တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

180K 29.1K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၆၆)

1K 201 5
By zuriiiiii8

                      <ထွက်ပြေးကြစို့>

"ဒီမနက်တုန်းက ကြေးမုံချပ်ကို လူတစ်ယောက်ဖျက်ဆီးထားတာ ကင်းလှည့်တပည့်တွေ တွေ့ခဲ့တယ်"

"အဲ့ဒီလူက ကြေးမုံချပ်ကို တော်တော်လေး အားသုံးပြီး ဖျက်ဆီးထားတော့ ဂိုဏ်းမှာ ရှိသမျှ အ
ကြီးအကဲတွေ အားလုံးကို ဆင့်ခေါ်ပြီး ခက်ခက်
ခဲခဲ ပြန်ဆက်လိုက်မှ မှတ်တမ်းတစ်ခုကို ပြန်ရလို
က်တယ်"

ကျီကျစ်အန်း၏ အကြည့်များသည် ကျန်းရီထံသို့ ရွေ့လာခဲ့သည်။

လူပေါင်းများစွာဖြင့် ပြည့်ကျပ်နေသော ခန်းမဆောင် အလယ်တွင်၊ လူတိုင်း၏ အကြည့်များဟာ ကျန်းရီထံသို့ ချက်ချင်း ရောက်လာကြသ
ည်။

"ကျန်းရှစ်ကျစ်"

ကျီကျစ်အန်းက အေးစက်စွာ ရယ်မောပြီး လေ
သံကိုမြှင့်၍ မေးလေသည်။

"လွန်ခဲ့တဲ့ သုံးညတုန်းက မင်း ဘယ်နေရာမှာ ဘာလုပ်နေလဲ?"

ကျန်းရီသည် လူပေါင်းများစွာ၏ အကြည့်အော
က်တွင် အလွန် တည်ကြည်နေသော မျက်နှာထားဖြင့် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

"တပည့် ဂူပိတ်ကျင့်ကြံနေတာပါ။လုံးဝ ထွက်မလာခဲ့ပါဘူး"

"အဟား!"

ကျီကျစ်အန်းသည် ထိုင်ခုံလက်ရန်းကို ပြင်းထန်စွာ ရိုက်ချ၍ ဒေါသတကြီး ဆိုလေသည်။

"ဒီလို အခြေအနေကို ရောက်နေတာတောင် အဓိ
ပ္ပါယ် မရှိတာတွေ လျှောက်ပြောနေတုန်းပဲလား!"

"ဂိုဏ်းချုပ် ဘာကိုပြောချင်တာလဲ မသိဘူး?"

ကျန်းရီ၏ အမူအရာသည် စိုးစဥ်းမျှ ပြောင်းလဲသွားခြင်း မရှိသည့်အပြင် စိတ်ရှုပ်ထွေးနေသယောင်လေးတောင် ရောယှက်နေသေး၏။

"အဲ့ဒီ ကြေးမုံချပ်ကို တစ်ယောက်ယောက်က ဖျ
က်ဆီးသွားတယ်လို့ ဂိုဏ်းချုပ် ပြောနေပေမယ့် တပည့်နဲ့ ဘယ်လိုများ ပတ်သတ်လို့လဲ?ပြီးတော့ အခုလိုမျိုး တစ်ဖက်သတ် စွပ်စွဲနေတဲ့အချိန်မှာ တပည့်ကို ဘာဖြစ်လို့ ချုပ်ထားရတာလဲ?"

ကျီကျစ်အန်း၏ မျက်နှာထားမှာ ပြောင်းလဲသွားရသည်။ခဏအကြာတွင် အေးစက်စက် လှောင်ရယ်ပြန်၏။

"သက်သေ မပြမချင်း ခံငြင်းဖို့ ဆုံးဖြတ်ထားတ
ယ်ပေါ့ ဟုတ်သလား"

ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို မြှောက်၍ လ
က်ခုပ်တီးလိုက်ရာ လက်ခုပ်သံ ထွက်ပေါ်လာချိန်တွင် ကြမ်းပြင်ပေါ်ရှိ ကြေးမုံချပ်ထံမှ အလင်းတ
န်း တစ်ခု ထိုးထွက်လာပြီး သိပ်မကြာမီတွင် ပုံရိပ်အချို့ကို စတင် ပြသလာခဲ့သည်။

ထိုပုံရိပ်များသည် ကြေးမုံချပ်ကို ကျန်းရီ ရိုက်မခွဲခင်အထိ ဖြစ်စဥ် အစ၊အဆုံးကို အတိအကျ မှတ်
တမ်းတင်ထားခြင်းဖြစ်သည်။သို့ရာတွင် ကြေးမုံချပ်ကို မည်မျှ ပြန်ကောင်းအောင် ပြုပြင်နိုင်ပါစေ၊ချို့ယွင်းချက်ကတော့ ရှိနေမြဲဖြစ်ပြီး ပြတ်
တောင်းပြတ်တောင်းဖြင့် တစ်ခါတစ်ရံတွင် ပေါ်
လာလိုက်၊ ပြန်ပျောက်လိုက်ဖြစ်နေ၏။ပုံရိပ်များကို ပြသနိုင်သော်လည်း ကြည်လင်ပြတ်သားခြင်း မရှိသည့်အပြင် တဂျစ်ဂျစ် ဆူညံသံများဖြင့် ရော
ယှက်နေပြီး မရပ်မနား တုန်ခါနေသေးသည်။

သို့ပေမဲ့လည်း ထိုကဲ့သို့ အခြေအနေမျိုးတွင်တောင်မှ ကျန်းရီနှင့် နတ်မိစ္ဆာတို့ စကားရပ်ပြောနေသည့် မြင်ကွင်းကို ပရိတ်သတ်အပေါင်းတို့ ရှ
င်းရှင်းလင်းလင်း မြင်နိုင်ရန် လုံလောက်ပေသ
ည်။

အစောပိုင်းတုန်းက တပည့်များသည် ဂိုဏ်းချုပ်က သူတို့ကို ဤနေရာတွင် အဘယ့်ကြောင့် လူစုခိုင်းသည်ကို နားမလည်ခဲ့ကြချေ။ထို့ကြောင့် ကြေးမုံချပ်ထဲမှ ထွက်လာသော ပုံရိပ်များကို မြင်ရချိန်တွင်မူ အလွန်အမင်း အံ့သြသွားကြပြီး ရုတ်
ရုတ်သဲသဲ ဆူညံသွားလေတော့သည်။

နောက်ဆုံးတွင် အသံများ ငြိမ်သက်သွားချိန်မှ ကျီကျစ်အန်းက မေးလာသည်။

"ကျန်းရှစ်ကျစ်၊ မင်း ဘာပြောချင်သေးလဲ?"

ကျန်းရီသည် ခေါင်းထဲတွင် မရပ်မနား လှည့်ပတ်နေသော အတွေးများဖြင့် ချာချာလည်နေပြီး ကျီကျစ်အန်း၏ အမေးကို ပြန်မဖြေဘဲ ငြိမ်နေ၏။

အပိုင်းပိုင်းအစစဖြစ်အောင် ချေမွဖျက်ဆီးခဲ့သော ကြေးမုံချပ်ကို ဤအနေအထားအထိ ရော
က်အောင် ပြုပြင်နိုင်ခဲ့ခြင်းမှာ သူ့အတွက် အလွန် အန္တရာယ်များလှသော်လည်း အဖြစ်မှန်ကို ဝန်ခံပြီး အသေခံလိုက်မည့် လူစားမျိုးတော့ မဟုတ်ချေ။ဤမစုံလင်သော ပစ္စည်းတွင် သူလှည့်စားနိုင်မည့် အားနည်းချက် တစ်ခုတော့ ရှိရမည်။

"ကျန်းရှစ်ကျစ်"

ကျီကျစ်အန်းသည် ကျန်းရီ နှုတ်ဆိတ်နေခြင်းကြောင့် ချေပနိုင်စွမ်း မရှိဟု ယူဆပြီး စိတ်မရှည်နိုင်တော့ဘဲ နောက်တစ်ခွန်း ထပ်မေးပြန်၏။

"မင်းကိုယ်တိုင် ဘာဖြစ်လို့ မရှင်းပြသေးတာလဲ?"

ကျန်းရီသည် ကျီကျစ်အန်းရှိရာသို့ ဆတ်ခနဲ လှ
မ်းကြည့်လိုက်သည်။အရှိန်အဝါ ကြီးမားသယော
င် ထင်မှတ်ရသော ပုံစံအောက်တွင် ကျီကျစ်အန်း
၏ သဘောထားနှင့် စကားလုံးတိုင်းသည် စိုးရိမ်ကြောင့်ကြမှုများဖြင့် ရောယှက်နေပြီး အတွင်းစိ
တ်လည်း အလွန် သိသာစွာ နောက်ကျိနေခဲ့သည်။နတ်မိစ္ဆာဟာ တံခွန်တိမ်တိုက်ဂိုဏ်းနှင့် နီးကပ်လွ
န်းသော အကွာအဝေးအထိ ရောက်လာသည့်အ
ပြင် ကျန်းရီနှင့်တောင် စကားပြောသွားခြင်းကြောင့် သူ့အနေနှင့် အဘယ်မှာ တည်တည်ငြိမ်ငြိမ် နေနိုင်ပါအံ့။

ဤသည်မှာ အသုံးချနိုင်သော အခွင့်အရေးဖြစ်ပြီး ကျန်းရီသည် ကျီကျစ်အန်းထက် အမှန်တရားကို ပိုသိထားခြင်းကြောင့် ပို၍ တည်ငြိမ်နေရမ
ည်။

ကျန်းရီသည် အကြည့်များကို ကြေးမုံချပ်ပေါ်သို့ ရွှေ့ပြီး ပြတ်တောက်နေသော ပုံရိပ်များကို ကြည့်လိုက်သည်။

"ဘာဖြစ်လို့ အသံမပါတာလဲ?"

ကွဲထားလို့ပါတာပေါ့!

ကျန်းရီ၏ အမေးကြောင့် ကျီကျစ်အန်းသည် ရု
တ်ချည်း ဒေါသထွက်သွားပြီး နှလုံးသားထဲသို့ စိုးရိမ်စိတ်များ အလုံးအရင်း ရိုက်ခတ်သွားသည့်နှယ် ခံစားလိုက်ရသည်။

"နတ်မိစ္ဆာက စကားတွေ အများကြီး ပြောသွားမှ
န်း အသိသာကြီးပေမယ့် ဘယ်သူမှ မကြားရဘူးလေ"

ကျန်းရီက သူ့ကို ပြန်မေး၏။

"သူဘာပြောသွားတာလဲ?"

ငါလည်း အဲ့တာကို သိချင်တာလေ!

ကျီကျစ်အန်းသည် သုန်မှုန်နေသော မျက်နှာဖြင့် အံကြိတ်ထားလေသည်။

"ငါ မင်းကို အဲ့ဒီအကြောင်း မေးဖို့ ခေါ်လိုက်တာလေ။အဲ့ဒီညတုန်းက နတ်မိစ္ဆာနဲ့ စကားပြောနေတာ မင်း မဟုတ်ဘူးလား?"

ကျန်းရီကား နှုတ်ဆိတ်သွားပြန်၏။

"မင်း မပြောပြချင်ရင်တောင် အဲ့ဒီမှာ စကားရပ်ပြောခဲ့တဲ့လူက မင်း မဟုတ်လို့လား?ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းပုံစံ ဟန်ဆောင်ပြီး စကားသွားပြောတယ်လို့ ငြင်းအုံးမလို့လား?"

ကျီကျစ်အန်း၏ အမေးတွင် အခြားသော ရွေးချ
ယ်စရာ တစ်ခု ရှိနေသော်လည်း ကျန်းရီကတော့ အသုံးမပြုခဲ့ပေ။ပထမအချက်မှာ တစ်စုံတစ်
ယောက်ကသာ သူ့ပုံစံ ဟန်ဆောင်၍ နတ်မိစ္ဆာနှင့် သွားတွေ့ခဲ့ရိုးမှန်လျှင် ကြေးမုံချပ်များကို တကူး
တက ဖျက်ဆီးနေစရာ မလိုချေ။အဘယ့်ကြောင့်ဆိုသော် ပျက်စီးသွားသော ကြေးမုံချပ်များကို ပြန်ပြင်နိုင်၊မပြင်နိုင်နှင့် မှတ်တမ်းများကို မည်မျှ အတိုင်းအတာအထိ ပြန်ယူနိုင်ကြောင်း မသိနိုင်
ခြင်းကြောင့်ဖြစ်သည်။

ဒုတိယအချက်မှာ ခန်းမဆောင်ထဲသို့ ကျန်းရီ ရောက်လာစဥ်ကတည်းက ကြေးမုံချပ်မှ သူ့ပုံရိပ်များကို မပြသခင်အထိ၊အလွန် တည်ငြိမ်စွာ ပြုမူခဲ့ခြင်းဖြစ်သည်။ကျန်းရီ၏ ထိုတည်ငြိမ်မှုသည် မည်သို့သော အခွင့်အရေးမျိုးကို အသုံးချသင့်ကြောင်း စဥ်းစားနေ၍ဖြစ်သည်။သို့ပေမဲ့ ထိုကဲ့
သို့ ပြုမူခဲ့ခြင်းကြောင့် ကိစ္စတစ်ရပ်လုံးကို မသိဟန်ဆောင်၍ ခံငြင်းရန် မဖြစ်နိုင်တော့ချေ။

ပြသနာမှာ ယခုလို အခြေအနေအထိ ရောက်လာပြီဖြစ်ရာ သူ့အနေနှင့် ထိုနေ့ညက နတ်မိစ္ဆာနှင့် တွေ့ခဲ့ကြောင်း ဝန်ခံရုံသာရှိတော့သည်။

သို့သော်လည်း လက်ရှိ အနေအထားအရ နတ်မိ
စ္ဆာနှင့် သွားတွေ့ခဲ့သော အကြောင်းအရင်းနှင့် ထိုနေ့ညက သူတို့ ပြောခဲ့သော စကားများကို သူ့အ
လိုကျ ဇာတ်ကြောင်းပြောင်းပစ်နိုင်သေး၏။

"ဂိုဏ်းချုပ်"

"ဂိုဏ်းချုပ်က ကျွန်တော် လုပ်တာလို့ပဲ တထစ်ချ ယုံကြည်နေတော့ ကျွန်တော်ကလည်း နည်းနည်းလောက် ပြန်မေးပါရစေ။ အဲ့ဒီ နတ်မိစ္ဆာက ဘယ်
လို နတ်မိစ္ဆာမျိုးလဲ?ကျွန်တော်ကရော ဘယ်လို ကျင့်ကြံသူမို့လို့လဲ?အဲ့ဒီ နတ်မိစ္ဆာက ဘာဖြစ်လို့ ကျွန်တော်နဲ့ စကားစမြည်ပြောရမှာလဲ?ပုံမှန်ဆိုရင် ဖြစ်နိုင်တာကတော့ အဲ့ဒီ နတ်မိစ္ဆာရှေ့ကို ခြေတစ်လှမ်းချရုံနဲ့တင် ဝါးစားခံရလို့ အရိုးတောင် မကျန်ခဲ့မှာ မဟုတ်ဘူးလား?"

ကျန်းရီ၏ စကားအဆုံးတွင် အံ့သြတုန်လှုပ်သံများဖြင့် နောက်တစ်ကြိမ် ဆူညံလာပြန်သည်။

အခြေအနေကို နားမလည်သော တပည့်များသည် မူလက ကျီကျစ်အန်း၏ စကားကို ယုံကြည်ပြီး ကျီကျစ်အန်းနှင့်အတူ ကျန်းရီကို ဝေဖန်ရန် အ
ဆင်သင့်ဖြစ်ခဲ့ကြသည်။ဤတစ်ကြိမ်တွင်မူ ကျ
န်းရီ၏ စကားကြောင့် စိတ်ယိုင်သွားပြီး အချင်း
ချင်း တက်ကြွစွာ ဆွေးနွှေးလာကြသည်။

"ဟုတ်သားပဲ ဘာဖြစ်လို့ အဲ့ဒီလို လုပ်ရမှာလဲ?"

"မေးစရာ လိုသေးလို့လား?နတ်မိစ္ဆာနဲ့ ပူးပေါင်းပြီး ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ရောင်းစားနေတာဖြစ်မှာပေါ့။မင်းတို့ မသိတာလည်း မဟုတ်ဘူး သူရောက်လာထဲက ဝမ်ရှစ်ရှုန်း အနောက်ကို တစ်ချိန်လုံး လိုက်နေတာလေ။ပြီးတော့ ဝမ်ရှစ်ရှုန်းက...."

ထိုဆွေးနွှေးသံသည် ကျယ်လောင်ခြင်း မရှိသော်
လည်း ကျန်းရီကတော့ ရှင်းရှင်းလင်းလင်း ကြားသွားခဲ့သည်။သူသည် ချွန်မြနေသော ဓားသွားများပမာ စူးရှလွန်းသော အကြည့်များဖြင့် ဖျတ်
ခနဲ လှည့်ကြည့်ပြီး ထိုစကားကို ထုတ်ပြောဝံ့သူအား ချက်ချင်း သတ်ဖြတ်တော့မည့်အတိုင်း စူး
စူးရဲရဲ စိုက်ကြည့်၍ အော်မေးလေသည်။

"မင်း ဘာစကားပြောလိုက်တာလဲ?"

မူလက ထိုလူသည် တီးတိုး ပြောလိုက်ခြင်းဖြစ်သော်လည်း လူအုပ်အကြားတွင် ရုတ်တရက် အော်မေးခံရခြင်းကြောင့် နှုတ်ဆိတ်သွားတော့
သည်။

"ငါက နတ်မိစ္ဆာနဲ့ ပူးပေါင်းတယ်ပေါ့?ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ရောင်းစားတယ်ပေါ့? "

ကျန်းရီသည် စကားအခွန်းစီတိုင်းတွင် လေသံကို ဖိ၍ တစ်လှမ်းချမ်း လျှောက်လာသည်။

"အဲ့တာ ဝမ်ရှစ်ရှုန်းကြောင့်တဲ့လား?ရယ်စရာပဲ!"

ထို့နောက် ခန်းမဆောင်အပြည့် နေရာယူထားသော လူအုပ်ကြီးကို ကြည့်၏။သူ့အသံမှာ ပို၍ ပြတ်ရှလာခဲ့သည်။

"ဝမ်ရှစ်ရှုန်းက တံခွန်တိမ်တိုက်ဂိုဏ်းမှာ နေခဲ့တဲ့ တလျှောက်လုံး သူ့ဘဝကို ဂိုဏ်းအတွက်ပဲ ပေး
ဆပ်ခဲ့တာ။အဲ့ဒီလောက် လုပ်ပေးခဲ့တာတောင်မှ မင်းတို့ သူ့အပေါ် မဟုတ်မမှန်တဲ့ စကားတွေနဲ့ ဝိုင်းစွပ်စွဲကြတာကို ခံခဲ့ရသေးတယ်။ဒေါသထွက်စရာကောင်းလွန်းလို့ အံကြိတ်ရင်တောင် သွေးပါ ထွက်လာလိမ့်မယ်။စကားတစ်ခွန်းကို ထုတ်မပြောခင်မှာ နည်းနည်းပါးပါး ဦးနှောက်ရှိရှိ မတွေးတတ်ကြဘူးလား ဟမ်?အဲ့ဒီ နတ်မိစ္ဆာက ဘယ်လို
သတ္တဝါမျိုးမို့လို့လဲ?အဲ့ဒီ နတ်မိစ္ဆာရဲ့ လက်ကနေ လွတ်အောင် ဘယ်လို လျှို့ဝှက်ချက်မျိုးကို သိထားမှဖြစ်မှာလဲ? ပြီးတော့ အဲ့ဒီလို လျှို့ဝှက်ချက်မျိုးကို ရှစ်ရှုန်းက သိလိမ့်မယ်လို့များ ထင်နေကြတာလား!"

ဤတစ်ကြိမ်တွင် ကျန်းရီ၏ အကြည့်များဟာ ကျီကျစ်အန်းထံသို့ ဒိုင်းခနဲ ရောက်သွားလေသ
ည်။

"ဂိုဏ်းချုပ်၊ ရှစ်ရှုန်းက အဲ့ဒီလို လျှို့ဝှက်ချက်မျိုးကို ဘယ်တုန်းကမှ မသိခဲ့တဲ့အကြောင်း ဘာဖြစ်လို့ သူတို့ကို မရှင်းပြသေးတာလဲ?အဟား...ရှစ်ရှုန်းနဲ့ ပတ်သတ်တဲ့ ကောလဟလတွေ ပြန့်နေတာ အတော်တောင် ကြာနေပြီ မဟုတ်လား?သူသာ အရင်တုန်းက လျှို့ဝှက်ချက်တချို့ကို သိခဲ့မယ်ဆိုရင်တောင် အချိန်တွေ ကုန်သွားတာဖြင့် ကြာလှရှိနေပြီ။ဂိုဏ်းကလည်း ပြင်သင့်တာတွေ ပြင်ပြီး ပြောင်းသင့်တာတွေ ပြောင်းလိုက်တာ ကြာရောပေါ့!"

ပြသနာတစ်ရပ်လုံးကို မတူညီသော အခြေအနေအထိ လမ်းကြောင်းပြောင်းနိုင်လိမ့်မည်ဟု ဘယ်
တုန်းကမှ မထင်ခဲ့သည့်အတွက် ကျီကျစ်အန်းလ
ည်း အကျပ်ရိုက်သွားရလေသည်။သူဟာ ကောလဟလများ နောက်ကွယ်တွင်သာ ပုန်းအောင်းခဲ့ပြီး အရှိကို အရှိအတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြခဲ့ချေ။ယခုအချိန်တွင်မူ ကျန်းရီ၏ မေး
ခွန်းကို ပြန်ဖြေပေးရတော့မည်ဖြစ်ပြီး သူသာ' ရှိတယ်'ဟု ဆို၍ ဂိုဏ်းလျှို့ဝှက်ချက်များကို ယခု
အထိ မပြောင်းလဲရသေးဟု လိမ်ညာခဲ့လျှင် တပ
ည့်များအားလုံး ဒေါသတကြီး တုံ့ပြန်လာပေလိမ့်မည်။ထို့ကြောင့် ဝမ်ရွှမ် မတရားခံခဲ့ရသော ကိစ္စကို သူကိုယ်တိုင် အမည်ပျက် ရှင်းလင်းပေးရမည့် ရွေးချယ်မှု တစ်ခုသာ ကျန်တော့သည်။

အချိန်အတော်ကြာပြီးနောက်၊ ကျီကျစ်အန်းသည် သုန်မှုန်နေသာ မျက်နှာဖြင့် ခက်ခက်ခဲခဲ ထုတ်ပြောလေသည်။

"ဒီကိစ္စက ဝမ်ရှစ်ကျစ်နဲ့ ဘာမှ မသက်ဆိုင်ဘူး"

ကျီကျစ်အန်းသည် ကျန်းရီကို အပြစ်တင်ရန်အတွက် ဤနေရာတွင် သူကိုယ်တိုင် လူစုစေခဲ့ခြင်းကိုတောင် အမှားတစ်ခုလို ရုတ်တရက် ခံစားလိုက်ရသည်။

"ဟုတ်တာပေါ့။ကျွန်တော့်အနေနဲ့ ရှစ်ရှုန်းဆီကနေ ဒီလိုလျှို့ဝှက်ချက်မျိုး ရစရာ အကြောင်းမှ မရှိတာ"

ကျန်းရီက အေးစက်စက် ပြုံးပြလိုက်သည်။

"ဒါဆိုရင် ဂိုဏ်းချုပ်ခင်ဗျာ၊ ကျွန်တော့်ကို နတ်
မိစ္ဆာကိုယ်တိုင်တောင် အသက်ချမ်းသာခွင့် ပေးခဲ့အထိ အရေးကြီးတဲ့ လျှို့ဝှက်ချက်မျိုးကို ဘယ်သူ့ဆီကနေ ရခဲ့တယ်လို့ ထင်ပါသလဲ?"

ကျန်းရီ၏ စကားကို ကျီကျစ်အန်းက လှောင်ရယ်၍ ခွန်းတုံ့ပြန်သည်။

"နောက်ဆုံးတော့ မင်း ဝန်ခံပြီ"

ကျန်းရီ၏ မေးခွန်းသည် နတ်မိစ္ဆာနှင့် လျှို့ဝှက်တစ်ခုခုကို ဖလှယ်ခဲ့ကြောင်းကို သူကိုယ်တိုင် ဝန်
ခံပြီးသားဖြစ်သွားသော်လည်း ပြသနာ၏ အရှိန်မှာ အခြားအဆင့်တစ်ခုသို့ လောင်မြိုက်နေပြီဖြ
စ်သည်။၎င်းကို ကျီကျစ်အန်းလည်း သတိပြုမိ၍ ကျန်းရီနှင့် ဆက်ငြင်းမနေတော့ဘဲ စကားစဖြတ်ရန် ကြိုးစားလာသည်။

"ဝန်ခံလိုက်ပြီဆိုမှတော့ အဓိပ္ပါယ် မရှိတာတွေ
ဆက်ပြောမနေနဲ့တော့။ဂိုဏ်းကို သစ္စာဖောက်ပြီး နတ်မိစ္ဆာနဲ့ ပူးပေါင်းတဲ့ အပြစ်က လုံးဝ ခွင့်လွှတ်
ပေးလို့ မရဘူး!"

စကားဆုံးသည်နှင့် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ လက်ချောင်းထိပ်မှတဆင့် ဝိဥာဥ်စွမ်းအင် ထွ
က်လာပြီး ကျန်းရီ ရှိရာသို့ ဦးတည်သွားလေသ
ည်။သူသည် အချိန်ထပ်မဆွဲချင်တော့ဘဲ ကျန်းရီကိုနေရာတွင် အသက်ပျောက်သွားအောင် လုပ်ရန်သာ အလောတကြီးဖြစ်နေ၏။

သို့သော်လည်း ဝိဥာဥ်စွမ်းအင်က မည်မျှပင် လျှင်မြန်စေကာမူ၊ကျန်းရီ၏ အသံထက်တော့ မမြန်နိုင်ခဲ့ချေ။ကျန်းရီသည် ဝိဥာဥ်စွမ်းအင်ကို ရှောင်
တိမ်းခြင်း မပြုဘဲ နေရာတွင် ရပ်နေမြဲဖြစ်ပြီး စူးရဲသော အကြည့်များဖြင့် အော်ဟစ်ကျိန်ဆဲလိုက်လေသည်။

"မြစ်ကို ဖြတ်ပြီးတာနဲ့ တံတား ချိုးပစ်တဲ့ လူ့အ
မှိုက်!"

စကားဆုံးသည်နှင့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ကျီကျစ်အန်း၏ ဝိဥာဥ်စွမ်း
အင်ကို တစ်စုံတစ်ဦးက ဝင်တားဆီးလိုက်သည်။

"ဘာ....."

ကျီကျစ်အန်းသည် လည်ချောင်းသို့ ချက်ချင်း ဆန်တက်လာသော သွေးများကို ခံစားလိုက်ရသ
ည်။ထို့နောက် သွေးချင်းချင်းနီနေသော အကြည့်များဖြင့် နံဘေးမှ ပုဂ္ဂိုလ်ကို လှည့်ကြည့်လိုက်သ
ည်။

"လင်းရှစ်မေ့!"

ကျန်းရီကို ကယ်တင်ခဲ့သူသည် တံခွန်တိမ်တိုက်ဂိုဏ်း၏ ရွှေအမြုတေအဆင့် အကြီးအကဲ သုံးဦးထဲမှ တစ်ဦးတည်းသော အမျိုးသမီး လင်းရှန်းကျစ်ဖြစ်သည်။

ကျန်းရီကို ဝင်ကယ်ရသည့် တစ်ခုတည်းသော အ
ကြောင်းအရင်းမှာ ကျန်းရီ ဖန်တီးခဲ့သော ပြသနာကို စိုးရိမ်နေသေး၍ဖြစ်သည်။သူမအနေနှင့် မ
ည်သို့သော ဂိုဏ်းလျှို့ဝှက်ချက်မျိုးကို ကျန်းရီနှင့် နတ်မိစ္ဆာတို့ လဲလှယ်ခဲ့ကြောင်း မသိရ၍ စိုးရိမ်နေသေးသည်။ထို့ကြောင့် ကျန်းရီကို ကျီကျစ်အန်း သတ်တော့မည့်ဆဲဆဲတွင် အထိတ်တလန့်  ဝင်တားခဲ့ခြင်းပင်။

တစ်ဖက်တွင် ထိုင်နေသော အကြီးအကဲလော့သ
ည်ပင်ကျန်းရီကို ကယ်တင်ရန် ကြိုးစားခဲ့သော်လ
ည်း လင်းရှန်းကျစ်က ပိုမြန်သွားခြင်းဖြစ်သည်။

ထိုအခိုက်တွင်၊အကြီးအကဲ နှစ်ဦးသည် ကျီကျစ်အန်း၏ ဒေါသနှင့် ရှုပ်ထွေးနေသော အခြေအနေကြောင့် အကျပ်ရိုက်နေစဥ်တွင် ကျန်းရီ၏ 'မြစ်ကို ဖြတ်ပြီး၊တံတား ချိုး' ဟူသော စကားကို ကြားလိုက်ရပြီး အံ့သြသွားခဲ့ကြသည်။လင်းရှန်းကျစ်၏ မျက်နှာမှာ ရုတ်ချည်း ထိုင်းမှိုင်းသွားရလေသည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး၊အခု ဘာတွေဖြစ်ကုန်တာလဲ?"

ကျီကျစ်အန်း၏ ဒေါသထွက်နေသော မျက်ဝန်းများဟာ တဖြည်းဖြည်း ပြူးကျယ်လာခဲ့သည်။ဒေါသထွက်လွန်းသည့်အတွက် ကျန်းရီကို မျက်
လုံးပြူး၍ ကြည့်နေရင်းနှင့်တောင် မေးစေ့မှ နှု
တ်ခမ်းမွှေးများပါ တုန်လျက် အသက်ပင် ဖြောင့်ဖြောင့်မရှုနိုင်တော့ချေ။သူသည် အမြဲဆိုသလို လူ
အများကြားတွင် စိတ်ဝမ်းကွဲအောင် သွေးထိုးပေးတတ်သူဖြစ်သော်လည်း မမျှော်လင့်စွာဖြင့် ကျန်းရီ၏ အကြံအစည်အောက်တွင် သူကိုယ်တိုင်လ
ည်း ကျရှုံးခဲ့ရချေပြီ။

စိတ်ဝမ်းကွဲအောင် လုပ်သည့်နေရာတွင်၊ကျန်းရီဟာ သူ့ထက် ညံ့ဖျင်းမနေခဲ့။

"ကျီကျစ်အန်း၊ ခင်ဗျား တကယ်အရှက်မရှိတဲ့ လူ့အမှိုက်ပဲ!ကြေးမုံချပ်ကို ထုတ်လာပြီး ပုံတွေပဲ ပြမနေနဲ့။အသံကို ဘာဖြစ်လို့ ဖျောက်ထားတာလဲ?နတ်မိစ္ဆာနဲ့ ကျွန်တော် ဘာပြောခဲ့လဲဆိုတာ ဒီမှာ ရှိရှိသမျှ လူတွေအားလုံး ကြားရအောင် ဘာဖြစ်လို့ မလုပ်ပေးတာလဲ?ကျွန်တော် ပြောခဲ့သမျှက ခင်
ဗျား ကျွန်တော့်ကို ပြောခိုင်းလို့ သွားပြောပေးခဲ့ရတာချည်းပဲ!"

ကျန်းရီသည် ငြင်းမရနိုင်သော အထောက်အထားများကို အသုံးချ၍ အခိုင်အမာ စိတ်ပိုင်းဖြတ်ခဲ့သည်။အပြစ်မှ မလွတ်နိုင်ခဲ့လျှင်၊ကျီကျစ်အန်းကိုပါ သူနှင့်အတူ ငရဲသို့ ခေါ်ဆောင်သွားရန် အ
ကြွင်းမဲ့ ဆုံးဖြတ်ထားသည်။ထို့ကြောင့် ကျီကျစ်အန်းက သူ့ကို ဆွဲထုတ်ချင်လေလေ၊သူက ကျီကျ
စ်အန်းကို ပြန်စိန်ခေါ်ရဲလေလေဖြစ်သည်။

"အဓိပ္ပါယ်မရှိတာ!"

တစ်ချိန်တည်းမှာပင် ကျီကျစ်အန်းသည် ဒေါသထွက်လွန်း၍ ကတုန်ကယင်ဖြစ်လာခဲ့သည်။

"လုံးဝအဓိပ္ပါယ်မရှိဘူး!ဒီကြေးမုံချပ်ကို မင်းခွဲလိုက်မှန်း အသိသာ...."

"ဟုတ်တယ် ကျွန်တော် ခွဲလိုက်တာ! "

ကျန်းရီသည် အံကြိတ်ရင်း အပြင်းအထန် တုံ့ပြန်လာ၏။

"အရင်တုန်းက ခင်ဗျား ကျွန်တော့်ကို ကြေးမုံချပ် ခွဲခိုင်းတယ်ဆိုတာ ကျွန်တော့်ကို ကာကွယ်ဖို့အတွ
က် လုပ်ခိုင်းခဲ့တယ်လို့ ထင်နေတာ။တကယ်တမ်းကျ ခင်ဗျားက ကျွန်တော့် တစ်ယောက်ထဲကို ငရဲပို့ဖို့လုပ်နေမှန်း ဘယ်လိုလုပ် ထင်မိမှာလဲ!"

ဤစကားများ ထွက်လာသည်နှင့် ထောင်သောင်းချီနေသော လှိုင်းလုံးများဖြင့် ရိုတ်ပုတ်ခံလိုက်ရသော ကျောက်တုံးပမာ၊ခန်းမဆောင်ထဲမှ လူအုပ်ကြီးသည် ပွက်ပွက်ဆူနေသော ဆီပူအိုးထဲသို့ ထည့်ကြော်ခံရသည့်နှယ် ဝရုန်းသုန်းကားဖြစ်လာကြသည်။

"ဒီစကားက အမှန်ပဲလား?"

လင်းရှန်းကျစ်နှင့် အကြီးအကဲလော့သည်ပင် မနေနိုင်တော့ဘဲ ဝင်မေးလာသည်။

"လော့ရှစ်တိ၊လင်းရှစ်မေ့ မင်းတို့ သူ လျှောက်ပြောနေတာကို လုံးဝ မယုံကြနဲ့"

"သူပြောတာကို နားထောင်ကြည့်လေ။မသိရင် အ
စ်ကိုကပဲ သူ့ကို နတ်မိစ္ဆာနဲ့ စကားပြောဖို့အတွက် တမင်လွှတ်လိုက်သလိုမျိုး လွှဲချနေတာ။ဒါပေမယ့် မင်းတို့ စဥ်းစားကြည့်ပါအုံး အစ်ကို့လို ဂိုဏ်း
ချုပ်တစ်ယောက်က ဂိုဏ်းအတွက် အန္တရာယ်ဖြစ်စေမယ့် ကိစ္စမျိုးကို လုပ်စရာလား?"

ကျီကျစ်အန်း၏ စကားဟာ အကျိုးအကြောင်းသင့်သလို ခံစားရစေပြီး ခန်းမဆောင်အတွင်းမှ တပည့်အချို့ကို ငြိမ်သက်သွားစေခဲ့သည်။

သို့သော်လည်း ကျန်းရီက အေးတိအေးစက် ပြုံးလိုက်သည်။

"ကျွန်တော်က ဂိုဏ်းကို အန္တရာယ်ဖြစ်အောင် လု
ပ်တယ်လို့ ဘယ်သူပြောလဲ?"

ကျီကျစ်အန်းသည် ဒေါသအရှိန်ဖြင့် တဆတ်ဆ
တ် တုန်ယင်နေဆဲ။ဤနေရာတွင် လူအများအ
ပြား ရှိနေသော်လည်း ထိုနေ့ညက အဖြစ်မှန်ကို သိထားသူဟာကျန်းရီ တစ်ဦးတည်းသာ ရှိသည်။ ထို့ကြောင့် ကျီကျစ်အန်းတစ်ယောက် မည်မျှပင် နှုတ်ရေးကောင်းသော်ငြား၊ယခုတွင်မူ ကျန်းရီ၏ စကားအတိုင်း ရောချ၍ ခံငြင်းရန်သာ ရှိတော့သ
ည်။

"နတ်မိစ္ဆာနဲ့ စကားသွားပြောတာနဲ့ပဲ ဂိုဏ်းကို အန္တရယ်ဖြစ်အောင် လုပ်တယ်ပေါ့လေ?မင်းတို့တွေ ငါ သူနဲ့ ဘာပြောခဲ့လဲဆိုတာကို အခုထိ သဘောမပေါက်ကြသေးဘူးလား!"

ကျန်းရီသည် လူအုပ်ကြီးကို လှည့်ကြည့်၍ တစ်ဦးချင်းစီ၏ တုန်လှုပ်နေသော အကြည့်များကို တရွေ့ရွေ့ ကျော်ဖြတ်ကာ ကျီကျစ်အန်းထံတွင် ရပ်လိုက်သည်။

"ဂိုဏ်းချုပ်၊ဘာဖြစ်လို့ သူတို့ကို မပြောပြတာလဲ။အဲ့ဒီညကစပြီး ခုချိန်ထိ ဂိုဏ်းမှာ ဘာအန္တရာယ်ဖြစ်သေးလို့လဲ?"

ဖြစ်နိုင်လျှင် ကျီကျစ်အန်းဟာ ကျန်းရီကို တစ်ခွန်းမှ ပြန်မဖြေဘဲ နှုတ်ပိတ်၍သာ နေလိုက်ချင်သည်။သို့သော်လည်း သူ့ကို ဦးတည်နေသော အကြည့်များစွာကြောင့် ပြန်မဖြေဘဲ နေ၍တော့ မရနိုင်ချေ။

"အဲ့ဒီတုန်းက ဘာအန္တရာယ်မှ မဖြစ်ပေမယ့် နော
က်လာမယ့် ရက်တွေမှာ ဘာမှဖြစ်မလာနိုင်ဘူးလို့ ကြိုပြောလို့ မရဘူး"

"ဂိုဏ်းချုပ်ပြောချင်တာ နတ်မိစ္ဆာက ဒီနားမှာ ပု
န်းနေပြီး သူရန်ရှာချင်တဲ့အချိန် ပြန်လာနိုင်တယ်လို့လား?"

ကျီကျစ်အန်းသည် ထိုမေးခွန်းကို ထောင်ချောက်တစ်ခုလို ခံစားရသည့်အတွက် မည်မျှပင် ချေပနေပါစေ၊ဖြေရှင်းချက်ကောင်းတစ်ခုတော့ ထွက်လာနိုင်မည်မဟုတ်ကြောင်း သဘောပေါက်၏။

ကျန်းရီက ကျီကျစ်အန်း၏ အဖြေကို မစောင့်ဘဲ ရုတ်ချည်းဆိုသလို ကျယ်လောင်စွာ အော်ဟစ်လေသည်။

"ဟန်ဆောင်မနေနဲ့တော့!အဲ့ဒီနတ်မိစ္ဆာ အခုဘယ်မှာ ရှိနေမှန်း ခင်ဗျား သိတယ်မဟုတ်လား!"

ကျီကျစ်အန်းသည် ကျန်းရီကို ပြူးကျယ်နေသော မျက်လုံးများဖြင့် လှမ်းကြည့်သည်။အချိန်အတန်ကြာပြီးမှ အသက်မှန်မှန်ရှုထုတ်နိုင်ရန် အ
စွမ်းကုန်ကြိုးစားခဲ့သည်။

"အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောနေရင်လ
ည်း အကန့်အသတ်တော့ သိမှပေါ့။ မင်း ပြောနေတာတွေ ငါဘာတစ်ခုမှ မသိ..."

"ဂိုဏ်းချုပ်! သတင်းဆိုး!!"

ကျန်းရီသည် ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော ရှည်သွယ်သွယ် လက်ချောင်းများကို ချိုး၍ ရေတွက်ပြီးသည်နှင့် သူ့မျက်နှာထက်တွင် ပြုံးယောင်သမ်းလာခဲ့သည်။သုံးရက်တိတိ ကြာမြင့်ခဲ့ချေပြီ။တံခွန်တိမ်တိုက်ဂိုဏ်းနှင့် မိုးပြာတောင်ပံဂိုဏ်းတို့အကြား သတင်းဖလှယ်ရန် သုံးရက်ခန့် ကြာမြင့်တတ်ပြီး ယခုတွင် အချိန်ကိုက်ရောက်
လာသည်ဟု ဆိုရပေမည်။ကင်းလှည့်တပည့်က အသံနက်ကြီးဖြင့် အော်ဟစ်၍ သတင်းပို့လာသ
ည်။

"နတ်မိစ္ဆာက မိုးပြာတောင်ပံဂိုဏ်းရဲ့ ဝိဥာဥ်ပျိုးစအဆင့် ဆရာသခင် သုံးယောက်နဲ့ အကြီးအကျ
ယ် တိုက်ပွဲဖြစ်နေပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ဆရာသခင်တစ်ယောက်က နေရာမှာတင် ချက်ချင်း သေသွားပြီး ကျန်နှစ်ယောက်ကတော့ အပြင်းအ
ထန် ဒဏ်ရာရထားတယ်လို့ သိရပါတယ် ဂိုဏ်း
ချုပ်!"

ထိုအသံ ထွက်ပေါ်လာသည်နှင့် ကျီကျစ်အန်းသ
ည် ခန္ဓာကိုယ်တွင် အားတစ်စက်မျှ မရှိတော့သည့်အလား ခုံပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားတော့သည်။ကျန်အကြီးအကဲများလည်း အကြီး
အကျယ် မျက်နှာပျက်ယွင်းသွားကြသည်။

လက်ရှိအချိန်တွင် ထိုနေ့ညက ကျန်းရီနှင့် နတ်
မိစ္ဆာတို့ ပြောခဲ့သော စကားများကိုလည်း ဂရုမစိုက်နိုင်ကြတော့ချေ။ထိုစကားဝိုင်း၏ အကျိုးဆ
က်ကို သူတို့အားလုံး နားလည်သွားခြင်းကြောင့်ဖြစ်သည်။

"ဂိုဏ်း...ဂိုဏ်းချုပ်...အစ်ကိုကြီး"

လင်းရှန်းကျစ်၏ လှပသော မျက်နှာထက်တွင် သွေးရောင်ပင် မရှိတော့ဘဲ ဖြူဖျော့နေသည့်အ
ပြင် လေသံပါ အထစ်ထစ်ငေါ့ငေါ့ဖြင့် တုန်ယင်နေ၏။

"အစ်ကိုကြီး ရှင်....ရှင် တကယ်ပဲ...."

တစ်ဖက်တွင်၊ အကြီးအကဲလော့သည်လည်း ပူ
ဆွေးသောကရောက်နေသော မျက်နှာဖြင့် စကားဆိုလာသည်။

"အခြေအနေတွေက ဒီလောက်အထိ ရောက်နေတာတောင် ဂိုဏ်းချုပ် အစ်ကိုကြီးက ကျုပ်တို့ကို ရှင်းပြဖို့ အဆင်သင့်မဖြစ်သေးဘူးလား?"

ကျီကျစ်အန်းသည် နံဘေးမှ အကြီးအကဲ နှစ်ဦးကို ကြည့်ပြီး ကျန်းရီကို ကြည့်လိုက်သည်။သူ့ဘ
ဝတွင် ဤမျှလောက်အထိ တစ်ခါမှ မတွန့်ဆုတ်ခဲ့ဖူးချေ။

ကျန်းရီတွင် အထူးတလည် ဝင်ပြောစရာမျိုး မရှိတော့သည့်အတွက် အေးတိအေးစက် ပြုံး၍ နေ
ရာတွင်သာ ရပ်မြဲအတိုင်း ရပ်နေသည်။

သတင်းလာပို့သော ကင်းလှည့်တပည့်သည် အ
စောပိုင်းတုန်းက ခန်းမထဲတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကို သတိမပြုမိဘဲ စိုးရိမ်တကြီး အလျင်လိုနေ၏။အချိန်အတန်ကြာပြီးမှ ကျီကျစ်အန်းက ကင်းလှည့်တပည့်ကို လှမ်းမေးသည်။

"မိုးပြာတောင်ပံဂိုဏ်းရဲ့ ဆရာသခင် သုံးယောက်က  နတ်မိစ္ဆာကို ဘာဖြစ်လို့ ထိပ်တိုက်ရင်ဆိုင်ရတာလဲ?အဲ့ဒီ ဆရာသခင် သုံးယောက် စည်းအပြ
င်မှာ ရှိနေတုန်း နတ်မိစ္ဆာက အလစ်ဝင်တိုက်တာလား?"

ကင်းလှည့်တပည့်က ခေါင်းခါပြသည်။

"မိုးပြာတောင်ပံဂိုဏ်းကို နတ်မိစ္ဆာကိုယ်တိုင် ရည်
ရွယ်ချက်ရှိရှိ ဝင်တိုက်ခိုက်ခဲ့တာပါ။ကျန်တဲ့ အ
ကြီးအကဲတွေနဲ့ တပည့် အတော်များများလည်း သေကုန်ကြပြီလို့ သတင်းကြားရပါတယ် ဂိုဏ်း
ချုပ်"

ဤစကားများ ထွက်လာသည်နှင့်၊တံခွန်တိမ်တို
က်ဂိုဏ်းမှ တပည့်များလည်း ယခင်ကထက် ပို၍ မျက်နှာပျက်ယွင်းသွားကြသည်။မိုးပြာတောင်ပံဂိုဏ်းသို့ အလုံးအရင်း ဝင်တိုက်ခိုက်ခဲ့သည်ဟူ
သော သတင်းက....မိုးပြာတောင်ပံဂိုဏ်းသည် တံခွန်တိမ်တိုက်ဂိုဏ်းထက် မကြီးလျှင်တောင် ခွန်အားခြင်း မကွာလှသော ဂိုဏ်းမျိုးဖြစ်သည်။

"ဒါ...ဒါပေမယ့်...."

ကျီကျစ်အန်း၏ အမေးကိုတောင် မစောင့်နိုင်တော့ဘဲ အခြားသော အကြီးအကဲ တစ်ဦးက အ
လျင်စလို ဖြတ်မေးလာ၏။

"မိုးပြာတောင်ပံဂိုဏ်းရဲ့ အကာအကွယ်စည်းကရော?အဲ့ဒီနတ်မိစ္ဆာကို မတားနိုင်ဘူးတဲ့လား?"

ကင်းလှည့်တပည့် ပြန်ဖြေတော့မည့်ဆဲဆဲတွင် လူတိုင်းသည် ဤပြသနာ၏ အကျိုးဆက်ကို သ
ဘောပေါက်သွားပြီး မျက်နှာလည်း ဖြူဖျော့သွားကြလေသည်။

"နတ်မိစ္ဆာက အဲ့ဒီ အကာအကွယ်စည်းကို ဖျက်
ဆီးခဲ့တယ်လို့ ကြားရပါတယ် အကြီးအကဲ"

လူအုပ်ကြီးသည် ချက်ချင်းဆိုသလို ရုန့်ရင်းဆန်
ခတ်ဖြစ်သွားတော့သည်။ဤအခြေအနေမျိုးတွင် အသံတိတ်ကြရန် ကျီကျစ်အန်းတစ်ယောက် အော်ဟစ်၍ အမိန့်ပေးနေသော်ငြား လုံးဝအသုံးမဝင်တော့ချေ။အကာအကွယ်စည်းကြီးများသည်ပင် နတ်မိစ္ဆာကို မတားဆီးနိုင်ခဲ့။ဤသည်မှာ ရှင်
သန်ခြင်းနှင့် သေဆုံးခြင်းတို့ အားပြိုင်ကြမည့်
တိုက်ပွဲမျိုးဖြစ်သည်။

သို့နှယ် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော အချိန်တွင် ကင်းလှည့်တပည့် နောက်တစ်ဦးက ပြေးဝင်လာပြီး သတင်းပို့၏။

"ဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဂိုဏ်းကို ဦးတည်ပြီး လာနေတဲ့ လူတစ်စုကို တွေ့ရပါတယ်။သူတို့ရဲ့ အဝတ်အစားအရ မိုးပြာတောင်ပံဂိုဏ်းက လူတွေ ဖြစ်ဖို့များပါတယ်!"

မိုးပြာတောင်ပံဂိုဏ်းဟူသော အမည်နာမက တံ
ခွန်တိမ်တိုက်ဂိုဏ်းအတွက်မူ ကြောက်ခမန်းလိ
လိ ပစ်ခွင်းလာသော မိုးကြိုးသွားပမာ။

မိုးပြာတောင်ပံဂိုဏ်းက လူတွေ ဘာဖြစ်လို့ ဒီလောက် မြန်မြန်ကြီး ရောက်လာကြတာလဲ?ငါတို့ဂိုဏ်းကို အပြစ်တင်ဖို့ လာကြတာလား?ဒါပေမယ့် နေစမ်းပါအုံး ငါတို့ဂိုဏ်းက တပည့်ရဲ့လက်ချ
က်မှန်း ဘယ်လိုသိသွားကြတာလဲ?

ကျီကျစ်အန်းသည် မေးခွန်းပေါင်းများစွာကို ဆင့်ကဲတွေးရင်း ဤပြသနာ တစ်ရပ်လုံး၏ မူလအစ တရားခံကို ပြန်သတိရသွားပြီး မီးဟုန်းဟုန်း
တောက်နေသည့်နှယ် နာကျည်းမုန်းတီးစွာ နီရဲနေသော မျက်ဝန်းများဖြင့် လူအုပ်ကြားထဲသို့ လှမ်းကြည့်၏။သူပြန်ကြည့်ချိန်တွင် ကျန်းရီသည် ရုန့်ရင်းဆန်ခတ်ဖြစ်နေသော အခြေအနေကို အခွင့်
ကောင်းယူ၍ ထွက်ပြေးရန် ကြိုးစားနေကြောင်း
မြင်လိုက်ရပြီး  ခန်းမဆောင် အဝသို့ ရောက်နေချေပြီ။သူ့အနေဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင်ကျန်းရီကို အဘယ်မှာ ထွက်ပြေးခွင့် ပြုနိုင်ပါအံ့။သို့နှင့် ချက်ချင်း အော်ဟစ်ပြီး စတင် တိုက်ခို
က်တော့သည်။

သို့သော် နံဘေးမှ အကြီးအကဲ နှစ်ဦးကမူ ကျန်းရီကို နှုတ်ပိတ်ရန် ကြိုးစားနေသေးသည်ဟု ထင်
မှတ်ပြီး ကျီကျစ်အန်းကို ဝင်တားလာကြသည်။

"လူယုတ်မာကောင် ထွက်ပြေးတော့မယ်!"

ကျီကျစ်အန်းမှာ ဒေါသထွက်လွန်း၍ လည်ချော
င်းထဲအထိ သွေးများ ဆန်တက်လာခဲ့သည်။

"သူကို လွှတ်ပေးလို့ မဖြစ်ဘူး!"

လင်းရှန်းကျစ်နှင့် အကြီးအကဲလော့သည်လည်း ကျန်းရီကို လွှတ်ပေး၍ မဖြစ်ကြောင်း နားလည်ထားသော်ငြား ကျီကျစ်အန်းကိုတော့ သတ်ဖြတ်ခွင့် မပေးနိုင်ချေ။ကျီကျစ်အန်းသာ ကျန်းရီကို သတ်ခဲ့လျှင် သူတို့အနေနှင့် ထိုနေ့ညက အမှန်တရားကို ဘယ်သောအခါမှ ကြားခွင့်ရတော့မည် မဟုတ်ချေ။

"ချင်းချွမ်!!"

အကြီးအကဲလော့သည် ကျီကျစ်အန်း၏ အရှေ့တွင် ပိတ်ရပ်ရင်း လော့ချင်းချွမ်ကို အော်ခေါ်လို
က်သည်။

လော့ချင်းချွမ်သည် အမိန့်ကို ကြားသည်နှင့်  လေးမှ ပစ်ခွင်းသော မြားပမာ ကျန်းရီ အနောက်သို့ ချက်ချင်း ပြေးလိုက်သွားသည်။ကျီကျစ်အန်းလည်း ထိုမြင်ကွင်းကို မြင်ရသည်တွင် ကျန်းရှော
င်ချင်းနှင့် ရှစ်ပုဟွေ့ကို အလျင်စလို လှမ်းခေါ်၏။

ထိုအချိန်တွင် ကျန်းရီ အနီး၌ သူ့ကို တားဆီးလိုသော တပည့်များ ရှိသော်လည်း ယွမ်စုစည်းခြင်းအဆင့်သို့ ရောက်နှင့်ပြီးဖြစ်ရာ သာမန်တပည့်များနှင့် ခွန်အားချင်း ကွာခြားနေခဲ့သည်။သို့သော် ခန်းမဆောင် အပြင်ဘက်သို့ ထွက်ပြေးလာစဥ်တွင် လော့ချင်းချွမ်က အနောက်သို့ အမှီလိုက်လာခဲ့သည်။လော့ချင်းချွမ်သည် ယွမ်စုစည်းခြင်းအဆင့်သို့ လွန်ခဲ့သော နှစ်များကတည်းက ရော
က်နှင့်ပြီးသူဖြစ်သည့်အပြင် တိုက်ပွဲပေါင်းများ
စွာကိုလည်း ယှဥ်ပြိုင်ခဲ့သူဖြစ်ရာ ကျန်းရီအတွက်
ကိုင်တွယ်ရ လွယ်ကူသူတော့ မဟုတ်ပါချေ။ကျ
န်းရီသည် အရှိန်ကို လျော့၍ တိုက်ခိုက်ရင်း တစ်ချိန်တည်းမှာပင် သတိကြီးကြီး နောက်ပြန်ဆုတ်
၏။

ကျန်းရှောင်ချင်းလည်း ရောက်လာပြီး လော့ချင်းချွမ်နှင့်အတူ ကျန်းရီကို တားဆီးလာသည်။ကျန်းရီသည် သူတို့ နှစ်ဦးနှင့် ရင်ဆိုင်ရန် ခန်းမဆောင်အောက်မှ တောင်တန်းများအကြား သစ်ပင်တစ်ပင်ရှေ့တွင် ရပ်လိုက်သည်။

သူတို့ နှစ်ဦးနှင့် တိုက်ခိုက်ချိန် ကြာမြင့်လာလေလေ ကျန်းရီ စိတ်မရှည်ဖြစ်လာရသည်။

ဤအခြေအနေတွင် သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ မငြိမ်မသက်ဖြစ်နေခြင်းကို အသုံးချ၍ အမြန်ဆုံး ထွက်ပြေးရန်ဖြစ်သ
ည်။သို့မှမဟုတ်ဘဲ တံခွန်တိမ်တိုက်ဂိုဏ်းတွင် ဖမ်းဆီးခံလိုက်ရပါက သေသည်အထိ ညှင်းပန်းနှိပ်စက်ခံရလိမ့်မည်။မဟုတ်လျှင် တိတ်တဆိတ် သုတ်သင်ခံရခြင်း(သို့) မိုးပြာတောင်ပံဂိုဏ်းသို့ လွှဲပြောင်းခံရပေမည်။အရိုးရှင်းဆုံး ဆိုရသော်
ဤနေရာတွင် သူ့အတွက် အသက်ရှင်နိုင်မည့် အခွင့်အလမ်း မရှိ။

သူလွတ်မြောက်သွားပြီးလျှင်တောင် ဤနေရာသို့ နောက်တစ်ကြိမ် ခိုးဝင်လာပြီး ဝမ်ရွှမ့်ကို သူနှင့်အတူ ခေါ်ဆောင်သွားရမည်။ဝမ်ရွှမ်ဟာ တံခွန်တိမ်တိုက်ဂိုဏ်းမှ ထွက်ခွာရန် တွန့်ဆုတ်နေလျှင်တောင် သူကတော့ ဝမ်ရွှမ့်ကို တစ်ယောက်တည်း မထားခဲ့နိုင်ပေ။ဝမ်ရွှမ့်ကို ကယ်ထုတ်ရန်အတွက် သတိမေ့သည်အထိ  ရိုက်နှက်ရန် လိုအပ်လျှင်တောင် သူလုပ်မည်ဖြစ်ပြီး ဝမ်ရွှမ် နိုးလာချိန်တွင် သူ့အပေါ် အပြစ်တင်မည်လား၊စိတ်ဆိုးမည်လားတော့ မသိပေ။

ဤအကြောင်းကို တွေးရင်း ကျန်းရီ မပြုံးဘဲ မနေနိုင်ချေ။ယခုအချိန်တွင် မလွတ်မြောက်နိုင်ခဲ့ပါက အရာအားလုံးကို ဆုံးရှုံးသွားရပေလိမ့်မည်။

ကံကောင်းစွာဖြင့် တိုက်ပွဲအလယ်တွင် ကျန်းရီသည်ယွမ်စုစည်းခြင်းအဆင့် ဝိဥာဥ်စွမ်းအင်များကို ထိန်းချုပ်ရာ၌ ပိုကျွမ်းကျင်လာခဲ့သည်။သို့ပေ
မဲ့ လော့ချင်းချွမ်နှင့် ကျန်းရှောင်ချင်းသည်လည်း ပျော့ညံ့သူများ မဟုတ်ကြချေ။ယခုတွင် နှစ်ဦးသား ပူးပေါင်းတိုက်ခိုက်နေကြပြီး ကျန်းရီကို ယ
တိပြတ် မဖမ်းဆီးနိုင်လျှင်တောင် အလွယ်တကူ မထွက်ပြေးနိုင်ရန် တင်းကြပ်စွာ ပိတ်ဆို့ထားကြသည်။

ရှစ်ပုဟွေ့ကမူ ယခင်အချိန်များကတည်းက နော
က်ကောက်ကျကျန်ခဲ့သူဖြစ်ရာ လော့ချင်းချွမ်နှင့် ကျန်းရှောင်ချင်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို အမှီမလိုက်နိုင်ချေ။

"ကျန်းရှစ်တိ"

ပြင်းထန်သော တိုက်ပွဲအလယ်တွင် ကျန်းရှောင်ချင်းက ရုတ်တရက် အသံပြုလာ၏။

"ငါ နင်နဲ့ ဒီလိုမျိုး ဓားချင်း မယှဥ်ချင်ဘူး။ဘာဖြ
စ်လို့ ဒီလိုလုပ်ရတာလဲ?"

ကျန်းရီက လှောင်ရယ်၏။

"ကျွန်တော်သာ ဘာမှ မလုပ်ခဲ့ရင် မင်းတို့အားလုံး အခုချိန်မှာ ဒီလိုရပ်ပြီး စကားပြောနေနိုင်မှာတော
င် မဟုတ်ဘူး!"

ကျန်းရှောင်ချင်းမှာ ပြောစရာ စကားပါ ပျောက်ရှသွားရသည်။အချိန်အတန်ကြာမှ နီမြန်းနေသော မျက်ဝန်းများဖြင့် စကားထပ်ဆိုလာခဲ့သည်။

"ဒါပေမယ့် မိုးပြာတောင်ပံဂိုဏ်းက လူတွေရဲ့ အ
သက်ကလည်း လူ့အသက်ပဲလေ...."

ကျန်းရီသည် ဤသဘောကို နားလည်သော်လ
ည်း သူ့အတွက်တော့ ခံယူချက်ချင်း မတူပေ။သူ့နှလုံးသားထဲမှ တစ်နေရာတွင် ဝမ်ရွှမ် တစ်ဦးတ
ည်း ရှိနေပြီး ကျန်လူများကတော့ အခြားတစ်နေ
ရာတွင် ဖြစ်ကြသည်။

"အဲ့ဒီတော့ ဘာဖြစ်လဲ?"

"ဟုတ်တယ်ဗျာ။တံခွန်တိမ်တိုက်ဂိုဏ်းကို အလစ်ဝင်တိုက်ဖို့ ရောက်လာတဲ့ နတ်မိစ္ဆာကို ကျွန်တော်ကိုယ်တိုင် မိုးပြာတောင်းပံဂိုဏ်းဆီ လမ်းလွှဲပြီး မိုးပြာတောင်ပံဂိုဏ်းက လူတွေအားလုံး သေအောင် လုပ်ခဲ့တာ။ဒါပေမယ့် ခင်ဗျား မမေ့နဲ့။ဒီကိစ္စတွေ အားလုံးကို ခင်ဗျားရဲ့ ဆရာပဲ လုပ်ခိုင်းခဲ့တာ!"

"နင်....."

ကျန်းရှောင်ချင်းသည် ကျန်းရီကို နာကျည်းမုန်း
တီးစွာ ကြည့်ရင်း ပြန်ချေပတော့မည်အချိန်တွင် ရုတ်ချည်းဆိုသလို ကျန်းရီ၏ အနောက်သို့ လှမ်းကြည့်ပြီး အမူအရာလည်း သိသိသာသာ ပြောင်း
လဲသွားတော့သည်။

ကျန်းရီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး နောက်ပြန်လှည့်ကြည့်တော့မည့်ဆဲဆဲတွင် သူ့အနောက်၌ ရပ်သွားသော ခြေသံကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အလွန်ရင်း
နှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ကျန်းရှစ်တိ မင်းပြောတာ အမှန်ပဲလား...?"

ထိုအသံကြောင့် ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်ရာ သူ့အနောက်တွင် စိတ်ရှုပ်ထွေးနေသော မျ
က်နှာဖြင့် ရပ်နေသော ဝမ်ရွှမ့်ကို မြင်လိုက်ရလေသည်။

ဝမ်ရွှမ့် ဝတ်ရုံသည် အတန်ငယ် ဖရိုဖရဲဖြစ်နေသည့်အပြင် အသက်ရှုသံကပါ အမောတကောဖြစ်နေသေး၏။သူသည် သတင်းကြားသည်နှင့် အ
ခြား ဘာကိုမှ ဂရုမထားနိုင်တော့ဘဲ ချက်ချင်း ပြေးထွက်လာခြင်းဖြစ်ပြီး ဤနေရာတွင် သူမထ
င်မှတ်ထားလောက်သော မြင်ကွင်းက ရင်ဝကို ဆောင့်ကန်လိုက်သည့်အလား ဆီးကြိုနေ၏။

"ဝမ်ရှစ်ရှုန်း!!"

ကျန်းရှောင်ချင်းသည် ဝမ်ရွှမ့်ကို မြင်သည်နှင့် ခေါင်းထဲ၌ အတွေးပေါင်းများစွာ ဖြတ်ပြေးသွားခဲ့သည်။ဝမ်ရွှမ့်တွင် ကြား၍ပင် မသင့်တော်သော မွေးဖွားမှုဇစ်မြစ်မျိုး ရှိသော်လည်း သူမတို့နှင့် ရ
င်းနှီးခဲ့ဖူးသော ဝမ်ရှစ်ရှုန်းသာ ဖြစ်နေအုံးမည်ဟု ယူဆခဲ့သည်။

"ကျန်းရှစ်တိကို အမြန် ကူတားပေးပါအုံး။သူလွ
တ်သွားလို့ မဖြစ်ဘူး။သူသာ လွတ်သွားရင် ညီမတို့ တံခွန်တိမ်တိုက်ဂိုဏ်းကတော့ မိုးပြာတောင်ပံဂိုဏ်းကို တစ်သက်လုံး မျက်နှာချင်းဆိုင်ရဲတော့မှာတောင် မဟုတ်ဘူး!"

ကျန်းရှောင်ချင်း၏ နှလုံးသားထဲတွင်၊မည်သို့သော အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ပါစေ ဝမ်ရွှမ်ဟာ အရာအားလုံးထက် တံခွန်တိမ်တိုက်ဂိုဏ်းအပေါ် အစဥ်အမြဲ သစ္စာရှိစွာ ချစ်ခင်နေအုံးမည်ဟု ယုံကြည်နေဆဲ။

ကျန်းရီသည် ထိုစကားကြောင့် ချက်ချင်း ထိတ်လန့်သွားပြီး လော့ချင်းချွမ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ပင် မေ့လျော့သွားခဲ့သည်။ထို့နော
က် နတ်ဓားပျံကို ဝမ်ရွှမ် ထုတ်လိုက်ကြောင်း သူမြင်လိုက်ရသည်။

ကျန်းရီ၏ နှလုံးသားဟာ ရေခဲအတိ ပြည့်နှက်နေသော ပင်လယ်ထဲသို့ နစ်မြုပ်တော့မည့်ဆဲဆဲတွင် ဝမ်ရွှမ်က တိုးညှင်းစွာ စကားဆိုလာခဲ့သည်။

"ကျန်းရှစ်တိ...ငါ မင်းကို ဘာတွေဖြစ်ခဲ့လဲဆိုတာ နောက်မှပဲ မေးတော့မယ်"

ဝမ်ရွှမ်ဟာ စကားအဆုံးတွင် နတ်ဓားပျံကို လွှဲယ
မ်းလိုက်လေသည်။

ထိုဓားချက်သည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော ကျန်းရှောင်ချင်းကို အလုံးအရင်း တို
က်ခိုက်ပြီး နောက်ပြန်လဲကျသွားစေခဲ့သည်။

ဝမ်ရွှမ်သည် ဘယ်လက်ဖြင့် ကျန်းရီ၏ တံတော
င်ကို ဆွဲရင်း ညာလက်ဖြင့် အရှေ့သို့ ဓားဖြင့် ရွယ်ထားပြီး ကျန်းရီကို တိုက်ခိုက်လာသော ဓားချက်တိုင်းကို ကာကွယ်ပေးလျက် စကားတစ်ခွန်းသာ
ဆို၏။

"သွားရအောင်!"

...................................××.....................................

"ဒီမနက္တုန္းက ေၾကးမုံခ်ပ္ကို လူတစ္ေယာက္ဖ်က္ဆီးထားတာ ကင္းလွည့္တပည့္ေတြ ေတြ႕ခဲ့တယ္"

"အဲ့ဒီလူက ေၾကးမုံခ်ပ္ကို ေတာ္ေတာ္ေလး အားသုံးၿပီး ဖ်က္ဆီးထားေတာ့ ဂိုဏ္းမွာ ရွိသမွ် အႀကီးအကဲေတြ အားလုံးကို ဆင့္ေခၚၿပီး ခက္ခက္ခဲခဲ ျပန္ဆက္လိုက္မွ မွတ္တမ္းတစ္ခုကို ျပန္ရလိုက္တယ္"

က်ီက်စ္အန္း၏ အၾကည့္မ်ားသည္ က်န္းရီထံသို႔ ေ႐ြ႕လာခဲ့သည္။

လူေပါင္းမ်ားစြာျဖင့္ ျပည့္က်ပ္ေနေသာ ခန္းမေဆာင္ အလယ္တြင္၊ လူတိုင္း၏ အၾကည့္မ်ားဟာ က်န္းရီထံသို႔ ခ်က္ခ်င္း ေရာက္လာၾကသည္။

"က်န္းရွစ္က်စ္"

က်ီက်စ္အန္းက ေအးစက္စြာ ရယ္ေမာၿပီး ေလ
သံကိုျမႇင့္၍ ေမးေလသည္။

"လြန္ခဲ့တဲ့ သုံးညတုန္းက မင္း ဘယ္ေနရာမွာ ဘာလုပ္ေနလဲ?"

က်န္းရီသည္ လူေပါင္းမ်ားစြာ၏ အၾကည့္ေအာက္တြင္ အလြန္ တည္ၾကည္ေနေသာ မ်က္ႏွာထားျဖင့္ ၿငိမ္သက္စြာ ရပ္ေနခဲ့သည္။

"တပည့္ ဂူပိတ္က်င့္ႀကံေနတာပါ။လုံးဝ ထြက္မလာခဲ့ပါဘူး"

"အဟား!"

က်ီက်စ္အန္းသည္ ထိုင္ခုံလက္ရန္းကို ျပင္းထန္စြာ ရိုက္ခ်၍ ေဒါသတႀကီး ဆိုေလသည္။

"ဒီလို အေျခအေနကို ေရာက္ေနတာေတာင္ အဓိပ္ပါယ် မရွိတာေတြ ေလွ်ာက္ေျပာေနတုန္းပဲလား!"

"ဂိုဏ္းခ်ဳပ္ ဘာကိုေျပာခ်င္တာလဲ မသိဘူး?"

က်န္းရီ၏ အမူအရာသည္ စိုးစဥ္းမွ် ေျပာင္းလဲသြားျခင္း မရွိသည့္အျပင္ စိတ္ရႈပ္ေထြးေနသေယာင္ေလးေတာင္ ေရာယွက္ေနေသး၏။

"အဲ့ဒီ ေၾကးမုံခ်ပ္ကို တစ္ေယာက္ေယာက္က ဖ်
က္ဆီးသြားတယ္လို႔ ဂိုဏ္းခ်ဳပ္ ေျပာေနေပမယ့္ တပည့္နဲ႕ ဘယ္လိုမ်ား ပတ္သတ္လို႔လဲ?ၿပီးေတာ့ အခုလိုမ်ိဳး တစ္ဖက္သတ္ စြပ္စြဲေနတဲ့အခ်ိန္မွာ တပည့္ကို ဘာျဖစ္လို႔ ခ်ဳပ္ထားရတာလဲ?"

က်ီက်စ္အန္း၏ မ်က္ႏွာထားမွာ ေျပာင္းလဲသြားရသည္။ခဏအၾကာတြင္ ေအးစက္စက္ ေလွာင္ရယ္ျပန္၏။

"သက္ေသ မျပမခ်င္း ခံျငင္းဖို႔ ဆုံးျဖတ္ထားတယ္ေပါ့ ဟုတ္သလား"

ေျပာၿပီးသည္ႏွင့္ လက္ႏွစ္ဖက္ကို ျမႇောက္၍ လက္ခုပ္တီးလိုက္ရာ လက္ခုပ္သံ ထြက္ေပၚလာခ်ိန္တြင္ ၾကမ္းျပင္ေပၚရွိ ေၾကးမုံခ်ပ္ထံမွ အလင္းတန္း တစ္ခု ထိုးထြက္လာၿပီး သိပ္မၾကာမီတြင္ ပုံရိပ္အခ်ိဳ႕ကို စတင္ ျပသလာခဲ့သည္။

ထိုပုံရိပ္မ်ားသည္ ေၾကးမုံခ်ပ္ကို က်န္းရီ ရိုက္မခြဲခင္အထိ ျဖစ္စဥ္ အစ၊အဆုံးကို အတိအက် မွတ္
တမ္းတင္ထားျခင္းျဖစ္သည္။သို႔ရာတြင္ ေၾကးမုံခ်ပ္ကို မည္မွ် ျပန္ေကာင္းေအာင္ ျပဳျပင္နိုင္ပါေစ၊ခ်ိဳ႕ယြင္းခ်က္ကေတာ့ ရွိေနၿမဲျဖစ္ၿပီး ျပတ္ေတာင္းျပတ္ေတာင္းျဖင့္ တစ္ခါတစ္ရံတြင္ ေပၚလာလိုက္၊ ျပန္ေပ်ာက္လိုက္ျဖစ္ေန၏။ပုံရိပ္မ်ားကို ျပသနိုင္ေသာ္လည္း ၾကည္လင္ျပတ္သားျခင္း မရွိသည့္အျပင္ တဂ်စ္ဂ်စ္ ဆူညံသံမ်ားျဖင့္ ေရာယွက္ေနၿပီး မရပ္မနား တုန္ခါေနေသးသည္။

သို႔ေပမဲ့လည္း ထိုကဲ့သို႔ အေျခအေနမ်ိဳးတြင္ေတာင္မွ က်န္းရီႏွင့္ နတ္မိစ္ဆာတို႔ စကားရပ္ေျပာေနသည့္ ျမင္ကြင္းကို ပရိတ္သတ္အေပါင္းတို႔ ရွင္းရွင္းလင္းလင္း ျမင္နိုင္ရန္ လုံေလာက္ေပသည္။

အေစာပိုင္းတုန္းက တပည့္မ်ားသည္ ဂိုဏ္းခ်ဳပ္က သူတို႔ကို ဤေနရာတြင္ အဘယ့္ေၾကာင့္ လူစုခိုင္းသည္ကို နားမလည္ခဲ့ၾကေခ်။ထို
႔ေၾကာင့္ ေၾကးမုံခ်ပ္ထဲမွ ထြက္လာေသာ ပုံရိပ္မ်ားကို ျမင္ရခ်ိန္တြင္မူ အလြန္အမင္း အံ့ၾသသြားၾကၿပီး ႐ုတ္႐ုတ္သဲသဲ ဆူညံသြားေလေတာ့သည္။

ေနာက္ဆုံးတြင္ အသံမ်ား ၿငိမ္သက္သြားခ်ိန္မွ က်ီက်စ္အန္းက ေမးလာသည္။

"က်န္းရွစ္က်စ္၊ မင္း ဘာေျပာခ်င္ေသးလဲ?"

က်န္းရီသည္ ေခါင္းထဲတြင္ မရပ္မနား လွည့္ပတ္ေနေသာ အေတြးမ်ားျဖင့္ ခ်ာခ်ာလည္ေနၿပီး က်ီက်စ္အန္း၏ အေမးကို ျပန္မေျဖဘဲ ၿငိမ္ေန၏။

အပိုင္းပိုင္းအစစျဖစ္ေအာင္ ေခ်မြဖ်က္ဆီးခဲ့ေသာ ေၾကးမုံခ်ပ္ကို ဤအေနအထားအထိ ေရာက္ေအာင္ ျပဳျပင္နိုင္ခဲ့ျခင္းမွာ သူ႕အတြက္ အလြန္ အႏၱရာယ္မ်ားလွေသာ္လည္း အျဖစ္မွန္ကို ဝန္ခံၿပီး အေသခံလိုက္မည့္ လူစားမ်ိဳးေတာ့ မဟုတ္ေခ်။ဤမစုံလင္ေသာ ပစၥည္းတြင္ သူလွည့္စားနိုင္မည့္ အားနည္းခ်က္ တစ္ခုေတာ့ ရွိရမည္။

"က်န္းရွစ္က်စ္"

က်ီက်စ္အန္းသည္ က်န္းရီ ႏႈတ္ဆိတ္ေနျခင္းေၾကာင့္ ေခ်ပနိုင္စြမ္း မရွိဟု ယူဆၿပီး စိတ္မရွည္နိုင္ေတာ့ဘဲ ေနာက္တစ္ခြန္း ထပ္ေမးျပန္၏။

"မင္းကိုယ္တိုင္ ဘာျဖစ္လို႔ မရွင္းျပေသးတာလဲ?"

က်န္းရီသည္ က်ီက်စ္အန္းရွိရာသို႔ ဆတ္ခနဲ လွ
မ္းၾကည့္လိုက္သည္။အရွိန္အဝါ ႀကီးမားသေယာ
င္ ထင္မွတ္ရေသာ ပုံစံေအာက္တြင္ က်ီက်စ္အန္း
၏ သေဘာထားႏွင့္ စကားလုံးတိုင္းသည္ စိုးရိမ္ေၾကာင့္ၾကမႈမ်ားျဖင့္ ေရာယွက္ေနၿပီး အတြင္းစိတ္လည္း အလြန္ သိသာစြာ ေနာက္က်ိေနခဲ့သည္။နတ္မိစ္ဆာဟာ တံခြန္တိမ္တိုက္ဂိုဏ္းႏွင့္ နီးကပ္လြန္းေသာ အကြာအေဝးအထိ ေရာက္လာသည့္အျပင္ က်န္းရီႏွင့္ေတာင္ စကားေျပာသြားျခင္းေၾကာင့္ သူ႕အေနႏွင့္ အဘယ္မွာ တည္တည္ၿငိမ္ၿငိမ္ ေနနိုင္ပါအံ့။

ဤသည္မွာ အသုံးခ်နိဳင္ေသာ အခြင့္အေရးျဖစ္ၿပီး က်န္းရီသည္ က်ီက်စ္အန္းထက္ အမွန္တရားကို ပိုသိထားျခင္းေၾကာင့္ ပို၍ တည္ၿငိမ္ေနရမည္။

က်န္းရီသည္ အၾကည့္မ်ားကို ေၾကးမုံခ်ပ္ေပၚသို႔ ေ႐ႊ႕ၿပီး ျပတ္ေတာက္ေနေသာ ပုံရိပ္မ်ားကို ၾကည့္လိုက္သည္။

"ဘာျဖစ္လို႔ အသံမပါတာလဲ?"

ကြဲထားလို႔ မပါတာေပါ့!

က်န္းရီ၏ အေမးေၾကာင့္ က်ီက်စ္အန္းသည္ ႐ုတ္ခ်ည္း ေဒါသထြက္သြားၿပီး ႏွလုံးသားထဲသို႔ စိုးရိမ္စိတ္မ်ား အလုံးအရင္း ရိုက္ခတ္သြားသည့္ႏွယ္ ခံစားလိုက္ရသည္။

"နတ္မိစ္ဆာက စကားေတြ အမ်ားႀကီး ေျပာသြားမွန္း အသိသာႀကီးေပမယ့္ ဘယ္သူမွ မၾကားရဘူးေလ"

က်န္းရီက သူ႕ကို ျပန္ေမး၏။

"သူဘာေျပာသြားတာလဲ?"

ငါလည္း အဲ့တာကို သိခ်င္တာေလ!

က်ီက်စ္အန္းသည္ သုန္မႈန္ေနေသာ မ်က္ႏွာျဖင့္ အံႀကိတ္ထားေလသည္။

"ငါ မင္းကို အဲ့ဒီအေၾကာင္း ေမးဖို႔ ေခၚလိုက္တာေလ။အဲ့ဒီညတုန္းက နတ္မိစ္ဆာနဲ႕ စကားေျပာေနတာ မင္း မဟုတ္ဘူးလား?"

က်န္းရီကား ႏႈတ္ဆိတ္သြားျပန္၏။

"မင္း မေျပာျပခ်င္ရင္ေတာင္ အဲ့ဒီမွာ စကားရပ္ေျပာခဲ့တဲ့လူက မင္း မဟုတ္လို႔လား?ဒါမွမဟုတ္ တစ္ေယာက္ေယာက္က မင္းပုံစံ ဟန္ေဆာင္ၿပီး စကားသြားေျပာတယ္လို႔ ျငင္းအုံးမလို႔လား?"

က်ီက်စ္အန္း၏ အေမးတြင္ အျခားေသာ ေ႐ြးခ်ယ္စရာ တစ္ခု ရွိေနေသာ္လည္း က်န္းရီကေတာ့ အသုံးမျပဳခဲ့ေပ။ပထမအခ်က္မွာ တစ္စုံတစ္
ေယာက္ကသာ သူ႕ပုံစံ ဟန္ေဆာင္၍ နတ္မိစ္ဆာႏွင့္ သြားေတြ႕ခဲ့ရိုးမွန္လွ်င္ ေၾကးမုံခ်ပ္မ်ားကို တကူးတက ဖ်က္ဆီးေနစရာ မလိုေခ်။အဘယ့္ေၾကာင့္ဆိုေသာ္ ပ်က္စီးသြားေသာ ေၾကးမုံခ်ပ္မ်ားကို ျပန္ျပင္နိုင္၊မျပင္နိုင္ႏွင့္ မွတ္တမ္းမ်ားကို မည္မွ် အတိုင္းအတာအထိ ျပန္ယူနိုင္ေၾကာင္း မသိနိုင္ျခင္းေၾကာင့္ျဖစ္သည္။

ဒုတိယအခ်က္မွာ ခန္းမေဆာင္ထဲသို႔ က်န္းရီ ေရာက္လာစဥ္ကတည္းက ေၾကးမုံခ်ပ္မွ သူ႕ပုံရိပ္မ်ားကို မျပသခင္အထိ၊အလြန္ တည္ၿငိမ္စြာ ျပဳမူခဲ့ျခင္းျဖစ္သည္။က်န္းရီ၏ ထိုတည္ၿငိမ္မႈသည္ မည္သို႔ေသာ အခြင့္အေရးမ်ိဳးကို အသုံးခ်သင့္ေၾကာင္း စဥ္းစားေန၍ျဖစ္သည္။သို႔ေပမဲ့ ထိုကဲ့သို႔ ျပဳမူခဲ့ျခင္းေၾကာင့္ ကိစၥတစ္ရပ္လုံးကို မသိဟန္ေဆာင္၍ ခံျငင္းရန္ မျဖစ္နိုင္ေတာ့ေခ်။

ျပသနာမွာ ယခုလို အေျခအေနအထိ ေရာက္လာၿပီျဖစ္ရာ သူ႕အေနႏွင့္ ထိုေန႕ညက နတ္မိစ္ဆာႏွင့္ ေတြ႕ခဲ့ေၾကာင္း ဝန္ခံ႐ုံသာရွိေတာ့သည္။

သို႔ေသာ္လည္း လက္ရွိ အေနအထားအရ နတ္မိ
စ္ဆာႏွင့္ သြားေတြ႕ခဲ့ေသာ အေၾကာင္းအရင္းႏွင့္ ထိုေန႕ညက သူတို႔ ေျပာခဲ့ေသာ စကားမ်ားကို သူ႕အ
လိုက် ဇာတ္ေၾကာင္းေျပာင္းပစ္နိုင္ေသး၏။

"ဂိုဏ္းခ်ဳပ္"

"ဂိုဏ္းခ်ဳပ္က ကြၽန္ေတာ္ လုပ္တာလို႔ပဲ တထစ္ခ် ယုံၾကည္ေနေတာ့ ကြၽန္ေတာ္ကလည္း နည္းနည္းေလာက္ ျပန္ေမးပါရေစ။ အဲ့ဒီ နတ္မိစ္ဆာက ဘယ္လို နတ္မိစ္ဆာမ်ိဳးလဲ?ကြၽန္ေတာ္ကေရာ ဘယ္လို က်င့္ႀကံသူမို႔လို႔လဲ?အဲ့ဒီ နတ္မိစ္ဆာက ဘာျဖစ္လို႔ ကြၽန္ေတာ္နဲ႕ စကားစျမည္ေျပာရမွာလဲ?ပုံမွန္ဆိုရင္ ျဖစ္နိုင္တာကေတာ့ အဲ့ဒီ နတ္မိစ္ဆာေရွ႕ကို ေျခတစ္လွမ္းခ်႐ုံနဲ႕တင္ ဝါးစားခံရလို႔ အရိုးေတာင္ မက်န္ခဲ့မွာ မဟုတ္ဘူးလား?"

က်န္းရီ၏ စကားအဆုံးတြင္ အံ့ၾသတုန္လႈပ္သံမ်ားျဖင့္ ေနာက္တစ္ႀကိမ္ ဆူညံလာျပန္သည္။

အေျခအေနကို နားမလည္ေသာ တပည့္မ်ားသည္ မူလက က်ီက်စ္အန္း၏ စကားကို ယုံၾကည္ၿပီး က်ီက်စ္အန္းႏွင့္အတူ က်န္းရီကို ေဝဖန္ရန္ အ
ဆင္သင့္ျဖစ္ခဲ့ၾကသည္။ဤတစ္ႀကိမ္တြင္မူ က်
န္းရီ၏ စကားေၾကာင့္ စိတ္ယိုင္သြားၿပီး အခ်င္းခ်င္း တက္ႂကြစြာ ေဆြးႏႊေးလာၾကသည္။

"ဟုတ္သားပဲ ဘာျဖစ္လို႔ အဲ့ဒီလို လုပ္ရမွာလဲ?"

"ေမးစရာ လိုေသးလို႔လား?နတ္မိစ္ဆာနဲ႕ ပူးေပါင္းၿပီး ဂိုဏ္းရဲ႕ လွ်ို႔ဝွက္ခ်က္ေတြကို ေရာင္းစားေနတာျဖစ္မွာေပါ့။မင္းတို႔ မသိတာလည္း မဟုတ္ဘူး သူေရာက္လာထဲက ဝမ္ရွစ္ရႈန္း အေနာက္ကို တစ္ခ်ိန္လုံး လိုက္ေနတာေလ။ၿပီးေတာ့ ဝမ္ရွစ္ရႈန္းက...."

ထိုေဆြးႏႊေးသံသည္ က်ယ္ေလာင္ျခင္း မရွိေသာ္လည္း က်န္းရီကေတာ့ ရွင္းရွင္းလင္းလင္း ၾကားသြားခဲ့သည္။သူသည္ ခြၽန္ျမေနေသာ ဓားသြားမ်ားပမာ စူးရွလြန္းေသာ အၾကည့္မ်ားျဖင့္ ဖ်တ္ခနဲ လွည့္ၾကည့္ၿပီး ထိုစကားကို ထုတ္ေျပာဝံ့သူအား ခ်က္ခ်င္း သတ္ျဖတ္ေတာ့မည့္အတိုင္း စူးစူးရဲရဲ စိုက္ၾကည့္၍ ေအာ္ေမးေလသည္။

"မင္း ဘာစကားေျပာလိုက္တာလဲ?"

မူလက ထိုလူသည္ တီးတိုး ေျပာလိုက္ျခင္းျဖစ္ေသာ္လည္း လူအုပ္အၾကားတြင္ ႐ုတ္တရက္ ေအာ္ေမးခံရျခင္းေၾကာင့္ ႏႈတ္ဆိတ္သြားေတာ့သည္။

"ငါက နတ္မိစ္ဆာနဲ႕ ပူးေပါင္းတယ္ေပါ့?ဂိုဏ္းရဲ႕ လွ်ို႔ဝွက္ခ်က္ေတြကို ေရာင္းစားတယ္ေပါ့? "

က်န္းရီသည္ စကားအခြန္းစီတိုင္းတြင္ ေလသံကို ဖိ၍ တစ္လွမ္းခ်မ္း ေလွ်ာက္လာသည္။

"အဲ့တာ ဝမ္ရွစ္ရႈန္းေၾကာင့္တဲ့လား?ရယ္စရာပဲ!"

ထို႔ေနာက္ ခန္းမေဆာင္အျပည့္ ေနရာယူထားေသာ လူအုပ္ႀကီးကို ၾကည့္၏။သူ႕အသံမွာ ပို၍ ျပတ္ရွလာခဲ့သည္။

"ဝမ္ရွစ္ရႈန္းက တံခြန္တိမ္တိုက္ဂိုဏ္းမွာ ေနခဲ့တဲ့ တေလွ်ာက္လုံး သူ႕ဘဝကို ဂိုဏ္းအတြက္ပဲ ေပး
ဆပ္ခဲ့တာ။အဲ့ဒီေလာက္ လုပ္ေပးခဲ့တာေတာင္မွ မင္းတို႔ သူ႕အေပၚ မဟုတ္မမွန္တဲ့ စကားေတြနဲ႕ ဝိုင္းစြပ္စြဲၾကတာကို ခံခဲ့ရေသးတယ္။ေဒါသထြက္စရာေကာင္းလြန္းလို႔ အံႀကိတ္ရင္ေတာင္ ေသြးပါ ထြက္လာလိမ့္မယ္။စကားတစ္ခြန္းကို ထုတ္မေျပာခင္မွာ နည္းနည္းပါးပါး ဦးႏွောက္ရွိရွိ မေတြးတတ္ၾကဘူးလား ဟမ္?အဲ့ဒီ နတ္မိစ္ဆာက ဘယ္လိုသတၱဝါမ်ိဳးမို႔လို႔လဲ?အဲ့ဒီ နတ္မိစ္ဆာရဲ႕ လက္ကေန လြတ္ေအာင္ ဘယ္လို လွ်ို႔ဝွက္ခ်က္မ်ိဳးကို သိထားမွျဖစ္မွာလဲ? ၿပီးေတာ့ အဲ့ဒီလို လွ်ို႔ဝွက္ခ်က္မ်ိဳးကို ရွစ္ရႈန္းက သိလိမ့္မယ္လို႔မ်ား ထင္ေနၾကတာလား!"

ဤတစ္ႀကိမ္တြင္ က်န္းရီ၏ အၾကည့္မ်ားဟာ က်ီက်စ္အန္းထံသို႔ ဒိုင္းခနဲ ေရာက္သြားေလသ
ည္။

"ဂိုဏ္းခ်ဳပ္၊ ရွစ္ရႈန္းက အဲ့ဒီလို လွ်ို႔ဝွက္ခ်က္မ်ိဳးကို ဘယ္တုန္းကမွ မသိခဲ့တဲ့အေၾကာင္း ဘာျဖစ္လို႔ သူတို႔ကို မရွင္းျပေသးတာလဲ?အဟား...ရွစ္ရႈန္းနဲ႕ ပတ္သတ္တဲ့ ေကာလဟလေတြ ျပန့္ေနတာ အေတာ္ေတာင္ ၾကာေနၿပီ မဟုတ္လား?သူသာ အရင္တုန္းက လွ်ို႔ဝွက္ခ်က္တခ်ိဳ႕ကို သိခဲ့မယ္ဆိုရင္ေတာင္ အခ်ိန္ေတြ ကုန္သြားတာျဖင့္ ၾကာလွရွိေနၿပီ။ဂိုဏ္းကလည္း ျပင္သင့္တာေတြ ျပင္ၿပီး ေျပာင္းသင့္တာေတြ ေျပာင္းလိုက္တာ ၾကာေရာေပါ့!"

ျပသနာတစ္ရပ္လုံးကို မတူညီေသာ အေျခအေနအထိ လမ္းေၾကာင္းေျပာင္းနိုင္လိမ့္မည္ဟု ဘယ္တုန္းကမွ မထင္ခဲ့သည့္အတြက္ က်ီက်စ္အန္းလည္း အက်ပ္ရိုက္သြားရေလသည္။သူဟာ ေကာလဟလမ်ား ေနာက္ကြယ္တြင္သာ ပုန္းေအာင္းခဲ့ၿပီး အရွိကို အရွိအတိုင္း ပြင့္ပြင့္လင္းလင္း ထုတ္မေျပာျပခဲ့ေခ်။ယခုအခ်ိန္တြင္မူ က်န္းရီ၏ ေမးခြန္းကို ျပန္ေျဖေပးရေတာ့မည္ျဖစ္ၿပီး သူသာ' ရွိတယ္'ဟု ဆို၍ ဂိုဏ္းလွ်ို႔ဝွက္ခ်က္မ်ားကို ယခုအထိ မေျပာင္းလဲရေသးဟု လိမ္ညာခဲ့လွ်င္ တပည့္မ်ားအားလုံး ေဒါသတႀကီး တုံ႕ျပန္လာေပလိမ့္မည္။ထို႔ေၾကာင့္ ဝမ္႐ႊမ္ မတရားခံခဲ့ရေသာ ကိစၥကို သူကိုယ္တိုင္ အမည္ပ်က္ ရွင္းလင္းေပးရမည့္ ေ႐ြးခ်ယ္မႈ တစ္ခုသာ က်န္ေတာ့သည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္၊ က်ီက်စ္အန္းသည္ သုန္မႈန္ေနသာ မ်က္ႏွာျဖင့္ ခက္ခက္ခဲခဲ ထုတ္ေျပာေလသည္။

"ဒီကိစၥက ဝမ္ရွစ္က်စ္နဲ႕ ဘာမွ မသက္ဆိုင္ဘူး"

က်ီက်စ္အန္းသည္ က်န္းရီကို အျပစ္တင္ရန္အတြက္ ဤေနရာတြင္ သူကိုယ္တိုင္ လူစုေစခဲ့ျခင္းကိုေတာင္ အမွားတစ္ခုလို ႐ုတ္တရက္ ခံစားလိုက္ရသည္။

"ဟုတ္တာေပါ့။ကြၽန္ေတာ့္အေနနဲ႕ ရွစ္ရႈန္းဆီကေန ဒီလိုလွ်ို႔ဝွက္ခ်က္မ်ိဳး ရစရာ အေၾကာင္းမွ မရွိတာ"

က်န္းရီက ေအးစက္စက္ ၿပဳံးျပလိုက္သည္။

"ဒါဆိုရင္ ဂိုဏ္းခ်ဳပ္ခင္ဗ်ာ၊ ကြၽန္ေတာ့္ကို နတ္
မိစ္ဆာကိုယ္တိုင္ေတာင္ အသက္ခ်မ္းသာခြင့္ ေပးခဲ့အထိ အေရးႀကီးတဲ့ လွ်ို႔ဝွက္ခ်က္မ်ိဳးကို ဘယ္သူ႕ဆီကေန ရခဲ့တယ္လို႔ ထင္ပါသလဲ?"

က်န္းရီ၏ စကားကို က်ီက်စ္အန္းက ေလွာင္ရယ္၍ ခြန္းတုံ႕ျပန္သည္။

"ေနာက္ဆုံးေတာ့ မင္း ဝန္ခံၿပီ"

က်န္းရီ၏ ေမးခြန္းသည္ နတ္မိစ္ဆာႏွင့္ လွ်ို႔ဝွက္တစ္ခုခုကို ဖလွယ္ခဲ့ေၾကာင္းကို သူကိုယ္တိုင္ ဝန္ခံၿပီးသားျဖစ္သြားေသာ္လည္း ျပသနာ၏ အရွိန္မွာ အျခားအဆင့္တစ္ခုသို႔ ေလာင္ၿမိဳက္ေနၿပီျဖစ္သည္။၎ကို က်ီက်စ္အန္းလည္း သတိျပဳမိ၍ က်န္းရီႏွင့္ ဆက္ျငင္းမေနေတာ့ဘဲ စကားစျဖတ္ရန္ ႀကိဳးစားလာသည္။

"ဝန္ခံလိုက္ၿပီဆိုမွေတာ့ အဓိပ္ပါယ် မရွိတာေတြ
ဆက္ေျပာမေနနဲ႕ေတာ့။ဂိုဏ္းကို သစၥာေဖာက္ၿပီး နတ္မိစ္ဆာနဲ႕ ပူးေပါင္းတဲ့ အျပစ္က လုံးဝ ခြင့္လႊတ္ေပးလို႔ မရဘူး!"

စကားဆုံးသည္ႏွင့္ ဝတ္႐ုံလက္ကို ေဝွ႕ယမ္းလိုက္ရာ လက္ေခ်ာင္းထိပ္မွတဆင့္ ဝိဥာဥ္စြမ္းအင္ ထြက္လာၿပီး က်န္းရီ ရွိရာသို႔ ဦးတည္သြားေလသည္။သူသည္ အခ်ိန္ထပ္မဆြဲခ်င္ေတာ့ဘဲ က်န္းရီကိုေနရာတြင္ အသက္ေပ်ာက္သြားေအာင္ လုပ္ရန္သာ အေလာတႀကီးျဖစ္ေန၏။

သို႔ေသာ္လည္း ဝိဥာဥ္စြမ္းအင္က မည္မွ်ပင္ လွ်င္ျမန္ေစကာမူ၊က်န္းရီ၏ အသံထက္ေတာ့ မျမန္နိုင္ခဲ့ေခ်။က်န္းရီသည္ ဝိဥာဥ္စြမ္းအင္ကို ေရွာင္
တိမ္းျခင္း မျပဳဘဲ ေနရာတြင္ ရပ္ေနၿမဲျဖစ္ၿပီး စူးရဲေသာ အၾကည့္မ်ားျဖင့္ ေအာ္ဟစ္က်ိန္ဆဲလိုက္ေလသည္။

"ျမစ္ကို ျဖတ္ၿပီးတာနဲ႕ တံတား ခ်ိဳးပစ္တဲ့ လူ႕အ
မွိုက္!"

စကားဆုံးသည္ႏွင့္ က်ယ္ေလာင္ေသာ အသံတစ္သံ ထြက္ေပၚလာၿပီး က်ီက်စ္အန္း၏ ဝိဥာဥ္စြမ္းအင္ကို တစ္စုံတစ္ဦးက ဝင္တားဆီးလိုက္သည္။

"ဘာ....."

က်ီက်စ္အန္းသည္ လည္ေခ်ာင္းသို႔ ခ်က္ခ်င္း ဆန္တက္လာေသာ ေသြးမ်ားကို ခံစားလိုက္ရသ
ည္။ထို႔ေနာက္ ေသြးခ်င္းခ်င္းနီေနေသာ အၾကည့္မ်ားျဖင့္ နံေဘးမွ ပုဂၢိုလ္ကို လွည့္ၾကည့္လိုက္သည္။

"လင္းရွစ္ေမ့!"

က်န္းရီကို ကယ္တင္ခဲ့သူသည္ တံခြန္တိမ္တိုက္ဂိုဏ္း၏ ေ႐ႊအျမဳေတအဆင့္ အႀကီးအကဲ သုံးဦးထဲမွ တစ္ဦးတည္းေသာ အမ်ိဳးသမီး လင္းရွန္းက်စ္ျဖစ္သည္။

က်န္းရီကို ဝင္ကယ္ရသည့္ တစ္ခုတည္းေသာ အ
ေၾကာင္းအရင္းမွာ က်န္းရီ ဖန္တီးခဲ့ေသာ ျပသနာကို စိုးရိမ္ေနေသး၍ျဖစ္သည္။သူမအေနႏွင့္ မည္သို႔ေသာ ဂိုဏ္းလွ်ို႔ဝွက္ခ်က္မ်ိဳးကို က်န္းရီႏွင့္ နတ္မိစ္ဆာတို႔ လဲလွယ္ခဲ့ေၾကာင္း မသိရ၍ စိုးရိမ္ေနေသးသည္။ထို႔ေၾကာင့္ က်န္းရီကို က်ီက်စ္အန္း သတ္ေတာ့မည့္ဆဲဆဲတြင္ အထိတ္တလန့္ ဝင္တားခဲ့ျခင္းပင္။

တစ္ဖက္တြင္ ထိုင္ေနေသာ အႀကီးအကဲေလာ့သ
ည္ပင္က်န္းရီကို ကယ္တင္ရန္ ႀကိဳးစားခဲ့ေသာ္လ
ည္း လင္းရွန္းက်စ္က ပိုျမန္သြားျခင္းျဖစ္သည္။

ထိုအခိုက္တြင္၊အႀကီးအကဲ ႏွစ္ဦးသည္ က်ီက်စ္အန္း၏ ေဒါသႏွင့္ ရႈပ္ေထြးေနေသာ အေျခအေနေၾကာင့္ အက်ပ္ရိုက္ေနစဥ္တြင္ က်န္းရီ၏ 'ျမစ္ကို ျဖတ္ၿပီး၊တံတား ခ်ိဳး' ဟူေသာ စကားကို ၾကားလိုက္ရၿပီး အံ့ၾသသြားခဲ့ၾကသည္။လင္းရွန္းက်စ္၏ မ်က္ႏွာမွာ ႐ုတ္ခ်ည္း ထိုင္းမွိုင္းသြားရေလသည္။

"ဂိုဏ္းခ်ဳပ္အစ္ကိုႀကီး၊အခု ဘာေတြျဖစ္ကုန္တာလဲ?"

က်ီက်စ္အန္း၏ ေဒါသထြက္ေနေသာ မ်က္ဝန္းမ်ားဟာ တျဖည္းျဖည္း ျပဴးက်ယ္လာခဲ့သည္။ေဒါသထြက္လြန္းသည့္အတြက္ က်န္းရီကို မ်က္လုံးျပဴး၍ ၾကည့္ေနရင္းႏွင့္ေတာင္ ေမးေစ့မွ ႏႈတ္ခမ္းေမႊးမ်ားပါ တုန္လ်က္ အသက္ပင္ ေျဖာင့္ေျဖာင့္မရႈနိုင္ေတာ့ေခ်။သူသည္ အၿမဲဆိုသလို လူအမ်ားၾကားတြင္ စိတ္ဝမ္းကြဲေအာင္ ေသြးထိုးေပးတတ္သူျဖစ္ေသာ္လည္း မေမွ်ာ္လင့္စြာျဖင့္ က်န္းရီ၏ အႀကံအစည္ေအာက္တြင္ သူကိုယ္တိုင္လ
ည္း က်ရႈံးခဲ့ရေခ်ၿပီ။

စိတ္ဝမ္းကြဲေအာင္ လုပ္သည့္ေနရာတြင္၊က်န္းရီဟာ သူ႕ထက္ ညံ့ဖ်င္းမေနခဲ့။

"က်ီက်စ္အန္း၊ ခင္ဗ်ား တကယ္အရွက္မရွိတဲ့ လူ႕အမွိုက္ပဲ!ေၾကးမုံခ်ပ္ကို ထုတ္လာၿပီး ပုံေတြပဲ ျပမေနနဲ႕။အသံကို ဘာျဖစ္လို႔ ေဖ်ာက္ထားတာလဲ?နတ္မိစ္ဆာနဲ႕ ကြၽန္ေတာ္ ဘာေျပာခဲ့လဲဆိုတာ ဒီမွာ ရွိရွိသမွ် လူေတြအားလုံး ၾကားရေအာင္ ဘာျဖစ္လို႔ မလုပ္ေပးတာလဲ?ကြၽန္ေတာ္ ေျပာခဲ့သမွ်က ခင္ဗ်ား ကြၽန္ေတာ့္ကို ေျပာခိုင္းလို႔ သြားေျပာေပးခဲ့ရတာခ်ည္းပဲ!"

က်န္းရီသည္ ျငင္းမရနိုင္ေသာ အေထာက္အထားမ်ားကို အသုံးခ်၍ အခိုင္အမာ စိတ္ပိုင္းျဖတ္ခဲ့သည္။အျပစ္မွ မလြတ္နိုင္ခဲ့လွ်င္၊က်ီက်စ္အန္းကိုပါ သူႏွင့္အတူ ငရဲသို႔ ေခၚေဆာင္သြားရန္ အ
ႂကြင္းမဲ့ ဆုံးျဖတ္ထားသည္။ထို႔ေၾကာင့္ က်ီက်စ္အန္းက သူ႕ကို ဆြဲထုတ္ခ်င္ေလေလ၊သူက က်ီက်စ္အန္းကို ျပန္စိန္ေခၚရဲေလေလျဖစ္သည္။

"အဓိပ္ပါယ်မရှိတာ!"

တစ္ခ်ိန္တည္းမွာပင္ က်ီက်စ္အန္းသည္ ေဒါသထြက္လြန္း၍ ကတုန္ကယင္ျဖစ္လာခဲ့သည္။

"လုံးဝအဓိပ္ပါယ်မရွိဘူး!ဒီေၾကးမုံခ်ပ္ကို မင္းခြဲလိုက္မွန္း အသိသာ...."

"ဟုတ္တယ္ ကြၽန္ေတာ္ ခြဲလိုက္တာ! "

က်န္းရီသည္ အံႀကိတ္ရင္း အျပင္းအထန္ တုံ႕ျပန္လာ၏။

"အရင္တုန္းက ခင္ဗ်ား ကြၽန္ေတာ့္ကို ေၾကးမုံခ်ပ္ ခြဲခိုင္းတယ္ဆိုတာ ကြၽန္ေတာ့္ကို ကာကြယ္ဖို႔အတြက္ လုပ္ခိုင္းခဲ့တယ္လို႔ ထင္ေနတာ။တကယ္တမ္းက် ခင္ဗ်ားက ကြၽန္ေတာ့္ တစ္ေယာက္ထဲကို ငရဲပို႔ဖို႔လုပ္ေနမွန္း ဘယ္လိုလုပ္ ထင္မိမွာလဲ!"

ဤစကားမ်ား ထြက္လာသည္ႏွင့္ ေထာင္ေသာင္းခ်ီေနေသာ လွိုင္းလုံးမ်ားျဖင့္ ရိုတ္ပုတ္ခံလိုက္ရေသာ ေက်ာက္တုံးပမာ၊ခန္းမေဆာင္ထဲမွ လူအုပ္ႀကီးသည္ ပြက္ပြက္ဆူေနေသာ ဆီပူအိုးထဲသို႔ ထည့္ေၾကာ္ခံရသည့္ႏွယ္ ဝ႐ုန္းသုန္းကားျဖစ္လာၾကသည္။

"ဒီစကားက အမွန္ပဲလား?"

လင္းရွန္းက်စ္ႏွင့္ အႀကီးအကဲေလာ့သည္ပင္ မေနနိုင္ေတာ့ဘဲ ဝင္ေမးလာသည္။

"ေလာ့ရွစ္တိ၊လင္းရွစ္ေမ့ မင္းတို႔ သူ ေလွ်ာက္ေျပာေနတာကို လုံးဝ မယုံၾကနဲ႕"

"သူေျပာတာကို နားေထာင္ၾကည့္ေလ။မသိရင္ အစ္ကိုကပဲ သူ႕ကို နတ္မိစ္ဆာနဲ႕ စကားေျပာဖို႔အတြက္ တမင္လႊတ္လိုက္သလိုမ်ိဳး လႊဲခ်ေနတာ။ဒါေပမယ့္ မင္းတို႔ စဥ္းစားၾကည့္ပါအုံး အစ္ကို႔လို ဂိုဏ္းခ်ဳပ္တစ္ေယာက္က ဂိုဏ္းအတြက္ အႏၱရာယ္ျဖစ္ေစမယ့္ ကိစၥမ်ိဳးကို လုပ္စရာလား?"

က်ီက်စ္အန္း၏ စကားဟာ အက်ိဳးအေၾကာင္းသင့္သလို ခံစားရေစၿပီး ခန္းမေဆာင္အတြင္းမွ တပည့္အခ်ိဳ႕ကို ၿငိမ္သက္သြားေစခဲ့သည္။

သို႔ေသာ္လည္း က်န္းရီက ေအးတိေအးစက္ ၿပဳံးလိုက္သည္။

"ကြၽန္ေတာ္က ဂိုဏ္းကို အႏၱရာယ္ျဖစ္ေအာင္ လုပ္တယ္လို႔ ဘယ္သူေျပာလဲ?"

က်ီက်စ္အန္းသည္ ေဒါသအရွိန္ျဖင့္ တဆတ္ဆ
တ္ တုန္ယင္ေနဆဲ။ဤေနရာတြင္ လူအမ်ားအ
ျပား ရွိေနေသာ္လည္း ထိုေန႕ညက အျဖစ္မွန္ကို သိထားသူဟာက်န္းရီ တစ္ဦးတည္းသာ ရွိသည္။ ထို႔ေၾကာင့္ က်ီက်စ္အန္းတစ္ေယာက္ မည္မွ်ပင္ ႏႈတ္ေရးေကာင္းေသာ္ျငား၊ယခုတြင္မူ က်န္းရီ၏ စကားအတိုင္း ေရာခ်၍ ခံျငင္းရန္သာ ရွိေတာ့သည္။

"နတ္မိစ္ဆာနဲ႕ စကားသြားေျပာတာနဲ႕ပဲ ဂိုဏ္းကို အႏၱရယ္ျဖစ္ေအာင္ လုပ္တယ္ေပါ့ေလ?မင္းတို႔ေတြ ငါ သူနဲ႕ ဘာေျပာခဲ့လဲဆိုတာကို အခုထိ သေဘာမေပါက္ၾကေသးဘူးလား!"

က်န္းရီသည္ လူအုပ္ႀကီးကို လွည့္ၾကည့္၍ တစ္ဦးခ်င္းစီ၏ တုန္လႈပ္ေနေသာ အၾကည့္မ်ားကို တေ႐ြ႕ေ႐ြ႕ ေက်ာ္ျဖတ္ကာ က်ီက်စ္အန္းထံတြင္ ရပ္လိုက္သည္။

"ဂိုဏ္းခ်ဳပ္၊ဘာျဖစ္လို႔ သူတို႔ကို မေျပာျပတာလဲ။အဲ့ဒီညကစၿပီး ခုခ်ိန္ထိ ဂိုဏ္းမွာ ဘာအႏၱရာယ္ျဖစ္ေသးလို႔လဲ?"

ျဖစ္နိုင္လွ်င္ က်ီက်စ္အန္းဟာ က်န္းရီကို တစ္ခြန္းမွ ျပန္မေျဖဘဲ ႏႈတ္ပိတ္၍သာ ေနလိုက္ခ်င္သည္။သို႔ေသာ္လည္း သူ႕ကို ဦးတည္ေနေသာ အၾကည့္မ်ားစြာေၾကာင့္ ျပန္မေျဖဘဲ ေန၍ေတာ့ မရနိုင္ေခ်။

"အဲ့ဒီတုန္းက ဘာအႏၱရာယ္မွ မျဖစ္ေပမယ့္ ေနာက္လာမယ့္ ရက္ေတြမွာ ဘာမွျဖစ္မလာနိုင္ဘူးလို႔ ႀကိဳေျပာလို႔ မရဘူး"

"ဂိုဏ္းခ်ဳပ္ေျပာခ်င္တာ နတ္မိစ္ဆာက ဒီနားမွာ ပု
န္းေနၿပီး သူရန္ရွာခ်င္တဲ့အခ်ိန္ ျပန္လာနိုင္တယ္လို႔လား?"

က်ီက်စ္အန္းသည္ ထိုေမးခြန္းကို ေထာင္ေခ်ာက္တစ္ခုလို ခံစားရသည့္အတြက္ မည္မွ်ပင္ ေခ်ပေနပါေစ၊ေျဖရွင္းခ်က္ေကာင္းတစ္ခုေတာ့ ထြက္လာနိုင္မည္မဟုတ္ေၾကာင္း သေဘာေပါက္၏။

က်န္းရီက က်ီက်စ္အန္း၏ အေျဖကို မေစာင့္ဘဲ ႐ုတ္ခ်ည္းဆိုသလို က်ယ္ေလာင္စြာ ေအာ္ဟစ္ေလသည္။

"ဟန္ေဆာင္မေနနဲ႕ေတာ့!အဲ့ဒီနတ္မိစ္ဆာ အခုဘယ္မွာ ရွိေနမွန္း ခင္ဗ်ား သိတယ္မဟုတ္လား!"

က်ီက်စ္အန္းသည္ က်န္းရီကို ျပဴးက်ယ္ေနေသာ မ်က္လုံးမ်ားျဖင့္ လွမ္းၾကည့္သည္။အခ်ိန္အတန္ၾကာၿပီးမွ အသက္မွန္မွန္ရႈထုတ္နိုင္ရန္ အ
စြမ္းကုန္ႀကိဳးစားခဲ့သည္။

"အဓိပ္ပါယ် မရွိတာေတြ ေလွ်ာက္ေျပာေနရင္လည္း အကန့္အသတ္ေတာ့ သိမွေပါ့။ မင္း ေျပာေနတာေတြ ငါဘာတစ္ခုမွ မသိ..."

"ဂိုဏ္းခ်ဳပ္! သတင္းဆိုး!!"

က်န္းရီသည္ ဝတ္႐ုံေအာက္တြင္ ဖုံးကြယ္ထားေသာ ရွည္သြယ္သြယ္ လက္ေခ်ာင္းမ်ားကို ခ်ိဳး၍ ေရတြက္ၿပီးသည္ႏွင့္ သူ႕မ်က္ႏွာထက္တြင္ ၿပဳံးေယာင္သမ္းလာခဲ့သည္။သုံးရက္တိတိ ၾကာျမင့္ခဲ့ေခ်ၿပီ။တံခြန္တိမ္တိုက္ဂိုဏ္းႏွင့္ မိုးျပာေတာင္ပံဂိုဏ္းတို႔အၾကား သတင္းဖလွယ္ရန္ သုံးရက္ခန့္ ၾကာျမင့္တတ္ၿပီး ယခုတြင္ အခ်ိန္ကိုက္ေရာက္လာသည္ဟု ဆိုရေပမည္။ကင္းလွည့္တပည့္က အသံနက္ႀကီးျဖင့္ ေအာ္ဟစ္၍ သတင္းပို႔လာသည္။

"နတ္မိစ္ဆာက မိုးျပာေတာင္ပံဂိုဏ္းရဲ႕ ဝိဥာဥ္ပ်ိဳးစအဆင့္ ဆရာသခင္ သုံးေယာက္နဲ႕ အႀကီးအက်ယ္ တိုက္ပြဲျဖစ္ေနပါတယ္။ အဲ့ဒီတိုက္ပြဲမွာ ဆရာသခင္တစ္ေယာက္က ေနရာမွာတင္ ခ်က္ခ်င္း ေသသြားၿပီး က်န္ႏွစ္ေယာက္ကေတာ့ အျပင္းအထန္ ဒဏ္ရာရထားတယ္လို႔ သိရပါတယ္ ဂိုဏ္းခ်ဳပ္!"

ထိုအသံ ထြက္ေပၚလာသည္ႏွင့္ က်ီက်စ္အန္းသည္ ခႏၶာကိုယ္တြင္ အားတစ္စက္မွ် မရွိေတာ့သည့္အလား ခုံေပၚသို႔ ဖင္ထိုင္ရက္သား လဲက်သြားေတာ့သည္။က်န္အႀကီးအကဲမ်ားလည္း အႀကီး
အက်ယ္ မ်က္ႏွာပ်က္ယြင္းသြားၾကသည္။

လက္ရွိအခ်ိန္တြင္ ထိုေန႕ညက က်န္းရီႏွင့္ နတ္
မိစ္ဆာတို႔ ေျပာခဲ့ေသာ စကားမ်ားကိုလည္း ဂ႐ုမစိုက္နိုင္ၾကေတာ့ေခ်။ထိုစကားဝိုင္း၏ အက်ိဳးဆက္ကို သူတို႔အားလုံး နားလည္သြားျခင္းေၾကာင့္ျဖစ္သည္။

"ဂိုဏ္း...ဂိုဏ္းခ်ဳပ္...အစ္ကိုႀကီး"

လင္းရွန္းက်စ္၏ လွပေသာ မ်က္ႏွာထက္တြင္ ေသြးေရာင္ပင္ မရွိေတာ့ဘဲ ျဖဴေဖ်ာ့ေနသည့္အျပင္ ေလသံပါ အထစ္ထစ္ေငါ့ေငါ့ျဖင့္ တုန္ယင္ေန၏။

"အစ္ကိုႀကီး ရွင္....ရွင္ တကယ္ပဲ...."

တစ္ဖက္တြင္၊ အႀကီးအကဲေလာ့သည္လည္း ပူ
ေဆြးေသာကေရာက္ေနေသာ မ်က္ႏွာျဖင့္ စကားဆိုလာသည္။

"အေျခအေနေတြက ဒီေလာက္အထိ ေရာက္ေနတာေတာင္ ဂိုဏ္းခ်ဳပ္ အစ္ကိုႀကီးက က်ဳပ္တို႔ကို ရွင္းျပဖို႔ အဆင္သင့္မျဖစ္ေသးဘူးလား?"

က်ီက်စ္အန္းသည္ နံေဘးမွ အႀကီးအကဲ ႏွစ္ဦးကို ၾကည့္ၿပီး က်န္းရီကို ၾကည့္လိုက္သည္။သူ႕ဘဝတြင္ ဤမွ်ေလာက္အထိ တစ္ခါမွ မတြန့္ဆုတ္ခဲ့ဖူးေခ်။

က်န္းရီတြင္ အထူးတလည္ ဝင္ေျပာစရာမ်ိဳး မရွိေတာ့သည့္အတြက္ ေအးတိေအးစက္ ၿပဳံး၍ ေနရာတြင္သာ ရပ္ၿမဲအတိုင္း ရပ္ေနသည္။

သတင္းလာပို႔ေသာ ကင္းလွည့္တပည့္သည္ အေစာပိုင္းတုန္းက ခန္းမထဲတြင္ ျဖစ္ပ်က္ခဲ့ေသာ ကိစၥမ်ားကို သတိမျပဳမိဘဲ စိုးရိမ္တႀကီး အလ်င္လိုေန၏။အခ်ိန္အတန္ၾကာၿပီးမွ က်ီက်စ္အန္းက ကင္းလွည့္တပည့္ကို လွမ္းေမးသည္။

"မိုးျပာေတာင္ပံဂိုဏ္းရဲ႕ ဆရာသခင္ သုံးေယာက္က နတ္မိစ္ဆာကို ဘာျဖစ္လို႔ ထိပ္တိုက္ရင္ဆိုင္ရတာလဲ?အဲ့ဒီ ဆရာသခင္ သုံးေယာက္ စည္းအျပ
င္မွာ ရွိေနတုန္း နတ္မိစ္ဆာက အလစ္ဝင္တိုက္တာလား?"

ကင္းလွည့္တပည့္က ေခါင္းခါျပသည္။

"မိုးျပာေတာင္ပံဂိုဏ္းကို နတ္မိစ္ဆာကိုယ္တိုင္ ရည္
႐ြယ္ခ်က္ရွိရွိ ဝင္တိုက္ခိုက္ခဲ့တာပါ။က်န္တဲ့ အ
ႀကီးအကဲေတြနဲ႕ တပည့္ အေတာ္မ်ားမ်ားလည္း ေသကုန္ၾကၿပီလို႔ သတင္းၾကားရပါတယ္ ဂိုဏ္း
ခ်ဳပ္"

ဤစကားမ်ား ထြက္လာသည္ႏွင့္၊တံခြန္တိမ္တို
က္ဂိုဏ္းမွ တပည့္မ်ားလည္း ယခင္ကထက္ ပို၍ မ်က္ႏွာပ်က္ယြင္းသြားၾကသည္။မိုးျပာေတာင္ပံဂိုဏ္းသို႔ အလုံးအရင္း ဝင္တိုက္ခိုက္ခဲ့သည္ဟူ
ေသာ သတင္းက....မိုးျပာေတာင္ပံဂိုဏ္းသည္ တံခြန္တိမ္တိုက္ဂိုဏ္းထက္ မႀကီးလွ်င္ေတာင္ ခြန္အားျခင္း မကြာလွေသာ ဂိုဏ္းမ်ိဳးျဖစ္သည္။

"ဒါ...ဒါေပမယ့္...."

က်ီက်စ္အန္း၏ အေမးကိုေတာင္ မေစာင့္နိုင္ေတာ့ဘဲ အျခားေသာ အႀကီးအကဲ တစ္ဦးက အလ်င္စလို ျဖတ္ေမးလာ၏။

"မိုးျပာေတာင္ပံဂိုဏ္းရဲ႕ အကာအကြယ္စည္းကေရာ?အဲ့ဒီနတ္မိစ္ဆာကို မတားနိုင္ဘူးတဲ့လား?"

ကင္းလွည့္တပည့္ ျပန္ေျဖေတာ့မည့္ဆဲဆဲတြင္ လူတိုင္းသည္ ဤျပသနာ၏ အက်ိဳးဆက္ကို သေဘာေပါက္သြားၿပီး မ်က္ႏွာလည္း ျဖဴေဖ်ာ့သြားၾကေလသည္။

"နတ္မိစ္ဆာက အဲ့ဒီ အကာအကြယ္စည္းကို ဖ်က္
ဆီးခဲ့တယ္လို႔ ၾကားရပါတယ္ အႀကီးအကဲ"

လူအုပ္ႀကီးသည္ ခ်က္ခ်င္းဆိုသလို ႐ုန့္ရင္းဆန္
ခတ္ျဖစ္သြားေတာ့သည္။ဤအေျခအေနမ်ိဳးတြင္ အသံတိတ္ၾကရန္ က်ီက်စ္အန္းတစ္ေယာက္ ေအာ္ဟစ္၍ အမိန့္ေပးေနေသာ္ျငား လုံးဝအသုံးမဝင္ေတာ့ေခ်။အကာအကြယ္စည္းႀကီးမ်ားသည္ပင္ နတ္မိစ္ဆာကို မတားဆီးနိုင္ခဲ့။ဤသည္မွာ ရွင္သန္ျခင္းႏွင့္ ေသဆုံးျခင္းတို႔ အားၿပိဳင္ၾကမည့္တိုက္ပြဲမ်ိဳးျဖစ္သည္။

သို႔ႏွယ္ ႐ုန့္ရင္းဆန္ခတ္ျဖစ္ေနေသာ အခ်ိန္တြင္ ကင္းလွည့္တပည့္ ေနာက္တစ္ဦးက ေျပးဝင္လာၿပီး သတင္းပို႔၏။

"ဂိုဏ္းခ်ဳပ္၊ ကြၽန္ေတာ္တို႔ ဂိုဏ္းကို ဦးတည္ၿပီး လာေနတဲ့ လူတစ္စုကို ေတြ႕ရပါတယ္။သူတို႔ရဲ႕ အဝတ္အစားအရ မိုးျပာေတာင္ပံဂိုဏ္းက လူေတြ ျဖစ္ဖို႔မ်ားပါတယ္!"

မိုးျပာေတာင္ပံဂိုဏ္းဟူေသာ အမည္နာမက တံခြန္တိမ္တိုက္ဂိုဏ္းအတြက္မူ ေၾကာက္ခမန္းလိလိ ပစ္ခြင္းလာေသာ မိုးႀကိဳးသြားပမာ။

မိုးျပာေတာင္ပံဂိုဏ္းက လူေတြ ဘာျဖစ္လို႔ ဒီေလာက္ ျမန္ျမန္ႀကီး ေရာက္လာၾကတာလဲ?ငါတို႔ဂိုဏ္းကို အျပစ္တင္ဖို႔ လာၾကတာလား?ဒါေပမယ့္ ေနစမ္းပါအုံး ငါတို႔ဂိုဏ္းက တပည့္ရဲ႕လက္ခ်က္မွန္း ဘယ္လိုသိသြားၾကတာလဲ?

က်ီက်စ္အန္းသည္ ေမးခြန္းေပါင္းမ်ားစြာကို ဆင့္ကဲေတြးရင္း ဤျပသနာ တစ္ရပ္လုံး၏ မူလအစ တရားခံကို ျပန္သတိရသြားၿပီး မီးဟုန္းဟုန္းေတာက္ေနသည့္ႏွယ္ နာက်ည္းမုန္းတီးစြာ နီရဲေနေသာ မ်က္ဝန္းမ်ားျဖင့္ လူအုပ္ၾကားထဲသို႔ လွမ္းၾကည့္၏။သူျပန္ၾကည့္ခ်ိန္တြင္ က်န္းရီသည္ ႐ုန့္ရင္းဆန္ခတ္ျဖစ္ေနေသာ အေျခအေနကို အခြင့္ေကာင္းယူ၍ ထြက္ေျပးရန္ ႀကိဳးစားေနေၾကာင္း
ျမင္လိုက္ရၿပီး ခန္းမေဆာင္ အဝသို႔ ေရာက္ေနေခ်ၿပီ။သူ႕အေနျဖင့္ မ်က္စိတစ္မွိတ္အတြင္းမွာပင္က်န္းရီကို အဘယ္မွာ ထြက္ေျပးခြင့္ ျပဳနိုင္ပါအံ့။သို႔ႏွင့္ ခ်က္ခ်င္း ေအာ္ဟစ္ၿပီး စတင္ တိုက္ခိုက္ေတာ့သည္။

သို႔ေသာ္ နံေဘးမွ အႀကီးအကဲ ႏွစ္ဦးကမူ က်န္းရီကို ႏႈတ္ပိတ္ရန္ ႀကိဳးစားေနေသးသည္ဟု ထင္မွတ္ၿပီး က်ီက်စ္အန္းကို ဝင္တားလာၾကသည္။

"လူယုတ္မာေကာင္ ထြက္ေျပးေတာ့မယ္!"

က်ီက်စ္အန္းမွာ ေဒါသထြက္လြန္း၍ လည္ေခ်ာ
င္းထဲအထိ ေသြးမ်ား ဆန္တက္လာခဲ့သည္။

"သူကို လႊတ္ေပးလို႔ မျဖစ္ဘူး!"

လင္းရွန္းက်စ္ႏွင့္ အႀကီးအကဲေလာ့သည္လည္း က်န္းရီကို လႊတ္ေပး၍ မျဖစ္ေၾကာင္း နားလည္ထားေသာ္ျငား က်ီက်စ္အန္းကိုေတာ့ သတ္ျဖတ္ခြင့္ မေပးနိုင္ေခ်။က်ီက်စ္အန္းသာ က်န္းရီကို သတ္ခဲ့လွ်င္ သူတို႔အေနႏွင့္ ထိုေန႕ညက အမွန္တရားကို ဘယ္ေသာအခါမွ ၾကားခြင့္ရေတာ့မည္ မဟုတ္ေခ်။

"ခ်င္းခြၽမ္!!"

အႀကီးအကဲေလာ့သည္ က်ီက်စ္အန္း၏ အေရွ႕တြင္ ပိတ္ရပ္ရင္း ေလာ့ခ်င္းခြၽမ္ကို ေအာ္ေခၚလိုက္သည္။

ေလာ့ခ်င္းခြၽမ္သည္ အမိန့္ကို ၾကားသည္ႏွင့္ ေလးမွ ပစ္ခြင္းေသာ ျမားပမာ က်န္းရီ အေနာက္သို႔ ခ်က္ခ်င္း ေျပးလိုက္သြားသည္။က်ီက်စ္အန္းလည္း ထိုျမင္ကြင္းကို ျမင္ရသည္တြင္ က်န္းေရွာင္ခ်င္းႏွင့္ ရွစ္ပုေဟြ႕ကို အလ်င္စလို လွမ္းေခၚ၏။

ထိုအခ်ိန္တြင္ က်န္းရီ အနီး၌ သူ႕ကို တားဆီးလိုေသာ တပည့္မ်ား ရွိေသာ္လည္း ယြမ္စုစည္းျခင္းအဆင့္သို႔ ေရာက္ႏွင့္ၿပီးျဖစ္ရာ သာမန္တပည့္မ်ားႏွင့္ ခြန္အားခ်င္း ကြာျခားေနခဲ့သည္။သို႔ေသာ္ ခန္းမေဆာင္ အျပင္ဘက္သို႔ ထြက္ေျပးလာစဥ္တြင္ ေလာ့ခ်င္းခြၽမ္က အေနာက္သို႔ အမွီလိုက္လာခဲ့သည္။ေလာ့ခ်င္းခြၽမ္သည္ ယြမ္စုစည္းျခင္းအဆင့္သို႔ လြန္ခဲ့ေသာ ႏွစ္မ်ားကတည္းက ေရာ
က္ႏွင့္ၿပီးသူျဖစ္သည့္အျပင္ တိုက္ပြဲေပါင္းမ်ားစြာကိုလည္း ယွဥ္ၿပိဳင္ခဲ့သူျဖစ္ရာ က်န္းရီအတြက္ကိုင္တြယ္ရ လြယ္ကူသူေတာ့ မဟုတ္ပါေခ်။က်
န္းရီသည္ အရွိန္ကို ေလ်ာ့၍ တိုက္ခိုက္ရင္း တစ္ခ်ိန္တည္းမွာပင္ သတိႀကီးႀကီး ေနာက္ျပန္ဆုတ္၏။

က်န္းေရွာင္ခ်င္းလည္း ေရာက္လာၿပီး ေလာ့ခ်င္းခြၽမ္ႏွင့္အတူ က်န္းရီကို တားဆီးလာသည္။က်န္းရီသည္ သူတို႔ ႏွစ္ဦးႏွင့္ ရင္ဆိုင္ရန္ ခန္းမေဆာင္ေအာက္မွ ေတာင္တန္းမ်ားအၾကား သစ္ပင္တစ္ပင္ေရွ႕တြင္ ရပ္လိုက္သည္။

သူတို႔ ႏွစ္ဦးႏွင့္ တိုက္ခိုက္ခ်ိန္ ၾကာျမင့္လာေလေလ က်န္းရီ စိတ္မရွည္ျဖစ္လာရသည္။

ဤအေျခအေနတြင္ သူ႕အတြက္ တစ္ခုတည္းေသာ အခြင့္အေရးမွာ မၿငိမ္မသက္ျဖစ္ေနျခင္းကို အသုံးခ်၍ အျမန္ဆုံး ထြက္ေျပးရန္ျဖစ္သည္။သို႔မွမဟုတ္ဘဲ တံခြန္တိမ္တိုက္ဂိုဏ္းတြင္ ဖမ္းဆီးခံလိုက္ရပါက ေသသည္အထိ ညွင္းပန္းႏွိပ္စက္ခံရလိမ့္မည္။မဟုတ္လွ်င္ တိတ္တဆိတ္ သုတ္သင္ခံရျခင္း(သို႔) မိုးျပာေတာင္ပံဂိုဏ္းသို႔ လႊဲေျပာင္းခံရေပမည္။အရိုးရွင္းဆုံး ဆိုရေသာ္ဤေနရာတြင္ သူ႕အတြက္ အသက္ရွင္နိုင္မည့္ အခြင့္အလမ္း မရွိေခ်။

သူလြတ္ေျမာက္သြားၿပီးလွ်င္ေတာင္ ဤေနရာသို႔ ေနာက္တစ္ႀကိမ္ ခိုးဝင္လာၿပီး ဝမ္႐ႊမ့္ကို သူႏွင့္အတူ ေခၚေဆာင္သြားရမည္။ဝမ္႐ႊမ္ဟာ တံခြန္တိမ္တိုက္ဂိုဏ္းမွ ထြက္ခြာရန္ တြန့္ဆုတ္ေနလွ်င္ေတာင္ သူကေတာ့ ဝမ္႐ႊမ့္ကို တစ္ေယာက္တည္း မထားခဲ့နိုင္ေပ။ဝမ္႐ႊမ့္ကို ကယ္ထုတ္ရန္အတြက္ သတိေမ့သည္အထိ ရိုက္ႏွက္ရန္ လိုအပ္လွ်င္ေတာင္ သူလုပ္မည္ျဖစ္ၿပီး ဝမ္႐ႊမ္ နိုးလာခ်ိန္တြင္ သူ႕အေပၚ အျပစ္တင္မည္လား၊စိတ္ဆိုးမည္လားေတာ့ မသိေပ။

ဤအေၾကာင္းကို ေတြးရင္း က်န္းရီ မၿပဳံးဘဲ မေနနိုင္ေခ်။ယခုအခ်ိန္တြင္ မလြတ္ေျမာက္နိုင္ခဲ့ပါက အရာအားလုံးကို ဆုံးရႈံးသြားရေပလိမ့္မည္။

ကံေကာင္းစြာျဖင့္ တိုက္ပြဲအလယ္တြင္ က်န္းရီသည္ယြမ္စုစည္းျခင္းအဆင့္ ဝိဥာဥ္စြမ္းအင္မ်ားကို ထိန္းခ်ဳပ္ရာ၌ ပိုကြၽမ္းက်င္လာခဲ့သည္။သို႔ေပမဲ့ ေလာ့ခ်င္းခြၽမ္ႏွင့္ က်န္းေရွာင္ခ်င္းသည္လည္း ေပ်ာ့ညံ့သူမ်ား မဟုတ္ၾကေခ်။ယခုတြင္ ႏွစ္ဦးသား ပူးေပါင္းတိုက္ခိုက္ေနၾကၿပီး က်န္းရီကို ယတိျပတ္ မဖမ္းဆီးနိုင္လွ်င္ေတာင္ အလြယ္တကူ မထြက္ေျပးနိုင္ရန္ တင္းၾကပ္စြာ ပိတ္ဆို႔ထားၾကသည္။

ရွစ္ပုေဟြ႕ကမူ ယခင္အခ်ိန္မ်ားကတည္းက ေနာ
က္ေကာက္က်က်န္ခဲ့သူျဖစ္ရာ ေလာ့ခ်င္းခြၽမ္ႏွင့္ က်န္းေရွာင္ခ်င္းတို႔၏ ပူးေပါင္းတိုက္ခိုက္မႈကို အမွီမလိုက္နိုင္ေခ်။

"က်န္းရွစ္တိ"

ျပင္းထန္ေသာ တိုက္ပြဲအလယ္တြင္ က်န္းေရွာင္ခ်င္းက ႐ုတ္တရက္ အသံျပဳလာ၏။

"ငါ နင္နဲ႕ ဒီလိုမ်ိဳး ဓားခ်င္း မယွဥ္ခ်င္ဘူး။ဘာျဖ
စ္လို႔ ဒီလိုလုပ္ရတာလဲ?"

က်န္းရီက ေလွာင္ရယ္၏။

"ကြၽန္ေတာ္သာ ဘာမွ မလုပ္ခဲ့ရင္ မင္းတို႔အားလုံး အခုခ်ိန္မွာ ဒီလိုရပ္ၿပီး စကားေျပာေနနိုင္မွာေတာ
င္ မဟုတ္ဘူး!"

က်န္းေရွာင္ခ်င္းမွာ ေျပာစရာ စကားပါ ေပ်ာက္ရွသြားရသည္။အခ်ိန္အတန္ၾကာမွ နီျမန္းေနေသာ မ်က္ဝန္းမ်ားျဖင့္ စကားထပ္ဆိုလာခဲ့သည္။

"ဒါေပမယ့္ မိုးျပာေတာင္ပံဂိုဏ္းက လူေတြရဲ႕ အသက္ကလည္း လူ႕အသက္ပဲေလ...."

က်န္းရီသည္ ဤသေဘာကို နားလည္ေသာ္လ
ည္း သူ႕အတြက္ေတာ့ ခံယူခ်က္ခ်င္း မတူေပ။သူ႕ႏွလုံးသားထဲမွ တစ္ေနရာတြင္ ဝမ္႐ႊမ္ တစ္ဦးတည္း ရွိေနၿပီး က်န္လူမ်ားကေတာ့ အျခားတစ္ေနရာတြင္ ျဖစ္ၾကသည္။

"အဲ့ဒီေတာ့ ဘာျဖစ္လဲ?"

"ဟုတ္တယ္ဗ်ာ။တံခြန္တိမ္တိုက္ဂိုဏ္းကို တိုက္
ခိုက္ဖို႔ ေရာက္လာတဲ့ နတ္မိစ္ဆာကို ကြၽန္ေတာ္ကို
ယ္တိုင္ မိုးျပာေတာင္းပံဂိုဏ္းဆီ လမ္းလႊဲၿပီး မိုးျပာေတာင္ပံဂိုဏ္းက လူေတြအားလုံး ေသေအာင္ လုပ္ခဲ့တာ။ဒါေပမယ့္ ခင္ဗ်ား မေမ့နဲ႕။ဒီကိစၥေတြ အားလုံးကို ခင္ဗ်ားရဲ႕ ဆရာပဲ လုပ္ခိုင္းခဲ့တာ!"

"နင္....."

က်န္းေရွာင္ခ်င္းသည္ က်န္းရီကို နာက်ည္းမုန္းတီးစြာ ၾကည့္ရင္း ျပန္ေခ်ပေတာ့မည္အခ်ိန္တြင္ ႐ုတ္ခ်ည္းဆိုသလို က်န္းရီ၏ အေနာက္သို႔ လွမ္းၾကည့္ၿပီး အမူအရာလည္း သိသိသာသာ ေျပာင္းလဲသြားေတာ့သည္။

က်န္းရီသည္ တစ္စုံတစ္ခု မွားယြင္းေနေၾကာင္း ခံစားလိုက္ရၿပီး ေနာက္ျပန္လွည့္ၾကည့္ေတာ့မည့္ဆဲဆဲတြင္ သူ႕အေနာက္၌ ရပ္သြားေသာ ေျခသံကို ၾကားလိုက္ရၿပီး တစ္ခ်ိန္တည္းမွာပင္ အလြန္ရင္းႏွီးေသာ အသံတစ္သံ ထြက္ေပၚလာခဲ့သည္။

"က်န္းရွစ္တိ မင္းေျပာတာ အမွန္ပဲလား...?"

ထိုအသံေၾကာင့္ ျဖည္းျဖည္းခ်င္း ေခါင္းလွည့္ၾကည့္ရာ သူ႕အေနာက္တြင္ စိတ္ရႈပ္ေထြးေနေသာ မ်က္ႏွာျဖင့္ ရပ္ေနေသာ ဝမ္႐ႊမ့္ကို ျမင္လိုက္ရေလသည္။

ဝမ္႐ႊမ့္ ဝတ္႐ုံသည္ အတန္ငယ္ ဖရိုဖရဲျဖစ္ေနသည့္အျပင္ အသက္ရႈသံကပါ အေမာတေကာျဖစ္ေနေသး၏။သူသည္ သတင္းၾကားသည္ႏွင့္ အျခား ဘာကိုမွ ဂ႐ုမထားနိုင္ေတာ့ဘဲ ခ်က္ခ်င္း ေျပးထြက္လာျခင္းျဖစ္ၿပီး ဤေနရာတြင္ သူမထင္မွတ္ထားေလာက္ေသာ ျမင္ကြင္းက ရင္ဝကို ေဆာင့္ကန္လိုက္သည့္အလား ဆီးႀကိဳေန၏။

"ဝမ္ရွစ္ရႈန္း!!"

က်န္းေရွာင္ခ်င္းသည္ ဝမ္႐ႊမ့္ကို ျမင္သည္ႏွင့္ ေခါင္းထဲ၌ အေတြးေပါင္းမ်ားစြာ ျဖတ္ေျပးသြားခဲ့သည္။ဝမ္႐ႊမ့္တြင္ ၾကား၍ပင္ မသင့္ေတာ္ေသာ ေမြးဖြားမႈဇစ္ျမစ္မ်ိဳး ရွိေသာ္လည္း သူမတို႔ႏွင့္ ရ
င္းႏွီးခဲ့ဖူးေသာ ဝမ္ရွစ္ရႈန္းသာ ျဖစ္ေနအုံးမည္ဟု ယူဆခဲ့သည္။

"က်န္းရွစ္တိကို အျမန္ ကူတားေပးပါအုံး။သူလြ
တ္သြားလို႔ မျဖစ္ဘူး။သူသာ လြတ္သြားရင္ ညီမတို႔ တံခြန္တိမ္တိုက္ဂိုဏ္းကေတာ့ မိုးျပာေတာင္ပံဂိုဏ္းကို တစ္သက္လုံး မ်က္ႏွာခ်င္းဆိုင္ရဲေတာ့မွာေတာင္ မဟုတ္ဘူး!"

က်န္းေရွာင္ခ်င္း၏ ႏွလုံးသားထဲတြင္၊မည္သို႔ေသာ အျဖစ္အပ်က္မ်ိဳး ျဖစ္ပ်က္ခဲ့ပါေစ ဝမ္႐ႊမ္ဟာ အရာအားလုံးထက္ တံခြန္တိမ္တိုက္ဂိုဏ္းအေပၚ အစဥ္အၿမဲ သစၥာရွိစြာ ခ်စ္ခင္ေနအုံးမည္ဟု ထင္ခဲ့သည္။

က်န္းရီသည္ ထိုစကားေၾကာင့္ ခ်က္ခ်င္း ထိတ္လန့္သြားၿပီး ေလာ့ခ်င္းခြၽမ္၏ တိုက္ခိုက္မႈကို ေရွာင္တိမ္းရန္ပင္ ေမ့ေလ်ာ့သြားခဲ့သည္။ထို႔ေနာက္ နတ္ဓားပ်ံကို ဝမ္႐ႊမ္ ထုတ္လိုက္ေၾကာင္း သူျမင္လိုက္ရသည္။

က်န္းရီ၏ ႏွလုံးသားတြင္ ေရခဲအတိ ျပည့္ႏွက္ေနေသာ ပင္လယ္ထဲသို႔ နစ္ျမဳပ္ေတာ့မည့္ဆဲဆဲတြင္ ဝမ္႐ႊမ္က တိုးညွင္းစြာ စကားဆိုလာခဲ့သည္။

"က်န္းရွစ္တိ...ငါ မင္းကို ဘာေတြျဖစ္ခဲ့လဲဆိုတာ ေနာက္မွပဲ ေမးေတာ့မယ္"

ဝမ္႐ႊမ္ဟာ စကားအဆုံးတြင္ နတ္ဓားပ်ံကို လႊဲယ
မ္းလိုက္ေလသည္။

ထိုဓားခ်က္သည္ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ၾကည့္ေနေသာ က်န္းေရွာင္ခ်င္းကို အလုံးအရင္း တိုက္ခိုက္ၿပီး ေနာက္ျပန္လဲက်သြားေစခဲ့သည္။

ဝမ္႐ႊမ္သည္ ဘယ္လက္ျဖင့္ က်န္းရီ၏ တံေတာ
င္ကို ဆြဲရင္း ညာလက္ျဖင့္ အေရွ႕သို႔ ဓားျဖင့္ ႐ြယ္ထားၿပီး က်န္းရီကို တိုက္ခိုက္လာေသာ ဓားခ်က္တိုင္းကို ကာကြယ္ေပးလ်က္ စကားတစ္ခြန္းသာ ဆိုခဲ့သည္။

"သြားရေအာင္!"

............................................................................

Continue Reading

You'll Also Like

7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
36.7K 4.4K 51
Title- Dressed as The School Grass's ex Boyfriend Description ကျင်းစစ် : သင်္ချာပုစ္ဆာတွေကလည်း ဖြေရှင်းရခက်သလို စာမေးပွဲတွေကလည်း စိတ်ဝင်စားစရာမကောင်...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
16.1K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...