Kyu သူနဲ့တွဲတာ ၄နှစ်။ Kyu ဘက်ကပဲစဖွင့်ပြောခဲ့တာဖြစ်ပြီး သူက ဒီအတိုင်းလက်ခံခဲ့တာ။ Kyu ဘက်ကချစ်ပေးပြီးနောက်ပိုင်း အဆင်ပြေမယ်လို့တွေးခဲ့ပေမယ့်....
"သူ့အတွက်အစားထိုးဖို့သက်သက်ပဲ''
Kyu ပါးပြင်ပေါ်ကျရောက်နေတဲ့မျက်ရည်တွေကိုဆွဲသုတ်ပြစ်လိုက်သည်။
ဒါနောက်ဆုံးမင်းအတွက်မျက်ရည်ဖြစ်ရင်သိပ်ကောင်းမှာ။
"ကျွီ''
Kyu ပွင့်လာသော တံခါးကိုကြည့်လိုက်ပေမယ့် ဝင်လာတဲ့သူကတော့ဂရုမစိုက်။ အဲ့အစား
ရေချိုးခန်းထဲဝင်ဖို့ပြင်၏။
"Yoshi! "
Kyu ခေါ်လိုက်မှ Yoshi ခြေလှမ်းတွေရပ်တန့်သွားသည်။
"မင်းငိုထားတာလား ''
နီစပ်စပ်ဖြစ်နေတဲ့ဖြစ်လုံးတွေကိုကြည့်ပြီး Yoshi ပြောလိုက်တာဖြစ်သည်။ ထိုအခါ Kyu အောက်နှုတ်ခမ်းကိုအတင်းဖိကိုက်ရင်း အကြည့်လွှဲထားလိုက်ရသည်။ ငိုချင်နေတဲ့အချိန် အဲ့လိုမေးခံရရင် ပိုငိုချင်တယ်ဆိုတာ သဘာဝလို့ထင်ပါတယ်
Kyu ဘက်ကဘာမှပြောမလာမှ Yoshi ဆက်မမေးတော့ဘဲ Bathroomထဲသို့ဝင်ခဲ့သည်။
********
Yoshi ရေချိုးရင်း တွေးမိတာက
Junkyu အပေါ်မတရားရာများကျသလား။ Yoshi အတွက်တော့ Junkyu ကနားလည်ပေးနိုင်ဆုံးလက်တွဲဖော်တစ်ယောက်။ ဒါပေမယ့် နားလည်ပေးလို့မရတဲ့ထိ မတရားနေတာလား။
Yoshi ဆက်မစဥ်းစားတော့ဘဲ အပြင်ထွက်လာလိုက်တော့ Hoodi ထဲ မြုပ်နေတဲ့ ကုတင်ပေါ်ကကောင်လေးက ပေါင်ပေါ် Laptop တင်ပြီး Drama ကြည့်ပြီး ငိုနေပြန်ပြီ။
Yoshi စိတ်ထဲအနည်းငယ်တော့ရှင်းသွားရသည်။ ဒီတိုင်းငိုတာမဟုတ်ဘဲ Drama ကြည့်ပြီးငိုတာလို့ပဲ ကောက်ချက်ချလိုက်၏။
Kyu Drama ကြည့်နေပေမယ့်လုံးဝစိတ်မပါနေ။ အမှန်အတိုင်းပြောရရင် ငိုရမယ့်အကြောင်း ပြချက်ရှာရုံပဲ။
ထိုစဥ် Yoshi က ဘေးတစ်ဖက်လာလှဲတာကြောင့် Kyu မျက်ရည်တွေသုတ်ပြီး
"အိပ်တော့မလို့လား''
"အင်း ဒီနေ့တော်တော်ပင်ပန်းတယ် ''
"ဒါပေမယ့် မင်းအိပ်လို့မဖြစ်ဘူး Yoshi မင်းခေါင်း ရေတွေမခြောက်သေးဘူး ''
Yoshi ထထိုင်လိုက်ပြီး
"ငါ့ကိုသုတ်ပေးမလား''
". ....''
Kyu ခေါင်းသာငြိမ့်ပြလိုက်တော့ အပြုံးသေးသေးလေးကိုမြင်ဖြစ်အောင်မြင်လိုက်ရပါသေးသည်။ ဒါပေမယ့်လေ Yoshi က Kyu အခုလိုတွေလိုက်ပြောနေတာ ဆရာဝန်တစ်ယောက် ဖြစ်ခဲ့လို့ပဲထင်နေတာ! Hk သူအခုထိ Kyu ကိုချစ်ရတဲ့သူအဖြစ်မမြင်နိုင်သေးဘူး
Kyu Yoshi ခေါင်းကိုဖွလျက် Dryer မှုတ်ပေးနေခဲ့စဥ် ရုတ်တရက် ရပ်တန်းသွားရသည်က Kyu လက်ကိုရုတ်တရက်လာဆွဲတဲ့ Yoshi ကြောင့်ဖြစ်မည်။
"ဘာဖြစ်လို့လဲ.....''
"တောင်းပန်ပါတယ် Junkyu ''
Yoshi ဘာကြောင့်တောင်းပန်တာလဲမပြောသလို Kyu လည်းမမေးခဲ့။ အဲ့အစား 'အင်း' တစ်လုံးသာပြန်ဖြေခဲ့တော့သည်။
"အင်း''
အတော်ကြာတဲ့ထိ တိတ်ဆိတ်လျက်။ပြီးမှ
"ငါအိပ်တော့မယ်လေ ''
ပြောပြီး ကုတင်ပေါ်ထသွားတာကြောင့် Kyu လည်း ခေါင်းသာငြိမ့်ပြလိုက်ရသည်။
**************
"ဒို....ဒိုယောင်း! ...''
Kyu မျက်လုံးဖျတ်ခနဲပွင့်လာခဲ့သည်။ထို့နောက် ဘေးကမီးအိမ်ကလေး လှမ်းဖွင့်လိုက်၏။
"ဒို..ကျေးဇူးပြုပြီး ကိုကို ကိုထားမသွားပါနဲ့ ကိုကိုတောင်းပန်တာမလို့ ကိုကို ကိုထားမသွားပါနဲ့ ''
ဘေးတဖက်က ယောင်ယမ်းအော်နေတဲ့သူက မျက်ရည်တွေနဲ့ ရောထွေးလျက်။
"ကိုကို ခွင့်လွှတ်တာမလို့.... ''
"Yoshi!....Yoshi!! "
Kyu ထပ်ပြီးနားထောင်နိုင်စွမ်းမရှိတော့ပြီမလို့ Yoshi ကိုလှူပ်နှိုးလိုက်မိသည်။ ၄ နှစ်လုံးလုံး အတူနေခဲ့ရတာ ဒီအဖြစ်ပျက်တွေက အထူးဆန်းဟုတ်မနေတော့ပေမယ့် Kyu တကယ်ခံနိုင်ရည်မရှိတော့ဘူး။ Yoshi က မရှိတော့တဲ့သူကိုသာ ချစ်ကြောင်းပြတာ။ Couple things တွေသိမ်းထားတတ်တာမျိုး။
Kyu ကိုတော့ တစ်ခါမှ ချစ်ကြောင်းမပြ။
"Yoshi!...''
"အင်း ဘာဖြစ်လို့လဲ Junkyu''
Kyu ကဘာမှပြန်မဖြေ တာကြောင့် Yoshi ရင်ထဲဒိန်းခနဲ။
"အိမ်မက်ဆိုးမက်လို့လား ဒါမှမဟုတ်ကြောက်စရာတစ်ခုခုရှိလို့လား ''
Kyu ခေါင်းတဆတ်ဆတ်ယမ်းရင်းသာ ငိုမိတော့သည်။ Kyu ဘယ်လိုစပြောရပါ့မလဲလေ။ ပြောရင်လည်း ခံစားရတဲ့သူက Kyu ပဲ ဖြစ်မှာ
"ဟင့်!...''
ရုတ်တရက် ငိုချလာတဲ့သူကြောင့် Yoshi Kyu ကျောပြင်တွေကိုသာသပ်ပေးနေလိုက်၏။
"အဆင်ပြေမှာပါ..Junkyu အခုအဆင်ပြေသွားပြီ ''
Kyu အတော်ကြာတဲ့ထိရှိုက်ငိုခဲ့ ပြီးမှ မျက်ရည်တွေဆက်မကျအောင်သုတ်ပြီးထိန်းလိုက်၏။
"ဘာဖြစ်လို့လဲ ငါ့ကို ပြော ''
Yoshi စိုးရိမ်တကြီးမေးလာမှ Kyu Yoshi ကိုလှည့်ကြည့်လိုက်မိသည်။
"မင်းငါ့ကိုချစ်ခဲ့လား ..မဟုတ်ဘူး ငါ့ကိုချစ်ရဲ့လား Yoshi ''
Yoshi ခဏဆိတ်ဆိတ်လျက်တန်းပြီးအဖြေမပေးနိုင်။
"ဘာဖြစ်လို့လဲ JunKyu ရုတ်တရက်... ''
Kyu ခေါင်းတစက်စက်ယမ်းရင်း
"ငါမေးတာပဲဖြေပေးပါ ကျေးဇူးပြုပြီး''
"Junkyu...''
"အင်း ငါနားလည်ပြီမလို့ ငါတို့ ဒီလောက်နဲ့ပဲတော်လိုက်ရအောင် ''
Yoshi နားမလည်စွာ Kyu ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"မဟုတ်သေးဘူး အခုငါတို့အဆင်ပြေနေတာပဲမဟုတ်ဘူးလား ''
"ရန်ဖြစ်စကားမများမှုမရှိရုံလောက်နဲ့ ငါတို့အဆင်ပြေပြီလို့ထင်နေတာလား ဒါဆိုငါတို့ဆက်ဆံရေးကဘာလဲ သူငယ်ချင်းလား ဒီတိုင်းအသိမိတ်ဆွေတာလား ဟက်! ၄နှစ်လုံးလုံး ငါမင်းဆီက မရမယ့်အရာတစ်ခုကိုမျှော်လင့်နေခဲ့မိတာ အခုတော့ ငါ့အတွက်လုံလောက်ပြီလို့ထင်ပါတယ်...''
"ကျစ်!...''
"ငါတို့ ဒီလောက်နဲ့ပဲအဆုံးသတ်ရအောင်''
Yoshi မျက်မှောင်ကြုတ်လျက် ပြောလိုက်တဲ့စကားက
"အဲ့လိုဆိုမင်းပျော်မှာလား''
"ဒီလိုဆက်သွားနေလို့ရော ေပျာ်တယ်လို့မထင်နေတာလား ''
"မဟုတ်သေးဘူးလေ Kyu ရာ..''
"အချစ်က လုပ်ယူလို့ရတဲ့အရာမဟုတ်ဘူးဆိုတာသိပေမယ့် ငါ...ဟင့်...ငါမျှော်လင့်နေမိခဲ့တာ....''
Kyu ဆက်မပြောနိုင် ခေါင်းငုံ့လျက်သာ ငိုချမိတော့သည်။
"ငါမင်းကိုချစ်လားမချစ်လားသေချာမပြောနိုင်ပေမယ့် အဆုံးရှုံးမခံနိုင်ဘူး Junkyu မင်းမရှိရင် ငါ့ဘဝက စုတ်ပြတ်သွားမှာ... ''
"ငါက အစားထိုးခံသက်သက်လား ''
"ကျစ် ဘာလို့အဲ့လိုတွေးရတာလဲကွာ... ကိုယ့်ဘဝအတွက်ရည်ရွယ်ပြီး ရွေးချယ်ခဲ့တဲ့သူပါ ''
''တော်ပါတော့ ထပ်ပြီးတော့ငါ့ကို မျှော်လင့်ချက်တွေမပေးပါနဲ့''
Yoshi သက်ပြင်းချရင်းသာ Kyu ကိုတင်းတင်းကြပ်ကြပ်ဖက်ထားလောက်တော့ Kyu က ရုန်းသေးသည်။ အတော်ကြာမှမရုန်းတော့တာက Yoshi အားကိုမနိုင်လို့ဖြစ်မည်။
''Junkyu မင်းပြောပါ! ငါမင်းမကြိုက်တာလုပ်မိလား? ငါအပြစ်တစ်ခုလုပ်မိလား ''
Kyu ငိုရုံသာတတ်နိုင်သည်။ Kyu ဆီမှာ ရှိနေလျက်နဲ့စိတ်က တခြားသူဆီရောက်နေတာက ရောအပြစ်ပဲမလား။
''.....''
''Junkyu! ''
''မင်း Doyoung ကိုမမေ့နိုင်ဘူးမလား''
ရင်ခွင်ထဲကပြောလာတဲ့သူကြောင့်ဘYoshi Kyu ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လျက် မျက်နှာချင်းဆိုင်အနေထားပြောင်းလိုက်၏။
''ဘာလို့အဲ့လိုထင်ရတာလဲ Doyoung မရှိတော့တာ ၄နှစ်တောင်ကျော်ပြီပဲ ''
''ဒါပေမယ့် မင်းသူနဲ့ပတ်သတ်ပြီးအမှတ်တရတွေသိမ်းထားတုန်းပဲ ''
Yoshi ခေါင်းအကြိမ်ကြိမ်ရမ်းရင်း။
''ငါမညာချင်ဘူး Junkyu ငါ Doyoung ကိုချစ်ခဲ့ပါတယ် သူကပထမဆုံးငါ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့သူပဲအရာရာကို.....''
Kyu နားထောင်နိုင်စွမ်းမရှိ။ လက်နှစ်ဖက်နဲ့နားကိုတင်းနေအောင်ပိတ်ရင်းသာ
''တော်ပါတော့ Yoshi တော်ပါတော့!''
''မဟုတ်ဘူး ငါဆက်ပြောရလိမ့်မယ် Doyoung က အတိတ်ကငါအချစ်ရဆုံးသူတစ်ယောက်ဖြစ်ခဲ့ရင်တောင် ငါအခုမင်းကိုလိုအပ်တယ် Junkyu မင်းတစ်ယောက်ထဲကိုပဲ လိုအပ်တယ်''
''ဟင့်အင်း!''
''မင်းမကြိုက်ရင် သူနဲ့ပတ်သတ်တဲ့ပစ္စည်းတွေငါအကုန်ပစ်လိုက်ပါ့မယ်''
''....''
Kyu တိတ်ဆိတ်လျက်Yoshi ကိုစိုက်ကြည့်လိုက်မိသည်။
''တကယ်လုပ်နိုင်လို့လား''
''အင်း! ''
Yoshi ခေါင်းသာငြိမ့်ပြလျက်။ အမှန်တိုင်းပြောရရင် တော့ နည်းနည်းတော့ တွေဝေမိသည်။ ဒါပေမယ့် Kyu မရှိလို့မှမဖြစ်တာ။ ဟင့်အင်းသူထွက်သွားရင် Yoshi ကောင်းကောင်းရှင်သန်လို့ရမှာမဟုတ်ဘူး
*******************
'Xxx မူကြိုကျောင်း'
အေးတိအေးစက် ၄နှစ်အရွယ် ကောင်လေးတစ်ယောက် ခုံတစ်ခုမှာထိုင်ပြီးပန်းချီဆွဲနေတာဖြစ်သည်။ သူ့ရှေ့မှာပြေးလွှားနေတဲ့ ကလေးတွေကိုလည်းဂရုမစိုက်။
ထိုစဥ် သူ့လက်ထဲက ပန်းချီဆွဲစာရွက်ကိုဆွဲယူလိုက်တဲ့လက်တစ်စုံ။
''ဟင်!''
ပြန်ယူဖို့လုပ်လိုက်ပေမယ့် တစ်ဖက်ကောင်လေးက ပိုက်သကြားလုံးကို ပါးစပ်ထဲထည့်ထားလျက် လက်ကိုနောက်သို့ပို့လိုက်၏။
''ရားး မင်းကဘာလို့ဒီမှာတစ်ယောက်ထဲပုံဆွဲနေရတာလဲ''
ပြန်မဖြေဘဲ နောက်ကစာရွက်ကိုသာလုဖို့လုပ်လိုက်ပေမယ့် လုမရ။
''ငါ့စာရွက်ပြန်ပေး!''
''အောဟော! ငါမေးတာအရင်ဖြေလေ သေချင်နေတာလား မင်း''
ထိုအခါမှထွက်ပေါ်လာတဲ့အသံသေးသေးလေးက
''ငါ...သူများတွေနဲ့မကစားချင်ဘူး''
''ဟုတ်လား? ဒါဆို ငါနဲ့ကစားမလား''
ပြောရင်းလက်တစ်ဖက်ထုတ်ပေးလာပေမယ့် ဂရုမစိုက်နေ။ နောက်ကစာရွက်ကိုသာအာရုံရှိ၏။
''ငါ့စာရွက်ပြန်ပေးပါ ငါဆွဲနေတာမပြီးသေးဘူး''
''hk ''
တဖက်ကောင်လေးက ပုံဆွဲထားတဲ့စာရွက်ကိုကြည့်လိုက်ပြီး
''ဘာလဲ? လူနှစ်ယောက်ပုံဆွဲထားတာလားမင်းက ဘယ်သူတွေလဲ? ''
ပြောပြီးစာရွက်အောက်နားက နမည်ကိုအသံထွက်ဖတ်လိုက်၏။
''KimDoyoung? မင်းနမည်လား''
''omm ငါ့စာရွက်ပြန်ပေးပါ''
Doyoung ကလုဖို့လုပ်ပေမယ့်လည်း အလုမခံ လက်ကိုသာအပေါ်မြှောက်ထားလိုက်ပြီး။
''ဒီပုံထဲက လူကြီးနှစ်ယောက်ကဘယ်သူလဲ ငါမေးတာဖြေရင်ပေးမယ်''
''မသိဘူး ငါစိတ်ထဲပေါ်လာလို့''
တကယ်လည်း မသိ။ ဒီတိုင်းတခြားကလေးတွေဆော့နေတာငေးရင်း စိတ်ထဲပေါ်လာတဲ့ပုံကိုဆွဲလိုက်မိတာဖြစ်သည်။ ဒါကိုတဖက်ကောင်လေးက
''.....''
ရုတ်တရက် ဒိုယောင်းဆွဲထားတဲ့ ပုံကိုအလယ်ကနေဖြဲလိုက်တာဖြစ်သည်။
''မင်း ဘာလို့ကတိမတည်တာလဲ? ဘာလို့ငါစာရွက်ကိုဖြဲတာလဲ''
''ငါမကြိုက်လို့''
စာရွက်တွေကိုမြေပြင်ပေါ်ပစ်ချလိုက်၏။ Doyoung ခဗျာ မျက်ရည်ဝဲတဲတဲ ဖြင့် မြေပြင်ကစာရွက်အပြဲတွေကိုကြည့်ရင်းသာ
''...''
''ငါသွားတော့မယ် KimDoyoung အဲ့လိုပုံတွေလျှောက်မဆွဲနဲ့ ''
ပြောပြီးထွက်သွားတဲ့သူက မလှမ်းမကမ်းရောက်တော့ သူ့နမည်ကိုအော်ပြောသွားသေးသည်။
''ParkJihoon... ငါ့နမည်ပဲ နောက်နေ့မှထပ်တွေ့မယ်''
(AN-baby Doyoung လေးဆွဲထားတဲ့ပုံက အတိတ်ဘဝက Yoshi နဲ့ Doyoung ပုံသာဖြစ်သည်။)
< End >
S-2 ?🤡