Chapter10

72 2 0
                                    

"အစ်ကိုလည်းမင်းကိုမချစ်ပါဘူး"တဲ့ ကြားလို့မှကောင်းသေးရဲ့လား..သုံးရက်အတောအတွင်း တိကျတဲ့အဖြေတစ်ခုပေးမယ်လို့ပြောတဲ့လူက ပထမဦးဆုံးရက်မှာဘဲ..ဒီလိုစကားမျိုးပြောတယ်ဆိုတော့..နောင်ထံတျာ ကျုပ်ကိုကစားနေတာလား..ကျုပ်ကဘဲဆက်ဆွဲထားရတာပင်ပန်းတယ်...

မြို့ထဲကတိတ်ဆိတ်ပြီး‌တော့ လေကောင်းလေသန့်ရတဲ့နေရာတစ်ခုဆီကိုသွားခဲ့တယ်..ကလပ်တွေဘားတွေသွားပြီး အပူတစ်ခုကို နောက်ထပ်အပူတစ်ခုနဲ့မေ့ဖျောက်ရအောင် ဘုန်းသစ်သွေးဆိုတဲ့သူက အရူးမဟုတ်ဘူး...မေမေနဲ့ဖေဖေတို့ကလည်း သတိမပေးဘာမပေးနဲ့ရုတ်တရတ် ထွက်သွားခဲ့တယ်..အစ်ကိုကလည်း ပကာသနာတွေဘဲပေးပြီး အလုပ်ထဲမှာဘဲစိတ်နှစ်ထားခဲ့တယ်..နောက်ဆုံး နွေးထွေးမှုကိုပေးနိုင်တယ်လို့ယုံကြည်ခဲ့တဲ့နောင်ထံတျာကလည်းကစား‌ခဲ့တယ်..အရင်ဘဝကအကုသိုလ်တွေဘယ်လောက်တောင်လုပ်ခဲ့တာလဲ..ဟေ့ကောင် ဘုန်းသစ်သွေးရာ

လေကလည်းတိုက် အင်္ကျီကလည်းလက်တိုနဲ့ ကြားထဲက သူ့ရဲ့"အစ်ကိုလည်းမင်းကိုမချစ်ပါဘူး" ဆိုတဲ့ စကားလုံးတွေကိုပြန်ကြားယောင်ကာ နဂိုအေးနေတဲ့လေက ပို၍ စိမ်းကားပြီးတော့ အေးစက်လာတယ်လို့ခံစားရတယ်..သို့သော် သူကားထဲမဝင်နိုင်ဘူး..သူဒီလို အေးအေးစက်စက်လေးကို ခံနိုင်အောင်ကြိုးစားရမယ်...ဒါမှနောင်တစ်ချိန် နောင်ထံတျာရဲ့ အေးစက်စက်စကားလုံးတွေနဲ့ အေးစက်စက် အပြုအမူတွေကို ခံနိုင်မည်။

တီတီတီ

"ထံတျာ"

"ဒီတစ်ခေါက်တော့ အရင်တစ်ခါတုန်းကလိုကျုပ်ပြန်သွားဖို့မဖြစ်နိုင်ဘူး နောင်ထံတျာ"

တီတီတီ (ဒုတိယအကြိမ်)

"ဟက်! လူကိုသူပြောတိုင်းလုပ်တဲ့လူလို့မှတ်နေတာလား"

ငါးကြိမ်တိတိ သူဆက်တယ်..

"‌အပေါ်ယံတွေမလိုအပ်ဘူး..နောင်ထံတျာ"

တီတီတီ

"ဘုန်းမြတ်လင်း"

အစ်ကိုရဲ့ဖုန်းဖြစ်တာကြောင့်သူကိုင်လိုက်တယ်

"ဟယ်လို ပြော"

ℋℰ Where stories live. Discover now