ကူးပြောင်းလာတိုင်း အမျိုးသားဇ...

By Swae_Nyoe

154K 15.6K 144

ဘာသာပြန်သူ - Horroe, Romance အမျိုးအစားမို့ နည်းနည်းတော့ သည်းထိတ်ရင်ဖိုလေးတွေ ပါမယ်နော်။ Romance လည်း ပါတော့... More

Description
Part 1
Part 2
Part 4
Part 5.1
Part 5.2
Part 6
Part 7
Part 8
Part 9.1
Part 9.2
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18.1
တယ်လီဂရုရရှိပါကြောင်း..
Part 18.2
Part 18.3
Part 19.1
Part 19.2
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26.1
Part 26.2
Part 27
Part 28
Part 29
Part 30
Part 31
Part 32
ပေးဂရု ပြီးဆုံးကြောင်း ကြေညာချက်..
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48.1
Part 48.2
Part 48.3
Part 49.1
Part 49.2
Part 49.3
Part 50.1
Part 50.2
Part 50.3
Part 51.1
Part 51.2
Part 52
Part 53.1
Part 53.2
Part 53.3
Part 54
Part 55.1
Part 55.2
Part 55.3
Part 56
Part 57.1
Part 57.2
Part 57.3
Part 58
Part 59.1
Part 59.2
Part 60.1
Part 60.2
Part 60.3
Part 61
Part 62
Part 63
Part 64
Part 65
Part 66.1
Part 66.2
Part 67
Part 68
Part 69.1
Part 69.2
Part 70
Part 71
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 83
Part 84
Part 85
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Part 105
Part 106
Part 107
Part 108
Telegram ကို လာခဲ့နော်
Part 109
Part 110
Completed in Telegram
Part 111
Part 111.2
🌹ဇူလိုင်လလယ် အထူးပရိုမိုးရှင်း🌹
🌹ဇူလိုင်လလယ်ပရိုမိုးရှင်းမှာ ဘာတွေ ဖတ်ဖို ဝင်သင့်လဲ🌹
🌹🌹🌹ဇူလိုင်လလယ် အထူးပရိုမိုရှင်း နောက်ဆုံးနေ့လေးပါ🌹🌹🌹
💥ခွေးစာတွေ ကြိုက်လား။ ဒါဆို ဖတ်သင့်တာက ဒါလေးတွေနော် 👇👇

Part 3

2.1K 189 6
By Swae_Nyoe

Unicode

အခန်း ၃။ ယင်ယန်မျက်လုံး

သူက လိုက်လျောလိုက်တာကြောင့် နင်းမုန် စိတ်သက်သာရာရသွားသည်။

သူမ ကြောက်မိတာက ဝတ္တုက နောက်ဆုံးမှာ တခြားမမြင်ရတဲ့ အားတခုခုကြောင့် ပြင်လို့မရတော့မှာကိုပဲ ကံကောင်းစွာပဲ စနစ်က နည်းနည်းအားနည်းနေပေမဲ့ ဘာမှ မဖြစ်သွားလို့ တော်သေးသည်။

ဒီပြသာနာဖြေရှင်းပြီးသွားတာနဲ့ သူမ ရင်ဘတ်ပေါ် ရောက်နေတဲ့ ဖိအားကြီး ပျောက်သွားခဲ့တယ် အဘွားကြီး ခန္တာကိုယ် ဖြည်းဖြည်းချင်းသက်သာ လာခဲ့သည်။

နောက်ပိုင်းမှာ နင်းမုန်ဟာ ညီအစ်မ နှစ်ယောက်ရဲ့ တိုက်တွန်းမှုတွေကြောင့် အိပ်ယာပေါ်မှာပဲ တနေကုန် လဲနေရတော့တယ် ပြီးတော့ သူမရဲ့ အမြင်ဟာ လဲ ပြန်ကောင်းလာတာ နောက်ဆုံးတော့ တွေ့ရှိသွားသည်။

မျက်လုံးကို ပဝါပါးတစ်ခုနဲ့ ကာထားသလိုတော့ ဖြစ်နေပေမဲ့  အခန်းတခုလုံးက နွေးထွေးတဲ့ အဝါရောင်အအလင်းရောင် ဖျော့ဖျော့လေး လွှမ်းခြုံထားတယ်။ အလင်းရောင်က အရမ်းကြီးလဲ တောက်ပ မနေသလို မျက်လုံံးကိုလဲ မစူးစေဘူး အဲဒီ့အစား စိတ်သက်သာ သလိုခံစားရစေတယ်။

စနစ်ကသရဲလိုပဲ ဘွားခနဲ့ ပေါ်လာပြီး “ ဒီဟာက  ကျူရဲ့အင်းကွက်ပဲ နင် လူဝင်စားပြီးတဲ့နောက်မှာ နင်က ယင်ယန်မျက်လုံးကို ပိုင်ဆိုင်လာတာပဲ”

“ယင်ယန်မျက်လုံး” လို့ပြောပြီး နင်မုန် လန့်သွားတယ် “ဒါဆို ငါ သရဲ၊တစ္ဆေတွေ မြင်လာရတော့မှာလား” လို့ ထပ်မေးပြန်တယ်။

သူမ လန့်သွားလို့ စနစ်လဲ လန့်သွားပြီး “ ဟုတ်… ဟုတ်တယ်။ ဒါပေမဲ့ မင်း သူတို့ကို ရှီမိသားစုအိမ်မှာတော့ မြင်ရမှာမဟုတ်ဘူး။ ပြီးတော့လဲ သက်ကြီးရွယ်အိုတွေရဲ့ မျက်လုံးကလဲ ကောင်းတာ မဟုတ်တော့  ယင်ယန်မျက်လုံးက သရဲ၊တစ္ဆေတွေကို ဝေဝေဝါးဝါးပဲ မြင်ရမှာ”

နင်မုန် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တယ်

ကံကောင်းလို့ပေါ့ သရဲ၊တစ္ဆေတွေကို HDလို ကြည်တောက်ပြီး မမြင်ရလို့ နို့မို့ဆို သူမ လန့်ပြီးသေရလိမ့်မယ်။

သူ့ကို လျော်ပေးတာလားဘာလားတော့ မသိပေမဲ့ စနစ်က သူမဆီ အဘွားကြီးရဲ့ မှတ်ဉာဏ်တွေ လွှဲပေးလာတယ်

အဘွားအိုရဲ့ ဘဝက ဒရာမာ ဇာတ်လမ်းတွဲတွေလိုပဲ ယုံကြည်မှုလွန်ကဲတဲ့ သူဌေးကြီးက သာမန် ကောင်မလေး တစ်ယောက်ကို ချစ်မိသွားတဲ့ ဇာတ်လမ်းပဲ။ အစောကြီး ကွယ်လွန်သွားတဲ့ ယောကျာ်း၊ ငါးဖမ်းသမားမိသားစုရဲ့ သမီးလေးကို တကယ်ချစ်မိ နင်းမုန် ဒီချိုမြိန်တဲ့ မှတ်ဉာဏ်တွေ ပြနေတာကို ကြည့်ရင်းနဲ့ ချိုလွန်းလို့ သွားတောင် ကိုက်လာတယ်။

တော်သေးတာပေါ့ နင်းမုန်ရဲ့ ယောကျာ်းလဲ သေသွားတာကြာလို့ အသက်သာရှင်နေရင် နင်းမုန် ဘယ်လို မျက်နှာချင်းဆိုင်ရရမှန်း သိမှာမဟုတ်ဘူး

တကယ်တော့ အဘွားအိုရဲ့ ခန္တာကိုယ်တဲ့ ဝင်စားတာ ဘာမှ ထူးထူးဆန်းဆန်းလဲ မရှိပါဘူး။ အိပ်ယာပေါ်က ထမယ်ဆိုရင်တောင် တော်တော်အားယူရပြီး ဟိုဘက်လှည့် ဒီဘက်လှည့်ကို တစ်နာရီလောက်ကြာတယ်။ တခါတလေ လှည့်တောင်မလှည့်နိုင်ဘူး။

နောက်ဆုံးတော့ အိုလာတာ ဘယ်လိုလဲ ဆိုတာ သူမသိရှိသွားပြီ။

လှုပ်ရှားမှုတစ်ခုတိုင်းကို အားတော်တော်ယူရတာကြောင့် လူငယ်တွေနဲ့ ယှဉ်ရင် တော်တော့ကို ကွာတာပဲ။ အဘွားအိုမို့ မျက်လုံးကလဲ ကောင်းကောင်းမမြင်။ လီချွင်ကိုလဲ လီရှလို့ မှားထင် ကိုယ့်ဘာသာကိုယ် အရူးမကြီးလို့ပဲ ထင်မိတော့တယ်။

ကောင်းကောင်းအနားယူပြီးနောက် သူမ နည်းနည်းအားပြန်ပြည့်လာသလို ခံစားရသည်။ မျက်လုံးတွေလဲ နည်းနည်း ပြန်ကြည်လာတယ် မှုန်ဝါးဝါးထက်ပိုပြီး ကောင်းလာပြီ

တနေလုံး မပင်မပန်း နေ့ရောညပါ ကစားနေတဲ့ လီချွင်ကို ကြည့်ပြီး အိပ်ယာပေါ်ပဲ လှဲနေရတဲ့ နင်းမုန် အလွန်အားကျနေမိတယ်။ သူမ မြန်မြန်လှုပ်ရှား ကြည့်လိုက်ရင်တောင် ခေါင်းတွေ မူးလာလို့ ငရဲ ခဏ အလည်သွားသလိုထိပါ ခံစားလိုက်ရတယ်

နင်မုန် စိတ်ထဲ သက်ပြင်း ကြီးကြီး ချမိတယ်။

ငယ်ရွယ်ခြင်းဟာ  အရမ်းကောင်းတာပဲ။

မနေ့က မှုန်ဝါးဝါးနဲ့ မြင်ရတာထက် အခု ပိုပြီး ခမ်းနားနေတဲ့ အခန်းကို နင်းမုန် ပတ်ကြည့်လိုက်တယ်။ ဇိမ်ကျတဲ့ အခန်းဆိုပေမဲ့ တစ်ချက်ကြည့်လိုက်ရုံ နဲ့ ပုံမှန် အခန်းမဟုတ်ဘူးဆိုတာာ သိသာစေတယ်။

ဝတ္တုမှာက ရှီအိမ်ဟာ တကယ့်ကို လွှမ်းမိုးနိုင်ပြီးတော့ အာဏာရှိတဲ့မိသားစုပင်။ နင်းမုန် အရင်ဘဝတုန်းက သူမ မိသားစုက ချမ်းသာတယ်ဆိုပေမဲ့ ဒီမိသားစုက ပေးတဲ့ခံစားချက်မျိုးနဲ့တော့မတူ ယှဉ်ကြည့်ရင် သူမ မိသားစုက မကြာသေးခင်ကမှ ချမ်းသာလာတဲ့ သူဌေးလက်သစ်နဲ့တူသည်။

ဒီရှီမိသားစုက ဟိုယခင်ကတည်းက ရာဇဝင်နဲ့ နာမည်ကြီးတာဖြစ်သည်။

သူမ အိပ်ရာပေါ်က ထထိုင်ဖို့ တော်တော်ကြိုးစားပြီးမှ ထိုင်နိုင်လိုက်သည်။

ဒီတစ်ချိန်မှာတော့ လှလှပပ ညှပ်ထားတဲ့ ပန်းတွေကို သယ်လာတဲ့လီချွင် ဝင်လာတဲ့အချိန်နဲ့ တိုက်ဆိုင်သွားပြီး ပန်းတွေကို ကြိုက်တဲ့နင်းမုန်က ထိုပန်းတွေကို သေချာကြည့်နေမိသည်။

လီချွင်က ပန်းတွေကို သေချာထားပြီးမှ သူမကို လာကူကာ “ဘွားဘွားကြီး လျှောက်လှုပ်နေလို့ မရဘူးလေ ဆရာဝန်က ပိုနားသင့်တယ်လို့ ပြောထားတာ”

နင်းမုန်က လက်ရမ်းပြကာ မျက်လုံးကိုမှေးပြီး “လီချွင် အဲက မှန်ကို ငါ့ကိုယူပေးစမ်း”

ဒီနေ့မှတော့ သူမ သေချာသိလာတာက လီချွင်က ရိုရှင်းတဲ့လူတစ်ယောက် ဖြစ်ပြီးတော့ လီရှကတော့ နည်းနည်းထက်တဲ့သူပင်။ နင်းမုန်မှာ အဘွားအိုရဲ့မှတ်ဉာဏ်တွေရှိပေမဲ့ သူမ ခုထိ မသိတဲ့နေရာ ရောက်နေတာမို့ အဖမ်းခံရမှာ မိသွားမှာကိုတော့ ကြောက်သည်။

လီချွင်က မှန်သေးသေးလေးကို ယူလိုက်ပြီးမှ “‘ဘွားဘွားကြီး ဘာလို့ အခုမှန်ကြည့်ချင်ရတာလဲ”

ရက်တချို့လောက် နေမကောင်းဖြစ်ထားတော့ သူမ သွင်ပြင်က နည်းနည်းလေး အဆင်မပြေဘူးလေ ဘွားဘွားကြီးလို အလှကြိုက်တဲ့သူသာ အခု သူ့ပုံစံသူ မြင်သွားလို့ကတော့…

နင်းမုန် သူမ မျက်နှာကိုထိကာ “ငါ တချက်လောက်ကြည့်ချင်လို့ ငါ့ကိုပေး ငါဒေါသမထွက်ဘူး”

ခြောက်သွေ့ပြီး အရေတွန့်နေတဲ့ သူမ အသားအရေတွေအထဲမှာ ကြက်သီးမွေးညှင်းတွေထလို့နေသည်။

တော်တော်ကြာစောင့်ပြီး ဘာအမူအရာမှ ရောက်မလာတာမြင်တော့ သူမ မျက်နှာကို ခက်ထန်လိုက်ကာ “လီချွင်”

မတတ်နိုင်။ လီချွင် သူမကို မှန်ပေးလိုက်ရသည်။

မှန်က ရှေးကျတဲ့ပုံစံပင်။ ကြက်ဥပုံစံ ဖြစ်ပြီးတော့ သစ်သားဘောင်နဲ့ အလှဆင်ထားကာ လက်ကိုင်မှာလည်း တိမ်လို ပုံစံလေးတွေပါသေးသည်။ 

နင်းမုန် ခံစားရတာ ဒီအဘွားကြီးရဲ့ ပစ္စည်းတွေကအစ အိုနေတာလို့ပင်။

မှန်ကိုပဲကြည့်.. ဒါကို အဘွားကြီးရဲ့ယောက္ခမက ပေးထားလေသည်။ ဘိုးဘွားစဉ်ဆက် ရရှိတဲ့ပစ္စည်းလိုမျိုးလေ နှစ်ပေါင်းရာချီနေသလိုမျိုး..။

ရှေးတုန်းက ပစ္စည်းတွေက အမှောင်နဲ့ မကောင်းဆိုးဝါးသဘာဝကို ရန်စနေတဲ့ပစ္စည်းတွေနဲ့ တူသည်။  ဒါပေမဲ့လည်း ဒီအဘွားအခန်းထဲက ပစ္စည်းတွေက ထိလိုက်ရင် တအားကို နွေးနေလေသည်။ လုံးဝကို ကွဲပြားနေတာမျိုး..။

မှန်ကို အဝါနုရောင်အလွှာတစ်ခုက ဝိုင်းရံထားသည်။

စနစ်က လေးနက်စွာ ဝင်ရှင်းပြလာသည်။ “တဖြည်းဖြည်းနဲ့ မင်္ဂလာရှိတဲ့ ပစ္စည်းတွေက အရောင်တစ်ရောင်တည်းလာတယ် အဲထဲမှာမှာ အဝါနုရောင်က အအေးချမ်းဆုံးနဲ့အရှားပါးဆုံးပဲ မကောင်းဆိုးဝါးနဲ့အမှောင်မှာကျ အေးစက်စက်နိုင်တဲ့အရောင်တွေ လာတာများတယ် အမဲရောင် မီးခိုရောင်လိုမျိုးပေါ့  မုန်းတီးခြင်းကနေ ပေါ်ပေါက်လာတဲ့ ဝိညာဉ်တွေကျတော့ ပြောင်းလဲနိုင်တယ်”

အာ့ဆို ဒီရှေးမှန်က အမိုက်စားပဲ။

နင်းမုန် သူမ အတွေးတွေကို ဖယ်ကာ မျက်နှာနားကို မှန်ကို ကပ်ပြီး မျက်လုံးကိုဖွင့်ကာ သူမကိုယ်သူ သေချာကြည့်ဖို့ပြင်လိုက်သည်။

မှန်ထဲက မျက်နှာက အရမ်းကိုမှ သာမန်ဆန်တဲ့ အဘွားကြီးမျက်နှာပင်။

နဖူးနဲ့ မျက်လုံးထောင့်မှာ အရေးကြောင်းတွေနဲ့ သူမကို ပိုပြီး  ဖော်ရွေသလို ဖြစ်စေသည် ဒါပေမဲ့ သူမ သွင်ပြင်ကတော့  သုန်မှုန်ပြီး ကျိုးကြောင်းမဆီလျော်သလိုမျိုး ဖြစ်နေသည်။

ဒီမျက်နှာရဲ့ ပိုင်ရှင်က အခုပြောင်းလဲသွားပြီပင်။ မျက်လုံးတွေကလည်း ကလေးလိုဖြူစင်နေပြီးတော့ သေချာကြည့်ရင် သူမ မျက်နှာမှာ  ဇဝေဇဝါဖြစ်စေတဲ့ အလင်းရောင်တချို့တောင် ရှိနေသေးသည်။

နင်းမုန် ဒီမျက်နှာကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ တစ်ခုခုလွဲနေသလို ခံစားလိုက်ရသည် တော်တော်ကြာမှ သူမ အကြောင်းအရင်းကိုသိတော့သည်။

ဒီမျက်နှာက… သူမနဲ့တူသည်။

သူမ ကျောင်းစတက်တုန်းက ကျောင်းက ကလပ်တစ်ခုကို မဖြစ်မနေ ဝင်ရတာမို့ သူမ ဒရာမာ ကလပ်ကို စိတ်ဝင်စားတာနဲ့ ဝင်ခဲ့ဖူးသည်။

ကျောင်းမှာ အလှလေးတွေ အများကြီးရှိတာမို့ သူမရဲ့ သေးငယ်ပြီး နူးညံ့တဲ့ ကျောက်စိမ်းလိုမျက်နှာလေးက ရှားပါးအလှလေးတော့ မဟုတ်ခဲ့ပေ။ ဆိုတော့ သူမ သူတို့နဲ့ ဘယ်လိုပေါင်းသင်းရမလဲ မသိတာနဲ့ သူမက အဓိကဇာတ်ဆောင်နေရာကို မပါနိုင်ခဲ့သလို ဒီတိုင်းဖြတ်လျှောက်ခန်းတွေလောက်ပဲ ပါဝင်ခွင့်ရခဲ့သည်။

စာသင်နှစ်အဆုံး အနုပညာရှိုးမတိုင်ခင် သူမ ရှိုးထဲက အတွဲတွေကို ခွဲမဲ့ ရိုင်းစိုင်းပြီး ကျိုးကြောင်းမဆီလျော်တဲ့ အမျိုးသမီးဇာတ်ဆောင်ရဲ့ အဘွား နေရာကနေ ပါဝင်ဖို့ နေရာရခဲ့သည်။

ဆိုတော့ သူမ စင်ပေါ်တက်ရင် အစစ်နဲ့တူအောင်လို့ အဖွဲ့ဝင်တွေက သူတို့ရဲ့ ထက်မြက်လှတဲ့ မိတ်ကပ်စွမ်းရည်တွေနဲ့ သူမကို ပြောင်းလဲပေးခဲ့ကြသည်။  ဆံပင်တုပါ တပ်လိုက်တော့ သူမသွင်ပြင်က အချိန်တော်တော်ကြာတဲ့ထိ ရယ်မောစရာဖြစ်ခဲ့သည်။

မှန်ထဲက မျက်နှာက အဲတုန်းက သူမ မိတ်ကပ်ပြင်ထားတဲ့ရုပ်အတိုင်းပဲ စိတ်နေသဘောထားတစ်ခုပဲ ကွဲပြားနေတာ ဖြစ်သည်။

အိမ်မက်တစ်ခုကနေ နိုးလာရသလိုပင်။

အဘွားအို မှန်ကို ငေးနေဆဲဆိုတာ မြင်တော့ လီချွင် ကြောက်လာတော့သည်။

နေမကောင်းဖြစ်ထားတော့ သက်ကြီးရွယ်အို လူတွေမပြောနဲ့ ၁၇ ၁၈ ကလေးမလေးတောင် ရုပ်ဆိုးနေမှာ သေချာသည်။

နင်းမုန် မှန်ကိုဘေးချကာ “ဘာမှမဖြစ်ပါဘူး ငါဒီတိုင်းတချက်ကြည့်တာ”

ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အရာတွေအများကြီးပင်။ ဥပမာ သူမ ကူးပြောင်းလာသလိုမျိုး..။

တူတဲ့လူကို ရှာတွေ့ဖို့ဆိုတာ ထူးဆန်းသည်။  ပြီးတော့ ဒါက ကိစ္စကြီးမဟုတ်ဘူး နည်းနည်းနေရခက်ရုံသာ ဒါပေမဲ့ လုံးဝ မရင်းနှီးတဲ့မျက်နှာကြိးကို ငေးရတာထက်စာရင် ဒါကတော်သေးသည်။

ပြီးတော့ စနစ်က တအားရှက်တတ်ပြီးတော့ သူမကို တစ်ခုခုလုပ်ဖို့ ဖိအားပေးတာမျိုးလည်း မရှိဘူး။ အခု အကုန်လုံး အဆင်ပြေနေသလိုပင်။

နင်းမုန် တွေးပြီး ရုတ်တရက်မေးခွန်းတစ်ခုမေးလိုက်တော့သည်။ “၁၇ မရောက်သေးဘူးလား”

လီချွင်က “မနေ့က သခင်လေးပြောတာ တကယ်လို့ မတော်တဆ မဖြစ်ဘူးဆို သူက သခင်လေးချီကို ဒီကို လာပြီး ဒီတစ်ထပ်အိမ်မှာပဲ အခုကစပြီး နေခွင့်ပေးတော့မှာတဲ့”

အဘွားအိုက သူ့ကို အထင်လွဲပြီး ၁၇ လို့ ဆက်တိုက်ခေါ်နေပေမဲ့ အစေခံတွေကိုတော့ အဲလိုခေါ်ခွင့်မပြုဘူးလေ။

နင်းမုန် ကြားတာနဲ့ ပေါင်ကို ရိုက်လိုက်မိတော့သည်။ ရလဒ်တော့ သူမ ဘာကိုမှ သိပ်မခံစားမိပေ။

နှုတ်ခမ်းလေး စူလိုက်မိသည်။ အဲကောင်လေး သူမနဲ့ ရင်းနှီးမှဖြစ်မည်။ အာ့ဆို မတော်တဆ ဖြစ်တာနည်းသွားမှာ ဖြစ်သည်။

သူမ အရင်မိသားစု နောက်ခံက အနည်းငယ်ချမ်းသာတာမို့ သူမ ဒီရှီမိသားစုကို  ဝတ္ထုထဲက တီဗီ စီးရီးတစ်ခုကို ကြည့်နေရသလို ခံစားရသည်။  ဝတ္ထုက ရှီချီရဲ့ဘဝကို ဖော်ပြထားပြီး အဆုံးကျ သူက အများကြီး ဖြတ်ကျော်ရတာမို့ အဲလို လူမျိုးအဖြစ် ပြောင်းလဲသွားသည်ဟုသာ။

မသိတဲ့အရာတွေက အမြဲတမ်း ကြောက်ဖို့အကောင်းဆုံးပင်။

နင်းမုန် ရက်စက်တဲ့ ဇာတ်ကြောင်းတွေ အကြံတွေကို ဆက်စပ်မိပြီး သူမ နှလုံးသားအေးစက်သွားတော့သည်။

အိပ်ပျော်နေတုန်း သူမ အဘွားအိုရဲ့မှတ်ဉာဏ်တွေကို အကုန်ကြည့်ထားတာမို့ အခု ရှီမိသားစုနဲ့ ရင်းနှီးနေပြီပင်။

ဝတ္ထုမှာက ရှီချီရဲ့ အသက်အစစ်ကို မဖော်ပြထားခဲ့ သူမ ပြန်တွေးကြည့်တော့ တတိယသား အိမ်က ထွက်သွားတာက လွန်ခဲ့တဲ့  ၈ နှစ်လောက်ကဆိုတော့ အဲတုန်းက အခြေအနေကိုပြန်တွေးပြီး သေချာ စဉ်းစားကြည့်ရင် ကလေးက ၇ နှစ် (သို့) ၈နှစ်လောက် ရှိနေလောက်ပြီပေါ့။

အာ့ဆို ပဲ့စေ့လေးကို ပျိုးထောင်ရတာ လွယ်ကူမှာပင်။

သူမ ဒီတိုင်းမေးလိုက်သည်။ “၁၇ က ဘယ်နှနှစ်လဲ”

လီချွင်က အမြန်ဖြေလာသည်။ “၇ နှစ်ပါ သူက သခင်လေးချုံ နဲ့ အသက်တူတူပါပဲ”

နင်းမုန် ရှီချုံ အကြောင်း ပြောတာကြားတော့ သူမ ဘာစဉ်းစားရမှန်းမသိ ဖြစ်သွားသည်။

ရှီချုံက သူမ ဒုတိယသားရဲ့ကလေးဖြစ်ပြီး အဘွားအိုက ဒီကလေးကို တအားသဘောကျသည်။  တအားကိုမှ အလိုလိုက်တာ ဒါပေမဲ့ သူက တစ်ထပ်အိမ်ကို လာရတာ သဘောမကျ ပြီးတော့ ပင်မအိမ်မှာက ဆော့စရာတွေ ပိုစုံသည်။

ဒါပေမဲ့ နင်းမုန်ကတော့ ဒီကလေးပေါ် ခံစားချက်ကောင်းတွေရှိနေပေ။

ပထမဆုံး အကြောင်းအရင်းကတော့ ဒီကလေးရဲ့ အဘွားအိုအပေါ်ထားတဲ့ အပြုအမူတွေကြောင့်ပင်။ ဒီကြွက်စုတ်လေးက တအားဉာဏ်များသည် ဟု သူမ ခံစာားရသည်။

အဲကြွက်စုတ်လေးကြောင့် သူမ ဆုံးရှုံးမှုတွေ အများကြီး ရခဲ့သည်။  ဆိုတော့ သူမ လိမ်မာတဲ့ကလေးကိုပဲ လိုချင်သည်။

ဒုတိယကတော့ ရှီချုံနဲ့ သူ့အစ်မက ရှီချီရဲ့ မှောင်မိုက်တဲ့ ကလေးဘဝမှာ ကြီးမားတဲ့ အတိုက်အခိုက်တစ်ခုပင်။ နောင်ကျ ရှီမိသားစုကို ရှီချီ ပိုင်လာတော့ သူတို့ အဆုံးသတ်က တော်တော်လေး  စိတ်သောက ရောက်စရာပင်။

လူအိုတွေက အများကြီးစဉ်းစားရင် ခေါင်းကိုက်ရသည်။  နင်းမုန် သူမ နားထင်ကိုပွတ်ကာ အိပ်ရာပေါ်ပြန်မှီပြီး “သူရောက်ရင် ငါ့ကိုပြော”

မိဘမဲ့ကလေးကို သူမ ချစ်ခြင်းမေတ္တာတွေ ပေးဖို့လိုသည်။  တကယ်လို့ သူမသာ ကြာကြာနေနိုင်မယ်ဆို ရှီချီ သူမကို ကောင်းကောင်း ဂရုမစိုက်ပေးတောင် သူမကို မကြောက်နေရင် အဆင်ပြေသည်။

လီချွင်က ပြန်ဖြေပြီး သူမကို စောင်ခြုံပေးကာ တံခါးကိုဖွဖွလေးပိတ်ပြီးထွက်သွားတော့သည်။

သူမ အိပ်ရာပေါ်လှဲနေပေမဲ့ အိပ်မပျော်ပေ။

နင်းမုန်က စနစ်ကိုခေါ်ကာ “အဘွားရဲ့အကြီးဆုံးသား ခုတလောဘာလုပ်နေလဲ”

စနစ်က “ခဏ ငါသွားကြည့်လိုက်မယ်…”

စက္ကန့်ပိုင်းအတွင်းပြန်လာကာ “လွန်ခဲ့တဲ့နှစ်ရက်က ယောကျာ်းတစ်ယောက် မင်း အကြီးဆုံးသားကိုလာရှာတယ် ပြောတာ သူ့သမီးက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ကလောင်နတ်သမီးနဲ့ ဆော့လိုက်တာ တစ်ခုခုမှားသွားလို့တဲ့”

“ကလောင်နတ်သမီး” နင်းမုန် လန့်သွားတော့သည်။

ကလောင်နတ်သမီးတွေက ကိုင်တွယ်ရခက်သည်။  ဝတ္ထုတွေ သရဲရုပ်ရှင်တွေမှာဆို ကလောင်နတ်သမီးတွေကို ဗီလိန်တွေအဖြစ် သုံးကြတာ ပြီးတော့ လူသိအများဆုံးဂိမ်းက သရဲခေါ်လေသည်။

အဆုံးကျ ကလောင်နတ်သမီးဆိုတာ နတ်သမီးမဟုတ် သရဲတစ်ကောင်ပင်။

စနစ်က ခေါင်းညိတ်ပြကာ “သူ့သမီးနဲ့ တစ်ဆောင်တည်းတူတူနေတဲ့ လူ ၃ ယောက် သေသွားပြီ ပြီးတော့ သူတို့အကုန်လုံး မတူညီတဲ့နည်းလမ်းတွေနဲ့သေကြတာ သူတို့ သေဆုံးမှုက စိတ်သောကရောက်စရာကြီး နောက်တစ်ယောက်က သူ့သမီးဖြစ်မှာလေ”

နင်းမုန် ချက်ချင်း နားလည်သွားတော့သည်။

သူတို့ ကလောင်နတ်သမီးကို ပြန်ပို့တာ မအောင်မြင်လေသည်။ ထိုအစား သူတို့ ပြန်ဖမ်းမိသွားတာ ဖြစ်မည်။

-

စာရေးဆရာမှာပြောစရာရှိနေပါတယ်

အဘွားအိုရဲ့အသက်က Mary Sue ဝတ္ထုကိုအခြေခံထားတာပါ

ဟား ဟား ဟား

အမျိုးသားဇာတ်ဆောင်က နောက်ဆုံးတော့ နောက်အခန်းမှာပါလာပါတော့မယ်

ဘာပဲဖြစ်ဖြစ် ကလောင်နတ်သမီးကိုခေါ်ဖို့ မကြိုးစားကြပါနဲ့

Zawgyi

အခန္း ၃။ ယင္ယန္မ်က္လုံး

သူက လိုက္ေလ်ာလိုက္တာေၾကာင့္ နင္းမုန္ စိတ္သက္သာရာရသြားသည္။ 

သူမ ေၾကာက္မိတာက ဝတၱဳက ေနာက္ဆုံးမွာ တျခားမျမင္ရတဲ့ အားတခုခုေၾကာင့္ ျပင္လို႔မရေတာ့မွာကိုပဲ ကံေကာင္းစြာပဲ စနစ္က နည္းနည္းအားနည္းေနေပမဲ့ ဘာမွ မျဖစ္သြားလို႔ ေတာ္ေသးသည္။ 

ဒီျပသာနာေျဖရွင္းၿပီးသြားတာနဲ႕ သူမ ရင္ဘတ္ေပၚ ေရာက္ေနတဲ့ ဖိအားႀကီး ေပ်ာက္သြားခဲ့တယ္ အဘြားႀကီး ခႏၲာကိုယ္ ျဖည္းျဖည္းခ်င္းသက္သာ လာခဲ့သည္။ 

ေနာက္ပိုင္းမွာ နင္းမုန္ဟာ ညီအစ္မ ႏွစ္ေယာက္ရဲ႕ တိုက္တြန္းမႈေတြေၾကာင့္ အိပ္ယာေပၚမွာပဲ တေနကုန္ လဲေနရေတာ့တယ္ ၿပီးေတာ့ သူမရဲ႕ အျမင္ဟာ လဲ ျပန္ေကာင္းလာတာ ေနာက္ဆုံးေတာ့ ေတြ႕ရွိသြားသည္။ 

မ်က္လုံးကို ပဝါပါးတစ္ခုနဲ႕ ကာထားသလိုေတာ့ ျဖစ္ေနေပမဲ့  အခန္းတခုလုံးက ေႏြးေထြးတဲ့ အဝါေရာင္အအလင္းေရာင္ ေဖ်ာ့ေဖ်ာ့ေလး လႊမ္းၿခဳံထားတယ္။ အလင္းေရာင္က အရမ္းႀကီးလဲ ေတာက္ပ မေနသလို မ်က္လုံံးကိုလဲ မစူးေစဘူး အဲဒီ့အစား စိတ္သက္သာ သလိုခံစားရေစတယ္။

စနစ္ကသရဲလိုပဲ ဘြားခနဲ႕ ေပၚလာၿပီး “ ဒီဟာက  က်ဴရဲ႕အင္းကြက္ပဲ နင္ လူဝင္စားၿပီးတဲ့ေနာက္မွာ နင္က ယင္ယန္မ်က္လုံးကို ပိုင္ဆိုင္လာတာပဲ”

“ယင္ယန္မ်က္လုံး” လို႔ေျပာၿပီး နင္မုန္ လန့္သြားတယ္ “ဒါဆို ငါ သရဲ၊တေစၦေတြ ျမင္လာရေတာ့မွာလား” လို႔ ထပ္ေမးျပန္တယ္။

သူမ လန့္သြားလို႔ စနစ္လဲ လန့္သြားၿပီး “ ဟုတ္… ဟုတ္တယ္။ ဒါေပမဲ့ မင္း သူတို႔ကို ရွီမိသားစုအိမ္မွာေတာ့ ျမင္ရမွာမဟုတ္ဘူး။ ၿပီးေတာ့လဲ သက္ႀကီး႐ြယ္အိုေတြရဲ႕ မ်က္လုံးကလဲ ေကာင္းတာ မဟုတ္ေတာ့  ယင္ယန္မ်က္လုံးက သရဲ၊တေစၦေတြကို ေဝေဝဝါးဝါးပဲ ျမင္ရမွာ”

နင္မုန္ စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိဳက္တယ္

ကံေကာင္းလို႔ေပါ့ သရဲ၊တေစၦေတြကို HDလို ၾကည္ေတာက္ၿပီး မျမင္ရလို႔ နို႔မို႔ဆို သူမ လန့္ၿပီးေသရလိမ့္မယ္။ 

သူ႕ကို ေလ်ာ္ေပးတာလားဘာလားေတာ့ မသိေပမဲ့ စနစ္က သူမဆီ အဘြားႀကီးရဲ႕ မွတ္ဉာဏ္ေတြ လႊဲေပးလာတယ္

အဘြားအိုရဲ႕ ဘဝက ဒရာမာ ဇာတ္လမ္းတြဲေတြလိုပဲ ယုံၾကည္မႈလြန္ကဲတဲ့ သူေဌးႀကီးက သာမန္ ေကာင္မေလး တစ္ေယာက္ကို ခ်စ္မိသြားတဲ့ ဇာတ္လမ္းပဲ။ အေစာႀကီး ကြယ္လြန္သြားတဲ့ ေယာက်ာ္း၊ ငါးဖမ္းသမားမိသားစုရဲ႕ သမီးေလးကို တကယ္ခ်စ္မိ နင္းမုန္ ဒီခ်ိဳၿမိန္တဲ့ မွတ္ဉာဏ္ေတြ ျပေနတာကို ၾကည့္ရင္းနဲ႕ ခ်ိဳလြန္းလို႔ သြားေတာင္ ကိုက္လာတယ္။

ေတာ္ေသးတာေပါ့ နင္းမုန္ရဲ႕ ေယာက်ာ္းလဲ ေသသြားတာၾကာလို႔ အသက္သာရွင္ေနရင္ နင္းမုန္ ဘယ္လို မ်က္ႏွာခ်င္းဆိုင္ရရမွန္း သိမွာမဟုတ္ဘူး

တကယ္ေတာ့ အဘြားအိုရဲ႕ ခႏၲာကိုယ္တဲ့ ဝင္စားတာ ဘာမွ ထူးထူးဆန္းဆန္းလဲ မရွိပါဘူး။ အိပ္ယာေပၚက ထမယ္ဆိုရင္ေတာင္ ေတာ္ေတာ္အားယူရၿပီး ဟိုဘက္လွည့္ ဒီဘက္လွည့္ကို တစ္နာရီေလာက္ၾကာတယ္။ တခါတေလ လွည့္ေတာင္မလွည့္နိုင္ဘူး။

ေနာက္ဆုံးေတာ့ အိုလာတာ ဘယ္လိုလဲ ဆိုတာ သူမသိရွိသြားၿပီ။

လႈပ္ရွားမႈတစ္ခုတိုင္းကို အားေတာ္ေတာ္ယူရတာေၾကာင့္ လူငယ္ေတြနဲ႕ ယွဥ္ရင္ ေတာ္ေတာ့ကို ကြာတာပဲ။ အဘြားအိုမို႔ မ်က္လုံးကလဲ ေကာင္းေကာင္းမျမင္။ လီခြၽင္ကိုလဲ လီရွလို႔ မွားထင္ ကိုယ့္ဘာသာကိုယ္ အ႐ူးမႀကီးလို႔ပဲ ထင္မိေတာ့တယ္။

ေကာင္းေကာင္းအနားယူၿပီးေနာက္ သူမ နည္းနည္းအားျပန္ျပည့္လာသလို ခံစားရသည္။ မ်က္လုံးေတြလဲ နည္းနည္း ျပန္ၾကည္လာတယ္ မႈန္ဝါးဝါးထက္ပိုၿပီး ေကာင္းလာၿပီ

တေနလုံး မပင္မပန္း ေန႕ေရာညပါ ကစားေနတဲ့ လီခြၽင္ကို ၾကည့္ၿပီး အိပ္ယာေပၚပဲ လွဲေနရတဲ့ နင္းမုန္ အလြန္အားက်ေနမိတယ္။ သူမ ျမန္ျမန္လႈပ္ရွား ၾကည့္လိုက္ရင္ေတာင္ ေခါင္းေတြ မူးလာလို႔ ငရဲ ခဏ အလည္သြားသလိုထိပါ ခံစားလိုက္ရတယ္

နင္မုန္ စိတ္ထဲ သက္ျပင္း ႀကီးႀကီး ခ်မိတယ္။

ငယ္႐ြယ္ျခင္းဟာ  အရမ္းေကာင္းတာပဲ။

မေန႕က မႈန္ဝါးဝါးနဲ႕ ျမင္ရတာထက္ အခု ပိုၿပီး ခမ္းနားေနတဲ့ အခန္းကို နင္းမုန္ ပတ္ၾကည့္လိုက္တယ္။ ဇိမ္က်တဲ့ အခန္းဆိုေပမဲ့ တစ္ခ်က္ၾကည့္လိုက္႐ုံ နဲ႕ ပုံမွန္ အခန္းမဟုတ္ဘူးဆိုတာာ သိသာေစတယ္။

ဝတၱဳမွာက ရွီအိမ္ဟာ တကယ့္ကို လႊမ္းမိုးနိုင္ၿပီးေတာ့ အာဏာရွိတဲ့မိသားစုပင္။ နင္းမုန္ အရင္ဘဝတုန္းက သူမ မိသားစုက ခ်မ္းသာတယ္ဆိုေပမဲ့ ဒီမိသားစုက ေပးတဲ့ခံစားခ်က္မ်ိဳးနဲ႕ေတာ့မတူ ယွဥ္ၾကည့္ရင္ သူမ မိသားစုက မၾကာေသးခင္ကမွ ခ်မ္းသာလာတဲ့ သူေဌးလက္သစ္နဲ႕တူသည္။ 

ဒီရွီမိသားစုက ဟိုယခင္ကတည္းက ရာဇဝင္နဲ႕ နာမည္ႀကီးတာျဖစ္သည္။ 

သူမ အိပ္ရာေပၚက ထထိုင္ဖို႔ ေတာ္ေတာ္ႀကိဳးစားၿပီးမွ ထိုင္နိုင္လိုက္သည္။

ဒီတစ္ခ်ိန္မွာေတာ့ လွလွပပ ညွပ္ထားတဲ့ ပန္းေတြကို သယ္လာတဲ့လီခြၽင္ ဝင္လာတဲ့အခ်ိန္နဲ႕ တိုက္ဆိုင္သြားၿပီး ပန္းေတြကို ႀကိဳက္တဲ့နင္းမုန္က ထိုပန္းေတြကို ေသခ်ာၾကည့္ေနမိသည္။ 

လီခြၽင္က ပန္းေတြကို ေသခ်ာထားၿပီးမွ သူမကို လာကူကာ “ဘြားဘြားႀကီး ေလွ်ာက္လႈပ္ေနလို႔ မရဘူးေလ ဆရာဝန္က ပိုနားသင့္တယ္လို႔ ေျပာထားတာ”

နင္းမုန္က လက္ရမ္းျပကာ မ်က္လုံးကိုေမွးၿပီး “လီခြၽင္ အဲက မွန္ကို ငါ့ကိုယူေပးစမ္း”

ဒီေန႕မွေတာ့ သူမ ေသခ်ာသိလာတာက လီခြၽင္က ရိုရွင္းတဲ့လူတစ္ေယာက္ ျဖစ္ၿပီးေတာ့ လီရွကေတာ့ နည္းနည္းထက္တဲ့သူပင္။ နင္းမုန္မွာ အဘြားအိုရဲ႕မွတ္ဉာဏ္ေတြရွိေပမဲ့ သူမ ခုထိ မသိတဲ့ေနရာ ေရာက္ေနတာမို႔ အဖမ္းခံရမွာ မိသြားမွာကိုေတာ့ ေၾကာက္သည္။ 

လီခြၽင္က မွန္ေသးေသးေလးကို ယူလိုက္ၿပီးမွ “‘ဘြားဘြားႀကီး ဘာလို႔ အခုမွန္ၾကည့္ခ်င္ရတာလဲ”

ရက္တခ်ိဳ႕ေလာက္ ေနမေကာင္းျဖစ္ထားေတာ့ သူမ သြင္ျပင္က နည္းနည္းေလး အဆင္မေျပဘူးေလ ဘြားဘြားႀကီးလို အလွႀကိဳက္တဲ့သူသာ အခု သူ႕ပုံစံသူ ျမင္သြားလို႔ကေတာ့…

နင္းမုန္ သူမ မ်က္ႏွာကိုထိကာ “ငါ တခ်က္ေလာက္ၾကည့္ခ်င္လို႔ ငါ့ကိုေပး ငါေဒါသမထြက္ဘူး”

ေျခာက္ေသြ႕ၿပီး အေရတြန႔္ေနတဲ့ သူမ အသားအေရေတြအထဲမွာ ၾကက္သီးေမြးညွင္းေတြထလို႔ေနသည္။ 

ေတာ္ေတာ္ၾကာေစာင့္ၿပီး ဘာအမူအရာမွ ေရာက္မလာတာျမင္ေတာ့ သူမ မ်က္ႏွာကို ခက္ထန္လိုက္ကာ “လီခြၽင္”

မတတ္နိုင္။ လီခြၽင္ သူမကို မွန္ေပးလိုက္ရသည္။

မွန္က ေရွးက်တဲ့ပုံစံပင္။ ၾကက္ဥပုံစံ ျဖစ္ၿပီးေတာ့ သစ္သားေဘာင္နဲ႕ အလွဆင္ထားကာ လက္ကိုင္မွာလည္း တိမ္လို ပုံစံေလးေတြပါေသးသည္။  

နင္းမုန္ ခံစားရတာ ဒီအဘြားႀကီးရဲ႕ ပစၥည္းေတြကအစ အိုေနတာလို႔ပင္။

မွန္ကိုပဲၾကည့္.. ဒါကို အဘြားႀကီးရဲ႕ေယာကၡမက ေပးထားေလသည္။ ဘိုးဘြားစဥ္ဆက္ ရရွိတဲ့ပစၥည္းလိုမ်ိဳးေလ ႏွစ္ေပါင္းရာခ်ီေနသလိုမ်ိဳး..။ 

ေရွးတုန္းက ပစၥည္းေတြက အေမွာင္နဲ႕ မေကာင္းဆိုးဝါးသဘာဝကို ရန္စေနတဲ့ပစၥည္းေတြနဲ႕ တူသည္။  ဒါေပမဲ့လည္း ဒီအဘြားအခန္းထဲက ပစၥည္းေတြက ထိလိုက္ရင္ တအားကို ေႏြးေနေလသည္။ လုံးဝကို ကြဲျပားေနတာမ်ိဳး..။ 

မွန္ကို အဝါႏုေရာင္အလႊာတစ္ခုက ဝိုင္းရံထားသည္။ 

စနစ္က ေလးနက္စြာ ဝင္ရွင္းျပလာသည္။ “တျဖည္းျဖည္းနဲ႕ မဂၤလာရွိတဲ့ ပစၥည္းေတြက အေရာင္တစ္ေရာင္တည္းလာတယ္ အဲထဲမွာမွာ အဝါႏုေရာင္က အေအးခ်မ္းဆုံးနဲ႕အရွားပါးဆုံးပဲ မေကာင္းဆိုးဝါးနဲ႕အေမွာင္မွာက် ေအးစက္စက္နိုင္တဲ့အေရာင္ေတြ လာတာမ်ားတယ္ အမဲေရာင္ မီးခိုေရာင္လိုမ်ိဳးေပါ့  မုန္းတီးျခင္းကေန ေပၚေပါက္လာတဲ့ ဝိညာဥ္ေတြက်ေတာ့ ေျပာင္းလဲနိုင္တယ္”

အာ့ဆို ဒီေရွးမွန္က အမိုက္စားပဲ။

နင္းမုန္ သူမ အေတြးေတြကို ဖယ္ကာ မ်က္ႏွာနားကို မွန္ကို ကပ္ၿပီး မ်က္လုံးကိုဖြင့္ကာ သူမကိုယ္သူ ေသခ်ာၾကည့္ဖို႔ျပင္လိုက္သည္။

မွန္ထဲက မ်က္ႏွာက အရမ္းကိုမွ သာမန္ဆန္တဲ့ အဘြားႀကီးမ်က္ႏွာပင္။

နဖူးနဲ႕ မ်က္လုံးေထာင့္မွာ အေရးေၾကာင္းေတြနဲ႕ သူမကို ပိုၿပီး  ေဖာ္ေ႐ြသလို ျဖစ္ေစသည္ ဒါေပမဲ့ သူမ သြင္ျပင္ကေတာ့  သုန္မႈန္ၿပီး က်ိဳးေၾကာင္းမဆီေလ်ာ္သလိုမ်ိဳး ျဖစ္ေနသည္။ 

ဒီမ်က္ႏွာရဲ႕ ပိုင္ရွင္က အခုေျပာင္းလဲသြားၿပီပင္။ မ်က္လုံးေတြကလည္း ကေလးလိုျဖဴစင္ေနၿပီးေတာ့ ေသခ်ာၾကည့္ရင္ သူမ မ်က္ႏွာမွာ  ဇေဝဇဝါျဖစ္ေစတဲ့ အလင္းေရာင္တခ်ိဳ႕ေတာင္ ရွိေနေသးသည္။ 

နင္းမုန္ ဒီမ်က္ႏွာကို ၾကည့္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ တစ္ခုခုလြဲေနသလို ခံစားလိုက္ရသည္ ေတာ္ေတာ္ၾကာမွ သူမ အေၾကာင္းအရင္းကိုသိေတာ့သည္။

ဒီမ်က္ႏွာက… သူမနဲ႕တူသည္။ 

သူမ ေက်ာင္းစတက္တုန္းက ေက်ာင္းက ကလပ္တစ္ခုကို မျဖစ္မေန ဝင္ရတာမို႔ သူမ ဒရာမာ ကလပ္ကို စိတ္ဝင္စားတာနဲ႕ ဝင္ခဲ့ဖူးသည္။ 

ေက်ာင္းမွာ အလွေလးေတြ အမ်ားႀကီးရွိတာမို႔ သူမရဲ႕ ေသးငယ္ၿပီး ႏူးညံ့တဲ့ ေက်ာက္စိမ္းလိုမ်က္ႏွာေလးက ရွားပါးအလွေလးေတာ့ မဟုတ္ခဲ့ေပ။ ဆိုေတာ့ သူမ သူတို႔နဲ႕ ဘယ္လိုေပါင္းသင္းရမလဲ မသိတာနဲ႕ သူမက အဓိကဇာတ္ေဆာင္ေနရာကို မပါနိုင္ခဲ့သလို ဒီတိုင္းျဖတ္ေလွ်ာက္ခန္းေတြေလာက္ပဲ ပါဝင္ခြင့္ရခဲ့သည္။ 

စာသင္ႏွစ္အဆုံး အႏုပညာရွိုးမတိုင္ခင္ သူမ ရွိုးထဲက အတြဲေတြကို ခြဲမဲ့ ရိုင္းစိုင္းၿပီး က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ အမ်ိဳးသမီးဇာတ္ေဆာင္ရဲ႕ အဘြား ေနရာကေန ပါဝင္ဖို႔ ေနရာရခဲ့သည္။ 

ဆိုေတာ့ သူမ စင္ေပၚတက္ရင္ အစစ္နဲ႕တူေအာင္လို႔ အဖြဲ႕ဝင္ေတြက သူတို႔ရဲ႕ ထက္ျမက္လွတဲ့ မိတ္ကပ္စြမ္းရည္ေတြနဲ႕ သူမကို ေျပာင္းလဲေပးခဲ့ၾကသည္။  ဆံပင္တုပါ တပ္လိုက္ေတာ့ သူမသြင္ျပင္က အခ်ိန္ေတာ္ေတာ္ၾကာတဲ့ထိ ရယ္ေမာစရာျဖစ္ခဲ့သည္။ 

မွန္ထဲက မ်က္ႏွာက အဲတုန္းက သူမ မိတ္ကပ္ျပင္ထားတဲ့႐ုပ္အတိုင္းပဲ စိတ္ေနသေဘာထားတစ္ခုပဲ ကြဲျပားေနတာ ျဖစ္သည္။ 

အိမ္မက္တစ္ခုကေန နိုးလာရသလိုပင္။

အဘြားအို မွန္ကို ေငးေနဆဲဆိုတာ ျမင္ေတာ့ လီခြၽင္ ေၾကာက္လာေတာ့သည္။

ေနမေကာင္းျဖစ္ထားေတာ့ သက္ႀကီး႐ြယ္အို လူေတြမေျပာနဲ႕ ၁၇ ၁၈ ကေလးမေလးေတာင္ ႐ုပ္ဆိုးေနမွာ ေသခ်ာသည္။ 

နင္းမုန္ မွန္ကိုေဘးခ်ကာ “ဘာမွမျဖစ္ပါဘူး ငါဒီတိုင္းတခ်က္ၾကည့္တာ”

ကမာၻေပၚမွာ ထူးဆန္းတဲ့အရာေတြအမ်ားႀကီးပင္။ ဥပမာ သူမ ကူးေျပာင္းလာသလိုမ်ိဳး..။ 

တူတဲ့လူကို ရွာေတြ႕ဖို႔ဆိုတာ ထူးဆန္းသည္။  ၿပီးေတာ့ ဒါက ကိစၥႀကီးမဟုတ္ဘူး နည္းနည္းေနရခက္႐ုံသာ ဒါေပမဲ့ လုံးဝ မရင္းႏွီးတဲ့မ်က္ႏွာႀကိးကို ေငးရတာထက္စာရင္ ဒါကေတာ္ေသးသည္။ 

ၿပီးေတာ့ စနစ္က တအားရွက္တတ္ၿပီးေတာ့ သူမကို တစ္ခုခုလုပ္ဖို႔ ဖိအားေပးတာမ်ိဳးလည္း မရွိဘူး။ အခု အကုန္လုံး အဆင္ေျပေနသလိုပင္။

နင္းမုန္ ေတြးၿပီး ႐ုတ္တရက္ေမးခြန္းတစ္ခုေမးလိုက္ေတာ့သည္။ “၁၇ မေရာက္ေသးဘူးလား”

လီခြၽင္က “မေန႕က သခင္ေလးေျပာတာ တကယ္လို႔ မေတာ္တဆ မျဖစ္ဘူးဆို သူက သခင္ေလးခ်ီကို ဒီကို လာၿပီး ဒီတစ္ထပ္အိမ္မွာပဲ အခုကစၿပီး ေနခြင့္ေပးေတာ့မွာတဲ့”

အဘြားအိုက သူ႕ကို အထင္လြဲၿပီး ၁၇ လို႔ ဆက္တိုက္ေခၚေနေပမဲ့ အေစခံေတြကိုေတာ့ အဲလိုေခၚခြင့္မျပဳဘူးေလ။

နင္းမုန္ ၾကားတာနဲ႕ ေပါင္ကို ရိုက္လိုက္မိေတာ့သည္။ ရလဒ္ေတာ့ သူမ ဘာကိုမွ သိပ္မခံစားမိေပ။

ႏႈတ္ခမ္းေလး စူလိုက္မိသည္။ အဲေကာင္ေလး သူမနဲ႕ ရင္းႏွီးမွျဖစ္မည္။ အာ့ဆို မေတာ္တဆ ျဖစ္တာနည္းသြားမွာ ျဖစ္သည္။ 

သူမ အရင္မိသားစု ေနာက္ခံက အနည္းငယ္ခ်မ္းသာတာမို႔ သူမ ဒီရွီမိသားစုကို  ဝတၳဳထဲက တီဗီ စီးရီးတစ္ခုကို ၾကည့္ေနရသလို ခံစားရသည္။  ဝတၳဳက ရွီခ်ီရဲ႕ဘဝကို ေဖာ္ျပထားၿပီး အဆုံးက် သူက အမ်ားႀကီး ျဖတ္ေက်ာ္ရတာမို႔ အဲလို လူမ်ိဳးအျဖစ္ ေျပာင္းလဲသြားသည္ဟုသာ။ 

မသိတဲ့အရာေတြက အၿမဲတမ္း ေၾကာက္ဖို႔အေကာင္းဆုံးပင္။

နင္းမုန္ ရက္စက္တဲ့ ဇာတ္ေၾကာင္းေတြ အႀကံေတြကို ဆက္စပ္မိၿပီး သူမ ႏွလုံးသားေအးစက္သြားေတာ့သည္။ 

အိပ္ေပ်ာ္ေနတုန္း သူမ အဘြားအိုရဲ႕မွတ္ဉာဏ္ေတြကို အကုန္ၾကည့္ထားတာမို႔ အခု ရွီမိသားစုနဲ႕ ရင္းႏွီးေနၿပီပင္။

ဝတၳဳမွာက ရွီခ်ီရဲ႕ အသက္အစစ္ကို မေဖာ္ျပထားခဲ့ သူမ ျပန္ေတြးၾကည့္ေတာ့ တတိယသား အိမ္က ထြက္သြားတာက လြန္ခဲ့တဲ့  ၈ ႏွစ္ေလာက္ကဆိုေတာ့ အဲတုန္းက အေျခအေနကိုျပန္ေတြးၿပီး ေသခ်ာ စဥ္းစားၾကည့္ရင္ ကေလးက ၇ ႏွစ္ (သို႔) ၈ႏွစ္ေလာက္ ရွိေနေလာက္ၿပီေပါ့။

အာ့ဆို ပဲ့ေစ့ေလးကို ပ်ိဳးေထာင္ရတာ လြယ္ကူမွာပင္။

သူမ ဒီတိုင္းေမးလိုက္သည္။ “၁၇ က ဘယ္ႏွႏွစ္လဲ”

လီခြၽင္က အျမန္ေျဖလာသည္။ “၇ ႏွစ္ပါ သူက သခင္ေလးခ်ဳံ နဲ႕ အသက္တူတူပါပဲ”

နင္းမုန္ ရွီခ်ဳံ အေၾကာင္း ေျပာတာၾကားေတာ့ သူမ ဘာစဥ္းစားရမွန္းမသိ ျဖစ္သြားသည္။ 

ရွီခ်ဳံက သူမ ဒုတိယသားရဲ႕ကေလးျဖစ္ၿပီး အဘြားအိုက ဒီကေလးကို တအားသေဘာက်သည္။  တအားကိုမွ အလိုလိုက္တာ ဒါေပမဲ့ သူက တစ္ထပ္အိမ္ကို လာရတာ သေဘာမက် ၿပီးေတာ့ ပင္မအိမ္မွာက ေဆာ့စရာေတြ ပိုစုံသည္။ 

ဒါေပမဲ့ နင္းမုန္ကေတာ့ ဒီကေလးေပၚ ခံစားခ်က္ေကာင္းေတြရွိေနေပ။ 

ပထမဆုံး အေၾကာင္းအရင္းကေတာ့ ဒီကေလးရဲ႕ အဘြားအိုအေပၚထားတဲ့ အျပဳအမူေတြေၾကာင့္ပင္။ ဒီႂကြက္စုတ္ေလးက တအားဉာဏ္မ်ားသည္ ဟု သူမ ခံစာားရသည္။

အဲႂကြက္စုတ္ေလးေၾကာင့္ သူမ ဆုံးရႈံးမႈေတြ အမ်ားႀကီး ရခဲ့သည္။  ဆိုေတာ့ သူမ လိမ္မာတဲ့ကေလးကိုပဲ လိုခ်င္သည္။

ဒုတိယကေတာ့ ရွီခ်ဳံနဲ႕ သူ႕အစ္မက ရွီခ်ီရဲ႕ ေမွာင္မိုက္တဲ့ ကေလးဘဝမွာ ႀကီးမားတဲ့ အတိုက္အခိုက္တစ္ခုပင္။ ေနာင္က် ရွီမိသားစုကို ရွီခ်ီ ပိုင္လာေတာ့ သူတို႔ အဆုံးသတ္က ေတာ္ေတာ္ေလး  စိတ္ေသာက ေရာက္စရာပင္။

လူအိုေတြက အမ်ားႀကီးစဥ္းစားရင္ ေခါင္းကိုက္ရသည္။  နင္းမုန္ သူမ နားထင္ကိုပြတ္ကာ အိပ္ရာေပၚျပန္မွီၿပီး “သူေရာက္ရင္ ငါ့ကိုေျပာ”

မိဘမဲ့ကေလးကို သူမ ခ်စ္ျခင္းေမတၱာေတြ ေပးဖို႔လိုသည္။  တကယ္လို႔ သူမသာ ၾကာၾကာေနနိုင္မယ္ဆို ရွီခ်ီ သူမကို ေကာင္းေကာင္း ဂ႐ုမစိုက္ေပးေတာင္ သူမကို မေၾကာက္ေနရင္ အဆင္ေျပသည္။ 

လီခြၽင္က ျပန္ေျဖၿပီး သူမကို ေစာင္ၿခဳံေပးကာ တံခါးကိုဖြဖြေလးပိတ္ၿပီးထြက္သြားေတာ့သည္။ 

သူမ အိပ္ရာေပၚလွဲေနေပမဲ့ အိပ္မေပ်ာ္ေပ။ 

နင္းမုန္က စနစ္ကိုေခၚကာ “အဘြားရဲ႕အႀကီးဆုံးသား ခုတေလာဘာလုပ္ေနလဲ”

စနစ္က “ခဏ ငါသြားၾကည့္လိုက္မယ္…”

စကၠန့္ပိုင္းအတြင္းျပန္လာကာ “လြန္ခဲ့တဲ့ႏွစ္ရက္က ေယာက်ာ္းတစ္ေယာက္ မင္း အႀကီးဆုံးသားကိုလာရွာတယ္ ေျပာတာ သူ႕သမီးက ေက်ာင္းမွာ သူငယ္ခ်င္းေတြနဲ႕ ကေလာင္နတ္သမီးနဲ႕ ေဆာ့လိုက္တာ တစ္ခုခုမွားသြားလို႔တဲ့”

“ကေလာင္နတ္သမီး” နင္းမုန္ လန့္သြားေတာ့သည္။

ကေလာင္နတ္သမီးေတြက ကိုင္တြယ္ရခက္သည္။  ဝတၳဳေတြ သရဲ႐ုပ္ရွင္ေတြမွာဆို ကေလာင္နတ္သမီးေတြကို ဗီလိန္ေတြအျဖစ္ သုံးၾကတာ ၿပီးေတာ့ လူသိအမ်ားဆုံးဂိမ္းက သရဲေခၚေလသည္။

အဆုံးက် ကေလာင္နတ္သမီးဆိုတာ နတ္သမီးမဟုတ္ သရဲတစ္ေကာင္ပင္။

စနစ္က ေခါင္းညိတ္ျပကာ “သူ႕သမီးနဲ႕ တစ္ေဆာင္တည္းတူတူေနတဲ့ လူ ၃ ေယာက္ ေသသြားၿပီ ၿပီးေတာ့ သူတို႔အကုန္လုံး မတူညီတဲ့နည္းလမ္းေတြနဲ႕ေသၾကတာ သူတို႔ ေသဆုံးမႈက စိတ္ေသာကေရာက္စရာႀကီး ေနာက္တစ္ေယာက္က သူ႕သမီးျဖစ္မွာေလ”

နင္းမုန္ ခ်က္ခ်င္း နားလည္သြားေတာ့သည္။

သူတို႔ ကေလာင္နတ္သမီးကို ျပန္ပို႔တာ မေအာင္ျမင္ေလသည္။ ထိုအစား သူတို႔ ျပန္ဖမ္းမိသြားတာ ျဖစ္မည္။ 

-

စာေရးဆရာမွာေျပာစရာရွိေနပါတယ္

အဘြားအိုရဲ႕အသက္က Mary Sue ဝတၳဳကိုအေျခခံထားတာပါ

ဟား ဟား ဟား

အမ်ိဳးသားဇာတ္ေဆာင္က ေနာက္ဆုံးေတာ့ ေနာက္အခန္းမွာပါလာပါေတာ့မယ္

ဘာပဲျဖစ္ျဖစ္ ကေလာင္နတ္သမီးကိုေခၚဖို႔ မႀကိဳးစားၾကပါနဲ႕

Continue Reading

You'll Also Like

4.4M 35.3K 72
"𝐲𝐨𝐮 𝐬𝐭𝐢𝐥𝐥 𝐢𝐦𝐚𝐠𝐢𝐧𝐞 𝐢'𝐦 𝐝𝐚𝐭𝐢𝐧𝐠 𝐲𝐨𝐮.." ╔═══*.·:·.✧ ✦ ✧.·:·.*═══╗ completed ...
78K 5.5K 98
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင်ခြင်းစနစ်ကို ရရှိခဲ့သည်။ သူသည် အချက်အပြ...
375K 61.7K 103
I rely on kisses to clear survival games. 90 Chapters + 9 Extras This is not my own. Totally Credited to original Author.
61K 7.5K 74
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...