True Love Eternal Universe

By True_Love_Universe

4.6K 354 254

Love will never end if it is True. More

Nini Note
💟True Love Fic Covers💟
⚽️ True Love FC ⚽️
🎁 Valentine's Special (U)🎁
🎁 Valentine's Special (Z) 🎁
💛Babe's Proposal💛
🤎💙ရိုးမြေကျမယ့် ညိုခဲ့လေသော်💙🤎
🤎Jealous Htut Htut🤎
🤎မောင်မောင်ထွဋ်ရဲ့ အသည်းကွဲပုံပြင်🤎
ရွှေပိုးကောင်၏ ကလဲ့စား (U+Z)
True Love သာ စီးရီးတွဲ ဖြစ်ခဲ့ရင်....

🤍Lone Lone's Punishment🤍

292 35 5
By True_Love_Universe

(Unicode)

"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး..

 ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့်အမျိုး.. တဲ့"

ရှေးလူကြီးတွေစကား သိပ်မှန်ကြောင်းကို ပြည်လုံး ဂူဖောက်ပြီးသာ ပြောပြလိုက်ချင်သည်။ ဒီဆိုရိုးကို လုံးဝယုံသွားပါပြီ..။

"ခြေသံ.. ခြေသံကြားတယ်.. လာနေပြီ.. ငါ့ဆီကို လာနေပြီ.."

အိပ်နေရင်းကနေ ကယောင်ကတမ်း ထအော်နေတဲ့သူကို ပြည်လုံး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ကြည့်နေမိသည်။ ရက်ပိုင်းလေးအတွင်းမှာကို ချိုင့်ဝင်သွားတဲ့ မျက်ကွင်းတွေရယ်..၊ ဖြီးသင်မထားတဲ့ ဆံပင်စုတ်ထောင်းထောင်းရယ်၊ မရိတ်တာကြာလို့ ပေါ်ထွက်စပြုနေတဲ့ မုတ်ဆိတ်မွှေးငုတ်စိတွေရယ်ကြောင့် သူ့ယောကျာ်း ဟိန်းတေဇမှ ဟုတ်ရဲ့လား..၊ အရူးတစ်ယောက်ယောက်များ လူစားထိုးပြီး လာအိပ်နေတာလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးရသည်။

"သူ.. သတိလေးပါလေးထားပါဦး၊ နိုးပြီဆိုလည်း ထတော့၊ မိုးလင်းနေပြီ"

 "အာ.. ထ..ပြီ ချစ်...."

ထပြီလို့ ပါးစပ်ကအော်ပြီး သွားရည်တောင်မသုတ်နိုင်ဘဲ ပြန်အိပ်ပျော်သွားသည်။ ပိုးလို့ပက်လက်သေနေတဲ့သူက ပြည်လုံး မြင်မြင်ချင်းကြွေခဲ့ရတဲ့ ဟိန်းတေဇမှ ဟုတ်ပါလေစ..။ ကျောင်းတက်တုန်းက ရှိုးပြခဲ့တဲ့ ဟိန်းတေဇရဲ့ ပဲတစ်တောင်က အခုဘယ်များရောက်သွားပါပြီလဲ..။ အိမ်ထောင်သက်တစ်နှစ်ကျော်လေးမှာတင် ဟိန်းတေဇ ပြောင်းလဲသွားခဲ့တာကြောင့် ပြည်လုံး  စိတ်မကောင်းဖြစ်ရပါသည်။

ဒီလိုဖြစ်မယ်မှန်းသိရင် ကြို့ပင်ကောက်ကို ပြန်ကြမယ်လို့ပြောတုန်းက သူခေါင်းခါခဲ့ရမှာ။ မြို့ထဲမှာ စတိုးဆိုင်ဖွင့်ရအောင်လို့ အကြံပေးတုန်းကလည်း အပြတ်ငြင်းခဲ့ရမှာ။ အခုတော့..

"သူ ထရင်ထ..မထရင်နေတော့၊ ၁၀မိနစ်အတွင်းမထရင် မနက်စာမကျွေးဘူး"

ပြည်လုံး စောင်ကိုဆွဲချခဲ့ကာ တေဇရဲ့လက်မောင်းကို နာနာလေးဖြတ်ရိုက်ပြီးမှ အခန်းပြင်ကို ထွက်လာခဲ့လိုက်သည်။ လက်ဖက်ရည်ဆိုင်က ကောင်လေးလာပို့သွားတဲ့ အီကြာကွေးနဲ့ လက်ဖက်ရည်ကို ပန်းကန်တွေ၊ ခွက်တွေထဲ ပြောင်းထည့်နေစဉ်မှာပဲ ကုဋေရှစ်ဆယ် သူဌေးယောကျာ်းက အိပ်ရေးမဝသေးတဲ့ ရုပ်နဲ့ထွက်လာသည်။

"ကိုယ်ထတာ နည်းနည်းလေးနောက်ကျသွားတယ်၊ စိတ်ဆိုးနဲ့နော် ချစ်ဆုံးလေး"

"မနေ့ညက ဘယ်နှစ်နာရီအိပ်တာလဲ"

"တစ်..တစ်နာရီအိပ်တာ"

ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ ခင်ပွန်းသည်ကို ပြည်လုံး မျက်နှာသေနဲ့ ကြည့်ပေးလိုက်ကာမှပဲ အမှန်တရားကို ကြားရသည်။

"ဟီး.. သုံးနာရီ.. ချစ်ဆုံး"

စိတ်ကကုန်ပြီးရင် ကုန်နေတဲ့အတွက် ဘာမှဆက်ပြောလိုစိတ်မရှိတာကြောင့် အီကြာကွေးပန်းကန်ကိုသာ မေးငေါ့ပြလိုက်သည်။ ဒါကို စပရှယ်တုံးက သူ့ကို Passပေးလိုက်တယ်လို့များ ထင်လားမသိ..။ အရည်မရ၊ အဖက်မရတွေကိုသာ ဗလုံးဗထွေး စမြုန့်ပြန်နေသည်။

"ချစ်ဆုံး.. သိလား၊ ကောင်းဆက်နိုင်တောင် ကိုယ့်ကိုချီးကျူးနေတာ...&*&^"

ဟိန်းတေဇ ပျက်စီးရခြင်းရဲ့ အဓိကလက်သည် နာမည်ပါလာတော့ ဖဲ့လက်စ အီကြာကွေးတို့က ပြည်လုံး လက်ထဲမှာ အညှစ်ခံဘဝရောက်သွားရသည်။ အရင်တစ်ပတ်က ဟိန်းတေဇကို ကောင်းဆက်နိုင်က ဖုန်းလှမ်းဆက်သည်။ ဘာတဲ့.. 

"တေဇ.. ဂိမ်းအသစ်ထွက်လာပြန်ပြီကွ၊ ငါတို့ လေ့လာကြည့်ရအောင်"

ဒါမျိုးဆိုရင် ပညာရှင်ဆန်လွန်းတဲ့ အိမ်ကယောကျာ်းကလည်း..

"အေး မဆိုးဘူး သုံးသပ်ကြတာပေါ့ လူစုလိုက်"

လို့ဆိုကာ ဇေယျာပိုင်တို့လင်မယားကိုပါ ပူးပေါင်းပါဝင်စေပြီး အုပ်စုလိုက် လေ့လာဆန်းစစ်ကြသည်ပေါ့..။ပြည်လုံးကိုတော့ အတူတူဆော့ချင်တယ်လို့ သံတော်ဦးတင်ရှာပါရဲ့..။ ဒါပေမယ့် စတိုးဆိုင်တဖက်၊ ခွေးတဖက်နဲ့လေ..။ သူသာ အလိုက်ကမ်းဆိုးမသိ.. ဘာမသိနဲ့ ဆော့ရက်တာ..။ အခုလည်း ပြည်လုံးစိတ်ဆိုးနေတာကို ပါးနပ်လွန်းသူကြီးက မမြင်..။ သူပြောချင်တာကိုပဲ ဆက်ကာပြောနေသည်။

"ကောင်းဆက် ပြောတာက မင်းကိုတဲ့..၊ ကိုးရီးယားကတောင် ခေါ်လောက်တယ်တဲ့၊ မင်းဆော့တာ အရမ်းတော်တာပဲတဲ့.."

"အဲ့ကောင်က ရွဲ့ပြောတာနေမှာပေါ့"

"ဟာ ချစ်ဆုံးနော်..၊ ကိုယ်ဆော့တာ အရမ်းတော်တာ၊ မနေ့ညကဆို MVPတွေ ဆက်တိုက်ရတာနော်"

MVPရမှာပေါ့။ ကိုယ့်အဖွဲ့ကိုလည်း ပြန်ကြည့်ဦးလေ..၊ လက်လှုပ်တာကနောက်၊ စပီကာဖွင့်ပြီး ဆဲကြတာက အရင်..။ ညညဆို နားတွေညီးလွန်းတာကြောင့် အပြင်ဘက်ကို ထွက်ဆော့ခိုင်းရသည်။ 

ဒါတောင် ဟိန်းတေဇရဲ့ ညမိုးချုပ်ကျမှ ထွက်တတ်တဲ့..

"အား!! ကယ်ကြပါဦး!!"

"ငါမလာနိုင်တော့ဘူး!! မင်းတို့သွားတော့!!"

"ခြေသံကြားတယ်!! ခြေသံ!! လာနေပြီ! လာနေကြပြီ!"

ဆိုတဲ့ ငယ်သံပါအောင် အော်သံတွေကြောင့် လန့်လန့်နိုးရတာတွေကို ထည့်မပြောရသေး..။ ကြာရင် ရက်ကွက်က ခဲနဲ့ထုတော့မည်။ အခုလည်း လက်မနှစ်ဖက်က အကြောလိုက်ပြီး အငြိမ်မနေနိုင်ရှာ..၊ အီကြာကွေးသာ မျိုချနေရတာ၊ စိတ်ကတော့ Battleထဲရောက်နေပြီ နေမှာပေါ့။

"သူ.. ဒီနေ့ ဆိုင်သွားကြမလား၊ စာရင်းတွေလည်း မကြည့်တာကြာပြီ"

"အာ.. ဒီနေ့လား..၊ ကိုယ်က ဒီနေ့ပွဲချိန်းထားတယ် ချစ်ဆုံးရဲ့၊ ပိတ်ရက်ဆိုတော့လေ လူကဆုံတယ်၊ ကိုချစ်နိုင်ကိုပဲ ဆိုင်ပိတ်မှ အိမ်လာခိုင်းလိုက်ပါ့လား.. ချစ်ဆုံး.."

သွားဖြီးလေးနဲ့ ရီကာပြနေတဲ့ ဟိန်းတေဇကို ပြည်လုံး တစက်ကလေးမှ မသနား..။ သူများတွေဆိုရင် အလုပ်တစ်ခုရဖို့အတွက် ကြိုးစားပမ်းစားရှာနေရတဲ့အချိန်မှာ ကံကောင်းလို့ ဒီမိဘတွေဗိုက်ထဲမှာ ဝင်စားပြီး ဒီလိုမပင်မပန်းနေနိုင်တာကို 'ငါ ဖိဖိစီးစီးလုပ်မယ်'ဆိုတဲ့ အတွေးမဝင်သူက သူ့ယောကျာ်း ဟိန်းတေဇပါ။ 

"အဲ့တာဆိုလည်း သူ့သဘောပဲ၊ ဂိမ်းဆော့မှာမလား..၊ သွားဆော့တော့လေ"

ပြည်လုံး ခွင့်ပြုလိုက်တာနဲ့ ကုဋေရှစ်ဆယ်ရဲ့ မျက်နှာပေးက ဝင်းပလို့သွားသည်။ ဆီပေနေတဲ့လက်နဲ့ပါးစပ်ကို တစ်ရှုးနဲ့ အရင်သုတ်ပြီးတော့မှ ပြည်လုံးပါးကို လာနမ်းသည်။

"ကိုယ့်ချစ်ဆုံးလေးက တကယ့်နတ်သားလေး"

ဟိန်းတေဇက အခန်းထဲကိုပြေးဝင်သွားတာကို ငေးကြည့်ရင်း ပြည်လုံး ဇက်ကို ဂျွတ်ကနဲမြည်အောင် တချက်ချိုးလိုက်သည်။ 

ပြည်လုံး ကြားဖူးသည်။ အကျင့်ပျက်နေတဲ့ ယောကျာ်းတွေကို ကိုင်တွယ်နည်းက အနုနည်းနဲ့ အကြမ်းနည်းဆိုပြီး နှစ်နည်းရှိသည်တဲ့..။ အနုနည်းကတော့ ချော့ပြောရမည်ပေါ့..၊ အဲ့တာဆိုရင် ယောကျာ်းက စိတ်ပြန်လည်လာပြီး အရင်အတိုင်းပြန်ဖြစ်လာနိုင်သည်တဲ့။ ဒါပေမယ့် သူ့ယောကျာ်းကတော့ ဒီနည်းကိုမဖြုံ..၊ သူချော့ပြောနေတာ ဘယ်နှစ်ရက်ရှိပြီလဲ..၊ မျက်နှာငယ်လေးလုပ်ပြီး သွေဖယ်ပြနေတာလေ..။

အကြမ်းနည်းနဲ့ ခြောက်ပြောရင် ကောင်းမလားလို့ တွေးကာ ဗီဒိုထဲက တိုက်ကွမ်ဒိုဝတ်စုံကိုတောင် ထုတ်ကြည့်လိုက်သေးသည်။ ဒါပေမယ့် ဟိန်းတေဇရဲ့ မျက်လုံးထဲမှာ ပြည်လုံးကို ချစ်ဆုံးကနေ ကြောက်ဆုံးအဖြစ် မြင်သွားနိုင်သည်။ ပြည်လုံးက ဟိန်းတေဇရဲ့ ချစ်ဆုံးပဲ ဖြစ်ချင်တာလေ၊ ကြောက်ဆုံးကြတော့လည်း အဆင်မပြေ..။ 

မတတ်နိုင်တဲ့အဆုံးမှာတော့ ခေါင်းထဲကအကြံကိုသာ ပါးပါးလေးခွာပြီး ထုတ်သုံးဖို့ ပြင်ရပါသည်။ ဒီနေ့တော့ နတ်သားလေးပေးတဲ့ သင်ခန်းစာကို နောင်ကျဉ်သွားတဲ့အထိ နတ်သားကြင်ယာတော် ရရှိလိမ့်မည်။

တကယ်ဆို ပြည်လုံးလည်း ဆိုင်သွားဖို့အစီအစဉ်မရှိ..၊ အိမ်မှာ လုပ်စရာရှိသေးသည်လေ။ အရင်ဆုံး စားပြီးသားပန်းကန်တွေကို သိမ်းလိုက်သည်။ ပြီးတာနဲ့ အားသွင်းထားတဲ့ ဖုန်းကိုဖြုတ်ပြီး ဦးတည်လိုက်တာက ဟိန်းတေဇ ဂိမ်းဆော့နေတဲ့ အိပ်ခန်းထဲကို..။

"ဟ! ချောချစ်မ တစ်ယောက်တည်း စွတ်မတက်နဲ့ဟ"

"နင်တို့က ဖင်လေးနေတာကိုး! မြန်မြန်လာကြ"

ပြည်လုံး မှန်တင်ခုံကို နောက်ပြန်ပေးထိုင်ရင်းနဲ့ ကုတင်ပေါ်မှာ အသံဗလံပေါင်းစုံထွက်နေတဲ့ ဟိန်းတေဇကို တည့်တည့်ငေးကြည့်ကာ Videoမှတ်တမ်းတင်ထားလိုက်သည်။ ကြည့်ရင်းကြည့်ရင်းနဲ့ နားလည်လာတာက ပြည်လုံးယောကျာ်း ဟိန်းတေဇသည် သူများနဲ့မတူအောင်ကို တမူထူးခြားသော လူသား..။ 

အခုလည်း ကြည့်လေ..၊ သူများတွေက ဂိမ်းဆော့ရင် ပါးစပ်နဲ့လက်ပဲလှုပ်တာကို ဟိန်းတေဇကတော့ ကိုယ်ပါလှုပ်သည်။

"နောက်ကပစ်နေပြီ ဝပ်.. ဝပ်"

ပါးစပ်ကအော်ရင်း ခန္ဓာကိုယ်ကတော့ ကုတင်ပေါ်မှာ အပြားလိုက်မှောက်ရပ်ကြီး..။

"အား!! ငါ ထိသွားပြီ! ခွေးကောင်တွေ! ငါ့ကိုလာကုပေး! ငါ သေတော့မယ်!!"

"လာပြီဟ မင်းအဖေတွေက ဆက်တိုက်ပစ်နေတာ!"

သေခါနီးဆဲဆဲဖြစ်နေတာက ဂိမ်းထဲက သူ့အကောင်ဆိုပေမယ့် ဟိန်းတေဇကိုယ်တိုင်ကလည်း ကုတင်ပေါ်မှာ လူးလွန့်နေပြီ..။

 "နေဦး ငါ Energy Drinkသောက်လိုက်ဦးမယ်"

သူ့အကောင်လည်း သောက်နေတယ် နေမှာပေါ့၊ သူကလည်း ဘေးမှာချထားတဲ့ ရေဘူးကို ကယောင်ကတမ်း လှမ်းကိုင်သည်။ 

"ဟာကွာ.."

ဒါက လေးယောက်လုံး ဂန့်သွားပြီဖြစ်လို့ ထွက်လာတဲ့အသံ..။ ကြက်သားစားရရင် ထဒွန့်တတ်တဲ့ ပုံလေးကိုပါ မှတ်တမ်းတင်ချင်သော်လည်း တစ်နေ့လုံးဆော့မှ နိုင်တာက တစ်ပွဲနှစ်ပွဲဆိုတော့.. အဲ့ဒါကို စောင့်ရိုက်ဖို့အတွက် ပြည်လုံးမှာ အချိန်မရှိ..။ အခုရိုက်ထားတာနဲ့တင် လုံလောက်နေပြီမို့ နောက်တစ်ခု ပြင်ဆင်ရဦးမည်။ပြည်လုံး ခြေဦးလှည့်လိုက်တာက ခြံထဲကရေကန်ဆီကို..။ ဖုန်းကို မီးဖိုခန်းထဲမှာ အရင်သွားဖွက်ပြီးတော့မှ ခြံထဲကို ဆင်းလိုက်သည်။ 

တွေ့ပါပြီ..၊ ကန်ထဲမှာ ညလုံးပေါက်စိမ်ထားတဲ့ ကြိမ်လုံးတွေ..။ လက်သန်းလုံးပတ်လောက်ရှိတဲ့ sizeကိုပဲ ရွေးဝယ်ထားတဲ့ ကြိမ်လုံးတွေကို ရေစိုစိုမှာလေထဲကို ဝှေ့ယမ်းကြည့်တော့ တရွှီရွှီနဲ့ နားဝင်ချိုဖွယ်အတိ။ ဒီထဲကမှ အရှည်တူသုံးချောင်းကို သားရေပင်နဲ့ ရှေ့ထိပ်နောက်ထိပ်စီးလိုက်သည်။ ဒီသုံးချောင်းပူးအပြင် အရှည်ဆုံးကြိမ်လုံးကိုလည်း လိုရမယ်ရယူလာခဲ့လိုက်သည်။ 

အိမ်ထဲရောက်တာနဲ့ ထိုကြိမ်လုံးတွေကို မီးအားမြှင့်စက်ပေါ်မှာ တင်ထားလိုက်သည်။ အသစ်ဝယ်ထားတဲ့ ကြက်မွှေးကိုလည်း ဧည့်ခန်းတည့်တည့် လူမြင်သာတဲ့နေရာမှာ ပြောင်းချိတ်ထားလိုက်သည်။ နောက်ထပ်ဘာလိုသေးလဲ...၊ ဪ အဓိကလိုအပ်တာကို မေ့နေတာပဲ။ ဒီကနေ့ရဲ့ အသုံးတော်ခံ ဇာတ်မင်းသားလေးကို ရေချိုးခိုင်းရမည်။ ပြည်လုံး အခန်းထဲပြန်ဝင်သွားတော့ ချစ်ခင်ပွန်းက နောက်တစ်ပွဲစဖို့ပြင်နေသည်။

"ကို.. ရေသွားချိုးလိုက်ဦး နေ့လည်တောင်ရောက်တော့မယ်"

"အာ.. ဒီတပွဲပဲနော် ချစ်ဆုံး ခဏလေး"

ကုဋေရှစ်ဆယ်က မျက်လုံးတောင်လှန်မကြည့်..။ ဒေါသကိုမျိုချပြီး ပြည်လုံးစိတ်ကို ဆွဲဆန့်ထားလိုက်သည်။

"ကိုမပါဘဲ မဆော့ကြဖို့ လုံးလုံးပြောထားလိုက်မယ်" 

ပြည်လုံးဖုန်းကို ဆွဲလုလိုက်တော့ လှမ်းကြည့်တဲ့ သူ့မျက်နှာက မအို့တအို..ငို့တငိုရယ်။

"ကိုက လိမ္မာပါတယ် ငါးမိနစ်လောက်ပဲကို သွား.. မြန်မြန်"

"အင်း ချစ်ဆုံးလေး"

ငါးမိနစ်ဆိုတာက ရေနှစ်ခွက်ပဲလောင်းခဲ့လို့ ပြောလိုက်တာနဲ့ အတူတူပဲလေ။ မုတ်ဆိတ်တွေဘာတွေလည်း ရိပ်စရာမလိုဘူးဆိုတဲ့ သဘော။ ဒီလိုဆိုတော့ ဟိန်းတေဇ ပျော်ပြီလေ။ နောက်ကိုတောင် လှည့်မကြည့်တော့ဘဲ ရေချိုးခန်းထဲကို ဒုန်းပြေးဝင်သည်။ ယောကျာ်း.. ယောကျာ်း.. တော်တော်အစွဲအလမ်းကြီးတာကိုး..၊ ဒီအစွဲကို ဒီကလုံးလုံးကပဲ အပြီးချွတ်ပေးရမှာပေါ့..။

ချစ်ခင်ပွန်းဖုန်းကို ကုတင်ပေါ်ပစ်ချလိုက်ပြီးမှ ရေချိုးပြီးရင်ဝတ်ဖို့အတွက် ဝတ်စုံထုတ်ထားပေးလိုက်သည်။ ဒီနေ့အတွက် ဟိန်းတေဇရဲ့ Dress Codeက စွပ်ကျယ်အဖြူဂျိုင်းပြတ်နဲ့ အားကစားဘောင်းဘီတို..။ တစ်ကိုယ်လုံး ပါးပါးလျလျတွေချည်းပဲ ဆင်ပေးထားလိုက်သည်။

*ဝုန်း*

"ချစ်ဆုံးရေ.. ကိုယ်ချိုးပြီးပြီ"

"တော်လိုက်တာ..၊ လာ လုံးလုံးအင်္ကျီထုတ်ပေးထားတယ်၊ အင်္ကျီဝတ်ပြီးရင် ဂိမ်းဆက်ဆော့လို့ရပြီ"

"ကိုယ့်ချစ်ဆုံးလေးက ချစ်ဖို့ကောင်းလိုက်တာ"

ချစ်စနိုးနဲ့ ပါးပြင်ကို အသာအယာဆွဲလာတော့ ပါးချိုင့်လေးပေါ်အောင် ရီပြပေးလိုက်သည်။ ပြီးတာနဲ့ ကုဋေရှစ်ဆယ်ကို ဂိမ်းဆက်ဆော့စေကာ ပြည်လုံးကတော့ အပြင်ကိုထွက်လာခဲ့လိုက်သည်။ ဖွက်ထားခဲ့တဲ့ ဖုန်းကိုသွားယူပြီး နာရီကိုကြည့်လိုက်တော့ နှုတ်ခမ်းနုနုက အလိုလိုပြုံးသည်။ 

အချိန်နီးကပ်လာပြီဖြစ်တာကြောင့် အရင်ဆုံးလုပ်ရမှာက ရေခဲသေတ္တာဖွင့်ကာ အအေးဓာတ်ခံယူခြင်း..။ အအေးခန်းထဲက ရေခဲတုံးတွေပါ ထုတ်ပြီး လက်နှစ်ဖက်နဲ့နှုတ်ခမ်းပေါ်ကို ပွတ်တိုက်ပစ်လိုက်သည်။ ပြင်ဆင်ပြီးသွားတာနဲ့ ရွှေပိုင်နဲ့ငွေပိုင်ကို သူတို့အခန်းထဲမှာ အရင်ထည့်သိမ်းရသည်။ ကောင်းခန်းရောက်တော့မှ မျက်နှာကို လာယက်နေရင် ဒုက္ခ..။

*ကီ ကီ*

ခွေးသိမ်းပြီးတဲ့အချိန်မှာပဲ ရင်းနှီးနေတဲ့ ကားဟွန်းတီးသံကို ကြားလိုက်ရသည်။ ပြည်လုံးလည်း ဧည့်ခန်းဘက်ဆီကို ပြေးသွားကာ ခန္ဓာကိုယ်ကို လျှောချလိုက်ပြီး တံခါးဝပေါက်တည့်တည့်မှာ အရုပ်ကြိုးပျက်ပုံစံ လှဲနေလိုက်သည်။ 

*ကီ ကီ*

သေချာတယ်..၊ နှစ်ခါတီးလို့မှ ဘယ်သူမှထွက်မလာရင် ခြံတံခါးဖွင့်ဝင်လာကြလိမ့်သည်။ ဒီလိုလွယ်လင့်တကူ ဝင်လာလို့ရအောင်လည်း ပြည်လုံး စေ့ရုံပဲစေ့ထားပြီးသား..။

"ဒီကလေးတွေကတော့လေ.. အသံမကြားဘာမကြားနဲ့"

မမကြီးတော့ ခြံထဲဝင်လာပြီ။ အဖေနဲ့အမေပဲ ကားပေါ်ကဆင်းလာဖို့ကျန်တော့သည်။ နောက်ထပ် သုံးစက္ကန့်လောက်နေတာနဲ့ မမကြီး ထအော်ပါလိမ့်မည်။ တစ်.. နှစ်.. သုံး..

"ဟယ် လုံးလုံးလေး!!! မေမေရေ လာပါဦး! ဒီမှာ လုံးလုံး!!!"

မမကြီးက ကိုင်ထားတဲ့အထုတ်တွေကို ပစ်ချပြီး ပြည်လုံးဆီကို ပြေးလာသည်။ သဏ္ဌာန်လုပ် သရုပ်တူအောင်လို့ သတိမလွတ်သေးတဲ့ ပုံမျိုးဖမ်းကာ လဲနေရက်ကနေ မမကြီးကို ခေါင်းလေးစောင်းကြည့်လိုက်သည်..။ ကမ်းသယောင် လှမ်းလိုက်တဲ့ လက်တဖက်ကလည်း တုန်တုန်ရီရီ..။

"လုံးလုံးလေး ရရဲ့လား!"

"မမ..ကြီး သား..မူးတယ်.."

"ဟာ သားလုံးလုံး!!"

"သားလေး!"

မွေးစားမိဘဘွဲ့ကို ခံယူထားတဲ့ ယောက္ခမကြီးနှစ်ယောက်က ပြည်လုံးဘေးနားကို အလျင်အမြန်ရောက်ရှိလာကြသည်။ မျက်နှာတွေကိုကြည့်တော့လည်း အလွန်အမင်းစိုးရိမ်နေတဲ့ပုံနဲ့..။

"သားက အဝတ်..ရုတ်ဖို့.အပြင်ထွက်လိုက်တာ.. ရုတ်တရက်.. မိုက်ကနဲဖြစ်ပြီး.."

"ကြည့်ပါဦး ကလေးက တစ်ကိုယ်လုံးကို အေးစက်နေတာပဲ၊ သွေးပေါင်ကျတာဖြစ်မယ်" 

"သားရယ်..ဖြစ်မှဖြစ်ရလေကွာ။ သားဒီလိုဖြစ်နေတာကို ဟိန်းတေဇက ဘာလုပ်နေလဲ"

မေးစေချင်တဲ့ မေးခွန်းတော့ အဖေကမေးလာပြီ။ ကြိမ်လုံးလည်း အဆင်သင့်ပဲ..ဒီတော့..

"သူ့ကို.. မဆူပါနဲ့..၊ သူက အရင်..တုန်းကဆိုရင် ရုတ်ပေးပါတယ်..၊ ခုတလော ဂိမ်းစွဲနေတော့.."

"ဘာ! ဂိမ်းစွဲတယ်!"

ပွေ့ထားပေးတဲ့ မမကြီးကို မှီရင်း ဖြေးညှင်းစွာ ခေါင်းညိမ့်ပြလိုက်သည်။

"ဟိန်း! တေ! ဇ!"

"ဖေကြီး ရှင့်သားကို ခုချက်ချင်းရှာ!"

အဖေက ဘီလူးဆိုင်းတီးဖို့အတွက် ပတ်ဝိုင်းကိုကိုင်လေတော့ အမေက ပတ်မကြီးကို တာဝန်ယူသည်။ 

"ဟိန်းတေဇ နင် အဖေခေါ်နေတယ် ခုထွက်ခဲ့စမ်း"

မေ့လို့..၊ မမကြီးကတော့ နှဲဝင်မှုတ်ပေးသည်။ ဒါပေမယ့် ဇာတ်လိုက်ကျော်ကြီးက အခုထိထွက်လာမသေး..။ 

"ဟိန်း! တေ! ဇ!"

"လာပြီ.. ဖေရေ့..၊ လာမယ်ဆိုလည်း ကြိုမပြောကြဘူး"

အဖေနှစ်ခါအော်လိုက်တော့ ဟိန်းတေဇ အခန်းထဲက ထွက်လာသည်။ မျက်လုံးကတော့ ဖုန်းကနေမခွာ..၊ လက်နှစ်ဖက်လုံးကလည်း အလုပ်များဆဲ..။ အဖေတို့ ပဲခူးကို အလှုပွဲလာရင်းနဲ့ သူတို့ဆီဝင်လာခဲ့မယ်လို့ တမြန်မနေ့ကတည်းက ပြောပါသည်။ သူ့ဘာသူ မကြားတာ။ ပြည်လုံး တမင်သတိမပေးတာလည်း ပါတာပေါ့လေ။ 

"မင်း ဖုန်းကြီးချပြီး ဒီကိုကြည့်စမ်း"

စုတ်ပြတ်နေတဲ့ ဟိန်းတေဇရဲ့ပုံကိုမြင်ရတော့ အဖေ့ရဲ့ဒေါသတွေက မိုးပေါ်ထိထိုးတက်သည်။

"ခဏ ဖေ၊ သား ပြီးတော့မှာ"

"ဟိန်း! တေ! ဇ! မင်း ရူးနေလို့ ကိုယ့်ယောကျာ်း မူးလဲနေတာကိုတောင် မသိတာလား!!"

"ဘယ်သူ့ယောကျာ်းမူးလဲ.. ဘာ!! ချစ်ဆုံးလား!!"

ထိုစဉ်အခါကျမှ အသိပြန်ဝင်လာပြီး ခေါင်းထောင်ကြည့်ကာ ဧည့်ခန်းအဝက ပြည်လုံးဆီကို ကမူးရှုးထိုးပြေးလာသည်။ 

"ချစ်.. ချစ်ဆုံး.."

မမကြီး လက်ထဲကနေ ဆွဲယူဖို့ပြင်နေတဲ့ ဟိန်းတေဇကြောင့် ပြည်လုံးခန္ဓာကိုယ်တောင့်ထားလိုက်သည်။ သူ့ရင်ခွင်ထဲ သွားဖို့စောသေးသည်..၊ ဇာတ်ထုတ်က တစ်ဝက်တောင်မကျိုးသေး..။ ကံကောင်းချင်တော့ ပြည်လုံးက တစ်ယောက်တည်းမဟုတ်..။ 

"ဟိန်းတေဇ နင် ကလေးကိုလာမထိနဲ့၊ နင် ဘယ်လိုတောင်နေလို့ ကလေးက မူးလဲရတာလဲ"

မမကြီးက တေဇရဲ့လက်တွေကို ပုတ်ချပစ်လိုက်သည်။ အမေကတော့ သူ့ဗိုက်ထဲကထွက်ထားတဲ့ သားတစ်ယောက်မဟုတ်တဲ့အတိုင်း ဟိန်းတေဇကို စိမ်းစိမ်းကြီးကြည့်နေသည်။ ကာယကံရှင်ကတော့ ပြည်လုံးပျော့ခွေနေတာကိုကြည့်ပြီး ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်လို့နေပြီ..။

"ဒီလိုပုံနဲ့ မရတော့ဘူး..၊ ဟိန်းတေဇ မင်းနဲ့ငါနဲ့ တွေ့မယ်"

ဧည့်ခန်းအလည်မှာ ရပ်နေတဲ့အဖေက ပုဆိုးကြီးကိုမပြီး ဟိုရှာဒီရှာလုပ်ပါသည်။ အဖေဆိုတာလေ.. မြင်သာထင်သာရှိတဲ့ နေရာမှာချိတ်ပေး၊တင်ပေးထားတာတောင်မှ ရှာမတွေ့..။ ဒီတော့လည်း ပြည်လုံးက ပါရတာပေါ့..။ 

"သူ.. မီးအားမြှင့်စက်ပေါ်က တုတ်တွေရယ်..၊ တိုင်ကပ်နာရီအောက်မှာ ချိတ်ထားတဲ့ ကြက်မွှေးရယ်ကို ယူပြီးပြေးတော့.. အဖေရိုက်လိမ့်မယ်.."

"အမ်.. ဘာပြောလိုက်တာ ချစ်ဆုံး"

ဟိန်းတေဇ သေချာမကြားပေမယ့် မမကြီးနဲ့အမေတော့ ကြားသည်။ ကြားမှာပေါ့..၊ ဒီလိုပဲ ကြားစေချင်တာကိုး..။

"အဖေ! တုတ်က မီးအားမြှင့်စက်ပေါ်မှာ!!"

မမကြီးပြောလိုက်တာနဲ့ အဖေက မီးအားမြှင့်စက်ဘက်ကို ဖြတ်ကနဲကြည့်ကာ အကြီးတစ်ချောင်းရောအသေးတစ်ချောင်းကိုပါ လှမ်းယူသည်။ အဖေတစ်ခု၊ အမေတစ်ခုဆိုပြီး လုပ်ပေးထားတာလေ..၊ အခုတော့ အဖေက ဘယ်ညာကိုင်ပြီး အပီတွယ်တော့မယ်ထင်ပါရဲ့..။

"ဟိန်းတေဇ.. မင်းထစမ်း..ခွေးရိုက်တဲ့တုတ်က မင်းနဲ့ကွက်တိပဲ"

"သူ.. အခန်း..ထဲကို ပြေးတော့.."

ခြံထဲဆင်းပြေးခိုင်းပါက အဖေ့ကြိမ်စာကို လွတ်နိုင်ခြေရှိတဲ့အတွက် အဖေ့ကို ဖြတ်ပြီးပြေးရမယ့် အခန်းကိုပဲ ပြည်လုံး အကြံပေးလိုက်သည်။ ထင်တဲ့အတိုင်းပါပဲ..၊ အသားနာမှာကိုကြောက်တော့ ဟိန်းတေဇက ပြည်လုံးစကားကို နားထောင်ပြီး အခန်းထဲကို ဝင်ပြေးဖို့ကြိုးစားသည်။ 

အဖေက ကြိမ်နှစ်ချောင်းကို ဓားနှစ်ချောင်းသဖွယ် ဝှေ့ယမ်းပြီး ငမိုက်သားကို ကာဆီးလေတော့ အလွန်လည်တဲ့ ထိုငမိုက်သားက ဆိုဖာခုံကို ပတ်ပြေးသည်။ အဖေကနောက်၊ ဒင်းကရှေ့ကပြေးနဲ့ ကြာတော့ ပြည်လုံး တကယ်မူးလာသည်။ ဒီအတိုင်းဆိုမဖြစ်တော့..၊ တပတ်လောက်အကျင့်ပျက်ခဲ့တဲ့သူကို တုတ်စာတော့ မိစေချင်သေးသည်။

"မေမေ.. မမကြီး..၊ အဖေ့ကို တားပေးပါဦး..၊ သူ့ကို မရိုက်ပါနဲ့..၊ သူ့ကို သားကိုယ်တိုင်ဆော့ခိုင်းခဲ့တာပါ..၊ ချစ်စရာကောင်းလွန်းလို့ videoပါ ရိုက်ထားပါသေးတယ်"

အဖေနဲ့ ယောကျာ်း စိန်ပြေးလိုက်တမ်း ကစားနေစဉ်မှာပဲ လက်ထဲမှာကိုင်ထားတဲ့ ဖုန်းထဲကvideo fileကို ဖွင့်ပြလိုက်သည်။ ထွက်လာတဲ့ပုံရိပ်တွေက တွားသွားတာတွေရော၊ ကုန်းကုန်းကွကွတွေရော ပြီးတော့ လူးလွန့်နေတာတွေရောပါပါသည်။ videoတောင်မဆုံးသေး..၊ အမေ့ရဲ့ဒေါသက ငယ်ထိပ်ကို ရောက်သွားသည်။ အမေကတော့ ပြောစရာမလို.. ကြက်မွှေးကို လေဟုန်ခွင်းပြီး ပြေးဖြုတ်သည်။

"ဟိန်းတေဇ နင်လာခဲ့စမ်း"

အဖေ့တစ်ယောက်အားကိုတော့ သူရုန်းနိုင်ပေမယ့် စုံတွဲလိုက်ညှပ်ဆော်ခံရတာကိုတော့ ရှောင်နိုင်တဲ့ပုံမပေါ်..။ အဖေက ဘယ်ဘက်က ကျွေးပြီး အမေက ညာဘက်က ခွံ့သည်။ ဒီနေ့ကျမှ ဘောင်းဘီတိုနဲ့ လက်ပြတ်ဝတ်ထားလေတော့ အလည်မှာစားနေရတဲ့ ဟိန်းတေဇခမျှာ အော်သံတောင် မထွက်နိုင်..။

"ဟမ် မင်းမှတ်ပြီလား ဟိန်းတေဇ"

အဖေ ဆယ်ချက်၊ အမေ ဆယ်ချက်လောက်ရှိပြီဆိုတော့မှ ပြည်လုံး မမကြီးလက်ထဲကနေ ပြေးထွက်ကာ ယောကျာ်းဖြစ်သူရှေ့မှာ ကာရပ်လိုက်သည်။ ပြီးတော့မှ.. လက်အုပ်လေးချီပြီး..

"သား တောင်းပန်ပါတယ်..၊ သူ့ကို မရိုက်ကြပါနဲ့.."

လို့ဆိုကာ မျက်ရည်စမ်းစမ်းနဲ့ တောင်းပန်ပေးလိုက်တော့ အရှိုးရာဗလပွနဲ့ ဟိန်းတေဇကပါ မျက်ရည်တွေ စီးကျလာသည်။

"ချစ်ဆုံး မတောင်းပန်ပါနဲ့၊ အားလုံးက ကိုယ်မှားတာပါ၊ ချစ်ဆုံး မေ့လဲနေတာတောင် မသိပဲ ကိုယ်က ဂိမ်းဆော့.."

"မဟုတ်ပါဘူး သူမမှားပါဘူး.."

မှားတာပေါ့..၊ မှားတာမှ ရှယ်ကိုမှားတာ။ ဒါပေမယ့် စိတ်သက်သာအောင်တော့ ပြောပေးရတာပေါ့၊ မဟုတ်ရင် ပြည်လုံးယောကျာ်းက တသက်လုံး ငိုချင်းချလို့ပြီးမှာမဟုတ်ဘူး။

"ဘာအခုတောင်းပန်ပါတယ်လဲ ဟိန်းတေဇ၊ မင်း မင်းဂိမ်းကိုဖြတ်မလား..၊ သားလုံးလုံးကို ဖြတ်မလား"

"မဟုတ်ဘူး ဖေကြီး၊ လုံးလုံးကို ပြန်ခေါ်သွားကြစို့"

"ဟုတ်တယ် အဖေ သမီးလည်းထောက်ခံတယ်"

ဇာတ်ရှိန်က ထိပ်ဆုံးကိုရောက်နေပြီ။ ဇာတ်လိုက်ကြီးကတော့ လူစွမ်းကောင်းပီသစွာနဲ့ ပြည်လုံးကို သူ့နောက်ပို့ပြီး ရင်ဘတ်ကြီးနဲ့ကာသည်။

"သား နောက်မလုပ်တော့ပါဘူး၊ ချစ်ဆုံးနဲ့တော့ မခွဲကြပါနဲ့၊ ဖုန်းသိမ်းချင်တယ်ဆိုလည်း ယူသွားကြပါ၊ ချစ်ဆုံး မရှိရင် သားသေလိမ့်မယ်"

ကိုယ့်ယောကျာ်း အမြင်ပွင့်သွားတာကို မြင်လိုက်ကြားလိုက်ရတာမို့ ပြည်လုံးစိတ်ချမ်းသာရပါသည်။ ဒီလောက်ဆိုရင်ကို ဇာတ်သိမ်းဖို့လုံလောက်သွားပြီ။

"သားလည်း သူနဲ့မခွဲနိုင်ဘူး၊ ပြန်တော့မလိုက်ပါရစေနဲ့"

ပြည်လုံးမျက်နှာငယ်လေးနဲ့ ပြောလိုက်တာကို ဂရုဏာသက်စွာလှမ်းကြည့်သူက ကျေးဇူးရှင်မိဘနှစ်ပါး..။ 

"ဟိန်းတေဇ မင်း သားလုံးလုံးကို ဒီလိုထပ်မဖြစ်စေရဘူးလို့ ကတိပေးရမယ်"

"စိတ်ချ၊ သား ကတိပေးတယ်၊ သား အခု ချစ်ဆုံးမေ့နေတဲ့ပုံကို မြင်ပြီး ဘယ်လောက်ရင်တွေနာနေတယ် မှတ်လဲ"

"နင် မှောက်အိပ်ထားလို့ နေမှာပေါ့"

"ဟာ မမကြီးကလည်း..၊ ချစ်ဆုံး ကိုယ်တောင်းပန်တယ်နော်"

ပြည်လုံးရဲ့ လက်နှစ်ဖက်ကို ဖွဖွလေးလှမ်းကိုင်ကာ တောင်းပန်စကားဆိုနေတဲ့သူကို ကြည့်လိုက်တော့ တစ်ကိုယ်လုံးမှာ အရှိုးရာတွေနဲ့..။ ဒီလိုကျတော့လည်း ပြည်လုံးစိတ်မကောင်းပါ။ မလိမ္မာလို့ ဆုံးမတာဆိုပေမယ့် အဖေတို့အမေတို့ကလည်း ကိုယ့်သားအရင်းကို အသာအယာမရိုက်..။ လိမ်းဆေး ကြိုဝယ်ထားပြီးသားမို့ တော်သေးသည်။ 

"ချစ်ဆုံးလေး မူးနေသေးလားဟင်"

မုန်တိုင်းငြိမ်သွားပြီဆိုတာနဲ့ ချစ်ခင်ပွန်းကို အခန်းထဲဆွဲခေါ်လာခဲ့ကာ ဆေးသိပ်ပေးတော့ ပြည်လုံးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရှာသည်။ မျက်ဝန်းတွေထဲမှာလည်း စိတ်မကောင်းခြင်းများစွာနဲ့...။

"မမူးတော့ပါဘူး၊ သူရော နာနေလား"

"ကိုယ် မနာပါဘူး၊ ချစ်ဆုံးအပေါ် လုပ်မိတဲ့ အပြစ်ထက်စာရင် ကိုယ်ခံရတာက သေးသေးလေး.."

ဒီလိုကျတော့လည်း ပြည်လုံးငိုချင်လာသည်။ သူ့ယောကျာ်းက မသိတတ်တာလေး တစ်ခုရှိတာပါ၊ သူကသာ လင်မယားအချင်းချင်းကို ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး အရိုက်ခံရအောင် ကြံစည်ရတယ်လို့..။

"ကို့ကိုလည်း တောင်းပန်ပါတယ်၊ လုံးလုံးကြောင့် အရိုက်ခံရတာ"

ပြည်လုံးရဲ့ စို့တက်လာတဲ့ မျက်ရည်စတွေကို မြင်တော့ ဟိန်းတေဇ မခံစားနိုင်ဘူးထင်သည်။ အရိုက်ခံရတာတောင် မျက်ရည်တစက်မကျတဲ့သူက ပြည်လုံးငိုရင် သူပါလိုက်ငိုတတ်သည်။ အခုလည်း ပြည်လုံးကို ရင်ခွင်ထဲထည့်ထားရင်း မျက်ရည်တို့က ပါးပြင်ပေါ်ကြွေနေပြီ။

"ချစ်ဆုံးကြောင့် မဟုတ်ပါဘူး၊ ကိုယ် အသုံးမကျလို့ပါ၊ အဖေတို့များ ရောက်မလာရင် ကိုယ်ရင်ကျိုးရမှာ"

"နောက်ထပ်ပြီး ဂိမ်းမဆော့နဲ့တော့နော်၊ ကိုက ဂိမ်းကိုပဲမဲနေပြီး လုံးလုံးကို ဂရုမစိုက်တော့ လုံးလုံးက ဝမ်းနည်းတယ်"

ဒါကတော့ မှန်ကန်သောစကား..။ ပုံမှန်ဆိုရင် ပြည်လုံးမျက်နှာကိုပဲ တစ်ကမ္ဘာထင်နေတဲ့သူက  ဂိမ်းဆော့တာကိုပဲ တစ်ရွာထင်လေတော့ ကလေးဆန်ဆန် စိတ်ဆိုးမိတာပေါ့။

"စိတ်ချ ကိုယ်ဘယ်တော့မှ မဆော့တော့ဘူး၊ ဆော့လည်းမဆော့ချင်တော့ဘူး၊ ချစ်ဆုံးနားမှာပဲ နေတော့မှာ"

ချစ်ခင်ပွန်းကို ပြန်ကာဖက်ထားရင်းနဲ့ အဖေတို့ဒဏ်ခတ်လိုက်တဲ့ ကြိမ်လုံးရာတွေကို မြန်မြန်ပျောက်သွားအောင် အာဘွားဉုံဖွတွေ ပေးပစ်လိုက်သည်။ 

"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး..

ဤသုံးမျိုး နောင်ပြင်ရန် ခက်သည့်အမျိုး.. တဲ့"

ရှေးလူကြီးတွေစကား သိပ်မှန်ကြောင်းကို ပြည်လုံး ဂူဖောက်ပြီးသာ ပြောပြလိုက်ချင်သည်။ ဒီဆိုရိုးကို လုံးဝယုံသွားပြီ..။ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းက နောင်တတရား ကင်းမဲ့ပါသည်။ ဒါ့ကြောင့်ပဲ ပြည်လုံးချမ်းသာရဲ့ ရွေးချယ်မှုတိုင်းက ဟိန်းတေဇတစ်ယောက်သာ ဖြစ်နေပါလိမ့်မည်။

**ပြီးပါပြီ**

(Zawgyi)

"အိမ္ေထာင္မႈ၊ ဘုရားတည္၊ ေဆးမင္ရည္စုတ္ထိုး..

 ဤသုံးမ်ိဳး ေနာင္ျပင္ရန္ ခက္သည့္အမ်ိဳး.. တဲ့"

ေ႐ွးလူႀကီးေတြစကား သိပ္မွန္ေၾကာင္းကို ျပည္လုံး ဂူေဖာက္ၿပီးသာ ေျပာျပလိုက္ခ်င္သည္။ ဒီဆို႐ိုးကို လုံးဝယုံသြားပါၿပီ..။

"ေျခသံ.. ေျခသံၾကားတယ္.. လာေနၿပီ.. ငါ့ဆီကို လာေနၿပီ.."

အိပ္ေနရင္းကေန ကေယာင္ကတမ္း ထေအာ္ေနတဲ့သူကို ျပည္လုံး စိတ္ပ်က္လက္ပ်က္နဲ႔ ထိုင္ၾကည့္ေနမိသည္။ ရက္ပိုင္းေလးအတြင္းမွာကို ခ်ိဳင့္ဝင္သြားတဲ့ မ်က္ကြင္းေတြရယ္..၊ ၿဖီးသင္မထားတဲ့ ဆံပင္စုတ္ေထာင္းေထာင္းရယ္၊ မရိတ္တာၾကာလို႔ ေပၚထြက္စျပဳေနတဲ့ မုတ္ဆိတ္ေမႊးငုတ္စိေတြရယ္ေၾကာင့္ သူ႕ေယာက်ာ္း ဟိန္းေတဇမွ ဟုတ္ရဲ႕လား..၊ အ႐ူးတစ္ေယာက္ေယာက္မ်ား လူစားထိုးၿပီး လာအိပ္ေနတာလားလို႔ ကိုယ့္ကိုကိုယ္ ျပန္ေမးရသည္။

"သူ.. သတိေလးပါေလးထားပါဦး၊ ႏိုးၿပီဆိုလည္း ထေတာ့၊ မိုးလင္းေနၿပီ"

 "အာ.. ထ..ၿပီ ခ်စ္...."

ထၿပီလို႔ ပါးစပ္ကေအာ္ၿပီး သြားရည္ေတာင္မသုတ္ႏိုင္ဘဲ ျပန္အိပ္ေပ်ာ္သြားသည္။ ပိုးလို႔ပက္လက္ေသေနတဲ့သူက ျပည္လုံး ျမင္ျမင္ခ်င္းေႂကြခဲ့ရတဲ့ ဟိန္းေတဇမွ ဟုတ္ပါေလစ..။ ေက်ာင္းတက္တုန္းက ႐ိႈးျပခဲ့တဲ့ ဟိန္းေတဇရဲ႕ ပဲတစ္ေတာင္က အခုဘယ္မ်ားေရာက္သြားပါၿပီလဲ..။ အိမ္ေထာင္သက္တစ္ႏွစ္ေက်ာ္ေလးမွာတင္ ဟိန္းေတဇ ေျပာင္းလဲသြားခဲ့တာေၾကာင့္ ျပည္လုံး  စိတ္မေကာင္းျဖစ္ရပါသည္။

ဒီလိုျဖစ္မယ္မွန္းသိရင္ ႀကိဳ႕ပင္ေကာက္ကို ျပန္ၾကမယ္လို႔ေျပာတုန္းက သူေခါင္းခါခဲ့ရမွာ။ ၿမိဳ႕ထဲမွာ စတိုးဆိုင္ဖြင့္ရေအာင္လို႔ အၾကံေပးတုန္းကလည္း အျပတ္ျငင္းခဲ့ရမွာ။ အခုေတာ့..

"သူ ထရင္ထ..မထရင္ေနေတာ့၊ ၁၀မိနစ္အတြင္းမထရင္ မနက္စာမေကြၽးဘူး"

ျပည္လုံး ေစာင္ကိုဆြဲခ်ခဲ့ကာ ေတဇရဲ႕လက္ေမာင္းကို နာနာေလးျဖတ္႐ိုက္ၿပီးမွ အခန္းျပင္ကို ထြက္လာခဲ့လိုက္သည္။ လက္ဖက္ရည္ဆိုင္က ေကာင္ေလးလာပို႔သြားတဲ့ အီၾကာေကြးနဲ႔ လက္ဖက္ရည္ကို ပန္းကန္ေတြ၊ ခြက္ေတြထဲ ေျပာင္းထည့္ေနစဥ္မွာပဲ ကုေဋ႐ွစ္ဆယ္ သူေဌးေယာက်ာ္းက အိပ္ေရးမဝေသးတဲ့ ႐ုပ္နဲ႔ထြက္လာသည္။

"ကိုယ္ထတာ နည္းနည္းေလးေနာက္က်သြားတယ္၊ စိတ္ဆိုးနဲ႔ေနာ္ ခ်စ္ဆုံးေလး"

"မေန႔ညက ဘယ္ႏွစ္နာရီအိပ္တာလဲ"

"တစ္..တစ္နာရီအိပ္တာ"

ေဝ့လည္ေၾကာင္ပတ္လုပ္ေနတဲ့ ခင္ပြန္းသည္ကို ျပည္လုံး မ်က္ႏွာေသနဲ႔ ၾကည့္ေပးလိုက္ကာမွပဲ အမွန္တရားကို ၾကားရသည္။

"ဟီး.. သုံးနာရီ.. ခ်စ္ဆုံး"

စိတ္ကကုန္ၿပီးရင္ ကုန္ေနတဲ့အတြက္ ဘာမွဆက္ေျပာလိုစိတ္မ႐ွိတာေၾကာင့္ အီၾကာေကြးပန္းကန္ကိုသာ ေမးေငါ့ျပလိုက္သည္။ ဒါကို စပ႐ွယ္တုံးက သူ႕ကို Passေပးလိုက္တယ္လို႔မ်ား ထင္လားမသိ..။ အရည္မရ၊ အဖက္မရေတြကိုသာ ဗလုံးဗေထြး စျမဳန္႔ျပန္ေနသည္။

"ခ်စ္ဆုံး.. သိလား၊ ေကာင္းဆက္ႏိုင္ေတာင္ ကိုယ့္ကိုခ်ီးက်ဴးေနတာ...&*&^"

ဟိန္းေတဇ ပ်က္စီးရျခင္းရဲ႕ အဓိကလက္သည္ နာမည္ပါလာေတာ့ ဖဲ့လက္စ အီၾကာေကြးတို႔က ျပည္လုံး လက္ထဲမွာ အညႇစ္ခံဘဝေရာက္သြားရသည္။ အရင္တစ္ပတ္က ဟိန္းေတဇကို ေကာင္းဆက္ႏိုင္က ဖုန္းလွမ္းဆက္သည္။ ဘာတဲ့.. 

"ေတဇ.. ဂိမ္းအသစ္ထြက္လာျပန္ၿပီကြ၊ ငါတို႔ ေလ့လာၾကည့္ရေအာင္"

ဒါမ်ိဳးဆိုရင္ ပညာ႐ွင္ဆန္လြန္းတဲ့ အိမ္ကေယာက်ာ္းကလည္း..

"ေအး မဆိုးဘူး သုံးသပ္ၾကတာေပါ့ လူစုလိုက္"

လို႔ဆိုကာ ေဇယ်ာပိုင္တို႔လင္မယားကိုပါ ပူးေပါင္းပါဝင္ေစၿပီး အုပ္စုလိုက္ ေလ့လာဆန္းစစ္ၾကသည္ေပါ့..။ျပည္လုံးကိုေတာ့ အတူတူေဆာ့ခ်င္တယ္လို႔ သံေတာ္ဦးတင္႐ွာပါရဲ႕..။ ဒါေပမယ့္ စတိုးဆိုင္တဖက္၊ ေခြးတဖက္နဲ႔ေလ..။ သူသာ အလိုက္ကမ္းဆိုးမသိ.. ဘာမသိနဲ႔ ေဆာ့ရက္တာ..။ အခုလည္း ျပည္လုံးစိတ္ဆိုးေနတာကို ပါးနပ္လြန္းသူႀကီးက မျမင္..။ သူေျပာခ်င္တာကိုပဲ ဆက္ကာေျပာေနသည္။

"ေကာင္းဆက္ ေျပာတာက မင္းကိုတဲ့..၊ ကိုးရီးယားကေတာင္ ေခၚေလာက္တယ္တဲ့၊ မင္းေဆာ့တာ အရမ္းေတာ္တာပဲတဲ့.."

"အဲ့ေကာင္က ႐ြဲ႕ေျပာတာေနမွာေပါ့"

"ဟာ ခ်စ္ဆုံးေနာ္..၊ ကိုယ္ေဆာ့တာ အရမ္းေတာ္တာ၊ မေန႔ညကဆို MVPေတြ ဆက္တိုက္ရတာေနာ္"

MVPရမွာေပါ့။ ကိုယ့္အဖြဲ႕ကိုလည္း ျပန္ၾကည့္ဦးေလ..၊ လက္လႈပ္တာကေနာက္၊ စပီကာဖြင့္ၿပီး ဆဲၾကတာက အရင္..။ ညညဆို နားေတြညီးလြန္းတာေၾကာင့္ အျပင္ဘက္ကို ထြက္ေဆာ့ခိုင္းရသည္။ 

ဒါေတာင္ ဟိန္းေတဇရဲ႕ ညမိုးခ်ဳပ္က်မွ ထြက္တတ္တဲ့..

"အား!! ကယ္ၾကပါဦး!!"

"ငါမလာႏိုင္ေတာ့ဘူး!! မင္းတို႔သြားေတာ့!!"

"ေျခသံၾကားတယ္!! ေျခသံ!! လာေနၿပီ! လာေနၾကၿပီ!"

ဆိုတဲ့ ငယ္သံပါေအာင္ ေအာ္သံေတြေၾကာင့္ လန္႔လန္႔ႏိုးရတာေတြကို ထည့္မေျပာရေသး..။ ၾကာရင္ ရက္ကြက္က ခဲနဲ႔ထုေတာ့မည္။ အခုလည္း လက္မႏွစ္ဖက္က အေၾကာလိုက္ၿပီး အၿငိမ္မေနႏိုင္႐ွာ..၊ အီၾကာေကြးသာ မ်ိဳခ်ေနရတာ၊ စိတ္ကေတာ့ Battleထဲေရာက္ေနၿပီ ေနမွာေပါ့။

"သူ.. ဒီေန႔ ဆိုင္သြားၾကမလား၊ စာရင္းေတြလည္း မၾကည့္တာၾကာၿပီ"

"အာ.. ဒီေန႔လား..၊ ကိုယ္က ဒီေန႔ပြဲခ်ိန္းထားတယ္ ခ်စ္ဆုံးရဲ႕၊ ပိတ္ရက္ဆိုေတာ့ေလ လူကဆုံတယ္၊ ကိုခ်စ္ႏိုင္ကိုပဲ ဆိုင္ပိတ္မွ အိမ္လာခိုင္းလိုက္ပါ့လား.. ခ်စ္ဆုံး.."

သြားၿဖီးေလးနဲ႔ ရီကာျပေနတဲ့ ဟိန္းေတဇကို ျပည္လုံး တစက္ကေလးမွ မသနား..။ သူမ်ားေတြဆိုရင္ အလုပ္တစ္ခုရဖို႔အတြက္ ႀကိဳးစားပမ္းစား႐ွာေနရတဲ့အခ်ိန္မွာ ကံေကာင္းလို႔ ဒီမိဘေတြဗိုက္ထဲမွာ ဝင္စားၿပီး ဒီလိုမပင္မပန္းေနႏိုင္တာကို 'ငါ ဖိဖိစီးစီးလုပ္မယ္'ဆိုတဲ့ အေတြးမဝင္သူက သူ႕ေယာက်ာ္း ဟိန္းေတဇပါ။ 

"အဲ့တာဆိုလည္း သူ႕သေဘာပဲ၊ ဂိမ္းေဆာ့မွာမလား..၊ သြားေဆာ့ေတာ့ေလ"

ျပည္လုံး ခြင့္ျပဳလိုက္တာနဲ႔ ကုေဋ႐ွစ္ဆယ္ရဲ႕ မ်က္ႏွာေပးက ဝင္းပလို႔သြားသည္။ ဆီေပေနတဲ့လက္နဲ႔ပါးစပ္ကို တစ္႐ႈးနဲ႔ အရင္သုတ္ၿပီးေတာ့မွ ျပည္လုံးပါးကို လာနမ္းသည္။

"ကိုယ့္ခ်စ္ဆုံးေလးက တကယ့္နတ္သားေလး"

ဟိန္းေတဇက အခန္းထဲကိုေျပးဝင္သြားတာကို ေငးၾကည့္ရင္း ျပည္လုံး ဇက္ကို ဂြၽတ္ကနဲျမည္ေအာင္ တခ်က္ခ်ိဳးလိုက္သည္။ 

ျပည္လုံး ၾကားဖူးသည္။ အက်င့္ပ်က္ေနတဲ့ ေယာက်ာ္းေတြကို ကိုင္တြယ္နည္းက အႏုနည္းနဲ႔ အၾကမ္းနည္းဆိုၿပီး ႏွစ္နည္း႐ွိသည္တဲ့..။ အႏုနည္းကေတာ့ ေခ်ာ့ေျပာရမည္ေပါ့..၊ အဲ့တာဆိုရင္ ေယာက်ာ္းက စိတ္ျပန္လည္လာၿပီး အရင္အတိုင္းျပန္ျဖစ္လာႏိုင္သည္တဲ့။ ဒါေပမယ့္ သူ႕ေယာက်ာ္းကေတာ့ ဒီနည္းကိုမျဖဳံ..၊ သူေခ်ာ့ေျပာေနတာ ဘယ္ႏွစ္ရက္႐ွိၿပီလဲ..၊ မ်က္ႏွာငယ္ေလးလုပ္ၿပီး ေသြဖယ္ျပေနတာေလ..။

အၾကမ္းနည္းနဲ႔ ေျခာက္ေျပာရင္ ေကာင္းမလားလို႔ ေတြးကာ ဗီဒိုထဲက တိုက္ကြမ္ဒိုဝတ္စုံကိုေတာင္ ထုတ္ၾကည့္လိုက္ေသးသည္။ ဒါေပမယ့္ ဟိန္းေတဇရဲ႕ မ်က္လုံးထဲမွာ ျပည္လုံးကို ခ်စ္ဆုံးကေန ေၾကာက္ဆုံးအျဖစ္ ျမင္သြားႏိုင္သည္။ ျပည္လုံးက ဟိန္းေတဇရဲ႕ ခ်စ္ဆုံးပဲ ျဖစ္ခ်င္တာေလ၊ ေၾကာက္ဆုံးၾကေတာ့လည္း အဆင္မေျပ..။ 

မတတ္ႏိုင္တဲ့အဆုံးမွာေတာ့ ေခါင္းထဲကအၾကံကိုသာ ပါးပါးေလးခြာၿပီး ထုတ္သုံးဖို႔ ျပင္ရပါသည္။ ဒီေန႔ေတာ့ နတ္သားေလးေပးတဲ့ သင္ခန္းစာကို ေနာင္က်ဥ္သြားတဲ့အထိ နတ္သားၾကင္ယာေတာ္ ရ႐ွိလိမ့္မည္။

တကယ္ဆို ျပည္လုံးလည္း ဆိုင္သြားဖို႔အစီအစဥ္မ႐ွိ..၊ အိမ္မွာ လုပ္စရာ႐ွိေသးသည္ေလ။ အရင္ဆုံး စားၿပီးသားပန္းကန္ေတြကို သိမ္းလိုက္သည္။ ၿပီးတာနဲ႔ အားသြင္းထားတဲ့ ဖုန္းကိုျဖဳတ္ၿပီး ဦးတည္လိုက္တာက ဟိန္းေတဇ ဂိမ္းေဆာ့ေနတဲ့ အိပ္ခန္းထဲကို..။

"ဟ! ေခ်ာခ်စ္မ တစ္ေယာက္တည္း စြတ္မတက္နဲ႔ဟ"

"နင္တို႔က ဖင္ေလးေနတာကိုး! ျမန္ျမန္လာၾက"

ျပည္လုံး မွန္တင္ခုံကို ေနာက္ျပန္ေပးထိုင္ရင္းနဲ႔ ကုတင္ေပၚမွာ အသံဗလံေပါင္းစုံထြက္ေနတဲ့ ဟိန္းေတဇကို တည့္တည့္ေငးၾကည့္ကာ Videoမွတ္တမ္းတင္ထားလိုက္သည္။ ၾကည့္ရင္းၾကည့္ရင္းနဲ႔ နားလည္လာတာက ျပည္လုံးေယာက်ာ္း ဟိန္းေတဇသည္ သူမ်ားနဲ႔မတူေအာင္ကို တမူထူးျခားေသာ လူသား..။ 

အခုလည္း ၾကည့္ေလ..၊ သူမ်ားေတြက ဂိမ္းေဆာ့ရင္ ပါးစပ္နဲ႔လက္ပဲလႈပ္တာကို ဟိန္းေတဇကေတာ့ ကိုယ္ပါလႈပ္သည္။

"ေနာက္ကပစ္ေနၿပီ ဝပ္.. ဝပ္"

ပါးစပ္ကေအာ္ရင္း ခႏၶာကိုယ္ကေတာ့ ကုတင္ေပၚမွာ အျပားလိုက္ေမွာက္ရပ္ႀကီး..။

"အား!! ငါ ထိသြားၿပီ! ေခြးေကာင္ေတြ! ငါ့ကိုလာကုေပး! ငါ ေသေတာ့မယ္!!"

"လာၿပီဟ မင္းအေဖေတြက ဆက္တိုက္ပစ္ေနတာ!"

ေသခါနီးဆဲဆဲျဖစ္ေနတာက ဂိမ္းထဲက သူ႕အေကာင္ဆိုေပမယ့္ ဟိန္းေတဇကိုယ္တိုင္ကလည္း ကုတင္ေပၚမွာ လူးလြန္႔ေနၿပီ..။

 "ေနဦး ငါ Energy Drinkေသာက္လိုက္ဦးမယ္"

သူ႕အေကာင္လည္း ေသာက္ေနတယ္ ေနမွာေပါ့၊ သူကလည္း ေဘးမွာခ်ထားတဲ့ ေရဘူးကို ကေယာင္ကတမ္း လွမ္းကိုင္သည္။ 

"ဟာကြာ.."

ဒါက ေလးေယာက္လုံး ဂန္႔သြားၿပီျဖစ္လို႔ ထြက္လာတဲ့အသံ..။ ၾကက္သားစားရရင္ ထဒြန္႔တတ္တဲ့ ပုံေလးကိုပါ မွတ္တမ္းတင္ခ်င္ေသာ္လည္း တစ္ေန႔လုံးေဆာ့မွ ႏိုင္တာက တစ္ပြဲႏွစ္ပြဲဆိုေတာ့.. အဲ့ဒါကို ေစာင့္႐ိုက္ဖို႔အတြက္ ျပည္လုံးမွာ အခ်ိန္မ႐ွိ..။ အခု႐ိုက္ထားတာနဲ႔တင္ လုံေလာက္ေနၿပီမို႔ ေနာက္တစ္ခု ျပင္ဆင္ရဦးမည္။ျပည္လုံး ေျခဦးလွည့္လိုက္တာက ျခံထဲကေရကန္ဆီကို..။ ဖုန္းကို မီးဖိုခန္းထဲမွာ အရင္သြားဖြက္ၿပီးေတာ့မွ ျခံထဲကို ဆင္းလိုက္သည္။ 

ေတြ႕ပါၿပီ..၊ ကန္ထဲမွာ ညလုံးေပါက္စိမ္ထားတဲ့ ႀကိမ္လုံးေတြ..။ လက္သန္းလုံးပတ္ေလာက္႐ွိတဲ့ sizeကိုပဲ ေ႐ြးဝယ္ထားတဲ့ ႀကိမ္လုံးေတြကို ေရစိုစိုမွာေလထဲကို ေဝွ႔ယမ္းၾကည့္ေတာ့ တ႐ႊီ႐ႊီနဲ႔ နားဝင္ခ်ိဳဖြယ္အတိ။ ဒီထဲကမွ အ႐ွည္တူသုံးေခ်ာင္းကို သားေရပင္နဲ႔ ေ႐ွ႕ထိပ္ေနာက္ထိပ္စီးလိုက္သည္။ ဒီသုံးေခ်ာင္းပူးအျပင္ အ႐ွည္ဆုံးႀကိမ္လုံးကိုလည္း လိုရမယ္ရယူလာခဲ့လိုက္သည္။ 

အိမ္ထဲေရာက္တာနဲ႔ ထိုႀကိမ္လုံးေတြကို မီးအားျမႇင့္စက္ေပၚမွာ တင္ထားလိုက္သည္။ အသစ္ဝယ္ထားတဲ့ ၾကက္ေမႊးကိုလည္း ဧည့္ခန္းတည့္တည့္ လူျမင္သာတဲ့ေနရာမွာ ေျပာင္းခ်ိတ္ထားလိုက္သည္။ ေနာက္ထပ္ဘာလိုေသးလဲ...၊ ဪ အဓိကလိုအပ္တာကို ေမ့ေနတာပဲ။ ဒီကေန႔ရဲ႕ အသုံးေတာ္ခံ ဇာတ္မင္းသားေလးကို ေရခ်ိဳးခိုင္းရမည္။ ျပည္လုံး အခန္းထဲျပန္ဝင္သြားေတာ့ ခ်စ္ခင္ပြန္းက ေနာက္တစ္ပြဲစဖို႔ျပင္ေနသည္။

"ကို.. ေရသြားခ်ိဳးလိုက္ဦး ေန႔လည္ေတာင္ေရာက္ေတာ့မယ္"

"အာ.. ဒီတပြဲပဲေနာ္ ခ်စ္ဆုံး ခဏေလး"

ကုေဋ႐ွစ္ဆယ္က မ်က္လုံးေတာင္လွန္မၾကည့္..။ ေဒါသကိုမ်ိဳခ်ၿပီး ျပည္လုံးစိတ္ကို ဆြဲဆန္႔ထားလိုက္သည္။

"ကိုမပါဘဲ မေဆာ့ၾကဖို႔ လုံးလုံးေျပာထားလိုက္မယ္" 

ျပည္လုံးဖုန္းကို ဆြဲလုလိုက္ေတာ့ လွမ္းၾကည့္တဲ့ သူ႕မ်က္ႏွာက မအို႔တအို..ငို႔တငိုရယ္။

"ကိုက လိမၼာပါတယ္ ငါးမိနစ္ေလာက္ပဲကို သြား.. ျမန္ျမန္"

"အင္း ခ်စ္ဆုံးေလး"

ငါးမိနစ္ဆိုတာက ေရႏွစ္ခြက္ပဲေလာင္းခဲ့လို႔ ေျပာလိုက္တာနဲ႔ အတူတူပဲေလ။ မုတ္ဆိတ္ေတြဘာေတြလည္း ရိပ္စရာမလိုဘူးဆိုတဲ့ သေဘာ။ ဒီလိုဆိုေတာ့ ဟိန္းေတဇ ေပ်ာ္ၿပီေလ။ ေနာက္ကိုေတာင္ လွည့္မၾကည့္ေတာ့ဘဲ ေရခ်ိဳးခန္းထဲကို ဒုန္းေျပးဝင္သည္။ ေယာက်ာ္း.. ေယာက်ာ္း.. ေတာ္ေတာ္အစြဲအလမ္းႀကီးတာကိုး..၊ ဒီအစြဲကို ဒီကလုံးလုံးကပဲ အၿပီးခြၽတ္ေပးရမွာေပါ့..။

ခ်စ္ခင္ပြန္းဖုန္းကို ကုတင္ေပၚပစ္ခ်လိုက္ၿပီးမွ ေရခ်ိဳးၿပီးရင္ဝတ္ဖို႔အတြက္ ဝတ္စုံထုတ္ထားေပးလိုက္သည္။ ဒီေန႔အတြက္ ဟိန္းေတဇရဲ႕ Dress Codeက စြပ္က်ယ္အျဖဴဂ်ိဳင္းျပတ္နဲ႔ အားကစားေဘာင္းဘီတို..။ တစ္ကိုယ္လုံး ပါးပါးလ်လ်ေတြခ်ည္းပဲ ဆင္ေပးထားလိုက္သည္။

*ဝုန္း*

"ခ်စ္ဆုံးေရ.. ကိုယ္ခ်ိဳးၿပီးၿပီ"

"ေတာ္လိုက္တာ..၊ လာ လုံးလုံးအက်ႌထုတ္ေပးထားတယ္၊ အက်ႌဝတ္ၿပီးရင္ ဂိမ္းဆက္ေဆာ့လို႔ရၿပီ"

"ကိုယ့္ခ်စ္ဆုံးေလးက ခ်စ္ဖို႔ေကာင္းလိုက္တာ"

ခ်စ္စႏိုးနဲ႔ ပါးျပင္ကို အသာအယာဆြဲလာေတာ့ ပါးခ်ိဳင့္ေလးေပၚေအာင္ ရီျပေပးလိုက္သည္။ ၿပီးတာနဲ႔ ကုေဋ႐ွစ္ဆယ္ကို ဂိမ္းဆက္ေဆာ့ေစကာ ျပည္လုံးကေတာ့ အျပင္ကိုထြက္လာခဲ့လိုက္သည္။ ဖြက္ထားခဲ့တဲ့ ဖုန္းကိုသြားယူၿပီး နာရီကိုၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းႏုႏုက အလိုလိုျပဳံးသည္။ 

အခ်ိန္နီးကပ္လာၿပီျဖစ္တာေၾကာင့္ အရင္ဆုံးလုပ္ရမွာက ေရခဲေသတၱာဖြင့္ကာ အေအးဓာတ္ခံယူျခင္း..။ အေအးခန္းထဲက ေရခဲတုံးေတြပါ ထုတ္ၿပီး လက္ႏွစ္ဖက္နဲ႔ႏႈတ္ခမ္းေပၚကို ပြတ္တိုက္ပစ္လိုက္သည္။ ျပင္ဆင္ၿပီးသြားတာနဲ႔ ေ႐ႊပိုင္နဲ႔ေငြပိုင္ကို သူတို႔အခန္းထဲမွာ အရင္ထည့္သိမ္းရသည္။ ေကာင္းခန္းေရာက္ေတာ့မွ မ်က္ႏွာကို လာယက္ေနရင္ ဒုကၡ..။

*ကီ ကီ*

ေခြးသိမ္းၿပီးတဲ့အခ်ိန္မွာပဲ ရင္းႏွီးေနတဲ့ ကားဟြန္းတီးသံကို ၾကားလိုက္ရသည္။ ျပည္လုံးလည္း ဧည့္ခန္းဘက္ဆီကို ေျပးသြားကာ ခႏၶာကိုယ္ကို ေလွ်ာခ်လိုက္ၿပီး တံခါးဝေပါက္တည့္တည့္မွာ အ႐ုပ္ႀကိဳးပ်က္ပုံစံ လွဲေနလိုက္သည္။ 

*ကီ ကီ*

ေသခ်ာတယ္..၊ ႏွစ္ခါတီးလို႔မွ ဘယ္သူမွထြက္မလာရင္ ျခံတံခါးဖြင့္ဝင္လာၾကလိမ့္သည္။ ဒီလိုလြယ္လင့္တကူ ဝင္လာလို႔ရေအာင္လည္း ျပည္လုံး ေစ့႐ုံပဲေစ့ထားၿပီးသား..။

"ဒီကေလးေတြကေတာ့ေလ.. အသံမၾကားဘာမၾကားနဲ႔"

မမႀကီးေတာ့ ျခံထဲဝင္လာၿပီ။ အေဖနဲ႔အေမပဲ ကားေပၚကဆင္းလာဖို႔က်န္ေတာ့သည္။ ေနာက္ထပ္ သုံးစကၠန္႔ေလာက္ေနတာနဲ႔ မမႀကီး ထေအာ္ပါလိမ့္မည္။ တစ္.. ႏွစ္.. သုံး..

"ဟယ္ လုံးလုံးေလး!!! ေမေမေရ လာပါဦး! ဒီမွာ လုံးလုံး!!!"

မမႀကီးက ကိုင္ထားတဲ့အထုတ္ေတြကို ပစ္ခ်ၿပီး ျပည္လုံးဆီကို ေျပးလာသည္။ သဏၭာန္လုပ္ သ႐ုပ္တူေအာင္လို႔ သတိမလြတ္ေသးတဲ့ ပုံမ်ိဳးဖမ္းကာ လဲေနရက္ကေန မမႀကီးကို ေခါင္းေလးေစာင္းၾကည့္လိုက္သည္..။ ကမ္းသေယာင္ လွမ္းလိုက္တဲ့ လက္တဖက္ကလည္း တုန္တုန္ရီရီ..။

"လုံးလုံးေလး ရရဲ႕လား!"

"မမ..ႀကီး သား..မူးတယ္.."

"ဟာ သားလုံးလုံး!!"

"သားေလး!"

ေမြးစားမိဘဘြဲ႕ကို ခံယူထားတဲ့ ေယာကၡမႀကီးႏွစ္ေယာက္က ျပည္လုံးေဘးနားကို အလ်င္အျမန္ေရာက္႐ွိလာၾကသည္။ မ်က္ႏွာေတြကိုၾကည့္ေတာ့လည္း အလြန္အမင္းစိုးရိမ္ေနတဲ့ပုံနဲ႔..။

"သားက အဝတ္..႐ုတ္ဖို႔.အျပင္ထြက္လိုက္တာ.. ႐ုတ္တရက္.. မိုက္ကနဲျဖစ္ၿပီး.."

"ၾကည့္ပါဦး ကေလးက တစ္ကိုယ္လုံးကို ေအးစက္ေနတာပဲ၊ ေသြးေပါင္က်တာျဖစ္မယ္" 

"သားရယ္..ျဖစ္မွျဖစ္ရေလကြာ။ သားဒီလိုျဖစ္ေနတာကို ဟိန္းေတဇက ဘာလုပ္ေနလဲ"

ေမးေစခ်င္တဲ့ ေမးခြန္းေတာ့ အေဖကေမးလာၿပီ။ ႀကိမ္လုံးလည္း အဆင္သင့္ပဲ..ဒီေတာ့..

"သူ႕ကို.. မဆူပါနဲ႔..၊ သူက အရင္..တုန္းကဆိုရင္ ႐ုတ္ေပးပါတယ္..၊ ခုတေလာ ဂိမ္းစြဲေနေတာ့.."

"ဘာ! ဂိမ္းစြဲတယ္!"

ေပြ႕ထားေပးတဲ့ မမႀကီးကို မွီရင္း ေျဖးညႇင္းစြာ ေခါင္းညိမ့္ျပလိုက္သည္။

"ဟိန္း! ေတ! ဇ!"

"ေဖႀကီး ႐ွင့္သားကို ခုခ်က္ခ်င္း႐ွာ!"

အေဖက ဘီလူးဆိုင္းတီးဖို႔အတြက္ ပတ္ဝိုင္းကိုကိုင္ေလေတာ့ အေမက ပတ္မႀကီးကို တာဝန္ယူသည္။ 

"ဟိန္းေတဇ နင္ အေဖေခၚေနတယ္ ခုထြက္ခဲ့စမ္း"

ေမ့လို႔..၊ မမႀကီးကေတာ့ ႏွဲဝင္မႈတ္ေပးသည္။ ဒါေပမယ့္ ဇာတ္လိုက္ေက်ာ္ႀကီးက အခုထိထြက္လာမေသး..။ 

"ဟိန္း! ေတ! ဇ!"

"လာၿပီ.. ေဖေရ႕..၊ လာမယ္ဆိုလည္း ႀကိဳမေျပာၾကဘူး"

အေဖႏွစ္ခါေအာ္လိုက္ေတာ့ ဟိန္းေတဇ အခန္းထဲက ထြက္လာသည္။ မ်က္လုံးကေတာ့ ဖုန္းကေနမခြာ..၊ လက္ႏွစ္ဖက္လုံးကလည္း အလုပ္မ်ားဆဲ..။ အေဖတို႔ ပဲခူးကို အလႈပြဲလာရင္းနဲ႔ သူတို႔ဆီဝင္လာခဲ့မယ္လို႔ တျမန္မေန႔ကတည္းက ေျပာပါသည္။ သူ႕ဘာသူ မၾကားတာ။ ျပည္လုံး တမင္သတိမေပးတာလည္း ပါတာေပါ့ေလ။ 

"မင္း ဖုန္းႀကီးခ်ၿပီး ဒီကိုၾကည့္စမ္း"

စုတ္ျပတ္ေနတဲ့ ဟိန္းေတဇရဲ႕ပုံကိုျမင္ရေတာ့ အေဖ့ရဲ႕ေဒါသေတြက မိုးေပၚထိထိုးတက္သည္။

"ခဏ ေဖ၊ သား ၿပီးေတာ့မွာ"

"ဟိန္း! ေတ! ဇ! မင္း ႐ူးေနလို႔ ကိုယ့္ေယာက်ာ္း မူးလဲေနတာကိုေတာင္ မသိတာလား!!"

"ဘယ္သူ႕ေယာက်ာ္းမူးလဲ.. ဘာ!! ခ်စ္ဆုံးလား!!"

ထိုစဥ္အခါက်မွ အသိျပန္ဝင္လာၿပီး ေခါင္းေထာင္ၾကည့္ကာ ဧည့္ခန္းအဝက ျပည္လုံးဆီကို ကမူး႐ႈးထိုးေျပးလာသည္။ 

"ခ်စ္.. ခ်စ္ဆုံး.."

မမႀကီး လက္ထဲကေန ဆြဲယူဖို႔ျပင္ေနတဲ့ ဟိန္းေတဇေၾကာင့္ ျပည္လုံးခႏၶာကိုယ္ေတာင့္ထားလိုက္သည္။ သူ႕ရင္ခြင္ထဲ သြားဖို႔ေစာေသးသည္..၊ ဇာတ္ထုတ္က တစ္ဝက္ေတာင္မက်ိဳးေသး..။ ကံေကာင္းခ်င္ေတာ့ ျပည္လုံးက တစ္ေယာက္တည္းမဟုတ္..။ 

"ဟိန္းေတဇ နင္ ကေလးကိုလာမထိနဲ႔၊ နင္ ဘယ္လိုေတာင္ေနလို႔ ကေလးက မူးလဲရတာလဲ"

မမႀကီးက ေတဇရဲ႕လက္ေတြကို ပုတ္ခ်ပစ္လိုက္သည္။ အေမကေတာ့ သူ႕ဗိုက္ထဲကထြက္ထားတဲ့ သားတစ္ေယာက္မဟုတ္တဲ့အတိုင္း ဟိန္းေတဇကို စိမ္းစိမ္းႀကီးၾကည့္ေနသည္။ ကာယကံ႐ွင္ကေတာ့ ျပည္လုံးေပ်ာ့ေခြေနတာကိုၾကည့္ၿပီး ေျခမကိုင္မိ၊ လက္မကိုင္မိျဖစ္လို႔ေနၿပီ..။

"ဒီလိုပုံနဲ႔ မရေတာ့ဘူး..၊ ဟိန္းေတဇ မင္းနဲ႔ငါနဲ႔ ေတြ႕မယ္"

ဧည့္ခန္းအလည္မွာ ရပ္ေနတဲ့အေဖက ပုဆိုးႀကီးကိုမၿပီး ဟို႐ွာဒီ႐ွာလုပ္ပါသည္။ အေဖဆိုတာေလ.. ျမင္သာထင္သာ႐ွိတဲ့ ေနရာမွာခ်ိတ္ေပး၊တင္ေပးထားတာေတာင္မွ ႐ွာမေတြ႕..။ ဒီေတာ့လည္း ျပည္လုံးက ပါရတာေပါ့..။ 

"သူ.. မီးအားျမႇင့္စက္ေပၚက တုတ္ေတြရယ္..၊ တိုင္ကပ္နာရီေအာက္မွာ ခ်ိတ္ထားတဲ့ ၾကက္ေမႊးရယ္ကို ယူၿပီးေျပးေတာ့.. အေဖ႐ိုက္လိမ့္မယ္.."

"အမ္.. ဘာေျပာလိုက္တာ ခ်စ္ဆုံး"

ဟိန္းေတဇ ေသခ်ာမၾကားေပမယ့္ မမႀကီးနဲ႔အေမေတာ့ ၾကားသည္။ ၾကားမွာေပါ့..၊ ဒီလိုပဲ ၾကားေစခ်င္တာကိုး..။

"အေဖ! တုတ္က မီးအားျမႇင့္စက္ေပၚမွာ!!"

မမႀကီးေျပာလိုက္တာနဲ႔ အေဖက မီးအားျမႇင့္စက္ဘက္ကို ျဖတ္ကနဲၾကည့္ကာ အႀကီးတစ္ေခ်ာင္းေရာအေသးတစ္ေခ်ာင္းကိုပါ လွမ္းယူသည္။ အေဖတစ္ခု၊ အေမတစ္ခုဆိုၿပီး လုပ္ေပးထားတာေလ..၊ အခုေတာ့ အေဖက ဘယ္ညာကိုင္ၿပီး အပီတြယ္ေတာ့မယ္ထင္ပါရဲ႕..။

"ဟိန္းေတဇ.. မင္းထစမ္း..ေခြး႐ိုက္တဲ့တုတ္က မင္းနဲ႔ကြက္တိပဲ"

"သူ.. အခန္း..ထဲကို ေျပးေတာ့.."

ျခံထဲဆင္းေျပးခိုင္းပါက အေဖ့ႀကိမ္စာကို လြတ္ႏိုင္ေျခ႐ွိတဲ့အတြက္ အေဖ့ကို ျဖတ္ၿပီးေျပးရမယ့္ အခန္းကိုပဲ ျပည္လုံး အၾကံေပးလိုက္သည္။ ထင္တဲ့အတိုင္းပါပဲ..၊ အသားနာမွာကိုေၾကာက္ေတာ့ ဟိန္းေတဇက ျပည္လုံးစကားကို နားေထာင္ၿပီး အခန္းထဲကို ဝင္ေျပးဖို႔ႀကိဳးစားသည္။ 

အေဖက ႀကိမ္ႏွစ္ေခ်ာင္းကို ဓားႏွစ္ေခ်ာင္းသဖြယ္ ေဝွ႔ယမ္းၿပီး ငမိုက္သားကို ကာဆီးေလေတာ့ အလြန္လည္တဲ့ ထိုငမိုက္သားက ဆိုဖာခုံကို ပတ္ေျပးသည္။ အေဖကေနာက္၊ ဒင္းကေ႐ွ႕ကေျပးနဲ႔ ၾကာေတာ့ ျပည္လုံး တကယ္မူးလာသည္။ ဒီအတိုင္းဆိုမျဖစ္ေတာ့..၊ တပတ္ေလာက္အက်င့္ပ်က္ခဲ့တဲ့သူကို တုတ္စာေတာ့ မိေစခ်င္ေသးသည္။

"ေမေမ.. မမႀကီး..၊ အေဖ့ကို တားေပးပါဦး..၊ သူ႕ကို မ႐ိုက္ပါနဲ႔..၊ သူ႕ကို သားကိုယ္တိုင္ေဆာ့ခိုင္းခဲ့တာပါ..၊ ခ်စ္စရာေကာင္းလြန္းလို႔ videoပါ ႐ိုက္ထားပါေသးတယ္"

အေဖနဲ႔ ေယာက်ာ္း စိန္ေျပးလိုက္တမ္း ကစားေနစဥ္မွာပဲ လက္ထဲမွာကိုင္ထားတဲ့ ဖုန္းထဲကvideo fileကို ဖြင့္ျပလိုက္သည္။ ထြက္လာတဲ့ပုံရိပ္ေတြက တြားသြားတာေတြေရာ၊ ကုန္းကုန္းကြကြေတြေရာ ၿပီးေတာ့ လူးလြန္႔ေနတာေတြေရာပါပါသည္။ videoေတာင္မဆုံးေသး..၊ အေမ့ရဲ႕ေဒါသက ငယ္ထိပ္ကို ေရာက္သြားသည္။ အေမကေတာ့ ေျပာစရာမလို.. ၾကက္ေမႊးကို ေလဟုန္ခြင္းၿပီး ေျပးျဖဳတ္သည္။

"ဟိန္းေတဇ နင္လာခဲ့စမ္း"

အေဖ့တစ္ေယာက္အားကိုေတာ့ သူ႐ုန္းႏိုင္ေပမယ့္ စုံတြဲလိုက္ညႇပ္ေဆာ္ခံရတာကိုေတာ့ ေ႐ွာင္ႏိုင္တဲ့ပုံမေပၚ..။ အေဖက ဘယ္ဘက္က ေကြၽးၿပီး အေမက ညာဘက္က ခြံ႕သည္။ ဒီေန႔က်မွ ေဘာင္းဘီတိုနဲ႔ လက္ျပတ္ဝတ္ထားေလေတာ့ အလည္မွာစားေနရတဲ့ ဟိန္းေတဇခမွ်ာ ေအာ္သံေတာင္ မထြက္ႏိုင္..။

"ဟမ္ မင္းမွတ္ၿပီလား ဟိန္းေတဇ"

အေဖ ဆယ္ခ်က္၊ အေမ ဆယ္ခ်က္ေလာက္႐ွိၿပီဆိုေတာ့မွ ျပည္လုံး မမႀကီးလက္ထဲကေန ေျပးထြက္ကာ ေယာက်ာ္းျဖစ္သူေ႐ွ႕မွာ ကာရပ္လိုက္သည္။ ၿပီးေတာ့မွ.. လက္အုပ္ေလးခ်ီၿပီး..

"သား ေတာင္းပန္ပါတယ္..၊ သူ႕ကို မ႐ိုက္ၾကပါနဲ႔.."

လို႔ဆိုကာ မ်က္ရည္စမ္းစမ္းနဲ႔ ေတာင္းပန္ေပးလိုက္ေတာ့ အ႐ိႈးရာဗလပြနဲ႔ ဟိန္းေတဇကပါ မ်က္ရည္ေတြ စီးက်လာသည္။

"ခ်စ္ဆုံး မေတာင္းပန္ပါနဲ႔၊ အားလုံးက ကိုယ္မွားတာပါ၊ ခ်စ္ဆုံး ေမ့လဲေနတာေတာင္ မသိပဲ ကိုယ္က ဂိမ္းေဆာ့.."

"မဟုတ္ပါဘူး သူမမွားပါဘူး.."

မွားတာေပါ့..၊ မွားတာမွ ႐ွယ္ကိုမွားတာ။ ဒါေပမယ့္ စိတ္သက္သာေအာင္ေတာ့ ေျပာေပးရတာေပါ့၊ မဟုတ္ရင္ ျပည္လုံးေယာက်ာ္းက တသက္လုံး ငိုခ်င္းခ်လို႔ၿပီးမွာမဟုတ္ဘူး။

"ဘာအခုေတာင္းပန္ပါတယ္လဲ ဟိန္းေတဇ၊ မင္း မင္းဂိမ္းကိုျဖတ္မလား..၊ သားလုံးလုံးကို ျဖတ္မလား"

"မဟုတ္ဘူး ေဖႀကီး၊ လုံးလုံးကို ျပန္ေခၚသြားၾကစို႔"

"ဟုတ္တယ္ အေဖ သမီးလည္းေထာက္ခံတယ္"

ဇာတ္႐ွိန္က ထိပ္ဆုံးကိုေရာက္ေနၿပီ။ ဇာတ္လိုက္ႀကီးကေတာ့ လူစြမ္းေကာင္းပီသစြာနဲ႔ ျပည္လုံးကို သူ႕ေနာက္ပို႔ၿပီး ရင္ဘတ္ႀကီးနဲ႔ကာသည္။

"သား ေနာက္မလုပ္ေတာ့ပါဘူး၊ ခ်စ္ဆုံးနဲ႔ေတာ့ မခြဲၾကပါနဲ႔၊ ဖုန္းသိမ္းခ်င္တယ္ဆိုလည္း ယူသြားၾကပါ၊ ခ်စ္ဆုံး မ႐ွိရင္ သားေသလိမ့္မယ္"

ကိုယ့္ေယာက်ာ္း အျမင္ပြင့္သြားတာကို ျမင္လိုက္ၾကားလိုက္ရတာမို႔ ျပည္လုံးစိတ္ခ်မ္းသာရပါသည္။ ဒီေလာက္ဆိုရင္ကို ဇာတ္သိမ္းဖို႔လုံေလာက္သြားၿပီ။

"သားလည္း သူနဲ႔မခြဲႏိုင္ဘူး၊ ျပန္ေတာ့မလိုက္ပါရေစနဲ႔"

ျပည္လုံးမ်က္ႏွာငယ္ေလးနဲ႔ ေျပာလိုက္တာကို ဂ႐ုဏာသက္စြာလွမ္းၾကည့္သူက ေက်းဇူး႐ွင္မိဘႏွစ္ပါး..။ 

"ဟိန္းေတဇ မင္း သားလုံးလုံးကို ဒီလိုထပ္မျဖစ္ေစရဘူးလို႔ ကတိေပးရမယ္"

"စိတ္ခ်၊ သား ကတိေပးတယ္၊ သား အခု ခ်စ္ဆုံးေမ့ေနတဲ့ပုံကို ျမင္ၿပီး ဘယ္ေလာက္ရင္ေတြနာေနတယ္ မွတ္လဲ"

"နင္ ေမွာက္အိပ္ထားလို႔ ေနမွာေပါ့"

"ဟာ မမႀကီးကလည္း..၊ ခ်စ္ဆုံး ကိုယ္ေတာင္းပန္တယ္ေနာ္"

ျပည္လုံးရဲ႕ လက္ႏွစ္ဖက္ကို ဖြဖြေလးလွမ္းကိုင္ကာ ေတာင္းပန္စကားဆိုေနတဲ့သူကို ၾကည့္လိုက္ေတာ့ တစ္ကိုယ္လုံးမွာ အ႐ိႈးရာေတြနဲ႔..။ ဒီလိုက်ေတာ့လည္း ျပည္လုံးစိတ္မေကာင္းပါ။ မလိမၼာလို႔ ဆုံးမတာဆိုေပမယ့္ အေဖတို႔အေမတို႔ကလည္း ကိုယ့္သားအရင္းကို အသာအယာမ႐ိုက္..။ လိမ္းေဆး ႀကိဳဝယ္ထားၿပီးသားမို႔ ေတာ္ေသးသည္။ 

"ခ်စ္ဆုံးေလး မူးေနေသးလားဟင္"

မုန္တိုင္းၿငိမ္သြားၿပီဆိုတာနဲ႔ ခ်စ္ခင္ပြန္းကို အခန္းထဲဆြဲေခၚလာခဲ့ကာ ေဆးသိပ္ေပးေတာ့ ျပည္လုံးရဲ႕မ်က္ႏွာကို တစိမ့္စိမ့္ၾကည့္႐ွာသည္။ မ်က္ဝန္းေတြထဲမွာလည္း စိတ္မေကာင္းျခင္းမ်ားစြာနဲ႔...။

"မမူးေတာ့ပါဘူး၊ သူေရာ နာေနလား"

"ကိုယ္ မနာပါဘူး၊ ခ်စ္ဆုံးအေပၚ လုပ္မိတဲ့ အျပစ္ထက္စာရင္ ကိုယ္ခံရတာက ေသးေသးေလး.."

ဒီလိုက်ေတာ့လည္း ျပည္လုံးငိုခ်င္လာသည္။ သူ႕ေယာက်ာ္းက မသိတတ္တာေလး တစ္ခု႐ွိတာပါ၊ သူကသာ လင္မယားအခ်င္းခ်င္းကို ဉာဏ္နီဉာဏ္နက္ေတြထုတ္ၿပီး အ႐ိုက္ခံရေအာင္ ၾကံစည္ရတယ္လို႔..။

"ကို႔ကိုလည္း ေတာင္းပန္ပါတယ္၊ လုံးလုံးေၾကာင့္ အ႐ိုက္ခံရတာ"

ျပည္လုံးရဲ႕ စို႔တက္လာတဲ့ မ်က္ရည္စေတြကို ျမင္ေတာ့ ဟိန္းေတဇ မခံစားႏိုင္ဘူးထင္သည္။ အ႐ိုက္ခံရတာေတာင္ မ်က္ရည္တစက္မက်တဲ့သူက ျပည္လုံးငိုရင္ သူပါလိုက္ငိုတတ္သည္။ အခုလည္း ျပည္လုံးကို ရင္ခြင္ထဲထည့္ထားရင္း မ်က္ရည္တို႔က ပါးျပင္ေပၚေႂကြေနၿပီ။

"ခ်စ္ဆုံးေၾကာင့္ မဟုတ္ပါဘူး၊ ကိုယ္ အသုံးမက်လို႔ပါ၊ အေဖတို႔မ်ား ေရာက္မလာရင္ ကိုယ္ရင္က်ိဳးရမွာ"

"ေနာက္ထပ္ၿပီး ဂိမ္းမေဆာ့နဲ႔ေတာ့ေနာ္၊ ကိုက ဂိမ္းကိုပဲမဲေနၿပီး လုံးလုံးကို ဂ႐ုမစိုက္ေတာ့ လုံးလုံးက ဝမ္းနည္းတယ္"

ဒါကေတာ့ မွန္ကန္ေသာစကား..။ ပုံမွန္ဆိုရင္ ျပည္လုံးမ်က္ႏွာကိုပဲ တစ္ကမ႓ာထင္ေနတဲ့သူက  ဂိမ္းေဆာ့တာကိုပဲ တစ္႐ြာထင္ေလေတာ့ ကေလးဆန္ဆန္ စိတ္ဆိုးမိတာေပါ့။

"စိတ္ခ် ကိုယ္ဘယ္ေတာ့မွ မေဆာ့ေတာ့ဘူး၊ ေဆာ့လည္းမေဆာ့ခ်င္ေတာ့ဘူး၊ ခ်စ္ဆုံးနားမွာပဲ ေနေတာ့မွာ"

ခ်စ္ခင္ပြန္းကို ျပန္ကာဖက္ထားရင္းနဲ႔ အေဖတို႔ဒဏ္ခတ္လိုက္တဲ့ ႀကိမ္လုံးရာေတြကို ျမန္ျမန္ေပ်ာက္သြားေအာင္ အာဘြားဥဳံဖြေတြ ေပးပစ္လိုက္သည္။ 

"အိမ္ေထာင္မႈ၊ ဘုရားတည္၊ ေဆးမင္ရည္စုတ္ထိုး..

ဤသုံးမ်ိဳး ေနာင္ျပင္ရန္ ခက္သည့္အမ်ိဳး.. တဲ့"

ေ႐ွးလူႀကီးေတြစကား သိပ္မွန္ေၾကာင္းကို ျပည္လုံး ဂူေဖာက္ၿပီးသာ ေျပာျပလိုက္ခ်င္သည္။ ဒီဆို႐ိုးကို လုံးဝယုံသြားၿပီ..။ သူတို႔ႏွစ္ေယာက္ရဲ႕ ခ်စ္ျခင္းက ေနာင္တတရား ကင္းမဲ့ပါသည္။ ဒါ့ေၾကာင့္ပဲ ျပည္လုံးခ်မ္းသာရဲ႕ ေ႐ြးခ်ယ္မႈတိုင္းက ဟိန္းေတဇတစ္ေယာက္သာ ျဖစ္ေနပါလိမ့္မည္။

**ၿပီးပါၿပီ**

Continue Reading

You'll Also Like

294K 12.5K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...
293K 16.9K 76
မင်းအာဏာမောင်၏နှလုံးသားထဲတွင် ရှင်းခနောင်ဟူသည့်ကောင်လေးတစ်ယောက်သာ ခိုအောင်းခွင့်ရှိလေသည်။ မင္းအာဏာေမာင္၏ႏွလုံးသားထဲတြင္ ရွင္းခေနာင္ဟူသည့္ေကာင္ေလးတစ္ေ...
437K 10.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...