုေရာက္ေနတာပါ..ဒီေမေမ့ရဲ႕သူငယ္ခ်င္းကဘုန္းသစ္နားမွာမဟုတ္တာေတြေျပာမလို႔လုပ္ေနတုန္း သူကအန္တီ့ကိုေခၚထုတ္လာၿပီး သီးသန႔္ေနရာမွာစကားေျပာေနၾကျခင္းျဖစ္တယ္..။

"ေနပါဦး..အန္တီ  ေမေမကဘာလို႔ရင္က်ိဳးရမွာလဲ ကြၽန္ေတာ္နဲ႕အဲ့ေကာင္ေလးကဘာမွမဟုတ္ဘူးဗ်
"
"ဘာမွမဟုတ္စရာလား အေႂကြးေတြေခ်စရာမ်ားလို႔ဆိုၿပီးငါ့ကိုအေႂကြးလာမေပးတာဘယ္ေလာက္ၾကာၿပီးလဲ..အခုမွထူးထူးဆန္းဆန္း..ၿပီးေတာ့မင္းေပးတာမဟုတ္ဘဲအဲ့ေကာင္ေလးေပးတာမွန္းသိသာေနတဲ့ဟာ..အမယ္ေလး ငါ့ကိုမ်ားလာလိမ္ခ်င္ေသးတယ္"

"မဟုတ္..မဟုတ္ပါဘူး"

ဆိုၿပီး သူ႕သိကၡာကိုေစာ္ကားေနတဲ့အန္တီကိုမ်က္ႏွာခ်င္းဆိုင္ မၾကည့္ဘဲ ေခါင္းကိုေအာက္ငုံ႕ကာ မဟုတ္ေၾကာင္းျငင္းဆန္ေနေတာ့တယ္

"ဘယ္သူဘဲေပးေပး ခင္ဗ်ားအပူပါလား ပိုက္ဆံရရင္ၿပီးေရာေပါ့ ပါးစပ္ေပါက္ကၿငိမ္ၿငိမ္ကိုမေနနိုင္ဘူး ဘာလဲ..လက္ထဲကပိုက္ထားတဲ့ပိုက္ဆံကိုမလိုခ်င္ေတာ့ဘူးလား"

သူတို႔ဧည့္ခန္းမွာထိုင္ေနတုန္း ဒီမိန္းမတစ္ခုခုေျပာရန္စကားစေနေတာ့ ထံတ်ာက ဒီမိန္းမကိုမီးဖိုခန္းသို႔ေခၚထုတ္သြားခဲ့တယ္ သူသိပါတယ္ ဒီမိန္းမဘာစကားေတြဟမလဲဆိုတာ သို႔ေသာ္ ‌ထံတ်ာက သူ႕ကို မၾကားေစခ်င္မွန္းသိလို႔ သူၿငိမ္ေနခဲ့တာ..ဒါေပမဲ့ခိုးကာသြားနားေထာင္ခဲ့တယ္ ထိုမိန္းမရဲ႕စကားေတြဟာ သူ႕ကိုသည္းခံနိုင္စြမ္းကုန္လြန္လာခဲ့ေစတယ္ ထံတ်ာရဲ႕ ေခါင္းငုံ႕ခံေနတဲ့ပုံစံဟာသူ႕ကို ေဒါသထြက္ေစခဲ့တယ္..

"ရိုင္းလိုက္တာ!"

"ပိုရိုင္းျပရမလား ခြမ္းး!"

ဒီမိန္းမရဲ႕မ်က္ႏွာကိုမ်က္ႏွာခ်င္းဆိုင္ျမင္ရေတာ့ပို၍ေဒါသထြက္လာခဲ့တယ္ ထို႔ေၾကာင့္ ေဘးနားမွာရွိတဲ့ဖန္ခြက္ကိုခြဲပစ္လိုက္တာျဖစ္တယ္

"မွတ္ထား ေနာက္တစ္ခါဆို ဒီဖန္ခြက္က ခင္ဗ်ားေခါင္းျဖစ္သြားမယ္"

"လာ သြားမယ္ ထံတ်ာ"

ကားေပၚေရာက္ေတာ့ ဘုန္းသစ္က သူ႕ကိုေအာ္ပါေတာ့တယ္

"ခင္ဗ်ား ဘာျဖစ္လို႔ ၿငိမ္ခံေနတာလဲ ျပန္မေျပာတတ္ဘူးလား"

"မဟုတ္ပါဘူး အန္တီကေမေမ့အ႐ြယ္ေလာက္ရွိတယ္ဆိုေတာ့ဘာမွမေျပာတာပါ"

"မလိုဘူး ခင္ဗ်ားအေမအ႐ြယ္ဆိုတာဟုတ္ေပမဲ့ ခင္ဗ်ား အေမမွမဟုတ္တာ"

"ကိုယ္မွားပါတယ္ "

"မွားမွန္းေတာ့သိသားဘဲ"

"ေနာက္တစ္အိမ္ေျပာ"

"အင္း **** အဲ့ဒီကိုသြား"

ေနာက္တစ္အိမ္ေရာက္ေတာ့ ဘဏ္ထဲကိုလႊဲေပးလိုက္မယ္ဟုေျပာၿပီး
"ေနာင္ထံတ်ာကိုဘာေစာက္စကားမွမေမးနဲ႕"ဟု မ်က္လုံးစူးစူးေတြရယ္ လက္ညိုးႀကီးပါထိုးၿပီးေျပာတာေၾကာင့္ အေႂကြးရွင္မ်ားက ေၾကာက္ေနရပါတယ္ 

ဘုန္းသစ္ကေဖေဖ့ခ်ဲဒိုင္ေတြေရာ ေမေမ့အသိေတြေရာ က်န္တဲ့အေႂကြးရွင္ေတြအားလုံးကိုအေႂကြးေခ်ေပးခဲ့တယ္

အခုေတာ့ ကားကိုဘဲ ေသခ်ာအာ႐ုံစိုက္ေမာင္းႏွင္လာတဲ့ဘုန္းသစ္ကိုၾကည့္ရင္း ႏွလုံးကခုန္တက္လာတယ္..ေသခ်ာသေလာက္ရွိေနပါၿပီး သူဒီကေလးကို ခ်စ္မိေနတယ္ဆိုတာက..ဒါေပမဲ့ သူေရွ႕ဆက္မတိုးရဲဘူး..သူေၾကာက္တယ္...

"‌အိမ္ေရာက္တဲ့အထိ ဒီလိုဘဲၾကည့္သြားေတာ့မွာလား ဟားးဟားးး"

"ဘုန္းသစ္ ရီေနတယ္..ဘုန္းသစ္ ၿပဳံးေနတာကိုဘဲျမင္ဖူးတဲ့သူ႕အဖို႔ကေတာ့ ဒီအရာေလးကေတာ္ေတာ္ေလးကို အံ့ဩစရာေကာင္းပါတယ္..မွင္သက္စရာေကာင္းပါတယ္"

"ဘုန္းသစ္..အစ္ကိုကို႔ဘာလို႔တြဲခ်င္တာလဲ..ဟင္"

"ခင္ဗ်ားကို ျမင္တိုင္း ေပ်ာ္တယ္..ခင္ဗ်ား က်ဳပ္အနားမွာရွိေနရင္ ေက်နပ္တယ္..က်ဳပ္ကိုဂ႐ုစိုက္တဲ့ခင္ဗ်ား ပုံစံေလးကိုသေဘာက်တယ္.."

"ခ်စ္တာလား..မခ်စ္တာလားဘဲေျဖ"

"ခင္ဗ်ားေတာင္ က်ဳပ္ကိုခ်စ္တယ္လို႔ေျပာလို႔လား "

ဟုတ္သားဘဲ သူေတာင္ ဒီကေလး လိုခ်င္တဲ့အေျဖကို မေျပာဘဲနဲ႕ ဒီကေလးကိုေမးခြန္းျပန္ထုတ္ေနတာဘဲ

"ဘာလို႔ျပန္မေျဖတာလဲ"

သူ႕ဘက္က ခ်စ္တယ္လို႔ေျပာလိုက္တာနဲ႕ကိုယ့္ဘက္ကဘာမဆိုေပးဖို႔အဆင့္သင့္ဘဲဆိုတာ ေနာင္ထံတ်ာတစ္ေယာက္မရိပ္မိေသးဘူးထင္ပါရဲ႕..‌သူကလူတစ္မ်ိဳး။
တစ္ဖက္လူကကိုယ့္ကိုလိုလိုလားလား ခ်စ္တယ္ေျပာမွ ကိုယ့္ဘက္က ခံစားခ်က္အားလုံးကိုဖြင့္ဟျပတဲ့လူမ်ိဳး..ေနာင္ထံတ်ာမို႔လို႔ သူ႕ဖက္ကခံစားခ်က္ကို ေနာင္ထံတ်ာ ျမင္သာေအာင္အနည္းငယ္ဖြင့္ဟျပသည္..သို႔ေသာ္ထိုလူက ဘာမွမတုံ႕ျပန္တာကခက္ပါတယ္

"အစ္ကို ကမင္းဆီကအေျဖကိုဘဲသိခ်င္တာ ၿပီးေတာ့ အစ္ကိုလည္းမင္းကိုမခ်စ္ပါဘူး.."

႐ုတ္တရတ္ႀကီး ကားကိုအရွိန္ျမင့္ကာ ေမာင္းလိုက္တဲ့ဘုန္းသစ္ေၾကာင့္ အနည္းငယ္လန႔္သြားေပမဲ့ ဘာမွေတာ့ျပန္မေျပာလိုက္ျဖစ္..

ဒီလိုႏႈန္းနဲ႕ဘဲ အိမ္ကိုျပန္ေရာက္လာခဲ့တယ္...

"ဆင္းေတာ့"

"မင္းကေရာ"

"‌ေ-ာက္ပါးစပ္ကိုပိတ္ထား"

‌ေဒါသထြက္ေနမွန္းသူသိပါတယ္...ဒီေလာက္ထိေျပာမယ္လို႔ေတာ့မထင္ထားခဲ့ပါဘူး

ဝွီးး

ခုနကအရွိန္တိုင္းဘဲ ေနာက္တစ္ဖန္သူထြက္သြားခဲ့တယ္..

ကိုယ္တစ္ေယာက္တည္းအိမ္ထဲဝင္ရေတာ့တယ္..ေတာ္ေသးတာက ေသာ့အပိုကသူ႕ဆီမွာရွိေနလို႔ေလ မဟုတ္ရင္ ဒီညေတာ့သူအျပင္မွာဘဲေနရေတာ့မွာအေသအခ်ာပါဘဲ...

တစ္ဖက္ကဘုန္းသစ္ေသြးကလည္း ေဒါသထြက္တာေရာ ဝမ္းနည္းတာေရာ သုံးရက္အေတာအတြင္း တိက်တဲ့အေျဖတစ္ခုေပးမယ္ဆိုၿပီး ပထမဦးဆုံးရက္မွာတင္ သူ႕ရင္ဝကိုေစာင့္ကန္လိုက္တဲ့ေနာင္ထံတ်ာေၾကာင့္ ေတာ္ေတာ္ေလး ေဒါသထြက္မိပါတယ္...။

..
Valdan-kiii
27.2.23(16:50P.M)

Note- ေနာက္တစ္ပိုဒ္ေရးလို႔ၿပီးခဲ့ရင္ ဒီညေနာက္တစ္ပိုင္းထပ္တင္ေပးပါ့မယ္ရွင့္ Vote,mentေလးေတြလည္းေပးခဲ့ၾကပါဦးေနာ္

Continue Reading

You'll Also Like

176K 19.9K 54
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
370K 43.4K 28
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
381K 21.7K 41
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
930K 50.4K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...