Unicode
ဝီလီယမ်ရဲ့ထူးဆန်းတဲ့လူသတ်မှု
"မင်းမသိဘူး မင်းဘာမှမသိဘူး
သူ့ကိုချစ်တာတစ်ခုတည်းနဲ့တင်မင်းကစုံလုံးကန်းနေတာပဲ အသိတရားဝင်စမ်းပါ!!"
"ဝိန်းကိုငါချစ်တယ်
ဒါကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး"
"ဖီးလီးယက်စ်!!"
အသံတွေ
အမှောင်ထုထဲကနေတဝီဝီကြားနေရတဲ့အသံတွေ
သူဟာအဲ့ဒီအချိန်မှာအိပ်မွေ့ချထားခံရတဲ့လူတစ်ယောက်လိုပဲ
အရာအားလုံးကမပီမသနဲ့ဝေဝါးနေတဲ့မြင်ကွင်းတွေမှတစ်ပါး၊ပဲ့တင်ရိုက်ခတ်လာတဲ့အသံတွေမှတစ်ပါးမှုန်မှိုင်းနေတယ်။
တစ်ဖန်အဲ့ဒီမှာပဲထပ်မြင်လိုက်ရတဲ့မီးခိုးရောင်တွေ။
မီးခိုးရောင်နဲ့အညိုရောင်တွေကရောထွေးယှက်နွယ်နေတယ်။
"ငါတို့ရှေ့ဆက်နိုင်မယ်လို့ထင်လို့လား"
"ဟင့်အင်း ဝိန်း
ငါတို့မဖြစ်နိုင်တော့ဘူး"
"နှုတ်ဆက်ခဲ့ပါတယ်"
ပုံရိပ်အပိုင်းအစပြတ်တစ်ခု။
မီးတိုင်ဝါးဝါးအောက်မှာလူနှစ်ယောက်ရှိတယ်။
အဲ့ဒီပုံရိပ်ကိုမြင်လိုက်ပြီးရုတ်တရက်စို့နင့်လာသလိုပဲ
ရင်ဘတ်ကိုအစိုင်အခဲတစ်ခုခုနဲ့ဖိထားသလိုမျိုး
နှလုံးကမခံမရပ်နိုင်အောင်ခုန်နေပြီးစိတ်တွေကထိန်းချုပ်မရဖြစ်လာတယ်။
သူဟာအိမ်မက်ကနေနိုးမထလာနိုင်တော့တဲ့လူလိုဒီကမ္ဘာထဲမှာပိတ်မိနေသလိုလို...
"ကျွန်တော့်ကိုချစ်သေးလားဟင်"
"မင်းကိုမချစ်ခဲ့တဲ့နေ့ရက်တစ်ရက်လေးမှတောင်မရှိခဲ့ပါဘူး"
"မဟုတ်ဘူး မင်းငါ့ကိုဒီလိုထားသွားလို့မရဘူး
မရဘူးလို့!!!"
အာခေါင်ခြစ်အော်လိုက်တဲ့အသံတစ်သံရဲ့နောက်ဆုံးမှာချွေးစီးချွေးပေါက်တွေနဲ့အတူအိပ်ရာကနေနိုးထလာရသည်။တိုင်ကပ်နာရီရဲ့တချောက်ချောက်မြည်သံကဒီနေ့မှပဲကျယ်လောင်နေသလိုလို။
အပ်ကျသံတောင်ကြားရလောက်တဲ့ဒီအခန်းထဲမှာနာရီသံကတဖြည်းဖြည်းကျယ်လောင်လာလိုက်တာများနားတွေတောင်အူလာတဲ့အထိ။
နားထင်ကြောနှစ်ဖက်ကိုနှိပ်နယ်လိုက်ကာရေတစ်ခွက်ယူပြီးသောက်လိုက်မိသည်။
ထို့နောက်ဘာအကြောင်းအရင်းမှမရှိပဲကုတင်ပေါ်မှာဒီတိုင်းငုတ်တုတ်ကြီးထိုင်နေမိသည်။
သူမက်ခဲ့တဲ့အိမ်မက်ကဝိန်းနဲ့များဆိုင်နေမလား။
စာအုပ်ကပေးချင်တဲ့အကြောင်းအရာလား
ဘေးနားစောင်းငဲ့ကြည့်မိတော့ဝိန်းကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။အိပ်ပျော်နေသူအားလက်သီးတစ်ချက်ရွယ်လိုက်ကာမျက်စောင်းထိုးလိုက်သည်။
တစ်ဆက်တည်းမှာပင်မရည်ရွယ်ဘဲနဲ့ဂျီမင်းကိုယ့်နှုတ်ခမ်းကိုယ်ယောင်ယမ်းကာကိုင်မိသွားသည်။
ခပ်ဆူဆူလေးဖြစ်နေတဲ့နှုတ်ခမ်းသားကိုထိမိသွားတော့ဂျီမင်းရဲ့လက်ကတုန့်ခနဲရပ်တန့်သွားသည်။
မနေ့ညကအခြင်းအရာတွေကခေါင်းထဲကိုချက်ချင်းဆိုသလိုပဲအစုလိုက်အပြုံလိုက်အလုအယက်တိုးဝင်လာကြသည်။
"What the fuck
ဘာတွေတွေးနေတာလဲကွာ"
ဂျီမင်းကိုယ့်နဖူးကိုယ်နာနာလေးရိုက်လိုက်မိသည်။
ပေါက်ကရလေးဆယ်လျှောက်တွေးနေတဲ့ဦးနှောက်ကိုဖောက်ပါထုတ်ပစ်ချင်လာသည်။ငါဒီစာအုပ်ထဲကိုပြင်ပေးဖို့ရောက်လာတဲ့ဇာတ်ကောင်သက်သက်ပဲဟာကို...
"ဖီးလစ် ဖီးလစ်..."
ညင်သာတဲ့အသံနဲ့အတူသူ့ရဲ့ပုခုံးတွေဟာအသာလေးဆွဲလှုပ်ခံနေရသည်။မနေ့ညကအသစ်ရောက်လာတဲ့အတွေးတွေကဂျီမင်းကိုတစ်ညလုံးအိပ်မရအောင်ဒုက္ခပေးထားသည့်အတွက်မနက်ဝေလီဝေလင်းအချိန်မှပဲမှေးခနဲအိပ်ပျော်သွားရသည်။မဖွင့်ချင်ဖွင့်ချင်နဲ့မျက်လုံးတစ်ဖက်ကိုဖွင့်ကြည့်လိုက်တော့ဝိန်းရဲ့မျက်နှာခပ်ချောချောကကြိုဆိုနေသည်။
"ထတော့လေ"
ဝိန်းကညင်သာသောအသံဖြင့်ခပ်ပါးပါးလေးပြုံးကာဆိုသည်။ထို့နောက်သူ၏မျက်လုံးများကိုလက်ဖြင့်အုပ်ကာနှုတ်ခမ်းလေးဆီသို့ဦးတည်ပြီးအနမ်းဖွဖွတစ်ချက်ပေးလိုက်ပြန်သည်။
ဂျီမင်းကလက်ကိုဖယ်ချကာဝိန်းကိုမမြင်ရသည့်ဘက်ခြမ်းသို့လှည့်သွားသည်။
"ကိုယ်အလုပ်သွားရတော့မှာ
မင်းကိုယ့်ကိုပြင်ဆင်ပေးဖို့လိုတယ်"
အိပ်ရာထဲကိုတိုးနေသည့်ဂျီမင်းကစောင်အောက်ထဲမှခပ်တိုးတိုးကြိတ်ဆဲမိလိုက်သည်။
ကိုယ့်ဘိုးအေကိုယ်သွားလုပ်ခိုင်း သွား!
"ဖီးလစ်"
"ကိုယ်မရှိတဲ့နေ့တွေမှာမင်းကပိုပိုဆိုးနေတာပဲ"
"ဒါပေမယ့်ချစ်ဖို့ကောင်းတယ်"
မနက်ခင်းဆိုစောစောထရင်ခေါင်းမူးတတ်တဲ့ဂျီမင်းကဝိန်းရဲ့စကားသံကြောင့်အိပ်လို့မရတော့ပါ။
မနက်ခင်းလေးတောင်အေးဆေးနှပ်နေလို့မရတဲ့၂၀ရာစုကြီးပါတကား။
တိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ကြောင့်ဝိန်းများထွက်သွားပြီလားလို့စောင်ကိုအသာလှပ်ကာချောင်းကြည့်မိလိုက်သည်။
ကံဆိုးစွာပင်ဝိန်းကရှိနေသေးတုန်း။
စိမ်းပြာရောင်သွေးကြောတွေယှက်ဖြာနေတဲ့သူ့ရဲ့လက်ကောက်ဝတ်ကိုနာရီတစ်လုံးပတ်ရင်းဖြင့်အလုပ်ရှုပ်နေသည်။ဒီမြင်ကွင်းကပုံမှန်လိုဆိုအတော်ကြည့်လို့ကောင်းမှာပေမယ့်မနက်စောစောထရလို့စိတ်မကြည်တဲ့ဂျီမင်းအတွက်တော့စိတ်ရှုပ်စရာတစ်ခုထက်မပို။
"ကိုယ်သွားတော့မယ်"
လစ် လစ် မြန်မြန်လစ်တာအကောင်းဆုံး!
"ထတော့ကွာ"
ရုတ်တရက်လေတွေကလာဟပ်သလိုခံစားလိုက်ရတာကြောင့်အသေပိတ်ထားသောမျက်လုံးကိုဖွင့်ကြည့်လိုက်ရသည်။စူးကျိန်းနေတဲ့ကုတင်ပေါ်ရှိမီးဆိုင်းမှအလင်းရောင်ကမျက်လုံးထဲသို့တိုက်ရိုက်လာထိမှန်သည်။
သူ့ရဲ့လုံးထွေးပြီးခြုံထားတဲ့စောင်တွေအားလုံးကိုဝိန်းကဆွဲယူသွားခြင်းပင်။
"သွားမယ်ဆို"
"ဟုတ်တယ်"
"သွားမယ်ဆိုမြန်မြန်သွားပါလား
အိပ်နေတာကိုဘာလို့လာနှောင့်ယှက်နေတာလဲ"
"အချိန်ကိုလည်းကြည့်ဦးလေ ဖီးလစ်ရယ်"
"ကျွန်တော်ကအိပ်တာမှာဘယ်အချိန် ညာအချိန်ရယ်လို့မခွဲခြားထားဘူး
အိပ်ချင်ရင်အိပ်မှာပဲ"
"မင်းတော်တော်လေးအပြောအဆိုက..."
"အပြောအဆိုကဘာဖြစ်လဲ!!"
"ဘာမှမဖြစ်ပါဘူး"
အိပ်ရာပေါ်ကနေကြုံးအော်လိုက်တာကြောင့်ဝိန်းရဲ့မျက်တောင်တွေတောင်လှုပ်ခတ်ခတ်ဖြစ်သွားသည်။
ဘာဖြစ်လို့ဒီလိုတောင်မှ...
ဖီးလစ်ဆိုတာသူ့ကိုအော်ဖို့မပြောနဲ့
လေသံမာမာတောင်မပြောဖူးခဲ့တဲ့လူလေ
ကသုတ်ကရိုက်ရောက်လာတဲ့အတွေးတွေကိုဝိန်းပယ်ဖျက်လိုက်ရသည်။သူအတင်းအကျပ်လုပ်ယူဖုံးကွယ်ထားတဲ့အရာတွေကိုနည်းနည်းလေးမှတောင်မပေါ်စေချင်ပါ။
ကြောင်တောင်တောင်အတွေးတွေဆိုတာဖျက်ဆီးပစ်လိုက်ဖို့ပဲကောင်းတဲ့အရာတွေ။
ထပ်မံပြီးအေးတိအေးစက်မျက်ဝန်းတွေကပေါ်လာပြန်သည်။မျက်စိကိုစုံမှိတ်လိုက်ကာထိုမျက်ဝန်းတွေဆီမှလွတ်မြောက်ဖို့ကြိုးစားပါသော်လည်းပဲတစ်ပတ်ပြန်လည်ကာဒီကိုပဲရောက်ရောက်လာနေသည်။
ချည်နှောင်လွန်၍မပြတ်တော့သောကြိုးထုံးတွေလိုမျိုး။
တစ်ခုခုကသူ့ကိုအသည်းအသန်တုပ်နှောင်နေသည်။
တစ်ခါတစ်လေကျရင်သူလုပ်နေတာတွေကမှန်ရဲ့လားတောင်မသိတော့ပါဘူး။
"ကိုယ်အချိန်မိနစ်၂၀ပေးမယ်
ဒါပြီးရင်အောက်မှာမနက်စာစားဖို့ဆင်းလာခဲ့"
မဲပြာရောင်ကုတ်ကိုလက်မှာချိတ်ထားလိုက်ပြီးအိပ်ရာထဲကပိုးကောင်လေးလိုလှိမ့်နေသည့်ဖီးလစ်ရဲ့နဖူးကိုတစ်ချက်နမ်းလိုက်သည်။ဝိန်းအခန်းထဲကထွက်သွားပြီးနောက်မှာတော့အိပ်ရာပေါ်ကဂျီမင်းကတံခါးရှိရာသို့လက်ခလည်တစ်ချောင်းထောင်ပြလိုက်သည်။
"fuck fuck fuckပဲကွာ!"
ရေချိုးခန်းထဲမဝင်ခင်အထိတော့တံခါးခမျာဂျီမင်းရဲ့လက်ခလည်ထောင်ပြီးအားပါးတရကြိမ်ဆဲခြင်းကိုသနားစဖွယ်ခံလိုက်ရရှာလေသည်။
မနက်စာအဖြစ်ပေါင်မုန့်ကိုပျင်းရိပျင်းတွဲဆွဲဖဲ့နေသည့်ဖီးလစ်ကိုကြည့်ရင်းဝိန်းတစ်ယောက်လက်ထဲမှခရင်းကိုချလိုက်သည်။ထို့အပြင်ဖီးလစ်ကပုံမှန်ထိုင်နေကြလိုမျိုးမထိုင်ပဲဒူးထောင်ပေါင်ကားကာပေါင်မုန့်ကိုလေးကန်စွာဝါးနေသည်။
ဒီလိုအပြုအမူမျိုးတွေဆိုတာဖီးလစ်တစ်ခါမှမလုပ်ဖူးတဲ့အရာတွေ။
"ဖီးလစ်!"
လက်ထဲကခက်ရင်းကိုဆောင့်ပြီးချလိုက်တော့ထိုကောင်လေးကမျက်ခုံးကိုပင့်ပြသည်။အဓိပ္ပါယ်မှာဘာလဲဟူ၍ပင်ဖြစ်သည်။
"ထိုင်တာဘယ်လိုထိုင်နေတာလဲ"
"ထိုင်ခုံပေါ်မှာလေ"
ခပ်အေးအေးအဖြေကြောင့်ဝိန်းခေါင်းတောင်ကိုက်ချင်သွားသည်။သူ့ရဲ့လိမ္မာယဉ်ကျေးတဲ့ဖီးလစ်လေးကဘယ်လိုဖြစ်လို့အရိုင်းတုံးဖီးလစ်အဖြစ်ပြောင်းလဲသွားရတာလဲ
ဒေါက် ဒေါက် ဒေါက်!!
"ကိုယ်တံခါးသွားဖွင့်ဦးမယ်"
ဝိန်းကအင်္ကျီလည်ပင်းမှာတပ်ထားသည့်လက်သုတ်ပဝါကိုစားပွဲပေါ်ကိုချလိုက်ကာထသွားသည်။
ဂျီမင်းကတော့ခေါင်းငြိမ့်ပြလိုက်ရင်းပင်နောက်ဆုံးလက်ကျန်ပေါင်မုန့်ကိုပါးစပ်ထဲသွင်းလိုက်သည်။
"မစ္စတာဖီးလီးယက်စ် သတင်းဆိုးပဲ"
တံခါးဖွင့်လိုက်ချင်းချင်းပင်ခပ်ဝဝဖိုင့်ဖိုင့်လူကြီးတစ်ယောက်ကရှေ့မှာရပ်နေသည်။သူ၏လက်ထဲတွင်လည်းစာရွက်စာတမ်းများကအပြည့်ပါလေသည်။
"အော် မြို့တော်ဝန်ပါလား
ဒါပြီးရင်မြို့တော်ဝန်ရုံးကိုလာခဲ့မလို့
အတော်ပဲဗျို့"
"ဘာကိစ္စလဲ"
"မစ္စတာဖီးလီးယက်စ်အာသာအထဲမှာရှိပါသလား"
"ရှိတယ် အထဲကိုကြွပါ"
လူကြီးကသူ၏လေးကန်သောခြေထောက်များကိုရွှေ့လိုက်ကာအိမ်ထဲသို့ဖြည်းဖြည်းချင်းဝင်လာသည်။
"ဖီးလစ်!! ဧည့်သည်ရောက်နေတယ်"
နောက်ဖေးမီးဖိုချောင်ခန်းထဲကဂျီမင်းကဝိန်းရဲ့အသံကြောင့်ထလာသည်။ဧည့်ခန်းထဲတွင်ထိုင်နေသည့်လူကြီးအားသူတစ်ခါမှလည်းမမြင်ဖူးပါ။သို့သော်လည်းဘာကြောင့်မှန်းမသိ ဤအကြောင်းအရာကအရေးကြီးလောက်မည်ဟုသူ၏စိတ်ထဲတွင်ထင်နေသည်။
"ဒီလိုပါ မစ္စတာဖီးလီးယက်စ်
မစ္စတာဝီလီယမ်အာသာ မင်းရဲ့အစ်ကိုကပျောက်ဆုံးနေတယ် ပြီးတော့သူကလောလောဆယ်လူသတ်မှုနဲ့တရားစွဲခံထားရပါတယ်"
ဝီလီယမ်ဟူသောအသံကိုကြားလိုက်သည်နှင့်တစ်ပြိုင်နက်ဝိန်း၏နက်မှောင်သောမျက်ခုံးတန်းများကတွန့်ချိုးသွားသည်ကိုဂျီမင်းတွေ့လိုက်ရသည်။
"လူသတ်မှုနဲ့.."
"ဟုတ်ပါတယ် ယမ်းစက်ရုံရဲ့ပိုင်ရှင်ဟယ်ရီချားလ်စ်ကိုပါ"
"သူကစုံထောက်တစ်ယောက်မဟုတ်ဘူးလား
ဘာဖြစ်လို့ဟယ်ရီချားလ်စ်ကိုသတ်ရတာလဲ"
"ဒီကိစ္စအတွက်တော့ကျွန်တော်တို့မှာအကြောင်းအရင်းသေသေချာချာရှာမတွေ့သေးပါဘူး မြို့တော်ဝန်ဝိန်း"
"သက်သေရောရှိလို့လား
စွဲချက်တင်ရတဲ့အကြောင်းအရင်းက"
"မစ္စတာဟယ်ရီချားလ်စ်ရဲ့အိမ်ကိုဝီလီယမ်ဝင်သွားပြီးနောက်ပိုင်းတစ်နာရီအကြာမှာဟယ်ရီချားလ်စ်ကသေဆုံးခဲ့တာပါ ဒီအတွက်ချားလ်စ်မိသားစုကဝီလီယမ်ကိုစွဲချက်တင်ထားပါတယ် ကျွန်တော်တို့သတင်းရရချင်းပဲမစ္စတာဝီလီယမ်ရဲ့အိမ်ကိုသွားကြည့်တော့သူကမရှိတော့ပါဘူး
ဒါကတိုက်ဆိုင်တာသက်သက်ပဲမဟုတ်ဘူးလေ"
"အဲ့လိုနဲ့ပဲပြောလို့ရတာမဟုတ်ဘူး
အမှုကိုသေသေချာချာစစ်ဆေးသင့်တယ်"
"မစ္စတာဝီလီယမ်နဲ့မြို့တော်ဝန်တို့ကမစ္စတာဖီးလီးယက်စ်ကြောင့်ရင်းနှီးတဲ့ဆက်ဆံရေးရှိသလိုထင်ရပေမယ့်ဥပဒေအရတော့မြို့တော်ဝန်ဝိန်းကမစ္စတာဝီလီယမ်ကိုကာကွယ်ပေးလို့မရပါဘူးခင်ဗျာ"
"ကျွန်တော်ဒါကိုမစ္စတာဖီးလီးယက်စ်ကိုသတိပေးချင်လို့လာခဲ့တာပါ အကယ်၍ဝီလီယမ်ကဒီကိုရောက်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့ရုံးကိုအကြောင်းကြားဖို့ပြောချင်ပါတယ်"
ထိုလူကြီးကဖီးလီးယက်စ်ကိုကြည့်ကာလက်နှစ်ဖက်ကိုတစ်ဖက်နှင့်တစ်ဖက်ပွတ်လိုက်ကာခါလိုက်သည်။
ထို့နောက်တစ်ချက်ပြုံးပြပြီးသူ၏စာရွက်စာတမ်းများဖြင့်ပြည့်နှက်နေတဲ့အိတ်ကိုကိုင်ကာပြန်ထွက်သွားလေတော့သည်။
ဝိန်းကတစ်စုံတစ်ခုကိုအသည်းအသန်စဉ်းစားနေပုံရပေမယ့်ဂျီမင်းကတော့မဆုံးနိုင်သောအတွေးများဖြင့်ကြောင်နေလေသည်။
ဝီလီယမ်အာသာဆိုတာက...
ဒီသမိုင်းရဲ့နောက်ထပ်အဓိကဇာတ်ကောင်တစ်ခု
နောက်ပြီးဖီးလီးယက်စ်ရဲ့အစ်ကိုလည်းဖြစ်သေးတယ်
ဒီအကြောင်းတွေကဘယ်လိုမျိုးဆက်နွယ်နေတာလဲ
ပြီးတော့အဲ့ဒီရက်စွဲ
24.11.1905ဆိုတာကဝိန်းသေဆုံးမယ့်နေ့
စာအုပ်ကငါ့ကိုဘာကိုပြန်ပြင်စေချင်တာလဲ
မျက်လုံးကိုမှိတ်လိုက်တဲ့တစ်ခဏမှာကြားလာရပြန်တဲ့အသံတွေ အငွေ့အသက်တွေကလူတွေလိုလှုပ်ရှားနေပြီးပုံရိပ်ယောင်တွေကရှုထောင့်အမျိုးမျိုးကနေပေါ်လာသည်။
"တောင်းပန်ပါတယ်"
"စကားတွေအများကြီးမပြောနဲ့
မင်းရဲ့ဒဏ်ရာကသွေးတွေဒီလောက်အများကြီး.."
"ကျွန်တော့်ကိုနှလုံးသားထဲအမြဲတမ်းမှတ်မိနေပေးပါ"
အမှောင်ထုထဲကနေပဲ့တင်ရိုက်ခတ်လာတဲ့အသံတွေပဲ
ခေါင်းကအကြောတွေကထောင်လာကာကိုက်လာတာကြောင့်အညိုရောင်ဆံနွယ်တွေကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်မိသွားသည်။
ထိုင်ခုံပေါ်မှာထိုင်နေသည့်ဝိန်းကသူလဲကျတော့မည့်ဆဲဆဲတွင်ပြေးလာသည်ကိုတွေ့လိုက်ရသည်။
ခြေထောက်တွေကအသံတွေရဲ့ဒဏ်ကိုမခံမရပ်နိုင်လို့လဲကျသွားတာကြောင့်တောင့်တင်းနေတဲ့ကြမ်းပြင်ပေါ်ကျရောက်သွားမည်လို့ထင်လိုက်ပေမယ့်တကယ်တမ်းကျသွားတာကဝိန်း၏ရင်ခွင်ထဲသို့သာလျှင်ဖြစ်သည်။
နွေးထွေးနေသည့်ဤရင်ခွင်ကြီးထဲဂျီမင်းမျက်လုံးတွေမှေးကျလာသည်။
နောက်ဆုံးမြင်လိုက်ရတာကဝိန်း၏စိုးရိမ်ပူပန်နေသောမျက်လုံးဝိုင်းများသာဖြစ်လေသည်။
၂၀ရာစုရဲ့သူ့ကမ္ဘာကြီးအဆုံးသတ်သွားပြီလား
သီချင်းသံငြိမ့်ငြိမ့်လေး
ဓာတ်ပြားကတဖြည်းဖြည်းဆီလည်နေသည်။
အခန်းကျယ်ကြီးတစ်ခုထဲမှာလူနှစ်ယောက်ရှိသည်။
"အို့...!"
"လဲကျတော့မယ် အစ်ကိုရာ
ကျွန်တော့်ဖိနပ်ကိုတက်နင်းမိသွားပြီ"
"တောင်းပန်ပါတယ်"
"နောက်တစ်ခေါက်ပြန်ကမယ်
ခြေထောက်ကိုဒီလိုရွှေ့
ကျွန်တော့်ရဲ့ပုခုံးကိုလက်တင်"
"တစ် နှစ် သုံး တစ် နှစ် သုံး"
အတွဲညီညီကနေကြသောအမျိုးသားနှစ်ယောက်
ဂျီမင်းကထိုအခန်းကျယ်ကြီးထဲတွင်ရောက်ရှိနေပြီးပုံရိပ်များလှုပ်ရှားနေသည်ကိုအထင်းသားတွေ့နေရသည်။
သိပ်မကြာပါ နှစ်ယောက်ထဲတွင်ခပ်သေးသေးခန္ဓာကိုယ်ရှိသည့်အမျိုးသားကထပ်မံလဲကျသွားပြန်သည်။
"ငါမလုပ်နိုင်တော့ဘူး"
"ရပါတယ် အစ်ကိုရယ်
ဒီမှာ ကျွန်တော့်ကိုကြည့်"
မျက်စိတစ်မှိတ်လေးမှာပင်ထိုအမျိုးသားကရင်ခွင်ထဲကအမျိုးသားလေးရဲ့နဖူးကိုနမ်းလိုက်သည်။
အမျိုးသားလေး၏ပါးပြင်တွင်ရှက်သွေးဖြာသွားသောအရိပ်အယောင်များကဖြတ်ခနဲပြေးသွားသည်။
"မင်း! ငါ့ကိုအသားယူပြန်ပြီ"
"နောက်နေ့ကျမှဆက်လေ့ကျင့်ရအောင်
အစ်ကိုကတတ်သွားအောင်ထိကျွန်တော်သင်ပေးမယ်"
ထပ်မံ၍ရှက်သွေးဖြာနေသော
ပါးပြင်လေးအားနမ်းလိုက်ပြန်သည်။
ဂျီမင်းရဲ့မျက်လုံးများဆတ်ခနဲပွင့်လာသည်။
ပထမဆုံးမြင်လိုက်ရတာကသူ့အခန်းထဲကမျက်နှာကြက်ရှိမီးဆိုင်းကြီးပဲ။
သူ့ရဲ့ပါးပြင်မှာအငွေ့အသက်ခပ်နွေးနွေးလေးကကျန်နေသေးသည်။
မဟုတ်မှလွဲရော....
"ဖီးလစ် နိုးလာပြီလား"
နားထဲသို့အေးအေးစက်စက်စီးဝင်လာတာကဝိန်းရဲ့အသံ။ဂျီမင်းဖြတ်ခနဲဝိန်းရှိရာဘက်ကိုလှည့်ကြည့်လိုက်မိသည်။
ဝိန်းကတော့ဂျီမင်းကြည့်နေတာကိုသိဟန်မရဘဲစားပွဲခုံပေါ်ရှိရေခွက်ကိုသာလှမ်းနေလေသည်။
အိမ်မက်အကြောင်းကဝိန်းနဲ့သက်ဆိုင်မည်ဟုအတိအလင်းကိုသိနေသည်။သူသေချာပေါက်မျက်လုံးဝိုင်းတွေကိုမြင်လိုက်သည်လေ
"ဟို..သောမတ်စ်"
"ဝိန်း ဝိန်းလို့ခေါ်"
"ဟင်.."
"ကိုယ်မင်းကိုဝိန်းလို့ခေါ်ခိုင်းတာလေ ဖီးလစ်ရယ်"
"အမ် ဝိန်း..."
"အင်း ပြော"
"အရင်တုန်းကကဖူးလား"
ဂျီမင်းရဲ့လက်တွေတုန်လှုပ်နေသည်။
သူထင်နေတဲ့အကြောင်းတွေတော့မဟုတ်လောက်ဘူးမလား။
ဝိန်းကခဏလောက်စဉ်းစားဟန်ပြုပြီးမှခေါင်းငြိမ့်သည်။
"အင်း ကဖူးတယ်
ကတာနဲ့စန္တရားတီးတာကကိုယ့်ရဲ့အကျွမ်းကျင်ဆုံးပဲလေ
မင်းမေ့သွားတာလား"
"ဘယ်သူနဲ့ ဘယ်သူနဲ့ကခဲ့တာလဲ"
"မင်းနဲ့ပဲလေ ဒါပေမယ့်မင်းကအဲ့တုန်းကမကတတ်တော့ကိုယ့်မှာတော်တော်လေးသင်ပေးခဲ့ရတယ်
ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား"
"ဟင့်အင်း ဘာမှမဖြစ်ဘူး
ဒီတိုင်းမေးကြည့်တာ"
"ထူးဆန်းတယ် ဒီနေ့ကမင်းကိုယ့်ကိုစကားတွေအများကြီးပြောတဲ့နေ့ပဲ"
"အာ...."
ငြိမ်သက်လျက်သားဖြစ်နေတဲ့ဂျီမင်းရဲ့ခန္ဓာကိုယ်ကိုဝိန်းကရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
ဝိန်းရဲ့ကျယ်ပြန့်လှသောရင်အုပ်ကြီးပေါ်တွင်အညိုရောင်ဆံပင်များကပြန့်ကြဲသွားသည်။
အတွေးများနေတဲ့ဂျီမင်းကတော့ရုတ်တရက်အဆွဲခံလိုက်ရတာကြောင့်သူ့ရဲ့ပုခုံးသားများကိုကျုံ့လိုက်မိသည်။
ဤသည်ကသူ့ကိုဝိန်းရဲ့ရင်ခွင်ထဲပိုပြီးအံဝင်ခွင်ကျဖြစ်အောင်လုပ်ပေးနေသလိုလို။
အညိုရောင်ဆံနွယ်တွေကြားကရေးရေးလေးမြင်နေရတဲ့ဦးရေဖျားလေးကိုဝိန်းရဲ့နှုတ်ခမ်းပါးတွေကထိကပ်သွားသည်။ထိုဖြစ်ရပ်နှင့်အတူရင်ခွင်ထဲကဂျီမင်းမှာလည်းဓာတ်လိုက်သလိုလျှပ်စစ်စီးမှုကိုတစ်ပြိုင်နက်ခံစားလိုက်ရသည်။ဒီတစ်ပတ်အတွင်းမှာဝိန်းရဲ့အနမ်းတွေကိုကျင့်သားရအောင်လုပ်နေပေမယ့်အခေါက်တိုင်းမှာလိုလိုပင်ဆစ်ခနဲခံစားချက်ကလုံးဝမပျောက်သေးပေ။
"အများကြီးလျှောက်မတွေးနဲ့ ဖီးလစ်
ကိုယ့်ရင်ခွင်ထဲမှာပဲဒီလိုလေးငြိမ်ငြိမ်လေးနေ
မင်းအတွက်ဘာမှဆုတ်ယုတ်စရာမရှိဘူး"
"ဝီလီယမ်အတွက်စိတ်ပူနေတာလား
ကိုယ်လူလွှတ်ပြီးသူ့ကိုရှာခိုင်းထားတာမို့စိတ်တွေဖိစီးမနေနဲ့"
"လွှတ် လွှတ်ဦး ဝိန်း"
ဓာတ်လိုက်သလိုခံစားချက်ကနေမျက်နှာကြီးပါပူပြီးရှိန်းတက်လာတာမလို့ဝိန်းရဲ့ရင်ခွင်ထဲကနေရုန်းထွက်ဖို့ကြိုးစားမိလိုက်သည်။
"ကျွန်တော်ဗိုက်ဆာလာလို့မီးဖိုခန်းထဲမှာတစ်ခုခုသွားစားဦးမယ်"
"နေဦး!"
ထွက်ပြေးဖို့ပြင်နေသောသူ့ကိုဝိန်းမှလက်တစ်ဖက်ကိုဆွဲချလိုက်သည်။ထပ်မံပြီးထိုရင်ခွင်ကျယ်ကြီးဆီကိုပဲဂျွန်းတစ်ပတ်ပြန်ကာရောက်သွားရပြန်သည်။
"ဝိန်း ကျွန်တော်ဗိုက်ဆာလို့ပါဆိုနေ"
ခါးသိမ်သိမ်လေးတွေကိုဝိန်းရဲ့လက်တွေကနွယ်တွေလိုရစ်ပတ်နေသည်။
"မင်းတစ်ယောက်တည်းစားလို့ရမလား
ကိုယ်ကရော"
"ဝိန်းလည်းစားချင်ရင်လိုက်ခဲ့လေ
အခုတော့လွှတ် လွှတ်..."
"မျက်လုံးမှိတ်ထား"
အဲ့ဒီအသံကိုကြားလိုက်တိုင်းပဲမလွန်ဆန်နိုင်စွာမျက်လုံးတွေကိုစုံမှိတ်ထားလိုက်သည်။
ဂျီမင်းကလုပ်နေတာမဟုတ်ဘဲဖီးလီးယက်စ်ရဲ့မသိစိတ်ကိုကလိုက်နာနေတာ
ဝိန်းရဲ့နှုတ်ခမ်းတွေကအရှိန်နဲ့ကျရောက်လာသည်။
ဖီးလီးယက်စ်ရဲ့လက်တွေကဝိန်းရဲ့ပုခုံးပေါ်ကိုတင်ထားကာခစားသမျှကိုစံစားနေသည်။
၂၀ရာစုကလူတွေနဲ့မှလည်း၂၁ရာစုကအဖြောင့်ဂုဏ်သိက္ခာကိုဘယ်နားသွားထားရမယ်မှန်းမသိတော့ပါဘူး
ဝိန်းကစိတ်ကျေနပ်သွားသည့်အခါတွင်ဖီးလီးယက်စ်ကိုပြုံးပြပြီးလွှတ်ပေးလိုက်သည်။
ဂျီမင်းမှာလည်းအခုမှအချုပ်အနှောင်ကလွတ်မြောက်လာသည့်လူတစ်ယောက်လိုခံစားလိုက်ရသည်။
ဝင်ချင်းဝင် ဝီလီယမ်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပါလား
ရဲတွေလိုက်ဖမ်းလို့ပြေးနေရတာမှခံသာဦးမယ်ဟုအတွေးပင်ပေါက်တဲ့အထိ။
လွှတ်ပေးလိုက်တာနဲ့လှစ်ခနဲထပြေးသွားသည့်ဖီးလစ်ကိုကြည့်ရင်းဝိန်းသက်ပြင်းချလိုက်သည်။
ခံစားချက်တွေကဘယ်တုန်းကမှတူမနေဘူး။
_____
စုံထောက်လုပ်ရမယ့်အပိုင်းတွေလာတော့မယ် ဟိဟိ
.
.
.
Zawgyi
ဝီလီယမ္ရဲ႕ထူးဆန္းတဲ့လူသတ္မႈ
"မင္းမသိဘူး မင္းဘာမွမသိဘူး
သူ႔ကိုခ်စ္တာတစ္ခုတည္းနဲ႔တင္မင္းကစံုလံုးကန္းေနတာပဲ အသိတရားဝင္စမ္းပါ!!"
"ဝိန္းကိုငါခ်စ္တယ္
ဒါကဘယ္ေတာ့မွေျပာင္းလဲမွာမဟုတ္ဘူး"
"ဖီးလီးယက္စ္!!"
အသံေတြ
အေမွာင္ထုထဲကေနတဝီဝီၾကားေနရတဲ့အသံေတြ
သူဟာအဲ့ဒီအခ်ိန္မွာအိပ္ေမြ႕ခ်ထားခံရတဲ့လူတစ္ေယာက္လိုပဲ
အရာအားလံုးကမပီမသနဲ႔ေဝဝါးေနတဲ့ျမင္ကြင္းေတြမွတစ္ပါး၊ပဲ့တင္ရိုက္ခတ္လာတဲ့အသံေတြမွတစ္ပါးမႈန္မႈိင္းေနတယ္။
တစ္ဖန္အဲ့ဒီမွာပဲထပ္ျမင္လိုက္ရတဲ့မီးခိုးေရာင္ေတြ။
မီးခိုးေရာင္နဲ႔အညိဳေရာင္ေတြကေရာေထြးယွက္ႏြယ္ေနတယ္။
"ငါတို႔ေရွ႕ဆက္နိုင္မယ္လို႔ထင္လို႔လား"
"ဟင့္အင္း ဝိန္း
ငါတို႔မျဖစ္နိုင္ေတာ့ဘူး"
"နႈတ္ဆက္ခဲ့ပါတယ္"
ပံုရိပ္အပိုင္းအစျပတ္တစ္ခု။
မီးတိုင္ဝါးဝါးေအာက္မွာလူနွစ္ေယာက္ရွိတယ္။
အဲ့ဒီပံုရိပ္ကိုျမင္လိုက္ၿပီးရုတ္တရက္စို႔နင့္လာသလိုပဲ
ရင္ဘတ္ကိုအစိုင္အခဲတစ္ခုခုနဲ႔ဖိထားသလိုမ်ိဳး
နွလံုးကမခံမရပ္နိုင္ေအာင္ခုန္ေနၿပီးစိတ္ေတြကထိန္းခ်ဳပ္မရျဖစ္လာတယ္။
သူဟာအိမ္မက္ကေနနိုးမထလာနိုင္ေတာ့တဲ့လူလိုဒီကမာၻထဲမွာပိတ္မိေနသလိုလို...
"ကြၽန္ေတာ့္ကိုခ်စ္ေသးလားဟင္"
"မင္းကိုမခ်စ္ခဲ့တဲ့ေန႔ရက္တစ္ရက္ေလးမွေတာင္မရွိခဲ့ပါဘူး"
"မဟုတ္ဘူး မင္းငါ့ကိုဒီလိုထားသြားလို႔မရဘူး
မရဘူးလို႔!!!"
အာေခါင္ျခစ္ေအာ္လိုက္တဲ့အသံတစ္သံရဲ႕ေနာက္ဆံုးမွာေခြၽးစီးေခြၽးေပါက္ေတြနဲ႔အတူအိပ္ရာကေနနိုးထလာရသည္။တိုင္ကပ္နာရီရဲ႕တေခ်ာက္ေခ်ာက္ျမည္သံကဒီေန႔မွပဲက်ယ္ေလာင္ေနသလိုလို။
အပ္က်သံေတာင္ၾကားရေလာက္တဲ့ဒီအခန္းထဲမွာနာရီသံကတျဖည္းျဖည္းက်ယ္ေလာင္လာလိုက္တာမ်ားနားေတြေတာင္အူလာတဲ့အထိ။
နားထင္ေၾကာနွစ္ဖက္ကိုနွိပ္နယ္လိုက္ကာေရတစ္ခြက္ယူၿပီးေသာက္လိုက္မိသည္။
ထို႔ေနာက္ဘာအေၾကာင္းအရင္းမွမရွိပဲကုတင္ေပၚမွာဒီတိုင္းငုတ္တုတ္ႀကီးထိုင္ေနမိသည္။
သူမက္ခဲ့တဲ့အိမ္မက္ကဝိန္းနဲ႔မ်ားဆိုင္ေနမလား။
စာအုပ္ကေပးခ်င္တဲ့အေၾကာင္းအရာလား
ေဘးနားေစာင္းငဲ့ၾကည့္မိေတာ့ဝိန္းကနွစ္နွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္။အိပ္ေပ်ာ္ေနသူအားလက္သီးတစ္ခ်က္႐ြယ္လိုက္ကာမ်က္ေစာင္းထိုးလိုက္သည္။
တစ္ဆက္တည္းမွာပင္မရည္႐ြယ္ဘဲနဲ႔ဂ်ီမင္းကိုယ့္နႈတ္ခမ္းကိုယ္ေယာင္ယမ္းကာကိုင္မိသြားသည္။
ခပ္ဆူဆူေလးျဖစ္ေနတဲ့နႈတ္ခမ္းသားကိုထိမိသြားေတာ့ဂ်ီမင္းရဲ႕လက္ကတုန္႔ခနဲရပ္တန္႔သြားသည္။
မေန႔ညကအျခင္းအရာေတြကေခါင္းထဲကိုခ်က္ခ်င္းဆိုသလိုပဲအစုလိုက္အၿပံဳလိုက္အလုအယက္တိုးဝင္လာၾကသည္။
"What the fuck
ဘာေတြေတြးေနတာလဲကြာ"
ဂ်ီမင္းကိုယ့္နဖူးကိုယ္နာနာေလးရိုက္လိုက္မိသည္။
ေပါက္ကရေလးဆယ္ေလ်ွာက္ေတြးေနတဲ့ဦးေနွာက္ကိုေဖာက္ပါထုတ္ပစ္ခ်င္လာသည္။ငါဒီစာအုပ္ထဲကိုျပင္ေပးဖို႔ေရာက္လာတဲ့ဇာတ္ေကာင္သက္သက္ပဲဟာကို...
"ဖီးလစ္ ဖီးလစ္..."
ညင္သာတဲ့အသံနဲ႔အတူသူ႔ရဲ႕ပုခံုးေတြဟာအသာေလးဆြဲလႈပ္ခံေနရသည္။မေန႔ညကအသစ္ေရာက္လာတဲ့အေတြးေတြကဂ်ီမင္းကိုတစ္ညလံုးအိပ္မရေအာင္ဒုကၡေပးထားသည့္အတြက္မနက္ေဝလီေဝလင္းအခ်ိန္မွပဲေမွးခနဲအိပ္ေပ်ာ္သြားရသည္။မဖြင့္ခ်င္ဖြင့္ခ်င္နဲ႔မ်က္လံုးတစ္ဖက္ကိုဖြင့္ၾကည့္လိုက္ေတာ့ဝိန္းရဲ႕မ်က္နွာခပ္ေခ်ာေခ်ာကႀကိဳဆိုေနသည္။
"ထေတာ့ေလ"
ဝိန္းကညင္သာေသာအသံျဖင့္ခပ္ပါးပါးေလးၿပံဳးကာဆိုသည္။ထို႔ေနာက္သူ၏မ်က္လံုးမ်ားကိုလက္ျဖင့္အုပ္ကာနႈတ္ခမ္းေလးဆီသို႔ဦးတည္ၿပီးအနမ္းဖြဖြတစ္ခ်က္ေပးလိုက္ျပန္သည္။
ဂ်ီမင္းကလက္ကိုဖယ္ခ်ကာဝိန္းကိုမျမင္ရသည့္ဘက္ျခမ္းသို႔လွည့္သြားသည္။
"ကိုယ္အလုပ္သြားရေတာ့မွာ
မင္းကိုယ့္ကိုျပင္ဆင္ေပးဖို႔လိုတယ္"
အိပ္ရာထဲကိုတိုးေနသည့္ဂ်ီမင္းကေစာင္ေအာက္ထဲမွခပ္တိုးတိုးႀကိတ္ဆဲမိလိုက္သည္။
ကိုယ့္ဘိုးေအကိုယ္သြားလုပ္ခိုင္း သြား!
"ဖီးလစ္"
"ကိုယ္မရွိတဲ့ေန႔ေတြမွာမင္းကပိုပိုဆိုးေနတာပဲ"
"ဒါေပမယ့္ခ်စ္ဖို႔ေကာင္းတယ္"
မနက္ခင္းဆိုေစာေစာထရင္ေခါင္းမူးတတ္တဲ့ဂ်ီမင္းကဝိန္းရဲ႕စကားသံေၾကာင့္အိပ္လို႔မရေတာ့ပါ။
မနက္ခင္းေလးေတာင္ေအးေဆးနွပ္ေနလို႔မရတဲ့၂၀ရာစုႀကီးပါတကား။
တိတ္ဆိတ္သြားတဲ့ပတ္ဝန္းက်င္ေၾကာင့္ဝိန္းမ်ားထြက္သြားၿပီလားလို႔ေစာင္ကိုအသာလွပ္ကာေခ်ာင္းၾကည့္မိလိုက္သည္။
ကံဆိုးစြာပင္ဝိန္းကရွိေနေသးတုန္း။
စိမ္းျပာေရာင္ေသြးေၾကာေတြယွက္ျဖာေနတဲ့သူ႔ရဲ႕လက္ေကာက္ဝတ္ကိုနာရီတစ္လံုးပတ္ရင္းျဖင့္အလုပ္ရႈပ္ေနသည္။ဒီျမင္ကြင္းကပံုမွန္လိုဆိုအေတာ္ၾကည့္လို႔ေကာင္းမွာေပမယ့္မနက္ေစာေစာထရလို႔စိတ္မၾကည္တဲ့ဂ်ီမင္းအတြက္ေတာ့စိတ္ရႈပ္စရာတစ္ခုထက္မပို။
"ကုိယ္သြားေတာ့မယ္"
လစ္ လစ္ ျမန္ျမန္လစ္တာအေကာင္းဆံုး!
"ထေတာ့ကြာ"
ရုတ္တရက္ေလေတြကလာဟပ္သလိုခံစားလိုက္ရတာေၾကာင့္အေသပိတ္ထားေသာမ်က္လံုးကိုဖြင့္ၾကည့္လိုက္ရသည္။စူးက်ိန္းေနတဲ့ကုတင္ေပၚရွိမီးဆိုင္းမွအလင္းေရာင္ကမ်က္လံုးထဲသို႔တိုက္ရိုက္လာထိမွန္သည္။
သူ႔ရဲ႕လံုးေထြးၿပီးၿခံဳထားတဲ့ေစာင္ေတြအားလံုးကိုဝိန္းကဆြဲယူသြားျခင္းပင္။
"သြားမယ္ဆို"
"ဟုတ္တယ္"
"သြားမယ္ဆိုျမန္ျမန္သြားပါလား
အိပ္ေနတာကိုဘာလို႔လာေနွာင့္ယွက္ေနတာလဲ"
"အခ်ိန္ကိုလည္းၾကည့္ဦးေလ ဖီးလစ္ရယ္"
"ကြၽန္ေတာ္ကအိပ္တာမွာဘယ္အခ်ိန္ ညာအခ်ိန္ရယ္လို႔မခြဲျခားထားဘူး
အိပ္ခ်င္ရင္အိပ္မွာပဲ"
"မင္းေတာ္ေတာ္ေလးအေျပာအဆိုက..."
"အေျပာအဆိုကဘာျဖစ္လဲ!!"
"ဘာမွမျဖစ္ပါဘူး"
အိပ္ရာေပၚကေနႀကံဳးေအာ္လိုက္တာေၾကာင့္ဝိန္းရဲ႕မ်က္ေတာင္ေတြေတာင္လႈပ္ခတ္ခတ္ျဖစ္သြားသည္။
ဘာျဖစ္လို႔ဒီလိုေတာင္မွ...
ဖီးလစ္ဆိုတာသူ႔ကိုေအာ္ဖို႔မေျပာနဲ႔
ေလသံမာမာေတာင္မေျပာဖူးခဲ့တဲ့လူေလ
ကသုတ္ကရိုက္ေရာက္လာတဲ့အေတြးေတြကိုဝိန္းပယ္ဖ်က္လိုက္ရသည္။သူအတင္းအက်ပ္လုပ္ယူဖံုးကြယ္ထားတဲ့အရာေတြကိုနည္းနည္းေလးမွေတာင္မေပၚေစခ်င္ပါ။
ေၾကာင္ေတာင္ေတာင္အေတြးေတြဆိုတာဖ်က္ဆီးပစ္လိုက္ဖို႔ပဲေကာင္းတဲ့အရာေတြ။
ထပ္မံၿပီးေအးတိေအးစက္မ်က္ဝန္းေတြကေပၚလာျပန္သည္။မ်က္စိကိုစံုမွိတ္လိုက္ကာထိုမ်က္ဝန္းေတြဆီမွလြတ္ေျမာက္ဖို႔ႀကိဳးစားပါေသာ္လည္းပဲတစ္ပတ္ျပန္လည္ကာဒီကိုပဲေရာက္ေရာက္လာေနသည္။
ခ်ည္ေနွာင္လြန္၍မျပတ္ေတာ့ေသာႀကိဳးထံုးေတြလိုမ်ိဳး။
တစ္ခုခုကသူ႔ကိုအသည္းအသန္တုပ္ေနွာင္ေနသည္။
တစ္ခါတစ္ေလက်ရင္သူလုပ္ေနတာေတြကမွန္ရဲ႕လားေတာင္မသိေတာ့ပါဘူး။
"ကိုယ္အခ်ိန္မိနစ္၂၀ေပးမယ္
ဒါၿပီးရင္ေအာက္မွာမနက္စာစားဖို႔ဆင္းလာခဲ့"
မဲျပာေရာင္ကုတ္ကိုလက္မွာခ်ိတ္ထားလိုက္ၿပီးအိပ္ရာထဲကပိုးေကာင္ေလးလိုလွိမ့္ေနသည့္ဖီးလစ္ရဲ႕နဖူးကိုတစ္ခ်က္နမ္းလိုက္သည္။ဝိန္းအခန္းထဲကထြက္သြားၿပီးေနာက္မွာေတာ့အိပ္ရာေပၚကဂ်ီမင္းကတံခါးရွိရာသို႔လက္ခလည္တစ္ေခ်ာင္းေထာင္ျပလိုက္သည္။
"fuck fuck fuckပဲကြာ!"
ေရခ်ိဳးခန္းထဲမဝင္ခင္အထိေတာ့တံခါးခမ်ာဂ်ီမင္းရဲ႕လက္ခလည္ေထာင္ၿပီးအားပါးတရႀကိမ္ဆဲျခင္းကိုသနားစဖြယ္ခံလိုက္ရရွာေလသည္။
မနက္စာအျဖစ္ေပါင္မုန္႔ကိုပ်င္းရိပ်င္းတြဲဆြဲဖဲ့ေနသည့္ဖီးလစ္ကိုၾကည့္ရင္းဝိန္းတစ္ေယာက္လက္ထဲမွခရင္းကိုခ်လိုက္သည္။ထို႔အျပင္ဖီးလစ္ကပံုမွန္ထိုင္ေနၾကလိုမ်ိဳးမထိုင္ပဲဒူးေထာင္ေပါင္ကားကာေပါင္မုန္႔ကိုေလးကန္စြာဝါးေနသည္။
ဒီလိုအျပဳအမူမ်ိဳးေတြဆိုတာဖီးလစ္တစ္ခါမွမလုပ္ဖူးတဲ့အရာေတြ။
"ဖီးလစ္!"
လက္ထဲကခက္ရင္းကိုေဆာင့္ၿပီးခ်လိုက္ေတာ့ထိုေကာင္ေလးကမ်က္ခံုးကိုပင့္ျပသည္။အဓိပၸါယ္မွာဘာလဲဟူ၍ပင္ျဖစ္သည္။
"ထိုင္တာဘယ္လိုထိုင္ေနတာလဲ"
"ထိုင္ခံုေပၚမွာေလ"
ခပ္ေအးေအးအေျဖေၾကာင့္ဝိန္းေခါင္းေတာင္ကိုက္ခ်င္သြားသည္။သူ႔ရဲ႕လိမၼာယဥ္ေက်းတဲ့ဖီးလစ္ေလးကဘယ္လိုျဖစ္လို႔အရိုင္းတံုးဖီးလစ္အျဖစ္ေျပာင္းလဲသြားရတာလဲ
ေဒါက္ ေဒါက္ ေဒါက္!!
"ကိုယ္တံခါးသြားဖြင့္ဦးမယ္"
ဝိန္းကအက်ႌလည္ပင္းမွာတပ္ထားသည့္လက္သုတ္ပဝါကိုစားပြဲေပၚကိုခ်လိုက္ကာထသြားသည္။
ဂ်ီမင္းကေတာ့ေခါင္းၿငိမ့္ျပလိုက္ရင္းပင္ေနာက္ဆံုးလက္က်န္ေပါင္မုန္႔ကိုပါးစပ္ထဲသြင္းလိုက္သည္။
"မစၥတာဖီးလီးယက္စ္ သတင္းဆိုးပဲ"
တံခါးဖြင့္လိုက္ခ်င္းခ်င္းပင္ခပ္ဝဝဖိုင့္ဖိုင့္လူႀကီးတစ္ေယာက္ကေရွ႕မွာရပ္ေနသည္။သူ၏လက္ထဲတြင္လည္းစာ႐ြက္စာတမ္းမ်ားကအျပည့္ပါေလသည္။
"ေအာ္ ၿမိဳ႕ေတာ္ဝန္ပါလား
ဒါၿပီးရင္ၿမိဳ႕ေတာ္ဝန္ရံုးကိုလာခဲ့မလို႔
အေတာ္ပဲဗ်ိဳ႕"
"ဘာကိစၥလဲ"
"မစၥတာဖီးလီးယက္စ္အာသာအထဲမွာရွိပါသလား"
"ရွိတယ္ အထဲကိုႂကြပါ"
လူႀကီးကသူ၏ေလးကန္ေသာေျခေထာက္မ်ားကိုေရႊ႕လိုက္ကာအိမ္ထဲသို႔ျဖည္းျဖည္းခ်င္းဝင္လာသည္။
"ဖီးလစ္!! ဧည့္သည္ေရာက္ေနတယ္"
ေနာက္ေဖးမီးဖိုေခ်ာင္ခန္းထဲကဂ်ီမင္းကဝိန္းရဲ႕အသံေၾကာင့္ထလာသည္။ဧည့္ခန္းထဲတြင္ထိုင္ေနသည့္လူႀကီးအားသူတစ္ခါမွလည္းမျမင္ဖူးပါ။သို႔ေသာ္လည္းဘာေၾကာင့္မွန္းမသိ ဤအေၾကာင္းအရာကအေရးႀကီးေလာက္မည္ဟုသူ၏စိတ္ထဲတြင္ထင္ေနသည္။
"ဒီလိုပါ မစၥတာဖီးလီးယက္စ္
မစၥတာဝီလီယမ္အာသာ မင္းရဲ႕အစ္ကိုကေပ်ာက္ဆံုးေနတယ္ ၿပီးေတာ့သူကေလာေလာဆယ္လူသတ္မႈနဲ႔တရားစြဲခံထားရပါတယ္"
ဝီလီယမ္ဟူေသာအသံကိုၾကားလိုက္သည္နွင့္တစ္ၿပိဳင္နက္ဝိန္း၏နက္ေမွာင္ေသာမ်က္ခံုးတန္းမ်ားကတြန္႔ခ်ိဳးသြားသည္ကိုဂ်ီမင္းေတြ႕လိုက္ရသည္။
"လူသတ္မႈနဲ႔.."
"ဟုတ္ပါတယ္ ယမ္းစက္ရံုရဲ႕ပိုင္ရွင္ဟယ္ရီခ်ားလ္စ္ကိုပါ"
"သူကစံုေထာက္တစ္ေယာက္မဟုတ္ဘူးလား
ဘာျဖစ္လို႔ဟယ္ရီခ်ားလ္စ္ကိုသတ္ရတာလဲ"
"ဒီကိစၥအတြက္ေတာ့ကြၽန္ေတာ္တို႔မွာအေၾကာင္းအရင္းေသေသခ်ာခ်ာရွာမေတြ႕ေသးပါဘူး ၿမိဳ႕ေတာ္ဝန္ဝိန္း"
"သက္ေသေရာရွိလို႔လား
စြဲခ်က္တင္ရတဲ့အေၾကာင္းအရင္းက"
"မစၥတာဟယ္ရီခ်ားလ္စ္ရဲ႕အိမ္ကိုဝီလီယမ္ဝင္သြားၿပီးေနာက္ပိုင္းတစ္နာရီအၾကာမွာဟယ္ရီခ်ားလ္စ္ကေသဆံုးခဲ့တာပါ ဒီအတြက္ခ်ားလ္စ္မိသားစုကဝီလီယမ္ကိုစြဲခ်က္တင္ထားပါတယ္ ကြၽန္ေတာ္တို႔သတင္းရရခ်င္းပဲမစၥတာဝီလီယမ္ရဲ႕အိမ္ကိုသြားၾကည့္ေတာ့သူကမရွိေတာ့ပါဘူး
ဒါကတိုက္ဆိုင္တာသက္သက္ပဲမဟုတ္ဘူးေလ"
"အဲ့လိုနဲ႔ပဲေျပာလို႔ရတာမဟုတ္ဘူး
အမႈကိုေသေသခ်ာခ်ာစစ္ေဆးသင့္တယ္"
"မစၥတာဝီလီယမ္နဲ႔ၿမိဳ႕ေတာ္ဝန္တို႔ကမစၥတာဖီးလီးယက္စ္ေၾကာင့္ရင္းနွီးတဲ့ဆက္ဆံေရးရွိသလိုထင္ရေပမယ့္ဥပေဒအရေတာ့ၿမိဳ႕ေတာ္ဝန္ဝိန္းကမစၥတာဝီလီယမ္ကိုကာကြယ္ေပးလို႔မရပါဘူးခင္ဗ်ာ"
"ကြၽန္ေတာ္ဒါကိုမစၥတာဖီးလီးယက္စ္ကိုသတိေပးခ်င္လို႔လာခဲ့တာပါ အကယ္၍ဝီလီယမ္ကဒီကိုေရာက္လာခဲ့မယ္ဆိုရင္ကြၽန္ေတာ္တို႔ရံုးကိုအေၾကာင္းၾကားဖို႔ေျပာခ်င္ပါတယ္"
ထိုလူႀကီးကဖီးလီးယက္စ္ကိုၾကည့္ကာလက္နွစ္ဖက္ကိုတစ္ဖက္နွင့္တစ္ဖက္ပြတ္လိုက္ကာခါလိုက္သည္။
ထို႔ေနာက္တစ္ခ်က္ၿပံဳးျပၿပီးသူ၏စာ႐ြက္စာတမ္းမ်ားျဖင့္ျပည့္နွက္ေနတဲ့အိတ္ကိုကိုင္ကာျပန္ထြက္သြားေလေတာ့သည္။
ဝိန္းကတစ္စံုတစ္ခုကိုအသည္းအသန္စဥ္းစားေနပံုရေပမယ့္ဂ်ီမင္းကေတာ့မဆံုးနိုင္ေသာအေတြးမ်ားျဖင့္ေၾကာင္ေနေလသည္။
ဝီလီယမ္အာသာဆိုတာက...
ဒီသမိုင္းရဲ႕ေနာက္ထပ္အဓိကဇာတ္ေကာင္တစ္ခု
ေနာက္ၿပီးဖီးလီးယက္စ္ရဲ႕အစ္ကိုလည္းျဖစ္ေသးတယ္
ဒီအေၾကာင္းေတြကဘယ္လိုမ်ိဳးဆက္ႏြယ္ေနတာလဲ
ၿပီးေတာ့အဲ့ဒီရက္စြဲ
24.11.1905ဆိုတာကဝိန္းေသဆံုးမယ့္ေန႔
စာအုပ္ကငါ့ကိုဘာကိုျပန္ျပင္ေစခ်င္တာလဲ
မ်က္လံုးကိုမွိတ္လိုက္တဲ့တစ္ခဏမွာၾကားလာရျပန္တဲ့အသံေတြ အေငြ႕အသက္ေတြကလူေတြလိုလႈပ္ရွားေနၿပီးပံုရိပ္ေယာင္ေတြကရႈေထာင့္အမ်ိဳးမ်ိဳးကေနေပၚလာသည္။
"ေတာင္းပန္ပါတယ္"
"စကားေတြအမ်ားႀကီးမေျပာနဲ႔
မင္းရဲ႕ဒဏ္ရာကေသြးေတြဒီေလာက္အမ်ားႀကီး.."
"ကြၽန္ေတာ့္ကိုနွလံုးသားထဲအၿမဲတမ္းမွတ္မိေနေပးပါ"
အေမွာင္ထုထဲကေနပဲ့တင္ရိုက္ခတ္လာတဲ့အသံေတြပဲ
ေခါင္းကအေၾကာေတြကေထာင္လာကာကိုက္လာတာေၾကာင့္အညိဳေရာင္ဆံႏြယ္ေတြကိုခပ္ၾကမ္းၾကမ္းဆုပ္ကိုင္မိသြားသည္။
ထိုင္ခံုေပၚမွာထိုင္ေနသည့္ဝိန္းကသူလဲက်ေတာ့မည့္ဆဲဆဲတြင္ေျပးလာသည္ကိုေတြ႕လိုက္ရသည္။
ေျခေထာက္ေတြကအသံေတြရဲ႕ဒဏ္ကိုမခံမရပ္နိုင္လို႔လဲက်သြားတာေၾကာင့္ေတာင့္တင္းေနတဲ့ၾကမ္းျပင္ေပၚက်ေရာက္သြားမည္လို႔ထင္လိုက္ေပမယ့္တကယ္တမ္းက်သြားတာကဝိန္း၏ရင္ခြင္ထဲသို႔သာလ်ွင္ျဖစ္သည္။
ေႏြးေထြးေနသည့္ဤရင္ခြင္ႀကီးထဲဂ်ီမင္းမ်က္လံုးေတြေမွးက်လာသည္။
ေနာက္ဆံုးျမင္လိုက္ရတာကဝိန္း၏စိုးရိမ္ပူပန္ေနေသာမ်က္လံုးဝိုင္းမ်ားသာျဖစ္ေလသည္။
၂၀ရာစုရဲ႕သူ႔ကမာၻႀကီးအဆံုးသတ္သြားၿပီလား
သီခ်င္းသံၿငိမ့္ၿငိမ့္ေလး
ဓာတ္ျပားကတျဖည္းျဖည္းဆီလည္ေနသည္။
အခန္းက်ယ္ႀကီးတစ္ခုထဲမွာလူနွစ္ေယာက္ရွိသည္။
"အို႔...!"
"လဲက်ေတာ့မယ္ အစ္ကိုရာ
ကြၽန္ေတာ့္ဖိနပ္ကိုတက္နင္းမိသြားၿပီ"
"ေတာင္းပန္ပါတယ္"
"ေနာက္တစ္ေခါက္ျပန္ကမယ္
ေျခေထာက္ကိုဒီလိုေရႊ႕
ကြၽန္ေတာ့္ရဲ႕ပုခံုးကိုလက္တင္"
"တစ္ နွစ္ သံုး တစ္ နွစ္ သံုး"
အတြဲညီညီကေနၾကေသာအမ်ိဳးသားနွစ္ေယာက္
ဂ်ီမင္းကထိုအခန္းက်ယ္ႀကီးထဲတြင္ေရာက္ရွိေနၿပီးပံုရိပ္မ်ားလႈပ္ရွားေနသည္ကိုအထင္းသားေတြ႕ေနရသည္။
သိပ္မၾကာပါ နွစ္ေယာက္ထဲတြင္ခပ္ေသးေသးခနၶာကိုယ္ရွိသည့္အမ်ိဳးသားကထပ္မံလဲက်သြားျပန္သည္။
"ငါမလုပ္ႏိုင္ေတာ့ဘူး"
"ရပါတယ္ အစ္ကိုရယ္
ဒီမွာ ကြၽန္ေတာ့္ကိုၾကည့္"
မ်က္စိတစ္မွိတ္ေလးမွာပင္ထိုအမ်ိဳးသားကရင္ခြင္ထဲကအမ်ိဳးသားေလးရဲ႕နဖူးကိုနမ္းလိုက္သည္။
အမ်ိဳးသားေလး၏ပါးျပင္တြင္ရွက္ေသြးျဖာသြားေသာအရိပ္အေယာင္မ်ားကျဖတ္ခနဲေျပးသြားသည္။
"မင္း! ငါ့ကိုအသားယူျပန္ၿပီ"
"ေနာက္ေန႔က်မွဆက္ေလ့က်င့္ရေအာင္
အစ္ကိုကတတ္သြားေအာင္ထိကြၽန္ေတာ္သင္ေပးမယ္"
ထပ္မံ၍ရွက္ေသြးျဖာေနေသာ
ပါးျပင္ေလးအားနမ္းလိုက္ျပန္သည္။
ဂ်ီမင္းရဲ႕မ်က္လံုးမ်ားဆတ္ခနဲပြင့္လာသည္။
ပထမဆံုးျမင္လိုက္ရတာကသူ႔အခန္းထဲကမ်က္နွာၾကက္ရွိမီးဆိုင္းႀကီးပဲ။
သူ႔ရဲ႕ပါးျပင္မွာအေငြ႕အသက္ခပ္ေႏြးေႏြးေလးကက်န္ေနေသးသည္။
မဟုတ္မွလြဲေရာ....
"ဖီးလစ္ နိုးလာၿပီလား"
နားထဲသို႔ေအးေအးစက္စက္စီးဝင္လာတာကဝိန္းရဲ႕အသံ။ဂ်ီမင္းျဖတ္ခနဲဝိန္းရွိရာဘက္ကိုလွည့္ၾကည့္လိုက္မိသည္။
ဝိန္းကေတာ့ဂ်ီမင္းၾကည့္ေနတာကိုသိဟန္မရဘဲစားပြဲခံုေပၚရွိေရခြက္ကိုသာလွမ္းေနေလသည္။
အိမ္မက္အေၾကာင္းကဝိန္းနဲ႔သက္ဆိုင္မည္ဟုအတိအလင္းကိုသိေနသည္။သူေသခ်ာေပါက္မ်က္လံုးဝိုင္းေတြကိုျမင္လိုက္သည္ေလ
"ဟို..ေသာမတ္စ္"
"ဝိန္း ဝိန္းလို႔ေခၚ"
"ဟင္.."
"ကိုယ္မင္းကိုဝိန္းလို႔ေခၚခိုင္းတာေလ ဖီးလစ္ရယ္"
"အမ္ ဝိန္း..."
"အင္း ေျပာ"
"အရင္တုန္းကကဖူးလား"
ဂ်ီမင္းရဲ႕လက္ေတြတုန္လႈပ္ေနသည္။
သူထင္ေနတဲ့အေၾကာင္းေတြေတာ့မဟုတ္ေလာက္ဘူးမလား။
ဝိန္းကခဏေလာက္စဥ္းစားဟန္ျပဳၿပီးမွေခါင္းၿငိမ့္သည္။
"အင္း ကဖူးတယ္
ကတာနဲ႔စႏၲရားတီးတာကကိုယ့္ရဲ႕အကြၽမ္းက်င္ဆံုးပဲေလ
မင္းေမ့သြားတာလား"
"ဘယ္သူနဲ႔ ဘယ္သူနဲ႔ကခဲ့တာလဲ"
"မင္းနဲ႔ပဲေလ ဒါေပမယ့္မင္းကအဲ့တုန္းကမကတတ္ေတာ့ကိုယ့္မွာေတာ္ေတာ္ေလးသင္ေပးခဲ့ရတယ္
ဘာျဖစ္လို႔လဲ တစ္ခုခုျဖစ္လို႔လား"
"ဟင့္အင္း ဘာမွမျဖစ္ဘူး
ဒီတိုင္းေမးၾကည့္တာ"
"ထူးဆန္းတယ္ ဒီေန႔ကမင္းကိုယ့္ကိုစကားေတြအမ်ားႀကီးေျပာတဲ့ေန႔ပဲ"
"အာ...."
ၿငိမ္သက္လ်က္သားျဖစ္ေနတဲ့ဂ်ီမင္းရဲ႕ခနၶာကိုယ္ကိုဝိန္းကရင္ခြင္ထဲဆြဲသြင္းလိုက္သည္။
ဝိန္းရဲ႕က်ယ္ျပန္႔လွေသာရင္အုပ္ႀကီးေပၚတြင္အညိဳေရာင္ဆံပင္မ်ားကျပန္႔ႀကဲသြားသည္။
အေတြးမ်ားေနတဲ့ဂ်ီမင္းကေတာ့ရုတ္တရက္အဆြဲခံလိုက္ရတာေၾကာင့္သူ႔ရဲ႕ပုခံုးသားမ်ားကိုက်ံဳ႕လိုက္မိသည္။
ဤသည္ကသူ႔ကိုဝိန္းရဲ႕ရင္ခြင္ထဲပိုၿပီးအံဝင္ခြင္က်ျဖစ္ေအာင္လုပ္ေပးေနသလိုလို။
အညိဳေရာင္ဆံႏြယ္ေတြၾကားကေရးေရးေလးျမင္ေနရတဲ့ဦးေရဖ်ားေလးကိုဝိန္းရဲ႕နႈတ္ခမ္းပါးေတြကထိကပ္သြားသည္။ထိုျဖစ္ရပ္နွင့္အတူရင္ခြင္ထဲကဂ်ီမင္းမွာလည္းဓာတ္လိုက္သလိုလ်ွပ္စစ္စီးမႈကိုတစ္ၿပိဳင္နက္ခံစားလိုက္ရသည္။ဒီတစ္ပတ္အတြင္းမွာဝိန္းရဲ႕အနမ္းေတြကိုက်င့္သားရေအာင္လုပ္ေနေပမယ့္အေခါက္တိုင္းမွာလိုလိုပင္ဆစ္ခနဲခံစားခ်က္ကလံုးဝမေပ်ာက္ေသးေပ။
"အမ်ားႀကီးေလ်ွာက္မေတြးနဲ႔ ဖီးလစ္
ကိုယ့္ရင္ခြင္ထဲမွာပဲဒီလိုေလးၿငိမ္ၿငိမ္ေလးေန
မင္းအတြက္ဘာမွဆုတ္ယုတ္စရာမရွိဘူး"
"ဝီလီယမ္အတြက္စိတ္ပူေနတာလား
ကိုယ္လူလႊတ္ၿပီးသူ႔ကိုရွာခိုင္းထားတာမို႔စိတ္ေတြဖိစီးမေနနဲ႔"
"လႊတ္ လႊတ္ဦး ဝိန္း"
ဓာတ္လိုက္သလိုခံစားခ်က္ကေနမ်က္နွာႀကီးပါပူၿပီးရွိန္းတက္လာတာမလို႔ဝိန္းရဲ႕ရင္ခြင္ထဲကေနရုန္းထြက္ဖို႔ႀကိဳးစားမိလိုက္သည္။
"ကြၽန္ေတာ္ဗိုက္ဆာလာလို႔မီးဖိုခန္းထဲမွာတစ္ခုခုသြားစားဦးမယ္"
"ေနဦး!"
ထြက္ေျပးဖို႔ျပင္ေနေသာသူ႔ကိုဝိန္းမွလက္တစ္ဖက္ကိုဆြဲခ်လိုက္သည္။ထပ္မံၿပီးထိုရင္ခြင္က်ယ္ႀကီးဆီကိုပဲဂြၽန္းတစ္ပတ္ျပန္ကာေရာက္သြားရျပန္သည္။
"ဝိန္း ကြၽန္ေတာ္ဗိုက္ဆာလို႔ပါဆိုေန"
ခါးသိမ္သိမ္ေလးေတြကိုဝိန္းရဲ႕လက္ေတြကႏြယ္ေတြလိုရစ္ပတ္ေနသည္။
"မင္းတစ္ေယာက္တည္းစားလို႔ရမလား
ကိုယ္ကေရာ"
"ဝိန္းလည္းစားခ်င္ရင္လိုက္ခဲ့ေလ
အခုေတာ့လႊတ္ လႊတ္..."
"မ်က္လံုးမွိတ္ထား"
အဲ့ဒီအသံကိုၾကားလိုက္တိုင္းပဲမလြန္ဆန္နိုင္စြာမ်က္လံုးေတြကိုစံုမွိတ္ထားလိုက္သည္။
ဂ်ီမင္းကလုပ္ေနတာမဟုတ္ဘဲဖီးလီးယက္စ္ရဲ႕မသိစိတ္ကိုကလိုက္နာေနတာ
ဝိန္းရဲ႕နႈတ္ခမ္းေတြကအရွိန္နဲ႔က်ေရာက္လာသည္။
ဖီးလီးယက္စ္ရဲ႕လက္ေတြကဝိန္းရဲ႕ပုခံုးေပၚကိုတင္ထားကာခစားသမ်ွကိုစံစားေနသည္။
၂၀ရာစုကလူေတြနဲ႔မွလည္း၂၁ရာစုကအေျဖာင့္ဂုဏ္သိကၡာကိုဘယ္နားသြားထားရမယ္မွန္းမသိေတာ့ပါဘူး
ဝိန္းကစိတ္ေက်နပ္သြားသည့္အခါတြင္ဖီးလီးယက္စ္ကိုၿပံဳးျပၿပီးလႊတ္ေပးလိုက္သည္။
ဂ်ီမင္းမွာလည္းအခုမွအခ်ဳပ္အေနွာင္ကလြတ္ေျမာက္လာသည့္လူတစ္ေယာက္လိုခံစားလိုက္ရသည္။
ဝင္ခ်င္းဝင္ ဝီလီယမ္ရဲ႕ခနၶာကိုယ္ထဲကိုဝင္ပါလား
ရဲေတြလိုက္ဖမ္းလို႔ေျပးေနရတာမွခံသာဦးမယ္ဟုအေတြးပင္ေပါက္တဲ့အထိ။
လႊတ္ေပးလိုက္တာနဲ႔လွစ္ခနဲထေျပးသြားသည့္ဖီးလစ္ကိုၾကည့္ရင္းဝိန္းသက္ျပင္းခ်လိုက္သည္။
ခံစားခ်က္ေတြကဘယ္တုန္းကမွတူမေနဘူး။
_____
စံုေထာက္လုပ္ရမယ့္အပိုင္းေတြလာေတာ့မယ္ ဟိဟိ