part-19

7.6K 294 10
                                    

"‌ဦးလေး"

"မလာနဲ့ အမြန်မင်းဒီကထွက်စမ်း"

လက်ဝါးကပ်တိုင်လိုမျိုး သစ်သားတိုင်ကြီးမှာ ဦးတိုးအောင်ကို လက်ဝါးနှစ်ဖက္မှာ သံချောင်းတွေအစိမ်းတိုင်းရိုက်နှက်ထားသည်။
ခြေတွေမှာလည်း ထို့နည်းလည်းကောင်းပင်
နာကျင်လွန်းသည်ထင် လေသံတောင်ခပ်ဖျော့ဖျော့ပဲထွက်လာရသည်။

"မသွားဘူး ရအောင်ကယ်ထုတ်မယ်"

"မင်းသူ့ကိုကာကွယ်ရဦးမယ် ဟား အနည်းဆုံးသူ့ကိုတော့ဘေးကင်းအောင်ထားရဦးမယ်မလား "

"အိမ်မှာပိုက်ဆံတွေထားခဲ့တာပဲ အခုနည်းနည်းနာမယ်တောင့်ခံနော်"

လျို့ဝှက်စခန်းတစ်ခု၊ငရဲခန်းဆိုလည်းမမှား
ဦးတိုးအောင်ကို ဘိုးလေးတော်လို့ ဖမ်းမိထားတယ် ပြောထဲက ရောက်လာလိုက်တာ ‌ထောင်ချောက်ထဲသိသိကြီးနဲ့တိုး၀င်မိခဲ့သညိ။
သုံးရက်တာ နိုပ်စက္မှုအပြီးမှာ သူ့လက်ချောင်းအချို့တောင်ကျိုးနေခဲ့လေပြီ
ကျောကုန်းမှာတော့ ကြာပွတ်ရာတပြင်သား
ဆားနဲ့ပက်လိုက်ရိုက်လိုက်လုပ်ထားတာ တစ်ခုမှ အကောင်းတိုင်းမရှိမှာသေချာသည်။

ဒီလိုမြင်ကွင်းကိုလည်းသပ်သပ်မြင်စေတာသူသိတာပေါ့
အစောင့်ကြပ်တွေလျော့ချပြီး ဦးတိုးအောင်ကို သူလိုက်ရှာမယ်မှန်းသိလို့လမ်းဖွင့်ပေးထားတာပင်
ငါတို့ကို လုပ်ရင် ဒီလိုရက်စက်တာဆိုပြီး ပြသခဲ့တဲ့ဥပမာ မှာ ဦးတိုးအောင်က သားကောင်ဖြစ်သွားခဲ့ရသည်။

"မလာပါနဲ့ ထွက်ပြေး ထွက်ပြေးတော့"

ခြေရင်းမှာ ချည်ထားတဲ့ကြိုးတွေကို ကြည့်ပြီး သေသေချာချာလေးဖြည်ထုတ်ပေူနေမိသည် ။သံချောင်းကြီးစိုက်၀င်နေတဲ့ခြေဖမိုးဖြူဖြူမှာ အရောင်တောင်မဲ့ချင်နေသည်။နီသွေးသော ရောင်တွေသာလွှမ်းခြုံလျက်

ဒီစိုက်နေတဲ့သံချောင်းစကြီးကို သူဘယ်လိုဖယ်ရှားရမလည်းခုထိမသိသေး

"မင်းကျောပေါ်မှာ သွေးတွေနဲ့ပါလား တူလေးရယ်"

သူ့ကိုယ်ပေါ်ကသွေးတွေကအိုင်ထွန်းနေတာတောင် ကျောပြင်လေးတစ်ချက်ကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာတယ်

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now