Slowly Falling For Changkong...

By ANyein_26

50.2K 5.4K 165

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... More

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-32

555 88 1
By ANyein_26


ယခင်တစ်ခေါက်က ရှန့်ချန်ခုန်းသည် ရွှီလျန်နှင့်အတူ ဤလှေကားမှ ဆင်းလာခဲ့ချိန်တွင် သူသည် ရွှီလျန်အား မတော်တဆ တိုက်မိမည်ကိုစိုးရိမ်သောကြောင့် ဘေးဘက်သို့ကျုံ့ကာ လက်ရန်းများကိုဆုပ်ကိုင်ထားခဲ့ရသည်။ ယခုအချိန်တွင် သူ သူမနှင့်အတူ တူညီသောလှေကားကျဉ်းကျဉ်းလေးကို ဆင်းလျှောက်လာသည်နှင့်အမျှ ရှန့်ချန်ခုန်းသည် ပို၍သက်သောင့်သက်သာရှိလာသည့်တိုင် အနည်းငယ် ချုပ်ထိန်းထားရသေးသည်။

သူက သူ့ဘေးနားက ရွှီလျန်ဘက်သို့ လှည့်ပြီး

"တောင်းပန်ပါတယ် ကိုယ့်အမေက လူတိုင်းနဲ့ဒီလိုမျိုးပဲ မင်းစိတ်ထဲမထားဘူးလို့ ကိုယ်မျှော်လင့်ပါတယ်"

ရွှီလျန် ခေါင်းယမ်းလျက်

"အရင်တစ်ခေါက် ကျွန်မ ရှင့်အိမ်ကိုလာတုန်းက အန်တီကကျန်းမာရေးမကောင်းဘူးဆိုတဲ့အကြောင်း ရှန့်နွမ်ကပြောပြထားပြီးသားပါ"

ထိုအချိန်က ရွှီလျန်သည် တခြားသူတစ်ယောက်၏နာမကျန်းဖြစ်နေသည့်အကြောင်းအား မေးမြန်းရန်မှာ ယဉ်ကျေးမှုမရှိဘူးဟု ထင်သောကြောင့် သူမ မမေးခဲ့ပေ။ သို့သော် ယခုတွင် သူမနှင့်ရှန့်ချန်ခုန်း၏ဆက်ဆံရေးမှာ ပြောင်းလဲသွားပြီဖြစ်ကာ သူမ မမေးမြန်းခဲ့လျှင်တောင် သူက သူမကို ပြောပြရန်အတွက် လက်ဦးမှုရယူပေလိမ့်မည်။

သူတို့ အဆောက်အဦးမှထွက်ခွါလာသောအခါ ရှန့်ချန်ခုန်းသည် ရွှီလျန်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားရမှန်း တွေးတောနေ၏။ သူ၏ရပ်ကွက်ဝန်းကျင်မှာ အသင့်အတင့်လူနေမှုပတ်ဝန်းကျင်ကို အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့်အရာတွေရှိသော်လည်း လျှောက်လည်လို့ရနိုင်မည့်နေရာတစ်ခုအကြောင်း ပြောရင်မည်ဆိုလျှင်ဖြင့်....

ခဏကြာပြီးနောက် ရှန့်ချန်ခုန်း သူမကို မေး၏။

"မင်းရဲ့ကားကို ဘယ်နေရာမှာရပ်ထားတာလဲ"

"ဟိုနေရာမှာ"

ရွှီလျန်က ဟင်းလင်းပြင်ကွင်းဘက်သို့ လက်ညှိုးထိုးပြကာ ထိုအတိုင်းပဲ သူမကားမှာလည်း ၎င်းနေရာတွင် ရပ်ထားသည်။

"မင်း တခြားနေရာတစ်ခုခုကို ကားမောင်းသွားချင်လား ဒါမှမဟုတ် ဒီနေရာမှာပဲ လမ်းပတ်လျှောက်ချင်လား"

ရွှီလျန်သည် ဤရပ်ကွက်ထဲသို့ ရံဖန်ရံခါမျှသာ လာသည့်အတွက် သိပ်ရင်းနှီးမှုမရှိပေ။

"ကျွန်မတို့ လမ်းလျှောက်လို့ရနိုင်မဲ့တစ်နေရာရာရှိလား"

"ရှေ့နားလေးမှာ ပန်းခြံအသေးလေးတစ်ခြံရှိတယ် ဒါပေမဲ့ အထဲမှာ အများကြီးမရှိဘူး"

ရှန့်ချန်ခုန်း ပြန်ဖြေ၏။ ပန်းခြံအတွင်း၌ သက်ကြီးရွယ်အိုတွေ အများစုနှင့် ရံဖန်ရံခါ ကလေးငယ်တွေ အသုံးပြုကြသော ရိုးရှင်းတဲ့အားကစားပစ္စည်းအနည်းငယ်သာရှိသည်။

ရွှီလျန် စိတ်ထဲမထားပေ ၊ ယနေ့ ရာသီဥတုမှာ သာယာနေပြီး ပန်းခြံထဲတွင် ထိုင်စကားပြောရင်း နေပူဆာလုံခြင်းက အဆင်ပြေသည်။

"အဲဒီကိုသွားရအောင် ကျွန်မ အဝေးကြီးသွားရမှာ မကြိုက်သလိုပဲ"

ထို့ကြောင့် သူတို့နှစ်ယောက်သည် ပန်းခြံရှိရာသို့ ထွက်ခွာသွားကြသည်။ လမ်းမှာ ကော်ဖီဆိုင်တစ်ဆိုင်အား ဖြတ်သွားသဖြင့် သူတို့နှစ်ယောက်သည် နို့လက်ဖက်ရည်နှစ်ခွက်ဝယ်လိုက်သည်။

လမ်းတစ်လျှောက် နို့လက်ဖက်ရည်သောက်လာရင်း ပန်းခြံလေးဘက်သို့ ရောက်ရှိလာခဲ့သည်။ ပန်းခြံက တကယ့်ကို သေးသေးပါပဲ ၊ ပန်းခြံရဲ့အဆုံးကိုတောင် တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်ပေသည်။ သို့ပေမဲ့ ပန်းခြံထဲ၌ လူတွေအများကြီးရှိနေဆဲပင်။ လင်းလက်တောက်ပနေသောနေရောင်ခြည်က လူတိုင်းကို နွေးထွေးပျော်ရွှင်စေသည်။

"ကျွန်မတို့ ထိုင်လို့ရတဲ့နေရာတစ်နေရာရှိတယ် သွားကြရအောင်"

ရွှီလျန်က အနီးရှိခုံတန်းရှည်အလွတ်တစ်ခုကို ညွှန်ပြလျက် ရှန့်ချန်ခုန်းအား လိုက်လာရန် လက်ယပ်ခေါ်လိုက်သည်။ သူတို့ နီးကပ်လာသည်နှင့် ရွှီလျန်သည် ခုံတန်းရှည်ဘေးနား၌ ယုန်ပုံစံအပြင်အဆင်လေးတစ်ခုကို သတိပြုမိသည်။ အရမ်းချစ်စရာကောင်းတာပဲ ၊ ရွှီလျန်က ယုန်လေးကို သဘောကျနေ၏။ သူမ ထိုင်ခါနီးတွင် ရှန့်ချန်ခုန်းက သူမအား တားဆီးလိုက်လေသည်။

"နေဦး အရင်ဆုံး ခုံကိုသုတ်လိုက်ဦးမယ်၊ မင်းက အဖြူရောင်ဝတ်ထားတာလေ မပေစေနဲ့"

ရှန့်ချန်ခုန်း ခုံတန်းရှည်ကို သူ့လက်ဖြင့် သုတ်လိုက်ပေမဲ့ ဖုန်မရှိကြောင်း တွေ့လိုက်ရသည်။ ကြည့်ရတာ ယခုလေးတင် တစ်စုံတစ်ယောက်က ခုံမှာထိုင်သွားခဲ့သည့်ပုံပင်...

"ဒါကိုသုံးလိုက်"

ရွှီလျန် သူမအိတ်ထဲမှ တစ်ရှူးတစ်ထုပ်ကို စမ်းမိသွားခဲ့သည်။ သူမက ရှန့်ချန်ခုန်းလက်ကိုဆွဲယူ၍ သူ့ကို သုတ်ပေးပြီး ခုံတန်းရှည်ကိုဖုန်သုတ်ရန် ကိုင်းညွှတ်လိုက်၏။

"ရပြီ အခု ရှင် ထိုင်လို့ရပြီ"

ရှန့်ချန်ခုန်း၏မျက်နှာမှာ ရွှီလျန်က သူ့လက်ကို သုတ်ပေးလိုက်သည့်အချိန်၌ အနည်းငယ် နီမြန်းသွားလေသည်။ သူ ရွှီလျန်လက်ထဲက သုံးပြီးသားတစ်ရှူးကိုယူ၍ လွှင့်ပစ်ရန်အတွက် အနီးနားရှိအမှိုက်ပုံးသို့ သွားလိုက်သည်။ သူ ပြန်လာချိန်တွင် ရွှီလျန်က ခုံတန်းရှည်ပေါ်တွင် ထိုင်နေနှင့်ပြီးဖြစ်ကာ နို့လက်ဖက်ရည်အား သူမနှုတ်ခမ်းဖြင့် စုပ်ယူနေ၏။ ရှန့်ချန်ခုန်းက သူမကို ကြည့်နေကြောင်း သတိပြုမိသွားသောအခါ သူမက ပြုံးပြလာသည်။

ရှန့်ချန်ခုန်း သူ့နားတွေ နီမြန်းနေမှန်း ခံစားရသည်။ သူ ခုံတန်းရှည်နား လျှောက်သွားပြီး ရွှီလျန်ဘေးနားတွင် ဝင်ထိုင်လိုက်သည်။ သူ ချောင်းဟန့်လျက်

"အဟမ်း... မင်း ဒီနေ့ ဝတ်ထားတာ ထူးခြားနေတယ်"

"ဟုတ်တယ် ကျွန်မက လူကြီးတွေနဲ့သွားတွေ့မှာလေ နည်းနည်းကောင်းကောင်းမွန်မွန်လေးဝတ်သင့်တယ်လို့ ထင်လို့"

ရှန့်ချန်ခုန်း နောက်တစ်ဖန် ချောင်းဟန့်ရင်း

"မင်းက ဘယ်လိုပုံစံမျိုးပဲဝတ်ဝတ် ကြည့်ကောင်းပါတယ်"

ရွှီလျန်နှုတ်ခမ်းတွေ ကော့တက်သွားသည်။ သူမ ရှန့်ချန်ခုန်းကို စနောက်လို​သော်လည်း ကောင်လေးတစ်ယောက်က ရီမုတ်ဖြင့်ထိန်းချုပ်နိုင်သောလေယာဉ်ပျံတစ်ခုဖြင့် ပြေးလာကြောင်း မြင်မိသွားသည်။ ထိုကောင်လေးက သူ့နောက်က အမျိုးသားတစ်ယောက်ကို ပျော်ရွှင်စွာ အော်ပြောလိုက်၏။

"ဖေဖေ သားတို့ ဒီနေရာမှာ ပျံလို့ရလား"

"ရတာပေါ့"

အမျိုးသားက ကောင်လေးဆီသို့ ရောက်လာပြီး ပြုံးရင်းဖြင့် ကောင်လေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ဘယ်လိုလုပ်ရမလဲဆိုတာသိလား"

ကောင်လေးက ခေါင်းညိတ်ပြ၏။

"အင်း! ဖေဖေ သားကိုသင်ပေးထားတာကို သားမှတ်မိတယ်"

ကောင်လေးက မြက်ခင်းထဲ ပြေးသွားပြီး လေယာဉ်ကိုနေရာချပြီး သူ့လက်ထဲရှိ remote control ဖြင့် စတင်လှုပ်ရှားတော့သည်။ သူ့အဖေမှာ သူ့ဘေးနားတွင်ရပ်နေကာ မကြာမကြာ သူ့အား အကြံဉာဏ်အချို့ ပေးနေလေသည်။ မကြာခင်မှာပင် လေယာဉ်ပန်ကာမှာ ပို၍မြန်မြန်လည်လာပြီး လေယာဉ်က ဒယိမ်းဒယိုင်ဖြင့် မြေပြင်မှ အပေါ်တက်သွားလေသည်။

"ဝိုး ပျံနေပြီ! ပျံနေပြီ!"

ကောင်လေးက ပျော်ပျော်ရွှင်ရွှင် အော်ပြောလာ၏။ သူ့အဖေမှာ သူ့အား အာရုံစိုက်ထားပြီး လေယာဉ် မြေပေါ်သို့မကျစေရန် သတိပေးနေသည်။

သူ့အဖေ၏အကူအညီဖြင့် ကောင်လေးမှာ ချောချောမွေ့မွေ့ ပျံသန်းနိုင်စေရန် လေယာဉ်ကို သေချာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ ကောင်လေးက သူ့အဖေကို ပြုံးပြလာပြီး

"ဖေဖေ သားကြီးလာတဲ့အခါကျရင် လေယာဉ်အစစ်ကိုမောင်းချင်တယ် ဖေဖေ့လိုမျိုးလေ!"

ရှန့်ချန်ခုန်းက သားအဖစုံတွဲကိုကြည့်နေခဲ့သည်။ သူ့မျက်တောင်တွေမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ရုတ်တရက် စိတ်ခံစားချက်များ လျှံထွက်မလာစေရန် သူ့မျက်လုံးတွေကိုမှိတ်ထားလိုက်ရသည်။

ရွှီလျန် ခေါင်းငဲ့လျက် သူ့ကို စိုက်ကြည့်လိုက်သည်။ သူမက နို့လက်ဖက်ရည်အကုန်သောက်ပြီးပြီဖြစ်သဖြင့် သားအဖတစ်တွေကို ကြည့်နေခဲ့သည်။

"ရှန့်ချန်ခုန်း ရှင့်အဖေကဘယ်မှာလဲ"

ခုံပေါ်တင်ထားသောရှန့်ချန်ခုန်းလက်မှာ တင်းတင်းဆုပ်ထားမိပြီး တဖြည်းဖြည်း ဖြေလျော့သွားခဲ့သည်။ သူ့နှုတ်ခမ်းတွေ တွန့်ကွေးလျက် ကောင်းကင်ပြာအောက်တွင် ပျံသန်းနေသောလေယာဉ်ကိုမော့ကြည့်လိုက်သည်။

"ကိုယ့်အဖေက လေယာဉ်ဒီဇိုင်းပညာရှင်တစ်ယောက်၊ သူက ပစ္စည်းအမျိုးအစားအကုန်လုံးကိုသိတယ် ကိုယ် ငယ်ငယ်တုန်းက သူ့ကိုအပူကပ်ပြီး လေယာဉ်နဲ့ပတ်သတ်တဲ့မေးခွန်းထောင်ပေါင်းများစွာ မေးရတာကိုကြိုက်ခဲ့တယ်"

"အင်း"

ရွှီလျန် သူ့ကို တုံ့ပြန်မှုရေးရေးလေးပေးလိုက်၏။

"အရင်တစ်ခေါက် မင်းလာတုန်းက ကိုယ့်စားပွဲပေါ်က လေယာဉ်ပုံစံငယ်ကို မင်းတွေ့ခဲ့တယ်မလား၊ အဲဒါက ကိုယ့်အဖေဆီက မွေးနေ့လက်ဆောင်တစ်ခုပဲ။ အဲဒါကို သူကိုယ်တိုင်လုပ်ခဲ့တာ"

သေချာတာပေါ့ ရွှီလျန် ပုံစံငယ်ကို မှတ်မိတယ် ၊ လက်ရာမှာ အနုစိတ်ဆုံးသောမဟုတ်သည့်တိုင် ယင်းတွင် ဖန်တီးသူ၏ပြင်းပြသောအချစ်တွေ ပါဝင်နေသည်မှာ အထင်အရှားပဲ။

"ဒါပေမဲ့ ကိုယ် အရွယ်ရောက်လာတော့ ကိုယ့်အဖေက သူ့အလုပ်တွေနဲ့ ပိုပြီးအလုပ်ရှုပ်လာခဲ့တယ်၊ တစ်ခါတစ်လေ ကိုယ့်အမေက အဲဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေမနပ်ပြောလေ့ရှိတယ်"

ရွှီလျန် ယင်းအား နားလည်ပါ၏။

"ကျွန်မအမေလဲ အဲဒီလိုမျိုးပဲ ၊ ကျွန်မအဖေက ဆောက်လုပ်ရေးဆိုက်ထဲမှာ တစ်နှစ်ခွဲလောက် သောင်တင်နေပြီဆို သူမက မရပ်မနား ညည်းညူတော့တာပဲ။ ဒါပေမဲ့ ပြောပြီးပြီဆိုရင်လည်း သူမက အိတ်တစ်အိတ်ထုပ်ပိုးပြီး ကျွန်မအဖေဆီ လိုက်သွားတော့တာ"

ရှန့်ချန်ခုန်း သူမကို ပြုံးပြလိုက်သည်။

"ကိုယ့်အမေက အဲ့လောက်ထိအချိန်ပေးဖို့ မတက်နိုင်ခဲ့ဘူး၊ အိမ်မှာ ကိုယ်နဲ့ကိုယ့်ညီမလေးရှိနေသေးတယ် သူမက ကိုယ်တို့ကို မထားခဲ့နိုင်ဘူး။ ပြီးတော့ ကိုယ့်အဖေအလုပ်က မင်းအဖေရဲ့အလုပ်နဲ့ ပင်ကိုယ်အားဖြင့် မတူညီဘူးလေ"

သူ ဆက်ပြော၏။

"ကိုယ့်အဖေက လေယာဉ်ဝင်းအတွင်းမှာ အလုပ်လုပ်ရတာ ပြီးတော့ လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းက မကြာခဏ 611* အလုပ်စနစ်နဲ့လုပ်ရတယ်၊ တစ်ခါတစ်လေဆို 711* ဖြစ်သွားတာပဲ။ ညနောက်ကျတဲ့အထိ အလုပ်လုပ်တာက သူ့အတွက်တော့ သာမန်ဖြစ်နေပြီ။ သူက အမြဲလိုလို ပင်ပန်းနွမ်းနယ်နေခဲ့တာ၊ အကယ်၍ ဒါသာ သာမန်အလုပ်တစ်ခုဆိုရင် တခြားသူတွေ အလုပ်ထွက်သွားနှင့်ပြီဆိုတာ ကိုယ်သေချာတယ် ဒါပေမဲ့ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းက အဲဒီလိုမျိုးမဟုတ်ဘူး။ အဆုံးမှာတော့ တစ်စုံတစ်ယောက်က သူတို့အသက်မွေးဝမ်းကျောင်းနဲ့ပတ်သတ်ပြီး ဘယ်လောက်ပဲ သွေးပူပြီးစိတ်အားထက်သန်နေပါစေ အလုပ်အလွန်အကျွံလုပ်ခြင်းက ခန္ဓာကိုယ်အတွက် လေးလံတဲ့ဝန်ထုပ်ဝန်းပိုး ဖြစ်စေတယ်"

( 611 - တစ်ပတ်ခြောက်ရက်၊ တစ်နေ့ဆယ့်တစ်နာရီ
   711 - တစ်ပတ်ခုနစ်ရက်၊ တစ်နေ့ဆယ့်တစ်နာရီ )

ရွှီလျန် မျက်မှောင်ကြုတ်လိုက်ပေမဲ့လည်း ဘာမှမပြောလာခဲ့ပေ။

"ကိုယ့်အဖေက တစ်ခါမှ ထုတ်မပြောဖူးပေမဲ့ ကိုယ်သိပါတယ် အရင်က ကိုယ်တို့အိမ်တို့ ခဏခဏ ညစာစားဖို့ လာလည်တက်တဲ့ ကိုယ့်ဦးလေးကော်က ရုတ်တရက် နှလုံးသွေးကြောပိတ်ပြီး အလုပ်မှာ မေ့လဲသွားခဲ့တယ်၊ နောက်ပြီး ကိုယ့်ဦးလေးစွန်းကလဲ နှလုံးဖောက်ပြီး ပြန်မသက်သာလာတော့ဘူး။ ကိုယ် သူသေဆုံးကြောင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရတယ်၊ သူ့အသက်က လေးဆယ်ကနေ ငါးဆယ်ပဲရှိသေးတာ"

ဟိုးအရင်အချိန်တုန်းက ရှန့်ချန်ခုန်း၏အန်တီတွေနှင့်ဦးလေးတွေက သူ့ကို ပြောခဲ့ဖူးသည်မှာ — 'အကယ်၍ လူတစ်ယောက်က ကောင်းကင်ကိုချစ်တယ်ဆိုရင်တောင် လေယာဉ်ထုတ်လုပ်ရေးနယ်ပယ်ကလူတစ်ယောက်ဟာ အမြဲတမ်း စောစောစီးစီး သေဆုံးလိမ့်မည်' တဲ့။

အလွန်ပြင်းထန်သောဤအလုပ်က မည်သည်ကို မလွဲမသွေဆောင်ကြဉ်းလာမည်မှန်း သူတို့အားလုံး သိထားပြီးသားဖြစ်သည်။ သို့ပေမဲ့ ဤအရာအားလုံးဖြစ်နေစေကာမူ သူတို့ဟာ သူတို့၏စိတ်ဆန္ဒနောက်ကိုလိုက်၍ သူတို့အလုပ်တွေကို ခေါင်းမာမာဖြင့် ဆုပ်ကိုင်ထားကြသည်။

ရွှီလျန် သူမနှုတ်ခမ်းကို ကြိုးစားဖွင့်ဟလိုက်ရသည်။

"ရှင့်အဖေ......."

"ကိုယ့်အဖေက သူ ဒီအတိုင်း အအေးမိတယ်လို့ပဲ ထင်ထားခဲ့တာ၊ သူ့ဘာသာသူပဲ ဆေးအချို့သောက်တယ် ဒါပေမဲ့ မသက်သာလာခဲ့ဘူး။ တစ်ညကျတော့ သူ့အခြေအနေက ရုတ်တရက် ပိုဆိုးလာခဲ့တယ် ကိုယ့်အမေက ချက်ချင်း သူ့ကို ဆေးရုံပို့လိုက်တယ် ဒါပေမဲ့ အဆုံးမှာ သူ့ကို မကယ်တင်နိုင်ခဲ့ဘူး"

ရှန့်ချန်ခုန်းမှာမူ ဖရိုဖရဲဖြစ်နေသောထိုနေ့ညအား အမှတ်ရနေဆဲဖြစ်သည်။ သူ ကျောင်းမှအိမ်သို့ အပြေးအလွှားပြန်ရောက်လာချိန်တွင် ဝမ်းနည်းပက်လက်ဖြစ်နေသောသူ့အမေမှာ ဖုန်းပြောရင်း ငိုကြွေးနေသည်အား မြင်တွေ့လိုက်ရသည်။ သူ့မှာ နောက်ဆုံးအကြိမ်အဖြစ် သူ့အဖေကိုတောင် မမြင်ခဲ့ရပေ။

ရှန့်နွမ်မှာ ထိုအချိန်တုန်းက အလယ်တန်းတတိယနှစ်သာရှိနေသေးသည့်အတွက် ရှန့်ချန်ခုန်းက ယင်းသတင်းကို သူမအား မပြောပြရဲခဲ့ပေ။ နောက်ပိုင်း ရှန့်နွမ် စာမေးပွဲဖြေပြီးသည့်အချိန်မှသာ သူ သူမကိုပြောပြခဲ့သည်။ မျှော်လင့်ထားတဲ့အတိုင်း ရှန့်နွမ်က သူ့ကို အချိန်အတော်ကြာ အော်ဟစ်နေခဲ့ပြီး သူမအဖေ၏ဈာပနကို သူမလွတ်သွားကြောင်း သဘောပေါက်သည့်အချိန်တွင် ငိုကြွေးလေတော့သည်။

ရွှီလျန် ရှန့်ချန်ခုန်း၏လက်ကိုဆွဲယူ၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ တဖြည်းဖြည်း သူမ၏အနွေးဓာတ်ကို သူ၏အေးစက်နေသောလက်ဆီသို့ လွှဲပြောင်းပေးနေ၏။

ရှန့်ချန်ခုန်း သူ့လက်ချောင်းတွေကိုကွေး၍ ရွှီလျန်အား တင်းကျပ်စွာ ပြန်ဆုပ်ကိုင်ထားသည်။ သူ့အကြည့်တွေမှာ လေယာဉ်ပုံစံငယ်ကို လိုက်ကြည့်နေရင်း ဆက်ပြောလာ၏။

"ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံမှာ တသီးတခြား တီထွင်ထုတ်လုပ်ခဲ့တဲ့လေယာဉ်တွေထဲကတစ်ခုကို ပထမဆုံး အောင်အောင်မြင်မြင် ပျံသန်းနိုင်ခဲ့တယ်။ ဓာတ်ပုံတွေကိုထုတ်ဝေခဲ့ပြီး အဓိကသတင်းစာတွေ၊ မဂ္ဂဇင်းတွေနဲ့ အွန်လိုင်းဖိုရမ်တွေထဲက ဆောင်းပါးတွေလည်း တရုတ်ပြည်တွင်းမှာရော ပြည်ပမှာပါ ပျံ့နှံ့သွားခဲ့တယ်၊ မရေတွက်နိုင်တဲ့လူပေါင်းများစွာက သတင်းကိုဖတ်ပြီးသွားကြပြီးပြီ"

သို့ဖြစ်စေကာမူ လေယာဉ်ကို ကောင်းကင်သို့လွှတ်တင်နိုင်ရန် မရေမတွက်နိုင်သောလေကြောင်းအမှုထမ်းများ တွေ့ကြုံခဲ့ရသော စိတ်ကူးမယဉ်ကြည့်နိုင်သောခက်ခဲမှုနှင့် မဆုတ်မနစ်ကြိုးစားမှုများကိုတော့.....လူတွေမသိကြမှာ ဧကန်မ​လွဲပင်။

လေညင်းတစ်ချက်တိုက်ခတ်လာပြီး နေရောင်ခြည်နှင့်မြက်ပင်၏ရနံ့ကို သယ်ဆောင်လာလေသည်။ ရွှီလျန်နှင့်ရှန့်ချန်ခုန်းတို့သည် ဤခုံတန်းပေါ်တွင် အကြာကြီးထိုင်နေခဲ့သည်။

remote-control လေယာဉ်ဖြင့်ကောင်လေးနှင့် သူ့အဖေတို့မှာ အတန်ကြာကတည်းက ပြန်သွားကြလေပြီ။ ရွှီလျန် အသက်ပြင်းပြင်းတစ်ချက်ရှုလျက် ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်သည်။ သူမ ရှန့်ချန်ခုန်းကိုကြည့်၍

"ရှင့်အမေနေမကောင်းဖြစ်တာက ရှင့်အဖေနဲ့ဆက်စပ်နေတာလား"

ရှန့်ချန်ခုန်း ခေါင်းညိတ်၏။

"ကိုယ့်အဖေရဲ့သေဆုံးမှုက သူမကို အပြင်းအထန် ရိုက်ခတ်သွားခဲ့ပြီး သူမ မေ့လဲသွားတယ်၊ အရင်အချိန်က သူမက ကိုယ့်အဖေအလုပ်ကို မကျေမနပ်ပြောခဲ့ပေမဲ့ သူမက သူ့ကို တော်တော်လေးချစ်တယ်"

"အင်း...."

ရွှီလျန်သည် ယင်းက သူမအမေနှင့်တူကြောင်း နားလည်၏။ သူမက သူမအဖေကို အမြဲတစေ ညည်းညူပြောဆိုပြီး ကွာရှင်းဖို့ပြောနေသည့်တိုင် မားမားရွှီက ပါးပါးရွှီကို ဘာအတွက်ကြောင့်မှ ထားခဲ့မည်မဟုတ်ကြောင်း ထင်ရှားပါသည်။

ရှန့်ချန်ခုန်းသည် ရွှီလျန်ကိုကြည့်ရင်း သူ့အမေက သူ့အဖေအကြောင်း ညည်းညူခဲ့သည့်အချိန်များအား ပြန်စဉ်းစားမိသည်။ ရှန့်ချန်ခုန်း၏အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူ၏အသက်မွေးဝမ်းကျောင်းအတွက် သူ့အဖေ၏ဝါသနာကို နားလည်ပေမဲ့လည်း ရှန့်ချန်ခုန်း တိတ်တခိုး မြင်တွေ့ခဲ့ရသော သူ့အဖေအလုပ်ကြောင့် မျက်ရည်ကျခဲ့ရသော သူ့အမေကိုလည်း နားလည်ပါသည်။

သူတို့နှစ်ယောက်ချစ်မိသွားသောကြောင့် သူ့အမေခံစားခဲ့ရသောအရာများအား ရွှီလျန်ခံစားရလိမ့်မည်ဟူသော အတွေးက သူ့နှလုံးသားကို နာကျင်စေသည်။

ရှန့်ချန်ခုန်းသည် ရွှီလျန်လက်ကို ဖြည်းဖြည်းချင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားလျက် သူမကို မေး၏။

"ကိုယ် လေကြောင်းတက္ကသိုလ်ကို ဝင်ခွင့်ရပြီးသွားရင် ကိုယ်က အလုပ်များရင်များလာလိမ့်မယ်......."

ရွှီလျန် သူ့ကို စကားဖြတ်ပြောလိုက်သည်။

"ပြည်သူတွေ ကောင်းကောင်းမွန်မွန်နေထိုင်ပြီး သူတို့နိုင်ငံအတွက် အကျိုးပြုဖို့လိုအပ်တယ်လို့ ကျွန်မထင်တယ် ရှင်ရော အဲလိုမထင်ဘူးလား"

ရှန့်ချန်ခုန်း ခဏလောက် မှင်တက်သွားရင် သူမက သူ့စကားတွေကို နားလည်မှုလွဲနေမှန်း သဘောပေါက်သွားသည်။ ရှန့်ချန်ခုန်း ခေါင်းငုံ့ပြီးပြုံးလိုက်မိ၏။

"ကိုယ် ကျန်းမာရေးကိုဂရုစိုက်မယ် အချိန်မှန်စားပြီး ကိုယ်အချိန်ရတိုင်း လေ့ကျင့်ခန်းလုပ်မယ်"

"ရှင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေကိုလဲ ပုံမှန်လုပ်သင့်တယ်"

"အင်း ကိုယ် မင်းပြောတာကိုနားထောင်မယ်"

ရှန့်ချန်ခုန်း၏မျက်ဝန်းများမှာ သူမစကားကြောင့် နွေးထွေးသွားခဲ့သည်။ ခဏအကြာတွင် သူသည် မေးခွန်းတစ်ခုအား မမေးရသေးကြောင်း သတိရမိသည်။ သူ စကားပြောနေရင်း သူ့အသံမှာ တိမ်ဝင်သွားကာ

"အနာဂတ်မှာ ကိုယ် အလုပ်များနေမှာဖြစ်ပြီး မင်းနဲ့အတူတူရှိဖို့ အချိန်အများကြီး ရှိနေမှာမဟုတ်ဘူး... မင်း ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်လိမ့်မယ်၊ ပြီးတော့ ကိုယ့်အလုပ်က ရံဖန်ရံခါ လျှို့ဝှက်ထားရတက်တယ်။ ဒါကြောင့် ကိုယ့်ရဲ့နေ့ရက်တွေကို ဘယ်လိုကုန်ဆုံးခဲ့တယ်ဆိုတာ ကိုယ် မင်းကို ပြောပြနိုင်မှာမဟုတ်ဘူး"

ရွှီလျန်မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်ရာသေးသေးလေးရှိနေပြီး ခေတ္တမျှ သူမ ဘာစကားမှမဆိုနိုင်ပေ။ ရှန့်ချန်ခုန်းမှာ သူမမျက်နှာအမူအရာကိုမြင်သောအခါ စိုးရိမ်ထိတ်လန့်လာရသည်။ သူ၏အသက်မွေးဝမ်းကြောင်းအလုပ်က သူ့လက်တွဲဖော်အား လေးလံတဲ့အလေးချိန်ကို မလွဲမသွေ ခံနိုင်ရစေလိမ့်မယ်မှန်း သူသိပါသည်။ အကယ်၍များ သူမက ဆန္ဒမရှိခဲ့ဘူးဆိုလျှင်......

သူအလိုရှိသမျှအားလုံးမှာ သူမကို ပျော်ရွှင်စေရန်သာ...

အချိန်အတော်ကြာပြီးနောက် ရွှီလျန်သည် နောက်ဆုံးတွင် ခေါင်းမော့လာကာ ရှန့်ချန်ခုန်းမျက်ဝန်းတွေထဲ ကြည့်လိုက်သည်။

"သေသေချာချာတွေးကြည့်လိုက်တော့ ကျွန်မ စိတ်ဆိုးကောင်းစိတ်ဆိုးလိမ့်မယ် ဒါကြောင့် အဲဒီအချိန်ရောက်လာရင် ရှင်က ကျွန်မကို ကောင်းကောင်းချော့ရမယ်"

_________________________

စာရေးသူမှာပြောစရာရှိပါတယ် ;

တောင်းပန်ပါတယ် ဒီအပိုင်းကရေးဖို့တကယ်ခက်တယ် ငါအချိန်အများကြီးကုန်သွားတယ် ( ငိုလျက် ) .......

ဘာသာပြန်သူမှာပြောစရာရှိပါတယ် ; အဲဒါကြောင့် ဒီအပိုင်းကို မနေ့က Vday မှာမတင်ပေးတာ Vday မှာ ရိုရိုချိုချိုလေးပဲဖတ်သင့်တာ ဒီလိုဝမ်းနည်းစရာတွေမဖတ်သင့်ဘူး

*****

ယခင္တစ္ေခါက္က ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ႏွင့္အတူ ဤေလွကားမွ ဆင္းလာခဲ့ခ်ိန္တြင္ သူသည္ ႐ႊီလ်န္အား မေတာ္တဆ တိုက္မိမည္ကိုစိုးရိမ္ေသာေၾကာင့္ ေဘးဘက္သို႔က်ဳံ႕ကာ လက္ရန္းမ်ားကိုဆုပ္ကိုင္ထားခဲ့ရသည္။ ယခုအခ်ိန္တြင္ သူ သူမႏွင့္အတူ တူညီေသာေလွကားက်ဥ္းက်ဥ္းေလးကို ဆင္းေလွ်ာက္လာသည္ႏွင့္အမွ် ရွန့္ခ်န္ခုန္းသည္ ပို၍သက္ေသာင့္သက္သာရွိလာသည့္တိုင္ အနည္းငယ္ ခ်ဳပ္ထိန္းထားရေသးသည္။

သူက သူ႕ေဘးနားက ႐ႊီလ်န္ဘက္သို႔ လွည့္ၿပီး

"ေတာင္းပန္ပါတယ္ ကိုယ့္အေမက လူတိုင္းနဲ႕ဒီလိုမ်ိဳးပဲ မင္းစိတ္ထဲမထားဘူးလို႔ ကိုယ္ေမွ်ာ္လင့္ပါတယ္"

႐ႊီလ်န္ ေခါင္းယမ္းလ်က္

"အရင္တစ္ေခါက္ ကြၽန္မ ရွင့္အိမ္ကိုလာတုန္းက အန္တီကက်န္းမာေရးမေကာင္းဘူးဆိုတဲ့အေၾကာင္း ရွန့္ႏြမ္ကေျပာျပထားၿပီးသားပါ"

ထိုအခ်ိန္က ႐ႊီလ်န္သည္ တျခားသူတစ္ေယာက္၏နာမက်န္းျဖစ္ေနသည့္အေၾကာင္းအား ေမးျမန္းရန္မွာ ယဥ္ေက်းမႈမရွိဘူးဟု ထင္ေသာေၾကာင့္ သူမ မေမးခဲ့ေပ။ သို႔ေသာ္ ယခုတြင္ သူမႏွင့္ရွန့္ခ်န္ခုန္း၏ဆက္ဆံေရးမွာ ေျပာင္းလဲသြားၿပီျဖစ္ကာ သူမ မေမးျမန္းခဲ့လွ်င္ေတာင္ သူက သူမကို ေျပာျပရန္အတြက္ လက္ဦးမႈရယူေပလိမ့္မည္။

သူတို႔ အေဆာက္အဦးမွထြက္ခြါလာေသာအခါ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္အား မည္သည့္ေနရာသို႔ ေခၚေဆာင္သြားရမွန္း ေတြးေတာေန၏။ သူ၏ရပ္ကြက္ဝန္းက်င္မွာ အသင့္အတင့္လူေနမႈပတ္ဝန္းက်င္ကို အဆင္ေျပေခ်ာေမြ႕ေစရန္အတြက္ လိုအပ္သည့္အရာေတြရွိေသာ္လည္း ေလွ်ာက္လည္လို႔ရနိုင္မည့္ေနရာတစ္ခုအေၾကာင္း ေျပာရင္မည္ဆိုလွ်င္ျဖင့္....

ခဏၾကာၿပီးေနာက္ ရွန့္ခ်န္ခုန္း သူမကို ေမး၏။

"မင္းရဲ႕ကားကို ဘယ္ေနရာမွာရပ္ထားတာလဲ"

"ဟိုေနရာမွာ"

႐ႊီလ်န္က ဟင္းလင္းျပင္ကြင္းဘက္သို႔ လက္ညွိုးထိုးျပကာ ထိုအတိုင္းပဲ သူမကားမွာလည္း ၎ေနရာတြင္ ရပ္ထားသည္။

"မင္း တျခားေနရာတစ္ခုခုကို ကားေမာင္းသြားခ်င္လား ဒါမွမဟုတ္ ဒီေနရာမွာပဲ လမ္းပတ္ေလွ်ာက္ခ်င္လား"

႐ႊီလ်န္သည္ ဤရပ္ကြက္ထဲသို႔ ရံဖန္ရံခါမွ်သာ လာသည့္အတြက္ သိပ္ရင္းႏွီးမႈမရွိေပ။

"ကြၽန္မတို႔ လမ္းေလွ်ာက္လို႔ရနိုင္မဲ့တစ္ေနရာရာရွိလား"

"ေရွ႕နားေလးမွာ ပန္းၿခံအေသးေလးတစ္ၿခံရွိတယ္ ဒါေပမဲ့ အထဲမွာ အမ်ားႀကီးမရွိဘူး"

ရွန့္ခ်န္ခုန္း ျပန္ေျဖ၏။ ပန္းၿခံအတြင္း၌ သက္ႀကီး႐ြယ္အိုေတြ အမ်ားစုႏွင့္ ရံဖန္ရံခါ ကေလးငယ္ေတြ အသုံးျပဳၾကေသာ ရိုးရွင္းတဲ့အားကစားပစၥည္းအနည္းငယ္သာရွိသည္။

႐ႊီလ်န္ စိတ္ထဲမထားေပ ၊ ယေန႕ ရာသီဥတုမွာ သာယာေနၿပီး ပန္းၿခံထဲတြင္ ထိုင္စကားေျပာရင္း ေနပူဆာလုံျခင္းက အဆင္ေျပသည္။

"အဲဒီကိုသြားရေအာင္ ကြၽန္မ အေဝးႀကီးသြားရမွာ မႀကိဳက္သလိုပဲ"

ထို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္သည္ ပန္းၿခံရွိရာသို႔ ထြက္ခြာသြားၾကသည္။ လမ္းမွာ ေကာ္ဖီဆိုင္တစ္ဆိုင္အား ျဖတ္သြားသျဖင့္ သူတို႔ႏွစ္ေယာက္သည္ နို႔လက္ဖက္ရည္ႏွစ္ခြက္ဝယ္လိုက္သည္။

လမ္းတစ္ေလွ်ာက္ နို႔လက္ဖက္ရည္ေသာက္လာရင္း ပန္းၿခံေလးဘက္သို႔ ေရာက္ရွိလာခဲ့သည္။ ပန္းၿခံက တကယ့္ကို ေသးေသးပါပဲ ၊ ပန္းၿခံရဲ႕အဆုံးကိုေတာင္ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ ျမင္နိုင္ေပသည္။ သို႔ေပမဲ့ ပန္းၿခံထဲ၌ လူေတြအမ်ားႀကီးရွိေနဆဲပင္။ လင္းလက္ေတာက္ပေနေသာေနေရာင္ျခည္က လူတိုင္းကို ေႏြးေထြးေပ်ာ္႐ႊင္ေစသည္။

"ကြၽန္မတို႔ ထိုင္လို႔ရတဲ့ေနရာတစ္ေနရာရွိတယ္ သြားၾကရေအာင္"

႐ႊီလ်န္က အနီးရွိခုံတန္းရွည္အလြတ္တစ္ခုကို ၫႊန္ျပလ်က္ ရွန့္ခ်န္ခုန္းအား လိုက္လာရန္ လက္ယပ္ေခၚလိုက္သည္။ သူတို႔ နီးကပ္လာသည္ႏွင့္ ႐ႊီလ်န္သည္ ခုံတန္းရွည္ေဘးနား၌ ယုန္ပုံစံအျပင္အဆင္ေလးတစ္ခုကို သတိျပဳမိသည္။ အရမ္းခ်စ္စရာေကာင္းတာပဲ ၊ ႐ႊီလ်န္က ယုန္ေလးကို သေဘာက်ေန၏။ သူမ ထိုင္ခါနီးတြင္ ရွန့္ခ်န္ခုန္းက သူမအား တားဆီးလိုက္ေလသည္။

"ေနဦး အရင္ဆုံး ခုံကိုသုတ္လိုက္ဦးမယ္၊ မင္းက အျဖဴေရာင္ဝတ္ထားတာေလ မေပေစနဲ႕"

ရွန့္ခ်န္ခုန္း ခုံတန္းရွည္ကို သူ႕လက္ျဖင့္ သုတ္လိုက္ေပမဲ့ ဖုန္မရွိေၾကာင္း ေတြ႕လိုက္ရသည္။ ၾကည့္ရတာ ယခုေလးတင္ တစ္စုံတစ္ေယာက္က ခုံမွာထိုင္သြားခဲ့သည့္ပုံပင္...

"ဒါကိုသုံးလိုက္"

႐ႊီလ်န္ သူမအိတ္ထဲမွ တစ္ရႉးတစ္ထုပ္ကို စမ္းမိသြားခဲ့သည္။ သူမက ရွန့္ခ်န္ခုန္းလက္ကိုဆြဲယူ၍ သူ႕ကို သုတ္ေပးၿပီး ခုံတန္းရွည္ကိုဖုန္သုတ္ရန္ ကိုင္းၫႊတ္လိုက္၏။

"ရၿပီ အခု ရွင္ ထိုင္လို႔ရၿပီ"

ရွန့္ခ်န္ခုန္း၏မ်က္ႏွာမွာ ႐ႊီလ်န္က သူ႕လက္ကို သုတ္ေပးလိုက္သည့္အခ်ိန္၌ အနည္းငယ္ နီျမန္းသြားေလသည္။ သူ ႐ႊီလ်န္လက္ထဲက သုံးၿပီးသားတစ္ရႉးကိုယူ၍ လႊင့္ပစ္ရန္အတြက္ အနီးနားရွိအမွိုက္ပုံးသို႔ သြားလိုက္သည္။ သူ ျပန္လာခ်ိန္တြင္ ႐ႊီလ်န္က ခုံတန္းရွည္ေပၚတြင္ ထိုင္ေနႏွင့္ၿပီးျဖစ္ကာ နို႔လက္ဖက္ရည္အား သူမႏႈတ္ခမ္းျဖင့္ စုပ္ယူေန၏။ ရွန့္ခ်န္ခုန္းက သူမကို ၾကည့္ေနေၾကာင္း သတိျပဳမိသြားေသာအခါ သူမက ၿပဳံးျပလာသည္။

ရွန့္ခ်န္ခုန္း သူ႕နားေတြ နီျမန္းေနမွန္း ခံစားရသည္။ သူ ခုံတန္းရွည္နား ေလွ်ာက္သြားၿပီး ႐ႊီလ်န္ေဘးနားတြင္ ဝင္ထိုင္လိုက္သည္။ သူ ေခ်ာင္းဟန့္လ်က္

"အဟမ္း... မင္း ဒီေန႕ ဝတ္ထားတာ ထူးျခားေနတယ္"

"ဟုတ္တယ္ ကြၽန္မက လူႀကီးေတြနဲ႕သြားေတြ႕မွာေလ နည္းနည္းေကာင္းေကာင္းမြန္မြန္ေလးဝတ္သင့္တယ္လို႔ ထင္လို႔"

ရွန့္ခ်န္ခုန္း ေနာက္တစ္ဖန္ ေခ်ာင္းဟန့္ရင္း

"မင္းက ဘယ္လိုပုံစံမ်ိဳးပဲဝတ္ဝတ္ ၾကည့္ေကာင္းပါတယ္"

႐ႊီလ်န္ႏႈတ္ခမ္းေတြ ေကာ့တက္သြားသည္။ သူမ ရွန့္ခ်န္ခုန္းကို စေနာက္လို​ေသာ္လည္း ေကာင္ေလးတစ္ေယာက္က ရီမုတ္ျဖင့္ထိန္းခ်ဳပ္နိုင္ေသာေလယာဥ္ပ်ံတစ္ခုျဖင့္ ေျပးလာေၾကာင္း ျမင္မိသြားသည္။ ထိုေကာင္ေလးက သူ႕ေနာက္က အမ်ိဳးသားတစ္ေယာက္ကို ေပ်ာ္႐ႊင္စြာ ေအာ္ေျပာလိုက္၏။

"ေဖေဖ သားတို႔ ဒီေနရာမွာ ပ်ံလို႔ရလား"

"ရတာေပါ့"

အမ်ိဳးသားက ေကာင္ေလးဆီသို႔ ေရာက္လာၿပီး ၿပဳံးရင္းျဖင့္ ေကာင္ေလး၏ေခါင္းကို ပြတ္သပ္ေပးလိုက္သည္။

"ဘယ္လိုလုပ္ရမလဲဆိုတာသိလား"

ေကာင္ေလးက ေခါင္းညိတ္ျပ၏။

"အင္း! ေဖေဖ သားကိုသင္ေပးထားတာကို သားမွတ္မိတယ္"

ေကာင္ေလးက ျမက္ခင္းထဲ ေျပးသြားၿပီး ေလယာဥ္ကိုေနရာခ်ၿပီး သူ႕လက္ထဲရွိ remote control ျဖင့္ စတင္လႈပ္ရွားေတာ့သည္။ သူ႕အေဖမွာ သူ႕ေဘးနားတြင္ရပ္ေနကာ မၾကာမၾကာ သူ႕အား အႀကံဉာဏ္အခ်ိဳ႕ ေပးေနေလသည္။ မၾကာခင္မွာပင္ ေလယာဥ္ပန္ကာမွာ ပို၍ျမန္ျမန္လည္လာၿပီး ေလယာဥ္က ဒယိမ္းဒယိုင္ျဖင့္ ေျမျပင္မွ အေပၚတက္သြားေလသည္။

"ဝိုး ပ်ံေနၿပီ! ပ်ံေနၿပီ!"

ေကာင္ေလးက ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေအာ္ေျပာလာ၏။ သူ႕အေဖမွာ သူ႕အား အာ႐ုံစိုက္ထားၿပီး ေလယာဥ္ ေျမေပၚသို႔မက်ေစရန္ သတိေပးေနသည္။

သူ႕အေဖ၏အကူအညီျဖင့္ ေကာင္ေလးမွာ ေခ်ာေခ်ာေမြ႕ေမြ႕ ပ်ံသန္းနိုင္ေစရန္ ေလယာဥ္ကို ေသခ်ာထိန္းခ်ဳပ္နိုင္ခဲ့ၿပီျဖစ္သည္။ ေကာင္ေလးက သူ႕အေဖကို ၿပဳံးျပလာၿပီး

"ေဖေဖ သားႀကီးလာတဲ့အခါက်ရင္ ေလယာဥ္အစစ္ကိုေမာင္းခ်င္တယ္ ေဖေဖ့လိုမ်ိဳးေလ!"

ရွန့္ခ်န္ခုန္းက သားအဖစုံတြဲကိုၾကည့္ေနခဲ့သည္။ သူ႕မ်က္ေတာင္ေတြမွာ အနည္းငယ္ လႈပ္ခတ္သြားၿပီး ႐ုတ္တရက္ စိတ္ခံစားခ်က္မ်ား လွ်ံထြက္မလာေစရန္ သူ႕မ်က္လုံးေတြကိုမွိတ္ထားလိုက္ရသည္။

႐ႊီလ်န္ ေခါင္းငဲ့လ်က္ သူ႕ကို စိုက္ၾကည့္လိုက္သည္။ သူမက နို႔လက္ဖက္ရည္အကုန္ေသာက္ၿပီးၿပီျဖစ္သျဖင့္ သားအဖတစ္ေတြကို ၾကည့္ေနခဲ့သည္။

"ရွန့္ခ်န္ခုန္း ရွင့္အေဖကဘယ္မွာလဲ"

ခုံေပၚတင္ထားေသာရွန့္ခ်န္ခုန္းလက္မွာ တင္းတင္းဆုပ္ထားမိၿပီး တျဖည္းျဖည္း ေျဖေလ်ာ့သြားခဲ့သည္။ သူ႕ႏႈတ္ခမ္းေတြ တြန့္ေကြးလ်က္ ေကာင္းကင္ျပာေအာက္တြင္ ပ်ံသန္းေနေသာေလယာဥ္ကိုေမာ့ၾကည့္လိုက္သည္။

"ကိုယ့္အေဖက ေလယာဥ္ဒီဇိုင္းပညာရွင္တစ္ေယာက္၊ သူက ပစၥည္းအမ်ိဳးအစားအကုန္လုံးကိုသိတယ္ ကိုယ္ ငယ္ငယ္တုန္းက သူ႕ကိုအပူကပ္ၿပီး ေလယာဥ္နဲ႕ပတ္သတ္တဲ့ေမးခြန္းေထာင္ေပါင္းမ်ားစြာ ေမးရတာကိုႀကိဳက္ခဲ့တယ္"

"အင္း"

႐ႊီလ်န္ သူ႕ကို တုံ႕ျပန္မႈေရးေရးေလးေပးလိုက္၏။

"အရင္တစ္ေခါက္ မင္းလာတုန္းက ကိုယ့္စားပြဲေပၚက ေလယာဥ္ပုံစံငယ္ကို မင္းေတြ႕ခဲ့တယ္မလား၊ အဲဒါက ကိုယ့္အေဖဆီက ေမြးေန႕လက္ေဆာင္တစ္ခုပဲ။ အဲဒါကို သူကိုယ္တိုင္လုပ္ခဲ့တာ"

ေသခ်ာတာေပါ့ ႐ႊီလ်န္ ပုံစံငယ္ကို မွတ္မိတယ္ ၊ လက္ရာမွာ အႏုစိတ္ဆုံးေသာမဟုတ္သည့္တိုင္ ယင္းတြင္ ဖန္တီးသူ၏ျပင္းျပေသာအခ်စ္ေတြ ပါဝင္ေနသည္မွာ အထင္အရွားပဲ။

"ဒါေပမဲ့ ကိုယ္ အ႐ြယ္ေရာက္လာေတာ့ ကိုယ့္အေဖက သူ႕အလုပ္ေတြနဲ႕ ပိုၿပီးအလုပ္ရႈပ္လာခဲ့တယ္၊ တစ္ခါတစ္ေလ ကိုယ့္အေမက အဲဒီကိစၥနဲ႕ပတ္သတ္ၿပီး မေက်မနပ္ေျပာေလ့ရွိတယ္"

႐ႊီလ်န္ ယင္းအား နားလည္ပါ၏။

"ကြၽန္မအေမလဲ အဲဒီလိုမ်ိဳးပဲ ၊ ကြၽန္မအေဖက ေဆာက္လုပ္ေရးဆိုက္ထဲမွာ တစ္ႏွစ္ခြဲေလာက္ ေသာင္တင္ေနၿပီဆို သူမက မရပ္မနား ညည္းၫူေတာ့တာပဲ။ ဒါေပမဲ့ ေျပာၿပီးၿပီဆိုရင္လည္း သူမက အိတ္တစ္အိတ္ထုပ္ပိုးၿပီး ကြၽန္မအေဖဆီ လိုက္သြားေတာ့တာ"

ရွန့္ခ်န္ခုန္း သူမကို ၿပဳံးျပလိုက္သည္။

"ကိုယ့္အေမက အဲ့ေလာက္ထိအခ်ိန္ေပးဖို႔ မတက္နိုင္ခဲ့ဘူး၊ အိမ္မွာ ကိုယ္နဲ႕ကိုယ့္ညီမေလးရွိေနေသးတယ္ သူမက ကိုယ္တို႔ကို မထားခဲ့နိုင္ဘူး။ ၿပီးေတာ့ ကိုယ့္အေဖအလုပ္က မင္းအေဖရဲ႕အလုပ္နဲ႕ ပင္ကိုယ္အားျဖင့္ မတူညီဘူးေလ"

သူ ဆက္ေျပာ၏။

"ကိုယ့္အေဖက ေလယာဥ္ဝင္းအတြင္းမွာ အလုပ္လုပ္ရတာ ၿပီးေတာ့ ေလယာဥ္ထုတ္လုပ္မႈလုပ္ငန္းက မၾကာခဏ 611* အလုပ္စနစ္နဲ႕လုပ္ရတယ္၊ တစ္ခါတစ္ေလဆို 711* ျဖစ္သြားတာပဲ။ ညေနာက္က်တဲ့အထိ အလုပ္လုပ္တာက သူ႕အတြက္ေတာ့ သာမန္ျဖစ္ေနၿပီ။ သူက အၿမဲလိုလို ပင္ပန္းႏြမ္းနယ္ေနခဲ့တာ၊ အကယ္၍ ဒါသာ သာမန္အလုပ္တစ္ခုဆိုရင္ တျခားသူေတြ အလုပ္ထြက္သြားႏွင့္ၿပီဆိုတာ ကိုယ္ေသခ်ာတယ္ ဒါေပမဲ့ ေလယာဥ္ထုတ္လုပ္ေရးလုပ္ငန္းက အဲဒီလိုမ်ိဳးမဟုတ္ဘူး။ အဆုံးမွာေတာ့ တစ္စုံတစ္ေယာက္က သူတို႔အသက္ေမြးဝမ္းေက်ာင္းနဲ႕ပတ္သတ္ၿပီး ဘယ္ေလာက္ပဲ ေသြးပူၿပီးစိတ္အားထက္သန္ေနပါေစ အလုပ္အလြန္အကြၽံလုပ္ျခင္းက ခႏၶာကိုယ္အတြက္ ေလးလံတဲ့ဝန္ထုပ္ဝန္းပိုး ျဖစ္ေစတယ္"

( 611 - တစ္ပတ္ေျခာက္ရက္၊ တစ္ေန႕ဆယ့္တစ္နာရီ
   711 - တစ္ပတ္ခုနစ္ရက္၊ တစ္ေန႕ဆယ့္တစ္နာရီ )

႐ႊီလ်န္ မ်က္ေမွာင္ၾကဳတ္လိုက္ေပမဲ့လည္း ဘာမွမေျပာလာခဲ့ေပ။

"ကိုယ့္အေဖက တစ္ခါမွ ထုတ္မေျပာဖူးေပမဲ့ ကိုယ္သိပါတယ္ အရင္က ကိုယ္တို႔အိမ္တို႔ ခဏခဏ ညစာစားဖို႔ လာလည္တက္တဲ့ ကိုယ့္ဦးေလးေကာ္က ႐ုတ္တရက္ ႏွလုံးေသြးေၾကာပိတ္ၿပီး အလုပ္မွာ ေမ့လဲသြားခဲ့တယ္၊ ေနာက္ၿပီး ကိုယ့္ဦးေလးစြန္းကလဲ ႏွလုံးေဖာက္ၿပီး ျပန္မသက္သာလာေတာ့ဘူး။ ကိုယ္ သူေသဆုံးေၾကာင္းကို သတင္းစာထဲမွာ ဖတ္လိုက္ရတယ္၊ သူ႕အသက္က ေလးဆယ္ကေန ငါးဆယ္ပဲရွိေသးတာ"

ဟိုးအရင္အခ်ိန္တုန္းက ရွန့္ခ်န္ခုန္း၏အန္တီေတြႏွင့္ဦးေလးေတြက သူ႕ကို ေျပာခဲ့ဖူးသည္မွာ — 'အကယ္၍ လူတစ္ေယာက္က ေကာင္းကင္ကိုခ်စ္တယ္ဆိုရင္ေတာင္ ေလယာဥ္ထုတ္လုပ္ေရးနယ္ပယ္ကလူတစ္ေယာက္ဟာ အၿမဲတမ္း ေစာေစာစီးစီး ေသဆုံးလိမ့္မည္' တဲ့။

အလြန္ျပင္းထန္ေသာဤအလုပ္က မည္သည္ကို မလြဲမေသြေဆာင္ၾကဥ္းလာမည္မွန္း သူတို႔အားလုံး သိထားၿပီးသားျဖစ္သည္။ သို႔ေပမဲ့ ဤအရာအားလုံးျဖစ္ေနေစကာမူ သူတို႔ဟာ သူတို႔၏စိတ္ဆႏၵေနာက္ကိုလိုက္၍ သူတို႔အလုပ္ေတြကို ေခါင္းမာမာျဖင့္ ဆုပ္ကိုင္ထားၾကသည္။

႐ႊီလ်န္ သူမႏႈတ္ခမ္းကို ႀကိဳးစားဖြင့္ဟလိုက္ရသည္။

"ရွင့္အေဖ......."

"ကိုယ့္အေဖက သူ ဒီအတိုင္း အေအးမိတယ္လို႔ပဲ ထင္ထားခဲ့တာ၊ သူ႕ဘာသာသူပဲ ေဆးအခ်ိဳ႕ေသာက္တယ္ ဒါေပမဲ့ မသက္သာလာခဲ့ဘူး။ တစ္ညက်ေတာ့ သူ႕အေျခအေနက ႐ုတ္တရက္ ပိုဆိုးလာခဲ့တယ္ ကိုယ့္အေမက ခ်က္ခ်င္း သူ႕ကို ေဆး႐ုံပို႔လိုက္တယ္ ဒါေပမဲ့ အဆုံးမွာ သူ႕ကို မကယ္တင္နိုင္ခဲ့ဘူး"

ရွန့္ခ်န္ခုန္းမွာမူ ဖရိုဖရဲျဖစ္ေနေသာထိုေန႕ညအား အမွတ္ရေနဆဲျဖစ္သည္။ သူ ေက်ာင္းမွအိမ္သို႔ အေျပးအလႊားျပန္ေရာက္လာခ်ိန္တြင္ ဝမ္းနည္းပက္လက္ျဖစ္ေနေသာသူ႕အေမမွာ ဖုန္းေျပာရင္း ငိုေႂကြးေနသည္အား ျမင္ေတြ႕လိုက္ရသည္။ သူ႕မွာ ေနာက္ဆုံးအႀကိမ္အျဖစ္ သူ႕အေဖကိုေတာင္ မျမင္ခဲ့ရေပ။

ရွန့္ႏြမ္မွာ ထိုအခ်ိန္တုန္းက အလယ္တန္းတတိယႏွစ္သာရွိေနေသးသည့္အတြက္ ရွန့္ခ်န္ခုန္းက ယင္းသတင္းကို သူမအား မေျပာျပရဲခဲ့ေပ။ ေနာက္ပိုင္း ရွန့္ႏြမ္ စာေမးပြဲေျဖၿပီးသည့္အခ်ိန္မွသာ သူ သူမကိုေျပာျပခဲ့သည္။ ေမွ်ာ္လင့္ထားတဲ့အတိုင္း ရွန့္ႏြမ္က သူ႕ကို အခ်ိန္အေတာ္ၾကာ ေအာ္ဟစ္ေနခဲ့ၿပီး သူမအေဖ၏ဈာပနကို သူမလြတ္သြားေၾကာင္း သေဘာေပါက္သည့္အခ်ိန္တြင္ ငိုေႂကြးေလေတာ့သည္။

႐ႊီလ်န္ ရွန့္ခ်န္ခုန္း၏လက္ကိုဆြဲယူ၍ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားလိုက္သည္။ တျဖည္းျဖည္း သူမ၏အေႏြးဓာတ္ကို သူ၏ေအးစက္ေနေသာလက္ဆီသို႔ လႊဲေျပာင္းေပးေန၏။

ရွန့္ခ်န္ခုန္း သူ႕လက္ေခ်ာင္းေတြကိုေကြး၍ ႐ႊီလ်န္အား တင္းက်ပ္စြာ ျပန္ဆုပ္ကိုင္ထားသည္။ သူ႕အၾကည့္ေတြမွာ ေလယာဥ္ပုံစံငယ္ကို လိုက္ၾကည့္ေနရင္း ဆက္ေျပာလာ၏။

"ၿပီးခဲ့တဲ့ႏွစ္အတြင္း တ႐ုတ္နိုင္ငံမွာ တသီးတျခား တီထြင္ထုတ္လုပ္ခဲ့တဲ့ေလယာဥ္ေတြထဲကတစ္ခုကို ပထမဆုံး ေအာင္ေအာင္ျမင္ျမင္ ပ်ံသန္းနိုင္ခဲ့တယ္။ ဓာတ္ပုံေတြကိုထုတ္ေဝခဲ့ၿပီး အဓိကသတင္းစာေတြ၊ မဂၢဇင္းေတြနဲ႕ အြန္လိုင္းဖိုရမ္ေတြထဲက ေဆာင္းပါးေတြလည္း တ႐ုတ္ျပည္တြင္းမွာေရာ ျပည္ပမွာပါ ပ်ံ့ႏွံ႕သြားခဲ့တယ္၊ မေရတြက္နိုင္တဲ့လူေပါင္းမ်ားစြာက သတင္းကိုဖတ္ၿပီးသြားၾကၿပီးၿပီ"

သို႔ျဖစ္ေစကာမူ ေလယာဥ္ကို ေကာင္းကင္သို႔လႊတ္တင္နိုင္ရန္ မေရမတြက္နိုင္ေသာေလေၾကာင္းအမႈထမ္းမ်ား ေတြ႕ႀကဳံခဲ့ရေသာ စိတ္ကူးမယဥ္ၾကည့္နိုင္ေသာခက္ခဲမႈႏွင့္ မဆုတ္မနစ္ႀကိဳးစားမႈမ်ားကိုေတာ့.....လူေတြမသိၾကမွာ ဧကန္မ​လြဲပင္။

ေလညင္းတစ္ခ်က္တိုက္ခတ္လာၿပီး ေနေရာင္ျခည္ႏွင့္ျမက္ပင္၏ရနံ႕ကို သယ္ေဆာင္လာေလသည္။ ႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းတို႔သည္ ဤခုံတန္းေပၚတြင္ အၾကာႀကီးထိုင္ေနခဲ့သည္။

remote-control ေလယာဥ္ျဖင့္ေကာင္ေလးႏွင့္ သူ႕အေဖတို႔မွာ အတန္ၾကာကတည္းက ျပန္သြားၾကေလၿပီ။ ႐ႊီလ်န္ အသက္ျပင္းျပင္းတစ္ခ်က္ရႈလ်က္ ျဖည္းျဖည္းခ်င္း မႈတ္ထုတ္လိုက္သည္။ သူမ ရွန့္ခ်န္ခုန္းကိုၾကည့္၍

"ရွင့္အေမေနမေကာင္းျဖစ္တာက ရွင့္အေဖနဲ႕ဆက္စပ္ေနတာလား"

ရွန့္ခ်န္ခုန္း ေခါင္းညိတ္၏။

"ကိုယ့္အေဖရဲ႕ေသဆုံးမႈက သူမကို အျပင္းအထန္ ရိုက္ခတ္သြားခဲ့ၿပီး သူမ ေမ့လဲသြားတယ္၊ အရင္အခ်ိန္က သူမက ကိုယ့္အေဖအလုပ္ကို မေက်မနပ္ေျပာခဲ့ေပမဲ့ သူမက သူ႕ကို ေတာ္ေတာ္ေလးခ်စ္တယ္"

"အင္း...."

႐ႊီလ်န္သည္ ယင္းက သူမအေမႏွင့္တူေၾကာင္း နားလည္၏။ သူမက သူမအေဖကို အၿမဲတေစ ညည္းၫူေျပာဆိုၿပီး ကြာရွင္းဖို႔ေျပာေနသည့္တိုင္ မားမား႐ႊီက ပါးပါး႐ႊီကို ဘာအတြက္ေၾကာင့္မွ ထားခဲ့မည္မဟုတ္ေၾကာင္း ထင္ရွားပါသည္။

ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ကိုၾကည့္ရင္း သူ႕အေမက သူ႕အေဖအေၾကာင္း ညည္းၫူခဲ့သည့္အခ်ိန္မ်ားအား ျပန္စဥ္းစားမိသည္။ ရွန့္ခ်န္ခုန္း၏အၿပဳံးမ်ား တျဖည္းျဖည္း ေပ်ာက္ကြယ္သြား၏။ သူ၏အသက္ေမြးဝမ္းေက်ာင္းအတြက္ သူ႕အေဖ၏ဝါသနာကို နားလည္ေပမဲ့လည္း ရွန့္ခ်န္ခုန္း တိတ္တခိုး ျမင္ေတြ႕ခဲ့ရေသာ သူ႕အေဖအလုပ္ေၾကာင့္ မ်က္ရည္က်ခဲ့ရေသာ သူ႕အေမကိုလည္း နားလည္ပါသည္။

သူတို႔ႏွစ္ေယာက္ခ်စ္မိသြားေသာေၾကာင့္ သူ႕အေမခံစားခဲ့ရေသာအရာမ်ားအား ႐ႊီလ်န္ခံစားရလိမ့္မည္ဟူေသာ အေတြးက သူ႕ႏွလုံးသားကို နာက်င္ေစသည္။

ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္လက္ကို ျဖည္းျဖည္းခ်င္း တင္းက်ပ္စြာ ဆုပ္ကိုင္ထားလ်က္ သူမကို ေမး၏။

"ကိုယ္ ေလေၾကာင္းတကၠသိုလ္ကို ဝင္ခြင့္ရၿပီးသြားရင္ ကိုယ္က အလုပ္မ်ားရင္မ်ားလာလိမ့္မယ္......."

႐ႊီလ်န္ သူ႕ကို စကားျဖတ္ေျပာလိုက္သည္။

"ျပည္သူေတြ ေကာင္းေကာင္းမြန္မြန္ေနထိုင္ၿပီး သူတို႔နိုင္ငံအတြက္ အက်ိဳးျပဳဖို႔လိုအပ္တယ္လို႔ ကြၽန္မထင္တယ္ ရွင္ေရာ အဲလိုမထင္ဘူးလား"

ရွန့္ခ်န္ခုန္း ခဏေလာက္ မွင္တက္သြားရင္ သူမက သူ႕စကားေတြကို နားလည္မႈလြဲေနမွန္း သေဘာေပါက္သြားသည္။ ရွန့္ခ်န္ခုန္း ေခါင္းငုံ႕ၿပီးၿပဳံးလိုက္မိ၏။

"ကိုယ္ က်န္းမာေရးကိုဂ႐ုစိုက္မယ္ အခ်ိန္မွန္စားၿပီး ကိုယ္အခ်ိန္ရတိုင္း ေလ့က်င့္ခန္းလုပ္မယ္"

"ရွင္ ႐ုပ္ပိုင္းဆိုင္ရာစစ္ေဆးမႈေတြကိုလဲ ပုံမွန္လုပ္သင့္တယ္"

"အင္း ကိုယ္ မင္းေျပာတာကိုနားေထာင္မယ္"

ရွန့္ခ်န္ခုန္း၏မ်က္ဝန္းမ်ားမွာ သူမစကားေၾကာင့္ ေႏြးေထြးသြားခဲ့သည္။ ခဏအၾကာတြင္ သူသည္ ေမးခြန္းတစ္ခုအား မေမးရေသးေၾကာင္း သတိရမိသည္။ သူ စကားေျပာေနရင္း သူ႕အသံမွာ တိမ္ဝင္သြားကာ

"အနာဂတ္မွာ ကိုယ္ အလုပ္မ်ားေနမွာျဖစ္ၿပီး မင္းနဲ႕အတူတူရွိဖို႔ အခ်ိန္အမ်ားႀကီး ရွိေနမွာမဟုတ္ဘူး... မင္း ကိုယ့္ကို စိတ္အေႏွာက္အယွက္ျဖစ္လိမ့္မယ္၊ ၿပီးေတာ့ ကိုယ့္အလုပ္က ရံဖန္ရံခါ လွ်ို႔ဝွက္ထားရတက္တယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ေန႕ရက္ေတြကို ဘယ္လိုကုန္ဆုံးခဲ့တယ္ဆိုတာ ကိုယ္ မင္းကို ေျပာျပနိုင္မွာမဟုတ္ဘူး"

႐ႊီလ်န္မ်က္ႏွာေပၚတြင္ မ်က္ေမွာင္ၾကဳတ္ရာေသးေသးေလးရွိေနၿပီး ေခတၱမွ် သူမ ဘာစကားမွမဆိုနိုင္ေပ။ ရွန့္ခ်န္ခုန္းမွာ သူမမ်က္ႏွာအမူအရာကိုျမင္ေသာအခါ စိုးရိမ္ထိတ္လန့္လာရသည္။ သူ၏အသက္ေမြးဝမ္းေၾကာင္းအလုပ္က သူ႕လက္တြဲေဖာ္အား ေလးလံတဲ့အေလးခ်ိန္ကို မလြဲမေသြ ခံနိုင္ရေစလိမ့္မယ္မွန္း သူသိပါသည္။ အကယ္၍မ်ား သူမက ဆႏၵမရွိခဲ့ဘူးဆိုလွ်င္......

သူအလိုရွိသမွ်အားလုံးမွာ သူမကို ေပ်ာ္႐ႊင္ေစရန္သာ...

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ႐ႊီလ်န္သည္ ေနာက္ဆုံးတြင္ ေခါင္းေမာ့လာကာ ရွန့္ခ်န္ခုန္းမ်က္ဝန္းေတြထဲ ၾကည့္လိုက္သည္။

"ေသေသခ်ာခ်ာေတြးၾကည့္လိုက္ေတာ့ ကြၽန္မ စိတ္ဆိုးေကာင္းစိတ္ဆိုးလိမ့္မယ္ ဒါေၾကာင့္ အဲဒီအခ်ိန္ေရာက္လာရင္ ရွင္က ကြၽန္မကို ေကာင္းေကာင္းေခ်ာ့ရမယ္"

_________________________

စာေရးသူမွာေျပာစရာရွိပါတယ္ ;

ေတာင္းပန္ပါတယ္ ဒီအပိုင္းကေရးဖို႔တကယ္ခက္တယ္ ငါအခ်ိန္အမ်ားႀကီးကုန္သြားတယ္ ( ငိုလ်က္ ) .......

ဘာသာျပန္သူမွာေျပာစရာရွိပါတယ္ ; အဲဒါေၾကာင့္ ဒီအပိုင္းကို မေန႕က Vday မွာမတင္ေပးတာ Vday မွာ ရိုရိုခ်ိဳခ်ိဳေလးပဲဖတ္သင့္တာ ဒီလိုဝမ္းနည္းစရာေတြမဖတ္သင့္ဘူး

*****

Continue Reading

You'll Also Like

7.9K 691 15
ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်...
26K 3.4K 37
ကျင့်ယိခန် × လုံချီ "ကျွန်​တော် သူ့အတွက် ​သေ​ပေးလိုက်ဖို့ ဆန္ဒရှိသလို သူ့အတွက်နဲ့ပဲ အသက် ၉၈ နှစ်ထိ အသက်ရှင်သွား​ပေးဖို့လည်း ဆန္ဒရှိတယ်"
55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
8.5M 242K 33
Highest Ranking: #1 WTF!!!OMG!!!Thank you so much 💕!!! "I've had enough!! I want a divorce!!" you furiously said, Jungkook rolled his eyes and...