* ဒုတ် ဒုတ် * * ဒုတ် ဒုတ် *
အလွန်အမင်း စိတ်လှုပ်ရှားနေမှုကြောင့် နှလုံးခုန်သံတွေကနားစည်အတွင်းမှာပါ ပဲ့တင်ထပ်လို့နေတယ် ... ဒီနေ့ ကျွန်တော့် Final Exam ပထမဆုံးနေ့ ... မနက်ထဲက လူက ထိုင်ရမလို ၊ ထရမလိုနဲ့ တစ်ယောက်ထဲ ယောက်ယပ်တွေခတ်နေမိတာ .... လိုအပ်တဲ့ ကျောင်းသားကတ် ဘောပင်တွေကိုလည်း ပြန်စစ်နေမိတာက အကြိမ် ၁၀၀ မကတော့ဖူး ... စိတ်ငြိမ်အောင်လို့ ရေတွေ လှိမ့်သောက်နေမိတာကြောင့် လူက ကျောင်းမသွားရသေးခင် အိမ်သာကိုပဲ အခါ ၃၀ လောက်ဝင်နေရတယ် ...
'' ညီလေး ... ''
'' ဗျာ ''
'' စာမေးပွဲဖြေတာက စိတ်ကိုအေးအေးထားနော် ... ငါ့ညီလေး ကြိုးစားပြီး ကျက်ထားတာတွေပဲ မေးမှာသိလား .. မေးခွန်းစာရွက်ရပြီးရင် မဖတ်နဲ့ဦး အရင်ဆုံး စိတ်ကို အေးအေးထား ... အသက်ကို ဝဝရှုပြီးမှ စဖတ်နော် ... နောက်တော့လည်း ... ''
အကို Mile နဲ့ အကို Apo က ကျွန်တော့်ကိုစိတ်မချတာကြောင့် ကျောင်းအထိလိုက်ပို့ပေးနေရင်း အားပေးစကားတွေပြောနေပေမယ့် ရင်တွေတုန်နေမိတာက ဘယ်လိုမှထိန်းချုပ်လို့မရ .... ဟူး ...
'' အကို Apo ''
'' ဟင် .. ပြော .. ''
'' ဆရာ့ကို ဖုန်းခေါ်ပေးပါလား ဟင် .. သား ဆရာနဲ့ စကားပြောချင်လို့ပါ ''
'' အေး .. ခေါ်ပေးမယ်နော် ''
ကျွန်တော့်ကိုဆို အမြဲတမ်းချစ်ပြီးအလိုလိုက်ပေးနေကြဖြစ်တဲ့ အကိုက ဘာလို့လဲ ၊ ဘာကြောင့်လဲဆိုတာ မေးလာခြင်းမရှိပဲ .. ချက်ခြင်းကို ဖုန်းခေါ်လာပေးတယ် ...
အကို စကားပြောနေတာကို ဖြတ်ပြောလိုက်ရလို့ စိတ်ထဲတော့ မကောင်းပေမယ့်လည်း အခုအချိန်မှာ မောင့်အသံကိုသာ ကြားလိုက်ရမယ်ဆိုရင် ကျွန်တော့်စိတ်တွေက သေချာပေါက်ကို တည်ငြိမ်သွားမှာ...
* တူ ... တူ .... တူ .... *
ဖုန်းဝင်နေတဲ့အသံကို နားထောင်ရင်းတစ်ဖက်သူ ဖုန်းလာကိုင်မှာကိုစောင့်နေရတာက ခုနကထပ်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းသေးတယ် ...
'' Hello .. Apo .. ဘာ ကိစ္စများရှိလို့လဲ ခင်ဗျ ''
'' ဆရာ .. ကျွန်တော်ပါ ''
'' Code .. စာမေးပွဲဖြေဖို့ သွားနေပြီလား ''
ဖုန်းထဲမှ တစ်ဆင့်ကြားရတဲ့ မောင့်အသံကလည်း အပြင်မှာနားထောင်ရတဲ့ အသံလိုပဲ ဆွဲဆောင်မှုရှိလွန်းတယ် ... နောက်တော့ ကျွန်တော့်ကို * Code * တဲ့ ... မောင်က တကယ်ကို သူပြောခဲ့တဲ့စကားအတိုင်း * Code * လို့ခေါ်ပေးတာပဲ ... တစ်ခါတစ်လေလည်း သူငယ်ချင်းတွေက အခုလိုခေါ်တက်ကြပေမယ့် မောင့်ဆီက ခေါ်သံက ပိုပြီး နားထောင်လို့ကောင်းတယ် ...
'' ဟုတ် အခုသွားနေပြီ .. ဒါပေမယ့်လည်း စိတ်တွေအရမ်းလှုပ်ရှားပြီး ကြောက်နေလို့ ''
'' မကြောက်ပါနဲ့ .. Code အကောင်းဆုံး ကြိုးစားကျက်မှတ်ထားတာပဲ အကုန် အဆင်ပြေသွားမှာပါ ''
'' ဆရာက ကျွန်တော့်ကို ယုံကြည်လို့လား ''
'' ယုံတာပေါ့ .. အဲ့တာကြောင့် code လည်း ကိုယ့်ကိုကိုယ် ယုံကြည်ချက်ထားရမယ်နော် ''
'' ဟုတ် .. ''
အဲ့ဒီစကားလေးနဲ့တင် ကျွန်တော့်ရဲ့ကြောက်စိတ်တွေအားလုံးက ပျောက်ကွယ်သွားရတော့တယ် ... မောင်ပေးတဲ့ အားအင်တွေနဲ့ ကျွန်တော်အကောင်းဆုံးလုပ်နိုင်သွားမှာပါ ...
* ဒေါက် ဒေါက် ဒေါက် *
'' ဝင်ခဲ့ပါ ''
'' Code .. ''
ဒီနေ့ စာမေးပွဲဖြေပြီးတာ ၃ ရက်မြောက် ... မနက်ဖြန်ဖြေရမယ့် ဘာသာရပ်က အားနည်းတာကြောင့် မနက်ကျောင်းကပြန်လာထဲက စာတွေ ဆက်တိုက်လုပ်နေမိတာ အခု မောင်ရောက်လာတော့မှ ညနေစောင်းနေပြီဆိုတာ သိတော့တယ် ... လက်ထဲမှာ ဗန်းလေးတစ်ခုကိုင်ပြီး ဝင်လာတဲ့ မောင့်ကို လှမ်းကြည့်မိတော့ ...
'' အဲ့ စာအုပ်တွေခဏချထားဦး .. မနက်ထဲက ဘာမှမစားဖူးလို့ Apo နဲ့ Mile က ပြောတယ် ... စာကြိုးစားတာက ကောင်းပေမယ့် ကိုယ့် ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာပေါ့ ''
'' .... ''
'' ကျွန်တော် ကြက်သားဆန်ပြုတ်လေး ဝယ်လာတယ် လာစားလိုက်ဦးနော် ''
အိပ်မက်များ မက်နေတာလား ... မောင်က ကျွန်တော့်အတွက် ဆန်ပြုတ်ဝယ်လာပေးတယ်တဲ့ ... ကျွန်တော် ဘာမှမစားဖူးဆိုတာသိလိုက်ရလို့ စိတ်ပူပြီး ဝယ်လာပေးတာပေါ့နော် ...
မောင့်ဆီက အခုလို ဂရုစိုက်မှုတွေကိုရတော့ ကျွန်တော့်နှလုံးသားထဲမှာ ကြည်နူးမြတ်နိုးခြင်းလေးတွေက တသိမ့်သိမ့်နဲ့ နွေးထွေးလို့ ...
'' လာ စားလေ Code ရဲ့ .. စာက နောက်မှ ကျွန်တော်တို့ အတူတူ ပြန်နွှေးကြမယ်နော် ''
'' ဟု..ဟုတ်ကဲ့ ''
မောင့်အနားမှာသွားထိုင်ပြီး ပန်းကန်ထဲကိုကြည့်မိတော့ အငွေ့တထောင်းထောင်းနဲ့ ဆန်ပြုတ်တွေက စားချင်စဖွယ်ဆိုပေမယ့် ကျွန်တော်က ကလေးဘဝထဲက ဆန်ပြုတ်ဆို စားတာမဟုတ် ...
မောင့်ကို ကြည့်မိတော့ * စားလေ code ရဲ့ * ဆိုပြီးပြောလာတာကြောင့် ဇွန်းတစ်ဇွန်းအပြည့်ခပ်ယူကာ စားပြလိုက်တော့ မောင်က သဘောတကျလည်း ပြုံးလို့ .. မောင့်အပြုံးကို မြင်ရတော့ ဆန်ပြုတ်စားရတာမကြိုက်ဖူးဆိုပေမယ့် ဒီနေ့ စားရတဲ့ဆန်ပြုတ်က ကျွန်တော့်အတွက်တော့ အတော်လေးကို အရသာရှိခဲ့ပါတယ် ....
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ ... မနေ့ညက စာသင်နေရင်း * မနက်ဖြန် ကျောင်းကို ဆရာလိုက်ပို့ပေးပါ * လို့ ပူဆာမိတော့ ငြင်းဆန်မယ်လို့ထင်ထားခဲ့ပေမယ့် * ကောင်းပါပြီ * ဆိုပြီး ချက်ခြင်း ပြန်ပြောလာတဲ့ မောင့်ကြောင့် လူကအပျော်လွန်ကာ လေထဲတောင် မြောက်တက်နေသလိုပင် ...
အခုလည်း ကျွန်တော့်ရဲ့တောင်းဆိုချက်အတိုင်း ကျောင်းကိုလိုက်ပို့ပေးဖို့ရာအတွက် မောင်က မနက်အစောကထဲက အိမ်သို့ရောက်လာတယ် ... အကို Apo ကတော့ * ညီလေးကြောင့် ဆရာ့ကို အားနာတယ် * လို့ပြောနေပေမယ့် မောင့်ဘက်က *ကိစ္စမရှိပါဖူး ကျွန်တော့်အတွက်လည်း အပန်းကြီးတာမှမဟုတ်တာ* တဲ့လေ ... ခစ်ခစ် ..
'' အကို Mile .. အကို Apo သွားပြီနော် သားအတွက် ဆုတောင်းပေးပါဦး ''
'' ငါတို့ ညီလေး အကောင်းဆုံးဖြေနိုင်ပါစေ ''
'' ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ခင်ဗျ 😁 ''
'' သေချာဖြေဦးနော် ညီလေး ''
'' ဟုတ် ... ''
ကား back မှန်ကနေ အကိုတို့ နှစ်ယောက်ကိုကြည့်ရင်း သက်ပြင်းခပ်တိုးတိုးချမိတယ် .. ကျွန်တော် အကိုတို့ ဂုဏ်ယူရတဲ့သူဖြစ်အောင် ကြိုးစားမှာပါ ...
'' Code လမ်းမပေါ်တက်တော့မှာမို့လို့ ခါးပတ်ပတ်လိုက်ဦး ''
ပြတင်းပေါက်အပြင်ကို ငေးနေရင်း မောင်ပြောတာကို ကြားလိုက်ရတော့ ခါးပတ်ပတ်ဖို့ ကြိုးကိုဆွဲနေပေမယ့် ဘယ်လိုမှဆွဲလို့မရဖူး ..
ကျွန်တော် တစ်ယောက်ထဲရုန်းကန်နေတာကိုကြည့်ရင်း မောင်က ကားကို လမ်းဘေးမှာ ခဏရပ်ကာ ကျွန်တော့်အရှေ့ကနေ ခါးပတ်ကြိုးကို ဆွဲကာ ပတ်ပေးလို့ လာတယ် ...
ကျွန်တော့်နားကို မောင်နီးကပ်လာတဲ့ အခိုက်အတန့်ခဏလေးအတွင်းမှာ မောင့်ထံမှ ကိုယ်သင်းနံ့က နှာဖျားဝမှာ ကလူကျီစယ်လို့ .. မောင့်ရဲ့ ကိုယ်သင်းနံ့လေးကလေ အရမ်းမွှေးနေတာလည်းမဟုတ်ဖူး .. ဘယ်လိုရနံ့လည်းဆိုတာ အတိအကျမဖော်ပြတက်ပေမယ့် ကျွန်တော့်အတွက်တော့ စိတ်ကိုနွေးထွေးလုံခြုံမှုရစေတယ် ...
'' ကျေးဇူးပါပဲနော် ဆရာ .. ''
'' ရပါတယ် .. ''
မောင်ကတော့ ကားကိုအာရုံစိုက်ပြီးပြန်မောင်းနေပေမယ့် ကျွန်တော်ကတော့ ခုနကအပြုအမူအတွက်ကျေနပ်ကာပြုံးနေမိတယ် .. ဒီလို ခါးပတ်ကြိုးကို ကျွန်တော်က မဆွဲနိုင်ဖူးဆိုတာ ဖြစ်နိုင်ပါ့မလားလို့ ..
မောင့်ဆီက အခုလိုဂရုစိုက်မှုကိုလိုချင်လို့ တမင်ဟန်ဆောင်နေမိတာ မောင်ကလေ ဘာမှကို မသိဖူး သိပ်ကိုရိုးသားတာပဲ ...
အရှိန်နဲ့ မောင်းနှင်လာတဲ့ကားက ကျောင်းရှေ့ကိုရောက်လာပြီဖြစ်တာကြောင့် နှမြောတသစွာဖြင့် မောင် နဲ့ ခွဲရတော့မယ် .. ကားပေါ်က ဆင်းခါနီး မောင်က ခဏလေးလို့ ပြောလို့ကြည့်မိတော့ ...
'' စာမေးပွဲပြီးရင် ကျောင်းထိပ်မှာစောင့်နေနော် ကျွန်တော် အပြန်လည်းလာကြိုမယ်နော် ''
'' ဟုတ် 😁😁 ''
🌱🌱🌱🌱🤍🌱🌱🌱🌱
စာမေးပွဲပြီးဆုံးသွားတာကြောင့် ကျောင်းကနေပြန်ထွက်လာတဲ့ခြေလှမ်းတွေက မြေကြီးနဲ့တင်သိပ်မထိချင် လေထဲမှာလွင့်နေသလို ပေါ့ပါးလို့ ... ကျောင်းအပြင်ကိုရောက်တော့ ကားကိုမှီကာ ကျွန်တော့်ကိုရပ်စောင့်နေတဲ့ မောင်က ချောလိုက်တာ ... ဘေးနားက ကျောင်းသူတွေက မောင့်ကို ခိုးကြည့်နေကြတာမြင်ရတော့ စိတ်ထဲမှာ မနှစ်မြို့ ... မောင့်အနားကိုအမြန်သွားပြီး လက်မောင်းကို ချိတ်ကာရယ်ပြလိုက်တော့ မောင်က ဘာမှမပြောပဲ ပြန်လည်ပြုံးပြလာတယ် ..... ခုနက ခိုးကြည့်နေကြတဲ့ ကျောင်းသူတွေကို * ဒီလူက ငါ့အပိုင်* ဆိုတဲ့အကြည့်နဲ့ ကြည့်ပေးလိုက်တော့ အကုန်လုံးက မဲ့ရွဲ့ကာ လှည့်ထွက်သွားကြတယ် ... ဟက်!
'' Code ကားပေါ်တက်လေ ''
'' ဟုတ်ကဲ့ 😁 ''
ကားကအိမ်ကိုပြန်နေတဲ့ လမ်းမဟုတ်ပဲ တစ်ခြားတစ်နေရာကိုသွား
တာကြောင့် မေးကြည့်မိတော့ မောင်က ဘာမှပြန်မပြောပဲ ..
* ရောက်ရင် သိလိမ့်မယ် * ဟူ၍သာ ... အခုလိုမျိုးက မသိရင် ချစ်သူကောင်လေးကို surprise လုပ်ဖို့ ခေါ်သွားနေသလိုပဲ ရင်တွေတောင် ခုန်တယ် အဟိ🤭🤭
ကားရပ်သွားတဲ့နေရာကိုကြည့်မိတော့ အကိုApoရဲ့စားသောက်ဆိုင်..
အမြင်များမှားသလားလို့ သေချာပြန်ကြည့်မိတော့ တကယ်ကို အကို apo ရဲ စားသောက်ဆိုင်အစစ် ...
'' ဆင်းလေ Code ရဲ့ ''
မောင်က ပြောလာတာကြောင့် ကားပေါ်ကဆင်းမိတော့ မောင်က ဦးဆောင်ကာဆိုင်ထဲဝင်သွားခဲ့တာကြောင့် ကျွန်တော်လည်း အနောက်က ခပ်သွက်သွက်လိုက်သွားမိတယ် ... ဆိုင်ထဲရောက်တော့ Ta ၊ အကို Build ၊ အကို Bible တို့နဲ့အတူ အကိုတို့ ၂ ယောက်က စောင့်နေတယ် ...
'' လာ ညီလေး .. ညီလေး နဲ့ ဆရာ့ကိုစောင့်နေကြတာ ''
'' ဟင် .. လူစုံ တက်စုံပါလား .. ဘယ်လိုလုပ် .. ''
'' ဒီနေ့က ညီလေး Barcode နဲ့ ညီလေး Ta တို့ စာမေးပွဲပြီးတဲ့ရက်လေ .. အများကြီး ကြိုးစားခဲ့ကြတာကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို စားပွဲ တစ်ခုလောက်တော့လုပ်ရမှာပေါ့ ''
'' အော် .. 😁 အဲ့လိုလား .. အခု လုစုံပြီဆိုတော့ စားလို့ ရပြီလား ဟင် ''
ကျွန်တော်မေးလိုက်တဲ့ စကားကို အားလုံးက သဘောတကျဝိုင်းရယ်နေကြတာကြောင့် ကျွန်တော်လည်း လွတ်လွတ်လပ်လပ်ရယ်မောနေမိတယ် ... Ta အနားကိုသွားထိုင်မိတော့ Taက ကျွန်တော်နဲ့ တစ်ခုံကျော်ကို ပြောင်းထိုင်လိုက်တာကြောင့် နားမလည်နိုင်စွာနဲ့ ကြည့်မိတော့ ....
'' ဘာလို့ ဘေးနားလာထိုင်နေတာလဲ Barcode Tinnasit ... မင်း အခုတစ်လော ငါရှိနေသေးတယ်ဆိုတာ သိသေးရဲ့လား ဟမ် .. ''
'' ဘာဖြစ်လို့လဲ လို့ ''
'' မသိဖူးကွာ ငါ့ကို ပစ်ထားလို့ စိတ်ဆိုးတယ် ''
'' Ta ကလည်း .. ငါ စာတွေနဲ့အလုပ်ရှုပ်နေလို့ပါလို့ စိတ်မဆိုးပါနဲ့ တောင်းပန်တယ်လေနော် ''
'' သေချာလား .. တောင်းပန်တာက .. ''
'' သေချာတယ် .. သေချာတယ် .. ''
'' အဲ့တာဆိုလည်း ပြီးရော .. ''
'' အဲ့ဒီ သူငယ်ချင်းနှစ်ယောက်ကလေ မခေါ်ပဲ နေနိုင်တာလဲ မဟုတ်ပဲနဲ့ .. ဟန်ဆောင်ရန်ကဖြစ်နေသေးတယ် ''
'' ဟုတ်ပ ... ''
ပျော်ပျော်ပါးပါးစသောက်ရယ်မောနေကြရင်း မောင့်ကိုလှမ်းကြည့်မိတော့ တစ်ယောက်ထဲ တိတ်ဆိတ်စွာနဲ့ ပန်းကန်ထဲက ဟင်းလျာတွေကို သုံးဆောင်လို့နေတယ် .. အင်းပေါ့လေ .. ကျွန်တော်တို့ မိသားစု နှစ်ခုက ရင်းနှီးပြီးသားသူတွေဆိုတော့ အဖွဲ့ကျနေပေမယ့် မောင်ကြတော့ သိပ်မရင်းနှီးဖူး မဟုတ်လား .. Ta ဘေးနားမှာ ထိုင်နေရာကနေ မောင့်အနားမှာ သွားထိုင်မိတော့ မောင့်မျက်နှာမှာ ပျော်ရွှင်သွားတဲ့အရိပ်အယောင်လေး တွေ့လိုက်ရတယ် ...
'' ဆရာ ... ပျင်းနေပြီလား ဟင် ''
'' ပျင်းတယ်တော့လည်း မဟုတ်ပါဖူး ... ''
'' ကျွန်တော့်ကို တစ်ခုခုပြောစရာမရှိဖူးလား ဟင် ''
'' အများကြီး ကြိုးစားခဲ့တာပဲ Code .. တော်တယ် ''
'' ဟီးဟီး .. ဟုတ် 😁 ''
လူတစ်ယောက်ဆီက ချီးကျူးစကားကိုကြားရတာ ဒီလောက်အထိ ကျေနပ်ပီတိဖြစ်စရာကောင်းလိမ့်မယ်လို့ မထင်ထားမိခဲ့ဖူး ... မောင့်ဆီက ကြားရတဲ့စကားမို့လို့လည်း ပိုပြီး ကျေနပ်စရာကောင်းနေတယ်လို့ ထင်ပါရဲ့ ....
TBC ...
အခုတလော အလုပ်တွေတော်တော်လေးများနေလို့ fic up တာ နောက်ကျသွားတာပါ ခင်ဗျ
×××××××××××××××××××××××××××
* ဒုတ္ ဒုတ္ * * ဒုတ္ ဒုတ္ *
အလြန္အမင္း စိတ္လႈပ္ရွားေနမႈေၾကာင့္ ႏွလုံးခုန္သံေတြကနားစည္အတြင္းမွာပါ ပဲ့တင္ထပ္လို႔ေနတယ္ ... ဒီေန႔ ကြၽန္ေတာ့္ Final Exam ပထမဆုံးေန႔ ... မနက္ထဲက လူက ထိုင္ရမလို ၊ ထရမလိုနဲ႔ တစ္ေယာက္ထဲ ေယာက္ယပ္ေတြခတ္ေနမိတာ .... လိုအပ္တဲ့ ေက်ာင္းသားကတ္ ေဘာပင္ေတြကိုလည္း ျပန္စစ္ေနမိတာက အႀကိမ္ ၁၀၀ မကေတာ့ဖူး ... စိတ္ၿငိမ္ေအာင္လို႔ ေရေတြ လွိမ့္ေသာက္ေနမိတာေၾကာင့္ လူက ေက်ာင္းမသြားရေသးခင္ အိမ္သာကိုပဲ အခါ ၃၀ ေလာက္ဝင္ေနရတယ္ ...
'' ညီေလး ... ''
'' ဗ်ာ ''
'' စာေမးပြဲေျဖတာက စိတ္ကိုေအးေအးထားေနာ္ ... ငါ႔ညီေလး ႀကိဳးစားၿပီး က်က္ထားတာေတြပဲ ေမးမွာသိလား .. ေမးခြန္းစာရြက္ရၿပီးရင္ မဖတ္နဲ႔ဦး အရင္ဆုံး စိတ္ကို ေအးေအးထား ... အသက္ကို ဝဝရႈၿပီးမွ စဖတ္ေနာ္ ... ေနာက္ေတာ့လည္း ... ''
အကို Mile နဲ႔ အကို Apo က ကြၽန္ေတာ့္ကိုစိတ္မခ်တာေၾကာင့္ ေက်ာင္းအထိလိုက္ပို႔ေပးေနရင္း အားေပးစကားေတြေျပာေနေပမယ့္ ရင္ေတြတုန္ေနမိတာက ဘယ္လိုမွထိန္းခ်ဳပ္လို႔မရ .... ဟူး ...
'' အကို Apo ''
'' ဟင္ .. ေျပာ .. ''
'' ဆရာ့ကို ဖုန္းေခၚေပးပါလား ဟင္ .. သား ဆရာနဲ႔ စကားေျပာခ်င္လို႔ပါ ''
'' ေအး .. ေခၚေပးမယ္ေနာ္ ''
ကြၽန္ေတာ့္ကိုဆို အၿမဲတမ္းခ်စ္ၿပီးအလိုလိုက္ေပးေနၾကျဖစ္တဲ့ အကိုက ဘာလို႔လဲ ၊ ဘာေၾကာင့္လဲဆိုတာ ေမးလာျခင္းမရွိပဲ .. ခ်က္ျခင္းကို ဖုန္းေခၚလာေပးတယ္ ...
အကို စကားေျပာေနတာကို ျဖတ္ေျပာလိုက္ရလို႔ စိတ္ထဲေတာ့ မေကာင္းေပမယ့္လည္း အခုအခ်ိန္မွာ ေမာင့္အသံကိုသာ ၾကားလိုက္ရမယ္ဆိုရင္ ကြၽန္ေတာ့္စိတ္ေတြက ေသခ်ာေပါက္ကို တည္ၿငိမ္သြားမွာ...
* တူ ... တူ .... တူ .... *
ဖုန္းဝင္ေနတဲ့အသံကို နားေထာင္ရင္းတစ္ဖက္သူ ဖုန္းလာကိုင္မွာကိုေစာင့္ေနရတာက ခုနကထပ္ေတာင္ ပိုၿပီး စိတ္လႈပ္ရွားဖို႔ ေကာင္းေသးတယ္ ...
'' Hello .. Apo .. ဘာ ကိစၥမ်ားရွိလို႔လဲ ခင္ဗ် ''
'' ဆရာ .. ကြၽန္ေတာ္ပါ ''
'' Code .. စာေမးပြဲေျဖဖို႔ သြားေနၿပီလား ''
ဖုန္းထဲမွ တစ္ဆင့္ၾကားရတဲ့ ေမာင့္အသံကလည္း အျပင္မွာနားေထာင္ရတဲ့ အသံလိုပဲ ဆြဲေဆာင္မႈရွိလြန္းတယ္ ... ေနာက္ေတာ့ ကြၽန္ေတာ့္ကို * Code * တဲ့ ... ေမာင္က တကယ္ကို သူေျပာခဲ့တဲ့စကားအတိုင္း * Code * လို႔ေခၚေပးတာပဲ ... တစ္ခါတစ္ေလလည္း သူငယ္ခ်င္းေတြက အခုလိုေခၚတက္ၾကေပမယ့္ ေမာင့္ဆီက ေခၚသံက ပိုၿပီး နားေထာင္လို႔ေကာင္းတယ္ ...
'' ဟုတ္ အခုသြားေနၿပီ .. ဒါေပမယ့္လည္း စိတ္ေတြအရမ္းလႈပ္ရွားၿပီး ေၾကာက္ေနလို႔ ''
'' မေၾကာက္ပါနဲ႔ .. Code အေကာင္းဆုံး ႀကိဳးစားက်က္မွတ္ထားတာပဲ အကုန္ အဆင္ေျပသြားမွာပါ ''
'' ဆရာက ကြၽန္ေတာ့္ကို ယုံၾကည္လို႔လား ''
'' ယုံတာေပါ႔ .. အဲ့တာေၾကာင့္ code လည္း ကိုယ့္ကိုကိုယ္ ယုံၾကည္ခ်က္ထားရမယ္ေနာ္ ''
'' ဟုတ္ .. ''
အဲ့ဒီစကားေလးနဲ႔တင္ ကြၽန္ေတာ့္ရဲ႕ေၾကာက္စိတ္ေတြအားလုံးက ေပ်ာက္ကြယ္သြားရေတာ့တယ္ ... ေမာင္ေပးတဲ့ အားအင္ေတြနဲ႔ ကြၽန္ေတာ္အေကာင္းဆုံးလုပ္ႏိုင္သြားမွာပါ ...
* ေဒါက္ ေဒါက္ ေဒါက္ *
'' ဝင္ခဲ့ပါ ''
'' Code .. ''
ဒီေန႔ စာေမးပြဲေျဖၿပီးတာ ၃ ရက္ေျမာက္ ... မနက္ျဖန္ေျဖရမယ့္ ဘာသာရပ္က အားနည္းတာေၾကာင့္ မနက္ေက်ာင္းကျပန္လာထဲက စာေတြ ဆက္တိုက္လုပ္ေနမိတာ အခု ေမာင္ေရာက္လာေတာ့မွ ညေနေစာင္းေနၿပီဆိုတာ သိေတာ့တယ္ ... လက္ထဲမွာ ဗန္းေလးတစ္ခုကိုင္ၿပီး ဝင္လာတဲ့ ေမာင့္ကို လွမ္းၾကည့္မိေတာ့ ...
'' အဲ့ စာအုပ္ေတြခဏခ်ထားဦး .. မနက္ထဲက ဘာမွမစားဖူးလို႔ Apo နဲ႔ Mile က ေျပာတယ္ ... စာႀကိဳးစားတာက ေကာင္းေပမယ့္ ကိုယ့္ က်န္းမာေရးကိုလည္း ဂ႐ုစိုက္ရမွာေပါ႔ ''
'' .... ''
'' ကြၽန္ေတာ္ ၾကက္သားဆန္ျပဳတ္ေလး ဝယ္လာတယ္ လာစားလိုက္ဦးေနာ္ ''
အိပ္မက္မ်ား မက္ေနတာလား ... ေမာင္က ကြၽန္ေတာ့္အတြက္ ဆန္ျပဳတ္ဝယ္လာေပးတယ္တဲ့ ... ကြၽန္ေတာ္ ဘာမွမစားဖူးဆိုတာသိလိုက္ရလို႔ စိတ္ပူၿပီး ဝယ္လာေပးတာေပါ႔ေနာ္ ...
ေမာင့္ဆီက အခုလို ဂ႐ုစိုက္မႈေတြကိုရေတာ့ ကြၽန္ေတာ့္ႏွလုံးသားထဲမွာ ၾကည္ႏူးျမတ္ႏိုးျခင္းေလးေတြက တသိမ့္သိမ့္နဲ႔ ေႏြးေထြးလို႔ ...
'' လာ စားေလ Code ရဲ႕ .. စာက ေနာက္မွ ကြၽန္ေတာ္တို႔ အတူတူ ျပန္ေႏႊးၾကမယ္ေနာ္ ''
'' ဟု..ဟုတ္ကဲ့ ''
ေမာင့္အနားမွာသြားထိုင္ၿပီး ပန္းကန္ထဲကိုၾကည့္မိေတာ့ အေငြ႕တေထာင္းေထာင္းနဲ႔ ဆန္ျပဳတ္ေတြက စားခ်င္စဖြယ္ဆိုေပမယ့္ ကြၽန္ေတာ္က ကေလးဘဝထဲက ဆန္ျပဳတ္ဆို စားတာမဟုတ္ ...
ေမာင့္ကို ၾကည့္မိေတာ့ * စားေလ code ရဲ႕ * ဆိုၿပီးေျပာလာတာေၾကာင့္ ဇြန္းတစ္ဇြန္းအျပည့္ခပ္ယူကာ စားျပလိုက္ေတာ့ ေမာင္က သေဘာတက်လည္း ၿပဳံးလို႔ .. ေမာင့္အၿပဳံးကို ျမင္ရေတာ့ ဆန္ျပဳတ္စားရတာမႀကိဳက္ဖူးဆိုေပမယ့္ ဒီေန႔ စားရတဲ့ဆန္ျပဳတ္က ကြၽန္ေတာ့္အတြက္ေတာ့ အေတာ္ေလးကို အရသာရွိခဲ့ပါတယ္ ....
ဒီေန႔ စာေမးပြဲေနာက္ဆုံးေန႔ ... မေန႔ညက စာသင္ေနရင္း * မနက္ျဖန္ ေက်ာင္းကို ဆရာလိုက္ပို႔ေပးပါ * လို႔ ပူဆာမိေတာ့ ျငင္းဆန္မယ္လို႔ထင္ထားခဲ့ေပမယ့္ * ေကာင္းပါၿပီ * ဆိုၿပီး ခ်က္ျခင္း ျပန္ေျပာလာတဲ့ ေမာင့္ေၾကာင့္ လူကအေပ်ာ္လြန္ကာ ေလထဲေတာင္ ေျမာက္တက္ေနသလိုပင္ ...
အခုလည္း ကြၽန္ေတာ့္ရဲ႕ေတာင္းဆိုခ်က္အတိုင္း ေက်ာင္းကိုလိုက္ပို႔ေပးဖို႔ရာအတြက္ ေမာင္က မနက္အေစာကထဲက အိမ္သို႔ေရာက္လာတယ္ ... အကို Apo ကေတာ့ * ညီေလးေၾကာင့္ ဆရာ့ကို အားနာတယ္ * လို႔ေျပာေနေပမယ့္ ေမာင့္ဘက္က *ကိစၥမရွိပါဖူး ကြၽန္ေတာ့္အတြက္လည္း အပန္းႀကီးတာမွမဟုတ္တာ* တဲ့ေလ ... ခစ္ခစ္ ..
'' အကို Mile .. အကို Apo သြားၿပီေနာ္ သားအတြက္ ဆုေတာင္းေပးပါဦး ''
'' ငါတို႔ ညီေလး အေကာင္းဆုံးေျဖႏိုင္ပါေစ ''
'' ေပးတဲ့ဆုနဲ႔ ျပည့္ပါေစ ခင္ဗ် 😁 ''
'' ေသခ်ာေျဖဦးေနာ္ ညီေလး ''
'' ဟုတ္ ... ''
ကား back မွန္ကေန အကိုတို႔ ႏွစ္ေယာက္ကိုၾကည့္ရင္း သက္ျပင္းခပ္တိုးတိုးခ်မိတယ္ .. ကြၽန္ေတာ္ အကိုတို႔ ဂုဏ္ယူရတဲ့သူျဖစ္ေအာင္ ႀကိဳးစားမွာပါ ...
'' Code လမ္းမေပၚတက္ေတာ့မွာမို႔လို႔ ခါးပတ္ပတ္လိုက္ဦး ''
ျပတင္းေပါက္အျပင္ကို ေငးေနရင္း ေမာင္ေျပာတာကို ၾကားလိုက္ရေတာ့ ခါးပတ္ပတ္ဖို႔ ႀကိဳးကိုဆြဲေနေပမယ့္ ဘယ္လိုမွဆြဲလို႔မရဖူး ..
ကြၽန္ေတာ္ တစ္ေယာက္ထဲ႐ုန္းကန္ေနတာကိုၾကည့္ရင္း ေမာင္က ကားကို လမ္းေဘးမွာ ခဏရပ္ကာ ကြၽန္ေတာ့္အေရွ႕ကေန ခါးပတ္ႀကိဳးကို ဆြဲကာ ပတ္ေပးလို႔ လာတယ္ ...
ကြၽန္ေတာ့္နားကို ေမာင္နီးကပ္လာတဲ့ အခိုက္အတန္႔ခဏေလးအတြင္းမွာ ေမာင့္ထံမွ ကိုယ္သင္းနံ႔က ႏွာဖ်ားဝမွာ ကလူက်ီစယ္လို႔ .. ေမာင့္ရဲ႕ ကိုယ္သင္းနံ႔ေလးကေလ အရမ္းေမႊးေနတာလည္းမဟုတ္ဖူး .. ဘယ္လိုရနံ႔လည္းဆိုတာ အတိအက်မေဖာ္ျပတက္ေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ စိတ္ကိုေႏြးေထြးလုံၿခဳံမႈရေစတယ္ ...
'' ေက်းဇူးပါပဲေနာ္ ဆရာ .. ''
'' ရပါတယ္ .. ''
ေမာင္ကေတာ့ ကားကိုအာ႐ုံစိုက္ၿပီးျပန္ေမာင္းေနေပမယ့္ ကြၽန္ေတာ္ကေတာ့ ခုနကအျပဳအမူအတြက္ေက်နပ္ကာၿပဳံးေနမိတယ္ .. ဒီလို ခါးပတ္ႀကိဳးကို ကြၽန္ေတာ္က မဆြဲႏိုင္ဖူးဆိုတာ ျဖစ္ႏိုင္ပါ႔မလားလို႔ ..
ေမာင့္ဆီက အခုလိုဂ႐ုစိုက္မႈကိုလိုခ်င္လို႔ တမင္ဟန္ေဆာင္ေနမိတာ ေမာင္ကေလ ဘာမွကို မသိဖူး သိပ္ကို႐ိုးသားတာပဲ ...
အရွိန္နဲ႔ ေမာင္းႏွင္လာတဲ့ကားက ေက်ာင္းေရွ႕ကိုေရာက္လာၿပီျဖစ္တာေၾကာင့္ ႏွေျမာတသစြာျဖင့္ ေမာင္ နဲ႔ ခြဲရေတာ့မယ္ .. ကားေပၚက ဆင္းခါနီး ေမာင္က ခဏေလးလို႔ ေျပာလို႔ၾကည့္မိေတာ့ ...
'' စာေမးပြဲၿပီးရင္ ေက်ာင္းထိပ္မွာေစာင့္ေနေနာ္ ကြၽန္ေတာ္ အျပန္လည္းလာႀကိဳမယ္ေနာ္ ''
'' ဟုတ္ 😁😁 ''
🌱🌱🌱🌱🤍🌱🌱🌱🌱
စာေမးပြဲၿပီးဆုံးသြားတာေၾကာင့္ ေက်ာင္းကေနျပန္ထြက္လာတဲ့ေျခလွမ္းေတြက ေျမႀကီးနဲ႔တင္သိပ္မထိခ်င္ ေလထဲမွာလြင့္ေနသလို ေပါ႔ပါးလို႔ ... ေက်ာင္းအျပင္ကိုေရာက္ေတာ့ ကားကိုမွီကာ ကြၽန္ေတာ့္ကိုရပ္ေစာင့္ေနတဲ့ ေမာင္က ေခ်ာလိုက္တာ ... ေဘးနားက ေက်ာင္းသူေတြက ေမာင့္ကို ခိုးၾကည့္ေနၾကတာျမင္ရေတာ့ စိတ္ထဲမွာ မႏွစ္ၿမိဳ႕ ... ေမာင့္အနားကိုအျမန္သြားၿပီး လက္ေမာင္းကို ခ်ိတ္ကာရယ္ျပလိုက္ေတာ့ ေမာင္က ဘာမွမေျပာပဲ ျပန္လည္ၿပဳံးျပလာတယ္ ..... ခုနက ခိုးၾကည့္ေနၾကတဲ့ ေက်ာင္းသူေတြကို * ဒီလူက ငါ႔အပိုင္* ဆိုတဲ့အၾကည့္နဲ႔ ၾကည့္ေပးလိုက္ေတာ့ အကုန္လုံးက မဲ့ရြဲ႕ကာ လွည့္ထြက္သြားၾကတယ္ ... ဟက္!
'' Code ကားေပၚတက္ေလ ''
'' ဟုတ္ကဲ့ 😁 ''
ကားကအိမ္ကိုျပန္ေနတဲ့ လမ္းမဟုတ္ပဲ တစ္ျခားတစ္ေနရာကိုသြား
တာေၾကာင့္ ေမးၾကည့္မိေတာ့ ေမာင္က ဘာမွျပန္မေျပာပဲ ..
* ေရာက္ရင္ သိလိမ့္မယ္ * ဟူ၍သာ ... အခုလိုမ်ိဳးက မသိရင္ ခ်စ္သူေကာင္ေလးကို surprise လုပ္ဖို႔ ေခၚသြားေနသလိုပဲ ရင္ေတြေတာင္ ခုန္တယ္ အဟိ🤭🤭
ကားရပ္သြားတဲ့ေနရာကိုၾကည့္မိေတာ့ အကိုApoရဲ႕စားေသာက္ဆိုင္..
အျမင္မ်ားမွားသလားလို႔ ေသခ်ာျပန္ၾကည့္မိေတာ့ တကယ္ကို အကို apo ရဲ စားေသာက္ဆိုင္အစစ္ ...
'' ဆင္းေလ Code ရဲ႕ ''
ေမာင္က ေျပာလာတာေၾကာင့္ ကားေပၚကဆင္းမိေတာ့ ေမာင္က ဦးေဆာင္ကာဆိုင္ထဲဝင္သြားခဲ့တာေၾကာင့္ ကြၽန္ေတာ္လည္း အေနာက္က ခပ္သြက္သြက္လိုက္သြားမိတယ္ ... ဆိုင္ထဲေရာက္ေတာ့ Ta ၊ အကို Build ၊ အကို Bible တို႔နဲ႔အတူ အကိုတို႔ ၂ ေယာက္က ေစာင့္ေနတယ္ ...
'' လာ ညီေလး .. ညီေလး နဲ႔ ဆရာ့ကိုေစာင့္ေနၾကတာ ''
'' ဟင္ .. လူစုံ တက္စုံပါလား .. ဘယ္လိုလုပ္ .. ''
'' ဒီေန႔က ညီေလး Barcode နဲ႔ ညီေလး Ta တို႔ စာေမးပြဲၿပီးတဲ့ရက္ေလ .. အမ်ားႀကီး ႀကိဳးစားခဲ့ၾကတာကို ဂုဏ္ျပဳတဲ့ အေနနဲ႔ အခုလို စားပြဲ တစ္ခုေလာက္ေတာ့လုပ္ရမွာေပါ႔ ''
'' ေအာ္ .. 😁 အဲ့လိုလား .. အခု လုစုံၿပီဆိုေတာ့ စားလို႔ ရၿပီလား ဟင္ ''
ကြၽန္ေတာ္ေမးလိုက္တဲ့ စကားကို အားလုံးက သေဘာတက်ဝိုင္းရယ္ေနၾကတာေၾကာင့္ ကြၽန္ေတာ္လည္း လြတ္လြတ္လပ္လပ္ရယ္ေမာေနမိတယ္ ... Ta အနားကိုသြားထိုင္မိေတာ့ Taက ကြၽန္ေတာ္နဲ႔ တစ္ခုံေက်ာ္ကို ေျပာင္းထိုင္လိုက္တာေၾကာင့္ နားမလည္ႏိုင္စြာနဲ႔ ၾကည့္မိေတာ့ ....
'' ဘာလို႔ ေဘးနားလာထိုင္ေနတာလဲ Barcode Tinnasit ... မင္း အခုတစ္ေလာ ငါရွိေနေသးတယ္ဆိုတာ သိေသးရဲ႕လား ဟမ္ .. ''
'' ဘာျဖစ္လို႔လဲ လို႔ ''
'' မသိဖူးကြာ ငါ႔ကို ပစ္ထားလို႔ စိတ္ဆိုးတယ္ ''
'' Ta ကလည္း .. ငါ စာေတြနဲ႔အလုပ္ရႈပ္ေနလို႔ပါလို႔ စိတ္မဆိုးပါနဲ႔ ေတာင္းပန္တယ္ေလေနာ္ ''
'' ေသခ်ာလား .. ေတာင္းပန္တာက .. ''
'' ေသခ်ာတယ္ .. ေသခ်ာတယ္ .. ''
'' အဲ့တာဆိုလည္း ၿပီးေရာ .. ''
'' အဲ့ဒီ သူငယ္ခ်င္းႏွစ္ေယာက္ကေလ မေခၚပဲ ေနႏိုင္တာလဲ မဟုတ္ပဲနဲ႔ .. ဟန္ေဆာင္ရန္ကျဖစ္ေနေသးတယ္ ''
'' ဟုတ္ပ ... ''
ေပ်ာ္ေပ်ာ္ပါးပါးစေသာက္ရယ္ေမာေနၾကရင္း ေမာင့္ကိုလွမ္းၾကည့္မိေတာ့ တစ္ေယာက္ထဲ တိတ္ဆိတ္စြာနဲ႔ ပန္းကန္ထဲက ဟင္းလ်ာေတြကို သုံးေဆာင္လို႔ေနတယ္ .. အင္းေပါ႔ေလ .. ကြၽန္ေတာ္တို႔ မိသားစု ႏွစ္ခုက ရင္းႏွီးၿပီးသားသူေတြဆိုေတာ့ အဖြဲ႕က်ေနေပမယ့္ ေမာင္ၾကေတာ့ သိပ္မရင္းႏွီးဖူး မဟုတ္လား .. Ta ေဘးနားမွာ ထိုင္ေနရာကေန ေမာင့္အနားမွာ သြားထိုင္မိေတာ့ ေမာင့္မ်က္ႏွာမွာ ေပ်ာ္ရႊင္သြားတဲ့အရိပ္အေယာင္ေလး ေတြ႕လိုက္ရတယ္ ...
'' ဆရာ ... ပ်င္းေနၿပီလား ဟင္ ''
'' ပ်င္းတယ္ေတာ့လည္း မဟုတ္ပါဖူး ... ''
'' ကြၽန္ေတာ့္ကို တစ္ခုခုေျပာစရာမရွိဖူးလား ဟင္ ''
'' အမ်ားႀကီး ႀကိဳးစားခဲ့တာပဲ Code .. ေတာ္တယ္ ''
'' ဟီးဟီး .. ဟုတ္ 😁 ''
လူတစ္ေယာက္ဆီက ခ်ီးက်ဴးစကားကိုၾကားရတာ ဒီေလာက္အထိ ေက်နပ္ပီတိျဖစ္စရာေကာင္းလိမ့္မယ္လို႔ မထင္ထားမိခဲ့ဖူး ... ေမာင့္ဆီက ၾကားရတဲ့စကားမို႔လို႔လည္း ပိုၿပီး ေက်နပ္စရာေကာင္းေနတယ္လို႔ ထင္ပါရဲ႕ ....
TBC ...
အခုတေလာ အလုပ္ေတြေတာ္ေတာ္ေလးမ်ားေနလို႔ fic up တာ ေနာက္က်သြားတာပါ ခင္ဗ်