နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...

By KimHsuYoon99

693K 108K 1.4K

This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3

Chapter 45.1

3K 485 4
By KimHsuYoon99

Unicode

အေးစက်နေတဲ့ လရောင်က မြေပြင်ပေါ် ကို ငွေရောင်ဖြာလင်းနေစေတာကြောင့် ညရဲ့ အမှောင်ထုကို လျော့နည်းသွားစေတယ်။ခဲယ်လ်တစ်အိမ်က ထွက်လာတဲ့အေဘယ်နဲ့အယ်လီတို့က အိမ်အပြန်လမ်းမှာ လမ်းလျှောက်နေကြတယ်။ သူတို့ ဒီနေ့မှာ လူတိုင်းနဲ့ဆုံပြီး ထမင်းစားခဲ့ကြတယ်။ ဘာမှမထည့်ဘဲ ချက်ပြုတ်တဲ့အခါမှာတောင် လူလူသားရဲက အရသာရှိတယ်။သင့်လျော်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်လိုက်တော့ ပိုအရသာရှိလာခဲ့ပါတယ်။ လူလူသားရဲအသားက သိပ်မများပေမယ့်လည်း ဘေးကင်းပါတယ်။အန်းချီလော့က  စွပ်ပြုတ်အများကြီးချက်ခဲ့ပြီး လူတိုင်းက စွပ်ပြုတ်တွေအများကြီးသောက်ခဲ့ကြတယ်။ ထမင်းစားပြီးနောက်မှာ အယ်လီက ပစ္စည်းတွေကို ကူညီသန့်ရှင်းပေးခဲ့ပြီး နောက်ဆုံးမှာ အေဘယ်နဲ့အတူ ထွက်သွားခဲ့တယ်။

“ပွဲတော်နီးသထက်နီးလာလို့ ငါအရမ်းစိတ်လှုပ်ရှားနေတယ်” အယ်လီက အခု ပွဲတော်ကိုစောင့်မျှော်နေပြီး နည်းနည်းတော့ စိတ်လှုပ်ရှားနေတယ်။

"အင်း၊ ငါလည်းပဲ တကယ်ကို စိတ်လှုပ်ရှားနေတယ် ငါတို့ မကြာခင်လက်တွဲဖော် ဖြစ်လာပြီး အတူနေနိုင်တော့မယ်" အေဘယ်က အယ်လီရဲ့လက်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တယ်။

"ငါလည်း မင်းနဲ့အတူတူနေချင်နေပြီ" အယ်လီက ကိုင်ထားတဲ့ လက်တွေကိုကြည့်လိုက်ပြီး ချိုသာစွာ ပြုံးပြလိုက်ကာ  ဖိအားတွေက မှော်လိုပဲ ပျောက်ကွယ်သွားတော့တယ်။ သူကြိုက်တဲ့လူနဲ့နေရတော့မယ်။ သူဘာတွေကို စိတ်ပူနေတာလဲ။ပြီးတော့ အေဘယ်က သူ့အပေါ် အမြဲကောင်းပေးခဲ့တာလေ။

"ကျွန်တော် အယ်လီကို ထပ်မစောင့်နိုင်တော့ဘူး၊ ပွဲတော်ကို မြန်မြန်ရောက်စေချင်နေပြီ"

ရက်အနည်းငယ်ကြာပြီးရင် ကျင်းပမယ့်ပွဲတော်ရဲ့ဒီတစ်ကြိမ်မှာတော့ ပိုင်မုက တွဲဖက်ပွဲအခမ်းအနားကို ပြင်ဆင်ဖို့ ကူညီပေးခဲ့တယ်။ "အဲဒီနေ့မှာ လူတိုင်းက အရမ်းပျော်ရွှင်ကြလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် ကျွန်တော်တို့(မျိုးနွယ်စု)ရဲ့ တွဲဖက်ပွဲက အရင်နှစ်တွေနဲ့ မတူဘူးလေ"ဒါကိုပြောပြီး အယ်လီက သိသိသာသာကို စိတ်လှုပ်ရှားနေတယ်။ဒီရက်တွေမှာ သူတို့နဲ့အန်းချီ‌လော့က အတူတူ အဝတ်အစားတွေ လုပ်ကြတယ်။ အေဘယ်အတွက် တိရိစ္ဆာန်သားရေ၀တ်စုံတစ်စုံကို သူပြုလုပ်ခဲ့တယ်။အေဘယ်က  အဲဒါကို ဝတ်လိုက်တဲ့အခါ သူ(အေဘယ်) ကြက်သေ,သေသွားသွားတယ်။ အေဘယ်က အရမ်းကို ကြည့်ကောင်းတာပဲ။ သူ့(အေဘယ်)ကိုယ်ပိုင်အဝတ်အစားတွေက အချို့အလှဆင်ပစ္စည်းတွေ ထည့်ချုပ်လုပ်မထားပေမယ့် ချုပ်လုပ်ပြီးတာ အရမ်းမြန်လွန်းတယ်။

"ဟုတ်တယ်၊ အရင်နှစ်တွေမှာ မျိုးနွယ်စုကလူတွေက အသားကင်စားဖို့ အတူစုရုံးလေ့ရှိပြီး သီချင်းဆိုပြီး ကကြတယ် ဒီနှစ်မှာ ပိုင်မုက အရသာရှိတဲ့ အစားအစာတွေ  အများကြီးပြင်ဆင်ထားတယ်မလား" လတ်တလောမှာ  ပိုင်မုရဲ့လိုအပ်ချက်အရ သူတို့က ငှက်ဥတွေစုဆောင်းတာ၊ ငါးဖမ်းတာနဲ့ သစ်တောထဲက အစာတွေစုဆောင်းတာတွေကို  ပြုလုပ်ကြတယ်။ သစ်တောထဲကရတဲ့ အဲ့ဒီအစားအစာကို မှိုလို့ခေါ်တယ်။ ဒါတွေပြီးသွားရင် သူတို့က သစ်သီးတွေ စစုဆောင်းမှာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာ ထပ်ပြီး အမဲလိုက်သွားကြလိမ့်မယ်။

"ဟီးဟီး၊ အေဘယ် ငါတို့ သေချာပေါက်အရမ်းပျော်ရွှင်ရလိမ့်မယ် ဒီနှစ်မှာ ကြီးမြတ်တဲ့ ဘုရားသခင်ရဲ့ ကောင်းချီးတွေနဲ့  မျိုးနွယ်စု၀င်တွေအားလုံးရဲ့ ကောင်းချီးတွေအပြင် တမန်တော်ဆီက နောက်ထပ် ကောင်းချီးတစ်ခုကိုလည်း ငါတို့ရနိုင်တယ်လေ"အယ်လီက ရူးကြောင်ကြောင်လေးပြုံးရင်း ပြောခဲ့တယ်။ သူတို့က တကယ်ကို ကံကောင်းတာပဲ။။

အေဘယ်က သူ့ကို စူးစူးရှရှ ကြည့်လိုက်တယ်၊ ​​သူ့ရဲ့ အနာဂတ်လက်တွဲဖော်လေးက  တကယ့်ကို ချစ်ဖို့ကောင်းပြီး သူ(အေဘယ်)က သူ့(အယ်လီ)လက်လေးကို ဒီအတိုင်း တစ်သက်လုံး ကိုင်ထားနိုင်ခဲ့ရင် သူ တကယ်ကို ပျော်ရွှင်ရလိမ့်မယ်။

"အယ်လီ အမေက ငါတို့နဲ့ အတူနေဖို့ သဘောတူလား" orcမျိုးနွယ်စုထဲက  orc တွေက  အရွယ်ရောက်ပြီးရင် တစ်ယောက်တည်းနေထိုင်ဖို့ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ခွာကြမှာဖြစ်ပြီး မိန်းမပျိုတွေကတော့ တွဲဖက်အခမ်းအနားအပြီးမှာ orcs နဲ့နေထိုင်ဖို့ ပြောင်းရွှေ့ရမှာဖြစ်တယ်။ အယ်လီရဲ့သားရဲအဖေက  မရှိတော့ဘူးဖြစ်လို့ သူတို့က သူ့အမေကို ပြုစုစောင့်ရှောက်လိုကြတယ်။ဒါပေမယ့်   အယ်လီရဲ့အမေက သူတို့ရဲ့ဘဝကို ထိခိုက်စေမိမှာစိုးရိမ်ပြီး တစ်ယောက်တည်းနေချင်ခဲ့တယ်။ သို့သော်ငြား မိန်းမပျိုတစ်ယောက်တည်း နေထိုင်တာက အန္တရာယ်များပြီး အရမ်းခက်ခဲတယ်။

"သဘောတူခဲ့တယ် မဟုတ်ရင် ငါတကယ် စိတ်မပူပဲနေနိုင်မှာမဟုတ်ဘူး" အမေက  တစ်ယောက်တည်း ဘယ်လိုကောင်းကောင်းနေနိုင်ပါ့မလဲ။

"အဲဒီအိမ်မှာ တိရစ္ဆာန်သားရေတွေ လုံလုံလောက်လောက် ရှိလား"အေဘယ်က  သူတို့နေထိုင်ရာနေရာကို စီစဉ်ပေးရုံသာမက အယ်လီရဲ့ သူ့အမေနေထိုင်တဲ့နေရာကိုပါ  ပြန်လည်စီစဉ်ပေးဖို့ ရည်ရွယ်ထားတယ်။

"လုံလောက်တယ် လုံလောက်တယ် မင်း အများကြီးပို့ထားတာတွေ ကျန်သေးတယ်" သူ့ပါတနာက သူ့အမေကို ဒီလိုမျိုးဂရုစိုက်ပေးလို့ အယ်လီရဲ့နှလုံးသားလေးက ချိုမြိန်သွားတယ်။

နှစ်ယောက်သားက အယ်လီရဲ့အိမ်ထိ  စကားပြောသွားကြတယ်။ အေဘယ်က မလိုလားစွာနဲ့ မထွက်ခွာခင်မှာ အယ်လီအိမ်ထဲဝင်သွားပြီး  တံခါးပိတ်လိုက်တာကို ကြည့်နေခဲ့တယ်။

လူသစ်တွေကို ကောင်းချီးပေးဖို့အတွက် မျိုးနွယ်စုတစ်စုလုံး ပါဝင်ကြမှာဖြစ်တာကြောင့် ကေစီနဲ့ အခြားသူတွေ ဖမ်းထားတဲ့ ငါးသေးသေးလေးတစ်ခြင်းတောင်းက မလုံလောက်ပါဘူး။ ဒါကြောင့် ဘန်ဆွန်က နောက်နှစ်ရက်အထိ ကေစီကြောင့် အလုပ်ဆက်ကြိုးစားခဲ့ရပြီး ငါးဆက်ဖမ်းဖို့ ကူညီခဲ့ရပါတယ်။

တကယ်တော့၊ ကေစီကို လိုက်ပိုးပန်းနေတဲ့ orcs တွေ အများကြီးရှိပြီး သူ့ကိုစိတ်ကျေနပ်မှုရအောင် ကူညီပေးမယ့်သူတွေ မရှားပါဘူး။ဒါပေမယ့် ကေစီက သူအဲ့ဒီလူတွေကို မကြိုက်တဲ့အတွက် ကူညီပေးဖို့ အမြဲတမ်း သွားမနှောက်ယှက်သင့်ဘူးလို့ ထင်ပါတယ်။ဒါပေမယ့် တခြားသူတွေက သူ့ကို တစ်ခုခုပေးလာတာကတော့ ကွာခြားတဲ့ကိစ္စဖြစ်သွားပြီလေ။ သူများတွေ သူ့ကို တစ်ခုခု ပေးချင်စိတ်ရှိရင် ဘာလို့ သူလက်မခံရမှာလဲ။

ဘန်ဆွန်ရဲ့အကူအညီအတွက် ကေစီက  အဲ့ဒါကိုလက်ခံခဲ့တယ်။သူက  သူ့ကိုတိုက်မိပြီး ငါးဘယ်လိုဖမ်းရမလဲဆိုတာကို သင်ပေးတယ်။ ကျားကြီးဘန်ဆွန်က ကောင်းကောင်းစွမ်းဆောင်နိုင်ရင် သူကိုယ်တိုင်လုပ်ထားတဲ့ ငါးခြင်းတောင်းတစ်ခုကို သူဆုပေးလိမ့်မယ်။သူ(ကေစီ)ကောင်းကောင်းစွမ်းဆောင်နိုင်သရွေ့   အစ်ကိုကြီးပိုင်မုကလည်း သူ့ကိုဆုချမှာဖြစ်တယ်။ သူဆုရတိုင်း သူပျော်ရမယ်၊ကျားကြီးလည်း ပျော်လိမ့်မယ် ၊ဟုတ်တယ်မဟုတ်လား ။ ( T/N-ဟယ် ဘာမှလည်းမဆိုင်သလိုပဲနော် (⁠눈⁠‸⁠눈⁠))

ကေစီငါးဖမ်းတာကို ကူညီပေးရတာက အရမ်းပျော်စရာကောင်းတယ်လို့ ဘန်ဆွန်ထင်တယ်။ အခုလောက် ပြီးပြည့်စုံအောင် ဘယ်သူလုပ်နိုင်လဲ။သူက အချိန်တိုင်း ငါးအများကြီး ဖမ်းပေးနိုင်တယ်။ ဒါတောင် ပိုင်မုရဲ့တောင်းဆိုချက်အရ စားဖို့သေးငယ်လွန်းတဲ့ငါးကို ရေထဲပြန်ထည့်ခဲ့လို့ပါ။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ကေစီက အရမ်းချစ်စရာကောင်းတာကို ဘန်ဆွန်တွေ့ရှိခဲ့ပြီး ကေစီက ပိုင်မုကို အရမ်းသဘောကျပုံရတယ်။ သူ့စကားတွေအရ ပိုင်မုက သူ့ရဲ့အစ်ကိုကြီးတစ်ယောက်လိုပဲတဲ့။ သူ မလုပ်နိုင်တာ ဘာတစ်ခုမှမရှိသလောက်ဖြစ်ပြီးတော့(သူ့နှလုံးသားထဲမှာ  ပိုင်မုက ပြီးပြည့်စုံစွာ လှ‌ပနေခဲ့တယ်)  သူတို့ကို အရာအများကြီးသင်ပေးခဲ့တယ်တဲ့။

ဘန်ဆွန်က ကေစီကို ငါးကူဖမ်းပေးခဲ့ရတဲ့  လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူက ပိုင်မုဘယ်လောက် ကောင်းမွန်ကြောင်းနဲ့ သူတို့မျိုးနွယ်စုရဲ့ ဘဝတွေက တက်ကြွမှုနဲ့မျှော်လင့်ချက်တွေ ပြည့်နှက်နေပြီး ဘယ်လောက်ပျော်ရွှင်နေရတယ်ဆိုတဲ့အကြောင်းပြောနေတာကို နားထောင်နေခဲ့တယ်။ သူက နေ့တိုင်းအပြီးမသတ်နိုင်သေးတဲ့အရာတွေ ရှိနေတယ်လို့ ခံစားရပြီး ပိုင်မုက သူတို့ကို တခါတရံမှာ ဆန်းသစ်တဲ့အရာလေးတွေ သင်ပေးလိမ့်မယ်။ ကေစီ‌ပြောတဲ့စကားတွေက ဘန်ဆွန်ကို အရမ်းတောင့်တစေပြီး သူ့မျိုးနွယ်စုက   ခြင်္သေ့တောင်ပံမျိုးနွယ်စုနဲ့ အတူတူဖြစ်လာလိမ့်မယ်လို့ သူမျှော်လင့်လာတယ်။။

Zawgyi

ေအးစက္ေနတဲ့ လေရာင္က ေျမျပင္ေပၚ ကို ေငြေရာင္ျဖာလင္းေနေစတာေၾကာင့္ ညရဲ႕ အေမွာင္ထုကို ေလ်ာ့နည္းသြားေစတယ္။ခဲယ္လ္တစ္အိမ္က ထြက္လာတဲ့ေအဘယ္နဲ႕အယ္လီတို႔က အိမ္အျပန္လမ္းမွာ လမ္းေလွ်ာက္ေနၾကတယ္။ သူတို႔ ဒီေန႕မွာ လူတိုင္းနဲ႕ဆုံၿပီး ထမင္းစားခဲ့ၾကတယ္။ ဘာမွမထည့္ဘဲ ခ်က္ျပဳတ္တဲ့အခါမွာေတာင္ လူလူသားရဲက အရသာရွိတယ္။သင့္ေလ်ာ္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြထည့္လိုက္ေတာ့ ပိုအရသာရွိလာခဲ့ပါတယ္။ လူလူသားရဲအသားက သိပ္မမ်ားေပမယ့္လည္း ေဘးကင္းပါတယ္။အန္းခ်ီေလာ့က  စြပ္ျပဳတ္အမ်ားႀကီးခ်က္ခဲ့ၿပီး လူတိုင္းက စြပ္ျပဳတ္ေတြအမ်ားႀကီးေသာက္ခဲ့ၾကတယ္။ ထမင္းစားၿပီးေနာက္မွာ အယ္လီက ပစၥည္းေတြကို ကူညီသန႔္ရွင္းေပးခဲ့ၿပီး ေနာက္ဆုံးမွာ ေအဘယ္နဲ႕အတူ ထြက္သြားခဲ့တယ္။

“ပြဲေတာ္နီးသထက္နီးလာလို႔ ငါအရမ္းစိတ္လႈပ္ရွားေနတယ္” အယ္လီက အခု ပြဲေတာ္ကိုေစာင့္ေမွ်ာ္ေနၿပီး နည္းနည္းေတာ့ စိတ္လႈပ္ရွားေနတယ္။

"အင္း၊ ငါလည္းပဲ တကယ္ကို စိတ္လႈပ္ရွားေနတယ္ ငါတို႔ မၾကာခင္လက္တြဲေဖာ္ ျဖစ္လာၿပီး အတူေနနိုင္ေတာ့မယ္" ေအဘယ္က အယ္လီရဲ႕လက္ကိုတင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္တယ္။

"ငါလည္း မင္းနဲ႕အတူတူေနခ်င္ေနၿပီ" အယ္လီက ကိုင္ထားတဲ့ လက္ေတြကိုၾကည့္လိုက္ၿပီး ခ်ိဳသာစြာ ၿပဳံးျပလိုက္ကာ  ဖိအားေတြက ေမွာ္လိုပဲ ေပ်ာက္ကြယ္သြားေတာ့တယ္။ သူႀကိဳက္တဲ့လူနဲ႕ေနရေတာ့မယ္။ သူဘာေတြကို စိတ္ပူေနတာလဲ။ၿပီးေတာ့ ေအဘယ္က သူ႕အေပၚ အၿမဲေကာင္းေပးခဲ့တာေလ။

"ကြၽန္ေတာ္ အယ္လီကို ထပ္မေစာင့္နိုင္ေတာ့ဘူး၊ ပြဲေတာ္ကို ျမန္ျမန္ေရာက္ေစခ်င္ေနၿပီ"

ရက္အနည္းငယ္ၾကာၿပီးရင္ က်င္းပမယ့္ပြဲေတာ္ရဲ႕ဒီတစ္ႀကိမ္မွာေတာ့ ပိုင္မုက တြဲဖက္ပြဲအခမ္းအနားကို ျပင္ဆင္ဖို႔ ကူညီေပးခဲ့တယ္။ "အဲဒီေန႕မွာ လူတိုင္းက အရမ္းေပ်ာ္႐ႊင္ၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္တယ္ ကြၽန္ေတာ္တို႔(မ်ိဳးႏြယ္စု)ရဲ႕ တြဲဖက္ပြဲက အရင္ႏွစ္ေတြနဲ႕ မတူဘူးေလ"ဒါကိုေျပာၿပီး အယ္လီက သိသိသာသာကို စိတ္လႈပ္ရွားေနတယ္။ဒီရက္ေတြမွာ သူတို႔နဲ႕အန္းခ်ီ‌ေလာ့က အတူတူ အဝတ္အစားေတြ လုပ္ၾကတယ္။ ေအဘယ္အတြက္ တိရိစ္ဆာန္သားေရ၀တ္စုံတစ္စုံကို သူျပဳလုပ္ခဲ့တယ္။ေအဘယ္က  အဲဒါကို ဝတ္လိုက္တဲ့အခါ သူ(ေအဘယ္) ၾကက္ေသ,ေသသြားသြားတယ္။ ေအဘယ္က အရမ္းကို ၾကည့္ေကာင္းတာပဲ။ သူ႕(ေအဘယ္)ကိုယ္ပိုင္အဝတ္အစားေတြက အခ်ိဳ႕အလွဆင္ပစၥည္းေတြ ထည့္ခ်ဳပ္လုပ္မထားေပမယ့္ ခ်ဳပ္လုပ္ၿပီးတာ အရမ္းျမန္လြန္းတယ္။

"ဟုတ္တယ္၊ အရင္ႏွစ္ေတြမွာ မ်ိဳးႏြယ္စုကလူေတြက အသားကင္စားဖို႔ အတူစု႐ုံးေလ့ရွိၿပီး သီခ်င္းဆိုၿပီး ကၾကတယ္ ဒီႏွစ္မွာ ပိုင္မုက အရသာရွိတဲ့ အစားအစာေတြ  အမ်ားႀကီးျပင္ဆင္ထားတယ္မလား" လတ္တေလာမွာ  ပိုင္မုရဲ႕လိုအပ္ခ်က္အရ သူတို႔က ငွက္ဥေတြစုေဆာင္းတာ၊ ငါးဖမ္းတာနဲ႕ သစ္ေတာထဲက အစာေတြစုေဆာင္းတာေတြကို  ျပဳလုပ္ၾကတယ္။ သစ္ေတာထဲကရတဲ့ အဲ့ဒီအစားအစာကို မွိုလို႔ေခၚတယ္။ ဒါေတြၿပီးသြားရင္ သူတို႔က သစ္သီးေတြ စစုေဆာင္းမွာျဖစ္ၿပီး ရက္အနည္းငယ္အၾကာမွာ ထပ္ၿပီး အမဲလိုက္သြားၾကလိမ့္မယ္။

"ဟီးဟီး၊ ေအဘယ္ ငါတို႔ ေသခ်ာေပါက္အရမ္းေပ်ာ္႐ႊင္ရလိမ့္မယ္ ဒီႏွစ္မွာ ႀကီးျမတ္တဲ့ ဘုရားသခင္ရဲ႕ ေကာင္းခ်ီးေတြနဲ႕  မ်ိဳးႏြယ္စု၀င္ေတြအားလုံးရဲ႕ ေကာင္းခ်ီးေတြအျပင္ တမန္ေတာ္ဆီက ေနာက္ထပ္ ေကာင္းခ်ီးတစ္ခုကိုလည္း ငါတို႔ရနိုင္တယ္ေလ"အယ္လီက ႐ူးေၾကာင္ေၾကာင္ေလးၿပဳံးရင္း ေျပာခဲ့တယ္။ သူတို႔က တကယ္ကို ကံေကာင္းတာပဲ။။

ေအဘယ္က သူ႕ကို စူးစူးရွရွ ၾကည့္လိုက္တယ္၊ ​​သူ႕ရဲ႕ အနာဂတ္လက္တြဲေဖာ္ေလးက  တကယ့္ကို ခ်စ္ဖို႔ေကာင္းၿပီး သူ(ေအဘယ္)က သူ႕(အယ္လီ)လက္ေလးကို ဒီအတိုင္း တစ္သက္လုံး ကိုင္ထားနိုင္ခဲ့ရင္ သူ တကယ္ကို ေပ်ာ္႐ႊင္ရလိမ့္မယ္။

"အယ္လီ အေမက ငါတို႔နဲ႕ အတူေနဖို႔ သေဘာတူလား" orcမ်ိဳးႏြယ္စုထဲက  orc ေတြက  အ႐ြယ္ေရာက္ၿပီးရင္ တစ္ေယာက္တည္းေနထိုင္ဖို႔ သူတို႔ရဲ႕ေနအိမ္ေတြကေန ထြက္ခြာၾကမွာျဖစ္ၿပီး မိန္းမပ်ိဳေတြကေတာ့ တြဲဖက္အခမ္းအနားအၿပီးမွာ orcs နဲ႕ေနထိုင္ဖို႔ ေျပာင္းေ႐ႊ႕ရမွာျဖစ္တယ္။ အယ္လီရဲ႕သားရဲအေဖက  မရွိေတာ့ဘူးျဖစ္လို႔ သူတို႔က သူ႕အေမကို ျပဳစုေစာင့္ေရွာက္လိုၾကတယ္။ဒါေပမယ့္   အယ္လီရဲ႕အေမက သူတို႔ရဲ႕ဘဝကို ထိခိုက္ေစမိမွာစိုးရိမ္ၿပီး တစ္ေယာက္တည္းေနခ်င္ခဲ့တယ္။ သို႔ေသာ္ျငား မိန္းမပ်ိဳတစ္ေယာက္တည္း ေနထိုင္တာက အႏၱရာယ္မ်ားၿပီး အရမ္းခက္ခဲတယ္။

"သေဘာတူခဲ့တယ္ မဟုတ္ရင္ ငါတကယ္ စိတ္မပူပဲေနနိုင္မွာမဟုတ္ဘူး" အေမက  တစ္ေယာက္တည္း ဘယ္လိုေကာင္းေကာင္းေနနိုင္ပါ့မလဲ။

"အဲဒီအိမ္မွာ တိရစ္ဆာန္သားေရေတြ လုံလုံေလာက္ေလာက္ ရွိလား"ေအဘယ္က  သူတို႔ေနထိုင္ရာေနရာကို စီစဥ္ေပး႐ုံသာမက အယ္လီရဲ႕ သူ႕အေမေနထိုင္တဲ့ေနရာကိုပါ  ျပန္လည္စီစဥ္ေပးဖို႔ ရည္႐ြယ္ထားတယ္။

"လုံေလာက္တယ္ လုံေလာက္တယ္ မင္း အမ်ားႀကီးပို႔ထားတာေတြ က်န္ေသးတယ္" သူ႕ပါတနာက သူ႕အေမကို ဒီလိုမ်ိဳးဂ႐ုစိုက္ေပးလို႔ အယ္လီရဲ႕ႏွလုံးသားေလးက ခ်ိဳၿမိန္သြားတယ္။

ႏွစ္ေယာက္သားက အယ္လီရဲ႕အိမ္ထိ  စကားေျပာသြားၾကတယ္။ ေအဘယ္က မလိုလားစြာနဲ႕ မထြက္ခြာခင္မွာ အယ္လီအိမ္ထဲဝင္သြားၿပီး  တံခါးပိတ္လိုက္တာကို ၾကည့္ေနခဲ့တယ္။

လူသစ္ေတြကို ေကာင္းခ်ီးေပးဖို႔အတြက္ မ်ိဳးႏြယ္စုတစ္စုလုံး ပါဝင္ၾကမွာျဖစ္တာေၾကာင့္ ေကစီနဲ႕ အျခားသူေတြ ဖမ္းထားတဲ့ ငါးေသးေသးေလးတစ္ျခင္းေတာင္းက မလုံေလာက္ပါဘူး။ ဒါေၾကာင့္ ဘန္ဆြန္က ေနာက္ႏွစ္ရက္အထိ ေကစီေၾကာင့္ အလုပ္ဆက္ႀကိဳးစားခဲ့ရၿပီး ငါးဆက္ဖမ္းဖို႔ ကူညီခဲ့ရပါတယ္။

တကယ္ေတာ့၊ ေကစီကို လိုက္ပိုးပန္းေနတဲ့ orcs ေတြ အမ်ားႀကီးရွိၿပီး သူ႕ကိုစိတ္ေက်နပ္မႈရေအာင္ ကူညီေပးမယ့္သူေတြ မရွားပါဘူး။ဒါေပမယ့္ ေကစီက သူအဲ့ဒီလူေတြကို မႀကိဳက္တဲ့အတြက္ ကူညီေပးဖို႔ အၿမဲတမ္း သြားမႏွောက္ယွက္သင့္ဘူးလို႔ ထင္ပါတယ္။ဒါေပမယ့္ တျခားသူေတြက သူ႕ကို တစ္ခုခုေပးလာတာကေတာ့ ကြာျခားတဲ့ကိစၥျဖစ္သြားၿပီေလ။ သူမ်ားေတြ သူ႕ကို တစ္ခုခု ေပးခ်င္စိတ္ရွိရင္ ဘာလို႔ သူလက္မခံရမွာလဲ။

ဘန္ဆြန္ရဲ႕အကူအညီအတြက္ ေကစီက  အဲ့ဒါကိုလက္ခံခဲ့တယ္။သူက  သူ႕ကိုတိုက္မိၿပီး ငါးဘယ္လိုဖမ္းရမလဲဆိုတာကို သင္ေပးတယ္။ က်ားႀကီးဘန္ဆြန္က ေကာင္းေကာင္းစြမ္းေဆာင္နိုင္ရင္ သူကိုယ္တိုင္လုပ္ထားတဲ့ ငါးျခင္းေတာင္းတစ္ခုကို သူဆုေပးလိမ့္မယ္။သူ(ေကစီ)ေကာင္းေကာင္းစြမ္းေဆာင္နိုင္သေ႐ြ႕   အစ္ကိုႀကီးပိုင္မုကလည္း သူ႕ကိုဆုခ်မွာျဖစ္တယ္။ သူဆုရတိုင္း သူေပ်ာ္ရမယ္၊က်ားႀကီးလည္း ေပ်ာ္လိမ့္မယ္ ၊ဟုတ္တယ္မဟုတ္လား ။ ( T/N-ဟယ္ ဘာမွလည္းမဆိုင္သလိုပဲေနာ္ (⁠눈⁠‸⁠눈⁠))

ေကစီငါးဖမ္းတာကို ကူညီေပးရတာက အရမ္းေပ်ာ္စရာေကာင္းတယ္လို႔ ဘန္ဆြန္ထင္တယ္။ အခုေလာက္ ၿပီးျပည့္စုံေအာင္ ဘယ္သူလုပ္နိုင္လဲ။သူက အခ်ိန္တိုင္း ငါးအမ်ားႀကီး ဖမ္းေပးနိုင္တယ္။ ဒါေတာင္ ပိုင္မုရဲ႕ေတာင္းဆိုခ်က္အရ စားဖို႔ေသးငယ္လြန္းတဲ့ငါးကို ေရထဲျပန္ထည့္ခဲ့လို႔ပါ။ လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္း ေကစီက အရမ္းခ်စ္စရာေကာင္းတာကို ဘန္ဆြန္ေတြ႕ရွိခဲ့ၿပီး ေကစီက ပိုင္မုကို အရမ္းသေဘာက်ပဳံရတယ္။ သူ႕စကားေတြအရ ပိုင္မုက သူ႕ရဲ႕အစ္ကိုႀကီးတစ္ေယာက္လိုပဲတဲ့။ သူ မလုပ္နိုင္တာ ဘာတစ္ခုမွမရွိသေလာက္ျဖစ္ၿပီးေတာ့(သူ႕ႏွလုံးသားထဲမွာ  ပိုင္မုက ၿပီးျပည့္စုံစြာ လွ‌ပေနခဲ့တယ္)  သူတို႔ကို အရာအမ်ားႀကီးသင္ေပးခဲ့တယ္တဲ့။

ဘန္ဆြန္က ေကစီကို ငါးကူဖမ္းေပးခဲ့ရတဲ့  လြန္ခဲ့တဲ့ရက္အနည္းငယ္အတြင္း သူက ပိုင္မုဘယ္ေလာက္ ေကာင္းမြန္ေၾကာင္းနဲ႕ သူတို႔မ်ိဳးႏြယ္စုရဲ႕ ဘဝေတြက တက္ႂကြမႈနဲ႕ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ႏွက္ေနၿပီး ဘယ္ေလာက္ေပ်ာ္႐ႊင္ေနရတယ္ဆိုတဲ့အေၾကာင္းေျပာေနတာကို နားေထာင္ေနခဲ့တယ္။ သူက ေန႕တိုင္းအၿပီးမသတ္နိုင္ေသးတဲ့အရာေတြ ရွိေနတယ္လို႔ ခံစားရၿပီး ပိုင္မုက သူတို႔ကို တခါတရံမွာ ဆန္းသစ္တဲ့အရာေလးေတြ သင္ေပးလိမ့္မယ္။ ေကစီ‌ေျပာတဲ့စကားေတြက ဘန္ဆြန္ကို အရမ္းေတာင့္တေစၿပီး သူ႕မ်ိဳးႏြယ္စုက   ျခေသၤ့ေတာင္ပံမ်ိဳးႏြယ္စုနဲ႕ အတူတူျဖစ္လာလိမ့္မယ္လို႔ သူေမွ်ာ္လင့္လာတယ္။။

Continue Reading

You'll Also Like

343K 38K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
5.1K 57 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...