"ဒီလိုစကားတွေလက်ခံပေးနေရတဲ့ထိ တို့အောက္မကျသေးဘူး သော်တာ ရိုင်းစိုင်းမယ်ဆိုရင်တောင် မင်းရိုင်းစိုင်းလို့ရတဲ့သူ အဖြစ်မရှိပေးနိုင်ဘူး"
"မသင်ချင်ရင်သဘောလေ!!!"
"မင်းလိုချင်တာဒီစကားထွက်လာဖို့မလား
ငါဆိုတဲ့မိန်းမကလည်း ခေါင်းမာတတ်တယ် သော်တာ ၊သူများတကာ ထိုးနိုမ်ချနေတာတောင် ငါဘယ်လို သတိနဲ့ရပ်တည်နေလည်းဆိုတာ နင်မသိဘူးမလား??"
"စိတ်လည်းမ၀င်စားဘူး မနက်ဖြန် ကျောင်းပျက္မယ် ဒါပဲ"
"သဘောလေ မင်းခိုးပြေးဖို့ ထွက်သွားတယ်လို့အိမ်ကိုတိုင်လိုက်ရုံပဲ
ဒါမှမဟုတ် ကောင်လေးနဲ့ဟော်တယ်လိုက်သွားတယ်ဘာညာ!!!"
"အမ မဟုတ်တာတွေပြောမနေစမ်းနဲ့!!!!!'
သော်တာ့ရဲ့အော်ဟစ်သံက တစ်ခန်းလုံးဟိန်းထွက်သွားသည်။ဒေါသကြောင့် သူမရင်ဟာစုံချည်ဆန်ချည်
"စော်ကားခံရတာဘယ်လိုအရသာရှိလည်း!!!!"
"ရှင်!!!!!!""
"ငါအတည်မလုပ်ရသေးပါဘူးသော်တာ
ကိုယ့်ကျင့်တရားဟာ သူများတွေရဲ့ပါးစပ်တစ်ခုမှာ အစုတ်ပြတ်သာသာဖြစ်သွားခဲ့ရင် ခံနိုင်ရည်ရှိအောင်လို့ပါ ၊ဥပမာ ငါ့လိုပေါ့"
"အမက ဟုတ်နေပြီးသားပဲ"
"မင်းအမြင်ကို ထည့်မစဉ်းစားလို့ အခကြေးငွေမယူဘဲ မင်းကိုစာခေါ်သင်ပေးတာသော်တာ ၊စေတနာကိုစော်ကားနေမိပြီလို့မင်းမရိပ်စားမိတာလား!!!'
"ကျွတ် အာရုံပဲအမက"
"မနက်ဖြန် မင်းလုပ်ရဲရင်လုပ်ကြည့်ပေါ့
ငါကအပြောပဲသက်သက်လားဆိုတာ"
သူမကို မကျေမချမ်းကြည့်ရင်းသော်တာက အံကိုခပ်တင်းတင်းကြိတ်လိုက်သည်။
"ဒီညစာကျက်ဖို့စိတ်မပါရင် စောစောပြန်လို့ရတယ် စိတ်မပါတဲ့လူကို စာမသင်ပေးနိုင်ဘူး
အော်....မနက်ဖြန်ကျရင် physics chapter 9 လုပ်မယ် စာအုပ်ယူလာဖို့မမေ့နဲ့"
"မနက်ဖြန်ကျောင်းပျက်္မယ် ပြောထားပြီးသားနော်"
"မင်း မလုပ်ရဲပါဘူး!!!"
"ဒီမယ်!......"'
"ပြောစရာစကားတွေ ပါးစပ်ကနေမျိုချပြီး ပြန်လို့ရပြီ မြန်မာစကားတော့နားလည်တယ်မလား!!!!""
ဂျိမ်းခနဲမြည်အောင် တံခါးကိုစောင့်ပိတ်ရင်း သော်တာဒေါသတကြီးပြန်ထွက်သွားသည်။
နာကျင်ရသောစိတ်တွေက ဘယ်ဆီကိုပေါက်ကွဲရမည်မသိ ၊
သော်တာ့လိုကလေးမျိုးကို သိမ်းသွင်းရကောင်းမှန်းသိရက်နှင့် စကားတွေလွန်ကြူး
သွားမိသည်။
မတတ်နိုင် လာပြီးစော်ကားဖို့ သူမကျောက်ရုပ်တစ်ရုပ်လိုငြိမ်မခံနိုင်
တန်ရာတန်ရာတွေပြန်ပေးမိဖို့ ဆုံးဖြတ်ရင်း အိပ်ယာ၀င်ခဲ့သည်။
..........
မနက်ခင်း ဈေး၀ယ်ထွက်တော့ တက်လာသည့်ကုန်ဈေးနှုန်းတွေက ချဉ္ပေါင်ရွက်နဲ့ ကန်စွန်းရွက်လောက်ပဲ ၀ယ်လာနိုင်သည်။
ကြက်သားသည်တွေတွေ့ပေမယ့် ၀ယ်နိုင်သည့်ပိုက်ဆံကအလုံလောက်မပါ။
သို့ပေမယ့် သူမပျော်ပါသည်။ကိုယ့်ပိုက်ဆံ ကိုယ့်ရပ်တည်ချက်နဲ့ ချို့ချို့တဲ့တဲ့နေရလည်း စားပျော်ပါ၏။
အလုပ်မှာမနေ့က ပြသနာတက်ထားထဲက
၀န်ထမ်းသစ်က ကြာဦးမှာမို့ ဆိုင်ကိုနေ့၀က်လောက်ပဲဖွင့်ထားရသည်။ ဒါကြောင့်မို့ သူမမနက်ခင်းတစ်ခင်းလုံး အနားရနေသည်။
"သစ်ရွက်စိမ်း ဆိုတာ မင်းလား!!!???"
လမ်းကြားတစ်ခုကနေ ဘွားကနဲပေါ်လာတဲ့
လူမိုက်လိုလို ကျောင်းသားအုပ်စု
ပီကေတွေကို အသံမြည်အောင်ဝါးရင်း
သူမကိုချောင်ပိတ်ရပ်လိုက်ကြသည်။
မသိရင်ဈေးထဲမှာ အသိတွေ့လိုနှုတ်ဆက်နေသလိုမျိုး
ချောင်ကြတဲ့ ၀န်းကျင်မို့ ဘယ်သူမှရွက်စိမ်းတို့အဖြစ်ကို သံသယမရှိကြဘဲ ဖြတ်သွားဖြတ်လာရယ်
"သော်တာ!!!!'
ထိုကောင်လေးအုပ်စုနောက်ကွယ်ကနေ သော်တာက အပစ်မကင်းသလိုမျိုးရပ်ကြည့်နေတော့ သူမအံ့ဩကြီးစွာရေရွတ်
လိုက္မိသည်။
"သော်သော် နင့်ဆရာမက ငါ့တို့ထက်တောင်ငယ်ဦးမလား သေးသေး လေး ဆံပင်ကဂုတ်ဝဲနဲ့ ဆယ်တန်းကျောင်းသူသာသာပဲ"
"ဟုတ်တယ်သူပဲ"
"ခင်ဗျားက သော်သော့်ကို ခြိမ်းခြောက္တယ်ဆို အာ့တာမှန်လား!!!"
"ရှေ့ကဖယ်ပါ ဒီနေရာက နင်တို့သိချင်တာမေးဖို့ လုပ်ထားတာမဟုတ်ဘူး"
"ဟိုး နေပါဦး ကျွန်တော်နဲ့ သော်သော် ချိန်းတွေ့မယ့် ကိစကို မဟုတ်တမ်းတရားတွေပြောပြီး ခြိမ်းခြောက်တယ်ဆို ၊ခများလည်း မဖြူစင်ပဲနဲ့ ဘာလို့လိုက်ပြီး စွပ်စွဲပြောဆိုရတာလည်း"
"သော်တာကအဲ့အပိုင်းပဲပြောပြထားတာလား???'
"ဘာ!!!'
"မင်းကို သူတစိတ်တပိုင်းပဲပြောပြထားတာလို့"
"အမ စကားကိုဗလောင်းဗလဲမပြောနဲ့"
"အမ မဟုတ်တာတစ်ခုမှ မပြောရသေးဘူးသော်တာ မင်းစကားအသွားလာတွေကြောင့် မသွားဖြစ်အောင် တားတဲ့စကားလုံးကိုပဲ ပိုင်းဖြတ်ပြီး ရွေးတိုင်ရအောင် မင်းငါနဲ့ မရှင်းရဲဘူးလား!!!!'
"စကားကိုကတ်သတ်မပြောနဲ့ ခင်များခြိမ်းခြောက်လား မခြိမ်းခြောက်ဘူးလား ဒါပဲပြော"
ဘေးကအုတ်နံရံကို ဝုန်းကနဲထုချရင်း ထိုကျောင်းသားက အော်ဟစ်မေးလာသည်။
ကိုယ့်ထက်လူကောင်ထွားတဲ့အပြင် ယောက်ျားတွေဖြစ်နေတာကြောင့် သူမ အနည်းငယ်လန့်လာရသည်။
ပုံစံတွေက rich kid ပုံစံ
သို့ပေမယ့် ဆိုးသွမ်းရိုင်းစိုင်းတာတွေလည်း ရောယှက်လျက်
"မင်းတို့ ခြိမ်းခြောက်နေတာလား???"
"ဟုတ်တယ်ဆိုဘာလုပ်ချင်လည်း"
သူမပခုံးကို လက်နဲ့စောင့်တွန်းရင်း ထိုကောင်လေးက ရှေ့တိုးလာသည်။
ဈေးခြင်းတောင်းလေးက လက်ကလွတ်ကျသွားရပြီး သူမဟာတဖြည်းဖြည်းနောက်ကို ရို့လိုက္မိသည်။
သို့ပေမယ့်ကြောက်လန့်ဖို့ထက် ဒေါသတွေက အင်အားပိုများခဲ့တာမို့
"ထိကြည့်လိုက်လေ ငါ့ကို နောက်ဆက်တွဲနင်တို့အကျိုးဆက်ဘယ်လောက်ထိ ဗျာများရမလည်း ငါမွှေနိုင်တယ် ၊ ငါအပြောသမားမဟုတ်ဘူး ထိကြည့်လိုက်!!!!!"
မျက်၀န်းတွေနီစပ်နေပြီး နှာထိပ်ဖျားတွေပါရဲနေကာ သူမငိုချင်စိတ်ကိုထိန်းရင်းအရဲစွန့်ပြောလိုက်သည်။
"အာ...ဒီမိန်းမ!!!!'
ရိုက်ရန်လှမ်းရွယ်ထားတဲ့လက်ကို သူမစောင့်တွန်းဖယ်ရင်း အုပ်မိုးထားတဲ့ ထိုကောင်လေးမေးစေ့နေရာအား ခေါင်းနဲ့တိုက်လိုက်သည်။
"အ ! ခင်များ!!!!"
"ဒီနေရမှာ နင်တို့ငါ့ကို စော်ကားဖို့လုပ်နေပါတယ်အော်လိုက်ရင် ဘာဖြစ်သွားမယ်ထင်လည်း!!!!""
"ဘာ!!!!'
"ငါ့အနာဂတ်ကပြိုလဲကျပြီးသား နင်တို့ ကျောင်းထွက်ဖို့ပျက်စီးဖို့က ငါ့ပါးစပ်ဖျားမှာရှိနေတယ်ဆိုတာ ယုံလား?????'
ဒေါသကြောင့် အသံ
တွေဟာ တဆတ်ဆတ်တုန်လျက်
သူမအပြောကြောင့်ထိုကောင်လေးတွေ ငြိမ်ကြကာ နောက်ပြန်ဆုတ်ထွက်ခွာသွားကြသည်။သော်တာကတော့ ထိုနေရာမှာ ရပ်မြဲရပ်ကျန်နေပြီး အကြည့်တွေကစူးရဲနေသည်။
"ငါ့ဘ၀မှာလေ ဒီလို ကောက်ကျစ်တဲ့ကလေးမျိုးမတွေ့ဖူးဘူး သော်တာ နင့်ကိုရိုင်းတယ်ပဲ ငါထင်ထားခဲ့တာ"
မျက်ရည်တွေ တဖြုတ်ဖြုတ်ကျဆင်းရင်း
ဈေးခြင်းတောင်းလေးကောက်ဆွဲလိုက်သည်။
"ငါ့နိမ့်ကျခဲ့တာ ငါအရှက်ကွဲခဲ့တာဟာ လူကဲ့ရဲ့စရာရှုံ့ချစရာ ဖြစ်ခဲ့ပါတယ်၊ဒါပေမယ့်အဲ့လိုအသိုင်းဝိုင်းကိုရွဲ့ပြီး ငါ့ကိုငါမနိမ့်ကျစေခဲ့ဘူး ၊"
"ငါသိထားတဲ့လေးစားမှုဆိုတာ ကြီးတာငယ်တာ မရှိဘူး ငါ့အပေါ်လေးစားမှုဘယ်သူပေးလည်း အဲ့ဒီလူပေါ်ငါပြန်လေးစားမယ်
နင်အဆုံးထိ မိန်းမချင်းကိုယ်ချင်းမစာခဲ့ဘူးသော်တာ နင့်လုပ်ရပ်က နင်အသက်ရွယ်ကြီးလာတဲ့အခါ လှောင်ရိပ်တစ်ခုဖြစ်နေလိမ့်မယ် ညနေကစပြီး နင်ငါ့အိမ်လာစရာမလိုဘူး!!!"
သူမကိုလှည့်မကြည့်ဘဲ ပြောဆိုထွက်လာလိုက်သည်။မျက်ရည်တွေကို လက်ခုံနဲ့သုတ်နေတာတောင် အတောမသတ်နိုင်ခဲ့
အောက်ဆုံးထိ ပြိုလဲနေရင်တောင်
မာန ပိစိလေးနဲ့ ပြန်လည်ထူထောင်ဖို့ အားတင်းလျက်
.............
"အခုဘာဆက်လုပ်မလည်း"
"သတိမေ့နေတာ လေ"
"ငါပြောတယ် အလွန်ကျွံမလုပ်ပါနဲ့လို့"
"သေသွားလည်းကောင်းတာပဲ"
"ခက်တာပဲ သူ့ဆီကသတင်းတွေယူရဦးမှာလေ"
"ခက်တာပဲဗျာ သတ်ချင်တော့တာပဲကျွန်တော်ကတော့"
မင်းနွယ် ခွန့်ကိုမသတ်ရလို့တာဆူနေတာကြာပြီဖြစ်သည်။
ငြိမ်သက်နေတဲ့ မြွေတစ်ကောင်ကို လက်ဦးမှုရတုန်းသတ်မှ
သူကိုယ်တိုင်မုဆိုးအနေထားကနေ သားကောင်မဖြစ်ချင်
မတတ်သာလို့ ဆေးရုံပို့ရတာတောင် အကြောင်းပြချက်တွေတသီကြီးပေးပြီး ခက်ခက်ခဲခဲဆေးရုံတင်ထားရသည်။
ဒီနိုင်ငံကနေ လူကောင်းပကတိအတိုင်းပုန်ထုတ်ဖို့ ခွန့် ကို သေချာအကျပ်ကိုင်မှသာပဲ
"ဆေးရုံက ဘယ်နေ့ဆငိးရမယ်ထင်လည်း"
ဦးနေ မေးတာကို မင်းနွယ်က စိတ်ရှုပ်သလိုခေါင်းကိုကုတ်ရင်း
"သတိမေ့နေတာလေဗျာ ဘယ်တော့ဆင်းရမလည်းကျုပ်ကသိမလား!!!!"
"ဒါဆို သေချာစောင့်ကြည့်ဖို့ လူထား ငါခန အမေရိကားပြန်မယ် မင်းကိုင်တွယ်နိုင်တယ်မလား"
"အဟင်း စိတ်ချလိုက်စမ်းပါ မင်းနွယ် ဆိုတဲ့ကောင်က အချဉ်မဟုတိဘူး"
သတိလစ်ချင်ယောင်ဆောင်ထားတဲ့ ခွန် ကတော့ လွတ်လမ်းအတွက် ဦးနှောက်ကကွန်ပျူတာတစ်ခုလို အလုပ်လုပ်လျက်.....
..............
"မုန့်စားပြီးပြီလား!!!"
ကိုသူရက အေးဆေးသက်သာဖြစ်စေရန်မေးပေမယ့် ဟန်ဆောင်ပြုံးလေးနဲ့ခေါင်းညိတ်ပြရတဲ့ ရွက်စိမ်းဟာ အသက္မပါခဲ့
"စိတ်ညစ်စရာရှိနေလို့လား ရွက်စိမ်း"
"မရှိပါဘူးကိုသူရ"
"ဘာမှမပူပါနဲ့ မနက်ဖြန်လောက်ဆို အချိန်ပိုင်းလာလုပ်မယ့်သူတွေ ထပ်လာတော့မှာ"
"ဟုတ် အခုလိုမျိုးလေ ကော်ဖီဆိုင်တချို့နဲ့ရော ကိုသူရသိသေးလား"
"ဒီမှာ မလုပ်ချင်လို့လား ရွက်စိမ်းက"
"ပွင့်ပွငိ့လင်းလင်းပြောရမယ်ဆိုရင်တော့ဟုတ်ပါတယ် ရွက်စိမ်း သူ့လက်အောက္မှာ မလုပ်ချင်ဘူး"
"ကျွန်တော်ရိပ်စားမိပါတယ် ဒါပေမယ့်
ဘော့စ်က အရင်ပုံစံတွေနဲ့မတူဘဲ ရွက်စိမ်းကို ကူညီနေတာပါ၊ သူ့အတွက်ခြေရင်းမှာခစားမယ့်မိန်းကလေးတွေပေါလို့ပါရွက်စိမ်းရယ်
ဒီလောက်ထိသူရင်းနေတာ အဲ့လိုမသတ်မှတ်ပဲတကယ့်စေတနာနဲ့"
"သူ့ကို မပတ်သတ်မှဖြစ်မှာမို့ပါ၊ "
"ဘာလို့လည်းရွက်စိမ်းရဲ့"
"သူကရွက်စိမ်းအစ်မနဲ့ ကြိုက်နေတာလေ ဒါကြောင့်"
"ပြတ်သွားတာကြာနေပြီလေ ဘေဘီ ဒါကြောင့် ကို့ကို ရှောင်နေတာလား"
ကော်ဖီဆိုင်ထဲထိ၀င်ချလာတာအသံမပေးဘာမပေး
ကော်ဖီဝိုင်းတွေပါ ဧည့်သည်အနည်းငယ်သာရှိတာမို့ သူမတို့စကားပြောနေသည့် ကောင်တာနားကို Jay ကခနဲ့ပြုံးနဲ့ရောက်ရှိလာသည်။
"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး"
"မင်းအစ်မ ငါ့အကြိုက်္မဟုတ်ဘူး"
"ဘာရှင့်!!!'
"မင်းကလည်းငါ့အကြိုက္မဟုတ်ဘူး"
"ရှင်ဘာတွေပြောနေတာလည်း!!!'
"မင်းအစ်မအတွက် နာပေးမနေနဲ့ သူက မင်းကိုဆို အကောင်းတစ်ခုမှ ပြောတာမဟုတ်ဘူး"
"ဒါကျွန်မကိစပါ အခုလို စကားအနှောင့်သွားမလွတ်တာတွေ ၊အိမ်နားထိလိုက်လာတာတွေကလေ ရှင်တို့ဘာသာ ဘယ်လောက်ထိ ရိုးသားတယ်ခေါင်းစဉ်တပ်တပ် ကျွန်မမယုံဘူး၊ နိမ့်ကျလို့ ထိပါးချင်တတ်တဲ့သဘောလို့ပဲမှတ်ယူတယ်၊ အခုပဲ အလုပ်ထွက္မယ်"
"အဲ့စကား မင်းထပ်ပြောရင် မင်းထင်နေတဲ့ခေါင်းစဉ်အောက်ထဲငါတိုး၀င်မယ်
ကူညီပေးနေတာ ငါ့အတွက် ဘာမှရယူလိုမှုမပါဘူး"
"ဒါဆိူလည်း ကျွန်မကို အေးဆေးနေခွင့်ပေးပါ "
"အခု မင်းနားကို ငါ့ဆိုင်လူမြင်ကွင်းမှာပဲ လာတွေ့တာပါ လိမ်မာစမ်းပါ ဘေဘီရယ်
ဒီကောင် မကြမ်းချင်ဘူး"
သူပြောသမျှတွေကို ပြန်ချေပဖို့မစဉ်းစားတော့ဘဲ သူမငြိမ်နေလိုက်သည်။ကိုသူရကတော့ အားတုံ့အားနာဖြစ်နေပြီး ဘယ်ဘက်က၀င်ပါရမှန်းမသိ ဗျာများနေလျက်။
ဒီပွဲမှာ ဘယ်သူက မရိုးသားနေတာလည်း????
................
လူခေါ်ဘဲလ်တီးသံကြောင့် တံခါးကိုလည်း တန်းမဖွငိ့ရဲ
ကြည့်ပေါက်သေးသေးလေးကကြည့်လိုက်တော့သော်တာ
စာအုပ်ကိုင်ပြီး ခေါင်းငုံ့ရပ်နေသည်။
ဖွင့်ပေးဖို့မဖွင့်ပေးဖို့စဉ်းစားမနေတော့ဘဲ လက်ကအော်တို ဖွင့်ပေးလိုက္မိသည်။
"အထဲ၀င်လေ"
မျက်နှာကို ငုံချနေပြီး အခန်းထဲမ၀င်တာကြောင့် သူမပြောလိုက်တော့
"တောင်းပန်ပါတယ်"
တိုးတိတ်သောအသံက ခပ်ရှရှရယ်
သူမ လည်း ရန်စမပွှားချင်တာမို့
"နားလည်တာမို့ ၀င်ခဲ့ပါ ငါတို့ပြသနာတွေမေ့ပြီးစာလုပ်တာပေါ့"
"ဟုတ်"
စာသင်သမျှ အသေချာလိုက်နားထောင်ပြီး
ပြန်လုပ်တော့ သူမရင်အေးသွားရသည်။
စာသင်နေရင်း မနက်ကကြော်ထားသည့်ချဉ်ပေါင်ကြော်လေးကို ပန်းကန်လုံးလေးထဲထည့်ရင်း ထမင်း မာတောင့်တောငိ့လေးဘေးကနေအနည်းငယ်ပုံလိုက်သည်။
"ဟင်းက ဒါပဲလား!!!'
"အင်း သော်တာ ဗိုက်ဆာလို့လား??'
"အင်း!!!"
"ရော့ စားလေ ဟင်းကရှိသေးတယ် စားချေ"
"ခနလေး အိမ်ကနေထမင်းနဲ့ ငါးကြော်နှပိကျန်သေးတယ် မစားနဲ့ဦး ခနစောင့် တူတူစားမယ်"
သော်တာကပြောပြီးတာနဲ့ သူမတို့အိမ်ဖက်တန်းသွားကာ ခဏကြာတော့ ငါးကြော်နှပ်နှင့် ပေါ်ဆန်းထမင်းဖြူဖွေးဖွေးလေးကပါလာသည်။
"အမထမင်းပေး ဇလုံထမင်းလုပ်မယ်"
"အမ ထမင်း စားနိုင်ပါ့မလား???"
"စားနိုင်တယ် ဒီမှာရောစားလိုက်္မယ်လေ"
"အမကဟင်းမကောင်း!!!'
"ဖယ်ပါ ကြာတယ်"
သော်တာက သူမဘာသာ ရောနှောပြီးဟင်းနဲ့ထမင်းတွေကို နယ်ဖတ်လိုက်သည်။ငါးကြော်လေးကောင်က အကြီးကြီးတွေမို့ သူမစားဖို့ကိုမရဲ
"ငါးကြော်ပါစားနော် ဒီကစာကျက်နေရင်း အဲ့တာထိလိုက္မပြောနိုင်ဘူး"
"ကော်ဖီဖျော်ပေးရမလား"
"အထုတ်ပါတယ် အမ ရေနွေးရှိတယ်မလား"
"အွန်း!!!'
"ဂွီ!!!!"
နှစ်ယောက်သားပြောနေရင်း ဗိုက်ထဲကအော်သံတွေက တူညီစွာပေါ်ထွက်လာတော့
မတိုင်ပင်ပဲပြုံးမိကြတာ ပြိုင်တူ.....
အပ်ပေးပါပြီရှင့်
စိတ်၀င်စားဖို့မကောင်းရင်ဂိုမဲ့နယ်
မျက်စိသိပ်မကောင်းလို့အများကြီး မရေးနိုင်တာဆောရီးပါ
Zawgyi
"ဒီလိုစကားေတြလက္ခံေပးေနရတဲ့ထိ တို႔ေအာကၼက်ေသးဘူး ေသာ္တာ ႐ိုင္းစိုင္းမယ္ဆိုရင္ေတာင္ မင္း႐ိုင္းစိုင္းလို႔ရတဲ့သူ အျဖစ္မရွိေပးႏိုင္ဘူး"
"မသင္ခ်င္ရင္သေဘာေလ!!!"
"မင္းလိုခ်င္တာဒီစကားထြက္လာဖို႔မလား
ငါဆိုတဲ့မိန္းမကလည္း ေခါင္းမာတတ္တယ္ ေသာ္တာ ၊သူမ်ားတကာ ထိုးႏိုမ္ခ်ေနတာေတာင္ ငါဘယ္လို သတိနဲ႔ရပ္တည္ေနလည္းဆိုတာ နင္မသိဘူးမလား??"
"စိတ္လည္းမ၀င္စားဘူး မနက္ျဖန္ ေက်ာင္းပ်ကၼယ္ ဒါပဲ"
"သေဘာေလ မင္းခိုးေျပးဖို႔ ထြက္သြားတယ္လို႔အိမ္ကိုတိုင္လိုက္႐ုံပဲ
ဒါမွမဟုတ္ ေကာင္ေလးနဲ႔ေဟာ္တယ္လိုက္သြားတယ္ဘာညာ!!!"
"အမ မဟုတ္တာေတြေျပာမေနစမ္းနဲ႔!!!!!'
ေသာ္တာ့ရဲ႕ေအာ္ဟစ္သံက တစ္ခန္းလုံးဟိန္းထြက္သြားသည္။ေဒါသေၾကာင့္ သူမရင္ဟာစုံခ်ည္ဆန္ခ်ည္
"ေစာ္ကားခံရတာဘယ္လိုအရသာရွိလည္း!!!!"
"ရွင္!!!!!!""
"ငါအတည္မလုပ္ရေသးပါဘူးေသာ္တာ
ကိုယ့္က်င့္တရားဟာ သူမ်ားေတြရဲ႕ပါးစပ္တစ္ခုမွာ အစုတ္ျပတ္သာသာျဖစ္သြားခဲ့ရင္ ခံႏိုင္ရည္ရွိေအာင္လို႔ပါ ၊ဥပမာ ငါ့လိုေပါ့"
"အမက ဟုတ္ေနၿပီးသားပဲ"
"မင္းအျမင္ကို ထည့္မစဥ္းစားလို႔ အခေၾကးေငြမယူဘဲ မင္းကိုစာေခၚသင္ေပးတာေသာ္တာ ၊ေစတနာကိုေစာ္ကားေနမိၿပီလို႔မင္းမရိပ္စားမိတာလား!!!'
"ကြၽတ္ အာ႐ုံပဲအမက"
"မနက္ျဖန္ မင္းလုပ္ရဲရင္လုပ္ၾကည့္ေပါ့
ငါကအေျပာပဲသက္သက္လားဆိုတာ"
သူမကို မေက်မခ်မ္းၾကည့္ရင္းေသာ္တာက အံကိုခပ္တင္းတင္းႀကိတ္လိုက္သည္။
"ဒီညစာက်က္ဖို႔စိတ္မပါရင္ ေစာေစာျပန္လို႔ရတယ္ စိတ္မပါတဲ့လူကို စာမသင္ေပးႏိုင္ဘူး
ေအာ္....မနက္ျဖန္က်ရင္ physics chapter 9 လုပ္မယ္ စာအုပ္ယူလာဖို႔မေမ့နဲ႔"
"မနက္ျဖန္ေက်ာင္းပ်က္ၼယ္ ေျပာထားၿပီးသားေနာ္"
"မင္း မလုပ္ရဲပါဘူး!!!"
"ဒီမယ္!......"'
"ေျပာစရာစကားေတြ ပါးစပ္ကေနမ်ိဳခ်ၿပီး ျပန္လို႔ရၿပီ ျမန္မာစကားေတာ့နားလည္တယ္မလား!!!!""
ဂ်ိမ္းခနဲျမည္ေအာင္ တံခါးကိုေစာင့္ပိတ္ရင္း ေသာ္တာေဒါသတႀကီးျပန္ထြက္သြားသည္။
နာက်င္ရေသာစိတ္ေတြက ဘယ္ဆီကိုေပါက္ကြဲရမည္မသိ ၊
ေသာ္တာ့လိုကေလးမ်ိဳးကို သိမ္းသြင္းရေကာင္းမွန္းသိရက္ႏွင့္ စကားေတြလြန္ၾကဴး
သြားမိသည္။
မတတ္ႏိုင္ လာၿပီးေစာ္ကားဖို႔ သူမေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္မခံႏိုင္
တန္ရာတန္ရာေတြျပန္ေပးမိဖို႔ ဆုံးျဖတ္ရင္း အိပ္ယာ၀င္ခဲ့သည္။
..........
မနက္ခင္း ေဈး၀ယ္ထြက္ေတာ့ တက္လာသည့္ကုန္ေဈးႏႈန္းေတြက ခ်ၪၸေါင္႐ြက္နဲ႔ ကန္စြန္း႐ြက္ေလာက္ပဲ ၀ယ္လာႏိုင္သည္။
ၾကက္သားသည္ေတြေတြ႕ေပမယ့္ ၀ယ္ႏိုင္သည့္ပိုက္ဆံကအလုံေလာက္မပါ။
သို႔ေပမယ့္ သူမေပ်ာ္ပါသည္။ကိုယ့္ပိုက္ဆံ ကိုယ့္ရပ္တည္ခ်က္နဲ႔ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ေနရလည္း စားေပ်ာ္ပါ၏။
အလုပ္မွာမေန႔က ျပသနာတက္ထားထဲက
၀န္ထမ္းသစ္က ၾကာဦးမွာမို႔ ဆိုင္ကိုေန႔၀က္ေလာက္ပဲဖြင့္ထားရသည္။ ဒါေၾကာင့္မို႔ သူမမနက္ခင္းတစ္ခင္းလုံး အနားရေနသည္။
"သစ္႐ြက္စိမ္း ဆိုတာ မင္းလား!!!???"
လမ္းၾကားတစ္ခုကေန ဘြားကနဲေပၚလာတဲ့
လူမိုက္လိုလို ေက်ာင္းသားအုပ္စု
ပီေကေတြကို အသံျမည္ေအာင္ဝါးရင္း
သူမကိုေခ်ာင္ပိတ္ရပ္လိုက္ၾကသည္။
မသိရင္ေဈးထဲမွာ အသိေတြ႕လိုႏႈတ္ဆက္ေနသလိုမ်ိဳး
ေခ်ာင္ၾကတဲ့ ၀န္းက်င္မို႔ ဘယ္သူမွ႐ြက္စိမ္းတို႔အျဖစ္ကို သံသယမရွိၾကဘဲ ျဖတ္သြားျဖတ္လာရယ္
"ေသာ္တာ!!!!'
ထိုေကာင္ေလးအုပ္စုေနာက္ကြယ္ကေန ေသာ္တာက အပစ္မကင္းသလိုမ်ိဳးရပ္ၾကည့္ေနေတာ့ သူမအံ့ဩႀကီးစြာေရ႐ြတ္
လိုကၼိသည္။
"ေသာ္ေသာ္ နင့္ဆရာမက ငါ့တို႔ထက္ေတာင္ငယ္ဦးမလား ေသးေသး ေလး ဆံပင္ကဂုတ္ဝဲနဲ႔ ဆယ္တန္းေက်ာင္းသူသာသာပဲ"
"ဟုတ္တယ္သူပဲ"
"ခင္ဗ်ားက ေသာ္ေသာ့္ကို ၿခိမ္းေျခာကၱယ္ဆို အာ့တာမွန္လား!!!"
"ေရွ႕ကဖယ္ပါ ဒီေနရာက နင္တို႔သိခ်င္တာေမးဖို႔ လုပ္ထားတာမဟုတ္ဘူး"
"ဟိုး ေနပါဦး ကြၽန္ေတာ္နဲ႔ ေသာ္ေသာ္ ခ်ိန္းေတြ႕မယ့္ ကိစကို မဟုတ္တမ္းတရားေတြေျပာၿပီး ၿခိမ္းေျခာက္တယ္ဆို ၊ခမ်ားလည္း မျဖဴစင္ပဲနဲ႔ ဘာလို႔လိုက္ၿပီး စြပ္စြဲေျပာဆိုရတာလည္း"
"ေသာ္တာကအဲ့အပိုင္းပဲေျပာျပထားတာလား???'
"ဘာ!!!'
"မင္းကို သူတစိတ္တပိုင္းပဲေျပာျပထားတာလို႔"
"အမ စကားကိုဗေလာင္းဗလဲမေျပာနဲ႔"
"အမ မဟုတ္တာတစ္ခုမွ မေျပာရေသးဘူးေသာ္တာ မင္းစကားအသြားလာေတြေၾကာင့္ မသြားျဖစ္ေအာင္ တားတဲ့စကားလုံးကိုပဲ ပိုင္းျဖတ္ၿပီး ေ႐ြးတိုင္ရေအာင္ မင္းငါနဲ႔ မရွင္းရဲဘူးလား!!!!'
"စကားကိုကတ္သတ္မေျပာနဲ႔ ခင္မ်ားၿခိမ္းေျခာက္လား မၿခိမ္းေျခာက္ဘူးလား ဒါပဲေျပာ"
ေဘးကအုတ္နံရံကို ဝုန္းကနဲထုခ်ရင္း ထိုေက်ာင္းသားက ေအာ္ဟစ္ေမးလာသည္။
ကိုယ့္ထက္လူေကာင္ထြားတဲ့အျပင္ ေယာက္်ားေတြျဖစ္ေနတာေၾကာင့္ သူမ အနည္းငယ္လန႔္လာရသည္။
ပုံစံေတြက rich kid ပုံစံ
သို႔ေပမယ့္ ဆိုးသြမ္း႐ိုင္းစိုင္းတာေတြလည္း ေရာယွက္လ်က္
"မင္းတို႔ ၿခိမ္းေျခာက္ေနတာလား???"
"ဟုတ္တယ္ဆိုဘာလုပ္ခ်င္လည္း"
သူမပခုံးကို လက္နဲ႔ေစာင့္တြန္းရင္း ထိုေကာင္ေလးက ေရွ႕တိုးလာသည္။
ေဈးျခင္းေတာင္းေလးက လက္ကလြတ္က်သြားရၿပီး သူမဟာတျဖည္းျဖည္းေနာက္ကို ႐ို႕လိုကၼိသည္။
သို႔ေပမယ့္ေၾကာက္လန႔္ဖို႔ထက္ ေဒါသေတြက အင္အားပိုမ်ားခဲ့တာမို႔
"ထိၾကည့္လိုက္ေလ ငါ့ကို ေနာက္ဆက္တြဲနင္တို႔အက်ိဳးဆက္ဘယ္ေလာက္ထိ ဗ်ာမ်ားရမလည္း ငါေမႊႏိုင္တယ္ ၊ ငါအေျပာသမားမဟုတ္ဘူး ထိၾကည့္လိုက္!!!!!"
မ်က္၀န္းေတြနီစပ္ေနၿပီး ႏွာထိပ္ဖ်ားေတြပါရဲေနကာ သူမငိုခ်င္စိတ္ကိုထိန္းရင္းအရဲစြန႔္ေျပာလိုက္သည္။
"အာ...ဒီမိန္းမ!!!!'
႐ိုက္ရန္လွမ္း႐ြယ္ထားတဲ့လက္ကို သူမေစာင့္တြန္းဖယ္ရင္း အုပ္မိုးထားတဲ့ ထိုေကာင္ေလးေမးေစ့ေနရာအား ေခါင္းနဲ႔တိုက္လိုက္သည္။
"အ ! ခင္မ်ား!!!!"
"ဒီေနရမွာ နင္တို႔ငါ့ကို ေစာ္ကားဖို႔လုပ္ေနပါတယ္ေအာ္လိုက္ရင္ ဘာျဖစ္သြားမယ္ထင္လည္း!!!!""
"ဘာ!!!!'
"ငါ့အနာဂတ္ကၿပိဳလဲက်ၿပီးသား နင္တို႔ ေက်ာင္းထြက္ဖို႔ပ်က္စီးဖို႔က ငါ့ပါးစပ္ဖ်ားမွာရွိေနတယ္ဆိုတာ ယုံလား?????'
ေဒါသေၾကာင့္ အသံ
ေတြဟာ တဆတ္ဆတ္တုန္လ်က္
သူမအေျပာေၾကာင့္ထိုေကာင္ေလးေတြ ၿငိမ္ၾကကာ ေနာက္ျပန္ဆုတ္ထြက္ခြာသြားၾကသည္။ေသာ္တာကေတာ့ ထိုေနရာမွာ ရပ္ၿမဲရပ္က်န္ေနၿပီး အၾကည့္ေတြကစူးရဲေနသည္။
"ငါ့ဘ၀မွာေလ ဒီလို ေကာက္က်စ္တဲ့ကေလးမ်ိဳးမေတြ႕ဖူးဘူး ေသာ္တာ နင့္ကို႐ိုင္းတယ္ပဲ ငါထင္ထားခဲ့တာ"
မ်က္ရည္ေတြ တျဖဳတ္ျဖဳတ္က်ဆင္းရင္း
ေဈးျခင္းေတာင္းေလးေကာက္ဆြဲလိုက္သည္။
"ငါ့နိမ့္က်ခဲ့တာ ငါအရွက္ကြဲခဲ့တာဟာ လူကဲ့ရဲ႕စရာရႈံ႕ခ်စရာ ျဖစ္ခဲ့ပါတယ္၊ဒါေပမယ့္အဲ့လိုအသိုင္းဝိုင္းကို႐ြဲ႕ၿပီး ငါ့ကိုငါမနိမ့္က်ေစခဲ့ဘူး ၊"
"ငါသိထားတဲ့ေလးစားမႈဆိုတာ ႀကီးတာငယ္တာ မရွိဘူး ငါ့အေပၚေလးစားမႈဘယ္သူေပးလည္း အဲ့ဒီလူေပၚငါျပန္ေလးစားမယ္
နင္အဆုံးထိ မိန္းမခ်င္းကိုယ္ခ်င္းမစာခဲ့ဘူးေသာ္တာ နင့္လုပ္ရပ္က နင္အသက္႐ြယ္ႀကီးလာတဲ့အခါ ေလွာင္ရိပ္တစ္ခုျဖစ္ေနလိမ့္မယ္ ညေနကစၿပီး နင္ငါ့အိမ္လာစရာမလိုဘူး!!!"
သူမကိုလွည့္မၾကည့္ဘဲ ေျပာဆိုထြက္လာလိုက္သည္။မ်က္ရည္ေတြကို လက္ခုံနဲ႔သုတ္ေနတာေတာင္ အေတာမသတ္ႏိုင္ခဲ့
ေအာက္ဆုံးထိ ၿပိဳလဲေနရင္ေတာင္
မာန ပိစိေလးနဲ႔ ျပန္လည္ထူေထာင္ဖို႔ အားတင္းလ်က္
.............
"အခုဘာဆက္လုပ္မလည္း"
"သတိေမ့ေနတာ ေလ"
"ငါေျပာတယ္ အလြန္ကြၽံမလုပ္ပါနဲ႔လို႔"
"ေသသြားလည္းေကာင္းတာပဲ"
"ခက္တာပဲ သူ႔ဆီကသတင္းေတြယူရဦးမွာေလ"
"ခက္တာပဲဗ်ာ သတ္ခ်င္ေတာ့တာပဲကြၽန္ေတာ္ကေတာ့"
မင္းႏြယ္ ခြန႔္ကိုမသတ္ရလို႔တာဆူေနတာၾကာၿပီျဖစ္သည္။
ၿငိမ္သက္ေနတဲ့ ေႁမြတစ္ေကာင္ကို လက္ဦးမႈရတုန္းသတ္မွ
သူကိုယ္တိုင္မုဆိုးအေနထားကေန သားေကာင္မျဖစ္ခ်င္
မတတ္သာလို႔ ေဆး႐ုံပို႔ရတာေတာင္ အေၾကာင္းျပခ်က္ေတြတသီႀကီးေပးၿပီး ခက္ခက္ခဲခဲေဆး႐ုံတင္ထားရသည္။
ဒီႏိုင္ငံကေန လူေကာင္းပကတိအတိုင္းပုန္ထုတ္ဖို႔ ခြန႔္ ကို ေသခ်ာအက်ပ္ကိုင္မွသာပဲ
"ေဆး႐ုံက ဘယ္ေန႔ဆငိးရမယ္ထင္လည္း"
ဦးေန ေမးတာကို မင္းႏြယ္က စိတ္ရႈပ္သလိုေခါင္းကိုကုတ္ရင္း
"သတိေမ့ေနတာေလဗ်ာ ဘယ္ေတာ့ဆင္းရမလည္းက်ဳပ္ကသိမလား!!!!"
"ဒါဆို ေသခ်ာေစာင့္ၾကည့္ဖို႔ လူထား ငါခန အေမရိကားျပန္မယ္ မင္းကိုင္တြယ္ႏိုင္တယ္မလား"
"အဟင္း စိတ္ခ်လိုက္စမ္းပါ မင္းႏြယ္ ဆိုတဲ့ေကာင္က အခ်ဥ္မဟုတိဘူး"
သတိလစ္ခ်င္ေယာင္ေဆာင္ထားတဲ့ ခြန္ ကေတာ့ လြတ္လမ္းအတြက္ ဦးေႏွာက္ကကြန္ပ်ဴတာတစ္ခုလို အလုပ္လုပ္လ်က္.....
..............
"မုန႔္စားၿပီးၿပီလား!!!"
ကိုသူရက ေအးေဆးသက္သာျဖစ္ေစရန္ေမးေပမယ့္ ဟန္ေဆာင္ၿပဳံးေလးနဲ႔ေခါင္းညိတ္ျပရတဲ့ ႐ြက္စိမ္းဟာ အသကၼပါခဲ့
"စိတ္ညစ္စရာရွိေနလို႔လား ႐ြက္စိမ္း"
"မရွိပါဘူးကိုသူရ"
"ဘာမွမပူပါနဲ႔ မနက္ျဖန္ေလာက္ဆို အခ်ိန္ပိုင္းလာလုပ္မယ့္သူေတြ ထပ္လာေတာ့မွာ"
"ဟုတ္ အခုလိုမ်ိဳးေလ ေကာ္ဖီဆိုင္တခ်ိဳ႕နဲ႔ေရာ ကိုသူရသိေသးလား"
"ဒီမွာ မလုပ္ခ်င္လို႔လား ႐ြက္စိမ္းက"
"ပြင့္ပြငိ့လင္းလင္းေျပာရမယ္ဆိုရင္ေတာ့ဟုတ္ပါတယ္ ႐ြက္စိမ္း သူ႔လက္ေအာကၼွာ မလုပ္ခ်င္ဘူး"
"ကြၽန္ေတာ္ရိပ္စားမိပါတယ္ ဒါေပမယ့္
ေဘာ့စ္က အရင္ပုံစံေတြနဲ႔မတူဘဲ ႐ြက္စိမ္းကို ကူညီေနတာပါ၊ သူ႔အတြက္ေျခရင္းမွာခစားမယ့္မိန္းကေလးေတြေပါလို႔ပါ႐ြက္စိမ္းရယ္
ဒီေလာက္ထိသူရင္းေနတာ အဲ့လိုမသတ္မွတ္ပဲတကယ့္ေစတနာနဲ႔"
"သူ႔ကို မပတ္သတ္မွျဖစ္မွာမို႔ပါ၊ "
"ဘာလို႔လည္း႐ြက္စိမ္းရဲ႕"
"သူက႐ြက္စိမ္းအစ္မနဲ႔ ႀကိဳက္ေနတာေလ ဒါေၾကာင့္"
"ျပတ္သြားတာၾကာေနၿပီေလ ေဘဘီ ဒါေၾကာင့္ ကို႔ကို ေရွာင္ေနတာလား"
ေကာ္ဖီဆိုင္ထဲထိ၀င္ခ်လာတာအသံမေပးဘာမေပး
ေကာ္ဖီဝိုင္းေတြပါ ဧည့္သည္အနည္းငယ္သာရွိတာမို႔ သူမတို႔စကားေျပာေနသည့္ ေကာင္တာနားကို Jay ကခနဲ႔ၿပဳံးနဲ႔ေရာက္ရွိလာသည္။
"အဲ့လိုသေဘာမ်ိဳးမဟုတ္ပါဘူး"
"မင္းအစ္မ ငါ့အႀကိဳက္ၼဟုတ္ဘူး"
"ဘာရွင့္!!!'
"မင္းကလည္းငါ့အႀကိဳကၼဟုတ္ဘူး"
"ရွင္ဘာေတြေျပာေနတာလည္း!!!'
"မင္းအစ္မအတြက္ နာေပးမေနနဲ႔ သူက မင္းကိုဆို အေကာင္းတစ္ခုမွ ေျပာတာမဟုတ္ဘူး"
"ဒါကြၽန္မကိစပါ အခုလို စကားအေႏွာင့္သြားမလြတ္တာေတြ ၊အိမ္နားထိလိုက္လာတာေတြကေလ ရွင္တို႔ဘာသာ ဘယ္ေလာက္ထိ ႐ိုးသားတယ္ေခါင္းစဥ္တပ္တပ္ ကြၽန္မမယုံဘူး၊ နိမ့္က်လို႔ ထိပါးခ်င္တတ္တဲ့သေဘာလို႔ပဲမွတ္ယူတယ္၊ အခုပဲ အလုပ္ထြကၼယ္"
"အဲ့စကား မင္းထပ္ေျပာရင္ မင္းထင္ေနတဲ့ေခါင္းစဥ္ေအာက္ထဲငါတိုး၀င္မယ္
ကူညီေပးေနတာ ငါ့အတြက္ ဘာမွရယူလိုမႈမပါဘူး"
"ဒါဆိူလည္း ကြၽန္မကို ေအးေဆးေနခြင့္ေပးပါ "
"အခု မင္းနားကို ငါ့ဆိုင္လူျမင္ကြင္းမွာပဲ လာေတြ႕တာပါ လိမ္မာစမ္းပါ ေဘဘီရယ္
ဒီေကာင္ မၾကမ္းခ်င္ဘူး"
သူေျပာသမွ်ေတြကို ျပန္ေခ်ပဖို႔မစဥ္းစားေတာ့ဘဲ သူမၿငိမ္ေနလိုက္သည္။ကိုသူရကေတာ့ အားတုံ႔အားနာျဖစ္ေနၿပီး ဘယ္ဘက္က၀င္ပါရမွန္းမသိ ဗ်ာမ်ားေနလ်က္။
ဒီပြဲမွာ ဘယ္သူက မ႐ိုးသားေနတာလည္း????
................
လူေခၚဘဲလ္တီးသံေၾကာင့္ တံခါးကိုလည္း တန္းမဖြငိ့ရဲ
ၾကည့္ေပါက္ေသးေသးေလးကၾကည့္လိုက္ေတာ့ေသာ္တာ
စာအုပ္ကိုင္ၿပီး ေခါင္းငုံ႔ရပ္ေနသည္။
ဖြင့္ေပးဖို႔မဖြင့္ေပးဖို႔စဥ္းစားမေနေတာ့ဘဲ လက္ကေအာ္တို ဖြင့္ေပးလိုကၼိသည္။
"အထဲ၀င္ေလ"
မ်က္ႏွာကို ငုံခ်ေနၿပီး အခန္းထဲမ၀င္တာေၾကာင့္ သူမေျပာလိုက္ေတာ့
"ေတာင္းပန္ပါတယ္"
တိုးတိတ္ေသာအသံက ခပ္ရွရွရယ္
သူမ လည္း ရန္စမပႊားခ်င္တာမို႔
"နားလည္တာမို႔ ၀င္ခဲ့ပါ ငါတို႔ျပသနာေတြေမ့ၿပီးစာလုပ္တာေပါ့"
"ဟုတ္"
စာသင္သမွ် အေသခ်ာလိုက္နားေထာင္ၿပီး
ျပန္လုပ္ေတာ့ သူမရင္ေအးသြားရသည္။
စာသင္ေနရင္း မနက္ကေၾကာ္ထားသည့္ခ်ဥ္ေပါင္ေၾကာ္ေလးကို ပန္းကန္လုံးေလးထဲထည့္ရင္း ထမင္း မာေတာင့္ေတာငိ့ေလးေဘးကေနအနည္းငယ္ပုံလိုက္သည္။
"ဟင္းက ဒါပဲလား!!!'
"အင္း ေသာ္တာ ဗိုက္ဆာလို႔လား??'
"အင္း!!!"
"ေရာ့ စားေလ ဟင္းကရွိေသးတယ္ စားေခ်"
"ခနေလး အိမ္ကေနထမင္းနဲ႔ ငါးေၾကာ္ႏွပိက်န္ေသးတယ္ မစားနဲ႔ဦး ခနေစာင့္ တူတူစားမယ္"
ေသာ္တာကေျပာၿပီးတာနဲ႔ သူမတို႔အိမ္ဖက္တန္းသြားကာ ခဏၾကာေတာ့ ငါးေၾကာ္ႏွပ္ႏွင့္ ေပၚဆန္းထမင္းျဖဴေဖြးေဖြးေလးကပါလာသည္။
"အမထမင္းေပး ဇလုံထမင္းလုပ္မယ္"
"အမ ထမင္း စားႏိုင္ပါ့မလား???"
"စားႏိုင္တယ္ ဒီမွာေရာစားလိုက္ၼယ္ေလ"
"အမကဟင္းမေကာင္း!!!'
"ဖယ္ပါ ၾကာတယ္"
ေသာ္တာက သူမဘာသာ ေရာေႏွာၿပီးဟင္းနဲ႔ထမင္းေတြကို နယ္ဖတ္လိုက္သည္။ငါးေၾကာ္ေလးေကာင္က အႀကီးႀကီးေတြမို႔ သူမစားဖို႔ကိုမရဲ
"ငါးေၾကာ္ပါစားေနာ္ ဒီကစာက်က္ေနရင္း အဲ့တာထိလိုကၼေျပာႏိုင္ဘူး"
"ေကာ္ဖီေဖ်ာ္ေပးရမလား"
"အထုတ္ပါတယ္ အမ ေရေႏြးရွိတယ္မလား"
"အြန္း!!!'
"ဂြီ!!!!"
ႏွစ္ေယာက္သားေျပာေနရင္း ဗိုက္ထဲကေအာ္သံေတြက တူညီစြာေပၚထြက္လာေတာ့
မတိုင္ပင္ပဲၿပဳံးမိၾကတာ ၿပိဳင္တူ.....
အပ္ေပးပါၿပီရွင့္
စိတ္၀င္စားဖို႔မေကာင္းရင္ဂိုမဲ့နယ္
မ်က္စိသိပ္မေကာင္းလို႔အမ်ားႀကီး မေရးႏိုင္တာေဆာရီးပါ