ခင္ဗ်ားေရ

De ElsaElsa288061

16.9K 627 170

အေတြးအပိုင္းအစကေလးမ်ား၊ Mais

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
42

40

346 7 0
De ElsaElsa288061

[Zawgyi]
ကားဂိတ္တစ္ေနရာတြင္ျဖစ္သည္။
မနက္၈နာရီထိုးဖို႔ရာ တစ္ဆယ့္ငါးမိနစ္သာလိုေတာ့တာေၾကာင့္ကားစပါယ္ယာ၏ ကားေပၚတတ္ၾကရန္ေဆာ္ၾသေနသည့္အသံက ဆူညံစြာထြက္ေပၚလာ၏။

ေဆာင္းရာသီ၏နံနက္ခင္းပိုင္းသည္ ထင္သေလာက္ႀကီးေအးမေနဘူးဟုထင္သည္။စိတ္ခံစားခ်က္ေကာင္းေနတာေၾကာင့္လည္းျဖစ္မည္။ေက်ာပိုးအိတ္ကအစြန္းထြက္ေနတဲ့ႀကိဳးစကို လက္နွစ္ဖက္နဲ႔ ခပ္တင္းတင္းကိုင္ထားၿပီး ကားေဘးမွာရပ္ေနတဲ့ လူေတြစီအၾကည့္ေဝ့ၿပီးရွာေနမိသည္။

ေျခလွမ္းေတြကလဲတတ္ႂကြေနၿပီး တိမ္ေတြေပၚမွာေလ်ွာက္ေနရသလိုကိုဟုထင္မိေနသည္။ပ်ားပန္းခတ္တမ်ွ လႈတ္ရွားေနၾကတဲ့လူေတြအထဲမွာမွ လက္လွမ္းျပေနသည့္အကို႔ဆီသို႔တန္းတန္းမက္မက္ေျပးသြားလိုက္ေတာ့၏။

"ေရာက္ေနတာ ၾကာၿပီလား အကို.."

ဖလန္ထည္အက်ိႌအျပာကြက္လက္ရွည္နွင့္ဂ်င္းေဘာင္းဘီရွည္တစ္ထည္သာဝတ္ဆင္ထားသည့္ အဲ့ဒီလူက ငါ့ကိုေတြ႕ေတာ့ ၿပံဳးျပၿပီး လက္ကိုလာဆြဲသည္။ခပ္ႀကီးႀကီးလက္ဖဝါးၾကမ္းႀကီးေတြထဲမွာ ေသးသြယ္ေနတဲ့ငါ့လက္ကေလးက စုန္းစုန္းျမဳတ္သြားတာကို ၾကည့္ၿပီးဟိကနဲရီလိုက္မိတယ္။

"မၾကာေသးဘူး အရူးမေလးရဲ႕.."

အကိုရဲ႕ က်န္တဲ့လက္တစ္ဖက္က ငါ့ေခါင္းေပၚဖြဖြကေလးေရာက္လာတယ္၊ ၿပီးေတာ့ ေျဖးေျဖးေလးပုတ္ေပးၿပီး ဆံပင္ေတြကို အနည္းငယ္ ပြရႈတ္ေအာင္လုပ္ပစ္လိုက္တယ္။

"အာ...ဆံပင္ေတြပြကုန္ၿပီ"

ငါနႈတ္ခမ္းဆူသြားတာေတာင္အကုိက အၿပံဳးမပ်က္ေသးဘူး။ဟုတ္သားပဲ ငါအခု အကို႔ေနာက္ကို ခိုးရာလိုက္ေတာ့မွာေလ။

"မင္းသမီးေလးက အကို႔ေနာက္ကိုလိုက္ၿပီးပင္ပမ္းမွာကိုမေၾကာက္ဘူးလား..."

အကို႔မ်က္နွာ ခပ္ႏြမ္းႏြမ္းရယ္၊ ငါ့ကိုအားနာေနပံုရသည္။ငါ့လက္ေတြကိုဆုတ္ကိုင္ထားတဲ့အကို႔လက္ဖဝါးေတြကေတာ့ အခုခ်ိန္ထိေႏြးေနတုန္းပဲ။ငါတို႔တြဲထားတဲ့လက္ေတြကိုအကိုျမင္ေအာင္ေျမႇာက္ျပလိုက္တယ္။

"ဟင့္အင္း...ငါမေၾကာက္ပါဘူး၊ အခု မင္းသမီးေလးက ေန ဘုရင္မျဖစ္ေတာ့မွာလို႔ ခံစားေနရတယ္ ."

"ဘာျဖစ္လို႔..."

သူေျပာလိုက္ေတာ့ေကာင္မေလးမ်က္နွာေလးသည္ စိတ္ႀကီးဝင္သလိုမ်က္နွာေဘးျဖစ္သြား၏။ေလာကဒဏ္သည္ထင္သေလာက္မရိုးစင္းေၾကာင္းကို ကေလးမကသိပံုမေပၚ၊ ထို႔ေၾကာင့္ သူက ပို၍ႀကိဳးစားရေပအံုးမည္။

"အကိုငါ့အနားမွာရွိေနလို႔ ငါကမၻာၿကီးတစ္ခုလံုးေတာင္ပိုင္သြားၿပီလို႔ ခံစားေနရတယ္၊ ဘုရင္မႀကီးေတြလိုမ်ိဳးေလ...သိတယ္ မဟုတ္လား.."

အကိုက ၿပံဳးၿမဲၿပံဳးေနတယ္။အကိုမ်က္နွာက တကယ့္ေရစင္ေတြလိုပဲ သိပ္ကိုေအးျမတာပဲ၊ ဖ်က္ခနဲၿပံဳးလိုက္တာေတာင္ ေငးခနဲျဖစ္ရတယ္။

"ကဲ...ကဲ...မိတ္ေဆြေလးတို႔၊ ကားထြက္ေတာ့မွာ တတ္ၾကပါေတာ့.."

စပါယ္ယာအကိုၿကီးက ၿပံဳးစိစိနဲ႔လာေျပာတယ္။ ငါကအကို႔လက္ေမာင္းကိုတြဲခိုၿပီးေခါင္းညိမ့္ျပေတာ့ အကိုကသေဘာေတြက်လို႔။

"ဘုရင္မႀကီးခင္ဗ်ာ....ကားေပၚတတ္လို႔ရပါၿပီဗ်.."

"ေကာင္းပါၿပီ ေမာင္ေတာ္ဘုရာ႕..."

"အရူးမ.."

အကိုက ငါ့လက္ကိုဆြဲလို႔ တရိုတေသေျပာေတာ့ ငါကပါသံေယာင္လိုက္ေပးရတာေပါ့။ေဟာ ကဲ ၾကည့္ အကိုငါ့ေခါင္းက ဆံပင္ေတြကိုပြေအာင္ထပ္လုပ္ျပန္ၿပီ။

အဲ့ဒီအကိုဟာေလ တကယ္ကို ဘယ္လိုဟာေလးတုန္းမသိဘူး။

ကားစီးေတာ့ ငါတို႔က ေနာက္ဆံုးခံုသြားက်တယ္။ခပ္ေစာေစာကတင္တတ္ႂကြေနတဲ့ငါက မွန္လံုကားေပၚေရာက္တာနဲ႔ ေပ်ာ့ေခြလို႔၊ ကားမူးတတ္တဲ့ငါ့ကို တစ္လမ္းလံုးအကိုကျပဳစုသြားရျပန္တယ္။

ဘယ္မလဲ ရိုမန္႔တစ္ ဆန္ဆန္ ခိုးရာလိုက္ျခင္းမ်ိဳးေလ။

အကို႔ပခံုးေပၚမွီလို႔ ငါ့မ်က္လံုးေတြကိုေမွးစင္းထားလိုက္တယ္။တစ္ဒိတ္ဒိတ္ျမည္ေနတဲ့ အကို႔နွလံုးခုန္သံကငါ့နားစည္ကို အက်ယ္ႀကီး အက်ယ္ႀကီး လာၿပီးမိတ္ဆတ္ေတာ့ ျဖဴေဖ်ာ့ေနတဲ့ၾကားကေန မသိမသာေလးခိုးၿပံဳးလိုက္မိျပန္တယ္။

ခ်စ္လိုက္တာ အကိုရာ။

အေျဖေပးၿပီးေနာက္တစ္ေန႔က၊ အဲ့ဒီေန႔က အေျခအေနကိုေတာင္ျပန္ေတြးမိေနေသးတယ္။

စမ္းေခ်ာင္းကေလးေဘးကေနခ်ိန္းေတြ႕ၿပီးအျပန္တုန္းကေလ၊ အကို႔လက္ေတြကို တြဲထားၿပီး ငါေျပာခဲ့တုန္းကေပါ့။

"ဒီလက္ေတြကို ဘယ္ေတာ့မွ မျဖဳတ္ဘူးအကို၊ ငါအကုိ႔လက္ေတြကိုစတြဲခဲ့ကတည္းက ငါ့အသက္နဲ႔ခနၶာေကာ နွလံုးသားတစ္ခုလံုးကိုပါ အကို႔လက္ဖဝါးေတြထဲ ထည့္ေပးခဲ့တာ။"

ငါတို႔အိမ္ျပန္တဲ့လမ္းကေလးေရာက္ေတာ့ အကိုကစက္ဘီးနင္းတယ္၊ ငါကေတာ့ အကို႔ခါးကိုဖတ္ၿပီးအေနာက္ကေနထိုင္ၿပီးလိုက္လာတာေပါ့။

စေတြ႕ကတည္းက ငါ့လူဆိုတဲ့ သတ္မွတ္ခ်က္မ်ိဳးခံစားလိုက္ရတဲ့ငါက အကို႔ကို အခ်ိန္ခဏေလးနဲ႔ျပန္ခ်စ္ခဲ့တာကိုေတာ့ယံု။

ေလေျပေလႏုကေလးေတြက ငါတို႔နွစ္ေယာက္ၾကားကေနပြတ္တိုက္က်ီစယ္ၿပီး ရွက္စဖြယ္စေနာက္ေနတာကိုၾကားတိုင္း ငါကေတာ့အကို႔ခါးကိုပိုတိုးဖတ္ၿပီး ျပန္ေခ်ပပစ္တာပဲ။

"အကို ငါ့ကို ခ်စ္လား"

"ခ်စ္တာေပါ့ အရူးမရဲ႕.."

အကိုက ခပ္ေသာေသာရယ္ရင္း သူ႔ခါးကိုဖတ္ထားတဲ့ ငါ့လက္ေတြကိုဖြြဖြေလးညႇစ္ၿပီးျပန္ေျဖတယ္။ေဘးတစ္ဖက္တစ္ခ်က္စီက ေတာပန္းကေလးေတြေပၚမွာ လိပ္ျပာေရာင္စံုကေလးေတြ ဟိုဟိုဒီဒီဝဲပ်ံေနတယ္။

တစ္ေန႔ေန႔မွ အကိုနဲ႔အတူတူ ေတာပန္းကေလးေတြနားမွာ သီခ်င္းဆိုၿပီး စံုတြဲအက ကခ်င္ပါေသးတယ္။

ေႏြဦးရဲ႕အေငြ႕အသတ္ေတြလိုမ်ိဳးေႏြးေထြးတဲ့အၿပံဳးပိုင္ရွင္ေကာင္ကေလးနဲ႔က်ားသစ္မေလးလို စိတ္ႀကီးဝင္ၿပီး မာန္ဖီေနတတ္တဲ့ ခပ္ဆိုးဆိုးေကာင္မေလးက လိုက္ဖက္ညီတဲ့အတြဲေတြပါေပါ့။

"တကယ္ေျပာတာ အကိုငါ့အနားမွာရွိေနတာက ျပည့္စံုမႈပဲ"

"စကားေတြတတ္ေနတာပဲ အကို႔ေၾကာင္မေလးက.."

"က်ားပါဆို !"

"ပြတ္သီးပြတ္သပ္နဲ႔ ကပ္ခြၽဲတတ္တာက ေၾကာင္မေလးေလကြာ..."

"ငါက အကို႔မိုလို႔ ကပ္ခြၽဲတာပါေနာ္.."

အသက္၄နွစ္ေလာက္ငယ္တဲ့ေကာင္မေလးက တကယ့္ကိုအဆိုးကေလး။ဘယ္လိုေျပာေျပာ အရိုင္းတုန္းေလးက ခ်စ္စရာေကာင္းလြန္းသည္။ေကာင္မစုတ္ကေလးက ကမၻာႀကီးကိုအပိုင္ရေနသလိုမ်ိဳးခံစားရတယ္ဆိုရင္ ကိုယ္ကလည္း ျပီးျပည့္စံုတဲ့ကမၻာကိုဖန္တီးေပးမည္ျဖစ္သည္။

ခ်စ္ရတဲ့အခြၽဲေလးက ကားမူးလို႔ ရင္ခြင္ထဲေခါင္းထိုးကာေနေလၿပီ။ဆံႏြယ္တို႔အုပ္ကာထားတဲ့နဖူးေျပာင္ေျပာင္ေလးကို ဖြဖြေလးအနမ္းေခြၽလိုက္တယ္။

"အရူးမေလး..."

အကို႔ရဲ႕မပီမျပင္ေရ႐ြတ္သံကိုၾကားေတာ့ ၿပံဳးမိလိုက္တယ္။ဒီလူ႔ရင္ခြင္ထဲ ခိုဝင္ေနရသည္ကိုက အရာအားလံုးပဲ။

ကမၻာႀကီးရဲ႕အျမင့္ဆံုးေနရာမွာ ရပ္ေနရသလိုမ်ိဳးေလ...။
တစ္ေလာကလံုးကို အေပၚစီးကေနျမင္ေနရသလိုမ်ိဳး။
အရာအားလံုးအပိုင္စားရထားသလိုမ်ိဳး။
ကမၻာေျမနဲ႔ထိစပ္ေနတဲ့နိဗၺာန္ဘံုက ခင္ဗ်ားပဲျဖစ္မယ္ထင္တယ္။

ဖမ္းဆုတ္ထားတဲ့ လက္ဖဝါးေတြက လြန္ခဲ့တဲ့၂နွစ္တုန္းကလို ေႏြးေထြးေနတုန္း။
ခ်စ္သူစျဖစ္ကာစတုန္းကလို ရင္ခုန္သံေတြဟာလည္းလက္ဆတ္ေနတုန္း။

တကယ္ေျပာတာ...အကိုရယ္...ခင္ဗ်ားအနားမွာရွိေနတာကေလ ကမၻာႀကီးတစ္ခုလံုးကို အပိုင္ရလိုက္သလိုပဲ၊ ငါ့မွာ ေျမာက္ႂကြႂကြနဲ႔ရယ္။

ကားႀကီးသည္လည္း တညိမ့္ညိမ့္နွင့္ခပ္ေအးေအးသာေမာင္းနွင္ေနသည္။

နားၾကပ္စီမွ တိုးထြက္လာသည့္ Carpenters၏Top of the worldသီခ်င္းသံသည္လည္း ၿငိမ့္ၿငိမ့္ေညာင္းေညာင္းစီးဝင္လာ၏။

ဟုတ္တယ္...မင္းက ငါေတြ႕ဖူးသမ်ွထဲမွာ နိဗၺာနဲ႔ အနီးစပ္ဆံုးပဲ။
ကမၻာႀကီးရဲ႕ ထိပ္ဆံုးကေန သဘာဝတရားႀကီးကို ငံု႔ၾကည့္ေနရသလို ခံစားေနရတယ္၊
ဘာေၾကာင့္လဲဆိုတဲ့ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္က၊
ငါ့အနားမွာ မင္းရွိကတည္းက ေတြ႕ခဲ့တဲ့အခ်စ္ေၾကာင့္ေပါ့။
မင္းရဲ႕အခ်စ္က ငါ့ကိုကမၻာႀကီးရဲ႕ ထိပ္ဆံုးမွာ ရွိေနရသလိုပဲ။


[Unicode]
ကားဂိတ်တစ်နေရာတွင်ဖြစ်သည်။
မနက်၈နာရီထိုးဖို့ရာ တစ်ဆယ့်ငါးမိနစ်သာလိုတော့တာကြောင့်ကားစပါယ်ယာ၏ ကားပေါ်တတ်ကြရန်ဆော်သြနေသည့်အသံက ဆူညံစွာထွက်ပေါ်လာ၏။

ဆောင်းရာသီ၏နံနက်ခင်းပိုင်းသည် ထင်သလောက်ကြီးအေးမနေဘူးဟုထင်သည်။စိတ်ခံစားချက်ကောင်းနေတာကြောင့်လည်းဖြစ်မည်။ကျောပိုးအိတ်ကအစွန်းထွက်နေတဲ့ကြိုးစကို လက်နှစ်ဖက်နဲ့ ခပ်တင်းတင်းကိုင်ထားပြီး ကားဘေးမှာရပ်နေတဲ့ လူတွေစီအကြည့်ဝေ့ပြီးရှာနေမိသည်။

ခြေလှမ်းတွေကလဲတတ်ကြွနေပြီး တိမ်တွေပေါ်မှာလျှောက်နေရသလိုကိုဟုထင်မိနေသည်။ပျားပန်းခတ်တမျှ လှုတ်ရှားနေကြတဲ့လူတွေအထဲမှာမှ လက်လှမ်းပြနေသည့်အကို့ဆီသို့တန်းတန်းမက်မက်ပြေးသွားလိုက်တော့၏။

"ရောက်နေတာ ကြာပြီလား အကို.."

ဖလန်ထည်အကျိႌအပြာကွက်လက်ရှည်နှင့်ဂျင်းဘောင်းဘီရှည်တစ်ထည်သာဝတ်ဆင်ထားသည့် အဲ့ဒီလူက ငါ့ကိုတွေ့တော့ ပြုံးပြပြီး လက်ကိုလာဆွဲသည်။ခပ်ကြီးကြီးလက်ဖဝါးကြမ်းကြီးတွေထဲမှာ သေးသွယ်နေတဲ့ငါ့လက်ကလေးက စုန်းစုန်းမြုတ်သွားတာကို ကြည့်ပြီးဟိကနဲရီလိုက်မိတယ်။

"မကြာသေးဘူး အရူးမလေးရဲ့.."

အကိုရဲ့ ကျန်တဲ့လက်တစ်ဖက်က ငါ့ခေါင်းပေါ်ဖွဖွကလေးရောက်လာတယ်၊ ပြီးတော့ ဖြေးဖြေးလေးပုတ်ပေးပြီး ဆံပင်တွေကို အနည်းငယ် ပွရှုတ်အောင်လုပ်ပစ်လိုက်တယ်။

"အာ...ဆံပင်တွေပွကုန်ပြီ"

ငါနှုတ်ခမ်းဆူသွားတာတောင်အကိုက အပြုံးမပျက်သေးဘူး။ဟုတ်သားပဲ ငါအခု အကို့နောက်ကို ခိုးရာလိုက်တော့မှာလေ။

"မင်းသမီးလေးက အကို့နောက်ကိုလိုက်ပြီးပင်ပမ်းမှာကိုမကြောက်ဘူးလား..."

အကို့မျက်နှာ ခပ်နွမ်းနွမ်းရယ်၊ ငါ့ကိုအားနာနေပုံရသည်။ငါ့လက်တွေကိုဆုတ်ကိုင်ထားတဲ့အကို့လက်ဖဝါးတွေကတော့ အခုချိန်ထိနွေးနေတုန်းပဲ။ငါတို့တွဲထားတဲ့လက်တွေကိုအကိုမြင်အောင်မြှောက်ပြလိုက်တယ်။

"ဟင့်အင်း...ငါမကြောက်ပါဘူး၊ အခု မင်းသမီးလေးက နေ ဘုရင်မဖြစ်တော့မှာလို့ ခံစားနေရတယ် ."

"ဘာဖြစ်လို့..."

သူပြောလိုက်တော့ကောင်မလေးမျက်နှာလေးသည် စိတ်ကြီးဝင်သလိုမျက်နှာဘေးဖြစ်သွား၏။လောကဒဏ်သည်ထင်သလောက်မရိုးစင်းကြောင်းကို ကလေးမကသိပုံမပေါ်၊ ထို့ကြောင့် သူက ပို၍ကြိုးစားရပေအုံးမည်။

"အကိုငါ့အနားမှာရှိနေလို့ ငါကမ္ဘာကြီးတစ်ခုလုံးတောင်ပိုင်သွားပြီလို့ ခံစားနေရတယ်၊ ဘုရင်မကြီးတွေလိုမျိုးလေ...သိတယ် မဟုတ်လား.."

အကိုက ပြုံးမြဲပြုံးနေတယ်။အကိုမျက်နှာက တကယ့်ရေစင်တွေလိုပဲ သိပ်ကိုအေးမြတာပဲ၊ ဖျက်ခနဲပြုံးလိုက်တာတောင် ငေးခနဲဖြစ်ရတယ်။

"ကဲ...ကဲ...မိတ်ဆွေလေးတို့၊ ကားထွက်တော့မှာ တတ်ကြပါတော့.."

စပါယ်ယာအကိုကြီးက ပြုံးစိစိနဲ့လာပြောတယ်။ ငါကအကို့လက်မောင်းကိုတွဲခိုပြီးခေါင်းညိမ့်ပြတော့ အကိုကသဘောတွေကျလို့။

"ဘုရင်မကြီးခင်ဗျာ....ကားပေါ်တတ်လို့ရပါပြီဗျ.."

"ကောင်းပါပြီ မောင်တော်ဘုရာ့..."

"အရူးမ.."

အကိုက ငါ့လက်ကိုဆွဲလို့ တရိုတသေပြောတော့ ငါကပါသံယောင်လိုက်ပေးရတာပေါ့။ဟော ကဲ ကြည့် အကိုငါ့ခေါင်းက ဆံပင်တွေကိုပွအောင်ထပ်လုပ်ပြန်ပြီ။

အဲ့ဒီအကိုဟာလေ တကယ်ကို ဘယ်လိုဟာလေးတုန်းမသိဘူး။

ကားစီးတော့ ငါတို့က နောက်ဆုံးခုံသွားကျတယ်။ခပ်စောစောကတင်တတ်ကြွနေတဲ့ငါက မှန်လုံကားပေါ်ရောက်တာနဲ့ ပျော့ခွေလို့၊ ကားမူးတတ်တဲ့ငါ့ကို တစ်လမ်းလုံးအကိုကပြုစုသွားရပြန်တယ်။

ဘယ်မလဲ ရိုမန့်တစ် ဆန်ဆန် ခိုးရာလိုက်ခြင်းမျိုးလေ။

အကို့ပခုံးပေါ်မှီလို့ ငါ့မျက်လုံးတွေကိုမှေးစင်းထားလိုက်တယ်။တစ်ဒိတ်ဒိတ်မြည်နေတဲ့ အကို့နှလုံးခုန်သံကငါ့နားစည်ကို အကျယ်ကြီး အကျယ်ကြီး လာပြီးမိတ်ဆတ်တော့ ဖြူဖျော့နေတဲ့ကြားကနေ မသိမသာလေးခိုးပြုံးလိုက်မိပြန်တယ်။

ချစ်လိုက်တာ အကိုရာ။

အဖြေပေးပြီးနောက်တစ်နေ့က၊ အဲ့ဒီနေ့က အခြေအနေကိုတောင်ပြန်တွေးမိနေသေးတယ်။

စမ်းချောင်းကလေးဘေးကနေချိန်းတွေ့ပြီးအပြန်တုန်းကလေ၊ အကို့လက်တွေကို တွဲထားပြီး ငါပြောခဲ့တုန်းကပေါ့။

"ဒီလက်တွေကို ဘယ်တော့မှ မဖြုတ်ဘူးအကို၊ ငါအကို့လက်တွေကိုစတွဲခဲ့ကတည်းက ငါ့အသက်နဲ့ခန္ဓာကော နှလုံးသားတစ်ခုလုံးကိုပါ အကို့လက်ဖဝါးတွေထဲ ထည့်ပေးခဲ့တာ။"

ငါတို့အိမ်ပြန်တဲ့လမ်းကလေးရောက်တော့ အကိုကစက်ဘီးနင်းတယ်၊ ငါကတော့ အကို့ခါးကိုဖတ်ပြီးအနောက်ကနေထိုင်ပြီးလိုက်လာတာပေါ့။

စတွေ့ကတည်းက ငါ့လူဆိုတဲ့ သတ်မှတ်ချက်မျိုးခံစားလိုက်ရတဲ့ငါက အကို့ကို အချိန်ခဏလေးနဲ့ပြန်ချစ်ခဲ့တာကိုတော့ယုံ။

လေပြေလေနုကလေးတွေက ငါတို့နှစ်ယောက်ကြားကနေပွတ်တိုက်ကျီစယ်ပြီး ရှက်စဖွယ်စနောက်နေတာကိုကြားတိုင်း ငါကတော့အကို့ခါးကိုပိုတိုးဖတ်ပြီး ပြန်ချေပပစ်တာပဲ။

"အကို ငါ့ကို ချစ်လား"

"ချစ်တာပေါ့ အရူးမရဲ့.."

အကိုက ခပ်သောသောရယ်ရင်း သူ့ခါးကိုဖတ်ထားတဲ့ ငါ့လက်တွေကိုဖွဖွလေးညှစ်ပြီးပြန်ဖြေတယ်။ဘေးတစ်ဖက်တစ်ချက်စီက တောပန်းကလေးတွေပေါ်မှာ လိပ်ပြာရောင်စုံကလေးတွေ ဟိုဟိုဒီဒီဝဲပျံနေတယ်။

တစ်နေ့နေ့မှ အကိုနဲ့အတူတူ တောပန်းကလေးတွေနားမှာ သီချင်းဆိုပြီး စုံတွဲအက ကချင်ပါသေးတယ်။

နွေဦးရဲ့အငွေ့အသတ်တွေလိုမျိုးနွေးထွေးတဲ့အပြုံးပိုင်ရှင်ကောင်ကလေးနဲ့ကျားသစ်မလေးလို စိတ်ကြီးဝင်ပြီး မာန်ဖီနေတတ်တဲ့ ခပ်ဆိုးဆိုးကောင်မလေးက လိုက်ဖက်ညီတဲ့အတွဲတွေပါပေါ့။

"တကယ်ပြောတာ အကိုငါ့အနားမှာရှိနေတာက ပြည့်စုံမှုပဲ"

"စကားတွေတတ်နေတာပဲ အကို့ကြောင်မလေးက.."

"ကျားပါဆို !"

"ပွတ်သီးပွတ်သပ်နဲ့ ကပ်ချွဲတတ်တာက ကြောင်မလေးလေကွာ..."

"ငါက အကို့မိုလို့ ကပ်ချွဲတာပါနော်.."

အသက်၄နှစ်လောက်ငယ်တဲ့ကောင်မလေးက တကယ့်ကိုအဆိုးကလေး။ဘယ်လိုပြောပြော အရိုင်းတုန်းလေးက ချစ်စရာကောင်းလွန်းသည်။ကောင်မစုတ်ကလေးက ကမ္ဘာကြီးကိုအပိုင်ရနေသလိုမျိုးခံစားရတယ်ဆိုရင် ကိုယ်ကလည်း ပြီးပြည့်စုံတဲ့ကမ္ဘာကိုဖန်တီးပေးမည်ဖြစ်သည်။

ချစ်ရတဲ့အချွဲလေးက ကားမူးလို့ ရင်ခွင်ထဲခေါင်းထိုးကာနေလေပြီ။ဆံနွယ်တို့အုပ်ကာထားတဲ့နဖူးပြောင်ပြောင်လေးကို ဖွဖွလေးအနမ်းချွေလိုက်တယ်။

"အရူးမလေး..."

အကို့ရဲ့မပီမပြင်ရေရွတ်သံကိုကြားတော့ ပြုံးမိလိုက်တယ်။ဒီလူ့ရင်ခွင်ထဲ ခိုဝင်နေရသည်ကိုက အရာအားလုံးပဲ။

ကမ္ဘာကြီးရဲ့အမြင့်ဆုံးနေရာမှာ ရပ်နေရသလိုမျိုးလေ...။
တစ်လောကလုံးကို အပေါ်စီးကနေမြင်နေရသလိုမျိုး။
အရာအားလုံးအပိုင်စားရထားသလိုမျိုး။
ကမ္ဘာမြေနဲ့ထိစပ်နေတဲ့နိဗ္ဗာန်ဘုံက ခင်ဗျားပဲဖြစ်မယ်ထင်တယ်။

ဖမ်းဆုတ်ထားတဲ့ လက်ဖဝါးတွေက လွန်ခဲ့တဲ့၂နှစ်တုန်းကလို နွေးထွေးနေတုန်း။
ချစ်သူစဖြစ်ကာစတုန်းကလို ရင်ခုန်သံတွေဟာလည်းလက်ဆတ်နေတုန်း။

တကယ်ပြောတာ...အကိုရယ်...ခင်ဗျားအနားမှာရှိနေတာကလေ ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်ရလိုက်သလိုပဲ၊ ငါ့မှာ မြောက်ကြွကြွနဲ့ရယ်။

ကားကြီးသည်လည်း တညိမ့်ညိမ့်နှင့်ခပ်အေးအေးသာမောင်းနှင်နေသည်။

နားကြပ်စီမှ တိုးထွက်လာသည့် Carpenters၏Top of the worldသီချင်းသံသည်လည်း ငြိမ့်ငြိမ့်ညောင်းညောင်းစီးဝင်လာ၏။

ဟုတ်တယ်...မင်းက ငါတွေ့ဖူးသမျှထဲမှာ နိဗ္ဗာနဲ့ အနီးစပ်ဆုံးပဲ။
ကမ္ဘာကြီးရဲ့ ထိပ်ဆုံးကနေ သဘာဝတရားကြီးကို ငုံ့ကြည့်နေရသလို ခံစားနေရတယ်၊
ဘာကြောင့်လဲဆိုတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က၊
ငါ့အနားမှာ မင်းရှိကတည်းက တွေ့ခဲ့တဲ့အချစ်ကြောင့်ပေါ့။
မင်းရဲ့အချစ်က ငါ့ကိုကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရှိနေရသလိုပဲ။

Continue lendo

Você também vai gostar

627K 23K 51
အချစ်ကဘာလဲလို့မေးတော့ သူပြန်ဖြေတာက အချစ်ဟာအဆင်ပြေမှုပဲတဲ့။
15.2K 870 15
❗არის +18 ❗ რა მოხდება მაშინ, როცა შენი მასწავლებელი შენთან სწავლის ნაცვლად , სულ სხვა მიზეზის გამო დაიწყებს ცხოვრებას? და თუ მის მიმართ გრძნობები გი...
195K 18.3K 53
គេគឺជាមនុស្សម្នាក់ដែរអាចធ្វើឲ្យបុរសដូចខ្ញុំលង់ស្រលាញ់ត្រឹមរយះពេលខ្លី គេប្រៀបដូចជាអទិទេពដែរស្រូបយកអ្វីៗគ្រប់យ៉ាងពីខ្ញុំ! ជុងហ្គុក អុីណារៀល X ថេយ៏យ៉ុង...