Unicode
"ဒုတိယသခင်လေး ဒုတိယသခင်လေး"
ကျိုးချီလန် ခြံဝန်းထဲမှနေ အိမ်တော်ထဲသို့ဝင်လာတဲ့အခါ အစေခံတစ်ဦးဟာ သူ့ဆီသို့လောလောဖြင့်ရောက်လာသည်။
ကပိုကရိုဖြင့် အလောသုံးဆယ်ပုံနဲ့အစေခံကြောင့် ကျိုးချီလန် ဘဝင်မကျစွာမျက်မှောင်ကိုကျုံ့မိသည်။
"ဘာလဲ?"
"ဟုတ် ဟုတ်ကဲ့..ဒု ဒုတိယသခင်လေးကို သခင်ကြီးကခေါ်ခိုင်းလိုက်ပါတယ်ရှင်"ဟု အစေခံမိန်းကလေးဟာ တုန်ရီနေသည့်အသံဖြင့်ဆိုလာသည်။ အရင်ကျိုးချီလန်က အလွန်ဆိုးသွမ်းကာ အိမ်တော်ကအစေခံတွေအပေါ်လည်းစည်းကမ်းတင်းကြပ်ပြီး တစ်ခုခုဆိုတာနဲ့ဆူပူလေ့ရှိတာကြောင့် အစေခံတွေက ကျိုးချီလန်ဆိုကြောက်ကြသည်။
ဒါပေမဲ့ ယခုကျိုးချီလန်ဟာတော့ ဘာကိုမှအရေးမစိုက်ချင်တော့ပေ။ အစေခံမရဲ့ဘာမဟုတ်တဲ့တုန်လှုပ်မိကိုမြင်ပေမဲ့ ကျိုးချီလန်ကလျစ်လျူရှုထား၏။
သူက"အင်း"ဟုပဲခွန်းတုန့်ပြန်လိုက်သည်။
အစေခံမနှင့်အနီးအနားကအခြားသောအစေခံတို့ဟာ အံ့သြသွားကြသည်။ သူမအတတ်နိုင်ဆုံးကြောက်ရွံ့မှုကိုမဖော်ပြမိအောင်ကြိုးစားပေမဲ့ တုန်ရီနေတဲ့အသံကိုဖုံးကွယ်မရသောကြောင့် သေချာပေါက်သူမတော့ဒုတိယသခင်လေးဆီကအပြစ်ပေးခံရပြီဟုတွေးထားပေမဲ့ တွေးထားသလိုမဖြစ်လာသလို ဒုတိယသခင်လေးက သူမကိုမဆူတဲ့အပြင် သူမရဲ့ဘေးကဖြတ်ကာ ထွက်သွားသည်ကိုအကြောင်သားငေးကြည့်နေမိသည်။
ကျိုးချီလန်က စောင်းငဲ့ကာ ကျန်ခဲ့သောအစေခံတွေကိုစူးစမ်းနေ၏။ ရှဥ့်ကလေးက ကျိုးချီလန်ပုခုံးလေးမှာတက်ထိုင်နေရင်း သူဟာသစ်ကြားစေ့ကိုကိုက်နေသည်။
[အရှင်သခင် ခုနကပြုမူပုံက ကောင်းမွန်ပါတယ်ဗျ၊အစေခံတွေက အခုဆိုအခြားအမြင်တွေပေါ်လာပါပြီ]
'ဟမ့်'
ထိုစဥ် လျှောက်လမ်း၌ လူတစ်ဦးနှင့်ဆုံသည်။ထိုလူက သူ့ရှေ့ကနေလျှောက်လာနေပြီး သူ့ကိုမြင်တဲ့အခါ သူ့အားတစ်ချက်အကဲခတ်သလိုကြည့်လာပြီးနောက် နွေးထွေးစွာပြုံးပြလာသည်။
'..ဒီကောင် ငါ့ကိုဘာလို့လာပြုံးပြနေတာလဲ?'
[သူ့အပြုံးတွေကလှတယ်လေ..ပြုံးပါစေ]
'...လူစကားပြော'
[အဟမ်း၊တစ်ဖက်ကလူက ကျိုးချီလန်နဲ့ရုပ်ခြင်းအလွန်တူတယ်..အရှင်သခင် ကိုယ်ရေးရာဇဝင်ဘောင်ကိုဖွင့်ကြည့်ပါလား]
'ဘယ်လိုကြည့်ရမှာလဲ'
[ဟို..ပြောဖို့မေ့နေတာ အဲ့ဒါက ဒီလိုလေးဗျ]
ရှဥ့်ကလေးက မတ်တပ်ရပ်ကာ လက်တစ်ဖက်ကိုလက်သီးစုတ်ပြီး ရင်ဘတ်ပေါ်၌တင်ပြလာသည်။
ကျိုးချီလန်"...."
[အဲ့လိုအပြုအမူနဲ့ အဲ့လူတစ်ယောက်ရှေ့မှာလုပ်ပြရင် တစ်ဖက်လူရဲ့ကိုယ်ရေးအကျဥ်းအရာတွေအားလုံးပေါ်လာမှာပါဗျ ။ဒါက အရှင်မင်းကြီးက အရှင်သခင်အတွက် specialအပြစ်ဒဏ်ပါဗျ]
'..မင်းတို့နောက်နေတာပဲ'
[မနောက်ပါဘူးဗျ]
ရှဥ့်ကလေးမှာ အရှင်သခင်ဒေါသထွက်နေမှန်းသိသောကြောင့် အသံမထွက်ရဲတော့ပဲ သစ်ကြားသီးကိုသာကိုက်နေတော့သည်။
ကျိုးချီလန်တစ်ယောက် အံကိုကြိတ်လိုက်၏။ထို့နောက် သူ့လက်သီးကိုတင်းကြပ်စွာဆုတ်ကိုင်ကာ ရင်ဘတ်ပေါ်သို့တင်လိုက်သည်။ရှဥ့်ကလေးပြောသလို ကိုယ်ရေးရာဇဝင်ဘောင်ဟာချက်ချင်းပေါ်လာသည်။
{ဒုတိယဇာတ်လိုက် -ကျိုးချန်ကုန်း
အသက် -23နှစ်
အနေအထား-ကျိုးမိသားစုရဲ့ဆက်ခံသူ။
နှစ်သက်မှုရာခိုင်နှုန်း(25%)
မုန်းတီးမှုရာခိုင်းနှုန်း(-5%)
mission-ကျိုးချန်ကုန်းနှင့်သင့်မြတ်အောင်နေရန်။}
[လွယ်..လွယ်ပါတယ်]
(တစ်ဖက်လူနဲ့မတည့်အောင်ပဲနေတတ်သည့်အရှင်သခင်အတွက် သင့်မြတ်အောင်နေခိုင်းသည့်missionဟာ အခက်ခဲဆုံးဖြစ်တယ်)
'..သောက်အဖိုးကြီးတွေ!'
ကျိုးချန်ကုန်းဟာ ညီဖြစ်သူရဲ့ပုံစံအား အထူးအဆန်းဖြစ်နေ၏။ရုတ်တရက်ကြီး ရင်ဘတ်ပေါ်လက်သီးစုတ်တင်ကာရပ်နေသည့် ညီဖြစ်သူကြောင့် မည်သူ့အားအလေးပြုနေသနည်းဟုတွေးနေမိ၏။
"ချီလန်..ညီလေး ဘာလုပ်နေတာလဲ?"
"..ဘာမှမလုပ်ဘူး..အဟမ်း ဘာမှမလုပ်ပါဘူး အစ်ကိုကြီး.."
"...."
ကျိုးချန်ကုန်းတစ်ယောက် မျက်လုံးပြူးသွားသည်။သူ့ညီဖြစ်သူကို သေချာစိုက်ကြည့်လိုက်ကာ အကြည့်ပြန်လွှဲလိုက်သည်။ထပ်ပြီးတဖန်အကြည့်ပြန်ပေးမိ၏။
"..အစ်ကိုကြီး ဘာဖြစ်နေတာလဲ"
ကျိုးချီလန်မှာ ဒေါသငယ်ထိပ်ထိမရောက်အောင်ထိန်းရင်း ကျိုးချန်ကုန်းကို မေးလိုက်သည်။ကျိုးချန်ကုန်းရဲ့အမူအရာက သူ့ကိုလှောင်ပြောင်နေသလိုပင်။
"အာ အစ်ကိုကြီးဘာမှမဖြစ်ပါဘူး။ဒါနဲ့ ချီလန် ရုတ်တရက်ကြီး ဘာလို့လူကိုအစ်ကိုကြီးလို့ခေါ်ရတာလဲ။လိုချင်တာရှိလို့လား"
"မဟုတ်တာ အစ်ကိုကြီး၊အစ်ကိုကြီးကအစ်ကိုကြီးမလို့ ကျွန်တော်က အစ်ကိုကြီးလို့ခေါ်တာလေ။ဘာမှားလို့လဲ..ဘာလဲဗျ ကျွန်တော်အဲ့လိုခေါ်လို့မရဘူးလား"
"ဟင့်အင်း ရတယ် ရတယ်..ခေါ်ပါ.."
{ကျိုးချန်ကုန်း၏နှစ်သက်မှုရာခိုင်နှုန်း=+5/30%
ကျိုးချန်ကုန်း၏မုန်းတီးမှုရာခိုင်နှုန်း=0%}
"...."
(အစ်ကိုကြီးလို့ခေါ်လိုက်တာနဲ့ချက်ချင်း နှစ်သက်မှုရာခိုင်နှုန်းတိုးသွားပြီး မုန်းတီးမှုတောင်မရှိတော့ပါလား။ဘယ်လိုတောင် သဘောတွေကောင်းနေတာလဲ)
[ကျိုးချန်ကုန်းက နွေးထွေးပြီးကြင်နာတတ်တဲ့လူစားမျိုး၊အမုန်းတရားလည်းမပွားတတ်ဘူး။သူ့ညီနဲ့သူကအဆင်ပြေချင်နေတာဆိုတော့ အရှင်သခင်ရဲ့အစ်ကိုကြီးဟုခေါ်လိုက်တာက အတော်လေးသက်ရောက်မှုရှိသွားတယ်။မူခန္ဓာကိုယ်ပိုင်ရှင်သာ ကျိုးချန်ကုန်းကိုမဆန့်ကျင်ပဲ အဓိကဇာတ်ကောင်ကိုမနှိပ်စက်ခဲ့ရင် သူ့အဖြစ်ကဆိုးရွားမယ်မထင်ဘူး]
'ငါလုပ်ရမှာ missionတွေထမ်းဆောင်ပြီး နှစ်သက်မှုရာခိုင်နှုန်းပြည့်အောင်ပဲ..ဒါပေမဲ့ အဓိကဇာတျကောငျနဲ့လညျးမပတျသတျမိဖို့နရေမယျ။ငါးမနျးပါးစပျထဲတော့အရောကျမခံနိုငျဘူး'
[ဒါဆို ရာခိုင်နှုန်းတွေပြည့်အောင်ကြိုးစားပါဗျ..]
"ချီလန်..မင်းကို အဖေခေါ်နေတာမလား။အစ်ကိုကြီးကိုရောပဲဆိုတော့ အတူတူသွားရအောင်"
"အင်း"
ထိုနောက် ကျိုးချီလန်သူသွားလက်စလမ်းကိုဆက်လျှောက်သွားလိုက်သည်။ဒါပေမဲ့ ကျိုးချန်ကုန်းမပါလာသောကြောင့်ခဏရပ်ကာ အနောက်လှည့်ကြည့်လိုက်တော့ ကျိုးချန်ကုန်းက သူ့ကိုပြုံးကာရပ်ကြည့်နေ၏။
"ချီလန်..အဖေကသူ့အလုပ်ခန်းမှာလေ။အလုပ်ခန်းကအဲ့ဘက်မဟုတ်ဘူး"
"...."
ကျိုးချီလန် မျက်မှောင်ကြုတ်သွားကာ မှုန်တေတေမျက်နှာဘေးနှင့်ပင် ကျိုးချန်ကုန်းဆီပြန်လျှောက်သွားလိုက်ပြီး ဘေးမှဖြတ်ကာထွက်သွားလိုက်သည်။သေချာကြည့်ပါက ကျိုးချီလန်ရဲ့နားရွက်တို့ဟာ ရဲတွတ်လို့နေသည်။
ကျိုးချန်ကုန်း သူ့ညီငယ်လေးရဲ့လမ်းမှားမှုကိုသိပေမဲ့ ညီငယ်လေးရှက်သွားမည်စိုးသောကြောင့် အသံထွက်ပြီးမရယ်မိပေ။အဲ့အစား ပြုံးစိစိလုပ်ကာ အနောက်ကနေလိုက်သွားလိုက်သည်။ဒါပေမဲ့ ညီငယ်လေးကသူ့ကိုကောင်းကောင်းမွန်မွန်စကားပြောလာပြီး သူ့ကိုလည်းအစ်ကိုကြီးဟုခေါ်လာသောကြောင့် ညီငယ်လေးကသူ့အပေါ်အရမ်းကြီးမမုန်းနေတော့ဘူးဟုခံစားရသည်။ဒါကပျော်စရာကိစ္စပဲ၊သူ့ဘက်ကလည်း ညီငယ်လေးနဲ့သင့်မြတ်ချင်နေသည်မဟုတ်ပါလား။ ဒါမှ ဆက်ခံသူနေရာကို သူ့ညီငယ်လေးဆီလွှဲပေးနိုင်မည်။
'လမ်းကမှားနေတာကို ဘာလို့မပြောတာလဲ ရှဥ့်ကလေး'
[အရှင်သခင်သိတယ်ထင်လို့ပါ]
'ဟမ့်..ငါလား ၊ငါလမ်းသိတာပေါ့..အခုဟာက လမ်းကမှားတာ ငါကလမ်းကိုမှားတာမဟုတ်ဘူး'
[....]
(မပြောတော့ဘူး)
ထိုစဥ် အစေခံကောင်လေးနှစ်ဦးက ကျိုးချီလန်ဘေးမှဖြတ်သွားတဲ့အခါ အစေခံကောင်လေးတစ်ယောက်နှင့်ကျိုးချီလန် ဝင်တိုက်မိသည်။တစ်ဖက်က အစေခံကောင်လေးကချက်ချင်းတောင်းပန်လာ၏။
"တောင်းပန်ပါတယ် ဒုတိယသခင်လေး!သူက အခုမှအလုပ်ဝင်ခါစမလို့ အမှားလုပ်မိပါတယ်"
ကျိုးချီလန်က ဘာမှမပြောပေမဲ့ အိတ်ထဲမှလက်ကိုင်ပဝါထုတ်ကာ သူ့လက်မောင်းကိုသုတ်လိုက်သည်။ကျိုးချီလန်နှင့်တိုက်မိသည့် အစေခံကောင်လေးကမြင်တော့ မျက်နှာပျက်ယွင်းသွား၏။သူ့အစားတောင်းပန်နေတဲ့အစေခံကောင်လေးကိုတော့ သူကဂရုမစိုက်ပေ။
"မလိုဘူး၊နောက်ဆို သတိထား"
"ဟုတ် ဟုတ်ကဲ့ပါ!"
"ခဏ တိုက်မိတဲ့သူကမင်းမဟုတ်ပဲ သူလေ။ ဘာလို့မင်းကသူ့အစားတောင်းပန်နေတာလဲ?သူကအနေတာလား?"ဟု ကျိုးချီလန်က သဘောရိုးဖြင့်သာမေးလိုက်သည်။
"ခင်ဗျား!"
တစ်ဖက်အစေခံကောင်လေးကတော့ ဘယ်လိုထင်သွားသလဲမသိ မျက်နှာတစ်ခုလုံးနီမြန်းလာကာ တရှူးရှူးတရှားရှားဖြင့်သူ့ကိုကြည့်လာသည်။ သူပြောတာဘာမှားသွားလို့လဲ။
"ရှရှင်း!အမြန်တောင်းပန်လိုက်လေ..ဒုတိယသခင်လေးကို!"
ရှရှင်းဟုအမည်ရတဲ့အစေခံကောင်လေးက သူ့ဘေးကအစေခံကောင်လေးရဲ့အပြောကြောင့် နှာရှုံ့လိုက်၏။သူကတောင်းပန်ဖို့စိတ်ကူးမရှိသည့်ပုံပေါ်သလို သူ့ဘက်ကပင်မမှားသလိုနှင့်ပြုမူနေသည်။
အဖြစ်အပျက်တွေကို ရပ်ကြည့်နေတဲ့ကျိုးချန်ကုန်းက အမြန်ဆုံးအနီးသို့လျှောက်လာပြီး..
"စိတ်လျှော့ပါ ချီလန်..ကလေးတွေကမတော်တဆအမှားအယွင်းလုပ်မိတာပဲ။ချီလန်က သဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးလိုက်လေ ဟုတ်ပြီလား"
"...အင်း"
ကျိုးချီလန်လည်း စိတ်ရှုပ်ခြင်းကိုမခံချင်တာကြောင့် ဒီကိစ္စကိုလွတ်ပေးဖို့ဆုံးဖြတ်လိုက်သည်။သူလည်း မတောင်းပန်ချင်သည့်လူဆီက တောင်းပန်စကားမလိုအပ်ပေ။
"...."
သူ့စကားကို နားထောင်သည့် ကျိုးချီလန်ကြောင့် ကျိုးချန်ကုန်းတစ်ယောက်အံ့သြရပြန်သည်။ ဒါပေမဲ့ သူသဘောကျသည်။
{ကျိုးချန်ကုန်း၏နှစ်သက်မှုရာခိုင်နှုန်း=+5/35%}
"...."
ကျိုးချီလန်မှာ ကျိုးချန်ကုန်းကိုစိုက်ကြည့်လိုက်သည်။တစ်ဖက်လူက သူ့ကိုပြုံးပြနေ၏။သူလည်းအကြည့်ပြန်လွှဲလိုက်သည်။
'ဒီကောင် %တက်တာမြန်လိုက်တာ..ငါတောင်ဘာမှမလုပ်ပဲတက်နေတာ..'
[အဲ့တော့ကောင်းတာပဲမဟုတ်ဘူးလားဗျာ]
'အင်း'
ကျိုးချီလန် ရှရှင်းဟုအမည်ရသော အစေခံကောင်လေးကိုငုံ့ကြည့်လိုက်တယ်။ သူတို့ထက် ခေါင်းတလုံးစာပုသောကောင်လေးကတော့ သူ့ကိုပြောင်ပြောင်တင်းတင်းမော့ကြည့်နေ၏။ ကျိုးချီလန် အကြည့်စူးစူးပေးလိုက်တော့ သူ့ကိုတုန်လှုပ်စွာကြည့်လာကာခေါင်းငုံ့ချသွားသည်။ထိုအခါမှ ကျိုးချီလန်လည်း ကျေနပ်သွားကာ ထွက်သွားတော့သည်။ကျိုးချန်ကုန်းက ခပ်ပြုံးပြုံးဖြင့်အနောက်မှလိုက်သွားလေ၏။
ရှရှင်းဆိုသည့်အစေခံဟာ ထွက်သွားသည့်လူနှစ်ယောက်ကို လိုချင်တပ်မတ်မှုများဖြင့်ကြည့်လို့နေသည်။သူ့ဘေးကအစေခံကောင်လေးဟာ ရှရှင်းကိုလက်တို့ကာ သတိပေး၏။
"ရှရှင်း မင်းကအသစ်မလို့မသိပေမဲ့ ငါကမင်းကိုပြောပြမယ်။အနောက်ကပုဂ္ဂိုလ်က ပထမသခင်လေးကျိုးချန်ကုန်း..သူကအစေခံတွေအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သဘောလည်းအရမ်းကောင်းတာ။သူကနောင်အခါ ကျိုးမိသားစုရဲ့ဆက်ခံသူပဲ။ အရှေ့ကတစ်ယောက်ကတော့ ဒုတိယသခင်လေးကျိုးချီလန်.."
အစေခံကောင်လေးကမပြောခင် ဘေးပတ်ဝန်းကျင်ကိုအကဲခတ်ပြီးမှ ဆက်ပြော၏။
"ဒုတိယသခင်လေးကျိုးချီလန်ကျတော့ ပထမသခင်လေးနဲ့ဆန့်ကျင်ဘက်ပဲ။အစေခံတွေအပေါ်စည်းကမ်းလည်းအလွန်ကြီးပြီး အနိုင်ထက်စီးနင်းလည်းပြုမူတယ်။အစေခံတွေအားလုံးက ဒုတိယသခင်လေးကိုသဘောမကျကျသလို ရင်လည်းမဆိုင်ရဲကြဘူး။ အကုန်လုံးကကြောက်ကြတယ်။ငါရောပဲ..ခုနကငါ့မှာသေပြီလို့ထင်တာ..တော်သေးတာပေါ့ ပထမသခင်လေးဝင်ကယ်လို့ မဟုတ်လို့ကတော့ မင်းရောငါရော အပြစ်ပေးခံရမှာဟ..ဒါကြောင့်နောက်အခါ ဒုတိယသခင်လေးရှေ့မှာဆို မင်းအပြုအမူကိုသတိထား ကြားလား"
"...."
ရှရှင်းက ထိုအစေခံကောင်လေးရဲ့စကားတွေကိုအဖတ်မလုပ်ချေ။အစေခံကောင်လေးမပြောလည်း သူကထိုလူတို့အကြောင်းတွေကိုအကုန်သိနှင့်ပြီးပြီ။သူအခုတွေးနေတာကတော့ ထိုသခင်လေးနှစ်ယောက်ကို သူ့လက်အောက်သို့ရောက်အောင်မည်သို့လုပ်ဆောင်ရမည်ဆိုသည်ကိုပေါ့။
🐿🐿🐿
သူတို့ ဖခင်ဖြစ်သူ၏အလုပ်ခန်းရှေ့သို့ရောက်တဲ့အခါ ကျိုးချန်ကုန်းကတံခါးခေါက်လိုက်သည်။ထိုနောက် သူတို့ဝင်သွားလိုက်၏။
"ရောက်လာပြီလား..ထိုင်ကြ"
သူ့အဖေက ဆိုဖာမှာထိုင်နေပြီးရေနွေးကြမ်းသောက်နေ၏။အဖေဖြစ်သူ၏ဘေးမှာတော့ အမျိုးသမီးတစ်ဦးထိုင်နေသည်။ ထိုအမျိုးသမီးက ကျိုးချီလန်ကို ကြည့်လာကာနွေးထွေးစွာပြုံးပြလာ၏။ ကျိုးချီလန်ခပ်တည်တည်ဖြင့်ရင်ဘတ်ပေါ်လက်သီးစုတ်တင်လိုက်သည်။
{ကျိုးချီလန်၏အဒေါ်-ကျန်းမေ့
နှစ်သက်မှုရာခိုင်နှုန်း=50%
မုန်းတီးမှုရာခိုင်နှုန်း=-50%}
"...."
ကျိုးချီလန် လက်ပြချလိုက်ပြီး ကျိုးချန်ကုန်းဘေး၌သာသွားထိုင်လိုက်၏။ထိုအခါ တစ်ဖက်အမျိုးသမီး၏မျက်နှာအမူအရာမှာပြောင်းလဲသွားလေသည်။ကြည့်ရတာ ကျိုးချီလန်ကသူမဘေး၌ထိုင်မည်ဟုယုံကြည်နေပေမဲ့ အခု ကျိုးချီလန်ထိုင်သည်က ရန်သူနှင့်အနီးကပ်ဖြစ်နေသောအခါ သူမအံ့သြသွားခြင်းဖြစ်လောက်မည်။
{ကျန်းမေ့၏နှစ်စက်မှုရာခိုင်နှုန်း=45%
မုန်းတီးမှုရာခိုင်နှုန်း=-55}
ကျိုးချီလန်"..."
ကျိုးချန်ကုန်းက သူ့အဖေဖြစ်သူကိုကြည့်ကာမေးလိုက်သည်။
"အဖေ..ကျွန်တော်နဲ့ချီလန်ကိုခေါ်တာ ဘာကိစ္စရှိလို့လဲဗျ?"
"အင်း..ဒါကိုကြည့်"
အဖေက သူတို့ရှေ့ဖိုင်တွဲတစ်ခုချပြလာသည်။ကျိုးချန်ကုန်းက ယူကြည့်လိုက်သည်။သူက ကျိုးချီလန်မြင်အောင်လည်းအနီးကပ်ကာပြပေးနေသည်။ဒါပေမဲ့ ကျိုးချီလန်ကစိတ်မဝင်စားချေ။
"ဒါက ဘယ်လိုဖြစ်တာလဲ?ကိန်းဂဏန်းတွေကအများကြီးကွာဟနေပါလား.."
"အမှန်ပဲ။ဝန်ထမ်းတစ်ယောက်ရဲ့ပေါ့ဆမှားယွင်းမှုကြောင့် အခုတစ်ခေါက်အရင်းအနှီးပြုလုပ်မဲ့တစ်ဖက်လူနဲ့အခြေအတင်ဖြစ်ကြတယ်။အဖေတို့ တစ်ဖက်လူကိုကုမ္ပဏီအတွက်လိုအပ်တယ်။ထိုဝန်ထမ်းကိုလည်း အပြစ်ပေးထားပြီးပြီ။ဒါပေမဲ့ ဒီကိစ္စကိုကိုင်တွယ်ဖို့ အဖေ သားတို့နှစ်ယောက်ထဲကတစ်ယောက်ကိုတာဝန်ပေးချင်လို့ခေါ်လိုက်တာပဲ"
"အဲ့လိုလား။"
ကျိုးချန်ကုန်းက သူလုပ်မည်ဟုစကားမစလာသလို ကျိုးချီလန်ကိုလှည့်ကြည့်လိုက်သည်။ကျိုးချီလန်က ဘေးမှာတိတ်ဆိတ်စွာထိုင်နေပြီး သူ့ကိုပင်လှည့်မကြည့်သလို စကားဝိုင်းထဲတောင်စိတ်ဝင်စားခြင်းတစိုးတစိမျှမရှိနေချေ ။သူ့မျက်နှာပေါ်၌"ငါမသိဘူး၊ငါ့ကိုလာမကြည့်နဲ့"ဟုရေးသားထားသယောင်ပင်။
တချိန်လုံးတိတ်ဆိတ်နေသည့် သူတို့၏အဒေါ်ဖြစ်သူကျန်းမေ့ဟာ စကားထွက်လာ၏။
"ချီလန်ဆိုရင်ရော အစ်ကိုကြီး...ချီလန်က အရင်တစ်ခါကတောင် ကုမ္ပဏီကိုကူညီချင်တယ်ပြောနေတာ ဒီကိစ္စကိုချီလန်ကိုတာဝန်ပေးလိုက်လေ။ချီလန်လည်းအတွေ့အကြုံရပြီး နောင်အခါ အစ်ကိုကြီးအတွက်လည်းအထောက်အကူရလာမှာပေါ့..ချီလန်ကတော်ပါတယ်..သူဒါကိုလုပ်နိုင်မှာပါ..ဟုတ်တယ်မလား ချီလန်"
ကျန်းမေ့က သူ့တူကိုကြည့်လိုက်တယ်။သူမက ချီလန်ဘက်ကနေလက်ခံလာမည့်စကားကိုယုံကြည်စွာစောင့်နေ၏။ချီလန်ကသူမစကားဆိုအမြဲနားထောင်သည့်ကလေးတစ်ယောက်ပဲလေ။နောက်ပြီး ဒီတာဝန်ကိုကျိုးချန်ကုန်းအားမပေးနိုင်ချေ။
"ဒါဆို ရှောင်လန်က ဒါကိုလုပ်ချင်လား"ဟု အဖေဖြစ်သူကလည်း သူ့ဒုတိယသားကိုကြည့်လိုက်တယ်။
အကုန်လုံးက သူ့ကိုအဓိပ္ပါယ်အမျိုးမျိုးပါဝင်သော အကြည့်များဖြင့်စိုက်ကြည့်လာကြ၏။ကျိုးချီလန် မျက်မှောင်ကျုံ့ကျသွားသည်။
(သောက်ဇယားတော့ရှုပ်ပြီ)
🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿
Zawgyi
"ဘာလဲ?"
'ဟမ့်'
'...လူစကားပြော'
'ဘယ်လိုကြည့်ရမှာလဲ'
ကျိုးချီလန်"...."
'..မင်းတို့နောက်နေတာပဲ'
[မနောက်ပါဘူးဗျ]
အသက် -23နှစ်
[လွယ်..လွယ်ပါတယ်]
'..သောက်အဖိုးကြီးတွေ!'
"...."
"...."
"အင်း"
"...."
[....]
(မပြောတော့ဘူး)
"ဟုတ် ဟုတ်ကဲ့ပါ!"
"ခင်ဗျား!"
"...အင်း"
"...."
"...."
'အင်း'
"...."
"...."
ကျိုးချီလန်"..."
"အင်း..ဒါကိုကြည့်"
"အဲ့လိုလား။"
🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿🐿