(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်...

Av Hsu_Madi

134K 10.1K 563

ပင်လယ်ပြာရဲ့ လှိုင်းခတ်သံတွေထဲ ကျွန်တော် အချစ်ကို ရှာတွေ့ခဲ့တယ်။ Starting Date - 15.11.2022 Ending Date - 12... Mer

Part - 1 (Zawgyi)
Part - 1 (Unicode)
Part - 2 (Zawgyi)
Part - 2 (Unicode)
Part - 3 (Zawgyi)
Part - 3 (Unicode)
Part - 4 (Zawgyi)
Part - 4 (Unicode)
Part - 5 (Zawgyi)
Part - 5 (Unicode)
Part - 6 (Zawgyi)
Part - 6 (Unicode)
Part - 7 (Zawgyi)
Part - 7 (Unicode)
Part - 8 (Zawgyi)
Part - 8 (Unicode)
Part - 9 (Zawgyi)
Part - 9 (Unicode)
Part - 10 (Zawgyi)
Part - 10 (Unicode)
Part - 11 (Zawgyi)
Part - 11 (Unicode)
Part - 12 (Zawgyi)
Part - 12 (Unicode)
Part - 13 (Zawgyi)
Part - 13 (Unicode)
Part - 14 (Zawgyi)
Part - 14 (Unicode)
Part - 15 (Zawgyi)
Part - 15 (Unicode)
Part - 16 (Zawgyi)
Part - 16 (Unicode)
Part - 17 (Zawgyi)
Part - 17 (Unicode)
Part - 18 (Zawgyi)
Part - 18 (Unicode)
Part - 19 (Zawgyi)
Part - 19 (Unicode)
Part - 20 (Zawgyi)
Part - 20 (Unicode)
Part - 21 (Zawgyi)
Part - 21 (Unicode)
Part - 22 (Unicode)
Part - 23 (Zawgyi)
Part - 23 (Unicode)
Part - 24 (Zawgyi)
Part - 24 (Unicode)
Part - 25 (Zawgyi)
Part - 25 (Unicode)
Part - 26 (Zawgyi)
Part - 26 (Unicode)
Part - 27 (Zawgyi)
Part - 27 (Unicode)
Part - 28 (Zawgyi)
Part - 28 (Unicode)
Part - 29 (Zawgyi)
Part - 29 (Unicode)
Final Episode (Zawgyi)
Final Episode (Unicode)
ကျေးဇူးတင်လွှာ (Z+U)
Physical Book Announcement
Can order now

Part - 22 (Zawgyi)

616 27 0
Av Hsu_Madi


သဲလြန္စ - ၃

"ဒီက အလုပ်ကိစ္စတွေပြီးရင် ပြည်ပသွားမှာဆိုတော့ အိမ်က လူမနေတော့ဘူးမလား။ ကျွန်တော်တို့က လုပ်ပေးပြီးရင် ပိုက်ဆံရမှာဆိုတော့ သဘောကျပေမဲ့ အစ်ကိုတို့ အပိုကုန်မှာစိုးလို့ပါ"

အိမ်ကို တစ်ချက် မော့ကြည့်လိုက်မိသည်။ ဆေးတွေ ကွာကျနေတာကလွဲလို့ အိမ်က ကောင်းနေသေးသည်။ အဖေတို့ အမေတို့ ငယ်ရွယ်စဉ် အချိန်က ဝယ်ယူခဲ့တဲ့ အိမ်မို့ ယခုလက်ရှိ အိမ်ဒီဇိုင်းတွေနဲ့ ယှဉ်ရင် ခေတ်နောက်ကျတယ် ပြောနိုင်ပေမဲ့ ရှေးခေတ်ပစ္စည်းတွေ ကောင်းတာကိုတော့ လက်ခံရလိမ့်မည်။ ခြံကိုလည်း ရှင်းပြီးသွားပြီမို့ အိမ်သာ ဆေးသုတ်ပြီးရင် အတော်လေး အမြင်လှသွားနိုင်သည်။

"ကောင်းမွန်တဲ့ အမှတ်တရဖြစ်ဖြစ်၊ ဆိုးရွားတဲ့ အမှတ်တရဖြစ်ဖြစ် ကျွန်တော်နဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တာတွေမို့ တစ်ဘဝလုံးသယ်ပိုးသွားရမှာဆိုပေမဲ့ ကောင်းတာတွေရှိနေတော့ ပိုမကောင်းဘူးလား။ ကျွန်တော် ဒီက ထွက်သွားချိန်တော့ လှပတဲ့ အိမ်လေးတစ်အိမ်အဖြစ်ပဲ မြင်သွားချင်တယ်။"

"ဗျာ ...အာ.. ဟုတ်ကဲ့"

ဆေးသုတ်ပေးမဲ့ ကောင်လေးက ကျွန်တော့်စကားကို နားလည်ဖို့ အတော်လေး ကြိုးစားလိုက်ရဟန်တူသည်။ ပြန်ရောင်းဖြစ်မှာ မဟုတ်သလို၊ နေဖြစ်မှာလည်း မဟုတ်ပေမဲ့ ကျွန်တော့်ရဲ့ အသိမှာ အကျည်းတန်မှု့တွေဖြစ်ပျက်ခဲ့တဲ့ အိမ်ဆိုတာထက် လှပတဲ့ အိမ်လေးအဖြစ်သာ ထင်ကျန်နေချင်သည်။

"ဒါဆို ကြိုးစားပေးပါဦး"

အန်ရီကို့ စကားကိုတော့ ကောင်လေးက ပြုံး၍ ခေါင်းညိတ်ရှာသည်။

"အဖေ့အခန်း ရှင်းဦးမယ်ဆို"

အိမ်ထဲရောက်တော့ အန်ရီကိုက သတိပေးလာသည်။ အခန်းထဲဝင်ဖို့ ပြင်နေမိတဲ့ ခြေလှမ်းတွေကို သော့တွဲတွေ ထားရှိရာသို့ ဦးတည်လိုက်မိ၏။

"အတူ လိုက်မလား"

သော့ကို လှည့်ဖွင့်လိုက်ပြီးမှ ကျွန်တော့်ကို စိတ်မချစွာ ကြည့်နေတဲ့ အန်ရီကို့အား လှည့်မေးမိသည်။ ကျွန်တော့် အမေးကြောင့် အန်ရီကိုရဲ့ မျက်ခုံးတစ်ချက်ပင့်တက်သွားသည်။

"ကိုယ်ကတော့ ငြင်းစရာ မရှိဘူးပေါ့"

"ဒါဆို အတူဝင်ရအောင်"

ဖေဖေ့အခန်းဆိုတာ စာကြည့်ခန်းကိုသာ ရည်ရွယ်ပါသည်။ အိပ်ခန်းထက် ဖေဖေ အနေများခဲ့တဲ့ အခန်းက စာကြည့်ခန်းသာဖြစ်၏။ အလုပ်လုပ်လည်း ဒီအခန်းဖြစ်ပြီး အိပ်ရင်လည်း ဒီအခန်းထဲက ခုံတစ်ခုခုပေါ်မှာသာ အိပ်တတ်သည်။ တစ်ခါတစ်ရံတော့ သားတွေ အခန်းမှာ လာအိပ်တတ်ပေမဲ့ စာကြည့်ခန်းမှာ အိပ်တာက ပိုများသည်။

အန်ရီကိုက ကြမ်းပြင်က ဖုန်တွေကို ရှင်းဖို့ ပြင်နေပြီး ကျွန်တော်ကတော့ စာကြည့်စားပွဲဆီ ဦးတည်မိသည်။ နေရာတကျ စီရီထားတဲ့ စာအုပ်တွေ၊ သပ်ရပ်စွာ တင်ထားတဲ့ ပစ္စည်းတွေ၊ အရာအားလုံးဟာ ယခုတိုင် နေရာတကျ တည်ရှိနေပေမဲ့ ပိုင်ရှင်ကတော့ မရှိတော့ပေ။

ဖေဖေဟာ တကယ် သနားဖို့ကောင်းတဲ့သူပဲ။ အမှားတွေကြည့်လုပ်ပြီး နေထိုင်သွားခဲ့တာ။ အမှား၊ အမှန်ကို ခွဲခြားတတ်ခဲ့ပါရဲ့လား။

ကွန်ပျူတာပေါ် အုပ်ထားတဲ့ အဝတ်စကို ဘေးသို့ ပစ်ချလိုက်မိသည်။ နက်မှောင်နေတဲ့ ကွန်ပျူတာရဲ့ မှန်သားပြင်ထက်တွင် ကျွန်တော့်ရဲ့ ပုံရိပ်က ထင်ဟပ်နေသည်။

အသုံးမပြုတာ ကြာမြင့်နေပြီမို့ စက်တွေ ကောင်းကောင်း အလုပ်လုပ်ပါ့မလား မသိနိုင်ပေ။ မိသားစု ဓာတ်ပုံရယ်လို့ မရှိတဲ့ ကျွန်တော်တို့ မိသားစုအတွက် လူစုံမြင်ရနိုင်တဲ့ တစ်ခုတည်းသော အရာက ဖေဖေ့ ကွန်ပျူတာထဲတွင်ရှိသည့် အိမ်ဝင်ပေါက်မှာ တပ်ဆင်ထားတဲ့ CCTVရဲ့ မှတ်တမ်းသာ ရှိသည်။

ကြမ်းပြင်ထက်တွင်ရှိသည့် ဝါယာကြိုးများကို တစ်ချက် ပြန်စစ်မိသည်။ ကံကောင်းလို့ ကြိုးတွေ ဆွေးနေခြင်း မရှိသေးပေ။ မီးခလုတ်ကို ဖွင့်ချိန် powerပွင့်လာသေး၏။

ခုနက နက်မှောင်နေတဲ့ မှန်သား မျက်နှာပြင်ထက်တွင် အပြာရောင် ကာလာများ ကြီးစိုးသွားသည်။ Passwordထည့်ရမည့် နေရာအား အတန်ကြာအောင် ကျွန်တော် စိုက်ကြည့်နေမိ၏။ မိသားစုလေးယောက်ရှိသည့်အနက် ဖေဖေ့ကွန်ပျူတာရဲ့ လျို့ဝှက်ကုတ်ဟာ ဘယ်သူနဲ့ သက်ဆိုင်နေမလဲ။

အတွေးထဲတွင် အရင်ဆုံး ပေါ်လာတဲ့ မေမေ့ရဲ့ ပုံရိပ်။ စိတ်ထဲမှာ မှတ်မိနေတဲ့ မေမေ့ မွေးသက္ကရာဇ်ကို ရိုက်ထည့်လိုက်မိသည်။ ကံကောင်းစွာပဲ ကွန်ပျူတာ ပွင့်သွား၏။

မရှိတော့တဲ့ အဖေ့ကို တစ်ချက် လှောင်ရယ်လိုက်မိသည်။ နှုတ်မှလည်း 'အချစ်လူမိုက်ကြီး'ဟု ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

CCTV Recordတွေကို နောက်ဆုံးရက်က စ၍ တစ်ရက်ချင်း ပြန်ကြည့်မိသည်။

"ဟင် သူက ဘာလို့"

ကျွန်တော့် မျက်ခုံးတန်းတွေဟာ အလိုမကျမှု့ကြောင့် စုကျုံ့သွားသည်။ကွန်ပျူတာရဲ့ ညာဘက်ထောင့်ရှိ ရက်စွဲကို သေချာ ပြန်ကြည့်မိသည်။ ရက်စွဲဟာ ညီလေးဆုံးတဲ့ ရက်ကို အတိအကျ ဖော်ပြနေ၏။ ရင်ထဲတွင် ဝုန်းဒိုင်းကြဲသွားသည်။

"တစ်ခုခုတော့ လွဲနေပြီ"

"ဘာလဲ ဘာလွဲတာလဲ"

ကျွန်တော့် စကားသံကြောင့် အန်ရီကိုက မေးလာသည်။ အချိန်ကိုက်ဆိုသလို ကွန်ပျူတာ မျက်နှာပြင်က ကျွမ်းခါနီး မီးသီးတစ်လုံးလို ပိတ်လိုက်၊ ဖွင့်လိုက် ဖြစ်နေပြီး နောက်ဆုံးပိတ်ကျသွားသည်။

"သွားပြီ"

စိတ်တိုလာခြင်းကြောင့် အားမလို၊အားမရဖြစ်ကာ ကျွန်တော် ထအော်လိုက်မိ၏။ အန်ရီကိုကလည်း ချက်ချင်း အနားရောက်လာသည်။

"ဘာလဲ ဘာဖြစ်တာလဲ စိတ်အေးအေးထားပြီး ကိုယ့်ကို ပြောဦး"

"ကျွန်ပျူတာ ပျက်သွားတယ်၊ ကွန်ပျူတာ မပျက်ခင်က ညီလေးဆုံးတဲ့နေ့က CCTVမှတ်တမ်းကို ကြည့်နေတာ"

"အင်း...အဲ့တာ ဘာဖြစ်လဲ"

ကျွန်တော် အန်ရီကိုနဲ့ မျက်ဝန်းချင်းဆုံအောင် ကြည့်လိုက်မိသည်။

"ညီလေးဆုံးတဲ့နေ့က မေမေ့ယောကျာ်း ...မေမေ့ယောကျာ်း အိမ်ကို လာသွားတယ်။ မေမေ.. မေမေလည်း မပါဘူး။ မေမေ မပါဘဲ သူက ဒီအိမ်ကို လာစရာအကြောင်း မရှိဘူး။"

အတွေးတွေများပြီး စိတ်လှုပ်ရှားလာခြင်းကြောင့် ကျွန်တော့် စကားသံတွေဟာ တုန်ခါနေပြီ။ စကားတွေဟာလည်း နှစ်ခါထပ်နေ၏။ အန်ရီကိုက တစ်ခုခုကို သေချာ စဉ်းစားနေဟန် မျက်ခုံးတန်းတွေ စုံကျုံ့သွားသည်။

"ရဲတွေ လာစစ်တယ်မလား။ နှစ်ဆယ့်လေးနာရီအတွင်း အိမ်မှာရှိတဲ့သူတွေကို စစ်ဆေးမှာပဲ အဲ့တုန်းက သူလာသွားတဲ့အကြောင်း မသိခဲ့ဘူးလား"

ကျွန်တော့်ရင်ထဲ ဟာကျသွားသည်။ ကျွန်တော့်မှာ ဘာမှ ပြန်ဖြေစရာ အဖြေရှိမနေ။ ကျွန်တော့်ညီရဲ့ ဈာပနမှာ ကျွန်တော် ဝင်လုပ်ပေးခဲ့တာ တကယ် ဘာမှ မရှိဘူး။ ချောင်တစ်ချောင်ထဲမှာ ကပ်ငိုနေခဲ့တဲ့ အစ်ကို တစ်ယောက်ပဲ။

"အခု အရင် အမြန်ဆုံး ဝန်ဆောင်မှု့ ပေးတဲ့ Computer serviceတစ်ခုကို လှမ်းချိတ်လိုက်။ ဗိုလ်ဗိုလ့် အမေက တစ်ခုခု ခိုင်းလို့လည်း ဖြစ်နိုင်တယ်ဆိုပေမဲ့ အကယ်၍ တစ်ခုခုဆိုရင် သက်သေရှိထားရအောင်လို့"

ကျွန်တော် ငြိမ်သက်သွားတာကြောင့် အန်ရီကိုက စကားလမ်းကြောင်း ပြောင်းလိုက်ပေမဲ့ ကျွန်တော့်ရင်ထဲမှာ ပို၍ အတွေးတွေ များလာသည်။

အရေးရယ် အကြောင်းရယ်ဆို ဘာမှလုပ်တတ်တာ မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်လာမိသည်။ ကျွန်တော်ဟာ ပြိုလဲဖို့ပဲ သိတဲ့သူ။ ငိုနေဖို့ပဲ သိတဲ့သူ။

"ဖြန်း!"

အားမရတဲ့ စိတ်ကြောင့် ကိုယ့်ပါးကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်မိ၏။

"ဗိုလ်ဗိုလ် အဲ့လို မလုပ်ရဘူး ။ ကိုယ့်ကို ကြည့်။ ကိုယ် ရှိနေတယ်။ ကိုယ်ရှိတာမို့ အဲ့လို မဖြစ်ရဘူး။ ကိုယ်နဲ့ အတူ အဖြေရှာကြမယ်။ ဗိုလ်ဗိုလ်က သန်မာပြီးသားပါ။"

ကိုယ့်ပါးကို ချနေမိတဲ့ လက်တွေကို အန်ရီကိုက ထိန်းထားကာ ပြောလာသည်။

"အရင်ဆုံး ဘာလုပ်ရမယ်ဆိုတာကို သိတယ်မလား။ ပြီးရင် ဘာလုပ်ချင်လဲ၊ ဘာလုပ်သင့်သလဲ စဉ်းစား။ အဆုံးထိ အတူ ရှိပေးမှာမို့"

ပထမဆုံး computer serviceကို ခေါ်ရသည်။ အမြန်ဆုံး ဝန်ဆောင်မှု့ ပေးတယ်ဆိုတဲ့ စကားနဲ့အညီ ဝန်ထမ်းတွေဟာ နေ့မကူးဘဲ လာရောက် ပြင်ပေး၏။

"Screenက အလုပ်လုပ်နေပါတယ်။ အထဲက မီးလုံးကျွမ်းသွားတာဖြစ်နိုင်တယ်။ အချိန်ကာလ ကြာမြင့်ရင်လည်း ကျွမ်းနိုင်သလို၊ မီးအားဆောင့်တက်ရင်လည်း ကျွမ်းနိုင်တယ်၊ ကျွန်တော်တို့ သေချာ စစ်ဆေးပေးပါ့မယ်"

"ကိုယ်တို့က အထဲက Dataတွေကို မပျက်စေချင်ဘူး။ မပျက်နိုင်ဘူးမလား။"

"မပျက်နိုင်ပါဘူးဗျ"

ဝန်ထမ်းရဲ့ စကားကြောင့် ကျွန်တော့်မှာ ဟင်းခနဲ သက်ပြင်းချလိုက်နိုင်သည်။

>>>>>

ထပ်မလာတော့ဘူးလို့ တွေးထားမိတဲ့ အမေ့ အိမ်ကို ဒုတိယအကြိမ်မြောက် ထပ်ရောက်လာရပြန်သည်။ ကံကြမ္မာဟာ ကျွန်တော့်ကို ဘယ်လောက်ထိများ ကျဉ်းထဲ ကျပ်ထဲ ရောက်စေချင်နေပါလိမ့်။

"အိမ်ကို ထပ်လာမယ်ဆိုတော့ မေမေက အံ့သြနေတာ။ နေရောကောင်းရဲ့လား"

ခပ်နွမ်းနွမ်းဖြစ်နေတဲ့ မျက်နှာကို ကြည့်ရင်း မေမေက မေးလာသည်။ လက်ထဲက ဖုန်းကို တစ်ချက်ကြည့်လိုက် မေမေ့ကို ကြည့်လိုက်နှင့် ကျွန်တော့် စိတ်တွေ ဒွိဟဖြစ်နေ၏။

နေမကောင်းပါဘူးဆိုပြီး အမေ့ ရင်ခွင်ထဲဝင်လို့ နှစ်သိမ့်မှု့ကိုလည်း မလိုအပ်ပေ။ မလိုချင်တော့တာလို့ ပြောရင် ပိုမှန်ပါတယ်။ မေမေနဲ့ ဖေဖေ ရှာခဲ့တဲ့ ပြဿနာတွေက ကျွန်တော့်အပေါ် အခုထိ သက်ရောက်နေတုန်းပဲလို့ အော်ဟစ်ချင်လာသည်အထိ ကျွန်တော့်စိတ်ထဲ အတွေတွေနဲ့ မွန်းကြပ်နေတော့တာ။

"ဒါလေးပြချင်လို့ လာခဲ့တာ။ မေးချင်တာလေးလည်း ရှိလို့"

ဖုန်းထဲက Videoလေးကို အရင် ဖွင့်ပြလိုက်သည်။ မေမေက သေချာ အာရုံစိုက်၍ ကြည့်နေ၏။ ညီလေးဆုံးတဲ့နေ့က ကျွန်တော်တို့ အိမ်ထဲကို ဝင်သွားတဲ့ ဦးဝဏ္ဏကျော်ရဲ့ ပုံရိပ်ဟာ ဖုန်းမျက်နှာပြင်ထက်မှာ ပေါ်နေသည်။ ဦးဝဏ္ဏကျော် ရောက်လာပြီး ခဏအကြာတွင် အိမ်ရှိ ထမင်းချက်တဲ့ အဒေါ်ကြီးက ဈေးခြင်းကိုင်၍ အပြင်ထွက်သွားသည်။ အိမ်သို့ ရောက်လာပြီး တစ်နာရီအကြာမှာ ခပ်သုတ်သုတ် ပြန်ထွက်သွားတဲ့ ဦးဝဏ္ဏကျော်ရဲ့ ပုံရိပ်ဟာ ဖုန်းမျက်နှာပြင်ထက်တွင် အထင်းသား။ အလာတုန်းက ကားသော့ကလွဲ ဘာမှ မပါတဲ့သူဟာ အပြန်မှာတော့ အထုပ်တစ်ထုပ်ဖြင့် ပြန်ထွက်သွားသည်။ ပြန်ထွက်သွားတဲ့ ဦးဝဏ္ဏကျော်ရဲ့ ပုံစံက တုန်လှုပ်ခြောက်ခြားနေဟန်။

"ညီလေးဆုံးတဲ့နေ့က မေမေ့ယောကျာ်းကို ကျွန်တော်တို့ အိမ်ကို လွှတ်လိုက်သေးလား"

မေမေက ချက်ချင်းဆိုသလို ခေါင်းရမ်းလာသည်။ မေမေ့ ပုံစံဟာ တကယ်ကို တိတိကျကျ။

"မစဉ်းစား မဆင်ခြင်ဘဲ ဘယ်လောက်ပဲ မကောင်းတာတွေ လုပ်ခဲ့တယ်ပြောပြော ဒီလောက်တော့ မေမေ နားလည်ပါတယ်။ မေမေ မပါဘဲ သူ့ချည်းသက်သက် သားတို့ဆီ ဘာကြောင့် လွှတ်ရမှာလဲ"

ကျွန်တော် မသိသေးတဲ့ အကြောင်းအရာ တစ်ခုခု ရှိသေးတယ်ဆိုတဲ့ သံသယစိတ်ဟာ တဖြည်းဖြည်း ကြီးထွားလာသည်။
ဓာတ်ပုံတွေထားတဲ့ မှန်ဘောင်ဘက် လှည့်ကြည့်လိုက်မိသည်။ ရယ်မောနေတဲ့ အမျိုးသားနှစ်ယောက်ရဲ့ ပုံရိပ်ကို လက်ညှိုးထိုး၍.....

"သေဆုံးကြောင်း အတည်ပြုဖို့ မဖြစ်မနေ ဆရာဝန်လက်မှတ် လိုတယ်ဆိုရင်တောင်ကျွန်တော်တို့ အိမ်နားမှာ ဖွင့်ထားတဲ့ ဆေးခန်းတွေ ရှိပါရဲ့နဲ့ အဲ့ဆရာဝန်ကို ဘာလို့ တကူးတက ခေါ်ရတာလဲ"

ဒီတစ်ကြိမ်မှာတော့ မေမေက တွေဝေသွားဟန် တစ်ခုခုကို သေချာစဉ်းစားနေသည်။

"အဲ့တုန်းကတော့ မေမေကိုယ်တိုင်လည်း သွေးပူနေတာဆိုတော့ သေချာ မစဉ်းစားမိဘူး။ ကိုဝဏ္ဏကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ ပတ်ဝန်းကျင်မှာ ကြားမကောင်းဘူးဆိုလို့ သူ့ အသိ ဆရာဝန်ကိုပဲ ခေါ်မယ်လို့ ပြောတာကို သဘောတူလိုက်တာ"

ကျွန်တော် ဟက်ခနဲ တစ်ချက် ရယ်လိုက်မိသည်။ ရင်ထဲရှိ သံသယတွေဟာ ပိုမို ကြီးထွားလာသည်။ ခေါင်းကို တဆတ်ဆတ် ညိတ်လို့ ရယ်နေတဲ့ ကျွန်တော်ဟာ စိတ်မကျန်းမာသူ တစ်ယောက်နဲ့ တူနေသည်။

"ပြန်ကြစို့ ဗိုလ်ဗိုလ် အနားယူဖို့ လိုနေပြီ"

ဒီတစ်ကြိမ်မှာလည်း ကျွန်တော်တို့ကြားက စကားစကို ဖြတ်တောက်လာသူက အန်ရီကိုဖြစ်နေပြန်သည်။ မေမေရဲ့ တွေဝေမှု့နဲ့ စိုးရိမ်မှု့တွေ ရောယှက်နေတဲ့ အကြည်တွေကို လျစ်လျူရှု့ရင်းပဲ အန်ရီကို တွဲခေါ်ရာနောက် ကျွန်တော်ပါလာရင်း အိမ်အဝင်ဝတွင် ဦးဝဏ္ဏကျော်နဲ့ ဆုံ၏။
ဒီအချိန် ရုံးမှာ ရှိနေရမဲ့သူက အိမ်ကို ဘာကြောင့် ပြန်လာသလဲ မသိပေမဲ့ ပြုံးပြနေတဲ့ လူရဲ့ မျက်နှာကိုကြည့်ပြီး တစ်ချက်လောက် ဆွဲထိုးချင်လာသည်။ ဘာအကြောင်းပြချက်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ပါတယ်ဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်း ကျွန်တော့်မှာ ရှိမနေပြန်ဘူး။

ရင်ထဲမှာ မီးစတစ်ခုလို ပွားများနေတဲ့ ဒေါသတွေ၊ သံသယတွေကို မြိုသိပ်ရင်းပဲ အိမ်သို့ ပြန်ရောက်လာရသည်။ ဒေါသတွေ ပေါက်ကွဲလိုက်ဖို့ရာ အကြောင်းပြချက်ဟာ တိတိကျကျမှ ရှာမတွေ့ဘဲ။ ယခုမှ တစ်စတစ်စနဲ့ ထွက်လာတဲ့ သဲလွန်စတွေကို ဆက်စပ်ကြည့်ရုံသာ ရှိသေးသည့် အဆင့်။ တစ်ခုခုကို သိရခဲ့ရင်တောင် ကျွန်တော့်မှာ ဘာအင်အားမှ ရှိမနေပြန်ဘူး။

ကျွန်တော်ဟာ တစ်ကောင်ကြွက်။

"ဘာမှမတွေးဘဲ ခဏလောက် နားဦး။ ကိုယ်ဘေးနားမှာ ရှိပေးမယ်။"

အိပ်ရာပေါ်သို့ ကျွန်တော့်အား ထိန်းပို့ပေးနေသူအား ဆွဲယူ နမ်းရှိုက်မိတော့ အံ့သြသွားပုံရသည်။ ကိုယ်ခန္ဓာက ကျောက်စစ်ရုပ်ထုလို တောင့်တင်းသွားသည်။ မွန်းကြပ်နေတဲ့ စိတ်တွေကို အနမ်းတွေပေါ် ပုံချမိနေသလို ကြမ်းတမ်းနေမိ၏။ အန်ရီကိုကလည်း မငြင်းဆန်ခဲ့ပေ။ အချိန်တစ်ခုကြာအောင် နမ်းရှိုက်ပြီး ဖယ်ခွာကာ အန်ရီကိုရဲ့ ခြေရင်းမှာ ကျွန်တော် ဒူးထောက်ချမိ၏။

"ဗိုလ်ဗိုလ် ဒါ ဘာလုပ်တာလဲ။"

အန်ရီကိုက ကျွန်တော့်ကို ပြန်ဆွဲထူပေးပေမဲ့ ကျွန်တော် ကြမ်းပြင်မှာ ပေကပ်နေမိ၏။

"ကျွန်တော့်ကို ခင်ဗျား လိုအပ်သလို အသုံးချပါ။ အဲ့ဒီအစား ကျွန်တော့်အတွက် နောက်ခံအင်အားတစ်ခုကို ခဏပေးပါ။ အကြောင်းအရာတချို့ကို ပြန်စုံစမ်းဖို့ ကျွန်တော့်မှာ ဘာအင်အားမှ မရှိဘူး"

အန်ရီကို့ မျက်နှာမှာ အလိုမကျခြင်း အရိပ်အယောင် တချို့ ဖြတ်ပြေးသွားသည်။ ကျွန်တော်ဟာ တစ်ဖက်လူရဲ့ မေတ္တာကို စော်ကားမိသွားပြီ။ စကား မတတ်သလို စကားတွေ အများကြီး မပြောတတ်တဲ့ ကျွန်တော့်အတွက် ကျွန်တော့်ကို ကူညီပေးပါဆိုတဲ့ စကားကို တစ်ဖက်လူ ကူညီပေးချင်အောင် ဘယ်လိုပြောရမယ် မသိပါ။

အန်ရီကိုက သက်ပြင်းတစ်ချက်ချသည်။ ကျွန်တော်နဲ့ တန်းတူဖြစ်အောင် ကြမ်းပြင်ပေါ် ထိုင်ချ၍.....

"ဗိုလ်ဗိုလ် ကိုယ့်ကိုကြည့် ။ အဆုံးထိ အတူရှိပေးမယ်လို့ ပြောထားပြီးပြီလေ။ အဲ့လိုပြောဖို့ လိုအပ်လို့လား။ လိုအပ်ခဲ့ရင် ကိုယ့်မိသားစုတင် မဟုတ်ဘူး ကိုယ့်အပေါ် တက်နင်းသွားလည်း ရတယ်။ ဟုတ်ပြီလား"

ကျွန်တော့် နဖူးပေါ် ကျရောက်လာတဲ့ အနမ်းနွေးနွေး။ မှေးမှိတ်လိုက်တဲ့ မျက်ဝန်းတွေနောက် မျက်ရည်စဟာ ပါးပြင်ပေါ် ဖြတ်ပြေးသွားသည်။

"ကျေးဇူးတင်ပါတယ်"လို့ မပြောဖြစ်တော့ပေ။ သူမို့လို့။ သူဖြစ်နေလို့။ အရာရာ အကုန်ပြီးသွားရင် ကျွန်တော့်ဘဝကို ပုံအပ်ပေးချင်မိတဲ့ သူမို့လို့။

--------------------------------------------------

(15.2.2023) (10:00PM)

Fortsett å les

You'll Also Like

6.5K 397 28
ရစ်နှောင်ကြိုး×သက်ဆင်းနွံ "အနွံ့အရပ်ဘယ်နှစ်ပေရှိလဲ" "ငါး...ငါးပေလေး " "ဒါဆို ကိုယ့်ရင်ခွင်ထဲနေဖို့အလုံအလောက်နေရာရှိတာပေါ့ " "ကို...ကိုကို...တော်...တေ...
19.9K 714 9
"You know, you remind me of someone Hayley Marshall." "You do too, and old friend. The resemblance is uncanny." "Yes, it is." Rebekah Mikaelson went...
3M 250K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
27.9K 973 31
[Completed] After the Giant War, Percy Jackson had thought for his demigod life to be placed on standby. No more attacks from past enemies, no more...