နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

694K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 46.2

2.8K 453 2
By KimHsuYoon99

Unicode

ဒီကမ္ဘာကြီးရဲ့ ပျမ်းမျှအသက်ဟာ ကမ္ဘာနဲ့ မတူဘူးလို့လည်း သူသင်ယူခဲ့ရပြီး အသက်100 ကျော်ပြီးနောက်မှသာ လူလတ်ပိုင်းအရွယ်ကို  ရောက်တယ်ဆိုတာကိုလည်း သူသိခဲ့ရတယ်။ ကြီးမြတ်တဲ့စုန်းမတိုင်းက သူတို့အသက် 100 ပြည့်ပြီးနောက်မှာ ကြီးမြတ်တဲ့စုန်းမရဲ့ နောက်မျိုးဆက်ကို လေ့ကျင့်ပေးလိမ့်မယ်။ ကြီးမြတ်တဲ့စုန်းမရဲ့ရွေးချယ်မှုကို နတ်ဘုရားတွေက အဆုံးအဖြတ်ပေးပြီး ရွေးချယ်ခံရတဲ့သူတွေအပေါ် ရွှေရောင်ပန်းပွင့်ပုံစံချန်ထားမှာဖြစ်တယ်။ မိသားစုထဲမှာ ဒီလိုကလေးတွေရှိတယ်ဆိုရင် ကြီးမြတ်တဲ့စုန်းမကို ပြောပြကြရပြီး ကြီးမြတ်တဲ့စုန်းမက သူတို့ကို ခေါ်သွားပြီး လေ့ကျင့်ပေးလိမ့်မယ်။

အားလုံး အရိုအသေပြုပြီးတဲ့အခါ ကြီးမြတ်တဲ့စုန်းမက ယဇ်ပလ္လင်ပေါ်မှာ ထူးဆန်းတဲ့အသံနဲ့ တီးတိုးပြောခဲ့တယ်။ ပိုင်မုက ရှင်းရှင်းလင်းလင်းကြားရဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့်လည်း ကူကယ်ရာမဲ့စွာနဲ့ပဲ သူနားလည်းမလည်နိုင်၊ ကြားလည်းမကြားနိုင်ပါဘူး။ဒါပေမယ့် ကြီးမြတ်တဲ့စုန်းမက ဒီဆောင်းရာသီမှာ လူတိုင်း ဘေးကင်းစွာ ဖြတ်သန်းနိုင်စေဖို့ ကြီးမြတ်တဲ့နတ်ဘုရားဆီမှာ  ဆုတောင်းနေတယ်ဆိုတာသူသိတယ်။ ကြီးမြတ်တဲ့နတ်ဘုရားက သူတို့ကို  ပေါများတဲ့အစာပေးလိမ့်မယ်လို့ သူတို့မျှော်လင့်တယ်။

တာ့ဝူက နာရီဝက် အရိုအသေပြုခဲ့ပြီး နောက်ကလိုက်ဆင်းလာသူအားလုံးက တစ်ကြိမ်အရိုအသေပြုကြကာ ကလေးငယ်တွေတောင်  ရည်မွန်တဲ့နည်းလမ်းနဲ့ အရိုအသေပြုကြတယ်။

ခြောက်ကြိမ်လောက်အရိုအသေပြုပြီးနောက် ကလေးတွေနဲ့ သက်ကြီးရွယ်အိုမိန်းမပျိုတွေရဲ့မျက်နှာတွေက မောပန်းနွမ်းနယ်နေကာ ယဇ်ပူဇော်မှုပြီးဆုံးသွားခဲ့တယ်။နောက်ဆုံးအကြိမ်အဖြစ် သုံးခုဆက်တိုက် ထုံးတမ်းစဉ်လာအပြီးမှာ ကြီးမြတ်တဲ့စုန်းမက အနောက်ဘက်ကို မျက်နှာလှည့်ပြီး ယဇ်ပလ္လင်အောက်က လူတွေကို ကြည့်လိုက်တယ်။ ထို့နောက် မျိုးနွယ်စုခေါင်းဆောင်က ယဇ်ပလ္လင်ပေါ်က ဆင်းခဲ့ပြီး ကျန်အချိန်တွေက လူငယ်အတွဲတွေရဲ့ တွဲဖက်ပွဲဖြစ်တယ်။

ထို့နောက် လူတိုင်းရဲ့အားပေးမှုတွေကြားမှာ အေဘယ်က သူ့ရင်ခွင်ထဲက အယ်လီနဲ့အတူ ယဇ်ပလ္လင်ပေါ်ကို ခုန်တက်သွားတယ်။ အေဘယ်က  ခန္ဓာကိုယ်အပေါ်ပိုင်းမှာ မီးခိုးရောင် အမွေးပွကိုယ်တိအင်္ကျီကို ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာ  မြွေသားရေနဲ့ပြုလုပ်ထားတဲ့ သားရေဘောင်းဘီတိုကို ၀တ်ဆင်ထားတယ်။ ဝတ်စားဆင်ယင်မှု တစ်ခုလုံးက သူ့ရဲ့ကြွက်သားပုံစံကို ဖော်ပြထားပြီး သူ့ကို ပိုမိုဆွဲဆောင်မှုရှိစေတယ် ။

အယ်လီက မီးတောက်မြေခွေးသားမွေးနဲ့ ပြုလုပ်ထားတဲ့ ကုတ် အင်္ကျီရှည်နဲ့ အေဘယ်လိုမျိုး သားရေဘောင်းဘီတစ်ထည်ကို ၀တ်ဆင်ထားတယ်။ အင်္ကျီရဲ့ခါးကို ကောင်းကောင်းပြုလုပ်ထားပြီး အယ်လီဝတ်ပြီးနောက်မှာ ခါးက အရမ်းသေးသွယ်တယ် ။ မီးတောက်ရောင်ကုတ်အင်္ကျီက သူ့ကိုအနည်းငယ်စွဲမက်ဖွယ်ကောင်းစေပြီး အနည်းငယ်လည်း တောက်ပစေတယ်။

ယဇ်ပလ္လင်ပေါ်တက်ပြီးနောက်ယဇ်ပလ္လင်အလယ်မှာရပ်ပြီး အရှေ့အရပ်ကို အရိုအသေပေး
ကြတယ်။ ထို့နောက် ကြီးမြတ်တဲ့စုန်းမက သူတို့ကို ကောင်းချီးပေးဖို့အတွက် ကြီးမြတ်တဲ့နတ်ဘုရားဆီ မေးမြန်းပြီး ကောင်းချီးပေးပြီးနောက်မှာ အရှေ့အရပ်ကို  သုံးကြိမ်တိုင်တိုင် အရိုအသေပေးကြတယ်။နောက်တစ်ခုကတော့ ဘုရားသခင်ရဲ့ တမန်တော်က သူတို့ကိုကောင်းချီးပေးဖို့ဖြစ်တဲ့အတွက် ဒီတစ်ကြိမ်က ပိုင်မုထွက်ပေါ်လာရမယ့် အလှည့်ပါပဲ။

ခဲယ်လ်တစ်ရဲ့အကူအညီနဲ့ သူက ယဇ်ပလ္လင်ပေါ်ကိုလာပြီး အယ်လီနဲ့အေဘယ်တို့ရှေ့မှာ ရပ်လိုက်တယ်။
နှစ်ယောက်သားက ခေါင်းငုံ့လိုက်ကြတယ်။ ပိုင်မုက သူ့ရဲ့ညာလက်ကိုဆန့်လိုက်ပြီး အယ်လီရဲ့ဦးခေါင်းထိပ်ကို ဦးစွာထိလိုက်ကာ ထို့နောက်  အေဘယ်ရဲ့ဦးခေါင်းထိပ်ကို ထပ်မံထိလိုက်တယ်။ သူက တခုခုပြောပေးပြီး ကောင်းချီးပေးကာ သူတို့ရဲ့ ပေါင်းဖက်မှုကို သက်သေပြုပေးရမယ်လို့ ကြီးမြတ်တဲ့စုန်းမက သူ့ကို မနေ့က ပြောခဲ့တယ်။

တစ်ညလုံး ခေါင်းကုတ်နေရတဲ့ပိုင်မုက  ကြီးမြတ်တဲ့စုန်းမရဲ့ အိမ်ထောင်ရေးသက်သေပြုချက်ကိုပဲ လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။မူလက သူက တရုတ်စတိုင်ကို ပြုလုပ်ပေးချင်ပေမယ့်လည်း အခုက ကောင်းကင်နဲ့မြေကြီးကို အရိုအသေပေးပြီး *Gaotangကို နှစ်ကြိမ်အရိုအသေပေးဖို့က သိသိသာသာကို မသင့်လျော်ဘူး။ အခု အသွင်အပြင်က နိုင်ငံခြားသားတွေနဲ့ အတူတူပါပဲ၊ အနောက်တိုင်းစတိုင်သက်သေခံချက်တစ်ခု ရလိုက်ရုံပါပဲရှိတယ်။(T/N-သိသလိုလိုရှိပေမယ့် သိပ်မသေချာလို့ ဒီတိုင်းပဲရေးပေးလိုက်တယ်)

ဒါကြောင့် ပိုင်မုက တကြိမ်လောက် ဘုန်းကြီးအဖြစ် ပြုမူခဲ့တယ်။ သူက အယ်လီကို ပြောလိုက်တယ်။"အယ်လီ သင်ဟာ အေဘယ်ကို သင်ရဲ့ပါတနာဖြစ်စေလိုပါသလား တခြားဘာအကြောင်းပဲရှိရှိ သူ့ကို ချစ်ပေးပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးပြီး သူ့ကို လေးစားပေးပြီးတော့ သင့်ဘ၀အဆုံးသတ်ထိတိုင်အောင် သစ္စာစောင့်သိပါမည်လား"

"ကျွန်တော်လုပ်ပါမယ်" ဒါက အရင်က တခါမှမဖြစ်ဖူးတဲ့အရာတစ်ခုဖြစ်တာကြောင့် အယ်လီက ထိတ်လန့်သွားပြီး ထို့နောက်  သဘောတူညီကြောင်း ပြန်ဖြေလိုက်တယ်။

ထို့နောက် ပိုင်မုက အေဘယ်ကိုကြည့်ပြီး ထပ်ပြောလိုက်တယ်"အေဘယ် သင်ဟာ အယ်လီကို သင်ရဲ့ပါတနာဖြစ်စေလိုပါသလား တခြားဘာအကြောင်းပဲရှိရှိ သူ့ကို ချစ်ပေးပြီး သူ့ကို ပြုစုစောင့်ရှောက်ပေးပြီး သူ့ကို လေးစားပေးပြီးတော့ သင့်ဘ၀အဆုံးသတ်ထိတိုင်အောင် သစ္စာစောင့်သိပါမည်လား"

“ကျွန်တော်လုပ်ပါမယ် ” အေဘယ်နဲ့အယ်လီက တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ကြပြီး ချိုမြိန်တဲ့ အပြုံးတွေက ပိုင်မုကိုတောင် နစ်မြုပ်ပစ်လုနီးပါးပဲ။ ထို့နောက် ပိုင်မုက အချင်းချင်းရဲ့ လက်ကို ဆုပ်ကိုင်ခိုင်းပြီး  ကြီးမြတ်တဲ့နတ်ဘုရားရဲ့နာမည်နဲ့ လေးနက်စွာ ကျိန်ဆိုခိုင်းတယ် : တစ်ယောက်ကို တစ်ယောက် လက်တွဲဖော်အဖြစ် လက်ခံတဲ့ ယနေ့မှစပြီး ကံဆိုးမှုတွေ ပပျောက်ပါစေ၊ ရောဂါဘယကင်းဝေးပါစေ၊ အချင်းချင်း သေတဲ့ထိတိုင်အောင် ချစ်မြတ်နိုးပြီး လေးစားကြမယ်။

သူတို့နှစ်ယောက်က ကျိန်ဆိုလိုက်ကြပြီးနောက် ပိုင်မုက ပြုံးပြီးပြောလိုက်တယ် ။"မင်းတို့ တရားဝင်လက်ထပ်လိုက်ပြီဆိုတာ နတ်ဘုရားရဲ့ဂုဏ်တော်နဲ့ငါကြေငြာတယ် နတ်ဘုရားတွေရဲ့ကောင်းချီးတွေကို ခွဲလို့မရဘူး အေဘယ် မင်း အယ်လီကိုနမ်းလို့ရပြီ"

ဒီနေရာက တွဲဖက်ပွဲအခမ်းအနားမှာ နမ်းတဲ့လုပ်ငန်းစဉ်ရှိပေမယ့်လည်း အခြားသူတစ်ဦးရဲ့နဖူးကိုသာ နမ်းရတာကြောင့် ဒီနေရာမှာရှိတဲ့လူတွေက အရမ်းသိမ်မွေ့နေဆဲဖြစ်တယ်။

ပိုင်မုရဲ့လုပ်ထုံးလုပ်နည်းပြီးသွားပြီးနောက် တာ့ဝူက မိန်းမပျိုကို ကလေးမွေးဖွားခွင့်ပြုမယ့်ဆေးကို ယူဆောင်လာမှာဖြစ်တယ်။ သူတို့နှစ်ဦးကို ဧည့်ခံခွင့်ပေးလိုက်ပြီးနောက် လူအုပ်ကြီးဆီက ကောင်းချီး ပေးသံတွေက ပေါက်ကွဲထွက်လာတယ် ။ ထို့နောက် ခြင်္သေ့လေးတွေပါတဲ့တစ်ဖွဲ့က ယဇ်ပလ္လင်ပေါ်ပျံသန်းလာခဲ့ပြီး ပထမဆုံးနေ့က ပိုင်မုနဲ့ သူတို့ပြင်ဆင်ထားတဲ့ပန်းပွင့်တွေကို ကျဲလိုက်တယ်။ သူတို့နှစ်ယောက်က ပန်းမိုးကြားကနေ  ယဇ်ပလ္လင်ပေါ်က ဆင်းလာခဲ့ကြတယ်။

ထို့နောက် အပြင်ကအတွဲနှစ်တွဲဖြစ်တဲ့ တွဲဖက်ပွဲလုပ်မယ့်အသစ်တွေက သူတို့ရဲ့တွဲဖက်မှုအခမ်းအနားကို အပြီးသတ်ဖို့ ယဇ်ပလ္လင်ပေါ်ကို တက်ခဲ့ကြတယ်။ အခုလေးတင် တွဲဖက်ခဲ့တဲ့ မိန်းမပျိုက ဒီနေ့ရဲ့ တွဲဖက်ပွဲကို ကြည့်လိုက်တယ်။ သူတို့နှလုံးသားထဲက ဗီလိန်က လက်ကိုင်ပုဝါလေးကို ကိုက်နေတယ်။ သူတို့တွဲဖက်ဖို့က ဘာကြောင့် နောက်ကျနေရတာလဲ။အခုအချိန်အထိ စောင့်နေရတော့ နတ်ဘုရားတွေရဲ့ ကောင်းချီးတွေသာမက လှပတဲ့အဝတ်အစားတွေနဲ့  လှပတဲ့ပန်းမိုးတွေကရော ဘယ်လိုလုပ်မလဲ။

သူ့ချစ်သူနဲ့နီးစပ်သူတစ်ဦးဖြစ်တဲ့ အာရုံခံစားလွယ်တဲ့ orc တစ်ယောက်က သူ့လက်တွဲဖော်ရဲ့ မနာလိုခြင်းကိုသတိပြုမိပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်တယ်။"မင်းနဲ့ လက်တွဲခွင့်ရတာက ငါ့ရဲ့ဘဝကြီးပါပဲ ငါတို့အတူတကွ ကောင်းကောင်းအိုမင်းသွားနိုင်သရွေ့ ဒါကအကြီးမားဆုံးပျော်ရွှင်မှုပဲလေ"

သူ့လက်တွဲဖော်ရဲ့စကားကိုကြားတော့ ၀မ်းနည်းနေတဲ့မိန်းမပျိုက အခုလေးတင် ဖြစ်နေတဲ့မကျေနပ်ချက်တွေကို လွှင့်ပစ်လိုက်ပြီး စောစောက သူတို့တွဲဖက်ခဲ့တာကို  ပျော်ရွှင်မှုအပြည့်နဲ့ ချက်ချင်းတွေးမိသွားကာ အချင်းချင်းရဲ့နွေးထွေးမှုလေးမှာ အချိန်တိုလေးအတွင်း ပျော်မွေ့နေခဲ့ကြတယိ။

စုံတွဲသုံးတွဲရဲ့တွဲဖက်ပွဲ ပြီးသွားပါပြီ။ နေ့လည်ရောက်နေပြီဖြစ်တာကြောင့် အားလုံးက စားသောက်ဖို့အတွက်အစားအသောက်ပြင်ဆင်ဖို့  အတူတကွ စတင်လုပ်ဆောင်ကြတယ်။ နှစ်စဉ်နှစ်တိုင်း နတ်ဘုရားတွေအတွက်ယဇ်ပူဇော်ပွဲနေ့မှာ သူတို့က အခမ်းအနားပြီးတဲ့နောက် စားသောက်ဖို့ စတင်ပြင်ဆင်ကြပြီး ညဘက်ထိတိုင်အောင် ပွဲတော်ကျင်းပကြတယ်။

အခုက လူတွေအများကြီးရှိပေမယ့်လည်း အားလုံးက စနစ်တကျပြင်ဆင်မှုတွေ လုပ်နေကြတုန်းပါပဲ။အယ်လ်ဗင်ရဲ့သားရဲအဖေက လူတွေကို ကွင်းပြင်ဆီ ဦးဆောင်ခဲ့ပြီး မီးဖိုဒါဇင်ပေါင်းများစွာကို ဆောက်ခဲ့တယ်။ထို့နောက် မီးစမွှေးပြီး အခြားအဖွဲ့တစ်ဖွဲ့က ရေအပြည့်ထည့်ထားတဲ့ မြေအိုးကြီးတစ်လုံးကို မီးပေါ် တင်လိုက်တယ်။ အန်းချီလော့က မိန်းမပျိုအချို့ကို ချက်ပြုတ်ဖို့အတွက် ဟင်းသီးဟင်းရွက်တွေ ပြင်ဆင်ဖို့ ခေါ်ဆောင်လာခဲ့တယ်။

Unicode

ဒီကမၻာႀကီးရဲ႕ ပ်မ္းမွ်အသက္ဟာ ကမၻာနဲ႕ မတူဘူးလို႔လည္း သူသင္ယူခဲ့ရၿပီး အသက္100 ေက်ာ္ၿပီးေနာက္မွသာ လူလတ္ပိုင္းအ႐ြယ္ကို  ေရာက္တယ္ဆိုတာကိုလည္း သူသိခဲ့ရတယ္။ ႀကီးျမတ္တဲ့စုန္းမတိုင္းက သူတို႔အသက္ 100 ျပည့္ၿပီးေနာက္မွာ ႀကီးျမတ္တဲ့စုန္းမရဲ႕ ေနာက္မ်ိဳးဆက္ကို ေလ့က်င့္ေပးလိမ့္မယ္။ ႀကီးျမတ္တဲ့စုန္းမရဲ႕ေ႐ြးခ်ယ္မႈကို နတ္ဘုရားေတြက အဆုံးအျဖတ္ေပးၿပီး ေ႐ြးခ်ယ္ခံရတဲ့သူေတြအေပၚ ေ႐ႊေရာင္ပန္းပြင့္ပုံစံခ်န္ထားမွာျဖစ္တယ္။ မိသားစုထဲမွာ ဒီလိုကေလးေတြရွိတယ္ဆိုရင္ ႀကီးျမတ္တဲ့စုန္းမကို ေျပာျပၾကရၿပီး ႀကီးျမတ္တဲ့စုန္းမက သူတို႔ကို ေခၚသြားၿပီး ေလ့က်င့္ေပးလိမ့္မယ္။

အားလုံး အရိုအေသျပဳၿပီးတဲ့အခါ ႀကီးျမတ္တဲ့စုန္းမက ယဇ္ပလႅင္ေပၚမွာ ထူးဆန္းတဲ့အသံနဲ႕ တီးတိုးေျပာခဲ့တယ္။ ပိုင္မုက ရွင္းရွင္းလင္းလင္းၾကားရဖို႔ ခက္ခက္ခဲခဲႀကိဳးစားခဲ့ေပမယ့္လည္း ကူကယ္ရာမဲ့စြာနဲ႕ပဲ သူနားလည္းမလည္နိုင္၊ ၾကားလည္းမၾကားနိုင္ပါဘူး။ဒါေပမယ့္ ႀကီးျမတ္တဲ့စုန္းမက ဒီေဆာင္းရာသီမွာ လူတိုင္း ေဘးကင္းစြာ ျဖတ္သန္းနိုင္ေစဖို႔ ႀကီးျမတ္တဲ့နတ္ဘုရားဆီမွာ  ဆုေတာင္းေနတယ္ဆိုတာသူသိတယ္။ ႀကီးျမတ္တဲ့နတ္ဘုရားက သူတို႔ကို  ေပါမ်ားတဲ့အစာေပးလိမ့္မယ္လို႔ သူတို႔ေမွ်ာ္လင့္တယ္။

တာ့ဝူက နာရီဝက္ အရိုအေသျပဳခဲ့ၿပီး ေနာက္ကလိုက္ဆင္းလာသူအားလုံးက တစ္ႀကိမ္အရိုအေသျပဳၾကကာ ကေလးငယ္ေတြေတာင္  ရည္မြန္တဲ့နည္းလမ္းနဲ႕ အရိုအေသျပဳၾကတယ္။

ေျခာက္ႀကိမ္ေလာက္အရိုအေသျပဳၿပီးေနာက္ ကေလးေတြနဲ႕ သက္ႀကီး႐ြယ္အိုမိန္းမပ်ိဳေတြရဲ႕မ်က္ႏွာေတြက ေမာပန္းႏြမ္းနယ္ေနကာ ယဇ္ပူေဇာ္မႈၿပီးဆုံးသြားခဲ့တယ္။ေနာက္ဆုံးအႀကိမ္အျဖစ္ သုံးခုဆက္တိုက္ ထုံးတမ္းစဥ္လာအၿပီးမွာ ႀကီးျမတ္တဲ့စုန္းမက အေနာက္ဘက္ကို မ်က္ႏွာလွည့္ၿပီး ယဇ္ပလႅင္ေအာက္က လူေတြကို ၾကည့္လိုက္တယ္။ ထို႔ေနာက္ မ်ိဳးႏြယ္စုေခါင္းေဆာင္က ယဇ္ပလႅင္ေပၚက ဆင္းခဲ့ၿပီး က်န္အခ်ိန္ေတြက လူငယ္အတြဲေတြရဲ႕ တြဲဖက္ပြဲျဖစ္တယ္။

ထို႔ေနာက္ လူတိုင္းရဲ႕အားေပးမႈေတြၾကားမွာ ေအဘယ္က သူ႕ရင္ခြင္ထဲက အယ္လီနဲ႕အတူ ယဇ္ပလႅင္ေပၚကို ခုန္တက္သြားတယ္။ ေအဘယ္က  ခႏၶာကိုယ္အေပၚပိုင္းမွာ မီးခိုးေရာင္ အေမြးပြကိုယ္တိအကၤ်ီကို ဝတ္ဆင္ထားၿပီး ေအာက္ပိုင္းမွာ  ေႁမြသားေရနဲ႕ျပဳလုပ္ထားတဲ့ သားေရေဘာင္းဘီတိုကို ၀တ္ဆင္ထားတယ္။ ဝတ္စားဆင္ယင္မႈ တစ္ခုလုံးက သူ႕ရဲ႕ႂကြက္သားပုံစံကို ေဖာ္ျပထားၿပီး သူ႕ကို ပိုမိုဆြဲေဆာင္မႈရွိေစတယ္ ။

အယ္လီက မီးေတာက္ေျမေခြးသားေမြးနဲ႕ ျပဳလုပ္ထားတဲ့ ကုတ္ အကၤ်ီရွည္နဲ႕ ေအဘယ္လိုမ်ိဳး သားေရေဘာင္းဘီတစ္ထည္ကို ၀တ္ဆင္ထားတယ္။ အကၤ်ီရဲ႕ခါးကို ေကာင္းေကာင္းျပဳလုပ္ထားၿပီး အယ္လီဝတ္ၿပီးေနာက္မွာ ခါးက အရမ္းေသးသြယ္တယ္ ။ မီးေတာက္ေရာင္ကုတ္အကၤ်ီက သူ႕ကိုအနည္းငယ္စြဲမက္ဖြယ္ေကာင္းေစၿပီး အနည္းငယ္လည္း ေတာက္ပေစတယ္။

ယဇ္ပလႅင္ေပၚတက္ၿပီးေနာက္ယဇ္ပလႅင္အလယ္မွာရပ္ၿပီး အေရွ႕အရပ္ကို အရိုအေသေပး
ၾကတယ္။ ထို႔ေနာက္ ႀကီးျမတ္တဲ့စုန္းမက သူတို႔ကို ေကာင္းခ်ီးေပးဖို႔အတြက္ ႀကီးျမတ္တဲ့နတ္ဘုရားဆီ ေမးျမန္းၿပီး ေကာင္းခ်ီးေပးၿပီးေနာက္မွာ အေရွ႕အရပ္ကို  သုံးႀကိမ္တိုင္တိုင္ အရိုအေသေပးၾကတယ္။ေနာက္တစ္ခုကေတာ့ ဘုရားသခင္ရဲ႕ တမန္ေတာ္က သူတို႔ကိုေကာင္းခ်ီးေပးဖို႔ျဖစ္တဲ့အတြက္ ဒီတစ္ႀကိမ္က ပိုင္မုထြက္ေပၚလာရမယ့္ အလွည့္ပါပဲ။

ခဲယ္လ္တစ္ရဲ႕အကူအညီနဲ႕ သူက ယဇ္ပလႅင္ေပၚကိုလာၿပီး အယ္လီနဲ႕ေအဘယ္တို႔ေရွ႕မွာ ရပ္လိုက္တယ္။
ႏွစ္ေယာက္သားက ေခါင္းငုံ႕လိုက္ၾကတယ္။ ပိုင္မုက သူ႕ရဲ႕ညာလက္ကိုဆန႔္လိုက္ၿပီး အယ္လီရဲ႕ဦးေခါင္းထိပ္ကို ဦးစြာထိလိုက္ကာ ထို႔ေနာက္  ေအဘယ္ရဲ႕ဦးေခါင္းထိပ္ကို ထပ္မံထိလိုက္တယ္။ သူက တခုခုေျပာေပးၿပီး ေကာင္းခ်ီးေပးကာ သူတို႔ရဲ႕ ေပါင္းဖက္မႈကို သက္ေသျပဳေပးရမယ္လို႔ ႀကီးျမတ္တဲ့စုန္းမက သူ႕ကို မေန႕က ေျပာခဲ့တယ္။

တစ္ညလုံး ေခါင္းကုတ္ေနရတဲ့ပိုင္မုက  ႀကီးျမတ္တဲ့စုန္းမရဲ႕ အိမ္ေထာင္ေရးသက္ေသျပဳခ်က္ကိုပဲ လုပ္ေပးဖို႔ ဆုံးျဖတ္ခဲ့တယ္။မူလက သူက တ႐ုတ္စတိုင္ကို ျပဳလုပ္ေပးခ်င္ေပမယ့္လည္း အခုက ေကာင္းကင္နဲ႕ေျမႀကီးကို အရိုအေသေပးၿပီး *Gaotangကို ႏွစ္ႀကိမ္အရိုအေသေပးဖို႔က သိသိသာသာကို မသင့္ေလ်ာ္ဘူး။ အခု အသြင္အျပင္က နိုင္ငံျခားသားေတြနဲ႕ အတူတူပါပဲ၊ အေနာက္တိုင္းစတိုင္သက္ေသခံခ်က္တစ္ခု ရလိုက္႐ုံပါပဲရွိတယ္။(T/N-သိသလိုလိုရွိေပမယ့္ သိပ္မေသခ်ာလို႔ ဒီတိုင္းပဲေရးေပးလိုက္တယ္)

ဒါေၾကာင့္ ပိုင္မုက တႀကိမ္ေလာက္ ဘုန္းႀကီးအျဖစ္ ျပဳမူခဲ့တယ္။ သူက အယ္လီကို ေျပာလိုက္တယ္။"အယ္လီ သင္ဟာ ေအဘယ္ကို သင္ရဲ႕ပါတနာျဖစ္ေစလိုပါသလား တျခားဘာအေၾကာင္းပဲရွိရွိ သူ႕ကို ခ်စ္ေပးၿပီး သူ႕ကို ျပဳစုေစာင့္ေရွာက္ေပးၿပီး သူ႕ကို ေလးစားေပးၿပီးေတာ့ သင့္ဘ၀အဆုံးသတ္ထိတိုင္ေအာင္ သစၥာေစာင့္သိပါမည္လား"

"ကြၽန္ေတာ္လုပ္ပါမယ္" ဒါက အရင္က တခါမွမျဖစ္ဖူးတဲ့အရာတစ္ခုျဖစ္တာေၾကာင့္ အယ္လီက ထိတ္လန႔္သြားၿပီး ထို႔ေနာက္  သေဘာတူညီေၾကာင္း ျပန္ေျဖလိုက္တယ္။

ထို႔ေနာက္ ပိုင္မုက ေအဘယ္ကိုၾကည့္ၿပီး ထပ္ေျပာလိုက္တယ္"ေအဘယ္ သင္ဟာ အယ္လီကို သင္ရဲ႕ပါတနာျဖစ္ေစလိုပါသလား တျခားဘာအေၾကာင္းပဲရွိရွိ သူ႕ကို ခ်စ္ေပးၿပီး သူ႕ကို ျပဳစုေစာင့္ေရွာက္ေပးၿပီး သူ႕ကို ေလးစားေပးၿပီးေတာ့ သင့္ဘ၀အဆုံးသတ္ထိတိုင္ေအာင္ သစၥာေစာင့္သိပါမည္လား"

“ကြၽန္ေတာ္လုပ္ပါမယ္ ” ေအဘယ္နဲ႕အယ္လီက တစ္ေယာက္ကိုတစ္ေယာက္ၿပဳံးျပလိုက္ၾကၿပီး ခ်ိဳၿမိန္တဲ့ အၿပဳံးေတြက ပိုင္မုကိုေတာင္ နစ္ျမဳပ္ပစ္လုနီးပါးပဲ။ ထို႔ေနာက္ ပိုင္မုက အခ်င္းခ်င္းရဲ႕ လက္ကို ဆုပ္ကိုင္ခိုင္းၿပီး  ႀကီးျမတ္တဲ့နတ္ဘုရားရဲ႕နာမည္နဲ႕ ေလးနက္စြာ က်ိန္ဆိုခိုင္းတယ္ : တစ္ေယာက္ကို တစ္ေယာက္ လက္တြဲေဖာ္အျဖစ္ လက္ခံတဲ့ ယေန႕မွစၿပီး ကံဆိုးမႈေတြ ပေပ်ာက္ပါေစ၊ ေရာဂါဘယကင္းေဝးပါေစ၊ အခ်င္းခ်င္း ေသတဲ့ထိတိုင္ေအာင္ ခ်စ္ျမတ္နိုးၿပီး ေလးစားၾကမယ္။

သူတို႔ႏွစ္ေယာက္က က်ိန္ဆိုလိုက္ၾကၿပီးေနာက္ ပိုင္မုက ၿပဳံးၿပီးေျပာလိုက္တယ္ ။"မင္းတို႔ တရားဝင္လက္ထပ္လိုက္ၿပီဆိုတာ နတ္ဘုရားရဲ႕ဂုဏ္ေတာ္နဲ႕ငါေၾကျငာတယ္ နတ္ဘုရားေတြရဲ႕ေကာင္းခ်ီးေတြကို ခြဲလို႔မရဘူး ေအဘယ္ မင္း အယ္လီကိုနမ္းလို႔ရၿပီ"

ဒီေနရာက တြဲဖက္ပြဲအခမ္းအနားမွာ နမ္းတဲ့လုပ္ငန္းစဥ္ရွိေပမယ့္လည္း အျခားသူတစ္ဦးရဲ႕နဖူးကိုသာ နမ္းရတာေၾကာင့္ ဒီေနရာမွာရွိတဲ့လူေတြက အရမ္းသိမ္ေမြ႕ေနဆဲျဖစ္တယ္။

ပိုင္မုရဲ႕လုပ္ထုံးလုပ္နည္းၿပီးသြားၿပီးေနာက္ တာ့ဝူက မိန္းမပ်ိဳကို ကေလးေမြးဖြားခြင့္ျပဳမယ့္ေဆးကို ယူေဆာင္လာမွာျဖစ္တယ္။ သူတို႔ႏွစ္ဦးကို ဧည့္ခံခြင့္ေပးလိုက္ၿပီးေနာက္ လူအုပ္ႀကီးဆီက ေကာင္းခ်ီး ေပးသံေတြက ေပါက္ကြဲထြက္လာတယ္ ။ ထို႔ေနာက္ ျခေသၤ့ေလးေတြပါတဲ့တစ္ဖြဲ႕က ယဇ္ပလႅင္ေပၚပ်ံသန္းလာခဲ့ၿပီး ပထမဆုံးေန႕က ပိုင္မုနဲ႕ သူတို႔ျပင္ဆင္ထားတဲ့ပန္းပြင့္ေတြကို က်ဲလိုက္တယ္။ သူတို႔ႏွစ္ေယာက္က ပန္းမိုးၾကားကေန  ယဇ္ပလႅင္ေပၚက ဆင္းလာခဲ့ၾကတယ္။

ထို႔ေနာက္ အျပင္ကအတြဲႏွစ္တြဲျဖစ္တဲ့ တြဲဖက္ပြဲလုပ္မယ့္အသစ္ေတြက သူတို႔ရဲ႕တြဲဖက္မႈအခမ္းအနားကို အၿပီးသတ္ဖို႔ ယဇ္ပလႅင္ေပၚကို တက္ခဲ့ၾကတယ္။ အခုေလးတင္ တြဲဖက္ခဲ့တဲ့ မိန္းမပ်ိဳက ဒီေန႕ရဲ႕ တြဲဖက္ပြဲကို ၾကည့္လိုက္တယ္။ သူတို႔ႏွလုံးသားထဲက ဗီလိန္က လက္ကိုင္ပုဝါေလးကို ကိုက္ေနတယ္။ သူတို႔တြဲဖက္ဖို႔က ဘာေၾကာင့္ ေနာက္က်ေနရတာလဲ။အခုအခ်ိန္အထိ ေစာင့္ေနရေတာ့ နတ္ဘုရားေတြရဲ႕ ေကာင္းခ်ီးေတြသာမက လွပတဲ့အဝတ္အစားေတြနဲ႕  လွပတဲ့ပန္းမိုးေတြကေရာ ဘယ္လိုလုပ္မလဲ။

သူ႕ခ်စ္သူနဲ႕နီးစပ္သူတစ္ဦးျဖစ္တဲ့ အာ႐ုံခံစားလြယ္တဲ့ orc တစ္ေယာက္က သူ႕လက္တြဲေဖာ္ရဲ႕ မနာလိုျခင္းကိုသတိျပဳမိၿပီး သူ႕လက္ကို ဆုပ္ကိုင္လိုက္ကာ ေျပာလိုက္တယ္။"မင္းနဲ႕ လက္တြဲခြင့္ရတာက ငါ့ရဲ႕ဘဝႀကီးပါပဲ ငါတို႔အတူတကြ ေကာင္းေကာင္းအိုမင္းသြားနိုင္သေ႐ြ႕ ဒါကအႀကီးမားဆုံးေပ်ာ္႐ႊင္မႈပဲေလ"

သူ႕လက္တြဲေဖာ္ရဲ႕စကားကိုၾကားေတာ့ ၀မ္းနည္းေနတဲ့မိန္းမပ်ိဳက အခုေလးတင္ ျဖစ္ေနတဲ့မေက်နပ္ခ်က္ေတြကို လႊင့္ပစ္လိုက္ၿပီး ေစာေစာက သူတို႔တြဲဖက္ခဲ့တာကို  ေပ်ာ္႐ႊင္မႈအျပည့္နဲ႕ ခ်က္ခ်င္းေတြးမိသြားကာ အခ်င္းခ်င္းရဲ႕ႏြေးေထြးမႈေလးမွာ အခ်ိန္တိုေလးအတြင္း ေပ်ာ္ေမြ႕ေနခဲ့ၾကတယိ။

စုံတြဲသုံးတြဲရဲ႕တြဲဖက္ပြဲ ၿပီးသြားပါၿပီ။ ေန႕လည္ေရာက္ေနၿပီျဖစ္တာေၾကာင့္ အားလုံးက စားေသာက္ဖို႔အတြက္အစားအေသာက္ျပင္ဆင္ဖို႔  အတူတကြ စတင္လုပ္ေဆာင္ၾကတယ္။ ႏွစ္စဥ္ႏွစ္တိုင္း နတ္ဘုရားေတြအတြက္ယဇ္ပူေဇာ္ပြဲေန႕မွာ သူတို႔က အခမ္းအနားၿပီးတဲ့ေနာက္ စားေသာက္ဖို႔ စတင္ျပင္ဆင္ၾကၿပီး ညဘက္ထိတိုင္ေအာင္ ပြဲေတာ္က်င္းပၾကတယ္။

အခုက လူေတြအမ်ားႀကီးရွိေပမယ့္လည္း အားလုံးက စနစ္တက်ျပင္ဆင္မႈေတြ လုပ္ေနၾကတုန္းပါပဲ။အယ္လ္ဗင္ရဲ႕သားရဲအေဖက လူေတြကို ကြင္းျပင္ဆီ ဦးေဆာင္ခဲ့ၿပီး မီးဖိုဒါဇင္ေပါင္းမ်ားစြာကို ေဆာက္ခဲ့တယ္။ထို႔ေနာက္ မီးစေမႊးၿပီး အျခားအဖြဲ႕တစ္ဖြဲ႕က ေရအျပည့္ထည့္ထားတဲ့ ေျမအိုးႀကီးတစ္လုံးကို မီးေပၚ တင္လိုက္တယ္။ အန္းခ်ီေလာ့က မိန္းမပ်ိဳအခ်ိဳ႕ကို ခ်က္ျပဳတ္ဖို႔အတြက္ ဟင္းသီးဟင္း႐ြက္ေတြ ျပင္ဆင္ဖို႔ ေခၚေဆာင္လာခဲ့တယ္။

Continue Reading

You'll Also Like

194K 4.7K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗
175K 29.9K 76
အချိန်အကြာကြီး အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ "ဖိန်ရှာရှီ" အလုပ်တခုကို ရှာတွေ့ခဲ့လေသည်။ ထိုအလုပ်ကတော့ စင်္ကြာဝဠာတခုလုံးမှာ ရှေးအကျဆုံးဖြစ်တ...
5.1K 57 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...
479K 82.3K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...